အခန်း ၈၂-၈၄
Vol. 6 Ch. 82-84
အခန်း ၈၂- ဒီဓားက အရမ်းမိုက်တာပဲ!
သူ၏ ဝံပုလွေဖန်းကို အဆင့်မြှင့်တင်လိုက်ပြီးနောက် ရီကျင်းချုံသည် ရွှယ်ညီအစ်ကိုများထဲမှ စွမ်းအားအကြီးဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကိုညွှန်ပြလိုက်သည်။
“လာစမ်းပါ!”
ရွှယ်ညီအစ်ကိုများသည် ရီကျင်းချုံကို စိုက်ကြည့်ကာ ရီမိသားစုမှ ဒုတိယမြောက်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို မျှော်လင့်မထားသော်လည်း အရေးမကြီးချေ၊ သူတို့တွင် ငါးယောက်ရှိသည်။
ရီကျင်းထျန်သည်လည်း သူ၏ရောင်ဝါကိုထုတ်လွှတ်ကာ ရွှယ်မိသားစု၏ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူငါးဦးကို ပစ်မှတ်ထားလိုက်သည်။ သူ၏အဓိကဗျူဟာမှာ လွယ်ကူသောတိုက်ပွဲများကို အမြဲတမ်းရွေးချယ်ရန်ဖြစ်ကာ ခက်ခဲသောပွဲများကို မည်သည့်အခါမျှ မရွေးချယ်ရန်ဖြစ်သည်။
‘နောက်ထပ် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူလား’
ရွှယ်ညီအစ်ကိုများသည် အမြုတေဖွဲ့စည်းခြင်း၏နှောင်းပိုင်းအဆင့်ရှိ ၎င်းတို့၏မိသားစုအကြီးအကဲထံလှည့်ကာ "ဒီမျိုးနွယ်စုငယ်လေးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပဲရှိတာလို့ မင်းပြောတာမဟုတ်ဘူးလား"
“သုံးယောက်ပဲရှိတာ မဟုတ်ဘူးလား”
စတုတ္ထမြောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ရီကျင်းဟိုင်ထွက်ပေါ်လာသည်။
"လေးယောက်ပဲလား?"
ရီကျင်းလုံနှင့် ရီကျင်းဖန်တို့ထံမှ ပေါက်ကွဲသံထွက်ပေါ်လာပြန်သည်။
"ခြောက်ယောက်ပဲလား? ချီးပဲ! ”
ရွှယ်မိသားစုခေါင်းဆောင်သည် သူ့ဦးရေပြားအေးခဲလာသည်ကို ခံစားလိုက်ရ၏။
အချက်အလက်အချို့ကို စုဆောင်းခဲ့စဉ်က ရီမိသားစုသည် ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းကိုသာ ကျွမ်းကျင်ပိုင်နိုင်ကာ မိသားစုခေါင်းဆောင် ရီဖန်သာလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်ဟု ဖော်ပြထားသည်။
သို့သော် ယခုတွင် ရုတ်တရက် ခြောက်ယောက်ဖြစ်နေကာ ၎င်းကို လုံးဝမမျှော်လင့်ထားခဲ့ချေ။ အဆုံးတွင် ရွှယ်မိသားစု ခေါင်းဆောင်သည် ၎င်းတို့ကို ဖြေသိမ့်ပေးရှာသည်
"သူတို့အားလုံးက အထောက်အပံ့လောက်ပါပဲ၊ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မပြင်းထန်ဘူး"
၎င်းကိုကြားသည့်အခါ ရီမိသားစုသည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်ကြ၏ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းတွင် အထူးကျွမ်းကျင်သောသူများသည် တိုက်ခိုက်ရေးစွမ်းအားမရှိဟု မည်သူပြောသနည်း။
ရီကျင်းချုံဘက်မှ တိုက်ပွဲသည် ပထမဆုံး စတင်ခြင်းဖြစ်သည်။ ဝံပုလွေဖန်းကို လွှဲယမ်းကာ ရီကျင်းချုံသည် ရီမိသားစုအတွင်း တိုက်ခိုက်ရေးစွမ်းအားအပြင်းထန်ဆုံးဖြစ်သည်။
ရီကျင်းချုံသည် တိုက်ခိုက်ရေးစွမ်းအားကို မည်သည့်အခါကမျှ မလေ့ကျင့်ခဲ့ဖူးချေ။
မန္တန်များစွာဖြင့် သူ့ကိုယ်သူ မြှင့်တင်ပြီးနောက် ရီကျင်းချုံသည် အသားကန်အဖြစ် ပြောင်းလဲသွားကာ ရှေ့တည့်တည့်သို့ပစ်ဝင်လိုက်သည်။
ဘမ်း!
အားကြီးသော စွမ်းအားသည် လေထုကိုပျက်ပြယ်စေခဲ့သည်။ သူ၏တိုက်ခိုက်မှုသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
ရွှယ်မိသားစုခေါင်းဆောင်သည် အတွေ့အကြုံမရှိသေးသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက တိုက်ခိုက်လာသဖြင့် ကဲ့ရဲ့ခံရသည်ဟုခံစားလိုက်ရကာ ချက်ခြင်းဒေါသဖြစ်သွားပြီး ရီကျင်းချုံကို တိုက်ခိုက်ရန်အတွက် ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုကို ချက်ချင်းထုတ်ပစ်လိုက်သည်။
ရီကျင်းချုံသည် သူ၏အင်မော်တယ်လက်နက်ဖြစ်သော ဝံပုလွေဖန်းနှင့် ရွှယ်မိသားစု၏ ဓားပျံကိုအဆက်မပြတ် တိုက်ခိုက်နေသည်။
ရံဖန်ရံခါတွင် ဓားသည်ရီကျင်းချုံ၏ကိုယ်ခန္ဓာကို ထိမိသော်လည်း သူ၏ ကာကွယ်ရေးအင်မော်တယ်ပစ္စည်းသည် တောက်ပသွားကာ ရီကျင်းချုံကို ထိခိုက်စေခြင်းမရှိချေ။ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ရီကျင်းချုံကို ပို၍စိတ်တက်ကြွလာစေခဲ့သည်။
အခြားသူများသည်လည်း ၎င်းတို့၏ ရန်သူများကို လျင်မြန်စွာ ရှာတွေ့ခဲ့ကြသည်။ အဆုံးတွင် ရီဖန်သည် အံ့အားသင့်စရာကောင်းစွာပင် တိုက်ခိုက်ရန် ရန်သူမရှိဘဲ မတ်တပ်ရပ်ကာ ပွဲကြည့်ရတော့သည်။
လှည့်ကြည့်လိုက်သည့်အခါ ရီချင်သည်လည်း သင့်တော်သည့်ရန်သူကို ရှာမတွေ့ချေ။ နောက်ဆုံးတွင် အခြေခံအုတ်မြစ်းတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူအနေဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ သူများနှင့် ကောင်းစွာမယှဉ်နိုင်သေးပေ။
