← Chapters

အခန်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အခန်း ၁၅၄-၁၅၆

Vol. 11 Ch. 154-156

အခန်း ၁၅၄ - မဟာယနနယ်မြေ၊ ကမ္ဘာ့နှလုံးသား

သူသည် ရီဖန်ကိုလက်စားချေရန်ကြံစည်နေကာ ရီဖန်သည်လည်း သူ့ကိုရန်စရန်ကြံစည်နေသည်။ ယခုအချိန်တွင် ရီဖန်သည် အသာစီးရနေပုံပင်။ အနည်းငယ်ကြာအောင်ကြိုးစားပြီးနောက်တွင် ဧကရာဇ်ဟွမ်ထျန်းသည် သူ၏စွမ်းအားကို ပြင်ပကမ္ဘာသို့ မဖြန့်နိုင်တော့ဘဲ လက်လျှော့လိုက်ရကြောင်း တွေ့ရှိခဲ့သည်။ သူသည် ဤစွမ်းအားကို ဦးစွာ ပြန်လည်ဖြည့်တင်းကာ ကျန်အရာများကို နောက်ပိုင်းတွင်သာဖြေရှင်းရမည်။

အခင်းအကျင်းတည်ဆောက်ပြီးနောက် ရီဖန်သည် ရီမျိုးနွယ်စုဆီသို့ ဦးစွာပြေးသွားခဲ့ကာ ရိုက်ချက်တစ်ခုတည်းဖြင့် ရီမျိုးနွယ်စုကို ချေမှုန်းပစ်လိုက်သည်။ ရီဖန်သည် ဧကရာဇ်ဟွမ်ထျန်း၏ကိစ္စကို ပေါက်ကြားစေလိုခြင်းမရှိပေ။ ရီမျိုးနွယ်စု၏ မျိုးနွယ်စုအကြီးအကဲသည် ရီမျိုးနွယ်စုဝင်များကို ၎င်းတို့၏အရေးကိစ္စများနှင့်ပက်သက်၍ ပြောပြခဲ့ခြင်းမရှိသည်ကို မည်သူသိသနည်း၊ ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုမှာ ၎င်းတို့ကို လုံးဝနှုတ်ပိတ်ရန်ဖြစ်သည်။

ရီမျိုးနွယ်စုကိုချေမှုန်းပြီးနောက် ရီဖန်သည် အင်မော်တယ်တောင်သုံးတောင်သို့ ပြန်သွားကာ ကျောက်စိမ်းစလစ်နှစ်ခုကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းစလစ်များအတွင်းမှ ကျင့်ကြံနည်းစနစ်များကို ကြည့်ရှုပြီးနောက် ရီဖန်သည် ၎င်းတို့သည် စစ်မှန်ကြောင်းတွေ့ရှိခဲ့သော်လည်း မလေ့ကျင့်ဝံ့သေးပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ထံမှ သင်ယူနိုင်သည်။

ရီဖန်သည် အပျက်အစီးဖန်တီးခြင်းနည်းစနစ်ကို ဒုက္ခအဘိညာဉ်အဆင့်၏ အထွတ်အထိပ်အထိ ချဲ့ထွင်ခဲ့ကာ မဟာယာနနယ်မြေနှင့်မဝေးလှတော့ချေ။ ဤအင်မော်တယ်ဥပဒေနှစ်ခုဖြင့် ရီဖန်သည် အပျက်အစီးဖန်တီးခြင်းနည်းစနစ်ကို နောက်တစ်ဆင့်သို့ ခွဲထုတ်နိုင်မည်ဖြစ်သည်။ သုံးလအကြာတွင် ရီဖန်၏ စိတ်ထဲတွင် စနစ်သတိပေးသံထွက်ပေါ်လာသည်။

"ရေရှည်တာဝန်ဖြစ်တဲ့ မိသားစုလက်နက်တိုက် ၁၂ကို ပြီးမြောက်သွားတဲ့အတွက်ဂုဏ်ယူပါတယ်"

ရီဖန်သည် နောက်ဆုံးတွင် ပျက်စီးခြင်းအဆင့်ဖန်တီးခြင်းနည်းစနစ်ကို မဟာယာနအဆင့်အထိချဲ့ထွင်ကာ ရေရှည်တာဝန်ကို ပြီးမြောက်စေခဲ့သည်။

"စနစ်၊ ဆုလာဘ်ကိုရယူပါ"

“မျိုးနွယ်စုဝင် ‘အကြားတစ်ခု၊ ဥာဏ်တစ်ထောင်နဲ့ ဉာဏ်အလင်း သက်တံ့ရောင် ၁၀၀၀၀ကို လက်ခံရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။

ဉာဏ်အလင်းဝင်ရောက်မှုသည် နောက်ဆုံးတွင် အလားအခါရှိသောဝင်ခွင့်နှင့် တူညီသောအဆင့်သို့ မြှင့်တင်ခဲ့သည်။

"စနစ်၊ ထည့်သွင်းလိုက်ပါ"

ရီဖန်သည် ဝင်ခွင့်ကိုတင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ဉာဏ်အလင်းသည် တစ်ဖန်တိုးလာသည်။ ရီဖန်၏ ကိုယ်လုံးကိုယ်ထည်သည်လည်း အခြားအသွင်ပြောင်းသွားခဲ့သည်။

မူလက စိတ်ဝိညာဉ်ကိုယ်ထည်ဟုယူဆသည့် ကိုယ်ထည်စည်းမျဉ်းများသည် ချက်ချင်းပင် အရွက်တစ်ထောင်အင်မော်တယ်ကိုယ်ထည်စည်းမျဉ်းအဖြစ်သို့ ပြောင်းလဲသွားသည်။ အမျိုးမျိုးသော ကျင့်ကြံရေးနည်းစနစ်များကို နားလည်သဘောပေါက်မှုသည်လည်း ပိုမိုမြန်ဆန်လာကာ ၎င်းတို့၏စွမ်းအားသည် အဆမတန်အားကောင်းလာ၏။

ရီဖန်၏စိတ်ထဲတွင် မန္တန်များကို လျင်မြန်စွာနားလည်လာသောကြောင့် တစ်ခုပြီးတစ်ခု နတ်စွမ်းရည်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ပျက်ဆီးခြင်းကမ္ဘာ၏ မဟာတာအိုအကြောင်းကို

နားလည်မှုသည်လည်း လျင်မြန်စွာတိုးတက်လာသည်။

ပျက်ဆီးခြင်းနယ်မြေ၏ ကြီးမြတ်သောတာအိုကို ပြီးပြည့်စုံစွာနားလည်ခြင်းသည်လည်း မဝေးတော့ချေ။

…….

ပျက်ဆီးခြင်းနယ်မြေတွင် နတ်ဆိုးဂိုဏ်းဝင်များအားလုံးသည် လေးစားစွာ ဦးညွှတ်လိုက်ကြကာ လေဟာနယ်လမ်းကြောင်းမှ ဧရာမရုပ်သွင်ကြီးတစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာသည်။ ၎င်း၏ စွမ်းအင်ချည်မျှင်တစ်မျှင်၏ အလေးချိန်ကိုပင် မခံနိုင်ဘဲ နေရာလွတ်ကို ပြိုပျက်သွားစေခဲ့သည်။

"ဆိုတော့ ဒါက ရန်ဟွမ်နယ်မြေ၊ လူသားမျိုးနွယ်စုရဲ့ မူလဇစ်မြစ်လား၊ အရမ်းအားနည်းတာပဲ၊ လူသားမျိုးနွယ်စုရဲ့ကံကြမ္မာက ငါတို့ရဲ့ဥစ္စာဖြစ်ပုံရတယ်"

"အာမချောင်ပါနဲ့၊ စုန်းမျိုးနွယ်စုရဲ့ စွက်ဖက်မှုမရှိဘဲ မင်းရဲ့နတ်ဆိုးမျိုးနွယ်စုက သိမ်းနိုင်မယ်ဆိုတာ သေချာရဲ့လား" နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။

