အခန်း ၉၇-၉၉
Vol. 7 Ch. 97-99
အခန်း ၉၇- ဂိုဏ်းချုပ် ပြန်ရောက်လာပြန်ပြီ
ကန့်သတ်ချက်များများရှိသည့်တိုင် အကျိုးကျေးဇူးများစွာလည်းရှိသည်။ နှစ်ဦးနှစ်ဖက်စလုံးသည် စွမ်းရည်များ၊ သက်တမ်းအစရှိသည်တို့ကို မျှဝေနိုင်ပါသည်။ ရီကျင်းစန်၏ သက်တမ်းသည် သူ့ကိုယ်ပိုင် အခြေတည်ဝိညာဉ်အဆင့်ထက် ပိုရှည်နိုင်သည်ဟု ရီဖန်ခန့်မှန်းခဲ့သည်။
မွန်းစတားများ၏ သက်တမ်းသည် ရှည်လျားကာ သာမန်ဆန်သည့် အနီရောင်နဂါးလေး၏သက်တမ်းသည်ပင် သူ့ထက်ရှည်လျားလိမ့်မည်။ ညီတူညီမျှစာချုပ်ကို မွန်းစတားဘက်မှသာ စတင်နိုင်မည်ဖြစ်ရာ နဂါးနီလေးက စတင်လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသည်။ ရီဖန်သည် သူ့သားကို နဂါးနီလေးထံ ထာဝရ ချည်နှောင်ထားရန် မလိုလားသော်လည်း ယခု တွင်စာချုပ်ကို ချုပ်ဆိုလိုက်ပြီးဖြစ်ရာ ရီဖန်သည် ၎င်းကို ပျက်ပြယ်သွားအောင် မလုပ်နိုင်ခဲ့ချေ။
ရီကျင်းစန်၏ အခြေအနေမှာလည်း ရှင်းသွားသည်၊ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည့်အတွက် နှစ်ဖက်စလုံး၏ စွမ်းအားများသည် တဖြည်းဖြည်းချင်းဟန်ချက်ညီလာခဲ့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၏အထွတ်အထိပ်တွင်ရှိသော နဂါးနီလေးနှင့်အတူ ရီ ကျင်းစန်သည် မကြာမီပင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုဖြတ်ကျော်ကာ အလယ်အလတ် အမြုတေ ဖွဲ့စည်းခြင်းအဆင့်အထိပင် ရောက်ရှိနိုင်သည်။ သို့သော်လည်း နဂါးနီလေး၏ ကျင့်ကြံရေးအဆင့်သည် ရီကျင်းစန်နှင့် လိုက်ဖက်ညီရန် တဖြည်းဖြည်း လျော့ကျသွားမည်ဖြစ်သည်။
ရီဖန်သည် နဂါးနီလေးကို လေးလေးနက်နက် ကြည့်လိုက်သည်။ ဤနဂါးနီလေးနှင့် ညီတူညီမျှစာချုပ်ချုပ်ဆိုရန် မလွယ်ကူပေ။
ရီဖန်လှမ်းကြည့်လိုက်သောအခါ နဂါးနီလေးသည် ရီကျင်းစန်၏ လက်နှစ်ဖက်ထဲသို့ ချက်ခြင်းတိုးဝင်သွားကာ သူ့ကိုကြောက်ရွံ့စွာ ကြည့်နေလေသည်။
နဂါးနီလေးသည် ကျေးဇူးရှင်တစ်ဦး၏ အရေးကြီးပုံကို သိရှိထားပြီးဖြစ်ပုံရသည်။ ရီဖန် သက်ပြင်းချလိုက်သည်။ ဤနဂါးနီလေးသည် အကြံသမားလေးဖြစ်ရန် အလားအလာရှိပုံရသည်။ ရီကျင်းစန်၏အောင်မြင်မှုအတွက် ယခုအချိန်အထိ ရီဖန် စိတ်ပူနေရန် မလိုအပ်တော့ပေ။
ရီမိသားစုမှ အခြားအဖွဲ့ဝင်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း တည်ငြိမ်ခဲ့သည်။ ရီဖန်သည် မြို့ရှစ်မြို့နှင့် ပို၍ဆက်ဆံလေလေ၊ ကြယ်တစ်သောင်းနယ်မြေရှိ နယ်ပယ်များကို နားလည်လာလေလေဖြစ်သည်။
ကြယ်တစ်သောင်းနယ်မြေတွင် အရှေ့၊ တောင်၊ အနောက်နှင့် မြောက်တို့ ပါဝင်ကာ အရှေ့ဘက်သည် အညံ့ဆုံး၊ အနောက်ဘက်သည် အင်အားအကောင်းဆုံးဖြစ်၏။ တောင်ပိုင်းဒေသကို အဓိကအားဖြင့် ဂိုဏ်းခွဲသုံးခု၊ အိမ်ကြီးလေးအိမ်၊ အိမ်ခြေငါးခုဖြင့် ဖွဲ့စည်းထားသည်။ သားရဲထိန်းချုပ်ရေးဂိုဏ်းသည် ဂိုဏ်းသုံးခုထဲမှ တစ်ခုဖြစ်သည်။
တောင်ပိုင်းဒေသသည် အရှေ့နယ်မြေတွင် အင်အားအကြီးဆုံးဖြစ်ကာ တောင်ပိုင်းမှ တပည့်များသည် အတွေ့အကြုံသို့မဟုတ် မကောင်းမှုများအတွက် ရံဖန်ရံခါ
အရှေ့ဖက်သို့ စွန့်စားရန်ထွက်လာကြသည်။
အခြားတစ်ဖက်တွင်မူ မြောက်ပိုင်းဒေသကို မင်းဆက်နှစ်ပါးက ထိန်းချုပ်ထားသည်။ မြောက်ပိုင်းဒေသ၏ မင်းဆက်နှစ်ပါးသည် မြောက်ပိုင်းဖီးနစ်နှင့် ယွီလုံတို့ဖြစ်ကာ မင်းဆက်တစ်ခုစီသည် အရှေ့နယ်မြေတစ်ခုလုံးနှင့် ညီမျှ၏။
သို့သော်လည်း အင်အားကြီးမင်းဆက်နှစ်ဆက်သည် နှစ်ပေါင်းများစွာ စစ်ပွဲဖြစ်ပွါးနေခဲ့ကာ ၎င်းတို့၏ ဩဇာအာဏာသည် မြောက်နယ်မြေကို ကျော်လွန်၍ မချဲ့ထွင်နိုင်ခဲ့ချေ။ ထို့အပြင် ကြယ်တစ်သောင်းကျွန်းသမုဒ္ဒရာတွင် အဓိကဦးဆောင်မှုစာရင်း နှစ်ခုရှိသည်။၎င်းတို့မှာ စစ်မှန်သောနဂါးစာရင်းနှင့် လျှို့ဝှက်နဂါးစာရင်းတို့ဖြစ်ကြသည်။
စစ်မှန်သောနဂါးစာရင်းသည် ကြယ်တစ်သောင်း သမုဒ္ဒရာအတွင်းရှိ စွမ်းအားကြီးသောသက်ရှိတစ်ရာကို မှတ်တမ်းတင်ထားသည်။ ၎င်းစာရင်းထဲဝင်ရန်အတွက် အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်၏ အထွတ်အထိပ်တွင် ရှိရမည်ဖြစ်သည်။ ထိပ်တန်းဆယ်ယောက်ပင်လျှင် ထူးကဲအသွင်ပြောင်းခြင်းအဆင့် ကျင့်သုံးသူများဖြစ်သည်။
လျှို့ဝှက်ဂါးစာရင်းတွင် အလားအလာရှိသော အသက်ရှစ်ဆယ်အောက် ပါရမီရှင် အယောက်တစ်ထောင်တိတိ ပါဝင်သည်။ ဤအဆင့်နှစ်ခုကို ထုတ်ပြန်သည့်အဖွဲ့အစည်းသည် လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းဖြစ်သည့် ထျန်းကျီဆေးခန်းဖြစ်သည်။
အမှန်တွင် ရွှေ့ပြောင်းနေထိုင်သူများသည် ဤ ထျန်းကျီဆေးခန်းထံမှ မည်သည့်အခါမျှ မလွတ်နိုင်ဟု ထင်ရသည်။ ထျန်းကျီဆေးခန်းသည် မည်သည့်နေရာမှလာကာ မည်သည့်တန်ခိုးကြီးပုဂ္ဂိုလ်များပါဝင်သည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော် ထျန်းကျီကျွန်း၏ ထျန်းကျီတောင်ထိပ်ရှိ ဦးဆောင်မှုဇယားနှစ်ခုကို ကြယ်တစ်သောင်းသမုဒ္ဒရာရှိ ကျင့်ကြံသူများအားလုံးမှ အတိကျဆုံးအဖြစ် တစ်ညီတညွတ်တည်းအသိအမှတ်ပြုထားသည်။