တိုက်ပွဲဆက်လက်ဖြစ်ပွါးလျက်ရှိကာ ရွှယ်မိသားစုခေါင်းဆောင်သည် သူနှင့်အဆက်မပြတ် တိုက်ခိုက်နေဆဲဖြစ်သော ရီကျင်းချုံကိုကြည့်ကာ ကြောက်မက်ဖွယ်အရိပ်အယောင်များ သူ့မျက်လုံးများထဲတွင် တောက်ပလာခဲ့သည်။
ဤသိူ့ဆက်လုပ်နေရန်မဖြစ်တော့ချေ။ သူအရင်ဆုံး တစ်ယောက်ကို ဖျက်ဆီးပစ်ရမည်။
တိုက်ပွဲအလယ်တွင် ရွှယ်မိသားစုခေါင်းဆောင်သည် တတိယအဆင့်မန္တန်ကို ရုတ်တရက်ဆင့်ခေါ်လိုက်စည်။ တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ရီကျင်းချုံဆီသို့ ပြေးလာသည်။
တောက်ပသောအလင်းရောင်သည် ရီကျင်းချုံကို ထိမှန်သွားကာ သူ့ကို မထိခိုက်စေသော်လည်း သူ၏ မြှင့်တင်ရေးမန္တန်များမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
တတိယအဆင့်မန္တန်၊ လူစုခွဲအဆောင် စသည့်
သူ၏မြှင့်တင်ရေးမန္တန်များမရှိဘဲ ရီကျင်းချုံသည် သာမန်အစောပိုင်းအဆင့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှင့် ဘာမှမထူးခြားချေ။
ကြိုတင်ပြင်ဆင်မှုမရှိဘဲ သူသည်ရွှယ်မိသားစု၏ အင်မော်တယ်လက်နက်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်သည် နောက်ပြန်ပျံသွားကာ ပါးစပ်မှ သွေးစိမ်းများ ထွက်ကျလာသည်။ ရီဖန်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ကာ အကူအညီပေးရန် အပြေးအလွှားသွားလိုက်သည်။
သို့သော် ရီဖန်မလှုပ်ရှားမီ တခြားတစ်ယောက်က အရင်ဦးသွားသည်။ ရီချင်၏ ခန္ဓာကိုယ်သည် သွေးနီရောင်ရောင်ဝါများဖြင့် လွှမ်းခြုံထားကာ သူ၏သတ်ဖြတ်ရန် ရည်ရွယ်ချက်သည် ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဌာန်ယူ၍ လွတ်မြောက်ခြင်းအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ရီကျင်းချုံ၏ နံဘေးတွင် ပေါ်လာကာ သူမကို ဖမ်းလိုက်၏။
ရီကျင်းချုံ၏ဖြူဖျော့ဖျော့မျက်နှာကိုမြင်သည့်အခါ
ရီချင် သည် သူ့နှလုံးသားထဲတွင် ကြီးမားသောနာကျင်မှုကို ခံစားလိုက်ရသည်။
"ကျန်တာကို ငါနဲ့လွှဲထားလိုက်ပါ ကျင်းချုံ"
ရီချင်၏ ခန္ဓာကိုယ်သည် မြင်သာထင်သာရှိသော လူသတ်ရောင်ဝါများဖြင့် ပြည့်နေသည်။
ရီဖန်သည် ၎င်းကို ချက်ချင်း မှတ်မိလိုက်သည်။ ဤနည်းပညာသည် ရီချင်တစ်ချိန်က တင်ပြခဲ့ဖူးသည့် နတ်ဆိုးစွမ်းအားနည်းပညာ၏ ထိပ်တန်းစွမ်းရည်ဖြစ်သည်။
ဤနည်းပညာသည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဆိုးချီစွမ်းအားကို အသုံးပြုခဲ့သည်။ ၎င်းတို့သည် လုံလောက်သော အားကောင်းသည့် ဆန္ဒမရှိပါက နတ်ဆိုးချီစွမ်းအားသည် အချိန်မရွေး ပြန်လည်တွန်းလှန်နိုင်သည်။
မမျှော်လင့်ဘဲ ရီချင်၏ အဓိကကျင့်ကြံရေးသည် ဤနည်းပညာဖြစ်သည်။
ရီချင်သည် ရီကျင်းချုံကို ညင်သာစွာ ချလိုက်ကာ လေပေါ်သို့လှမ်းတက်ပြီးနောက် ရွှယ်မိသားစုခေါင်းဆောင်ထံသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
"ငါ့ဇနီးအတွက် မင်းကိုစိန်ခေါ်တယ်!"
နတ်ဆိုးချီးစွမ်းအားသည် ရီချင်၏လက်တွင် ဆုပ်ကိုင်ထားသော ဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရီချင်၏ အသင့်အနေအထားကို မြင်လိုက်ရသည့် ရွှယ်မိသားစုခေါင်းဆောင်သည် ဒေါသတကြီး ရယ်မောလိုက်သည်။
"ဟားဟား၊ မင်းက အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှာ ရှိနေရင်တောင် ထားပါဦး၊ ဒါပေမယ့် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်က လူတစ်ယောက်ကလာစိန်ခေါ်နေတာ၊ ငါကို ရွှံ့နဲ့လုပ်ထားတယ်လို့ မင်းထင်နေတာလား။ မင်းငါ့ကို ဘယ်လိုတိုက်မလဲ ကြည့်ကြတာပေါ့"
ရွှယ်မိသားစု၏အကြီးအကဲသည် သူ၏ အင်မော်တယ်လက်နက်ကို အသုံးချခဲ့လျက် ကောင်းကင်တစ်ခွင်လုံးကို လေဓားအဖြစ်အသွင်ပြောင်းကာ ရီချင်ကို အပြင်းအထန်တိုက်ခိုက်သည်။
ရီချင်သည် ရွှယ်မိသားစုခေါင်းဆောင်၏တိုက်ခိုက်မှုကို ဂရုမစိုက်ဘဲ ရီကျင်းချုံဘက် ခေါင်းလှည့်ကာ " ကျင်းချုံ၊ ဒီနေ့ မင်းကို အကောင်းမွန်ဆုံးနည်းပညာလို့ ခေါ်တဲ့ အရာတွေကို ငါသင်ပေးမယ်"
ရီချင်သည် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ထွက်သွားသည့်အခါ ကောင်းကင်ကိုဖုံးလွှမ်းနေသော ဓားမိုးသည်သူ့ကို အမြဲလွဲချော်နေပုံရသည်။ သူ၏ခြေလှမ်းတိုင်းသည် များပြားလှစွာသော တွက်ချက်မှုများပြီးနောက် လိုက်သွားသကဲ့သို့ တိုက်ခိုက်မှုအားလုံးကို လုံးဝရှောင်ရှားနိုင်ခဲ့သည်။
တစ်ဆင့်ပြီးတစ်ဆင့် ရီချင်သည် ရွှယ်မိသားစု၏ခေါင်းဆောင်နှင့် နီးကပ်လာသည်။ ရွှယ်မိသားစု၏ အကြီးအကဲသည် တစ်စုံတစ်ရာ မမှန်သည်ကို သတိပြုမိသည်။ အခြေခံအုတ်မြစ်တည်ဆောက်ရေးအဆင့်မှာရှိနေသည့် ရီချင်ကိုအဘယ်ကြောင့် မထိနိုင်ခဲ့သနည်း။
"ဓားတွေ လာစမ်း!"
