အခန်း ၁၁၈-၁၂၀
Vol. 8 Ch. 118-120
အခန်း ၁၁၈ - ကြယ်တစ်သောင်းကျွန်းက ကျင့်ကြံသူတွေက တကယ်ဆိုးတာပဲ (၁/၅)
အနှစ်တစ်ရာ ကြိုတင်ပြင်ဆင်ပြီးသည့်တိုင် နတ်ဆိုးလမ်းကြောင်း အမှန်တကယ်ဖွင့်သောအခါတွင် ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် အာရုံကြောတင်းမာမှုဖြင့် ပြည့်နှက်နေသေးသည်။ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေအတွင်း၌ အနက်ရောင်လမ်းကြောင်းတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ လျင်မြန်စွာပင် လူခန္ဓာကိုယ်နှင့် ငါးခေါင်းပါသော ပထမဆုံးနတ်ဆိုးသည် လမ်းကြောင်း၏အဝင်ဝတွင်ပေါ်လာသည်။
"လူ့မျိုးနွယ်ကမ္ဘာ၊ ကောင်းလိူက်တဲ့ အရသာလေး”
ငါးခေါင်းရှိသော နတ်ဆိုးသည် ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရာ သူ့မျက်နှာသည် သာယာမှုဖြင့်နစ်မွန်းသွား၏။
နတ်ဆိုးမျိုးနွယ်စု၏ ပတ်ဝန်းကျင်သည် အမြဲတုန်လှုပ်ချောက်ချားနေကာ ပြင်းထန်သော ပဋိပက္ခများ တစ်ချိန်လုံးဖြစ်ပေါ်နေသည်။ နတ်ဆိုးမျိုးနွယ်စုအတွက် လူ့ကမ္ဘာသည် ၎င်းတို့၏သုခဘုံဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စု၏အရေအတွက်များတိုးလာကာ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပြည့်စေခဲ့သည်။ ထိုအချိန်တွင် နတ်ဆိုးကမ္ဘာလမ်းကြောင်းသည် ထူးထူးဆန်းဆန်းပုံစံနှင့် ရုတ်တရက်လှည့်သွားသည်။
ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားသော ကြီးမားသည့်လက်တစ်စုံသည် လမ်းကြောင်းကို အတင်းအဓမ္မဆွဲကာ ထွက်ပေါ်လာသည်။ လက်ခြောက်ဖက်ပါသော ပေထောင်ပေါင်းများစွာမြင့်သည့် ဧရာမနတ်ဆိုးကြီးသည် လမ်းကြောင်းအတွင်းမှ တွားထွက်တော့မည်ဟု ထင်ရသည့်အချိန်တွင် နတ်ဆိုးကမ္ဘာလမ်းကြောင်းသည် ရုတ်တရက် ကျုံ့သွားပြီးနောက် နတ်ဆိုးသည်အော်ဟစ်မြည်တမ်းနေပုံရသည်။
လက်ခြောက်ဖက်ထဲမှနှစ်ခုသည် အပျက်အစီးများအတွင်းသို့ ဖြည်းညှင်းစွာ လွင့်ပျံသွားသည်။ လမ်းကြောင်းသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရကာ ယခုအခါတွင် အများစုမှာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိ နတ်ဆိုးမျိုးနွယ်စု ကိုဖြတ်သန်းနိုင်စေခဲ့ခြင်းဖြစ်သည်။ သို့သော် သန့်စင်ဗလာနယ်ပယ်အဆင့်ရှိ နတ်ဆိုးသည် လမ်းကြောင်းကိုဖြတ်ကျော်ရန် ကြိုးစားခဲ့ရာ သိသိသာသာဒဏ်ရာများရရှိခဲ့သည်။
"လက်ခြောက်ဖက်နတ်ဆိုးကို နှုတ်ဆက်ပါတယ်"
လက်ခြောက်ဖက်နတ်ဆိုး၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာလှုပ်ခါသွားကာ လက်နှစ်ချောင်း ထပ်ထွက်လာပြန်သည်။ သို့သော် ၎င်း၏ရောင်ဝါသည် သိသိသာသာကျဆင်းသွားခဲ့သည်။ လက်ခြောက်ဖက်နတ်ဆိုးသည် ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေအတွင်း ငြိမ်သက်နေသောဆိတ်သုဉ်းခြင်းကို ကြည့်ပြီးနောက် သူ၏မျက်ဆံထဲတွင် အလင်းတစ်ချက် ပေါ်လာသည်။
"ငါ့အတွက် ပေါက်ကွဲလိုက်စမ်း!"
လက်ခြောက်ဖက်နတ်ဆိုးသည် ကောင်းကင်ကို လက်သီးနှင့်ထိုးချလိုက်ရာ အနက်ရောင် လမ်းကြောင်းတစ်ခုပေါ်လာကာ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေကြီးမှာ ပြိုကျသွားသည်။ ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် လက်ခြောက်ဖက်လူသားသည် မျက်လုံးမှိတ်ကာ ဒဏ်ရာများမှ ပြန်လည်သက်သာလာခဲ့သည်။
သူ့အောက်တွင် နတ်ဆိုးများသည် အသီးသီးစိတ်လှုပ်ရှားနေကြကာ အာကာသလမ်းကြောင်းထံသို့ ဝိုင်းအုံလာကြ၏။
"ဒီမှာ၊ သူတို့ဒီမှာ၊ အားလုံးအဆင်သင့်ပြင်ကြ!"
ပထမနတ်ဆိုးကိုတွေ့ပြီးသည်နှင့် ကျင့်ကြံသူများသည် စတင်လှုပ်ရှားလာကြသည်။ ဂါထာ မန္တန်များစသည့် အမျိုးမျိုးသောတိုက်ခိုက်မှုမျိုးစုံသည် နတ်ဆိုးများထံ အရူးအမူးတိုက်ခိုက်ခဲ့ကြသည်။ နတ်ဆိုးများသည် ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေမှ ထွက်ခွာလာကာ လူသားများကို မည်ကဲ့သို့ ဝါးမျိုရန် အကောင်းဆုံးနည်းဟု တွေးတောနေကြစဉ်တွင် ကောင်းကင်မှအဆုံးမဲ့တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသည်။
"ရန်သူကိုတိုက်ကြ!"
နတ်အသွင်ပြောင်းခြင်းအဆင့်နတ်ဆိုးအနည်းငယ်၏ ထိတ်လန့်တကြားအော်ဟစ်သံနှင့်အတူ တိုက်ခိုက်မှုများကျရောက်လာခဲ့သည်။
ဘမ်း!