ဤစုန်းမျိုးနွယ်စု၏စွမ်းအားသည် နတ်ဆိုးမျိုးနွယ်စု အဖွဲ့ဝင်နှင့် တူညီကာ အံ့သဩဖွယ်ကောင်းသော လွတ်မြောက်အင်မော်တယ်အဆင့်ခုနစ် ကျင့်ကြံသူသည် လူသားအင်မော်တယ်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

“စလိုက်ကြရအောင်၊ ငါတို့ရဲ့ လျှို့ဝှက်ပူးပေါင်းမှုကို စတင်လိုက်ပါ။ မဟုတ်ရင် လူ့မျိုးနွယ်စုရဲ့ အထက်ကမ္ဘာက တုံ့ပြန်တဲ့အခါ၊ အဲဒါက သိပ်လွယ်တော့မှာ မဟုတ်ဘူး။”

နတ်ဆိုးဂိုဏ်း၏ လှုပ်ရှားမှုများ ရုတ်တရက်တိုးလာသည်။ ရန်ဟွမ်နယ်မြေကို အခြေပြုကာအခင်းအကျင်းများ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုမှ သိမ်းပိုက်ထားသော နယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ ရန်ဟွမ်နယ်မြေ၏ ကံကြမ္မာဆုံးရှုံးသွားသည့် အရှိန်သည်လည်း တိုးလာခဲ့သည်။

နောက်ဆုံးတွင် တစ်နှစ်ခွဲအကြာ၌ လူ့မျိုးနွယ်စုအထက်နယ်ပယ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကွဲလွဲချက်များကို သတိပြုမိကြကာ ရန်ဟွမ်နယ်မြေ၏ကြွယ်ဝမှုကို ဆက်လက်မဝါးမျိုတော့ရန်အတွက် နတ်ဆိုးမျိုးနွယ်ကို ချက်ချင်းအရေးယူခဲ့သည်။ ရန်ဟွမ်နယ်မြေ၏ ကံကြမ္မာကျဆင်းမှုသည် ၎င်းမှ ပေါက်ဖွားလာသော အင်မော်တယ်သတ္တဝါအားလုံးကို ထိခိုက်စေခဲ့ကာ ၎င်းတို့အား အရေးယူရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဝမ်းနည်းစရာကောင်းသည်မှာ နတ်ဆိုးမျိုးနွယ်စု၏ပြင်ဆင်မှုများသည် အလွန်စေ့စပ်သေချာကာ ၎င်းတို့သည် ကမ္ဘာ့သခင်တစ်ဦးကိုပါ အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။ ဤကမ္ဘာ့သခင်အုပ်စိုးသောကမ္ဘာသည် ရန်ဟွမ်နယ်မြေနှင့် အောင်မြင်စွာဆက်နွယ်လာခဲ့သည်။ ဤဇာတ်ကွက်ကို နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြိုတင်ပြင်ဆင်ခဲ့ကြပုံရသည်။

ကမ္ဘာ့သခင်သည် ရန်ဟွမ်နယ်ပယ်သို့ တိုက်ရိုက်မဝင်ရောက်နိုင်သော်လည်း၊ ၎င်းတို့သည် စွမ်းအားကြီးမားသောပုဂ္ဂိုလ်များကို ကျင့်ကြံရန်အတွက် အထက်နယ်ပယ်မှ အရင်းအမြစ်များစွာကို ၎င်းတို့၏ကမ္ဘာဆီသို့ ပို့ဆောင်ရန်အတွက် ၎င်းတို့၏စွမ်းအားကိုအသုံးပြုနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ရန်ဟွမ်နယ်မြေသည် နတ်ဆိုးမျိုးနွယ်စုကမ္ဘာထံသို့ မလွှဲမရှောင်သာဆုံးရှုံးကာ ဝါးမြိုခြင်းခံရမည်ဖြစ်သည်။

အထက်ကမ္ဘာထံမှ ညွှန်ကြားချက်များရရှိပြီးနောက် ရန်ဟွမ်နယ်မြေ၏ကျင့်ကြံသူများသည် သေခြင်းတရားကိုထိုင်စောင့်နေရုံဖြင့် မတတ်နိုင်မှန်း သိကြသောကြောင့် ကျင့်ကြံသူအများအပြားကို စေလွှတ်ကာ တိုက်ပွဲတွင်ပါဝင်စေခဲ့သည်။

ဤသို့ဖြင့် ရန်ဟွမ်နယ်မြေတစ်ခုလုံးနီးပါး စစ်မြေပြင်ဖြစ်လာကာ ကြယ်တစ်သောင်းကျွန်းကိုပင် ထိခိုက်ခဲ့သည်။ ယင်ယန်ကျောင်းတော်နှင့် ကျီမိသားစု တို့သည် အဆင့်ခြောက်လွတ်မြောက်အင်မော်တယ်ကျင့်ကြံသူငါးဦးကိုပင် တိုက်ပွဲဝင်ရန်စေလွှတ်ခဲ့သည်။

ဤကြီးမားသော အင်အားစုများက ချုပ်ကိုင်ထားသော စွမ်းအား၏အတိမ်အနက်ကို ငြင်းနိုင်ဖွယ်မရှိပေ။ အဆင့်ခြောက်လွတ်မြောက်အင်မော်တယ်ကျင့်ကြံသူများသည် လူသားမျိုးနွယ်၏ ယာယီအားသာချက်တစ်ခုဖြစ်နေ၏။ ၎င်းသည် အင်မော်တယ်စွမ်းအားအနီးသို့ရောက်နေပြီဖြစ်သည်။

ရီဖန်သည် အဆင့်ခြောက်လွတ်မြောက်အင်မော်တယ်ကျင့်ကြံသူကို အဝေးမှသတိပြုမိကာ ခြိမ်းခြောက်လွန်းသည်ဟု မခံစားရသော်လည်း အနည်းငယ်ထိတ်လန့်သွားသည်။

ဒုက္ခအဘိညာဉ်အဆင့်ရှိ သူ၏ကျင့်ကြံမှုအဆင့်သည် အလွန်အားနည်းနေပုံရကာ အဆင့်အောင်မြင်မှုတစ်ခုအတွက် အချိန်တန်ပြီဟုဆိုနိုင်သည်။

ရီဖန်သည် မဟာတာအိုကို နားလည်ရန် အလုပ်များနေသောကြောင့် သူ၏ကျင့်ကြံမှုအဆင့်ကို ပေါင်းစည်းမထားပေ။ ယနေ့တွင် ကျော်ဖြတ်ရန် အချိန်တန်ပြီဖြစ်၏။

"စနစ်၊ စုစည်းပါ။"

ချက်ခြင်းဆိုသလိုပင် ဒုက္ခအဘိညာဉ်အဆင့်ရှိ ရီဖန်၏ ကျင့်ကြံမှုအဆင့်သည် မဟာယာနအဆင့်သို့ ဖြတ်သွားခဲ့သည်။ အထက်ကောင်းကင်ယံ၌ ကောင်းကင်ယံမျက်လုံးပေါ်လာကာ ကောင်းကင်ယံဒုက္ခကိုးဆယ့်ကိုးပါး ဆင်းသက်လာသည်။ ၎င်းကို ကျော်ဖြတ်ပြီးသည်နှင့် ရီဖန်သည်စစ်မှန်သော မဟာယာနစင်မြင့်ကိုကျင့်ကြံကာ အလိုအလျောက် အထက်ဘုံသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ရီဖန်အတွက် ၎င်းကိုဖြတ်ကျော်ရန်မှာ ခက်ခဲသည့်အလုပ်မဟုတ်သည့်အပြင် သူ့ကိုကူညီရန် စနစ်လည်းရှိသည်။ ထုံးစံအတိုင်း ရီဖန်၏ဒုက္ခကိုဖြတ်ကျော်ခြင်းလုပ်ငန်းစဉ်ကို သတိပြုမိသူများရှိသော်လည်း မဟာယာနအဆင့်ကျင့်ကြံသူသည် အခြေအနေတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းမရှိသည့်အတွက် လူသားမျိုးနွယ်စုရော နတ်ဆိုးမျိုးနွယ်စုကပါ ၎င်းကို စိတ်ထဲမထားကြချေ။

