အခန်း ၇၃-၇၅
Vol. 5 Ch. 73-75
အခန်း (၇၃) မင်းတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးက နံပါတ်ခြောက်ပဲ
"မင်းတို့တွေ တကယ်သတ္တိရှိနေတယ်ပေါ့လေ"
ယန်ဝမ်၏မျက်နှာတွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ ၎င်းတို့၏ ကြယ်တာရာလော့ဂိုဏ်းတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးသာ ကျန်ရှိသော်လည်း ၎င်းတို့ကို အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိသည့် မိသားစုမှ ခုခံနိုင်မည်မဟုတ်ချေ။
နောက်အခိုက်အတန့်တွင် ရီကျင်းချုံထံမှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
"ကြီးထွားလိုက်စမ်း!"
ဝိညာဉ်ဝံပုလွေဖန်း ပေါ်ထွက်လာကာ လေတိုက်သည်နှင့်အမျှ ပိုရှည်လာသည်။
“သေလိုက်ကြစမ်း”
ရီကျင်းချုံသည် ဝံပုလွေဖန်းကိုလွှဲလိုက်ကာ ယန်ဝမ်ထံသို့ ပြေးသွားခဲ့သည်။
“အစောပိုင်း အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်က……’ ”
ဘမ်း!
ယန်ဝမ်၏ ခန္ဓာကိုယ်သည် ပျံတက်သွားကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးနောက် သူ့ပါးစပ်မှ သွေးများ အဆက်မပြတ်ထွက်ကျလာသည်။
"မင်း၊ မင်းက အစောပိုင်းအခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်မှာ မဟုတ်ဘူး!"
သူ့ကိုယ်ပေါ်တွင် ကုသခြင်းဂါထာကို လျင်မြန်စွာမန်းမှုတ်ပြီးနောက် ယန်ဝမ်သည် သူ့ခြေထောက်များတုန်ရီနေလျက်ဖြင့် ရီကျင်းချုံကို အံ့အားသင့်သောမျက်နှာဖြင့် ကြည့်နေသည်။
‘အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်မှာ ရှိတယ်လို့ ဘယ်သူက ပြောတာလဲ’
အခြေခံအုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်၏ရောင်ဝါသည် ပြင်းထန်စွာထွက်ပေါ်လာသည်။
ရီကျင်းချုံ၏ စွမ်းအားအပြည့်ကို လူတိုင်းတွေ့မြင်လိုက်သောအခါတွင် မည်သူကမျှ ၎င်းတို့၏ စွမ်းအားများကို ဖုံးကွယ်ရန် မတတ်နိုင်တော့ပေ။
တစ်ယောက်ပြီးတစ်ယောက် သူတို့၏ရောင်ဝါများသည် အသေးအမွှားအဆင့် နှစ်ခုမှ သုံးခုအထိ တိုးလာကြ၏။
နောက်ပိုင်း ချီစွမ်းအားကျင့်ကြံရေးအဆင့်မှတစ်စုံတစ်ဦးသည်နှောင်းပိုင်းအခြေခံအုတ်မြစ်တည်ထောင်ခြင်း အဆင့်သို့ တိုက်ရိုက်မြင့်တက်သွားသည်။ သိရှိထားရန်မှာ ကောင်းကင်ကိုလှည့်စားကာ ပင်လယ်ကိုဖြတ်သန်းရန်အတွက် လူတစ်ယောက်၏ ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားနိုင်မှုသည် ကျွမ်းကျင်မှုနှင့် သက်ဆိုင်သည်။
အဓိကကျင့်ကြံခြင်းသာမက ကောင်းကင်ကိုလှည့်စားခြင်းနှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းတို့ကို လေ့ကျင့်ရန် အချိန်မည်မျှကြာခဲ့သနည်း။ကြယ်တာရာလော့ဂိုဏ်းမှလူများ အံသြသွားရုံသာမက ရီမိသားစုဝင်များကြားတွင်ပင် လူအများသည် လုံးဝထိတ်လန့်သွားကြသည်။
"ဒါကို မင်းက အများကြီး ဝှက်ထားတာလား"
"မင်းလဲ အတူတူဘဲလား!?"
"ဘယ်လိုတူနိုင်မှာလဲ? ညီအစ်ကို၊ ကျွန်တော်က ချီစွမ်းအားကျင့်ကြံရေး အလယ်အလတ်အဆင့်ကနေ အထွတ်အထိပ်အဆင့်ကိုပဲ ရောက်ခဲ့တာ၊ ညီအစ်ကိုကမှ ချီစွမ်းအားကျင့်ကြံရေးအလယ်အလတ်အဆင့်ကနေ အခြေခံအုတ်မြစ်ကိုတန်းတက်လာခဲ့တာလေ၊ ဘယ်လောက်များ ဖုံးကွယ်ထားခဲ့တာလဲ!”
"နှောင်းပိုင်းချီစွမ်းအားကျင့်ကြံခြင်းကနေ နှောင်းပိုင်းအခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ကျော်သွားတဲ့သူတစ်ယောက်ရော ရှိသေးတယ်မလား"
ရီမိသားစုအဖွဲ့ဝင်အများစုသည် ၎င်းတို့အချင်းချင်း စိမ်းလွန်းနေသေးသည်ကို သဘောပေါက်သွားကြ၏။ သူတို့အထဲတွင် မည်သို့များ လျို့ဝှက်ကြံစည်နေခဲ့ကြပါသနည်း။
“ကောင်းလိုက်တဲ့ ရီမိသားစု။ ဒါပေမယ့် ကျင့်ကြံရေးအဆင့်တွေကို ဖုံးကွယ်ထားရုံနဲ့ မင်းတို့အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"
ယန်ဝမ်သည် သူ့ခြေထောက်ကို အားစိုက်ရွေ့လိုက်ကာ “အကြီးအကဲကို စလှုပ်ရှားဖို့ခေါ်လိုက်တော့” ဟုပြောလိုက်သည်။ ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ရှိအကြီးအကဲနှစ်ဦးသည် ကောင်းကင်သို့ပျံတက်ကာ အောက်ရှိ ရီမိသားစုအဖွဲ့ဝင်များကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ငါ့ရဲ့ ရီမိသားစုက တခြားသူတွေအားလုံးတောင် သူတို့ရဲ့ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားမှတော့ ငါ ရီဖန်ကလဲ ဒီလိုပဲလုပ်မှာလို့မထင်ထားကြဘူးလား”
အခြေခံအုတ်မြစ်တည်ထောင်မှုအထွတ်အထိပ်အဆင့်၏ ရောင်ဝါကိုထုတ်လွှတ်ထားသော ရီဖန်ကို ကြည့်လိုက်ရာ ကြယ်တာရာလော့ဂိုဏ်းဝင်များသည် ကျောချမ်းလာသည်ကို ခံစားလိုက်ရသည်။
ရီဖန်သည် သူ၏ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားမည်ဆိုလျှင် သူသည် နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်မည်လော။
အရာအားလုံးသည် စားပွဲပေါ်မှာရှိနေပြီဖြစ်သည့်အတွက် ရီဖန်သည် ဆက်လက်ဟန်ဆောင်နေရန် မလိုတော့ချေ။ ရီဖန်ထံမှ ပေါက်ထွက်သောရောင်ဝါသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်ကာ အလွန်ထူးခြားလှသည်။
ရီဖန်သည် အခင်းကျင်းမြေပုံတစ်ခုကို ကိုင်ဆောင်ကာ အင်မော်တယ်လက်နက်လေးစင်းသည် သူ့ပတ်ပတ်လည်တွင် အဆက်မပြတ်လည်နေသဖြင့် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူအကြီးအကဲနှစ်ဦးကို အံသြသွားစေသည်။
အင်မော်တယ်လက်နက်သည် အတိအကျပင် လေးစုံဖြစ်သည်။ ၎င်းတို့သည်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ရှိကြကာ ကြယ်တာရာလော့ဂိုဏ်း၏ အကြီးအကဲများဖြစ်ကြသော်လည်း ၎င်းတို့တွင် အင်မော်တယ်လက်နက်တစ်ခုသာရှိသည်။
သူတို့၏မျက်လုံးများသည် လောဘနှင့်ပြည့်နေ၏။ ‘ရီမိသားစုမှာ တကယ်ကို လျှို့ဝှက်ချက်တစ်ခုရှိနေတာပဲ’
“တိုက်ကြစမ်း!”
