← Chapters

အခန်း ၁၅၁-၁၅၃

Vol. 11 Ch. 151-153

အခန်း ၁၅၁-၁၅၃

Vol. 11 Ch. 151-153

အခန်း ၁၅၁ - ဆဌမမြောက် နတ်ဘုရားနယ်မြေ၊ နတ်ဘုရားနယ်မြေများရှိ ရတနာ

တစ်နှစ်ပတ်လုံး ကြာမြင့်ပြီးသည့်နောက်တွင် ရီဖန်သည် ရှင်းထျန်အခင်းအကျင်းကို အပြီးသတ်နိုင်ခဲ့သည်။ ရှင်းထျန်အခင်းအကျင်းတပ်ဆင်ထားမှုကြောင့် ဒုက္ခအဘိညာဉ်အဆင့်ရှိ ရီမိသားစု၏ ကျင့်ကြံသူများသည် မဟာယာနနယ်မြေအဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်နိုင်ခဲ့သည်။

ရီဖန်သည် ရှင်းထျန်အခင်းအကျင်းကို ရီကျင်းထျန်၊ ရီကျင်းဟိုင်နှင့် ရီရှောင်းရှောင်းတို့ထံ ပေးအပ်ခဲ့ပြီး ကြီးကျယ်ခမ်းနားသော အခင်းအကျင်းကိုပြုလုပ်ရန်အတွက် သင့်လျော်သော ကျင့်ကြံသူများကို ချက်ချင်းရှာဖွေရန် ညွှန်ကြားခဲ့သည်။ ရီမိသားစုသည် တတ်နိုင်သမျှ စွမ်းအားများစုဆောင်းရန် လိုအပ်နေပြီဖြစ်၏။

ပိတ်ဆို့ခံထားရသော ကြယ်တစ်သောင်းကျွန်းသည် အခြားနိုင်ငံများနှင့် ခြားနားမှုမရှိတော့ချေ။ သို့တိုင် အပြင်လူများသည် ကြယ်တစ်သောင်းကျွန်းသို့ ကျူးကျော်ဝင်ရောက်လာပါက ကြယ်တစ်သောင်းကျွန်း နှင့် နတ်ဘုရားနယ်မြေငါးခုအကြားတွင် ကွာခြားချက် အနည်းငယ်သာရှိသည်ကို သိရှိနိုင်မည်ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ကြယ်တစ်သောင်းကျွန်းသည် နတ်ဘုရားနယ်မြေငါးခုထက် အနည်းငယ် သေးငယ်သောကြောင့် ဖြစ်နိုင်သည်။

ယနေ့တွင် ကောင်းကင်ဘုံထိရောက်ရှိသော အလင်းတန်းတစ်ခုသည် ကြယ်တစ်သောင်းကျွန်း၏ အထက်တွင် ရုတ်တရက် ထွက်ပေါ်လာကာ ၎င်းအလင်းတန်းများအတွင်းမှ ကျောက်တုံးကြီးတစ်ခုသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ရန်ဟွမ်နယ်မြေတစ်ခုလုံးကို အလင်းတန်းဖြင့် ဖုံးလွှမ်းသွားပြီးနောက် နတ်ဘုရားနယ်မြေငါးခုရှိ စွမ်းအားများသည် ကြယ်တစ်သောင်းကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာခဲ့သည်။ ဤအလင်းတန်းသည် ယခင်က ရန်ဟွမ်နယ်မြေတွင် ငါးကြိမ်သာ ပေါ်ထွက်ခဲ့ဖူးသည်။

၎င်းတို့သည် အင်မော်တယ်လက်နက်ကဲ့သို့သော ပစ္စည်းများကို ထုတ်ပေးကာ နတ်ဘုရားနယ်မြေငါးခု၏ ရတနာများအဖြစ်သိကြ၏။ ၎င်းထွက်ပေါ်လာခြင်းမှာ ကြယ်တစ်ထောင်ကျွန်းသည် ဆဋ္ဌမမြောက် နတ်ဘုရားနယ်မြေအဖြစ် တိုးလာခြင်းကို ဆိုလို၏။

ကြယ်တစ်သောင်းကျွန်းသည် ပုံမှန်အားဖြင့် တာ့ယွီအင်ပါယာအောက်တွင် သိုသိပ်စွာဆောင်ရွက်ကာ ၎င်း၏လုပ်ငန်းဆောင်ရွက်မှုကိုခွဲခြား၍မရချေ။ အထူးသဖြင့် နောက်ပိုင်းတွင်သီးသန့်ခွဲထွက်ကာ ပြင်ပအဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

နတ်ဆိုးမျိုးနွယ်စု၏အဖွဲ့ဝင်များအားလုံးနှင့် နတ်ဘုရားပြည်နယ်ငါးခုပင်လျှင် ကြယ်တစ်သောင်းကျွန်းသည် နတ်ဘုရားပြည်နယ်ငါးခုနှင့်တန်းတူဖြစ်နေသည်ကို သတိမပြုမိခဲ့ပေ။

ယခုမူကား ဆဠမမြောက်နတ်ဘုရားနယ်မြေ ပေါ်ပေါက်လာခြင်းသည် နောက်ဆုံးတွင် ကြယ်တစ်သောင်းကျွန်းထံသို့ အာရုံစိုက်မှုများရောက်ရှိလာစေ၏။ အပြင်လူများက သတိပြုမိသော်လည်း ရီဖန်ကိုယ်တိုင်လည်း ၎င်းကို သိရှိနေခဲ့ပြီးဖြစ်သည်။

မျက်စိတစ်မှတ်အတွင်း ရီဖန်သည် အလင်းတန်း၏အပြင်ဘက်သို့ ချက်ချင်းရောက်သွားသည်။ ၎င်းသည်လည်း ရီဖန်ရောက်ရှိလာသည်ကို သိရှိပြီးနောက် နတ်ဘုရားနယ်မြေ၏ရတနာကို ဖြည်းညှင်းစွာထုတ်လွှတ်ကာ ရီဖန်၏လက်ထဲသို့ ကျရောက်သွားသည်။

ရီဖန်၏ စိတ်ထဲတွင်လည်း အကြောင်းကြားစာတစ်ခုဝင်လာခဲ့သည်။ နတ်ဘုရားနယ်မြေ၏ ရတနာဖြစ်သည့် အကဲဖြတ်ခြင်းရတနာ၊ အကဲဖြတ်ရတနာသည် ပစ္စည်းတစ်ခုအဖြစ် အသုံးပြုသော်လည်း အင်မော်တယ်လက်နက်တစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။

ထိုးစစ်သို့မဟုတ် ခံစစ်စွမ်းအားများမဟုတ်ဘဲ ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ရတနာရှာဖွေခြင်းပင်ဖြစ်သည်။

၎င်းထဲသို့ စွမ်းအားကို ဖြန့်ကျက်လိုက်ရုံဖြင့် အလင်းဖန်သားပြင်တစ်ခု ပေါ်လာမည်ဖြစ်ကာ ၎င်းပေါ်တွင် အကွာအဝေး လီတစ်သန်းအတွင်းရှိ ရတနာများ၏တည်နေရာများကို ပြသပေးမည်ဖြစ်၏။

အမျိုးအစားတစ်ခုစီ၏ ရတနာများကို အရောင်အသွေးအမျိုးမျိုးဖြင့် ပြသမည်ဖြစ်ကာ

အကဲဖြတ်ရတနာ၏ လုပ်ဆောင်ချက်သည် ဂိုဏ်းခွဲတိုင်းအတွက် မက်မောဖွယ်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ ချဲ့ထွင်ရန်ကြိုးပမ်းနေသည့် ဂိုဏ်းခွဲတိုင်းသည် အရင်းအမြစ်လိုအပ်ချက်များရှိကြ၏။

