အခန်း ၁၀၃-၁၀၅
Vol. 7 Ch. 103-105
အခန်း ၁၀၃- ရီရှောင်းရှောင်း၏ နောက်ခံ၊ ဒါကအင်အားအကြီးဆုံးပဲ (၁/၅)
မြင်းဖြူအစည်းအရုံး၏ဘိုးဘေးသည် ထိတ်လန့်သွားကာ ချက်ချင်းမိုင်ပေါင်းများစွာ ဆုတ်ခွါသွားလျက် ရီဖန်နှင့်အခြားသူများကို ဒေါသတကြီးစိုက်ကြည့်နေသည်။ ရီဖန်သည် မြင်းဖြူအစည်းအရုံး၏ဘိုးဘေးကို အာရုံစိုက်ရန် အချိန်မရှိခဲ့ဘဲစိုးရိမ်မှုအပြည့်ဖြင့် ရီရှောင်းရှောင်းထံသို့ ချက်ချင်းပြန်သွားခဲ့သည်။
ရီဖန်ကိုမြင်လိုက်သောအခါ ရီရှောင်းရှောင်း ၏မျက်လုံးများနီရဲလာကာ
"အစ်ကို၊ နာနာ(အဘွား)ကိုကယ်ပါ၊ နာနာ့ကိုအရင်ကယ်ပေးပါ"
နာနာ? ၎င်းသည် မည်ကဲ့သို့သော နာမည်ပြောင်ဖြစ်သနည်း။ သို့သော် ရီဖန်သည် ရီရှောင်းရှောင်း၏ နာမည်ပြောင်ကို မေးခွန်းထုတ်ရန် အချိန်မရှိနေချေ။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အဘွားကြီးထံသို့ ချက်ချင်းသွားလိုက်သည်။
ရီလု၏ဒဏ်ရာများကို စစ်ဆေးပြီးနောက် ရီဖန်သည်မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းဒဏ်ရာများသည် အတော်လေးဒုက္ခများသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအတွက် ခန္ဓာကိုယ်အတွင်းရှိ ရွှေအမြုတေသည် အရေးကြီးဆုံးဖြစ်သည်။ ၎င်းမရှိတော့ပါက ကျင့်ကြံသူသည် အချိန်၏ဒဏ်ကိုခံနိုင်ရည်မရှိတော့ချေ။
သို့သော်၎င်းသည် ရီရှောင်းရှောင်းက ဂရုစိုက်သူတစ်ဦးဖြစ်လျှင် ရီဖန်သည် သေချာပေါက်ကယ်တင်ပေးမည်ဖြစ်သည်။ ရီဖန်သည် စတုတ္ထအဆင့်စွမ်းအားပြနလည်ဖြည့်တင်းခြင်းဆေးလုံးကို ချက်ချင်းထုတ်ကာ ရီလု၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ရီလု၏အိုမင်းသောခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းရန်အတွက် သက်ရှည်ဆေးတစ်လုံးကို ထုတ်လိုက်သည်။
ရီလုသည် ရီဖန်၏ရင်ခွင်ထဲတွင် မှင်တက်လျက်လန့်နိုးလာကာ ဖြစ်ပျက်နေသည့်အရာများကို မတုံ့ပြန်နိုင်သေးချေ။ သို့သော် ရီဖန်၏မျက်နှာကို သူမ ထင်ထင်ရှားရှားမြင်လိုက်သောအခါ၊ ရီလုသည် ရုတ်တရက် စိတ်လှုပ်ရှားသွားကာ သူမ၏အသံမှာ ခံစားချက်များကြောင့် တုန်လှုပ်နေသည်။
"မင်း၊ မင်းကရှောင်ဖန်ပဲ"
ထိုနာမည်ကြားသည့်အခါ ရီဖန်၏ စိတ်ရှုပ်ထွေးမှုမှာ ပိုမိုနက်နဲလာသည်။ ဤအဘွားကြီးသည် အဘယ်ကြောင့် သူ့ကိုမှတ်မိပုံပေါ်နေရသနည်း။ ထို့အပြင် ၎င်းသည် သူ့ကိုအဘယ်ကြောင့် ဤမျှရင်းနှီးနေရသနည်း။ ရီဖန်သည် ခက်ခက်ခဲခဲ မှတ်မိရန် ကြိုးစားသော်လည်း မည်သည့်အရာကိုမှ မမှတ်နိုင်ပေ။
“ရှောင်ဖန်၊ ငါလေ မင်းရဲ့နာနာပါ"
ဘမ်း!
ရီဖန်၏စိတ်ထဲတွင် လျှပ်စီးကြောင်းများ လင်းထိန်သွားသလိုပင် သူ၏ချိပ်ပိတ်နေသော အမှတ်တရများသည် ရုတ်တရက်နိုးထလာခဲ့သည်။ သူငယ်ရွယ်စဉ်ကဘဝသည် အလွန်ကောင်းမွန်ပုံရသည်။ နောက်ပိုင်းတွင်သာ တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ကာ သူ့မိသားစုသည် တုန်ရှန်းရွာသို့ ရုတ်တရက်ပြောင်းသွားခဲ့သည်။
ထိုအချိန်တွင် အဘိုးအိုနှင့် အဘွားအိုတစ်ဦးသည် ၎င်းတို့အား နှုတ်ဆက်ရန်လာရောက်ကာ သူ့အဘိုးနှင့်အစ်ကိုကို မကျေမနပ်အော်ပြောနေပုံရသည်။ ထိုမျက်နှာသည် သူ့ရှေ့ရှိမျက်နှာနှင့် တစ်ထပ်ထည်းကျသွား၏။ "ခင်ဗျားက နာနာပဲ"
ရီဖန်၏အသံသည် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ရီဖန်၏အမှတ်တရထဲတွင် သူငယ်ရွယ်စဉ်က ထိုနန်းတော်၌နေထိုင်ခဲ့သည့်အချိန်တွင် သူ၏ နာနာသည် သူ့အပေါ်အကြင်နာဆုံးဖြစ်သည်။ သူသည် နာနာထံမှ အရသာရှိသောအရာများကို မကြာခဏရနိုင်သည်။ ဖြစ်နိုင်သည်မှာ အရသာရှိသောအစားအစာများကြောင့် နာနာကို မှတ်မိသွားခြင်းဖြစ်မည်။
“ရှောင်ဖန်၊ ငါမသေခင် မင်းကိုပြန်တွေ့နိုင်ခဲ့လို့ ငါ့ဘဝက တန်ဖိုးရှိသွားပါပြီ "
ရီရှောင်းရှောင်းကို ရီဖန်၏မိသားစု တုန်ရှန်းရွာသို့ပြောင်းရွှေ့ပြီးနောက်မွေးဖွားခဲ့သည်။
ရီလု၏ ရီရှောင်းရှောင်းအတွက် ခံစားချက်များသည် ရီဖန်အတွက်လောက် မနက်နဲချေ။ ရီလုသည် ရီဖန်၏ကြီးပြင်းလာမှုကို စောင့်ကြည့်နေသူဖြစ်သည်။ ရီဖန်ကို ယခုပြန်တွေ့သည့်အခါ ရီလုသည် မည်သို့မျှစိတ်မလှုပ်ရှားဘဲမနေနိုင်တော့ချေ။
ရီဖန်သည် သူ၏ရုတ်တရက် ပြန်ရလာသော အမှတ်ရစရာများနှင့်ပတ်သက်၍ အံ့ဩလျက်ရှိသည်။ သူ့မိသားစုနောက်ခံ ကျဆင်းသွားလျှင်ပင် သူ့မိဘများသည် ရှောင်းရှောင်းကို အဘယ်ကြောင့်ရောင်းစားကာ သူ့ကိုလက်ထပ်ခိုင်းခဲ့ကြပါသနည်း။ ရီဖန်ထံတွင် မေးခွန်းများစွာရှိခဲ့သော်လည်း ယခုသည် မေးမြန်းရန် သင့်လျော်သောအချိန်မဟုတ်ပေ။
"နာနာ အရင်ဆုံး အနားယူပါ၊ ဒီအခြေအနေကို ကျွန်တော်ဖြေရှင်းပါရစေ"
ရီဖန်သည် ရီလုကို ရီကျင်းလုံ၏ရင်ခွင်ထဲသို့ထည့်လိုက်ကာ မြင်းဖြူအစည်းအရုံး၏ဘိုးဘေးနှင့် ပြန်နိုးလာပြီဖြစ်သော ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ဘိုးဘေးတို့ကို ပြန်လှည့်ကြည့်လိုက်သည်။
"မင်းကဘယ်သူလဲ!"
