← Chapters

အခန်း ၉၁-၉၃

Vol. 7 Ch. 91-93

အခန်း ၉၁-၉၃

Vol. 7 Ch. 91-93

အခန်း ၉၁ - မင်းလေ့ကျင့်ရင်းနဲ့ မသေသေးသရွေ့၊ သေတဲ့အထိလေ့ကျင့်နေရမယ် (၄/၅)

ဘမ်း!

ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီးနောက် ဂိုဏ်းချုပ်၏ ဆက်နွယ် မွန်းစတားဖန်သည် သမုဒ္ဒရာမျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ရီဖန်သည် အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းကို ရီမိသား. Yစု၏ နှစ်ဝက်b hgmစာမျှရှိသော အရင်းအမြစ်များကို အသုံးပြု၍ အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ရာ .yj

Ìik၎င်း၏စွမ်းအားသည် juu&^&+ယခင်ကနှင့် နှိုင်းယှဉ်၍မရပေ။

‘အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းနှင့် ထေ bာင်ချောက်အခင်းအကျင်းm’

ဓားလေးချောင်းသည် လှောင်အိမ်အဖြစ် အသွင်ပြောင်းသွားကာ မွန်းစတားဖန်ကို တိုက်ရိုက်ဖမ်းမိသည်။

"ကျီအာ!"

ဂိုဏ်းချုပ်၏မျက်လုံးများ နီရဲလာကာ ရီဖန်၏ အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းကို ym ချိုးဖျက်ရန် mm ဓားကို ဂိုဏ်းချုပ်၏ ဒန်ထျန်းသို့ ချိန်ရွယ်ထားသည်။ ရီချင်သာဆန္ဒရှိပါက ၎င်း၏mဒန်ထျန်းကို ချက်ချင်းဖျက်ဆီးပစ်ကာ သူ၏ရွှေအမြုတေကို ချေမှုန်းပjစ်နိုင်သည်။

ဂိုဏ်းချုပ်သည် မွန်းစတားထိnnvrghh?န်းချုပ်ရေးဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် ၎င်း၏စွမ်းအားအများစုကို သူ၏ဆက်နွယ်မွန်းစတားထံတွင် သိုလှောင်ထားခြင်းဖြစ်သည်။ ယခုတွင် သူ၏ဆက်နွယ်မွန်းစတားသည် ရှုံးနိမ့်သွားပြီဖြစ်ရာ သူ၏စွမ်းအားများသည် သိသိသာသာကျဆင်းသွားကာ သူသည် ရီချင်နှင့် မယှဉ်နိုင်တော့ပေ။

ဂိုဏ်းချုပ်သည် ရီချင်၏ဓားထံမှ စူးရှသောရောင်ဝါကို ခံစားလိုက်ရသဖြင့် အေးစက်သော ချွေးများအဖြစ်သို့ ချွေအေးများစီးကျလာသည်။

"

းမလို့၊ မင်းကန့်ကွက်စရာများရှိလား" ရီဖန်သည် သူ၏မျက်လုံးများကိုမှေးစင်းလျက်ကြည့်ရင်း အပြုံးဖြင့်မေးလိုက်သည်။

ဂိုဏ်းချုပ်သည် သူ့ခေါင်းကိုမယမ်းရဲပေ။ သူလှုပ်ရှားလိုက်ပါက ရီမိသားစုအကြီးအကဲသည် သူ့ကိုသတ်ပစ်မည်ဟု ခံစားနေရသည်။

"အဲ့ဒါဆို ထွက်သွားတော့!"

ရီဖန်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ နှောင်းပိုင်းအမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ မွန်းစတားတစ်ကောင်ကို ရရှိခြင်းသည် အရှုံးမရှိဟု ခံစားလိုက်ရသည်။ မွန်းစတားတစ်ကောင်သည် ဦးခေါင်းမှ ခြေဖျားအထိ အကုန်အဖိုးတန်၍ အသားနှင့် သွေးကို ကျင့်ကြံရေးအတွက် အသုံးပြုနိုင်ကာ အင်မော်တယ်လက်နက်များပြုလုပ်ရန်အတွက် အရေခွံနှင့် အရိုးများကို အသုံးပြုနိုင်သည်။ ၎င်းတို့အားလုံးသည် အဖိုးတန်အရင်းအမြစ်များ ဖြစ်ကြ၏။

ဂိုဏ်းချုပ်သည် ခေါင်းငုံ့လျက်ဖြင့် သူ၏စိတ်ထဲတွင်တီးတိုးရေရွတ်လိုက်သည်။

"ကျီအာ၊ငါ့ကို စောင့်ပါ။ ငါသေချာပေါက်ပြန်လာခေါ်မယ်"

နောက်အခိုက်အတန့်တွင် ငှက်ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ရီဖန်သည် သက်ရှိအကောင်ကို ယူဆောင်လာရန် အလွန်ခက်ခဲသည်ကို တွေ့ရှိသောကြောင့် ၎င်းကို ရိုးရှင်းစွာသာသတ်ပစ်လိုက်သည်။ ရီကျင်းချုံသည် ငှက်မွေးများကိုနုတ်လိုက်ကာ ရီကျင်းဖန်သည် မွန်းစတား၏အရေခွံကိုခွါ၍ အပိုင်းပိုင်းဖြတ်ပစ်လိုက်၏။

ဂိုဏ်းချုပ်သည် သူ၏ဆက်နွယ်မွန်းစတားဖန်နှင့် ဆက်နွှယ်မှုပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် သူသည် ခေါင်းကိုချက်ချင်းမော့လိုက်ကာ သွေးစိမ်းတစ်လုတ်ကို အန်ထုတ်လိုက်သည်။

"ကျီအာ၊ ငါ့ကျီအာ သေသွားပြီ!"

သို့သော် ဂိုဏ်းချုပ်သည် ခြိမ်းခြောက်ရန်အသာထား၊ စကားပင်မဆိုဝံ့သောကြောင့် မွန်းစတားထိန်းချုပ်ရေးဂိုဏ်းမှ တပည့်များနှင့်အတူ အမြန်ထွက်ခွာသွားခဲ့သည်။ မိုင်တစ်ထောင်အကွာရောက်သည့်အခါမှသာ ဂိုဏ်းချုပ်သည် နောက်သို့ပြန်မျှော်ကြည့်ကာ "ရီဖန်၊ ရီမိသားစု၊ ငါပြန်လာခဲ့မယ်" ဟု ကြွေးကြော်လိုက်၏။

ရီဖန်သည် မွန်းစတားထိန်းချုပ်ရေးဂိုဏ်း၏ နှောင်းပိုင်းအဆင့်အမြုတေဖွဲ့စည်းခြင်းအဆင့် မွန်းစတားကိုသတ်ရုံသာမက ဂိုဏ်းချုပ်ဖြစ်သူကိုပါ အရှက်ခွဲလျက်ချန်ထားခဲ့သောကြောင့် ကျင့်ကြံအများအပြားကြားတွင် ရီဖန်၏ပုံရိပ်ကို တိုးတက်စေခဲ့သည်။

ရီမိသားစုသည် ၎င်းတို့၏မျိုးဆက်သစ်များကို ကယ်တင်ခဲ့သည့်အပြင် ၎င်းတို့မျိုးနွယ်စုများ၏ အနာဂတ်ကို ကယ်တင်ခဲ့သောကြောင့် လူများစွာသည် ရီဖန်ကိုကျေးဇူးတင်ရန် လာရောက်ခဲ့ကြသည်။

ရီမိသားစုကဲ့သို့ပင် ရီဖန်သည်လည်း အမြုတေဖွဲ့စည်းခြင်းမိသားစု ၆၈ ခု၊ အခြေခံအုတ်မြစ်တည်ထောင်ခြင်းမိသားစု ၃၀၀ကျော်နှင့် အမျိုးမျိုးသော ဂိုဏ်းခွဲအင်အားစုများ စသည်တို့ထံမှ မြောက်မြားစွာသော ဆက်သွယ်ရေးကျောက်စိမ်းပြားများကို လက်ခံရရှိခဲ့သည်။

ဤကျင့်ကြံသူအများစုသည် အရှေ့နယ်မြေ၏ အဓိကအင်အားစုများဖြစ်ရာ ၎င်းတို့က ရီမိသားစုကို အသိအမှတ်ပြုခြင်းမှာ ရီမိသားစုသည် အရှေ့နယ်မြေ၏ ကြီးမြတ်သောမိသားစုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်ဟု ဆိုလိုသည်။

တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပြောဆိုခဲ့ကြပြီးနောက် အားလုံးသည် တောက်ပသောအပြုံးကိုယ်စီနှင့် ထွက်ခွါသွားကြသည်။ ဤမိသားစုများသည် မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်ကို မရရှိသည့်တိုင် ၎င်းတို့တွင် အခြားအရင်းအမြစ်များစွာရှိပါသေးသည်။ ဤမိသားစုများအတွက် ၎င်းသည် ကောင်းမွန်သောရိတ်သိမ်းမှုဟု ယူဆနိုင်သည်။ သေချာပေါက်ပင် ရီမိသားစုသည် ဤကိစ္စများမှ အကျိုးအမြတ်အများဆုံးရရှိခဲ့သူများဖြစ်သည်။

မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်သုံးပင်၊ စိတ်ဝိညာဉ်အသွင်ပြောင်းဆေးပင်နှစ်ပင်၊ အင်မော်တယ် ရွမ်ကျောက်တုံးနှင့် အခြားတတိယအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်ရေးဆေးပင်များနှင့် သတ္ထုပစ္စည်းအများအပြားကို အရယူနိုင်ခဲ့ကာ ၎င်းသည် အနည်းဆုံး ရီမိသားစု၏ နှစ်အတော်အတန်ကြာအကျိုးအမြတ်နှင့် ညီမျှ၏။

"အိမ်ပြန်ကြမယ်!"

ရီမိသားစုဝင်များသည် လှေပျံပေါ်တက်ကာ အထုပ်များသယ်လျက် အိမ်သို့ပြန်လာကြသည်။ လွန်ခဲ့သည့်တစ်ခဏက စည်ကားခဲ့သော သဲကန္တာရကျွန်းသည် နောက်ထပ်အနှစ်သုံးဆယ်အတွင်း ပြန်လည်ဖွင့်လှစ်ရေးအတွက် စောင့်ဆိုင်းရန် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

ရီမိသားစု၊ ရီဖန်၏ဂူအိမ်တွင်….

ရီဖန်သည် များပြားလှသော စိတ်ဝိညာဉ်မြက်ပင်များကို ကိုင်တွယ်ဖြေရှင်းခြင်းအမှုကို ပြီးဆုံးသွားခဲ့သည်။ စိတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံး၊ မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံး နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံးတို့အတွက် အဓိကဆေးပင်များကို ရရှိထားပြီးဖြစ်သော်လည်း

အချို့သော အရန်ဆေးပင်များကို လက်ရှိတွင်မရနိုင်သေးချေ။

ထို့အပြင် အချို့သောဝိညာဉ်ရေးဆေးပင်များသည် ဆေးပညာရှင်များမဟာမိတ်အစည်းအရုံး၏စာရင်းထဲတွင်ပင် မရှိတော့သည်ဖြစ်ရာ ရီမိသားစုသည် ထိုဆေးပင်များကို ၎င်းတို့ဘာသာရှာဖွေရန် သို့မဟုတ် အခြားသူများနှင့် လဲလှယ်ရန်လိုအပ်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုအခါတွင် ရီမိသားစုသည် အခြားမိသားစုများနှင့် ဆက်သွယ်ရန်နည်းလမ်းများရှိနေပြီဖြစ်သောကြောင့် ၎င်းကိစ္စရပ်များအတွက်ညှိနှိုင်းနိုင်သည်။ သို့သော် ညှိနှိုင်းလဲလှယ်ရန်မှာ အနည်းငယ် ဖြုန်းတီးရာကျနေမည်လော။ ရေရှည်အတွက် ဖောက်သည်အဖြစ်ရရှိနိုင်ခြင်းက ပို၍ကောင်းမည့်ပုံပင်။

ရီမိသားစုတွင် အရင်းအမြစ်များရှိနေပြီဖြစ်ရာ ရေရှည်ဖောက်သည်များရနိုင်ပါက ၎င်းသည်ရီ မိသားစုအတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်မည်ဖြစ်သည်။ ယခင်အရွက်တစ်ထောင်ဈေးကဲ့ကို ပြန်လည်တည်ဆောက်ခြင်းသည်

ရီမိသားစုအတွက် ပိုအဆင်ပြေနိုင်သည်။

မကြာမီတွင် ရီဖန်သည် ရီကျင်းထျန်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ ရီဖန်၏အဆိုပြုချက်နှင့်ပတ်သက်၍ ရီကျင်းထျန်သည်လည်း ကန့်ကွက်ခြင်းမရှိပေ။ ဤဈေးကွက်ကို ပြန်လည်ထူထောင်ပါက စီးပွါးရေးဌာနခွဲ၏ စီမံမှုအောက်တွင်သာ ရှိမည်ဖြစ်သည်။

စျေးကွက်တစ်ခုထူထောင်ရန်အတွက် တည်နေရာတစ်ခုကို မလွဲမသွေလိုအပ်ပါသည်။ ရီဖန်သည် နောက်ဆုံးအကြိမ်က ရွှယ်မိသားစုကို သုတ်သင်လိုက်ပြီးနောက် ရရှိခဲ့သော ရွှယ်မိသားစုပိုင်ကျွန်းကို အသုံးမပြုရသေးချေ။ ကျွန်း၏ဧရိယာသည် မသေးငယ်လှဘဲ ၎င်းတွင် အလယ်အလတ်အဆင့် ဝိညာဉ်သွေးကြောလည်းရှိသည်။

ရီမိသားစုအတွက် များစွာအသုံးမကျစေကာမူ ၎င်းသည် အခြားမိသားစုများ၊ အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အလယ်အလတ်အဆင့် ဝိညာဉ်သွေးကြောရှိခြင်းမှာ အလွန်ကောင်းမွန်နေပြီဖြစ်သည်။

များမကြာမီတွင် ရီဖန်သည် လိပ်တစ်ထောင်မြို့သို့ သွားကာ ပစ္စည်းတစ်သုတ်ဝယ်ယူပြီးနောက် ကျွန်းပေါ်တွင် ခုခံကာကွယ်မှုအခင်းအကျင်း၊ တိုက်ခိုက်ရေးအခင်းအကျင်း၊ ဖုံးကွယ်မှုအခင်းအကျင်း၊ သယ်သူပို့ဆောင်ရေးအခင်းအကျင်း စသည့်အခင်းအကျင်းများကို စတင်တည်ဆောက်ခဲ့သည်။ ထို့နောက် ကျွန်းပေါ်ရှိ အဆောက်အဦးကို ပြန်လည်ပြုပြင်ခဲ့သည်။

နောက်ဆုံးတွင် ရီဖန်သည် ကျွန်းပေါ်ရှိ တောင်ငယ်လေးတစ်ခုပေါ်တွင် ‘အရွက်တစ်ထောင်ကျွန်း’ဟူသော အမည်ကို ရေထိုးလိုက်သည်။ ယခုအချိန်မှစ၍ ဤကျွန်းသည် ရီမိသားစု၏ ပြင်ပကုန်သွယ်မှုဈေးကွက်ဖြစ်လာမည်ဖြစ်သည်။

စျေးကွက်အဆင်သင့်ဖြစ်သောအခါ ရီဖန်သည် ရောင်းဝယ်ရန်ပစ္စည်းများကို စတင်စုဆောင်းခဲ့၏။ ရီဖန်သည် စတုတ္ထအဆင့်ပစ္စည်းများကို မပြုလုပ်ဘဲ တတိယအဆင့်ဆေးလုံးနှင့် အရည်အသွေးမြင့် အင်မော်တယ်လက်နက်အများအပြားစသည့် လိုအပ်ချက်မြင့်မားသော ပစ္စည်းများဖြင့်သာ စတင်သည်။

ဤအရာများသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့မဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများအတွက်မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။

မိသားစုအသီးသီး၏လက်ထဲသို့ ဖိတ်စာများရောက်ရှိသွားသောအခါ ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်များသည် အနည်းငယ် အံ့သြသွားကြသည်။ ရီမိသားစုသည် ၎င်း၏ကိုယ်ပိုင်စျေးကွက်ကို စတင်နိုင်မည်ဟု မမျှော်လင့်ထားပေ။

ပစ္စည်းကောင်းများစွာရှိမည်ဟု သူတို့မထင်ထားသော်လည်း နောက်ဆုံးတွင် ရီဖန်ကိုမျက်နှာသာပေးရန်အတွက် အရွက်တစ်ထောင်ကျွန်းသို့သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