ရှစ်ခုမြောက်နှင့် ကိုးကြိမ်မြောက် ကောင်းကင်ဘုံဒုက္ခများကိုကျော်ဖြတ်ပြီး ကောင်းကင်ဘုံဒုက္ခကိုးခု၏နောက်ဆုံးတွင် ရီဖန်၏ ခန္ဓာကိုယ်အသွင်ပြောင်းသွားတော့သည်။ မဟာယာနအဆင့်ရှိခန္ဓာကိုယ်တွင် အင်မော်တယ် စွမ်းအင်များပါ၀င်ကာ သာမန်မဟုတ်တော့ဘဲ စစ်မှန်သောအင်မော်တယ်ကိုယ်ထည်တစ်ခုဖြစ်သည်။ သက်တမ်းသည် အရေးမကြီးတော့ပေ။

ဘေးဒုက္ခသုံးပါးနှင့် အခက်အခဲခြောက်ပါးတို့သည် ၎င်းတို့၏ စစ်မှန်သော စမ်းသပ်မှုများဖြစ်သည်။ အင်မော်တယ် ဘေးဆိုးသုံးပါးမှာ ကောင်းကင်ဘုံဘေးဒုက္ခ၊ ကမ္ဘာမြေဘေးဒုက္ခနှင့် လူသားဘေးဒုက္ခတို့ဖြစ်သည်။ အခက်အခဒငါးပါးသည် မိုးကြိုးငါးခုဟုခေါ်သော ပထမအခက်အခဲငါးခုကို ရည်ညွှန်းသည်။ ၎င်းတို့သည် အမျိုးမျိုးသော စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးမှသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်စေမည့် အင်မော်တယ်သတ္တဝါများကိုစမ်းသပ်ရန် ကောင်းကင်မှအသုံးပြုသည့် နည်းလမ်းများဖြစ်၏။

အနှစ်တစ်ထောင်တိုင်းတွင် ၎င်းကိုသည်းမခံနိုင်ပါက တာအိုနှင့်၎င်းတို့ဘဝ၏နိဂုံးပင်ဖြစ်သည်။ ရွှေအင်မော်တယ်များ ဖြစ်လာမှသာလျှင် ဘေးဒုက္ခသုံးပါးနှင့် အခက်အခြဲခြောက်ပါးတို့မှ လွတ်မြောက်နိုင်ကာ အမှန်တကယ်လွတ်လပ်သွားမည်ဖြစ်သည်။ သို့သော်၎င်းတို့အားလုံးသည် ရီဖန်အတွက် အလွန်ဝေးကွာနေသေးသည်။

ရီဖန်ဂရုစိုက်တာသည်မှာ သူ့ရှေ့ရှိ ကောင်းကင်ဘုံဒုက္ခကိုသာဖြစ်သည်။ မကြာမီတွင် ကောင်းကင်ဘုံဒုက္ခကြီးတစ်ခုလုံးပြီးဆုံးသွားကာ ကောင်းကင်ဘုံ၏ ဒုက္ခမျက်လုံးသည်လည်း ပျောက်ကွယ်တော့မည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ရီဖန်သည် သူ၏စိတ်ဝိညာဉ်ကိုအခြားနေရာတစ်ခုသို့ ဆွဲငင်သွားကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။

ရီဖန်ရှေ့တွင် ကလေးလေးတစ်ယောက်ပေါ်လာသည်။ ဤကလေးငယ်သည် ဖြူဖျော့သောမျက်နှာရှိကာ အနည်းငယ်အားနည်းနေပုံရသည်။ သို့သော် ကလေး၏ခန္ဓာကိုယ်တွင် ရီဖန်သည် ကောင်းကင်ဒုက္ခ၏ အရိပ်အာဝါသကို ခံစားနိုင်သည်။

"မင်းက ရန်ဟွမ်နယ်မြေရဲ့ တာအိုလား" ရီဖန်၏အသံသည် အံ့အားသင့်နေခဲ့သည်။

"ငါရန်ဟွမ်ပါ၊ မိတ်ဆွေရီကို နှုတ်ဆက်ပါတယ်"

တာအိုကိုယ်ထည်က ပြောလိုက်သည်။ ၎င်းသည်အမှန်တကယ်ပင် တာအိုကိုယ်ထည်ဖြစ်သော်လည်း ၎င်းသည် အဘယ်ကြောင့် သူ့ကိုလိုက်ရှာရသနည်း။

"မိတ်ဆွေရီ၊ မင်းကို ဒီကိုလာဖိတ်ရတဲ့ အကြောင်းရင်းက မေးစရာရှိလို့ပါ"

တာအိုကိုယ်ထည်သည် သူ့လက်ကိုဖွင့်လိုက်ရာ ရီဖန်၏ မျက်လုံးများရှေ့တွင် သွေးနီရောင်နှလုံးသားပုံသဏ္ဍာန် ကျောက်မျက်ရတနာပေါ်လာသည်။ ဤနှလုံးသည် ခုန်သွားကာ အသက်ရှိနေသေးပုံရသည်။ သို့သော်လည်း ညစ်ညမ်းနေသကဲ့သို့ နှလုံးပေါ်တွင် အမည်းရောင်ရောင်စုံအစက်အပျောက်များရှိနေသည်။

"ဒါက ရန်ဟွမ်ကမ္ဘာရဲ့ နှလုံးသားပါ.."

……………………………

အခန်း ၁၅၅ - ချောမောနေခြင်းသည်လည်း မလွယ်ကူချေ

ကမ္ဘာ့နှလုံးသား? ၎င်းကိုကြားသည့်အခါ ရီဖန်သည် မနေနိုင်ဘဲတုန်လှုပ်သွားသည်။ ကမ္ဘာ့နှလုံးသားကိုသာ သန့်စင်နိုင်ပါက ၎င်းတို့သည်ကမ္ဘာ့သခင် ဖြစ်လာနိုင်သည်။ ကျယ်ပြောလှသော စကြဝဠာကြီးတွင် ကမ္ဘာ့သခင်တစ်ဦးသည် သိသာထင်ရှားသော အလေးချိန်ကိုသယ်ဆောင်ကာ မရေမတွက်နိုင်သော စွမ်းအားများဖြင့် ဂုဏ်ရှိပုဂ္ဂိုလ်အဖြစ် လေးစားခံရသည်။

ဘေးဒုက္ခသုံးပါးနှင့် အခက်အခဲခြောက်ပါးကို ဖြတ်ကျော်ရန် ပျက်ကွက်သည့် သာမန်အင်မော်တယ်မှန်သမျှသည် သေဆုံးသွားကြသော်လည်း ကမ္ဘာ့သခင်တစ်ဦးအတွက် သူတို့၏ တာအိုနှလုံးသား မပြိုကွဲသရွေ့ ထပ်မံကြိုးစားရန် အခွင့်အလမ်းများစွာရှိသည်။

"မင်းက ငါ့ကို ကမ္ဘာ့နှလုံးသားကို ပေးနေတာလား။" ရီဖန်ကထပ်မေးလိုက်သည်။

"ဟုတ်တယ် မိတ်ဆွေရီ၊ ငါစောင့်ကြည့်နေတာကြာပြီ။ ရန်ဟွမ်နယ်မြေကို ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဦးတည်နိုင်ရုံမကဘဲ ရန်ဟွမ်နယ်မြေရဲ့ မူလဇစ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် မင်းပဲတတ်နိုင်လိမ့်မယ်”

ရန်ဟွမ်နယ်မြေအားကောင်းလေ ကြီးမြတ်သောတာအို၏ ခန္ဓာကိုယ်သည် အားကောင်းလေဖြစ်သည်။ ကြီးမြတ်သောတာအို၏ကိုယ်ထည်သာဖြစ်သော်ငြားလည်း ၎င်းသည်ကြီးထွားမှုအတွက် ရည်မှန်းချက်များကို ချုပ်ကိုင်ထားသည်။

ရီဖန်သည် အကြာကြီး တုံ့ဆိုင်းမနေခဲ့ချေ။ ကမ္ဘာ့နှလုံးသားသည် သူ့အတွက် ကြီးမားသောသွေးဆောင်မှုတစ်ခုဖြစ်သည်။ သူသာ ကမ္ဘာ့သခင် ဖြစ်လာနိုင်ပါက ၎င်းတို့၏လုံခြုံရေးသည် တိုးတက်လာလိမ့်မည်ဖြစ်သည်။

