← Chapters

အခန်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အခန်း ၁၀၆-၁၀၈

Vol. 8 Ch. 106-108

အခန်း - ၁၀၆ မိသားစုလူဦးရေ ၅၊ အဇူရာနဂါးသွေးမျိုးဆက်

ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းကို ဖျက်သိမ်းလိုက်ခြင်းသည် ကွမ်ဟယ်စီရင်စုအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ကာ အရွက်တစ်ထောင်မြို့ဟု အမည်ရသည့် စျေးကွက်အသစ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာခြင်းသည်လည်း ကွမ်ဟယ်စီရင်စုအပေါ် သိသာသော အကျိုးသက်ရောက်မှုများရှိခဲ့သည်။

သို့သော် ၎င်းတို့သည် ရီဖန်အပေါ်တွင် သက်ရောက်ခြင်းတစ်စုံတစ်ရာမရှိခဲ့ချေ။ အင်မော်တယ်ကျွန်းသုံးကျွန်း၏ တတိယမြောက်ကျွန်းပေါ်တွင် ရီဖန်သည် ဉာဏ်အလင်းလက်ဖက်ရည်တစ်ခွက်သောက်လျက် အရွက်တစ်ထောင်ပန်းချီကားကို တဖြည်းဖြည်းနားလည်လာသည်။

နားလည်မှုအပိုင်းအစတစ်ခုစီသည် ရှည်လျားခြင်းမရှိသော်လည်း အကြိမ်တိုင်းတွင် အသစ်အသစ်သောနားလည်မှုများ ထွက်ပေါ်လာသည်။ နိယာမသည် လေးနက်ကာ ကျယ်ပြန့်သည်။ ရီဖန်နှင့် ရီမိသားစုထံတွင် အချိန်များစွာရှိသည်ဖြစ်ရာ ရီဖန်သည် အလျင်မလိုခဲ့ချေ။

တစ်ရက်၊ တစ်နှစ်စသည်ဖြင့် အချိန်သည် ဆက်တိုက် စီးဆင်းလျက်ရှိသည်နှင့်အမျှ ရီမိသားစု၏ ကျင့်ကြံမှုအဆင့်သည်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ရီဖန်၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏စွမ်းရည်များသည်လည်း အဆင့််မြင့်လာသည်။ သုံးနှစ်ကြာပြီးနောက် ရီဖန်သည် သစ်ရွက်တစ်ရွက်အတွင်းရှိ ပုံစံကို အပြည့်အဝပုံဖော်နိုင်ခဲ့သည်။ သူ၏လက်လှုပ်ရှားမှုနှင့်အတူ စွမ်းအားအမှုန်များသည် သစ်ရွက်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။

အရွက်သည် သာမာန်အရွက်များကဲ့သို့ပင် အသက်ဝင်လျက်ရှိသည်။ သို့ရာတွင် လူတစ်ဦးသည် ၎င်းတို့၏ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပါက ၎င်းအတွင်းတွင်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအားကို တွေ့ရှိမည်ဖြစ်သည်။ ရီဖန်သည် နောက်ဆုံးတွင် နိယာမကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းကိုနားလည်သဘောပေါက်ရန် စောလွန်းနေပါသေးသည်။

ဆယ်နှစ်အတွင်း ရီဖန်သည် အရွက်ဒါဇင်များစွာကို တစ်ပြိုင်နက် ပုံဖော်နိုင်ခဲ့သည်။ ရီဖန်၏ နိယာမအပေါ်သဘောပေါက်မှု နက်ရှိုင်းလာသည်နှင့်အမျှ သူ၏နားလည်မှုနှုန်းမှာလည်း အရှိန်မြှင့်လာသည်။ ဆယ့်နှစ်နှစ်မြောက်တွင် သူ၏ဆေးပညာသည် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

မကြာမီတွင် သူ့၏ အင်မော်တယ်ပစ္စည်းသန့်စင်ရေးစွမ်းရည်သည်လည်း အဆင့်တက်သွားပြီဖြစ်သည်။

ဆယ့်ငါးနှစ်မြောက်တွင် ရီချင်သည် အခြေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းခဲ့သည်။ အခြေတည်ဝိညာဉ် အဆင့်ကိုရောက်ပြီးနောက် ရီချင် သည် ရီဖန်ကို အရန်စွမ်းရည်အစုံလိုက်ကို ထပ်မံပေးအပ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် အရေအတွက်သည် မများလှချေ။ ရီချင်သည် သူ၏ယခင်ဘဝမှ စွမ်းရည်ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရသောကြောင့် အတွေ့အကြုံများကို ထပ်မံမရနိုင်တော့ပေ။ ရီဖန်သည် ၎င်းကိုစိတ်ထဲမထားဘဲ အရာရာအားလုံးကို လမ်းကြောင်းမှန်ပေါ်တွင်သာ ထားလိုက်သည်။

အနှစ်နှစ်ဆယ်မြောက်တွင် ရီဖန်သည် စွမ်းအားကိုအသုံးပြုကာ လေထဲတွင်အရွက်များ လှုပ်ယမ်းနေသည့် သစ်ပင်တစ်ပင်ကို ပြုလုပ်ခဲ့သည်။ ရီဖန်သည် ၎င်းကို ခြံဝင်းထဲတွင်စိုက်ကာ အကိုင်းအခက် အရွက်များကို အေးဆေးစွာဖြတ်တောက်လျက်ရှိသည်။ နှစ်ဆယ့်ငါးနှစ်မြောက်တွင် ရီကျင်းစန်သည် အခြေတည်ဝိညာဉ်အဆင့်သို့ တက်လှမ်းခဲ့ရာ ရီမိသားစုရှိ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအရေအတွက်မှာလည်း တိုးများလာခဲ့သည်။

သို့သော် တစ်ဖက်တွင် ရီဖန်၏ကျင့်ကြံရေးအဆင့်သည် တဖြည်းဖြည်းနှင့် နှေးကွေးလာသည်။ ထို့ကြောင့် ရီဖန်သည် လက်ဖက်ရည်ဆိုင်ငယ်လေးကို တစ်ဖန်ပြန်ဖွင့်ရန်အတွက် သစ်ရွက်တစ်ထောင်မြို့သို့ ပြန်လာခဲ့သည်။ နေ့ခင်းဘက်တွင် သူသည် ကျင့်ကြံသူများ၏ ဘဝပုံပြင်များကို ပြန်ပြောပြသည်ကို နားထောင်မည်။ ညဘက်တွင် သစ်သားဥပဒေသကို ဆက်လက်လေ့လာခဲ့သည်။ ရီဖန်သည် သူအလွန့်အလွန် နီးစပ်လာပြီဟု ခံစားနေရသည်။

သုံးဆယ်နှစ်မြောက်တွင် ခြံတွင်းရှိသစ်ပင်အရေအတွက်သည် ဆယ်ဂဏန်းအထိရှိလာကာ သစ်တောငယ်တစ်ခုပမာဖြစ်လာသည်။ ထိုနေ့တွင် ရီဖန်သည်လေ့ကျင့်ရမည့်အစား ရီဖန်မိသားစုထံ ပြန်လာခဲ့သည်။ ရီကျင်းချုံနှင့် ရီချင်တို့သည် နောက်ဆုံးတွင် ၎င်းတို့၏ပထမကလေးကို မွေးဖွားခဲ့ကာ ရီဖန်ကို အဖိုးတစ်ယောက်ဖြစ်လာစေခဲ့သည်။ သို့သော် ၎င်းတို့အားလုံး ‘ရီ’ မျိုးရိုးကို ဆက်ခံသောကြောင့် မိခင်ဘက်နှင့် ဖခင်ဘက်မြေးများကို ခွဲခြားရန် မလိုအပ်ပေ။

"မျိုးနွယ်စုလူဦးရေ ၂၀၀ အထိရောက်ရှိပြီး ရေရှည်တာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ အခုပဲ ဆုလာဘ်တွေ ရယူနိုင်ပါပြီ"

အနှစ်သုံးဆယ်ကြာပြီးနောက် ရီမိသားစု၏လူဦးရေသည် နှစ်ရာပြည့်သွားကာ စနစ်တာဝန်သည်လည်း နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့၏။