ရီဖန်သည် ပို၍သိရှိလာလေ ကြယ်တစ်သောင်းသမုဒ္ဒရာသည် သူထင်သည်ထက် ပိုမိုနက်ရှိုင်းလာသည်ကို ပိုသိလာလေလေဖြစ်သည်။ယခုအချိန်သည် ပြန်လည်ဆုတ်ခွါကာ ကျင့်ကြံရေးပြုလုပ်ရမည့် အချိန်ဖြစ်သည်။
ရီဖန်သည် နောက်ကွယ်တွင်ကျင့်ကြံရေးပြုလုပ်ရန်အတွက် အရွက်တစ်ထောင်မြို့၏ အုပ်ချုပ်ရေးကို ရီကျင်းထျန်ထံသို့ တဖြည်းဖြည်းလွှဲပြောင်းပေးခဲ့သည်။ ဌာနခွဲတစ်ခုစီသည် အရွက်တစ်ထောင်မြို့တွင် ကိုယ်ပိုင်အိမ်ရှိသည်။ အရွက်တစ်ထောင်မြို့တွင် လှုပ်ရှားမှုတစ်ခုခုရှိခဲ့ပါက ရီဖန်သည် ပထမဆုံးသိသူဖြစ်လိမ့်မည်။
ပထမနှစ်တွင် ရီဖန်သည် ကျင့်ကြံရေးအတွက် အလုပ်များနေခဲ့ကာ ရီကျင်းစန်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်သွားခဲ့သည်။ ဒုတိယနှစ်တွင် ရီမိသားစုသည် ကလေးမွေးရန် အလုပ်များနေခဲ့သည်။ တတိယနှစ်တွင် ကလေးငိုသံများဖြင့် ရီမိသားစု၏ အယောက်တစ်ရာမြောက်မိသားစုဝင်ကို မွေးဖွားခဲ့သည်။
“ရေရှည်လုပ်ငန်းတာဝန်ဖြစ်တဲ့ မိသားစုလူဦးရေ လေးကို (ပြီးမြောက်သည့်) အတွက် ဂုဏ်ယူပါတယ် သခင်၊ ဆုလာဘ်တွေကို ထုတ်ယူနိုင်ပါပြီ"
ရီမိသားစု၏ မျိုးပွားမှုနှုန်းသည် အနည်းငယ်နှေးကွေးနေကာ၊ သွေးမျိုးဆက်စွမ်းအား၏ တစ်စိတ်တပိုင်းလွှမ်းမိုးမှုကြောင့် သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက မျိုးဆက်များမွေးဖွားရန် ပိုမိုခက်ခဲစေသည်။
တစ်ဖက်တွင် ရီဖန်သည်လူဦးရေတိုးရန်အတွက် တမင်တကာ မကြိုးစားခဲ့ပေ။ လူဦးရေတိုးပွားခြင်းသည် မိသားစုဖွံ့ဖြိုးတိုးတက်မှု၏ ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော်လည်း မိသားစုဝင်တိုင်း၏ စွမ်းအားများ တိုးလာခြင်းက ရီဖန်ကို များစွာအကျိုးသက်ရောက်စေ၏။
“စနစ်၊ ဆုကို ထုတ်လိုက်ပါ”
"ဤဆုများကို လက်ခံရရှိတဲ့အတွက် သခင့်ကို ဂုဏ်ယူပါတယ်၊ မိသားစုဝိညာဉ်ရေးအမြစ်-
ဉာဏ်အလင်းလက်ဖက်ပင်နဲ့ မိသားစုကံကြမ္မာ အမှတ်၅၀၀တိုးလာပါပြီ”
အိပ်ပျော်နေသော ပိုင်ဇယ်သည် ရုတ်တရက် နိုးလာကာ သူ၏ကျင့်ကြံရေးအဆင့်သည် အထွတ်အထိပ်အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်သွားခဲ့သည်။ ထို့နောက် လဲလျောင်းကာ ဆက်အိပ်တော့သည်။
ဤမြင်ကွင်းသည် နဂါးနီလေးကို အံသြသွားစေသည်။ ခဏမျှစဉ်းစားပြီးနောက် နဂါးနီလေးသည် ပိုင်ဇယ်ဘေးတွင် လှဲအိပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သန်မာလာစေရန်အတွက် အိပ်စက်ကာ ကျင့်ကြံရေးအတွက် ရီကျင်းစန်တစ်ကိုယ်တည်းခက်ခဲစေရန် ပစ်ထားလိုက်၏။
ရီဖန်သည် ပိုင်ဇယ်ကိုဂရုမစိုက်ဘဲ ပထမဆုလာဘ်ကို ကြည့်လိုက်သည်။
ဥာဏ်အလင်းလက်ဖက်ပင်၊ မိသားစုဝိညာဉ်ရေးအမြစ်၊ ကံကြမ္မာကိုမြှင့်တင်ပေးသည့် လက်ရှိအဆင့်သည် စတုတ္ထအဆင့်ဖြစ်သည်။
ဥာဏ်အလင်းလက်ဖက်ပင်မှ ထုတ်လုပ်သောလက်ဖက်ရည်သည် ကျင့်ကြံသူ၏ဉာဏ်အလင်းကို ယာယီတိုးတက်စေနိုင်သည်။ ရေရှည်အသုံးပြုခြင်းဖြင့် ဉာဏ်အလင်းကို မြှင့်တင်ပေးနိုင်သည်။ အလွန်ရှားပါးကာ တစ်နှစ်လျှင် အရွက်သုံးရာသာထွက်သည်။
ရီဖန်သည် သူ့အတွက် ခွက်တစ်ခွက်စာမျှ ကျိုချက်ပြီးနောက် တစ်ကြိုက်သောက်လိုက်ရာ ကျင့်ကြံရေးနည်းစနစ်ကိုနားလည်မှုသည် တဟုန်ထိုး တိုးဝင်လာသည်။ ဥာဏ်အလင်းလက်ဖက်ပင်၏ အရွက်တစ်ခုတည်းမှ ပြုလုပ်ထားသော လက်ဖက်ရည်တစ်ခွက်သည်ပင် တစ်နေ့တာလုံး တာရှည်ခံနိုင်သည်။ အချိန်တိုအတွင်း ရီဖန်၏အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းကို နားလည်မှုသည် အစပျိုးသူအဆင့်မှ အသေးစား ပြီးမြောက်မှုအဆင့်အထိ တိုးတက်လာခဲ့သည်။
ဤအကျိုးသက်ရောက်မှုသည် အရှင်းဆုံးပြောရလျှင် ကြောက်စရာကောင်းသည်။
သို့သော် စတုတ္ထအဆင့် ဥာဏ်အလင်းလက်ဖက်ပင်သည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများအတွက်ူာ အသုံးဝင်နိုင်သည်။
ရီဖန်သည် ဉာဏ်အလင်းလက်ဖက်ပင်ကို တောင်၏ပင်မသွေးကြောထိပ်တွင် နေရာချထားလိုက်သည်။ ဤအကြိမ်တွင် မိသားစု၏ဝိညာဉ်ရေးအမြစ်ကို သူဆုချခံရသောကြောင့်၊ နောင်တွင် သေချာပေါက်ပိုများလာမည်ဖြစ်သည်။
ရီဖန်သည် မိသားစု၏ နောက်ခံကိုမြှင့်တင်ပေးမည့် မိသားစုဝိညာဉ်ရေးအမြစ်ကိုထားရှိရန် အနာဂတ်တွင် အစည်းအဝေးခေါ်ရန် စီစဉ်ထားသည်။ ရီမိသားစုတွင် အခြားမိသားစုများ မပိုင်ဆိုင်နိုင်သော အဖိုးတန်ရတနာအချို့ ရှိသင့်သည်။
ထို့နောက် နှစ်စဉ်နှစ်တိုင်း အရောင်းအဝယ်ပြုလုပ်ရန်အတွက် သစ်ရွက်တစ်ရွက် သို့မဟုတ် နှစ်ရွက်ကို ထုတ်ယူ၍ အလွန်အဖိုးတန်သော ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် ရီဖန်သည် ထိုကဲ့သို့သော ရတနာများကို ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်၌
စတုတ္ထနှစ်တွင် ရီကျင်းဟိုင်သည် မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးကို ရရှိပြီးနောက် အခြေတည်ဝိညာဉ်အဆင့်သို့ အောင်မြင်စွာဖြတ်ကျော်ခဲ့သည်။ နောက်ဆုံးတွင် ရီမိသားစုတွင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိသွားသော ဒုတိယမြောက်ကျင့်ကြံသူရှိလာပြီဖြစ်သည်။ ပဉ္စမနှစ်တွင် ရီကျင်းထျန်သည်လည်း အောင်မြင်ခဲ့သည်။ ဆဌမနှစ်တွင် ရီကျင်းဖန်အောင်မြင်ခဲ့သည်။