ဓားမိုးသုံးလှိုင်းလုံး ရွာပြီးသည့်နောက်တွင် ရီချက်သည် ရွှယ်မိသားစုခေါင်းဆောင်ထံမှ ခြေတစ်လှမ်းအကွာတွင် ရှိနေသည်။
"ငါ့ဓားကို ထျန်းရှလို့ခေါ်တယ်။ဒီဓားက အရမ်းကြောက်စရာကောင်းလိမ့်မယ်”
ရီချင်သည် သူ့ဓားကို အသာအယာ လွှဲခုတ်လိုက်သော်လည်း ရွှယ်မိသားစု၏ အကြီးအကဲသည် ငရဲကိုမြင်လိုက်ရသကဲ့သို့ သူ့မျက်လုံးများတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ လွတ်မြောက်ခြင်း တားစီးခြင်းကို မပြုလုပ်နိုင်ခဲ့ချေ။
ဤဓားသည် စိတ်ဝိညာဉ်ကို တိုက်ခိုက်ခြင်းဖြစ်ကာ သူ့ဝိညာဉ်၏အလင်းရောင် ငြိမ်းသွားသည်နှင့်အမျှ ရွှယ်မိသားစုခေါင်းဆောင်၏ နောက်ဆုံးအတွေးမှာ “ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ မဟုတ်ဘူးလား? မင်းကဘာလို့ ကိုယ်ခံပညာတွေ ဒီလောက်တောင် သန်မာနေတာလဲ။"
တည်ငြိမ်သော မျက်နှာထားဖြင့်ရီဖန်ကို မြင်လိုက်ရသည့် ရီဖန်သည် သူ့နှာခေါင်းကို ထိလိုက်သည်။ သူဝန်ခံရမည်မှာ ဤဓားသွားသည် အမှန်တကယ်ပင် မိုက်သည်။
ရီချင်သည် ရွှယ်မိသားစု၏ အကြီးအကဲကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ ရီကျင်းချုံ၏ အနားသို့ အေးအေးလူလူ ရောက်လာသည်။ "ငါ့ အမျိုးသမီးရေ၊ ငါကြည့်ကောင်းရဲ့လား"
ထိုသို့ပြောပြီးနောက် သူသည် ရီကျင်းချုံ၏ ပွေ့ဖက်မှုအောက်တွင် ချက်ချင်းပင် မေ့လဲသွားသည်။
“အဖေ့!" ရီကျင်းချုံသည် ရီချင်၏ အခြေအနေကို ကြည့်ပြီးနောက် ချက်ခြင်းစိတ်ပူသွားသည်။
"စိတ်မပူပါနဲ့၊ သူက ကိုယ့်ကိုကိုယ် အရမ်းအားတင်းထားလို့၊ ဆယ်ရက် ဒါမှမဟုတ် တစ်လခွဲလောက် အနားယူပြီးရင် နေကောင်းသွားလိမ့်မယ်”
ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ တစ်ချက်တည်းနှင့် အားလုံးပြီးသွားအောင်ပြုလုပ်ခဲ့နိုင်သည်ဖြစ်ရာ မူးလဲသွားလျှင်ပင် ထိုက်တန်ပါသေးသည်။
ရီဖန်၏စကားကိုကြားသည့်အခါမှ ရီကျင်းချုံသည်သက်ပြင်းတစ်ချက်ချလိုက်သည်။သူ့ခင်ပွန်းသည် အမှန်တကယ်ပင် ထူးချွန်ပါ၏။
သို့သော် သူနိုးလာသောအခါတွင် သူသည် သူမ၏ နည်းစနစ်များကို အဘယ်ကြောင့် သင်ကြားနေရသနည်း၊ သူသည် သူမ၏ စွမ်းအားကို လျှော့တွက်နေသည်လောဟု သေချာပေါက် မေးရမည်။ သတိလစ်နေသော ရီချင်သည်တုန်လှုပ်သွားကာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ကြိုမြင်လိုက်ရသည်။
အခင်းဖြစ်ပွားရာနေရာ၌ တိုက်ပွဲများ ပြီးဆုံးလုနီးနေပြီဖြစ်သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ နောက်ဆုံးကျင့်ကြံသူသည် မျက်လုံးများကိုမှိတ်ထားသည်။
"နားလည်နိုင်တဲ့ မိသားစုဝင်များ၊ ဆဌမမိသားစုက အရှုပ်အထွေးထဲကျရောက်နေပြီ!"
ရီကျင်းဟိုင်သည် သူ၏ အရိပ်မဲ့ဓားဖြင့် လွှဲခုတ်လိုက်ကာ နောက်ဆုံးကျင့်ကြံသူကို အမှုန့်ဖြစ်အောင် ထုချေခဲ့သည်။
ရီကျင်းထျန်သည် မီးတောက်နည်းစနစ်ကို အသုံးပြုကာကျင့်ကြံသူများကို အခင်းဖြစ်နေရာတွင် တိုက်ရိုက်မီးသဂြိုလ်ခဲ့ပြီးနောက် ဆံပင်တစ်ပင်မျှမကျန်တော့ဘဲ တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
ကံမကောင်းစွာဖြင့် ဤလူများ၏အလောင်းများပေါ်တွင် ရွှယ်မိသားစုပိုင်ကျွန်း၏သြဒိနိတ်များကို ရှာမတွေ့ခဲ့သည်မှာ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။
တိုက်ပွဲပြီးသည်အထိ မနိုးသေးသော ပိုင်ဇယ်သည် ရီဖန်ထံသို့ ရုတ်တရက် ပြေးလာသည်။
"ငါ့နောက်လိုက်ခဲ့ပါ!”
ထို့နောက် ရီမိသားစုအဖွဲ့ဝင်များအားလုံးသည် ရွှယ်မိသားစု၏နေအိမ်ကို တွေ့ရှိခဲ့သည်။ ပိုင်ဇယ်၏ ရိုးသားသော မျက်နှာကို ကြည့်လိုက်ပြီးနောက် ရီကျင်းဟိုင်သည် ရင်းနှီးမှုကို တွေ့ရှိသွားသကဲ့သို့ ခံစားရသည်။
"ပိုင်ဇယ် နောင်ကျရင် ငါကသတ်မယ်၊ မင်းက နေရာကို ရှာပေး၊ ဘယ်လိုသဘောရလဲ"
ရန်သူ၏မိသားစုကို ၎င်းတို့၏ချီစွမ်းအားမှတစ်ဆင့် ရှာဖွေနိုင်မှုစွမ်းရည်၊ ဤစွမ်းရည်သည် အလွန်လက်တွေ့ကျသည်။ ရီဖန်သည်မထင်မှတ်ထားဘဲ ဤမွန်းစတားလေး ပိုင်ဇယ်သည် အမှန်တကယ်ပင် ထိုသို့သော စွမ်းရည်ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် မွန်းစတားကောင်းမဟုတ်သည်မှာ သေချာပါ၏။
ပိုင်ဇယ်၏ သူ့နှုတ်ခမ်းများမှာ ကော့တက်နေသည်။ ‘ဒါက သခင်နဲ့တူတဲ့ သားရဲပဲမဟုတ်ဘူးလားဟင်’
လိပ်တစ်ထောင်ကျွန်း၏အနီးတစ်ဝိုက်ရှိ နယ်မြေသည် ကြီးသည် သေးသည်ဟု မဆိုနိုင်သည့်အတွက်
ရွှယ်မိသားစုကို သုတ်သင်သည့် ရီမိသားစု၏ သတင်းကို လျှို့ဝှက်ထားနိုင်မည်မဟုတ်ချေ။
………………
အခန်း ၈၃ - အသားတုံးကြီးနှင့် ရီချင်အတွက် အခွင့်အရေး
ကြယ်တစ်သောင်းကျွန်း၏ အရှေ့ဘက်ဒေသသည် မကြီးမားဘဲ ရွှယ်မိသားစုသည်လည်း သေးငယ်သောမျိုးနွယ်စုတစ်ခုမဟုတ်ဘဲ အမြုတေဖွဲ့စည်းမှုအဆင့်ရှိမျိုးနွယ်စုများထဲတွင် ၎င်းတို့သည် အားနည်းခြင်းမရှိပေ။
၎င်းတို့၏ ရုတ်တရက် ပျောက်ဆုံးသွားခြင်းသည် အခြားသူများကို စုံစမ်းရန်အတွက်နှိုးဆော်ခဲ့သည်။ မကြာမီတွင် ရီမိသားစုသည် ရွှယ်မိသားစုကို သုတ်သင်လိုက်သည့် သတင်းသည် လိပ်တစ်ထောင်မြို့တစ်ခွင်သို့ ပျံ့နှံ့သွားကာ လူတော်တော်များများသည် ရီမိသားစုကို ပြန်အမှတ်ရလာကြသည်။
သို့သော် သူတို့၏မှတ်ဉာဏ်ထဲ၌ ရီမိသားစုသည် ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းများကို သန့်စင်ခြင်းတွင် ကျွမ်းကျင်သောကြောင့် လူသိများသော အလုပ်အကိုင်စီးပွါးရေးမျိုးနွယ်စုမဟုတ်သလော။
ဆေးပညာရှင်မိသားစုတစ်စုသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မည်သို့ပိုင်ဆိုင်နိုင်သနည်း။ သူတို့ မယုံချင်သည့်တိုင် အမှန်တရားသည် ထိုနေရာတွင် ရှိနေသည်။
"ရီမိသားစုကို သွားမရှုပ်ကြနဲ့"
“ဆေးပညာရှင်က တိုက်ခိုက်ရေးစွမ်းအားမရှိဘူးလို့ ဘယ်သူပြောလဲ"
ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာသည်နှင့်အမျှ ရီဖန်၏ကျော်ကြားမှုသည်လည်း လျင်မြန်စွာမြင့်တက်လာသည်။
“ရေရှည်တာဝန်ဖြစ်တဲ့ မိသားစုတိုးပွါးလာခြင်း ၆၊ ကြယ်တစ်သောင်းကျွန်းတွင် နာမည်တစ်ခုရရယူခြင်းကို ပြီးမြောက်စေတဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်။ ယခု ဆုလာဘ်ကိုရယူနိုင်ပါပြီ"
“စနစ်၊ ဆုလာဘ်ကို ထုတ်လိုက်ပါ”
"ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်၊ တတိယအဆင့် ချီစွမ်းအားနည်းစနစ်နဲ့ မိသားစုကံကြမ္မာအမှတ် ၁၀၀ကို ရရှိသွားပါပြီ”
အိပ်ပျော်နေသော ပိုင်ဇယ်သည် ရုတ်တရက်နိုးလာကာ အလယ်အလတ် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဖြတ်သွားပြီးနောက် ဆက်လက်အိပ်စက်ရန် ပြန်အိပ်လိုက်သည်။
‘အရမ်းလန်းတယ် သခင်ရေ!’