နတ်ဆိုးအရေအတွက်၏ ငါးပုံတစ်ပုံသည် တခဏအတွင်း ပျောက်ကွယ်သွားကာ ၎င်းတို့ထဲမှ အများအပြားကို ရှင်းထုတ်နိုင်ခဲ့သည်။ မိုင်တစ်သောင်းအကွာအဝေးအတွင်း နတ်ဆိုးများ၏အလောင်းများသည် နေရာအနှံ့ ပြန့်ကျဲလျက်ရှိ၏။ ထိုအချိန်တွင် ကောင်းကင်၌ ရွှေရောင်အလင်းတန်းများ ပေါ်လာသည်။
ဤအလင်းသည် အသိဥာဏ်ရှိသကဲ့သို့ပင် နတ်ဆိုးများကို တိုက်ခိုက်ခဲ့သော ကျင့်ကြံသူတစ်ဦးစီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ရွှေရောင်အလင်းတန်းများ သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ကျင့်ကြံသူများ၏မျက်နှာပေါ်တွင် ရွှင်လန်းမှုများ ချက်ချင်းပေါ်လာသည်။
ဤရွှေရောင်အလင်းတန်းသည် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ကို တိုးတက်စေခဲ့သည်။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်နိမ့်လေ၊ ရွှေရောင်အလင်း၏ သက်ရောက်မှုမှာ ပိုကောင်းလေဖြစ်သည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ အချို့သော ကျင့်ကြံသူများသည် ကံကောင်းစွာဖြင့် အမြုတေဖွဲ့စည်းမှုအဆင့်ရှိ နတ်ဆိုးတစ်ကောင်ကိုသတ်ရန် မန္တန်များကို အသုံးပြုခဲ့ကြသည့်အတွက် သေးငယ်သောအဆင့်များကိုချက်ချင်းဖြတ်ကျော်နိုင်ခဲ့သည်။
နတ်အသွင်ပြောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူအနည်းငယ်သည် ကောင်းကင်ရှိ ရွှေရောင်အလင်းတန်းကို လှမ်းကြည့်လိုက်ရာ ၎င်းသည် တာအိုကောင်းကင်ဘုံ၏ ကောင်းချီးရောင်ဝါဖြစ်နေသည်။
လက်ရှိလူသားနယ်မြေသည် လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်သည်။ လူသားမျိုးနွယ် အားကောင်းလေ၊ လူ့ဘုံ၏ကောင်းကင်ဘုံတာအိုစွမ်းအားသည် ပို၍ အားကောင်းလေဖြစ်သည်။
ကောင်းကင်ဘုံတာအိုစွမ်းအားသည် လူနှင့်တူကာ နတ်ဆိုးများသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ဗိုင်းရပ်စ်များနှင့် ဆင်တူသည်။ ထို့အပြင် တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကျင့်ကြံသူများသည် ခုခံအားဆဲလ်များကဲ့သို့ဖြစ်သည်။
ဗိုင်းရပ်စ်များကိုသတ်နိုင်သည့် ခုခံအားဆဲလ်များကို ကောင်းကင်ဘုံတာအိုစွမ်းအားမှ ရှာဖွေတွေ့ရှိခဲ့သည်။ သေချာသည်မှာ ဆုလာဘ်များသည် သဘာဝအတိုင်း ကျဆင်းလာမည်ဖြစ်သည်။ ဤရွှေရောင်အလင်းတန်းသည် ကောင်းကင်ဘုံတာအိုစွမ်းအား၏ ကောင်းချီးဆုလာဘ်ဖြစ်သည်။
၎င်းကိုအမြောက်အမြားအသုံးချခြင်းဖြင့် ကျင့်ကြံရေးအဆင့်မြှင့်တင်ခြင်း၊ ပိတ်ဆို့မှုများကို ဖြတ်ကျော်ခြင်း စသည်တို့အတွက် ကမ္ဘာ့ထိပ်တန်း ရတနာဖြစ်ခဲ့သည်။ ယခင်က ကြယ်တစ်သောင်းကျွန်းတွင် နတ်ဆိုးများကို မကြုံဖူးသည့်အတွက် နတ်ဆိုးများကို သတ်ပစ်နိုင်ပါက ကောင်းကင်ဘုံတာအိုကောင်းချီးကို ဆုလာဘ်အဖြစ် ရရှိနိုင်မှန်း မသိခဲ့ကြပါချေ။ ယခုမူ သိလိုက်သည်နှင့် ၎င်းတို့မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။
နတ်ဆိုးများကို ကြည့်သည့်အကြည့်များမှာ တောက်ပမှုတစ်ခုနှင့်ပြည့်နှက်နေသည်။ ဤနတ်ဆိုးများကို တစ်ချိန်ကရန်သူများအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါ စည်းစိမ်ဥစ္စာအဖြစ် မှတ်ယူကြကာ တိုက်ပွဲ၏ပစ္စည်းများဖြစ်လာကြသည်။
နောက်အခိုက်အတန့်တွင် ကျင့်ကြံသူများ စတင်လှုပ်ရှားကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နောက်ထပ်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ပထမအချီနှင့် ယှဉ်လျှင် ဒီတစ်ကြိမ်ထိုးစစ်သည် ပို၍ပြင်းထန်၏။ ကျင့်ကြံသူအများအပြားသည် မိမိတို့အသုံးပြုရန် တွန့်ဆုတ်နေခဲ့သော အဆင့်မြင့်မန္တန်စွမ်းရည်များကိုပင် ဆွဲထုတ်ကာအားလုံးကို နတ်ဆိုးမျိုးနွယ်စုထဲသို့ ပစ်ထည့်လိုက်ကြသည်။
"မင်းကွာ ငါ့အသတ်တွေကို မခိုးနဲ့လေ!"
“ မင်းက စတုထ္ထအဆင့် မန္တန်ကိုတောင် သုံးတယ်။ ဘာလဲကွာ၊ ငါ့မှာရော မရှိဘူးလို့ မင်းထင်လား"
"ငါ့အသတ်တွေကို လုယူနေတာ ရပ်လိုက်နော်၊ မဟုတ်ရင် ငါ့ကို အဆိုးမဆိုနဲ့"
“အေးပါ၊ ငြင်းခုံနေတာ ရပ်လိုက်။ အများကြီးကျန်ပါသေးတယ်။ မင်းတို့အားလုံး ရန်ဖြစ်နေကြရင် အကုန်လုံး သူများလုယူသွားလိမ့်မယ်!"
ကံကောင်းစွာဖြင့် နတ်ဆိုးမျိုးနွယ်စု၏ နောက်ထပ်အဖွဲ့ဝင်များသည် ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေတွင် ဆက်လက်ပေါ်ထွက်လာခဲ့သည်။ သို့မဟုတ်ပါက ကြယ်တစ်သောင်းကျွန်းပေါ်ရှိ ကျင့်ကြံသူများသည် နတ်ဆိုးများအတွက် အချင်းချင်း တိုက်ခိုက်ကြရတော့မည်။
မန္တန်တစ်ခုပြီးတစ်ခု ဘာမှမကုန်ကျသကဲ့သို့ ပစ်ချနေကြသည့်အတွက် နတ်ဆိုးကျင့်ကြံသူများသည် ခေါင်းမထောင်နိုင်တော့ချေ။ နတ်ဆိုးမျိုးနွယ်စုမှာ ဆွံ့အသွားရသည်။ လူ့ကမ္ဘာသည် ၎င်းတို့၏ အိမ်နောက်ဖေးဖြစ်သင့်သည် မဟုတ်လော။ ရွှေ့ဖို့အခွင့်အရေးတောင်မရသေးဘဲ သူတို့ရောက်တာနှင့်တစ်ပြိုင်နက် အဘယ်ကြောင့် ပြင်းပြင်းထန်ထန်အရိုက်ခံရပါသနည်း။
နတ်ဆိုးမျိုးနွယ်စု၏ နတ်အသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးများသည် ၎င်းကိုဆက်လက်ဖြစ်ပေါ်နေရန် ခွင့်မပြုသင့်ကြောင်းသိရှိခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ စွမ်းအားအပြည့်ကို ချက်ချင်းထုတ်လွှတ်လိုက်ကြကာ နတ်စွမ်းရည်တစ်ခုစီသည် များပြားလှသော တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့သည်။
နတ်ဆိုးမျိုးနွယ်စုများကြားတွင် အသွင်ပြောင်းခြင်းအဆင့်မှနတ်ဆိုးများ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဧကရာဇ်ရှီထျန်းပင်လျှင် စိတ်လှုပ်ရှားလာသည်။ အဆင့်နိမ့်နတ်ဆိုးများသည် ၎င်းတို့အတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို မပေးတော့ဘဲ ဤနတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများသည် ၎င်းတို့အတွက်ကြီးမားသော ဆေးစွမ်းများဖြစ်သည်။
"ငါတို့ ရှီထျန်းက အသန်မာဆုံးမို့ ငါတို့နှစ်ယောက်ယူမယ်"
"ငါတို့မိသားစုမှာ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ နှစ်ဦးရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ လေးဦးကို ကိုင်တွယ်မယ်နော်"
“လွန်မလာနဲ့လေ၊ မင်းဆက်ပြီး ခွဲနေရင် ငါတို့ ဘာလုပ်ရမှာလဲ"
“လုံလောက်ပြီ၊ ထပ်ပြောစရာ မလိုပါဘူး။ ဘယ်သူရလဲ ယူကွာ!"