“စနစ်၊ ဆုငွေကို ထုတ်ယူပါ”

"အောက်ပါဆုများလက်ခံရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်- ချီစွမ်းအားကံဇာတာအမှတ် ၅၀၀၊ သွေးမျိုးဆက်စွမ်းအား အမှတ် ၂၀၀၀ တိုးလာပါပြီ"

အိပ်ပျော်နေသောပိုင်ဇယ်သည် ရင်းနှီးသောခံစားချက်တစ်ခု ပြန်လည်ရရှိလာကာ အခြေတည်ဝိညာဉ်အဆင့်သို့ ကျော်ဖြတ်သွားခဲ့သည်။ နဂါးနီလေးသည် အိပ်ပျော်နေရင်း အဆင့်တက်သွားပြန်သော ပိုင်ဇယ်ကိုကြည့်ကာ သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။ အိပ်နေရင်း ဖြတ်ကျော်ခြင်းကို လူတိုင်းလုပ်နိုင်ပါသည်။

နဂါးနီလေးသည်လည်း လှည့်လိုက်ကာ သူမ၏ကိုယ်ပိုင်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံမှုကို အမှတ်မထင်ဖော်ပြလိုက်သည်။ ရီကျင်းဆန်သည် ပွေ့ဖက်ရန် မှန်ကန်သောပေါင်လုံးကို ရွေးချယ်မိခဲ့ပုံပေါ်သည်။

ရီဖန်သည် မိသားစုသွေးမျိုးဆက်ကိစ္စကိုသာ အာရုံစိုက်ထား၏။ နောက်ဆုံး မိသားစုသွေးမျိုးဆက်ဆုသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကဖြစ်ကာ နောက်ဆုံးတွင် အသစ်တစ်ခုရောက်ရှိလာခဲ့ပြီဖြစ်သည်။

"စနစ်၊ မိသားစုသွေးမျိုးဆက်ကိုတင်လိုက်ပါ"

ရီမိသားစု၏အဖွဲ့ဝင်များသည် သွေးမျိုးဆက်စုစည်းမှု အရှိန်အဟုန်နှင့် ဝိညာဉ်ရေးအမြစ်မြှင့်တင်ခြင်းကို တစ်ဖန်ကြုံတွေ့ခဲ့ရသည်။ ၎င်းသည် အစိမ်းရောင်’ကျောက်’ သွေးလိုင်းသာဖြစ်သော်လည်း ယခုအခါတွင် သွေးစုစည်းမှုမှာ သွေးမျိုးဆက်၏ ထက်ဝက်ကိုကျော်လွန်သွားပြီဖြစ်သည်။ ရီဖန်ဘက်တွင်မူ ညီညွတ်မှုကို ရွေးချယ်ခဲ့သည်။

"စနစ်၊ အဆင့်မြင့်တင်ပေးပါဦး"

ရီဖန်အတွင်းတွင် အစိမ်းရောင် ‘ကျောက်’ သွေးမျိုးဆက်စက်၏ စုစည်းမှုသည် တခဏချင်း တိုးလာသည်။ များမကြာမီတွင် သွေးမျိုးဆက်စုစည်းမှုသည် တစ်သောင်းသို့ ရောက်ရှိသွားသည်။ အစိမ်းရောင်’ကျောက်’ သည် တစ်သောင်းကျော်သွားသည်နှင့် နဂါးအဖြစ်သို့ ပြောင်းလဲသွားနိုင်မည်လော။

"နတ်စွမ်းရည်များ- အဇူရာနဂါး သွေးမျိုးဆက် (နဂါးငယ်အဆင့်) (၁၂၂၃/၁၀၀၀၀၀) သွေးမျိုးဆက်သည် နောက်ဆုံးတွင် ပြောင်းလဲလာခဲ့သည်။

ရီဖန်သည် သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ်ဆွဲဆန့် ကောက်ကွေးကာ ရှည်လျားလာသည်ကို ခံစားလိုက်ရသည်။ ခဏအကြာတွင် ရီဖန်သည် ခန္ဓာကိုယ်တွင် နောက်ထပ်ပုံစံတစ်ခုကို ခံစားလိုက်ရသည်။

နတ်စွမ်းရည်များ- အဇူရာနဂါး အသွင်ပြောင်းခြင်း။

နောက်အခိုက်အတန့်တွင် ရီဖန်သည် သူ့ခန္ဓာကိုယ်တစ်ဘက်သို့ ခုန်ထွက်သွားကာ တခဏချင်းတွင် မီတာတစ်ရာရှည်သော အဇူရာနတ်နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။ နတ်နဂါးအသွင်ပြောင်းခြင်းတွင် သေမျိုး၏ခန္ဓာကိုယ်သည် နဂါးဖြစ်လာသည်။ ရီဖန်သည် အဇူရာနဂါးအသွင်ပြောင်းခြင်းစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့်တပြိုင်နက် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားအမြောက်အမြား ထွက်ကျလာသည်ကို ခံစားလိုက်ရသည်။ သို့သော် တစ်ဖက်တွင် ရီဖန်သည် မယုံနိုင်လောက်အောင် အစွမ်းထက်နေပြီဟု ခံစားခဲ့ရသည်။

သဘာဝစွမ်းရည်၊ တိမ်ပေါ်လမ်းလျှောက်ခြင်း။ ရီဖန်၏ခန္ဓာကိုယ်ကို လှည့်လိုက်ခြင်းဖြင့် သူသည် မိုင်တစ်ထောင်အကွာတွင် ချက်ချင်းပေါ်လာသည်။

သဘာဝစွမ်းရည်၊ နဂါးဟိန်းဟောက်သံ။ နဂါးကြီး၏ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်းစေခဲ့သည်။ ဘုရင်တစ်ပါးနှင့် တွေ့ကြုံရသကဲ့သို့ပင် ပင်လယ်ပြင်ရှိ မရေမတွက်နိုင်သော မွန်းစတားများသည် ကောင်းကင်နှင့်မြေကြီးကို မျှော်ကြည့်လျက် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

အဇူရာနဂါးအသွင်ပြောင်းပြီးနောက် ရီဖန်သည် သူ၏ လှုပ်ရှားမှုတိုင်းတွင် ကြီးမားသောစွမ်းအားများဖြင့် ပြည့်နေကြောင်း ခံစားခဲ့ရသည်။ ဤစွမ်းအားမျိုးသည် သူ၏ ယခင်မပြိုကွဲသေးသောကိုယ်ကို ချက်ခြင်း ချေမှုန်းပစ်နိုင်သည်။

သွေးမျိုးဆက်ပြောင်းလဲခြင်းဆင့်ကဲဖြစ်စဉ်ပြီးနောက် ရရှိသော ဤနတ်စွမ်းရည်သည် အလွန်အားကောင်းခဲ့သည်။ တစ်နာရီကြာပြီးနောက် ရီဖန်သည် နတ်စွမ်းရည်ကို ပြန်ရုတ်သိမ်းကာ လူသားအသွင်သို့ တစ်ဖန်ပြန်သွားခဲ့သည်။ ရီဖန်သည် ဆိတ်ငြိမ်နေသော ပင်လယ်ပြင်ကို ကြည့်လျက် သူ၏အဇူရာနဂါးအသွင်ပြောင်းခြင်းသည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူသည် ကိုက်ညီနိုင်မည်လောဟု စဉ်းစားနေသည်။

ရီဖန်သည် စစ်မှန်သောနတ်အသွင်ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို တစ်ခါမျှမမြင်ဖူးခဲ့ဘဲ ၎င်းတို့မည်မျှအစွမ်းထက်မည်ကို မသိခဲ့ပေ။ သို့သော် သူ့၏ လက်ရှိအခြေအနေသည်လည်း အလွန်ဆိုးဝါးနေသည် မဟုတ်တန်ရာ။