ရီဖန်သည် ပိုင်ဇယ်၏ အောင်မြင်မှုကိုခံစားလိုက်ရပြီးနောက် ချက်ချင်းပင် စိတ်မသက်မသာဖြစ်သွားသည်။ အိပ်ပျော်နေလျက်နှင့် အဆင့်တက်နိုင်သည်မှာ ရိုးရှင်းလွန်း၏။ ထိုမသက်မသာမှု၏နောက်တွင် ရီဖန်သည် ဒုတိယဆုလာဘ်ကို စတင်လေ့လာခဲ့သည်။
ချီစွမ်းအားနည်းပညာကို လေ့လာခြင်းမှာ ကမ္ဘာပေါ်ရှိ သတ္တဝါတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ချီစွမ်းအားရှိသည်။ နည်းပညာသည် ကံကြမ္မာနှင့် ကံဆိုးမှုများကို ဆုံးဖြတ်နိုင်ကာ တောင်တန်းနှင့် ပင်လယ်များကို စစ်ဆေးနိုင်သည်။ လေ့လာရေးချီစွန်းအားနည်းပညာသည် ကျင့်ကြံရေးအနုပညာတစ်ရာ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
သို့သော် ၎င်းသည်အတော်ခက်ခဲသဖြင့် လူကြိုက်များခြင်းမရှိချေ။ ယခင်က ဖော်ပြခဲ့သည့်အတိုင်း ကျွန်းမုဆိုးများသည် ယနေ့ခေတ်တွင် လေ့လာခြင်းချီစွမ်းအားနည်းစနစ်ကို ကျင့်သုံးကြသည်။
ရီဖန်သည် ဤအချက်ကို စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ရုတ်တရက်ထင်မိလိုက်ကာ ကောင်းကင်သို့ ချက်ချင်းပျံသန်းသွားပြီးနောက် အင်မော်တယ်ကျွန်းသုံးကျွန်းကို ဦးစွာကြည့်ရှုလိုက်သည်။
အင်မော်တယ်ကျွန်းသုံးကျွန်း၏အထက်တွင် အဝါရောင်အလင်းအုပ်စုတစ်ခုရှိသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အစိမ်းနု၊ အပြာနှင့် ခရမ်းရောင် ခုနစ်ထဲမှ အဝါရောင်သည် တတိယအဆင့်ဖြစ်သည့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ကိုယ်စားပြုသည်။
ကမ္ဘာ့သွေးကြောအမျိုးအစားခွဲခြားမှုတွင် အင်မော်တယ်ကျွန်းသုံးကျွန်းသည် တတိယအဆင့်ဖြစ်သည်။ ရီဖန်သည်နောက်ထပ် လှမ်းကြည့်လိုက်ရာ မထင်မှတ်ဘဲ နောက်ထပ် အရောင်အဝါများစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
သို့သော် အများစုသည် ချီစွမ်းအားသန့်စင်မှုနယ်ပယ်နှင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ အရင်းအမြစ်များကို ကိုယ်စားပြုသည့် အနီရောင် သို့မဟုတ် လိမ္မော်ရောင်များဖြစ်သည်။ သူသည် အနီးဆုံး အနီရောင်အလင်းအုပ်စုကို အလျင်အမြန် ကြည့်လိုက်သည်။
မကြာမီတွင် ကျွန်းတစ်ကျွန်းအောက်၌ ရီဖန်သည် ပထမအဆင့် ဆယ်နှစ်သက်တမ်းရှိ ဝိညာဉ်မြက်ပင်ကို တွေ့ရှိခဲ့သည်။ ရီဖန်သည် လေ့လာခြင်းချီစွမ်းအားနည်းစနစ်၏တန်ဖိုးကို နားလည်ခဲ့သည်။ ၎င်းသည် ရတနာရှာဖွေစက်နှင့်တူသည်။ မဟုတ်ပေ၊ လေ့လာခြင်းချီစွမ်းအားနည်းစနစ်ကို မိသားစု၏ မရှိမဖြစ်လိုအပ်သော နည်းပညာတစ်ခုအနေနှင့် စာရင်းသွင်းထားရမည်။
ဤအစွမ်းထက်နည်းပညာသည် နေ့စဉ်လုပ်ငန်းဆောင်တာအားလုံးအတွက် လိုအပ်သည့်အပြင် ခရီးသွားခြင်းအတွက်လည်း လိုအပ်သည်။
ရီဖန်သည် ၎င်း၏ဂူအိမ်သို့ ပြန်လာကာ ရီမိသားစုဝင်များလေ့ကျင့်နိုင်ရန်အတွက် ၎င်းနှင့်ပတ်သက်သည့် အသိဥာဏ်များကို ရီမိသားစု၏ကျင့်စဉ်များထဲတွင် ထည့်သွင်းရန် ရေးသားပြုစုခဲ့သည်။ ရီမိသားစု၏ ကျင့်ကြံရေးအနုပညာတစ်ရာသည် နောက်ထပ်တိုးမြင့်လာ၏။
ရီဖန်သည် သူ့အသိဥာဏ်များကို ဖြည်းညှင်းစွာ စုဆောင်းနေချိန်တွင် တစ်စုံတစ်ယောက်သည် ရီမိသားစုမှ ထွက်ခွာသွားခဲ့သည်။ ရီချင်သည် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ ကျင့်ကြံရေးအဆင့်သည် သိသိသာသာ တိုးတက်လာသည်။
သူသည် နှောင်းပိုင်းအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရင်း သေဆုံးသွားလုနီးပါးဖြစ်သော်လည်း၊ သူကြိုးစားစုဆောင်းထားခဲ့သော ကြီးမားသည့် နတ်ဆိုးချီစွမ်းအားသည် လုံးဝ ဆုတ်ယုတ်သွားခဲ့သည်။
ရီချင်သည် သူ၏အားနည်းချက်ကို သိမြင်ခဲ့ကာ သူသည်လွယ်ကူသောလမ်းပေါ်တွင် ဆက်လက်မနေထိုင်နိုင်သင့်ဟု ခံစားမိလိုက်၏။ အမျိုးသားများသည် သန်မာရမည်။ ထွက်ခွာစဉ်တွင် ရီချင်သည် သူအရန်အဖြစ် သိုဝှက်ထားသော အရင်းအမြစ်များကို ရှာဖွေရန် စီစဉ်ခဲ့သည်။
ရီမိသားစုသည် လျင်မြန်လွန်းသော်လည်း အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သည် အနည်းငယ် ချို့တဲ့နေပါသေးသည်။ ရီချင်သည် သည် သူ၏ ဝိညာဉ်ဓားကိုစီးကာ ထွက်သွားခဲ့၏။
ရုတ်တရက်ပင် သူ့ကိုယ်သူ ရောင်ဝါတစ်ခု၏ ပစ်မှတ်ထားခံနေရသည်ဟု ခံစားလိုက်ရသည်။ "မင်းငါ့ကိုနောက်နေတာပဲ၊ အခုပဲအိမ်ကထွက်လာတယ်၊ နောက်ယောင်ခံလိုက်ခံနေရပြီ"
