အခန်း ၁၃၀-၁၃၂
Vol. 9 Ch. 130-132
အခန်း ၁၃၀ - ငါ့မှာ အမေတစ်ယောက်တည်းရှိတယ်လို့ မင့်ကို ဘယ်သူပြောလဲ (၃/၃)
ဤကျင့်ကြံသူသည် ဂိုဏ်းပေါင်းစုံထံမှ ကံကြမ္မာ၏သားတော်အဖြစ် သတ်မှတ်ခံရသော မော့ပေ ဖြစ်ရမည်။ မော့ပေကိုတွေ့လိုက်သည်နှင့် ရီကျင်းစန်သည် ချက်ချင်းသတိရှိလာသည်။ မော့ပေသည် ရီကျင်းစန်ကို အကြည့်တစ်ချက်ကို မပေးဘဲ နဂါးနီလေးကို အပြည့်အဝအာရုံစိုက်ထားသည်။
ထို့နောက် ဆန်းကြယ်သောလက်တံဆိပ်စည်းကို ဖန်တီးကာ နဂါးနီလေးဆီသို့ မွန်းစတားကျွမ်းကျင်မှု တံဆိပ်ကို ချလိုက်သည်။ စည်းတံဆိပ်သည် နဂါးနီလေး၏ ခန္ဓာကိုယ်ထဲသို့ ပျံတက်သွားသော်လည်း ချက်ခြင်းနှင်ထုတ်ခံခဲ့ရသည်။
မော့ပေသည် အံ့သဩတကြီးနှင့်
“ဟမ်!” ဟု ဆိုလိုက်ကာ နောက်ဆုံးတွင် ရီကျင်းစန် ကို အာရုံစိုက်လိုက်သည်။
“မင်းနဲ့ တန်းတူ စာချုပ်ချုပ်ပြီးပြီလို့ ငါ မမျှော်လင့်ထားဘူး။ မင်းတော်တော်ကံကောင်းပုံပဲ"
"မင်းတို့နှစ်ယောက်က ငါ့ရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဂိတ်တံခါးထဲကိုဝင်ဖို့ အရည်အချင်းပြည့်မီတယ်"
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ ၎င်းသည် မည်သည့်အဖွဲ့အစည်းဖြစ်သနည်း။ ရီကျင်းစန်သည် ကြယ်တစ်သောင်းကျွန်းတွင် ထိုအမည်ဖြင့် မည်သည့်အင်အားစုကိုမျှ မကြားခဲ့ပေ။ အသေးအဖွဲ အဖွဲ့ခွဲတစ်ခု ဖြစ်နိုင်သလော။
ရီကျင်းစန်၏မျက်လုံးထဲရှိ အကြည့်ကိုမြင်လိုက်ရသော မော့ပေသည်
“ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဂိတ်တံခါးအကြောင်း မင်းမသိတာက ပုံမှန်ပါပဲ။ မင်းရဲ့ စာချုပ်စာတမ်းဟာ မွန်းစတားရဲ့ ရည်မွန်တဲ့ အရည်အချင်းကြောင့်မဟုတ်ရင် မင်း ဒီနာမည်ကိုသိဖို့တောင် ထိုက်တန်မှာ မဟုတ်ဘူး။"
ထိုစကားကိုကြားသည့်အခါ ရီကျင်းစန်သည် စိတ်မသက်မသာဖြစ်လာသည်။ မထိုက်တန်သလော?
‘မင်းက ပါးစပ်ပြဲကြီးနဲ့သမ်းပြီး အာချောင်နေတဲ့ဖားပြုပ်ပဲ’
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဂိတ်တံခါးသည် အမှန်တကယ်ပင် စွမ်းအားကြီးမားသော်လည်း ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ ရီကျင်းစန်သည် ထိုကဲ့သို့သောအဖွဲ့အစည်းတွင် မည်သည့်အခါမျှ ပါဝင်မည်မဟုတ်ချေ။
မော့ပေသည် ရီကျင်းစန်၏ ငြင်းဆိုချက်ကို ခန့်မှန်းမိသည်
“ငါတို့ကြားမှာ ကံကြမ္မာမရှိပုံပဲ၊ ကောင်းပြီ အဲတာဆို မင်းရဲ့တည်ရှိမှုက ဘာအကြောင်းမှ မရှိနေဘူး။ နဂါးနီအတွင်းက သွေးမျိူးဆက်ကိုထုတ်ယူလိုက်ရင် အမှန်တကယ် အဖိုးတန်တဲ့ ရတနာဖြစ်လိမ့်မယ်”
မော့ပေသည် သူ့ခေါင်းကို လှည့်ကာ
“ငါ သူတို့ကို ယူလိုက်မယ်” ဟု ပြန်အော်ပြောသည်။
ချက်ခြင်းပင် အထွတ်အထိပ် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဆယ်ဦးသည် မဝေးလှသောအရပ်မှ ပေါ်လာကာ ရီကျင်းစန်နှင့် နဂါးနီလေးပတ်လည်တွင် လှည့်ပတ်နေကြသည်။
ဤနတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများသည် မော့ပေကိုကာကွယ်ရန် ကြယ်တစ်သောင်းကျွန်းတွင် လျှို့ဝှက်တပ်စွဲထားသော အဓိကဂိုဏ်းကြီးများထံမှဖြစ်သည်။ ယခင်က ဂိုဏ်းပေါင်းစုံနှင့် တိုက်ခိုက်ခဲ့သော ရီမိသားစု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရီကျင်းစန်သည် ၎င်းတို့ကို ချက်ချင်းမှတ်မိခဲ့သည်။
"မင်းက အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေကပဲ"
"သူတို့က မင်းအပေါ် ဘယ်လောက် နာခံမှုရှိသလဲ၊ ကြည့်ရတာ မင်းက ဒီဂိုဏ်းတွေရဲ့ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပုံရတယ်"
‘ကြီးမြတ်သောထူးကဲစွမ်းရည်၊ သစ်သားမွေးဖွားခြင်းကမ္ဘာ’
၎င်းတို့ကို ရန်သူများအဖြစ် သတ်မှတ်ပြီးနောက် ရီကျင်းစန်သည် ပထမဆုံးလှုပ်ရှားမှုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူခိုးကိုဖမ်းရန်အတွက် ဘုရင်ကိုအရင်ဖမ်းရမည်။ ရီကျင်းစန်သည် အစောပိုင်းအခြေတည်ဝိညာဉ်အဆင့်တွင်ရှိပုံရသော မော့ပေကိုဖယ်ရှားရန်ဆုံးဖြတ်ခဲ့သည်။
အသွင်ပြောင်းခြင်းဒုက္ခကို ဖြတ်ကျော်ခဲ့သော နဂါးနီလေးသည် အခြားသောနတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို ချက်ချင်းတိုက်ခိုက်ခဲ့သည်။ မော့ပေ၏ခြေရင်းအောက်တွင် သစ်သားလူသားတစ်ယောက် ပေါ်လာကာ သူ၏အကိုင်းအခက်နှစ်ခုသည် မော့ပေကို ရိုက်ခတ်နေသော ကြာပွတ်နှစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
သို့သော် မော့ပေကို တိုက်ခိုက်ရန် နီးကပ်လာသောအခါတွင် သူ၏ပုံစံသည် စာရွက်တစ်ရွက်အဖြစ်သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို အားစိုက်စရာမလိုဘဲ ကျော်ဖြတ်သွားခဲ့သည်။ ရီကျင်းစန်သည် မည်သို့ပင် တိုက်ခိုက်နေပါစေ မော့ပေကို တစ်ချက်မှ မထိမှန်နိုင်ချေ။
“အားကြီးသူတွေက အနှိုင်းမဲ့ပဲ၊ မင်းရဲ့တိုက်ခိုက်မှုတွေက ငါ့ကိုမထိဘူး"
မော့ပေသည် အရာအားလုံးကို ဂရုမစိုက်ဘဲ အေးဆေးစွာပြောသည်။ နဂါးနီလေးကို ကြည့်ပြီးနောက် စိတ်ဝင်စားသော အရိပ်အမြွက်ပြလိုက်သည်။
“ငါ မင်းကိုသတ်လိုက်ရင် မင်းရဲ့ နဂါးနီလေး သေသွားမလားလို့ တွေးမိတယ်"
ရီကျင်းစန်နှင့် နဂါးနီလေးတို့သည် ပျမ်းမျှ အထွတ်အထိပ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူကို မကြောက်ရလောက်အောင် အစွမ်းထက်သော်လည်း ဂိုဏ်းပေါင်းစုံမှဆယ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ရီကျင်းစန်နှင့် နဂါးနီလေးတို့သည် တဖြည်းဖြည်း ခံစစ်တွင်ပါဝင်လာကြသည်။ နဂါးနီလေး၏ အကြေးခွံပေါ်မှ နောက်ထပ်ဒဏ်ရာကို မြင်လိုက်ရသည့်အခါ ရီကျင်းစန်ဒေါသထွက်လာသည်။
"ဆိုတော့ မင်းတို့က ဘယ်လို ဂိုဏ်းဖွဲ့ရမယ်ဆိုတာ သိတယ်ပေါ့"
ရီကျင်းစန်သည် အသံထုတ်လွှင့်မှုကျောက်စိမ်းစလစ်ကို ဆွဲထုတ်လိုက်ပကာ "အမေ၊ ကျွန်တော့်ကို အနိုင်ကျင့်နေတယ်!" ရီကျင်းစန်သည် သူ့အမေကို ကယ်တင်ရန်တောင်းဆိုသည်ကို ကြားသောအခါ ကျင့်ကြံသူများက ရယ်မောကြသည်။
"မင်းအမေက အထွတ်အထိပ် အခြေတည်ဝိညာဉ်အဆင့်မှာ ရှိနေရင်တောင် ဒီနေ့ မင်းကို မကယ်နိုင်ဘူး!"
၎င်းကိုကြားသည်နှင့် ရီကျင်းစန်၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ ခဏအကြာတွင် အထွတ်အထိပ်အခြေတည်သောဝိညာဉ်အဆင့်ပုဂ္ဂိုလ်ဆယ်ယောက်သည်ကောင်းကင်တွင် ပေါ်လာကာ ဂိုဏ်းအမျိုးမျိုး၏ ကျင့်ကြံသူများကို ဝိုင်းထားသည်။
"မင်းအမေကို လှမ်းခေါ်တာမဟုတ်ဘူးလားကွ"
ဂိုဏ်းသားကျင့်ကြံသူများသည် လိမ်လည်ခံရသည်ဟု ခံစားမိသည်။ ၎င်းကိုကြားသည့်အခါ ရီကျင်းစန်က ရယ်သည်။
“တကယ်တော့ အမေ့ကိုအကူအညီတောင်းလိုက်တာပဲလေ။ ဒါပေမယ့် ငါ့မှာ အမေတစ်ယောက်ပဲရှိတယ်လို့ ဘယ်သူကပြောတာလဲ"
"ပထမအမေ၊ ဒုတိယအမေ၊ တတိယအမေ... ဒသမအမေ!"
ရီကျင်းစန်သည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးသည်။ ထိုသို့လုပ်ပြီးနောက် ရီကျင်းစန်သည် အံ့အားသင့်နေသော ဂိုဏ်းသား ကျင့်ကြံသူများကိုကြည့်လိုက်သည်။
‘ကြည့်ကြစမ်းပါ၊ ဒါတွေအားလုံးက ငါ့အမေတွေကွ’
ဂိုဏ်းသားကျင့်ကြသူများသည် အလွန်အံ့အားသင့်သွားသည်။ သူတို့အားလုံးသည် သူ့အမေများပင်ဖြစ်သည်။
"ငါ့သားကို မင်းဘယ်လိုလုပ်ရဲတာလဲ။ ညီအစ်မတို့ သူတို့ကို အနိုင်တိုက်ကြ!"
စုယန်သည် ရီဖန်ပေးခဲ့သော ဆဋ္ဌမအဆင့်အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ကာ ပထမဦးဆုံးတိုက်ခိုက်သူဖြစ်သည်။ ရီမိသားစုရှိ လူတိုင်းတွင် ကြီးမားသောစွမ်းရည်များရှိသောကြောင့် တိုက်ပွဲတွင်အလွန်အစွမ်းထက်သည်။ အဆင့်မြင့်အကာအကွယ်အင်မော်တယ်လက်နက်များဖြင့် ပံ့ပိုးထားသောကြောင့် ၎င်းတို့သည် ဤဂိုဏ်းသားကျင့်ကြံသူများထက်သာလွန်၏။
မော့ပေကိုပြန်ကြည့်သည့်အချိန်တွင် ရီကျင်းစန်သည် တည်ငြိမ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် ရီကျင်းစန်သည် မော့ပေနှင့်ပတ်သက်ပြီး ထူးဆန်းသည့်အရာတစ်ခုရှိနေသည်ဟု ခံစားမိသည်။ ဤကဲ့သို့ မခန့်မှန်းနိုင်သည့်လူတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ရီကျင်းစန်သည် တိုက်ရိုက်ဖယ်ထုတ်ရန် ဆုံးဖြတ်လိုက်၏။
‘သတ်ပစ်!