“ကောင်းပြီ”

နောက်ဆုံးတွင် ရီဖန်သဘောတူလိုက်၏။ သူ၏သေးငယ်သောလက်ဝှေ့ရမ်းခြင်းဖြင့် မဟာတာအိုသည် ကမ္ဘာ့နှလုံးသားကို ရီဖန်အား ပေးခဲ့သည်။ ယခုအခါ ရီဖန်သည် ကမ္ဘာ့နှလုံးသားကို သန့်စင်နိုင်သရွေ့ သူသည်ကမ္ဘာ့သခင်ဖြစ်လာနိုင်သည်။

သို့သော် ကမ္ဘာ့နှလုံးသားကို ပြန်လည်သန့်စင်ခြင်းသည် လွယ်ကူသည်မဟုတ်ပေ၊ ၎င်းသည် ရေရှည်လုပ်ငန်းစဉ်ဖြစ်သည်။ ရီဖန်သည် ၎င်းကိုသန့်စင်ရန် အလျင်စလိုမလုပ်ဘဲ ကမ္ဘာ့နှလုံးသားကိုသိမ်းလိုက်ပြီးနောက် ရန်ဟွမ်နယ်မြေသို့ ပြန်သွားခဲ့သည်။

မဟာယာနနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် ရီဖန်သည် ဤကမ္ဘာ၏ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဆွဲငင်အားကို ခံစားခဲ့ရကာ ပိုမိုအဆင့်မြင့်သော ကမ္ဘာတစ်ခုတည်ရှိမှုကို ခံစားရ၏။ သို့သော်လည်း ရီဖန် အလွယ်တကူ ခုခံနိုင်သည့်ဤဆွဲငင်အားမှာ သိသိသာသာပင် ကြီးကြီးမားမားမဟုတ်ပေ။ ကျင့်ကြံမှုအဆင့်ပိုမြင့်လာသည်နှင့်အမျှ ဆွဲငင်အားသည် ပိုအားကောင်းလာမည်ဖြစ်သည်။

မဟာယာနနယ်ပယ်မှ ကျင့်ကြံသူအများစုသည် အနှစ်တစ်ထောင်အတွင်း အင်မော်တယ်ကမ္ဘာဟုခေါ်ကြသော အဆင့်မြင့်ကမ္ဘာသို့ တက်လှမ်းနိုင်လိမ့်မည်။ ရီဖန် အာရုံခံမိသောကမ္ဘာသည် ရန်ဟွမ်နယ်မြေ၏ကျင့်ကြံသူများဖော်ပြခဲ့သော အင်မော်တယ်နယ်မြေဖြစ်သည်။ သို့သော် သူခံစားခဲ့ရသော အင်မော်တယ်နယ်မြေ၏ရောင်ဝါသည် အလွန်ရင်းနှီးနေ၏။

‘နေပါဦး၊ ဒီရောင်ဝါက ချန်မင်သာ့ချန်းကမ္ဘာနဲ့ မတူဘူးလား’

ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ရီဖန်သည် သူ့အတွေးများသေချာသွားခဲ့သည်။ ရန်ဟွမ်နယ်မြေမှ ကျင့်ကြံသူများဖော်ပြခဲ့သော အင်မော်တယ်နယ်မြေသည် ချန်မင်သာ့ချန်းကမ္ဘာအတိအကျဖြစ်သည်။

ရီဖန်သည် ရုတ်တရက် စကားမပြောနိုင်တော့ချေ။ သတိမထားမိဘဲ မြင့်မားသောဘုံသို့ အကြိမ်ကြိမ် တက်လှမ်းခဲ့ပုံရသည်။ ထို့အပြင် ရီမိသားစု၏ ပင်မဠာနကိုလည်း ချန်မင်သာ့ချန်းကမ္ဘာသို့ ပြောင်းရွှေ့ပြီးဖြစ်သည်။ ဤသို့ဖြင့် ရီမိသားစုသည် အင်မော်တယ်နယ်မြေမိသားစုဖြစ်နေပြီမဟုတ်လော။

ရန်ဟွမ်နယ်မြေသို့ လာခြင်းသည် အဆင့်နှိမ့်လိုက်ပုံရသည်။ အခြားသော အင်မော်တယ်သတ္တဝါများသည် အောက်ကမ္ဘာသို့ ပြန်မလာနိုင်သော်လည်း ရီဖန်အတွက်မူ အလွန်လွယ်ကူနေသည်။ အင်မော်တယ်နယ်မြေဟုခေါ်သည့် တည်နေရာကို လေ့လာပြီးနောက် ရီဖန်စိတ်သက်သာရာရသွားသည်။ ဤအခြေအနေမျိုးတွင် သူတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ လုံးဝကွဲပြားပုံမပေါ်ပေ။

အင်မော်တယ်နယ်မြေကို ခွဲခြမ်းစိပ်ဖြာပြီးနောက် ရီဖန်သည် သူ၏နတ်စွမ်းရည်များဖြစ်သော ချီစွမ်းအားတစ်ခုမှ သုံးယောက်ဖြစ်လာခြင်းကိုအာရုံစိုက်လိုက်သည်။

သူ၏ကျင့်ကြံမှုအဆင့်သည် မဟာယာနနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ရီဖန်သည် နောက်ဆုံးတွင် ချီစွမ်းအားတစ်ခုမှ သုံးယောက်ဖြစ်လာခြင်း၏ ဒုတိယအလွှာကို လေ့ကျင့်ကာ သူ၏နတ်ဆိုးကိုယ်ပွါးကိုယ်ထည်ကို ဖန်တီးနိုင်ခဲ့သည်။

သူ၏နတ်ကိုယ်ပွါးကိုယ်ထည်၏ ကျင့်ကြံမှုအဆင့်သည် မဟာယာနနယ်ပယ်သို့ နီးကပ်နေပြီဖြစ်ကာ သူ၏ နတ်ဆိုးကိုယ်ပွါးကိုယ်ထည်၏ ကျင့်ကြံမှုအဆင့်ကိုလည်း ချန်ထားခဲ့၍မရပေ။

မကြာမီတွင် ရီဖန်သည် အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် သူ၏နတ်ဆိုးကိုယ်ပွါးကိုယ်ထည်ကို ဖန်တီးခဲ့သည်။ ဆေးလုံးအမြောက်အမြားစားသုံးပြီးနောက် နတ်ဆိုးကိုယ်ပွါးကိုယ်ထည်၏ကျင့်ကြံမှုအဆင့်သည် အမြုတေဝိညာဉ်အဆင့်သို့ လျင်မြန်စွာကျော်ဖြတ်သွားသည်။

နောက်ဆုံးတွင် ရီဖန်၏မူလဖြစ်တည်မှုကိုယ်ထည်သည် ကမ္ဘာ့နှလုံးသားကို ပြန်လည်သန့်စင်ခဲ့သည်။

တစ်ချိန်တည်းတွင် ရီရှောက်ဖန်ဟုအမည်ပေးထားသည့် သူ၏ နတ်ဆိုးကိုယ်ပွါးကိုယ်ထည်ကို ထာဝရအလင်းကမ္ဘာဆီသို့ ပို့ဆောင်ခဲ့သည်။

‘ထာဝရအလင်းကမ္ဘာ၊ နဂါးနက်အင်ပါယာ။’

နဂါးနက်အင်ပါယာအတွင်း၊ အင်ပါယာ၏တော်ဝင်မိသားစုမှလွဲ၍ ကြီးမားသောအင်မော်တယ်ဂိုဏ်းခွဲသုံးခုလည်းရှိသည်။၎င်းတို့အနက် ချင်းဟုန်အင်မော်တယ်ဂိုဏ်းသည် အပြင်းထန်ဆုံးဖြစ်သည်။

တော်ဝင်မိသားစု၏သားစဉ်မြေးဆက်များစွာပင်လျှင် ချင်းဟုန်အင်မော်တယ်ဂိုဏ်းတွင် ကျင့်ကြံကြသည်။ သုံးလအကြာတွင် အခြေတည်ဝိဥာဉ်အဆင့်တွင် ကျင့်ကြံသူသည် ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ တပည့်ခံယူခြင်းအခမ်းအနားတွင် ပေါ်လာသည်။

ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ တပည့်ခေါ်ယူခြင်း အခမ်းအနားကို နှစ်တစ်ရာလျှင်တစ်ကြိမ်သာ ကျင်းပ၏။

နဂါးနက်အင်ပါယာနှင့် အနီးနားရှိ ကျင့်ကြံသူများအတွက် ၎င်းသည် လုံးဝရွှေခေတ်ဖြစ်သည်။ ဂိုဏ်းတစ်ခုအတွက် စွမ်းရည်သည် အလွန်အရေးကြီးသည်။ စွမ်းအားပိုကောင်းလေ ဆက်ဆံရေးတွင်ပိုမိုအလေးပေးခံရလေဖြစ်ကာ၊

စွမ်းအားပိုနည်းလေ ဆက်ဆံခံရမှုပိုဆိုးလေဆိုသည်မှာ ပြောပြရန်မလိုလောက်အောင်ပင်ဖြစ်သည်။

ဒုတိယအဆင့်မီးဝိညာဉ်ရေးအမြစ်ရှိသည့် ဝူရှောင်းစုန်းသည် အတွင်းဂိုဏ်းတပည့်အဖြစ်ခံယူခဲ့သည်။ ပဉ္စမအဆင့် ရွှေမီးသစ်သားဝိညာဉ်ရေးအမြစ်ရှိသည့် လီဟူသည် ပြင်ပဂိုဏ်းတပည့်။ ကျင့်ကြံရေးသမားများသည် ၎င်းတို့၏စမ်းသပ်မှုများ ပြီးသွားသည်နှင့် မကြာမီတွင် ရီရှောက်ဖန်၏အလှည့်ဖြစ်ကာ ၎င်းသည် ရီဖန်၏ ကိုယ်ပွါးကိုယ်ထည်ပင်ဖြစ်သည်။

ရီဖန်သည် သူ့အစီအစဉ်နှင့်သူ ရှင်းလင်းနေ၏။

နတ်ကိုယ်ပွါးကိုယ်ထည်သည် ရီမိသားစု၏ဝှက်ဖဲ၊ တာအိုကာကွယ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ မူလကိုယ်ထည်သည် မိသားစုထဲတွင် နေထိုင်ကာ အခြေခံအားဖြင့် အပြင်မထွက်ပေ။ နတ်ဆိုးကိုယ်ပွါးကိုယ်ထည်သည် ထောက်လှမ်းရေးစုဆောင်းရန် နဂါးနက်အင်ပါယာဂိုဏ်းနှင့်ပူးပေါင်းခဲ့သည်။

ရီရှောက်ဖန်၏ ဝိညာဉ်ရေးအမြစ်မှာ အင်မော်တယ်ဝိညာဉ်ရေးအမြစ်ဖြစ်ကာ ရီရှောက်ဖန်၏ အရည်အချင်းစစ်စာမေးပွဲရလဒ်များထွက်ပေါ်လာသောအခါ ချင်းဟုန်အင်မော်တယ်ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ၎င်းသည်အနာဂတ်တွင် အင်မော်တယ်ဖြစ်လာမည့် အင်မော်တယ်ဝိညာဉ်ရေးအမြစ်ဖြစ်၏။

ချင်းဟုန်အင်မော်တယ်ဂိုဏ်းအတွင်းတွင်ပင်လျှင် ဤမျှ ရှေးကျသောအင်မော်တယ်ဝိညာဉ်ရေးအမြစ်များမရှိချေ။ အင်မော်တယ်ဝိညာဉ်ရေးအမြစ်သည် ချင်းဟုန်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲတိုင်းကို ပြင်းထန်စွာယှဉ်ပြိုင်စေနိုင်သည်။

“အင်မော်တယ်ဝိညာဉ်အမြစ်ကို ငါတို့ သက်ရှည်အထွတ်အထိပ်ကရချင်တယ်”

သက်ရှည်အထွတ်အထိပ်ဂိုဏ်း၏ အကြီးအကဲသည် ၎င်းအတွက်ယှဉ်ပြိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ရှေ့တိုးလာခဲ့သည်။

"အဓိပ္ပာယ်မရှိဘူး၊ ငါတို့ရဲ့ ကမ္ဘာ့မီးမျိုးဆက်က အချိန်အတော်ကြာအောင် မပါဝင်ခဲ့ဘူး၊ ဒီတစ်ခါတော့ ငါတို့အတွက်ပဲ"

အများအားဖြင့် ဝေးကွာနေသောအကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ ပြိုင်ဆိုင်နေကြခြင်းသည် အခြားတပည့်များကိုလည်း အတိုင်းအတာတစ်ခုအထိ မနာလိုဖြစ်စေသည်။ အင်မော်တယ်ဝိညာဉ်ရေးအမြစ်နှင့် အမျိုးအနွယ်ဖြစ်လာပါက ၎င်းတို့သည် ၎င်းတို့၏ မိသားစုမျိုးရိုးတွင် ပထမအဆင့်ဖြစ်နိုင်သည်။ ထိုအချိန်တွင် မြင်ကွင်းကို ရောင်ဝါတစ်ခုက လွှမ်းမိုးသွားကာ အဘိုးအိုတစ်ယောက်သည် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများသည် ဤအဘိုးအိုကိုမြင်သောအခါ ရိုသေမှုပြသသည့်အနေဖြင့် ခေါင်းငုံ့ထားကြသည်။

"အကြီးအကဲချုပ်ကို ဂါဝရပြုပါတယ်"

၎င်းသည် ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ အမြင့်မြတ်ဆုံး အကြီးအကဲချုပ်၊ တိမ်နီအင်မော်တယ်၊ ကမ္ဘာ့အင်မော်တယ်အဆင့်ကျင့်ကြံသူဖြစ်သည်။ နဂါးနက်အင်ပါယာတွင် သူသည် ထိပ်တန်းအင်အားစုထဲတွင် ပါဝင်၏။

"ရီရှောက်ဖန် မင်း ငါ့တပည့်ဖြစ်ချင်လား"

တိမ်နီအင်မော်တယ်သည် ရီရှောက်ဖန်ကို တပည့်အဖြစ် ကိုယ်တိုင်လက်ခံရန် ရည်ရွယ်ကာ စကားပြောခဲ့သည်။

ရီရှောက်ဖန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင်တုံ့ပြန်လိုက်သည်။

“ကျွန်တော် ဆရာ့ကို ဂါဝရပြုပါတယ်”

ဤနည်းဖြင့် ရီရှောက်ဖန်သည် ချင်းဟုန်အင်မော်တယ် ဂိုဏ်းထဲသို့ အောင်မြင်စွာဝင်ခွင့်ရကာ အဓိကတပည့်ဖြစ်လာသည်။ သာမန်၊ အပြင်ဂိုဏ်း၊ အတွင်းဂိုဏ်း၊ အဓိကစသည်ဖြင့် အဓိကတပည့်တစ်ဦး၏ အနေအထားသည် အတွင်းဂိုဏ်း၏အကြီးအကဲများထက်ပင် အနည်းငယ်သာလွန်သည်။

ယေဘူယျအားဖြင့် အဓိကတပည့်ဖြစ်လာရန်အတွက် အင်မော်တယ်ဖြစ်လာရန် အရည်အချင်းရှိရမည်ဖြစ်သည်။ ရီရှောက်ဖန်သည် ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ ဆယ့်တစ်ယောက်မြောက်တပည့်ဖြစ်ကာ သူ၏ ကျင့်ကြံမှုအဆင့်သည် အဓိကတပည့်များကြားတွင် အနိမ့်ဆုံးဖြစ်သည်။

ရီရှောက်ဖန်သည် ရှင်းလင်းပြတ်သားကာ ကျောထောက်နောက်ခံမရှိသည့်အပြင် မြင့်မားသောစွမ်းရည်ဖြင့် သဘာဝကျစွာပင် နဂါးနက်အင်ပါယာ၏အင်အားစုများအတွက် ချစ်စရာဖြစ်လာခဲ့သည်။ အင်အားစုများသည် ရီရှောက်ဖန်နှင့် ဆက်ဆံရေးထူထောင်ရန် အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ကာ မဟာမိတ်ဖွဲ့ခြင်းသည် ကြီးစွာသောနည်းလမ်းဖြစ်ခဲ့သည်။

