အခန်း ၉၄-၉၆
Vol. 7 Ch. 94-96
အခန်း ၉၄- အရွက်တစ်ထောင်မြို့ကို အဆင့်မြှင့်တင်ရန်လိုအပ်လာပြီ၊ အရွက်တစ်ထောင်မြို့ (၂/၅)
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ ပဋိပက္ခသည် သိသာထင်ရှားသော သက်ရောက်မှုရှိခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့် လူသားကျင့်ကြံသူနှစ်ဦးနှင့် အခြေတည်ဝိညာဉ်အဆင့်နတ်ဆိုးမျိုးနွယ်စု ကျင့်ကြံသူသုံးဦး သေဆုံးပြီးနောက်ဆုံးတွင် ထူးကဲအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ဝင်ရောက်စွက်ဖက်မှုကြောင့်ပြင်းထန်သော တိုက်ပွဲမှာ ရပ်တန့်သွားခဲ့သည်၌
သေဆုံးသွားသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ပြန်လည်အသက်မရှင်နိုင်တော့ဘဲ ကျင့်ကြံရေးကမ္ဘာကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို တစ်ဖန်ပြန်လည်သရုပ်ပြခဲ့သည်။ နှစ်အတော်ကြာ ပဋိပက္ခများအပြီးတွင် အရှေ့နယ်မြေသည် တစ်ဖန်ပြန်လည်ငြိမ်းချမ်းသွားသည်။
အရှေ့နယ်မြေတွင် အဓိကမြို့ကြီးကိုးမြို့သာရှိခဲ့သော်လည်း ယခုအခါ တစ်မြို့သည်ပျောက်ဆုံးသွားသဖြင့် ယခင်က လိပ်တစ်ထောင်မြို့၏ အုပ်ထိန်းမှုအောက်တွင်ရှိခဲ့သော ဒေသသည် ၎င်း၏အုပ်ချုပ်သူအဖြစ် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူမရှိတော့ဘဲ ၎င်း၏ကြွယ်ဝမှုသည်လည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
ရီမိသားစု၏လုပ်ငန်းသည်ပင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိခဲ့သည်။ အမြတ်ငွေ ထက်ဝက်ခန့် ကျဆင်းသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အရွက်တစ်ထောင်စျေး၏ ပံ့ပိုးကူညီမှု ရှိနေသေးသည်။
……
ရီမိသားစု၏ တတိယအင်မော်တယ်ကျွန်းပေါ်တွင်။
ရီကျင်းစန်သည် အနီရောင်နဂါးကိုစီးလျက် ကောင်းကင်တွင် ကျယ်လောင်စွာ ဟိန်းဟောက်နေ၏။ ရီကျင်းစန်၏ အဖိုးတန်ဆေးဝါးများစွာဖြင့် တစ်နှစ်ကြာကုသပြီးနောက်တွင် အနီရောင်နဂါး၏ဒဏ်ရာများသည် လုံးဝပျောက်ကင်းသွားခဲ့သည်။ နဂါးကို ရီကျင်းစန် ကပင် ယဉ်ပါးစေခဲ့ကာ သူမ၏အကာအကွယ်မွန်းစတား ဖြစ်လာခဲ့သည်။
သို့သော်လည်း အနီရောင်နဂါး၏ စိတ်နှင့် ၎င်း၏ စိတ်ဝိညာဉ်သည်လည်း ပျက်စီးသွားခဲ့ပုံရသည်။
၎င်း၏စိတ်ဝိညာဉ်ကို ဆေးလုံးများဖြင့်ပြန်လည်ထူထောင်သောအခါ၌ပင်၎င်း၏မှတ်ဉာဏ်ပြန်လည်ကောင်းမွန်မလာဘဲ အတိတ်အမှတ်တရများအားလုံးကို လုံးဝမေ့သွားခဲ့သည်။
ရီဖန်သည် ၎င်းကို ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူသည် စိတ်ဝိညာဉ်ပြန်လည်ဖြည့်သွင်းခြင်းဆေးလုံး တစ်သုတ်ကို သန့်စင်ပြီးနောက် အနီရောင်နဂါးစားသုံးရန်အတွက် ရီကျင်းစန်ကိုပေးခဲ့သည်။
ဆေးဖိုကို သိမ်းပြီးနောက် ရီဖန်သည် အနည်းငယ် စိတ်ပူသွားသည်။ လိပ်တစ်ထောင်မြို့ကို ဆုံးရှုံးလိုက်သဖြင့် ရီမိသားစု၏ အမြတ်ငွေများ လျော့နည်းသွားသော်လည်း ၎င်းတို့၏ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံး အရင်းအမြစ်များကို နေ့စဉ်သုံးစွဲမှုမှာ ကျဆင်းသွားခြင်းမရှိပေ။ ဤနှုန်းဖြင့် ရီမိသားစု၏ အရင်းအမြစ်များသည် မလုံလောက်နိုင်ဖြစ်မည်။
အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူမရှိသော အဓိကမြို့ကြီးသည်လည်း ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေသည်။ သို့မဟုတ်ပါက အခြေတည်ဝိညာဉ်အဆင့်မွန်းစတားသည် မြို့ကိုဖျက်ဆီးသွားမည်ဖြစ်ကာ မည်သူမျှ စိတ်အေးလက်အေးနှင့် စီးပွါးရေးလုပ်နိုင်တော့မည်မဟုတ်ပေ။
ယခုဆိုလျှင် လိပ်တစ်ထောင်မြို့၏ ဒေသတွင် ရီဖန်မှလွဲ၍ အခြားသော မွေးဖွားခြင်းဝိဥာဉ်အဆင့်ကျင့်ကြံသူများ မရှိတော့ချေ။
တစ်နှစ်ပတ်လုံးစဉ်းစားပြီးနောက် ရီဖန်သည် အတွေးတစ်ခုပေါ်လာသည်။
"ရီကျင်းထျန်၊ စကားပါးလိုက်ပြီးတော့ မိသားစုတွေ့ဆုံပွဲခေါ်ပါ"
မိသားစုဝင်များအားလုံးစုဝေးကာ အစည်းအဝေးလုပ်ခဲ့ကြသည်။
"လိပ်တစ်ထောင်မြို့ ပျောက်ကွယ်သွားရင် ဒီဒေသက ထင်ရှားတဲ့မြို့အဖြစ်မရှိတော့ဘူး၊ ဒါကြောင့် အရွက်တစ်ထောင်စျေးကို ချဲ့ထွင်ဖို့ ငါစီစဉ်ထားတယ်"
လွန်ခဲ့သည့်နှစ်တွင် လိပ်တစ်ထောင်မြို့ ပျက်စီးသွားသောကြောင့် အနီးနားရှိ ကျင့်ကြံသူများသည် အရွက်တစ်ထောင်စျေးတွင် အရောင်းအ၀ယ်ပြုလုပ်ရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် အရွက်တစ်ထောင်စျေးသည် အလွန်သာမန်ဆန်လွန်းကာ ၎င်းကိုကာကွယ်ရန် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူမရှိချေ။ ၎င်းသည် ကျင့်ကြံသူများ ရံဖန်ရံခါ ရောင်းဝယ်ဖောက်ကားရန် နေရာတစ်ခုအဖြစ်သာ လုပ်ဆောင်နိုင်သော်လည်း ရေရှည်အတွက် သွားနိုင်မည်မဟုတ်ပေ။
ယခုအခါ ရီဖန် သည် အရွက်တစ်ထောင်စျေးကို အရွက်တစ်ထောင်မြို့အဖြစ် တိုးချဲ့ရန် စီစဉ်ခဲ့သည်။ ရီဖန်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ရီမိသားစုသည် အလွန်စိတ်လှုပ်ရှားသွားသည်။
ရီမိသားစုသည် မြို့တစ်မြို့ကို ပိုင်ဆိုင်နိုင်လျှင် ၎င်းသည် မိသားစု၏ဂုဏ်သတင်းနှင့် အရင်းအမြစ်များကို စုဆောင်းရယူသည့်အရှိန်ကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်သောကြောင့် ရီမိသားစုအတွက် အကျိုးကျေးဇူးများ ကြီးမားပေလိမ့်မည်။
ရီမိသားစုသည် ကုန်သွယ်ရေးလုပ်ငန်းအုပ်စုကို စတင်ခဲ့သည်။ ကွမ်ဟယ် စီရင်စုရှိ အရွက်တစ်ထောင်စျေးကွက်ကို စီမံခဲ့ဖူးပြီးဖြစ်သောကြောင့် သဘာဝကျစွာပင် မြို့တစ်မြို့ကိုစီမံခန့်ခွဲရာ၌ မည်သည့်ပြဿနာမျှ မရှိပေ။
ရီဖန်၏ အဆိုပြုချက်ကို မိသားစုအစည်းအဝေးတွင် တညီတညွတ်တည်း အတည်ပြုခဲ့သည်။ မကြာမီ ရီမိသားစုသည် စတင်လှုပ်ရှားကြ၏။