နဂါးနီလေးနှင့်အတူ ရီကျင်းစန်သည်မော့ပေကို တိုက်ခိုက်လိုက်သည်။ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ရီကျင်းစန်၏တိုက်ခိုက်မှုများသည် နောက်ဆုံးတွင် အကျိုးသက်ရောက်စပြုလာသည်။
သူတို့သည် မော့ပေကို ထိခိုက်စေရန် ခက်ခဲနေသော်လည်း ရီကျင်းစန်သည် မော့ပေ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လျှို့ဝှက်နည်းပညာအားလုံးသည် အကျိုးရှိပါ၏။
ထို့အပြင် မော့ပေသည်လည်း ခြွင်းချက်မဟုတ်ချေ။
နဂါးနီလေးသည် နဂါး၏ပါးစပ်မှမီးတောက်များကို မှုတ်ထုတ်ကာ မော့ပေကို အဆက်မပြတ် လောင်မြိုက်စေသည်။ ထို့အပြင် ရီကျင်းစန်သည် ပိုင်ဇယ်ကို သူနှင့်ပေါင်းစည်းရန် ဆာဂျီနည်းပညာကို အသုံးပြုခဲ့သည်။
‘ကြီးမြတ်သောထူးကဲစွမ်းရည်၊ မွေးဖွားခြင်းသစ်သားကမ္ဘာ’
ရွှေရောင်ကောင်းချီးအလင်းတန်းသည် သစ်သားလူသားကို ဖုံးလွှမ်းသွားသည်။ ကြာပွတ်သည် ပြင်းထန်စွာ ပေါက်ကွဲသဖြင့် မော့ပေတုန်လှုပ်သွားကာ နောက်ဆုံးတွင် သူဒဏ်ရာရသွားသည်။ ဝိုင်းရံခံထားရသော ကျင့်ကြံသူများသည် ထိတ်လန့်စွာ ကြည့်နေကြသည်။ မော့ပေသည် ၎င်းတို့၏ သက်ဆိုင်ရာဂိုဏ်းများ၏ အနာဂတ်မျှော်လင့်ချက်ဖြစ်သော ကံကြမ္မာ၏သားတော်ဖြစ်သည်။ သူ့ကိုထိုအတိုင်း ကျဆုံးသွားစေရန်မဖြစ်နိုင်ချေ။
၎င်းတို့ထဲမှအချို့သည် ရီကျင်းစန်ကို ပိတ်ဆို့ရန် မော့ပေထံသွားလိုသော်လည်း စုယန်နှင့် အခြားသူများကြောင့်် မော့ပေကိုကူညီရန်မဖြစ်နိုင်ချေ။ တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ မော့ပေ၏ ဒဏ်ရာများမှာ ပိုဆိုးလာလျက် တိုက်ခိုက်မှုအားလုံးကို လှည့်စားနိုင်သော စွမ်းအားများလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း မော့ပေ၏အမူအရာမှာ တည်ငြိမ်နေပြီး ရီကျင်းစန်ကို စိုက်ကြည့်နေစဉ် အပြုံးအရိပ်အမြွက်ပြသည့်တိုင် တည်ငြိမ်နေခဲ့သည်။
“ဒီကံကြမ္မာသားတော်ခန္ဓာကိုယ်ကို ဖြုန်းတီးပစ်ရတာ နှမြောစရာပဲ”
မော့ပေသည် နောင်တရဟန်ဖြင့် သူ့ကိုယ်ခန္ဓာကို ကြည့်လိုက်သည်။
“ဆင်က မမြင်နိုင်ဘူး။ ငါသေသွားရင်တောင် တကယ်မသေဘူး။ ငါတို့ ပြန်ဆုံကြမယ်"
မော့ပေသည် သူ၏ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်ကာ နဂါးနီလေး၏တိုက်ခိုက်မှုသည် သူ့ကိုထိမှန်စေခဲ့သည်။ ပြင်းထန်သော အနီရောင်မီးတောက်သည် မော့ပေ၏ ခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းသွားသည်။ မော့ပေသည် ပတ်ဝန်းကျင်ရှိ မီးတောက်များကြားတွင် ငြိမ်သက်နေကာ ၎င်း၏အသက်စွမ်းအင်သည် တဖြည်းဖြည်းမှိန်သွားသော်လည်း နာကျင်မှု အရိပ်အယောင်မျှ မပြပေ။
ကျင့်ကြံသူအများအပြားသည် မော့ပေ ၏ရုပ်ကြွင်းများကို စိုက်ကြည့်နေကြကာ သူတို့၏မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကံကြမ္မာ၏သားတော်သည် အဘယ်ကြောင့်အလွယ်တကူသေရမည်နည်း။
"မော့ပေ၊ မင်းရွေးချယ်ခံရတဲ့စွမ်းရည်က ဘယ်မှာလဲ" ကျင့်ကြံသူတစ်ဦးသည် မနေနိုင်တော့ဘဲ ကျယ်လောင်စွာအော်လိုက်သည်။
၎င်းကိုကြားသည့်အခါ မော့ပေသည်
"ငါက ကံကြမ္မာရဲ့သားတော်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး"
မော့ပေ၏ စကားများသည် တူတစ်ချောင်းကဲ့သို့ပင် သူတို့၏နှလုံးသားထဲသို့ ပြင်းထန်စွာ ကျရောက်လာသည်။ အကယ်၍ မော့ပေသည် ကံကြမ္မာ၏သားတော်မဟုတ်ပါက ၎င်းတို့၏ဂိုဏ်းများသည် ဤနှစ်များအားလုံးကို အလဟသမဖြုန်းတီးကြသလော။ အကယ်၍ မော့ပေသည် ကံကြမ္မာ၏သားတော်မဟုတ်ပါက ၎င်းတို့၏အကြံအစည်အားလုံးသည် ရယ်စရာဖြစ်သွားသလော။
ဆင်ခြင်သုံးသပ်ကြည့်သောအခါတွင် မော့ပေသည် ကံကြမ္မာ၏သားတော်ဟု တစ်ခါမှမပြောဖူးကြောင်း သူတို့သဘောပေါက်လိုက်ကြသည်။ မော့ပေကို ကံကြမ္မာသားတော်ဘွဲ့ကိုပေးခဲ့သော သူတို့၏ဂိုဏ်းများသည် ရွှေကြာပန်းကြောင့်ဖြစ်သည်။ ယခုအခါ ရွှေကြာပန်းမှလွဲ၍ မော့ပေကို ညွှန်ပြသော အခြားအထောက်အထားမရှိကြောင်းသိလာသည်။ ၎င်းတို့ အမှားလုပ်မိသည်လော။
မော့ပေ၏ စကားဆုံးသွားပြီးနောက် သူ့နောက်ဆုံးထွက်သက်သည်လည်း ပျောက်ကွယ်သွားသည်။ ကမ္ဘာကြီးသည် တုံ့ပြန်မှုမရှိချေ။ ဤအချိန်တွင် ဂိုဏ်းပေါင်းစုံမှကျင့်ကြံသူများသည် နောက်ဆုံးတွင် မော့ပေသည် ကံကြမ္မာ၏သားတော်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ အကယ်၍ မော့ပေသည် ကံကြမ္မာ၏သားတော်ဖြစ်ပြီး ကြယ်တစ်သောင်းကျွန်းတွင်သေဆုံးသွားပါက ကောင်းကင်ဘုံတာအိုစွမ်းအားသည် တုန်လှုပ်နေမည်မှာ သေချာသည်။
ကံကြမ္မာ၏သားတော်သည် အဘယ်သူနည်း။ ၎င်းသည် ကောင်းကင်ဘုံတာအိုစွမ်းအားမှ ရွေးချယ်ထားသော ၎င်း၏ကလေးငယ်ဖြစ်သည်။ ကိုယ့်ကလေးသေလျှင် ဒေါသမထွက်သလော။ ကျင့်ကြံသူများသည် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတော့သောကြောင့် သူတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင် မော့ပေသည် ကံကြမ္မာသားတော်မဟုတ်ကြောင်း သက်ဆိုင်ရာ ဂိုဏ်းခွဲများထံ သတင်းပို့လိုက်သည်။
ကွန်ဖြူးရှန်ဂိုဏ်း အရှင်ဟွမ်ထျန်း။
"ဘာ! မော့ပေက ကံကြမ္မာသားတော်မဟုတ်ဘူး၊ အခု သူသေသွားပြီ?"
အရှင်ဟွမ်ထျန်းသည် ရက်စက်သောအဖြစ်မှန်ကို ဆုပ်ကိုင်ရန်ကြိုးစားရင်း အမြင်အာရုံသည် မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ သူတို့ ကွန်ဖြူးရှန်ဂိုဏ်း၏ နှစ်ပေါင်းများစွာ ပြင်ဆင်မှုသည် အကျိုးမရှိခဲ့သလော။
"မော့ပေက ကံကြမ္မာသားတော်မဟုတ်ရင်၊ သူက ဘယ်မှာလဲ"
ကံကြမ္မာ၏သားတော်သည် ယခုအချိန်တွင် ဧကန်မုချ မွေးဖွားလာခဲ့သော်လည်း သူ့ကို ယခုထိရှာမတွေ့သေးချေ။ ကံကြမ္မာ၏သားတော် လူ့ဇာတိခံယူခြင်းကို ဖုံးကွယ်နိုင်သူသည် အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ရမည်။ ထိုသို့သော ကျင့်ကြံသူများရှိသည့်မိသားစုများသည် ကြယ်တစ်သောင်းကျွန်းရှိ ထိပ်တန်းမိသားစုများ ဖြစ်ကြသည်။
၎င်းတို့၏ဂိုဏ်းများသည် ကံကြမ္မာ၏သားတော်ကို သိမ်းပိုက်ရန် အခွင့်အရေးကို လုံးဝဆုံးရှုံးသွားကြ၏။
အရှင်ဟွမ်ထျန်း၏ မျက်လုံးများသည် ထူးဆန်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ကံကြမ္မာရဲ့သားတော် မရှိတော့မှတော့၊ ငါတို့ ကိုယ့်ကံကြမ္မာကိုယ် ဆုပ်ကိုင်ထားရမှာပဲ"
အရှင်ဟွမ်ထျန်းသည် ကောင်းကင်ဘုံကိုလှည့်ဖြားပြီး ကံကြမ္မာကိုပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် အခင်းအကျင်းမြေပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ ဟွမ်ထျန်းသည် ကြယ်တစ်သောင်းနယ်မြေ၏ ကံကြမ္မာကို ကွန်ဖြူးရှန်ဂိုဏ်း၏ကံကြမ္မာတွင် ပုံဖော်လိုသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်း၏အဆင့်တိုးတက်နေသည့် တိုက်ကြီးတစ်ခုအတွက် ကြီးမားသောဖြုန်းတီးမှုတစ်ခုဖြစ်လာမည်မှာ မှန်သော်လည်း ၎င်းတို့တွင်ရွေးချယ်စရာတစ်ခုမှ မရှိတော့ချေ။ ကံကြမ္မာ၏သားတော်မပါဘဲ ၎င်းတို့သည်ဝှက်ဖဲကို လုံးဝဆုံးရှုံးသွားကြ၏။
ကံကြမ္မာရဲ့သားတော် ကြီးပြင်းလာသည်နှင့်အမျှ ၎င်းတို့လုယက်သူများအတွက် ဘေးဥပဒ်ဖြစ်သွားလိမ့်မည်။ မကြာမီပင် ကျင့်ကြံသူအများအပြားသည် ကြယ်တစ်သောင်းကျွန်းပေါ်သို့ တိတ်တဆိတ်ရောက်ရှိလာကြသည်။ သူတို့သည် ပစ္စည်းအမြောက်အမြားကို ယူဆောင်လာကာ ကြယ်တစ်သောင်းလျှို့ဝှက်နယ်မြေအတွင်း အခင်းအကျင်းကိို လျှို့ဝှက်စွာ စတင်တည်ဆောက်ခဲ့ကြသည်။
ကြယ်တစ်သောင်းကျွန်း၏ အဆင့်မြှင့်တင်ခြင်း၏ အစမှတ်ဖြစ်ကာ ကံကြမ္မာကိုဖမ်းဆုပ်လိုပါက သဘာဝကျစွာပင် ဤဇာစ်မြစ်ကို ရှာဖွေရမည်ဖြစ်သည်။ နေရာလွတ်ထဲတွင် အရှင်ဟွမ်ထျန်း၏ လက်ထဲမှ ပစ္စည်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ရွှေနဂါးကြီးသည် ဖြည်းညှင်းစွာပုံပေါ်လာသည်။ ကံကြမ္မာကိုဖိနှိပ်နိုင်သည့် ကံကြမ္မာနဂါးသည် အဆင့်မြင့် သတ္တမအဆင့်တွင်ရှိ၏။
အရှင်ရှီထျန်းသည် ပေါင်းစည်းခြင်းအဆင့်တွင်ရှိနေသော်လည်း ၎င်းသည် သူ၏ပိုင်ဆိုင်မှုတစ်ဝက်ကျော်ကို ဆုံးရှုံးစေခဲ့သည်။ သို့သော် အဆင့်တိုးမြှင့်နေသည့် တိုက်ကြီးကို ရယူနိုင်မည်ဆိုပါက ဤကုန်ကျစရိတ်များသည် ထိုက်တန်ပါလိမ့်မယ်။ အရာအားလုံးသည် ငြိမ်သက်တိတ်ဆိတ်နေသော်လည်း ထိုမျက်နှာပြင်အောက်တွင် မုန်တိုင်းတစ်ခု ကျရောက်နေသည်။
အရွက်တစ်ထောင်ဆေးခန်း၊ အရှေ့ဘက်ဧကရာဇ်မြို့။
“ရှောင်းရှောင်း၊ ငါ ဆဋ္ဌမအဆင့် ဝိညာဉ်ရေးဝိုင်ပုလင်းကို ယူလာခဲ့တယ်။ စမ်းကြည့်ချင်လား"
တုန်းဟွမ်သည် စိတ်အားထက်သန်သောအမူအရာရှိကာ ရီဖန်သည် ၎င်းကို မထီမဲ့မြင်ပြုလိုက်သည်။ ၎င်းသည် မျက်နှာလုပ်နေခြင်းမဟုတ်လော။ ရီရှောင်းရှောင်းသည် စိတ်အားထက်သန်သောတုန်းဟွမ်ကိုကြည့်ကာ သူမ၏မျက်နှာမှာ အေးစက်နေသေးသည်
“တာအိုပညာရှင်တုန်းဟွမ် ငါလက်ထပ်မှာမဟုတ်ဘူး"
ရီရှောင်းရှောင်းသည် ရီမိသားစုထံတွင် သူ့ဘဝအတွက် ကတိပြုခဲ့သည်မှ ကြာပြီဖြစ်ကာ သူမသည် အိမ်ထောင်ပြုရန် မည်သို့ရွေးချယ်နိုင်မည်နည်း။
ရီရှောင်းရှောင်း၏ စကားကိုကြားသောအခါ တုန်းဟွမ်သည်မပြောင်းမလဲဘဲ၊
"ကိစ္စမရှိပါဘူး၊ ငါမင်းရဲ့မိသားစုဝင်အဖြစ် လက်ထပ်နိုင်တယ်"
တုန်းဟွမ်သည် ရီရှောင်းရှောင်းကို ပြောလိုက်၏။ သူသည် ဆွေမျိုးမရှိ တစ်ဦးတည်းဖြစ်သောကြောင့် အိမ်ထောင်ပြုခြင်းတွင် ကွာခြားမှုမရှိပေ။ ၎င်းကိုကြားသည့်အခါ ရီဖန်သည်ပင်အနည်းငယ် လန့်သွားသည်။
ပထမ ရီချင်၊ ယခု ရီရှောင်းရှောင်း။ ရီမိသားစုမှ အမျိုးသမီးများသည် အထီးကျန်သူများကိုသာ ဆွဲဆောင်ခဲ့သလော။ သူသည် ရီမိသားစုတွင်လက်ထပ်ရန်ကြိုးစားသော်လည်း ရီရှောင်းရှောင်းသည် နောက်ဆုံးတွင် တုန်းဟွမ်ကြောင့် စိတ်လှုပ်ရှားသွားသည်။
"အစ်ကို့ကို မေးသင့်တယ်!"