အကြီးအကဲ၏ အမိန့်ကို ခံယူပြီးနောက် ကြယ်တာရာလော့ဂိုဏ်း၏ တပည့်များသည် ဒေါသတကြီးဖြင့် ရီမိသားစုဆီသို့ ပြေးသွားကြသည်။
အကြီးအကဲနှစ်ယောက်သည်လည်း ရီဖန်ကို ဝိုင်းထားသည်။ ကြယ်တာရာလော့ဂိုဏ်းသည် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းထံတွင် အကြီးအကျယ် ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့တွင် ရီမိသားစုထက် များစွာသော တပည့်များစွာ ရှိနေသေးသည်။
သို့ရာတွင် လူအုပ်နှင့်တိုက်ခိုက်ရခြင်းသည် ရီမိသားစုမကြောက်ရွံ့ဆုံးအရာဖြစ်၏။
ရီဖန်၏လက်လှုပ်ရှားမှုဖြင့် ဝိညာဉ်မျိုးစေ့တစ်စေ့ပြီးတစ်စေ့ ပျံထွက်သွားကာ များပြားလှသော အင်မော်တယ်ဝိညာဉ်ပစ္စည်းများအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ရီမိသားစုမှလူတိုင်းသည် အဆင့်တူဝိညာဉ်မျိုးစေ့သုံးမျိုးထက်မနည်းပြင်ဆင်ထားကြသည်။
တခဏချင်းမှာပင် တိုက်ပွဲ၏ဒီရေသည် ပြောင်းပြန်ဖြစ်သွားကာ ကြယ်တာရာလော့ဂိုဏ်းကို ဝိုင်းထားသည့်ရီမိသားစုအဖြစ် ပြောင်းလဲသွားလေပြီ။
ယန်ဝမ်သည်ပင် မျက်လုံးများပြူးသွားကာ ရုတ်တရက် အဖြစ်အပျက်များကို နားမလည်နိုင်ရှိနေသည်။
"ဘာမှစိတ်ပူစရာမရှိဘူး၊ အားလုံးပဲ ဘာမှ ကြောက်စရာမလိုဘူး၊ တိုက်ပွဲတစ်ခုမှာ အဆုံးအဖြတ်ပေးမှာက ရွှေအမြုတေကျင့်ကြံသူတွေပဲ၊ အကြီးအကဲတွေက ရီမိသားစုရဲ့ခေါင်းဆောင်ကို သေချာပေါက်အနိုင်ယူလိမ့်မယ်”
ယန်ဝမ်၏ စကားကိုကြားသောအခါ ရီဖန်သည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ ဤယန်ဝမ်သည် အမှန်တကယ်ပင် နိမိတ်မရှိနမာမရှိများ ပြောတတ်သည်မှာ သေချာပါသည်။
သူသည်အဖြစ်အပျက်များထံမှ သင်ခန်းစာကို မသင်ယူရသေးချေ၊ ရီမိသားစုအဖွဲ့ဝင်များတွင်ရှိသောအရာများသည်၊ မျိုးနွယ်စုခေါင်းဆောင်ရီဖန်ထံတွင်လည်းရှိ၏။
"ဘယ်လိုမျှမဖြစ်နိုင်ဘူး!"
ရီဖန်၏အမူအရာကိုမြင်ပြီးနောက် ယန်ဝမ်သည်ထိတ်လန့်စွာတံတွေးမျိုချလိုက်သည်။
နောက်အခိုက်အတန့်တွင် နဝမအဆင့် ဝိညာဉ်မျိုးစေ့သုံးမျိုးပေါ်လာကာ ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦးအဖြစ် ပြောင်းလဲသွားသည်။
"မင်းတို့နှစ်ယောက်ကို အခုငါ့ကိုဝိုင်းထားလိုက်ပြီလေ"
"သတ်!”
ထိုအချိန်တွင် အဝေးမှ အလင်းတန်းများ လျင်မြန်စွာ ရောက်ရှိလာကာ သက်ရှည်ဂိုဏ်းမှလူများသည်လည်း ရောက်ရှိလာကြ၏။
"အိုး မင်းတို့တကယ်ကံဆိုးတာပဲ ”
ရီဖန်သည် သူ၏လက်ကိုဝှေ့ယမ်းကာ အားလုံးကိုသတ်ပစ်ရန် အချက်ပြလိုက်သည်။
ကြယ်တာရာလော့ဂိုဏ်း၏ တပည့်များသည် ရီမိသားစု၏ လွှမ်းမိုးမှုကိုခံရရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ ၎င်းတို့သည် လူသုံးလေးငါးယောက်လောက် ဝိုင်းဖွဲ့ကာတိုက်ခိုက်လာကြသည်ဖြစ်ရာ သူတို့ထိုအတိုင်းဆက်လက် အသေခံနေသေးပါက သေရန်သာ ထိုက်တန်သည်။
မကြာမီတွင် မြေပြင်၌ လူသေအလောင်းများ ပြည့်နှက်နေကာ ၎င်းတို့အားလုံးသည် ကြယ်တာရာလော့ဂိုဏ်း၏ တပည့်များဖြစ်သည်။
အရာအားလုံးကို အသုံးချပြီးနောက် ၎င်းတို့သည် ကောင်းကင်ဘုံဖီးနစ်မိုးကြိုး မီးတောက်အဆောင်များကို တစ်ရွက်ပြီးတစ်ရွက် ကုန်ကျစရိတ်မရှိသကဲ့သို့ ကြဲချနေသည်။
ကြယ်တာရာလော့ဂိုဏ်းမှ အကြီးအကဲနှစ်ဦးတို့သည် ၎င်းကိုမြင်သောအခါ မနေနိုင်တော့ဘဲ အော်ဟစ်မိကြသည်။
"မင်းက အဆင့်နိမ့် ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား"
"ငါ့ကိုမင်းတို့လို တန်ဖိုးမရှိ အဆင့်အတန်းမရှိတဲ့ အဆင့်နိမ့်ရွှေအမြုတေအဆင့်ကျင့်ကြံသူလို့များ ထင်နေတာလား။"
ရီဖန်သည် မထီမဲ့မြင်ပြုလိုက်ကာ အင်မော်တယ်ဓားသည် ရုတ်တရက် ပျံထွက်သွားသည်။
ရွှေရောင်ချီဓားရှည်သည် မတည်ငြိမ်မှုများကို ဖြစ်စေပြီးနောက်ဆုံးတွင် ကြယ်တာရာဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ ခံစစ်အခင်းကျင်းကို ပြင်းထန်စွာ ထိမှန်စေသည်။ တားမြစ်ချက်များကို ဖောက်ဖျက်ရန်အတွက် ရီဖန်သည် အင်မော်တယ်ဓားတွင် အထူးတလှယ်ရေးထိုးထားသည်။
ရွှေအမြုတေနည်းစနစ်များကိုပင်ခုခံရန် လုံလောက်သော ဒိုင်းသည် ချက်ချင်း ကွဲအက်သွားသည်။ အကြီးအကဲသည် အလန့်တကြားအော်လိုက်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် နောက်အခိုက်အတန့်တွင် ဓားသည် ဦးခေါင်းခွံအနှံ့လှီးဖြတ်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက် အတွင်းမှရွှေအမြုတေကိုချက်ချင်း ကွဲကြေသွားစေခဲ့ကာ ကောင်းကင်မှ ပြန်ပြုတ်ကျလာသည့် အလောင်းတစ်လောင်းသာ ရှိတော့သည်။
"အကြီးအကဲသုံး! ”
ကျန်ရှိနေသာ ဒုတိယအကြီးအကဲသည်လည်း ထိတ်လန့်တကြား လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သည်။သူနှင့် အစွမ်းတူညီသည့် အကြီးအကဲသုံးမှာ သေသွာားပြီဖြစ်ရာ သူသည်လည်း ရီဖန်အတွက်ပြိုင်ဘက်မဖြစ်နိုင်ချေ။ ရီဖန်သည် ၎င်းကိုအချိန်အကြာကြီး မျှော်နေခဲ့ခြင်းဖြစ်ကာ ဖွဲ့စည်းမှုအခင်းအကျင်းကို ထောက်လိုက်သည်။