ဤပြောဆိုချက်ကိုကြားသောအခါ ရီမိသားစုအဖွဲ့ဝင်များသည် ၎င်းတို့၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောအပြုံးကို ပြသခဲ့သည်။ နတ်ဆိုးကျင့်ကြံသူများသည် လုယက်ခြင်းအတွက် အရာဝတ္ထုများအဖြစ် သဘောထားခံရသည်ကို ကြားသိရသောအခါ ဒေါသတကြီးဖြစ်လာသည်။
နတ်အသွင်ပြောင်းခြင်းအဆင့်နတ်ဆိုးများကို မထီမဲ့မြင်မပြုလေနှင့်။
နတ်ဆိုးများသည် ၎င်းတို့၏စွမ်းအားကိုထုတ်လွှတ်ကာ ၎င်းတို့၏ နတ်ဆိုးချီစွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်ထားသည်။ ကြယ်တစ်သောင်းပင်လယ်ပြင်ပေါ်ရှိ ကောင်းကင်သည် မှောင်မိုက်နေ၏။
ကြယ်တစ်သောင်းကျွန်းရှိ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများသည် လှုပ်ရှားမှုအတွက် စတင်ပြင်ဆင်ကြကာ ၎င်းတို့၏ စွမ်းအင်ကိုထုတ်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် ရီကျင်းဟိုင်နှင့် ရီကျင်းထျန်အပါအဝင် ရီမိသားစုမှ ကျင့်ကြံသူရှစ်ဦးသည် လူအုပ်ထဲမှ ပြေးထွက်ကာ နေရာလွတ်ကိုဆုတ်ဖြဲလျက် နတ်ဆိုးကျင့်ကြံသူများကြားသို့ ဆင်းသက်လာခဲ့သည်။
‘နတ်စွမ်းရည်၊ လေပြင်းတိုက်ခတ်ခြင်း’
‘နတ်စွမ်းရည်၊ ဖီးနစ်ကောင်းကင်ဘုံမီးတောက်’
‘နတ်စွမ်းရည်၊…
နတ်စွမ်းရည်များ တစ်ခုပြီးတစ်ခု ထုတ်လွှက်ကာ အားလုံးသည် နတ်အသွင်ပြောင်းခြင်းအဆင့်တွင်ရှိသည်။ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူရှစ်ဦးပါသော အုပ်စုတစ်စုလုံး တန်းစီလိုက်ကြသည်။ ယင်းကြောင့် ရွှေ့ပြောင်းရန်ပြင်ဆင်နေကြသော မိသားစုအသီးသီးမှ ကျင့်ကြံသူများအားလုံး အံသဩသွားရသည်။
‘ဘာကြီးလဲကွာ?’
ဤရီမိသားစုမှလူများသည် မကြာသေးမီက အခြေတည်ဝိညာဉ်အဆင့်တွင် ရှိကြသည်မဟုတ်လော။ သူတို့ရုတ်တရက် နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ မည်သို့ဖြစ်လာသနည်း။
ရီကျင်းထျန်နှင့် အခြားသူများမှာ အူတက်အောင်ရယ်နေကြသည်။ ဤကမ္ဘာကြီးတွင် အမြဲတမ်းလျှို့ဝှက်ကတ်တစ်ခု ရှိသင့်သည်မဟုတ်လော။ သို့သော် နောက်အခိုက်အတန့်မှာတွင် ၎င်းတို့အားလုံး ထိတ်လန့်သွားကြ၏။
အစပိုင်းတွင် အစောပိုင်း အခြေတည်နတ်ဘုရားအဆင့်တွင်သာရှိခဲ့သော ရှီထျန်းသည် ရုတ်တရက် နတ်ဘုရားအသွင်ပြောင်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားကာ သူသည်နတ်အသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးနောက်ကွယ်တွင် ရုတ်တရက်ပေါ်လာသည်။
"ရှီထျန်း၊ မင်းက လူယုတ်မာပဲ!"
အဝါရောင်နွေဦးအရှင်သည် ပေါက်ကွဲထွက်ကာ သေးငယ်သောနယ်ပယ်တစ်ခုသို့ တက်လှမ်းသွားလျက် နတ်အသွင်ပြောင်းခြင်းအဆင့်နတ်ဆိုးကို အပြင်းအထန်တိုက်ခိုက်တော့သည်။
နောက်ဆုံးတွင် အခြားသူများသည် ၎င်းတို့၏ စစ်မှန်သော ခွန်အားကို ပြသခဲ့ကြသည်။ ၎င်းတို့တစ်ဦးစီသည် အသေးအဖွဲနယ်ပယ်တစ်ခုစီကို ဖုံးကွယ်ထားကြသည်။ ဆွံ့အလျက်ရှိသော ရီမိသားစုအဖွဲ့ဝင်များကိုမြင်သောအခါ ရှီထျန်းသည် ရယ်မောလိုက်သည်။
"အရွက်တစ်ထောင်မြို့အရှင်တို့ရေ၊ ဒီလှည့်ကွက်ကို ရီမိသားစုတစ်ခုပဲသိတာ မဟုတ်တော့ဘူး”
"အတိအကျပြောရရင် မင်းတို့ရီမိသားစုက လှည့်ကွက်တွေ ကစားချင်နေတယ်ဆိုမှတော့ ငါတို့ ကျန်တဲ့သူတွေကလဲ ငါတို့မှာရှိတဲ့ အဆင့်ကိုလိမ်ညာပြီး ထုတ်ပြောလို့ မရဘူးလားကွ ဟမ်"
……
အခန်း ၁၁၉ - ရီမိသားစုဖော်ထုတ်ခံလိုက်ရခြင်း (၂/၅)
သာမာန်လူသားများထဲတွင် ကျင့်ကြံသူများသည် ရုတ်တရက် ၎င်းတို့၏ကျင့်ကြံရေးအဆင့်သည် တဟုန်ထိုးတက်လာခဲ့သည်။ အထက်မှ ခေါင်းဆောင်များသည် ၎င်းတို့၏စွမ်းအားကို ထုတ်ဖော်ပြသနေသည်ဖြစ်ရာ ၎င်းတို့သည်လည်း အဘယ်ကြောင့်ထိန်းထားရမည်နည်း။
ရီမိသားစုမှအုပ်စုသည် တိတ်ဆိတ်သွားသည်။ သူတို့ဝဋ်လည်သည့်အလှည့်သို့ ရောက်ရှိသွားကြရှာပြီဖြစ်၏။ ဤသူများသည် လူဆိုးဖြစ်သွားခြင်းမဟုတ်ဘဲ ရီမိသားစုက၎င်းတို့ကို လမ်းလွဲသွားစေခဲ့ခြင်းဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြရှာချေ။ ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးသည် ခြောက်ယောက်မြောက်အကြီးအကဲကို အတုခိုးလာကြသည်။ လူသားမျိုးနွယ်၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် နတ်ဆိုးမျိုးနွယ်စုသည် လုံးဝထိတ်လန့်သွားခဲ့သည်။
"နောက်ဆုတ်၊ မြန်မြန်ပြန်ဆုတ်။ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေကို အရင်ပြန်သွားတော့"
နတ်ဆိုးမျိုးနွယ်စုသည် ၎င်းကို မခံနိုင်ကြတော့ချေ။
“သူတို့ကို မလွတ်စေနဲ့၊ မြန်မြန် တားလိုက်ကြ”
လူသားကျင့်ကြံသူများသည် သူတို့၏ဖခင်ကိုသတ်ခဲ့သောရန်သူကို နက်နက်ရှိုင်းရှိုင်းမုန်းတီးမှုတွင် နစ်မြုပ်နေသကဲ့သို့ ဤနတ်ဆိုးများကို လွတ်မြောက်ရန် လုံးဝခွင့်မပြုခဲ့ကြပေ။ ဤအခိုက်အတန့်တွင် ရီဖန်သည် နောက်ဆုံးတွင် သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
သူလှုပ်ရှားလိုက်သည်နှင့် နတ်ဆိုးတိမ်တိုက်တစ်ခု ပေါက်ကွဲထွက်သွားကာ နတ်အသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးသည် ရီဖန်လက်ထဲတွင်ကျသွားသည်။ နတ်ဘုရားအသွင်ပြောင်းခြင်းနှောင်းပိုင်းအဆင့်ရှိ ရီဖန်၏စွမ်းအားကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူများသည် လွန်သွာ မအံ့ဩကြတော့ချေ။
အရွက်တစ်ထောင်မြို့၏ ဧကရာဇ်သည် အင်အားကြီးမားလှသည်။
စိတ်အားထက်သန်သော လူသားမျိုးနွယ်စု ကျင့်ကြံသူများသည် နတ်ဆိုးမျိုးနွယ်စုကို ပထမဆုံးအကြိမ် ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ နောက်ဆုံးတွင် ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေသို့ ပြန်သွားနိုင်သည့် နတ်ဆိုးများမှာ ဆယ်ဦးတွင် တစ်ဦးသာ ကျန်ရှိတော့သည်။ တစ်ချိန်တည်းတွင် လူသားကျင့်ကြံသူများသည်လည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှု လုံးဝမလျော့ချေ။
"မင်းတို့အရင်ပြန်သွားပြီးအနားယူပါ၊ ငါစောင့်နေမယ်"
"မင်းအရင်ပြန်သွားပါ၊ ငါဒီမှာစောင့်လို့ရတယ်!"