“ဒါက အမြုတေဖွဲ့စည်းခြင်းသလင်းကျောက်လား။ ဆဌမအဆင့် ရွှေရောင်အသွင်ပြောင်းဆေးလုံးလုပ်ဖို့အတွက်ပါ အပ်လို့ရတယ်လား”

"အရည်အသွေးမြင့် အင်မော်တယ်လက်နက်က အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်ပဲ ရှိတယ်။"

"မန္တန်တွေ၊ တတိယအဆင့် မန္တန်တွေတောင် ရှိတယ်"

ရီမိသားစု၏ အရွက်တစ်ထောင်ဈေးမှ ရောင်းချသည့်ပစ္စည်းများကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ကျင့်ကြံသူအများအပြားသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြကာ မျက်နှာသာပေးရန်လာရောက်သည်ဟူသည့် စိတ်ကူးကို ပြတင်းပေါက်မှ လွှင့်ပစ်လိုက်ကြ၏။

သူတို့စိတ်ထဲရှိ တစ်ခုတည်းသော အတွေးသည် ‘ဘုရားသခင်! ဝယ်မယ် ဝယ်မယ်’ ဟူ၍ပင်။ အရွက်တစ်ထောင်ဈေးသည်လည်း နေ့ချင်းညချင်း နာမည်ကြီးလာသည်။

"မိသားစုစွမ်းအားအမှတ် ၂၃၀ တိုးလာပါပြီ"

အရွက်တစ်ထောင်စျေးသည် ၎င်း၏ဂုဏ်သိက္ခာကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး ရီဖန် သည်လည်း စနစ်ထံမှ ဆုများရရှိခဲ့လျက် မိသားစုစွမ်းအားမစ်ရှင်၏ တတိယအဆင့်ကို ပြီးမြောက်တော့မည်ဖြစ်သည်။ ရီဖန်သည် နောက်ဆုံးတွင် သူလိုအပ်သော စိတ်ဝိညာဉ်မြက်ပင်ကို လဲလှယ်နိုင်ခဲ့၏။

ဝိညာဉ်အသွင်ပြောင်းဆေးလုံး စတင်ပြုလုပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းများမှာ ဝိညာဉ်အသွင်ပြောင်းဆေးပင်၊ ကောင်းကင်သစ်တော်သား စသည်တို့ဖြစ်သည်။

စိတ်ဝိညာဉ်ဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းများမှာ စိတ်ဝိညာဉ်မြက်ပင်၊ ဦးတည်ရာဆယ်ခု မိခင်မြေကမ္ဘာဆေးရည်တို့ဖြစ်သည်။

ဤဆေးဖက်ဝင်အပင်တိုင်းသည် အခြားကျင့်ကြံသူများအတွက် ရှားပါးရတနာဖြစ်သော်လည်း ရီဖန်သည် ၎င်းတို့ကို ဆေးမီးဖိုထဲသို့သာ တည်ငြိမ်စွာပစ်ချလိုက်သည်။

အထွတ်အထိပ် တတိယအဆင့် ထွက်ခွါခြင်းမီးတောက်နှင့် ပေါင်းစပ်ထားသော အဆင့်မြင့်အင်မော်တယ်ပစ္စည်းဖြစ်သည့် ဆေးဖိုသည် ထူးကဲသောအကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်၏၌

ရီဖန်သည် ဝိညာဉ်အသွင်ပြောင်းဆေးပင်တစ်ပင်မှ စိတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံး ဆယ်ခုပြုလုပ်နိုင်ခဲ့သည်။ ဆေးလုံးများကို သန့်စင်ပြီးသည်နှင့် ၎င်းတို့ကို ရီကျင်းထျန်ကဲ့သို့သော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများထံသို့ ပေးပို့ခဲ့သည်။

လူတစ်ယောက်၏ စိတ်ဝိညာဉ် ကြီးမားလာရန်အတွက် ကြွက်သားကြီးထွားမှုကဲ့သို့ပင်၊ ၎င်းစိတ်ဝိညာဉ်ကို အဆက်မပြတ်ဖျက်ဆီးကာ ပြန်လည်ကုသရေးအတွက် ဆေးလုံးများကို အားကိုးရန် လိုအပ်ကာ သေချာပေါက်နာကျင်မှုကိုခံစားရမည်။

သို့သော် ရီမိသားစုမှလူများသည် စိတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံး ကိုလက်ခံရရှိသောအခါ မည်သူမျှ တုံ့ဆိုင်းမနေခဲ့ကြပေ။ သာမာန်အချိန်များတွင် ၎င်းတို့သည် အလေးအနက်မထားကြသော်လည်း ကျင့်ကြံရေးနှင့်ပတ်သက်လာပါက ရီမိသားစုမှ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်အားထက်သန်ခြင်းမရှိသည့်သူ မရှိချေ။

မိသားစုကြွယ်ဝမှုကို ထိန်းသိမ်းရန် ကောင်းမွန်သော ကျင့်ကြံရေးအဆင့်သည် အလွန်အရေးကြီးကြောင်း သူတို့သိရှိနားလည်ထားသည်။ ရီဖန်သည် ၎င်းတို့ကို အဆက်မပြတ်ပြုစုပျိုးထောင်ပေးခဲ့သည်ဖြစ်ရာ ၎င်းတို့သည်လည်း ရီမိသားစု ပိုမိုကောင်းမွန်လာရန်အတွက်သာ မျှော်လင့်ကြသည်။

ရီကျင်းချုံသည် စိတ်ဝိဥာဉ်ဆေးလုံးကို အသုံးပြုပြီးချင်း သူမ၏တစ်ကိုယ်လုံး ရေထဲမှတက်လာသော ငါးကဲ့သို့ပင်ချွေးများဖြင့် စိုရွှဲသွားသည်။ သို့သော် နောက်အခိုက်အတန့်တွင် နောက်ထပ် စိတ်ဝိဥာဉ်ဆေးလုံးသည် ရီကျင်းချုံ ၏ပါးစပ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်လာခဲ့သည်။

‘မသေသေးရင် သေတဲ့ထိလေ့ကျင့်ကွာ’

……………..

အခန်း ၉၂ - အခြေတည်ဝိညာဉ် အဆင့်၊ မိသားစုအင်မော်တယ်လက်နက်၊

နောက်ဆုံးတွင် ရီဖန်ကိုယ်တိုင် ကိုယ်ချင်းစာမိသွား၏။ သူသည် လူတိုင်း အလွန်ကြိုးစားသည်ကိုမြင်ရခြင်းထက် ဖြည်းဖြည်းသာဆက်သွားစေလိုတော့သည်။

ရီဖန်၏ အထပ်ထပ်အခါခါ တောင်းဆိုမှုများကြောင့် ဝိညာဉ်အသွင်ပြောင်းဆေးလုံး ဆေးဖိုဆယ်ခုစာနှင့် စိတ်ဝိညာဉ်ဆေးလုံး ဆေးဖိုနှစ်ခုစာကို သုံးလအကြာတွင် အပြည့်အဝအစာချေဖျက်နိုင်ခဲ့သည်။,ထို့နောက်တွင် ရီဖန်၏ အဆင့်ကျော်ဖြတ်နိုင်သောနေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။

သူ၏စွမ်းအား တိုးတက်လာကာ သူ၏ စိတ်ဝိညာဉ်သည်လဲ ပြည့်လျှံသွားဖြစ်ကာ ရီချင် ထံမှ ကျင့်ကြံရေးလမ်းစဉ်ကိုလဲ ရရှိထားပြီးဖြစ်သည့်အတွက် ကျင့်ကြံရေးအဆင့်တက်ရန် အချိန်ကျရောက်ပြီဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်မှ အခြေတည်ဝိညာဉ်အဆင့်သို့ အဆင့်တက်ခြင်းသည် ဒုက္ခကိုဖြတ်ကျော်သည့် ပထမဆုံးကောင်းကင်ဘုံစမ်းသပ်မှုဖြစ်သည်။ ၎င်းကိုဖြတ်ကျော်ခြင်းသည် အသက်ရှည်ခြင်းနှင့် အင်မော်တယ်အဖြစ်သို့ ရောက်ရှိစေနိုင်၏။ ဆင်းရဲဒုက္ခကို ဖြတ်ကျော်ခြင်းမပြုနိုင်ပါက သေခြင်းတရားထံသို့ရောက်ရှိကာ တာအိုစွမ်းအားသည်လည်း ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ ကျင့်ကြံခြင်းသည် ခက်ခဲ၏၊ အဆင့်များကိုကျော်ဖြတ်ရန်မှာ ပို၍ပင်ခက်ခဲသည်၊ ဆင်းရဲဒုက္ခကိုဖြတ်ကျော်ရန်မှာ ပို၍ ပို၍ပင် ခက်ခဲသည်။