အကဲဖြတ်ရတနာဖြင့် ဂိုဏ်းခွဲတစ်ခုသည် အရင်းအမြစ်များပြတ်တောက်ခြင်းကို ရှောင်ရှားနိုင်သည်။ သို့သော် ရီဖန်တန်ဖိုးထားသောအရာမှာ အကဲဖြတ်ရတနာ၏ စွမ်းဆောင်ရည်များကိုမဟုတ်ဘဲ ရတနာကိုယ်တိုင်ကိုဖြစ်သည်။

ရီဖန်၏စိတ်ထဲတွင် အင်မော်တယ်လက်နက်၏ပုံရိပ်ဖြင့် လွှမ်းခြုံထား၏။ ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသား စာအုပ်သုံးအုပ်တွဲ၊ ကမ္ဘာမြေစာအုပ်၊ ကောင်းကင်၊ ကမ္ဘာနှင့် လူသားရတနာကြေးမုံစသည်တို့ထဲတွင် အကဲဖြတ်ခြင်းရတနာသည် ကမ္ဘာမြေစာအုပ်ကို ဖန်တီးရန်အတွက် သင့်လျော်သောပစ္စည်းဖြစ်သည်။

ကမ္ဘာမြေစာအုပ်သည် စစ်မှန်သောအင်မော်တယ်ပစ္စည်းတစ်ခုဟု ဆိုနိုင်သည်။ ၎င်းသည် ရန်ဟွမ်နယ်မြေအတွင်းရှိ ပစ္စည်းများကို အောင်မြင်စွာ ပွါးများပေးနိုင်ကာ

ရီဖန်သည်ပင် ၎င်းသည် အလွန်မက်မောဖွယ်ဖြစ်ကြောင်း ဝန်ခံရမည်။ သို့သော် ယခုအချိန်သည် အင်မော်တယ်ရတနာများကို ဖန်တီးရန် အကောင်းဆုံးအချိန်မဟုတ်ပေ။

မရေမတွက်နိုင်သော အင်အားစုများသည် ထိုဒေသတွင် ဆုံစည်းနေပြီဖြစ်သည်။ အကဲဖြတ်ခြင်းရတနာကို ၎င်းအင်အားစုများလက်ထဲသို့ မကျရောက်အောင် ကာကွယ်ပေးနိုင်မှသာလျှင် ၎င်းကို ရီဖန်အမှန်တကယ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ရီဖန်သည် ကောင်းကင်နှင့် ကြယ်တာရာအခင်းအကျင်းကို စွမ်းအားအပြည့်သွင်းလိုက်သည်။ ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးကို ကောင်းကင်နှင့် ကြယ်တာရာများက ချက်ခြင်းဝိုင်းရံလိုက်သည့်အခါ များပြားလှသော ဝိညာဉ်ကျောက်တုံးများသည် အလိုအလျောက် စုပ်ယူခြင်းခံရသည်။ ယခုဆိုလျှင် ရီဖန်၏ခွင့်ပြုချက်မရှိဘဲ ကြယ်တစ်သောင်းကျွန်းသို့ မည်သူမျှမဝင်ရောက်နိုင်တော့ချေ။ ကောင်းကင်နှင့်ကြယ်တာရာ အခင်းအကျင်းကို ဖျက်ဆီးပစ်နိုင်မှသာ ဝင်ရောက်နိုင်မည်ဖြစ်၏။

ကြယ်တစ်သောင်းကျွန်းအပြင်ဘက်တွင် ကျင့်ကြံသူ ပထမအသုတ်ရောက်ရှိလာပြီး ကြီးမားသောအခင်းအကျင်းဖြင့် ပိတ်ဆို့ခြင်းခံထားရသည်။ ကျင့်ကြံသူအများအပြားသည် တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသော်လည်း အနည်းငယ်မျှသောပျက်စီးမှုကိုပင် မဖြစ်ပေါ်စေခဲ့ပေ။ အဆင့်ရှစ် အခင်းအကျင်းပညာရှင်၏ ကြိုးစားမှုပင်လျှင် မအောင်မြင်ဘဲ ကျရှုံးသွားသောကြောင့် ၎င်းတို့ကို ထိတ်လန့်စေခဲ့သည်။

"ဒီအခင်းအကျင်းက အဆင့်ကိုးရှိတယ်၊ ကြယ်တစ်သောင်းကျွန်းမှာ နဝမအဆင့် အခင်းအကျင်းပညာရှင်တစ်ယောက်ရှိရမယ်”

နဝမအဆင့် အခင်းအကျင်းပညာရှင်လော။ ၎င်းကိုကြားသည့်အခါ အားလုံးအံ့ဩသွားကြသည်။ ရန်ဟွမ်နယ်မြေရှိ နဝမအဆင့် အခင်းအကျင်းပညာရှင်ကို လက်တစ်ဖက်တွင် ရေတွက်နိုင်သည်။ နောက်တစ်ယောက်သည် မည်သည့်အချိန်က ပေါ်ထွက်လာသနည်း။

နဝမအဆင့်အခင်းအကျင်းပညာရှင် တစ်ယောက်တည်းကပင် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို အလေးအနက်ထားရန် လုံလောက်နေပြီဖြစ်သည်။ မရေမတွက်နိုင်သောသူလျှိုများသည် သူတိူ့မသိလိုက်ဘဲ ကြယ်တစ်သောင်းကျွန်းကို မည်သည့်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း သိရှိရန်ကြိုးပမ်းရင်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းစတင်ခဲ့ကြ၏။ ဤအင်အားစုများသည် ထိပ်တန်းအဆင့်မှ အောက်ခြေအဆင့်အထိရှိသော်လည်း ရန်ဟွမ်နယ်မြေရှိ အင်အားကြီးအုပ်စု ငါးခုသည် တစ်ခုမျှ မပေါ်ထွက်ခဲ့ပေ။

ယင်ယန်ကျောင်းတော်တွင် ရီကျင်းယွင်ကို သင်ကြားပေးနေသော ကျောင်းအုပ်သည် ရုတ်တရက် မော့ကြည့်လိုက်သည်။

“ဆဋ္ဌမမြောက် နတ်ဘုရားနယ်မြေ၊ ကျင်းယွင် မင်းရဲ့ ရီမိသားစုက ကံကောင်းတဲ့အခွင့်အရေးတစ်ခုကို ရရှိထားပုံပဲကွ”

နတ်ဘုရားနယ်မြေ၏ အသွင်အပြင်ကို ခံစားခွင့်ရသူအဖြစ် ကျောင်းအုပ်ကြီးသည် ရီမိသားစုထံ ယူဆောင်လာပေးသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီးဖြစ်သည်။ ယင်ယန်အကယ်ဒမီသည် အလယ်ပိုင်းနယ်မြေ၏ ထွန်းကားလာမှုမှ ရိတ်သိမ်းနိုင်ခဲ့သော အင်အားကြီးငါးခုထဲမှ တစ်ခုဖြစ်လာကာ နတ်ဘုရားရတနာဖြစ်သည့် ယင်ယန်ကျမ်းလိပ်ကိုရရှိကာ အင်အားကြီးအုပ်စုငါးခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။