မွေးဖွားခြင်းပုံစံဆေးပင်ကိုသာ အသုံးပြုကာ မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးများမရှိတော့သည့်အတွက် အခြားတိုးတက်မှုများ ရပ်တန့်သွားသည်။
ကျွန်းတစ်ထောင်လျှို့ဝှက်နယ်မြေကို ပြန်ဖွင့်ရန်အတွက် အချိန်ဆယ်နှစ်ကျော်ကျော်ကျန်သေးသည်။
ရီဖန်သည် မွေးဖွားခြင်းပုံစံဆေးပင်နှင့် လဲလှယ်ရန်အတွက် အခြားအခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများထံ မေးမြန်းခဲ့သော်လည်း နှမြောစရာကောင်းစွာပင် မည်သူ့ထံတွင်မျှ မရှိခဲ့ချေ။ ရီမိသားစုသည် ရုတ်တရက်တစ်ဆို့သွားကာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်ဖြတ်နိုင်ရန်ပင် ခက်ခဲသောပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ခဏအကြာအထိ ရီဖန်သည် အဖြေမရှာနိုင်ခဲ့ပေ။
နှစ်အတော်အတန်ကြာလာသည်နှင့်အမျှ ရီဖန်သည် လူသိရှင်ကြားပေါ်ထွက်လာသည်ပင် ရှားပါးလာခဲ့ရာ လူတော်တော်များများသည် ထိုအခြေတည်ဝိညာဉ် အဆင့်အကြီးအကဲရီဖန်ကို တဖြည်းဖြည်း မေ့သွားကြ၏။
အရွက်တစ်ထောင်ကျွန်း၊ မြောက်မြို့ရိုးတံခါးတွင် မွန်းစတားကြီးတစ်ကောင်သည် မြို့တံခါးအပြင်ဘက်သို့ ဆင်းသက်လာသည်။ “ဆိုတော့ ဒါက အရွက်တစ်ထောင်မြို့ပေါ့၊ ဘာမှလဲ အထင်ကြီးစရာမကောင်းဘူး!”
လူငယ်အရွယ်ကျင့်ကြံသူသည် မခိုးမခန့်ပြောလိုက်သည်။
“ကောင်းပြီ၊ အခု မြို့ထဲကိုဝင်ပြီး ရီမိသားစု ဘယ်မှာရှိတယ်ဆိုတာ ရှာကြည့်ရအောင်။”
"အခု အရွက်တစ်ထောင်မြို့က လိပ်တစ်ထောင်မြို့ ကို သိမ်းပိုက်လိုက်တာမို့ ရီမိသားစုက အရွက်တစ်ထောင်မြို့ မှာပဲ ခြေကုပ်ယူလိမ့်မယ်”
ဦးဆောင်လာသော ကျင့်ကြံသူသည် ခေါင်းကိုမော့ကာ အရွက်တစ်ထောင်မြို့ကို အေးစက်စွာကြည့်နေသည်။
“ရီမိသားစု၊ ငါအရင်ကပြောဖူးတယ်၊ ငါဂိုဏ်းချုပ် ပြန်လာမယ်လို့!"
"ဒီတစ်ခါ ငါ့ရဲ့ကျီအာအတွက် လက်စားချေမယ်"
“ရှောင်ကွမ်း၊ မင်းသိုလှောင်အိတ်ထဲကို အရင်ပြန်သွား"
ဂိုဏ်းချုပ်သည် သူ၏ဆက်နွယ်မွန်းစတားအသစ်ကို သိုလှောင်အိတ်ထဲသို့ ထည့်ကာ ခြေလှမ်းကြီးလှမ်းလျက် အရွက်တစ်ထောင်မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။ ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ် သည် သူ၏သေဆုံးသွားသော ကျီအာအတွက် လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။
……………
အခန်း ၉၈ - ဖုံးကွယ်ထားတဲ့နဂါးစာရင်းရဲ့ ပါရမီရှင်၊ ဒါပဲလား (၁/၅)
ဂိုဏ်းချုပ်သည် ရီမိသားစုကို ပြဿနာရှာရန် အလျင်စလိုမလုပ်ခဲ့ချေ။ အရှေ့နယ်မြေသို့ ၎င်းတို့ခရီး၏ အဓိကရည်ရွယ်ချက်မှာ မွန်းစတား ထိန်းချုပ်ရေးဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များ၏ ပထမဆုံးပါရမီရှင်အတွက် လေ့ကျင့်မှုအချို့ ပြုလုပ်ရန်ဖြစ်သည်။
၎င်းတို့ခရီးစဉ်၏ ရည်ရွယ်ချက်သည် အရှေ့နယ်မြေရှိ မျိုးဆက်သစ်လူငယ်များကို လွှမ်းမိုးနိုင်ရန်ဖြစ်သည်။အရွက်တစ်ထောင်မြို့တွင်း ပတ်ပတ်လည် အဆောက်အဦးတစ်ခုထဲတွင် တိုက်ပွဲတစ်ခု စတင်တော့မည်။
ခြင်ေ္သ့မွန်းစတားတစ်ကောင်ကိုစီးထားသော ကျင့်ကြံရေးသမားငယ်တစ်ဦးသည် သူ့တစ်ဖက်ခြမ်းရှိ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို မထီမဲ့မြင်ပြုကာ ကြည့်နေခဲ့သည်။ ခုန်ပေါက်လိုက်ပြီးနောက် ခြင်္သေ့သည် ကျင့်ကြံသူ၏အကာအကွယ်ဒိုင်းကို ဖြိုခွဲကာ ၎င်းကို ကွင်းထဲမှ ပစ်ထုတ်လိုက်၏။
"ဒါက အရှေ့နယ်မြေက ကျင့်ကြံသူတွေရဲ့စံနှုန်းလား။"
ငယ်ရွယ်သောကျင့်ကြံသူ၏ စကားများသည် အရှေ့နယ်မြေမှ ကျင့်ကြံသူများအပေါ် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် အရှေ့နယ်မြေမှ ကျင့်ကြံသူများသည် မတုံ့ပြန်နိုင်ဘဲ မျက်နှာတည်ထားကြရသည်။
ကျောက်နက်ခြင်ေ္သ့သည် အလယ်အလတ်အမြုတေဖွဲ့စည်းခြင်းအဆင့်မွန်းစတားဖြစ်ကာ နှောင်းပိုင်းအမြုတေ ဖွဲ့စည်းခြင်းအဆင့်မှ ကျင့်ကြံရေးသမားပင်လျှင် ၎င်းကို အနိုင်ယူမည်မဟုတ်ချေ။
မျိုးဆက်သစ်များသည် ခုခံနိုင်စွမ်းမရှိသည့်အပြင် မျိုးဆက်ဟောင်းများသည်လည်း တက်လာရန် အဆင်မပြေလှပေ။ ဤလူငယ်သည် မွန်းစတား ထိန်းချုပ်ရေးဂိုဏ်းမှ ပါရမီရှင်တစ်ဦးဖြစ်သော မုရှီသည် လျှို့ဝှက်နဂါးစာရင်းတွင် အဆင့် ၉၉၆ ဖြစ်သည့် ပါရမီရှင်မွန်းစတားထိန်းချုပ်သူဖြစ်သည်။ လျှို့ဝှက်နဂါးစာရင်းတွင် အဆင့် ၉၉၆ သတ်မှတ်ခံရခြင်းသည် နည်းပါးသည်ဟု မထင်ပါနှင့်။ အရှေ့နယ်မြေတစ်ခုလုံးတွင် ၎င်းစာရင်းဝင်သူပင် မရှိချေ။
မုရှီသည် အရှေ့နယ်မြေရှိ မျိုးဆက်သစ်လူငယ်များကို ပြတ်ပြတ်သားသား စိန်ခေါ်ခဲ့သည်၊ အကယ်၍ မျိုးဆက်ဟောင်းများက မုရှီကို အန္တရာယ်ပြုမည်ဆိုပါက သားရဲထိန်းချုပ်ရေးဂိုဏ်းမှ မွေးဖွားခြင်းဝိဥာဉ်အဆင့်ကျင့်ကြံသူ၏ အမျက်ဒေါသကို ခံနိုင်ရည်ရှိမရှိ စဉ်းစားရပေမည်။
လျှို့ဝှက်နဂါးစာရင်းမှ ထိုသို့သောစိန်ခေါ်မှုများသည် ယခင်က အရှေ့နယ်မြေတွင် ဖြစ်ခဲ့ဖူးသည်။
သို့သော် အရှေ့နယ်မြေရှိ လူငယ်မျိုးဆက်သစ်များသည် အရှက်ရမှုကို သည်းခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင်အရည်အချင်းများသည် လုံလောက်အောင်မကောင်းမွန်သေးဘဲရှိသည်။
