အခန်း ၁၆၀-၁၆၂
Vol. 11 Ch. 160-162
အခန်း ၁၆၀ - အားလုံးက အသိအကျွမ်းဟောင်းတွေချည်းပါပဲ
နောက်ဆုံးတွင် အဓိကပဲ့ကိုင်သူပေါ်လာရန် အချိန်တန်ပြီဖြစ်သည်။ ရီဖန်မျှော်လင့်ထားသည့်အတိုင်း ရွှေအိမ်မွေးနတ်သမီးသည် တည်ငြိမ်သောအမူအရာဖြင့် စစ်မြေပြင်တွင်ပေါ်လာကာ ရီဖန်ကိုကြည့်လိုက်သည်။
"ဆိုတော့ မင်းက ကြယ်တစ်သောင်းကျွန်းရဲ့ သခင်လား။ မင်းရဲ့အခွံကို စွန့်လွှတ်ပြီးတော့ မင်းရဲ့ကံကြမ္မာကို ရင်ဆိုင်ဖို့ ထွက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး"
ရွှေအိမ်မွေးနတ်သမီးသည် အေးချမ်းသောပုံပေါက်နေသော်လည်း အတွင်းတွင်တော့ကြံစည်နေသည်။ ၎င်းသည် အဆင့်နိမ့်ကျင့်ကြံသူကို အဘယ်ကြောင့် မမြင်နိုင်သနည်း။ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်နိုင်သည့် အင်မော်တယ်လက်နက်တစ်ခု ရှိကောင်းရှိနိုင်၏။
ရွှေအိမ်မွေးနတ်သမီးသည် သူ့ကိုယ်သူ စိတ်ချသွားသည် ။ သူသည် ရွှေရင်းမြစ်ထံမှရရှိသော အင်မော်တယ်တစ်ပိုင်းလက်နက်ဖြစ်သည့် ကျဲ့ထျန်းအလံကို ခြယ်လှယ်ကာ အဆုံးမဲ့ကောင်းကင်မီးတောက်နှင့် ကောင်းကင်လေထုကို ရီဖန်ထံ ပစ်လွှတ်လိုက်သည်။ ကောင်းကင်ဘုံကိုးခု မီးတောက်နှင့် ကောင်းကင်လေတို့သည် ကြီးမားသောစွမ်းအားကို ချုပ်ကိုင်ထားကြ၏။
ရီဖန်သည် ပြုံးလိုက်ကာ သူ့လက်ကို ဆန့်တန်းလိုက်ပြီးနောက် ဆုပ်ကိုင်ထားသော အမူအရာတစ်ခုပြုလုပ်လိုက်သည်။ ကောင်းကင်မီးတောင်နှင့် ကောင်းကင်လေများ အားလုံးသည် ပါးလွှာသောလေထုထဲသို့ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရဋ ရွှေအိမ်မွေးနတ်သမီးသည်ပင် အံ့အားသင့်သွားသည်။ ၎င်း၏တိုက်ခိုက်မှုကို မည်ကဲ့သို့ အလွယ်တကူ ကာကွယ်နိုင်မည်နည်း။
"မယုံဘူး!"
ရွှေအိမ်မွေးနတ်သမီးသည် ကျဲ့ထျန်းအလံကို အဆက်မပြတ်လှည့်ပတ်ကာ ရီဖန်ကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ သို့သော် ရန်ဟွမ်နယ်မြေအတွင်းတွင် ရီဖန်သည် မနှိမ်နင်းနိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်၏ စွမ်းအားသည် ရန်ဟွမ်နယ်မြေတစ်ခုလုံးကို မကျော်လွန်ပါက ရီဖန်ကို အန္တရာယ်ပြုရန် မဖြစ်နိုင်ပေ။
"မင်းက ဘယ်သူလဲ၊ မဟာယာနနယ်ပယ်က ကျင့်ကြံသူက ဒီလောက်အစွမ်းထက်မှာ မဟုတ်ဘူး”
ရွှေအိမ်မွေးနတ်သမီးသည် ပြိုလဲလုနီးပါးဖြစ်သွားသည်။
အစပိုင်းတွင် သူသည် အဆင့်မြင့်ချုပ်ကိုင်သူတစ်ဦးအဖြစ် အတွေ့အကြုံမရှိသေးသောရွာမှ လူပိန်းများကို ဖြုတ်ချနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်သူသည် ဝင်ဝင်ချင်းဆောက်နှင့်ထွင်းခံလိုက်ရ၏။
အမှန်တကယ်တွင် ရီဖန်သည် မဟာယာနနယ်ပယ်တွင်သာရှိနေခဲ့ပါက ရွှေအိမ်မွေးနတ်သမီးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ သို့သော် ရီဖန်သည် မဟာယာနနယ်ပယ်အဆင့် ကျင့်ကြံသူမဟုတ်နေသည်ကို မည်သူ့အားအပြစ်တင်နိုင်မည်နည်း။