နောက်ဆုံးတွင် သူသည် အဇူရာနတ်နဂါးတစ်ဦးဖြစ်ကာ အဆင့်အနိမ့်ဆုံးနတ်နဂါးသည်ပင် နတ်အသွင်ကူးပြောင်းမှုတစ်ခုဟု မှတ်ယူနိုင်သည်။ သွေးမျိုးဆက်ဆင့်ကဲဖြစ်စဉ်ကို အချိန်အတော်ကြာ လေ့လာပြီးနောက် ရီဖန်သည် စိတ်ပါဝင်စားမှုမရှိတော့ဘဲ အရွက်တစ်ထောင်ရုပ်ပုံကို တစ်ဖန်ပြန်လေ့လာနေခဲ့သည်။

ရီဖန်သည် သွေးမျိုးဆက်ဆင့်ကဲဖြစ်စဉ်ပြီးနောက် သူ၏ ဉာဏ်အလင်းသည် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။ ဤနည်းဖြင့် သူသည် သစ်သားဥပဒေသကို အပြည့်အဝနားလည်ရန် နောက်ထပ်ခြေတစ်လှမ်းနီးကပ်လာခဲ့သည်။

တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်အချိန်ရာသီများ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ရီမိသားစုသည်လည်း ယခင်ကဲ့သို့ သေးငယ်သော မျိုးနွယ်မဟုတ်တော့ပေ။ အရွက်တစ်ထောင်မြို့သည် အရှေ့ဘက်နယ်မြေတွင် အကြီးဆုံးမြို့ဖြစ်လာခဲ့သည်။ အမှန်တကယ်တွင် တာ့ယွီနိုင်ငံမှ ကျင့်ကြံသူအများအပြားသည် အရှေ့နယ်မြေအတွင်း ပေါ်လာကာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့နိုင်သည်။

အရှေ့နယ်မြေတစ်ခုလုံးသည် ပို၍ပင်ကြွယ်ဝလာပုံရသည်။ မိုင်ထောင်သောင်းချီဝေးသော ပင်လယ်မျိုးနွယ်စု၏နယ်မြေသည် ကျောက်လုံ အုပ်ချုပ်သောနယ်မြေဖြစ်သည်။ ဧကရာဇ်ကျောက်လုံ၏ ကြီးမားသောကိုယ်ထည်သည် တိုင်တစ်ဝိုက်တွင် ရစ်ပတ်ထားသည်။ နတ်အသွင်ပြောင်းခြင်းအဆင့်တွင် လူတစ်ယောက်အသွင်ကို ပြောင်းလဲနိုင်သော်လည်း လူသားပုံစံနှင့် နှိုင်းယှဉ်ပါက ဧကရာဇ်ကျောက်လုံသည် ၎င်း၏မူရင်းပုံစံကိုသာ နှစ်သက်သည်။

"အရှေ့နယ်မြေမှာ နဂါးရဲ့စွမ်းအားကို ခံစားရတာ သေချာလား"

ပင်လယ်နက်ထဲရှိ ကျောက်လုံ၏ ဧရာမမျက်လုံးများသည် ပုလဲလုံးကြီးနှစ်လုံးအသွင် တောက်ပနေသည်။

"ဧကရာဇ်၊ အရှေ့နယ်မြေက ရေနေသတ္တဝါအများစုက နဂါးစွမ်းအားကို ခံစားခဲ့ရကြောင်း အတည်ပြုနိုင်ပါတယ်!"

"ကောင်းတယ်၊ အရမ်းကောင်းတယ်!"

"နဂါးနီလေး၊ ဒီတစ်ခါ မင်းလွတ်မြောက်နိုင်မလား ကြည့်ရအောင်!"

“မင်း အရှေ့နယ်မြေမှာ စရှာချေတော့၊

ငါကိုယ်တိုင် ဧကရာဇ်ကန်ထျန်းကိုနဲ့ နဂါးသွေးကြောကိုင်ဆောင်သူရဲ့ တည်နေရာကို သွားရှာမယ်"

ပဉ္စမအဆင့်လေ့လာခြင်းချီစွမ်းအားဖြင့် စစ်မှန်သော ဘုရင်တစ်ပါးကိုရှာဖွေခြင်းသည် အဖိုးအခများသော်လည်း နဂါးသွေးကြောကိုင်ဆိုင်သူ ယူလာနိုင်သည့် ၎င်း၏ကိုယ်ပိုင်အသွေးမျိုးဆက် တိုးတက်မှုနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

၆၈ ကြိမ်မြောက် ရီမိသားစု၏ မျိုးနွယ်စုအစည်းအဝေးတွင် ဌာနခွဲတစ်ခုစီသည် အရာအားလုံး ကောင်းမွန်တိုးတက်လျက်ရှိ၏။ ရီကျင်းထျန်ကဲ့သို့သော လူများ၏ ကျင့်ကြံရေးအဆင့်သည် အခြေတည်ဝိညာဉ်အဆင့်၏ အလယ်အလတ်သို့ ရောက်ရှိခဲ့ကာ ရီမိသားစုရှိ အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူ အရေအတွက်မှာလည်း ဆယ်ယောက်ကျော်သွားပြီဖြစ်ကာ အရှေ့ဘက်နယ်မြေပိုင်နက်ကိုလည်း အပြည့်အဝနီးပါး စူးစမ်းလေ့လာခဲ့ပြီးဖြစ်သည်။

မျိုးနွယ်စုတွေ့ဆုံမှုအပြီးတွင် ရီဖန် သည် မိသားစုအဆင့်သတ်မှတ်ချက်တိုးတက်မှုကို မြင်တွေ့ရန်မျှော်လင့်ကာ ပထမဆုံးအကြိမ် စနစ်လမ်းကြောင်းကို ဖွင့်လှစ်ခဲ့သည်။

……………..

အခန်း ၁၀၇ - အရွက်တစ်ထောင်မြို့က အားအနည်းဆုံးကို အရင်ဆုံးတိုက်ခိုက်ကြ!

ဇာတ်ကောင်- ရီဖန်

သက်တမ်း- ၁၉၉၈ တွင်မွေးဖွားသည်။

အဆင့်- ယွမ်ယင်အထွတ်အထိပ်အဆင့် (၈၉၉၉၉၉၉/ ၁၀၀၀၀၀၀၀)

မိသားစုအဆင့်သတ်မှတ်ချက်- (ကြယ်တစ်သောင်းကျွန်း): ၈၉

စွမ်းရည်များ- တာအိုဆေးပညာ စတုတ္ထအဆင့် အထွတ်အထိပ် (၈၇၀၀၀၀/၉၀၀၀၀၀)၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း စတုတ္ထအထွတ်အထိပ်အဆင့် (၈၆၁၂၁၂/၉၀၀၀၀၀)၊ အခင်းအကျင်းဖွဲ့စည်းခြင်း စတုတ္ထအဆင့်

(၄၈၁၂၃၂/၆၀၀၀၀၀)၊ မန္တန်စွမ်းရည် စတုတ္ထအဆင့် အလယ်အလတ် (၂၉၈၈၈၈/၃၀၀၀၀)

နတ်စွမ်းရည်များ: အဇူရာနဂါးသွေးမျိုးဆက် (နဂါးငယ်အဆင့်) (၁၂၂၃/၁၀၀၀၀)၊

နှလုံးမီးတောက် (စတုတ္ထအဆင့်၊ အဆင့်မြင့်)

မိသားစု သတ်မှတ်ချက်: အနီရောင်ဥာဏ်အလင်း၊ အနီရောင်အရင်းအမြစ်များ၊ မိသားစုတိုးပွါးလာခြင်း ၇၊ သန်မာသောလမ်းကြောင်း ၆၊ မိသားစုနယ်မြေ ၇၊ မိသားစုလူဦးရေ ၅၊ မိသားစုလွှမ်းမိုးမှု ၄ (၁၆၀၀/၂၀၀၀)

ရီမိသားစုသည် နောက်ဆုံးတွင် ထိပ်တန်းအဆင့်၁၀၀အတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ စနစ်ထံမှ ဆုလာဘ်ကောင်းများစွာ ရရှိသင့်သည်။

"စနစ်၊ ဆုတွေကိုရယူပါ"