အခြေတည်ဝိညာဉ်အဆင့်တွင် အဆင့်ကိုးဆင့်ရှိသည်။ ပထမသုံးခုတွင် မီးစွမ်းအား နှင့်မိုးကြိုးကိုယ်ထည်တို့ပါဝင်ပြီး အလယ်သုံးခုတွင် လေစွမ်းအားနှင့် ဝိညာဉ်မိုးကြိုးတို့ ပါဝင်သည်။ နောက်ဆုံးသုံးမျိုးတွင် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် မိုးကြိုးစွမ်းအားနှင့် ရွှေစွမ်းအားတို့ပါဝင်သည်။

ဤအခြေအနေတွင် ကျင့်ကြံသူများသည် သေမျိုးခန္ဓာကိုယ်မှ ဝေးကွာသွားမည်ဖြစ်သည်။ အနှစ်နှစ်ထောင် သက်တမ်းကို သေမျိုးဟူ၍ သတ်မှတ်နိုင်ပါသေး၏လော။ ရီဖန်သည် ဒုက္ခကိုဖြတ်ကျော်ခြင်းဆိုင်ရာ အခက်အခဲနှင့်ပက်သက်သည့် စာအုပ်များစွာကို ဖတ်ပြီးနောက် ပေါ့ပေါ့တန်တန် သဘောမထားပေ။

ပထမဦးဆုံးမှာ စွမ်းအားပြန်လည်ဖြည့်တင်းရန်အတွက် အဆင့်မြင့်ဆေးလုံးများဖြစ်သည့် တတိယအဆင့်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးနှင့် ကိုးပင်လယ်ဆေးလုံးများဖြစ်သည်။

အင်မော်တယ်လက်နက်များနှင့်ပတ်သက်၍ ရီဖန်သည် မီးစွမ်းအားနှင့် မိုးကြိုးစွမ်းအားကို ခုခံရန်အတွက် နဂါးကိုးကောင်စွမ်းအားမီးတောက်ထီးနှင့်တူသော အဆင့်မြင့်လက်နက်တစ်ခုကို ပြုလုပ်ခဲ့သည်။

ထို့အပြင် လေနှင့် မိုးကြိုးစွမ်းအားကို တွန်းလှန်ရန်အတွက် စိတ်ဝိညာဉ်ငြိမ်သက်ခေါင်းလောင်းတစ်ခုကိုလည်း ပြုလုပ်ခဲ့ကာ ၎င်းသည် တိုက်ခိုက်နိုင်ပြီးခုခံကာကွယ်နိုင်သည်။

နောက်ဆုံးတွင် ရီဖန်သည် သဲကန္တာရကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းအကျင်းများစွာ တည်ဆောက်ပြီးနောက်ဆုံးတွင် ကျင့်ကြံရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ပင်လယ်နှင့် သိပ်မဝေးသည့်နေရာတွင် ရီမိသားစုအဖွဲ့ဝင်များသည် ရီဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

စုယန်သည် လက်သီးကို တင်းတင်းဆုပ်ကာ "သခင် သေချာပေါက် အောင်မြင်မှာပါ"

ရီဖန်၏ အသိစိတ်ပင်လယ်တွင် သူ၏သေးငယ်သောအသွင်အပြင်ရှိသည့် စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်တစ်လျှောက် ဒန်ထျန်းဆီသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။

အဆုံးတွင် ၎င်းသည် ရီဖန်၏ရွှေအမြုတေထဲသို့ တည့်တည့်တိုးဝင်သွားကာ ရွှေအမြုတေနှင့် စိတ်ဝိညာဉ်သည် ပေါင်းစည်းစပြုလာ၏။ ထို့နောက်ရွှေအမြုတေသည် တဖြည်းဖြည်း ကွဲအက်လာပြီးနောက် အဖြူရောင် မွေးဖွားစဝိညာဉ်သန္ဓေသားသည် တဖြည်းဖြည်းပေါ်ပေါက်လာသည်။

ထိုအချိန်တွင် ကောင်းကင်၌ တိမ်တိုက်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာကာ မိုးခြိမ်းသံတဝုန်းဝုန်းထွက်ပေါ်လာသည်။

ကောင်းကင်ဘုံ၏အမျက်ဒေါသကို လှုံ့ဆော်မိမည်ကို ကြောက်ရွံ့သကဲ့သို့ လျှပ်စီးစွမ်းအားသည် ပင်လယ်ထဲရှိငါးများကို ခြောက်ထုတ်လိုက်သည်။

ဘမ်းခနဲမည်ပြီးသည့်နောက် ကောင်းကင်ကြီးသည် လုံးဝအမှောင်ကျသွားကာ ပထမဆုံးသော လျှပ်စီးစွမ်းအားရိုက်ခတ်လာသည်။ ထူထဲသော မီးနှင့် မိုးကြိုးဝရဇိန်တစ်ခုသည် ရီဖန်၏ခေါင်းကို တည့်တည့် ချိန်ရွယ်ထား၏။

ရီဖန်သည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလျက် သူ့ခေါင်းကိုကာရန် နဂါးကိုးကောင်မီးတောက်ထီးကိုထုတ်လိုက်သည်။

"လာစမ်းပါ!"

ရီဖန်သည် သူ၏အရည်အချင်းဖြင့် ကောင်းကင်ဘုံ၏စိန်ခေါ်မှုကို မကျော်ဖြတ်နိုင်ပါက အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူအများအပြားသည်လည်း ဖြတ်ကျော်နိုင်မည်မဟုတ်ဟု တွေးနေသည်။

ရီဖန်သည် သူ့တစ်ကိုယ်လုံးကို စွမ်းအားများဖြင့် ဖြန့်ကျက်ကာ နဂါးကိုးကောင်မီးတောက်ထီးကို ထဲသို့စွမ်းအားများကူးပြောင်းလိုက်သည်။ နဂါးကိုးကောင်မီးတောက်ထီးသည် လျှပ်စီးစွမ်းအားကို ဟန့်တားလိုက်ကာ ရီဖန်၏ရှေ့တွင် အကာအကွယ်အကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဘမ်း!

ရီဖန်သည် ထိခိုက်ဒဏ်ရာမရှိခဲ့သည့်အပြင် နဂါးကိုးကောင်မီးတောက်ထီးသည်လည်း ထိခိုက်မှု မရှိခဲ့ချေ။ နဂါးကိုးကောင်မှအသွင်ပြောင်းထားသော ဒိုင်းသည်ပင် ထိခိုက်မှုအနည်းငယ်မျှမရှိပေ။ တစ်ခုခု မှားနေပြီဖြစ်ကာ လွန်စွာသံသယဝင်ဖွယ်ကောင်းလှ၏။

ရီဖန်သည် ကောင်းကင်ဘုံ၏စိန်ခေါ်မှု စွမ်းအားကို အနည်းငယ်မျှပင် မခံစားလိုက်ရဘဲရှိသည်။ ကောင်းကင်ဘုံသည်လည်း စစ်ပွဲဗျူဟာများကိုလည်း လေ့လာကာ အားနည်းဟန်ဆောင်နေသည်လော? ၎င်းတို့သည် ဒုတိယ၊ တတိယအကြိမ်အနေဖြင့် မီးစွမ်းအားနှင့် မိုးကြိုးစွမ်းအားများကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

ရီဖန်သည် နဂါးကိုးကောင်မီးတောက်ထီးကို သိမ်းလိုက်ကာ စိတ်ဝိညာဉ်ငြိမ်သက်ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။ လေနှင့်မိုးကြိုးစွမ်းအားများ သက်ရောက်လာသော်လည်း ၎င်းတို့သည် ရီဖန်ကို အနည်းနှင့်အများ ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမအကြိမ်ပြီးနောက် ရီဖန်သည် လွန်စွာ ထိတ်လန့်သွားသည် ။

‘မင်းက ပျော့ညံ့ဟန်ဆောင်နေရင်တောင် အနည်းဆုံးတော့ အလေးအနက်ထားဦးလေ၊ တိုက်ခိုက်မှုပြီးပြီလား၊ မင်းမလာသေးဘူးလား’