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်မှဘိုးဘေး၏မျက်နှာသည် မှောင်မည်းနေကာ တာ့ယွီနိုင်ငံသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူအများအပြားကို မည်သည့်အချိန်ကရခဲ့သနည်းဟု တွေးတောနေမိသည်။ ထို့အပြင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ထိုကျေးလက်သူကို ကာကွယ်နေပုံရသည်။
"ငါကဘယ်သူလဲ။ မင်းတို့ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း ပဲ ငါ့ကိုရှာနေတာမဟုတ်ဘူးလား"
ရီဖန်၏နောက်တွင် အင်မော်တယ်သုတ်သင်ခြင်းဓားလေးစင်းသည် ထိုဘိုးဘေးများထံ ဦးတည်လျက်ထွက်သွားသည်။ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်မှဘိုးဘေးသည် တာအိုအင်မော်တယ်ပစ္စည်းလေးခုကို တွေ့လိုက်ရသဖြင့် ကျောရိုးအောက်ထိအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သနားစရာကောင်းသော ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်မှဘိုးဘေးခမျာ နောက်ဆုံးတွင်အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း တာအိုအင်မော်တယ်လက်နက်တစ်ခုမှမရှိခဲ့ပေ။ ၎င်းသည် သူမဝယ်လိုသောကြောင့်မဟုတ်ဘဲ၊ သူမတတ်နိုင်သောကြောင့်သာဖြစ်သည်
သို့မဟုတ်ပါက သူသည် တာ့ယွီနိုင်ငံတော်ရှိ အရင်းအမြစ်များအတွင် အရှင်ဝမ်ချန်နှင့် ပူးပေါင်းမည်မဟုတ်ချေ။ ရီဖန်၏စကားကိုကြားပြီးနောက် ရီရှောင်းရှောင်းကို သတိပြုမိသောအခါ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်မှဘိုးဘေးသည် ရုတ်တရက် ထိတ်လန့်သွား၏။
"မင်း၊ မင်းက ရီမိသားစုက!"
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်မှဘိုးဘေးမှာ အလွန်တုန်လှုပ်သွားသည်၊ ဤလူများသည် ရီမိသားစုမှ မည်သို့ဖြစ်နိုင်မည်နည်း။ ရီမိသားစုတွင် ထိုသို့သောစွမ်းအားများရှိနေပါက ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် ကွမ်ဟယ်စီရင်စုကို သိမ်းပိုက်လိုက်သောအခါ အဘယ်ကြောင့် ထွက်ပြေးရန် လိုအပ်သနည်း။
ရီဖန်သည် စကားလုံးများကို ဆက်၍မဖြုန်းတီးဘဲ အင်မော်တယ်သုတ်သင်ခြင်းဓားလေးစင်းကို ချက်ခြင်း လွှတ်လိုက်သည်။ ယခုတွင် ရီလု၏အခြေအနေသည် နှောင့်နှေးနေ၍မရဘဲ သူ့အသက်ကိုဆက်ရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ၎င်းမှာအခြေတည်ဝိညာဉ်အတုဖြစ်၏။ ရီလုသည် အခြေတည်ဝိညာဉ်အတုကို ဖြည့်စွက်နိုင်ပါက သူမ၏ဒဏ်ရာများသည် ပြဿနာမဟုတ်တော့ချေ။ သူတို့ရှေ့တွင် အလွန်ကောင်းမွန်သည့် ပစ္စည်းနှစ်ခုရှိနေပြီဖြစ်သည်။
အင်မော်တယ်သုတ်သင်ခြင်းဓားလေးစင်းသည် ချီစွမ်းအားဓားရှည် နဂါးလေးကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မြင်းဖြူအစည်းအရုံး၏ ဘိုးဘေးများထံသို့ ပျံသန်းသွားသည်။ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှဘိုးဘေး၏ ခန္ဓာကိုယ်သည် သူ့ကိုယ်သူကာကွယ်ရန်အတွက် ချက်ချင်းပင် သက်ရှိဝိညာဉ်များစွာဖြင့် ပြည့်နှက်သွားကာ အနက်ရောင်အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲလျက် ခန်းမအပြင်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
မြင်းဖူးအစည်းအရုံး၏အကြီးအကဲသည်လည်း မြင်းဖြူတစ်ကောင်အဖြစ်သို့ တိုက်ရိုက်အသွင်ပြောင်းကာ အပြင်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ နှစ်ယောက်စလုံးသည် ၎င်းတို့၏ထူးကဲစွမ်းရည်များကို ပြသခဲ့ကြကာ တစ်ဦးထက်တစ်ဦးသာလွန်လိုစိတ်ဖြင့် ယှဉ်ပြိုင်နေကြပုံရသည်။ တစ်ဦးက တစ်ဦးထက်မြန်အောင် ထွက်ပြေးနိုင်ပါက အသက်ရှင်သန်ရန် မျှော်လင့်ချက်ရှိပါသေးသည်။ ၎င်းတို့သည် ရီဖန်ကိုတိုက်ခိုက်ရန် အတွေးမှာမူ လုံးဝမရှိခဲ့ကြချေ။
ရီဖန်သည် သူ၏ကျင့်ကြံရေးအဆင့်ကို မဖုံးကွယ်ဘဲ သူ၏အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံမှုကို ထုတ်ဖော်ခဲ့သည်။ ရီဖန်၏ တာအိုအင်မော်တယ်လက်နက်သုံးခုနှင့် ပေါင်းစပ်လိုက်ပါက ရီဖန်ကိုထိပ်တိုက်ရင်ဆိုင်ခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းကဲ့သို့ဖြစ်မည်။
ပြေး!
သို့သော် မည်မျှပင်ကြိုးစားစေကာမူ အချည်းနှီးသာဖြစ်သည်။
သတ်ပစ်!
အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းသည် ချက်ချင်းပင် ဓားအခင်းအကျင်းအဖြစ်သို့ ပြောင်းလဲသွားကာ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးကို ဖုံးအုပ်ထားသည်။ တစ်ချက်လွှဲခုတ်ပြီးသည့်နောက်တွင် မြင်းဖြူအစည်းအရုံး၏ဘိုးဘေးသည် လဲကျသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ အခြေတည်ဝိညာဉ်သည် လွတ်မြောက်လိုသော်လည်း ရီဖန်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရ၏။
စွမ်းအားပေါက်ကွဲသွားပြီးနောက် မြင်းဖြူဘိုးဘေး၏စိတ်ဝိညာဉ်သည် ချက်ချင်း ချေမှုန်းခံလိုက်ရသည်။ ထို့နောက် ရီဖန်သည် အခြေတည်ဝိညာဉ်ကို ကိုင်ဆောင်ကာ ရီလု၏အနားသို့ ရောက်လာသည်။
“ဒုတိယအန်တီ၊ အခု မင်းရဲ့ဒဏ်ရာတွေ ပြန်ကောင်းအောင် ကူညီပေးမယ်၊ မခုခံနဲ့နော်”
ရီဖန်သည် အခြေတည်ဝိညာဉ်ကို ရီလု၏ကိုယ်ခန္ဓာထဲသို့ တိုက်ရိုက်သန့်စင်ပေးခဲ့ကာ အခြေတည်ဝိညာဉ်ကို ပေါင်းစည်းရန်ကူညီပေးခဲ့သည်။ အခြေတည်ဝိညာဉ်အတုသည် စစ်မှန်သော အခြေတည်ဝိညာဉ်အဆင့်ထက် အဆပေါင်းများစွာ နိမ့်ကျသော်လည်း ၎င်းသည်အသက်ရှင်ရန် ရွေးချယ်မှုတစ်ခုအဖြစ် အလွန်အသုံးဝင်သေးသည်။
ရီလု၏ ရောင်ဝါသည် ချက်ချင်းပင် တိုးလာကာ ထိုမြင်ကွင်းသည် အခြားသူများကို ထိတ်လန့်စေခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီဖြစ်သည်။ ဤလူများသည် မည်သူနည်း။ နောက်ထပ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဦးသည်လည်း အသတ်ခံရန်စောင့်ဆိုင်းနေသော သိုးငယ်ပမာ နေရာတွင်ပိတ်မိနေခဲ့သည်။
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ရီဖန်နှင့် အခြားသူများကိုကြည့်ကာ ချွေးအေးများပင်စိုရွှဲလာသည်။ ဆက်နေရမည်လော ထွက်သွားရမည်လောဟု အကျပ်ရိုက်နေခဲ့သည် ။
စိတ်ပျက်အားအငယ်ဆုံးသူများသည် အရှင်ဝမ်ချန်နှင့် အရှင်ယွမ်ကျိုးတို့ပင်ဖြစ်သည်။ သူတို့အောင်မြင်ခါနီးတွင် အခြေအနေများသည် ရုတ်တရက်ပြောင်းလဲသွား၏။ သူတို့၏ ကျောထောက်နောက်ခံများဖြစ်သည့် အခြေတည်ဝိဥာဉ်အဆင့်ကျင့်ကြံသူနှစ်ဦးသည် ထိုကဲ့သို့ပင်ပြိုလဲသွားသည်။ ဤအပြောင်းအလဲကို သူတို့မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။
ရီရှောင်းရှောင်းအပေါ် သူတို့၏အကြည့်များသည်လည်း အထင်အမြင်သေးခြင်းမှ ကြောက်လန့်ခြင်းသို့ ပြောင်းလဲသွားသည်။ ဤလူများမှာ ရီရှောင်းရှောင်း၏ ကျောထောက်နောက်ခံများဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင် ဤလူများသည် တာ့ယွီနိုင်ငံတော်ကိုပင် သာလွန်နေပြီဖြစ်ကာ ၎င်းတို့ဘုရင်ဖြစ်လာလျှင်ပင် ရီရှောင်းရှောင်းသည် ၎င်းတို့ကိုချေမှုန်းရန် လွယ်ကူမည်ဖြစ်သည်။
‘ရီရှောင်းရှောင်း၊ မင်းမှာ ဒီလိုနောက်ခံရှိပြီးသားတောင် ဘာလို့ဆက်ခံသူနေရာအတွက် တိုက်ပွဲဝင်နေရတာလဲ’
‘မင်းရချင်ရင် ငါတို့မင်းကိုခွင့်ပြုပေးမှာပေါ့’
ရီလု၏ ရောင်ဝါသည် တဖြည်းဖြည်းတည်ငြိမ်လာသည်နှင့်အမျှ ရီရှောင်းရှောင်းသည် မတ်တပ်ထရပ်ကာ သူမ၏ ဖီးနစ်ဝတ်ရုံကို ဖြောင့်တန်းစေခဲ့သည်။ ရီရှောင်းရှောင်းသည် ဘုရင်ရီထံချဉ်းကပ်သွားကာ ပွေ့ဖက်ထားခဲ့သည်။
“အဘိုး၊ ကျန်တာကို ကျွန်မတာဝန်ထားလိုက်ပါ”
ရီရှောင်းရှောင်းသည် ဘုရင်ရီကို ရာဇပလ္လင်ပေါ်သို့ ပြန်တင်ပေးခဲ့ပြီးနောက် အရှင်ယွမ်ကျိုးနှင့် အရှင်ဝမ်ချန်တို့ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် မင်းအပြစ်ကို ဝန်ခံလား"
နှစ်ယောက်သားမှာ ဒူးများအားပျော့သွားသကဲ့သို့ ခံစားလိုက်ရကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
“ငါတို့ရဲ့ အပြစ်ကို ဝန်ခံပါတယ်။ အရှင် ကျေးဇူးပြုပြီး ငါတို့ကိုချမ်းသာပေးပါ”
နှစ်ယောက်သားသည် ရီရှောင်းရှောင်းကို မြှောက်ပင့်သောအပြုံးများဖြင့်ကြည့်ကာ အသက်ရှင်ခွင့်ရရန် တောင်းဆိုနေကြ၏။
……………………
အခန်း ၁၀၄- သူတို့က တခြားသူမဟုတ်ဘူး၊ ရီမိသားစုကပဲ (၂/၅)
ရီရှောင်းရှောင်း၏ မျက်နှာသည် အေးစက်နေကာ
“မင်းတို့နှစ်ယောက် ဘယ်လိုများ အသနားခံနိုင်သေးတာလဲ"
"မင်းတို့အမှားတွေကို သဘောမပေါက်ဘူးထင်တယ်"
"ဆက်ခံသူနေရာအတွက် တိုက်ပွဲဝင်တာက ပုံမှန်ပဲ၊ အောင်နိုင်သူနဲ့ အရှုံးနဲ့ ရှိမယ်၊ ဒါပေမယ့် တာ့ယွီကို ဆန့်ကျင်ဖို့ ပြင်ပလူတွေနဲ့ ဘယ်တော့မှ မပူးပေါင်းသင့်ဘူး!”
ဘမ်း!
ရီရှောင်းရှောင်း၏ စကားများသည် မိုးကြိုးကဲ့သို့ ရိုက်ခတ်သွားကာ ၎င်းတို့သည် ထိုင်ခုံပေါ်သို့ လဲကျသွားသည်။ ဤအခိုက်အတန့်တွင် ရီရှောင်းရှောင်းသည် ဘုရင်မတစ်ဦး၏ရောင်ဝါကို ပြသခဲ့သည်။ အရှင်ယွမ်ကျိုးသည် ရှက်ရွံ့စွာခေါင်းငုံ့ထားသော်လည်း အရှင်ဝမ်ချန်သည် ခေါင်းကိုမော့ကာ သူ့မျက်လုံးများတွင် နာကြည်းမှုနှင့်မကျေနပ်မှုများ ပြည့်နှက်နေသည်။
"ရီရှောင်းရှောင်း၊ မင်းမှာငါတို့ကို ဆုံးမဖို့ ဘာအခွင့်အရေးရှိလဲ။ မင်းရော အပြင်လူတွေနဲ့ မပူးပေါင်းလို့လား"
၎င်းကိုကြားသည့်အခါ အရာရှိအားလုံးသည် ခေါင်းမော့လိုက်ကြသည်။ ရုတ်တရက်ပေါ်လာသည့် ကျင့်ကြံသူများသည် မည်သူများဖြစ်သနည်း။ ရီရှောင်းရှောင်းသည် တာ့ယွီနိုင်ငံတော်ပြင်ပရှိ အင်အားစုများနှင့် အမှန်တကယ်ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်ပါသလော။
"ငါတို့ခေါ်ထားတဲ့လူတွေက အနည်းဆုံးတော့တာ့ယွီနိုင်ငံတော်ထဲက ကျင့်ကြံသူတွေပဲ၊ ဒါပေမယ့် မင်းလူတွေက တာ့ယွီထဲကမဟုတ်ဘူး၊ ဟုတ်တယ်မလား?"
လူတိုင်းသည် ရီရှောင်းရှောင်းထံသို့ လှည့်ကြည့်ကာ သူမထံမှ အဖြေရရန် မျှော်လင့်နေကြသည်။ ရီရှောင်းရှောင်း ပြန်မဖြေမီတွင် ဘုရင်ရီသည် စကားစလိုက်၏။
“ဒီလူတွေက အပြင်လူတွေ မဟုတ်ဘူး”
ဘမ်း!