ကြယ်တစ်သောင်းသမုဒ္ဒရာအတွင်း ကျင့်ကြံသူများ ယုံကြည်စိတ်ချရသော မြို့တစ်မြို့ တည်ထောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ချေ။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူနှင့် စတုတ္ထအဆင့်အခင်းအကျင်းများ စောင့်ကြပ်ထားသည့် လိပ်တစ်ထောင်မြို့ကိုပင် ရေမျိုးနွယ်စု၏ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများက သုတ်သင်နိုင်ခဲ့သည်။
ရီဖန်သည် အရွက်တစ်ထောင်မြို့ကို အမှန်တကယ်ပင် ကိုးခုမြောက်အဓိကမြို့ ဖြစ်လာကာ လိပ်တစ်ထောင်မြို့ဟောင်းနဲ့ တူညီသည့် အဆင့်အတန်းကို ခံစားလိုမှုသည် မူရင်းလိပ်တစ်ထောင်မြို့ထက် ပိုဆိုးဝါးနိုင်မည်မဟုတ်ချေ။
ရင်းနှီးမြုပ်နှံရန် လိုအပ်သော အရင်းအမြစ်များသည် မရေမတွက်နိုင်အောင် များပြားလှသည်။ သို့သော် သူဒီလိုလုပ်ဖို့ဆုံးဖြတ်ပြီးသည့်အချိန်မှစ၍ ရီဖန်သည် စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
များပြားလှသော အရင်းအမြစ်များကို အရွက်တစ်ထောင်ကျွန်းသို့ ပို့ဆောင်ခဲ့သည်။ အဆင့်နိမ့်ကျင့်ကြံသူအများအပြားသည် အဆောက်အဦများနှင့် မြို့ရိုးများဆောက်လုပ်ရန် ကူညီပေးခဲ့ကြသည်။
အရွက်တစ်ထောင်ကျွန်းသည် မသေးငယ်လှဘဲ ၎င်းပေါ်တွင် မြို့တည်ရန် အချိန်များစွာလိုအပ်ပါသည်။ သို့သော် ရီဖန်နှင့် ရီမိသားစုသည် စောင့်နိုင်၏။
ရက်အတော်ကြာလာသည်နှင့်အမျှ အရွက်တစ်ထောင်ကျွန်းသည်လည်း တဖြည်းဖြည်း ပုံပေါ်လာသည်။ ကြီးမားသော မြို့ရိုးကြီးသည် အရွက်တစ်ထောင်ကျွန်းတစ်ခုလုံးကို ဝန်းရံထားသည်။ မြို့ရိုးအတွင်း၌ အဆောက်အဦးများ ပေါ်ပေါက်လာသည်၌
နောက်ဆုံးတွင် အရွက်တစ်ထောင်စျေးသည် အရွက်တစ်ထောင်ကျွန်း ၏ထောင့်တစ်နေရာသို့ ခေတ္တပြောင်းရွှေ့ခဲ့သည်။ ရီမိသားစု၏လုပ်ရပ်များကို အခြားမိသားစုများက သတိမပြုမိခဲ့ပေ။
ရီမိသားစုသည် မြို့တစ်ခုတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သူတို့သိလာသောအခါတွင် မိသားစုများစွာသည် ၎င်းတို့၏ အလွန်မြင့်မားသောရည်ရွယ်ချက်ကို ရယ်မောခဲ့ကြသည်။
မြို့တော်တစ်ခုတည်ဆောက်ခြင်းသည် ၎င်းကိုစိတ်ကြိုက် လုပ်ဆောင်နိုင်သည့်အရာမဟုတ်ပေ။ မိသားစုများစွာသည် ရီမိသားစုကို သူတို့ကိုယ်သူတို့ အရူးလုပ်ကြသည်ကို မြင်တွေ့ရန် စောင့်ကြည့်နေကြ၏။
ရီမိသားစုသည် မတုံ့ပြန်သော်လည်း ပို၍သတိရှိလာသည်။ ကျင့်ကြံခြင်း၊ ငွေရှာခြင်း၊ အရွက်တစ်ထောင်မြို့ကိုတည်ဆောက်ခြင်း စသည်ဖြင့် အရာအားလုံးသည် စနစ်တကျရှိခဲ့သည်။
တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်အထိကြာမြင့်သွားကာ
နှစ်တိုင်းတွင် ရီမိသားစုသည် အရွက်တစ်ထောင်မြို့တည်ဆောက်ရေးအတွက် အရင်းအမြစ်များစွာကို ရင်းနှီးမြုပ်နှံခဲ့သည်။
သတ္တမနှစ်တွင် ရီဖန်၏အခင်းအကျင်းစွမ်းရည်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားကာ
ဆယ်နှစ်အကြာတွင် ရီဖန်၏မန္တန်ကျင့်ကြံရေးအဆင့်သည် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သည်။
အစပိုင်းတွင် ရယ်မောနေကြသော မိသားစုကြီးများသည်လည်း ကိစ္စရပ်များကို အလေးအနက်ထားလာကြသည်။ အရွက်တစ်ထောင်မြို့သည် တဖြည်းဖြည်း ပုံပေါ်လာခဲ့ကာ မူရင်းလိပ်တစ်ထောင်မြို့ နှင့် အလွန်ကွာခြားပုံမပေါ်ချေ။
မိသားစုများစွာသည် အရွက်တစ်ထောင်မြို့ သို့ပြောင်းရမည်လောဟူ၍ပင် စဉ်းစားလာကြသည်။
လိပ်တစ်ထောင်မြို့ ပျက်ဆီးသွားခြင်းသည် အနီးနားရှိ မိသားစုများအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။
ယခုအခါ အရင်းအမြစ်များရောင်းဝယ်ရန်အတွက် ၎င်းတို့သည် ပိုမိုဝေးကွာသော မြို့ကြီးများသို့ မကြာခဏ ခရီးထွက်ခဲ့ရသည်။ အန္တရာယ်ရှိရုံမျှမဟုတ်ဘဲ အချိန်ကုန်ကာ လွန်စွာပင်ပန်းကြရသည်ဠ အကယ်၍ အရွက်တစ်ထောင်မြို့ တည်ထောင်နိုင်လျှင် မိသားစုတိုင်းအတွက် အကျိုးရှိမည်ဖြစ်သည်။
သို့သော် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူမရှိဘဲ ၎င်းသည် အဓိကမြို့ကြီးတစ်မြို့ကို ထောက်ပံ့ပေးနိုင်ပါသလော။ ရီမိသားစုသည် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ပါမည်လော။
အစပိုင်းတွင် သူတို့ကို လှောင်ရယ်မောခြင်းမှ ယခုတွင် အောင်မြင်မှုကို မျှော်လင့်နေကြသည်။ ရီမိသားစု၏ လုပ်ရပ်များသည် လူတိုင်း၏ လေးစားမှုကို ရရှိခဲ့သည်ဟု ဆိုရမည်။
နောက်ဆုံးတွင် အရွက်တစ်ထောင်မြို့ ကျရှုံးခဲ့လျှင်ပင် မည်သူမှ လှောင်ရယ်တော့မည်မဟုတ်ချေ။
ရီဖန်သည် အရွက်တစ်ထောင်မြို့၏ အထက်ကောင်းကင်တွင် ရပ်နေကာ အောက်ဘက်ရှိတည်ဆောက်ပုံများကို ငုံ့ကြည့်နေရင်း ခံစားချက်များစွာဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံး ဆယ်နှစ်အကြာတွင် အရွက်တစ်ထောင်မြို့သည် ပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
အရွက်တစ်ထောင်မြို့ တည်ဆောက်ရာတွင် အသုံးပြုသည့် အရင်းအမြစ်များသည် ရီမိသားစု၏ ကျင့်ကြံရေးအရင်းအမြစ်များအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သော်လည်း အရာအားလုံးမှာထိုက်တန်ခဲ့သည်။
တစ်ဖန်ပင် ရီမိသားစု၏ နှစ်ပတ်လည်မိသားစုတွေ့ဆုံပွဲအတွက် အချိန်ကျရောက်လာပြန်ပြီဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း ရီမိသားစုသည် အသုံးစရိတ်များအပေါ် တင်းကျပ်စွာထိန်းချုပ်ထားခဲ့သည်။
ပင်မဌာနကို ခွဲဝေပေးရသည့် အပိုင်းမှလွဲ၍ ဌာနခွဲအားလုံးသည် လုံး၀လုံလုံလောက်လောက်ရှိနေ၏။
"စီးပွါးရေးဌာနခွဲမှာ၊ အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့် ကျင်ကြံသူတစ်ဦး၊ အစောပိုင်းအဆင့်မှာတစ်ဦးနဲ့ ဒီနှစ် အမြတ်အစွန်းတွေက..."