ပရိသတ်အားလုံးကို ဖိနှိပ်ထားသည့် မုရှီကိုကြည့်လိုက်သောအခါ ဂိုဏ်းချုပ် ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ မွန်းစတားထိန်းချုပ်ရေးဂိုဏ်း မှ ပါရမီရှင်တစ်ဦးသည် လျှို့ဝှက်နဂါးစာရင်းတွင် ပေါ်လာတိုင်း၊ တပည့်များ၏ မခံချင်စိတ်ကို မွေးမြူရန်၊ သားရဲထိန်းချုပ်ရေးဂိုဏ်း၏ စွမ်းအားကို သရုပ်ပြသရန် အရှေ့နယ်မြေသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်သည်။
မုရှီ၏ ပိုမိုမြင့်မားသော စိတ်ဓာတ်ကို ကြည့်လိုက်ကာ ဂိုဏ်းချုပ်သည် မုရှီ၏ အရှိန်အဟုန်မှာ ရပ်တန့်မသွားနိုင်သည်ကို သိရှိလိုက်သည်။ ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ကွင်းထဲသို့ ခုန်ဝင်လာသည်။ ၎င်းသည် အလွန်နုပျိုနေပုံရကာ ကျင့်ကြံသူများမှ ၎င်းတို့၏ငယ်ရွယ်မှုကို ပြန်ပြောင်းထားသည့်ပုံမဟုတ်ဘဲ ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်ကဲ့သို့ ငယ်ရွယ်နုပျိုနေပုံရသည်။
မုရှီသည် မျက်မှောင်ကြုတ်ကာ “သူ့ဆံပင်မပေါက်သေးတဲ့ ကလေးတောင်မှ ဝင်လာရလောက်အောင် အရှေ့နယ်မြေက ပြိုလဲနေပြီလား”
မုရှီ၏စကားကြားသည့် ရီကျင်းစန်သည် မကျေမနပ်ဖြစ်သွားသည်။
"မင်းပဲ ဆံပင်မပေါက်သေးတဲ့သူ"
ငယ်ရွယ်သောကလေးများအတွက် ငယ်လွန်းသည်ဟု မှတ်ယူခံရခြင်းသည် စိတ်အနှောက်အယှက်ဖြစ်ဖွယ်အကောင်းဆုံးဖြစ်သည်။ နောက်အခိုက်အတန့်တွင် အမြုတေစည်းခြင်းအဆင့်၏ရောင်ဝါသည် ရီကျင်းစန်ထံမှ ထွက်ပေါ်လာသည်။
‘ကောင်းကင်သစ်သား မန္တန်’
မြေမျက်နှာပြင်အောက်မှ ဧရာမသစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာကာ မရေမတွက်နိုင်သော အမြစ်များသည် မုရှီထံသို့ ဖြန့်ကျဲသွားသည်။
ရီကျင်းစန်၏ ရုတ်တရက်ပေါက်ကွဲသံကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ တော်တော်များများသည် ထိတ်လန့်တုန်လှုပ်နေသလို ခံစားလိုက်ရကာ မျက်လုံးများကိုပင် အတင်းပွတ်နေရသည်။ အသက် ၁၃ သို့မဟုတ် ၁၄ နှစ်ကလေးသည် အမြုတေဖွဲ့စည်းခြင်း၏အလယ်အလတ်အဆင့်တွင်ရှိပါသလော။
‘တစ်ကမ္ဘာလုံး ရူးသွားပါပြီ’!
သူတို့အမှားမဟုတ်ကြောင်း အတည်ပြုပြီးနောက် ကျင့်ကြံသူအများအပြားသည် ရှက်ရွံ့စွာ ခေါင်းငိုက်စိုက်ချခဲ့ကြသည်။ အသက်နှစ်ရာ သို့မဟုတ် သုံးရာတွင်ပင် ၎င်းတို့သည် အစောပိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် မည်သို့ရှိသနည်းဟု စဉ်းစားမိသောအခါ ၎င်းတို့၏ ကျင့်ကြံရေးဘဝတစ်ခုလုံးကို ဖြုန်းတီးနေသကဲ့သို့ ခံစားခဲ့ရသည်။
မုရှီသည် ပါရမီရှင်တစ်ဦးအဖြစ် နာမည်ပျက်မခံဘဲ ချက်ချင်းတုံ့ပြန်ခဲ့သည်။ သူသည် လွတ်မြောက်ခြင်းအလင်းတန်းအဖြစ်ပြောင်းလဲကာ ရီကျင်းစန်၏ မန္တန်အကွာအဝေးမှ လျင်မြန်စွာလွတ်မြောက်ခဲ့သည်။
သစ်ပင်တစ်သောင်းတောအုပ်အဖြစ်သို့ ပြောင်းလဲသွားကာ နောက်ထပ် အမြုတေဖွဲ့စည်းခြင်းမန္တန်များဖြင့် တစ်ခဏချင်း၌ပင် ကွင်းတစ်ခုလုံးသည် သစ်ပင်ပင်လယ်ကြီးအဖြစ်ရောက်ရှိသွားကာ မရေမတွက်နိုင်သည့် အကိုင်းအခက်များသည် လက်နက်များအဖြစ် ပြောင်းလဲသွားပြီးနောက် လူနှင့်မွန်းစတားထံသို့ ဦးတည်သွားခဲ့သည်။
ထိုမျှမကသေးဘဲ မန္တန်များ၊ သစ်သားအင်မော်တယ်ဓား၊ သစ်သားအင်မော်တယ် မွန်းစတားစသည်ဖြင့် ငွေသည်တန်ဖိုးမရှိသကဲ့သို့ တစ်ဖက်ရှိလူနှင့်မွန်းစတားထံသို့ တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်လိုက်သည်။ မုရှီနှင့် ကျောက်နက်ခြင်္သေ့တို့သည် နေရာအနှံ့အပြားတွင် ထိမှန်သွားသောကြောင့် တန်ပြန်တိုက်စစ်ကိုပင် မဆင်နိုင်ခဲ့ကြချေ။
ပရိသတ်သည် ပြောမပြတတ်အောင်ပင် ထိတ်လန့်နေရသည်။ ဤမျှများပြားသော မန္တန်များစွာကို ထုတ်လွှတ်လိုက်ခြင်းဖြင့် ဤကလေး၏ အမြုတေသည် မည်မျှဖြူစင်ကာ သူ၏ဝိညာဉ်စွမ်းအားသည် မည်မျှကြီးမားပါသနည်း။
နဂါးနီလေးနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် ရီ ကျင်းစန်၏ ဝိညာဉ်စွမ်းအားသည် သာမန်လေ့ကျင့်ရေးသမားများထက် အဆပေါင်းဒါဇင်နှင့်ချီ၍ များပြားနေသည်ဖြစ်ရာ ပင်ပန်းနွမ်းနယ်နေမည်ကို သူမစိုးရိမ်ခဲ့ပေ။ ရီကျင်းစန်သည် သူ့ကိုယ်သူလူသားဆန်သော အမြောက်အဖြစ် ပြောင်းလဲကာ အဆက်မပြတ် တိုက်ခိုက်နေသည်။
မုရှီ၏ဘက်တွင် သူ့မျက်လုံးများ နီရဲလာသည်။ လျှို့ဝှက်နဂါးအဆင့်ရှိ ပါရမီရှင်တစ်ဦးဖြစ်ရာ သူသည် အမြဲတမ်းချောမွေ့စွာရွက်လွှင့်နေခဲ့ပြီး မည်သူမျှ သူ့ကို အနိုင်ကျင့်ဝံ့ခြင်းမရှိခဲ့ပေ။
“သွေးမွန်းစတားကိုယ်ထည်၊ အသက်ဝင်စမ်း”
မုရှီ၏လှုပ်ရှားမှုနှင့်အတူ ကျောက်နက်ခြင်္သေ့ထံမှ အနီရောင်စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာပြီး မုရှီ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားကာ မုရှီ၏ ရောင်ဝါသည်သိသိသာသာတိုးလာသည်။ မွန်းစတားသွေးကိုယ်ထည်သည် တစ်မူထူးခြားသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကာ မွန်းစတားထိန်းချုပ်သူများနှင့် အသင့်တော်ဆုံးသော ကိုယ်ထည်များထဲမှတစ်ခုဖြစ်သည်။ ထိုကိုယ်ထည်သည် ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်အတွက် ၎င်းတို့၏ဆက်နွယ်မွန်းစတား၏စွမ်းအားကို ငှားရမ်းနိုင်စေမည်ဖြစ်သည်။