အနီးနားရှိသူများအား ဦးစွာအနားယူရန် အသီးသီးက အပြင်းအထန် တိုက်တွန်းခဲ့ကြသည်။ မသိပါက သူတို့သည် ကိုယ်ကျိုးမဖက်သူများဟူ၍ပင် ထင်ရလိမ့်မည်။ ကျင့်ကြံသူများသည်သာ ကျင့်ကြံသူတစ်ဦးလျော့သွားခြင်းသည် ပြိုင်ဖက်တစ်ဦးလျော့သွားခြင်းဖြစ်ကြောင်းသိကြသည်။
နတ်ဆိုးတစ်ကောင်ကိုသတ်ခြင်း၏အကျိုးကျေးဇူးများ ပျံ့နှံ့သွားပါက ကြယ်တစ်သောင်းကျွန်းသို့ရောက်ရှိလာမည့် ကျင့်ကြံသူအရေအတွက်သည် သေချာပေါက် တိုးလာမည်ဖြစ်သည်။ ယခုထွက်သွားသော သူများသည် လူမိုက်များပင်။
ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေအတွင်းတွင် လက်ခြောက်ဖက်နတ်ဆိုးသည် ထွက်ပြေးလာသော နတ်ဆိုးမျိုးနွယ်စုကို ဒေါသတကြီး ကြည့်နေခဲ့သည်။ နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်တွင် နှစ်ယောက်သာ ကျန်တော့သည်။ ဤအဖြစ်အပျက်သည် လက်ခြောက်ဖက်နတ်ဆိုးကို အကျပ်အတည်းဖြစ်စေခဲ့သည်။
စည်းလုံးလွန်းသည့် လူသားများအကြောင်းကို သူတစ်ခါမှ မကြားဖူးခဲ့ချေ။ သူတို့မသိတဲ့အရာသည် အကျိုးအမြတ်ကြောင့်သာမဟုတ်ပါက လူသားများသည် စည်းလုံးမှုမရှိကြဟူသည့် အချက်ဖြစ်သည်။ သို့သော် လူသားများသည် အားသာချက်တစ်ခုကို တွေ့ရှိပြီးသည်နှင့် ၎င်းတို့၏စည်းလုံးညီညွတ်မှုသည် အခြားလူမျိုးနှင့် မယှဉ်နိုင်ပေ။ အကျိုးရှိမည်ဆိုပါက နတ်ဆိုးနတ်ဘုရားဆိုလျှင်ပင် ၎င်းကိုအုပ်စုဖွဲ့ သတ်ပစ်ကြလိမ့်မည်။
လက်ခြောက်ဖက်နတ်ဆိုးသည် ခဏတာငြိမ်သက်ကာ ပထမဦးစွာအုပ်စုဖွဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ကျင့်ကြံရေး ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ကာ ကြယ်တစ်သောင်းကျွန်းကို လွှမ်းမိုးရန် ၎င်း၏ သန့်စင်ဗလာနယ်အဆင့်ကို အသုံးပြုခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကြာသည်အထိ နတ်ဆိုးတစ်ကောင်မျှ မပေါ်ခဲ့သည့်အတွက် လူသားကျင့်ကြံသူ အများအပြားသည် စိတ်မရှည်ကြတော့ချေ။ ‘မကောင်းတော့ဘူး၊ သူတို့ ထွက်ပြေးသွားပြီထင်တယ်’ ထိုဖြစ်နိုင်ခြေကို တွေးကြည့်ပြီးနောက် လူသားကျင့်ကြံသူများသည် စိုးရိမ်လာသည်။
"မဖြစ်တော့ဘူး၊ ဖောက်ထွက်ရအောင်" နတ်ဆိုးများ ထွက်မလာသည့်အတွက် ၎င်းတို့ကို အတင်းအကြပ် ခိုင်းစေရမည်။ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေသည် မည်သို့ပင်ဖြစ်စေ ကျယ်ပြောလှကာ ကျင့်ကြံသူများ ဝင်ရောက်တိုက်ခိုက်ရန် လုံလောက်စွာကျယ်ဝန်းသည်။
နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအနည်းငယ်သည် တွန်းအားပေးမှုကို မခံနိုင်ကြတော့သော်လည်း ကြယ်တစ်သောင်းကျွန်းမှ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေအတွင်းသို့ ရွှေ့ခြင်းသည် အကြံကောင်းတစ်ခုမဟုတ်ပေ။
နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူအုပ်စုတစ်စုမှ ဦးဆောင်ကာ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေသို့ ချီတက်လာကြသည်။ နတ်ဆိုးတပ်ဖွဲ့ဝင်များ လျင်မြန်စွာ ဖြန့်ကျက်ရန် မူလကတည်ဆောက်ခဲ့သော အဆိုပါ လမ်းကြောင်းသည် လူသားကျင့်ကြံသူများအတွက် အဝေးပြေးလမ်းမကြီး ဖြစ်လာကာ လူသားကျင့်ကြံသူများသည် လမ်းကြောင်းကို ဖြတ်၍ ဝင်ရောက်လာကြသည်။
ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေတွင် နတ်ဆိုးကျင့်ကြံသူများ စောင့်ကြည့်နေကြသည်။
နတ်ဆိုးကမ္ဘာသည် နတ်ဆိုးအမြောက်အမြားစေလွှတ်ရန် သုံးရက်က အချိန်လုံလောက်သည်။
ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေရှိ နတ်ဆိုးများသည် ယခုအခါတွင် မူလကြယ်တစ်သောင်းကျွန်းရှိ နတ်ဆိုးများထက် သုံးဆပိုများသည်။ နတ်ဆိုးများသည် ၎င်းတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုကို မြင်လိုစိတ်အပြည့်နှင့် ကြက်သွေးရောင်မျက်လုံးဖြင့် စိုက်ကြည့်နေကြသည်။
နတ်ဆိုးမျိုးနွယ်တစ်ခုအနေဖြင့် အခြားမျိုးနွယ်စု၏ ကြောက်လန့်မှုထက် ၎င်းတို့ကို ပျော်ရွှင်စေသောအရာမရှိပေ။ သို့သော် မကြာခင်တွင် သူတို့အံ့အားသင့်သွားရသည်။ ဤလူသားကျင့်ကြံသူများသည် ၎င်းတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းမရှိဘဲ၊ အမှန်တကယ်တွင် ၎င်းတို့သည် စိတ်လှုပ်ရှားနေပုံပေါက်နေသေးသည်။
သူတို့ အဘယ်ကြောင့် စိတ်လှုပ်ရှားနေရသနည်း။ ပထမစစ်ပွဲကို တွေ့ကြုံဖူးသော နတ်ဆိုးများသာ လူသားကျင့်ကြံသူများသည် နတ်ဆိုးအရေအတွက်ကို စိတ်လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။
များစွာသောအကောင်ရေကြောင့် ကောင်းစွာသတ်ဖြတ်ရန် လုံလောက်နိုင်သည်။
"သတ်!
