← Chapters

အခန်း ၁၄၅-၁၄၇

Vol. 10 Ch. 145-147

အခန်း ၁၄၅-၁၄၇

Vol. 10 Ch. 145-147

အခန်း ၁၄၅ - ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ ကြီးမြတ်သောတာအို၊ အဆင့်တက်လှမ်းရန် ပြင်ဆင်ခြင်း

ရီဖန်သည် အရှေ့ဘက်မျှခြေနတ်ဘုရားပြည်နယ်ဆယ်ခုအနက်မှ ဟုန်ကျန်းနယ်မြေတွင် ပျက်ဆီးခြင်းတာအို၏ နောက်ဆုံးအကြောင်းကို လေ့လာလျက်ရှိသည်။

အကျွမ်းတဝင်ရှိပြီးသော ပုဂ္ဂိုလ်များသည် စုဝေးလျက်ရှိ၏။ ရီဖန်ဖျက်ဆီးခဲ့သော ဂိုဏ်းငါးခုမှ အရှင်ဟွမ်ထျန်းအပါအဝင် ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်မှကျင့်ကြံသူများအားလုံးသည် အံ့ဖွယ်နည်းဖြင့် အသက်ပြန်ရှင်လာခဲ့ကြသည်။ ထို့အပြင် သူတို့၏ ကျင့်ကြံရေးအဆင့်သည်လည်း သိသိသာသာ တိုးလာကြသည်၌

၎င်းတို့အနက် မော့ပေသည် အထင်ရှားဆုံးဖြစ်နေသည်။ လူတိုင်းက မော့ပေကို ဆက်ဆံပုံအရ သူသည် ခေါင်းဆောင်ဖြစ်သည်မှာ သေချာပါ၏။

"အကြီးအကဲဝူရှန်း၊ တစ်ယောက်ယောက်က ကြီးမြတ်တဲ့ တာအိုကိုပေါင်းစည်းခဲ့တယ်။ မကြာခင်မှာ တစ်ယောက်ယောက်တော့ အဆင့်တက်လှမ်းတော့မယ် ထင်ပါတယ်”

မော့ပေက ခေါင်းညိတ်လိုက်သော်လည်း သူ့အမူအရာက မပြောင်းလဲချေ။ ကြီးမြတ်သောတာအိုနှင့် ပေါင်းစည်းခြင်းသည် မလွယ်ကူသည်မှာထင်ရှား၏။

သို့သော် ကျင့်ကြံသူအများစုသည် ဒုက္ခအဘိညာဉ်အဆင့်ကို ဖြတ်ကျော်ပြီးမဟာတာအိုနှင့် ပေါင်းစည်းခြင်းဖြင့် မဟာယနနယ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရှိပါက ၎င်းတို့သည် ကမ္ဘာ့နှလုံးသားသည် သန့်စင်ရန် အခွင့်အလမ်းရှိသည်ကိုမူ သတိမထားမိကြချေ။

ကမ္ဘာ့နှလုံးသားသည် ကမ္ဘာတစ်ခု၏ မူလဇစ်မြစ်ဖြစ်သည်။ သို့သော်သာမန်ကျင့်ကြံသူများအတွက်၊ အလယ်အလတ်တစ်ထောင်ကမ္ဘာ၏နှလုံးသားကို သန့်စင်ရန် မဖြစ်နိုင်ပေ။ သို့သော် အလယ်အလတ်အဆင့် တစ်ထောင်ကမ္ဘာ၏ ကမ္ဘာ့နှလုံးသားအတွက်မူ မျှော်လင့်ချက်ရှိသေးသည်။

ကမ္ဘာ့နှလုံးသားကို သန့်စင်ပြီးသောအခါ ကမ္ဘာလောက၏အရှင်သခင်ဖြစ်လာနိုင်သည်။

ကမ္ဘာလောက၏အရှင်သခင်တစ်ဦးသည် ၎င်းတို့၏ စိတ်ဝိညာဉ်ကို လောက၏မူလနိယာမသို့ ပေါင်းစည်းနိုင်ကာ ၎င်းတို့ပြိုလဲသွားလျှင်ပင် ပြန်လည်မွေးဖွားလာစေရန် လောက၏မူလအခြေခံကို ရေးဆွဲနိုင်မည်ဖြစ်သည်။

ကမ္ဘာလောက၏အရှင်သခင်များ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းတို့အား ထည့်သွင်းစဉ်းစားရမည့် စွမ်းအားများ ဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာလောက၏အရှင်သခင်များကို သတ်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ချေ။ ဆက်လက်ကျင့်ကြံနေသရွေ့ ၎င်းတို့သည် ထူးထူးခြားခြားအမြင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

သို့သော် မဟာယာနနယ်ပယ်ကို တာအိုနှင့် ပေါင်းစပ်ခြင်းဖြင့် မဟာယာန၏အထွတ်အထိပ်သို့ ရောက်လျှင်ပင် ကမ္ဘာ့နှလုံးသားကို သန့်စင်ရန် မလွယ်ကူပေ။

“ဆက်လက် ကျင့်ကြံပါ၊ ကြီးမြတ်သော တာအိုနဲ့ ပေါင်းစည်းခြင်းက အလွန်ခက်ခဲတယ်၊ ကမ္ဘာ့နှလုံးသားရဲ့ မူလစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ ကမ္ဘာ့တာအို ဒါမှမဟုတ် ပုံရိပ်ယောင်ကမ္ဘာ တာအိုကို ရွေးချယ်တာက ပိုကောင်းမယ်”

သုံးလအကြာတွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကြီးမြတ်သောတာအို ပြိုလဲသွားပြီး ပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ၏ စိတ်ဝိညာဉ်သည် ချက်ချင်း ကွဲအက်သွားကာ သံသယမရှိ ကျရှုံးခဲ့သည်။

၎င်းသည် ကျရှုံးခဲ့သော ကြီးမြတ်သောတာအိုပေါင်းစည်းခြင်းကျင့်ကြံသူ ဆယ့်တစ်ယောက်မြောက်ရှိပြီဖြစ်သည်။ နောက်ဆုံးတွင် မော့ပေ၏မျက်နှာ၌ မကျေနပ်မှုတစ်ခုပေါ်လာသည်။

"ဒါဆို အလုပ်မဖြစ်သေးဘူးလား? စည်းမျဉ်းဆိုင်ရာဝိညာဉ်မျိုးစေ့မပါဘဲ ကြီးမြတ်တဲ့တာအိုနဲ့ ပေါင်းစည်းဖို့က ခက်ခဲလွန်းပုံပဲ"

အမှန်တကယ်တွင် ဤကျင့်ကြံသူများသည် ကြီးမြတ်သောတာအိုကို ၎င်းတို့ကိုယ်တိုင် နားမလည်ခဲ့ကြပေ။ မော့ပေတွင် ကြီးမြတ်သောတာအိုကိုထုတ်လုပ်နိုင်သည့် တာအိုတစ်ထောင်မျှော်စင်တစ်ခုရှိသည်။ သို့သော် ၎င်းသည် သာမန်နားလည်သဘောပေါက်သူများထက် နိမ့်ကျသောပုံစံကိုသာ ထုတ်လုပ်နိုင်သည်။

"အကြီးအကဲဝူရှန်း၊ သတင်းရှိတယ်။ ကြီးမြတ်တဲ့ တာအိုနဲ့ပေါင်းစည်းထားတဲ့ ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသုံးဦး ကြယ်တစ်သောင်းကျွန်းမှာ ပေါ်လာတယ်တဲ့၊

“ကြယ်တစ်သောင်းကျွန်း?" မော့ပေ၏ စိတ်ထဲတွင် မှတ်ဥာဏ်တစ်ခု ပေါ်လာသည်။ ထိုအမှတ်တရသည် မကောင်းမွန်ပေ။

