အခန်း ၁၂၄-၁၂၆
Vol. 9 Ch. 124-126
အခန်း ၁၂၄ - မိသားစု လက်နက်တိုက်၊ ကောင်းကင်ဘုံဝိညာဉ်ရေးအမြစ် (၂/၅)
၎င်းသည် ကြယ်တစ်သောင်းနယ်မြေအတွက် ကောင်းကင်ဘုံတာအိုစွမ်းအား၏ အကာအကွယ်ဖြစ်သည်။ သို့မဟုတ်ပါက အဆိုပါဂိုဏ်းများသည် အဘယ်ကြောင့် ကြယ်တစ်သောင်းကျွန်းကို စူးစမ်းလေ့လာရန် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိ ကျင့်ကြံသူများကိုသာ စေလွှတ်ခဲ့မည်နည်း။
"ကြယ်တစ်သောင်းတိုက်ကြီးကို ပိတ်ထားလိုက်၊ သူတို့က အပ်နှံဖို့စိတ်ကူးမရှိဘူးမလား၊ အဲတာဆို သူတို့ထွက်လာဖို့လဲ မလိုတော့ဘူး!"
အရှင်ဟွမ်ထျန်း၏စကားကြောင့် ကြယ်တစ်သောင်းကျွန်းရှိ ပြင်ပဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပစ်လိုက်သည်။ ကျင့်ကြံသူတစ်ယောက် အဆင့်တက်ရန်အတွက် အရင်းအမြစ်တစ်ခုတည်းနှင့် မလုံလောက်ချေ။ အမျိုးမျိုးသော ကျင့်ကြံရေးနည်းစနစ်များ၊ မန္တန်များနှင့် အောင်မြင်မှုနည်းလမ်းများသည် အရေးကြီးဆုံးဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် မရှိမဖြစ်လိုအပ်သော ကျင့်ကြံရေးနည်းစနစ်များ မရှိသောကြောင့် ကြယ်တစ်သောင်းကျွန်းတွင် သန့်စင်ဗလာနယ်အဆင့် ကျင့်ကြံသူများမရှိခဲ့ချေ။ သန့်စင်ဗလာနယ်အဆင့်၏ ကျင့်ကြံရေးနည်းစနစ်များမရှိဘဲ ကြယ်တစ်သောင်းကျွန်းရှိ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများသည် အဆင့်တက်လှမ်းနိုင်မည်မဟုတ်ချေ။ ကောင်းကင်ဘုံတာအိုစွမ်းအား၏ကာကွယ်မှုသည် အနှစ်တစ်ရာကျော်ပြီးသောအခါ ပျောက်ကွယ်သွားပြီးနောက်တွင် ၎င်းတို့သည် သတ်ပစ်ရန်အားနည်းသောပစ်မှတ်များဖြစ်လာမည် မဟုတ်လော။
“ဒါ့အပြင် မော့မိသားစုနဲ့ တခြားမိသားစုငယ်တွေကို ထောက်ပံ့ပါ။ သူတို့က ငါတို့ကို ဝင်ခွင့်မပေးတဲ့အတွက် ကိုယ့်လူတွေကို အရေးယူခွင့်ပေးလိုက်”
ဤနည်းဗျူဟာနှစ်ခုသည် အတွင်းနှင့်ပြင်ပတွင် လုပ်ဆောင်နေသဖြင့် ကြယ်တစ်သောင်းကျွန်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရပ်တန့်သွားသည်။ စင်စစ် ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူများသည် အဓိကဂိုဏ်းခွဲများ၏ပိတ်ဆို့ခြင်းကို သတိပြုမိကြကာ အလွန်ဒေါသထွက်ခဲ့ကြသော်လည်း တစ်ချိန်တည်းတွင် အင်အားမရှိသကဲ့သို့ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် ကြယ်တစ်သောင်းကျွန်းသည် ဤမိသားစုများကို တွန်းလှန်ရန် ခွန်အားမရှိခဲ့ချေ။
ကြယ်တစ်သောင်းကျွန်းသည် တဖြည်းဖြည်း ငြိမ်သက်လာသည်နှင့်အမျှ ရီမိသားစုသည် ထင်ရှားပေါ်လွင်ရန် ရည်ရွယ်ချက်မရှိဘဲ နိမ့်ချနေထိုင်ခဲ့သည်။ ဤအတောအတွင်း ဝေးကွာသော အရှေ့ဘက်ဧကရာဇ်မြို့တွင် ရီမိသားစု၏ စီးပွါးရေးကိစ္စများသည် ပိုမိုကောင်းမွန်လာခဲ့သည်။ အရှေ့ဘက်ဧကရာဇ်မြို့တွင် ရီမိသားစုကို မျိုးနွယ်စုငယ်တစ်ခုဟု ယူဆကြသည်။ ၎င်းတို့သည် ချန်ဟယ်မြို့၌ ၎င်းတို့၏အစောပိုင်းကာလများကဲ့သို့ နောက်တစ်ကြိမ်ကြိုးစားရန် တွန်းအားကို တွေ့ရှိခဲ့သည်။
ရီဖန်ရှေ့ရှိ ပဋိပက္ခပုတီးစေ့များအတွင်းတွင် ရွှေရောင်နေမင်းသည် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ကန့်သတ်ချက်များသည် တစ်ခုပြီးတစ်ခု အင်မော်တယ်လက်နက်ထဲသို့ စဉ်ဆက်မပြတ်ချည်နှောင်ထားသည်။ ရီဖန်သည် အဆိုပါအင်မော်တယ်ပစ္စည်းကို ဆယ်နှစ်နီးပါးမျှသန့်စင်ခဲ့ပြီး နောက်ဆုံးတွင် ပုံသဏ္ဍန်ပေါ်လာပြီ ဖြစ်သည်။ နောက်ဆုံးကန့်သတ်ချက်ကို ချည်နှောင်ပြီးနောက် ရီဖန်သည် ကောင်းချီးများစွာထုတ်ယူကာ ၎င်းထဲသို့ ထည့်လိုက်သည်။
ကောင်းချီးများ ထည့်သွင်းပြီးသည့်နောက်တွင် အင်မော်တယ်လက်နက်၏ ကန့်သတ်ချက်များကို ရွှေအလွှာဖြင့် ချက်ချင်းဖုံးအုပ်လိုက်သည်။ ၎င်းသည် အလယ်အလတ်ဆဋ္ဌမအဆင့် အင်မော်တယ်လက်နက်ဖြစ်သည့် ကောင်းချီးနဂါးဘောလုံးဖြစ်၏။
ဤသည်မှာ ရီဖန်လက်ရှိ ပြုပြင်နိုင်သည့် ကန့်သတ်ချက်ဖြစ်သော်လည်း ဤအင်မော်တယ်လက်နက်၏ ကန့်သတ်ချက်မဟုတ်ပေ။ ရီဖန်၏ အင်မော်တယ်လက်နက်သန့်စင်ခြင်းအဆင့်မြင့်လာပြီးနောက် ၎င်းထဲသို့ကန့်သတ်ချက်အသစ်များကို အဆက်မပြတ်ထပ်ထည့်ကာ ကောင်းချီးနဂါးဘောလုံးသည် အဆင့်မြင့်တက်လာမည်ဖြစ်သည်။
သို့သော်လည်း တိုက်ခိုက်ခြင်းသည် ကောင်းချီးဂါးဘောလုံး၏ အဓိကလုပ်ဆောင်မှုမဟုတ်ပေ။
ရီဖန်၏လက်မှ အလင်းတန်းတစ်ခုနှင့်အတူ၊ ကောင်းချီးနဂါးဘောလုံးသည် လေထဲသို့ ဖြည်းညှင်းစွာထက်လာပြီးနောက် ကောင်းကင်တွင် ချိတ်ဆွဲကာ နေငယ်လေးအဖြစ်သို့ ပြောင်းလဲသွားသည်။ နေငယ်လေးသည် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်ကာ ကမ္ဘာမြေကို တောက်ပစေသည်။
သိပ်မကြာခင်တွင် မြေပြင်မှ မြက်ပင်တစ်ပင်ပေါက်လာသည်။ ရီဖန်သည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ လက်သီးလက်မောင်းသန်းလိုက်သည်။ ကောင်းချီးစွမ်းအားသည် အရာခပ်သိမ်းကို ကြီးသွားစေသောအသက်စွမ်းအားကို ပေးစွမ်းနိုင်သည်။ ဤသည်မှာ ကောင်းချီးနဂါးဘောလုံး၏ အရေးကြီးဆုံးလုပ်ဆောင်ချက်ဖြစ်သည်။