ပြောပြီးသည်နှင့် သူမမျက်နှာမှာ နီရဲလာသည်။ ၎င်းကိုကြားသည့်အခါ တုန်းဟွမ်သည် ရီဖန်ထံသို့ ချက်ချင်းပြေးဝင်သွားသည်။
"အစ်ကိုကြီးရေ၊ ဒီတစ်သက်တာအတွက် ငါ့ပျော်ရွှင်မှုက မင်းလက်ထဲမှာပါ"
“ခန်းဝင်ပစ္စည်းအဖြစ် မင်းတောင်းသမျှကို ငါမလျှော့ဘူး။ မရှိရင် လုပေးမယ်!"
"မင်းက ငါတို့မိသားစုထဲကို လက်ထပ်မှာကို ဘာကိုခန်းဝင်ပစ္စည်းအကြောင်း ပြောနေတာလဲ။ ဒီလက်ထပ်ပွဲကို သဘောတူတယ်!”
ရီရှောင်းရှောင်းသည် နောက်ဆုံးတွင် သူမ၏ ပျော်ရွှင်မှုကိုတွေ့ရှိခဲ့သောကြောင့် ရီဖန်သည် အလွန်စိတ်သက်သာရာရစေခဲ့သည်။ ယခုတွင် မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။
…………………………..
အခန်း ၁၃၁- ရွှေနဂါး၏ကံကြမ္မာ၊ တာ့ယွီမင်းဆက်ကံဇာတာ
တုန်းဟွမ်သည် သူ၏ရိုးသားမှုကိုပြသကာ ရီရှောင်းရှောင်း၏နှလုံးသားကိုရရှိခဲ့သည်။
အမှန်တကယ်တွင် ရီရှောင်းရှောင်းသည်လည်း တုန်းဟွမ်အပေါ် ခံစားချက်များရှိနေခဲ့၏။ သို့မဟုတ်ပါက သူမသည်လက်တုံ့ပြန်ခြင်းမရှိဘဲ အနှောက်အယှက်ပေးရန် ဘယ်သူမှစွမ်းဆောင်နိုင်မည် မဟုတ်ပါချေ။
သူတို့ စိတ်ဆုံးဖြတ်လိုက်သည်နှင့် မင်္ဂလာပွဲကို ချက်ခြင်းကျင်းပခဲ့ကာ သူ့ညီမ၏ မင်္ဂလာပွဲဖြစ်သည့်အတွက် ရီဖန်သည် ချုပ်တည်းမထားရန် ဆုံးဖြတ်ခဲ့သည်။ ဆဋ္ဌမအဆင့်ဉာဏ်အလင်းလက်ဖက်ခြောက်တစ်ရာ၊ ဆဋ္ဌမအဆင့် အင်မော်တယ်လက်နက်အစုံနှင့် အမျိုးမျိုးသောဝိညာဉ်ရေးပစ္စည်းများကို ရီရှောင်းရှောင်းအတွက် ခန်းဝင်ပစ္စည်းအဖြစ် ပေးအပ်ခဲ့သည်။
သူတို့၏မင်္ဂလာပွဲနေ့တွင် တုန်းဟွမ်သည် ရီရှောင်းရှောင်းကို ကျောက်စိမ်းစလစ်တစ်စောင်ပေးခဲ့သည်။
‘လျှို့ဝှက်နည်းပညာ၊ ကံကြမ္မာဧကရာဇ်မင်းဆက်ကျင့်ကြံခြင်း’
ဤကျောက်စိမ်းစလစ်၏ အရေးပါမှုသည် နှလုံးစွမ်းအားနည်းပညာထက် မနည်းလှပေ။
“ငါ့ဇနီး၊ မင့်အတွင်းစိတ်မှာရှိတဲ့ ကံကြမ္မာဧကရာဇ်မင်းဆက်ဆီသွားတဲ့လမ်းကို ငါသတိထားမိတယ်။ ဒါပေမယ့် မင်းမကျွမ်းကျင်သေးတော့ ဒီနည်းလမ်းက အသုံးဝင်ပါလိမ့်မယ်”
ကံကြမ္မာရွှေနဂါးကို ကျင့်ကြံနိုင်မှသာလျှင် ဧကရာဇ်မင်းဆက်သည် ကံကြမ္မာဧကရာဇ်မင်းဆက်၏ဘွဲ့ကို အမှန်တကယ် ရရှိမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ဧကရာဇ်မင်းဆက်၏တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးပြီး ၎င်း၏အနာဂတ်ကို တောက်ပစေသည်။
“သခင်၊ ကျေးဇူးတင်ပါတယ်”
ရီရှောင်းရှောင်းသည် လက်ဆောင်ကို အလွန်သဘောကျသည်။ ရီရှောင်းရှောင်းသည် မင်္ဂလာပွဲကို ထိန်းသိမ်းထားလိုသောကြောင့် တက်ရောက်လာသော ကျင့်ကြံသူအများစုသည် ရီမိသားစုမှနှင့် တုန်းဟွမ်၏ မိတ်ဆွေကျင့်ကြံသူများသာဖြစ်သည်။
သန့်စင်ခြင်းဗလာနယ်အဆင့်ကျင့်ကြံသူများသည် တုန်းဟွမ်ကို မည်မျှလေးစားကြသည်ကိုမြင်သောအခါ ရီဖန်သည် တုန်းဟွမ်၏ အထောက်အထားအမှန်သည် ထူးထူးခြားခြားဖြစ်မည်ဟု သဘောပေါက်သွား၏။
သို့သော်လည်း ရီဖန်သည် ဆက်မမေးခဲ့ပေ။ တုန်းဟွမ်၏အခြေအနေ မည်သို့ပင်ရှိစေကာမူ သူသည် ရီရှောင်းရှောင်း၏ခင်ပွန်းဖြစ်သည်က မပြောင်းလဲချေ။
မင်္ဂလာဆောင်ပြီးသုံးရက်အကြာတွင် ရီရှောင်းရှောင်း သည် တာ့ယွီသို့ အမြန်ပြန်လာခဲ့ကာ တုန်းဟွမ်ကိုလည်း ခေါ်ဆောင်လာသည်။ နယ်မြေတစ်သောင်းဂိတ်တံခါးကို မြင်သောအခါ တုန်းဟွမ်သည် အံ့အားသင့်သွားသည်။
သူ့ခမည်းခမက်ဖြစ်သူ ရီဖန်သည် သူထင်ထားသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။ တုန်းဟွမ်၏အမူအရာကိုကြည့်ကာ ရီဖန်သည် ပြုံးရုံသာပြုံးသည်။ တကယ့်တုန်လှုပ်ချောက်ချားမှုက မလာသေးပေ။ ရီမိသားစုနေရာသို့ ရောက်ရှိလာသောအခါ တုန်းဟွမ်သည် သူ၏စွမ်းရည်များ တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။ မိသားစုကမ္ပည်းစာ၏ အဆင့်မြှင့်တင်မှုမှ အကျိုးကျေးဇူးရရှိခဲ့သဖြင့် တုန်းဟွမ်သည် အလွန်ကျေးဇူးတင်သည်။
ဤသည်မှာ စနစ်၏စွမ်းအားဖြစ်ပြီး၊ ရီဖန်သည် တုန်းရွမ်ထံတွင်မကောင်းသော အကြံအစည်များ ဖုံးကွယ်ထားမည်ကို အဘယ်ကြောင့် မကြောက်ရွံ့ခဲ့သနည်း။ ရီမိသားစုထဲတွင် မည်သူကမှ ကိုယ့်မျိုးနွယ်စုကို သစ္စာမဖောက်ကြသောကြောင့်ဖြစ်သည်။
"ခမည်းခမက်ကြီး၊ ရှောင်းရှောင်းကိုလက်ထပ်လိုက်တာ ထီပေါက်သွားသလို ခံစားရတယ်။"
ဝမ်းသာအားရဖြင့် တုန်းဟွမ်သည် ရီရှောင်းရှောင်းကို ချစ်ခင်မြတ်နိုးစွာ လိုက်ခဲ့သော်လည်း ထိုမျှအံ့သြဖွယ်ကောင်းမှုကို မမျှော်လင့်ထားပေ။
ရီဖန်သည် မျှခြေရှာဖွေခြင်းနည်းလမ်းကို နောက်ဆုံးအသုံးပြုခဲ့သည်မှာ မကြာသေးသောကြောင့် တစ်လအတွင်း ၎င်းကို ထပ်မံအသုံးပြုရန် စောင့်ရဦးမည်ဖြစ်ကာ ထိုအချိန်တွင် တုန်းဟွမ်သည် အမှန်တကယ် မည်မျှအစွမ်းထက်ကြောင်း တိုင်းတာနိုင်မည်ဖြစ်သည်။ ရီဖန်သည် ဤတစ်ကြိမ်တွင် အံ့သြဖွယ်ကောင်းသည့် အံ့ဩဖွယ်ရာတစ်ခုခု ဖြစ်လာမည်ဟုခံစားရ၏။
တစ်ဖက်တွင် အရှင်ဟွမ်ထျန်းသည် သူ့လက်ထဲတွင် ရွှေနဂါးကြီးကိုဆုပ်ကိုင်ထားသည်။ ရွှေနဂါးကြီးသည် ကောင်းကင်သို့ ပျံတက်ကာ ကြယ်တစ်သောင်းကျွန်းဆီသို့ဦးတည်သွားကာ
မကြာမီတွင် ကြယ်တစ်သောင်းကျွန်း၏ အပျက်အစီးများ၏ အထက်ကောင်းကင်ကို ရောက်ရှိသွားသည်။ အောက်ဘက်တွင် ဟွမ်ထျန်းဂိုဏ်း၏ ကျင့်ကြံသူများသည် မဟာခိုးယူခြင်းကို အသက်သွင်းခဲ့သည်။
‘အခင်းအကျင်း၊ ကြယ်တစ်သောင်းကျွန်း၏ ကံကြမ္မာစွမ်းအားကို ခိုးယူရန် စတင်ခြင်း’
ကံကြမ္မာစွမ်းအားသည် ဆက်လက်ဆုတ်ယုတ်နေလျက် အပေါ်ဘက်ကောင်းကင်ရှိ ကံကြမ္မာရွှေနဂါးထံ ဦးတည်သွားသည်။
နဂါး၏ရောင်ဝါသည် လျင်မြန်စွာအားကောင်းလာပြီးနောက် ၎င်း၏အရွယ်အစားသည် တဖြည်းဖြည်းတိုးလာသည်။ ကံကြမ္မာရွှေနဂါး၏ပြောင်းလဲမှုများနှင့်အတူ အထက်ကောင်းကင်ယံရှိ တာအိုစွမ်းအား အကွယ်အကာသည် တဖြည်းဖြည်းတုန်ခါလာသည်။ ကံကြမ္မာစွမ်းအား၏ ဆုတ်ယုတ်မှုကြောင့် ကောင်းကင်ဘုံတာအိုစွမ်းအားသည် ကြယ်တစ်သောင်းကျွန်းကို အကာအကွယ်ပေးနေရာမှ တဖြည်းဖြည်းအားပျော့သွားခဲ့သည်။
တစ်ချိန်တည်းတွင် ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူများသည် တစ်ခုခုလွဲချော်နေသည်ကို ခံစားသိရှိလိုက်ကြသည်။ တစ်စုံတစ်ခုခိုးယူခံရသကဲ့သို့ လေးလေးနက်နက် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ချီစွမ်းအားနည်းပညာကို စောင့်ကြည့်လေ့လာခြင်း၌ ကျွမ်းကျင်သော ကျင့်ကြံသူများသည် ဖြူဖျော့သွားသည်၊ သူတို့ရရှိထားသည့် ကြွယ်ဝသောကံကြမ္မာစွမ်းအားသည် တဖြည်းဖြည်း အားနည်းလာသည်ကို သတိပြုမိလိုက်၏။
"မြန်မြန်၊ ကြယ်တစ်သောင်းရဲ့အပျက်အစီးတွေဆီ မြန်မြန်သွား!"