ဘုရင်ရီ၏စကားကြောင့် ပရိသတ်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ အပြင်လူမဟုတ်ပါက ၎င်းတို့သည်တော်ဝင်မိသားစုထဲမှ ဖြစ်နိုင်သလော။ သို့သော် တော်ဝင်မိသားစု၌ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အများအပြားရှိကြောင်း သူတို့အဘယ်ကြောင့် မသိရှိခဲ့ကြသနည်း။
“မယုံဘူး တော်ဝင်အကြီးအကဲ၊ ရီရှောင်းရှောင်း အတွက် ဆင်ခြေပေးဖို့ မလိုဘူး၊ ဒီလူတွေက အပြင်လူတွေ။ ငါ ရီရှောင်းရှောင်း နန်းတက်တာကို လက်ခံပေမယ့်၊ ငါတာ့ယွီနိုင်ငံကို ဆန့်ကျင်ဖို့ မကြံစည်တဲ့အတွက် ငါ့ရဲ့ဆုံးရှုံးမှုကို ငါလက်မခံနိုင်ဘူး။ ရီရှောင်းရှောင်းကမှ တကယ့်သစ္စာဖောက်ပဲ!”
အရှင်ဝမ်ချန်သည် သတ္တိရှိသည့်ပုံစံဖြင့် ခေါင်းကိုမော့လိုက်သော်လည်း လက်တွေ့တွင် သူ၏နောက်ဆုံးအသက်ရှင်ရန်အခွင့်အရေးကို ရှာဖွေနေခြင်းသာဖြစ်သည်။
ရီရှောင်းရှောင်းသည် ပြင်ပလူများကို ခေါ်ဆိုကြောင်း အတည်ပြုနိုင်ခဲ့ပါက လူတိုင်းသည် နိုင်ငံတော်ကိုဆန့်ကျင်ရန်ကြံစည်ခြင်းဟု မြင်ကြလိမ့်မည်။ ဘုရင်ရီသည် သူ့အသက်ကို ချမ်းသာပေးကောင်းပေးနိုင်လိမ့်မည်။
“တော်လောက်ပြီ!"
ဘုရင်ရီသည် ရုတ်တရက်ထရပ်ကာ အရာရှိများကို အကဲခတ်လိုက်သည်။
“အားလုံးသိချင်တဲ့အတွက် ဒီလူတွေက ဘယ်သူလဲဆိုတာ ပြောပြမယ်။ ဒီလူတွေက ငါ့တတိယမြောက်ညီတော်ရဲ့ မိသားစုဝင်တွေပဲ”
‘ဘုရင်ရီ၏ တတိယမြောက်ညီတော်’
ပရိသတ်ထဲမှ အကြီးအကဲအရာရှိများသည် အင်အားကြီးသောရုပ်သွင်ကို သတိရလိုက်ကြသည်။ ၎င်းမှာ တာ့ယွီနိုင်ငံတော်၏စစ်ပွဲနတ်ဘုရား၊ အောင်နိုင်ခြင်းစစ်သည်၊ တောင်တန်းများ၏ဘုရင်ဖြစ်သည်။
တောင်တန်းများ၏ဘုရင်သည် တစ်ချိန်ကတာ့ယွီနိုင်ငံတော်အတွက် နယ်မြေတစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် တာ့ယွီနိုင်ငံတော်၏စစ်ပွဲကြီးအပြီးတွင် ၎င်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
အချို့က တောင်တန်းများ၏ဘုရင်ကွယ်လွန်သွားပြီဟု ပြောကြကာ၊ အချို့ကမူ ပင်ပန်း၍ အနားယူသွားသည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် ဒဏ်ရာအပြင်းအထန်ရသွားသောကြောင့် သူ၏ကျင့်ကြံရေးအဆင့်မှာ လုံးဝပျက်စီးသွားကြောင်းကို ဤအရာရှိဟောင်းများကသာ သိကြသည်။
ထိုကာလတွင် အရာရှိများစွာသည် သူရဲကောင်းကြီးတစ်ဦး ကျဆုံးခြင်းအတွက် ဝမ်းနည်းကြေကွဲစွာ ခံစားခဲ့ရသည်။ ဆိုလိုသည်မှာ ဤလူများသည် တောင်တန်းများဘုရင်၏ မျိုးဆက်များဖြစ်သလော။ တောင်တန်းများဘုရင်ဘွဲ့သည် မျိုးရိုးလိုက်ဆံခံသည်ဖြစ်ရာ ရီဖန်သည် တောင်တန်းများဘုရင်အသစ်ဖြစ်ပါသလော။
စစ်အရာရှိတစ်ဦးသည် ငိုယိုလျက် ဒူးထောက်ထိုင်ချလိုက်သည်
တောင်တန်းများဘုရင်ကို ဂါဝရပြုပါတယ်"
ထို့နောက်တွင် ပိုများသောအရာရှိများသည် ဒူးထောက်လျက် ဂါဝရပြုလိုက်ကြသည်။ အရှင်ဝမ်ချန်သည် သူ၏အင်အားအကုန်ဆုံးရှုံးသွားကာ မြေပေါ်သို့ လဲကျသွားသည်။ တောင်တန်းများဘုရင်၊ ဤလူများသည် အပြင်လူများမဟုတ်ဘဲ သူ၏တော်ဝင်ညီတော်၊ ရီမိသားစု၏ တိုက်ရိုက်ဆင်းသက်လာသောမျိုးဆက်ဖြစ်သည်။
ရီဖန်ဘက်တွင်မူ သူသည်နောက်ဆုံးတွင် တိုက်ခိုက်မှုကိုရပ်လိုက်ကာ သူ၏စွမ်းအားကို ရုတ်သိမ်းလိုက်သည်။ ရီလုသည် အခြေတည်ဝိညာဉ်ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ သူမသည် ဘေးကင်းရုံသာမက သူမ၏သက်တမ်းကိုလည်း အနှစ် ၁၅၀၀သက်တမ်းတိုးခဲ့သည်။ ၎င်းမှာ ရုပ်ဖျက်ထားသော ကောင်းချီးတစ်ခုဖြစ်နေခဲ့ပုံရသည်။
ရီဖန်သည် သူ့ကို တောင်တန်းများဘုရင်ဟု လူအုပ်ကြီးက ကြွေးကြော်သည်ကို ကြားသောအခါ အံ့အားသင့်သွားသည်။ သူသည် မည်သည့်အချိန်က တောင်တန်းများဘုရင်ဖြစ်သွားရသနည်း။ တာ့ယွီနိုင်ငံတော်သည် သူ့ကို၎င်းတို့၏ တောင်တန်းများဘုရင်ဖြစ်စေချင်နေသည်လော။ ရီဖန်၏စိတ်ရှုပ်ထွေးမှုကို မြင်လိုက်ရသဖြင့် ရီလုသည် သူတို့၏သမိုင်းကို ရှင်းပြသည်။
တောင်တန်းများဘုရင်သည် သူ၏ကျင့်ကြံရေးအဆင့်ကို ဆုံးရှုံးပြီးနောက်တွင် အစ်ကိုများ၏ထိန်းသိမ်းမှုကို လျစ်လျူရှုကာ ကွမ်ဟယ်စီရင်စုသို့သွားရောက်လျက် သာမန်လူတစ်ဦးနှင့် လက်ထပ်ကာ အခြေချနေထိုင်ခဲ့သည်။
ထိုအချိန်မှာ တောင်တန်းများဘုရင်သည် တာ့ယွီနိုင်ငံတော်၏တော်ဝင်မိသားစုနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားချိန်ဖြစ်သည်။ တောင်တန်းများဘုရင်သည် သူ့ထံတွင် ရန်သူများလွန်းသည်ကို သိထားသောကြောင့် သူ၏ပျောက်ကွယ်သွားမှုသည် ရီဖန်နှင့် တခြားသူများအပေါ်ကျရောက်နိုင်သည့် ဘေးဒုက္ခကိုတားဆီးရန်သာဖြစ်သည်။
နောက်ပိုင်းတွင် ရီလုသည် ရီရှောင်းရှောင်းနှင့် တွေ့ဆုံခဲ့ကာ ထိုအချိန်တွင် ရီရှောင်းရှောင်းသည် ၎င်းတို့၏မျိုးဆက်ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ရီဖန်အကြောင်းသိလိုက်ရသောအခါ ရီလုသည် ၎င်းတို့ကိုကာကွယ်ရန်အတွက် သူမ၏အထောက်အထားကို မထုတ်ဖော်ခဲ့ချေ။
အရာအားလုံးသည်ပုံပြင်ဆန်သော်လည်း ရီလုရှင်းပြသွားသည့်အရာအားလုံးသည် အမှန်ပင်ဖြစ်သည်။ တာ့ယွီနိုင်ငံတော်သည် ရီမိသားစု၏ထိန်းချုပ်မှုအောက်တွင် ဆက်လက်တည်ရှိနေခဲ့သည်။ နောက်ဖြစ်လာသည့်အရာမှာ ရှင်းလင်းသည်။