ခဏတာအတွင်းတွင် မုရှီ၏ရောင်ဝါသည် အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်သို့ ကျော်ဖြတ်သွားခဲ့သည်။ ကျောက်နက်ခြင်္သေ့သည် ၎င်း၏စွမ်းအားကိုငှါးရမ်းခံလိုက်ရခြင်းဖြစ်ရာ ၎င်းသည်ချက်ချင်းပင် စာရင်းမဝင်တော့ပေ။ မုရှီသည် သူ၏ဆက်နွယ်မွန်းစတားကိုဂရုမစိုက်ချေ။ သူ့အတွက် မွန်းစတားများသည် သူ၏လက်နက်ကိရိယာများသာဖြစ်သည်။
‘အင်မော်တယ်အနုပညာ၊ သွေးလှံ’
သွေးနီလှံများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ရီကျင်းစန်အပေါ်သို့ ကျရောက်လာသည်။
‘အင်မော်တယ်အနုပညာ၊ သွေးနဂါး’
မုရှီသည် တန်ပြန်တိုက်စစ်ကို စတင်ခဲ့သည်။
အမြုတေဖွဲ့စည်းမှုနှောင်းပိုင်းအဆင့်အထိ ကျင့်ကြံရေးအဆင့်ကို ယာယီမြှင့်တင်လိုက်ရာ မုရှီ ၏တိုက်ခိုက်မှုသည် သိသိသာသာ ပို၍အားကောင်းလာသည်။ ရီကျင်းစန်၏ အင်မော်တယ်လက်နက်အများစုသည် ချက်ချင်းရပ်တန့်သွားကာ သူ့ကိုအားနည်းသွားစေသည်။
ယင်းမတိုင်မီက မုရှီသည် အထောက်အထားကို မဖော်ပြဘဲ မွန်းစတားထိန်းချုပ်ရေးဂိုဏ်းမှ သာမာန်ပါရမီရှင်တစ်ဦးဟုသာ ပြောခဲ့သည်။ ယခုအခါတွင် သူ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ထုတ်ခဲ့ပြီးဖြစ်ရာ သူ၏အထောက်အထားကို ဆက်လက်ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။လက်ရှိကျင့်ကြံသူအများအပြားသည် မုရှီ၏ အထောက်အထားကို မှတ်မိသွားသည်။
"သူက မွန်းစတားထိန်းချုပ်ရေးဂိုဏ်းက မုရှီဖြစ်ပြီး တော့ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့်ကိုးရာကိုးဆယ့်ခြောက်ရှိတယ်။"
မုရှီ၏ အထောက်အထားကို နောက်ဆုံးတွင်ဖော်ထုတ်ခဲ့သည်။
တောင်ပိုင်းဒေသသည် အရှေ့နယ်မြေနှင့် နီးကပ်သော ဆက်ဆံရေးရှိကာ လျှို့ဝှက်နဂါးစာရင်းအတွက် အရည်အချင်းပြည့်မီသော လူအနည်းငယ်သာ ရှိသည်။ မုရှီ၏ထူးခြားသောဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖော်ပြလိုက်သဖြင့် သူ့ကို မှတ်မိရန် မခဲယဉ်းလှပေ။
လူတိုင်းသည် ရီကျင်းစန်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ အရှေ့နယ်မြေသည် နောက်ဆုံးတွင် ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့ပြီဖြစ်ရာ သူ့ကိုမဆုံးရှုံးလိုကြချေ။ ရီကျင်းစန်သည် ငယ်ရွယ်ကာ သွေးဆူလျက်ရှိသည်။ မုရှီကွဲထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် သူသည် မထိန်းနိုင်တော့ချေ။
"ထူးခြားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပဲ၊ ဘယ်သူ့မှာမရှိလို့လဲ"
ရီကျင်းစန်၏နောက်တွင် မြင့်မားသောသစ်ပင်များသည် တစ်ဖန်ပေါ်လာသည်။
‘သစ်ပင်တစ်သောင်းတောအုပ်’
အင်မော်တယ်အနုပညာချင်းတူသော်လည်း ထာဝရသစ်သားဝိညာဉ်ရေးအမြစ်ကိုယ်ထည်ရှိသူမှ ပြုလုပ်သောအင်မော်တယ်အနုပညာသည် သာမန်အင်မော်တယ်အနုပညာနှင့် လုံးဝမတူချေ။
မရေမတွက်နိုင်သော ဧရာမသစ်ပင်ကြီးများသည် မြေပြင်မှပေါက်ထွက်လာကာ မုရှီကို လုံးလုံးဖုံးအုပ်ထားသည်။ ဤကြီးမားလှသောသစ်ပင်တိုင်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတိုင်း ထိုးဖောက်နိုင်သော အရာမဟုတ်ပေ။ ဒါဇင်နှင့်ချီသည့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများသည် မုရှီကို တပြိုင်နက် တိုက်ခိုက်နေသကဲ့သို့ရှိသည်။
"ဒီမြင်ကွင်းက၊ နောက်ထပ်ထူးခြားတဲ့ဖွဲ့စည်းပုံဥပဒေ၊ ထာဝရသစ်သားဝိညာဉ်ရေးအမြစ်ကိုယ်ထည်မလား"
လူတိုင်းသည် ပြင်းထန်စွာ အသက်ရှူသွင်းလိုက်ကြကာ နောက်ထပ်ပါရမီရှင်ကို ကြည့်နေသည်။ ရီကျင်းစန်၏ တိုက်ခိုက်မှုအောက်တွင် မုရှီသည်ပိုမိုသာလွန်သောကျင့်ကြံရေးအဆင့်ရှိနေလျှင်ပင် သူ၏ပြိုင်ဘက်မဟုတ်သေးချေ။ မုရှီရှုံးတော့မည်ဟု မျှော်လင့်ထားသည့်အချိန်တွင် ရီကျင်းစန်က ရုတ်တရက် သူ့တိုက်ခိုက်မှုကို ရပ်လိုက်သည်။
"ငါ မွန်းစတားတစ်ကောင်ယူသွားမယ်၊ စိတ်မရှိပါဘူးနော်"
ဧရာမသစ်ပင်ကြီးတစ်ပင်သည် ကျောက်နက်ခြင်္သေ့ကို ချည်နှောင်ကာ လှောင်အိမ်အဖြစ် ပြောင်းလဲလျက် အားမစိုက်ထုတ်ဘဲ ချည်နှောင်ထားလိုက်သည်။ ကျုံးရှန်သည် ရီကျင်းစန်၏ စကားကို နားထောင်ရင်း ယခင်က တစ်နေရာရာတွင် ကြားခဲ့ရသကဲ့သို့ ထူးဆန်းစွာရင်းနှီးမှုကို ခံစားလိုက်ရသည်။
ထို့နောက် “မင်းက ရီမိသားစုထဲက မဟုတ်ဘူးလား” လို့ အော်လိုက်၏။
ရီကျင်းစန်ကို ရှုံးနိမ့်ပြီးနောက် မုရှီသည် အရှုံးကို လက်မခံနိုင်ခဲ့ချေ။ သူသည် မြို့ငယ်လေးမှ လူတစ်ဦး၏ အနိုင်ယူခြင်းကို ခံခဲ့ရသော ပါရမီရှင်တစ်ဦးဖြစ်သည်။ မုရှီအတွက် အရှေ့ဘက်နယ်မြေသည် ရေမြေကြောသာဖြစ်ကာ ထိုနေရာမှကျင့်ကြံသူလူငယ်က သူ့ကို အနိုင်ယူနိုင်သည့် နည်းလမ်းမရှိပေ။
"ငါမရှုံးဘူး ငါမရှုံးဘူး"
သူ့မျက်လုံးများတွင် ပြတ်ပြတ်သားသား အကြည့်ဖြင့် ကျောက်နက်ခြင်္သေ့ကို စစ်ဆေးနေသော ရီကျင်းစန်ကို ရုတ်တရက် တိုက်ခိုက်လာသည်။
"သတ်!