မရေတွက်နိုင်သော ကျင့်ကြံသူများသည် ကြယ်တစ်သောင်းနယ်မြေ၏အပျက်အစီးများဆီသို့ ပြေးသွားကြသည်။ များမကြာမီတွင် အပျက်အစီးများအတွင်း၌ တပ်ဆင်ထားသော မဟာခိုးယူခြင်းအခင်းအကျင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းအကျင်းကို နှောင့်ယှက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းမှာမဖြစ်နိုင်သော အရာဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ မဟာခိုးယူခြင်းကိုစတင်သည်နှင့် ဒုက္ခအဘိညာဉ်အဆင့် ကျင့်ကြံသူသည် ၎င်းကိုဖယ်ရှားရန် ပြင်းပြင်းထန်ထန်ဝင်ရောက်မစွက်ဖက်နိုင်ပါက၊ အခြေခံအားဖြင့် ရပ်တန့်၍မရနိုင်ချေ။
ရီမိသားစုအဖွဲ့ဝင်များသည်လည်း ကြယ်တစ်သောင်း၏ အပျက်အစီးများဆီသို့ ပြေးသွားကြသည်။ အပျက်အစီးများတွင် ဟွမ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူများ ကျန်ခဲ့သော ထူးခြားသည့်အရိပ်အယောင်ကို ခံစားလိုက်ရသောအခါ ရီဖန်၏ အမူအရာ ပြောင်းလဲသွား၏။ ဟွမ်ထျန်းဂိုဏ်းသည် ထပ်မံစတင်လာပြန်ပြီဖြစ်သည်။
‘သူတို့က ငါတို့ကို နောက်ထပ်ဆယ်စုနှစ်အနည်းငယ်လောက်တောင် ငြိမ်းချမ်းရေး မပေးနိုင်ဘူးလားကွာ’
ကံကြမ္မာရွှေနဂါးသည်သည် ပေရာနှင့်ချီရှည်လျားသော ကံကြမ္မာစွမ်းအားကို ပိုမိုစုပ်ယူထားပြီးဖြစ်သည်။ အလျားပေတစ်ထောင်သို့ရောက်သည်နှင့် ကံကြမ္မာရွှေနဂါးကြီးသည် အပြည့်အ၀ဖွဲ့စည်းပြီးဖြစ်ကာ ကြယ်တစ်သောင်းကျွန်း၏ ကံကြမ္မာစွမ်းအားအလုံးစုံကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုလိုကာ ထိုအချိန်တွင် ဟွမ်ထျန်းဂိုဏ်းထံပြန်သွားမည်ဖြစ်သည်။ ကြယ်တစ်သောင်းကျွန်း၏ မကြာသေးမီကအဆင့်မြှင့်တင်မှုသည် ဟွမ်ထျန်းဂိုဏ်းအတွက် လုံးဝအကျိုးရှိမည်မှာသေချာ၏။
ရီရှောင်းရှောင်းသည် ကြယ်တစ်သောင်းနယ်မြေ၏ အပျက်အစီးများဆီသို့ အမြန်ပြေးသွားခဲ့သည်။ တခြားသူများနှင့်မတူဘဲ ကောင်းကင်ရှိ ကံကြမ္မာရွှေနဂါးကြီးကိုကြည့်ကာ သူမ၏မျက်လုံးများသည် တောက်ပနေ၏။ ကံကြမ္မာဧကရာဇ်မင်းဆက်ကို တည်ထောင်ခြင်း၏ အရေးအကြီးဆုံးအပိုင်းတွင် ကံကြမ္မာရွှေနဂါးကို ဖန်တီးခြင်းလည်း ပါဝင်သည်။ တာ့ယွီမျိုးနွယ်စု၏ ကံကြမ္မာသည် ကံကြမ္မာရွှေနဂါးကိုဖန်တီးရန် မလုံလောက်ချေ။ သူမရှေ့တွင် အသင့်လုပ်ထားသော တစ်ကောင်ကို မြင်လိုက်ရသဖြင့် ရီရှောင်းရှောင်းသည် စိတ်လှုပ်ရှားသွားသည်။
"အစ်ကို၊ ဒီကံကြမ္မာရွှေနဂါးလိုချင်တယ်!"
"မင်းလိုချင်တာလား။ ဘယ်လိုယူမလို့လဲ"
ရီဖန်၏ ပဟေဠိအကြည့်များအောက်တွင် ရီရှောင်းရှောင်းသည် လှုပ်ရှားလာသည်။ သူမသည် နေရာလွတ်ကိုဆုတ်ဖြဲကာ ကံကြမ္မာရွှေနဂါး၏အထက်တွင် ပေါ်လာသည်။ သူမသည် ကံကြမ္မာဧကရာဇ်မင်းဆက်ကိုဖန်တီးရန် နည်းလမ်းကိုကျင့်သုံးကာ ကံကြမ္မာရွှေနဂါးကို ထိုးဖောက်ဝင်ရောက်သည့် စည်းတံဆိပ်များကို ပစ်လွှတ်ခဲ့သည်။ ကံကြမ္မာရွှေနဂါးသည် အခြေခံအားဖြင့် အင်မော်တယ်လက်နက်အမျိုးအစားဖြစ်သည်။
အကယ်၍ သူမသည် ၎င်းကိုအနိုင်ယူနိုင်ခဲ့ပါက ကံကြမ္မာရွှေနဂါးကို သူ့ဆန္ဒအတိုင်း ဖြည့်ဆည်းနိုင်မည်ဖြစ်၏။ ရီရှောင်းရှောင်းထံမှ ထုတ်လွှတ်သော စည်းတံဆိပ်များနှင့်အတူ ကံကြမ္မာရွှေနဂါးထံမှ ရီရှောင်းရှောင်းနှင့် သက်ဆိုင်သည့် ရောင်ဝါတစ်ခု စတင်ထွက်ရှိလာသည်။
ကံကြမ္မာရွှေနဂါးမှ စုပ်ယူထားသော ကံကြမ္မာစွမ်းအားသည် ကြယ်တစ်သောင်းကျွန်းစုမှဖြစ်ကာ ကြယ်တစ်သောင်းကျွန်း၏ဇာတိဖြစ်သောကြောင့် ရီရှောင်းရှောင်းသည် ကံကြမ္မာရွှေနဂါးကို အနိုင်ယူရန်လွယ်ကူသည်။
ကြယ်တစ်သောင်းကျွန်းအပြင်ဘက်တွင် အရှင်ဟွမ်ထျန်းသည် ကံကြမ္မာရွှေနဂါးကို ထိန်းချုပ်ရန် တစ်စုံတစ်ဦးက ယှဉ်ပြိုင်နေသည်ကို ချက်ခြင်းသတိပြုမိကာ သူ၏မျက်နှာသည် ပြာသွားခဲ့သည်။ သူသည်အာဏာကို ပြန်လည်အားဖြည့်ရန်အတွက် အင်မော်တယ်စွမ်းအားများစွာကို အလျင်အမြန်သုံးလိူက်သည်။
အရှင်ဟွမ်ထျန်း လုပ်ဆောင်ပြီးနောက်၊ ရီရှောင်းရှောင်းသည် ကံကြမ္မာရွှေနဂါး၏ ခန္ဓာကိုယ်အတွင်း အရှင်ဟွမ်ထျန်းချန်ထားခဲ့သော နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခု သူမသည် ရန်ပြုခံရခြင်းမှ ကင်းဝေးစေရန်အတွက် ကံကြမ္မာရွှေနဂါးအတွင်းရှိ အရှင်ဟွမ်ထျန်း၏ အမှတ်အသားကို ဖျက်ပစ်ရတော့သည်။
သို့သော် အရှင်ဟွမ်ထျန်းသည် ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်ရှိ သန်မာသော ကျင့်ကြံသူဖြစ်ကာ ရီရှောင်းရှောင်းသည် အထွတ်အထိပ် အခြေတည်ဝိညာဉ်အဆင့် တွင်သာရှိသေးသည်။ တံဆိပ်စည်းကို ဖျက်ပစ်ရန်မှာ လွယ်ပါသည်။ ရလဒ်အနေနှင့် အခြေအနေသည် အကျပ်အတည်းများကြားတွင် ပြီးဆုံးသွား၏။
ကြယ်တစ်သောင်းကျွန်းမှ ကျင့်ကြံသူများသည် ရီရှောင်းရှောင်း၏ ရည်ရွယ်ချက်များကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ရန် မရွေးချယ်ခဲ့ပေ။ ကွန်ဖြူးရှန်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ကြယ်တစ်သောင်းကျွန်းမှလူများသည် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ရီရှောင်းရှောင်းပိုမိုရရှိစေလိုသည်။
အကယ်၍ ရီရှောင်းရှောင်းသည် ချီစွမ်းအားကံကြမ္မာရွှေနဂါးရယူပါက၊ ချီစွမ်းအားကံကြမ္မာသည် ကြယ်တစ်သောင်းကျွန်းတွင် တည်ရှိနေသည်ဟု ဆိုလိုသည်။ သန့်စင်ဗလာနယ်ကို ဖြတ်ကျော်ပြီးဖြစ်သော အရှင်ရှီထျန်းသည်
“အားလုံးပဲ၊ တာ့ယွီဧကရာဇ်ကိုကာကွယ်ပါ" ဟုမကြေငြာမီ တစ်ချက်ကြည့်လိုက်သည်။
ဤသို့ဖြင့် သူသည် ရီရှောင်းရှောင်းကို အကာအကွယ်ပေးရန် အစပြုလိုက်ကာ
လူအုပ်ကြားထဲမှ ကျင့်ကြံသူအများအပြားသည် ရီရှောင်းရှောင်းကို အကာအကွယ်ပေးရန် အလိုလို ထွက်လာကြသည်။
ဤလူများကြားတွင် ကွန်ဖြူးရှန်ဂိုဏ်းမှ လျှို့ဝှက်အေးဂျင့်များ ရှိမရှိကို မည်သူသိနိုင်မည်နည်း။ လူအုပ်ကြီးထဲရှိ လူများစွာသည် သူတို့၏မျက်လုံးများတွင် မည်းမှောင်သောအမူအရာများရှိနေကြသည်။ ရီရှောင်းရှောင်းကိုရပ်တန့်ရန် သတင်းရထားသော်လည်း ယခုတွင် အခွင့်အလမ်းမရှိတော့ပုံရသည်။
ကြယ်တစ်သောင်းကျွန်း၏ အမြင့်ဆုံးအဆင့်တိုက်ခိုက်ရေးစွမ်းအားရှင်များသည် ရီရှောင်းရှောင်း၏ဘက်တွင်ဖြစ်သည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူများအနေဖြင့် ၎င်းတို့သည် ခိုးဝင်တိုက်ခိုက်မှုကို မည်သို့စတင်နိုင်မည်နည်း။
မဟာမိတ်ရောင်ဝါအတွင်းမှ ရောင်ဝါများသည် တစ်ယောက်ပြီးတစ်ယောက်ရှေ့သို့တိုးလာခဲ့သည်။
"အားလုံးကူညီပါ!"