လူသားကျင့်ကြံသူများသည် စတင်လုပ်ရှားလိုက်ကြကာ မရေမတွက်နိုင်သော မန္တန်များသည် အောက်ဘက်ရှိ နတ်ဆိုးများဆီသို့ ဦးတည်သွားကြလျက် ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေတစ်ခုလုံးသည် မှော်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအခိုက်တွင် နတ်ဆိုးကျင့်ကြံသူများထဲမှ ကြီးမားသောရုပ်သွင်တစ်ခု ထွက်ပေါ်လာကာ
၎င်းထံမှ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်၏ ရောင်ဝါ ထွက်ပေါ်လာသည်။ သူ၏လက်ဝှေ့ရမ်းခြင်းဖြင့် မရေမတွက်နိုင်သော မန္တန်များသည် ပျောက်ကွယ်သွားခဲ့သည်။
“မင်းတို့ လူသားတွေက အံ့သြစရာပဲ။ ငါတို့ကိုတောင် နှောင့်ယှက်ပြီး တိုက်ခိုက်ရဲသေးတယ်”
လက်ခြောက်ဖက်နတ်ဆိုးသည် သူ၏ကျင့်ကြံရေး လုံးဝမကောင်းမွန်သေးသော်လည်း တည်ငြိမ်နေခဲ့သည်။ သို့သော် သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူအဖြစ် နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူအနည်းငယ်နှင့် ဆက်ဆံရသည်မှာ မခက်ခဲချေ။
"သန့်စင်ဗလာနယ်အဆင့်??"
"ဟုတ်တယ်! သန့်စင်ဗလာနယ်အဆင့်!"
"ဟားး၊ သန့်စင်ဗလာနယ်အဆင့်ပဲ!"
လေသံသည် မေးခွန်းမေးခြင်းမှ အတည်ပြုခြင်းမှတစ်ဆင့် စိတ်လှုပ်ရှားခြင်းသို့ ပြောင်းလဲသွားသည်။ နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်းသည် ကြီးမားသော ဆုလာဘ်ကို ရရှိသည်။ ထို့နောက် သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူကို သတ်ပစ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
"သတ်!”
နတ်အသွင်ပြောင်းကာအသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူအချို့သည် လက်ခြောက်ဖက်နတ်ဆိုးကို ဝိုင်းရံထားသည်။ ဤလူသားများသည် သူ့ကို တိုက်ခိုက်ရန် အစပြုလာသည်ကို မြင်သော လက်ခြောက်ဖက်နတ်ဆိုးသည် အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့သည်။
‘ကြီးမြတ်သောနတ်စွမ်းရည်များ၊ ကောင်းကင်နှင့်ကမ္ဘာမြေနိယာမ’
လက်ခြောက်ဖက်နတ်ဆိုးသည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ရှိ ရှည်လျားသောဧရာမရုပ်သွင်ပြင်သို့ သူ၏လက်ခြောက်ဖက်ကို မြှောက်ကာ နတ်အသွင်ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူအနည်းငယ်ကို တိုက်ခိုက်လိုက်သည် ။
ကောင်းကင်နှင့်မြေကြီးတုန်ခါသွားကာ နတ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူ အနည်းငယ်၏ခန္ဓာကိုယ်သည် ရိုက်ချခြင်းခံလိုက်ရကာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းသည် သန့်စင်မှုပျက်ပြယ်ခြင်းအဆင့်ကျင့်ကြံသူ၏ စွမ်းအားဖြစ်ပါသလော။ ၎င်းသည် အမှန်ပင် အစွမ်းထက်သည်။
"လက်ခြောက်ဖက်နတ်ဆိုးက စွမ်းအားကြီးတယ်၊ လူသားအားလုံးကို သတ်ပစ်လိုက်ပြီ"
နတ်ဆိုးများ၏ စိတ်ဓာတ်သည် အလွန်ပြန်လည်တက်ကြွလာသည်။ စစ်မှန်သောဧကရာဇ်ရှီထျန်းနှင့် အခြားဧကရာဇ်မင်းများသည် မျက်မှောင်ကြုတ်ကာ သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူကို မသတ်နိုင်ကြပုံရသည်။ "အရွက်တစ်ထောင်ဧကရာဇ်ရေ၊ ဒီတစ်ခါတော့ မင်းကို ဒုက္ခပေးရတော့မှာပဲ"
"ငါသူ့ကို အနိုင်ယူနိုင်မယ်လို့ မင်းဘယ်လိုများသေချာရတာလဲ"
ရီဖန်သည် ဆွံ့အသွားခဲ့၏။ သူ၏ ဖုံးကွယ်မှုသည် အလွန်ကောင်းသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
“ အရွက်တစ်ထောင်ဧကရာဇ်ရေ၊ မင်းဟန်ဆောင်နေစရာ မလိုတော့ဘူး”
“အမှန်ပဲ၊ အခုတင်ပဲ နှောင်းပိုင်းနတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ကို ပြသွားပေမယ့် မင်းပြသွားတာမြန်လွန်းတယ်၊ အဲဒါ မင်းရဲ့တကယ့်ကျင့်ကြံရေးအဆင့်မဟုတ်တာ သေချာတယ်’
"ဟုတ်တယ်၊ မြန်မြန်လုပ်ပါဗျာ၊ ပြီးရင်လူစုခွဲကြရအောင်"
ရီဖန်သည် စကားပင်မပြောနိုင်တော့ချေ။ သူ၏ နည်းပရိယာယ်များကို ၎င်းတို့အားလုံး ရှင်းလင်းစွာမြင်တွေ့ခဲ့ကြသည်။ ရီမိသားစုသည် ကြယ်တစ်သောင်းကျွန်းပေါ်တွင် လျှို့ဝှက်ချက်မရှိတော့ချေ၊ ၎င်းသည်မကောင်းပေ။ လှည့်ကွက်အချို့မပါဘဲ ရီဖန်သည် အမြဲတမ်း မလုံခြုံသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် ဤသန့်စင််ဗလာနယ်အဆင့်ကျင့်ကြံသူကို ဦးစွာကိုင်တွယ်ရန်လိုအပ်သည်။
ရီဖန်သည် ကောင်းကင်ဘုံကိုလှည့်စားကာ ပင်လယ်ကိုဖြတ်ခြင်းနည်းစနစ်ဖြင့် အထွတ်အထိပ် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်အောင် ပြုလုပ်ခဲ့သည်။ ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် တစ်ဖန်တိုးလာသည်နှင့်အမျှ ကြယ်တစ်သောင်းကျွန်းမဖိ လူသားများကျင့်ကြံသူများသည် ထူး၍မအံ့ဩနေတော့ချေ။
‘လုပ်၊ ဆက်လုပ်။ အောင်မြင်ပြီးရင် ငါလက်ခုပ်တီးပေးမယ်လေ’
ပဋိပက္ခပုလဲလုံးသည် ဆဋ္ဌမအဆင့်ကို ဖြတ်ကျော်သွားခဲ့ကာ ၎င်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဓားလေးချောင်းသည်လည်း ဆဋ္ဌမအဆင့်ကိုဖြတ်ကျော်သွားခဲ့သည်။ ဓားလေးချောင်းသည် ရီဖန်လက်ထဲတွင် အင်မော်တယ် သုတ်သင်ခြင်းအခင်းအကျင်းပြသမှုပုံစံဖြင့် ရီဖန်နားတွင် လှည့်ပတ်နေသည်။ အဝေးရှိ လက်ခြောက်ဖက်နတ်ဆိုးကို လက်ညှိုးထိုးပြလိုက်ကာ
“အင်မော်တယ်သုတ်သင်ခြင်းအခင်းအကျင်း၊ သတ်ဖြတ်ခြင်း အခင်းအကျင်း" ဟူ၍ တီးတိုးရေရွတ်လိူက်သည်။
ဓားလေးစင်းသည် လက်ခြောက်ဖက်နတ်ဆိုးထံသို့ ပြေးထွက်သွားသည်။ ၎င်း၏ ကျင့်ကြံရေးအဆင့်သည် အထွတ်အထိပ် အခြေတည်ဝိညာဉ်အဆင့်ထက် ပိုမိုအားကောင်းသည်ကို ရီဖန်မြင်နိုင်သော်လည်း ၎င်းသည် သန့်စင်ဗလာနယ်မြေသို့ အပြည့်အဝ ပြန်ကောင်းခြင်းမရှိသေးချေ။
သူ၏ လက်ရှိအခြေအနေသည် လုံလောက်သင့်သည်။
လက်ခြောက်ဖက်နတ်ဆိုးသည် နောက်ဆုံးတွင် အရာများကို စတင်အလေးအနက်ထားမိကာ အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းထံမှ ဖိအားများကို ခံစားစေခဲ့သည်။
"ကြီးမြတ်တဲ့ နတ်စွမ်းအား၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်!"