အင်မော်တယ်ဓားပျံလေးစင်း ချက်ချင်းထွက်ပေါ်ကာ အင်မော်တယ်ဓားပျံလေးစင်းအခင်းအကျင်းကို ပုံဖော်လိုက်ပြီးနောက် ၎င်းတို့သည်လှည့်ပတ်ကာ ထောင်ချောက်အခင်းအကျင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဒုတိယအကြီးအကဲကို ဝိုင်းထားလိုက်သည်။
ဖွဲ့စည်းမှုအခင်းအကျင်းကို နောက်ထပ်တစ်ချက်ထိလိုက်သောအခါ ထောင်ချောက်အခင်းကျင်းမှ သတ်ကွင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ာမမြင်နိုင်သောချီစွမ်းအားဓားသည် နေရာတစ်ခုလုံးတွင် ပြည့်သွားကာ အော်သံနှင့်အတူ ဒုတိယအကြီးအကဲသည် သွေးစွန်းနေသော အသားများတုံးများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ရွှေအမြုတေချက်သည်လည်း အစိတ်စိတ်အမြွှာမြွှာကျေကွဲသွား၏ ။
တိုက်ပွဲအပြီးတွင် ဓားလေးစင်းသည် ရီဖန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။ ရန်သူကို ထောင်ချောက်ဆင် သတ်ဖြတ်ခြင်းဖြစ်စေ ချေမှုန်းခြင်းပဲဖြစ်စေ၊ ရီဖန်သည် ၎င်း၏ပထမဆုံးသော တိုက်ပွဲတွင် အင်မော်တယ်ဓားပျံလေးစင်းအခင်းအကျင်း၏ စွမ်းဆောင်မှုကို အလွန်ကျေနပ်အားရနေကာ အောက်ခြေတိုက်ပွဲသည်လည်း ပြီးလုနီးနေပြီဖြစ်သည်။
စကားအလွန်အကျွံပြောတတ်သူများသည် များသောအားဖြင့် အသက်ပြင်းကြသည်ဖြစ်ရာ ယန်ဝမ်သည်လည်း ယခုအချိန်အထိ အသက်ရှင်နေခဲ့သည်။ တစ်ခဏအတွင်း၌ လူတစ်ယောက်သည် လွတ်မြောက်ခြင်းအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ယန်ဝမ်၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။
"မင်းရဲ့နောင်ဘဝတွေမှာ လူဆိုးမလုပ်ဘဲ ကောင်းကောင်းနေပေါ့"
လက်ဖဝါးတစ်ချက်လှုပ်ရုံဖြင့် ကောင်းကင်ဘုံဖီးနစ်မိုးကြိုးမီးတောက်အဆောင်ကို အသက်သွင်းလိုက်ပြီးနောက် ယန်ဝမ်သည် လုံးဝပျက်စီးသွားပြီဖြစ်သည်။
‘‘တောင်းပန်ပါတယ်။ မင်းကို ငါပြောဖို့မေ့သွားလို့ နောက်ဘဝဆိုတာ ရှိမှာမဟုတ်တော့ဘူး”
"မင်းက လူယုတ်မာ၊ မင်းတို့တစ်မိသားစုတစ်ခုလုံးက လူယုတ်မာတွေပဲ"
ဝံပုလွေဖန်းကို ကိုင်ဆောင်ထားသော ရီကျင်းချုံသည် ရန်သူများကို တစ်ယောက်ပြီးတစ်ယောက်ချေမှုန်းနေသည်။ ရီကျင်းထျန်သည် အင်မော်တယ်ဝိညာဉ်ပစ္စည်းဆယ်ခုပါရှိကာ သူ၏စည်းစိမ်ဥစ္စာများကို လွန်ကဲစွာအသုံးပြုလျက် းန်သူများကို ကြိတ်သားများအဖြစ် ပြောင်းလဲနေသည်။ ‘ချမ်းသာခြင်းက တကယ်ကို အသန်မာဆုံးပဲ’
ရီကျင်းဟိုင်သည် လူကြီးလူကောင်းအဖြစ် သရုပ်ဆောင်ထားသော်လည်း သူ၏တိုက်ခိုက်မှုသည် မည်သည့်လမ်းကြောင်းမှ ထွက်လာမည်ကို အခန့်မှန်းနိုင်ချေ၊ သူသည် အမှန်တကယ်ပင် လိမ္မာကောက်ကျစ်သူတစ်ဦးဟု ဆိုရပေမည်။
ရီကျင်းဟိုင်သည် လှည့်စားသောကောင်းကင်နှင့်ပင်လယ်ကိုဖြတ်ခြင်းအဆင့် နည်းစနစ်ကိုပင်စတင်အသုံးပြုခဲ့သည်။
၎င်းသည်အစောပိုင်းအဆင့်အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်အတွက်သာ သက်ရောက်မှုရှိမည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် ပေါက်ကွဲသောအခါတွင် အခြေခံအုတ်မြစ်တည်ထောင်ခြင်း၏ အထွတ်အထိပ်အဆင့်အထိ သက်ရောက်မှုရှိသည်။
ရီမိသားစုမှအဖွဲ့ဝင်တိုင်းသည် ၎င်းတို့၏ သရုပ်မှန်ကို ပြသလာကြသည်။ ရီဖန်သည် ဘာမှမလုပ်ဘဲ စောင့်ဆိုင်းကာ ရီမိသားစု၏တပည့်များကို အစွမ်းပြရန် အခွင့်အရေးပေးထားသည်။
တိုက်ပွဲသည် သုံးနာရီကြာမြင့်ကာ ကြယ်တာရာလော့ဂိုဏ်းမှ နောက်ဆုံးတပည့်ကို သတ်ဖြတ်ခြင်းနှင့်အတူ နောက်ဆုံးတွင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
ရီမိသားစု၏ တပည့်တိုင်းသည် သွေးနံ့နှင့် မကောင်းဆိုးဝါးချီစွမ်းအားတို့ဖြင့် လွှမ်းခြုံထားသော်လည်း သူတို့အားလုံး တောက်ပစွာ ပြုံးနေကြသည်။ ရီမိသားစုကို နှိမ့်ချဝံ့သူများသည် သေသင့်သည်။
သိပ်မကြာခင်တွင် သိုလှောင်အိတ်များစွာကို ရီဖန်ထံသို့ ပို့ဆောင်လိုက်ကြသည်။ ရီဖန်သည် သူ၏ဝိညာဉ်ရေးအာရုံဖြင့် ၎င်းတို့ကိုပုံဖော်ကြည့်ရာ ချက်ခြင်းပင် သေတ္တာတစ်ခုသည် သူ့အာရုံကို ဖမ်းစားလိုက်လေသည်။
ဤသေတ္တာတွင် တတိယအဆင့် ဖွဲ့စည်းမှုအခင်းအကျင်းကို ရေးထိုးထားသည်။
ရီဖန်၏ဖွဲ့စည်းပုံများကို နားလည်မှုမှာ ဒုတိယအဆင့်တွင်သာရှိသော်လည်း သူ၏ အစိမ်းရောင်’ကျောက်’သွေးမျိုးဆက်ကြောင့် ၎င်းမှာ ပြဿနာမဟုတ်ပေ။
အစိမ်းရောင်’ကျောက်’၏ စွမ်းအားအောက်တွင် ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်များသည် ပို၍ကြည်လင်ပြတ်သားသည်။ မကြာမီတွင် ရီဖန်သည် ဖွဲ့စည်းမှုအခင်းအကျင်းများကို ဖျက်ပစ်လိုက်သည်။
ဖွဲ့စည်းမှုအတွင်းရှိ စာရွက်အပိုင်းအစတစ်ခုသည် ရီဖန်၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။ ၎င်းစက္ကူချပ်သည် မြေပုံတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ကြယ်တစ်သောင်းကျွန်းဟူ၍ စာလုံးကြီးကြီးသုံးလုံးရေးထားသည့် မြေပုံတစ်ခုဖြစ်သည်။
………………………….