ကံမကောင်းစွာနှင့် ရီရှောက်ဖန်သည် ချင်းဟုန်အင်မော်တယ်ဂိုဏ်းမှာ ထွက်ခွါရန်ခဲယဉ်းကာ

တခြားအဓိကတပည့်များမှာလွဲ၍ ရီရှောက်ဖန်နှင့်တွေ့ရန်မှာ မလွယ်ကူချေ။

“ရှောက်ဖန်၊ မြန်မြန်ထွက်လာခဲ့ပါဦး၊ ကျွန်မရှင့်အတွက် အရသာရှိတာတစ်ခုခု ယူလာပေးတယ်။"

ရီရှောက်ဖန်၏ ဂူအိမ်အဝင်ဝတွင် ချောမောလှပသောသူတစ်ဦးသည် ကြက်ကြီးတစ်ကောင်ကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။ဤကြက်တွင် ရောင်စုံအမြီးအမွေးများပါရှိကာ ၎င်းသည် အမှန်တကယ်တွင် ကိုယ်ခန္ဓာပေါင်းစပ်မှုနယ်မြေအဆင့်ရှိ ငါးရောင်ခြယ်စိတ်ဝိညာဉ်မွန်းစတားဖြစ်၏။

ပြင်ပကမ္ဘာတွင် အရှင်သခင်ဟုယူဆနိုင်သည့် ငါးရောင်ခြယ်ကြက်သည် ယခုအခါအသတ်ခံရရန် စောင့်ဆိုင်းနေသော အစားအစာတစ်ခုဖြစ်လာခဲ့သည်။

"ကျွင်းလုံ၊ မင်းဒီလိုဒုက္ခခံဖို့ မလိုပါဘူးကွာ"

ရီရှောက်ဖန်သည် ပရိတ်သတ်ငယ်လေးကဲ့သို့ ပြုမူနေသော ကျွင်းလုံကို ကူကယ်ရာမဲ့စွာ ကြည့်နေလေသည်။ ချောမောလွန်းခြင်းသည် အမှန်တကယ်ပင် ဒုက္ခများလွန်းလှ၏။....

…………………

အခန်း ၁၅၆ - စိန်ဂိုဏ်းခွဲနှင့် လသာဆောင်ခန်းမတို့၏ အထောက်အထား

ဒုက္ခအဘိညာဉ်အဆင့်ရှိ ကျွင်းလုံသည် ချင်းဟုန်အင်မော်တယ်ဂိုဏ်း၏ အဓိက တပည့်များထဲတွင် အဆင့် (၈) ရှိကာ ကျွင်းလုံ၏ အထောက်အထားမှာ ပို၍ပင်ထင်ရှား၏။ သူမသည် မင်းသမီးကျွင်းလုံဟုကျော်ကြားသော နဂါးနက်ဘုရင်၏ အချစ်ဆုံးသမီးဖြစ်သည်။

မင်းသမီးကျွင်းလုံသည် သူ့အား တွယ်ကပ်လာသောအခါတွင် ရီရှောက်ဖန်သည် ချင်းဟုန်အင်မော်တယ်ဂိုဏ်းသို့ ဝင်ခါစဖြစ်သည်။ မင်းသမီးကျွင်းလုံသည် သူမ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်မကြိုးစားဘဲ ရီရှောက်ဖန်ကို ရိုးရိုးရှင်းရှင်း ကပ်တွယ်နေခဲ့သည်။

သူမကို မည်သူကအပြစ်တင်နိုင်မည်နည်း။ ရီရှောက်ဖန်သည် ချောမောထက်မြက်ကာ အရေးအကြီးဆုံးမှာ ငယ်ရွယ်သူဖြစ်သည်။ မင်းသမီးကျွင်းလုံ၏အမြင်တွင် သူသည် တော်ဝင်သမက်အဖြစ် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ထို့ကြောင့် သူမသည် ကျင့်ကြံရေးခေါင်းစဉ်အောက်တွင် သူတို့၏ဆက်ဆံရေးကို တိုးတက်လာအောင် ရီရှောက်ဖန်ကို မကြာခဏသွားရှာတတ်သည်။

ရီရှောက်ဖန်သည် အနည်းငယ်အကူအညီမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏တည်ရှိမှုသည် ချီစွမ်းအားတစ်ခုမှ သန့်စင်သောအသွင်အပြင်သုံးခုအနွယ်ဝင်ဖြစ်ကာ သူတို့နှစ်ယောက်လုံးသည် မျှဝေထားခြင်းဖြစ်၏။ ရီရှောက်ဖန်သည် ကိုယ်ပွါးတစ်ဦးသာဖြစ်သောကြောင့် သူ့အတွက် ဇနီးမယားရှာခြင်းသည် ရီဖန်အစစ်အတွက် ရှာခြင်းပင်ဖြစ်သည်။ ရီဖန်သည် အမျိုးသမီးများကို လှည့်စားသောလူဆိုးမဖြစ်ချင်သောကြောင့် ကိုယ်ပွားတစ်ခုသည် ၎င်း၏ကိုယ်စား ဇနီးကို မည်သို့ရှာနိုင်မည်နည်း။

“ရှောင်ဖန်၊ ဒီနေ့ ရှင်ဒီကြက်သားကို စားပြီးရင် ကျွန်မအပိုင်ဖြစ်လာလိမ့်မယ်နော်"

မင်းသမီးကျွင်းလုံသည် ရီရှောက်ဖန်နှင့် နေ့စဉ် ပရောပရည်လုပ်ကာ ၎င်းကိုကူကယ်ရာမဲ့ဖြစ်စေခဲ့သည်။ ဝန်ခံရမည်မှာ သူသည် ပင်မအဖွဲ့အစည်း၏ ကိုယ်ခွဲတစ်ခုမဟုတ်ပါက မင်းသမီးကျွင်းလုံသည် ကောင်းမွန်သောဇနီးဖြစ်မည် ဖြစ်သည်။ ဥပမာအားဖြင့် သူမကမ်းလှမ်းသော ကြက်သားကိုစားပြီးနောက် ရီရှောက်ဖန်၏ ကျင့်ကြံမှုအဆင့်သည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ တက်သွားသည်အထိ အလွန်ကြီးမားသော ဝိညာဉ်စွမ်းအင်ကို ထုတ်ပေးသည်။

အမှန်စင်စစ် ငယ်ရွယ်သူများသည် သူဌေးသမီး၏တန်ဖိုးကို နားမလည်ဘဲ သန့်စင်သောရတနာအတွက် မင်းသမီးငယ်နှင့်လွဲမှားလေ့ရှိသည်။ ဤသို့ဖြင်ပ ရီရှောက်ဖန်သည် အမျိုးသမီးတစ်ဦး၏ ကြွယ်ဝမှုဖြင့် စတင်အသက်မွေးခဲ့သည်။

ရီရှောက်ဖန်၏ကျင့်ကြံမှုအဆင့် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ သူမနှင့် ဆက်ဆံရေးသည်လည်း တိုးတက်လာသည်။ မင်းသမီးကျွင်းလုံသည် ဆက်လက်ကပ်တွယ်နေခဲ့ကာ တော်ဝင်သမက်ဖြစ်လာခြင်းအကြောင်းနှင့်ပက်သက်၍ တီးတိုးတီးတိုးပြောဆိုသံများသည် နဂါးနက်အင်ပါယာတစ်ခုလုံးတွင် ပျံ့နှံ့သွားကာ သူ၏ကျော်ကြားမှုသည် တဖြည်းဖြည်း မြှင့်တက်လာ၏။

အမျိုးသမီးတစ်ဦး၏ကြွယ်ဝမှုဖြင့် အင်ပါယာ၏ နံပါတ်တစ်ယောက်ျားအကြောင်းကို လူတိုင်းသိလာကြကာ ရီရှောက်ဖန်မည်မျှကံကောင်းသည်ကို မချီးမွမ်းဘဲမနေနိုင်ချေ။