"ကျင့်ကြံရေးဌာနခွဲမှာ အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ တစ်ဥိီး၊ အလယ်အလတ်အဆင့်တစ်ဦးနဲ့ အစောပိုင်းအဆင့်...'
“ဆေးပညာဌာနခွဲမှာ၊ အဆင့်မြင့်တတိယအဆင့်ဆေးပညာရှင်တစ်ဦး၊ အဆင့်နိမ့်တတိယအဆင့် ဆေးပညာရှင် တစ်ဦး..."
"အင်မော်တယ်ပစ္စည်းသန့်စင်ရေးဌာနခွဲမှာ အဆင့်မြင့်တတိယအဆင့် အင်မော်တယ်ပစ္စည်း သန့်စင်သူတစ်ဦး၊ အလယ်အလတ် တတိယအဆင့် အင်မော်တယ်ပစ္စည်း သန့်စင်သူ..."
ဤဆယ်နှစ်တာကာလအတွင်း ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးခြင်းမရှိခဲ့ဘဲ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရီဖန်ကို ထည့်သွင်းရေတွက်ခြင်းမပြုဘဲနှင့်ပင် ၎င်းတို့ကို အရှေ့နယ်မြေရှိ ပထမအဆင့် မိသားစုများထဲတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံရသည်။
"ဆယ်နှစ်ကြာ စုဆောင်းပြီးပြီဆိုတော့ ငါတို့ ရီမိသားစုရဲ့ အကျိုးအမြတ်ရိတ်သိမ်းရမယ့်နေ့ကို ကြိုဆိုတော့မှာမို့လို့ အားလုံးအဆင်သင့်ဖြစ်ပြီလား"
အရွက်တစ်ထောင်မြို့ကို အခက်အခဲမရှိ ချောချောမွေ့မွေ့ ထူထောင်နိုင်မည် မဟုတ်ပေ။ အခြားမိသားစုများက ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ရေမျိုးနွယ်စုနှင့် မွန်းစတားတို့သည်လည်း အရှေ့နယ်မြေတွင် အခြားမြို့ကြီးတစ်မြို့ပေါ်ထွက်လာသည်ကို မြင်လိုမည်မဟုတ်ချေ။
၎င်းတို့အားလုံးသည် ရီမိသားစုနောက်ထပ်တွေ့ကြုံရမည့် စမ်းသပ်မှုများပင် ဖြစ်၏။
"ရီမိသားစုအတွက် နောင်တမရှိဘဲ အသက်စွန့်ဖို့ ကတိပြုပါတယ်"
ရီဖန်သည် လွတ်မြောက်ခြင်းအလင်းအဖြစ်သို့ ပထမဆုံးအသွင်ပြောင်းကာ အရွက်တစ်ထောင်ကျွန်းသို့ ပျံသန်းသွားပြီးနောက်တွင် ရီမိသားစုကနောက်မှလိုက်သွားသည်။
သူ၏ သိုလှောင်အိတ်မှ ကောင်းကင်အခင်းအကျင်းအလံ သုံးရာခြောက်ဆယ့်ငါးခုထွက်လာကာ အရွက်တစ်ထောင် ကျွန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်လျက် ကျိုးထျန်းကြယ်အခင်းအကျင်းကို တည်ဆောက်လိုက်၏။
…………
အခန်း- ၉၅ ပင်လယ်လိပ်အကြီးအကဲ: ရီဖန်က တကယ်ပဲ ယွမ်ယင်အလယ်အလတ်အဆင့်မှာလား
ကောင်းကင်ပေါ်တွင် ကြယ်သုံးရာခြောက်ဆယ့်ငါးပွင့်သည် ကျိုးထျန်းကြယ်အခင်းအကျင်း နှင့်ချိတ်ဆက်ထားသည်။
ကြီးမားသောအခင်းအကျင်းအတွက် ကြယ်များ၏ စွမ်းအားကို အသုံးပြုခြင်းသည် ကျိုးထျန်းကြယ်အခင်းအကျင်းဟုခေါ်သည့် အဆင့်နိမ့် စတုတ္ထအဆင့် အခင်းအကျင်းတစ်ခုဖြစ်သည်။
ထိုမျှမကသေးဘဲ နောက်ထပ် ကိုးရာ့ကိုးဆယ်မျှသောစာတမ်းအခင်းအကျင်းများသည် ချက်ချင်းရောက်ရှိလာပြန်သည်။ ၎င်းမှာ ဝမ်လီစိတ်ဝိညာဉ်ဝါးမြိုခြင်း အခင်းအကျင်းဖြစ်၏။ မိုင်ပေါင်းတစ်သောင်းအကွာအဝေးအတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို အရွက်တစ်ထောင်မြို့မှ ပြင်းထန်စွာစုဆောင်းခဲ့သည်။
ကောင်းကင်ဘုံကိုးခုစိန်ခေါ်ခြင်းနတ်ဘုရား အခင်းအကျင်း၊ ကြီးမားသောနေဝန်း၏မြောက်များစွာသော ကောင်းကင်ဘုံဓားအခင်းအကျင်းစသည်ဖြင့် တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ ဝိညာဉ်စွမ်းအားစုစည်းမှု၊ ထင်ယောင်ထင်မှားမှုများဖြစ်ခြင်းဟူသည့် ကြီးမားသောအခင်းအကျင်းလေးခုသည် တစ်ခုနှင့်တစ်ခုအားဖြည့်ပေးကာ အရွက်တစ်ထောင်မြို့ကို အပြည့်အဝကာကွယ်ပေးသည်။
နောက်ဆုံး အခင်းအကျင်းစာတမ်းကို တပ်ဆင်ပြီးသောအခါ အခင်းအကျင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ဤမြင်ကွင်းသည် အရွက်တစ်ထောင်မြို့ကို အာရုံစိုက်နေသော မရေတွက်နိုင်သည့် ကျင့်ကြံသူများကို အံ့အားသင့်စေခဲ့သည်။
ရီမိသားစု၏ မိသားစုအကြီးအကဲဖြစ်သူ ရီဖန်သည် စတုတ္ထအဆင့် အခင်းအကျင်းပညာရှင်ဖြစ်သည်။
အခင်းအကျင်းပညာရှင်၏ အဆင့်အတန်းသည် ဆေးပညာရှင်ထက် အနည်းငယ်သာလွန်သော ဂုဏ်သိက္ခာရှိပြီး ၎င်းတို့သည်အနည်းငယ်သာ ရှိသည်။
စတုတ္ထအဆင့် အခင်းအကျင်းပညာရှင်၏ အဆင့်အတန်းသည် အခြေတည်ဝိညာဉ်အဆင့် ရှိ ကျင့်ကြံသူထက် နိမ့်ကျခြင်းမရှိချေ။
ရီဖန်သည် စတုတ္ထအဆင့် အခင်းအကျင်းပညာရှင် ဖြစ်လာလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
“ရီမိသားစုက ဒီမြို့ကြီးကို တည်ထောင်ဖို့ ယုံကြည်မှုရှိခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။ ရီမိသားစုမှာ စတုတ္ထအဆင့် အခင်းအကျင်းပညာရှင် ရှိနေတာပဲ”
သို့သော် စတုတ္ထအဆင့် အခင်းအကျင်းပညာရှင်သည် သူတို့ကို ထိန်းထားနိုင်မည်လော။ ယခုတွင် အရွက်တစ်ထောင်မြို့ကို တရားဝင် တည်ထောင်လိုက်ပြီဖြစ်ရာ တချို့လူများသည် စတင်လှုပ်ရှားတော့မည်မဟုတ်လော။