ရီဖန်ထံမှ အင်မော်တယ်နယ်မြေ၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။ လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စုတို့နှင့် စစ်မြေပြင်တစ်ခုလုံးသည် အေးခဲစေသောခလုတ်ကို ထိမိသွားသကဲ့သို့ ရပ်တန့်သွားသည်။ ရန်ဟွမ်နယ်မြေသည် မဇ္စျိမကမ္ဘာတစ်ထောင်ထဲမှ တစ်ခုမဟုတ်လော။ စစ်မှန်သောအင်မော်တယ်သည် မည်သို့ထွက်လာနိုင်မည်နည်း။ ရွှေအိမ်မွေးနတ်သမီးပင်လျှင် ရန်ဟွမ်နယ်မြေထဲကို ဝင်ရောက်ရန်အတွက် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်တောက်လိုက်ရသည်။
ဤအခိုက်အတန့်တွင် မုတုန်နှင့် အခြားသူများသည် အာရုံပြန်ရလာကာ ရီဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
"မင်း၊ မင်းက ရန်ဟွမ်နယ်မြေရဲ့ ကမ္ဘာ့သခင်ဖြစ်လာဖို့ ကမ္ဘာ့နှလုံးသားနှင့် ပေါင်းစည်းခဲ့တာလား။"
ထိုအချိန်တွင် နတ်ဆိုးမျိုးနွယ်စုသာမက ကျီဖာနှင့် အခြားသူများ၏အကြည့်များပင် ပြောင်းလဲသွားသည်။
ရီဖန်သည် ကမ္ဘာ့နှလုံးသားနှင့် ပေါင်းစပ်ကာ ကမ္ဘာသခင်ဖြစ်လာပါက ထိုအချိန်မှစ၍ ရီဖန်ကို အားကိုးရမည်ဟု ဆိုလိုခြင်းမဟုတ်လော။
လီမျိုးနွယ်စု၏ မျက်လုံးများတွင် မလိုလားမှုများ ပြည့်နှက်နေသည်မှာ ထင်ရှားသည်။ ၎င်းတို့သည် ရန်ဟွမ်နယ်မြေကို အလယ်တကူ စွန့်လွှတ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။ ထို့အပြင် အခြားသောအင်အားစုနှစ်ခုနှင့် နှိုင်းယှဉ်ပါက လီမျိုးနွယ်စုသည် ရန်ဟွမ်နယ်မြေ၏ သဘောသဘာဝကို ပိုမိုလေးနက်စွာ နားလည်သဘောပေါက်ခဲ့သည်။
ရန်ဟွမ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် ကမ္ဘာတစ်ထောင်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
လီမျိုးနွယ်စုသည် ပထမအဆင့် မဟာတာအို၏ တပည့်တစ်ဦးကို ကမ္ဘာ့နှလုံးသားနှင့် ပေါင်းစည်းရန် နှစ်ထောင်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သည်။ သိူ့သော် ယခုအချိန်အထိ မအောင်မြင်သေးချေ။ ထိုအစား ရီဖန်က အရင်ရောက်သွားသည်။ လီမျိုးနွယ်စုသည် ၎င်းကို အဘယ်သို့လက်ခံနိုင်မည်နည်း။
“မဟုတ်ဘူး၊ အခွင့်အရေးရှိသေးတယ်။ ရီမိသားစုမှာ အမွေဆက်ခံခြင်းမရှိဘူး။ အခွင့်အရေးရှိပါသေးတယ်! ”
လီမျိုးနွယ်စုခေါင်းဆောင်သည် မျက်လုံးကို မှိတ်လိုက်ပြီးနောက် နောက်ထပ် အကြံတစ်ခု ထွက်ပေါ်လာသည်။ ရီဖန်သည် သူ့ကိုယ်သူ ကမ္ဘာ့သခင်အဖြစ် ထုတ်ဖော်လိုက်သောအခါတွင် အရာအားလုံးပြေလည်သွားခဲ့သည်။ ကမ္ဘာ့သခင်၏ကမ္ဘာတွင် ကျင့်ကြံသူမည်မျှပင်ရှိပါစေ၊ ၎င်းတို့သည် အသုံးမဝင်ပေ။ ကမ္ဘာ့သခင်ကို သတ်နိုင်သူမှာ အခြားကမ္ဘာ့သခင်တစ်ဦးသာဖြစ်နိုင်သည်။
ကမ္ဘာ့စွမ်းအားများဖြင့် ပြည့်နေသော လက်သီးတစ်ချက်သည် ရွှေအိမ်မွေးနတ်သမီးအပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ရွှေအိမ်မွေးနတ်သမီးမှာ သူသည်အဆင့်နိမ့်ကျသည့် ကမ္ဘာပေါ်တွင် ကျဆုံးလိမ့်မည်ဟု တစ်ခါမှမထင်ခဲ့ပေ။ များမကြာမီတွင် ရန်ဟွမ်နယ်မြေရှိ နတ်ဆိုးအားလုံး သတ်ဖြတ်ခံခဲ့ရသည်။ ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူများသည် တစ်စက္ကန့်မျှပင် မရပ်တန့်ခဲ့ကြချေ။
"တာ့ယွီအင်ပါယာ၊ ငါ့နောက်လိုက်ပြီး တိုက်ခိုက်ကြ!"
"ချန်ရှန်းဂိုဏ်းရဲ့ တပည့်တွေ စစ်တိုက်ဖို့ ငါ့နောက်လိုက်ခဲ့ကြ!"