ကြယ်တစ်သောင်းကျွန်းရှိ ရီမိသားစုလော။

ရီမိသားစုထံမှ နှစ်ကြိမ်အရိုက်ခံရပြီးနောက် မော့ပေသည် သဘာဝကျစွာပင် ၎င်းတို့ကိုမှတ်မိနေသည်။ သူ၏ ဝူရှန်းတာအိုသည် မရေမတွက်နိုင်သော ပုံစံများအဖြစ် ပြောင်းလဲနိုင်သောကြောင့် ယင်းတို့သည် သူ၏ကိုယ်ပွားများထဲမှ နှစ်ခုသာဖြစ်သည်။ သို့သော် နှစ်ကြိမ်ဆက်တိုက် ကျရှုံးမှုသည် မော့ပေကို ရီမိသားစုအပေါ် လေးလေးနက်နက် စွဲလမ်းစေခဲ့သည်။

“ထပ်ကြိုးစားကြည့်ရအောင်။ အဆင်မပြေရင် သူတို့ကို ပြန်ပေးဆွဲမယ်”

ပေါင်းစည်းရေးနယ်ပယ်ရှိကျင့်ကြံသူများသည် ခြိမ်းခြောက်မှုမရှိဘဲ ဒုက္ခအဘိဥာဉ်အဆင့်သည်ပင် မော့ပေအတွက် စိုးရိမ်စရာမဟုတ်ပေ။

မဟာအဘိညာဉ်သည် နီးလာပြီဖြစ်ကာ ရန်ဟွမ်နယ်မြေသည် အလယ်အလတ်အဆင့် တစ်ထောင်ကမ္ဘာဖြစ်သော်လည်း ၎င်းသည် လူ့မျိုးနွယ်၏မွေးရပ်မြေဖြစ်ကြောင်း အနည်းငယ်သာ သိကြသည်။ ရန်ဟွမ်နယ်မြေ ကို ပျက်စီးစေခဲ့သော ရှေးခေတ်ကကြီးမားသောဘေးဒုက္ခကြောင့် ၎င်း၏ အဆင့်အတန်း ကျဆင်းသွားသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအတွက်ရန်ဟွမ် နယ်မြေသည် အရေးကြီးသော စစ်တုရင်ကွက်တစ်ခုဖြစ်သည်။

ရီမိသားစု၏ ရီကျင်းထျန် နှင့် အခြားသူများသည် ဒုက္ခအဘိညာဉ်အဆင့်သို့ တပြိုင်နက်နီးပါး ဖြတ်ကျော်သွားကြ၏။ ထိုအချိန်တွင် ရန်ဟွမ်နယ်မြေ၏ အလယ်ဗဟိုတွင် ရန်ဟွမ်တောင်သည် စတင်လှုပ်ခါလာသည်။ ရန်ဟွမ်တောင်၏တုန်ခါမှုသည် မရေမတွက်နိုင်သော အင်အားစုများ၏အာရုံကို ချက်ချင်းဖမ်းစားခဲ့သည်။ ရန်ဟွမ်တောင် ရွေ့သွားသောအခါ ထူးခြားသော အရာတစ်ခုက ချုပ်နှောင်ထားသည်။

"တစ်စုံတစ်ယောက်က ကြီးမြတ်တဲ့တာအိုကို ပေါင်းစပ်လိုက်ပြီ"

"ရှာကြ၊ အဲတာဘယ်သူလဲ!"

တပ်ဖွဲ့ဝင်အားလုံးမှ အမိန့်ထုတ်ခဲ့သည်။ ကြီးမြတ်သော တာအိုသည် ကမ္ဘာ့နှလုံးသားနှင့်ပေါင်းစည်းနိုင်ခြေကို ဆိုလိုသည်။ သူတို့အသုံးမပြုနိုင်ပါက ဖျက်ဆီးပစ်ရမည်။ ရီမိသားစုမှ ကျင့်ကြံသူများပင်လျှင် စူးစမ်းလေ့လာရန်ရောက်လာကြသည်။

ကံမကောင်းစွာဖြင့် စစ်မှန်သောအင်မော်တယ်များကို စုံစမ်းရန် ရောက်ရှိလာခြင်းမရှိဘဲ ဒုက္ခအဘိဥာဉ်အဆင့် ကျင့်ကြံသူများသည် လှည့်ဖြားသောကောင်းကင်နှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းတို့ကို အသုံးပြု၍ ၎င်းတို့၏ရောက်ရှိနေခြင်းကို ဖုံးကွယ်ထားပါက ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

ဟုန်ကျန်းပြည်နယ်တွင် မော့ပေသည် ရန်ဟွမ်တောင်၏ လှုပ်ခတ်မှုကို သတိပြုမိခဲ့သည်။

"ငါမစောင့်နိုင်တော့ဘူး၊ ရီမိသားစုဆီသွားပြီး ပထမအဆင့်ကြီးမြတ်တဲ့တာအိုသုံးခုကို ပြန်ယူလိုက်မယ်။"

အခြားကမ္ဘာ့နှလုံးသားနှင့် ပေါင်းစည်းလိုက်လျှင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အစီအစဥ် ပျက်သွားပေလိမ့်မည်။ ဖြစ်နိုင်ခြေ နည်းနည်းရှိလျှင်ပင် မစွန့်စား၍မရချေ။

…..

ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ ရီမိသားစုအတွင်း။ ရီဖန်၏ဦးခေါင်းထက်တွင် ရှုပ်ယှက်ခတ်မှုများ ပြည့်နှက်နေသော ကမ္ဘာတစ်ခုပေါ်လာသည်။ ပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ဧရာမလူသားကြီးသည် အပြင်းအထန် ခုတ်လှဲပစ်လိုက်ရာ ကမ္ဘာကြီးသည် တုန်လှုပ်သွားပြီး ဖြည်းဖြည်းချင်းကွဲသွား၏။ ထိုနေရာမှ တဖြည်းဖြည်းနှင့် အပင်များပေါ်လာသည်။

ကမ္ဘာသည် ပြောင်းလဲလာကာ သတ္တဝါများပေါ်လာပြီးနောက် ပြီးပြည့်စုံသောကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီးတို့သည်လည်း ပွင့်လာကာ ပျက်ဆီးခြင်းကမ္ဘာတာအိုကို တည်ထောင်ခဲ့သည်။အဓိပတိတာအိုမျိုးစေ့သည်လည်း နောက်ဆုံးတွင် ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိခဲ့သည်။

"စနစ်၊ ပေါင်းစည်းလိုက်ပါ!"

ရီဖန်သည် သူ့နှလုံးသားထဲတွင် တိုးတိုးတိတ်တိတ် အော်ဟစ်လိုက်သည်။

ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် အောင်မြင်မှုအတွက် ချက်ချင်းပြီးလုနီးပါးဖြစ်ခဲ့သည်။ ဖြတ်ကျော်ခြင်းအဆင့်တွင်ရှိသူများသည် ၎င်းတို့၏ကိုယ်ပိုင် ကြီးမြတ်သောတာအိုကို ကျင့်ကြံကြရ၏။ ကြီးမြတ်သောတာအိုကို နားလည်နိုင်စွမ်း အားကောင်းလေ၊ ကျင့်ကြံရေးအဆင့်သည် အားကောင်းလေဖြစ်သည်။

ပျက်ဆီးခြင်းတာအိုရာဂဏန်းသည် ရီဖန်၏ ကျင့်ကြံရေးအဆင့်ကို ဒုက္ခအဘိညာဉ်အဆင့်သို့ ချက်ချင်းဖြတ်ကျော်နိုင်စေခဲ့သည်။ ရီဖန်သည် သူ့ကို စိုက်ကြည့်နေသော လေဟာနယ်မှ မျက်လုံးတစ်စုံကို ခံစားလိုက်ရသည်။ ရန်ဟွမ်နယ်မြေမှ ပေါက်ဖွားလာသော မဟာတာအို၏မျက်လုံး။

ဒုက္ခအဘိညာဉ်အဆင့်ရှိ မည်သူမဆို ကြီးမြတ်သော တာအို၏မျက်လုံးဖြင့် စောင့်ကြည့်ခံရမည်ဖြစ်သည်။