ယင်ယန်ကျမ်းလိမ်သည် ယင်ယန်ကျောင်းတော်၏ ခေတ်အဆက်ဆက် ကျောင်းအုပ်များ အမွေဆက်ခံခဲ့သော အင်မော်တယ်ပစ္စည်းဖြစ်သည်။ ထိုးစစ်နှင့် ခံစစ်နှစ်မျိုးလုံးတွင် ကောင်းစွာပြည့်စုံကာ ယင်ယန်ကျောင်းတော်၏ အဓိက ကျင့်ကြံနည်းစနစ်ဖြစ်သည့် ယင်ယန်ကျမ်းစာအုပ်သည်လည်း ၎င်းမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယခုလည်း ရီမိသားစုသည် အင်မော်တယ်တစ်ပိုင်း ရှေးဟောင်းပစ္စည်းကို ပိုင်ဆိုင်ထားသည်။ ရီမိသားစုသည် ၎င်းကို ကာကွယ်နိုင်သရွေ့ ၎င်းတို့၏ ကြီးထွားလာမှုသည် မလွဲမသွေဖြစ်လိမ့်မည်။ ရီမိသားစုသည် အင်မော်တယ်ပစ္စည်းကို ကာကွယ်နိုင်မည်လောနှင့်ပတ်သက်၍ ကျောင်းအုပ်ကြီးသည် ရီကျင်းယွင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ကျွန်တော့်အဖေအတွက် ပြဿနာမရှိတာ သေချာတယ်"

ရီကျင်းယွင်၏မျက်လုံးထဲတွင် ရီဖန်သည် မယုံကြည်နိုင်လောက်အောင် ထူးချွန်သူဖြစ်သည့်အတွက် သူ့မျက်လုံးထဲတွင် သံသယအနည်းကိုပင် မတွေ့နိုင်ချေ။

ကျောင်းအုပ်ကြီးသည် ရီကျင်းယွင်၏စကားကို မသိစိတ်က ယုံကြည်ကာ ခေါင်းညိတ်လိုက်သည်။

ရီဖန်သည် ကျောင်းအုပ်ကြီးမမြင်နိုင်သော ရန်ဟွမ်နယ်မြေရှိ လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်ကာ

ရီဖန်၏ကျင့်ကြံမှုအဆင့်သည်ပင် ကျောင်းအုပ်ကြီးအတွက် ပဟေဠိဖြစ်နေဆဲဖြစ်၏။

“စိတ်မပူပါနှင့်၊ အင်အားစုငါးခုက မလုပ်ဆောင်သရွေ့ ရီမိသားစုက ဘေးကင်းပါလိမ့်မယ်။ ပြီးတော့ အင်အားစုငါးခုက လုပ်ဆောင်မှာလည်းမဟုတ်ပါဘူး” ရန်ဟွမ်နယ်မြေသည် အလယ်အလတ်ကမ္ဘာတစ်ထောင်မျှသာဖြစ်သောကြောင့် မိသားစုတစ်ခုသည် အင်မော်တယ်ပစ္စည်းအရေအတွက်နှစ်ခုကို မခံယူနိုင်ချေ။

အင်အားစုငါးခုသည် ယခင်ကတစ်ခုစီရရှိပြီးဖြစ်သည့်အတွက် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ မလှုပ်ရှားကြသော်လည်း ကြယ်တစ်သောင်းကျွန်းအပြင်ဘက်ရှိ အခြားအင်အားစုများမှာ ၎င်းတို့၏စိတ်ရှည်မှုကို ဆုံးရှုံးသွားခဲ့သည်။ အင်မော်တယ်စ္စည်းတစ်ခု၏ ဆွဲဆောင်မှုကို မည်သူမျှခုခံနိုင်စွမ်းမရှိပေ။

"တိုက်ကြ! ”

မရေမတွက်နိုင်သော တိုက်ခိုက်သူများသည် ကြယ်ရောင်အတားအဆီးကို တိုက်ခိုက်ခဲ့ကြသော်လည်း

နောက်အခိုက်အတန့်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ဒုက္ခအဘိညာဉ်အဆင့်အထွတ်အထိပ်ရှိ ကျင့်ကြံသူများ၏ မြောက်မြားစွာသော တိုက်ခိုက်မှုအောင်တွင်ပင်လျှင် အခင်းအကျင်းကို မချိုးဖျက်နိုင်ကြသေးပေ။

ဤအချိန်တွင် နတ်ဆိုးမျိုးနွယ်စုပေါ်လာသည်။ ထုံးစံအတိုင်း ၎င်းတို့၏ရည်ရွယ်ချက်မှာ အင်မော်တယ်ပစ္စည်းဖြစ်သော်လည်း ထိုလူသားများကို အရင်သတ်ပစ်နိုင်ရန် မျှော်လင့်ကြသောကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွါးခဲ့၏။

တစ်ဖန် ကြယ်တစ်သောင်းကျွန်းသည် သတိထားမိခြင်းခံရပြန်သည်။ နတ်ဆိုးမျိုးနွယ်စုနှင့် လူသားများ အချင်းချင်းသတ်ဖြတ်ကြသည်ကို ကြည့်ပြီးနောက် ရီဖန်၏အမူအရာမှာ ကျေနပ်မှုမရှိတော့ချေ။ ရီဖန်အကြောက်ဆုံးအခြေအနေထွက်ပေါ်လာခြင်းဖြစ်၏။

နတ်ဘုရားနယ်မြေငါးခုနှင့် ယှဉ်လျှင် ဆဋ္ဌမမြောက်နတ်ဘုရားနယ်မြေဖြစ်သည့် အရွက်တစ်ထောင်ကျွန်း၏ စွမ်းအားသည် သဘာဝအားဖြင့်နိမ့်ကျသည်။ နတ်ဆိုးမျိုးနွယ်စုသည် ရန်ဟွမ်နယ်မြေကို ပစ်မှတ်ထားလိုပါက ကြယ်တစ်သောင်းကျွန်းသည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

ကြောက်ရွံ့ခြင်းမရှိသည့်တိုင် ရီဖန်သည် ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးကို ကာကွယ်ရန် ယုံကြည်မှုမရှိခဲ့ပေ။ အခြားနေရာရွှေ့ပြောင်းခြင်းများနှင့် ရင်ဆိုင်ရနိုင်ပါသလော။ နေရာပြောင်းရွှေ့ရန်ကိုမူ ရီဖန်ခံနိုင်ရည်မရှိခဲ့ပေ။

……………………

အခန်း ၁၅၂ - ဆဌမမြောက်မိသားစု၊ ငါအိမ်ကိုပြန်ချင်တယ်

ကြယ်တစ်သောင်းကျွန်းသည် ကောင်းမွန်လှသော်လည်း ရီဖန်၏ ချန်မင်သာ့ချန်းကမ္ဘာကို ထုတ်ယူလိုက်ပါက ၎င်းနှင့်မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ အနည်းဆုံး ကြယ်တစ်သောင်းကျွန်း၏ အခြေအနေသည် တော်တော်လေး ကောင်းမွန်နေ၏။

အခင်းအကျင်း၏ ကြောက်မက်ဖွယ်ကောင်းသော ခံစစ်စွမ်းအားကို ရင်ဆိုင်ရပြီးနောက် နတ်ဆိုးမျိုးနွယ်စုသည်ပင် ၎င်းတို့၏လုပ်ဆောင်ချက်များကို ခေတ္တရပ်တန့်ထားသည်။ ထိုအင်အားစုများသည် လက်ရှိအချိန်တွင် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကိုသာ ရပ်ဆိုင်းထားရ၏။

သူတို့မျက်စိရှေ့တွင် အင်မော်တယ်စ္စည်းတစ်ခုရှိသော်လည်း ၎င်းကိုမရရှိနိုင်ခြင်းသည် စိတ်ပျက်စရာအကောင်းဆုံးဖြစ်သည်။

အင်အားစုများသည် ရီမိသားစုနှင့် ကြယ်တစ်သောင်းကျွန်းကို ရင်းနှီးမှုမရှိသောကြောင့် မည်ကဲ့သို့လှုပ်ရှားရမည်ကို မသိခဲ့ပေ။ အကျွမ်းတဝင်ရှိသူများကမူ လုံလောက်သော အင်အားမရှိကြချေ။

ရီမိသားစုနှင့် ယှဉ်နိုင်သည့်အင်အားနှင့် ရင်းနှီးမှုရှိသော တစ်ခုတည်းသောအင်အားစုမှာ ရီမျိုးနွယ်စုဖြစ်သည်။