ရီမိသားစုသည် အင်အားကြီးအုပ်စုသုံးခုမှ ကျင့်ကြံသူများနှင့်အတူ ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို တန်ပြန်တိုက်ခိုက်လာကြကာ အင်အားကြီးအုပ်စုသုံးခု၏ ထိုးစစ်ဆင်မှုအောက်တွင် ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို အကြိမ်ကြိမ် ပြန်တွန်းလှန်ခဲ့သည်။ နှစ်ပေါင်းထောင်သောင်းချီကြာ မျှော်လင့်ခဲ့ကြသည့် ကမ္ဘာနှစ်ခုထပ်တူကျသည့်နေ့သည် ယခုတွင် ၎င်းတို့၏သေမင်းခံတွင်းဝ ဖြစ်သွားခဲ့လေပြီ။
ရီမိသားစုသည် ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို တန်ပြန်တိုက်ခိုက်နေချိန်တွင် လီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် လီရှန်း၏ရုပ်ပုံသည် ရီမိသားစုအပြင်ဘက်တွင် တိတ်တဆိတ်ပေါ်လာသည်။
"မျိုးနွယ်စုခေါင်းဆောင်ရီ၊ နောက်ပြန်လှည့်လာသူတစ်ယောက်အနေနှင့် ရန်ဟွမ်နယ်မြေကို သိမ်းပိုက်ဖို့ မထိုက်တန်ပါဘူး။ ငါတို့ အင်အားကြီးနယ်မြေတွေရဲ့ အခြေခံအုတ်မြစ်မပါဘဲ မင်းဘယ်မှာ အကျိုးကျေးဇူးတွေရနိုင်မလဲ”
လီရှန်းသည် ရီဖန်ကို ပြုံးပြသော်လည်း သူ့စကားတွင် ခြိမ်းခြောက်မှုကို လုံးဝမဖုံးကွယ်ထားပေ။ ရီဖန်သည် သူ့လက်ဖက်ရည်ကို တိတ်တဆိတ်ငုံ့သောက်ရင်း ပြုံးလိုက်ကာ
"ရန်ဟွမ်နယ်မြေကို ထိန်းချုပ်ဖို့ ဘယ်သူကအရည်အချင်းရှိတယ်လို့ မင်းထင်လို့လဲ" ဟု မေးလိုက်သည်။
“သေချာပေါက်၊ ဒါက ငါ့လီမျိုးနွယ်ပေါ့" လီရှန်းသည် ဝန်ခံရန် အနည်းငယ်မျှတုံ့ဆိုင်းမနေခဲ့ချေ။
ရီဖန်၏ နှုတ်ခမ်းထောင့်တွင် သရော်လှောင်ပြောင်မှုကို မြင်လိုက်သည့်အခါ လီရှန်းသည် ရီဖန်မှာ ရန်ဟွမ်နယ်မြေ၏ ကမ္ဘာ့နှလုံးသားကို လွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိကြောင်း သဘောပေါက်လိုက်သည်။ ၎င်းသည် သူ၏စိတ်ကူးယဉ်ဆန်သည့် အတွေးသက်သက်သာဖြစ်သည်။ ထိုအတွေးကြောင့် လီချန်သည် ဒေါသနှင့်အရှက်တရားဖြင့် ပြည့်နှက်နေခဲ့၏။
"ရီဖန်၊ ကြီးကျယ်ခမ်းနားတဲ့ မိသားစုမျိုးရိုးရဲ့ အမွေဆက်ခံခြင်းက မင်းတို့ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး"
၎င်းကိုပြောပြီးသည့်နောက် လီရှန်းသည် သူ့သိုလှောင်လက်စွပ်ထဲမှ တိုကင်တစ်ခုကို တိုက်ရိုက်ထုတ်ကာ ချေမွလိုက်သည်။ နောက်အခိုက်အတန့်တွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်လာကာ ၎င်း၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်နယ်မြေသို့ အံ့အားသင့်ဖွယ်ရောက်ရှိသွားခဲ့သည်။
ရီဖန်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။ လီမျိုးနွယ်စုသည် ၎င်းတို့၏ မျိုးနွယ်တူနှင့် တိုက်ခိုက်ရာတွင် ဤမျှလောက် အစွမ်းထက်သည့်တိုင် ပြင်ပလူများအပေါ်တွင် ထိုကဲ့သို့ထိရောက်မှု မရှိခဲ့သည်ကို နားမလည်နိုင်ခဲ့ချေ။ ထိုသို့သောဝှက်ဖဲကို စောစောက တင်ပြခဲ့မည်ဆိုလျှင်၊ ရန်ဟွမ်နယ်မြေသည် ဤမျှသောဘေးအန္တရာယ်များစွာကို ရင်ဆိုင်ရခြင်းမှ တားဆီးနိုင်ပေလိမ့်မည်။
လီမျိုးနွယ်စု၏အမြင်တွင် ၎င်းတို့မျိုးနွယ်စု၏အကျိုးစီးပွားသာလျှင် အရေးပါပုံရသည်။ အခြားသောကျင့်ကြံသူများနှင့် ရန်ဟွမ်နယ်မြေ၏အသက်နှင့် သေဆုံးမှုသည် ၎င်းတို့နှင့် မသက်ဆိုင်ချေ။
"သည်လူကို သတ်ပေးဖို့ လီမျိုးနွယ်စုရဲ့အကြီးအကဲများနှင့် ၆၃၈ယောက်မြောက် မျိုးနွယ်စုခေါင်းဆောင်ကို လေးစားစွာတောင်းဆိုပါတယ်"
လီမျိုးနွယ်စုသည် ကမ္ဘာ့နှလုံးသားကို တစ်သက်လုံးရှာဖွေနေသော်လည်း သနားစရာကောင်းသည်မှာ ၎င်း၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ သဲလွန်စမရှိပေ။ ရီဖန်သည် သူ့လှုပ်ရှားမှုကိုမစတင်သေးဘဲ သူ့ရှေ့ရှိ အလင်းရောင်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ဤပုံရိပ်ကို အလွန်ရင်းနှီးပုံရသည်။ နောက်အခိုက်အတန့်တွင် အလင်းရိပ်သည် ရီဖန်ကိုတွေ့သည့်အခါတွင် လေးစားမှုအပြည့်နှင့် မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ထိုင်လိုက်သည်။
"ကျွန်တော်မျိုးလီရှုက အရှင်ကျွင်းလုံကို ဂါဝရပြုပါတယ်"
ထိုအချိန်တွင် ရီဖန်သည်လည်း ၎င်းကိုမှတ်မိသွားသည်။ ၎င်းသည် နဂါးနက်အင်ပါယာ၏အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ကာ မင်းသမီးကျွင်းလုံနှင့်အတူ တော်ဝင်ချီတက်မှုအတွင်း ရီရှောက်ဖန်ကို ကမ်းလှမ်းခဲ့ဖူးသည်။
လီမိသားစု၏ နောက်ခံသည် အမှန်တကယ်ပင် နဂါးနက်အင်ပါယာဖြစ်နေသည်မှာ ထူးဆန်းသည့် တိုက်ဆိုင်မှုတစ်ခုဖြစ်နေသည်။ လက်ရှိတွင် သူသည် နဂါးနက်အင်ပါယာတွင် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ ဘေးရှိ လီရှန်းသည် လုံးဝကိုအံသဩသွားကာ သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသမျှကို လိုက်မမီနိုင်တော့ချေ။
‘ငါဘယ်သူလဲ? ငါဘယ်မှာလဲ။’ ‘ရီဖန်ကိုတွေ့တာနှင့် အကြီးအကဲက ဘာလို့ ဒူးထောက်နေတာလဲ’
ရီဖန်သည် အင်မော်တယ်နယ်မြေ၏ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း၊ ၎င်းသည် အဘယ်ကြောင့် ဤမျှကြီးမားသော ဂါဝရကိုလိုအပ်သနည်း။
“အကြီးအကဲ၊ ခင်ဗျား အမှားလုပ်မိတာဖြစ်မယ်၊ ဒါ ကျွင်းလုံမဟုတ်ဘဲ ရီမိသားစုရဲ့ အကြီးအကဲ ရီရှောက်ဖန်ပါ”
‘ရီဖန်၊ ရီရှောက်ဖန်’ ထိုနာမည်ကိုကြားလိုက်သည်နှင့် လီရှုသည် ရီဖန်မှာ ကျွင်းလုံဖြစ်သည့်အကြောင်း ပိုသေချာလာခဲ့သည်။
"ကိုယ့်ကိုကိုယ် ပါးရိုက်လိုက်စမ်း!"