ကျင့်ကြံရေးအဆင့်သည် ဒုက္ခအဘိညာဉ်အဆင့်အထွတ်အထိပ်သို့ ရောက်သည်နှင့် ကောင်းကင်ဘုံဒုက္ခကိုးဆယ့်ကိုးခုထပ်မံ ရောက်ရှိလာမည်ဖြစ်သည်။ ကောင်းကင်ဒုက္ခမှ လွတ်မြောက်ပြီးနောက်တွင် မဟာယာနအဆင့်ကိုတက်လှမ်းကာ အခွင့်အလမ်းကို ရရှိမည်ဖြစ်သည်။

မအောင်မြင်ပါက သေဆုံးခြင်း သို့မဟုတ် လွတ်မြောက်ကျင့်ကြံသူ’ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

လွတ်မြောက်ကျင့်ကြံခြင်း၏ ဘေးဆိုးဆယ့်နှစ်ခုတွင် တစ်ခုစီသည် ရာစုနှစ်တစ်ခုစီခြားနေသည်။ လွတ်မြောက်ကျင့်ကြံသူသည် အဆင့်ဆယ့်နှစ်ဆင့်စလုံးကို ဖြတ်ကျော်ပြီးပါက ပိုမိုမြင့်မားသောကမ္ဘာသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ဒုက္ခအဘိညာဉ်အဆင့်ကို ဖြတ်ကျော်ပြီးသောအခါတွင် ရီဖန်၏ကြီးထွားမှုအဆင့်သည် ရပ်တန့်သွားခြင်းမရှိပေ။

ရီဖန်သည် လွန်ခဲ့သည့် အချိန်ကြာမြင့်စွာကတည်းက ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်ခဲ့ကာ ယခုအချိန်အထိ ၎င်းကိုမပြီးမြောက်ခဲ့ပေ။ ယခုသူသည် ပေါင်းစည်းရန် တောင်းဆိုလိုက်ကာ သူ၏ ကျင့်ကြံရေးအဆင့်သည် ဒုက္ခအဘိညာဉ် အစောပိုင်းအဆင့်၊ ဒုက္ခအဘိညာဉ်အဆင့် အလယ်အဆင့်၊ ဒုက္ခအဘိညာဉ်အဆင့် နှောင်းပိုင်းအဆင့်ထိ လျင်မြန်စွာ တိုးမြင့်လာသည်။

ပျက်ဆီးခြင်းကမ္ဘာတာအိုနှင့် ပေါင်းစပ်ပြီးနောက် ရီဖန်အတွင်းရှိ ပျက်ဆီးခြင်းကမ္ဘာသည်လည်း ပြောင်းလဲလာသည်။ ပျက်ဆီးခြင်းကမ္ဘာသည် တာအို၏ လည်ပတ်မှုကို ပံ့ပိုးခြင်းဖြင့် ကမ္ဘာတစ်ခု၏စည်းမျဉ်းများအဖြစ် ဆင်းသက်လာခဲ့သည်။

ပျက်ဆီးခြင်းကမ္ဘာ၏ စည်းမျဉ်းများသည် လျင်မြန်စွာ ပြီးပြည့်စုံလာကာ ကိုးခုမြောက်အဆင့်ကို ဖြတ်ကျော်ရန် လမ်းပေါ်တွင် လျင်မြန်စွာရွေ့လျားနေကြသည်။

…….

အင်မော်တယ်တောင်သုံးလုံးတွင် ကြောက်မက်ဖွယ်ကောင်းသောရောင်ဝါတစ်ခု ရုတ်တရက် ဆင်းသက်လာသည်။

မော့ပေသည် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ဝူရှန်းတာအိုသည် ကောင်းကင်ထိုးဖောက်ဓား အသွင်ပြောင်းသွားကာ ရီမိသားစုဆီသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။ ရီမိသားစုသည် ကောင်းကင်ယံ၌ အပြောင်းအလဲများကို ချက်ချင်းကြုံတွေ့ခဲ့ရကာ လူတိုင်းသည် တိုက်ပွဲအခြေအနေထဲသို့ ရောက်ရှိသွားကြသည်။

"စွမ်းအား!"

အဆင့်ရှစ်မှော်လက်နက်တစ်ခုဖြစ်သည့် ဝံပုလွေဖန်းသည် ရီကျင်းချုံ၏လက်ထဲတွင်ပေါ်လာကာ ဆက်လက်ကြီးထွားလာသည်။ ထို့နောက် ရီကျင်းချုံသည် ၎င်းကိုလှန်လိုက်ကာ ဧရာမဓားကြီးထံသို့ အပြင်းအထန်ရိုက်ချလိုက်သည်။

ဘမ်း!

လေဟာနယ်သည် မိုင်ရာနှင့်ချီ၍ ကွဲအက်သွားကာ ရီကျင်းချူံ၏ ခန္ဓာကိုယ်သည် နောက်ဆုတ်သွားသည်။

သို့သော် ဧရာမဓားကြီးသည်လည်း ချက်ခြင်းကွဲသွားသည်။

ရီကျင်းထျန်သည် ပုံရိပ်ယောက်ကမ္ဘာတာအိုကို အသုံးပြု၍ ကူညီပေးခဲ့သည်။ ပုံရိပ်ယောင်ကမ္ဘာတစ်ခု ပေါ်လာပြီးနောက် ရီမိသားစုကို ကာကွယ်ကာ အင်မော်တယ်တောင်သုံးတောင်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ကောင်းကင်ကိုဖြတ်သွားသော ယင်ယန်ငါးများသည် မော့ပေဆီသို့ ဦးတည်သွားကြ၏။

"အကြီးအကဲက စွမ်းအားကြီးသည်!"

ရီမိသားစုသည် ၎င်းတို့၏စိတ်လှုပ်ရှားမှုကို မရပ်တန့်နိုင်ခဲ့ပေ။ ဒုက္ခအဘိညာဉ်အဆင့်၊ ရီမိသားစုသည် အမှန်တကယ်ပင် ဒုက္ခအဘိညာဉ်အဆင့်ကျင့်ကြံသူ သုံးယောက်ရှိကာ ပြောစရာမလိုအောင်ပင် ရီဖန်ကိုယ်တိုင်သည် ရီဖန်မိသားစုတွင် အစွမ်းထက်ဆုံးအကြီးအကဲဖြစ်သည်။

ရီမိသားစု၏ ပထမအဆင့်ကြီးမြတ်သောတာအိုကျင့်ကြံသူများသည် အဆင့်တက်လှမ်းပြီးဖြစ်သည်ကို သတိထားမိသောအခါ မော့ပေ၏မျက်နှာတွင် အံ့ဩခြင်းများပြည့်နှက်သွားသည်။ ၎င်းသည် မည်သို့ဖြစ်နိုင်မည်နည်း။

ပထမအဆင့်ကြီးမြတ်သောတာအိုဖြင့် ဒုက္ခအဘိညာဉ်အဆင့်ကိုဖြတ်ကျော်ရန်မှာ မည်သည့်အချိန်မှစ၍ ဤမျှလွယ်ကူသွားပါသနည်း။

……………………..