ရီချင်သည် ခါးသီးစွာပြုံးလိုက်ကာ သူ၏ကံမကောင်းမှုကို ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေကာမူ ရီချင်သည် မကြောက်ခဲ့ပေ။ နှောင်းပိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို ယခုအချိန်တွင် မသတ်နိုင်သေးသော်လည်း ထွက်ပြေးခြင်းက လွယ်ကူသည်။
လူတစ်ယောက်ပေါ်လာပြီး ရီချင်ကို ဖမ်းကာ လွတ်မြောက်ခြင်းအလင်းတန်းပေါ်တက်၍ ထွက်သွားသည်။ ယခု သူ့ကိုဖမ်းမိပြီးနောက် ရီချင်သည် လွတ်မြောက်ရန် အလျင်စလို မလုပ်ခဲ့ပေ။ ရီချင်မှာ ဤလူသည် အဘယ်သို့ဖြစ်ချင်နေသနည်းဟု သိလို၏။
တစ်ရက်ခွဲကြာပြီးနောက် ရီချင်ကို လူသူကင်းမဲ့သော ကန္တာရကျွန်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ အံ့ဩဖွယ်ကောင်းသည်မှာ ဤသဲကန္တာရကျွန်းသည် မူလဝိညာဉ်သွေးကြောပင် ရှိနေသည်။ ၎င်းသည် ကျင့်ကြံသူ၏ ဂူအိမ်ဖြစ်ပုံရသည်။
"သမီး၊ အဖေမင်းအတွက် ယောက်ျားတစ်ယောက်ကို ခေါ်လာပေးတယ်"
ကျင့်ကြံသူပြောပြီးနောက် ဂူအိမ်သည် တုန်လှုပ်လာကာ နောက်အခိုက်အတန့်တွင် ဂူအိမ်ထဲမှ လူဝကြီးတစ်ယောက် ထွက်လာကာ သူမသည် ရီချင်ကိုမြင်သောအခါ မျက်လုံးများ တောက်ပလာသည်။
“ဖေဖေ၊ သမီးဒီလူကို ကြိုက်တယ်"
ရီချင်သည် သေချာပေါက် ကြည့်ကောင်းပါသည်။ သို့မဟုတ်ပါက ရီကျင်းချုံသည်သူ့ကို သဘောကျခဲ့မည်မဟုတ်ချေ။
ရီချင်သည် သူ့ရှေ့ရှိ အသားတုံးကြီးကို ကြည့်ကာ သေလောက်အောင် ကြောက်လန့်နေသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံရေးလမ်းစဉ်များကြောင့် အဝလွန်ခြင်းသည် မရှိသလောက်ပင် ဖြစ်သည်။ သူ့ရှေ့ရှိ အသားတုံးကြီးမှာ အနည်းဆုံး ပေါင်တစ်ထောင် အလေးချိန်ရှိနိုင်၏။
ရီချင်သည် သူ၏ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ပေါက်ကို ပြန်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ အကယ်၍ သူမသည် သူ့အပေါ်၌ ထိုင်နေပါက သူသည် သူမ၏ ကိုယ်အလေးချိန်အောက်တွင် အသက်ရှူကျပ်သေသွားလိမ့်မည်။
"သမီး၊ ဒီကလေးကို သမီးနဲ့ ထားခဲ့လိုက်မယ်"
ကျင့်ကြံသူသည် သူ့သမီးကျေနပ်သွားသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
အမျိုးသမီးကျင့်ကြံသူသည် ရီချင်ကို လက်တစ်ဖက်ဖြင့် ပင့်ကိုင်ကာ ဂူအိမ်ထဲသို့ ဝင်သွားသည်။
ရီချင်သည်လည်း ဂူအိမ်ကို စူးစမ်းလေ့လာရန် အခွင့်အရေးရခဲ့သည်။ ဂူအိမ်ထဲတွင် ဝိညာဉ်သွေးကြောတစ်ခုလုံးမှ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေကာ အခင်းအကျင်းများလည်းရှိသည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ သာမာန်ကျင့်ကြံသူသည် ဤဂူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရီချင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ထွက်ပြေးသင့်သလော မပြေးသင့်သလော စဉ်းစားနေရင်း သားတုံးကြီး၏ နေရာသို့ခေါ်သွားခံလိုက်ရသည်။
"အချစ်လေး၊ ခဏလောက် နားလိုက်ဦး၊ ငါမင်းကိုနောက်မှလာရှာမယ်"
စကားပြောပြီးနောက် အသားတုံးကြီးက လှည့်ထွက်သွားသည်။ အသားတုံးကြီး၏ အခန်းသည် ကြီးကြီးမားမားမဟုတ်သော်လည်း အပြည့်အစုံတပ်ဆင်ထားသည်။
ရီချင်ကို စိတ်မသက်မသာဖြစ်စေခဲ့သည့်အရာမှာ ဂူအိမ်၏နံရံများကို အရိုးအကြွင်းအကျန်များဖြင့် အလှဆင်ထားခြင်းပင်ဖြစ်သည်။ ထို့အပြင် ယင်းအကြွင်းအကျန်များသည် အမျိုးသား ကျင့်ကြံသူများ၏ ရုပ်ကြွင်းများဖြစ်ကြောင်း ထင်ရှားသည်။
‘နတ်ဆိုးကျင့်ကြံသူများ’
ဤအမျိုးသား ကျင့်ကြံသူများသည် ၎င်းတို့၏ အဆီအနှစ်ကို ညှစ်ထုတ်ခံလိုက်ရခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်သည်။
ရီချင်၏ အတွေးများသည် ပျံ့လွင့်နေကာ သူ့ခန္ဓာကိုယ်ရှိ မကောင်းဆိုးဝါးချီစွမ်းအားသည် ကန့်သတ်ချက်များကို ချက်ချင်းဖြတ်ကျော်သွားပြီ အခန်းပတ်ပတ်လည်တွင် လှည့်လည်သွားလာနေသည်။
ရီချင်၏နားလည်မှုအရ သူ၏ကံကြမ္မာသည် ဤမျှမဆိုးသင့်ပေ။ ဤကိစ္စမျိုးသည် ဘေးဥပဒ်မဖြစ်ဘဲ အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါသေးသည်။
‘အခွင့်အလမ်းရေ၊ မင်းဘယ်မှာလဲ။’
အိပ်ခန်းနှင့် လေ့ကျင့်ရေးခန်းထဲသို့ ဝင်လိုက်ပြီးနောက် ရီချင်သည် ဆေးဖိုခန်းတံခါးကို ဖွင့်လိုက်သောအခါ အံ့ဩသွားသည်။ ဆေးဖိုခန်းထဲတွင် ပင်လယ်ပြာမီးတောက်သည် လေထဲ၌ပျံဝဲလျက် ဖြည်းညှင်းစွာ တောက်လောင်နေ၍။ ရီချင်သည် ထွက်ခွါခြင်းမီးတောက်ကို မြင်မြင်ချင်း မှတ်မိလိုက်သည်။