"ဂုဏ်ယူပါတယ် သခင်၊ ရရှိတဲ့ဆုတွေက မိသားစုအင်မော်တယ်လက်နက်ဖြစ်တဲ့ နတ်စွမ်းရည်ဇယားနဲ့ ကံကြမ္မာအမှတ် ၁၀၀၀ဖြစ်ပါတယ်"

အမှန်ပင် အဆင့်သတ်မှတ်ချက်အောင်မြင်မှုတိုင်း၏ ဆုလာဘ်သည် ရီဖန်ကို စိတ်ပျက်စေခြင်းမရှိခဲ့ချေ။ ဂဏန်းသုံးလုံးမှ ဂဏန်းနှစ်လုံးအထိ တက်သွားခြင်းသည် ကြီးမားသော ခုန်ကျော်မှုတစ်ခုဖြစ်သည်။

ပိုင်ဇယ်သည် ကံကြမ္မာအမှတ်များအတွက် အကြီးမားဆုံးအကျိုးခံစားခွင့်ရသူဖြစ်၏။ ကံကြမ္မာအမှတ် ၁၀၀၀ သည် ပိုင်ဇယ်၏ကျင့်ကြံရေးအဆင့်ကို အရှိန်မြှင့်ကာ ယွမ်ယင်နောက်ပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ ရီဖန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသော ပိုင်ဇယ်ကို ကြည့်ကာ ရုတ်တရက် ရူးမိုက်စွာတွေးလိုက်မိသည်။

ဤငပျင်းလေးသည် ရီမိသားစုတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် သို့ရောက်မည့် ပထမဆုံးဖြစ်လာလိမ့်မည်မဟုတ်လော။ ရီဖန်၏ ခန့်မှန်းချက်အရ ရီမိသားစုသည် ထိပ်တန်းဆယ်ဦးစာရင်းဝင်သောအခါတွင် ကြီးမားသောဆုလာဘ်များ မုချရရှိမည်ဖြစ်သည်။

ပိုင်ဇယ်သည် သူ့ကိုယ်တိုင်ထက် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ မြန်မြန်ရောက်နိုင်သည်ကို တွေးမိကာ ရီဖန်သည် အလွန်စိတ်ဓာတ်ကျသွားသည်။

‘ငါအိပ်နေရင်များ ငါ့ရဲ့ကျင့်ကြံရေးအဆင့်တက်တာ ပိုမြန်လာမလားနော်’

ရီဖန်သည် လျင်မြန်စွာ ခေါင်းယမ်းလိုက်ကာ ဤကြောက်စရာကောင်းသော အတွေးကို ဖျောက်ပစ်လိုက်သည်။ သူ့ကိုယ်သူ အိပ်နေရုံနှင့် အဆင့်တက်လာသည့် အသုံးမဝင်သောသူတစ်ဦး ဖြစ်လာခွင့်ပြုမည်မဟုတ်ချေ။ ပိုင်ဇယ်၏ အဆင့်တက်ခြင်းကို ကြည့်ရှုနေသည့် နဂါးနီလေးဟာ မနာလိုစွာဖြင့် မျက်ရည်များပင်ကျလာတော့သည်။

ရီဖန်သည် စနစ်ဆုကြေး၏ ဒုတိယအကြောင်းအရာကို အာရုံစိုက်ခဲ့သည်။

နတ်စွမ်းရည်ဇယား- မိသားစုအင်မော်တယ်လက်နက်။ ဤစုအင်မော်တယ်လက်နက်ဖြင့် တစ်ဦးတစ်ယောက်သည် ၎င်းတို့၏ကိုယ်ပိုင် နတ်စွမ်းရည်များကို လက်ခံရရှိနိုင်သည်။ နတ်စွမ်းရည်ကို ကြီးမားသောနတ်ဘုရားစွမ်းအားနှင့် သေးငယ်သောနတ်ဘုရားစွမ်းအားဟူ၍ ခွဲခြားနိုင်သည်။

ရီဖန်၏စွမ်းရည်များထဲတွင် နှလုံးမီးတောက်ကဲ့သို့သော စွမ်းရည်သည် သေးငယ်သောနတ်ဘုရားစွမ်းအားနှင့် သက်ဆိုင်သည်။ သို့သော် နှလုံးမီးတောက်သည် ပဉ္စမအဆင့်အထိ တိုးလာပါက ၎င်းသည်ကြီးမားသောနတ်ဘုရားစွမ်းအား ဖြစ်လာနိုင်သည်။

နတ်အသွင်ပြောင်းခြင်းအဆင့်တွင် ကျင့်ကြံသူသည် မည်သည့်နည်းစနစ်မှ မလိုအပ်ချေ။ ဤအဆင့်တွင် တိုက်ခိုက်ခြင်းနည်းလမ်းသည်သာ ဥပဒေသများ၏စွမ်းအားကို လေ့လာနိုင်သာ နတ်စွမ်းရည်တစ်ခုဖြစ်သည်။

ဥပဒေသများကို ပိုမိုကောင်းစွာသိလေ၊ နတ်စွမ်းရည်ကို ပိုမိုလက်ခံရရှိလေဖြစ်ကာ

နတ်စွမ်းရည် အားကောင်းလာသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းအားသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။ သို့သော် နတ်အသွင်ပြောင်းခြင်းအဆင့်မှ ကျင့်ကြံသူပင်လျှင် ကြီးမြတ်သောနတ်ဘုရားစွမ်းအားကို နားလည်ရန် လွယ်ကူမည်မဟုတ်ပေ။

ရီဖန်သည် နတ်စွမ်းရည်ဇယားကို ကြည့်ကာ အရွက်တစ်ထောင်ရုပ်ပုံကို စဉ်းစားမိလိုက်သည်။ အရွက်တစ်ထောင်ရုပ်ပုံတွင် နတ်စွမ်းရည်များလည်း ရှိပုံရသည်။ ရီဖန်သည် သူ့ဦးတည်ချက်မှာ အမြဲမှားယွင်းနေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူလုပ်နေသည့်အရာသည် အရွက်များကို တစ်ခုပြီးတစ်ခုလေ့လာကာ နောက်ဆုံးတွင် သစ်သားဥပဒေသနှင့် ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။

သို့သော် ဤအရွက်များသည် ပြည့်စုံနေပြီးဖြစ်ကာ အရွက်များသည် အရွက်မျှသာဖြစ်၍ မည်သည့်အခါမျှ သစ်ပင်ဖြစ်လာမည်မဟုတ်ပေ။ ရီဖန်၏စိတ်ထဲတွင် သစ်ရွက်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် နတ်စွမ်းရည်ပြဇယားသည်လည်း လင်းလာခဲ့၏။

အရွက်များသည် ၎င်းတို့၏ အမြစ်များဆီသို့ တစ်ဖန်ကြီးထွားရန် ပြန်သွားခဲ့ကြသည်။ မြေကြီးပေါ်သို့ ထိုးထွက်လာသော အပင်များဖြင့် အရွက်တစ်ထောင်ရုပ်ပုံသည် သစ်ပင်တစ်ပင်၏ အရွက်ပုံမဟုတ်ဘဲ သစ်တောတစ်ခုဖြစ်နေသည်။ ၎င်းမှာ နတ်စွမ်းရည်၏ သစ်သားစွမ်းအားဖြစ်သည်။

ရီဖန်သည် ဥပဒေသများကို စုစည်းလိုက်ရာ ပင်လယ်ပြင်အထက်တွင် သစ်တောတစ်ခုရုတ်တရက် ပေါ်လာသည်။ ဤတောသည် ရီဖန်၏ကမ္ဘာဖြစ်သည်။ ဥပဒေသများ၏စွမ်းအားသည် ရီဖန်ထက်မများပါပ ဖိနှိပ်ခံရမည်ဖြစ်၏။

‘သေးငယ်သောနတ်ဘုရားစွမ်းအား၊ သစ်သားစွမ်းရည်’

ဤသည်မှာ အရွက်တစ်ထောင်ရုပ်ပုံကို အသုံးပြုရန် အသင့်လျော်ဆုံးသော နည်းလမ်းဖြစ်သည်။ သစ်သားစွမ်းအားသည် ရီဖန် အဇူရာနဂါးအသွင်ပြောင်းခြင်းကိုအသုံးပြုသောအခါနှင့်မတူဘဲ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့သာရောက်ရှိနိုင်သည် ။