အခန်း (၇၄) မိသားစုရွှေ့ပြောင်းခြင်း၊ ကြယ်တစ်သောင်းကျွန်း (၂/၅)
မြေပုံသည် အလွန်အသေးစိတ်ကျကာ ကွမ်ဟယ်စီရင်စုမှ တောင်တန်းများကိုကျော်ဖြတ်ကာ ကြယ်တစ်သောင်းကျွန်းအထိရောက်ရှိနိုင်မည့် အလုံခြုံဆုံးလမ်းကြောင်းကို ပြသထားသည်။
ကြယ်တစ်သောင်းကျွန်းသည် ကျွန်းတစ်ခုတည်းအတွက်မဟုတ်ဘဲ ဒေသရှိ မရေမတွက်နိုင်သောကျွန်းပေါင်းများစွာနင့် ကြယ်တစ်သောင်းပင်လယ်တို့၏ စုပေါင်းအမည်ဖြစ်သည်။
ကြယ်တစ်သောင်းကျွန်းပေါ်တွင် စွမ်းအားများစွာရှိကာ အင်အားကြီးသော အုပ်စုများသည် သယံဇာတပေါကြွယ်ဝသော ကျွန်းများကို သိမ်းပိုက်ထား၏။ အားနည်းသူများသည် ဝိညာဉ်စွမ်းအင်နည်းပါးပြီး အရင်းအမြစ်နည်းပါးသော ကျွန်းငယ်များကိုသာ သိမ်းပိုက်နိုင်ကြသည်။
သေမျိုးများ၊ တစ်ကိုယ်တည်းကျင့်ကြံရေးသမားများ၊ မိသားစုများနှင့် ဂိုဏ်းဂဏများအားလုံး အတူတကွ တည်ရှိနေပါသည်။ ပင်လယ်မျိုးနွယ်စုနှင့်နှင့် မကောင်းဆိုးဝါးမျိုးနွယ်စုများပင် ရှိပါသေးသည်။
ဖော်ပြချက်များမှတစ်ဆင့် ဤကမ္ဘာကြီးသည် မည်မျှကျယ်ပြောပြီး ခမ်းနားထည်ဝါသည်ကို တွေးကြည့်နိုင်ပါသည်။ ကွမ်ဟယ်စီရင်စုကို ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းက သိမ်းပိုက်ထားပါက ရီမိသားစု၏ ရွှေ့ပြောင်းနေထိုင်မှုသည် မလွဲမသွေဖြစ်လာလိမ့်မည်။
ထို့အပြင် ကြယ်တစ်သောင်းကျွန်းသည် သူတို့အတွက် အလွန်သင့်တော်သည်။ ရီဖန်သည် ရီမိသားစုဝင်များကို ၎င်းတို့၏ ထင်မြင်ယူဆချက်များမေးမြန်းရန် ဆင့်ခေါ်လိုက်သည်။
ရွှေ့ပြောင်းခြင်းတွင် ရီမိသားစုတစ်ခုလုံး၏ အနာဂတ်ပါဝင်နေသောကြောင့် လူတိုင်း၏ထင်မြင်ယူဆချက်သည် အရေးကြီးပါသည်။
ရီမိသားစုဝင်များ၏ အမြင်များသည် တညီတညွတ်တည်းနီးပါးဖြစ်သည်။ ရွှေအမြုတေးအဆင့်ကျင့်ကြံသူ များ၏ စွမ်းအားကို မြင်လိုက်ရပြီးနောက်တွင် ပိုမိုကျယ်ပြန့်သော ကျင့်ကြံရေးကမ္ဘာကို တွေ့ကြုံခံစားလိုကြသည်။
အဆုံးတွင် ကွမ်ဟယ်စီရင်စုသည် သေးငယ်လွန်းလှကာ ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူတို့၏တည်နေရာကို ပြောင်းရွှေ့သင့်သည်။
ထို့အပြင် ကြယ်တစ်သောင်းကျွန်းသည် အလွန်ပင် သင့်တော်လှသည်။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိသော်လည်း ရီဖန်သည် မနှောင့်နှေးခဲ့ပေ။ သူသည် ရီမိသားစုဝင်များကို ချက်ချင်းစုစည်းကာ ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်သည်။ နှမြောစရာကောင်းသည်မှာ သူတို့သည် မြောက်ဘက်တောင်တန်း၏ ဝိညာဉ်သွေးကြောကို သူတို့နှင့်အတူယူနိုင်မည်မဟုတ်ချေ။
"ယာယီတာဝန်၊ 'မိသားစု ရွှေ့ပြောင်းနေထိုင်ခြင်း' ကို အသက်သွင်းပြီးပါပြီ။ ယာယီ ခုခံနိုင်ခြင်းမရှိတဲ့ ရန်သူများနဲ့ ရင်ဆိုင်ရတဲ့အခါ ရွှေ့ပြောင်းခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်၊ ရီမိသားစုကို ပြောင်းရွှေ့နေထိုင်ဖို့ ဦးဆောင်ပြီးတော့ ဆုလာဘ်များကို ရယူနိုင်ပါတယ်”
ရီဖန်သည် လုပ်ဆောင်ချက်တစ်ခုရလာမည်ဟု မမျှော်လင့်ထားသည့်အတွက် ဝမ်းသာသွားသည်။ ဤဆုသည် ခိုးယူခြင်းကဲ့သို့ပင်။
"စနစ်၊ ဆုကိုထုတ်လိုက်ပါ"
"ဂုဏ်ယူပါတယ် သခင်၊ အောက်ပါဆုများကို ရရှိခဲ့ပါပြီ- အဆင့်နိမ့် အင်မော်တယ်ပစ္စည်း လှေပျံတစ်စင်း၊ ဝိညာဉ်ရေးသွေးကြော ရွှေ့ပြောင်းခြင်းသင်္ကေတဆယ်ခု လက်ခံရရှိပါပြီ”
လှေပျံသည် အင်မော်တယ်ပစ္စည်းများကြားတွင် ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်သည်။ သာမန်ထိုးစစ်နှင့် ခံစစ်အင်မော်တယ်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက လှေပျံသည် ပျံသန်းနိုင်သော အင်မော်တယ်ပစ္စည်းဖြစ်ကာ ၎င်း၏တန်ဖိုးသည် အလွန်မြင့်မားသည်။
ရီဖန်၏ လေပျံတွင် ပျံသန်းရန်၊ ကာကွယ်ရန်နှင့် တိုက်ခိုက်ရန် ပြုလုပ်ထားသော တားမြစ်ချက်များစွာ ရေးထိုးထားသည်။ အဆင့်နိမ့်အင်မော်တယ်ပစ္စည်း လှေပျံ၏ စျေးနှုန်းသည် သာမာန်အဆင့်နိမ့် အင်မော်တယ်လက်နက်များနှင့် နှိုင်းယှဉ်ပါက သန်းနှင့်ချီသောအဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများ သောင်းနှင့်ချီ၍ရှိသည်။
သာမာန်အင်မော်တယ်ပစ္စည်းများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ တန်ကြေးရှိကာ အခုခေတ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများဖြင့် အင်မော်တယ်ပစ္စည်းများကိုပင် ဝယ်ယူ၍မရတော့ချေ။
ကွမ်ဟယ်စီရင်စုကဲ့သို့ သောနေရာများတွင်သာ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူများသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုဆဲဖြစ်သည်။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၊ ပင်မ ဖွဲ့စည်းခြင်းအဆင့်တို့တွင် အဆင့်မြင်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ ၎င်းသည် ပင်မငွေကြေးဖြစ်သည်။
အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဆယ်သန်းနီးပါး သို့မဟုတ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် ကုန်ကျကာ အဆင့်မြင့်အင်မော်တယ်ပစ္စည်းများသည် အလယ်အလတ်အဆင့်ထက် အဆများစွာ ပိုကုန်ကျသည်။
ရီမိသားစုသည် ချမ်းသာပုံရသော်လည်း အထက်တန်းမှော်လက်နက်တစ်ခုပင် မတတ်နိုင်ကြပေ။
လှေပျံအပြင်၊ ဝိညာဉ်သွေးကြောပြောင်းရွှေ့ခြင်း သင်္ကေတသည် ရီဖန်ကို အမှန်တကယ်ပင် စိတ်လှုပ်ရှားစေသည့် ဆုလာဘ်ဖြစ်သည်။