ဖြန်း! လီရှန်းသည် ပါးရိုက်ခံလိုက်ရပြီးနောက် လွင့်ထွက်သွားခဲ့သည်။ လီရှုသည် တိတ်တဆိတ် ကျိန်ဆဲလိုက်ကာ ၎င်းသည် လီရှန်း၏ အပြစ်များသာဖြစ်သည်။ မဟုတ်ပါက သူယနေ့မင်းသမီးကျွင်းလုံ၏ ရထားလုံးပေါ် နေရာရနိုင်ကာ အချိတ်အဆက်ရှိထားခြင်းသည် ကျင့်ကြံရေးကမ္ဘာတွင်ပင် တရားဝင်ဖြစ်ရန် ပိုမိုလွယ်ကူစေသည်။ နဂါးနက်အင်ပါယာ၏ စွမ်းအားသည်လည်း တော်ဝင်မိသားစု၏လက်ထဲတွင် အမြဲရှိနေခဲ့၏။
…………………….
အခန်း ၁၆၁ - ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို သိမ်းပိုက်ခြင်း
ရီဖန်သည် ခေါင်းကိုလှည့်ကာ လီရှန်းကို တိတ်တဆိတ်ကြည့်နေသည်။ လီရှန်း၏ ကျန်ရှိသေးသော အခြားလှည့်ကွက်များကို သူအမှန်တကယ် မြင်ချင်မိသည်။ ပြင်းထန်သောဖိအားကြောင့် လီရှန်းသည် ဒူးပင်ထောက်ချင်လာသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အင်မော်တယ်နယ်ပယ်တွင်ရှိနေကြသော်လည်း လီရှုသည် အသက်ရှုကြပ်သကဲ့သို့ခံစားနေရကာ သူ့စိတ်ထဲတွင် မထင်မှတ်ဘဲအံ့သြသွားရသည်။ တော်ဝင်သမက်ကျွင်းလုံသည် ကောလဟာလများထဲမှအတိုင်း အမှန်တကယ်ပင် မရိုးရှင်းပေ။
ကျွင်းလုံ၏ တော်ဝင်သမက်သည် အရည်အချင်းမရှိသည့် ရေမြှုပ်သာဖြစ်သည်ဟု ပြောဝံ့သူတိုင်း မျက်နှာဖြတ်ရိုက်ခံရမည်မှာသေချာသည်။ လီရှုသည် မင်းသမီးကျွင်းလုံနှင့် လိုက်လျောညီထွေနေရန် စိတ်ပိုင်းဖြတ်ထားသည်။ လောလောဆယ်တွင် မင်းသမီးကျွင်းလုံကို ထောက်ပံ့သည့် ၀န်ကြီးအများအပြားမရှိသေးဘဲ ယခု သူပါဝင်လာမည်ဆိုလျှင် အကြီးတန်းရာထူးကို ထမ်းဆောင်ရနိုင်သည်။ လီရှန်း၏ရှင်သန်ခြင်းသို့မဟုတ် သေဆုံးမှုအတွက် အကူအညီပေးရန်အသာထား၊ လီရှုသည် ထိုလူကို သူကိုယ်တိုင်ပင်သတ်လိုပါ၏။
“အဲလိုဆိုရင် လီမိသားစု ဆက်ရှိဖို့ မလိုတော့ဘူးမလား။ မင်းဘယ်လိုထင်လဲ?" ရီဖန်သည် ခေါင်းကိုလှည့်ကာ လီရှုထံ ကြည့်လိုက်သည်။
လီရှုသည်လည်း မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ မျိုးဆက်မည်မျှ ကွဲသွားမှန်းပင် မသိတော့ချေ။ သွေးမျိုးဆက်အပြင် မည်သည့်ဆက်နွယ်မှုမှ မကျန်တော့ပေ။ သုံးလကြာပြီးနောက် ရန်ဟွမ်နယ်မြေတစ်ခုလုံးတွင် သတင်းတစ်ပုဒ် ပျံ့နှံ့သွားသည်။ လီမိသားစုကို တာ့ယွီ မင်းဆက်မှချေမှုန်းပစ်ခဲ့သည်။ ယခုအချိန်တွင် အဓိကအင်အားစုကြီးငါးခုတွင် ယင်ယန်ကျောင်းတော် နှင့် ကျီမိသားစုသာ ကျန်ရှိတော့သည် ။
ရီဖန်သည် ၎င်းတို့နှစ်ယောက်ကို ဆန့်ကျင်မည် မဟုတ်ပေ။ အနည်းဆုံး နတ်ဆိုးမျိုးနွယ်စုကိုရင်ဆိုင်သည့်အခါ ဤအင်အားစုနှစ်ခုသည် သိသာထင်ရှားသည့်ပံ့ပိုးမှုများကို ပြုလုပ်ခဲ့သေးသည်။ ယင်ယန်ကျောင်းတော်တွင် ကျီဖာသည် လီပိုင်ကိုကြည့်ကာ ခဏအကြာတွင်
"ရီမိသားစုအကြောင်း မင်းကြိုသိပြီးသား မဟုတ်လား"
လီပိုင်သည် ခေတ္တရပ်လိုက်ပြီးနောက်
"ရီမိသားစုက သာမာန်မိသားစုမဟုတ်မှန်း ငါသိပေမယ့်၊ အချိန်တိုလေးအတွင်းမှာ ရန်ဟွမ်နယ်မြေရဲ့ ကမ္ဘာ့သခင်ဖြစ်လာဖို့ မမျှော်လင့်ထားဘူး"
"အနာဂတ်မှာ ရန်ဟွမ်နယ်မြေက ရီမိသားစုကို အရိုအသေပေးရလိမ့်မယ်"
"ဟုတ်တယ် ရီမိသားစုက အုပ်ချုပ်လိမ့်မယ်။"
ရန်ဟွမ်နယ်မြေ၏ပြည်တွင်းရေးကိစ္စများ ဖြေရှင်းပြီးသည်နှင့် စစ်တပ်ကို ကောင်းကင်နတ်ဆိုးနယ်မြေဆီသို့ အမြန်စေလွှတ်လိုက်သည်။ ကောင်းကင်ဘုံနတ်ဆိုးလောက၏ ကမ္ဘာ့သခင်သည် ခိုင်မာသောတည်ရှိမှုမဟုတ်ကြောင်း ထင်ရှားသည်။ သိူ့မဟုတ်ပါက ရန်ဟွမ်နယ်မြေကို အချိန်အတော်ကြာ ရင်ဆိုင်ပြီးနောက် ကျရှုံးနေမည်မဟုတ်ချေ။