ဤအတိုင်းဆိုလျှင် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်ရည်ရွယ်ထားသော ရွှေနှင့်မိုးကြိုးသုံးခုမှအကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနိုင်ဦးမည်လော။

နောက်ဆုံးတွင် သတ္တမအကြိမ်မြောက် ရွှေနှင့်မိုးကြိုးစွမ်းအား ကျသွားရောက်လာကာ လျှပ်စီးကြောင်းသည် အခင်းအကျင်းအားလုံးကို ဖြတ်၍ ရီဖန်၏ ခန္ဓာကိုယ်ပေါ်သို့ တိကျစွာ ကျရောက်သွားသည်။

သေးငယ်သော အစိတ်အပိုင်းသည် ရီဖန်၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် စတင်ခဲ့ပြီးနောက် ကြီးမားသောအစိတ်အပိုင်းသည် ရီဖန်၏ ဒန်ထျန်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ ယွမ်ယွင်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။

ယွမ်ယင်သည် အစပိုင်းတွင် ပဲစေ့အရွယ်အစားရှိကာ အဆက်မပြတ်ကြီးထွားလာသည်။ တစ်ချိန်တည်းတွင် ရီဖန်၏ စွမ်းအားသည်လည်း ပြောင်းလဲလာသည်။ သူ၏စိတ်ဝိညာဉ်၊ သူ၏ကိုယ်ခန္ဓာနှင့် သူ၏စွမ်းအားများသည် ရွှေနှင့်မိုးကြိုးစွမ်းအားအောက်တွင် စတင်ပြောင်းလဲလာ၏။

ရီဖန်သည် မျက်လုံးများကိုမှိတ်ကာ တိတ်တဆိတ်တွေးတောလိုက်သည်။

နှစ်လကြာရှည်သော အဆင့်ကျော်ဖြတ်မှုအတွေ့အကြုံများအရ သူ့အခြေအနေကို နားလည်လာသည်။

တစ်နည်းအားဖြင့် သူ၏အဆင့်တက်ခြင်းများသည် အမှန်တကယ်ပင် ကျင့်ကြံရေးနည်းစနစ်ကြောင့် မဟုတ်ဘဲ သူအမြဲအားကိုးခဲ့ရသည်မှာ စနစ်ထံမှ စွမ်းအားဖြစ်သည်။

သူ၏စွမ်းအားသည် အမှန်တကယ်ဖြစ်သည့်တိုင် သူ၏ကျင့်ကြံရေးနယ်ပယ်အဆင့်များသည် အမှန်တကယ်မဟုတ်ပေ။ သူ၏ စွမ်းအားနှင့် စိတ်ဝိညာဉ်နှစ်ခုစလုံးသည် အခြေအနေများနှင့် ကိုက်ညီသောကြောင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုးဆုံးမျိုးဖြစ်သည့် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းပညာသည်ပင် အခြေတည်ဝိညာဉ်အဆင့်သို့ ဖြတ်ကျော်မည့် ရီဖန် ၏အောင်မြင်မှုနှုန်းအပေါ် အနည်းငယ်သာအကျိုးသက်ရောက်မှုရှိသည်။

သူသည် ကောင်းကင်ဘုံ၏စိန်ခေါ်မှုကို ဖြတ်ကျော်ရသည့်အကြောင်းရင်းမှာ ထုံးတမ်းစဉ်လာတစ်ခုမျှ သို့မဟုတ် ကောင်းကင်ဘုံတာအိုအတွက် မျက်နှာသာပေးရန်မျှဖြစ်ပုံရသည်။ တာအိုကောင်းကင်ဘုံနှင့်ဆက်သွယ်နေသမျှ ၎င်းသည်လည်ပတ်မှုစည်းမျဉ်းများနှင့် ကိုက်ညီသေးသည်။ ထိုသို့သောအခြေအနေအောက်တွင် ရွှေနှင့်မိုးကြိုးစွမ်းအားလှိုင်င်းသုံးခုလုံးကို သူ မရှောင်နိုင်သေးချေ။

ယွမ်ယင်သည် ရီဖန်၏ ဒန်ထျန်းထဲတွင် ကျင့်ကြံနေသည့် ရီဖန်နှင့်တူသောကလေးလေးအဖြစ် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်သို့ ဖြတ်ကျော်သွားသောအခါတွင် သူ၏ဝိညာဉ်အာရုံ၏ အကွာအဝေးသည် မိုင်တစ်ထောင်ကျော်အထိ ရောက်ရှိခဲ့ကာ သူ၏စွမ်းအားသည်လည်း အဆပေါင်းများစွာ တိုးလာခဲ့သည်။

အစွမ်းထက်ဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် အဆင့်အနိမ့်ဆုံး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူကို တွန်းလှန်နိုင်မည်မဟုတ်ပေ။ သို့မဟုတ်ပါက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ ယွမ်ယင်သည် အတုသာဖြစ်မည်။

ယွမ်ယင်အတုသည်သည် ကျင့်ကြံသူကိုယ်တိုင် လေ့ကျင့်ထားသည့် ယွမ်ယင်မဟုတ်ဘဲ သေဆုံးသွားသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများထံမှ အမွေဆက်ခံထားခြင်းဖြစ်သည်။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ သက်တမ်းကို ပိုင်ဆိုင်ထားသော်လည်း၊ ၎င်းတို့၏ စွမ်းအားနှင့် စိတ်ဝိညာဉ်သည် သာမန် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများထက် သိသိသာသာ အားနည်း၏။ ထို့အပြင် ၎င်းတို့သည် အဆင့်ကျော်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။

ရွှေနှင့် မိုးကြိုးစွမ်းအားသုံးခုလုံးကို စုပ်ယူပြီးနောက် ရီဖန်၏ အဆင့်ကျော်ဖြတ်ခြင်းသည်လည်း ပြီးဆုံးသွားပြီဖြစ်ကာ ၎င်းသည် ရီဖန်ခဏမျှအနားယူပြီး ပြီးဆုံးသွားသကဲ့သို့ပင်။ ဒဏ်ရာမဆိုနှင့် ဆံပင်တစ်ပင်မျှပင် မပျောက်သွားချေ။

ဇာတ်ကောင်- ရီဖန်

သက်တမ်း- ၂၀၁၂ နှစ်

အဆင့်- အခြေတည်ဝိညာဉ်အစောပိုင်းအဆင့် (၁၂၃၄၅၆/၁၀၀၀၀၀၀၀)

ရီဖန်သည် အမြဲတမ်းသက်တမ်းရှည်ခဲ့ကာ ယခုတွင် မွေးဖွားစဝိဥာဉ်အဆင့်သို့ ဖြတ်ကျော်ကာ သူ၏သက်တမ်းသည်လည်း အနှစ်နှစ်ထောင်ကျော်သွားပြီဖြစ်သည်။ သူသည် အင်မော်တယ် တစ်စိတ်တပိုင်းဟူ၍ပင် ခေါ်ဆိုနိုင်သည်။

သူ၏စိတ်ဝိညာဉ်သည် မိုင်တစ်ထောင်အချင်းဝက်ကို လွှမ်းခြုံထားကာ ရီဖန်သည် သူ့လက်ကို ဆန့်တန်းလျက် သူ့ရှေ့ရှိ နေရာလွတ်ထံ ရောက်ရှိသွားသည်။ နေရာလွတ်သည် စာရွက်တစ်ရွက်ကဲ့သို့ပင်။ ရီဖန်သည် အနက်ရောင်နေရာလွတ်ကို ထုတ်ဖော်ရန်အတွက် အစိတ်အပိုင်းတစ်ခုကို ဖယ်ထုတ်လိုက်သည်။

ရီဖန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။ သူပြန်ပေါ်လာသောအခါတွင် ရီကျင်းထျန်နှင့် အခြားသူများထံမှ မိုင်ရာနှင့်ချီဝေးနေပြီဖြစ်သည်။ အခြေတည်ဝိညာဉ်အဆင့်၏ အမှတ်အသားသည် နေရာပို့ဆောင်ကူးပြောင်းခြင်းဖြစ်သည်။

ဤနေရာပို့ဆောင်ကူးပြောင်းခြင်းသည် တာတိုအကွာအဝေးအတွက်ဖြစ်ကာ စွမ်းအားသုံးစွဲမှုမြင့်မားသည်။

သို့သော် နေရာပို့ဆောင်ကူးပြောင်းခြင်းနည်းပညာကို ကျွမ်းကျင်သော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူကိုသတ်ရန်မှာ တူညီသောအဆင့်ရှိကျင့်ကြံသူများအတွက်ပင် အမှန်တကယ် ခက်ခဲ၏။

ရီဖန်၏ ရုတ်တရက်ပေါ်လာမှုသည် ရီကျင်းထျန်နှင့် အခြားသူများကို ထိတ်လန့်စေခဲ့သည်။ သို့သော် နောက်အခိုက်အတန့်တွင် အားလုံးသည် စိတ်လှုပ်ရှားသွားကြပါတယ်။

"အဖေ အဆင့်ကျော်ဖြတ်တာအောင်မြင်သွားပြီလား"

"အင်း!"