ဝိညာဉ်သွေးကြောပြောင်းရွှေ့ခြင်းသင်္ကေတများသည် ဝိညာဉ်ရေးသွေးကြောများကို သင်္ကေတများအဖြစ် ချိတ်ပိတ်ထားကာ လိုအပ်သည့်အချိန်တွင် လွှတ်ပေးနိုင်သည်။
ယခု မြောက်ဘက်တောင်တန်းရှိ ဝိညာဉ်ရေးသွေးကြောများအပြင်၊ ရီမိသားစုတွင် ရှည်လျားမြစ်ဂိုဏ်းမှရရှိသော အဆင့်နိမ့် ဝိညာဉ်သွေးကြောတစ်ခုနှင့် အလယ်အလတ်အဆင့်ဝိညာဉ်သွေးကြောတစ်ခုလည်း ပိုင်ဆိုင်ထားကာ ၎င်းတို့ကို ထုပ်ပိုး၍ သိမ်းသွားနိုင်ပါသည်။
‘ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်း၊ ဟမ့်၊ မင်းတို့အတွက် တစ်စက်ကလေးတောင် ချန်ထားခဲ့မှာ မဟုတ်ဘူးကွ’
ရီမိသားစုသည် စတင်ပြင်ဆင်ခဲ့ပြီးနောက်တွင် သက်ရှည်ဂိုဏ်းသည်လည်း စတင်လုပ်ဆောင်ခဲ့သည်။
ထိုလူများအပြင် ရီဖန်သည် သာမန်လူများနှင့် သာမာန်ကျင့်ကြံသူအချို့ကိုလည်း ခေါ်ဆောင်လာမည်ဖြစ်သည်။ယွမ်မိသားစုအဖွဲ့ဝင်များအပြင် အခြားအဓိကမျိုးနွယ်ဝင်တို့ မိသားစုအချို့၏ ဇနီးမယားများနှင့် မောင်းမမိဿံများစသည်ဖြင့် ခေါ်ဆောင်လာမည်ဖြစ်သည်။
ရီမိသားစုဝင်များ ပြင်ဆင်နေချိန်၌ ရီဖန်တစ်ယောက်တည်း တုံချန်းကျေးရွာသို့ သွားခဲ့သည်။ ရီဖန်၏ မွေးရပ်ဇာတိဖြစ်သောတုံချန်းရွာသည် ရီဖန်၎င်းအား ဂရုမစိုက်ခဲ့သော်ငြား အတော်လေး တိုးတက်ကောင်းမွန်လာလျက်ရှိကာ သိုင်းညာရှင်များစွာလည်းရှိသည်။
အတန်ကြာပြီးနောက် ရီဖန်သည် သူ့အိမ်ဟောင်းသို့ ရောက်ရှိလာသည်။ ပြုပြင်မွမ်းမံထားသော်လည်း အိမ်ဟောင်းသည် မူလအတိုင်းပင် ရှိနေသေးသည်။အဘိုးအိုတစ်ဦးသည် ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ နေပူစာလှုံနေသည်။ ထွားကျိုင်းသော ကလေးနှစ်ယောက် ခြံဝင်းထဲတွင် ဆော့ကစားနေကြသည်။
အဘိုးအိုသည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ခြံအပြင်ဘက်သို့ ရုတ်တရက် ကြည့်လိုက်မိသည်။ နောက်အခိုက်အတန့်တွင် အဘိုးအိုသည် တုန်တုန်ယင်ယင် မတ်တပ်ထရပ်ကာ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
“ရှောင်ဖန်၊ မင်းလား"
"တုန်း၊ ငါပါ!"
ဤလူသည် ဝမ်တုန်းမှလွဲ၍ တခြားသူမဖြစ်နိုင်ပေ။
ရီဖန်သည် ဝမ်တုန်းထံသို့ တည်ငြိမ်စွာလျှောက်လှမ်းသွားပြီးနောက် လေးနက်သော လွမ်းဆွတ်မှုခံစားချက်ကို ခံစားလိုက်ရသည်။ ဝမ်တုန်းသည် အသက်ကြီးလာကာ သူကိုယ်တိုင်သည်လည်း ပြန်မလာနိုင်သည်မှာ အနှစ်လေးဆယ်ကျော်နေပြီဖြစ်သည်။
“ရှောင်ဖန်၊ ငါမသေခင် မင်းကို နောက်တစ်ကြိမ်ပြန်တွေ့နိုင်မယ်လို့ မမျှော်လင့်ထားဘူး" ဝမ်တုန်းသည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေလျက် ခံစားချက်များ အနည်းငယ်ငြိမ်သက်သွားသည်။
ဤနှစ်များအတွင်းတွင် သိသိသာသာ ပြောင်းလဲသွားခြင်းမရှိသော ရီဖန်၏မျက်နှာကို မြင်ပြီးနောက် ဝမ်တုန်းသည် ရွာရှိ ကောလာဟလများမှာ အမှန်ဖြစ်ကြောင်း၊ ရီဖန်သည် အမှန်တကယ် အင်မော်တယ်ဖြစ်လာကြောင်းသိရှိလိုက်ရသည် ။
“ရှောင်ဖန်၊ မင်းအင်မော်တယ်ဖြစ်သွားပြီလား" ဝမ်တုန်းသည် အတွေးတစ်ခုရကာ မေးလိုက်သည်။
“အင်မော်တယ်တော့မဟုတ်သေးပေမယ့်၊ သိုင်းပညာလို ကျင့်ကြံရေးမျိုးမှာရရှိတဲ့ အောင်မြင်မှုတချို့ပါပဲ”
သိုင်းပညာနှင့် ကျင့်ကြံမှုတို့သည် ဘဝတိုးတက်ပြောင်းလဲမှုအတွက် မရှိမဖြစ်လိုအပ်သည်။ ရီဖန်သည် ဝမ်တုန်းကိုကူကာ ခြံဝင်းထဲသို့ ပြန်လာခဲ့တယ်။ ဝမ်တုန်းသည် သူ့သားကို ဝိုင်ယူလာခိုင်းနောက် ရီဖန်နှင့် အတူသောက်ချင်ခဲ့သည်။
သူတို့သည် တုန်ရှန်းရွာရှိ ရှေးဟောင်းနှောင်းဖြစ်များအကြောင်း ရင်းနှီးစွာ စကားစမြည်ပြောဆိုကြသည်။ သေမျိုးလောကမှ ဝိုင်သည် သဘာဝကျစွာပင် ရီဖန်ကို မူးအောင် မစွမ်းဆောင်နိုင်ချေ။ သို့သော် ရီဖန်သည် လွမ်းဆွတ်နစ်မွန်းနေခဲ့၏။
အချိန်သည်သာ အရာအားလုံးကိုရှင်းထုတ်ပစ်နိုင်သော အဆိပ်အတောက်ဖြစ်စေသည့် သေရည်ဖြစ်သည်။
ထိုညတွင် ရီဖန်သည် ဝမ်၏အိမ်ရှိ သူ့အခန်းဟောင်းတွင် တည်းခိုခဲ့သည်။
နောက်နေ့မနက်တွင် ရီဖန်သည် စာတစ်စောင်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံရေးနည်းပညာနှင့် အချို့သော ဆေးလုံး၊ အဆောင်လက်ဖွဲ့များစသည်ဖြင့် ပစ္စည်းအချို့ကို ချန်ထားခဲ့သည်။ နောက်ဆုံးတွင် အသက်ရှည်ဆေး နှစ်လုံးဖြစ်သည်။
ရီဖန်သည် ဝမ်လုကောင်တီ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပါက ဤအရာများကိုယူ၍ တောင်တန်းများတွင် ပုန်းအောင်းရန် ရေးထားခဲ့သည်။ ဤအရာများသည် ဝမ်မိသားစုအတွက် ကောင်းမွန်သောဘဝတစ်ခုရရှိရန် လုံလောက်ပါသည်။
ဝမ်မိသားစုမှ ကလေးများသည် ကျင့်ကြံနိုင်မည့် အရည်အချင်းမရှိသောကြောင့် ရီဖန်သည် ဤအရာများသည် ရီဖန်ကူညီနိုင်သမျှသာဖြစ်သည်။ ဝမ်တုန်းနိုးလာပြီးနောက် ရီဖန် ပျောက်ကွယ်သွားသည်ကို သိလိုက်ရသောအခါတွင် သူသည်ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အင်မော်တယ်တစ်ယောက် ထွက်ခွာသွားသောအခါ ဝမ်တုန်းသည် ရီဖန်ကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရှိတော့မည်မဟုတ်ကြောင်း သိရှိလိုက်ရသည်။ ရီဖန်သည် သူ၏ ပျံသန်းနေသော လွတ်မြောက်ရေးအလင်းတန်းဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ တုန်ရှန်းရွာသို့ အလည်သွားပြီး နောက်ဆုံးတွက် သူ၏စိုးရိမ်မှုများကို ဖြေရှင်းနိုင်ခဲ့ပါသည်။