အဆက်မပြတ်နေရောင်ခြည်ရရှိခြင်းသည်လည်း ကောင်းမွန်ခြင်းမရှိသည့်အတွက် ရီဖန်သည် မိုးသောက်နှင့် နေဝင်ရီတရောကို ပုံဖော်ရန်အတွက် ပဋိပက္ခပုတီးလုံးကို ထိန်းချုပ်ခဲ့သည်။ လက်တွေ့ကမ္ဘာ၏ တူညီသောနိယာမကို လိုက်နာကာ နေ့နှင့်ညတစ်လှည့်စီ ဆယ့်နှစ်နာရီရှိ၏။
တစ်ခုတည်းသော စိတ်မကောင်းစရာမှာ ပဋိပက္ခပုတီးလုံးကမ္ဘာ၏ညတွင် လမရှိဘဲ နူးညံ့သောကြယ်ရောင်ကို ထုတ်လွှတ်ပေးသည့် ပင်လယ်ရေအောက်ပုတီးစေ့များဖြစ်သော ကြယ်နှစ်ဆယ့်လေးလုံးသာရှိသည်။ တစ်နှစ်အကြာတွင် ပဋိပက္ခပုတီးလုံး၏အတွင်းပိုင်းကို အစိမ်းရောင်ဖြင့် လုံးဝဖုံးအုပ်ထားသည်။ ဤအပင်အားလုံးသည် သာမန်မျှသာဖြစ်ကာ ဝိညာဉ်ရေးဆေးပင်များသို့မဟုတ် ဝိညာဉ်မြက်များကို ပျိုးထောင်ရန် မဖြစ်နိုင်သည့်အတွက် ဝမ်းနည်းစရာပင်။
သင့်လျော်သောမြေဆီလွှာမရှိခြင်း အကြောင်းရင်းကို ရီဖန်သိသည်။ သို့သော် ရီဖန်သည် မြေကြီးကိုသန့်စင်ရန် သင့်လျော်သော ပါဝင်ပစ္စည်းများကို ရှာမတွေ့သေးသောကြောင့် နည်းလမ်းမရှိပေ။ ရီဖန်သည် သူ့လက်ကို မြှောက်လိုက်သည်နှင့် ကမ္ဘာငယ်လေးတစ်ခု ထွက်ပေါ်လာသည်။ ပဋိပက္ခကမ္ဘာသည် ပို၍ပြီးပြည့်စုံလာပြီး ကမ္ဘာ့စွမ်းအားသည် ပို၍အားကောင်းလာသည်။
ရီဖန်သည် လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီးသည်နှင့် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်မည်ဖြစ်သည်။ ပဋိပက္ခပုတီးစေ့ကို ရုပ်သိမ်းလိုက်ကာ ကမ္ဘာကြီးကို ပြီးပြည့်စုံစေခြင်းသည် နေ့ချင်းညချင်း အောင်မြင်နိုင်သည့်အရာမဟုတ်မှန်း သူဆင်ခြင်မိသည်။ သို့သော် သတ္တမအဆင့်သည် မဝေးလှတော့ချေ။ အင်မော်တယ်လက်နက်ကို သန့်စင်ခြင်းသည် ရီဖန်၏ အချိန်များစွာကိုကုန်ဆုံးစေခဲ့သည်။
နောက်ဆုံးတွင် ရီဖန်သည် ကျင့်ကြံရေးနည်းစနစ်များကို ဆက်လက်လေ့လာရန်အတွက် အချိန်ရပြီဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း သန့်စင်ဗလာနယ်၏ ကျင့်ကြံရေးနည်းစနစ်များသည် ကြီးမြတ်သောတာအိုစွမ်းအား၏ အခြေခံမူများ ပါဝင်သည်။ ရီဖန်သည်ပင် ၎င်းတို့ကိုနားလည်ရန် အချိန်အတော်ယူလိုက်ရသည်။
သို့သော် ယနေ့တွင် ၎င်းတို့ကိုအောင်အောင်မြင်မြင် နားလည်နိုင်ရမည်။ နောက်ဆုံးစာမျက်နှာကို လှန်လိုက်သောအခါ ကြာရှည်စွာပျောက်ဆုံးနေခဲ့သော စနစ်အချက်ပြမှုသည် ရီဖန်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
“ရေရှည်တာဝန်ဖြစ်တဲ့ မိသားစုသိုင်းမှတ်တမ်း ကိုး- သန့်စင်ခြင်းဗလာနယ်မြေကို ပြီးမြောက်သွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ ဆုထုတ်ယူနိုင်ပါပြီ"
နောက်ဆုံးတွင် သူသည်သန့်စင်ဗလာနယ် ကျင့်ကြံရေးနည်းစနစ်ကို ကနဦးနားလည်လာခဲ့သည်။
“စနစ်၊ ဆုကြေးထုတ်ပါ”
"ဆုရရှိတဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်၊ မိသားစုသက်တမ်း- အင်မော်တယ်အရင်းအမြစ်များ၊ စွမ်းရည်အမှတ် ၃၀၀၀ (အနီရောင်) တိုးလာပါပြီ"
စနစ်သတိပေးသံကိုကြားသောအခါ ရီဖန်သည် အနည်းငယ်မောပန်းရာမှ ချက်ချင်းရှင်သန်လာသည်။
နောက်ထပ် စွမ်းရည်သက်တမ်းတစ်ခုဖြစ်၏။ ၎င်းသည် အနီရောင်ဖြစ်နေသော်လည်း ထပ်တူကျသောသက်တမ်းနှစ်ခုကို ပိုမိုမြင့်မားသောအဆင့်အဖြစ်သို့ မြှင့်တင်နိုင်သည်။
"စနစ်၊ ပေါင်းစည်းလိုက်ပါ"
"မိသားစုမှတ်တမ်း၊ ကောင်းကင်ဘုံအင်မော်တယ်အမြစ်များ၊ စွမ်းရည် ၆၆၆၆မှတ် (ရွှေရောင်) တိုးလာတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်"
နောက်ဆုံးတွင် သူသည်ရွှေရောင်ဒဏ္ဍာရီကို ရရှိခဲ့သည်။ ရီဖန်သည် သက်တမ်းကိုတင်ရန် ချက်ချင်းရွေးချယ်လိုက်ပြီးနောက် ဝိညာဉ်ရေးအမြစ်စွမ်းရည်များကိုစမ်းသပ်ရန် ရီမိသားစု ကျင့်ကြံသူအားလုံးကို ခေါ်လိုက်သည်။
ရွှေရောင်သက်တမ်းအမှတ်များသည် ရီမိသားစု၏ စွမ်းရည်များကို မြှင့်တင်ရန် လုံလောက်သင့်သည်မဟုတ်လော။ ရီဖန်ယခုအသုံးပြုနေသောကျောက်တုံးသည် စွမ်းရည်များကို စမ်းသပ်ရန်အတွက် အရှေ့ဘက်ဧကရာဇ်မြို့မှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ကောင်းကင်ဘုံဝိညာဉ်ရေးအမြစ်အထိပင် စမ်းသပ်နိုင်စွမ်းရှိသည်။ မကြာမီတွင် စမ်းသပ်ချက်တစ်ခုစီ၏ ရလဒ်များထွက်လာသည်။ သူ၏ဇနီးမယားများနှင့် မောင်းမမိဿံများ၏ ဝိညာဉ်ရေးအမြစ်စွမ်းရည်များသည် ပထမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ရီမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖွဲ့ဝင်အားလုံး၏ သစ်သားဝိညာဉ်ရေးမြစ်များသည် ကမ္ဘာမြေဝိညာဉ်ရေးအမြစ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ကြယ်တစ်သောင်းကျွန်းတွင်သာရှိမည်ဟု ကောလာဟလထွက်သည့် စွမ်းရည်တစ်မျိုးကို ရီမိသားစုမှ တစ်ယောက်ကပိုင်ဆိုင်ထားသည်။ ထိုသတင်းထွက်လာလျှင် လူတော်တော်များများကို ထိတ်လန့်စေနိုင်သည်။ ထိုဂိုဏ်းကြီးများပင် ငြိမ်ငြိမ်နေနိုင်မည်မဟုတ်ချေ။ အရင်းအမြစ်များကို ပိုမိုသုံးစွဲရန် ရည်မှန်းထားသည့်တိုင် ၎င်းတို့သည် ရီမိသားစုဝင်ရောက်ကာ အမြစ်ပြတ်ချေမှုန်းပစ်လိုကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မြေကမ္ဘာဝိညာဉ်ရေးအမြစ် ရှိသူများသည် ပေါင်းစပ်နယ်နိမိတ်ကို ရောက်ရှိရန် အလားအလာရှိသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် ရီဖန်သည် ရီကျင်းစန်နှင့် မွေးခါစရီကျင်းယွင်တို့ဘက်ကို လှည့်လာကာ ကောင်းကင်ဘုံဝိညာဉ်ရေးအမြစ်ကို ရောက်နိုင်မည်လောဟု တွေးနေခဲ့သည်။