တာ့ယွီမင်းဆက်၏စစ်တပ်သည် လျင်မြန်စွာတိုးတက်လာကာ နတ်ဆိုးမျိုးနွယ်စု၏ကာကွယ်ရေးစည်းကိုဖြတ်ကျော်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စု အဖွဲ့ဝင်အများအပြား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီးနောက်ဆုံးတွင် ကမ္ဘာ့သခင်သည် မထိုင်နေနိုင်တော့ပေ။
၎င်းသည် အမှန်တကယ်တွင် လိပ်ကြီးတစ်ကောင်ဖြစ်၏။
“တော်သင့်ပြီ လူသားတွေ၊ အခုပြန်ဆုတ်သွားရင် ခွင့်လွှတ်ပြီး မေ့ထားပေမယ်”
နေလုံးကြီးကဲ့သို့ ကြီးမားသောမျက်လုံးများဖြင့် ဧရာမလိပ်ကြီးသည် ရီဖန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။ သာမာန်လူများသည် ဤကဲ့သို့ စူးစူးစိုက်စိုက်ကြည့်ခံရခြင်းကြောင့် သေသွားနိုင်သည်။ သို့သော် ရီဖန်သည် သာမာန်မဟုတ်သည်မှာ ထင်ရှား၏။ ရီဖန်ထံတွင် နတ်ဆိုးမျိုးနွယ်စုကို ကိုင်တွယ်ရန် ဗျူဟာများစွာရှိသည်။
အဇူရာနဂါးအသွင်ပြောင်းခြင်း။
ရီဖန်၏ ခန္ဓာကိုယ်သည် ဧရာမနဂါးကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားကာ ဧရာမလိပ်ကြီးကို ဆုပ်ကိုင်ထားသည်။ ဧရာမလိပ်ကြီး၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အဆင့်အလယ်တွင်သာရှိကာ ရီဖန်၏ အဇူရာနဂါးအသွင်ပြောင်းခြင်းသည် ၎င်းကိုကိုင်တွယ်ရန် လုံလောက်သည်။
နဂါး၏ခြေသည်းသည် အပြင်းအထန်ပွတ်ဆွဲသွားပြီးနောက် အသားစိုင်ကြီးများကို ကုတ်ခြစ်ပစ်လိုက်သည်။
၎င်း၏ခြေထောက်လေးချောင်းသည် ရီကျင်းချုံအတွက်ကလပ်များပြုလုပ်နိုင်သည်။ အခွံကို ရီကျင်းထျန်အတွက် ခုခံကာကွယ်နိုင်သော အင်မော်တယ်ပစ္စည်းအဖြစ် သန့်စင်နိုင်သည်။ မျက်လုံးများကို အင်မော်တယ်မျက်လုံးတစ်စုံအဖြစ် ပြုပြင်နိုင်လျှင် ရီကျင်းဟိုင်သဘောကျမည်မှာ သေချာသည်။ ရီဖန်သည် လိပ်ကြီး၏ အတွင်းအပြင်အရွယ်အစားကို သေချာချိန်ရွယ်နေခဲ့၏။
သာမာန်အားဖြင့် ကမ္ဘာ့သခင်ကို မသတ်နိုင်သော်လည်း ၎င်းတို့၏ မူလခန္ဓာကိုယ် သေဆုံးသွားပါက အမှန်တကယ်သေသွားမည်ဖြစ်သည်။
"ခဏစောင့်ပါဦး၊ ငါပြောစရာရှိတယ်"
ရီဖန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်သည်။
"ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာ မင်းမသိချင်ဘူးလား" ရီဖန်ပခုံးတွန့်ကာ သူမသိချင်ကြောင်း ပြလိုက်သည်။
သူပိုသိလေလေ အန္တရာယ်များလေလေဖြစ်သည့်အတွက် မသိထားခြင်းက ပိုကောင်းလိမ့်မည်။ သူ၏ခြေလက်များသည် ရီဖန်၏ဖြတ်တောက်မှုခံလိုက်ရသည်ကိုကြည့်ရင်း လိပ်ကြီးသည် နောက်ဆုံးတွင်လဲပြိုသွား၏။
"ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက မင့်ကို လွှတ်ထားမှာမဟုတ်ဘူး"
“ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး” ဟူသော စကားလုံးသုံးလုံးကို ပြောလိုက်ပြီးနောက် ဧရာမလိပ်၏ဝိညာဉ်သည် အင်အားအချို့ကြောင့် ကွဲအက်သွားကာ ချက်ခြင်းပင်ပျောက်ဆုံးသွားပုံရသည်။
‘ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး’
၎င်းကိုကြားသည့်အခါတွင် စိတ်အနှောက်အယှက်ဖြစ်စေသည့် မျက်နှာတစ်ခုသည် ရီဖန်၏စိတ်ထဲတွင် မထင်မှတ်ဘဲပေါ်လာသည်။ ‘မော့ပေ’ ၎င်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် မည်သို့ဆက်စပ်နေပါသနည်း။