ရီမျိုးနွယ်စု၏အကြီးအကဲပြန်လာသည့်အချိန်မှစ၍ ရီမျိုးနွယ်စု၏အင်အားသည် ကြီးမားစွာတိုးတက်ခဲ့သည်။

ရီမျိုးနွယ်စု၏အကြီးအကဲမှပံ့ပိုးပေးသော ဆေးလုံး များနှင့်အတူ ရီမျိုးနွယ်စုသည် ဒုက္ခအဘိညာဉ်အဆင့် ကျင့်ကြံသူနှစ်ဦးကို မထင်မှတ်ပဲရရှိခဲ့ကာ ၎င်းတို့သည် အထွတ်အထိပ်ထက်ပင် ပိုမိုအားကောင်းလာကြသည်။ လက်ရှိတွင် ရီမျိုးနွယ်တစ်ခုလုံးသည် ၎င်းကို လုံး၀နာခံကြကာ အကြီးအကဲမှ ဆင့်ခေါ်ထားသည့် ကျင့်ကြံသူများကိုပင် သတိမထားမိကြချေ။ အကြီးအကဲ၏ဂူအိမ်တွင် အရိုးစုများ ကြမ်းပြင်တွင် ဖုံးလွှမ်းထားသည်။ အကြီးအကဲနှင့် ဆန့်ကျင်ဘက်တွင် ရီမျိုးနွယ်စုခေါင်းဆောင်သည် စိတ်လှုပ်ရှားနေကာ မြေပြင်ပေါ်ရှိ အရိုးများကို လုံးဝသတိမမူမိပေ။

“အကြီးအကဲ၊ သတင်းကောင်းရှိတယ်၊ ကြယ်တစ်သောင်းကျွန်းမှာရှိတဲ့ ရီမိသားစုက

အင်မော်တယ်တစ်ပိုင်းပစ္စည်းကို ရရှိခဲ့တယ်"

“အင်မော်တယ်တစ်ပိုင်းပစ္စည်းဆိုတာက ဘာလဲ”

ရီမျိုးနွယ်စု၏အကြီးအကဲသည် ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ ၎င်းသည် အင်မော်တယ်တစ်ပိုင်းပစ္စည်းဖြစ်သည်။ သူတို့ မူလပိုင်ဆိုင်ခဲ့သောအမွေအနှစ်တွင် အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုရှိခဲ့သော်လည်း ၎င်းကိုရယူနိုင်စွမ်းမရှိကြချေ။ယခုမူ အင်မော်တယ်ပစ္စည်းကိုရရှိရန် အခွင့်အရေး ရှိပါသေးသည်။

ရီမျိုးနွယ်စု၏ အကြီးအကဲသည် ရီမိသားစု၏ အခြေအနေကိုသိရှ်ခဲ့သော်လည်း ဤကာလအတွင်း သူ၏မူလမူကို ပြန်လည်ထိန်းသိမ်းရန် အလုပ်များနေခဲ့သည်။ ရီမျိုးနွယ်စု၏အကြီးအကဲအတွက် သူ၏မူလပုံစံကို ပြန်လည်ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းမှာ သူ၏မျိုးနွယ်စုသွေးကိုစုပ်ယူရန်ဖြစ်သည်။

မျိုးနွယ်စု၏သွေးမျိုးဆက်သည် အပြန်အလှန် ဆက်စပ်နေသောကြောင့် သဘာဝကျစွာပင် ၎င်းကိုငြင်းပယ်မည်မဟုတ်ပေ။ တိုတောင်းသောဆယ်စုနှစ်အနည်းငယ်အတွင်း ရီမျိုးနွယ်စု၏အကြီးအကဲသည် ရီမျိုးနွယ်စုထံမှ ကျင့်ကြံသူတစ်ထောင်ကျော်ကို စုပ်ယူခဲ့သည်။ ရီမျိုးနွယ်စုတွင် လူအများအပြားရှိသောကြောင့် ၎င်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ကြခြင်းဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်သည် အကြီးအကဲ၏လုပ်ရပ်ကို လုံးဝဂရုမစိုက်ချေ။ သူတို့သည် မျိုးနွယ်စုအချို့သာ ဖြစ်ကြသောကြောင့် သေသွားလျှင်ပင် အရေးမကြီးပေ။ ရီမျိုးနွယ်စု၏အကြီးအကဲကို ပိုမိုနာလန်ထူလာစေရန်နှင့် သူ့ကိုယ်ပိုင်စွမ်းအားကို ပို၍ကြီးမားလာအောင် စွမ်းဆောင်နိုင်လျှင် ရီမျိုးနွယ်တစ်ခုလုံး ဆုံးရှုံးသွားလျှင်ပင် သူဂရုမစိုက်ချေ။

“အကြီးအကဲ၊ ဒီရီမိသားစုက ကျွန်တော်တို့ ရီမျိုးနွယ်စုရဲ့ သွေးမျိုးဆက်ရှိတယ်၊ အကြီးအကဲများ…..”

ရီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် ရီမိသားစုကို ပစ်မှတ်ထားကာ ရီမိသားစု၏ သွေးမျိုးဆက်ကိုစုပ်ယူခြင်းဖြင့် အကြီးအကဲ၏ ခွန်အားကို ပိုမိုမြန်ဆန်စွာပြန်လည်ရရှိစေမည်ဟု ယုံကြည်သည်။

"အချက်အလက်ပြော၊ ဒီ ရီမိသားစုမှာ ဒုက္ခအဘိညာဉ်အဆင့် ကျင့်ကြံသူရှိရမယ်"

မကြာသေးမီနှစ်များအတွင်း မည်သည့်မိသားစုက ရီမိသားစုကို အာရုံစိုက်ခြင်းအများဆုံးဟုစဉ်းစားကြည့်ပါက ၎င်းသည် သဘာဝအလျောက် ရီမျိုးနွယ်စုသာဖြစ်ရမည်။ ရီမိသားစုအား ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခဲ့ရပုံကို ပြန်ပြောင်းသတိရသောအခါ ရီမျိုးနွယ်စုခေါင်းဆောင်သည် ဒေါသထွက်ခဲ့ရကာ နောက်ဆုံးတွင် သူလက်တုံ့ပြန်နိုင်ပြီဖြစ်သည်။

"ဒုက္ခအဘိညာဉ်အဆင့်? စိတ်ပူစရာမလိုပါဘူး။ အဲဒီ အင်မော်တယ်တစ်ပိုင်းပစ္စည်းက ငါတို့ဟာပဲ”

ရီမျိုးနွယ်စု၏အကြီးအကဲသည် အင်မော်တယ်တစ်ပိုင်းပစ္စည်းကို အောင်ပွဲတစ်ခုအဖြစ် အခိုင်အမာတောင်းဆိုထားပြီးဖြစ်သည်။

"ငါ အခု သွားလိုက်မယ်"

တစ်ရက်အကြာတွင် ရီမျိုးနွယ်စု၏အကြီးအကဲ ပြန်ရောက်လာပြီး မျက်နှာမှာ ဖြူရော်နေ၏။

"ကြယ်တစ်သောင်းကျွန်းကို အင်မော်တယ်အခင်းအကျင်းတစ်ခုက ကာကွယ်ထားတယ်၊ ငါဝင်လို့မရဘူး။"

ရီမျိုးနွယ်စု၏ အကြီးအကဲက အနည်းငယ်မျှပင် မမျှော်လင့်ထားသည်မှာ ရီမိသားစု၏ကံကြမ္မာသည် အင်မော်တယ်အခင်းအကျင်းကိုပင် ရယူနိုင်ခဲ့သည်။ သူသည် ၎င်းအခင်းအကျင်းကို ရင်ဆိုင်ခဲ့ရကာ ၎င်းသည် သူဖြတ်သွားနိုင်သည့်အရာမဟုတ်သည်မှာ သေချာသည်။