ဝိညာဉ်စွမ်းအားစမ်းသပ်သောကျောက်တုံးသည် တောက်ပလာပြီးနောက် အလင်းကွင်းကိုးကွင်းသည် ချက်ချင်းပြည့်လျှံသွားသည်။ ထို့နောက် ဆယ်ခုမြောက်နှင့် ဆယ့်တစ်ခုမြောက်သည် အနည်းငယ် ရုန်းကန်ခဲ့ရသော်လည်း တောက်ပလာဆဲဖြစ်သည်။
‘ဒဏ္ဍာရီကောင်းကင်ဘုံဝိညာဉ်အမြစ် အလင်းဆယ့်တစ်ကွင်း’
ရီဖန်ငြိမ်သက်သွားပြီးနောက် ဤသတင်းသည် လုံးဝပေါက်ကြားရန်မဖြစ်ဟု ဆုံးဖြတ်လိုက်သည်။ မြေကမ္ဘာဝိညာဉ်ရေးအမြစ်သည် ဂိုဏ်းဂဏများကို မငြိမ်မသက်ဖြစ်စေမည်ဆိုလျှင်၊ ကောင်းကင်ဝိညာဉ်ရေးအမြစ်သည် ၎င်းတို့ကို လုံးဝရူးသွပ်သွားစေမည်ဖြစ်သည်။ ကောင်းကင်ဘုံဝိညာဉ်ရေးအမြစ်ရှိခြင်းသည် ဒုက္ခအဘိညာဉ်အဆင့် သို့မဟုတ် ဒဏ္ဍာရီလာမဟာယနနယ်ပယ်ကိုပင် ရောက်ရှိနိုင်သည့် အရည်အသွေးတစ်ရပ်ကို ဆိုလိုသည်။
အဆိုပါဂိုဏ်းများသည် ကံကြမ္မာသားတော်ကို အဘယ်ကြောင့် သိပ်စိတ်ဝင်စားကြသနည်း။ လူတစ်ယောက်ကို ထူးချွန်ပေါက်မြောက်စေကာ ဂိုဏ်းတစ်ခုလုံးကို ရှေ့ဆက်သွားနိုင်ရန် ဦးဆောင်စေလိုကြခြင်းမဟုတ်လော။ ယခုတွင် ရီမိသားစု၌ ကံကြမ္မာသားတော်အဆင့်နှင့်တူညီသည့် ကျင့်ကြံသူ နှစ်ယောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် မော့ပေ၊ ၎င်းသည် အမှန်တကယ်ပင် ကံကြမ္မာသားတော်ပေလော။
စွမ်းရည်များကိုစမ်းသပ်ပြီးနောက် ရီဖန်သည် ရီမိသားစုအဖွဲ့ဝင်များအား ၎င်းတို့၏အရည်အချင်းများကို လျှို့ဝှက်ထားရန် အကြောင်းကြားခဲ့သည်။ ကြယ်တစ်သောင်းကျွန်း သို့မဟုတ် အရှေ့ဘက်ဧကရာဇ်မြို့ နှစ်ခုစလုံးတွင် ၎င်းတို့မပေါက်ကြား၍မဖြစ်ချေ။ ညွှန်ကြားချက်ပေးပြီးနောက် ရီဖန်သည် သူဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ငယ်လေးရှိရာ အရှေ့ဘက်ဧကရာဇ်မြို့သို့ ပြန်သွားခဲ့သည်။
“မိတ်ဆွေရီ၊ ဒီနေ့ မင်းမှာ ဝိညာဉ်ရေးလက်ဖက်ရည် ရှိသေးလား"
လက်ဖက်ရည်ဆိုင်ငယ်လေး၏ တံခါးသည် တွန်းဖွင့်ခြင်းခံလိူက်ရကာ ပုဂ္ဂိုလ်တစ်ဦးဝင်ရောက်လာသည်။ ယနေ့ ရီမိသားစုထံတွင် သတင်းကောင်းရှိသည်။ သူမမျှဝေနိုင်သည့်တိုင် ရီဖန်၏ရက်ရောမှုကို မတားနိုင်ချေ။
"မိတ်ဆွေတုန်းဟွမ်၊ ဒီနေ့ မင်းကံကောင်းတယ်။ ငါ မင်း မြည်းစမ်းကြည့်ဖို့ သေတ္တာထဲက ဝိညာဉ်ရေးလက်ဖက်ခြောက်ကို ယူလိုက်မယ်။"
ရီဖန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ခြောက်ပုံးလေးကို ထုတ်ယူလိုက်သည်။
…………….
အခန်း ၁၂၅ - ညီအစ်ကိုတွေကို မင်းဘယ်မှာသွားရှာနေတာလဲ (၃/၅)
သေတ္တာထဲတွင် ရှိနေသည်မှာ ရွှေလမ်းကြောင်းလက်ဖက်ခြောက်ဟူ၍ အမည်ရသော အဆင့်ငါးဝိညာဉ်လက်ဖက်ခြောက်ဖြစ်ကာ ရီဖန်၏ ဉာဏ်အလင်းလက်ဖက်ပင်မှ အကိုင်းအခက်ငယ်နှင့် စတုတ္ထအဆင့် ရွှေရင်းမြစ်လက်ဖက်ရည်မှ ရရှိခြင်းဖြစ်သည်။
ရွှေလမ်းကြောင်းလက်ဖက်ခြောက်တွင် ဥာဏ်အလင်းလက်ဖက်ရည်၏ ကောင်းကင်ဘုံကို အံတုနိုင်သော အာနိသင်များမရှိသော်လည်း၊ ၎င်းသည် အတွင်းနတ်ဆိုးများကို ဖယ်ရှားပေးကာ ဉာဏ်အလင်းကို အနည်းငယ် မြှင့်တင်ပေးနိုင်သေးသည်။
သို့သော် ရွှေလမ်းကြောင်းလမ်းဖက်ခြောက်၏ ထူးခြားချက်သည် ၎င်း၏ နှစ်သက်ဖွယ်အရသာဖြစ်သည်။ ရီဖန်သည် အပင်တစ်ပင်သာ စိုက်ထားသောကြောင့် အရေအတွက် ရှားပါးလာသည်။ ထို့ကြောင့် သူအရင်က မရောင်းဖူးချေ။ ရီဖန်၏စကားကိုကြားသောအခါ တာအိုပညာရှင် တုန်းဟွမ်၏မျက်လုံးများသည် ချက်ချင်းတောက်ပလာသည်။
ရီဖန်၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်သည့် တာအိုပညာရှင်တုန်းဟွမ်သည် သဘာဝကျစွာပင် လက်ဖက်ရည်ကို နှစ်သက်သူဖြစ်သည်။ ရီဖန်သည် ရံဖန်ရံခါ အထူးလက်ဖက်ရည်ကို ပေးသောကြောင့် တာအိုပညာရှင်တုန်းဟွမ်သည် ရီဖန်၏ လက်ဖက်ရည်ဆိုင်ငယ်လေးကို မကြာခဏ မကြာခဏသွားရောက်လေ့လာကာ လက်ဖက်ရည်အသစ်များကို စစ်ဆေးလေ့ရှိသည်။
ရီဖန်သည် ယနေ့ စိတ်ကောင်းဝင်နေသည်ဖြစ်ရာ သူ၏ လက်ဖက်ရည်ဖျော်ခြင်း ကျွမ်းကျင်မှုသည်လည်း သိသိသာသာ တိုးတက်လာသည်။ လက်ဖက်ရည်သောက်ပြီးနောက် တာအိုပညာရှင်တုန်းဟွမ်၏မျက်လုံးများသည် ပို၍ပင်တောက်ပလာသည်။
"မိတ်ဆွေရီ၊ ညီအစ်ကိုရီ၊ မင်း ငါ့အတွက် ဒီလက်ဖက်ရည်ကို သိမ်းထားရမယ်နော်"
တာအိုပညာရှင်တုန်းဟွမ်က တောင်းဆိုလိုက်သည်။
သူ့မှာ ဝါသနာနည်းနည်းရှိကာ လက်ဖက်ရည်ကို အမှန်တကယ်ကြိုက်နှစ်သက်လှ၏။
"မိတ်ဆွေတုန်းဟွမ်၊ ငါ့မှာ ဒီလက်ဖက်ခြောက်က အများကြီးမရှိဘူး.."