ကမ္ဘာ့သခင်ကျဆုံးသွားပြီးနောက် ကောင်းကင်မှ သွေးမိုးများရွာလာသော်လည်း ရန်ဟွမ်နယ်မြေ၏ကြီးမားသောတာအိုသည် ရီဖန်၏ဘေးတွင် ပေါ်လာသည်။
"အစ်ကိုကြီး အခုစလို့ရပြီလား"
“စတော့”
ရီဖန်ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို အရေးယူရန် သူ၏ကနဦး ရည်ရွယ်ချက်မှာ ရန်ဟွမ်နယ်မြေကို အဆင့်မြှင့်တင်ရန်အတွက်ဖြစ်သည်။ ရီဖန်၏ခွင့်ပြုချက်ဖြင့် ရန်ဟွမ်နယ်မြေ၏ ကြီးမြတ်သောတာအိုသည် စိတ်လှုပ်ရှားစွာ ထွက်သွား၏။
နောက်အခိုက်အတန့်တွင် နယ်ပယ်နှစ်ခုသည် တုန်လှုပ်လာပြီးနောက် ရန်ဟွမ်နယ်မြေသည် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ၎င်း၏ ကံကြမ္မာသည် ပိုအားကောင်းလာကာ
အရင်းအမြစ်များတိုးပွါးလာပြီးနောက် ကမ္ဘာကြီး၏ မူလနိယာမသည် စဉ်ဆက်မပြတ် ပြန်လည်ရှင်သန်လာကာ မြင့်မြတ်သောအဆင့်သို့ ဦးတည်သွားခဲ့ကာ ထိုအချိန်တွင် ကောင်းကင်ဘုံနတ်ဆိုးနယ်မြေသည် အာဟာရအဖြစ်သို့ နိမ့်ကျသွားသည်။
ပျက်ဆီးခြင်းနယ်မြေထဲတွင် နန်းတော်တစ်ခုသည် အဆက်မပြတ်ပြောင်းလဲနေ၏။
"ဝူရှန်း၊ ရန်ဟွမ်နယ်မြေက ဘာလို့ ပြန်ကောင်းလာတာလဲ။"
ခန်းမဆောင်ကြီးရှိ ရာဇပလ္လင်ပေါ်ရှိ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူသည် ဝူရှန်းအကြီးအကဲများကို စစ်ဆေးမေးမြန်းရာ “အရှင်၊ မထင်မှတ်ဘဲ တစ်ခုခုဖြစ်သွားခဲ့တယ်။ ရန်ဟွမ်နယ်မြေက ကမ္ဘာ့နှလုံးသားကို မြန်မြန်ဆန်ဆန် သန့်စင်လိုက်နိုင်ဖို့မမျှော်လင့်ထားဘူး"
“ဒီရီမိသားစုက တကယ်ကြည့်လို့ကောင်းသားပဲ”
“လူသားတိုင်းမှာ ချို့ယွင်းချက်ရှိကြတယ်၊ သူ ရန်ဟွမ်နယ်မြေရဲ့ နှလုံးသားကိုသန့်စင်နိုင်မှတော့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်တယ်"
"ရန်ဟွမ်နယ်မြေရဲ့ မူလစည်းမျဉ်းကိုတော့ အပြည့်အဝပြန်လည်သန့်စင်ဖို့ ခွင့်မပြုနိုင်ဘူး"
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ မရေမတွက်နိုင်သော အဖြူရောင်အစက်များသည် ဝူရှန်းအကြီးအကဲအတွင်းမှ ပျံတက်သွားကာ ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်သွားသည်။ ဤအမြင်များသည် ဝူရှန်းအကြီးအကဲအတွက် ရန်ဟွမ်နယ်ပယ်ရှိ အရာအားလုံးကို ထင်ရှားစေမည့် အရာများဖြစ်လာမည်ဖြစ်သည်။
"ရေရှည်တာဝန်ကို ပြီးမြောက်စေခဲ့တဲ့ သခင့်ကို ဂုဏ်ယူပါတယ်၊ မိသားစုဆက်ခံခြင်း ကိုး: ရန်ဟွမ်ကမ္ဘာ့သခင်ကို ပြီးဆုံးသွားလို့ ဆုလာဘ်ကို စုဆောင်းနိုင်ပါပြီ"
"ကောင်းကင်ဘုံနတ်ဆိုးနယ်မြေကို သိမ်းပိုက်ပြီး စွမ်းအားတစ်သောင်းတိုးလာတဲ့အတွက် မိသားစုစွမ်းအား ခုနစ်ကိုပြီးမြောက်သွားလို့ သခင့်ကို ဂုဏ်ယူပါတယ်။ ”
တစ်ချိန်တည်းနီးပါးတွင် ရီဖန်သည် စနစ်ကျသော အလုပ်နှစ်ခုကို ပြီးမြောက်ခဲ့ကာ ယင်းက ၎င်းကို အလွန်ပျော်ရွှင်စေခဲ့သည်။
"စနစ်၊ ဆုကြေးတောင်းလိုက်"
"ဆုချီးမြှင့်ခြင်းအတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ကံကောင်းခြင်းတန်ဖိုး ၃၀၀၀၀၊ အမြုတေဝိညာဉ်ရေးအမြစ်၊ ပျက်ဆီးခြင်းသစ်ပင်၊ အဇူရာနဂါးသွေးမျိုးဆက် ၁၀၀၀၀မှတ်"
ပိုင်ဇဉ်၏ ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ယခုပိုင်ဇယ်သည် ရန်ဟွမ်နယ်မြေ တစ်ခုလုံး၏ ကံကြမ္မာမှ အကျိုးကျေးဇူးရရှိနေပြီဖြစ်ကာ သူ၏ကျင့်ကြံမှု အဆင့်သည် လျင်မြန်စွာ တိုးတက်လာမည်မှာသေချာသည်။