မုရှီသည် သူ၏အင်မော်တယ်စွမ်းအားကိုထုတ်ကာ ရီကျင်းစန်ကို သတ်ပစ်ရန်ဆုံးဖြတ်ခဲ့သည်။ နောက်အခိုက်အတန့်တွင် သစ်ပင်ကြီးတစ်ပင်သည် မြေပြင်မှ ပေါက်ထွက်လာသည်။ မုရှီ၏ ခံစစ်မှော်ပညာသည် လုံးဝအကျိုးသက်ရောက်မှုမရှိတော့ဘဲ ဧရာမသစ်ကိုင်းကြီးသည် သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
မုရှီသည် အမှောင်ထု၏ဝါးမြိုခြင်းခံလိုက်ရကာ ဘာမှမမြင်နိုင်တော့ချေ။ ရီကျင်းစန်သည် သူ့နှုတ်ခမ်းများကိုပြုံးလိုက်ကါ သူသည်ကောင်းမှူပြုလုပ်ရန်အတွင် မသတ်ချင်ခဲ့သော်လည်း.. သူမသတ်နိုင်ဘူးဟု ဆိုလိုခြင်းမဟုတ်ချေ။
……………..
အခန်း ၉၉ - ချန်ပေါင်နှင့် ပြန်လည်တွေ့ဆုံခြင်း
လျှို့ဝှက်နဂါးစာရင်းမှ ပါရမီရှင်တစ်ဦးသည် ထိုကဲ့သို့ ပျောက်ကွယ်သွားခြင်းက ကျင့်ကြံသူများကို အံ့အားသင့်စေကာ ဂိုဏ်းချုပ်ကိုလည်း ဆွံ့အစေခဲ့သည်။
ကျင့်ကြံသူများသည် ရီကျင်းစန်ကို စိုးရိမ်တကြီးလှမ်းကြည့်ကြသည်။ ပါရမီရှင်သည် မွေးဖွားခြင်းအဆင့် မွန်းစတားထိန်းချုပ်ရေးဂိုဏ်းမှဖြစ်ကာ ထိုကဲ့သို့သေဆုံးသွားခဲ့သည်။ ဤလူငယ်လေးသည် ကျောထောက်နောက်ခံမရှိပါက ဒုက္ခရောက်လိမ့်မည်မှာ သေချာသည်။
ဂိုဏ်းချုပ်သည် ခဏအကြာမှ အာရုံပြန်ရလာကာ သူ၏လူသတ်ရန်ရည်ရွယ်ချက်များ တဟုန်ထိုးတက်လာသည်။ မုရှီ သေဆုံးသွားခဲ့လေပြီ၊ ယခုသူသည် မွန်းစတားထိန်းချုပ်ရေးဂိုဏ်းသို့ ပြန်သွားလျှင် သေခြင်းထက်ပို၍ နာကျင်ဖွယ်ကောင်းလောက်အောင် အပြစ်ပေးခံရလိမ့်မည်။ လျှို့ဝှက်နဂါးစာရင်းမှ ပါရမီရှင်တစ်ဦးသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူကဲ့သို့ပင် တန်ဖိုးရှိသည်။
"ချီးပဲ၊ မင်းတို့မိသားစုရော မင်းရောတကယ်သေဖို့ပဲကောင်းတယ်"
ဂိုဏ်းချုပ်သည် ရီကျင်းစန်ကို စိုက်ကြည့်နေသည်၊ ဤလူသည် ရီမိသားစုမှဖြစ်ရမည်။ ဂိုဏ်းချုပ်သည်ရူးသွပ်သွားကာ စိတ်ထဲတွင်ရီမိသားစုနှင့်ပက်သက်သည့် အတွေးများဖြင့် ပြည့်နေ၏။
“ရှောင်ကွမ်း၊ ငါ့အတွက် သူ့ကိုသတ်လိုက်ပါ"
မွန်းစတားထိန်းချုပ်ရေးဂိုဏ်း၏ ပါရမီရှင်သေဆုံးသွားပါက ရီမိသားစု၏ ပါရမီရှင်ကိုလည်း အသက်ရှင်နေထိုင်ခွင့်မပြုသင့်ပေ။ ရီကျင်းစန်သည် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်နှစ်ယောက်၏ တိုက်ခိုက်ခြင်းကိုခံရပါက အန္တရာယ်ရှိနိုင်သည်။ သူတို့သည် အငယ်များကမနိုင်သောအခါ အကြီးအကဲကို အားကိုးရသည်။ သို့သော် သူသည်မည်သူ့ထံ အကူအညီတောင်းနိုင်ပါမည်နည်း။
"အကိုကြီး၊ တစ်ယောက်ယောက်က ငါ့ကိုသတ်ချင်နေတယ်၊ မြန်မြန်လာပါဦး!"
ရီကျင်းစန်သည် သူ၏စွမ်းအားဖြင့် ထိုးဖောက်ကာ ကျယ်လောင်စွာ အော်လိုက်ပြီးနောက် နေရာလွတ်တစ်ခု ကွဲအက်သွားကာ ရီကျင်းစန် ရှေ့တွင်ရုပ်ပုံတစ်ခု ပေါ်လာသည်။ ဤနှစ်များအတွင်း ရီကျင်းထျန်သည် အရွက်တစ်ထောင်မြို့တွင် အရာအားလုံးကို တာဝန်ယူခဲ့သည်။ ရီကျင်းစန် ၏အသံကိုကြားလိုက်သည်နှင့် ရီကျင်းထျန် ချက်ချင်းပေါ်လာသည်။ "
မင်းက ရီမိသားစုထဲက ကောင်လေးပဲ"
ဂိုဏ်းချုပ်သည် ထိတ်လန့်သွားကာ ရီ ကျင်းထျန် ကို ရှင်းရှင်းလင်းလင်းမှတ်မိလိုက်သည်။ သို့သော် ရီမိသားစုမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသည် အခြေတည်ဝိညာဉ်အဆင့်သို့ အမှန်တကယ်ရောက်ရှိသွားသည်ကို သူမယုံနိုင်ပေ။ ရီကျင်းထျန်သည်လည်း ဂိုဏ်းချုပ်ကို မှတ်မိသောကြောင့် ထိုစဉ်က အိုကြီးအိုမမှန်းသိလိုက်သည်။
လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က ရီဖန်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာရှိခဲ့ကာ မွန်းစတားထိန်းချုပ်ရေးဂိုဏ်းတွင် အခြေတည်ဝိညာဉ်အဆင့်ရှိသောကြောင့် ရီဖန်သည် ဂိုဏ်းချုပ်၏အသက်ကို ချမ်းသာပေးခဲ့သည်။
ယခုတွင်ဂိုဏ်းချုပ်သည် ပြဿနာရှာရန် သတ္တိရှိကာ ရီမိသားစု၏ပါရမီရှင်များကိုပင် ပစ်မှတ်ထားလိုက်သေးသည်။ ရီကျင်းထျန်၏ ကိုယ်ထဲရှိ တာအိုဓားသည် တခဏချင်း ပျံထွက်သွားသည်။ တစ်ချက်တည်းသောခုတ်လွှဲချက်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် မွန်းစတားကွမ်အာ သေဆုံးခဲ့သည်။
"ကွမ်အာ၊ ငါ့ရဲ့ ကွမ်အာ"
ဂိုဏ်းချုပ်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ကာ သူ၏ကွမ်အာသေဆုံးသွားသကဲ့သို့ သူသည်လည်းသေဆုံးသွားတော့မည်ဖြစ်သည်။ ထိုအချိန်တွင် စောင့်ကြည့်နေသော ကျင့်ကြံရေးသမားများသည်လည်း သဘောပေါက်လိုက်ကြ၏။
သူတို့သည် ရီကျင်းစန်ကို အရိုင်းသားပေါက်ပါရမီရှင်ဟုထင်ခဲ့သော်လည်း ရီမိသားစုမှဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထိုအခြေအနေတွင် အရာအားလုံးသည် ရုတ်တရက် အဓိပ္ပါယ်ရှိလာ၏။ သို့သော် ရီမိသားစုသည် မည်သည့်အချိန်မှစ၍ နောက်ထပ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူကို ရရှိခဲ့ပါသနည်း။