“တစ်အောင်စကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ရာ၊ မရဘူးလားဗျာ”
ကျင့်ကြံရေးအတွက် အကျိုးကျေးဇူးအနည်းငယ်ရရှိစေမည့် လက်ဖက်ရည်အနည်းငယ်ကိုဝယ်ရန်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ရာကို အကုန်အကျခံကာဝယ်ယူသော ဤတာအိုပညာရှင်တုန်းဟွမ်သည် အမှန်တကယ်ပင် လက်ဖွာသူတစ်ဦးဖြစ်သည်။ သို့သော် ရီဖန်သည် ငွေပြတ်လပ်နေခြင်းမရှိချေ
"မိတ်ဆွေ တုန်းဟွမ်..."
"အစ်ကို!"
ထိုစဉ် လှပသောရုပ်ပုံလွှာတစ်ခုဝင်လာသည်။ တာ့ယွီမင်းဆက်၏ဘုရင်အဖြစ် ရီရှောင်းရှောင်းသည် ချန်မင်သာ့ချန်ကမ္ဘာတွင် တစ်ချိန်လုံးမနေနိုင်ချေ။ ထို့ကြောင့် သူမသည် ရီဖန်ကို နှုတ်ဆက်ရန် လာခဲ့သည်။
“ရှောင်းရှောင်း၊ ထိုင်လေ။ လက်ဖက်ရည်လေးပဲ ပြင်ထားတယ်"
ရီဖန်သည် ခွက်ကိုကိုင်လိုက်သည့်အချိန်တွင် သူ့ထံသို့ စူးစူးရဲရဲတောက်လောင်နေသည့် အကြည့်တစ်ချက်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ တာအိုပညာရှင်တုန်းဟွမ်က ရီရှောင်းရှောင်းကို မီးထတောက်မတတ် စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။
"မိတ်ဆွေရီ၊ ဒါဘယ်သူလဲဟင်"
တာအိုစွမ်းအားပညာရှင်တုန်းဟွမ်က ရုတ်တရက်မေးလိုက်ရာ အခြေအနေသည်အလွန်လေးနက်လာသည်။
တစ်ဖက်တွင် ရီဖန်သည် ချက်ချင်းပင်
"ဒါ ငါ့ညီမ ရီရှောင်းရှောင်းပါ"
သူစကားပြောနေစဉ်တွင် တာအိုပညာရှင်တုန်းဟွမ်ကို သတိထားစောင့်ကြည့်ခဲ့သည်။
"မိတ်ဆွေရီ၊ မင်းညီမလည်း ဒီမှာရှိနေတယ်လို့ ဘာလို့ မပြောတာလဲ။ သူမကို ကောင်းကောင်းမနှုတ်ဆက်မိလို့ အားနာပါတယ်။ ကျေးဇူးပြုပြီး ရှောင်းရှောင်းထိုင်ပါ”
ဟု တုန်းဟွမ်က ပြောလိုက်သည်။
သူ့လက်ကိုလှန်လိုက်သည်နှင့် ထူးခြားသောရနံ့ကို ထုတ်လွှတ်သော ဝိညာဉ်ရေးလက်ဖက်ရည်တစ်ဗူးသည် စားပွဲပေါ်တွင် ပေါ်လာသည်။ နောက်တွင် ဘူးသီးခြောက်အိုးတစ်ခု ပေါ်လာ၏။
“ရှောင်းရှောင်း၊ ငါ့လက်ဖက်ရည်ကို သောက်ကြည့်ပါ"
ဤသို့ဖြင့် တာအိုပညာရှင်တုန်းဟွမ်သည် လက်ဖက်ရည်ကို စတင်ချက်တော့သည်။ တုန်းဟွမ်အသုံးပြုသော လက်ဖက်ရည်နှင့်ရေကို ရီဖန် သတိပြုမိသောအခါတွင် သူ၏မျက်လုံးများသည် ထူးခြားမှုအရိပ်အမြွက်ကို မလွှဲမရှောင်သာ ထုတ်ဖော်ပြသခဲ့သည်။
‘အဆင့်ခြောက်ဝိညာဉ်ရေးလက်ဖက်ရည်၊ သွေးမီးတောက်လက်ဖက်ရည်’
‘အဆင့်ခြောက်ဝိညာဉ်ရေ၊ နွေဦးအသွင်ပြောင်းရေပန်း”
ဤလက်ဖက်ရည်အိုးသည် အနည်းဆုံး ထောင်ပေါင်းများစွာသော အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများထက် တန်ဖိုးရှိကာ ပဉ္စမအဆင့် အင်မော်တယ်လက်နက်ထက် ပိုတန်ဖိုးရှိသည်။ ဤတာအိုပညာရှင်တုန်းဟွမ်သည် အမှန်တကယ်ပင် အလွန်အကျွံ သုံးစွဲသူတစ်ယောက်ဖြစ်၏။ ရီဖန်သည် ဤအဆင့်ခြောက် ဝိညာဉ်ရေးလက်ဖက်ရည်ကို မြည်းစမ်းရန်အတွက် သူ့လက်ကိုဆန့်ထုတ်လိုက်ရာ တာအိုပညာရှင်တုန်းဟွမ်က ရိုက်ထုတ်လိုက်သည်။
"သွားပါ! ရှောင်းရှောင်းတောင်မသောက်ရသေးဘူး၊ ဘာတွေလောနေတာလဲ!"
ထိုစကားကိုကြားသောအခါ ရီဖန်သည် စိတ်ပျက်လက်ပျက်ဖြင့် သွားများပင်ကြိတ်ထားမိသည်။ သူ့သဘောထားသည် သူ့ကို “အစ်ကို” ဟု ခေါ်ခြင်းမှ မည်မျှလျင်မြန်စွာ ပြောင်းလဲသွားခဲ့သနည်း။ တာအိုပညာရှင်တုန်းဟွမ်က သူမကိုပေးလာသည့် လက်ဖက်ရည်ကိုမြင်သောအခါ ရီရှောင်းရှောင်းသည် လက်ခံခြင်းရော နွေးထွေးစွာပြန်ပြောခြင်းပါမရှိဘဲ၊
“လက်ဖက်ရည် မကြိုက်ဘူး” ဟူ၍သာ အေးတိအေးစက် ပြန်ပြောခဲ့သည်။
"လက်ဖက်ရည် မကြိုက်ဘူးလား"
တာအိုပညာရှင်တုန်းဟွမ်သည် အံ့အားသင့်သွားကာ
“စိတ်မဆိုးပါနဲ့၊ လက်ဖက်ရည်မကြိုက်ရင် ဝိုင်သောက်လို့ အဆင်ပြေပါတယ်"
မှော်ဆရာတစ်ယောက်ကဲ့သို့ပင် တုန်းဟွမ်သည် သူ့သိုလှောင်လက်စွပ်ထဲမှ အဆင့်ခြောက်ဝိညာဉ်ရေးဝိုင်ပုလင်းကို ထုတ်ယူလိုက်သည်။ ဝိုင်အဖုံးကို ဆွဲထုတ်လိုက်သည်နှင့် ပြင်းထန်သောရနံ့သည် ရီဖန်ကို သွားရေကျစေခဲ့သည်။
"မလိုပါဘူး ကျွန်မဘာမှမသောက်ပါဘူး။ အစ်ကို၊ ကျွန်မကလေးကို သွားပြုစုပေးသင့်ပြီ”
ဟု မထွက်ခွာမီ သူမက ဆက်ပြောသည်။
ကလေး!