‘စူးစမ်းရှာဖွေခြင်းနည်းစနစ်၊ ကောင်းကင်ကိုဖုံးကွယ်ခြင်း’
အရှင်ဟွမ်ထျန်း၏ ချီစွမ်းအားကံကြမ္မာရွှေနဂါးထိန်းချုပ်မှုကို အားနည်းသွားစေနိုင်သည့် လျှို့ဝှက်နည်းပညာ အပိုအလွှာတစ်ခုပေါ်လာသည်။
"အားလုံးပဲ၊ ချီစွမ်းအားကံကြမ္မာကို ငါတို့တစ်ယောက်ချင်းစီတိုင်းပိုင်ဆိုင်တယ်။ အခုစုပ်ယူနိုင်မလားဆိုတာ ငါတို့မဆုံးဖြတ်နိုင်ပေမယ့် ဒီ ချီစွမ်းအားကံကြမ္မာကိုဘယ်ကို စီးဆင်းမလဲဆိုတာကို ဆုံးဖြတ်နိုင်တယ်၊ အားလုံးပဲ မင်းရဲ့ကိုယ်ပိုင်ရောင်ဝါကို ပုံဖော်ပြီး တာ့ယွီဧကရာဇ်ကိုကူညီပါ။"
ဤအခိုက်အတန့်တွင် လူတိုင်းသည် တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့၏စွမ်းအားကို ကြယ်တစ်သောင်းကျွန်းကြီး၏ အနာဂတ်အတွက်အပ်နှံကြသည်။ အခြားသော ဧကရာဇ်ကြီးနှစ်ခု၏ ဧကရာဇ်များပင်လျှင် ရီရှောင်းရှောင်းအတွက် အခက်အခဲများ မဖြစ်စေခဲ့ပေ။ ကြယ်တစ်သောင်းကျွန်းပိုင်သောအရာသည် အမြဲတမ်း ကြယ်တစ်သောင်းကျွန်းအတွက်သာဖြစ်ရမည်။ ရည်ရွယ်ချက်မတူညီမသူများပင်လျှင် မတူညီသည့် လုပ်ရပ်များကို မထုတ်ဖော်ရဲကြချေ။
ဤလုပ်ရပ်များကြောင့် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ထိန်းချုပ်မှုသည် ရီရှောင်းရှောင်းထံ ဦးတည်လာခဲ့သည်။ ရီရှောင်းရှောင်းသည် အခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်လိုက်ကာ တာ့ယွီဧကရာဇ်၏ ကျင့်ကြံသူများကို
“အားလုံးပဲ ချီစွမ်းအားဧကရာဇ်ပြုလုပ်ခြင်းကို စတင်ပြီးတော့ ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ဖမ်းလိုက်ပါ" ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
ရီရှောင်းရှောင်း၏ ဦးခေါင်းထက်တွင် ဧကရာဇ်တစ်ခု၏ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။ သေမျိုးများနှင့် အင်မော်တယ်ကျင့်ကြံသူများစွာရှိကြကာ ကြီးပွါးချမ်းသာပြီးနွေးထွေးကြ၏။
သူတို့သည် တစ်ခုခုကိုခံစားရပုံရသောကြောင့် ကောင်းကင်ကိုမော့ကြည့်ရန် ခေါင်းကိုမော့လိုက်သည်။ သူတို့၏ဧကရာဇ်သည် ၎င်းတို့၏ဧကရာဇ်အတွက် ကြိုးစားလုပ်ဆောင်နေသည်ဟု ခံစားခဲ့ရသည်။ သူတို့သည် သာမာန်လူများဖြစ်သော်လည်း ဧကရာဇ် ထွန်းကားရေးတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ကူညီလိုကြသည်။
သူတို့သည် မျက်လုံးမှိတ်ကာ ရီရှောင်းရှောင်းအတွက် တိတ်တဆိတ် ဆုတောင်းပေးကြသည်။ လူအားလုံး၏ နှလုံးသားသည် သူ့ဆီသို့ ဦးတည်နေသည်၊ သူ့အတွက် လူတိုင်းက ရင်တထိတ်ထိတ် ဖြစ်နေသည်။ လူတစ်ဦးတစ်ယောက်၏ အတွေးများသည် အားနည်းသော်လည်း သန်းနှင့်ချီသော၊ သန်းဆယ်ချီသော သို့မဟုတ် သန်းရာနှင့်ချီသော လူများ၏ ပေါင်းစပ်အတွေးများသည် ကြောက်မက်ဖွယ်ကောင်းသည်။
ဤသည်မှာ ချီစွမ်းအားကံကြမ္မာဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ဖြစ်ကာ လူအားလုံး၏စွမ်းအားကို စုစည်းပြီးနောက် ၎င်းသည်ကမ္ဘာပေါ်တွင် မယုံကြည်နိုင်သော အရာဖြစ်သည်။
ဤအခိုက်တွင် ရီရှောင်းရှောင်း၏အရှိန်အဟုန်သည် ချက်ချင်းဖြတ်ကျော်သွားသည်။ သာမန်လူများ၏ ပံ့ပိုးမှုဖြင့် ရီရှောင်းရှောင်းသည် စစ်မြေပြင်တွင် သန့်စင်ဗလာနယ်သို့ရောက်ရှိကာ တာ့ယွီချီစွမ်းအားမင်းဆက်ကို တည်ထောင်ခဲ့သည်။ သန့်စင်ဗလာနယ်၏ စွမ်းအားသည် ပေါက်ကွဲသွားပြီးနောက် ဤတစ်ကြိမ်တွင် အရှင်ဟွမ်ထျန်းသည် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ရီရှောင်းရှောင်းသန့်စင်လိုက်ခြင်းကို မတားဆီးနိုင်တော့ပေ။
“ချီးပဲ!"
အရှင်ဟွမ်ထျန်း၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းကွဲအက်သွားကာ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များသည် သူ့ထံမှ ထွက်ပေါ်လာသည်။ သူသည် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ထိန်းချုပ်ရန်ဆုံးရှုံးခဲ့ကာ ဆက်တိုက်ကျရှုံးမှုများသည် အရှင်ဟွမ်ထျန်းကို လက်ခံနိုင်ရန်ခက်ခဲစေခဲ့သည်။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ရှိ သူသည် အသေးစားကျင့်ကြံသူအုပ်စုတစ်စုထံ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့သည်။
"ဒါဆို မင်းအားလုံးကို ငါသတ်မယ်"
အရှင်ဟွမ်ထျန်းသည် ကျရှုံးသွားသော်လည်း ချီစွမ်းအားကံကြမ္မာ၏တစ်စိတ်တစ်ပိုင်းကို သူ့ကိုယ်ထဲတွင် ထည့်သွင်းနိုင်ခဲ့သည်ကို ကြယ်တစ်သောင်းကျွန်းမှ လူတွေသည်ပင် သတိမထားမိခဲ့ကြချေ။
ချီစွမ်းအားကံကြမ္မာငယ်လေးသည် ကွန်ဖြူးရှန်ဂိုဏ်းအတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း အရှင်ဟွမ်ထျန်းသည် ကောင်းကင်ဘုံ တာအိုစွမ်းအား၏ ဖိနှိပ်မှုကို မခံနိုင်တော့ပေ။
တစ်ချိန်တည်းတွင် ကြယ်တစ်သောင်းကျွန်း၏အပျက်အစီးများအတွင်း ရီရှောင်းရှောင်းသည် အခြားသောအင်မော်တယ်စွမ်းအားများကိုအသုံးချကာ နောက်ဆုံးတွင် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို အပြီးအပိုင်အနိုင်ယူခဲ့သည်။
ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုသည် ယခုအချိန်တွင် ပေကိုးရာ့ငါးဆယ်ရှည်လျားကာ ကြယ်သောင်းကျွန်းမှ ချီစွမ်းအားကံကြမ္မာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူထားသည်။ ကြယ်တစ်သောင်းကျွန်းတွင် ချီစွမ်းအားကံကြမ္မာရွှေနဂါးကို ပြန်လည်ထိန်းသိမ်းထားသော်လည်း ၎င်းသည် အလွန်အားနည်းသွားခဲ့သည်။ ချီစွမ်းအားကံကြမ္မာ၏ကောင်းချီးများမပါဘဲ ကြယ်တစ်သောင်းကျွန်းသည် ကျင့်ကြံသူများအတွက် သာမန်တိုက်ကြီးများနှင့်မခြားနားတော့ချေ။
‘အိုင်း!’