အခန်း ၁၄၆ - အားလုံးက အသိအကျွန်းဟောင်းတွေပဲ

ရီကျင်းထျန်နှင့် သူ့အဖော်နှစ်ယောက်သည် မော့ပေကို စူးစိုက်စိုက်ကြည့်နေကြကာ ယခင်က ကြုံတွေ့ခဲ့ရဖူးသည့် ရင်းနှီးသောမျက်နှာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သို့သော် မော့ပေသည် ကွယ်လွန်သွားသည် မဟုတ်လော။

ဤအခိုက်အတန့်တွင် မော့ပေ၏ နောက်ဆုံးစကားများကို ရုတ်တရက် ပြန်အမှတ်ရမိသည်။ သူတို့မော့ပေကို မသတ်နိုင်ခဲ့ကြချေ။ ဤလူသည် အမှန်တကယ်ပင် မသေနိုင်သလော။ ထိုအချိန်တွင် သခင်ဟွမ်ထျန်းနှင့် သူ၏အဖွဲ့သည် ရီအိမ်တော်ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။ ရီကျင်းထျန်သည် အရှင်ဟွမ်ထျန်း၏အဖွဲ့ရှိ မျက်နှာအားလုံးကို မှတ်မိသည်။

သူတို့မျက်စိရှေ့တွင် သေသွားပြီဟုထင်ထားသောသူများကို အသက်ရှင်လျက် မြင်လိုက်ရသောအခါ ရီအိမ်ထောင်စုဝင်များ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ အနည်းငယ်တိုးလာသည်။ ပြန်လည်ရှင်သန်ထမြောက်နိုင်စွမ်းသည် သူတို့ကို ထိတ်လန့်စေခဲ့သည်။

မော့ပေ၏ပစ်မှတ်မှာ ရီကျင်းထျန်တို့သုံးယောက်ဖြစ်ကာ သူသည် ချက်ချင်းပင် ၎င်းတို့ကိုပစ်မှတ်ထားလိုက်ရာ မမြင်နိုင်သော ပုံသဏ္ဍာန်မရှိသည့် အင်အားတစ်ခုက ရီကျင်းထျန်နှင့် သူ၏အပေါင်းအဖော်များကို ချုပ်နှောင်ထားခဲ့သည်။ သခင်ဟွမ်ထျန်းနှင့် သူ့အဖွဲ့သည်လည်း ရီမိသားစု၏ကျန်အဖွဲ့ဝင်များကို ပစ်မှတ်ထားကာ ဆိုးသွမ်းသောအပြုံးများကို ထုတ်ဖော်ခဲ့သည်။

သူတို့၏ ထိပ်တန်းတိုက်ခိုက်ရေးသမားများကို ယခုဖမ်းဆီးလိုက်သည့်အတွက် ရီအိမ်ထောင်တွင် ထင်ရှားသည့်ဇာတ်လိုက်များ မကျန်သင့်တော့ပေ။ သို့သော် နောက်ဆက်တွဲဖြစ်သွားသာ့်အရာသည် သူတို့မျက်နှာပေါ်ရှိအပြုံးများကို ဖယ်ရှားပစ်လိုက်သည်။

စုယန်သည် ရီအမျိုးသမီးတပ်ကို ရှေ့သို့ ဦးဆောင်ခဲ့သည်။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် သခင်ဟွမ်ထျန်းနှင့် သူ့အဖွဲ့ကိုဝန်းရံထားသည်။

သခင်ဟွမ်ထျန်း၏အဖွဲ့သည် အံသြသွားသည်။ မည်သည့်အရာများဖြစ်ပျက်ခဲ့၍ ရီမိသားစုတွင် ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်၌ အဘယ်ကြောင့် ကျင့်ကြံသူများစွာရှိသနည်း။ နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်မှုအပြီးသည့်အချိန် အနှစ်တစ်ရာသာကုန်ဆုံးခဲ့သေးကာ ဤအရာများသည် မည်ကဲ့သို့ ပြောင်းလဲသွားခဲ့သနည်း။

တိုက်ပွဲဖြစ်လာပြီးနောက် အင်မော်တဠ်ကျွန်းသုံးကျွန်း၏ အထက်ကောင်းကင်ကို စစ်မြေပြင်အဖြစ် ပြောင်းလဲခဲ့သည်။ထို့အပြင် ရီကျင်းထျန်နှင့် အခြားသူသုံးယောက်သည် ၎င်းတို့၏ကန့်သတ်ချက်သို့ ရောက်လုနီးနေပြီဟု ခံစားရသည်။

မော့ပေ၏ ကျင့်ကြံရေးအဆင့်သည် မဟာယနနယ်ပယ်သို့ အံ့အားသင့်ဖွယ်ရောက်ရှိသွားခဲ့သည်။ ရီကျင်းဟိုင်နှင့် သူ့အဖော်နှစ်ယောက်ကို အရှင်လတ်လတ်ဖမ်းဆီးရန် ရည်ရွယ်ချက်မရှိပါက သူတို့ရှုံးနှင့်ပြီးဖြစ်သည်။ သို့မဟုတ်လျှင်ပင် ရှုံးနိမ့်ရန်မှာ အချိန်ကာလတစ်ခုမျှသာ ကြာတော့မည်ဖြစ်သည်။

ပျက်ဆီးခြင်းလေဟာနယ်အတွင်းရှိ အသွင်ပြောင်းမှုသည် နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့သည်။

ပျက်ဆီးခြင်း၏လမ်းကြောင်းနှင့်ပေါင်းစပ်ခြင်းဖြင့် ပျက်ဆီးခြင်းပုလဲကမ္ဘာသည် အဆင့်ကိုးသို့ရောက်ရှိသွားသည်။ နောက်တစ်လှမ်းလှမ်းလိုက်သည်နှင့် ၎င်းသည် စစ်မှန်သော အင်မော်တယ်ပစ္စည်း ဖြစ်လာမည်ဖြစ်၏။

ရီဖန်၏ ကျင့်ကြံရေးအဆင့်အတွက်မူ ၎င်းသည် ခန့်မှန်းရခက်ကာ ခဲယဉ်းသည်။ ရီဖန်တစ်ဦးတည်းသာလျှင် သူ၏ကျင့်ကြံရေးအဆင့်သည် ဒုက္ခအဘိညာဉ်အဆင့်အထွတ်အထိပ်ကို ဖြတ်ကျော်ကာ မဟာယနနယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးတော့ကြောင်းသိသည်။ ပျက်ဆီးခြင်းကမ္ဘာ၏လမ်းစဉ်သည် ပထမအဆင့်ထက် များစွာကျော်လွန်သွားခဲ့သည်။

ရီဖန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် တိုင်းတာ၍မရတော့ချေ။

မဟာယနနယ်ပယ်သို့ရောက်ရန် ရီဖန်သည် မည်သည့်အရာကိုမျှ မကြောက်ပေ။ မဟာယနနယ်ပယ်သည် ရန်ဟွမ်ကမ္ဘာ၏ အထွတ်အထိပ်အဆင့်ကို ကိုယ်စားပြုသည်။ ရီဖန်သည် နောက်ဆုံးတွင် ဤအထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

"ထွက်ဖို့အချိန်တန်ပြီ။"

ရီဖန်သည် သူ့အတွေးပြောင်းသွားသဖြင့် ရီမိသားစုအိမ်တော်ပေါ်လာကာ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကို ချက်ခြင်းခံစားလိုက်ရသည်။ ရီမိသားစုကို ဘယ်သူလက်တင်ဝံ့သနည်း။ ရီကျင်းဟိုင်နှင့် သူ၏အပေါင်းအဖော်များသည် ဒုက္ခအဘိညာဉ်အဆင့်သို့ ဖြတ်ကျော်ပြီးဖြစ်ကာ မဟာ တာအို၏ ဒုက္ခကို ကျော်လွှားနိုင်သူများဖြစ်သည်။ ထိုကဲ့သို့အင်အားဖြင့် ရီမိသားစုကို စိန်ခေါ်နိုင်သည့် အင်အား နည်းပါး၏။

ရီဖန်သည် ဤကဲ့သို့လှုပ်ရှားဝံ့သည့် အင်အားစုသည် မည်ကဲ့သို့ရှိသည်ကို သိလိုသည်။ သူ၏လက်ရှိ ကြံ့ခိုင်မှုကို စမ်းသပ်ရန်လည်း ပြီးပြည့်စုံသည့် အခွင့်အရေးလည်း ဖြစ်ပေလိမ့်မည်။ အတွေးတစ်ခုဖြင့် ရီဖန်သည် စစ်မြေပြင်အလယ်တွင် တိတ်တဆိတ် ပေါ်လာသည်။

မိုင်တစ်သောင်းအတွင်း ပျက်ဆီးခြင်းကမ္ဘာ၏ ကြီးမြတ်သော တာအိုအုပ်ချုပ်မှုအောက်တွင် ၎င်းသည် ရီဖန်၏ ကမ္ဘာ့နယ်မြေဖြစ်သည်။ ၎င်းအတွင်း ရီဖန်သည် မမြင်နိုင်သော အရာတစ်ခုဖြစ်သည်။ ရီဖန်၏ တည်ရှိနေခြင်းကို မသိနိုင်သောကြောင့် မဟာယနအဆင့်ကျင့်ကြံသူများပင်လျှင် သတိထားရန် လိုအပ်သည်။

ရီဖန်ပေါ်လာသည့်အခိုက်တွင် ရီကျင်းချုံသည် ရှုံးနိမ့်လုနီးနေပြီဟု သတိပြုမိသည်။ မော့ပေ၏တိုက်ခိုက်မှုသည် ရီကျင်းချုံပေါ်သို့ ဆင်းသက်တော့မည်ကို စောင့်ကြည့်ရင်း ရီဖန်သည် သူ့လက်ကိုလှုပ်လိုက်ရာ မော့ပေ၏ ခန္ဓာကိုယ်သည် မိုင်ရာနှင့်ချီအကွာကို အလိုအလျောက် လွင့်ထွက်သွားခဲ့သည်။

"အဖေ၊ ပြန်လာပြီလား!"