ဤအတောအတွင်းတွင် ရန်ဟွမ်နယ်မြေတွင် စစ်ပွဲသည် ပိုမိုပြင်းထန်လာခဲ့သည်။ သတ္တမအဆင့် ကွဲထွက်နတ်ဆိုး မုတုန်နှင့် သတ္တမအဆင့် လွတ်မြောက်ကျင့်ကြံသူဝူရှန်းတို့ ရုတ်တရက် လှုပ်ရှားလိုက်သောအခါတွင် အဓိကအင်အားစုငါးခုသည် နတ်ဆိုးစစ်တပ်နှင့် ရင်ဆိုင်နေဆဲဖြစ်သည်။

သတ္တမအဆင့် ကွဲထွက်နတ်ဆိုးနှင့် လွတ်မြောက်ကျင့်ကြံသူသည် စစ်မှန်သော အင်မော်တယ်သတ္တဝါများ၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ လူသားမျိုးနွယ်စုမှ ဆဋ္ဌမအဆင့် လွတ်မြောက်ကျင့်ကြံသူငါးယောက်ပင်လျှင် ၎င်းတို့နှစ်ယောက်နှင့် မယှဉ်နိုင်ပေ။ တခဏချင်းမှာပဲ ၎င်းတို့သုတ်သင်ခြင်းခံလိုက်ရသည်။

လွတ်မြောက်ကျင့်ကြံသူများ၏ အလောင်းများသည် နတ်ဆိုးနှင့် စုန်းမျိုးနွယ်စုများအတွက် အကောင်းဆုံးအာဟာရဖြစ်ခဲ့သည်။ အလောင်းများ၏ ဖြည့်စွက်အားနှင့်အတူ အခင်းအကျင်း၏ စွမ်းအားသည် ချက်ချင်းပင် အရှိန်မြင့်လာသည်။ ကံကြမ္မာခိုးယူမှု အရှိန်သည်လည်း အဆများစွာ တိုးလာသည်။ လူသားမျိုးနွယ်စုသည် အထိန်းအကွပ်မဲ့ဒေါသဖြင့် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုသည် စုန်းမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ကာ သတ္တမအဆင့် ကွဲထွက်နတ်ဆိုးနှင့် လွတ်မြောက်ကျင့်ကြံသူတို့ကိုပင် အသုံးချခဲ့သည်။

ကျီမိသားစု မျိုးနွယ်စုခေါင်းဆောင် ကျီဖာသည် သူ၏ အင်မော်တယ်တစ်ပိုင်းလက်နက်ဖြစ်သည့် တူရိယညရှန်ဟဲတုကို အခြားသော အဓိကအင်အားစုလေးခု၏ ခေါင်းဆောင်များနှင့်အတူ ချက်ချင်းအသုံးပြုခဲ့သည်။ ၎င်းတို့သည် အင်မော်တယ်လက်နက်ငါးခုကို ပိုင်ဆိုင်ထားသည့် မဟာယာနအဆင့်၏ အထွတ်အထိပ်ရှိ ကျင့်ကြံငါးဦးဖြစ်ကာ ၎င်းတို့ကို နတ်ဆိုးနှင့် စုန်းမမျိုးနွယ်စုများကိုတိုက်ခိုက်ရာတွင် အသုံးပြုရန် စီစဉ်ခဲ့သည်။

"ဝူရှန်း၊ မင်းကစုန်းမျိုးနွယ်စုအနေနှင့် လူသားတွေအပေါ်ကိုဒီလိုလုပ်နေတာ၊ အထက်ကမ္ဘာရဲ့ အမျက်ဒေါသကို မကြောက်ဘူးလား”

ကျီဖာ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျီမိသားစုသည်လည်း အထက်နယ်မြေရှိအရင်းမြစ်များရှိသည်။ အင်အားကြီးငါးခုတင်မကဘဲ အခြားသော အင်အားစုအများအပြားတွင် အထက်ပိုင်းနယ်မြေသို့ တကလှမ်းခဲ့သော ကျင့်ကြံအများအပြားရှိသည်။ အထက်ပိုင်းနယ်မြေသည် နတ်ဆိုးမျိုးနွယ်နှင့် စုန်းမမျိုးနွယ်စုကို ရန်ဟွမ်နယ်မြေရှိ ကျင့်ကြံသူများအား အန္တရာယ်ပြုစေမည်မဟုတ်ချေ။

"ဟားဟား ကျီဖာ၊ အထက်ကမ္ဘာက မင်းကို ဒီအချိန်မှာ ကူညီပေးနိုင်မယ်လို့ မင်းတကယ်ယုံလား"

မုတုန်သည် ကျီဖာ၏ခြိမ်းခြောက်မှုကို အလေးအနက်မထားပေ။ တိုက်ခိုက်ရန် သူရွေးချယ်ပြီးကတည်းက ပြင်ဆင်များ အပြည့်လုပ်ထားပြီးဖြစ်သည်။ သို့ဖြစ်ပါက နတ်ဆိုးမျိုးနွယ်စုနှင့် စုန်းမျိုးနွယ်စုတို့၏ အထက်ပိုင်းကျင့်ကြံသူများသည် ရန်ဟွမ်နယ်မြေ၏ အထက်နယ်မြေရှိကျင့်ကြံသူများနှင့် ရင်ဆိုင်မည်မှာ သေချာသည်။

မုတုန်၏စကားကိုကြားသောအခါ ကျီဖာ၏မျက်နှာသည် ရုပ်ဆိုးလာသည်။ ရန်ဟွမ်နယ်မြေရှိ ဤဒုက္ခကို ရန်ဟွမ်နယ်မြေ၏ ကျင့်ကြံသူများမှသာ ဖြေရှင်းနိုင်ပုံရသည်။ သို့သော် ၎င်းတို့ထံတွင် ငွေရောင်အရံအတားနှင့် အင်မော်တယ်တစ်ပိုင်းလက်နက်များရှိသေးသည်။

“ဒီလိုလုပ်ရအောင်”

လီပိုင်သည် ယင်ယန်ကျမ်းလိပ်များနှင့် ထိုက်ကျီဇယားကို ကမ်းလှမ်းခဲ့ကာ မုတုန်နှင့် သူ၏အဖော်ကို ဖိနှိပ်လိုက်သည်။ အင်မော်တယ်လက်နက်ငါးခုမှာ တခဏအတွင်း ပေါက်ကွဲသွား၏။

ဘမ်း!

လီပိုင်၊ ကျီဖာနှင့် လီမျိုးနွယ်စုခေါင်းဆောင်တို့သည် ရုတ်တရက်တုန်ခါသွားကာ ၎င်းတို့၏ကိုယ်ခန္ဓာများသည် မိုင်ထောင်ပေါင်းများစွာအဝေးသို့ ပစ်ချခြင်းခံခဲ့ရသည်။ ခဏအကြာတွင် ၎င်းတို့သုံးယောက် အသက်ရှု၍မရသောကြောင့် ပြန်ပြေးလာကာ စိန်ဂိုဏ်းချုပ်နှင့် လသာဆောင်ခန်းမဂိုဏ်းချုပ်ကို ကြည့်ကာ တုန်လှုပ်သွားကြသည်။

"ဟူမူ၊ မင်းတို့ ရန်ဟွမ်နယ်မြေရဲ့ ကျင့်ကြံသူတွေကို သစ္စာဖောက်ဖို့ စိတ်ကူးနေတာလား”

လွန်ခဲ့သည့်အခိုက်အတန့်တွင် စိန်ဂိုဏ်းနှင့် လသာဆောင်ခန်းမ၏ အင်မော်တယ်လက်နက်များသည် မုတုန်တို့နှစ်ယောက်လုံးကို ပစ်မှတ်မထားဘဲ ၎င်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သတိမထားမိလိုက်သောကြောင့် သုံးဦးစလုံး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ အင်အားကြီးအုပ်စုနှစ်ခု၏ ဂိုဏ်းချုပ်ကြီးများ၏ ရင်းနှီးသောမျက်နှာများကို ကြည့်လိုက်သောအခါ ကျီဖာနှင့် သူ၏အပေါင်းအဖော်များ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေသည်။