ကွဲပြားသော လက်နက်ခြောက်လက်သည် လက်ခြောက်ဖက်နတ်ဆိုး၏လက်ထဲတွင် ပေါ်လာကာ တခဏချင်း၌ အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းကို တားဆီးလိုက်သည်။
………………
အခန်း ၁၂၀ - နတ်ဆိုးမျိုးနွယ်စု မပြေးစမ်းနဲ့၊ ရုပ်ရှင်ဧကရာဇ်၏ သရုပ်ဆောင်ခြင်း (၃/၅)
နေရာလွတ်သည် ကွဲအက်သွားကာ သေးငယ်သောတွင်းနက်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အနီးနားရှိအရာအားလုံးကို စုပ်ယူလိုက်သည်။ လက်ခြောက်ဖက်နတ်ဆိုးသည် ခြေလှမ်းများစွာကို နောက်ဆုတ်လိုက်ကာ ရီဖန်ကိုကြည့်နေသောအကြည့်မှာ ပြောင်းလဲသွားသည်။ သူ၏ စွမ်းအားသည် အမှန်တကယ်ပင် အားနည်း၏။
“ဆက်လုပ်လေ!”
ရီဖန်သည်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရကာ ပင်လယ်နှိမ်နင်းခြင်း ပုတီးစေ့နှစ်ဆယ့်လေးလုံးသည် ချက်ချင်းပင် ပျံထွက်သွားပြီးနောက် လက်ခြောက်ဖက်နတ်ဆိုးထံသို့ တိုက်ခိုက်လိုက်သည်။
ရီဖန်သည် အထက်တွင် လက်ခြောက်ဖက်နတ်ဆိုးနှင့် တိုက်ပွဲဝင်နေချိန်တွင် နတ်အသွင်ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများသည် ၎င်းတို့အောက်တွင်ရှိနေသည်။ အောက်ဘက်တွင် လူသားမျိုးနွယ်စုကျင့်ကြံသူ မြောက်မြားစွာရှိသည်။ ဤနတ်ဆိုးမျိုးနွယ်စုကျင့်ကြံသူ အများအပြားကြောင့် လူသားမျိုးနွယ်ကြား ထိခိုက်သေဆုံးမှုများမှာလည်း ရှောင်လွှဲ၍မရပေ။
သို့သော် ၎င်းသည် လူသားမျိုးနွယ်စုကျင့်ကြံသူများကို ဆုတ်ခွာရန် စဉ်းစားစေခဲ့ခြင်း မရှိချေ။ သဘာဝအားဖြင့် ကျင့်ကြံသည် ကောင်းကင်ဘုံကို ဆန့်ကျင်ရန်တိုက်ပွဲဝင်ခြင်းဖြစ်သည်။ ကံကြမ္မာအတွက် တိုက်ပွဲဝင်ရမည်၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမည်။ ယခုသည် ကျင့်ကြံသူအများအပြား၏ ဘဝတစ်သက်တာအတွက် အကြီးမားဆုံးအခွင့်အရေးဟူ၍ ဆိုနိုင်သည်ဖြစ်ရာ ၎င်းတို့သည် မည်သို့ဆုတ်ခွာနိုင်မည်နည်း။
ဤအခွင့်အရေးကြောင့် မြောက်မြားစွာသောကျင့်ကြံသူများသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဖြတ်သွားသည်ကို သင်မမြင်ဖူးပါသလော။ အခြေတည်ဝိညာဉ်အဆင့်သို့ ဖြတ်ကျော်သွားသော ကျင့်ကြံသူနှစ်ဦးသို့မဟုတ် သုံးဦးပင် ရှိခဲ့သည်။
၎င်းကိုတွေးမိပြီးနောက် အကြောက်တရားများ ပျောက်ကွယ်သွားကာ သူတို့သည် ပို၍ပင်ရူးသွပ်သွားသည်။ လက်ခြောက်ဖက်နတ်ဆိုးနှင့် ရီဖန်ကြားတိုက်ပွဲသည် ပြင်းထန်သောပြိုင်ဆိုင်မှု အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ လက်ခြောက်ဖက်နတ်ဆိုးသည် ဆုတ်ခွါရန်သာ စိတ်ထဲတွင် ပြည့်နှက်နေကာ
"ငါပြန်ကောင်းလာတဲ့အခါ မင်းရဲ့ခေါင်းကို ငါသေချာပေါက်လာယူမှာ"
လက်ခြောက်ဖက်နတ်ဆိုး၏လက်ကို အင်မော်တယ်သုတ်သင်ခြင်းဓားဖြင့်ခုတ်ဖြတ်ပြီးနောက် ၎င်းသည်နတ်ဆိုးမျိုးနွယ်လမ်းကြောင်းကိုဖြတ်၍ နတ်ဆိုးကမ္ဘာသို့ပြန်သွားရန် ကြံရွယ်ကာ ချက်ချင်းပြန်ဆုတ်သွားခဲ့သည်။ သို့သော် ရီဖန်သည် ၎င်းကို လွတ်မြောက်ခွင့်ပေးမည်လော။ သေချာပေါက်ပေးမည်မဟုတ်ချေ။
‘ကြီးမြတ်သောနတ်စွမ်းရည်- သစ်သားစွမ်းရည်အခြေတည်’
သစ်သားနယ်ပယ်အတွင်း၌ မြင့်မားသောသစ်ပင်များစွာသည် ၎င်းတို့၏အမြစ်များကို မြေကြီးမှဆွဲထုတ်ကာ သစ်ပင်လူသားများအဖြစ်သို့ ပြောင်းလဲပြီးနောက် လက်ခြောက်ဖက်နတ်ဆိုးကိုပစ်ချခဲ့ကြသည်။
သစ်သားအခြေတည်ကမ္ဘာကိုဖန်တီးရာတွင် ရီဖန်သည် အဇူရာနဂါးကိုပေါင်းစပ်ခဲ့သည်။ အသွင်ပြောင်းခြင်းနှင့် သစ်သားစွမ်းရည်၏ သေးငယ်သောဝိညာဉ်ရေးစွမ်းအားသည် သူ၏နတ်စွမ်းရည်များကိုလှုံ့ဆော်ရန်နှင့် ကြီးမြတ်သော နတ်စွမ်းရည်ကိုနားလည်ရန်သူ၏ သွေးမျိုးဆက်စွမ်းအားကိုအသုံးပြုလိုက်သည်။
‘အင်မော်တယ်သုတ်သင်ခြင်းဓားအခင်းအကျင်း ထောင်ချောက်’
‘ပင်လယ်နှိမ်နင်းခြင်းပုတီးလုံးများ၊ ဖိနှိပ်ခြင်း’
ရီဖန်သည် မြောက်များစွာသော နည်းလမ်းများဖြင့် ပေါက်ကွဲထွက်ကာ ၎င်းတို့အားလုံးသည် လက်ခြောက်ဖက်နတ်ဆိုးထံသို့ ဦးတည်သွားကြသည်။ လက်ခြောက်ဖက်နတ်ဆိုးသည် နတ်ဆိုးမျိုးနွယ်လမ်းကြောင်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေချိန်၌ ၎င်းကို ချုပ်နှောင်ထားခဲ့သည်။
နောက်ဆုံးတွင် ဓားတစ်ချောင်းသည် လက်ခြောက်ဖက်နတ်ဆိုး၏ ဝိညာဉ်ပင်လယ်ထဲသို့ ထိုးစိုက်လိုက်ပြီးနောက် ၎င်း၏ စိတ်ဝိညာဉ်ကို ဖယ်ရှားပစ်လိုက်သည်။ လက်ခြောက်ဖက်နတ်ဆိုးသည် ကြယ်တစ်သောင်းကျွန်းတွင် သေဆုံးလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