ဤစကားများကို ကြားလိုက်သောအခါ မျိုးနွယ်စုခေါင်းဆောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်

“အကြီးအကဲ၊ ကျွန်တော့မှာ တခြားနည်းလမ်း ရှိသေးတယ်။ထိပ်တန်းပါရမီရှင်ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရီမိသားစုရဲ့ရီကျင်းယွင်ရှိတယ်။ ရီမိသားစုကို ရီကျင်းယွင်နှင့် ခြိမ်းခြောက်နိုင်ရင် ရီမိသားစု က အင်မော်တယ်တစ်ပိူင်းပစ္စည်းကို လက်လွှဲပေးမယ်လို့ ထင်တယ်”

ယခင်က ရီကျင်းယွင်သည် ယင်ယန်ကျောင်းတော်တွင် ပါဝင်ခဲ့သည့်အတွက် မျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် ကြောက်လန့်လာကာ ရီမိသားစုကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့သည်။ ထိပ်တန်းပါရမီရှင် ဆယ်ဦးစလုံးသည် အနည်းဆုံး ဒုက္ခအဘိညာဉ်အဆင့်တွင်ရှိကြ၏။ မျိုးနွယ်စုခေါင်းဆောင်သည် ဒုက္ခအဘိညာဉ်အဆင့်ကို ကျော်ဖြတ်ပြီးသော်လည်း၊ ရီကျင်းယွင်ကိုအနိုင်ယူရန် အယုံအကြည်မရှိသောကြောင့် ရီမျိုးနွယ်စု ၏အကြီးအကဲကိုသာ အားကိုးနိုင်ခဲ့သည်။

ယင်ယန်ကျောင်းတော်ဟူသည့် နာမည်ကိုကြားသောအခါ ရီမျိုးနွယ်စု၏အကြီးအကဲသည် အနည်းငယ်တုံ့ဆိုင်းသွား၏။ နောက်ဆုံးတွင် ၎င်းတို့သည် အင်အားကြီးအုပ်စုငါးခုမှ လူများဖြစ်ကြကာ ယင်ယန်ကျောင်းတော်မှ လက်စားချေရန် ကြိုးပမ်းခဲ့မည်ဆိုလျှင် အဆင့်၅ တစ်ကိုယ်တော်ကျင့်ကြံသူအနေဖြင့် သူကိုင်တွယ်နိုင်သည့် အရာမျိုးမဟုတ်ပေ။

လွတ်မြောက်ကျင့်ကြံသူတစ်ဦးမှမရှိဘဲ ရန်ဟွမ်နယ်မြေတွင် အင်အားကြီးအုပ်စုငါးစုသည် နှစ်ပေါင်းများစွာ ခိုင်မြဲနေခဲ့သည်ဟု ယုံကြည်ပါသလော။ သို့သော် အင်မော်တယ်တစ်ပိုင်းပစ္စည်း၏ စွမ်းအားကို တွေးတောရင်း ရီမျိုးနွယ်စု၏အကြီးအကဲသည် သူ၏ဆုံးဖြတ်ချက်ကို ချက်ချင်းခိုင်မာစေခဲ့သည်။

သူသည် ဆဋ္ဌမဒုက္ခအဘိညာဉ်အဆင့်နှင့်မဝေးတော့ချေ။ အကယ်၍ သူသည် အင်မော်တယ်တစ်ပိုင်းပစ္စည်းကို ရယူနိုင်ခဲ့ပါက ဆဋ္ဌမ ဒုက္ခအဘိညာဉ်အဆင့်ကို ကျော်ဖြတ်ကာ လွတ်မြောက်ကျင့်ကြံသူဖြစ်လာရန် အခွင့်အလမ်းများစွာ တိုးလာမည်ဖြစ်သည်။ သူသည် အဆင့်ဆယ့်နှစ် လွတ်မြောက်ကျင့်ကြံခြင်းကို ကျော်ဖြတ်ပြီးပါက ယင်ယန်ကျောင်းတော်မှ ပစ်မှတ်ထားခံရခြင်းသည်ပင် အရေးမကြီးတော့ပေ။

အဆိုးဆုံးဖြစ်လာလျှင် မသေနိုင်သော အင်မော်တယ်တစ်ပိုင်းပစ္စည်းကို ရရှိပြီးနောက် ပုန်းအောင်းသွားမည်ဖြစ်သည်။ သူပုန်းပြီးနောက် ရီမျိုးနွယ်စု၏ကံကြမ္မာနှင့် ပတ်သက်၍မူ သူနှင့်မဆိုင်တော့ချေ။ တစ်ယောက်ချင်းစီတိုင်းတွင် အကြံအစည်များရှိနေကြပြီးမဟုတ်လော။

ရီမျိုးနွယ်၏ အကြီးအကဲသည် အခွင့်အရေးကို အလျင်အမြန်ရယူကို ရီကျင်းယွင်ကိုတိုက်ရိုက်ပြန်ပေးဆွဲရန် စီစဉ်ခဲ့သည်။ ဒုက္ခအဘိညာဉ်၏အစောပိုင်းအဆင့်တွင်ရှိနေသည့် ရီကျင်းယွင်သည် အဆင့်ငါးလွတ်မြောက်ကျင့်ကြံသူ နှင့်မယှဉ်နိုင်ချေ။

သို့သော် ရီမျိုးနွယ်စု၏အကြီးအကဲ မမျှော်လင့်ထားသောအရာမှာ ရီကျင်းယွင်၏ တာအို ကာကွယ်သူသည် မည်မျှအားကောင်းမည်နည်း။ ကိုယ်ပွါးကိုယ်ထည်သည် လှုပ်ရှားပြီးသည်နှင့် ကမ္ဘာ့စွမ်းအားကို အသုံးချခဲ့သည်။ အဆင့်ကိုးရှိသော ကမ္ဘာကို ရင်ဆိုင်ရာတွင်ကိုယ်ပွါးကိုယ်ထည်သည် လက်ဖဝါးတစ်ဖက်တည်းဖြင့် ပေါက်ကွဲစေခဲ့သောကြောင့် နေရာလွတ်ပြိုကျကာ ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာခဲ့သည်။

သူသည် ကိုယ်ပွါးကိုယ်ထည်ထံတွင် ရင်းနှီးသောရောင်ဝါကို ခံစားလိုက်ရသည်။ရီမျိုးနွယ်စု၏သွေးမျိုးဆက် ရောင်ဝါမဟုတ်လော? ၎င်းသည် အနည်းငယ်မျှသာဖြစ်သည့်တိုင် သူသည် ရီမျိုးနွယ်စု၏အသွေးအသားကို အလွန်စုပ်ယူထားသောကြောင့် ၎င်းကို မမှတ်မိဘဲနေမည်နည်း။ ဤကဲ့သို့သော စွမ်းအားကြီးကျင့်ကြံသူသည် ရီမျိုးနွယ်စုတွင် မည်သည့်အချိန်က ပေါ်ပေါက်လာသနည်း။

မဟုတ်ပေ။ ဤပညာရှင်သည် ရီမိသားစုမှဖြစ်၏။ သို့ဖြစ်ပါက ၎င်းသည် ရီမိသားစု၏ ဒုက္ခအဘိညာဉ်အဆင့်ကျင့်ကြံသူလော။ ရီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ပေးသော အချက်အလက်ကို ပြန်လည်တွေးတောရင်း အကြီးအကဲသည် သူ့ကိုနှစ်ကြိမ်မျှပါးရိုက်ပစ်ရန် ဆန္ဒရှိခဲ့သည်။၎င်းသည် ထောင်ချောက် မဟုတ်လော?