သူ့သူငယ်ချင်းဟောင်းများ အားလုံးအဆင်ပြေနေသည့်အတွက် သူသည် အေးအေးဆေးဆေး ထွက်ခွါနိုင်ပြီဖြစ်သည်။ ရီမိသားစုကို မည်ကဲ့သို့သောအနာဂတ်မျိုး စောင့်ကြိုနေတယ်မှန်းမသိသည့် ကြယ်တစ်သောင်းကျွန်းဆီသို့ ထွက်ခွါရန် အချိန်တန်လေပြီ။
ရီမိသားစုသည် အပျက်အစီးများကို ထုပ်ပိုးပြီးဖြစ်ကာ ရီဖန်သည်တွေးတောရင်း သူ့သိုလှောင်အိတ်ထဲမှ လှေပျံကိုထုတ်ယူလိုက်သည် ။ ၎င်းသည် ချက်ချင်းပင်ကျယ်ပြန့်လာကာ မကြာမီတွင် မီတာတစ်ရာအရှည်နဲ့ မီတာလေးဆယ်ကျယ်သည့် ဧရာမလှေပျံကြီးသည် ရီမိသားစုဝင်များရှေ့တွင် ပေါ်လာသည်။
ရီမိသားစု၏ ဝိညာဉ်သွေးကြောနှင့် သက်ရှည်ဂိုဏ်း၏ ဝိညာဉ်သွေးကြောအားလုံးကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ ရီမိသားစု ထွက်ခွာရန် အချိန်ကျရောက်လာသည်။ လှေပျံသည် ချက်ချင်းပင် ကောင်းကင်သို့ အမြန်ပျံတက်စွားကာ အနီးနားရှိ ဧရာမတောင်တန်းများဆီသို့ ဦးတည်သွားသည်။
ရီမိသားစု ထွက်သွားပြီး သိပ်မကြာမီတွင် မိုးတိမ်မည်းကြီးတစ်ခုသည် ကွမ်ဟယ်စီရင်စုထဲသို့ ပျံဝဲလာသည်။ ကျင့်ကြံသူများသည် မျှော်ကြည့်ပြီးနောက် သူတို့၏မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
မိုးတိမ်မည်းမဟုတ်ဘဲ ဝိညာဉ်များစွာချည်နှောင်ထားခြင်းဖြစ်သည်။ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း ရောက်လာပြီဖြစ်သည်။
“ကောင်လေးတို့၊ ကွမ်ဟယ်စီရင်စုက တုန်းရှီ စီရင်စုလောက် မကောင်းပေမယ့်၊ ငါတို့ ခဏလောက် ကစားဖို့လုံလောက်မှာပါ"
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ကျင့်ကြံသူများသည် ဝိညာဉ်ထိန်းချုပ်လက်နက်များကို ကိုင်ဆောင်ကာ ကွမ်ဟယ်စီရင်စုရှိ မတူညီသော မိသားစုမျိုးနွယ်စုများနှင့် ဂိုဏ်းများဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။ ဤမျိုးနွယ်စုများသည် အရင်းအမြစ်အနည်းငယ်သာရှိသည်။ မကြာမီတွင် မျိုးနွယ်စုအိမ်များအတွင်းမှ အော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။
၎င်းတို့သည် အကျင့်စာရိတ္တမရှိဘဲ စတင်လုယက်တော့သည်။ မခုခံလျှင် အဆင်ပြေသော်လည်း၊ ခုခံပါက သူတို့သည် စိတ်ဝိညာဉ်ကို တိုက်ရိုက်သန့်စင်ပေးလိုက်သည်။
"ကျစ်၊ ဆင်းရဲတဲ့လူတွေပဲ" ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အထင်အမြင်သေးစွာပြောလိုက်သည်။
"အင်မော်တယ်အရှင်၊ ကျွန်တော့အသက်ကို ချမ်းသာပေးပါ.. ကွမ်ဟယ်စီရင်စုမှာ ဘယ်သူက အချမ်းသာဆုံးလဲ ငါသိတယ်၊ ရီမိသားစုက အချမ်းသာဆုံး၊ ကျွန်တော်လမ်းပြပေးပါ့မယ်၊ သူတို့ကို မလွတ်မြောက်ပါစေနဲ့!"
……………………………
အခန်း (၇၅) ရီမိသားစု၏ ဘိုးဘေးနယ်မြေအသစ်၊ အင်မော်တယ်ကျွန်းကြီးသုံးကျွန်း
"ရီမိသားစု? ကောင်းပြီ ငါ့နောက်လိုက်ခဲ့!"
တစ်အုပ်စုတည်းမဟုတ်ဘဲ စိတ်ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် အကျိုးကျေးဇူးများစွာကို ဖမ်းဆုပ်လိုသည့်အတွက် ရီမိသားစုထံသို့ အလျင်အမြန် ပြေးလာခဲ့ကြသည်။
သို့သော် ၎င်းတို့ ရီမိသားစုထံ ရောက်သောအခါ အိမ်အလွတ်များမှလွဲ၍ လူတစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ချေ။
"လူတွေ ဘယ်မှာလဲ။ ရီမိသားစုက ဘယ်မှာလဲ"
စိတ်ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီးဖြင့် လမ်းပြ၏ကော်လာကို ဆွဲလိုက်သည်။
"သူတို့က ရီမိသားစုမှာမရှိရင်၊ ရီမိသားစုနဲ့ သက်ဆိုင်တဲ့ သက်ရှည်ဂိုဏ်းမှာ ရှိနေရမှာပေါ့။"
သူတို့သည် သက်ရှည်ဂိုဏ်းသို့ အလျင်အမြန်ပြေးခဲ့ကြသော်လည်း အဆောက်အဦများမှလွဲ၍ မည်သည့်အရာမျှရှိမနေချေ။ သူတို့သည် အိမ်ခြံမြေလုပ်ရန် ကြိုးစားနေခြင်းမဟုတ်သည့်အတွက် ထိုအိမ်အလွတ်များကို ဘာလုပ်ရမည်နည်း။
"မင်း ငါတို့ကို လှည့်စားရဲတယ်ပေါ့၊သေစမ်း!"
စိတ်ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ဒေါသသည် ထိုသတင်းပေးသူများအပေါ် ဖြေဖျောက်နေသည့်အတွက် ရံဖန်ရံခါ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ရီမိသားစု၊ ထွက်ပြေးသွားတာပဲဖြစ်ရမယ်!"
ဤမျှ ဆူဖြိုးသည့်သိုးကြီးတစ်ကောင်သည် ထိုကဲ့သို့ပင် ထွက်ပြေးသွားပြီဟု တွေးလိုက်မိတိုင်း လူတိုင်းသည် ဒေါသထွက်လာကြသည်။
"မဟုတ်ဘူး၊ ငါတို့က သူတို့ကို ထွက်ပြေးခွင့် မပေးဘူး၊ သူတို့ကို လိုက်ဖမ်းရမယ်"
"ကျွန်တော်က ဝိညာဉ်ခြေရာခံစွမ်းအားကို ကျင့်ကြံထားတယ်၊ သူတို့ကို ခြေရာခံနိုင်ရမယ်။"
"ငါ့မှာ ရနံ့ရှာတဲ့ဂူကောင် ရှိတယ်၊ ချက်ခြင်းသွားရှာကြမယ်"
ရီမိသားစုနှင့် အခြားသူများထွက်ခွာသွားပြီးနောက် မကြာမီတွင် ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ လမ်းကြောင်းများအတိုင်း ချက်ချင်းလိုက်ခဲ့ကြသည်။
“ဒီမှာ။” ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းမှတပည့်တစ်ယောက်က လှမ်းအော်သည်။
"မဟုတ်ဘူး၊ ဒါက ဒီလိုဖြစ်ရမယ်"
ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းမှ တပည့်နောက်တစ်ယောက်၏ အသံထွက်လာသည်။
နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ဘဲ သူတို့ရှာတွေ့သောသဲလွန်စများကို လိုက်ရှာနေကြသည်။ သူတို့ထဲမှ အဖွဲ့တစ်ဖွဲ့သည် ချိုင့်ဝှမ်းထဲရောက်သွားသည်နှင့် ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဘမ်း!