ရီဖန်သည် ခေါင်းညိတ်ပြလိုက်ရာ လူတိုင်း၏ မျက်နှာတွင် တောက်ပသော အပြုံးများ ပေါ်လာသည်။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူရှိခြင်းသည် ရီမိသားစုသည် နောက်ဆုံးတွင် ကြယ်တစ်ထောင်ကျွန်းရှိ ပထမအဆင့်မိသားစုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဆိုလိုသည်။ အရှေ့နယ်မြေ၏ နယ်ပယ်အတွင်းတွင် ၎င်းသည် အောင်မြင်ခြင်းကို ကိုယ်စားပြုသည်။

"စနစ်၊ မိသားစုအဆင့်သတ်မှတ်ချက်ကို ဖွင့်လိုက်ပါ"

"လက်ရှိ မိသားစုအဆင့်၊ ၉၇၈၂"

နောက်ဆုံးတွင် ထိပ်ဆုံးတစ်သောင်းအဆင့်သတ်မှတ်ချက်အတွင်း ဝင်ခဲ့ပြီဖြစ်သည်။

"စနစ် အဆင့်သတ်မှတ်ခြင်းဆုလာဘ်ကို ထုတ်လိုက်ပါ"

“ဆုလက်ခံရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ အင်မော်တယ်လက်နက်ဖြစ်တဲ့ အချိန်နေရာလွတ်ပြားကို လက်ခံရရှိပါပြီ”

အချိန်နေရာလွတ်ပြားသည် အချိန်နေရာလွတ်ကျောက်တုံးများမှ ဖန်တီးထားသည့် မိသားစုအင်မော်တယ်လက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် အဓိကလက်နက်ဖြစ်ကာ မရေမတွက်နိုင်သော လက်နက်ခွဲများရှိသည်ဖြစ်ရာ မိသားစုဝင်တစ်ဦးစီတိုင်း၏ လက်နက်အခွဲတစ်ခုစီနှင့် ပေါင်းစည်းနိုင်၏။

အချိန်နေရာလွတ်ပြားသည် တစ်ကြိမ်မျှသော အာကာသအချိန်ရွေ့ပြောင်းနိုင်သည့် စွမ်းအားရှိသည်။ ပြောင်းရွေ့မှုအနေအထားသည် မိုင်ထောင်ချီအကွာအဝေးအတွင်း ကျပန်းဖြစ်သည်။ အသုံးပြုပြီးပါက အားသွင်းရန်အတွင် ပင်မလက်နက်ထံသို့ ပြန်လည်ရောက်ရှိရန် လိုအပ်သည်။

မိသားစုအင်မော်တယ်လက်နက်သည် မိသားစု၏စွမ်းအားကို မြှင့်တင်နိုင်သည်နှင့်အမျှ လက်နက်၏အဆင့်ကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကာ လက်ရှိအဆင့်မှာ စတုတ္ထအဆင့်ဖြစ်သည်။

……………..

အခန်း - ၉၃ မှောက်ထားသော ကောင်းကင်ဘုံ တံဆိပ်စည်း၊ နဂါးသွေးကြောပိုင်ရှင် (၁/၅)

ဤအင်မော်တယ်လက်နက်အတွက် ရီဖန်၏ တစ်ခုတည်းသော အကဲဖြတ်ချက်မှာ အားကောင်းသည်ဟူ၍သာဖြစ်သည်။

ထို့အပြင် မိသားစုတစ်ခုအတွက် အင်မော်တယ်လက်နက်သည် မိသားစုဝင်များ၏ ဘေးကင်းမှုကို များစွာမြှင့်တင်ပေးနိုင်သောကြောင့် အလွန်အရေးကြီးသည်။

ရီဖန်သည် တုံ့ဆိုင်းမနေဘဲ အချိန်နေရာလွတ်ပြားကို ချက်ချင်းပင် စတင်သန့်စင်ခဲ့သည်။

အခြေတည်ဝိညာဉ်အဆင့်၏ စွမ်းအားသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ထက် များစွာအားကောင်းသောကြောင့် စတုတ္ထအဆင့် အင်မော်တယ်လက်နက်အတွက် အခြေတည်ဝိညာဉ် အဆင့်စွမ်းအားမရှိပါက သန့်စင်ရန်မဖြစ်နိုင်ချေ။

သို့တိုင်အောင် ရီဖန်သည် အချိန်နေရာလွတ်ပြားကို သန့်စင်ရန်အတွက် အချိန်တစ်လခွဲကြာမြင့်ခဲ့သည်။

အချိန်နေရာလွတ်ပြားသည် ရီဖန် ၏ကိုယ်ခန္ဓာအတွင်းတွင် အင်မော်တယ်သုတ်သင်ခြင်းဓားလေးလက်နှင့်အတူ တည်ရှိနေပြီဖြစ်သည်။

အင်မော်တယ်သုတ်သင်ခြင်းဓားလေးလက်သည် တတိယအဆင့်မှော်လက်နက်မျှသာဖြစ်သောကြောင့် စတုတ္ထအဆင့်မှော်လက်နက်၏ရှေ့တွင် ၎င်းတို့သည် ချက်ချင်းပင် ထောင့်သို့ရွေ့ပြောင်းသွားကြရှာသည်လ

တတိယအဆင့်အင်မော်တယ်လက်နက်သည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူအတွက် မလုံလောက်သော်လည်း ရီဖန်သည် လက်ရှိတွင် အင်မော်တယ်သုတ်သင်ခြင်းဓားလေးလက်ကို အဆင့်မြှင့်တင်ရန် လုံလောက်သော အရင်းအမြစ်မရှိသေးချေ။ စတုတ္ထအဆင့် အင်မော်တယ်လက်နက်ကို ဖန်တီးရန်အတွက် မလုံလောက်သော ရွှမ်ယွမ်ကျောက်တုံးများပင် မရှိသေးပေ။

ရီဖန်သည် ၎င်းကိုစဉ်းစားမိပြီးနောက် စတုတ္ထအဆင့် တာအိုစွမ်းအားအင်မော်တယ်ပစ္စည်းကို သန့်စင်ရန် ဆုံးဖြတ်ခဲ့သည်။

ရွှမ်ယွမ်ကျောက်တုံးသည် မြေစွမ်းအားများစွာပိုင်ဆိုင်သောကြောင့် မြေဆွဲအားတားမြစ်ချက်များဖြင့် ရေးထိုးနိုင်ပါက ၎င်း၏အလေးချိန်သည် အဆပေါင်းသောင်းနှင့်ချီ၍ တိုးလာနိုင်ကာ လေးလံသောဆွဲငင်အားရှိသည့် အင်မော်တယ်လက်နက်များအတွက် အလွန်အသုံးဝင်မည်ဖြစ်သည်။

ရီဖန်၏ စိတ်ထဲတွင် တာအိုစွမ်းအားအင်မော်တယ်လက်နက်၏ ပုံစံငယ်ပေါ်လာကာ ၎င်းသည် မှောက်ထားသောကောင်းကင်တံဆိပ်စည်းဖြစ်သည်။ ၎င်းတံဆိပ်စည်းဖြင့် လူများကို ရိုက်ချိုးရမည့် ခံစားချက်သည် လွန်စွာကြည်နူးဖွယ်ကောာင်းပေလိမ့်မည်။

ရွှမ်ယွမ်ကျောက်တုံးသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ တန်ဖိုးရှိသည်ဖြစ်ရာ ရီဖန်သည် တတိယအဆင့် ဝိညာဉ်ကျောက်တုံး အများအပြားထည့်ကာ နောက်ထပ်တစ်လခွဲကြာ သန့်စင်ပြီးနောက်တွင် သူသည် တံဆိပ်စည်းငယ်တစ်ခု ပြုလုပ်နိုင်ခဲ့သည်။