ဤရီမိသားစု၏ လျှို့ဝှက်ချက်သည် နက်နဲလွန်းလှသည်။ တာအိုကာကွယ်သူသည် မဟာယာနနယ်မြေ၏ တိုက်ပွဲစွမ်းအားရှိနေပြီဆိုပါက ရီမိသားစု၏ ခွန်အားသည် အကန့်အသတ်မရှိမည်မှာ သေချာသည်။ ရီမျိုးနွယ်စုအကြီးအကဲ၏ ရင်တွင်း၌ ကြောက်ရွံ့မှုများ ပျံ့နှံ့လာသည်။ သူသည် ရီမိသားစု၏လျှို့ဝှက်ချက်ကို မတော်တဆ ဖော်ထုတ်ခဲ့မိပုံရသည်။

ရီမိသားစုသည် အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်သော်လည်း နိမ့်ချနေထိုင်ခဲ့သနည်း။

နှစ်ပေါင်းများစွာကြာအောင် ရီမိသားစု၏ မဟာယာနနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်း သတင်းမကြားခဲ့ရချေ။ ၎င်းတို့ထဲတွင် ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်များမည်မျှပုန်းအောင်းနေသည်ကို မည်သူသိနိုင်မည်နည်း။

ထွက်ပြေးရမည်၊ သူ ယခု ထွက်ပြေးရန် လိုအပ်သည်။ အကြီးအကဲ၏စိတ်ထဲတွင် ရီမျိုးနွယ်စု၏လုံခြုံရေးကို နောက်သို့ပို့လိုက်ပြီဖြစ်သည်။ ထိုသို့သော အင်အားကြီးမားမိသားစုမှ ပစ်မှတ်ထားခံရခြင်းကြောင့် အကြီးအကဲသည် နေရာတိုင်းတွင် မလုံခြုံသကဲ့သို့ ခံစားရ၏။

နောက်ဆုံးတွင် အမွေအနှစ်များထဲမှ လွတ်မြောက်ပြီးနောက် အကြီးအကဲသည် ဤတစ်သက်တွင် မည်သည့်အခါမျှ မပြန်ပါဟု ကျိန်ဆိုခဲ့သော်လည်း ယခုမူ အကြီးအကဲသည် ထိုနေရာသို့ပြန်သွားရန် မစောင့်နိုင်တော့ပေ။ လွတ်လပ်မှုမရှိသည့်တိုင် လုံခြုံပါသေးသည်။

သူအသက်ရှင်နေသရွေ့ ကျန်သည့်အရာမှန်သမျှကို ညှိနှိုင်း၍ရသေး၏။

အကြီးအကဲသည် နောက်ဆုံးတွင် ကိုယ်ပွါးကိုယ်ထည်ထံမှ လွတ်မြောက်ရန် သူ၏အဆင့်ကိုးအင်မော်တယ်လက်နက်ကို ကိုယ်တိုင်ဖျက်စီးကာ သူ၏နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။ လွတ်မြောက်ပြီးနောက်တွင် အကြီးအကဲသည် ချက်ချင်းပင် အမွေအနှစ်များထံသို့ ဦးတည်သွားခဲ့သည်။ သူ့နောက်တွင် လူတစ်ယောက် တိတ်တဆိတ်လိုက်လာနေသည်ကိုမူ လုံးဝသတိမပြုမိခဲ့ချေ။

………………………….

အခန်း ၁၅၃ - ဟွမ်ထျန်းဧကရာဇ်ကို လိမ်ညာပြီးနောက် ထွက်ပြေးသွား၏

ရီမျိုးနွယ်စု၏ အကြီးအကဲသည် ရင်းနှီးနေသည့်နေရာကိုတွေ့လိုက်ရသည့်အခါ ချက်ချင်း စိတ်အေးလက်အေးဖြစ်သွား၏။ အချို့သောပြင်ဆင်မှုများအပြီးတွင် ဂူဝင်ပေါက်သည် ဖြည်းညှင်းစွာ ပေါ်လာသည်။ အကြီးအကဲသည် ဂူထဲသို့ဝင်တော့မည့်အချိန်တွင် ရီဖန်လှုပ်ရှားလိုက်သည်။

ကမ္ဘာ့စွမ်းအားသည် ၎င်းကိုဖိနှိပ်ထားသည့်အတွက် ရီမျိုးနွယ်စုခေါင်းဆောင်သည် ချက်ချင်းမလှုပ်ရှားနိုင်ခဲ့ချေ။ အကြီးအကဲသည် ခေါင်းကိုခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည့်အခါ ရီဖန်ကို သူ့နောက်တွင်တွေ့လိုက်သည်

သူစကားပြောချင်သော်လည်း သူ့စိတ်ဝိဥာဉ်သည် ချက်ခြင်းပင် ကွဲအက်သွား၏။ ရီဖန်သည် အကြီးအကဲ၏ သိုလှောင်လက်စွပ်ကို စုဆောင်းကာ ဂူဝင်ပေါက်ကို စူးစမ်းလေ့လာခဲ့သည်။ နောက်အခိုက်အတန့်တွင် စုပ်ယူမှုစွမ်းအားတစ်ခုထွက်ပေါ်လာသည်။

ရီဖန်သည် မခုခံခဲ့သည့်အတွက် ဂူအိမ်ထဲသို့ ရောက်သွားခဲ့သည်။ ဂူထဲတွင် အမှောင်ထုမရှိဘဲ ရီဖန်ရှေ့တွင် ရောင်စုံအလင်းတန်းတစ်ခုရှိသည်။ အလင်းတန်းကန့်လန့်ကာအတွင်းတွင် ဘဏ္ဍာတိုက်တစ်ခုကဲ့သို့ ရတနာများနှင့် ကျင့်ကြံနည်းစနစ် အမျိုးမျိုးရှိသည်။ သာမန်လူများဆိုလျှင် ၎င်းတို့၏နှလုံးသားထဲမှ လောဘကို တွန်းလှန်နိုင်မည်မဟုတ်ပေ။

သို့သော် ရီဖန်ထံတွင် စနစ်တစ်ခုရှိသည်။ သူ၏သွေးဆောင်မှုကို ခံနိုင်ရည်ရှိခြင်းသည် သာမန်လူများနှင့် မယှဉ်နိုင်ချေ။ သူ့မျက်လုံးများသည် မက်မောမှုများ ပြည့်နှက်နေသော်လည်း သူ့စိတ်နှလုံးမှာ ငြိမ်သက်နေသည်။ မကြာမီလာသင့်သည်။ နောက်အခိုက်အတန့်တွင် မထင်မှတ်သော ရုပ်ပုံပေါ်လာသည်။

“လူငယ်လေး၊ ငါက ဧကရာဇ်ဟွမ်ထျန်းပါ၊ ရှေးကကပ်ဆိုးကြီးထဲမှာကျဆုံးပြီးတော့ လာမဲ့သူကို စောင့်နေတာ။ မင်းက ငါ့ရဲ့ကံကြမ္မာကသတ်မှတ်ထားတဲ့သူဖြစ်ရမယ်"

အဆိုပါပုဂ္ဂိုလ်၏အသံသည် စွဲမက်ဖွယ်ကောင်းကာ လူများကို အလိုအလျောက် စွဲလန်းသွားစေသည်။ ရီဖန်သည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“တကယ်ပဲ ငါ့ ကံကြမ္မာလား"

ရီဖန်၏ အခြေအနေကို မြင်လိုက်ရသည့် ပုဂ္ဂိုလ်၏မျက်လုံးများသည် ကျေနပ်မှုအပြည့်နှင့်။

သူသည် လောဘကြီးလေလေ ကြိုက်လေလေပင်။

"လူငယ်လေး၊ မင်းရှေ့က ဖန်သားပြင်ကို တိုက်ခိုက်လိုက်ရင်၊ မင်းရဲ့ စွမ်းအားအားကောင်းလေ၊ မင်းရရှိမယ့် ဆုလာဘ်က ပိုကောင်းလေပဲကွ"