လူတိုင်းသည် မည်သူက တိုက်ခိုက်လာမည်ကို တွေးနေကြသည့်အချိန်တွင် ကောင်းကင်၌ နေကြတ်ရန် လုံလောက်သည့် မှောင်မိုက်သောရောင်ဝါတစ်ခုသည် အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာသည်။
ဟိန်းဟောက်သံထွက်ပေါ်လာပြီးသည့်နောက် ပင်လယ်ရေမျက်နှာပြင်အထက် တစ်ကီလိုမီတာကျော်မြင့်သော လိပ်တစ်ကောင်သည် လူတိုင်း၏မြင်ကွင်းတွင်ပေါ်လာသည်။
၎င်းမှထွက်လာသော အသက်ရှုငွေ့သည် လူတိုင်းကို အသက်ရှူကြပ်နေခဲ့ကာ လိပ်ကြီးသည် အခြေတည်ဝိညာဉ်အဆင့်ရှိ မွန်းစတားဖြစ်ကြောင်းထင်ရှားစေသည်။
“အရှေ့နယ်မြေမှာ မြို့ကြီးတွေ လုံလုံလောက်လောက်ရှိတယ်။ ကိုးခုမြောက်မြို့ကို မလိုဘူး”
လိပ်ကြီးသည် ခြေတစ်ချောင်းကို မြှောက်လိုက်ကာ ပြင်းပြင်းထန်ထန် နင်းလိုက်းရာ ကောင်းကင်ယံမှ ကြီးမားသော ခြေတစ်ချောင်းကျဆင်းလာကာ ပြင်းထန်သောအင်အားဖြင့် အရွက်တစ်ထောင်မြို့ကို နင်းချေခဲ့သည်။
ရီဖန်သည် မလှုပ်ရှားဘဲ မရေမတွက်နိုင်သောကြယ်များကျလာကာ ကျိုးထျန်းကြယ်အခင်းအကျင်းသည် ချက်ချင်းအသက်ဝင်လာ၏။
အရွက်တစ်ထောင်ကျွန်းသည် လှုပ်ခတ်သွားသည့်တိုင် လိပ်မွန်းစတား၏ ပြင်းထန်သောတိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည်။ ရှေးကျသော အခင်းအကျင်းသည် မျှော်လင့်ထားသည့်အတိုင်းပင် ရီဖန်ကို စိတ်ပျက်စေခဲ့ခြင်းမရှိချေ။
လိပ်မွန်းစတားသည် အဆက်မပြတ် တိုက်ခိုက်နေသော်လည်း အရွက်တစ်ထောင်မြို့ သည် ပျက်စီးခြင်းမရှိခဲ့ပေ။ လိပ်မွန်းစတားသည် ၎င်း၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီးနောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ မွန်းစတားတစ်ဒါဇင်ခန့်သည် အရွက်တစ်ထောင်ရွက်ကျွန်းတစ်ဝိုက်တွင် ပေါ်လာသည်။
"သတ်! ”
ရီ ကျင်းချုံသည် ဝံပုလွေဖန်းကို ထုတ်ယူလိုက်ကာ ရီမိသားစုမှ အခြားသောကျင့်ကြံသူများသည်လည်း စတင်တိုက်ခိုက်ခဲ့ကြရာ မန္တန်များ၊ အင်မော်တယ်လက်နက်များသည် ကောင်းကင်တွင် လွင့်ပျံလျက်ရှိသည်။
ရီကျင်းဖန်သည် ဖီးနစ်မီးငှက်အဖြစ်အသွင်ပြောင်းကာ မွန်းစတားအုပ်စုထဲသို့ ဝင်သွားပြီးနောက် အမြုတေဖွဲ့စည်းခြင်းအဆင့် မွန်းစတားများသည် အော်ဟစ်လိုက်ကြသည်။ ကောင်းကင်ဘုံမီးတောက်သည် ကိုယ်ခန္ဓာကို လောင်ကျွမ်းရုံမျှမက စိတ်ဝိညာဉ်ကိုလည်း လောင်ကျွမ်းစေ၏။
အခြားနေရာများတွင် ရီကျင်းထျန်နှင့် အခြားသူများသည် ၎င်းတို့၏တိုက်ပွဲများကို အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်နေကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ မွန်းစတားများသည် ၎င်းတို့ကို တားဆီးရန် မလုံလောက်ပေ။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ရီမိသားစုမှ ကျင့်ကြံသူများသည် ၎င်းတို့၏ ဝိညာဉ်မျိုးစိတ်အမျိုးမျိုးကို အောင်မြင်စွာထုတ်ယူခဲ့ကြသည်။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူသည် ပင်မဖွဲ့စည်းခြင်းအဆင့်ရှိမွန်းစတားကို အနိုင်ယူနိုင်မည်မဟုတ်သော်လည်း ၎င်းတို့ထဲမှ အယောက် တစ်ရာ၊ တစ်ထောင်ခန့်ဆိုပါက မည်သို့ဖြစ်မည်နည်း။
မရေမတွက်နိုင်သော ဝိညာဉ်သတ္တဝါများသည် မွန်းစတားတပ်ကို ဝိုင်းရံခဲ့ကြသည်။ ဤတိုက်ပွဲကို ကြည့်ကာ အခြားမိသားစုများမှ ကျင့်ကြံသူအားလုံး အံ့ဩသွားကြသည်။ ရီမိသားစုသည် အမှန်တကယ်ပင် ဤမျှစွမ်းအားကြီးသည်လော။
သို့ရာတွင် ၎င်းတို့သည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ အချည်းနှီးဖြစ်ဆဲဖြစ်သည်။ ဤတိုက်ပွဲ၏ရလဒ်ကို အခြေတည်ဝိညာဉ်အဆင့်မှ ကျင့်ကြံသူများဖြင့် ဆုံးဖြတ်သည်။
သူ့လက်အောက်ငယ်သားများ အဆက်မပြတ် သေဆုံးနေသည်ကို မြင်လိုက်ရသော လိပ်မွန်းစတားသည် နောက်ဆုံးတွင် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ဟိန်းဟောက်သံနှင့်အတူ ဥက္ကာခဲတစ်စင်းသည် ကောင်းကင်မှဆင့်ခေါ်ခြင်းခံလိုက်ရကာ ရီမိသားစု၏ ကျင့်ကြံသူများဆီသို့ ဦးတည်သွားခဲ့သည်။
ထိမိလိုက်ပါက ရီမိသားစုမှ ကျင့်ကြံသူများသည် သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုအချိန်တွင် ရီဖန်သည် စတင်လှုပ်ရှားခဲ့သည်။
‘မှောက်ထားသော ကောင်းကင်တံဆိပ်စည်း’
မှောက်လှန်နေသော ကောင်းကင်တံဆိပ်စည်းသည် ဖောင်းတက်လာပြီး ဥက္ကာခဲပေါ်သို့ ကျရောက်သွားကာ အားကြီးသော ဥက္ကာခဲကြီးသည် ချက်ခြင်း ပေါက်ကွဲသွားသည်။
ရီဖန်က ပြုံးလိုက်ကာ "မင်း ဆူဆာနိုကို ဆင့်ခေါ်နိုင်ရင်တောင် မင်းကို စိန်ခေါ်မှုတစ်ခုလို့ ငါ သတ်မှတ်လိုက်ဦးမယ်"
"ဒါပေမယ့် မင်းကဘာမှမှ မဟုတ်တာဘဲ!"