အရှင်ရှီထျန်းနှင့် အခြားသူများသည် စိတ်ပျက်လက်ပျက်သက်ပြင်းချကြသော်လည်း ဘာမှ မပြောကြပေ။ ထိုအချိန်တွင် ရီရှောင်းရှောင်းသည် ရှေ့သို့တိုးလာသည်။
"ပြန်ထုတ်လိုက်! ”
ရီရှောင်းရှောင်း၏လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီးနောက် ၎င်းသည် ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုညင်သာစွာညွှန်ပြလိုက်ရာ
၎င်းသည်လျင်မြန်စွာ လျော့ပါးသွားခဲ့သည်။
ပေကိုးရာ၊ ပေရှစ်ရာ…၊ နောက်ဆုံးတွင် ပေတစ်ရာ့တစ်၌ ရပ်တန့်သွားသည်။ ဤသည်မှာ ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုထိန်းသိမ်းရန် အနိမ့်ဆုံးလိုအပ်ချက်ဖြစ်သည်။ ထို့ထက်နိမ့်ကျပါက ၎င်းသည် ပျောက်ကွယ်သွားလိမ့်မည်။
ချီစွမ်းအားကံကြမ္မာရွှေနဂါးထံမှ ရီရှောင်းရှောင်းထုတ်ယူခဲ့သော ချီစွမ်းအားကံကြမ္မာသည် ကြယ်တစ်သောင်းကျွန်းနှင့် ကြယ်တစ်သောင်းကျွန်း၏ ကျင့်ကြံသူများထံ ပြန်လည်ရောက်ရှိလာကာ ကျင့်ကြံသူများသည် ၎င်းတို့၏ ချီစွမ်းအားကံကြမ္မာတိုးလာကြောင်း ရှင်းရှင်းလင်းလင်းခံစားရသည်။
နဂိုမူလအထွတ်အထိပ်သို့ ပြန်လည်ကောင်းမွန်ခြင်းမရှိသော်လည်း အနည်းဆုံးကိုးဆယ်ရာခိုင်နှုန်းကျော် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပျောက်ကွယ်သွားသော ချီစွမ်းအားကံကြမ္မာ၏ပြန်ရောက်လာမှုသည် ကြယ်တစ်သောင်းကျွန်း၏ ကျင့်ကြံသူများအတွက် အကြီးမားဆုံး အံ့အားသင့်စရာပင်။
လူတိုင်းသည် အရာအားလုံးကို အစပြုခဲ့သည့် ရီရှောင်းရှောင်းကို ကြည့်နေကြသည်။ ရီရှောင်းရှောင်းသည် ထိုသို့လုပ်ရန်မလိုချေ၊ ၎င်းတို့သည် ထိုသို့ပြုလုပ်နိုင်သည့်အကြောင်းကိုလည်းမသိထားခဲ့ပေ။ သို့သော် ရီရှောင်းရှောင်းက လုပ်ဆောင်ပေးခဲ့ကာ ၎င်းသည် သူတို့အတွက် ကျေနပ်စရာတစ်ခုဖြစ်သည်။
"တာ့ယွီဧကရာဇ်၊ အရှင့်ရဲ့ ကြီးကျယ်တဲ့ ကြင်နာမှုအတွက်၊ လီမိသားစုက ကျေးဇူးတင်ပါတယ်"
"ကျိုးမိသားစုကလည်း ကျေးဇူးတင်ပါတယ်"
"ဟွမ်ထျန်းဂိုဏ်းကလည်း ကျေးဇူးတင်ပါတယ်။"
ဂိုဏ်းပေါင်းစုံ၊ အင်အားစုများနှင့် မိသားစုတိုင်းသည် ၎င်းတို့၏ ကျေးဇူးတရားကို ဖော်ပြကြ၏။ ချီစွမ်းအားကံကြမ္မာတိုးလာခြင်းသည် ၎င်းတို့၏ အနာဂတ်များကို ပိုမိုတောက်ပစေသည်။ သူတို့သည် နယ်ပယ်ကိုဖြတ်ကျော်ပြီး အခြားဘဝတစ်ခုကို ဖြတ်သန်းနိုင်သည့်တိုင် ကျေးဇူးတင်ရန်လုံလောက်မည်မဟုတ်ချေ။
ရီရှောင်းရှောင်းသည် အနာဂတ်တွင် ဧကရာဇ်တစ်ခုထူထောင်မည်ဆိုပါက အင်အားကြီးမိသားစုများသည် ပဋိပက္ခများစွာ ဖြစ်ပွားမည်မဟုတ်ပေ။ ဧကရာဇ်တစ်ခုအတွင်း မိသားစုဂိုဏ်းခွဲများ မတည်ရှိနိုင်ဟု မည်သူပြောသနည်း။
နောက်ဆုံးတွင် အားလုံးပြီးသွားပြီဟု သက်ပြင်းချလိုက်ချိန်တွင် ကြောက်စရာကောင်းသည့် အရိပ်အယောင်တစ်ခုအမြန်ရောက်လာသည်။ ၎င်းသည် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ကျင့်ကြံသူလော။ ၎င်းသည် ကြယ်တစ်သောင်းကျွန်းအတွင်း မည်သို့ဝင်ရောက်နိုင်မည်နည်း။ ရုတ်တရက် အလှည့်အပြောင်းများသည် လူတိုင်းကို ရင်တုန်လာစေသည်။
ကွန်ဖြူးရှန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ရောက်ရှိလာလေပြီ။
………
အခန်း ၁၃၂ - ဒါက ပေါင်းစည်းခြင်းနယ်မြေအဆင့်ကို ရောက်နေတယ်ဆိုတာလား (၂/၃)
ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ကျင့်ကြံသူသည် အမှန်တကယ် စွမ်းအားကြီးသူဖြစ်သည်။ သူတို့၏ ရောင်ဝါတစ်ခုတည်းကပင် လက်ရှိကျင့်ကြံသူများကို အသက်ရှူကျပ်စေနိုင်သည်။ ယခုတွင် လုံးဝအင်အားကုန်ခမ်းသွားသော ချီစွမ်းအားကံကြမ္မာရွှေနဂါးကြီးကို မြင်လိုက်ရသည့်အခါတွက် အရှင်ဟွမ်ထျန်းသည် ပို၍ပင်ဒေါသထွက်လာသည်။ သူ၏ စည်းစိမ်ဥစ္စာအများစုကို အကုန်အကျခံထားရသည့် အကြံအစည်သည် လုံးဝပျက်သွားခဲ့သည်။
"ချီစွမ်းအားကံကြမ္မာရွှေနဂါးကြီးကိုယဉ်ပါးစေခဲ့တာ မင်းလား"
အရှင်ဟွမ်ထျန်းသည် အေးခဲသောမျက်လုံးများဖြင့် ဖီးနစ်စကတ်ကိုဝတ်ဆင်ထားသည့် ရီရှောင်းရှောင်းကို ကြည့်လိုက်သည်။
"ဒါဆို မင်းငါ့ကို လျော်ကြေးပေးဖို့ မင်းအသက်နဲ့ ပြန်ပေးဆပ်!"
အဆုံးမရှိဝိညာဉ်ရေးစွမ်းအားသည် ရီရှောင်းရှောင်း
ကို ဖမ်းရန်အတွက် ဧရာမလက်အသွင်သို့ ကူးပြောင်းသွားသည်။ ရီရှောင်းရှောင်း၏စွမ်းအားနယ်ပယ်သည် မတည်ငြိမ်သေးသော်လည်း သူမသည် ရင်ဆိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ချီစွမ်းအားကံကြမ္မာရွှေနဂါးကြီးသည် ရီရှောင်းရှောင်း၏ ခန္ဓာကိုယ်ကိုရစ်ပတ်ကာ စွမ်းအားများကိုကျရောက်လာစေသည်။
‘ယွင်ပဋိပက္ခစွမ်းအား၊ ငါ့အတွက် ပိတ်ဆို့ပေးပါ’
ကိုယ်ခန္ဓာပေါင်းစည်းမှုနယ်ပယ်ကျင့်ကြံသူကို ရင်ဆိုင်ရာတွင် စုစည်းထားသော ယွင်ပဋိပက္ခစွမ်းအားသည်ပင် ခုခံနိုင်စွမ်းမရှိပေ။ ရီရှောင်းရှောင်း၏ ခန္ဓာကိုယ်သည် မိုင်တစ်ရာအကွာသို့ လွင့်ပျံသွားခဲ့သည်။ ချီစွမ်းအားကံကြမ္မာရွှေနဂါးကြီး၏ခန္ဓာကိုယ်သည် အက်ကွဲစပြုလာပြီးကာ နင်းချေလုနီးပါးဖြစ်သွားသည်။
ရီဖန်သည် ချက်ချင်းတုံ့ပြန်လိုက်ကာ ကူညီရန်လှမ်းလိုက်သော်လည်း
အခြားအရိပ်တစ်ခုသည် သူ့ထက်လျင်မြန်စွာ ရွေ့လျားသွားကာ ရီရှောင်းရှောင်းကို ဖမ်းလိုက်သည်။
ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေရှိ နောက်ထပ်ကျင့်ကြံသူတစ်ဦး၏ရောင်ဝါထွက်ပေါ်လာသည်။ ထို့အပြင် ထိုရောင်ဝါသည် အရှင်ဟွမ်ထျန်းထက်ပင် ပိုပြင်းထန်၏။
"မင်းက ငါ့မိန်းမကို အနိုင်ကျင့်ရဲတယ်၊ တော်တော် သတ္တိရှိသလား”
ကျင့်ကြံသူတုန်းဟွမ်သည် သူမ၏ဒဏ်ရာကို တည်ငြိမ်စေရန် သူ၏ဝိညာဉ်စွမ်းအားကို ရီရှောင်းရှောင်းထံ ပေးပို့ပြီးနောက် ရီဖန်ကို ညင်သာစွာ လက်ပြလိုက်သည်။
“ခမည်းခမက်၊ ငါအတွက် ရှောင်းရှောင်းကို ဂရုစိုက်ပေးပါ၊ ဒီအဘိုးကြီးနဲ့ ပတ်သက်ပြီး ငါရှင်းပါ့မယ်။"
ယခုအချိန်တွင် ရီဖန်သည် စကားလုံးများပျောက်ဆုံးလျက်ရှိသည်။ တုန်းဟွမ်သည် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟူ၍ တစ်ခါမှစိတ်ကူးမယဉ်ဖူးချေ။
‘နေဦး၊ ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်အဆင့်၊ တုန်းဟွမ်၊ အရှေ့ဧကရာဇ်၊ အရှေ့ဧကရာဇ်မြို့’
အရာအားလုံးသည် ရုတ်တရက် အဓိပ္ပါယ်ရှိသွားသည်။ ထို တုန်းဟွမ်သည် အရှေ့ဘက်ဧကရာဇ်မြို့တော်သခင်၊ အရှေ့ဧကရာဇ်ဆိုသည်မှာ ထင်ရှားပါ၏။ အရှေ့ဘက်ဧကရာဇ်သည် အရှင်ဟွမ်ထျန်းရှေ့တွင် ပေါ်လာကာ တောက်ပသောနာရီကြီးသည် သူ၏ခေါင်းထက်မှ ထွက်ပေါ်လာသည်။ ထို့နောက် မည်သည့်လှုံ့ဆော်မှုမှမရှိဘဲနေရာလွတ်ကို ခွဲထုတ်ပစ်လိုက်သည်။
‘အဋ္ဌမအဆင့်အင်မော်တယ်လက်နက်၊ အရှေ့ဧကရာဇ်နာရီ’
ဤအဋ္ဌမအဆင့်အင်မော်တယ်လက်နက်တွင် ကြီးမြတ်သောတာအိုစွမ်းအားတစ်ခုထက်မက ရေးထိုးထားသည်။ အရှေ့ဧကရာဇ်နာရီ၏အသွင်အပြင်သည် ကောင်းကင်နှင့်မြေကြီး၏အရောင်ကို ပြောင်းလဲစေသည်။ သခင်ဟွမ်ထျန်းသည် သူ၏သတ္တမအဆင့် အင်မော်တယ်လက်နက်ဖြင့် တွန်းလှန်ရန် ကြိုးပမ်းသော်လည်း ချက်ချင်းပင်ဖိနှိပ်ခံလိုက်ရသည်၌
"မင်းက ဘယ်သူလဲ"
အရှင်ဟွမ်ထျန်းသည် မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ အရှေ့ဘက်မျှခြေနတ်ဘုရားပြည်နယ်သည် ကျယ်ပြောသော်လည်း အနီးနားတွင် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ကျင့်ကြံသူ အများအပြားမရှိချေ။ ထို့အပြင် အဋ္ဌမအဆင့် အင်မော်တယ်လက်နက်ကိုလည်း ပိုင်ဆိုင်ထားခြင်းဖြင့် ၎င်းတို့သည် လူမသိသူမသိပုဂ္ဂိုလ်မဖြစ်နိုင်ချေ။
သို့သော် သူသည်အရှေ့ဧကရာဇ်ကိုတစ်ခါမျှ မတွေ့ဖူးသေးသောကြောင့် ၎င်းသည်လည်း မဖြစ်နိုင်ပေ။ အရှေ့ဧကရာဇ်သည် တုံ့ပြန်ခြင်းမရှိဘဲ ၎င်းအစား ဧကရာဇ်နာရီကို ဆက်လက်အသက်သွင်းကာ ကြီးမြတ်သောတာအိုရွှေစွမ်းအား၊ ကြီးမြတ်သောတာအိုမီးတောက်နှင့် ကြီးမြတ်သောတာအိုနေစွမ်းအားကို အရှင်ဟွမ်ထျန်းထံသို့ လွှဲရိုက်လိုက်သည်။
ရီရှောင်းရှောင်းကို အနိုင်ကျင့်ဝံ့သူတိုင်းသည် အရှေ့ဧကရာဇ်၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခြင်းဖြစ်၏။ နှစ်ထောင်ချီကြာခဲ့ပြီးနောက်၊ နောက်ဆုံးတွင် သူ့ထံ၌ ချစ်ရသည့် အဖော်တစ်ယောက်ရခဲ့သည်။ သူမကို အနိုင်ကျင့်သည့်သူကို မည်သို့သည်းခံနိုင်မည်နည်း။
အကယ်၍ အရှေ့ဘက်ဧကရာဇ်မြို့၏ ကျင့်ကြံသူတစ်ဦးရှိနေပါက အရှေ့ဧကရာဇ်သည် သတ်ရန်ပြင်ဆင်နေပြီဟု ၎င်းတို့သဘောပေါက်သွားမည်ဖြစ်သည်။ အရှင်ဟွမ်ထျန်းသည် မတည်ငြိမ်နိုင်တော့ဘဲ ဆံပင်များ ရှုပ်ပွကာလုံးဝသနားဖွယ်ဖြစ်နေ၍။ ယနေ့တွင် သည်လူများသည် သူ့ကိုလွှတ်ပေးရန် စိတ်ကူးမရှိကြောင်း ဟွမ်ထျန်းသိလိုက်သည်။
သူ့မျက်လုံးထဲတွင် အမုန်းတရားအရိပ်အမြွက်ပေါ်လာကာ ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူအများအပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရှင်ဟွမ်ထျန်းသည် သူ၏အင်မော်တယ်လက်နက်ကို ဖောက်ခွဲရန် ရွေးချယ်ခဲ့သည်။ သတ္တမအဆင့်အင်မော်တယ်လက်နက်တစ်ခု မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြင့် နောက်ဆုံးတွင် အရှေ့ဧကရာဇ်နာရီအတွင်း လမ်းကြောင်းကိုဖွင့်လိုက်သည်။
အရှေ့ဧကရာဇ်သည် အရှင်ဟွမ်ထျန်းထက် စွမ်းအားကြီးသော်လည်း သတ္တမအဆင့် အင်မော်တယ်လက်နက်၏ဖျက်ဆီးခြင်းကို မတတ်နိုင်ချေ။ ယင်းအစား သူသည် လက်ရှိကျင့်ကြံသူများကိုကာကွယ်ရန်အတွက် အရှေ့ဧကရာဇ်နာရီကို အသက်သွင်းလိုက်သည်။
၎င်းသည် အရှင်ဟွမ်ထျန်းကို ထွက်ပြေးရန် အခွင့်အရေးရစေခဲ့သောကြောင့် နောက်ပြန်မလှည့်ဘဲ ပြေးတော့သည်။ နေရာကူးပြောင်းမှုအနည်းငယ်ကြာပြီးနောက် အရှင်ဟွမ်ထျန်းသည် ကြယ်တစ်သောင်းကျွန်းမှ ထွက်ခွာသွားခဲ့သည်။ ရပ်တန့်ခြင်းမရှိဘဲ သူသည် ကွန်ဖြူးရှန်ဂိုဏ်းဆီသို့ တောက်လျှောက်ပြေးသွားခဲ့သည်။ ကွန်ဖြူးရှန်ဂိုဏ်း၏ ကျင့်ကြံသူများသည် ရှုပ်ပွနေသော အရှင်ဟွမ်ထျန်းကို ကြည့်ကာအံ့ဩနေသည်။
သူသည် သူ၏ဂူအိမ်သို့ ပြန်သွားကာ ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို ဖွင့်လိုက်သည့်အခါမှသာ နောက်ဆုံးတွင် ဘေးကင်းမှုကို ခံစားရသည်။ သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူတစ်ဦးရှိနေပြီဖြစ်သည့် ကြယ်တစ်သောင်းကျွန်းသည် အရှင်ဟွမ်ထျန်းကို စိတ်မသက်မသာဖြစ်စေခဲ့၏။ ယခုတွင် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ကျင့်ကြံသူတစ်ဦး နောက်ထပ်ပေါ်လာခြင်းက သူ့ကို စိတ်ပျက်အားငယ်သွားစေသည်။
သူသည် အဆင့်မြှင့်တင်ခြင်းမပြီးမချင်း ကြယ်တစ်သောင်းကျွန်းကို မည်သို့မျှလုပ်နိုင်တော့မည်မဟုတ်ချေ။ သို့သော် အရှင်ဟွမ်ထျန်း စိုးရိမ်နေသည့်အရာမှာ ကြယ်တစ်ေသောင်းကျွန်းသည် ကွန်ဖြူးရှန်ဂိုဏ်းကို အလွတ်ပေးမည်လောဟူ၍ပင်။ အရှေ့ဧကရာဇ်၏အင်အားသည် ကြီးမားသောဖိအားကို ဖြစ်ပေါ်စေခဲ့သည်။
"မဟုတ်ဘူး၊ ငါဒီမှာထိုင်ပြီး သေတာကိုစောင့်လို့မရဘူး"
……..