ရီရှောင်းရှောင်း၏ စကားများသည် ကျည်ဆန်တစ်ခုကဲ့သို့ တာအိုပညာရှင်တုန်းဟွမ်ကို ထိမှန်ကာ စိတ်ပျက်သွားစေခဲ့သည်။ ရီရှောင်းရှောင်း၏ထွက်ခွာသွားပုံအား ကြည့်ပြီးနောက် တာအိုပညာရှင်တုန်းဟွမ်သည်
"မိတ်ဆွေရီ၊ ငါ့အချစ်ဦးကို ဆုံးရှုံးသွားပြီ"
သာမာန်လူများနှင့်ယှဉ်လျှင် ဘဝအဖော်ရှာသော ကျင့်ကြံသူသည် ကံကြမ္မာကို ပို၍ပင် အလေးထားကြသည်။ ရီရှောင်းရှောင်း၏ အသွင်အပြင်သည် တာအိုပညာရှင်တုန်းဟွမ်၏ နှလုံးသားထဲသို့ ဝင်ရောက်သွားခဲ့သည်။
ရီရှောင်းရှောင်းထံတွက် ကလေးတစ်ယောက်ရှိနေပြီ ဆိုသည့်အတွက် သူမထံတွင် အဖော်တစ်ယောက်ရှိမည်မှာ သေချာသည်။ တာအိုပညာရှင်တုန်းဟွမ်သည် ဘဝ၏အဓိပ္ပါယ်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤတိုးတက်မှုသည် စိတ်နှလုံးနတ်ဆိုးများ ပေါ်ပေါက်လာနိုင်သည့် အလားအလာရှိသည့်အတွက် ကျင့်ကြံသူများကို ပြင်းထန်သော အန္တရာယ်ဖြစ်စေတတ်သည်။
မကြာခဏလာသော ဖောက်သည်တစ်ဦးအနေဖြင့် ရီဖန်သည် တာအိုပညာရှင်တုန်းဟွမ်ကို ကောင်းစွာသိသောကြောင့်
"သူမမှာ ကလေးရှိပေမယ့် အဖော်မရှိဘူး" ဟုပြောသည်။
"တကယ်လား ညီအစ်ကိုရီဖန်၊ မင်းက ငါ့အစ်ကိုအစစ်ပဲ"
ရီဖန်သည် မျက်လုံးကို မလှိမ့်ဘဲမနေနိုင်တော့ချေ။ ‘မင်းက ငါ့အစ်ကိုဖြစ်ချင်တာထက် ဆွေမျိုးတော်ချင်နေတာပါကွာ’
နောက်ပိုင်းရက်များတွင် တာအိုပညာရှင်တုန်းဟွမ်သည် ရီမိသားစုထံ မကြာခဏသွားရောက်ခဲ့သည်။ ရီရှောင်းရှောင်း၏ သားသမီးများဖြစ်သည့် ရီကျင်းလုံနှင့် ရီကျင်းဖန်တို့သည် အရွက်တစ်ထောင်ဆေးခန်းတွင် ရှိနေကြသည်ကို ကြားသိပြီးနောက် သူသည် ရီဖန်၏အစ်ကိုဖြစ်ယောင်ဆောင်ကာ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းလုပ်ငန်းတွင် လမ်းညွှန်ပြသပေးရန် ဆေးခန်းသို့မကြာခဏ လာရောက်တော့သည်။ သို့သော် အံ့အားသင့်စရာမှာ တာအိုပညာရှင်တုန်းဟွမ်သည် ဆဋ္ဌမအဆင့် ဆေးပညာရှင်နှင့် အင်မော်တယ်ပစ္စည်းသန့်စင်သူ ဖြစ်နေခဲ့ခြင်းပင်။
ရီဖန်သည် တုန်းဟွမ်၏အထောက်အထားကို စတင်မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ချေ။ ဤတုန်းဟွမ်သည် သာမန်ကျင့်ကြံသူတစ်ဦးသာလော။ နတ်အသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်တွင်ရှိသော သူ၏ကျင့်ကြံရေးအဆင့်များသည် ဟန်ဆောင်ထားခြင်းဖြစ်သလော။
ရီရှောင်းရှောင်းသည် အရှေ့ဘက်ဧကရာဇ်မြို့သို့ မကြာခဏသွားရောက်လည်ပတ်သည့်အခါတိုင်း တာအိုပညာရှင်တုန်းဟွမ်သည် သူမနှင့် အပြန်အလှန်ဆက်ဆံရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားသည်။ သူသည် လုံးဝလေ့ကျင့်စရာမလိုဘဲ ရီရှောင်းရှောင်း ပေါ်လာတိုင်း တာအိုပညာရှင်တုန်းဟွမ် ပေါ်လာမည်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရီရှောင်းရှောင်း သည် အစပိုင်းတွင် ခုခံနေကာ၊ ထို့နောက်တွင် လျစ်လျူရှုထားသော်လည်း နောက်ဆုံးတွင် သူနှင့် စကားအနည်းငယ်ဖလှယ်လာနိုင်ခဲ့သည်။ တာအိုပညာရှင်တုန်းဟွမ်သည် ရီဖန်၏လက်ဖက်ရည်ဆိုင်ကိုရောက်တိုင်း သူအရင်တုန်းကထက် ပိုပျော်နေလိမ့်မည်။
ရီဖန်သည်လည်း ၎င်းတို့၏ အဆက်အသွယ်ကို မကန့်ကွက်ချေ။ ရီရှောင်းရှောင်းအတွက် သင့်တော်သော ဘဝအဖော်ကို ရှာတွေ့နိုင်ခြင်းသည် ကောင်းမွန်သောအရာတစ်ခုဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ရီမိသားစု၏စွမ်းအားသည် ထာဝရအလင်းကမ္ဘာဆီသို့ တဖြည်းဖြည်းပြောင်းသွားကာ ကြယ်တစ်သောင်းကျွန်းရှိ ရီမိသားစုသည် ကွယ်ပျောက်သွားပုံရသည်။
ဤနှစ်များတွင် မော့မိသားစုသည် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ မော့မိသားစု၏ မျိုးဆက်သစ်၏ နံပါတ်တစ်ပါရမီရှင် မော့ပေသည် ကြယ်တစ်သောင်းကျွန်းရှိ မျိုးဆက်သစ်များ၏ နံပါတ်တစ်ပါရမီရှင်ဘွဲ့ကို တဖြည်းဖြည်းရရှိလာခဲ့သည်။
ရီလုံနှင့် ရီကျင်းစန်ကဲ့သို့သော မျိုးဆက်ဟောင်း ပါရမီရှင်များ၏ ကျော်ကြားမှုသည် ဖိနှိပ်ခြင်းခံခဲ့ရသည်။ အခြားမိသားစုများစွာတွင်လည်း နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ဤမိသားစုများသည် ၎င်းတို့၏စွမ်းအားကို လျင်မြန်စွာချဲ့ထွင်လာကြသည်။
သို့သော် ကြယ်တစ်သောင်းကျွန်းသည် ဤမျှကြီးမားသည်။ လူအချို့သည် ၎င်းတို့၏ စွမ်းအားကိုချဲ့ထွင်လာသည်နှင့်အမျှ သဘာဝကျစွာပင် အခြားသူများက ၎င်းတို့၏ စွမ်းအားကျဆင်းလာသည်ကို မြင်ကြရသည်။ ဤအရာအားလုံးသည် ရီမိသားစုနှင့် ဆက်စပ်မှုမရှိပုံရသည်။ ရီမိသားစုသည် အရွက်တစ်ထောင်မြို့ရှိ ၎င်းတို့၏နယ်မြေငယ်လေးတွင် ကုပ်တွယ်ထားသည်။
ကြယ်တစ်သောင်းကျွန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ရီမိသားစုတိုးချဲ့လာမည့် အရိပ်အယောင်ကို မတွေ့ရပေ။ ထို့အပြင် ရီမိသားစုတွင် ပုံမှန်အားဖြင့် ရီကျင်းထျန်သာ ပေါ်ထွက်လာသောကြောင့် ကောလာဟလများ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
အရွက်တစ်ထောင်မြို့၏အကြီးအကဲ ကြွေလွင့်သွားပြီဟု ဆိုသူများပင်ရှိသေးသည်။ ကောလာဟလများ ပြင်းထန်လာသည်နှင့်အမျှ အချို့သော မိသားစုများသည် အရွက်တစ်ထောင်မြို့ကို အာရုံစိုက်လာကြသည်။ ရီဖန်သည် ပဋိပက္ခပုတီးလုံး လောကအတွင်းတွင် ရှိနေခဲ့သည်။
"စနစ်၊ ပြန်လည်ပေါင်းစည်းခြင်းကို လုပ်ဆောင်ပါ!"