နတ်စွမ်းရည်ကို ရုပ်သိမ်းပြီးနောက် ရီဖန်သည် သူသွားမည့်လမ်းကို တဖြည်းဖြည်းရှင်းလင်းလာကာ အတွေးတစ်ခုဖြင့် နတ်စွမ်းရည်မျက်နှာပြင်ကိုဖွင့်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် စွမ်းရည်နှစ်ခုကို ထည့်သွင်းထားသည်။

နတ်စွမ်းရည်- သစ်သားစွမ်းရည် (၁%)၊ သစ်သားဥပဒေသ (၁%)

သစ်သားစွမ်းရည်ကို သစ်သားဥပဒေသက ထိန်းချုပ်ထားကာ သစ်သားဥပဒေ အားကောင်းလေ၊ သစ်သားစွမ်းရည်သည် ပို၍အားကောင်းလေဖြစ်သည်။ ယခုတွင် ရီဖန်သည် သစ်သားဥပဒေသအကြောင်း နားလည်နိုင်စွမ်းကို ဆက်လက်တိုးမြှင့်ထားရန်လိုကာ ဤနည်းဖြင့် သစ်သားစွမ်းအားသည် အားကောင်းလာမည်ဖြစ်သည်။

ရီဖန်သည် သူရဲကောင်းကြီးဖြစ်သည့် နတ်စွမ်းရည်ပြဇယားကိုလည်း မမေ့ထားချေ။

၎င်းမရှိပါက ရီဖန်သည် အဓိကသော့ချက်ကိုနားလည်ရန် လွယ်ကူမည်မဟုတ်ပေ။ ရီဖန်သည် အောင်မြင်စွာ နားလည်နိုင်ခဲ့ကြောင်းသိရှိပြီးနောက် နတ်စွမ်းရည်ပြဇယားသည် မှုန်ဝါးလာသည်။

နောက်တစ်ကြိမ် အသုံးပြုလိုပါက အားပြန်သွင်းရန် တစ်နှစ်စောင့်ရမည်ဖြစ်သည်။ ရီဖန်သည် နတ်စွမ်းရည်ပြဇယားကို မိသားစုရတနာအိမ်တွင် လေးနက်စွာထားလိုက်ကာ ရီမိသားစုဝင်များ အသုံးပြုလိုပါက မိသားစုအတွက် ထောက်ပံ့ပေးရမည်ဖြစ်သည်။

အဖိုးတန်အရင်းအမြစ်များသည် အကန့်အသတ်ရှိသောကြောင့် မိသားစုပံ့ပိုးမှုစနစ်ကို မကြာမီအကောင်အထည်ဖော်ရန် လိုအပ်နေပုံရသည်။ မဟုတ်ပါက အဆုံးတွင် အရင်းအမြစ်ဖြန့်ဝေရာ၌ မညီမမျှဖြစ်နေမည်မှာ သေချာသည်။

တစ်ဖက်တွင် ရီဖန်သည် သစ်သားဥပဒေအား ဆက်လက်နားလည်နေချိန်တွင် ဧကရာဇ်ကျောက်လုံသည် နောက်ဆုံးတွင် ဧကရာဇ်ကန်ထျန်းကို ဖိတ်ခေါ်နိုင်ခဲ့သည်။

ဧကရာဇ်ကန်ထျန်းသည် ဧကရာဇ်ကျောက်လုံပေးသော နဂါးသွေးကြောကိုင်ဆောင်သူ၏ပစ္စည်းများကိုယူကာ အရှေ့နယ်မြေကိုကြည့်လျက် ကံဇာတာကိုစစ်ဆေးနေသည်။ သို့သော် နောက်အခိုက်အတန့်တွင် ဧကရာဇ်ကန်ထျန်းသည်မျက်မှောင်ကြုတ်လိုက်သည်။

နဂါးသွေးကြောကိုင်ဆောင်သူ၏ ကံကြမ္မာကို တစ်စုံတစ်ခုက ပိတ်ဆို့ထားပုံရသည်။ ဧကရာဇ်ကန်ထျန်းသည် ခဏမျှတွေးလိုက်ကာ သူ့လက်မောင်းမှ လိပ်ခွံကိုထုတ်ပြီးနောက် သူ၏ ကံကြမ္မာဖတ်နည်းကို ထပ်မံအသုံးပြုခဲ့သည်။ လိပ်ခွံသည် တဖြည်းဖြည်းနှင့် လျင်မြန်စွာလည်ပတ်နေကာ ဧကရာဇ်ကန်ထျန်း၏မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာသည်။

‘လှည့်တာကို ရပ်လိုက်ပါ။ ရပ်လိုက်ပါတော့’

စူးရှသောအသံနှင့်အတူ လိပ်ခွံသည် မထင်မှတ်ဘဲ တိုက်ရိုက်ကွဲသွားသည်။

‘သေစမ်း!’

ဧကရာဇ်ကန်ထျန်းသည် အံ့သြတုန်လှုပ်သွား၏။ သူသည် ကံကြမ္မာသားတော် တစ်ယောက်ယောက်နှင့် တွေ့ခဲ့ရသည်လော။ ကွဲသွားသော လိပ်ခွံကို ကြည့်လိုက်ပြီးနောက် ဧကရာဇ်ကန်ထျန်းသည် နာကျင်သွားသော်လည်း ၎င်း၏တည်ငြိမ်မှုအမြန်ပြန်ရလာသည်။

"နဂါးသွေးကြောကိုင်ဆောင်သူက အမှန်တကယ်ကိုပဲ အရှေ့နယ်မြေမှာရှိပေမယ့်၊ ပြန်လည်တွက်ချက်ရန်၊ တချို့အရာတွေကာရံထားလိူ့ သေချာစစ်ဆေးဖို့ကို မင်းတို့တတ်နိုင်မှာမဟုတ်ဘူး"

‘ဟုတ်တယ်၊ မင်းတို့မတတ်နိုင်မှာဘဲရှိတာ၊ ငါမတွက်နိုင်တာ မဟုတ်နေပါဘူးနော်’

ဧကရာဇ်ကန်ထျန်း၏စကားကိုကြားပြီးနောက် ဧကရာဇ်ကျောက်လုံသည် အနည်းငယ်ရုပ်ဆိုးသွားသော်လည်း မည်သည့်အရာမျှ ပြောဆိုခဲ့ခြင်းမရှိချေ။ ကံကြမ္မာဖတ်သူများကို လှုံ့ဆော်နိုင်ရန်မှာ ခက်ခဲသည်မဟုတ်ပေလော။ သို့သော်လည်း နဂါးသွေးကြောကိုင်ဆောင်သူသည် အရှေ့နယ်မြေတွင် ရှိနေသရွေ့ ၎င်းကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

ဧကရာဇ်ကန်ထျန်းသည် အသံမထွက်ဘဲ ဧကရာဇ်ကျောက်လုံပေးအပ်ထားသည့် ဆုလာဘ်ကို ကောက်ယူကာ အလျင်အမြန်ထွက်ခွါသွားခဲ့သည်။ အရှေ့နယ်မြေတွင် ကြောက်မက်ဖွယ်အရာများရှိနေကာ ဧကရာဇ်ကန်ထျန်းသည် ကံကြမ္မာနှင့်ဗေဒင်ကို ယုံကြည်သောကြောင့် သူသည်ထိန်းမရသော အရာများကို အကြောက်ဆုံးဖြစ်သည်။

ဧကရာဇ်ကျောက်လုံကို မည်သူက ဂရုစိုက်မည်နည်း။ ၎င်းသည် လူများကိုရှာဖွေရန်သာ အခကြေးငွေပေးခဲ့ခြင်းဖြစ်ကာ ကံကြမ္မာနှင့် ဘေးဒုက္ခကို တိုင်းတာရန်အတွက်မူ ၎င်းသည်အခြားတစ်ကဏ္ဍဖြစ်၏။

ဧကရာဇ်ကန်ထျန်း၏ လျင်မြန်စွာထွက်ခွါသွားသော နောက်ကျောကိုကြည့်ကာ ဧကရာဇ်ကျောက်လုံသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း သူသိပ်မတွေးခဲ့ချေ။ နဂါးသွေးကြောကိုင်ဆောင်သူသည် အရှေ့ဘက်နယ်မြေတွင်ရှိနေကြောင်း အတည်ပြုပြီးပါက အရှေ့နယ်မြေကို ဇောက်ထိုးလှန်ပစ်ပါက နဂါးသွေးကြောကိုင်ဆောင်သူကို ရှာတွေ့ရမည်ဖြစ်ပါသည်။ ထို့အပြင် ၎င်းသည် မြန်ဆန်ရမည်။ လူသားမျိုးနွယ် ယွမ်ယင်အဆင့်ကျင့်ကြံသူများ မတုံ့ပြန်နိုင်မီ ၎င်းတို့ကို ရှာဖွေရန်လိုအပ်သည်။

"ရေမျိုးနွယ်စု၊ အားလုံး တိုက်ခိုက်ကြစမ််း!"