‘အင်မော်တယ်သုတ်သင်ခြင်း ဓားလေးစင်း’
အချိန်အကြာကြီးအသုံးမပြုခဲ့သော ‘အင်မော်တယ်သုတ်သင်ခြင်း ဓားလေးလက်၏ အသွင်အပြင်ကို ပြန်လည်မြင်တွေ့ရသည်။
"ဒီနေ့ အရွက်တစ်ထောင်မြို့ရဲ့ မှတ်တိုင်အဖြစ် မင်းရဲ့ခြေထောက်လေးချောင်းကို ငါဖြတ်မယ်"
‘အင်မော်တယ်သုတ်သင်ခြင်း ဓားလေးလက်သည် သူတော်စင်များကိုပင် ဖြတ်တောက်နိုင်သည်။ ရီဖန်၏ ဓားလေးချောင်းသည် အတုအယောင်မျှသာဖြစ်သော်လည်း ၎င်းတို့သည် အခြေတည်ဝိညာဉ်အဆင့်လိပ်မွန်းစတားကို ဖြတ်တောက်ရန် လုံလောက်ပါသေးသည်။
‘အင်မော်တယ်သုတ်သင်ခြင်း ဓားလေးလက်ကိုမြင်သောအခါ လိပ်မွန်းစတားသည် နာကျင်စွာအော်ကာ ရီဖန်ကိုကြည့်လာသော ၎င်း၏မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့်ပြည့်နှက်နေခဲ့သည်။
သူ၏ ကျင့်ကြံရေးအဆင့်သည် အစောပိုင်း အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ရီဖန်၏ တိုက်ခိုက်မှုကို သူ မခုခံနိုင်ခဲ့ပေ။ ခြေထောက်လေးချောင်းသည် ကောင်းကင်ထောက်တိုင်များကဲ့သို့ ကြီးမားကာ ပင်လယ်မျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရီဖန်သည် နောက်ဆုံးတွင် သူ၏စစ်မှန်သောစွမ်းအားဖြစ်သည့် အခြေတည်ဝိညာဉ်အလယ်အလတ်အဆင့်ကို ပြသခဲ့သည်။
ရီဖန်သည် သူ၏တိုက်ခိုက်မှုကို ဆက်လက်မလုပ်ဆောင်တော့ဘဲ လိပ်မွန်းစတားသည်လည်း ၎င်း၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
ရီဖန်ကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် လိပ်မွန်းစတားသည် လှည့်ပြန်သွားကာ ၎င်းခေါ်ဆောင်လာသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် မွန်းစတားများကိုပင် ထားရစ်ခဲ့သည်။
ရီဖန်၏ စွမ်းအားသည် ၎င်း၏အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ အခြေတည်ဝိညာဉ်အလယ်အလတ်အဆင့်၏ လူသားကျင့်ကြံသူသည် ယခင်လိပ်တစ်ထောင်မြို့ မှ မူလအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူထက် ပိုမိုအားကောင်းကာ မြို့ကြီးတစ်ခုကို တည်ထောင်ရန် အရည်အချင်းပြည့်မီသည်။
ဗွမ်း!
လိပ်မွန်းစတားထွက်သွားပြီးသည့်နောက်တွင် လူတိုင်းသည် နောက်ဆုံးတွင်တုံ့ပြန်လာကြသည်။ ရီမိသားစုသည် စမ်းသပ်မှုကိုအောင်မြင်ကာမြို့ကြီးကို တည်ထောင်ရန် အရည်အချင်းကို ရရှိခဲ့သည်။
ရီမိသားစုတွင် အမှန်တကယ်ပင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူရှိကာ ၎င်းသည် အလယ်အလတ်ဝိညာဉ်အဆင့်ပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်က ကျွန်းတစ်ထောင်လျို့ဝှက်နယ်မြေရှိ ရီမိသားစု၏ ဆဋ္ဌမမြောက်အဖွဲ့ဝင်၏ အပြုအမူကိုသတိရပြီးနောက် ရီမိသားစုပြသခဲ့သည့် ကျင့်ကြံရေးအဆင့်ကို မိသားစုများစွာက မယုံကြည်ခဲ့ကြပေ။
ရီမိသားစုတွင် အမှန်တကယ်ပင် အခြေတည်ဝိညာဉ်အဆင့်ကကျင့်ကြံသူတစ်ဦးသာ ရှိသည်လော။ ရီမိသားစု၏ မိသားစုအကြီးအကဲသည် အမှန်တကယ်ပင် အလယ်အလတ်အဆင့် အခြေတည်ဝိညာဉ်အဆင့်ရှိသည်မှာ သေချာပါ၏လော။
"မင်းတို့ယုံလား?"
"မယုံဘူး!"
ရီဖန်သည် ထူးကဲအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ ရုတ်တရက်ဖြစ်လာလျှင်ပင် အံ့သြမည်မဟုတ်ပေ။ နောက်ဆုံးတွင် ဆဋ္ဌမမြောက်အဖွဲ့ဝင်၏ ဂုဏ်သတင်းသည် သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွား၏။
ရီဖန်သည် လက်ဟန်ပြလိုက်သောအခါ ပင်လယ်ထဲသို့ကျသွားသော လိပ်ခြေထောက်လေးချောင်းသည် ပျံတက်လာကာ အရွက်တစ်ထောင်မြို၏ ထောင့်လေးခုထံ ဦးတည်သွားသည်။ လိပ်ခြေထောက်များသည် မွေးဖွားခြင်းဝိဥာဉ်အဆင့် ရောင်ဝါကိုထုတ်လွှတ်နေဆဲဖြစ်ကာ ယခုအခါ အရွက်တစ်ထောင်မြို့၏ ထောင့်များတွင် မြှုပ်နှံထားသည်။
မီတာတစ်ထောင်မြင့်သော အခြေတည်ဝိညာဉ်အဆင့် လိပ်မွန်းစတား၏ ခြေထောက်လေးချောင်းသည် အရွက်တစ်ထောင်မြို့ အတွက် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ပေါင်းထည့်ခဲ့ကာ အရွက်တစ်ထောင်မြို့ သို့လာရောက်မည့် ကျင့်ကြံသူများအတွက် မဖြစ်မနေလာရောက်လည်ပတ်သင့်သော ဆွဲဆောင်မှုတစ်ခုဖြစ်လာသည်။
လူများစွာသည် အခြေတည်ဝိညာဉ်အဆင့် ကြီးမားသော မွန်းစတား၏ခြေထောက်လေးချောင်းကို မြင်ဖူးကြမည်မဟုတ်ပေ၊ မွန်းစတား၏အကြွင်းအကျန်များ၏ ဖိနှိပ်မှုရောင်ဝါအောက်တွင် အချိန်အတော်ကြာနေနေခြင်းက ၎င်းတို့၏ဝိညာဉ်ရေးစွမ်းအားကို ဖြည်းဖြည်းချင်းမြှင့်တင်နိုင်ဆဲဖြစ်သည်။
"ဒီနေ့မှာပဲ အရွက်တစ်ထောင်မြို့ကို မွန်းစတားပစ္စည်းတွေကို အကြီးအကျယ်ရောင်းချခြင်းနဲ့အတူ တရားဝင်တည်ထောင်လိုက်ပါပြီ!"
ရီဖန်၏ကြေငြာချက်အပြီးတွင် ရီမိသားစုအဖွဲ့ဝင်များက အရွက်တစ်ထောင်မြို့အတွင်းရှိ အရွက်တစ်ထောင်ဆေးခန်းသို့ မွန်းစတားစ္စည်းများအားလုံးကို ပြောင်းရွှေ့လိုက်ကြသည်။
ဤမွန်းစတားအားလုံးသည် အမြုတေ ဖွဲ့စည်းခြင်းအဆင့်တွင်ရှိကာ ၎င်းတို့၏ကိုယ်ခန္ဓာရှိ ပစ္စည်းအားလုံးသည် အလွန်တန်ဖိုးရှိသည်။ ၎င်းမှာလည်း ကြီးမားသော ကံကြမ္မာဖြစ်ပုံရသည်၌
စည်းမျဥ်းထိန်းသိမ်းခြင်း၊ နေရာငှားရမ်းခြင်းနှင့် အခြားအရာအားလုံးသည် လူအင်အား လိုအပ်သောကြောင့် ရီမိသားစုမှကျင့်ကြံသူအများစုသည် အရွက်တစ်ထောင်မြို့တွင် စုဝေးကြသည်။
ရီမိသားစုသည် တစ်ချိန်ကလိပ်တစ်ထောင်မြို့ တည်ရှိခဲ့သောဒေသတွင် ယနေ့အချိန်၌ နာမည်တစ်ခုထူထောင်နိုင်ခဲ့သည်။
ထို့အပြင် ၎င်းသည် အစပင်ရှိသေးသည်။ အရှေ့နယ်မြေ၏မြို့ကိုးမြို့၌ ရီမိသားစုမှ သယ်ဆောင်လာသော မုန်တိုင်းသည် ယခုမှစနေပြီဖြစ်သည်။
“ဘာလဲ၊ ရီမိသားစုက အရွက်တစ်ထောင်မြို့ကို တကယ်တည်ထောင်ခဲ့တာလား။ ပြီးတော့ သူတို့က မွေးဖွားခြင်းဝိဉာဉ်အဆင့်ပင်လယ်လိပ်အကြီးအကဲကို မောင်းထုတ်သွားတယ်၊ မင်းတို့တွေ နောက်ပြောင်နေတာပဲဖြစ်ရမယ်”
"ပင်လယ်လိပ်မွန်းစတားကြီးက ရှုံးသွားပြီးတော့ ခြေလက်တွေတောင် ချန်ထားခဲ့ရတာလား?"