သူ့ဓားကို တစ်ချက်လွှဲခုတ်လိုက်ကာ ရီဖန်သည် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ဘိုးဘေးကိုအဆုံးသတ်လိုက်သည်။ ဘုရင်ရီသည် ခွန်အားများလျော့နည်းသွားသော်လည်း မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။
"ရီရှောင်းရှောင်းက ထီးနန်းကို ဆက်ခံမယ့်သူဖြစ်ကြောင်း ငါကြေညာလိုက်ပြီ"
ဟု ကြွေးကြော်ခဲ့သည်။
“ဒါ့အပြင် တောင်တန်းများဘုရင်အသစ်အဖြစ် ရီဖန်ဆက်ခံရမယ်၊ မင်းရဲ့နယ်မြေက မင်းတို့မျိုးဆက်အတွက်ပဲဖြစ်ရမယ်”
ဘုရင်ရီသည် နောက်ဆုံးစကားကိုအဆုံးသတ်ပြီးနောက် ပလ္လင်ပေါ်တွင် ဖြည်းညှင်းစွာထိုင်ချလိုက်ကာ ရီဖန်ကို လှည့်ကြည့်လိုက်သည်။
“ရှောင်ဖန်၊ မင်း တာ့ယွီနိုင်ငံတော်ကို သံယောဇဉ်မရှိဘူးဆိုတာ လက်ခံပါတယ်၊ ဒါပေမယ့် တာ့ယွီနိုင်ငံတော်မှာ အခက်အခဲတွေကြုံလာရင် မင်းဝင်ကူညီမယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါက မင်းအဘိုးအနေနဲ့မဟုတ်ဘဲ အဘိုးကြီးတစ်ယောက်ရဲ့ တောင်းဆိုမှုသပ်သပ်ပါ”
ဟု တောင်းဆိုခဲ့သည်။
ဘုရင်ရီသည် ရီဖန်ထံမှ အဖြေရရန်မျှော်လင့်လျက် စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့မြေးဖြစ်သူသည် သဘောတူခွင့်ပြုပါက တာ့ယွီနိုင်ငံတော်သည် အနည်းဆုံးနောက်ထပ်ထောင်စုနှစ်အနည်းငယ်အထိ ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း သူနားလည်ခဲ့သည်။
ဘုရင်ရီသည် တာ့ယွီနိုင်ငံအတွက် တစ်ဘဝလုံးအလုပ်လုပ်ခဲ့ကာ သေခါနီးအချိန်အိပ်ယာပေါ်တွင် ရှိနေသော်လည်း သူ၏နိုင်ငံတော်နှင့် ပတ်သက်၍ တွေးတောနေဆဲဖြစ်သည်။ ရီဖန်သည် ဖြည်းညှင်းစွာ အသက်ရှူသွင်းကာ “ဟုတ်ကဲ့ပါ” ဟု ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်!"
ဘုရင်ရီ၏မျက်နှာသည် ပြုံးလိုက်ပြီးနောက်တွင် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
နောက်အခိုက်အတန့်တွင် ပလ္လင်ကိုကိုင်ထားသော သူ၏လက်များသည် အောက်သို့လျှောကျသွားကာ ဘဝ၏နောက်ဆုံးထွက်သက်သို့ရောက်ရှိသွားပြီဖြစ်သည်။
"တော်ဝင်အကြီးအကဲ!"
"အကိုကြီး!"
ရီလုနှင့် ရီရှောင်းရှောင်းတို့သည် စိတ်အားငယ်စွာ လှမ်းအော်လိုက်သော်လည်း ငိုသံများမှာ တိတ်ဆိတ်နေခဲ့သည်။
"ဘုရင်မင်းမြတ် နတ်ရွာစံသွားပါပြ္!"
မိန်းမစိုး၏ ကျယ်လောင်သောအသံသည် နန်းတော်ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
‘တောင်…တောင်…တောင်…တောင်…တောင်…တောင်…တောင်…တောင်…တောင်…’
မြို့တော်အနှံ့တွင် ခေါင်းလောင်းသံကိုးခုထွက်ပေါ်လာကာ ဘုရင်ရီသည် ကွယ်လွန်သွားပြီဖြစ်သည်။ မြို့သူမြို့သားများ၏ ငိုကြွေးသံများသည်လည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ရီဖန်သည် ဘုရင်ရီမှာ ဆွေမျိုးကောင်းဟုတ်မဟုတ် မသေချာသော်လည်း အုပ်ချုပ်သူကောင်းတစ်ဦးဖြစ်ခဲ့သည်ကို သူသေချာသိသည်။ အသက်ကြီးလာသည်နှင့်အမျှ ထိန်းချုပ်မှု လျော့နည်းသွားသည့်တိုင် အုပ်ချုပ်သူကောင်းတစ်ဦးအဖြစ် ဆက်လက်ရှိနေခဲ့သည်။
သုံးရက်အကြာတွင် ရီရှောင်းရှောင်း နန်းတက်ခဲ့ကာ တာ့ယွီနိုင်ငံတော်၏သမိုင်းတွင် ပထမဆုံးဘုရင်မဖြစ်လာခဲ့သည်။ ရီရှောင်းရှောင်း ထီးနန်းရယူပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ပြစ်ဒဏ်ခံထိုက်သူများကို ကွပ်မျက်ခြင်းပင်ဖြစ်သည်။
‘သစ္စာဖောက်များသည် အသတ်ခံရမည်’
‘မကောင်းသောရည်ရွယ်ချက်ရှိသူများကို သတ်ပစ်ရမည်’
အဓိကဂိုဏ်းနှစ်ခုမှာ သုတ်သင်ခြင်းခံလိုက်ရကာ အကြီးအကဲများသည် လူတိုင်း၏ရှေ့တွင် ရီရှောင်းရှောင်း ကိုယ်တိုင်ကိုယ်ကျသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ရီရှောင်းရှောင်း၏ ဖီးနစ်ဝတ်ရုံတွင် သွေးများစွန်းထင်းနေကာ သူမ၏ပုံပန်းသဏ္ဌာန်သည် ပို၍အရှိန်အဝါပြင်းကာ ကြောက်မက်ဖွယ်ကောင်းနေသည်။
မြို့ရစားနှစ်ဦးကို ကွပ်မျက်ပြီးနောက်တွင် ရီရှောင်းရှောင်းသည် ယခင်ကပုန်ကန်သော အရာရှိအုပ်စုကို ဆက်လက်၍ အမြစ်ပြတ်ချေမှုန်းခဲ့သည်။ ရီရှောင်းရှောင်း၏မူဝါဒအရ မည်သူ့ကိုမျှ အလွတ်မပေးသင့်ချေ။ ရီရှောင်းရှောင်း၏ ဦးဆောင်မှုနှင့်အတူ ရီမိသားစုမှ တပည့်များသည် ဆက်လက်အရေးယူခဲ့သည်။
ရီဖန်ကိုယ်တိုင်ပင်လျှင် မြင်းဖြူအစည်းအရုံးနှင့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းကို ချေမှုန်းရန်အတွက် တာဝန်ယူခဲ့သည်။ ရီဖန်သည် ရီရှောင်းရှောင်းအတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားပေးလိုကာ သူမကိုတည်ငြိမ်သည့် တာ့ယွီနိုင်ငံတော်ကို အုပ်ချုပ်စေလိုသည်။
ကြောက်လန့်နေကြသော တာ့ယွီနိုင်ငံတော်ရှိ ဂိုဏ်းဂဏကြီးများနှင့် တော်ဝင်မိသားစုများအားလုံးသည် ရီရှောင်းရှောင်း ကိုသစ္စာခံကြောင်းကျိန်ဆိုရန် အပြေးအလွှားရောက်လာကြသည်။
ယခင်က တာ့ယွီနိုင်ငံတော်တွင် အသက်အရွယ်ကြီးသည့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူမှာ ဘုရင်ရီတစ်ဦးတည်းသာရှိခဲ့ကာ ၎င်းဂိုဏ်းခွဲများနှင့် တော်ဝင်မိသားစုများသည် များစွာအရေးမစိုက်ခဲ့ကြချေ။
သို့သော် ဘုရင်ရီကွယ်လွန်ပြီးနောက်တွင် တာ့ယွီနိုင်ငံတော်သည် ပိုမိုအားကောင်းလာခဲ့ကာ
သူတို့၏ ထောက်လှမ်းရေးချိတ်ဆက်မှုများသည် အချက်အလက်များကို အင်အားစုတိုင်းထံသို့ ပေးပို့ထားနိုင်ခဲ့ပြီးဖြစ်သည်။
………….