ရီဖန်သည် သူ၏စွမ်းအားကို မှောက်ထားသည့် ကောင်းကင်တံဆိပ်စည်းထဲသို့ ထိုးသွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ချက်ချင်းဖောင်းပွလာကာ ကီလိုမီတာ ထောင်ပေါင်းများစွာ အရွယ်အစားရှိသော စတုရန်းပုံသဏ္ဍာန်ဖြစ်လာသည်။

အလိုအလျောက်အရွယ်အစားသတ်မှတ်ချက်၊ မြေစွမ်းအားတားမြစ်ချက်စသည်ဖြင့် ထောင်ပေါင်းများစွာသော သတ်မှတ်ချက်များကို ထိုကဲ့သို့သေးငယ်သောတံဆိပ်စည်းထဲတွင် ထည့်သွင်းထားသည်။

ရီဖန်သည် မှောက်ထားသောကောင်းကင်တံဆိပ်စည်းကို ထိန်းချုပ်ကာ မြေပြင်သို့ပင်ပေါက်လိုက်ရာ ‘ဘမ်း!’ ဟူသောအသံနှင့်အတူ လူမနေသောကျွန်းတစ်ကျွန်းသည် ချက်ချင်းပင် ပြားချပ်သွားကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။

ရီဖန်သည် မှောက်ထားသောကောင်းကင်တံဆိပ်စည်း၏ စွမ်းအားကြောင့် အံ့အားသင့်သွားကာ စတုတ္ထအဆင့် တာအိုအင်မော်တယ်ပစ္စည်း၏ စွမ်းအားကိုလည်း လျှော့မတွက်နိုင်တော့ချေ။ ရီဖန်သည် မှောက်ထားသောကောင်းကင်တံဆိပ်စည်းကို ပြန်သိမ်းလိုက်ပြီးနောက် သူ၏မျိုးနွယ်စုထံ ပြန်သွားခဲ့သည်။

ရီဖန်သည် ပင်လယ်ပြင်ပေါ်ရှိ လူသူကင်းမဲ့သော နေရာတွင် အဆင့်ကျော်ဖြတ်သွားခြင်းဖြစ်သည့်အတွက် ရီမိသားစုမှလွဲ၍ အခြားမည်သူမျှ မသိသေးချေ။

ရီမိသားစုသို့ပြန်ရောက်သောအခါ ရီကျင်းထျန် သည် အရှေ့နယ်မြေ၏အခြားမြို့ဖြစ်သည့် ပင်လယ်ဂဏန်းမြို့တွင် အမွေအနှစ်တစ်ခု ရုတ်တရက်ပေါ်လာကြောင်း သတင်းပို့လာသည်။

ကောလဟာလမှာ ၎င်းသည် လွန်ခဲ့သောနှစ်တစ်ထောင်က စစ်မှန်သော မာနျုံဟုအမည်ရသည့် နတ်အသွင်ပြောင်းလဲခြင်း အဆင့်ရှိ ဘုရင်ထံမှာ ကျန်ရစ်ခဲ့သော ဂူအိမ်တစ်ခုဖြစ်သည်ဟူ၍ပင်။ ဤဂူအိမ်အကြောင်းကို ကျင့်ကြံသူတိုင်း သိရှိထားပြီးဖြစ်သည်။

မိတ်ဆွေများစွာ ရရှိပြီးနောက် ရီဖန်သည် အချက်အလက်များစွာကို ရရှိခဲ့သည်ဟု ဆိုရပေမည်။ ထိုသို့သောကိစ္စများအတွက် မိသားစုများကြားတွင် သတင်းများပျံ့နှံ့နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် ဤသတင်းကိုကြားပြီးနောက် ရီဖန်သည် မဆိုင်းမတွ ဆုံးဖြတ်လိုက်သည်။

‘ငါ မသွားဘူးဟေ့၊ အဲဒါက နတ်သမီး ဂူအိမ် ဆိုရင်တောင် မသွားဘူးကွ’

ရီဖန်သည် ၎င်းမှာ ကောင်းသည့်ကိစ္စဖြစ်မည်ဟု မထင်ချေ။ စည်းကမ်းများအရ အန္တရာယ်ရှိမည်မှာ ကျိန်းသေသည်။ ရီဖန်သည် မိသားစု၏ကံကြမ္မာအတွက်ပင် လစ်လျူရှုလိုက်ပြီဖြစ်သည်။ သတိရှိစွာနေထိုင်ပြီး တိုးတက်လာခြင်းသည်သာ ရီဖန်အတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည်။

'သွားချင်တဲ့သူတွေ သွားကြပေါ့’

ရီဖန်သည် နောက်ဆုံးအကြိမ်က အခွင့်အရေးရမည်ဟု ထင်ထားသော်လည်း ပြဿနာတက်လုနီးပါးဖြစ်ခဲ့သည်ကို မမေ့သေးချေ။

သို့သော်လည်း အခွင့်အရေးနောက်ကိုမလိုက်သည့်တိုင် အခွင့်အရေးကရောက်လာမည်ကို ရီဖန်မသိခဲ့ပေ။

တစ်လခွဲအကြာတွင် သတင်းတစ်ခုသည် ရုတ်တရက် ပေါ်လာ၏။ ပင်လယ်ဂဏန်းမြို့ရှိ အမွေအနှစ်၌ မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ကာ ကျင့်ကြံသူ အနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့သည်။

သတင်းရရှိသည်မှာ ရေမျိုးနွယ်စုမှ ဆင်းသက်လာသူတစ်ဦးသည် အမွေအနှစ်နယ်မြေတွင် ပေါ်လာပြီးနောက် ကျင့်ကြံသူအချို့ထံမှ ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ရေမျိုးနွယ်စုသည် ရုတ်တရက်ပျောက်ကွယ်သွား၏။ ရေမျိုးနွယ်စုမှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ကိုယ်တိုင်လှုပ်ရှားကာ ပင်လယ်ဂဏန်းမြို့ရှိ ကျင့်ကြံသူများကိုရှာဖွေခဲ့သည့်တိုင် ဆက်ခံသူ၏ အရိပ်အယောင်မျှကိုပင် မတွေ့ခဲ့ရချေ။

ကြယ်တစ်သောင်းပင်လယ်ဧရိယာသည် ကျယ်ပြောကာ သဘာဝကျစွာပင် ရေမျိုးနွယ်စု၏ စွမ်းအားသည်လည်း အလွန်အားကောင်းသည်။

သို့သော် ရေမျိုးနွယ်စုသည် များသောအားဖြင့် လူသားမျိုးနွယ်စုနှင့် ဆန့်ကျင်ခြင်းမရှိဘဲ ရေမျိုးနွယ်စုမှ လူသားများစွာကို ရုတ်တရက် သတ်ဖြတ်ခြင်းသည် ကြယ်တစ်သောင်းပင်လယ်တွင် ထူးခြားသောဖြစ်ရပ်တစ်ခု ဖြစ်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ရီဖန်သည် ထိုသတင်းကိုကြားသောအခါ သူ တိတ်တဆိတ် စဉ်းစားမိသည်။ ရုတ်ချည်း ပေါ်လာသည့် ထိုအမွေအနှစ်များထံ မသွားသင့်ပေ။ ထိုသို့သောအခွင့်အရေးများသည် မမျှော်လင့်ထားသော အလှည့်အပြောင်းများဖြစ်ပေါ်ရန် အလွယ်ဆုံးဖြစ်သည်။ အမှန်ပင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

"အဖေ၊ မြန်မြန်လာ၊ သားတွေ့တာ လာကြည့်ပါဦး!"

ရီကျင်းစန် ၏စိတ်လှုပ်ရှားနေသော အသံသည် ရီဖန် ၏နားထဲသို့ ရောက်လာသည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် ခြင်္သေ့ခေါင်း၊ သမင်သမင်ချို၊ ငါးရအမြီးနှင့် ဗိုက်ပေါ်ရှိ ခြေသည်းလေးချောင်းရှိသည့် နီရဲနေသော ကိုယ်ထည်ကိုဆွဲယူလာခဲ့သည်။ သူ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝနှစ်ခုလုံးတွင် ရီဖန်သည် ထိုသို့သောသတ္တဝါ၏ပုံပြင်များနှင့်ရင်းနှီးသည်။

‘ဒါက ဒဏ္ဍာရီလာ နဂါး မဟုတ်ဘူးလား?