ပုဂ္ဂိုလ်သည် ၎င်းရှေ့ရှိ ဖန်သားပြင်ကိုညွှန်ပြ၏။

"အင်း၊ ဖန်သားပြင်ထဲမှာ တစ်ခုခုရှိနေရင် ငါဖျက်ဆီးရင် ဘာဖြစ်မလဲ"

ရီဖန်သည် ထိုရုပ်ကို ရစ်နေသည်။ ဤမြင်ကွင်းကို ရီဖန် ဟိုးအရင်ကတည်းက မြင်ဖူးပါ၏။ ၎င်းသည် မျက်နှာပြင်တစ်ခုမဟုတ်ဘဲ ကြီးမားသောရှေးခေတ်အခင်းအကျင်းတစ်ခုဖြစ်သည်။

ကြီးမားသောရှေးခေတ်အခင်းအကျင်း၏ ချိတ်ပိတ်ခြင်းခံရသူများသည် အမှန်တကယ်ပင် ကောင်းမွန်မည်မဟုတ်ချေ။ အထဲရှိ သတ္တဝါများကို ထုတ်လိုက်ပါက ရီဖန်သည် သူတစ်ကိုယ်တည်း ပြန်ဆုတ်သွားနိုင်မည်ကို မသေချာသောကြောင့်၊ တိုက်ခိုက်ရန် မမိုက်မဲပေ။

“အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ မင်းမှာ ခွန်အားအလုံအလောက်ရှိသရွေ့၊ နတ်ဘုရားအနုပညာတွေ၊ အင်မော်တယ်နည်းပညာနှင့် အခြားအရာအားလုံး ရှိတယ်။ ကြိုးစားကြည့်ရင် သိမှာပါ"

၎င်းသည် သူ့လေသံကို တည်ငြိမ်အောင် ကြိုးစားနေသည်။

"မဟုတ်ဘူး၊ ငါမလုပ်ရဲဘူး။"

ရီဖန်သည် ရည်ရွယ်ချက်ရှိရှိ ရပ်လိုက်သည်။

“မင်း…”

ရီဖန်၏အပြုအမူသည် ၎င်းကို တဖြည်းဖြည်း စိတ်တိုလာစေခဲ့၏။

"ကောင်းပြီ မင်းကို ငါအရင်ဆုပေးမယ်။"

သူ့လက်ကို လှည့်လိုက်ပြီးနောက် ကျောက်စိမ်းစလစ်တစ်ခု ပေါ်လာသည်။ ရီဖန်သည် ကျောက်စိမ်းစလစ်ကို နဖူးပေါ်တင်လိုက်ပြီးနောက် နတ်အသိစိတ်ဖြင့် ထိုကျောက်စိမ်းစလစ်ကို စူးစမ်းလိုက်သည်။ ကျောက်စိမ်းစလစ်တွင် ကျင့်ကြံနည်းစနစ် တီထွင်ဖန်တီးမှု မှတ်တမ်းတစ်ခု ပါရှိခဲ့သည်။

ကောင်းကင်ဘုံအင်မော်တယ်အဆင့်အထိ တိုက်ရိုက်ကျင့်ကြံနိုင်သော လမ်းစဉ်တစ်ခုဖြစ်ကာ

မဟာယာနနယ်ပယ်ကို ထိုးဖောက်ပြီးနောက် လူသားအင်မော်တယ်၊ ကမ္ဘာ့အင်မော်တယ် ကောင်းကင်ဘုံအင်မော်တယ် စသည်ဖြင့် တစ်ကြိမ်လျှင် ခြေတစ်လှမ်းတက်လှမ်းကာ ကောင်းကင်ဘုံမသေနိုင်သောအဆင့်အထိ ကျင့်ကြံနိုင်သည့်နည်းလမ်းကို ရန်ဟွမ်နယ်မြေရှိ အတုမရှိသောလျှို့ဝှက်ကျမ်းဂန်တစ်ခုဟု ယူဆနိုင်သည်။

သို့သော် ရီဖန်သည် ကျင့်ကြံနည်းစနစ်တွင် ဤပုဂ္ဂိုလ်ထံမှ ထောင်ချောက်အချို့ ကျန်ရှိနေနိုင်သေးသည့်အတွက် တိုက်ရိုက်မကျင့်ကြံဝံ့ပေ။ ထို့အပြင် ကျင့်ကြံနည်းစနစ်တစ်ခုတည်းသည် ရီဖန်ကို စိတ်ကျေနပ်မှုမပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် ၎င်းသည် အဖိုးတန်သောအရာတစ်ခုကို ပေးသောကြောင့် ရီဖန်သည် ထိုကဲ့သို့မလုပ်သင့်ပေ။

ခဏလောက်စဉ်းစားပြီးနောက် ရီဖန်၏အရှိန်အဟုန် မြင့်တက်လာကာ အလင်းကန့်လန့်ကာကို အပြင်းအထန် ထိုးနှက်လိုက်သည်။ အလင်းကန့်လန့်ကာသည် လှိုင်းလုံးများ ဖြစ်ပေါ်လာသော်လည်း နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ၎င်းကိုမြင်လိုက်ရသည့်အခါ စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ အကယ်၍ ရီဖန်၏တိုက်ခိုက်နိုင်စွမ်းသည် ပိုမိုအားကောင်းလာပါက သူသည်ဖန်သားပြင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

"ငါ့ဆုက ဘယ်မှာလဲ"

ရီဖန်သည် သူ့လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။ ၎င်းသည် မျှော်လင့်ချက်ကိုမြင်သွားပုံရကာ နောက်ထပ် ကျောက်စိမ်းစလစ်ကို တုံ့ဆိုင်းစွာထုတ်ယူလိုက်သည်။ ၎င်းတွင် ကမ္ဘာ့အင်မော်တယ်အဆင့်သို့ ကျင့်ကြံနိုင်သည့် အခြားသောကျင့်ကြံနည်းစနစ်တစ်ခုပါဝင်သည်။

ထိုအချိန်တွင် ရီဖန်သည်လည်း ၎င်းကို အခြေခံအားဖြင့် ခန့်မှန်းနိုင်ခဲ့သည်။ ရှေးခေတ်ဧကရာဇ်ဟုခေါ်သော ဤအရာထံတွင် နောက်ထပ်ပေးရန်ကောင်းသောအရာများ မရှိတော့ပေ။

ကျင့်ကြံနည်းစနစ်သည် အလွယ်ကူဆုံးအရာဖြစ်သည်။

အကယ်၍ သူသည် ဤဟွမ်ထျန်းကို စိတ်ဝိညာဉ်ပစ္စည်းများ သို့မဟုတ် အင်မော်တယ်ရှေးဟောင်းပစ္စည်းကို ထုတ်ပေးရန်အမှန်တကယ် တောင်းဆိုပါက သူလုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ရီဖန်သည်လည်း လောဘမကြီးပါ။ ကျင့်ကြံနည်းစနစ် နှစ်ခုဖြင့် လုံလောက်၏။

“မင်းရဲ့ ခွန်အားက တော်တော်ကောင်းပါတယ်။ မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ ဆုလာဘ်တွေ ရလိမ့်မယ်။ မင်းအင်မော်တယ်ပစ္စည်းတွေကို တိုက်ရိုက်ရနိုင်တယ်။"

၎င်းသည် ရီဖန်၏ကျင့်ကြံမှုအဆင့် တိုးလာပြီးနောက် ပြန်လာစေလိုသည်။

"တကယ်လား? ငါတကယ်ကို အင်မော်တယ်ပစ္စည်းတစ်ခု ရနိုင်မလား။ ဒီနှစ်နည်းနှင့် ငါသေချာပေါက် ကျော်ဖြတ်နိုင်မှာမို့ အချိန်တန်ရင် ပြန်လာမှာ သေချာတယ်!"