ဤတစ်ကြိမ်တွင် သူ၏ကျင့်ကြံမှုအဆင့်သည် မဟာယာနနယ်ပယ်ကိုကျော်လွန်၍ အင်မော်တယ်ဘုံသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ဆွဲဆောင်မှုစွမ်းအားသည် ပိုင်ဇယ်ကို ချက်ချင်းခေါ်ထုတ်သွားလိူသော်လည်း ရီဖန်သည် ၎င်းကိုနယ်မြေတစ်ထောင်၏ တံခါးထဲကို အမြန်သွင်းလိုက်ကာ အရှေ့ဧကရာဇ်မြို့သို့ပို့လိုက်သည်။
ပိုင်ဇယ်ကို လွှတ်လိုက်ပြီးနောက် ရီဖန်သည် ဒုတိယဆုဖြစ်သည့် အဇူရာနဂါးသွေးမျိုးဆက်ကို စုဆောင်းရန်ဆုံးဖြတ်ခဲ့သည်။ အဇူရာနဂါးသွေးမျိုးဆက်၏နောက်ဆုံးအဆင့်မြှင့်တင်မှုပြုလုပ်ပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ နောက်ဆုံးတွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာနိုင်ခဲ့၏။
ရီဖန်သည် သူ၏အဇူရာနဂါးသွေးမျိုးဆက်စွမ်းအား သိသိသာသာတိုးလာသည်ကို ခံစားလိုက်ရသည်။
သူ၏ အဇူရာနဂါးအသွင်ပြောင်းခြင်း စွမ်းအားသည်လည်း အဆများစွာတိုးလာသည်။
နောက်ပိုင်းတွင် သွေးမျိုးဆက်အတွင်း အားကောင်းလာမှုတိုင်းသည် ကြီးမားသော အပြောင်းအလဲကို ဆောင်ကြဉ်းလာနိုင်၏။
သွေးမျိုးဆက်စွမ်းအားကို စုပ်ယူပြီးနောက် ရီဖန်သည် နောက်ဆုံးဆုလာဘ်ကို အာရုံစိုက်လာခဲ့သည်။
အမြုတေ ဝိညာဉ်ရေးအမြစ်- ပျက်ဆီးခြင်းသစ်ပင်
ပျက်ဆီးခြင်းမတိုင်မီက တည်ရှိခဲ့သော နတ်သစ်ပင်များထဲမှတစ်ပင်သည် အနှစ်တစ်သောင်းလျှင်တစ်ကြိမ် အသီးအပွင့် ပွင့်တတ်သည်။ ၎င်းသည် လူတစ်ဦး၏ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်ကာ ၎င်းကိုချက်ချင်းပင် အင်မော်တယ်ဖြစ်လာစေရန် ကူညီပေးနိုင်သည်။ ဖော်ပြချက်ကိုဖတ်ရုံဖြင့် ပျက်ဆီးခြင်းသစ်ပင်၏စွမ်းအားကို သိရှိနိုင်၏။
……………….
အခန်း ၁၆၂ - ငါ့အင်အားက မျိုးနွယ်စုတစ်ခုလုံးနှင့် ညီမျှတယ်
သို့သော် ရီဖန်စိတ်ဝင်စားသည့်အရာသည် ပျက်ဆီးခြင်းသစ်ပင်မဟုတ်ဘဲ ပျက်ဆီးခြင်းသစ်ပင်တွင်ရှိသော ပျက်ဆီးခြင်းတာအိုစွမ်းအားဖြစ်သည်။ ရီဖန်ကိုယ်တိုင် ကျင့်ကြံခဲ့သောလမ်းစဉ်သည် ပျက်ဆီးခြင်းတာအိုဖြစ်၏။ သို့သော် ပျက်ဆီးခြင်းတာအိုသည် အခြားကောင်းကင်နှင့် မြေကြီးလမ်းကြောင်းနှင့်မတူဘဲ အရာအားလုံးကို စောင့်ကြည့်ရုံဖြင့် နားမလည်နိုင်ပေ။
အခြားလမ်းကြောင်းများနှင့် နှိုင်းယှဉ်ပါက ပျက်ဆီးခြင်းတာအိုကိုနားလည်ရန် အခက်အခဲပိုများသည်။ ပျက်ဆီးခြင်း သစ်ပင်အတွင်းပါရှိသော ပျက်ဆီးခြင်းတာအိုသည် ပျက်ဆီးခြင်းကမ္ဘာ၏ တာအိုကို ပိုမိုလျင်မြန်စွာ နားလည်ရန် ရီဖန်လိုအပ်သည့်အရာဖြစ်၏။ ရီဖန်အတွက် ၎င်းသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။
ရီဖန်သည် ပျက်ဆီးခြင်းသစ်ပင်ကို ကမ္ဘာ၏အလယ်ဗဟိုတွင်စိုက်ပျိုးခဲ့သည်။ ပြင်ပကမ္ဘာရှိ ပျက်ဆီးခြင်းစွမ်းအားကို စုပ်ယူလိုက်သည်နှင့်အမျှ ပျက်ဆီးခြင်းသစ်ပင်သည် တဖြည်းဖြည်းကြီးထားလာသည်။
ကမ္ဘာသခင်ဖြစ်လာခြင်းသည် ရီဖန်၏လုံခြုံရေးကို စိတ်ချရစေခဲ့သည်။ သို့သော် ရီဖန်သည် သူ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မဆုံးရှုံးခဲ့ပေ။
ဝတ္ထုများတွင် ဖော်ပြထားသည့်အတိုင်း ကမ္ဘာ့သခင်တစ်ဦးသည် ဘေးကင်းသော်လည်း ၎င်းတို့ကို ထိန်းထားနိုင်သည့်အရာတစ်ခု အမြဲရှိနေသည်။ ထို့ကြောင့် သူသည် ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ရန်လုပ်ဆောင်ခြင်းကို မရပ်တန့်နိုင်ပေ။
"စနစ်၊ တွက်ချက်လိုက်ပါဦး"