အရောင်ကိုကြည့်ခြင်းအားဖြင့် မီးနဂါးဖြစ်ပေလိမ့်မည်။ နဂါးအထီးဖြစ်သလော အမဖြစ်သလောကိုမူ သူမသိချေ။ ရီမိသားစုမှ အခြားအဖွဲ့ဝင်များသည်လည်း ရီကျင်းစန် ယူဆောင်လာသော နဂါးကို စောင့်ကြည့်ရန် စုဝေးရောက်ရှိလာကြသည်၌

ဤသည်မှာ အမှန်တကယ်ပင် ဒဏ္ဍာရီထဲမှ နဂါးဖြစ်ပါသလော။ ရီဖန်သည် အနည်းငယ် သံသယဝင်သွားသည်။ အချို့သော ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းများအရ နဂါးများသည် ကြေးခွံရှိသည့်အင်းဆက်များ၏ ခေါင်းဆောင်များဖြစ်သောကြောင့် မွေးရာပါ အစွမ်းထက်သည်။

မွေးဖွားလာသောအခါတွင် ၎င်းတို့သည် ထူးကဲအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ၎င်းတို့ရှေ့တွင်ရှိသော နဂါးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိသေးသည်။ ထို့အပြင် မျိုးစိတ်တစ်ခုအနေဖြင့် နဂါးများသည် ကျင့်ကြံရေးကမ္ဘာတွင် ရှားပါးနေပြီဖြစ်သည်။

၎င်းတို့ တည်ရှိနေသော်လည်း ကြယ်တစ်သောင်းကျွန်းတွင် ရှိနေရန်မှာမဖြစ်နိုင်ချေ။ ရီကျင်းစန်သည် တစ်ကောင်တွေ့ရှိခဲ့ခြင်းမှာ ပို၍ပင်မဖြစ်နိုင်ပေ။

သို့သော်လည်း နဂါးနှင့်ဆင်တူသဖြင့် ၎င်းသည် ဒဏ္ဍာရီလာနဂါးသွေးမျိုးဆက် မွန်းစတားတစ်ကောင်ဖြစ်ရမည်။ နဂါးနှင့်ပတ်သက်သည့် အရာအားလုံးသည် အမြဲတမ်းတန်ဖိုးရှိ၏။

နဂါး၏သွေးကို ဆေးပညာအတွက် နဂါးအကြေးခွံများကို အင်မော်တယ်ပစ္စည်း သန့်စင်ရန်အတွက်၊ နဂါးအသည်းကြော်နှင့် သည်းခြေအိတ်ကင်များအတွက် အသုံးပြုနိုင်သည်။ ရီဖန်သည် စဉ်းစားမိရုံဖြင့်ပင် သူ့တံတွေးကို မျိုချလိုက်သည်။

ရီကျင်းချုံသည် အနီရောင်နဂါးကို မည်သည့်နေရာသို့ ရွှေ့ရမည်ကို စဉ်းစားပုံပေါ်သည်။ ၎င်းကိုမြင်လိုက်ရသည့် ရီကျင်းစန်သည် သိသိသာသာပင် မကျေမနပ်ဖြစ်သွားသည်။

“နင်အဲလိုလုပ်လို့မရဘူးနော်၊ ဒါ ငါ့ရဲ့ အိမ်မွေးမွန်းစတားပဲ၊ ငါမွေးထားမှာ"

ရီကျင်းစန်သည် အနီရောင်နဂါးကို အလွန်စိတ်ဝင်စားခဲ့သည်မှာ ထင်ရှားသည်။

ထိုအချိန်တွင် အနီရောင်နဂါးသည် ရီမိသားစု၏ ရည်ရွယ်ချက်ကိုသိရှိပုံရကာ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီးနောက် ရီမိသားစုဝင်များ၏ ကျင့်ကြံရေးအဆင့်ကို သတိပြုမိသောအခါ ထိတ်လန့်သွားသည်။

"ဘ-ဘာလုပ်ချင်တာလဲ"

သာယာသော အသံသည် ရီမိသားစုဝင်များ နားထဲသို့ တိုးဝင်လာသည်။ ၎င်းမှာ နဂါးအမဖြစ်၏။

"ဘာမှမဟုတ်ပါဘူး ငါတို့ဘာမှမလုပ်ချင်ဘူး"

ကာယကံရှင် လန့်နိုးလာသည်ကို တွေ့လိုက်ရသည့် ရီမိသားစုဝင်များသည် ချက်ချင်းပင်နိုးကြားလာသည်။ ရီကျင်းစန်သည် သူမကို စောင့်ရှောက်လိုသည့်အတွက် သူမသည် အနာဂတ်တွင် ရီမိသားစု၏ အဖွဲ့ဝင်ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ၎င်းတို့က မကြာသေးမီကပင် သူမကိုစားရန် စိတ်ကူးထားကြောင်း သူမကိုသိစေမည်မဟုတ်ပေ။

"အဖေ၊ ကျွန်တော် သူ့ကို အရင်ပြန်ခေါ်သွားတော့မယ်"

ရီကျင်းစန်သည် အနီရောင်နဂါးကို ကောက်ကိုင်လိုက်ကာ ရီဖန်နှင့်အခြားသူများက နဂါး၏အသည်းကို ကြော်ရန်ပြန်စဉ်းစားလာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးသွားခဲ့သည်။

ရီဖန်သည် အနီရောင်နဂါးအကြောင်း မတွေးတော့ချေ။ အဖိုးတန်ပုံပေါက်သော်လည်း ရီမိသားစုသည် မွန်းစတားများပြတ်လပ်နေခြင်းမျိုး မရှိခဲ့ပေ။ ရီကျင်းစန်သည် အနာဂတ်တွင် နဂါးစွမ်းအားရှင်တစ်ဦးဖြစ်လာနိုင်သည် ။

…..

ရေမျိုးနွယ်စုများ၏ ပိုင်နက်သည် အင်မော်တယ် ကျွန်းသုံးကျွန်းမှ မိုင်ပေါင်း ထောင်သောင်းချီဝေးကွာ၏။

"မတွေ့သေးဘူးလား?"

“မတွေ့သေးပါဘူး၊ သူမက လိပ်တစ်ထောင်မြို့ အပြင်ဘက်မှာ ပျောက်ကွယ်သွားပြီးတော့ အဲဒီကတည်းက ခြေရာလက်ရာ မတွေ့ခဲ့ရပါဘူး"

“လိပ်တစ်ထောင်မြို့၊ ကောင်းတယ်။ လိပ်တစ်ထောင်မြို့က နဂါးသွေးကြောပိုင်ရှင်ကို လက်လွှဲပေးဖို့ပြောလိုက်၊ မဟုတ်ရင် သူတို့အကုန်သုတ်သင်ခံရမယ်လို့”

သုံးရက်အကြာတွင် မွေးဖွားခြင်းဝိဥာဉ်အဆင့်ရှိ မွန်းစတားသုံးကောင်သည် လိပ်တစ်ထောင်မြို့သို့ ဆင်းသက်လာပြီးနောက် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွါးခဲ့သည်။

လိပ်တစ်ထောင်မြို့ မှ အခြေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူများသည် အခြေတည်ဝိညာဉ်အဆင့် မွန်းစတားသုံးကောင်နှင့် မယှဉ်နိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ လိပ်တစ်ထောင်မြို့သည်လည်း ဖျက်ဆီးခံခဲ့ရကာ မရေမတွက်နိုင်သောကျင့်ကြံသူများ သေဆုံးခြင်းသို့မဟုတ် ဒဏ်ရာရရှိခဲ့သည်။

လိပ်တစ်ထောင်မြို့၏ ဝိညာဉ်သွေးကြောကိုပင် အခြေတည်ဝိညာဉ်အဆင့်ရှိ နတ်ဆိုးကျင့်ကြံသူများက ထုတ်ယူခဲ့သောကြောင့် အရှေ့နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

သဘာဝကျစွာပင် လူသားမျိုးနွယ်စုကျင့်ကြံသူများသည် ရေမျိုးနွယ်စုကို ထိုကဲ့သို့လွယ်ကူစွာ မလွတ်ပေးဘဲ ရှင်းလင်းချက်တစ်ခုကို တောင်းဆိုခဲ့ကြသည်။ သို့သော် ညှိနှိုင်းမှုအတွင်း သဘောတူညီမှုမရခဲ့ဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေ၏။

………………

All Chapters