သူ၏ ကျင့်ကြံရေးအဆင့်သည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ့တစ်ဆယ်နှစ် ကျော်သွားခဲ့ပြီဖြစ်ကာ ဖြတ်ကျော်နိုင်တော့မည်ဖြစ်၏။
ဆဋ္ဌမအဆင့် ဉာဏ်အလင်းလက်ဖက်ရည်တစ်ခွက်ကို သောက်ရင်း ရီဖန်သည် သစ်သားဥပဒေသအကြောင်း တွေးတောဆင်ခြင်နေသည်။ သစ်သားဥပဒေသအကြောင်း ရီဖန်၏နားလည်မှု မြင့်မားလာသည်နှင့်အမျှ နားလည်ရန်ခက်ခဲမှုများလည်း တိုးလာခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပိတ်မိနေခဲ့၏။
ဥာဏ်အလင်းလက်ဖက်ရည်သည် သူ့ဝမ်းထဲသို့ ဝင်လာသည်နှင့် ရီဖန်သည် တစ်ဖန်ဉာဏ်အလင်းရသွားပြန်သည်။
…………………….
အခန်း ၁၂၆ - အဲသည်လူ လာနေပြီ (၄/၅)
သစ်သားသည် အသက်၏မူလအရင်းအမြစ်ဖြစ်သည်။ အနှစ်သာရအားဖြင့် သစ်သား၏တာအိုစွမ်းအားသည် ဖန်ဆင်းခြင်း၊ အသက်ကို ဖန်တီးခြင်းတို့ဖြစ်သည်။ ရီဖန်သည် အသက်ကိုဖန်တီးခြင်းဖြစ်သည့် အဇူရာနဂါးအသက်သွင်းခြင်းကို သတိရသွားသည်။ ရီမိသားစု၏ သွေးမျိုးဆက်စွမ်းအားတွင် အသက်သွင်းခြင်းစွမ်းအားများပါရှိသည်။ ရီဖန်သည် အသက်သွင်းခြင်းစွမ်းအားကို စူးစမ်းနေချိန်အတွင်း တစ်နေ့တွင် ရုတ်တရက်အတွေးတစ်ခုပေါ်လာသည်။
ပြီးပြည့်စုံသော အခြေခံသဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် တာအိုစွမ်းအားဖြစ်၏။ တာအိုဟူသည်မှာ အဘယ်နည်း။ ၎င်းသည် စကြာဝဠာ၏ စည်းမျဉ်းများထဲမှတစ်ခုဖြစ်သည်။ တာအိုပညာကို နားလည်ခြင်းသည် စကြဝဠာကို အုပ်ချုပ်သည့် စည်းမျဉ်းများကို နားလည်ခြင်းဖြစ်သည်။
ရီဖန်၏မျက်လုံးများတွင် ရောင်ပြန်ဟပ်နေသော စကြာဝဠာသည် ပြိုကျပျက်စီးစပြုလာသည်။ သူ့လက်ကို လှန်လိုက်သည်နှင့် သူ၏လက်ဖဝါးထဲတွင် ဝိညာဉ်ရေးစွမ်းအင်များရစ်ဝဲလာသည်။ သစ်သား၏တာအိုစွမ်းအားသည် စိတ်ဝိညာဉ်စွမ်းအားထဲသို့ ချက်ခြင်း ပေါင်းစပ်သွားသည်။ ဝိညာဉ်စွမ်းအင်နှင့်ပြုလုပ်ထားသည့် ငှက်ငယ်လေးတစ်ကောင်သည် သူ၏အတောင်ပံများကို ခတ်လျက် အဝေးသို့ပျံသန်းသွား၏။
"စနစ်၊ ပေါင်းစည်းလိုက်!"
ရီဖန်၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လာသည်။ အထွတ်အထိပ် အခြေတည်ဝိညာဉ်အဆင့်ရှိ သူ၏ကျင့်ကြံမှုသည် ချက်ချင်းပင် ဖြတ်ကျော်သွားခဲ့သည်။
‘သန့်စင်ခြင်းဗလာနယ်မြေ’
ရီဖန်၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်းခိုင်မာလာသည်။ ၎င်းသည် အလိုအလျောက်ကွဲသွားနိုင်ကာ ရီဖန်သည် သူ့ကိုယ်ခွဲ အများအပြား ဖန်တီးနိုင်သည်။ အနှစ်တစ်ရာကျော်ကြာပြီးနောက် နောက်ဆုံးတွင် သူသည် သန့်စင်ခြင်းဗလာနယ်မြေသို့ ဖြတ်ကျော်သွားခဲ့သည်။ တာအိုစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြစ်သည့် သန့်စင်ခြင်းဗလာနယ်အဆင့်သည် နှစ်သောင်းနှင့်ချီ၍ သက်တမ်းရှည်စေကာ ထာဝရအသက်ငယ်ဟုခေါ်နိုင်သည်။
ရီဖန်သည် ခေါင်းကိုမော့လိုက်ပြီးနောက် ကောင်းကင်ဘုံဒုက္ခစွမ်းအားသည် သူ့အပေါ်ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သန့်စင်ဗလာနယ်သို့ ဖြတ်ကျော်ခြင်းသည် ဒုက္ခကို ဖြတ်ကျော်ရန် မလိုအပ်ပေ။ သို့သော် သန့်စင်ခြင်းဗလာနယ်မြေအဆင့်တွင် အနှစ်တစ်ထောင်တိုင်း၊ သေးငယ်သော ကောင်းကင်ဘုံဒုက္ခကို သည်းခံရမည်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာပေါင်းစည်းအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ခြင်း သို့မဟုတ် ကောင်းကင်ဒုက္ခအောက်တွင် ပျက်သုဉ်းခြင်းဖြစ်စေ အလွန်နည်းပါးသော သန့်စင်ခြင်းဗလာနယ်အဆင့်ကျင့်ကြံသူသည်သာ အသက်တစ်သောင်းအထိ အသက်ရှင်သည်။
"သန့်စင်ဗလာနယ်အဆင့် အောင်မြင်မှုရရှိခြင်းအတွက် ဂုဏ်ယူပါတယ် မိသားစုအဆင့်ကို အပ်ဒိတ်လုပ်ပြီးပါပြီ"
ဇာတ်ကောင်- ရီဖန်
သက်တမ်း- ၁၀၂၀၀ နှစ်
အဆင့်- အစောပိုင်း သန့်စင်ခြင်းဗလာနယ်အဆင့် (၃၁၄၁၅၉၂/၁၀၀၀၀၀၀၀၀၀)
မိသားစုအဆင့်သတ်မှတ်ချက်- အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေ အဆင့်၁၀၀၈၆၁
ကြယ်တစ်သောင်းကျွန်း၏ အဆင့်သတ်မှတ်ချက်သည် ပျောက်ကွယ်သွားပြီး အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေသို့ အဆင့်မြှင့်တင်ထားသည်။
ရီဖန်၏ သန့်စင်ခြင်းဗလာနယ်အဆင့် ကျင့်ကြံမှုဖြင့် သူသည် အဆင့်တစ်သိန်းကျော်တွင်သာရှိသည်။
အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေသည် အမှန်ပင် အင်မော်တယ်လောကရှိ ကြီးမြတ်သော ဘုရားသခင်ပြည်နယ်ငါးခုအနက်မှ တစ်ခုဖြစ်ကာ ၎င်း၏အခြေခံအုတ်မြစ်သည်အမှန်တကယ်ခိုင်မာသည်။ထို့နောက်တွင် ရီမိသားစု၏အဆင့်သတ်မှတ်ချက်ကို စဉ်ဆက်မပြတ်မြှင့်တင်ရန် လိုအပ်သည်။
ရီမိသားစုကို ဆက်ခံရန် ဂိုဏ်းကြီးများသည် အဆင်သင့်ဖြစ်ပြီလော။ ကြယ်တစ်သောင်းကျွန်း။ ကြယ်တစ်သောင်းနယ်မြေ၏ အပျက်အစီးများသည် အပျက်အစီးများသည် ယခင်က နတ်ဆိုးမျိုးနွယ်စုနှင့် စစ်ပွဲကြီးကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ကာ ယခင်တိုက်ပွဲ၏ခြေရာများကို ယနေ့ထိ မြင်တွေ့နေရဆဲဖြစ်သည်။