၎င်းသည်မူလက ဤနေရာတွင် ရိတ်သိမ်းရန်ရောက်လာခဲ့သော်လည်း
မထင်မှတ်ဘဲနောက်ဆုံးတွင် သူသည်လူသားမျိုးနွယ်၏ ရိတ်သိမ်းခြင်းကို ခံခဲ့ရသည်။ လက်ခြောက်ဖက်နတ်ဆိုးကို သတ်ပြီးနောက် ကောင်းချီးများကျဆင်းသွားသော်လည်း ရီဖန်သည် ၎င်း၏စွမ်းအားဖြင့် ဖယ်ထုတ်လိုက်သည်။ ရီဖန်၏ ကျင့်ကြံရေးသည် သူ့ဘာသာသူ မတိုးနိုင်သောကြောင့် ၎င်းကိုစုပ်ယူခြင်းသည်လည်း အသုံးမဝင်ပေ။
သို့သော် ၎င်းကောင်းချီးကို ကျင့်ကြံရုံအတွက်သာမကဘဲ အသုံးချနိုင်သည်။ ရီဖန်စိတ်ထဲတွင် အကြံအစည်တစ်ခုခုရှိနေသည်။ လက်ခြောက်ဖက်နတ်ဆိုးသည် ထိုကဲ့သို့လဲကျသွားခြင်းက ရှီထျန်းနှင့် အခြားသူများကိုလည်း ထိတ်လန့်စေခဲ့သည်။
"ဒါက အရွက်တစ်ထောင်အကြီးအကဲရဲ့ ခွန်အားအပြည့်လို့ ထင်သလား"
"ကျွန်တော်မထင်ပါဘူး!"
"အားလုံးမေ့သွားပြီလား? အရွက်တစ်ထောင်အကြီးအကဲက နဂါးအဖြစ် အသွင်ပြောင်းနည်းကိုမသုံးရသေးဘူးလေ”
နတ်အသွင်ပြောင်းခြင်းအဆင့်ရှိ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ရီဖန်၏ အဆင့်အတန်းသည် တစ်ဖန် မြင့်တက်လာသည်။ အမှန်တကယ်တွင် သန့်စင်ဗလာနယ်အဆင့် ကျင့်ကြံသူများ၏ အဆင့်နှင့်ပင် ကွာခြားမှုမရှိချေ။
ဧကရာဇ်ရှီထျန်းပင်လျှင် ရီဖန်သည်ယခုအခါ ကြယ်တစ်သောင်းကျွန်း၏ နံပါတ်တစ်ဖြစ်နေပြီဟု ဝန်ခံရမည်ဖြစ်သည်။ လက်ခြောက်ဖက်နတ်ဆိုး သေဆုံးသွားခြင်းသည် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံးကိုပြိုကွဲသွားစေသည်။ နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လွတ်မြောက်ရန် ဖြစ်သည်။
လူသားမျိုးနွယ်စုသည် ပိတ်ဆို့ရန် ကြိုးပမ်းခဲ့သော်လည်း နတ်ဆိုးမျိုးနွယ်စုကျင့်ကြံသူ တစ်စိတ်တစ်ပိုင်းသည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤနတ်ဆိုးများသည် ခြိမ်းခြောက်မှုမပြုနိုင်တော့ချေ။
လူသားမျိုးနွယ်စုကျင့်ကြံသူ အများအပြားသည် ဤနတ်ဆိုးများကို သုတ်သင်ရန် အစီအစဥ်ဖြင့် အဖွဲ့များဖွဲ့လာကြသည်။ ကြယ်တစ်သောင်းကျွန်း ရှိနေသရွေ့ ဤနတ်ဆိုးများသည် လူတိုင်းကမနှစ်မြို့သည် လမ်းများပေါ်မှကြွက်များ ဖြစ်လာလိမ့်မည်ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုလမ်းကြောင်းမှ နတ်ဆိုးဂိုဏ်းသားများ ရံဖန်ရံခါ ထွက်လာဆဲဖြစ်သည်။ ရီကျင်းထျန်နှင့် အခြားသူများသည် လမ်းကြောင်းအနီးတွင် ဝိုင်းကာ စတင်လှောင်ပြောင်ရယ်မောကြသည်။
သို့သော် လမ်းကြောင်းထဲသို့ဝင်၍ မိစ္ဆာကမ္ဘာသို့သွားရန် ကြံစည်သူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ ၎င်းတို့သည် အရူးများမဟုတ်။ ၎င်းတို့၏ အိမ်ကွင်းရှိ တိုက်ပွဲကို မကြောက်ကြသည့်တိုင် တစ်ဖက်ခြမ်းရှိ နတ်ဆိုးများသည် အဆင့်မည်မျှရှိသည်ကို မည်သူမှမသိချေ။
သန့်စင်ဗလာနယ်အဆင့်နတ်ဆိုးတစ်ကောင် သို့မဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်နတ်ဆိုး ပေါ်လာခဲ့ပါက ၎င်းသည်သတ်သေမည့်လမ်းစဉ် ဖြစ်သွားမည်မဟုတ်လော။ လူသားမျိုးနွယ်၏ ဝိုင်းရံမှုနှင့်အတူ၊ တစ်ဖက်ရှိ နတ်ဆိုးများသည် တစ်ခုခုမှားနေသည်ဟု ခံစားခဲ့ရကာ လမ်းကြောင်းမှ ထွက်ပေါ်လာသော နတ်ဆိုးများနည်းပါးလာသည်။
ရီဖန်သည် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ပြန်လည်ကောင်းမွန်လာပြီးနောက် ပိုမိုအားကောင်းသော နတ်ဆိုးအနည်းငယ်ထွက်လာမည်ဟု မျှော်လင့်လျက်ရှိသည်။ အင်မော်တယ်လက်နက်များကိုသန့်စင်ရန် လိုအပ်သော ကောင်းချီးများမှာ မလုံလောက်သေးချေ။
ရက်များကြာလာသည်နှင့်အမျှ ရီဖန်သည် အခွင့်အရေးမရှိတော့ဟု ခံစားလာရချိန်တွင် နတ်ဆိုးမျိုးနွယ်စုလမ်းကြောင်းအဝင်ဝတွင် တစ်ဒါဇင်ကျော်ပေါ်လာသည်။ နောက်ထပ် နတ်ဆိုးများ ရောက်လာသလော။ ထို့အပြင် ၎င်းနတ်ဆိုးများ၏ကျင့်ကြံရေးအဆင့်သည် အထွတ်အထိပ်အခြေတည်ဝိညာဉ်အဆင့်နှင့် နတ်အသွင်ပြောင်းခြင်းအဆင့်တွင်ရှိကြသည်။
၎င်းသည် နတ်ဆိုးများ၏ နောက်ဆုံးစုံစမ်းခြင်းဖြစ်သည်ဟု ထင်ရသည်။
နတ်အသွင်ပြောင်းခြင်းအဆင့်မှ ကျင့်ကြံသူအများအပြားသည်လည်း သတိရှိလာသည်။
ဤနောက်ဆုံးလှိုင်းသည် ကျရှုံး၍မဖြစ်ချေ။ တိုက်ပွဲသည် တခဏအတွင်း ဖြစ်ပွားခဲ့သည်။
နောက်ဆုံးတွင် တိုက်ပွဲပြီးဆုံးသွားပြီးနောက် တစ်ဒါဇင်မျှလောက်သော နတ်အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူများနှင့် အထွတ်အထိပ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများထဲမှ တစ်ဦးတည်းသာ ကျန်တော့ကာ ရီဖန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရီဖန်သည် မျက်တောင်ခတ်လိုက်ကာ မိစ္ဆာမျိုးနွယ်စုလမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။