အခန်း ၁၀၅- ရီမိသားစု ပြန်လည်ရောက်ရှိလာခြင်း (၃/၅)
ယခုတွင် တာ့ယွီနိုင်ငံတော်၌ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူလေးဦးရှိကာ ၎င်းတို့အားလုံးသည် ရီမိသားစုမှဖြစ်သည်။ နောက်ထပ် အားကောင်းသည့် ကျင့်ကြံသူမည်မျှရှိမည်ကို မသိနိုင်ချေ။
အထူးသဖြင့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ဦးကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သော တောင်တန်းများဘုရင်သည် တာ့ယွီနိုင်ငံတော်တွင် ပြန်လည်ပေါ်ထွက်လာခြင်းမှာ ဂိုဏ်းများနှင့် မျိုးနွယ်စုများကို လုံးဝကြောက်လန့်စေခဲ့သည်။
တာ့ယွီနိုင်ငံတော်ကို သွားရန်စ၍မရချေ။ ယခုတွင် သူတို့သည် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မြင်းဖြူအစည်းအရုံးကို သေလောက်အောင်မုန်းတီးနေကြပြီဖြစ်သည်။ သူတို့၏ပုန်ကန်မှုကြောင့်မဟုတ်ပါက တာ့ယွီနိုင်ငံတော်သည် ထိုဂိူဏ်းများနှင့် မျိုးနွယ်စုများကို ပစ်မှတ်ထားမည်မဟုတ်ချေ။ အရာအားလုံးသည် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မြင်းဖြူအစည်းအရုံးတို့၏ အပြစ်များကြောင့်သာဖြစ်သည်။
တစ်ညတည်းဖြင့် ဂိုဏ်းနှစ်ခုမှလက်ကျန်အင်အားများသည် သုတ်သင်ရှင်းလင်းခြင်းခံခဲ့ရကာ ထိုအချိန်မှစ၍ တစ်ချိန်က တာ့ယွီနိုင်ငံတော်ကို လွှမ်းမိုးခဲ့သော ဂိုဏ်းနှစ်ဂိုဏ်းသည် သမိုင်းအဖြစ်ကျန်ရစ်ခဲ့တော့သည်။ ယခုအချိန်တွင် တာ့ယွီနိုင်ငံတော်၌ အသံတစ်ခုတည်းသာရှိကာ ၎င်းမှာ ရီမိသားစု ၏အသံ၊ ရီရှောင်းရှောင်း၏အသံသာဖြစ်၏။
"ဂုဏ်ယူပါတယ် သခင်၊ မိသားစုခေါင်းဆောင်ရဲ့ စွမ်းအားက အမှတ်တစ်ထောင်ကျော်သွားပါပြီ"
ရီရှောင်းရှောင်းသည် ဘုရင်ရီ၏ဘွဲ့ကို ကိုင်ဆောင်ထားရုံမျှသာမကဘဲ တာ့ယွီနိုင်ငံတော်ကိုအုပ်စိုးထားခြင်းဖြစ်ကြောင်း စနစ်၏သတိပေးချက်ထွက်ပေါ်လာသည်။ မိသားစုစွမ်းအားမစ်ရှင်သည် သုံးပုံမှလေးပုံသို့ အမှတ်နှစ်ထောင်လိုအပ်ကာ ၎င်းသည်မဝေးတော့ချေ။ သို့သော် ဤစွမ်းအားဆုသည် သေးငယ်သောအရာမျှသာဖြစ်သည်။
စနစ်၏ နောက်ထပ်သတိပေးချက်တစ်ခုသည် ရီဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
“သခင်၊ မိသားဒုတိယစွမ်းအားဖြစ်တဲ့ မင်းဆက်(တာ့ယွီနိုင်ငံတော်ကို) ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
ရီဖန်၏ အေးဆေးတည်ငြိမ်မှုဖြင့်ပင် သူသည် ဝမ်းမြောက်သွားရသည်။ ပထမဆုံးမိသားစု၏ဒုတိယစွမ်းအားသည် သက်ရှည်ဂိုဏ်း ပေါ်ပေါက်လာသောအခါတွင်ဖြစ်ကာ ရီဖန်၏ကျင့်ကြံရေးအဆင့်သည် သိသိသာသာ တိုးတက်လာခဲ့သည်။
အခုတွင် တာ့ယွီနိုင်ငံတော်ကြောင့် ဒုတိယမြောက် မိသားစုဒုတိယစွမ်းအား ရောက်ရှိလာပါပြီဖြစ်သည်။ သူသည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ခြေတစ်လှမ်းပိုနီးလာပြီဖြစ်၏။
“စနစ်၊ စုစည်းလိုက်ပါ”
ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် ပို၍မြင့်လာပြန်ရာ သူသည်အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်သို့ လျင်မြန်စွာဖြတ်ကျော်သွားကာ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
တာ့ယွီနိုင်ငံတော်သည် အနည်းငယ် အားနည်းနေသေးကာ နောက်ထပ်ဖွံ့ဖြိုးတိုးတက်ရန် အချိန်အနည်းငယ် လိုအပ်သည်။ သူသည်လည်း နတ်အသွင်ပြောင်းခြင်းအဆင့်နှင့် နီးကပ်လာပြီဖြစ်၏။
“အစ်ကို၊ ဒီ မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်တွေကို တော်ဝင်ဥယျာဉ်တွေမှာ တွေ့ခဲ့တာ၊ ပြီးတော့ ဒီဝိညာဉ်ဆေးပင်တွေက အင်အားစုနှစ်ခုဆီမှာတွေ့ခဲ့တာ”
ရီရှောင်းရှောင်းသည် ရီဖန်ကို မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်များနှင့် အခြားစတုတ္ထအဆင့် ဝိညာဉ်ဆေးပင်များပါရှိသော သိုလှောင်အိတ်ကို ပေးလိုက်သည်။
နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော တာ့ယွီမင်းဆက်တွင် အမှန်တကယ်နက်နဲသော အရင်းအမြစ်များ ရှိသည်။ ဥယျာဉ်တစ်ခုတွင် မွေးဖွားစဖွဲ့စည်းခြင်းဆေးပင် ၁၂ မျိုးလုံးရှိသည်။ ယခင်က တာ့ယွီနိုင်ငံတော်တွင် စတုတ္ထ အဆင့်ဆေးပညာရှင်မရှိသောကြောင့် အရင်းအမြစ်များရှိသည့်တိုင် ဆေးပညာကို မစွမ်းဆောင်နိုင်ချေ။
တာ့ယွီနိုင်ငံတော်ကဲ့သို့သော ကျင့်ကြံရေးတိုင်းပြည်များအတွက် စတုတ္ထအဆင့်ဆေးလုံး သို့မဟုတ် အင်မော်တယ်ပစ္စည်းရရှိရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ သို့မဟုတ်ပါက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိမည်မဟုတ်ချေ။