ချိုင့်ဝှမ်းတစ်ခုလုံးတွင် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ချက်ခြင်း မီးလောင်ကျွမ်းသွားခဲ့သည်။
ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် ပေါက်ကွဲမှုကြောင့် ချက်ခြင်းလွှမ်းမိုးခံလိုက်ရသည်။
အခြေတည်ဝိညာဉ်အဆောက်အဦအဆောင်လက်ဖွဲ့နှင့် ပေါက်ကွဲခြင်းအဆောင်လက်ဖွဲ့နှစ်ခု ပေါင်းစပ်ခြင်းသည် ဤအဖွဲ့ကို လုံးဝအစပျောက်သွားစေခဲ့သည်။ ဒုတိယအုပ်စုသည် အခြေတည်မွန်းစတားပိုက်နက်ကို ခြေရာခံပြီးနောက်တွင် ချက်ခြင်းဝါးမျိုခံလိုက်ရသည်။
ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းမှ ကျင့်ကြံသူများသည် ရီမိသားစုကို ခြေရာခံနိုင်ရန်သဲလွန်စများ ရှာဖွေခဲ့သော်လည်း ဘေးအန္တရာယ်အမျိုးမျိုးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ တစ်ရက်အတွင်းမှာပင် ၎င်းတို့၏ ဆုံးရှုံးမှုများမှာ ပြင်းထန်ခဲ့သည်။
နောက်ဆုံးတွင် ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိရှိသွားကာ သူ့ဂိုဏ်း၏ တပည့်များကို ရပ်တန့်ခိုင်းလိုက်သည်။
ဤအတိုင်းဆက်သွားနေပါက အားလုံးသေကုန်ကြလိမ့်မည်ဖြစ်သည်။
"ရီမိသားစု၊ မင်းတို့ကို သေချာပေါက်လိုက်ရှာမှာ"
ရွှေအမြုတေအဆင့်ကျင့်ကြံသူ အကြီးအကဲသည် ကြီးမားကျယ်ပြန့်သော တောင်တန်းများဆီသို့ ကြည့်လိုက်ကာ သူ့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ရီမိသားစုသည် ထိုကြီးမားကျယ်ပြန့်သော တောင်တန်းများတစ်လျှောက် ခြေလျင်လျှောက်ခဲ့သည်။ ရံဖန်ရံခါ ရီကျင်းဟိုင်နှင့် အခြားသူများသည် လှေပျံ၏နောက်ဘက်တွင် အဆောင်လက်ဖွဲ့အချို့ကို ချထားခဲ့ကြသည်။
အနံ့ကိုဖျောက်ကာ ဝိညာဉ်ရေးစွမ်းအားအတက်အကျများနှင့် ခြေရာများအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ လုပ်ဆောင်ချက်တိုင်းသည် ပရော်ဖက်ရှင်နယ်ကျကာ လျင်မြန်လွန်းလှ၏။
ရီဖန်သည် သူတို့လုပ်သမျှတွင် တည်ငြိမ်စွာဖြင့် အမှားအယွင်းမရှိဘဲလုပ်ကိုင်ရမည်ဟူသည့် အတွေ့အကြုံကို သင်ပေးခဲ့သည်။ တောင်တန်းကြီးများသည် အလွန်မြင့်မားသည့်အတွက် ဘေးကင်းသော လမ်းကြောင်းဖြင့်ပင် ဖြတ်ကျော်ရန် မလွယ်ကူပေ။ ရီမိသားစုသည်လည်း အန္တရာယ်များကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် လှေပျံသည် လုံလောက်စွာလျင်မြန်ခဲ့သည့်အတွက် အရေးကြီးသော အခိုက်အတန့်များတွင် အမြဲတမ်း လွတ်မြောက်နိုင်ခဲ့သည်။
ကျယ်ပြောလှသော တောင်တန်းများအတွင်း မီးခိုးများသည်နေရာအနှံ့ရှိနေကာ မြင်နိုင်စွမ်းမှာ အလွန်နည်းပါးသည်။ ရီဖန်၏ ဝိညာဉ်ရေးအသိစိတ်များပင်လျှင် လျှော့ချခြင်းခံလိုက်ရ၏။ သူ၏ ဆယ်ကီလိုမီတာအကွာအထိ သိမြင်နိုင်မှုသည် ယခုအခါ သုံးကီလိုမီတာအောက်သို့ လျော့ကျသွားခဲ့သည်။
ဟိန်းဟောက်သံ!
အဝေးမှနေ၍ မွန်းစတားတစ်ကောင်၏ ဟိန်းဟောင်သံထွက်ပေါ်လာပြီးနောက် တိုက်ပွဲသံများလည်း ထွက်ပေါ်လာသည်။မြေပြင်သည် တုန်ခါလျက်ရှိကာ ဖုန်မှုန့်များနှင့် မီးခိုးများဖြင့် အုံ့စိုင်းလျက်ရှိ၏။ တိုက်ပွဲမှ ထွက်ပေါ်လာသော ရောင်ဝါသည် ရီဖန်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေလောက်အောင်ပင်။ ၎င်းသည် အခြေတည်ဝိညာဉ်အဆင့် သို့မဟုတ် အထက်တွင်ရှိသော မွန်းစတားဖြစ်ရမည်။
ဇာတ်ညွှန်းတိုးတက်မှုအရ ဤအချိန်တွင် ဇာတ်ဆောင်သည် တိုက်ပွဲတွင်းဝင်ရောက်ကာ အခက်အခဲများကို ကြုံတွေ့ရပြီးနောက် အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ရီဖန်သည် ထိုသို့မလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
"အားလုံးပဲ၊ လှေပျံကို အရှိန်မြှင့်ဖို့ လုပ်ကြပါ"
ဝှစ်!
လှေပျံ၏အရှိန်သည် ချက်ခြင်းတိုးသွားကာ အဝေးသို့ နှင်ပြေးသွားလေသည်။ ရီဖန်နှင့် အခြားသူများ ထွက်ခွာသွားသောအခါတွင် လူနှစ်ယောက်သည် တိတ်တဆိတ် ထွက်ပေါ်လာသည်။
“ပြေးသွားတော့လဲ ပြေးသွားတာပေါ့၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ဒီနေရာကို ရောက်လာတဲ့သူတွေတော့ အမြဲရှိမှာပဲ”
ကွမ်ဟယ်စီရင်စုနဲ့ နှိုင်းယှဉ်ပါက ကြယ်တစ်သောင်း ကျွန်းသည် ပို၍ပင်ရက်စက်သေးသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ဦးသည် အမှန်တကယ်ပင် လုယက်နေခြင်းဖြစ်သည်။
……
သူတို့သည် တောင်ပေါင်းရာထောင်ချီကို သုံးလဆက်တိုက် ခရီးဆက်ခဲ့ကြသည်။ ရီမိသားစု၏ လှေပျံသည် အခြားတောင်ပေါ်တစ်ခုဆီသို့ ပျံသန်းသွားသောအခါ သူတို့ရှေ့မှထူထပ်သော မြူခိုးများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ကွမ်ဟယ် စီရင်စုထက် ဆယ်ဆကျော် ပိုမိုအားကောင်းကာ ၎င်းသည် ထိုနေရာသို့ပျံသန်းသွားသည်။ ထိုသို့သောပတ်ဝန်းကျင်တွင် ကျင့်ကြံသူသည် လျင်မြန်စွာအဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်။
ကွမ်ဟယ်စီရင်စုသည် ညံ့ဖျင်းသောအရပ်ဟု လူအများပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ဤနေရာနှင့် နှိုင်းယှဉ်ပါက ကွမ်ဟယ်စီရင်စုသည် အမှန်တကယ်ပင် ညံ့ဖျင်းပါသည်။