ဤ တတိယအဆင့် ထွက်ခွါခြင်းမီး၊ ပြင်လယ်ပြာမီးတောက်သည် သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာ၌ မွေးဖွားခဲ့သောစွမ်းအားမြင့် မီးတောက်ဖြစ်ကာ ရေ၏ဂုဏ်သတ္တိများမှာ အများဆုံးဖြစ်သည်။
ပင်လယ်ပြာမီးတောက်၏တန်ဖိုးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိကျင့်ကြံသူ၏ စိတ်နှုလုံးပင်လှုပ်ရှားစေနိုင်၏။ ရီချင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ ‘ဒီတော့ ဒီနေရာက အခွင့်အရေးပဲ’
ထိုအခြေအနေမျိုးတွင် သူသည် နောက်ဆုတ်မည်မဟုတ်ချေ။ သာမာန်အခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများသည် တတိယအဆင့် ထွက်ခွါခြင်းမီးတောက်ကို ယဉ်ပါးအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။
သို့သော် ရီချင်သည် သာမာန်အခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်ကျင့်ကြံသူဖြစ်ပါသလော။ သိသာထင်ရှားသည်မှာ မဟုတ်နေချေ။
လူဝင်စားပြီးနောက် ပြန်လည်ကျင့်ကြံကာ နှောင်းပိုင်းအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို သူ၏အခြေခံအုတ်မြစ်တည်ထောင်ခြင်း အဆင့်ဖြင့် ကြီးမားသော ရိုက်ချက်များနှင့် သတ်နိုင်ခဲ့သည်မှာ သူထံတွင်နည်းလမ်းများ ရှိသောကြောင့်ဖြစ်သည်။
ရီချင်သည် ချက်ခြင်းပင် သူ၏လက်များကို စတင်လှုပ်ရှားကာ မကောင်းဆိုးဝါးချီကို ပင်လယ်ပြာမီးတောက်ကို ဖုံးအုပ်ထားသည့် ပိုးအိမ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ရီချင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ ပင်လယ်ပြာမီးတောက်ကို သူ၏ဒန်ထျန်းထဲသို့ စုဆောင်းထည့်လိုက်သည်။
ပင်လယ်ပြာမီးတောက်အပြင် ဂူအိမ်ထဲတွင် ဝိညာဉ်ကျောက်တုံးအချို့လည်း ရှိသေးသည်။ ရီချင်သည် ၎င်းတို့အားလုံးကို စုဆောင်းခဲ့သည်။ ဤတစ်ကြိမ်တွင် ရီချင်သည် အမြောက်အများရရှိလိုက်၏။
ယခုတွင် အခွင့်အရေးကိုရယူပြီးဖြစ်သောကြောင့် ရီချင်သည် အသားတုံးကြီးကို နောက်တစ်ကြိမ် မမြင်ချင်တော့ပေ။ ဆူဖြိုးသောအသားတုံးကြီး၏ ပုံပန်းသဏ္ဍာန်ကို တွေးရုံမျှဖြင့် သူ့ကျောရိုးအောက်ထိ ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
ရီကျင်းချုံသည်သာ အလွန့် အလွန်ပိုကောင်းပါသည်။
……….
အခန်း ၈၄ - အဆင့်လေး၊ အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့် (၂/၅)
ရှားလွတ်မြောက်ခြင်းနည်းစနစ်!
ကမ္ဘာပေါ်တွင် ဆုတ်ခွါခြင်းနည်းလမ်းများစွာရှိကာ ရှားလွတ်မြောက်ခြင်းနည်းစနစ်အတွက် နတ်ဆိုးချီစွမ်းအားလုံလောက်စွာရှိကာ ခန္ဓာကိုယ်က ၎င်းကိုခံနိုင်ရည်ရှိသရွေ့ အရှိန်သည်အလွန်တိုးမြင့်လာနိုင်သည်။
ဤသည်မှာ အခြားသူတစ်ဦး၏နယ်မြေဖြစ်ကာ ရီချင်သည် ပြဿနာကိုမရှာလိုသောကြောင့် သူပြန်ရောက်သောအခါတွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ ထျန်းရှဓားသည် ဂူအိမ်အတွင်းရှိ အခင်းအကျင်းကို ဖြိုခွင်းခဲ့ကာ ရီချင်သည် ထိုနေရာမှ လွတ်မြောက်ခဲ့သည်။
အသားတုံးကြီးသည် ဂူအိမ်အတွင်းမှ လှုပ်ရှားမှုကို သိရှိလိုက်သည့်အချိန်၌ ရီချင်ကိုတားဆီးရန် ကောင်းကင်သို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
"လူချောလေး၊ မင်းမှာ အရည်အချင်းရှိပုံပဲ၊ ငါ မင်းကို ပိုကြိုက်သွားပြီ!" သူမစကားပြောနေစဉ် အသားတုံးကြီးသည် သူမ၏ တောက်ပသော အနီရောင်နှုတ်ခမ်းများကို လျက်လိုက်သည်။
အသားတုံးကြီး၍ လုပ်ရပ်ကိုမြင်သောအခါ ရီချင်သည် ရိုင်းစိုင်းစွာကျိန်ဆဲလိုက်၏။ “မင်း ရုပ်ဆိုးရင် အပြင်ထွက်ပြီး လူတွေကို မကြောက်ပါနဲ့။ ငါ့မိန်းမက နောက်တစ်ခါ မင့်ကိုသတ်ပစ်မယ်"
ယောက်ျားလေးတစ်ယောက်သည် အပြင်ထွက်သည့်အခါတိုင်း သတိထားသင့်သည်။
ကြည့်ကြပါ၊ သူသည် နတ်ဆိုးကျင့်ကြံသူအမျိုးသမီးတစ်ဦး၏ ပစ်မှတ်ထားခြင်းခံနေရလေပြီ။
ရီချင်သည် သူမ၏အသွင်အပြင်ကို စော်ကားလိုက်သည်ကို ကြားသောအခါ အသားတုံးကြီးသည် အလွန်ဒေါသထွက်သွား၏။
"ငါ မင်းကို အခြောက်လှန်းပြီး နည်းနည်းချင်း စားပစ်မယ်"
‘အားး ငါ မခံနိုင်တော့ဘူး’
ရှားဆုတ်ခွါခြင်း။
ကြီးမားသောနတ်ဆိုးချီပမာဏသည် ရီချင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျွန်းအပြင်ဘက် ပင်လယ်ဆီသို့ ပြေးသွားခဲ့သည်။
အသားတုံးကြီး တုံ့ပြန်သည့်အချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ ထွက်ပြေးသွားသော ဘဲကြီးကြောင့် အသားတုံးကြီးသည် ဒေါသတကြီးဟိန်းဟောက်သည်။
"ရပ်စမ်း၊ ရပ်!"