အရွက်တစ်ထောင်မြို့၏ တာဝန်ရှိသူဖြစ်သော ရီကျင်းထျန်ကို သူတို့ ချက်ချင်းမှတ်မိလိုက်ကြသည်။ သို့သော် ထိုသူသည်ယခင်က အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ရှိခဲ့သည်မဟုတ်ပေလော။ မည်သည့်အချိန်မှစ၍ မွေးဖွားခြင်းဝိဥာဉ်အဆင့်ကျင့်ကြံသူ ဖြစ်လာသနည်း။
ရီမိသားစုအတွင်း ပုန်းအောင်းနေသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အယောက်မည်မျှ ရှိသနည်း။ ၎င်းတို့တွင် ထူးကဲအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူပါ အမှန်တကယ်ရှိနေပါသလော။
ကျင့်ကြံသူအားလုံးသည် ယင်းအကြောင်းကို တွေးမိလေ ပို၍ ထိတ်လန့်လာလေဖြစ်သည်။ ရီမိသားစုတွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးထက် ပိုများသည်မှာ သေချာပါ၏။ ဓားလွှဲခုတ်ချက်တစ်ချက်ဖြင့် ဂိုဏ်းချုပ်သည် အရှေ့နယ်မြေတွင် သေဆုံးသွားခဲ့သည်။ ရီကျင်းထျန်သည် သူ့၏တာအိုဓားကို သိမ်းလိုက်ကာ လူအုပ်ထံဦးညွတ်ချက်တစ်ခု ပေးလိုက်သည်။
"အားလုံးပဲ ဒီနေ့ စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါက ရီမိသားစုရဲ့ ရီကျင်းစန် ပါ၊ နောင်ကို သူ့ကို ဂရုစိုက်ပေးပါဦး"
ရီကျင်းစန်သည် လုထုရှေ့တွင် မကြာမီထွက်ပေါ်လာရန်စီစဉ်ထားသော်လည်း
ယခုတွင် သူ့သည် ဖော်ထုတ်ခံလိုက်ရပြီးဖြစ်ရာ ဆက်လက်၍ပုန်းအောင်းနေရန် မလိုတော့ချေ။ လူအုပ်ကြီးသည် လူငယ်ဖြစ်သူ ရီကျင်းစန်ကို ကြည့်လျက်အံ့သြနေကြသည်။ ရီမိသားစုသည် အင်အားကောင်းနေပြီဖြစ်ကာ ၎င်းတို့သည် အရှေ့ဘက်နယ်မြေရှိ ထိပ်တန်းမိသားစုအဖြစ်ပင် နာမည်ရလာခဲ့သည်။
ယခုတွင် လျှို့ဝှက်နဂါးစာရင်းဝင် ပါရမီရှင်တစ်ဦး ပေါ်လာသည်။ ဤသည်မှာ ကောင်းမွန်စွာရရှိခဲ့သော ခေါင်းစီးသတ်မှတ်ချက်တစ်ခုဖြစ်သည်။ ရီကျင်းစန်သည် မုရှီကိုအနိုင်ယူပြီးနောက် သဘာဝကျစွာပင် မုရှီ၏အဆင့်ကို ရရှိခဲ့သည်။
၎င်းသည်လည်း ရီမိသားစုမှ တစ်စုံတစ်ဦးသည် လျှို့ဝှက်နဂါးစာရင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုအခိုက်တွင် မွန်းစတားထိန်းချုပ်ရေးဂိုဏ်းရှိ မုရှီ၏အသက်မန္တန်ကွဲအက်သွားရာ ၎င်းသည် မွန်းစတားထိန်းချုပ်ရေးဂိုဏ်းတစ်ခုလုံးကို ချက်ချင်းပင် ထိတ်လန့်စေခဲ့သည်။
"မကောင်းတော့ဘူး၊ မုရှီသေသွားပြီ"
အခြေတည်ဝိညာဉ်အဆင့်ရှိ ဂိုဏ်းခေါင်းဆောင်ပင် ထွက်လာခဲ့သည်။
" မုရှီက လေ့ကျင့်ရေးအတွက် ဂိုဏ်းချုပ်နဲ့ အရှေ့နယ်မြေကို သွားတာမဟုတ်ဘူးလား၊ သူဘာလို့ရုတ်တရက်ဒုက္ခရောက်သွားတာလဲ။ ဂိုဏ်းချုပ်ကရော ဘယ်မှာလဲ”
“ဂိုဏ်းချု-ဂိုဏ်းချုပ်လည်း သေပြီ ”
“ချက်ချင်းစစ်ဆေးစမ်း၊ ငါတို့ရဲ့ မွန်းစတားထိန်းချုပ်ရေးဂိုဏ်းကို ဘယ်သူကပစ်မှတ်ထားရဲတာလဲရှာရမယ်”
သုံးရက်အကြာတွင် ရီမိသားစုနှင့်ပတ်သက်သည့် အချက်အလက်များကို မွန်းစတားထိန်းချုပ်ရေးဂိုဏ်းထံ ပေးပို့ခဲ့သည်။ "ရီမိသားစုက လုပ်ခဲ့တာလား"
“ဟုတ်ပါတယ်!”
"ကျွန်တော်တို့ အခုလက်စားချေကြမှာလား"
"ငါ့ -င်ကြီးကိုပဲ လက်စားချေ၊ ပြဿနာအရင်စခဲ့တဲ့သူက မုရှီဆိုတာ မင်းတို့မမြင်ဘူးလား"
"အတိအကျပြောရရင် ဒါက ငါတို့မွန်းစတားထိန်းချုပ်ရေးဂိုဏ်းရဲ့အမှားပဲ၊ ရီမိသားစုကို အပြစ်မတင်နိုင်ဘူး၊ ငါတို့ကတောင် တောင်းပန်သင့်သေးတယ်"
"လက်ထောက်ဂိုဏ်းခေါင်းဆောင် မင်း ကိုယ်တိုင်သွားသင့်တယ်"
ဂိုဏ်းခေါင်းဆောင်အိုကြီးသည် အစောပိုင်းအခြေတည်ဝိညာဉ်အဆင့်၏ အထွတ်အထိပ်တွင်ရှိသော သူ၏ကျင့်ကြံမှုကိုကြည့်လိုက်ပြီးနောက် ပါရမီရှင်တစ်ဦးသေဆုံးခြင်းသည် ကိစ္စကြီးမဟုတ်ဟူ၍ ရုတ်တရက်ခံစားလိုက်ရသည်။
သို့သော်လည်း ရီမိသားစုနှင့် သွားရှုပ်မိခြင်းသည် အမှန်တကယ်ပင် လေးနက်သောကိစ္စဖြစ်သည်။ ရီမိသားစုသည် အမှန်တကယ်တွင် မည်မျှစွမ်းအားကြီးသည်ကို မည်သူမျှ မသိကြချေ။ သူတို့ထဲတွင် ထူးကဲအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူရှိသည်ဟူသော ကောလဟာလများသည် အမှန်တကယ်ဖြစ်နိုင်သည်လော။
ထိုအချိန်တွင် ရီမိသားစုအတွင်း၌ ရီကျင်းဟိုင်သည် ရီဖန်ကိုတွေ့ရှိခဲ့သည်။ "အဖေ၊ ကျွန်တော် တောင်ပိုင်းဒေသကို သွားချင်တယ်"
ရီဖန်သည် သူ့လက်ထဲရှိ လက်ဖက်ရည်ကို ချလိုက်ကာ ရီကျင်းဟိုင်ကို ကြည့်လိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး တောင်ပိုင်းဒေသကို သွားချင်တာလဲ"
ထိုအချိန်တွင် ရီကျင်းဟိုင်သည် သူ၏ကိုယ်ပိုင်အစီအစဉ်ကို ပြောပြလိုက်သည်။ အရှေ့ဘက်နယ်မြေတွင် ရီမိသားစုတစ်ခုတည်းဖြင့် လုံလောက်နေပြီဖြစ်သည်။ သက်ရှည်ဂိုဏ်းသည် အရှေ့နယ်မြေတွင် အင်အားကြီးမားလိုပါက ရီမိသားစုနှင့် မလွဲမသွေ ပဋိပက္ခဖြစ်ရလိမ့်မည်။