ရီဖန်သည် အလွန်စိတ်လှုပ်ရှားဟန်ဆောင်သည်။

“ဟုတ်တယ်၊ အင်မော်တယ်ပစ္စည်းတွေ သေချာပေါက် ရှိလိမ့်မယ်။”

၎င်းသည် အလွန်အမင်း ခေါင်းညိတ်ပြနေသည်။

“ဒါဆို ကျွန်တော့်ကို လိုက်ပို့ပေးပါ။ အဆင့်ဖြတ်ပြီးရင် သေချာပေါက် ပြန်လာမှာပါ"

သူလိုချင်တာကိုရသွားပြီးနောက် ပြေးရန်အချိန်တန်လေပြီ။ ရီဖန်၏ရိုးသားမှုကြောင့် ထိမိသွားပုံရသော ထိုလူသည် စကားမပြောဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ဂူဝင်ပေါက်က ပြန်ပေါ်လာကာ ရီဖန်ထွက်သွားသည်ကို ကြည့်နေသည်။

ရီဖန်၏နောက်ကျောကိုကြည့်ရင်း ထိုသူ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ရီဖန်သည် သူထင်သလောက် မရိုးသားကြောင်း ခံစားမိသည်။ သို့သော် ယခုတွင် သူ့ထံ၌ရွေးချယ်စရာ မရှိတော့ချေ။ ရီဖန်ကို လှိုဏ်ဂူထဲသို့ ခေါ်ဆောင်ရန် သူ၏နောက်ဆုံးခွန်အားကို အသုံးပြုခဲ့ပြီးဖြစ်သည်။

ရီဖန်ပြောသည်မှာ အမှန်ဖြစ်၏။ ဤကြီးမားသည့်အခင်းအကျင်းသည် အမှန်တကယ်ပင် ရှေးခေတ်အခင်းအကျင်းဖြစ်ကာ။ ၎င်းသည် သူ့ကို သုတ်သင်ခံရသည့်အချိန်မှစ၍ ယခုအချိန်အထိ ဖိနှိပ်ချုပ်ချယ်ထားသည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက ရန်ဟွမ်နယ်မြေသည် ဘေးဆိုးကြုံခဲ့ရသည်။ မရေမတွက်နိုင်သော ကျူးကျော်မျိုးနွယ်စုများသည် ရန်ဟွမ်နယ်မြေအတွင်းသို့ ရောက်ရှိလာကာ နောက်ဆုံးတိုက်ပွဲသည် ရန်ဟွမ်နယ်မြေကို မဟာကမ္ဘာတစ်ထောင်မှ အလယ်အလတ်ကမ္ဘာတစ်ထောင်အဖြစ်သို့ တွန်းပို့ခဲ့သည်။ ရန်ဟွမ်နယ်မြေသည် လူသားမျိုးနွယ်စု၏မွေးရပ်မြေဖြစ်သည်ကို မည်သူထင်မည်နည်း။

ရန်ဟွမ်နယ်မြေသည် ယခုအခါ ကမ္ဘာတစ်ထောင်သာရှိတော့သော်လည်း ထိုကျူးကျော်သူစွမ်းအားများသည် ရန်ဟွမ်နယ်မြေမှ ထွက်သွားမည်မဟုတ်ချေ။ အနှစ်တစ်သောင်းကျော်ကြာသည့်နောက်တွင် ၎င်းတို့သည် ပြန်ကောင်းလာနိုင်၏။ တန်ခိုးကြီးမားသော အင်မော်တယ်ဧကရာဇ်ဟွမ်ထျန်းသည် ဤအခင်းအကျင်းကြီးထဲတွင် ပိတ်မိသေဆုံးသွားခဲ့သည်။ အဆိုပါဖွဲ့စည်းမှုသည် ပျက်ဆီးခြင်းဘေးဆိုးကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ၎င်းသည် သူ့ကို ထွက်ခွာရန် တားဆီးထား၏။

နှစ်တွေကြာလာသည်နှင့်အမျှသူသည် အခင်းအကျင်းကို အဆက်မပြတ် တိုက်စားခဲ့ပြီးနောက်ဆုံးတွင် အခင်းအကျင်းထံမှ ရုန်းထွက်ရန် စွမ်းအားအနည်းငယ်ကို ညှစ်ထုတ်ခဲ့သည်။

သူသည် ကျင့်ကြံသူများကို အခင်းအကျင်းထံသွေးဆောင်ခဲ့ကာ အောင်မြင်မှုများရရှိလာစေရန် ကူညီပေးခဲ့သည်။ ၎င်းသည်အခင်းအကျင်းကို ချိုးဖျက်ရန် ကူညီစေလိုခြင်းမဟုတ်လော။ ကံမကောင်းစွာဖြင့် သူတို့ထဲက တစ်ယောက်မှ ကတိမတည်ခဲ့ကြချေ။

နောက်ဆုံးတွင် ရီဖန်သည် ထူးချွန်သောအရည်အချင်းရှိသူဟု ထင်ရသော်လည်း ၎င်း၏လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်သေးပေ။ ယခုရီဖန်ထွက်သွားပြီးလျှင် သူပေးခဲ့သည့် နည်းစနစ်များကို ကျင့်ကြံရန် ကြိုးစားမည်ဟုသာ မျှော်လင့်ရ၏။ ရီဖန်သည် သူပေးသော နည်းစနစ်များကို ကျင့်ကြံနေသရွေ့ ရီဖန်သည် ရည်ရွယ်ချက်များရှိလျှင်ပင် ၎င်းတို့ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ရီဖန်ဘက်တွင် ဂူထဲမှထွက်သွားပြီးနောက် သူ ပထမဆုံးလုပ်သည်မှာ အခင်းအကျင်းတည်ဆောက်ခြင်း ဖြစ်သည်။ ရီဖန်သည် ဤဂူထဲသို့ အခြားမည်သူ့ကိုမျှ ဝင်ရောက်ခွင့်မပြုနိုင်ပေ။ အတွင်းမှအရာများသည် ရိုးရှင်းပုံမပေါ်ဘဲ လွတ်မြောက်ခွင့်မပေးသင့်ချေ။

ရှေးခေတ်အကြီးအကဲထွက်လာကာ သူ့ကို လှည့်စားနေသည်ကို သိရှိသွားပါက ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မည်။

ရီဖန်သည် ပြဿနာကို မကြိုက်သောကြောင့် အကောင်းဆုံးဖြေရှင်းချက်မှာ ၎င်းကို ထာဝစဉ်ထွက်မလာစေရန်လုပ်ဆောင်ခြင်းဖြစ်၏။ တစ်ခုပြီးတစ်ခု အခင်းအကျင်းအဆင့်ကိုးခုကိုစီစဉ်ကာ အလွှာအလိုက် အားဖြည့်ထားသည်။ မဟာယာနကျင့်ကြံသူ ရောက်လာလျှင်ပင် အခင်းအကျင်းကို မချိုးဖျက်နိုင်ပေ။

ဂူအတွင်း၌ ဧကရာဇ်ဟွမ်ထျန်းသည် ပြင်ပကမ္ဘာ၏ အပြောင်းအလဲများကို ချက်ချင်းခံစားလိုက်ရသည်။

ရီဖန်၏အခင်းအကျင်းကိုမြင်သောအခါ ဧကရာဇ်ဟွမ်ထျန်း ဟိန်းဟောက်လိုက်၏။

“မေလိုး၊ ငါမင်းကိုသတ်ပစ်မယ်!"

ဧကရာဇ်ဟွမ်ထျန်းသည် ဤအချိန်တွင် ရီဖန်၏သရုပ်ဆောင်ခြင်းကို မသိခဲ့ပါက၊ သူသည် ဧကရာဇ်ဖြစ်ရန် မထိုက်တန်တော့ချေ။

……………………..

All Chapters