ရီဖန်ကိုတွေ့သည့်အခါ ရီမိသားစုထဲရှိလူတိုင်းသည် သူတို့၏ကျောရိုးကိုတွေ့လိုက်သကဲ့သို့ ချက်ခြင်းယုံကြည်မှုပြန်ရလာ၏။ ယခင်က မော့ပေ၏မျက်နှာတွင်ရှိသော အမူအရာသည်လည်း ရီဖန်နှင့် မျက်လုံးချင်းဆုံသည့်အခိုက်တွင် ပြောင်းလဲသွားသည်။ သူသည် ရီဖန်၏အဆင့်ကို မမြင်နိုင်တော့သည်ကို တွေ့ရှိခဲ့သည်။

မဟာယနနယ်ပယ်တွင် ဖြန့်ကျက်ထားသည့် ခန္ဓာကိုယ်တစ်ခုကြောင့် ရန်ဟွမ်ကမ္ဘာတွင် ဘယ်အဖွဲ့အစည်းကမှ သူ့ကို သည်းခံနိုင်မည်မဟုတ်ချေ။ သို့သော် သူသည် မယုံကြည်သော်လည်း၊ အဖြစ်မှန်ကို သူ့ရှေ့တွင် မြင်နေရသည်။

ရီဖန်၏ ကျင့်ကြံရေးအဆင့် သို့မဟုတ် သူ၏ရည်ရွယ်ချက်ကို ပိုင်းခြား၍မရပေ။ မော့ပေ၏မျက်လုံးများတွင် ရီဖန်သည် မြူခိုးများဖုံးလွှမ်းနေသည်။

"မင်းက ဘယ်သူလဲ အတိအကျ!"

မော့ပေသည် ရီဖန်ကို စေ့စေ့ကြည့်ရင်း ရက်စက်သည့်လေသံနှင့် မေးလိုက်သည်။ ရီဖန်သည် သူနှင့်ဆင်တူခြင်း ရှိ၊ မရှိ ရန်ဟွမ်ကမ္ဘာထံ စေလွှတ်လိုက်သောသူတစ်ဦးဖြစ်သလောဟူ၍ပင် သံသယဝင်လာသည်။ ရန်ဟွမ်ကမ္ဘာသည် တခြားအဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို စွဲဆောင်ခဲ့သည်မှာ ဖြစ်နိုင်ပါသလော။

ဇာတိမဟုတ်သောအဖွဲ့အစည်းအတွက် ယန်ဟွမ်ကမ္ဘာသို့ဝင်ရောက်ရန် ကုန်ကျစရိတ်သည် သာမန်အင်မော်တယ်တစ်ဦးအတွက် မတတ်နိုင်ပေ။

"ငါကဘယ်သူလဲ? မော့ပေ၊ ငါတို့တွေ့တာတောင်မကြာသေးဘူးမလား၊

မင်းငါ့ကိုမမှတ်မိတော့ဘူးလားကွာ"

ရီဖန်သည် ပြုံးလိုက်ကာ မရေမတွက်နိုင်သောဝတ္ထုများမှ ဖတ်ဖူးသော အတွေ့အကြုံများက သူ့ကို မော့ပေ၏ အမှတ်သညာကို သံသယဖြစ်စေခဲ့သည်။

ဤမော့ပေသည် အင်အားကြီးသောတည်ရှိမှု၏ ဒုတိယကိုယ်ထည်တစ်ခု ဖြစ်နိုင်သည်။ ထို့အပြင် ဤဒုတိယကိုယ်ထည်၏ ကြံ့ခိုင်မှုသည်လည်း မတူညီချေ။ ရီမိသားစုမှ သုတ်သင်ခဲ့သည့် ယခင်မော့ပေနှစ်ဦးသည် တူညီသောအမျိုးအစားဖြစ်နိုင်သည်။

“ခေါင်းဆောင်ရီက ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မော့ပေက ပြောလိုက်သည်။

ရီဖန်ကို အနိုင်မယူနိုင်ဟု သူခံစားရသောကြောင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအတွက် အရေးအကြီးဆုံးအရာအားလုံးသည် ရန်ဟွမ်ကမ္ဘာကို ထိန်းချုပ်နိုင်ရန်ဖြစ်ကာ အခြားအရာအားလုံးမှာ အရေးမပါပေ။ ရီမိသားစုသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို ဝင်နေသရွေ့ မော့ပေသည် ၎င်းတို့၏သစ္စာစောင့်သိမှုကို သေချာစေရန်နှင့် သစ္စာဖောက်မှုမှန်သမျှကိုကာကွယ်ရန် နည်းလမ်းများစွာရှိသည်။

"ပူးပေါင်းဆောင်ရွက်ဖို့လား? ငါစိတ်မဝင်စားဘူး။ ဒါပေမယ့် မင်းရဲ့အထောက်အထားကို ငါအရမ်းသိချင်နေတယ်" ဟု ရီဖန်သည် သူ့လက်ကို မြှောက်ကာ ရှေ့သို့ ညင်သာစွာဆွဲကာပြောလိုက်သည်။ မော့ပေသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ရီဖန်ဆီသို့ ပျံသန်းသွားခဲ့သည်။

"ငါက ဝူရှန်းပါ"

မော့ပေသည် ဝူရှန်းတာအိုကို ချက်ခြင်း အသက်သွင်းခဲ့ကာ သူ့ခန္ဓာကိုယ်သည် လွတ်မြောက်ရန် ကြိုးပမ်းနေသည်။ ဤခန္ဓာကိုယ်ကို ကျင့်ကြံရန် ကုန်ကျစရိတ်မှာ ကြီးမားလှသည့်အတွက် ဆုံးရှုံးခြင်းသည် မစ်ရှင်ကို ပြီးမြောက်ရန် ခက်ခဲစေလိမ့်မည်။

ဝူရှန်းတာအို သည် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးပညာမဟုတ်ပေ။ သို့သော် ပထမအဆင့် တာအိုများထဲတွင် ၎င်းသည် ခန့်မှန်းရန်အခက်ခဲဆုံးတစ်ခုဖြစ်သည်။ ပုံသဏ္ဍာန်မရှိ၍ မမြင်နိုင်သောကြောင့် ၎င်းကို မည်သို့ဖမ်းနိုင်မည်နည်း။

သူ့လွတ်မြောက်မှုကို စိတ်ချယုံကြည်စွာ မော့ပေ တွေးလိုက်မိသည်။ သို့သော် နောက်အခိုက်အတန့်တွင် သူမည်မျှမှားနေသည်ကို နားလည်သွားသည်။

‘ပျက်ဆီးခြင်းကမ္ဘာစွမ်းအား’

မော့ပေသည် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို မဆုတ်မနစ် လွှမ်းခြုံထားကာ ကမ္ဘာကြီးတစ်ခုလုံး ဝိုင်းရံနေသကဲ့သို့ ခံစားရသည်။ ပို၍အဆင့်မြင့်သော တာအိုသည် သူ၏ဝူရှန်းတာအိုကို အပြင်းအထန်ဖိနှိပ်ထားကာ ၎င်းကို ပျက်ပြယ်စေခဲ့သည်။