မရေမတွက်နိုင်သော ရေနေသတ္တဝါများသည် စတင်လှုပ်ရှားကြကာ အရှေ့နယ်မြေဆီသို့ လျင်မြန်စွာ ဦးတည်လာကြသည်။ ဧကရာဇ်ကျောက်လုံ၏ အတွေးအမြင်များအရ နဂါးနီလေး၏ စရိုက်လက္ခဏာများကို ထည့်သွင်းစဉ်းစားကြည့်ပါက ၎င်းသည် ပြန်လည်ထူထောင်ရေးအတွက် အရှေ့နယ်မြေရှိ အဓိကမြို့ကြီးကိုးမြို့တွင် ပုန်းအောင်းနေနိုင်ဖွယ်ရှိသည်။ ဤအခြေအနေတွင် မြို့ကြီးကိုးမြို့ကို ဇောက်ထိုးလှန်လိုက်ရုံသာ။

အဓိကမြို့ကြီးကိုးမြို့အနက် အရွက်တစ်ထောင်မြို့သည် အားအနည်းဆုံးဖြစ်သည့်အတွက် အရွက်တစ်ထောင်မြို့မှ စတင်ကြမည်ဖြစ်၏။

………………

အခန်း ၁၀၈ - ရီမိသားစုက အားအနည်းဆုံးဆိုတာ ဟုတ်ရောဟုတ်ရဲ့လား? (၁/၅)

ယနေ့သည် နေသာလျက် သာယာသောနေ့လေးတစ်နေ့ဖြစ်ကာ အရွက်တစ်ထောင်မြို့တွင် ကျင့်ကြံသူများသည် ယခင်ထက် ပိုမိုများပြားလျက်ရှိသည်။ ဤအချိန်တွင် အခြားနေ့များနှင့်မတူဘဲ ကောင်းကင်ယံသည် ရုတ်တရက် နတ်ဆိုးစွမ်းအားများဖြင့် ဖုံးလွှမ်းသွားကာ အရွက်တစ်ထောင်မြို့တော်ကို ဖုံးအုပ်ထားသည်။ နောက်အခိုက်အတန့်တွင် ထောင်ပေါင်းများစွာသော တိုက်ခိုက်မှုများကျရောက်လာခဲ့သည်။

ကြီးမားသောမွန်းစတားအမြောက်အမြားသည် ကောင်းကင်ယံထက်တွင်ရပ်နေကာ မြေပြင်ပေါ်တွင် ကြီးမားသောအရိပ်ကျရောက်လျက်ရှိသည်။

၎င်းတို့ ရုတ်တရက်ပေါ်လာခြင်းသည် အရွက်တစ်ထောင်မြို့ရှိ ကျင့်ကြံရေးသမားများကို ဖရိုဖရဲဖြစ်စေခဲ့ကာ အပေါ်စီးမှထိုးစစ်ကို ရှောင်ရှားရန် ကြိုးစားနေခဲ့ကြသည်။

သို့သော် နောက်အခိုက်အတန့်တွင် အကာအရံအတားအဆီးတစ်ခု ပေါ်လာကာ အရွက်တစ်ထောင်မြို့တစ်ခုလုံးကို အကာအကွယ်ပေးထားသည်။ အခြေတည်ဝိညာဉ်အဆင့်တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာ၏ထိုးစစ်ကြောင့် အတားအဆီးသည် ခဏတာ မှန်သွားသည့်တိုင် ၎င်းသည်ကြံ့ကြံ့ခိုင်နေခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်မွန်းစတားများ၏ ဦးခေါင်းထက်တွင် မေးခွန်းအမှတ်အသားများ ပေါ်လာသည်။ ၎င်းတို့စုပေါင်းတိုက်ခိုက်ကြသော်လည်း အရွက်တစ်ထောင်မြို့ကို ဖြိုခွင်းရန် မအောင်မြင်ခဲ့ကြပေ။

"မယုံနိုင်ဘူး!"

အရှက်ရသွားသော မွန်းစတားများသည် ထပ်မံ၍ တိုကခိုက်မှုမြောက်မြားစွာ ထုတ်လွှတ်ခဲ့ပြန်သည်။ ကောင်းကင်ထက်တွင် တာအိုကောင်းကင်ကြယ်၃၆၅လုံး၏ အလင်းရောင်သည် ကောင်းကင်နှင့်ကြယ်တာရာ အခင်းအကျင်းထဲသို့ ဖြန့်ကျက်သွားခဲ့ကာ အရွက်တစ်ထောင်မြို့တော်တစ်ခုလုံးကို ကြယ်ရောင်လွှမ်းနေပုံရသည်။

သည်တစ်ကြိမ်တွင် နတ်ဆိုးမွန်းစတားများ၏ တိုက်ခိုက်မှုသည် အတားအဆီးကို မချိုးဖျက်နိုင်ဘဲ အခင်းအကျင်းကိုပင် မတုန်လှုပ်သွားစေနိုင်ခဲ့ချေ။ မကြာသေးမီက ထိတ်လန့်တုန်လှုပ်သွားခဲ့သော ကျင့်ကြံရေးသမားများသည် မွန်းစတားများ၏တိုက်ခိုက်မှုသည် သက်ရောက်မှုမရှိသဖြင့် တဖြည်းဖြည်း ငြိမ်သက်သွားကာ စောင့်ကြည့်ခဲ့ကြသည်။

‘ဒါအကုန်ပဲလား’

အချို့သောကျင့်ကြံသူများသည် မွန်းစတားများကို ပြောင်ပြောင်တင်းတင်းပင် ကဲ့ရဲ့လှောင်ပြောင်နေကြသည်။ ၎င်းတို့ကို လှောင်ပြောင်ကာအရှက်ခွဲနိုင်သည့် ဤကဲ့သို့အခြေအနေမျိုးသည် အလွန်ရှားပါးလှပါ၏။ ထို့အပြင် အရွက်တစ်ထောင်မြို့၏အထက်အတားအဆီးကိုကြည့်လိုက်သည့်အခါ ကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် လုံခြုံသွားသည်ဟု ခံစားရသည်။ ၎င်းမှာ အကာအကွယ်ပေးခံရသည့် ခံစားချက် ဖြစ်သလော။

အရွက်တစ်ထောင်မြို့နှင့်ပတ်သက်၍ ကျင့်ကြံသူများ၏ထင်မြင်ချက်သည် အချိန်တိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ မူလက အရွက်တစ်ထောင်မြို့၌ ခေတ္တနေထိုင်ရန်စီစဉ်ခဲ့သော ကျင့်ကြံသူအချို့သည် ရုတ်တရက် စိတ်ပြောင်းသွားကြသည်။ အရွက်တစ်ထောင်မြို့ တွင် အခြေချနေထိုင်ရန်မှာ စိတ်ကူးကောင်းဖြစ်ရမည်။

အမှန်တကယ်တွင် အရှေ့နယ်မြေရှိ အဓိကမြို့ကြီးကိုးမြို့တို့တွင် မည်သည့်မြို့၏ဖွဲ့စည်းမှုအခင်းအကျင်းသည် ပျက်စီးမှုမရှိဘဲ ဤမျှကြီးမားသောမွန်းစတားများ၏ တိုက်ခိုက်မှုကို ခံနိုင်ပါမည်နည်း။