"ခမည်းခမက်ရယ်၊ ငါ့ကို အဲလိုကြီးမကြည့်ပါနဲ့"
ရီဖန်၏ စူးစိုက်သောအကြည့်ကို အရှေ့ပိုင်းဧကရာဇ်သည် သည်းမခံနိုင်တော့ချေ။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းက ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်အဆင့်ကျင့်ကြံသူဖြစ်နေတာကို ငါတကယ်သည်းမခံနိုင်ဘူးကွာ"
ရီဖန်သည် ရက်စက်စွာ ပြောလိုက်သည်။ အဓိကအားဖြင့် အရှေ့ဧကရာဇ်သည် သူ့ကိုအရူးတစ်ယောက်လို ဆက်ဆံသည်ဟု ခံစားလာရသည်။ အရှေ့ဘက်ဧကရာဇ်၊ တုန်းဟွမ်သည် မျိုးရိုးနာမည် စကားလုံးများကိုကစားရင်း သူ့ကိုနှပ်ချသွားသည်မဟုတ်လော။
ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့် ကျင့်ကြံသူ၏အထောက်အထားနှင့် ပတ်သက်၍ ရီဖန်သည် ဖိအားများလွန်းသည်ဟု မခံစားရပေ။ အရှေ့ဧကရာဇ်သည် သူ၏ခမည်းခမက်ဖြစ်သောကြောင့် ရီမိသားစု၏အစိတ်အပိုင်းဖြစ်သည်ကို မမေ့သင့်ပေ။
အရှင်ဟွမ်ထျန်း၏ ရုတ်တရက်သရုပ်မှန်ပေါ်လာခြင်းကြောင့် မဟုတ်ပါက ရီဖန်သည် ငြိမ်းချမ်းစွာဖြင့် ရက်အနည်းငယ်အတွင်း အရှေ့ဧကရာဇ်၏အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ သို့သော် ရီဖန်အတွက် ၎င်းသည် မမျှော်လင့်ထားသော အံ့ဩဖွယ်ရာကောင်းသည်။
မူလက ရီဖန်သည် အနှစ်တစ်ရာမတိုင်မီ ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်မြေသို့ ချိုးဖျက်နိုင်ခဲ့လျှင် လုံလောက်မည်ဟု ထင်ခဲ့သော်လည်း ယခုတွင်သူသည် အချိန်စောစွာပြီးမြောက်နိုင်လိမ့်မည်ထင်သည်။ ကံမကောင်းစွာဖြင့် ထိုသို့သောကိစ္စသည် ထူးခြား၏။
သားမက်ဖြစ်ချင်သည့် သန်မာသောကျင့်ကြံသူမျိုးကို မည်သည့်နေရာတွင်ရှာတွေ့မည်နည်း။
နောက်ဆုံးတွင် သဘောတူညီချက်များ၊ အရှေ့ဘက်ဧကရာဇ်မြို့တော်ကို စီမံခန့်ခွဲပိုင်ခွင့်ကို စွန့်လွှတ်လိုက်သောအခါမှသာ ရီရှောင်းရှောင်းသည် ထိုညတွင် အရှေ့ဧကရာဇ်ကို သူမ၏အိပ်ရာပေါ်တွင် အိပ်ခွင့်ပြုရန် သဘောတူခဲ့သည်။
အရှေ့ဧကရာဇ်သည် အရှေ့ဧကရာဇ်မြို့တော်ကို စီမံခန့်ခွဲရန် လွှဲပြောင်းပေးခြင်းကို ကန့်ကွက်ခြင်းမရှိချေ။ သင့်တော်သည့်သူရှိပါက စီမံခန့်ခွဲပိုင်ခွင့်ကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ရီမိသားစုကို ယခုပေးလိုက်ခြင်းသည် သူ့လူများထံသို့ ပေးလိုက်ခြင်းပင်ဖြစ်သည့်အတွက် အရှုံးမရှိချေ။
ရီမိသားစုမှ ရရှိသောအကျိုးကျေးဇူးများသည် အရှေ့ဧကရာဇ်မြို့တော်ထက် များစွာတန်ဖိုးရှိ၏။ ထို့အပြင် ရီဖန်သည် သူ့ကို ဥာဏ်အလင်းလက်ဖက်ခြောက်အရွက် ၃၀၀ ပေးမည်ဟု ကတိပေးခဲ့သည်။ နောက်ဆုံးတွင် သူသောက်ရန်အတွက် တုံ့ဆိုင်းနေစရာ မလိုတော့ပေ။
ရီမိသားစုအဖွဲ့ဝင်များ ထွက်ခွာသွားသည်ကိုကြည့်ရင်း ကြယ်တစ်သောင်းကျွန်းပေါ်ရှိ ကျင့်ကြံသူများသည် သက်ပြင်းမချဘဲမနေနိုင်ချေ။ အထူးသဖြင့် သန့်စင်ဗလာနယ်အဆင့်ရောက်သွားသည့်ကျင့်ကြံသူများသည် ရီဖန်နှင့် ကွာဟချက်ကိုချုံ့ထားနိုင်ပြီဟု မူလက ထင်ခဲ့ကြသော်လည်း ယခုတွင် ကွာဟချက်သည်မကျုံ့သွားရုံသာမက နောက်ကျကျန်ခဲ့ပုံပေါ်သည်။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေ၊ ယခင်က သူတို့သည် ၎င်းကို တွေးဝံ့မည်မဟုတ်ချေ။
"ကျွန်တော်က တာ့ယွီဧကရာဇ်မျိုးဆက်ကိုဝင်ဖို့စီစဉ်ထားတယ်။"
"ကျွန်မတို့ လီမိသားစုကလဲ ဒီလိုပဲလုပ်ဖို့ စီစဉ်ထားပါတယ်"
အရှေ့ဧကရာဇ်သည် သူ၏စွမ်းအားကိုထုတ်ဖော်ခဲ့ခြင်းဖြင့် ယခုအခါတွင် ကြယ်တစ်သောင်းကျွန်း၏အနာဂတ်သည် ရီမိသားစု၏လက်ထဲတွင်ရှိကြောင်း လူတိုင်းသိကြသည်။
ထို့အပြင် တာ့ယွီဧကရာဇ်မင်းဆက်သည် တိမ်မြုပ်နေတော့မည် မဟုတ်တော့ဘဲ ၎င်းသည် သေချာပေါက် ချဲ့ထွင်လာမည်ဖြစ်သည်။ ဤအချက်ကြောင့် တာ့ယွီဧကရာဇ်မင်းဆက်ကို စတင်လှုပ်ရှားရန် အဘယ်ကြောင့်စောင့်ဆိုင်းနေရမည်နည်း။
ထို့အပြင် မကြာသေးမီနှစ်များအတွင်း အခြားမိသားစုများအပေါ်ထားရှိသည့် ရီမိသားစု၏သဘောထားကိုအခြေခံ၍ တာ့ယွီဧကရာဇ်မင်းဆက်သို့ဝင်ရောက်ခြင်းသည် ၎င်းတို့၏အဓိကမိသားစုများအတွက်လည်း အဆင်ပြေမည်ဖြစ်သည်။
မြောက်ဘက်နယ်မြေ၏ မူလဧကရာဇ်မင်းဆက်နှစ်ဆက်သည် ၎င်းတို့ အသီးသီးထံတွင် ဧကရာဇ်တရားရုံးအတွင်း မိသားစုဂိုဏ်းခွဲများ ထားရှိခဲ့ကြသည်။
သို့သော် ဤဧကရာဇ်မင်းဆက်နှစ်ဆက်သည်လည်း မည်သို့ရှိမည်နည်း။ အားလုံးသည် သန့်စင်ခြင်းဗလာနယ်အဆင့်ကျင့်ကြံသူများဖြစ်သည့် ဧကရာဇ်မင်းဆက်နှစ်ခုမှ အကြီးအကဲများဆီသို့ လှည့်သွားကြသည်။
"မင်းတို့ ငါတို့ကို ဘာကြည့်နေတာလဲ။ မင်းတို့ဝင်နိုင်ရင် ငါတို့ကရော ဘာလို့မရမှာလဲ၊ ငါတို့က ဗိုလ်ချုပ်ကြီးတွေတောင် ဖြစ်နိုင်တယ်ကွ”
လေစွမ်းအားကံကြမ္မာဧကရာဇ်မျိုးဆက်၏ အရာရှိများဖြစ်သည်။ ၎င်းတို့သည် တာ့ယွီဧကရာဇ်မင်းဆက်တွင် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်လျှင် ၎င်းတို့၏ အဆင့်အတန်းသည် ယခုလက်ရှိထက်ပင် ပိုကောင်းလာပေမည်။
တာ့ယွီဧကရာဇ်မင်းဆက်သည် တက်ကြွစွာ မချဲ့ထွင်နိုင်လျှင်ပင် အင်အားစုတစ်ခုပြီးတစ်ခု စိတ်လိုလက်ရ ပေါင်းစည်းလာသည့်အတွက် တာ့ယွီဧကရာဇ်မင်းဆက်၏အင်အားသည် တဖြည်းဖြည်းတိုးလာသည်။ အခြားဧကရာဇ်မင်းဆက်များ၏ အပိုင်းအခြားနယ်မြေအတွင်းရှိ ဂိုဏ်းခွဲများသို့မဟုတ် မိသားစုများအနေဖြင့် ၎င်းတို့အားလုံးသည် လေစွမ်းအားကံကြမ္မာမှ သယ်ဆောင်လာသည့် ကံဇာတာကိုခံစားမိကြ၏။ နိုင်ငံတော်သည် အေးချမ်းလျက် သာယာသောရာသီဥတုကို ခံစားကြရသည်။ အကျိုးကျေးဇူးများကို နားလည်လာသောအခါ ဤမိသားစုအင်အားစုများသည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။
တာ့ယွီဧကရာဇ်မင်းဆက်နှင့် တော်တော်ဝေးကွာသော အချို့သောအင်အားစုများသည် တာ့ယွီဧကရာဇ်မင်းဆက်၏ ချဲ့ထွင်မှုအရှိန်သည်အနည်းငယ် ပိုမြန်နိုင်မည်ဟု မျှော်လင့်ထားကြသည်။ ထိုအချိန်တွင် ရီဖန်သည် တာ့ယွီဧကရာဇ်မင်းဆက်အတွင်း ကျင်လည်ခဲ့သည်။
ရီဖန်သည် မည်သည့်စွမ်းအားကိုမှ လုံးဝအသုံးမပြုဘဲ တစ်လကျော်ကြာအောင် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ ဤလအတွင်း ရီဖန်သည် သေမျိုးများကြားတွင် ၎င်းတို့၏နေ့စဉ်အစားအစာများနှင့် ရာသီလေးခုကို တွေ့ကြုံခဲ့ရကာ စိတ်ကျေနပ်မှုရခဲ့သည်။
ဝိညာဉ်ပစ္စည်းတစ်ခုအတွက် ရန်ဖြစ်နေသော ကျင့်ကြံသူများကိုလည်း တွေ့မြင်ခဲ့ရကာ
လူ့ဘဝ၏ အမျိုးမျိုးသောအခြေအနေများကို သာမန်အတွေးဖြင့် နားမလည်နိုင်ပေ။ သူတို့ကို ကိုယ်တိုင်မြင်မှသာလျှင် အမှန်တကယ်နားလည်ပြီး စာနာနိုင်မည်ဖြစ်သည်။ ရီဖန်၏စိတ်ဓာတ်သည် ဆက်လက်မြင့်မားလာသည်။
ကျားသစ်အုပ်စုတစ်စုသည် ဒိုးတစ်ကောင်ကို အမဲလိုက်ကြသည်။ သေဆုံးတော့မည်မှန်းသိနေပုံးသည့် ဒိုးသည် ဒူးထောက်ကာ ၎င်း၏ကလေး အသက်ရှင်နိုင်မည်ဟု မျှော်လင့်လျက်မေတ္တာရပ်ခံခဲ့သည်။ ထိုအချိန်တွင် ရီဖန်သည် ကြားဝင်စွက်ဖက်ကာ ဒိုးလေးကို ကယ်တင်ချင်ခဲ့သော်လည်း ချုပ်တည်းထားခဲ့သည်။ သူ၏ဝင်ရောက်စွက်ဖက်မှုသည် ကျားသစ်များအတွက် မတရားမည်မဟုတ်လော။