မွေးဖွားစဖွဲ့စည်းခြင်းဆေးပင်များကို ရရှိပြီးနောက်၊ ရီဖန်သည် အချိန်မဖြုန်းဘဲ ချက်ချင်းပင် မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးများကို သန့်စင်ပေးခဲ့သည်။ ယခုတွင် ၎င်းသည် ရီဖန်အတွက် လွန်စွာလွယ်ကူလာပြီဖြစ်၏။ တစ်လတာအချိန်အတွင်း ရီဖန်သည် မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံး ဆယ့်နှစ်လုံးကို အောင်မြင်စွာ သန့်စင်ပေးနိုင်ခဲ့သည်။
အချိန်အတော်ကြာရပ်တန့်နေခဲ့သော ရီမိသားစု၏ ကျင့်ကြံရေးအဆင့်သည် နောက်ဆုံးတွင် ပြန်လည်မြင့်တက်လာခဲ့ကာ အခြေတည်ဝိညာဉ် အဆင့်ကိုဖြတ်ကျော်ရန်မှာ အဓိကလမ်းကြောင်းဖြစ်လာသည်။
ရီရှောင်းရှောင်း၊ ရီကျင်းလုံ၊ ရီကျင်းချုံ၊ ရီချင်တို့ တစ်ဦးပြီးတစ်ဦး အဆင့်တက်လှမ်းသွားပြီဖြစ်သည်။ ရီဖန်သည် ကျန်ရှိသော မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးများကို နောင်အခါအတွက် သိမ်းဆည်းခဲ့သည်။ ရီမိသားစုတွင် အဆင့်ကျော်ဖြတ်ခြင်းမပြုရသေးသော လူအနည်းစုရှိသေးရာ မွေးဖွားစဖွဲ့စည်းခြင်းဆေးလုံးများသည် မလုံလောက်သေးချေ။
တာ့ယွီနိုင်ငံတော်တွင် ကိစ္စများကို ကိုင်တွယ်ပြီးနောက် ရီဖန်သည် အရှိန်မလျှော့ဘဲ သူသည် ယခင်တောင်တန်းများဘုရင်၏ စံအိမ်ဖြစ်သည့် တာ့ယွီနိုင်ငံတော်မှပေးအပ်သောအိမ်သို့ သွားခဲ့သည်။ တောင်တန်းများဘုရင်၏ စံအိမ်သည် ကြီးမားကာ အဖိုးမဖြတ်နိုင်ပေ။ သို့သော်၎င်းသည် ရီဖန် အတွက်က အဆင်ပြေရုံမျှသာဖြစ်သည်။
ရီမိသားစုဝင်အများစုသည်လည်း ကြယ်တစ်သောင်းကျွန်းသို့ အပြေးအလွှား ပြန်သွားကြသည်။ ထိုနေရာသည် ရီမိသားစု၏ အခြေစိုက်စခန်းဖြစ်၏။ နောက်တစ်နေ့တွင် ရီလုသည် ရီဖန်ကို လာတွေ့ခဲ့သည်။
" ရှောင်ဖန်၊ ငါတို့ ရီမိသားစုအကြောင်း မင်းကိုပြောပြဖို့အချိန်ရောက်ပြီ "
ယခုအချိန်တွင် ရီဖန်သည် ရီမိသားစုတွင် အင်အားအကြီးဆုံးဖြစ်ရာ သဘာဝကျစွာပင် သူသည် ရီမိသားစု၏လျှို့ဝှက်ချက်များကို သိရှိရန် အရည်အချင်းပြည့်မီသည်။
ရီလုသည် ရီဖန်၏မေးခွန်းများကို ဖြေဆိုခြင်းဖြင့်စတင်ခဲ့သည်။ ရီဖန်၏မိဘများမှာ လွန်ခဲ့သောကာလအတန်ကြာက တိုက်ပွဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရီဖန်ကို ပြုစုပျိုးထောင်ခဲ့သူများသည် သူ၏မိဘအရင်းမဟုတ်ဘဲ မွေးစားမိဘများသာဖြစ်ကာ ၎င်းတို့သည် ရီဖန်မည်သူဖြစ်မှန်းပင် မသိခဲ့ကြချေ။
ထို့နောက် ရီလုသည် တာ့ယွီနိုင်ငံတော်၏နောက်ကြောင်းကို ရီဖန်ကိုထပ်မံရှင်းပြခဲ့သည်။ ရီမိသားစုသည် မူလက အရှေ့ဘက်စွန့်ပစ်နယ်မြေမှမဟုတ်ဘဲ အရှေ့ဘက်နတ်ဘုရားနယ်မြေမှဖြစ်သည်။
ကျင့်ကြံရေးနယ်ပယ်သည် ကျယ်ပြောလှကာ ကြီးမြတ်သောနတ်ဘုရားစီရင်စုခုနစ်ခုအဖြစ် ပိုင်းခြားထားသည်။ အရှေ့ဘက်စွန့်ပစ်နယ်မြေသည် အရှေ့ဘက်နတ်ဘုရားနယ်မြေ၏ အရှေ့ဘက် မိုင်ဆယ်သန်းအကွာတွင်တည်ရှိသည်။ သို့သော်လည်း ရီမိသားစုသည် အရှေ့ဘက်စွန်ုပစ်နယ်မြေသို့ပြောင်းသွားသည်နှင့်တပြိုင်နက် အရှေ့ဘက်နတ်ဘုရားနယ်မြေသို့ ပြန်မရောက်ခဲ့ကြချေ။
အရှေ့ဘက်နတ်ဘုရားနယ်မြေစီရင်စုရှိ ရီမျိုးနွယ်စု၏ အဓိကမိသားစုမျိုးဆက်သည် အင်အားကြီးမားသည်။ ရီဖန်သည် အဓိကမိသားစုမျိုးဆက်အကြောင်းကို လေ့လာရန် သိပ်စိတ်မ၀င်စားပေ။
သူ၏ရီမိသားစုသည် အရွက်တစ်ထောင်ရီမိသားစုဟူ၍ လူသိများသော သူကိုယ်တိုင်ဖန်တီးခဲ့သည့် မိသားစုသာဖြစ်၏။ အရှေ့ဘက်နတ်ဘုရားနယ်မြေ၏ မိသားစုအတွက်မူ ၎င်းသည်ရီဖန်၏ ရီမိသားစုမဟုတ်ဘဲ တခြားသူ၏ ရီမိသားစုဖြစ်သည်။
နောက်ဆုံးတွင် ရီလုသည် ရီဖန်ကို ဘုရင်စံအိမ်၏ပင်မခန်းမဆောင်သို့ ခေါ်ဆောင်သွားခဲ့သည် ။ ထို့နောက် ရီလုသည် လက်ဖြင့်ချိတ်စည်းပုံစံအနည်းငယ်ပြုလုပ်လိုက်ရာ ရီဖန်၏ရှေ့တွင် အပေါက်တစ်ခုပေါ်လာသည်။
ရီလုသည် ရီဖန်ကို လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်လာကာ အခန်းတွင်းရှိ တစ်ခုတည်းသော ပန်းချီကားကို ညွှန်ပြလျက် “ရှောင်ဖန်၊ ဒီပန်းချီကားက တောင်တန်းများဘုရင်ရဲ့ အမြတ်နိုးဆုံး ရတနာပဲ၊ ဒီပန်းချီကားကို နားလည်သဘောပေါက်ခြင်းက ထူးကဲအသွင်ပြောင်းခြင်းအဆင့်ရဲ့ ကျင့်ကြံသူဖြစ်လာနိုင်စေလိမ့်မယ်”
ရီဖန်သည် အရွက်တစ်ထောင်ပုံဟုခေါ်သော ပန်းချီကားကို ဂရုတစိုက်ကြည့်သည်။ ပုံတွင် ထူးခြားသောအရွက် တစ်သောင်းတိတိ ပါဝင်ကာ ပထမတစ်ချက်ကြည့်လျှင် ၎င်းတို့သည်ထူးခြားသည့်ပုံမပေါ်ချေ။ သို့သော် သေချာလေ့လာကြည့်ပါက ပန်းချီကားကိုကြည့်လိုက်တိုင်း ပြောင်းလဲသွားပုံပေါ်သည်။ ပုံထဲရှိအရွက်များသည် အမြဲပြောင်းလဲလျက်ရှိ၏။