"လိမ်နေတာ၊ သွား ဒါလိမ်နေတာပဲဖြစ်ရမယ်!"
ပင်လယ်လိပ်အကြီးအကဲသည် မွန်းစတားမျိုးနွယ်စု၏ မွေးဖွားခြင်းဝိဥာဉ်အဆင့် ကျင့်ကြံသူများတွင် စွမ်းအားအကြီးဆုံးမဟုတ်သော်ကြား အလွန်ကျော်ကြားသည်။
သူတို့မြို့ကြီးများကို ထူထောင်ပြီးချိန်တွင် ပင်လယ်လိပ်အကြီးအကဲနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ပင်လယ်လိပ်အကြီးအကဲသည် ရှုံးသွားသည့်တိုင် ခြေလက်လေးချောင်းစလုံး ဖြတ်တောက်ခံရကာ ယခုကဲ့သို့ သနားစရာအဖြစ်မျိုးတစ်ခါမှ မရှိခဲ့ပေ။
မြို့အကြီးအကဲအများအပြားသည် မယုံနိုင်ဘဲ သတင်းမှားဟုသာ ထင်နေကြ၏။ သို့သော် အရွက်တစ်ထောင်မြို့၏ ကောင်းကင်ထောက်တိုင်လေးတိုင်ကို မြင်လိုက်ရသောအခါ ယုံလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အရှေ့ပိုင်းနယ်မြေတွင် စွမ်းအားကြီးမိသာားစုတစ်ခု ထွက်ပေါ်လာပြီဖြစ်ကြောင်း သူတို့သဘောပေါက်လိုက်သည်။
‘ရီမိသားစု၊ ရီဖန်’
မြို့အကြီးအကဲ အများအပြားသည် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ကြသည်။ ရီဖန်၏ ကြီးကျယ်ခမ်းနားသော မွေးနေ့နီးလာသောအခါတွင် သူတို့အားလုံးသည် လိပ်တစ်ထောင်မြို့သို့သွားရန် စီစဉ်ခဲ့ကြသည်။
အလယ်အလတ် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူသည် ၎င်းတို့၏ မဟာမိတ်ဖြစ်ထိုက်၏။
………………….
အခန်း ၉၆ - မိသားစု တိုးပွါးလာခြင်း ခုနစ်၊ အရှေ့နယ်မြေ၏ မြို့ကြီးလေးခု (၄/၅)
သူ၏အင်အားကို ပြသလိုက်ပြီးသည့်နောက်တွင် အရွက်တစ်ထောင်မြို့တော်သည် လှုပ်ရှားမှုနှင့်အတူ ရုတ်တရက် အသက်ဝင်လာကာ တစ်ကိုယ်တည်း ကျင့်ကြံသူများ၊ ကျင့်ကြံရေးမိသားစုများနှင့် ဂိုဏ်းခွဲများစွာတို့သည် အရွက်တစ်ထောင်မြို့တွင် အခြေချနေထိုင်လာကြသည်။
အရွက်တစ်ထောင်မြို့သည် ကျယ်ဝန်းသော်လည်း အဓိကနေရာများမှာ အကန့်အသတ်ရှိသည်။ ထို့ကြောင့် လူတိုင်းသည် တတ်နိုင်သမျှ စောစီးစွာ နေထိုင်ချင်ကြ၏။
“အရွက်တစ်ထောင်မြို့ကို တည်ထောင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ရီမိသားစုအင်အားက အမှတ်ခုနစ်ရာ တိုးလာပြီ။”
“ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ် သခင်။ မိသားစုအင်အား သုံးအတွက် ဆုကိုအခုပဲ ထုတ်ယူနိုင်ပါပြီ”
မိသားစုအင်အားတာဝန်သည်လည်း ချက်ချင်းပြီးမြောက်ခဲ့သည်။
"စနစ်၊ ဆုတွေထုတ်လိုက်ပါ"
"ဂုဏ်ယူပါတယ် သခင်၊ မင်းရဲ့ဆုကတော့ မိသားစုစကားပုံ 'အစကတည်းကအဆုံးကိုသိတယ်'ဖြစ်ပြီးတော့ ဉာဏ်အလင်း အမှတ်၂၀၀၀ (အနီရောင်) တိုးလာပါပြီ"
သူ၏ဉာဏ်အလင်းကို မြှင့်တင်ပေးခြင်းဖြင့် ရီဖန်သည် စိတ်တည်ငြိမ်လာကာ အမျိုးမျိုးသော ကျင့်ကြံရေးနည်းစနစ်များကို သိရှိနားလည်လာခဲ့သည်။
“စနစ်၊ မိသားစုစကားပုံကိုတင်လိုက်ပါ”
ကျင့်ကြံရေးအဆင့်မြင့်လေ၊ အရည်အချင်းအပြင် ဉာဏ်အလင်းလိုအပ်လေလေဖြစ်သည်။ ရီမိသားစုသည် ၎င်း၏ဒုတိယမြောက် မွေးဖွားခြင်းဝိဉာဉ်အဆင့်ကျင့်ကြံသူကို ရရှိနိုင်ရန် ဝေးကွာသေးသည်။
ထင်ရှားစွာပင် အရွက်တစ်ထောင်မြို့သည် လိပ်တစ်ထောင်မြို့ ထက် မနိမ့်ကျချေ။ အမှန်တကယ်တွင် လိပ်တစ်ထောင်မြို့ထက်ပင် ပိုချမ်းသာသေးသည်။ ရီဖန်၏ စွမ်းအားကြောင့် လူတိုင်းသည် လုံခြုံမှုကို ခံစားခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ကျော်သွားကာ ရီဖန် သည် ၎င်း၏နှစ်တစ်ရာပြည့်မွေးနေ့ကို ကျင်းပခဲ့သည်။ လက်ရှိတွင် အရှေ့နယ်မြေတွင် မည်သည့်မိသားစုက ဩဇာအရှိဆုံးဖြစ်သနည်းဟု မေးလာပါက သံသယမရှိဘဲ ရီမိသားစုသာဖြစ်၏။
“ပင်လယ်ဂဏန်းမြို့က ဂုဏ်ပြုလက်ဆောင်အနေနဲ့ စတုတ္ထအဆင့် ဝိညာဉ်မြက်သုံးပင်နဲ့ စတုတ္ထအဆင့် ဝိညာဉ်ကျောက်တုံးသုံးတုံး ပေးအပ်ပါတယ်”
“ခါးသက်သောဓားမြို့က ဂုဏ်ပြုလက်ဆောင်အနေနဲ့ စတုတ္ထအဆင့် ဝိညာဉ်မြက်ပင်ငါးပင်ကိုပေးအပ်ပါတယ်”
မြို့ကြီးရှစ်မြို့လုံးမှ လက်ဆောင်များ ယူလာပေးသည့်အတွက် ဂုဏ်ပြုပွဲကို တက်ရောက်လာသည့် ကျင့်ကြံသူများသည် အံ့အားသင့်ခဲ့ကြသည်။ ၎င်းတို့သည် လက်ဆောင်များ ပေးပို့ရုံသာမက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူရှစ်ဦးသည်လည်း အရွက်တစ်ထောင်မြို့တွင် စုဝေးနေကြသည်ကိုပင် တွေ့ခဲ့ကြရသည်။
၎င်းမှာ….. လုံးဝ အထင်ကြီးဖွယ်ကောင်းလှ၏။ ရီဖန်၏စွမ်းအားနှင့် အရွက်တစ်ထောင်မြို့၏ အဆင့်အတန်းကို အရှေ့နယ်မြေရှိ မြို့ရှစ်မြို့က အသိအမှတ်ပြုခဲ့သည်။
"မိတ်ဆွေရီ၊ ဂုဏ်ယူပါတယ်!"