မော့ပေသည် ထုတ်ဖော်ခံလိုက်ရသော်လည်း ရီဖန်ကို ကြောက်လန့်တကြား မကြည့်ဘဲမနေနိုင်ချေ။ ဤသူသည် နတ်လမ်းစဉ်ကို နားလည်ခဲ့ပါသလော။ ပထမအဆင့်တာအိုသည် နတ်လမ်းစဉ်ဖြစ်ကာ နတ်လမ်းစဉ်တိုင်းသည် ထူးခြားသည်။

၎င်းကိုနားလည်လိုက်သည်နှင့် ရွှေအင်မော်တယ်ဖြစ်ရန်အတွင် အနာဂတ်လမ်းစဉ်သည် အတားအဆီးမရှိသလောက်ပင်ဖြစ်သည်။ ကျယ်ပြောလှသော စကြာဝဠာကြီးတွင်ပင် ၎င်းတို့သည် အမှန်တကယ် လွှမ်းမိုးချုပ်ကိုင်ထားသော တည်ရှိမှုများဖြစ်၏။

ဝူရှန်းတာအိုမရှိလျှင် မော့ပေသည် သာမန်မဟာယန ကျင့်ကြံသူကဲ့သို့ပင်ဖြစ်သည်၊ ရီဖန်သည် ကမ္ဘာ့စွမ်းအားကို အသုံးပြု၍ စည်းတံဆိပ်ခတ်လိုက်သည်။

"ငါမမှားရင် မင်းကိုသတ်ပြီးတာနဲ့ မင်းရဲ့မှတ်ဉာဏ်က မင်းရဲ့ မူလခန္ဓာကိုယ်ဆီ ပြန်ပြောင်းသွားလိမ့်မယ် ဟုတ်လား"

“ဖြစ်နိုင်တာက ပြန်လည်ရှင်သန်ဖို့ အထူးနည်းလမ်းအချို့ကိုတောင် သုံးနိုင်တယ်၊ မှန်တယ်မဟုတ်လား”

မော့ပေ၏မျက်လုံးများတွင် ရီဖန်၏အပြုံးသည် ယုတ်မာပုံပေါ်သည်။

"မင်းဘာလိုချင်တာလဲ?"

“ငါ ဘာမှလုပ်ဖို့မရည်ရွယ်ပါဘူး။ ငါ့ကမ္ဘာမှာ ဥယျာဉ်မှူးအနည်းငယ်ပဲ ရှိသေးတယ်၊ မင်းတို့တွေက ပြီးပြည့်စုံတဲ့ သူတွေပဲ”

ပျက်ဆီးခြင်းပုလဲကမ္ဘာ ပွင့်လာပြီးနောက် မော့ပေနှင့်သူ့အဖွဲ့ကို ပစ်ထည့်လိုက်သည်။ ပျက်ဆီးခြင်းပုလဲကမ္ဘာသို့ သူတို့ဝင်ရောက်လာချိန်တွင် ရီဖန်သည် ၎င်းတို့ကို ထွက်ခွာခွင့်မပြုတော့သည်မှာ သေချာသည်။ အချိန်တန်ပါက သေချင်လျှင်ပင် သေနိုင်တော့မည်မဟုတ်ချေ။

………………..

အခန်း ၁၄၇ - နတ်ဆိုးကမ္ဘာ၊ ကမ္ဘာတိုက်မိခြင်း

ရီဖန်၏မျက်လုံးထဲရှိ အကြည့်သည် မော့ပေကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။

မော့ပေသည် သေခြင်းတရားကို မကြောက်ဘဲ သေခြင်းထက် များစွာကြောက်သည့်အရာရှိသည်။

ဥပမာ- ထောင်ကျခြင်း။

မော့ပေ၏ကိုယ်ခန္ဓာသည် လေဟာနယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားကာ ထာဝရအသွင်သဏ္ဍာန်ဖြစ်လာ၏။ သို့သော် နောက်အခိုက်အတန့်တွင် သူ့ကိုလေဟာနယ်ထဲမှ ရုတ်တရက်ဆွဲထုတ်လိုက်သည်။ ပျက်ဆီးခြင်းကမ္ဘာ၏ ကြီးမြတ်သောတာအိုမှ လွှမ်းခြုံထားသော နယ်ပယ်အတွင်း လေဟာနယ်သည် ရီဖန်၏ထိန်းချုပ်မှုအောက်တွင် လုံး၀ရှိနေသည်။

"ရုန်းမနေနဲ့"

ပျက်ဆီးခြင်းပုတီးလုံးကမ္ဘာတွင် အပေါက်တစ်ခုချက်ချင်းပေါ်လာကာ မော့ပေနှင့်အခြားသူများကို တိုက်ရိုက်စုပ်ယူလိုက်သည်။ ဤနေရာအတွင်း၌ မော့ပေနှင့် အခြားသူများသည် သူတို့ကိုယ်သူတို့ ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အစပ်မရှိကြပေ။ ရီဖန်သည် အမှန်တကယ်ပင် လွတ်လပ်သည့်ကမ္ဘာကို ပိုင်ဆိုင်ထား၏။ ဤရှာဖွေတွေ့ရှိမှုသည် မော့ပေ၏ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။

ပျက်ဆီးခြင်းပုတီးလုံးကမ္ဘာကို လေ့လာကြည့်ရာ မော့ပေသည် ဤကမ္ဘာသည် အသက်ရှင်သန်နိုင်သည်အထိ အလွန်ပြည့်စုံကြောင်း တွေ့ရှိခဲ့သည်။ သာမာန်အင်မော်တယ်များသည် ပြီးပြည့်စုံသောကမ္ဘာကို ဖန်တီးနိုင်သည့်တိုင် ထိုသို့ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ပေ။ အတိအကျပြောရလျှင် ရီဖန်သည် အဘယ်သူနည်း။

ရှင်သန်ခ့င်းနှင့်သေဆုံးခြင်းကမ္ဘာတွင် အကြီးအကဲဝူရှန်းသည် သူ၏ကွဲကွာနေသောဝိညာဉ်များထဲမှ တစ်ခုပျောက်ကွယ်သွားသည်ကိ ရုတ်ချည်းခံစားလိုက်ရသည်။ ဤကွဲပြားသောဝိညာဉ်သည် မသေဘဲ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ဤအခြေအနေသည် ၎င်းကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

အထူးကျင့်ကြံရေးနည်းစနစ်ကို အသုံးပြု၍ အကြိးအကဲဝူရှန်းသည် ကွဲပြားနေသော စိတ်ဝိညာဉ်များစွာကို သူ့ဘာသာသူ ခွဲထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ဤကွဲလွဲနေသောဝိညာဉ်များအားလုံးသည် ဝူရှန်း ၏ပြီးပြည့်စုံသောစိတ်ဝိညာဉ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သေပြီးသည်နှင့် ပင်မဝိညာဉ်ဆီသို့ ပြန်သွားကြသည်။

ယခုအခါတွင် ကွဲကွာနေသောဝိညာဉ်သည် ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားကာ အကြီးအကဲဝူရှန်း၏ ဝိညာဉ်များသည် မပြည့်စုံတော့ပေ။ အကြီးအကဲဝူရှန်းသည် အောင်မြင်မှုတစ်ခုကိုလိုချင်ပါက၊ ၎င်းသည် ကြီးမားသော ချို့တဲ့မှုတစ်ခုအဖြစ်ပေါ်လာလိမ့်မည်။

"ကွဲကွာနေတဲ့ ဝိညာဉ်တွေအားလုံး၊ ဘယ်မှာပျောက်ကွယ်သွားလဲဆိုတာ အတိအကျစုံစမ်းပါ။"

အကြီးအကဲဝူရှန်းသည် သူ၏အခြားကွဲပြားသောဝိညာဉ်များကို စုစည်းကာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။ အင်မော်တယ်တောင်သုံးတောင်။

“သတင်းကို လျှို့ဝှက်ထားပါ၊ သတိရှိရှိ လှုပ်ရှားပါ”