ယနေ့တွင် မြောက်မြားစွာသော ကျင့်ကြံသူများသည် ကြယ်တစ်သောင်းနယ်မြေ၏ အပျက်အစီးများ အပြင်ဘက်တွင် စုရုံးလာကြသည်။ လွန်ခဲ့သည့်သုံးရက်က ကြယ်တစ်သောင်းနယ်မြေ၏ အပျက်အစီးများအထက် ကောင်းကင်ယံ၌ ရတနာအလင်းတန်းများစွာ ပေါ်ပေါက်လာကာ အနီးနားရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
အချိန်တိုအတွင်းတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် မှ ကျင့်ကြံသူဒါဇင်ပေါင်းများစွာ ရောက်လာ၏။ အရှင်ရှီထျန်း အဝါရောင်နွေဦးအရှင်နှင့် အခြားသူများသည် အားလုံးရင်းနှီးသောပုဂ္ဂိုလ်များဖြစ်သည်။ နောက်ပိုင်းတွင်ပေါ်လာသော နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများဖြစ်သည့် မရင်းနှီးသောမျက်နှာအချို့လည်းရှိသည်။
ယခုမူ အရှင်ရှီထျန်းနှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ အကြည့်များသည် အလွန်သာယာခြင်းမရှိပေ။
“နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူ အများအပြား ဘာကြောင့် ရုတ်တရက်ပေါ်လာတာလဲလို့ ကျွန်တော်စဉ်းစားနေတာ၊ ကြည့်ရတာခွေးဖြစ်သွားကြတာပဲ”
အရှင်ရှီထျန်းနှင့် အခြားသူများ၏မျက်လုံးများသည် မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နှက်နေသည်။ ကျင့်ကြံသူသည် မိမိဂုဏ်သိက္ခာဆုံးရှုံးပါက ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းနှင့်ပတ်သက်၍ အခြားမည်သို့ပြောဆိုနိုင်မည်နည်း။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ မျိုးဆက်ဟောင်းများ၏ အထင်အမြင်သေးမှုကို ရင်ဆိုင်နေရသော အသစ်တက်လာသည့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ မျိုးဆက်သစ်သည် အလွန်ရှက်ရွံ့သလို ခံစားခဲ့ရသော်လည်း ပြန်လည်ချေပနိုင်ခြင်းမရှိပေ။ အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေရှိ ဂိုဏ်းများများပါဝင်ရန် သူတို့ကို မည်သူကစေခိုင်းခဲ့သနည်း။
ကြယ်တစ်သောင်းကျွန်းသို့ အဓိကဂိုဏ်းခွဲများ ထိုးဖောက်ဝင်ရောက်လာမှုနှင့်အတူ ၎င်းတို့ပံ့ပိုးပေးထားသည့် ဂိုဏ်းများသည်လည်း တဖြည်းဖြည်း အင်အားကောင်းလာခဲ့သည်။ သစ္စာဖောက်ခံရသည့် ခံစားချက်သည် ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများကို အလွန်စိတ်မကောင်း ဖြစ်စေသည်။ အတိတ်က ရဲဘော်ရဲဘက်များအဖြစ် ၎င်းတို့နှောင်ကြိုးကို မေ့နေသလော။ ကံမကောင်းစွာဖြင့် ၎င်းတို့အတွက် အကျိုးအမြတ်ကသာ ပိုအရေးကြီးနေသည်။
“သူတို့ကို မောင်းထုတ်လိုက်!”
ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် ဒေါသထွက်ကာ ချက်ချင်းအရေးယူခဲ့သည်။ ဤအခိုက်အတန့်တွင် လူတစ်ဒါဇင်ကျော်သည် အဝေးမှပြေးထွက်လာသည်။ ရွှေရောင်အလင်းတန်းများနှင့်အတူ စစ်မှန်သောအရှင်ရှိီထျန်း၏ဆံပင်များလွင့်ပါသွားလျက် လျင်မြန်စွာဆုတ်ခွာသွားကာ သူ၏အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ကာ အဆုံးတွင်ရပ်နေခဲ့သည်။
သခင်ရှီထျန်း၏ အင်မော်တယ်လက်နက်၏ ဝိညာဉ်ရေးအလင်းရောင်သည် ချက်ချင်းမှိန်ဖျော့သွားသော်လည်း ကံကောင်းထောက်မစွာပင် ရွှေရောင်အလင်းတန်းကို တားဆီးနိုင်ခဲ့သေးသည်။
ဂိုဏ်းခွဲများစွာမှ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ နတ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများသည် ကြယ်တစ်သောင်းကျွန်း၏ ကျင့်ကြံသူများအတွက် စိတ်ပူစရာမရှိချေ။ သို့သော် သူတို့ကိုင်ဆောင်ထားသော အဆင့်ခြောက်အင်မော်တယ်လက်နက်များသည် အရှင်ရှီထျန်းနှင့် အခြားသူများကို မျက်မှောင့်ကြုတ်စေခဲ့သည်။
အဓိကဂိုဏ်းခွဲများစွာသည် သန့်စင်ခြင်းဗလာနယ်အဆင့် ကျင့်ကြံသူများ မစေလွှတ်ဘဲ ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည်လည်း ပဋိပက္ခကို တတ်နိုင်သမျှ ရှောင်ရှားရန်အတွက် နောက်ပြန်ဆုတ်ရန် ရွေးချယ်ခဲ့ကြသောကြောင့် နှစ်များကြာလာသည်နှင့်အမျှ နှစ်ဖက်စလုံးသည် စကားမပြောဘဲ နားလည်မှုရရှိခဲ့သည်။ ယခုမူ အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေ၏ အဆင့်ခြောက်အင်မော်တယ်လက်နက်များ ကိုင်ဆောင်ထားသော ဂိုဏ်းခွဲမှကျင့်ကြံသူများသည် ဤနားလည်မှုကို ပျက်ပြားစေသည်။
“သတ္တမအဆင့် ဝိညာဉ်ရေးပစ္စည်းက မင်းရဲ့ကြယ်တစ်သောင်းကျွန်းကထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ လွှဲပေးလိုက်။"
အဆင့်ခြောက်အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ထားသည့် တုလန်ဟု အမည်ရသော ဂိုဏ်းချုပ်သည် အရှင်ရှီထျန်းကို အေးစက်စွာပြောသည်။
သတ္တမအဆင့် ဝိညာဉ်ရေးပစ္စည်းသည် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်ရှိ ကျင့်ကြံသူများကိုပင် လောဘကြီးစေသည်။ ထို့ကြောင့် ၎င်းတို့သည် နှုတ်ဆိတ်နားလည်မှုကို ဂရုမစိုက်တော့ဘဲ ၎င်းကိုသိမ်းပိုက်ရန်အတွက် ၎င်းတို့၏ အဆင့်ခြောက်အင်မော်တယ်လက်နက်များကို ချက်ချင်းထုတ်လာသည်။