"မင်းတို့အားလုံး အရွက်တစ်ထောင်မြို့ မှာရှိနေပေးတာ ဂုဏ်ယူစရာပါပဲ"
“ငါတို့ အခုမှရောက်လာတာကို မိတ်ဆွေရီ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
"ဘယ်ဟုတ်မလဲ။ ကျေးဇူးပြုပြီး အထဲဝင်ပါ။”
ဤပုဂ္ဂိုလ်များ အားလုံးသည် ရီဖန်ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ရမည့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ အရွက်တစ်ထောင်မြို့ရှိ အမြင့်ဆုံးမျှော်စင်၊ အရွက်တစ်ထောင်ဆေးခန်း၏ အပေါ်ဆုံးထပ်တွင် ရီဖန်သည် ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်လက်ဖက်ရည်ကို ကိုယ်တိုင်ပြုလုပ်ခဲ့သည်။
မွေးနေ့ပွဲများ ကျင်းပခြင်းထက် ကျင့်ကြံရေးအကြောင်းထိုင်ကာ ဆွေးနွေးခြင်းသည် ဦးစားပေးဖြစ်သည်။
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ကိုးဦးစလုံး တစ်ပြိုင်နက်စုရုံးရန်မှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ဤအဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုမျိုးတွင်မပါဝင်ဘဲ ဖြုန်းတီးခြင်းသည် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ ပင်လယ်ဂဏန်းမြို့၏ အကြီးအကဲဖြစ်သူသည် သူ၏တာအိုကျင့်စဉ်ကို ရှင်းပြခြင်းဖြင့် ဆွေးနွေးပွဲကိုစတင်ခဲ့သည်။
တာအိုပညာရပ်ကို ဆွေးနွေးဖလှယ်ပြီး အခြားသူများ၏တာအိုကျင့်စဉ်ဖြင့် အဆင့်မြှင့်တင်ခြင်းမှတဆင့် အင်မော်တယ်ဖြစ်လာခြင်းသည် ကျင့်ကြံသူများကြားတွင် ပုံမှန်ဖြစ်သည်။ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက်ထံမှ သိသာထင်ရှားသော ဉာဏ်အလင်းများကို ရရှိခဲ့ကြသည်။ ရီဖန်သည် သူ၏ ကျင့်ကြံရေးလမ်းကြောင်းကို ရှင်းပြရန် တာအိုဆေးပညာကို အသုံးပြုခဲ့သည်။
ဆေးပညာ၏ အခြေခံသဘောတရားများနှင့် ကျင့်ကြံရေးတို့မှာ ဆက်စပ်နေကြသည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်အထိ အောင်မြင်မှုအတွင်းပြုလုပ်ခဲ့သော အမြုတေသည် ဆေးပညာ၏ အခြားသောပုံစံဖြစ်သည်။
တခါတရံတွင် လူတိုင်းသည် စိတ်ရှုပ်ထွေးမှုကြောင့် မျက်မှောင်ကြုတ်ကြကာ အခြားအချိန်များတွင် နားလည်မှုဖြင့် ပြုံးနေတတ်သည်။ တာအိုပညာသည် ပုံသေမဟုတ်ပေ။ ရီဖန်၏ ဆေးပညာအကြောင်း ကြားပြီးနောက်တွင် လူတိုင်းသည် ၎င်းတို့မှာ ကြီးမားစွာအကျိုးခံစားခဲ့ရသည်ဟု ခံစားခဲ့ကြရကာ ရီဖန်ကို ကွဲပြားစွာမြင်လာသည်။
ရီဖန်သည် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ရုံသာမက စတုတ္ထအဆင့်အခင်းအကျင်းပညာရှင်နှင့် စတုတ္ထအဆင့်ဆေးပညာရှင်ဖြစ်နေမည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ကြပေ။ အထူးသဖြင့် နောက်ဆုံးအထောက်အထားနှစ်ခုဖြစ်သည့် ၎င်းတို့သည် ရီဖန်ကိုယ်တိုင် မွေးဖွားခြင်းဝိဥာဉ်အဆင့် ကျင့်ကြံသူသူဖြစ်ခြင်းထက် အခြား မွေးဖွားခြင်းဝိဥာဉ်အဆင့်ကျင့်ကြံသူများအတွက် ပို၍ဆွဲဆောင်မှု ရှိခဲ့သည်။
အရှေ့နယ်မြေတွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများမှာ နည်းပါးကာ စတုတ္ထအဆင့်ဆေးပညာရှင်နှင့် အခင်းအကျင်းပညာရှင်များသည် ပို၍ပင်ရှားပါးပါသည်။ ယခင်က လိပ်တစ်ထောင်မြို့၏ အကြီးအကဲသည် စတုထ္ထအဆင့်ဆေးပညာရှင်ဖြစ်သော်လည်း ၎င်းသည်မည်သည့်နေရာသို့ရောက်နေမှန်း ယခုအချိန်အထိ မသိရသေးချေ။
ဤအခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ဆေးပညာကိုလေ့ကျင့်ရန်လိုအပ်လာသောအခါ အခြားနယ်မြေများရှိ စတုတ္ထအဆင့်ဆေးပညာရှင်များကို ရှာဖွေရမည်ဖြစ်သည်။ အသိမိတ်ဆွေများမရှိလျှင် တန်းစီရန် လိုအပ်သည်။
ယခုတွင် သူတို့ဘေး၌ စတုတ္ထအဆင့်ဆေးပညာရှင်နှင့် အခင်းအကျင်းပညာရှင်တစ်ဦးရှိနေပြီဖြစ်သောကြောင့် အကျိုးကျေးဇူးများစွာကို ရရှိစေခဲ့သည်။ ရီဖန်နှင့် အဆက်အသွယ်ရရန် လူတိုင်း၏ဆန္ဒမှာ တိုးလာခဲ့သည်။
"လာပါ အကြီးအကဲရီ အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ကြရအောင်"
သိုလှောင်အိတ်များထဲမှ ဝိညာဉ်အသီးအနှံများနှင့် ဝိညာဉ်ဝိုင်အမျိုးမျိုးကို ထုတ်ယူလိုက်ကာ လူတိုင်းသည် အသည်းအသန် သောက်နေကြသည်။ စားသောက်နေစဉ်တွင် အကြီးအကဲများသည် အရွက်တစ်ထောင်မြို့နှင့် သံတမန်ဆက်ဆံရေးဖွဲ့ရန် အကြံဥာဏ်များ တောင်းခံကြ၏။ စာပို့ဆက်သွယ်ခြင်း၊ ဆက်သွယ်ရေးများမျှဝေခြင်းသည် အဆင်ပြေနိုင်သည်။
သံတမန်ဆက်ဆံရေးသည် ရီမိသားစုအတွက်လည်း အကျိုးရှိခဲ့သည့်အတွက် ထုံးစံအတိုင်း ရီဖန်သည်လည်း မငြင်းဆိုခဲ့ချေ။
အခြားမြို့ကြီးရှစ်မြို့နှင့် ဆက်ဆံရေးတည်ဆောက်လာနိုင်သည်နှင့်အမျှ အရွက်တစ်ထောင်မြို့ ၏ရပ်တည်မှုသည် ယခင်ကထက် ပိုမိုလုံခြုံလာသည်။
ရီဖန်၏စိတ်ထဲတွင် နောက်ဆုံး၌ စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
“ရေရှည်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်၊ မိသားစုတိုးပွါးလာခြင်း ခုနစ် အရှေ့နယ်မြေကိုးမြို့ကို စိုးမိုးခြင်းကို ပြီးမြောက်သွားလို့ ဆုလာဘ်တောင်းဆိုရန် အသင့်ဖြစ်နေပါပြီ ”
"ဆုကိုထုတ်လိုက်ပါ"
"ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်၊ မိသားစု ဝင်ခွင့် အမြင့်မြတ်ဆုံးအင်မော်တယ်အရင်းအမြစ်များ၊ အနီရောင်စွမ်းရည်အမှတ် ၃၀၀၀တိုးလာပါပြီ”