၎င်းတို့သည် ရွှေရင်းမြစ်နှင့် ဟူမူကို နှစ်ထောင်ပေါင်းများစွာကတည်းက သိရှိခဲ့ကြကာ အဓိကဂိုဏ်းနှစ်ခုစလုံးသည် ရန်ဟွမ်နယ်မြေတွင် နှစ်ပေါင်းထောင်သောင်းချီ၍ တည်ရှိခဲ့ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ရုတ်တရက် ထိုးနှက်ရသနည်း။ ဤဂိုဏ်းနှစ်ခုသည် နတ်ဆိုးမျိုးနွယ်စုနှင့် စုန်းမျိုးနွယ်စု တို့နှင့် အဆက်အသွယ်ရှိနေသည်။

"ရန်ဟွမ်နယ်မြေကို သစ္စာဖောက်တာ? ငါတို့က ရန်ဟွမ်နယ်ပယ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို ဘယ်တုန်းကမှ ဝန်မခံခဲ့ဘူး၊ ဒါဆို ငါတို့က ဒါကို ဘယ်လိုသစ္စာဖောက်နိုင်မှာလဲ"

ရွှေရင်းမြစ်သည် သူ၏နှစ်ရှည်ကြာဝတ်ထားသော အနက်ရောင်၀တ်ရုံကို ချွတ်လိုက်ကာ သန်မာသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် တက်တူးများနှင့် ဆင်တူသည့် အနက်ရောင်မျဉ်းများရှိသည်။ ၎င်းတို့သည် အသက်ရှင်နေသကဲ့သို့ လှုပ်နေကြသည်။

ရွှေရင်းမြစ်၏ကိုယ်ထည်ပေါ်ရှိ မျဉ်းကြောင်းများကိုမြင်ပြီးနောက် စုန်းမျိုးနွယ်စုအကြီးအကဲကိုကြည့်ရင်း ကျီဖာသည် ၎င်းတို့နှစ်ဦးမှာ အံ့အားသင့်ဖွယ်တူကြောင်း သဘောပေါက်လိုက်သည်။

ထိုအချိန်တွင် ကျီဖာနှင့် သူ၏အပေါင်းအဖော်များ နားလည်သွားကြသည်။ စိန်ဂိုဏ်း၏ လျှို့ဝှက်ကျင့်ကြံနည်းမှာ အမှန်ပင် စုန်းမျိုးနွယ်စု၏ ကျင့်ကြံနည်းဖြစ်သည်။ စိန်ဂိုဏ်းတွင် ကျင့်ကြံသူနည်းပါးသည်မှာ အံ့သြစရာမဟုတ်ပေ။ အားလုံးက အဓိပ္ပါယ်ရှိလာပြီဖြစ်၏။

ရွှေရင်းမြစ်သည် လူသားမျိုးနွယ်ဝင်မဟုတ်ပါက၊ လသာဆောင်ခန်းမမှ ဟူမူသည် အဘယ်နည်း။

ဟူမူ၏ခန္ဓာကိုယ်သည် လှုပ်ခါစပြုလာပြီးနောက် ရုတ်တရက် ပေတစ်ထောင်ရှိသော မြေခွေးတစ်ကောင်သည် လူတိုင်းရှေ့တွင် ပေါ်လာသည်။

ကြီးမားသောအမြီးခြောက်ခုသည် ဟူမူ၏ အမြီးခြောက်ချောင်းမြေခွေးမျိုးနွယ်စု၏ အထောက်အထားကိုဖော်ပြခဲ့သည်။ ရန်ဟွမ်နယ်မြေရှိ အင်အားကြီးအုပ်စုငါးခုထဲတွင် နှစ်ဦးသည် လူသားမျိုးနွယ်ဝင်မဟုတ်ဟု မည်သူထင်မည်နည်း။

အင်အားစုနှစ်ခုသည် နှစ်ပေါင်းထောင်သောင်းမက တည်ရှိနေခဲ့ကာ မြေခွေးမျိုးနွယ်နှင့် စုန်းမျိုးနွယ်တို့သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ရန်ဟွမ်နယ်မြေကို စတင်ကျူးကျော်ရန်ကြံစည်ခဲ့ခြင်း ဖြစ်နိုင်သလော။

"ဟားဟား! ”

မုတုန်သည် ကျီဖာတို့သုံးယောက်ကို ကြည့်ရင်း ဟူမူဘက်သို့ ရောက်လာသည်။ သူတို့၏ မျက်လုံးများသည် သရော်မှုများ ပြည့်နှက်နေသည်။

"ကျီဖာ၊ မင်းရဲ့ ‘မျိုးနွယ်စုတူ’ လို့ ယူဆထားတဲ့သူတွေရဲ့ သစ္စာဖောက်တာကို ဘယ်လိုခံစားရလဲ။"

အစောပိုင်းက သူတို့လိုလားခဲ့သည့် အခြေအနေများသည် ရုတ်တရက် ပြောင်းပြန်ဖြစ်သွား၏။ နတ်ဆိုးမျိုးနွယ်စုနှင့် စုန်းမျိုးနွယ်စုမှ အဆင့်ခုနစ် အဘိညာဉ်အဆင့်ရှိ လွတ်မြောက်ကျင့်ကြံသူနှစ်ဦးနှင့် အင်မော်တယ်တစ်ပိုင်းလက်နက်ကိုကိုင်ဆောင်သူနှစ်ဦး။ ဤပုဂ္ဂိုလ်လေးယောက်နှင့် ဆန့်ကျင်ဘက်တွင် ကျီဖာတို့ သုံးယောက်သည် စတင်ရန်မရှိတော့ချေ။ ၎င်းတို့၏ အံ့အားသင့်စရာ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိခဲ့သည်ကိုလည်း မမေ့လိုက်လေနှင့်။

သို့သော် ယခုအချိန်တွက် နောက်ဆုတ်ရန် နောက်ကျသွားပြီဖြစ်၏။ ရန်ဟွမ်နယ်မြေသည် တိုက်ခိုက်မှသာလျှင် ရှင်သန်ခွင့်ရမည်ဖြစ်ကာ နတ်ဆိုးကမ္ဘာ၏ လွှမ်းမိုးခြင်းကို ခံရမည်မဟုတ်ပေ။

"တိုက်ကြ! ”

ကျီဖာတို့ သုံးယောက်သားသည် ရန်သူကိုတိုက်ခိုက်ရန် စွမ်းအားများ ထပ်မံထုတ်လွှတ်လိုက်သည်။အထူးသဖြင့် ရွှေရင်းမြစ်နှင့် ဟူမူတို့ကို တမင်တကာ ပစ်မှတ်ထားခဲ့သည်။ သိူ့သော် တဖြည်းဖြည်းနှင့် ကျီဖာတို့သုံးဦးလုံးလွှမ်းမိုးခံလိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ လူသုံးဦး၏ ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာသည်။

"ငါတို့ လောလောဆယ် နောက်ဆုတ်ရမယ်!"

ဆက်လက်တိုက်ပွဲဝင်ခြင်းသည် ၎င်းတို့၏ ကျရှုံးမှုကိုသာ အရှိန်မြှင့်ပေးမည် ဖြစ်ကြောင်း သုံးယောက်သား နားလည်ခဲ့ကြသည်။ ၎င်းတို့ထံတွင်အခွင့်ကောင်းမရှိသည့်တိုင် ထွက်ပြေးလွတ်မြောက်လိုပါက မုတုန်နှင့် သူ့အပေါင်းအပါများသည်ပင် ၎င်းတို့ကိုမတားနိုင်ချေ။ အင်မော်တယ်တစ်ပိုင်းလက်နက်၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။ နောက်ဆုံးတွင် ကျီဖာ၏ နောက်ဆုံးစွမ်းအားကို အသုံးပြုကာ နတ်ဘုရားနယ်မြေသုံးခုထံ ပြန်လာခဲ့ကြ၏။

နတ်ဆိုးများနှင့် စုန်းမျိုးနွယ်စု၏ နတ်ဘုရားနယ်မြေနှစ်ခုသည် ချက်ချင်းကျသွားကာ နတ်ဆိုးမျိုးနွယ်၏ သိမ်းယူခြင်းခံလိုက်ရပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ရန်ဟွမ်နယ်မြေ၏ ထက်ဝက်ကျော်မှာ ပျောက်ဆုံးသွားခဲ့သည်။

………………..

All Chapters