ရီဖန်သည် ဤပုံသည် ရတနာတစ်ခုဖြစ်ကြောင်း သေချာသိလိုက်သည်။ သို့သော် အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ရီဖန်သည် မည်သည့်အရာကိုမျှ နားမလည်နိုင်ခဲ့ချေ။
၎င်းကိုစိုက်ကြည့်နေရင်းဖြင့် ရီဖန်သည် တဖြည်းဖြည်း စွဲလန်းလာသည်။
ငေးမောနေသောရီဖန်ကို မြင်လိုက်ရသဖြင့် ရီလုသည် လျှို့ဝှက်ခန်းမှတိတ်တဆိတ် ထွက်သွားလေသည်။ ရီဖန်၏ မျက်လုံးများတွင် ပုံထဲရှိအရွက်များသည် သစ်ပင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အရွက်ပေါ်ရှိ သွေးကြောများတွင် အမှန်တရားတချို့ ပါဝင်နေပုံရသည်။
ရုတ်တရက် ရီဖန်သည် သူ့ခေါင်းတွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရကာ မျောနေရာမှသတိပြန်လည်လာသည်။ အချိန်တိုအတွင်း၌ပင် ရီဖန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားခဲ့သည်။သို့သော် အနည်းဆုံး ရီဖန်သည် ပုံကိုနားလည်သွားပြီဖြစ်သည်။
ဤပန်းချီကားသည် စကြဝဠာ၏ အခြေခံသဘောတရားများကိုနားလည်နိုင်ရန် မွေးဖွားခြင်းဝိဉာဉ်အဆင့်မှကျင့်ကြံသူများအတွက် ကူညီပေးအဖြစ် ဒီဇိုင်းဆွဲထားခြင်းဖြစ်နိုင်သည်။
အခြေတည်ဝိညာဉ်အဆင့်မှ ကျင့်ကြံသူသည် စွမ်းအားကြီးမားသော စိတ်ဝိညာဉ်တစ်ခုရှိကာ ကောင်းကင်နှင့်မြေကြီးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။
မွေးဖွားခြင်းဝိညာဥ်အဆင့်မှ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ဖြတ်ကျော်ရန်၊ လူတစ်ဦးသည် မိမိနှင့်သက်ဆိုင်သည့် ဥပဒေသတစ်ခုကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။ ထို့နောက် ၎င်းတို့သည် ထိုဥပဒေသကို ၎င်းတို့၏ စိတ်ဝိညာဉ်ထဲသို့ ပေါင်းစည်းကာ နတ်အသွင်ပြောင်းခြင်းဟုလူသိများသော လုပ်ငန်းစဉ်တစ်ခုအဖြစ် ၎င်းကိုအသွင်ပြောင်းရန် လိုအပ်သည်။
ဤပန်းချီကားသည် ကျင့်ကြံသူများကို ထူးကဲအသွင်ပြောင်းခြင်းအဆင့်ကိုဖြတ်ကျော်ရာတွင် ကူညီပေးသည်ဟု ဆိုခြင်းမှာ အံ့ဩဖွယ်မကောင်းတော့ချေ။ ပန်းချီကားထဲရှိ သဘောတရားကိုနားလည်နိုင်ပါက၊ ၎င်းသည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ရောက်ရှိရန် အခွင့်အလမ်းတိုးလာမည်မှာ သေချာပါ၏။
ဤပုံ၏ နိယာမသည် သစ်သားဥပဒေသဖြစ်ရမည်။ သို့သော် ထိုသဘောတရားကို နားလည်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။ ရီဖန်၏လက်ရှိဉာဏ်အလင်းအဆင့်ဖြင့် ဤပန်းချီကားကို ပြင်ပအကူအညီမပါဘဲ အပြည့်အ၀နားလည်ရန် နှစ်ရာနှင့်ချီ၍ အချိန်ယူရမည်ဖြသ်သည်။ အနှစ်တစ်ရာသည် ရှည်လျားသော်လည်း ရီဖန်ထံတွင် ဝှက်ဖဲတစ်ခုရှိသည်။
ဥာဏ်အလင်းလက်ဖက်ရည်သည် လူတစ်ဦး၏ ဉာဏ်အလင်းကို မြှင့်တင်ပေးနိုင်ကာ နိယာမနားလည်ခြင်းလုပ်ငန်းစဉ်ကို အလွန်မြန်ဆန်စေသည်။ ဤပန်းချီကားသည် ရီဖန်၏ အကြီးကျယ်ဆုံး အကျိုးအမြတ်တစ်ခုအဖြစ် မှတ်ယူသင့်သည်။
အရွက်တစ်ထောင်ရုပ်ပုံကို ထုပ်ပိုးနောက်တွင် ကြယ်တစ်သောင်းကျွန်းသို့ပြန်ရန် အချိန်တန်ပြီဖြစ်သည်။
ရီရှောင်းရှောင်းသည် အဆင့်ဖြတ်ကျော်သွားခဲ့ကာ ရီလုသည် အခြေတည်ဝိညာဉ်အတုအဆင့်တွင်ရှိနေသည်။ အခြေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူနှစ်ဦးရှိခြင်းသည် တာ့ယွီနိုင်ငံတော် တည်ငြိမ်ရန်အတွက် လုံလောက်သည်။
သို့သော်လည်း စဉ်းစားပြီးနောက်တွင် ရီဖန်သည် တာ့ယွီနိုင်ငံတော်နှင့် အရွက်တစ်ထောင်မြို့အကြား ခရီးဝေးသယ်ယူပို့ဆောင်ရေးအခင်းအကျင်းတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဤနည်းဖြင့် ထိုနေရာနှစ်ခုကို လုံးဝချိတ်ဆက်နိုင်မည်ဖြစ်သည်။
ကွမ်ဟယ်စီရင်စုရှိ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းကို ဖယ်ရှားခဲ့ပြီးနောက် ရီဖန်သည် အရွက်တစ်ထောင်ဈေး၏ နေရာဟောင်းကိုပြန်လည်ရှာဖွေခဲ့သည်။ သယ်ယူပို့ဆောင်ရေးအခင်းအကျင်းကို ဤနေရာတွင် တည်ဆောက်မည်ဖြစ်သည့်အပြင် ကွမ်ဟယ်စီရင်စုရှိ အရွက်တစ်ထောင်စျေးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
တစ်လကြာပြီးနောက်တွင် ကွမ်ဟယ်စီရင်စု၌ အရွက်တစ်ထောင်ဈေးပြန်ပေါ်လာသောအခါ ကွမ်ဟယ်စီရင်စုမှ ကျင့်ကြံသူများသည် လွန်ခဲ့သောရာစုနှစ်များစွာက ကမ္ဘာတစ်ခုတွင်ရှိသကဲ့သို့ ခံစားခဲ့ရသည်။
အရွက်တစ်ထောင်ဈေးသည် ရီမိသားစုနှင့်အတူ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ကွမ်ဟယ်စီရင်စုသည် ရီမိသားစုအုပ်ချုပ်မှုအောက်တွင် ၎င်း၏လမ်းဟောင်းသို့ ပြန်ရောက်ရှိသွားပုံရသည်။
သို့သော် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့်ယှဉ်ပါက ရီမိသားစု၏တည်ရှိမှုကို မျိုးနွယ်စုများက ပို၍ပင်နှစ်သက်လက်ခံနိုင်သည်။