"စနစ်၊ ဝင်ခွင့်ကို တင်လိုက်ပါ"
ရီမိသားစုဝင်များသည် ၎င်းတို့၏ အရည်အချင်းများ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ဝိညာဉ်ရေးအမြစ်များသည်လည်း အပူလှိုင်းများ ခံစားခဲ့ရသည်။ ယခင်က အရည်အချင်းများ တိုးလာခြင်းနှင့်အတူ လူအများစု၏ ဝိညာဉ်ရေးအမြစ်များသည် တတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အစိမ်းရောင်’ကျောက်’၏ဝိညာဉ်ရေးအမြစ်သည် ဒုတိယအဆင့်သို့ပင် ရောက်ရှိခဲ့သည်။
ရီဖန်သည် ရီကျင်းထျန်ကဲ့သို့သော သူများကို ၎င်းတို့၏ အရည်အချင်းများကို စမ်းသပ်ရန် ချက်ချင်း ခေါ်လိုက်သည်။ သာမာန်ဝိညာဉ်ရေးအမြစ်များသည် ဒုတိယအဆင့်ဖြစ်ကာ အစိမ်းရောင်’ကျောက်’၏ဝိညာဉ်ရေးအမြစ်သည် ပထမအဆင့်ဖြစ်သည်။
ရီဖန်၏ စိတ်ထဲတွင် ပြတ်သားသော အကြံအစည်တစ်ခု ပေါ်လာသည်၊ ရီကျင်းစန်၏ ဝိညာဉ်ရေးအမြစ်သည်လည်း အဆင့်တက်နိုင်မည်လော။
ရီကျင်းစန်၏ အရည်အချင်းသည် ရီမိသားစုအတွင်း အပြင်းထန်ဆုံးဖြစ်သည်။ ထာဝရသစ်သားစွမ်းရည်ကိုယ်ထည်ရှိကာ သူမ၏သစ်သားဝိညာဉ်ရေးအမြစ်သည် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် အရည်အချင်းများ ထပ်ပြီးတိုးတက်လာသည့်အခါ သူသည်မည်မျှသန်မာနိုင်မည်နည်း။
ရီဖန်သည် ချက်ချင်းဆိုသလိုပင် ရီမိသားစုထံ ပြန်လာကာ အနီရောင်နဂါးနှင့် ကစားနေသော ရီ ကျင်းစန်ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။
ရီကျင်းစန်သည် အသက်ဆယ့်လေးနှစ်ထက် မပိုသေးသော်လည်း သူ၏ကျင့်ကြံရေးအဆင့်သည် အဆခြခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့သော အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းကို ဉာဏ်ကြီးရှင်အဖြစ် သတ်မှတ်နိုင်သည်။
ရီဖန်သည် ရီကျင်းစန် ၏ဝိညာဉ်ရေးအမြစ်များကိုစမ်းသပ်ရန် ဝိညာဉ်ကျောက်တုံးကိုထုတ်ခဲ့သည်။ တာအိုအလင်း၏ စက်ဝိုင်းကိုးခုသည် ထူးထူးခြားခြား ဖမ်းစားနိုင်ခဲ့သော်လည်း
ရီဖန် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဒဏ္ဍာရီ ကမ္ဘာမြေဝိညာဉ်ရေးအမြစ်ဖြစ်လာကာ ပထမအဆင့်သို့ မကျော်ဖြတ်နိုင်ခဲ့ချေ။
ရီဖန်သည် ချက်ချင်းသတိရသွား၏။ ရီကျင်းစန်သည် မကျော်ဖြတ်သွားခဲ့ခြင်းမဟုတ်ဘဲ ဤဝိညာဉ်ကျောက်တုံးသည် ပထမအဆင့် ဝိညာဉ်ရေးအမြစ်အထိသာ စမ်းသပ်နိုင်တာကြောင့်ပင်ဖြစ်သည်။
အရှေ့နယ်မြေတွင် ကမ္ဘာမြေဝိညာဉ်ရေးအမြစ်ရှိသော ဉာဏ်ကြီးရှင်အကြောင်း သတင်းတစ်စုံတစ်ရာ မရရှိခဲ့ချေ။ ရီဖန်သည် ၎င်းကိုစမ်းသပ်နိုင်သည့် ဝိညာဉ်ကျောက်တုံးကို မည်သည့်နေရာတွင် ရယူရမည်ကို မသိသောကြောင့် လက်လွတ်ထားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ရီကျင်းစန်၏ အရည်အချင်းများသည် ဒဏ္ဍာရီလာ ကမ္ဘာမြေဝိညာဉ်ရေးအမြစ်အထိ ရောက်ရှိသွားနိုင်သည်။ ဤတစ်ကြိမ်တွင် မဖြတ်ကျော်ခဲ့လျှင်ပင် သူ၏အရည်အချင်းများ တိုးလာသည့်အချိန် သို့မဟုတ် သူ့၏ သွေးမျိုးဆက်စွမ်းအားများ အဆင့်မြှင့်လာသည့်အချိန်တွင် ဖြတ်ကျော်သွားနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရီကျင်းစန်သည် အခြေခံအုတ်မြစ်းတည်ထောင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင် တစ်နှစ်နီးပါးကြာအောင် ပိတ်မိနေခဲ့သည်။ သူအဘယ်ကြောင့် အောင်မြင်မှု မရရှိခဲ့သနည်း။ သီအိုရီအရ ရီမိသားစုမှပံ့ပိုးပေးသော အရင်းအမြစ်များနှင့်အတူ ရီကျင်းစန်သည် အဆင့်အောင်မြင်မှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်သင့်သည်။
ရီကျင်းစန် အဆင့်ကျော်ဖြတ်ကာ ပထမအဆင့် ရွှေအမြုတေဖွဲ့စည်းခြင်းအတွက် မည်သည့်ပြဿနာမျှ မရှိနေသင့်ချေ။ ရီကျင်းစန်သည် သူ၏ကျင့်ကြံရေးတွင် ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရပါသလော။ ရီဖန်သည် အနည်းငယ် စိုးရိမ်သွားသောကြောင့် ရီကျင်းစန်၏ အခြေအနေကို စစ်ဆေးရန်အတွက် သူ၏စွမ်းအားကို ချက်ချင်းအသုံးပြုခဲ့သည်။
ရီဖန်သည် တစ်ခုခုမှားနေသည်ကို အမြန်တွေ့ရှိလိုက်သည်။ ရီကျင်းစန်နှင့် အနီရောင်နဂါးလေးတို့၏ ကျင့်ကြံမှုသည် အပြန်အလှန် ဆက်နွယ်နေပုံရသည်။ ရီကျင်းစန်၏စိတ်ဝိညာဉ်ကို သေးငယ်သောအနီရောင်နဂါးလေးသည် ပတ်ပတ်လည်တွင် ရစ်ပတ်ထားသည်။ ရီဖန်သည် မွန်းစတားပညာရှင်နည်းလမ်းကို သိသည့်အတွက် ၎င်းသည်ညီတူညီမျှစာချုပ်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ရီကျင်းစန်နှင့် အနီရောင်နဂါးလေးတို့သည် ညီတူညီမျှစာချုပ်ကို ချုပ်ဆိုခဲ့သည်။ မွန်းစတားထိန်းချုပ်ရေးဂိုဏ်းကဲ့သို့သော ရိုးရိုးမွန်းစတားထိန်းကြောင်းသူများသည် ၎င်းတို့၏မွန်းစတားများနှင့် သခင်ကျွန်စာချုပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။ သခင်သေပါက ကျွန်သေလိမ့်မည်၊ ကျွန်သေလျှင်လည်း သခင်ကိုထိခိုက်လိမ့်မယ်၊ သို့သော် သေဆုံးသည်အထိမဟုတ်ချေ။
သို့ရာတွင် ညီတူညီမျှစာချုပ်ဖြင့် တစ်ဖက်သား၏သေဆုံးမှုသည် အခြားတစ်ဖက်ကို ထိခိုက်စေကာ သူတို့၏စိတ်ဝိညာဉ်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပြီး သူတို့၏ဘဝတစ်လျှောက်လုံး တိုးတက်ရေးတွင် အဟန့်အတားဖြစ်စေနိုင်သည်။
…………….