ရီဖန်ရှေ့တွင် အဆုံးမဲ့ပင်လယ်တစ်ခု ပေါ်လာသည်။ ၎င်းသည် အလွန်ကျယ်ပြောကာ အဆုံးမရှိသော သံလိုက်စက်ကွင်းတစ်ခုက ပင်လယ်ကို ဖုံးအုပ်ထားသည်။
လှေပျံသည်ရေပေါ်သို့ ဆင်းသက်လာသည်နှင့်အမျှ ၎င်း၏ အရှိန်သည် သိသိသာသာ ကျဆင်းသွားသည်။ရီဖန်သည် မြေပုံကိုထုတ်ကာ အင်မော်တယ်ကျွန်းသုံးကျွန်းဟု လူသိများသော ကျွန်းသုံးကျွန်းကို ကြည့်လိုက်သည်။
ကြယ်တစ်သောင်းကျွန်းရှိ ကျွန်းများသည် အလွန်ထူးခြားသည်။ ဤအထူးသံလိုက်စက်ကွင်းအောက်တွင် ၎င်းတို့ကို သတိပြုမိခြင်းမရှိပါက ကျွန်းများ၏တည်ရှိမှုကို မည်နိုင်မည်မဟုတ်ချေ။ ထို့အပြင် ၎င်းကျွန်းတိုင်းသည် အဖိုးတန်သော အရင်းအမြစ်များဖြစ်သည်။
ကျွန်းများကိုရှာဖွေပြီးနောက် ၎င်းတို့၏တည်နေရာကို ရောင်းချသည့် အထူးကျွမ်းကျင်သော ကျွန်းရှာဖွေသူများပင်ရှိသည်။
ရီဖန်နှင့်သူ့အဖွဲ့သွားမည့် ကျွန်းသုံးကျွန်းကို ကြည်တာရာလော့ဂိုဏ်းမှ ရှာဖွေတွေ့ရှိခဲ့ကာ နောက်ဆုံးဝှက်ဖဲအဖြစ် အသုံးပြုရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုတွင် ရီဖန်အတွက် အကျိုးရှိသွားပြီဖြစ်သည်။
လှေပျံသည် ပင်လယ်ပြင်ပေါ်တွင် ဖြည်းညှင်းစွာ ဖြတ်သန်းနေပြီးနောက် သုံးရက်အကြာတွင် ရီဖန်တို့ရှေ့ရှိ ပင်လယ်ပြင်ပေါ်၌ ကျွန်းသုံးကျွန်း၏ ပုံရိပ်သည် ရုတ်တရက်ပေါ်လာသည်။
အင်မော်တယ်ကျွန်းသုံးကျွန်းဆီသို့ ရောက်ရှိလာပေပြီ။ နီးကပ်လာတာနဲ့အမျှ၊
ကျွန်းများသည် ပိုမိုကြီးလာကာ ပိုမိုရှင်းလင်းလာ၏။ အင်မော်တယ်ကျွန်းသုံးကျွန်းစလုံးသည် အလွန်ကြီးမားသည်။
တစ်ခုစီသည် အကြမ်းဖျင်းအားဖြင့် ဝမ်လု ကောင်တီ၏ အရွယ်အစားမျှရှိကာ တစ်ချိန်တည်းတွင် လူထောင်ပေါင်းများစွာ နေထိုင်နိုင်သည်။
မကြာခင်၌ ရီဖန်နှင့် တခြားသူများသည် ပထမဆုံးကျွန်းသို့ ရောက်ရှိလာသည်။ ရီဖန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါတွင် အားနည်းသောမွန်းစတားအချို့မှလွဲ၍ လူသားကျင့်ကြံသူမရှိသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ ရီဖန်သက်ပြင်းချနိုင်သည်။
ဤကျွန်းသုံးကျွန်းကို မည်သူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသည်မှာ သတင်းကောင်းပင်ဖြစ်သည်။
လှေပျံကိုသိမ်းဆည်းပြီးနောက် ရီဖန်သည် အမွေအနှစ်တိုကင်ကိုထုတ်ယူကာ ချထားလိုက်သည်။ လူအများအပြားသည် ၎င်းအထဲမှ ဖြည်းညှင်းစွာ ထွက်လာကြကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေကြသည်။
“အဖေ့၊ ဒါက သမီးတို့ ရီမိသားစုရဲ့ နယ်မြေပဲလား"
ရီကျင်းချုံသည် စိတ်လှုပ်ရှားစွာမေးလာသည်။
"ဟုတ်တယ်၊ ဒါက ငါတို့ ရီမိသားစုရဲ့ နယ်မြေဖြစ်လာလိမ့်မယ်"
အင်မော်တယ်ကျွန်းသုံးကျွန်းတွင် ကျွန်းကြီးသုံးကျွန်းပါဝင်လျက် တစ်ခုစီ၏ အောက်ခြေတွင် အလယ်အလတ်အဆင့် ဝိညာဉ်သွေးကြောနှစ်ခုနှင့် မူလဝိညာဉ်သွေးကြောတစ်ခုတို့ရှိသည်။
ပထမကျွန်းသည် အကျယ်ဆုံးဖြစ်သော်လည်း အားအနည်းဆုံးဝိညာဉ်သွေးကြောရှိသာရှိသည်။ ရီဖန်သည် ၎င်းကို သာမန်လူများနေထိုင်ရန်အတွက် အသုံးပြုရန် စီစဉ်ထားသည်။
ဒုတိယကျွန်းသည် အလယ်အလတ်တန်းအဆင့်ဖြစ်ကာ အသက်ရှည်ဂိုဏ်းကို ၎င်းတို့၏ ဂိုဏ်းနယ်မြေအဖြစ် ပေးအပ်လိုက်သည်။
တတိယကျွန်းတွင် အားအကောင်းဆုံးဝိညာဉ်သွေးကြောရှိကာ လမ်းတစ်လျှောက်တွင်လည်း ဝိညာဉ်ရေးတောင်တန်းများစွာရှိသည်။ ထုံးစံအတိုင်း ရီမိသားစု၏နယ်မြေဖြစ်လာလိမ့်မည်။
“ကြယ်တစ်သောင်းကျွန်းကို အောင်မြင်စွာ ရောက်ရှိလာတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်”
စနစ်ကို အဆင့်မြှင့်တင်နေပါပြီ"
"အဆင့်မြှင့်တင် ပြီးပါပြီ။"
"မိသားစုအဆင့်သတ်မှတ်ချက်စနစ်အသစ်"
ဇာတ်ကောင်- ရီဖန်
သက်တမ်း: ၄၁၁ နှစ်
အဆင့်- အစောပိုင်း ပင်မဖွဲ့စည်းတည်ဆောက်ခြင်းအဆင့် (၂၃၁၂၀/၃၀၀၀၀၀)
မိသားစုအဆင့် (ကြယ်တစ်သောင်းကျွန်း)- ၁၉၃၂၁၁
မိသားစုအဆင့်သတ်မှတ်ချက်စနစ်သည် မိသားစုဂုဏ်သတင်းနှင့် မိသားစုစွမ်းအားကို ပေါင်းစပ်ကာ နှစ်စဉ်တွက်ချက်ပြီးနောက် အဆင့်သတ်မှတ်ချက်အလိုက် ဆုများပေးအပ်သည်။ မိသားစုအဆင့်ကို မြှင့်တင်ခြင်းဖြင့် စနစ်မှဆုလာဘ်များ ရရှိနိုင်သည်။
လက်ရှိဆု- စွမ်းရည်မျိုးစေ့ *၁
စွမ်းရည်မျိုးစေ့- ကျပန်းမိသားစုဝင်တစ်ဦး၏ ကျပန်းစွမ်းရည်ကို တိုးစေသည်။
အဆင့်သတ်မှတ်ချက်စနစ်ကိုကြည့်ခြင်းဖြင့် ကြယ်တစ်သောင်းကျွန်းသည် အမှန်တကယ်ပင် ကျယ်ပြောပုံရသည်။
ရီမိသားစုသည် အဆင့်တစ်သိန်းကိုးသောင်းမျှသာမြှင့်တင်နိုင်ခဲ့သည်။ မိသားစုအဆင့်ကိုမြှင့်တင်ခြင်းသည် အနာဂတ်တွင် အလွန်အရေးကြီးသော အရာဖြစ်လာမည့်ပုံပေါ်သည်။ သို့သော် ထိုကိစ္စများမတိုင်မီ လုပ်ဆောင်ရမည့်အရာတချို့ ရှိသေးသည်။
“စနစ်၊ စွမ်းရည်မျိုးစေ့ကို အသုံးပြုပါ”
စနစ်၏နေရာလွတ်ထဲတွင် စွမ်းရည်မျိုးစေ့သည် တခဏချင်း ပျောက်ကွယ်သွားသည်။ ရီဖန်သည် အပြောင်းအလဲမရှိဟု ခံစားလိုက်ရကာ ခေါင်းကုတ်လိုက်သည်။
ဤဆုလာဘ်သည် အနည်းငယ် အသုံးမဝင်ပုံရသည်။