သူ့နောက်ရှိ အော်သံကိုကြားသည့်အခါ ရီချင်သည် အရှိန်ကိုပို၍ပင် မြင့်တင်လိုက်သည်။ ရီချင်သည် အဝေးသို့ထွက်ခွါပြီး နောက်ဆုံးတွင် ရပ်သွားသည်ကို အသားတုံးကြီးကစောင့်ကြည့်နေသည်။
“ကောင်လေး၊ ငါ မင်းရဲ့ရောင်ဝါကို မှတ်မိနေပြီ၊ မင်းမလွတ်နိုင်ဘူး"
"ငါ့အသားလေး လွတ်သွားပြီဆိုတော့ ဒီည မင်းအလှည့်ရောက်ပြီထင်တယ်"
ကျင့်ကြံသူသည် ထိုစကားကိုကြားလိုက်သည်နှင့် သူ့မျက်နှာသည် ချက်ချင်းဖျော့သွားသည်။
"သမီး အဲတာအဆင်မပြေဘူး"
"အဆင်မပြေဘူးလား? ငါက အဆင်ပြေတယ်လို့ပြောရင် အဆင်ပြေတာပေါ့"
ထိုသို့ပြောပြီးနောက် အသားတုံးသည် ကျင့်ကြံသူကို အခြားဂူအိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ရီချင်သည် မရပ်တန့်ဘဲ အင်မော်တယ်ကျွန်းသုံးကျွန်းသို့ အမြန်ပြန်သွားပြီးသည့်အခါမှသာ နောက်ဆုံးတွင် သူသည်အသက်ရှူနိုင်ခဲ့သည်။
သူသည် ပင်လယ်ပြာမီးတောက်ကို ဂရုတစိုက်ထုတ်ယူကာ ရီဖန်၏ ဂူအိမ်ဆီသို့ ဦးတည်သွားသည်။ ပင်လယ်ပြာမီးတောက်သည် ပုံမှန်ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သည့်တိုင် ၎င်းသည် ဆေးပညာရှင်များအတွက် အသုံးအများဆုံးဖြစ်သည်။
ရီချင်သည် ပင်လယ်ပြာမီးတောက်ကို မြင်လိုက်ရသည့်အခိုက်တွင် သူမည်သူ့ကိုပေးရမည်ကို ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ၏ယောက္ခမဖြစ်သူ ရီဖန်ကိုပေးရမည်။
ရီဖန်သည် ဂူအိမ်အပြင်ဘက်တွင် စောင့်နေသော ရီချင်ကိုမြင်သောအခါ ဆေးလုံးတစ်သုတ်ကို သန့်စင်ပြီးခဲ့ခြင်းဖြစ်သည်။
"ဘာဖြစ်တာလဲ ကျင်းချုံက အနိုင်ကျင့်ခဲ့တာလား"
ရီဖန်သည် ရီချင်၏ ကျင့်ကြံရေးအဆင့်ကို ကြည့်လိုက်ရာ သူသည်နောက်တစ်ဆင့်တက်ရန် ခြေတစ်လှမ်းမျှသာ ဝေးနေပုံရသည်။ ရီဖန်သည် အမြုတေဖွဲ့စည်းခြင်းသလင်းကျောက် တစ်သုတ်ကို ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ရီချင်ကိုပေးရန်ဆုံးဖြတ်လိုက်သည်။
“ဒီမှာ၊ ဒီအမြုတေဖွဲ့စည်းခြင်းသလင်းကျောက်ကိုယူလိုက်၊ မင်းဖြတ်ကျော်ခါနီးအချိန်ကျရင် ဆဋ္ဌမအဆင့် ရွှေရောင်အသွင်ပြောင်းခြင်းဆေးလူံးကို သန့်စင်ပေးမယ်"
"ကျင်းချုံက ဒုတိယ ရွှေအမြုတေအဆင့်ကျင့်ကြံသူဆိုတော့ မင်းအနိုင်ကျင့်မခံချင်ရင် ဆေးလုံးများများစားဖို့ တွန့်တိုမနေနဲ့"
၎င်းကိုကြားသည့်အခါ ရီချင်သည် သူ့မျက်ရည်များကို မထိန်းနိုင်တော့ချေ။ ဒုတိယ ရွှေအမြုတေအဆင့်၊ ၎င်းသည် ဒုတိယ ရွှေအမြုတေအဆင့်ဖြစ်သည်။သူ၏ယခင်ဘဝတွင် ရီချင်သည် ရွှေအမြုတေအဆင့်ငါးမျှသာရှိကာ မြင့်မားသောနယ်ပယ်များသို့ ကျော်ဖြတ်ရန် အလွန်ကြိုးစားခဲ့ရသည်။
‘အိုး၊ ဒီဘဝမှာ အဆင့်သုံးနဲ့တင် မလုံလောက်ဘူး၊ အဆင့်နှစ်လောက်မှသာ အဆင်ပြေမယ်’
ရီချင်သည် လွှမ်းမိုးခံလိုက်ရ၏။ သူ့အတိတ်ဘဝက ဖြတ်ကျော်ရခက်သည့် အဆင့်များသည် ယခုတွင် သိပ်ခက်ခဲပုံမပေါ်တော့ချေ။ ဟိုအရင်ကအရာတွေကို သူ၏ဇနီးက စောင့်ရှောက်ပေးလိမ့်မည်။
‘ဘာလဲ? ငါ့ကိုယ်တိုင်ကလဲ့စားချေဖို့လား?’
‘ငါ့ကိစ္စက ငါ့မိန်းမရဲ့ကိစ္စပဲ’
‘ငါတို့ကတစ်ယောက်တည်း၊ မင်းနဲ့ငါကြားမှာ ခြားနားမှုမရှိဘူးကွ’
ရီဖန်ပေးသော သိုလှောင်အိတ်နှင့်အတူ ကြောင်တက်တက်ဖြင့် ထွက်သွားပြီးနောက် ရီချင်ည် ရီဖန်ကို အရင်းအမြစ်များပေးရန် သူရောက်ရှိနေကြောင်း သတိရသွားခဲ့သဖြင့် ရီဖန်ကို အမြန်တားလိုက်ကာ
“အဖေ။ အဖေ့အတွက်တစ်ခုခု ယူလာပေးတာပါ"
ထိုစကားကိုကြားသည့်အခါ ရီဖန်သည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ရီချင်၊ ဤကောင်လေးသည် အမှန်တကယ်ပင် လူဝင်စားပြီး စွမ်းအားကြီးသူဖြစ်ထိုက်သည်။ သူ့တွင်အမြဲတမ်း ကောင်းမွန်သည့်အရာ အများအပြားရှိတတ်သည်။
ရီဖန်သည် အနည်းငယ် ရှက်သွားသလိုပင်၊ သူသည် အရင်းအမြစ်အချို့ ပေးပြီးတိုင်း သူသည်ပိုမိုကောင်းမွန်သည့် အရာများစွာကို လဲလှယ်ခဲ့ရာ ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟူ၍ပင် ခံစားလာရသည်။ သို့သော် သူတကယ်မရည်ရွယ်ခဲ့သည်မှာ သေချာပါ၏။
ပင်လယ်ပြာမီးတောက်ကို သူမြင်လိုက်ရသောအခါ ရီဖန်သည် စကားပင်မပြောနိုင်တော့ချေ။ သူသည် သူ့ထက်အငယ်များမှ ကျွေးသည့် နောက်ထပ်အစာပျော့လေးတစ်မျိုးကို ပြန်စားနေသကဲ့သို့ဖြစ်သည်။
တခြားတစ်ခုခုဖြစ်ခဲ့လျှင် ရီဖန်သည် အငယ်များထံမှ တောင်းဆိုမည်မဟုတ်သော်လည်း
ဤထွက်ခွါခြင်းမီးတောက်ကို ရီဖန်သည် အမှန်တကယ်လိုအပ်နေတာကြောင့် မငြင်းခဲ့ချေ။
အစိမ်းရောင်သစ်သားမီးတောက်သည် ရီဖန်နှင့် အမှီမလိုက်နိုင်တော့ချေ။ ပင်လယ်ပြာမီးတောက်သည် တတိယအဆင့်ထွက်ခွါခြင်းမီးတောက်ဖြစ်သောကြောင့် ရီဖန်၏အသုံးပြုမှုအတွက် သင့်လျော်သည်။
“ရှောင်ချင်း၊ အခု မင်းကျော်ဖြတ်ရမယ့်အချိန်ရောက်ပြီ"
သူယခု ကျော်ဖြတ်ရမည်။ အရင်းအမြစ်များစွာ စုဆောင်းရလျှင်ပင် ရီဖန်သည် ရီချင်ကို ကျော်ဖြတ်နိုင်အောင် လုပ်ပေးရမည်။ ပင်လယ်ပြာမီးတောက်ကို သန့်စင်ရန်ပင် မစောင့်တော့ဘဲ ရီဖန်သည် ချက်ချင်းပင် ဆဌမအဆင့် ရွှေရောင်အသွင်ပြောင်းဆေးလုံးကို စတင်ဖန်တီးခဲ့သည်။
ရီချင်ဆေးလူံးပြတ်သွားမည်ကို စိုးရိမ်သည့် ရီဖန်သည် ဆေးလုံးများ တစ်လုံးပြီးတစ်လုံးကျွေးနေသည်။