ရန်ဟွမ်နယ်မြေသည် ပရမ်းပတာဖြစ်နေကာ ရီမိသားစုသည် ထိုအချိန်တွင်ထင်းထွက်နေ၍မဖြစ်ချေ။ ရီမိသားစုသည် ပေါင်းစည်ခြင်းအဆင့်မိသားစုမျှသာဖြစ်သည်ဟု လူတိုင်းကယုံကြည်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

တိုက်ပွဲ၏ခြေရာများကို ဖျောက်ဖျက်ပြီးနောက် ရီဖန်သည် သူ၏ဂူအိမ်သို့ ပြန်သွားခဲ့သည်။

ရီကျင်းဟိုင်နှင့် အခြားသူများသည် အောင်မြင်မှုများရရှိသောအခါ၊ မိသားစုအင်အားကြီးများ၏ ရေရှည်တာဝန်များကို ပြီးမြောက်ပြီးဖြစ်သည်။

သို့သော် ထိုအချိန်တွင် ရီဖန်သည် ကျင့်ကြံရန်အလုပ်များနေကာ ဆုကိုမထုတ်ယူခဲ့ရချေ။

ယခုတွင် သူ၏ဆုလာဘ်ကို ရယူရန် အချိန်ရှိနေပြီဖြစ်သည်။

"စနစ်၊ ဆုကြေးထုတ်ယူပါ"

"ဆုလက်ခံရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ မိသားစုသော့ချက်စာလုံး၊ စစ်မှန်သောအင်မော်တယ်စွမ်းရည်၊ ကျင့်ကြံရေးစွမ်းရည် အမှတ် ၁၀၀၀၀ (သက်တံ့ရောင်)"

၏ ပထမဆုံးသက်တန့်ရောင်သော့ချက်စာလုံးသည် နောက်ဆုံးတွင် ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံစွမ်းရည်အထက်တွင် ဒဏ္ဍာရီအင်မော်တယ်စွမ်းရည်ရှိသည်။

"စနစ်၊ သော့ချက်စာလုံးကို တင်ပါ။"

နောက်အခိုက်အတန့်တွင် ရီမိသားစု၏အဖွဲ့ဝင်အားလုံးသည် ၎င်းတို့၏စွမ်းရည်များ ရုတ်တရက်တိုးလာသည်ဟု ခံစားလိုက်ရသည်။ ယခု ရီမိသားစုအဖွဲ့ဝင်များသည် အနည်းဆုံးတော့ ကောင်းကင်ဘုံစွမ်းရည်အဆင့်တွင်ရှိကြသည်။

ရီကျင်းဟိုင်နှင့် အခြားသူများသည် ၎င်းတို့၏စွမ်းရည်ကို စမ်းသပ်ခဲ့ကြသော်လည်း ၎င်းသည် ဝိညာဉ်ကျောက်တုံး၏ ကန့်သတ်ချက်ထက်ကျော်လွန်နေသည်ကို တွေ့ရှိခဲ့သည်။

အင်မော်တယ်စွမ်းရည်ရှိသော ကျင့်ကြံသူအတွက် အဆင့်ဆင့်ကျင့်ကြံနေသရွေ့ မဟာယာနဘုံအဆင့်ထိ ကျင့်ကြံနိုင်ကာ အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်သည်။ အင်မော်တယ်စွမ်းရည် ကျင့်ကြံသူတိုင်းသည် ရန်ဟွမ်နယ်မြေတစ်ခုလုံးကို အပြိုင်အဆိုင်ဖြစ်စေကာ ကြီးမားသောစွမ်းအားငါးခုကိုပင် ချွင်းချက်မရှိပေ။

ရီမိသားစုတွင်မူ အင်မော်တယ်စွမ်းရည်သည် ဂေါ်ဖီထုပ်ကဲ့သို့သာမန်ဖြစ်သည်။ သို့သော်လည်း ရီမိသားစု၏စွမ်းရည်ကို ယခုထုတ်ဖော်၍မရချေ။

သို့မဟုတ််ပါက သူတို့သည် တခြားအင်အားစုများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။

ရန်ဟွမ်နယ်မြေတွင်၊ ရန်ဟွမ်တောင်သည် တစ်ဖန် တုန်လှုပ်သွားပြန်သည်။ လူတိုင်းသည် မိုးကုပ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်ရာ

ကောင်းကင်ယံတွင် အခြားကမ္ဘာတစ်ခုရှိနေသည်ကို လူတိုင်းမြင်လိုက်ကြပြီး ၎င်းသည်ယန်ဟွမ်ဘုံဆီသို့ ဖြည်းညှင်းစွာရွေ့လျားသွားကာ ကမ္ဘာ့တိုက်မှုဖြစ်ပေါ်လာသည်။

ကျယ်ပြောလှသော စကြာဝဠာကြီးဖြစ်စေ အသေးစားစကြာဝဠာများဖြစ်စေ ၎င်းတို့အား ရေကန်အတွင်းရှိ စက်လုံးများအဖြစ် မှတ်ယူပါလေ။ စက်လုံးနှစ်ခုတိုက်မိမည်မှာ သေချာသော ဖြစ်နိုင်ခြေရှိသည်။ တိုက်မှုတစ်ခုဖြစ်ပွားပြီးသည်နှင့် စကြဝဠာနှစ်ခုကြားတွင် အဆက်အသွယ်ရှိမည်ဖြစ်သည်။

ဤကမ္ဘာကြီးနှစ်ခုအတွက် ၎င်းသည် အခွင့်အလမ်းတစ်ခုနှင့် ဘေးဒုက္ခနှစ်ခုစလုံးဖြစ်သည်။

အခြားကမ္ဘာ၏မူလနိယာမကို သင်ရရှိနိုင်ပါက၊ သင့်ကမ္ဘာ၏ ကြီးမြတ်သော တာအိုသည် ပိုမိုမြင့်မားသောစကြာဝဠာတစ်ခုဆီသို့ တိုက်ရိုက်တက်သွားနိုင်သည်။

ရန်ဟွမ်နယ်မြေသို့ ချဉ်းကပ်သောကမ္ဘာသည် လူသားမျိုးနွယ်နှင့် မသက်ဆိုင်ပေ။

ထင်ရှားသည်မှာ ဤကမ္ဘာပေါ်တွင် နေထိုင်သူများသည် ထူးဆန်းသောပုံစံရှိသော နတ်ဆိုးမျိုးနွယ်များဖြစ်သည်။

နတ်ဆိုးမျိုးနွယ်စုများသည် အရွယ်အစားကြီးမားကာ ကြီးမားကျယ်ပြန့်သောသမုဒ္ဒရာနှင့် ယှဉ်နိုင်သော ခွန်အားရှိသည်။

ဤကမ္ဘာရှိ နတ်ဆိုးမျိုးနွယ်စုများသည် ယန်ဟွမ်နယ်မြေရှိ သက်ရှိသတ္တဝါများကို ရှင်းရှင်းလင်းလင်း သတိပြုမိကြကာ ၎င်းတို့၏ မျက်လုံးများက ၎င်းတို့၏ဆန္ဒကိုပြသနေသည်။

ရန်ဟွမ်နယ်မြေတစ်ခုလုံး တုန်လှုပ်စပြုလာကြသည်။ ဤအရာသည် ရန်ဟွမ်နယ်မြေတစ်ခုလုံးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည်။ အင်အားစုငါးခုလုံးသည် ၎င်းတို့၏ စစ်ဆင်ရေးကို ချက်ချင်းစတင်ခဲ့သည်။

မကြာမီတွင် ရောင်ဝါစည်းမျဉ်းသည် တိုက်မိမည့်နေရာကို အတိအကျသတ်မှတ်ပြီးဖြစ်သည်။

ထို့နောက်တွင် အခင်းအကျင်းများတစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့ကြသည်။ ၎င်းတို့သည် နတ်ဆိုးကျူးကျော်များကို တိုက်ဖျက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သူတို့သည် နတ်ဆိုးမျိုးနွယ်စုများ၏ ကမ္ဘာအတွင်း စစ်မြေပြင်သတ်မှတ်ရန် စီစဉ်ခဲ့ကြသည်။