အဝါရောင်နွေဦးသခင်သည် အရှင်ရှီထျန်း၏ ရှေ့တွင်ရပ်နေသော်လည်း အစွမ်းထက်နေဆဲဖြစ်ကာ ပြင်းထန်သည့် ဒဏ်ရာများလည်းရရှိခဲ့သည်။ ကြယ်တစ်သောင်းကျွန်းကို ဖြိုခွင်းနေချိန်တွင် အရှင်ရှီထျန်းနှင့် အခြားသူများသည် တိတ်ဆိတ်သွားကြသည်။ ဤအရာဝတ္ထုသည် ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ပုံရသည်။ သို့သော် ၎င်းတို့နှင့်မသက်ဆိုင်ပါက ကြယ်တစ်သောင်းကျွန်းအပြင်ဘက်ရှိ ကျင့်ကြံသူများကိုလည်း ခွင့်မပြုနိုင်ပေ။ ကြယ်တစ်သောင်းကျွန်းပိုင်သည် ကြယ်တစ်သောင်းကျွန်းအတွက်သာ ဖြစ်သင့်သည်။
"မင်းတို့တွေက စည်းကမ်းမလိုက်နာတဲ့အတွက် မင်း ငါတို့ကို အပြစ်မတင်နိုင်ဘူး"
စစ်မှန်သောအရှင်ရှီထျန်းကပြောလိုက်သည်။ အင်မော်တယ်လက်နက်များကို ပထမဆုံးအသုံးပြုခဲ့သောသူသည် တစ်ဖက်ဂိုဏ်းခွဲများဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ခံစားချက်များကို လျစ်လျူရှုခြင်းအတွက် ကြယ်တစ်သောင်းကျွန်းကို အပြစ်မတင်သင့်ချေ။
‘အရွက်တစ်ထောင်မြို့အရှင် ထွက်လာပါ’
အရှင်ရှီထျန်း၏ စကားကိုကြားသောအခါ ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် ရင်ခုန်နေကြသည်။
‘သူလာမှာလား’
‘အဲဒီလူ!’
ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများကြားရှိ မူမမှန်မှုကိုတွေ့လိုက်ရသဖြင့် တုလန်နှင့် အခြားသူများ အနည်းငယ်စိတ်ရှုပ်သွားသည်။ သို့သော် သူတို့လက်ထဲမှ အဆင့်ခြောက်အင်မော်တယ်လက်နက်များကို မြင်လိုက်ရသဖြင့် ယုံကြည်မှုများ ပြန်လည်ရရှိလာသည်။ အဆင့်ခြောက်အင်မော်တယ်လက်နက်တစ်ခုဖြင့် ၎င်းတို့သည် ကြယ်တစ်သောင်းကျွန်းရှိ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများကို တွန်းလှန်နိုင်မည်ဖြစ်သည်။
အကယ်၍ သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူထွက်လာပါက မည်သူနှင့်ယှဉ်ပြိုင်မည်နည်း။ ချုပ်နှောင်ခံထားရသော ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် တစ်ခုခုကို ရုတ်တရက်တွေးနေပုံရကာ ၎င်းတို့၏ မျက်နှာများသည် သိသိသာသာ ပြောင်းလဲသွားသည်။
ထိုလူကို မတွေ့ရသည်မှာကြာပြီဖြစ်သည်။ အချိန်အတော်ကြာသွားသည့်နောက် ၎င်းကို မေ့လုမတတ်ဖြစ်နေပြီ။ သို့သော် ယခုအချိန်တွင် သူ့အကြောင်းတွေးမိတိုင်း ကြောက်လန့်တကြားဖြစ်နေကြသည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်မှ ကျင့်ကြံသူအချို့သည် လှည့်၍ထွက်ပြေးရန် ကြိုးစားကြသည်။ ထွက်ပြေးရန်ကြိုးစားသော ဤကျင့်ကြံရေးသမားများကို ခြေလှမ်းနှစ်လှမ်းမလှမ်းမီတွင် တုလန်က လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့သည်။
"ဘာကိုကြောက်တာလဲ"
တုလန်သည် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။
ကျင့်ကြံသူသည် ထိတ်လန့်မှုအပြည့်ဖြင့်
“အဲဒီလူ… ပြန်လာပြီ” ဟူ၍ အသံတိုးတိုးနှင့်ပြန်ဖြေသည်။
‘အဲဒီလူ၊ အဲဒီလူ၊ ဒီလူက ဘယ်သူလဲ။’
ထိုအချိန်မှာပင် ဝေးကွာသော မိုးကုတ်စက်ဝိုင်းတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ခန္ဓာကိုယ်အချို့ တုန်လှုပ်သွားကြပြီးနောက် ၎င်းသည် ကြယ်တစ်သောင်း လျှို့ဝှက်နယ်မြေတွင် ပေါ်လာသည်။ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေရှိ ကျင့်ကြံသူများသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
"ကျွန်တော်သိသားပဲ၊ သူအဆင်ပြေမှာပါဆို"
"အရွက်တစ်ထောင်မြို့အရှင်၊ အရှင်က ကျွန်တော်တို့ရဲ့ နတ်ဘုရားပါပဲ"
အရူးအမူးပရိတ်သတ်များကဲ့သို့ပင် ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် ရီဖန်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
ရီဖန်သည် တုလန်နှင့် အခြားသူများကို မျက်မှောင်ကြုတ်ကြည့်ကာ သူ့လက်ထဲရှိ အဆင့်ခြောက်အင်မော်တယ်လက်နက်ကို သတိထားမိလိုက်သည်။
‘ဒီဂိုဏ်းတွေက နောက်ပြန်မဆုတ်နိုင်တော့ဘူးလား’
ရီဖန်သည် ပဋိပက္ခများကို မကြိုက်သောကြောင့် ဂိုဏ်းများကိုဆန့်ကျင်ရန် မစတင်ဘဲ သူ့ကိုယ်သူ ချုပ်တည်းနိုင်ခဲ့သည်။ သို့သော် ယနေ့တွင် သူလုပ်ဆောင်ရန်ကလွဲ၍ ရွေးချယ်စရာမရှိဟု ထင်ရသည်။
စစ်မှန်သောအရှင်ရှီထျန်းသည် ရီဖန်ကိုမြင်ပြီးနောက် ဝိညာဉ်ပစ္စည်းကို ရီဖန်၏လက်ထဲသို့ ချက်ချင်းပစ်ချလိုက်သည်။ ၎င်းကိုမြင်လိုက်ရသဖြင့် တုလန်သည် ချက်ချင်းပင်ရွေ့လိုက်ကာ ၎င်းကို ဖမ်းဆုပ်လိုက်သည်။
‘ထူးကဲစွမ်းရည်၊ သစ်သားနဂါး’
ရီဖန်၏လက်ရွေ့လျားမှုဖြင့် သစ်သားနဂါးကြီးသည် တုလန်ထံသို့ ဟိန်းဟောက်လိုက်ရာ တုလန်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားသည်။ ရီဖန်၏တစ်ချက်ထိုးနှက်မှုဖြင့် သူ့ကိုတွန်းလှန်သွားသည်ကို မြင်လိုက်ရသဖြင့် တုလန်သည် ချက်ချင်းပင် သူ၏လက်နက်ဖြစ်သည့် အဆင့်ခြောက်အင်မော်တယ်သုတ်သင်ခြင်းဓားကို ထုတ်လိုက်သည်။
“ငါ့ရဲ့လက်နက်ကလေးရေ ထွက်လာပါဦး”
…..