“အဖေ၊ ကျွန်တော်မစားတော့ဘူး၊ တကယ်မစားနိုင်တော့ဘူး"
ရီချင်သည် ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသဖြင့် ရီဖန်ကို အလျင်အမြန်တားလိုက်သည်။ ရီဖန်၏လက်တွင်ကျန်ရှိသော အမြုတေဖွဲ့စည်းခြင်းသလင်းကျောက်အနည်းငယ်ကို မြင်လိုက်ရသောအခါ ရီချင်သည် ပထမအကြိမ်အဖြစ် အရင်းအမြစ်များစွာရှိခြင်း၏ဒုက္ခကို ခံစားခဲ့ရ၏။
ယခင်က အမြုတေဖွဲ့စည်းခြင်းသလင်းကျောက်ကို အသုံးပြုရန်အတွက် တစ်ဝက်ခွဲခဲ့ရသည့်နေ့ရက်များကို သတိရကာ ရီချင်သည် မျက်ရည်ပင်ဝဲလာ၏။ ထိုအချိန်က သူသည် တစ်ရက်တစ်လုံးရရန်အတွက်ပင် အနိုင်နိုင်ကြိုးစားခဲ့ရသည်။
တစ်လခွဲကြာပြီးနောက် ရီချင်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာဖြတ်ကျော်ခဲ့ကာ ရီမိသားစု၏ သတ္တမမြောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်လာခဲ့သည်။ ပိုင်ဇယ်သည် မွန်းစတားတစ်ကောင်ဖြစ်သောကြောင့် သူ့ကိုထည့်မတွက်ချေ။
ရီချင်ကျော်ဖြတ်ပြီးသည်ကိုမြင်သောအခါ ရီဖန်သည် သူကြိုတင်ပြင်ဆင်ထားသည့် အင်မော်တယ်လက်နက်များကို ထုတ်ယူလိုက်သည်။ ၎င်းတို့သည် ခံစစ်နှင့် တိုက်စစ်အင်မော်တယ်လက်နက်များဖြစ်သည်။
ရီမိသားစု၏ အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက် အင်မော်တယ်လက်နက်များထားရှိခြင်းသည် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ သိူ့မဟုတ်လျှင် ရီမိသားစုသည် တိုက်ခိုက်သည့်အခါတွင် အင်မော်တယ်လက်နက်မတတ်နိုင်ဟု တခြားသူများပြောလာပါက အရှက်ရလိမ့်မည်။
ဤအရာသည် စီးပွါးရေးလုပ်နေသကဲ့သို့ပင် သိက္ခာကိုထိန်းသိမ်းထားရမည်။ သိူ့မဟုတ်ပါက တခြားမိသားစုများသည် ရီမိသားစုဒေဝါလီခံသွားပြီလို့ ထင်သွားလိမ့်မည်။
ရီချင်အောင်မြင်ပြီးနောက် ရီဖန်သည် သူ၏ဂူအိမ်သို့ ပြန်လာခဲ့သည်။
ယခင်က ရီချင်သည် အခြေခံအုတ်မြစ်းတည်ထောင်ခြင်းအဆင့်သို့ ကျော်ဖြတ်ပြီးနောက် ရီဖန်၏ဆေးပညာ၊ အင်မော်တယ်စ္စည်းများသန့်စင်ခြင်းနှင့် အခြားစွမ်းရည်များသည်လည်း ကြီးမားသောအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း သူ့ကိုစိတ်မပျက်စေသင့်ပေ။
‘စနစ်၊ ကျေးဇူးပြု၍ ပေါင်းစည်းလိုက်ပါ’
ရီဖန်မျှော်လင့်ထားသည့်အတိုင်းပင် ကြီးမားသောမှတ်ဉာဏ်တစ်ခုသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။ သုံးရက်ကြာပြီးနောက် တတိယအဆင့် ဆေးပညာမှ စတုတ္ထအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။
မွေးဖွားစဖွဲ့စည်းပုံဆေးလုံး၊ ယွမ်ပြောင်းလဲခြင်းဆေးလုံးနှင့် စိတ်ဝိညာဉ်ဆေးလုံးကဲ့သို့သော စတုတ္ထအဆင့်ဆေးလုံးပြုလုပ်နည်းများသည် ရီဖန် ၏မှတ်ဉာဏ်ထဲတွင် ပေါ်လာသည်။
ဤဆေးညွှန်းအားလုံးကို ရီချင်ထိန်းချုပ်ထားကာ ယခုအခါတွင် ၎င်းတို့အားလုံးကို ရီဖန်ပိုင်ဆိုင်သွားပြီဖြစ်သည်။
ခုနစ်ရက်အကြာတွင် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း စတုတ္ထအဆင့်သို့ ရောက်သွားသည်။ စတုထ္ထအဆင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသည် တာအို အင်မော်တယ်ပစ္စည်းများကိုပင် သန့်စင်နိုင်သည်။ ကောင်းကင်ဘုံ၏ဒုက္ခအောက်တွင် ရှင်သန်နိုင်သည့်အရာများကိုသာ စစ်မှန်သော တာအိုအင်မော်တယ်ပစ္စည်းများဟု ခေါ်ဆိုနိုင်သည်။
ဆယ်ရက်မြောက်နေ့တွင် အလယ်အလတ် တတိယအဆင့် ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းနှင့် တစ်ဆယ့်ငါးရက်မြောက်တွင် အဆင့်မြင့် တတိယအဆင့်မန္တန် စသည်ဖြင့်ရရှိခဲ့သည်။
တတိယအဆင့် ဖွဲ့စည်းတည်ဆောက်ပုံဖြင့် သယ်ယူပို့ဆောင်ခြင်းအခင်းအကျင်းကို စာရင်းထဲတွင် ထည့်သွင်းသင့်သည်။ သယ်ယူပို့ဆောင်ခြင်းအခင်းအကျင်းဖြင့် လိပ်တစ်ထောင်မြို့သို့သွားရန် ပို၍အဆင်ပြေလာမည်ဖြစ်သည်။
မှတ်ဥာဏ်များကို စုပ်ယူပြီးနောက် အောင်မြင်မှုများသည် ထိုမျှနှင့်မပြီးဆုံးခဲ့ချေ။ ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် နောက်ဆုံးတွင် အမြုတေဖွဲ့စည်းခြင်း၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူသည် မွေးဖွားခြင်းဝိညာဉ်အဆင့်ကိုဖြတ်ကျော်ရန်အတွက် လွယ်ကူမည်မဟုတ်ပေ။
မွေးဖွားခြင်းအဆင့်သည် ရွှေအမြုတေသို့ဝင်ရောက်ရန်အတွက် စိတ်ဝိညာဉ်ကိုလိုအပ်ကာ စိတ်ဝိညာဉ်၏ စွမ်းအားသည် ရွှေအမြုတေကို ဖွင့်လှစ်နိုင်မှသာ အောင်မြင်သောယွမ်ယင်းကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။
ရွှေအမြုတေအဆင့်ပိုမြင့်လေ၊ စိတ်ညာဉ်စွမ်းအားကို ပိုလိုအပ်လေဖြစ်၏။
ရီဖန်၏လက်ရှိပထမအဆင့် ရွှေအမြုတေအရ ယွမ်ယင်းကိုဖြတ်ကျော်ရန် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအားသည် အလယ်အလတ် တတိယအဆင့်ရွှေအမြုတေအဆင့်ကျင့်ကြံသူ လိုအပ်သည်ထက် များစွာပိုသည်။
ဝိညာဉ်စွမ်းအားကြီးထွားမှုသည် ခက်ခဲကာ ဖြည်းဖြည်းချင်း ကြိတ်ချေမှသာ အောင်မြင်နိုင်သည်။ နောက်ဆုံးတွင် ၎င်းသည် ပထမအဆင့်ရွှေအမြုတေဖြစ်ကာ များများရရှိလေ၊ ပေးဆပ်ရမည့်အရာပိုများလေဖြစ်သည်။
…………………..