ရီဖန်သည် သူ့ကိုယ်သူ ရည်ရွယ်ချက်ရှိရှိ တားမြစ်ထားသော်လည်း သူ့နှလုံးသားသည် မငြိမ်မသက်ဖြစ်နေသည်။ ထိုအချိန်တွက် ရီဖန်သည် ရုတ်တရက် သဘောပေါက်သွား၏။ သင့်လျော်သော ရှင်သန်ခြင်းအယူအဆသည် သောက်ရေးမပါသောအရာများဖြစ်သည်။ ကျင့်ကြံခြင်းသည်လည်း မွေးရာပါကောင်းကင်ဘုံကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုဖြစ်သည်။ အဆင်မပြေပါက ၎င်းတို့ကို ကယ်တင်နိုင်သည်။ စည်းမျဉ်းစည်းကမ်းများဖြင့် အဘယ်ကြောင့်ကန့်သတ်သင့်သနည်း။
သင့်နှလုံးသားကို လိုက်နာကာ အတွေးများကို စီးဆင်းပါစေ။ ရီဖန်၏လက်လှုပ်ရှားမှုဖြင့် ကျားသစ်များကို မိုင်ပေါင်းများစွာအဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။ ထို့နောက် ရီဖန်သည် ကျင့်ကြံရေးနည်းစနစ်များကို သင်ကြားပေးကာ ၎င်းက်ို အသက်ကယ်ဆေးလုံးများပေးထားခဲ့ပြီး ဒိုး၏ကံကြမ္မာကို လုံးဝပြောင်းလဲစေခဲ့သည်။
၎င်းတို့အားလုံးပြီးသွားသည့်အခါ ရီဖန်သည် ရယ်မောလိုက်သည်။ သန်မာလာခြင်းသည် ကိုယ့်ကံကြမ္မာကို ပြောင်းလဲရန်သာမက ကိုယ်အလေးထားသည့်အရာများ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်လော။ ထိုအချိန်တွင် ရီဖန် နားလည်သွား၏။ ပထမအထွတ်အထိပ်အဆင့်တွင် ပိတ်မိနေသော သူ၏ နှလုံးစွမ်းအားသည်ချက်ချင်း ပေါက်ထွက်လာကာ
ဒုတိယအဆင့်၊ တတိယအဆင့်သို့ ကျော်ဖြတ်သွားသည်။
ရီဖန်သည် သဘာဝတာအိုစွမ်းအားကို ဖြတ်ကျော်ရန် ရွေးချယ်ခဲ့ပါက အများစုသည် ဒုတိယအဆင့်သို့သာ ရောက်နိုင်မည်ဖြစ်သည်။ သို့သော် ရီဖန်သည် သူ့ကိုယ်ပိုင်တာအိုစွမ်းအားကိုရွေးချယ်ခဲ့ပြီး သူ၏နှလုံးသားသည်တောက်ပလာကာ ကမ္ဘာ့မှတ်တမ်း၏ နှလုံးစွမ်းအားတတိယအဆင့်သို့ ချက်ချင်းရောက်သွားခဲ့သည်။
ရီဖန်သည် သူ့စိတ်ထဲတွင် ကမ္ဘာ့မှတ်တမ်းကို မေ့ထားရန်ရွေးချယ်ခဲ့သည်။ သေမျိုးလောက၏လမ်းကြောင်းသည် သူ့အတွက် မသင့်တော်တော့ချေ။ သုံးရက်အကြာတွင် ရီဖန်သည်အသစ်စက်စက် နှလုံးစွမ်းအားနည်းစနစ်ကို ဖန်တီးခဲ့သည်။ ရီဖန်သည် ‘တာ့ကျစ်ကျိုင်’ ဟု အမည်ပေးကာ လွတ်လပ်ခြင်း တာအိုစွမ်းအားအဖြစ် သတ်မှတ်ခဲ့သည်။
လွတ်လပ်ခြင်းတာအိုစွမ်းအားတွင် အဆင့်သုံးဆင့်ပါရှိကာ အဆင့်တစ်ခုစီသည် နှလုံးစွမ်းအားအဆင့်တစ်ခုစီကို ကိုယ်စားပြုသည်။ ရီဖန်၏ နှလုံးစွမ်းအားသည် အနာဂတ်တွင် ဖြတ်ကျော်သွားသည့်အခါ ၎င်းကိုလည်း ဆက်လက်ထည့်သွင်းနိုင်သည်။
"အခု ငါ့ရဲ့နှလုံးစွမ်းအား အဆင့်တက်သွားတော့၊ ကျင့်ကြံရေးအဆင့်ကိုလဲ ကျော်ဖြတ်နိုင်တော့မှာပဲ!"
ရီဖန်သည် လွန်ခဲ့သည့်အတော်ကြာကတည်းက ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေသို့ ဖြတ်ကျော်သွားနိုင်ခဲ့သော်ငြားလည်း သူထိုသို့ပြုလုပ်ရန် အလျင်စလိုမရှိခဲ့ပေ။ သူ့တွင်စနစ်ရှိသော်လည်း ရီဖန်သည် မလုံလောက်သောစိတ်စွမ်းအားကြောင့် နတ်ဆိုးကျင့်ကြံခြင်းသို့ ရောက်မည်မဟုတ်ချေ။ သို့သော် ရီဖန်သည် ပြီးပြည့်စုံရန်အတွက် ကြိုးစားချင်နေဆဲပင်။ စိတ်စွမ်းအားကို အောင်မြင်ပြီးနောက် ကျင့်ကြံရေးအောင်မြင်မှုလိုက်လာမည်ဖြစ်သည်။
"စနစ်၊ ပေါင်းစည်းလိုက်ပါ!"
ကိုယ်ခန္ဓာပေါင်းစည်းခြင်း။
စိတ်ဝိညာဉ်သည် မူရင်းခန္ဓာအတွင်းသို့ ပေါင်းစပ်သွားကာ ရီဖန်၏ခန္ဓာကိုယ်အတွင်း၌ ကြီးမြတ်သောတာအိုစွမ်းအားအမှတ်အသားကို ရေးထွင်းထားသည်။ လှုပ်ရှားမှုတိုင်းတွင် ၎င်းသည် ကြီးမြတ်သောတာအိုစွမ်းအား၏ အနှစ်သာရကို သယ်ဆောင်လာသည်။
ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်ရှိ သက်တမ်းသည် အနှစ်နှစ်သောင်းအထိရှိကာ အရှေ့ဧကရာဇ်၏စွမ်းအားကိုပါ ပေါင်းစပ်ထားပြီး ရီဖန်သည် အလယ်အလတ် ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ခုန်တက်သွားခဲ့သည်။ နှလုံးစွမ်းအားတတိယအဆင့်သည်လည်း ရီဖန်၏စွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်စေခဲ့သည်။
အသက်ရှုထုတ်လိုက်ပြီးနောက် ရီဖန်သည် ရီမိသားစုမှ ကျင့်ကြံသူများထံ လှည့်ကြည့်လိုက်သည်။ ရီမိသားစုတွင် သန့်စင်ဗလာနယ်အဆင့် ကျင့်ကြံသူငါးဦးရှိနေပြီဖြစ်သည်။ သို့သော် ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်တွင် မရောက်ရှိကြသေးချေ။ ကံမကောင်းစွာဖြင့် အရှေ့ဧကရာဇ်သည် ရီမိသားစုသို့မ၀င်မီကပင် ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။ မဟုတ်ပါက ရေရှည်လုပ်ငန်းကို တိုက်ရိုက်ပြီးမြောက်နိုင်မည်ဖြစ်၏၌
ကြယ်တစ်သောင်းကျွန်းအဆင့်မြှင့်တင်မှုမပြီးမီ အနှစ်လေးဆယ်ကျော် ကျန်နေသေးသည်။ ထိုအချိန်တွင် ခြိမ်းခြောက်မှုသည် ကွန်ဖြူးရှန်ဂိုဏ်းတစ်ခုတည်းမဟုတ်တော့ပေ။ ရီမိသားစု၏ ကျင့်ကြံသူများသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် လိုအပ်နေသေးသည်။
ရီဖန်မိသားစု၏ အဓိကမျိုးနွယ်စုသည်လည်း အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေတွင် ရှိနေပုံရသည်ကိုသတိရမိသည်။ ထိုအချိန်တွင် ၎င်းတို့နှင့်တွေ့ရန်ပင် အခွင့်အရေးရှိနိုင်သည်။ ထိုအချိန်တွင် ရီမိသားစု၏အင်အားသို့မဟုတ် ရီမျိုးနွယ်စု၏အင်အားက ပိုကြီးမည်လောဟု တွေးမိသည်။
ရီဖန်သည် သူ၏အောင်မြင်မှုအကြောင်း ဘယ်သူ့ကိုမှ မပြောပြခဲ့ချေ။ တာ့ယွီဧကရာဇ်မင်းဆက်၏နယ်မြေသည် ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ကြယ်တစ်သောင်းကျွန်းရှိ အခြားသော အင်အားစုများအတွက် ရီရှောင်းရှောင်းသည် အလွန်အမင်း ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
မြောက်ဘက်နယ်မြေမှ ဧကရာဇ်မင်းဆက်နှစ်ဆက်၏ ပေါင်းစည်းမှုသည် တာ့ယွီဧကရာဇ်မင်းဆက်၏ အင်အားကို သိသိသာသာ တိုးမြင့်လာစေခဲ့၏။ သန့်စင်ဗလာနယ်အဆင့်ကျင့်ကြံသူနှစ်ဦးသည် တာ့ဉွီဧကရာဇ်မင်းဆက်၏ အဓိကစစ်တပ်နှစ်ခုကို ထိန်းချုပ်ထားသည့် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်လာခဲ့သည်။
ရီရှောင်းရှောင်းသည် မင်းဆက်ကို သစ္စာဖောက်မည်ကို မကြောက်ပေ။ နောက်ဆုံးတွင် တာ့ယွီဧကရာဇ်မင်းဆက်၏ အကြီးမားဆုံးပံ့ပိုးမှုမှာ ရီဖန်ဖြစ်သည်။ ရီဖန်ရှိနေသရွေ့ တာ့ယွီဧကရာဇ်မင်းဆက်အတွက် မထင်မှတ်သည့်အရာများ မည်သို့မှဖြစ်လာမည်မဟုတ်ပေ။
ရီရှောင်းရှောင်းသည် တာ့ယွီဧကရာဇ်မင်းဆက်၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်းမရှိဘဲ သူမသည် တာ့ယွီဧကရာဇ်မင်းဆက်၏ ခွန်အားကို တိုးမြှင့်ရန်အတွက် ကျင့်ကြံရေးသမားများကို အဆက်မပြတ်စုဆောင်းခဲ့သည်။ နေ့ရက်များတစ်ရွေ့ရွေ့ ကုန်ဆုံးသွားကာ ကျင့်ကြံသူများအတွက် အနှစ်လေးဆယ်သည် ရှည်လျားခြင်းမရှိတော့ချေ။
…………..