၎င်းအစား စစ်မျက်နှာပြင်အသစ်တစ်ခု ဖွင့်လှစ်ခြင်းက ပို၍ကောင်းပေလိမ့်မည်။ အရှေ့ဘက်နယ်မြေကို ကျင့်ကြံရေးမျိုးနွယ်စုများက စိုးမိုးထားကာ တောင်ပိုင်းဒေသကို ဂိုဏ်းခွဲများက စိုးမိုးထားသည်။ တောင်ပိုင်းဒေသသည် သက်ရှည်ဂိုဏ်းအတွက် အသင့်တော်ဆုံး စစ်မျက်နှာပြင်ဖြစ်သည်။
အမှန်ကတယ်တွင် ရီကျင့်ဟိုင်ထံတွင် ထိုအကြံအစည်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအချိန်က သူ၏ကျင့်ကြံရေးအဆင့်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်၌သာရှိသေးကာ အခြေအနေမပေးခဲ့ချေ။ ယခုတွင် အခြေအနေပေးနေပြီဖြစ်ရာ သက်ရှည်ဂိုဏ်းသည် လွတ်လပ်စွာကြီးထွားလာနိုင်ပြီဖြစ်သည်။
ဥာဏ်အလင်းလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ရီဖန်သည်
"မင်းဘာမင်း ဆုံးဖြတ်နိုင်ပါတယ်" ဟု ပြောလိုက်သည်။
လွတ်လပ်သောအတွေ့အကြုံနှင့် ကြီးထွားမှုရရှိရန်အတွက် သူ့ကလေးများ၏ဆန္ဒကို ရီဖန် အမြဲထောက်ခံခဲ့သည်။ အကိုင်းအခက် အရွက်များ ဖြန့်ကျက်ခြင်းသည် မကောင်းသောအရာ မဟုတ်ပေ။
ရီမိသားစုသည် အရှေ့ဘက်နယ်မြေကဲ့သို့သော နေရာမျိုးတွင် ထာဝရမနေနိုင်ချေ။ အခြားနယ်မြေများဖြစ်သည့် ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးထိပင် ရီမိသားစုမှ နယ်မြေချဲ့ထွင်မည်ဖြစ်ရာ သက်ရှည်ဂိုဏ်းအနေဖြင့် ခရီးစတင်ရန် ကောင်းပေလိမ့်မည်။
ဆုံးဖြတ်ပြီးသည်နှင့် သက်ရှည်ဂိုဏ်းသည် နေရာပြောင်းရွှေ့ခြင်းခရီးကို ချက်ချင်းစတင်ခဲ့ကာ သက်ရှည်ဂိုဏ်းတစ်ခုလုံးတောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့သည်။ ရီဖန်သည် ရီကျင်းဟိုင်အတွက် အရင်းအမြစ်များစွာ လုံလောက်စေရန် ရက်ရောစွာပြင်ဆင်ခဲ့သည်။ အရင်းအမြစ်များမရှိဘဲ သက်ရှည်ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်မဖြစ်ချေ။ သူသည် ကျင့်ကြံရေးသမားတချို့အတွက် တစ်နှစ်စာဝင်ငွေရှိသည့် သန့်စင်ပြီးဖြစ်သော ဥာဏ်အလင်းလက်ဖက်ပင်မှ အရွက်၃၀၀ကို ရီကျင်းဟိုင်ထံပေးခဲ့သည်။ သက်ရှည်ဂိုဏ်းသည် တစ်ဦးတည်းသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ ရီကျင်းဟိုင်ကိုသာ အားကိုးနေ၍မရချေ။
အချိန်သည် တဖြည်းဖြည်းကုန်ဆုံးနေခဲ့ကာ မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးမရှိဘဲ ရီမိသားစုသည် ကျင့်ကြံရေးအဆင့်တိုးတက်မှုအတွက် ၎င်းတို့၏ကိုယ်ပိုင်ကျင့်ကြံရေးကိုသာ အားကိုးနိုင်ခဲ့သည်။ သို့သော် ၎င်းမှာအချိန်များစွာလိုအပ်လေသည်။ သို့သော်လည်း ရီမိသားစုသည် မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်များအကြောင်း သတင်းများကို စဉ်ဆက်မပြတ် ရှာဖွေနေခဲ့သည့်အတွက် ရီမိသားစု၍ ခွန်အားသည် တိတ်တဆိတ် တိုးတက်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ကိစ္စအများစုသည် သူကိုယ်တိုင်ကိုယ်ကျစွက်ဖက်ရန် မလိုအပ်သောကြောင့် ရီဖန်အတွက် ကိုယ်ပိုင်အားလပ်ချိန်ပိုရလာခဲ့သည်။ သူသည် လက်ဖက်ရည်သောက်သုံးရင်း သူ့နေ့ရက်များကို ကုန်ဆုံးလေ့ရှိကာ တခါတရံတွင် သာမန်ကျင့်ကြံသူတစ်ဦးအဖြစ် သူ့ကိုယ်သူရုပ်ဖျက်ကာ အရွက်တစ်ထောင်မြို့တွင်းတွင် လမ်းလျှောက်တတ်သေးသည်။
ရီဖန်၏တိုးတက်လာမှုသည် လျင်မြန်လွန်းသည်။ သူ့ထံတွင် စနစ်ရှိသော်လည်း အမှားအယွင်းအဖြစ်မခံနိုင်ချေ။ သို့သော် သေမျိုးကမ္ဘာတွင် ကျင်လည်ရင်းဖြင့် ရီဖန်သည် သူ၏စိတ်ဓာတ်သည်လည်း တဖြည်းဖြည်း ရင့်ကျက်လာသည်ကို တွေ့ရှိခဲ့သည်။ တာအိုပညာနှင့်ပတ်သက်၍ နားလည်ခြင်းသည် မိမိကိုယ်ကို အမြဲညှဉ်းပန်းနှိပ်စက်သကဲသို့ ကျင့်ကြံခြင်းထက် ပို၍ပင်စေ့စပ်ကောင်းမွန်နေသေးသည်။
နောက်ဆုံးတွင် ရီဖန်သည် အရွက်တစ်ထောင်မြို့တွင် ဈေးဆိုင်တစ်ခုပင် ဖွင့်လှစ်နိုင်ခဲ့ကာ ဝိညာဉ်စွမ်းအား လက်ဖက်ရည်ရောင်းချခြင်း၊ ရံဖန်ရံခါ ဉာဏ်အလင်းလက်ဖက်ရည်ကို ကံကြမ္မာဆက်စပ်သူများထံပေးပို့ခြင်းတို့ ပြုလုပ်ခဲ့သည်။
"သူဌေးရေ၊ ဒုတိယအဆင့် ဝိညာဉ်လက်ဖက်ရည်တစ်အိုးပေးပါ"
ဒုတိယအဆင့် ဝိညာဉ်လက်ဖက်ရည်တစ်အိုးသာ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ကျသင့်ကာ တတ်နိုင်သည့်သူ အများအပြားမရှိချေ။
"ဒီမှာပါ!"
မကြာခင်တွင် ရီဖန်သည် လက်ဖက်ရည်အိုးကို လင်ဗန်းသေးသေးလေးနှင့် လာချပေးသည်။ စားသုံးသူကို မြင်သောအခါ ရီဖန်သည် အနည်းငယ် အံ့သြသွားသည်။ ထိုအချိန်က ဝမ်လုကောင်တီရှိ တုပေါင်ဆေးခန်းမှ ချန်ပေါင်မဟုတ်ပေလော။
လွန်ခဲ့သည့်ဆယ်စုနှစ်အကြာက တုန်းရှီစီရင်စုတွင် လမ်းခွဲခဲ့ကြသော်လည်း ယခုသူနှင့်ထပ်တွေ့ရန် မမျှော်လင့်ခဲ့ပေ။ ချန်ပေါင်၏ ကျင့်ကြံရေးအဆင့်သည် မည်သည့်အချိန်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်သွားသည်ကို သူမသိပေ။ သူ့ထံတွင်လည်း ကံကြမ္မာကောင်းရှိပုံရသည်။ .
………………