နတ်ဆိုးများသည် ဒီဘက်ခြမ်းတွင် ဖြစ်ပျက်နေသည်ကို မြင်နိုင်ပုံရသည်။ နောက်အခိုက်အတန့်တွင် ရီဖန်၏ ရောင်ဝါသည် ချက်ချင်းပင်အားနည်းလာသည်။
"ငါမထိန်းနိုင်တော့ဘူး၊ ငါ့ရဲ့လျှို့ဝှက်နည်းပညာကို အရမ်းသုံးမိသွားပြီ၊ ငါမထိန်းနိုင်ဘူး"
ထိုစကားကို ပြောပြီးနောက် ရီဖန်သည် နောက်ထပ် သွေးနှစ်လုတ်ကို အန်ချလိုက်သည်။
ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူများ၏ နှလုံးသားများသည် တင်းကျပ်လာ၏။ အရွက်တစ်ထောင် အကြီးအကဲသည် ဒဏ်ရာအပြင်းအထန်ရသွားသည်။ ရီဖန်စကားပြီးသွားသည်နှင့်အမျှ တစ်ဖက်မှ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိ အခြားတစ်ဒါဇင်မျှသော ကျင့်ကြံသူများ ထွက်ပေါ်လာသည်။
ရီဖန်သည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများကို သတ်ပစ်ရန် “ရုန်းကန်” ခဲ့ရပုံပေါ်ကာ သူသည် ယခင်ထက်ပင် အားနည်းသွားပုံရသည်။
"ဒီတစ်ခါတော့ ငါမထိန်းနိုင်ဘူး၊ ငါတကယ်မထိန်းနိုင်တော့ဘူး"
လမ်းကြောင်း၏တစ်ဖက်ခြမ်းရှိ နတ်ဆိုးများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသော်လည်း ၎င်းတို့သည် နောက်ထပ်နတ်အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူအချို့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သေးသည်။ ဤလူသားသည် တိုက်ခိုက်ရေးစွမ်းအားကို အမှန်တကယ်မထိန်းထားနိုင်တော့ခြင်းဖြစ်ရမည်။ အကယ်၍ ဤလူသားကျင့်ကြံသူကို နှိမ်နင်းနိုင်ပါကကျန်ရှိသော နတ်အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူများကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည်ဖြစ်သည်။
တစ်ါ၊ နှစ်ခါ၊ သုံးခါ။ ရီဖန်သည် ရှုံးနိမ့်ခါနီးတိုင်း "ခက်ခဲသော" သတ်ဖြတ်မှုလှိုင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် ရီဖန်၏စွမ်းအားသည် အခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်သို့ ကျဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် နတ်ဆိုးများသာမက ကြယ်တစ်သောင်းကျွန်းမှ နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများပင် သည်းမခံနိုင်တော့ပေ။ သရုပ်ဆောင်မှုသည် မိုက်လွန်း၏။
ရီဖန်အတွက် အမှန်တကယ်စိတ်ပူသွားသော ရှီထျန်းသည် သူ့ကိုယ်သူ ကျိန်ဆဲရုံမှလွဲ၍ မတတ်နိုင်ခဲ့ချေ။
‘အဟမ်း၊ ဒီခြောက်ယောက်မြောက်အဘိုးကြီးကို ထပ်ပြီး စိတ်ပူရင် သူပဲအရှက်ရလိမ့်မယ်!’
တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကြာမြင့်ပြီးနောက် နတ်ဆိုးများ ထွက်မလာတော့သည့်အခါမှသာ ရီဖန် သက်ပြင်းချလိုက်သည်။ သူ့သရုပ်ဆောင်ချက်သည် ကောင်းမွန်သည့်တိုင် ထိုနတ်ဆိုးများကို လှည့်စားသည်မှာ အရမ်းများနေကာ ထပ်မံမလှည့်စားတော့သည်မှာ ထင်ရှား၏။
၎င်းကိုတွေးပြီးနောက် ရီဖန်၏ စိတ်ပျက်အားငယ်နေသည့် အရိပ်အယောင်များ ကွယ်ပျောက်သွားကာ စစ်မှန်သည့် ဧကရာဇ်၏ မာနထောင်လွှားသည့် အသွင်အပြင်ကို သူပြန်စတင်ခဲ့သည်။
“မင်း နတ်ဆိုးတွေ ဒီလောက်လွယ်မယ်လို့ မထင်ဖူးဘူးလား။ တကယ့်ကို စိတ်ပျက်စရာပါပဲ။”
ရီဖန်သည် နတ်ဆိုးဘုံလမ်းကြောင်းကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
“ကြည့်ရတာ မင်းတို့နတ်ဆိုးတွေမတောင့်ခံနိုင်တော့ဘူးထင်ပါရဲ့”
ရီဖန်၏အသံကိုကြားသော နတ်ဆိုးသခင်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။ နတ်ဆိုးအထီးပင်လျှင် မလုပ်နိုင်ဘူးဟုပြောသည်ကို သည်းမခံနိုင်မည်မဟုတ်ပေ။
"ဒီနေ့ ကျင့်ကြံရေးစရိတ်နှစ်ဆလောက် ကုန်ကျခဲ့ရင်တောင် မင်းကိုသတ်ပစ်မယ်!"
နတ်ဆိုးအရှင်သည် ဟိန်းဟောက်လိုက်ကာ သူ၏ပေတစ်ထောင်ရှည်သော လက်မောင်းကို လမ်းကြောင်းထဲသို့ ထိုးသွင်းလိုက်သည်။ လမ်းကြောင်းတွင် ရီဖန်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု လျင်မြန်စွာ နီးကပ်လာသည်ကို ခံစားလိုက်ရကာ လန့်သွားသည်။
‘နတ်ဆိုးကြီးတချို့က တကယ်ဒေါသထွက်ပြီး သူ့ကိုသတ်ဖို့ လမ်းဖြတ်ကူးတော့မှာ မဟုတ်ပါဘူးနော်’ မဟုတ်၊ သူထိုင်စောင့်နေ၍မရချေ။
‘အဇူရာနဂါး အသွင်ပြောင်းခြင်း’ ရီဖန်သည် ချက်ချင်းဆိုသလို အဇူရာနဂါးအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏တစ်ကီလိုမီတာရှည်လျားသော နဂါးကိုယ်ထည်သည် ကောင်းကင်ယံကို ရိုက်ခတ်သွားခဲ့သည်။