သို့သော် ဤအဖြစ်အပျက်များသည် ရီမိသားစုနှင့် မသက်ဆိုင်ချေ။ ဖုံးကွယ်ထားသော ရီမိသားစုသည် မိသားစုအတွင်း ဒုက္ခအဘိညာဉ်အဆင့်ကျင့်ကြံသူရှိသည်ကိုပင် လျှို့ဝှက်ထားခဲ့သည်။

သုံးရက်အကြာတွင် ရီဖန်၏စိတ်ထဲ၌ အချက်အလက်များစွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူ၏ဒုတိယအလုပ်အကိုင်သည် ဆေးပညာတွင် နဝမအဆင့်၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းတွင် နဝမအဆင့်အထိ အဆင့်တက်လာသည်။ အခင်းအကျင်းစွမ်းရည်သည်လည်း အဆင့်ကိုးနှင့်မဝေးတော့ဘဲ တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာကြာတော့မည်ဖြစ်သည်။

မဟာယနနယ်ပယ်နှင့် ညီမျှသော နဝမအဆင့်သည် ရန်ဟွမ်နယ်မြေတွင် ကန့်သတ်ချက်တစ်ခု ဖြစ်နေပြီဖြစ်သည်။ ဒဿမအဆင့်ထိရောက်ရှိနိုင်သော်လည်း၊ ရန်ဟွမ် နယ်မြေအတွင်းရှိ ဒဿမအဆင့်အင်မော်တယ်ပစ္စည်းများကို ပြန်လည်သန့်စင်ရန် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ လောက၏မူလနိယာမအရ ကန့်သတ်ချက်ဖြစ်သည်။

ရီဖန်သည် ချန်မင်ကမ္ဘာတွင်ဝယ်ယူထားသော သူ၏အရင်းအမြစ်များကိုထုတ်ယူကာ ဆေးလုံးများကို စတင်လုပ်ဆောင်သည်။ စည်းမျဉ်းဆိုင်ရာဝိညာဉ်မျိုးစေ့သည် ဒုက္ခအဘိဥာဉ် အဆင့်အတွက် အသင့်တော်ဆုံး ဝိညာဉ်ရေးဆေးဖြစ်သည်။ သို့သော် ၎င်းသည် သာလွန်သောအဆင့် ကြီးမြတ်သောတာအိုမဟုတ်ပါက စည်းမျဉ်းဆိုင်ရာဝိညာဉ်မျိုးစေ့ကို ဖြတ်ကျော်ရန်အတွက် အသုံးပြုခြင်းသည် အမှိုက်ဖြစ်လိမ့်မည်။

ရီမိသားစု၏ အလားအလာကြောင့်၊ ဒုက္ခအဘိဥာဉ်ဆေးလုံးသည် ၎င်းတို့အတွက် လုံလောက်နေပြီဖြစ်သည်။ ရီဖန်သည် ဒုက္ခအဘိဥာဉ်ဆေးလုံးတစ်ဒါဇင်ကျော်ကို သန့်စင်ထားကာ၊ ၎င်းတို့ကို သိုလှောင်ရုံတွင် သိမ်းဆည်းထားပြီး၊ ပေါင်းစည်းခြင်းအထွတ်အထိပ်သို့ ရောက်ရှိသူများသည် ဒုက္ခအဘိဥာဉ်အဆင့်သို့ ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်သောအခါ ၎င်းတို့ကို ပြန်လည်ရယူနိုင်သည်။

သာလွန်ကြီးမြတ်သောတာအိုကို နားလည်ပါက စည်းမျဉ်းဆိုင်ရာဝိညာဉ်မျိုးစေ့ကို ပြန်လည်ရယူရန် ရီဖန်ကို တိုက်ရိုက်ရှာဖွေနိုင်မည်ဖြစ်သည်။ ရီမိသားစုရှိ အချို့သောကျင့်ကြံသူများသည်သာ သာလွန်သောအဆင့်ကို နားလည်ရန် အလားအလာရှိကာ ၎င်းသည် ရီကျင်းစန်၊ နဂါးနီလေး၊ အရှေ့ဧကရာဇ်နှင့် ရီရှောင်းရှောင်းတို့၏ အကြိုက်ဖြစ်၏။

ရီကျင်းလုံနှင့် ရီကျင်းဖန်တို့သည် အလယ်အလတ် ကြီးမြတ်သောတာအိုတွင် အသုံးအဝင်ဆုံးဖြစ်သည့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် ဆေးပညာတို့၏လမ်းကြောင်းကို နားလည်ခဲ့ကြသည်။

၎င်းသည် ပြင်းထန်သော အကျိုးသက်ရောက်မှုရှိပါက ၎င်းသည် သာလွန်အဆင့်ရှိ ကြီးမြတ်သောတာအို ထက်ပင် ပိုမိုအသုံးဝင်နိုင်သည်။

ရီမိသားစုရှိ လူတိုင်းသည် ၎င်းတို့၏ အခန်းကဏ္ဍများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ကြကာ ရီဖန်မှ တာဝန်မပေးခဲ့ဘဲ ၎င်းတို့အတွက်ကိုယ်တိုင် ရွေးချယ်ခဲ့ကြသည်။ ဥပမာအားဖြင့်၊ ရီကျင်းချုံနှင့် ရီကျင်းဟိုင်သည် စစ်တိုက်ခြင်းကို နှစ်သက်သည်၊ ရီကျင်းထျန်သည် စောင့်ရှောက်ရခြင်းကို နှစ်သက်သည်၊ ရီကျင်းဖန်သည် ငွေရှာခြင်းကို နှစ်သက်သည် စသည်တို့ဖြစ်ကာ ၎င်းတို့တစ်ဦးစီသည် ထူးခြားသော ပုဂ္ဂိုလ်များဖြစ်ကြ၏။

ရီဖန်လုပ်ရမည်မှာ ရီမိသားစုဟုခေါ်သည့် သင်္ဘောကို ခုတ်မောင်းပြီး မနစ်မြုပ်အောင် ထိန်းထားရန်သာဖြစ်သည်။ ဆေးလုံးများအပြင် ရီဖန်သည် နဝမအဆင့် အင်မော်တယ်လက်နက် တစ်ဒါဇင်ကျော်ကို သန့်စင်ကာ ရတနာခန်းမတွင် သိမ်းဆည်းထားသည်။ ဒုက္ခအဘိဥာဉ်အဆင့်သို့ ရောက်သောအခါ ၎င်းတို့သည် နဝမအဆင့်အင်မော်တယ်လက်နက်ကိုသာ အသုံးပြုသင့်သည်။ မဟုတ်ပါက ရီမိသားစုသည် နဝမအဆင့် အင်မော်တယ်လက်နက်ကို မထောက်ပံ့နိုင်ဟု လူများက ထင်ကြလိမ့်မည်။

နိမ့်ချကာ နေထိုင်ရန်အတွက် ၎င်းတို့သည် သတ္တအဆင့် သို့မဟုတ် အဌမအဆင့် အင်မော်တယ်လက်နက်များကိုသာ ပုံမှန်အသုံးပြုကြကာ နဝမအဆင့် အင်မော်တယ်လက်နက်များသည် ရီဖန်၏ မိသားစုဝင်များအတွက် ပြင်ဆင်ထားသည့် ဝှက်ဖဲများဖြစ်သည်။

ဘမ်း!

ယန်ဟွမ်နယ်မြေရှိလူတိုင်းသည် ယန်ဟွမ်နယ်မြေ၏ တုန်လှုပ်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။ ကမ္ဘာနှစ်ခုတိုက်မိမှုသည် ဧရိယာအသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ဤနေရာသည် ဆိတ်သုဉ်း၍ လောကနှစ်ရပ်လုံး၏ ရောနှောထားသော နိယာမတရားများနှင့် ပြည့်နှက်နေ၍ အလွန်ဖရိုဖရဲ ဖြစ်နေသည်။

……………….

All Chapters