အရွက်တစ်ထောင်မြို့ရှိအိမ်ခြံမြေစျေးနှုန်းများသည် မွန်းစတားများ၏ လာရောက်မှုကြောင့် တစ်ဖန်ပြန်လည်မြင့်တက်လာမည်ကို ကြိုမြင်နိုင်ကြ၏။ အရွက်တစ်ထောင်မြို့တွင်းရှိ ကျင့်ကြံသူများသည် ငြိမ်သက်စွာရှိနေခဲ့ကြသော်လည်း အပြင်ဘက်ရှိ မွန်းစတားများသည် တည်ငြိမ်မနေနိုင်တော့ချေ။

"ဆက် တိုက်ခိုက်ကြစမ်း! ဒီ မြို့ရိုးအကာအရံလောက်က အခြေတည်ဝိညာဉ်အဆင့်စွမ်းအားကို တောင့်ခံနိုင်မယ်လို့ ငါမယုံဘူး”

ဟု တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း ၎င်းတို့သည် ခုခံကာကွယ်ခြင်းမရှိသော ရီမိသားစုနှင့် ယှဉ်ပြိုင်နေရခြင်းကို မေ့လျော့နေခဲ့သည်။ ရုတ်တရတ် တိုက်ခိုက်မှုသည် ရီကျင်းထျန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ကာ ရီမိသားစုမှ ကျင့်ကြံသူမြောက်မြားစွာကို ချက်ချင်း ခေါ်ဆောင်လာခဲ့သည်။

တစ်စုံတစ်ယောက်သည် သူတို့၏အိမ်တံခါးကို လာခေါက်နေသည်ဖြစ်ရာ အရေးယူရန် အချိန်တန်ပြီဖြစ်၏။ ခဏအကြာတွင် အခြေတည် ဝိဥာဉ်အဆင့်ရှိ ဒါဇင်နှင့်ချီသော ကျင့်ကြံသူများသည် အရွက်တစ်ထောင်ဆေးခန်းအတွင်းမှ ထွက်လာခဲ့ကြသည်။

သူတို့သည် အရွက်တစ်ထောင်မြို့၏အထက်တွင် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကာ အောက်ရှိမွန်းစတားများကို ငုံ့ကြည့်လျက် လက်သီးများကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ မကြာသေးမီကပင် ၎င်းတို့သည် အနည်းငယ် ဖိနှိပ်ခံရသည်ဟု ခံစားခဲ့ရသည်။ ယခုတွင်မူ ၎င်းတို့သည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

မွန်းစတားများသည် ပစ္စည်းများကို ၎င်းတို့၏အိမ်တံခါးဝသို့ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သည်မှာ အမှန်ပင် ကောင်းမွန်သောအရာတစ်ခုဖြစ်သည်။ သို့မဟုတ်ပါက ဤသို့သော အရည်အသွေးမြင့်မွန်းစတားပစ္စည်းများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်ပါမည်နည်း။ ရီမိသားစု၏ မျက်လုံးများထဲမှ ရက်စက်ကြမ်းကြုတ်သောအကြည့်များကို မြင်လိုက်ရသည့်အခါတွင် မွန်းစတားများသည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို တဖြည်းဖြည်း ခံစားသိရှိလာကြသည်။

ရီမိသားစုသည် မြို့ကြီးကိုးမြို့အနက် အားအနည်းဆုံးဖြစ်သင့်သည်မဟုတ်လော။ လူသားများကို နဂါးသွေးကြောကိုင်ဆောင်သူအား လက်ထဲအပ်ခိုင်းကာ အရွက်တစ်ထောင်မြို့ကို အနိုင်ယူရမည်မဟုတ်လော။ သို့သော် ယခုတွင် မည်သို့ဖြစ်သွားရပါသနည်း။ တစ်မြို့တည်းမှ တစ်ဒါဇင်ကျော်မျှသော အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မြို့ကြီးအားလုံးထဲတွင် အားအနည်းဆုံးဆိုသည်မှာ သေချာ၏လော။

မွန်းစတားများသည် ဧကရာဇ်ကျောက်လုံလက်ထက်မှ ပထမဆုံးသော စစ်သူကြီးကရိတ်၏ဘိုးဘေးထံ လှည့်ကြည့်ကြသည်။ ကရိတ်၏ဘိုးဘေးသည်လည်း ထိတ်လန့်သွားသည်။ ရီမိသားစု၏ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ၎င်းတို့၏မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့သည်။ သို့သော် ယခုအချိန်တွက် ၎င်းတို့သည် နောက်ဆုတ်ရန်အခွင့်အလမ်းမရှိတော့ချေ။ ရီမိသားစုသည် ၎င်းတို့လွတ်မြောက်သွားမည်ကို စိုးရိမ်သည့်အလား ဝိုင်းရံထားကြ၏။

“ညီအစ်ကိုတို့၊ တိုက်ခိုက်ကြ”

ရီကျင်းချုံပြောပြီးသည်နှင့် အားလုံးသည် ချက်ချင်းလှုပ်ရှားခဲ့သည်။ ထိုကဲ့သို့ပင် အခြေတည်ဝိဉာဉ်အဆင့်ရှိ ကျင့်ကြံသူအယောက်သုံးဆယ်ခန့်သည် အရွက်တစ်ထောင်မြို့အထက် ကောင်းကင်ယံ၌ ကြီးမားသောတိုက်ပွဲတစ်ခု စတင်ခဲ့သည်။

အောက်ဘက်ရှိ လူသားမျိုးနွယ်စုကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ကြသည်။ တိုက်ပွဲ၏အသေးစိတ်အချက်အလက်များကို လွတ်သွားမည်စိုးသဖြင့် ၎င်းတို့၍မျက်လုံးများကိုပင် မျက်တောင်မခတ်ဝံ့ပေ။

သာမာန်နေ့တစ်နေ့တွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများစွာ ပါဝင်သော တိုက်ပွဲကြီးတစ်ခုကို ၎င်းတို့သည် မည်သည့်နေရာတွင် တွေ့ရှိနိုင်ပါမည်နည်း။ သာမာန်အားဖြင့် ဤကဲ့သို့သော မြင်ကွင်းကိုမြင်လျှင် တိုက်ပွဲလှိုင်းတံပိုးဒဏ်ကို ကြောက်၍ တတ်နိုင်သမျှဝေးဝေးသို့ ထွက်ပြေးသွားကြမည်ဖြစ်သည်။

အရွက်တစ်ထောင်မြို့သည်သာ ထိုသို့သောရန်သူများကို နှိမ်နင်းကာ ၎င်းတို့၏ဖွဲ့စည်းမှုအခင်းအကျင်းသည်လည်း ၎င်းတို့ကို ကာကွယ်ပေးနိုင်ကာ တိုက်ပွဲကိုအနီးကပ်တွေ့မြင်နိုင်လျက် ဖရဲသီးအစေ့အနည်းငယ်ကိုပင် အေးအေးဆေးဆေး မြုံ့စေနိုင်သည်။ အရွက်တစ်ထောင်မြို့သည် အားလုံး၏ နတ်ဘုရားပင်ဖြစ်၏။

တစ်ချိန်တည်းတွင် အရွက်တစ်ထောင်မြို့မှ ကျင့်ကြံသူများသည် ရီမိသားစု၏အင်အားကို ပိုမိုနားလည်လာကြသည်။ နောက်ဆုံးအကြိမ်တွင် အခြေတည်ဝိညာဉ်အဆင့်၌ ရီမိသားစုအဖွဲ့ဝင် သုံးဦးရှိခဲ့ကာ ၎င်းတို့သည် ရီမိသားစု၏စွမ်းဆောင်နိုင်မှုကန့်သတ်ချက်ဖြစ်သည်ဟု ၎င်းတို့ထင်မြင်ခဲ့ကြသော်လည်း ယခုတွင် ၎င်းတို့သည် တစ်ဒါဇင်ကျော်မျှရှိနေမည်ဖြစ်သည်။

ထို့နောက်တွင် နတ်အသွင်ပြောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူအများအပြား ပေါ်ထွက်လာမည်လော။ ရီမိသားစု၏ ဆဋ္ဌမမြောက်အဖွဲ့ဝင်ကြောင့် လူတိုင်းသည် ဆွံ့အလျက်ရှိကြသည်။ ထိုအချိန်တွင် ကောင်းကင်ယံမှတိုက်ပွဲသည်လည်း ပိုမိုပြင်းထန်လာသည်။ ရီမိသားစုတွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အများအပြားရှိသော်လည်း ဤရေနေသတ္တဝါများသည်လည်း အချဉ်မဟုတ်ချေ။

အထူးသဖြင့် အခြေတည်ဝိညာဉ်အဆင့်၏ အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူအနည်းငယ်ဖြစ်သည့် ကရိတ်၏ ဘိုးဘေးသည် ရီမိသားစု၏လူများကို နှိမ်နှင်းရန် ကြီးမားသောအင်အားကို ပြသခဲ့သူဖြစ်သည်။ ရီကျင်းချုံသည် ကရိတ်၏ဘိုးဘေးထံမှ နောက်တစ်ကြိမ် တွန်းလှန်ခံခဲ့ရကာ ရပ်တန့်လိုက်သည်။

ရီကျင်းချုံသည် ဤနတ်ဆိုးမွန်းစတားကျင့်ကြံသူများမှာ သူမ၏တိုက်ခိုက်မှုများကို မခံနိုင်မည်ကို စိုးရိမ်သောကြောင့် အစပိုင်းတွင် ချုပ်တည်းထားခဲ့သည်။ သို့သော ၎င်းတို့ကို သေချာရိုက်နှက်ရန် လုံလောက်စွာ အားကောင်းနေပြီဖြစ်ကြောင်း ထင်ရှားသည်။

ရီကျင်းချုံ၏ ခန္ဓာကိုယ်အရွယ်အစားသည် ရုတ်တရက် ကြီးထွားလာကာ သေးငယ်သောလူရိုင်းပုံစံသို့ ပြောင်းလဲသွားသည်။ သူမ၏ ကျင့်ကြံရေးအဆင့်ကို ခန္ဓာကိုယ်ကြံ့ခိုင်စေရန် လုံးလုံးလျားလျား အသုံးပြုခဲ့သည်။ ထို့နောက် ဝံပုလွေဖန်းကို ထုတ်လိုက်ကာ ရီကျင်းချုံသည် စတင်လှုပ်ရှားခဲ့သည်။

တစ်ချက်တည်းဖြင့် သူသည် နေရာလွတ်ကို တိုက်ရိုက်ဆုတ်ဖြဲလိုက်ကာ ရီကျင်းချုံ၏ပုံသဏ္ဌန်သည် ကရိတ်၏ဘိုးဘေးနောက်ဘက်တွင် ချက်ချင်းပေါ်လာခဲ့သည်။

‘ငါ့ရဲ့ နှစ်ပေါင်းရှစ်ဆယ်ကျော် အောင်နိုင်ခြင်း လက်သီးချက်ကို မင်းခံနိုင်ရည် ရှိပါ့မလား’

ဘမ်း!

ကရိတ်၏ဘိုးဘေးသည် ပျံထွက်သွားကာ လက်သီးချက်နှင့်အတူ နောက်ထပ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"အဲဒါပဲလား?"

ရန်စ ကာ အဆုံးစွန်ထိ လှုံ့ဆော်နေခဲ့သည်။

ရီကျင်းချုံ၏ ထိုးနှက်ချက်များကြောင့် ကွဲထွက်သွားသော ၎င်း၏ကိုယ်တစ်ခြမ်းကိုကြည့်ကာ ကရိတ်၏ဘိုးဘေးသည် မျက်လုံးများနီရဲနေကာ အနည်းငယ်ပဟေဋ္ဌိဖြစ်လျက်ရှိသည်။ နတ်ဆိုးမွန်းစတားမျိုးနွယ်စု၏ ကိုယ်ထည်သည် အင်အားအကြီးဆုံးဟု ပြောကြသည်မဟုတ်လော။ ဤကလေးသည် သူ့ခန္ဓာကိုယ်ကို လက်သီးတစ်ချက်တည်းနှင့် ဖြိုခွဲပစ်ကာ အဘယ်ကြောင့် နတ်ဆိုးမွန်းစတားဂိုဏ်းသားထက်ပင် ပိုသန်မာနေရသနည်း။

ကရိတ်၏ဘိုးဘေးသည် ရီကျင်းချုံ၏တိုက်ခိုက်မှုများက သူ့အပေါ် တစ်ဖန်ပြန်စလာသောကြောင့် စဉ်းစားရန်အချိန်မရှိပေ။ ရီကျင်းချုံစတင်လှုပ်ရှားသည်ကို မြင်လိုက်ရသည်နှင့် ရီကျင်းထျန်နှင့် နောက်ထပ်ရောက်လာသော ရီကျင်းဟိုင်တို့သည် ၎င်းတို့၏ ဖုံးကွယ်ထားသော အထူးဖွဲ့စည်းပုံအခြေခံဥပဒေသများကို တစ်ခုပြီးတစ်ခု အသက်သွင်းလျက်ရှိသည်။

ဤအခိုက်အတန့်တွင် အောက်ဘက်ရှိ ကျင့်ကြံသူများသည် မွန်းစတားများ၏အသွင်အပြင်ကို နောက်ဆုံးတွင် မှတ်မိသွားကြသည်။ ကရိတ်၏ဘိုးဘေးသည် ဧကရာဇ်ကျောက်လုံလက်ထက်တွင် တန်ခိုးအကြီးဆုံးဖြစ်သည်။ ထို့နောက်တွင် လျှို့ဝှက်ဆန်းကြယ်သောလိပ်ဘိုးဘေးနှင့် ငါးနက်ဘိုးဘေးများလည်းရှိသေးသည်။ ရေနေသတ္တဝါတို့၏ အခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်ရှိ ကျင့်ကြံသူများစုစည်းမှုကို တွေ့လိုက်ရသော ကျင့်ကြံသူအများအပြားသည် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

ဧကရာဇ်ကျောက်လုံ လက်ထက်တွင် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် တစ်ဦးတစ်ယောက်၏အင်အားကို လျှော့မတွက်သင့်ချေ။ ဤအခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့် သုံးယောက်၏ ခွန်အားသည် စစ်မှန်သောနဂါးစာရင်းရှိ စွမ်းအားနည်းသော အဖွဲ့အစည်းများထက် ပိုကြောက်စရာကောင်းသည်။

ယခုတွင် ၎င်းအင်အားကြီးအဖွဲ့အစည်းများသည် ရီမိသားစုကျင့်ကြံသူများ၏ ရိုက်နှက်ခြင်းကို ခံနေရကာ ၎င်းသည် ရီမိသားစုတွင် စစ်မှန်သောနဂါးအဆင့်တွင် စာရင်းသွင်းနိုင်သည့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူသုံးဦးရှိကြောင်း ဖော်ပြနေသည်မဟုတ်လော။ ယခင်က စစ်မှန်သောနဂါးစာရင်းကို အနောက်နှင့် မြောက်ဘက်နယ်မြေများက အမြဲတမ်းလွှမ်းမိုးထားခဲ့ကာ မည်သည့်အချိန်တွင်မှ အရှေ့နယ်မြေ၏ အလှည့်ဖြစ်လာမည်နည်းဟု စောင့်မျှော်နေခဲ့ကြသည်။

ယခုအခါ အရှေ့နယ်မြေသည် စစ်မှန်သောနဂါးစာရင်းတွင် သုံးယောက်ရုတ်တရက် ထွက်ပေါ်လာသောအခါ ကျင့်ကြံသူအများအပြားသည် ဂုဏ်ယူမှုကို ခံစားခဲ့ရသည်။ မသိပါက ၎င်းတို့၏ မျိုးနွယ်စုသည် စစ်မှန်သောနဂါးစာရင်းဝင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများကို မွေးထုတ်ပေးခဲ့သည်ဟုပင် ထင်ရ၏။

……………..

All Chapters