သူ၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အလယ်အလတ်အဆင့်သို့ မြှင့်တင်ခဲ့သည်။ ရီကျင်းဟိုင်နှင့် အခြားသူများသည်လည်း မဟာယာနအလယ်အဆင့် သို့မဟုတ် အထက်အဆင့်သို့ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် ချန်မင်သာ့ချန်းကမ္ဘာ၏ နဂါးနက် အင်ပါယာအတွင်းတွင် ရီရှောက်ဖန်သည် တော်ဝင်သမက်ဖြစ်လာကာ သူသည် အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်းတွင် ရေထဲမှ ငါးကဲ့သို့ဖြစ်လာ၏။ သူသည် အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်း၏ ထိပ်ပိုင်းအဖွဲ့ဝင်အားလုံးနီးပါးနှင့်လည်း ရင်းနှီးလာခဲ့သည်။
သူမတွေ့ဖူးသည့် တစ်ဦးတည်းသောအဖွဲ့ဝင်မှာ တွေ့ရခဲသော ဂိုဏ်းချုပ်၊ နတ်နဂါးဖြစ်သည်။
အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်းသည် နဂါးနက် အင်ပါယာရှိ အဓိကဂိုဏ်းကြီးသုံးခုထဲမှ တစ်ခုဖြစ်လာရသည့် အကြောင်းရင်းမှာ ၎င်း၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။
ဂိုဏ်းချုပ်၏ အင်အားသည် နဂါးနက်အင်ပါယာ၏ဘုရင်ထက် သာလွန်သည်ဟုပင် ကောလဟာလများ ထွက်ပေါ်နေသည်။ “ရှောက်ဖန်၊ ဂိုဏ်းချုပ်က မင်းကို ရှာနေတယ်” အကြီးအကဲတစ်ယောက်သည် ဂိုဏ်းချုပ်ထံသွားတွေ့ရန် ရီဖန်ကို ရုတ်တရက်လှမ်းပြောလိုက်သည်။
ဂိုဏ်းချုပ်သည် ၎င်းကိုတွေ့ချင်သလော။ ရီရှောက်ဖန်သည် ချက်ချင်းသတိထားလိုက်သည်။
သူသည် ဂိုဏ်းချုပ်နှင့် မဆိုင်သော်လည်း အဘယ်ကြောင့် သူ့ကိုတွေ့ချင်ရသနည်း။ သို့သော် ဂိုဏ်းချုပ်ကလာတွေ့ရန် တောင်းဆိုလာသောကြောင့် သွားမတွေ့လျှင် ၎င်းသည် ရိုင်းသည်ဟုထင်မြင်စေမည် မဟုတ်လော။
ရီရှောက်ဖန်ကိုယ်တိုင် မကြာမီတွင် အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်း၏ အဓိကအထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်း၏အဓိကအထွတ်အထိပ်သည် အစေခံအနည်းငယ်မှလွဲ၍ လူသူကင်းမဲ့လုနီးပါးဖြစ်ကာ အလွန်အေးစက်နေသည်။ အဇူရာသက်တန့်အင်မော်တယ်ဂိုဏ်း၏ဂိုဏ်းချုပ်သည် မည်သည့်တပည့်ကိုမျှ မခေါ်ဆောင်ခဲ့ချေ။
"အထဲဝင်ပါ။"
ရီရှောက်ဖန်ရောက်လာသည်နှင့် တံခါးသည် အလိုအလျောက်ပွင့်လာကာ သူ့ကိုအထဲဝင်ရန် လမ်းပြလိုက်သည်။ ရီရှောက်ဖန်သည် ပင်မခန်းမထဲကို ဝင်လိုက်သည်နှင့် မြူခိုးများဖုံးလွှမ်းနေသည့် ပုံရိပ်ကို တွေ့လိုက်ရသည်။ ရီရှောက်ဖန် ၏မျက်လုံးများတွင် ဤရုပ်ပုံသည် ထင်ယောင်ထင်မှားဖြစ်သော်လည်း မြင်သာထင်သာရှိပုံရ၏။
ဤမျှကြီးမားသည့် စွမ်းအားသည် အဇူရာသက်တန့်အင်မော်တယ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြသရန်လုံလောက်သည်။
"မင်းရဲ့ကံကြမ္မာကို ငါနားမလည်နိုင်ဘူး" အဇူရာသက်တန့်အင်မော်တယ်၏ နှေးကွေးသောအသံသည် ရီဖန်၏နှလုံးကို တင်းကျပ်သွားစေခဲ့သည်။
“မင်းရဲ့ကိုယ်ခွဲနည်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းက ခြွင်းချက်ဖြစ်ပုံပဲ၊ ဒီကမ္ဘာကို ခြားနားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာနိုင်တယ်"
"ဒါက မင်းအတွက် တိုကင်ပါ။ ပြီးတော့ မင်းအတွက် တာအိုအနုပညာအသစ်နှစ်ခု ငါပေးမယ်။ မင်းရဲ့ကျင့်ကြံမှုအဆင့်က ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားတာနှင့် တစ်စုံတစ်ယောက်က မင်းကို လမ်းပြလိမ့်မယ်"
လှိုင်းလုံးကြီးဖြင့် အဇူရာသက်တန့်အင်မော်တယ်သည် ရီရှောက်ဖန်ကို ပင်မခန်းမမှထွက်သွားစေခဲ့သည်။
သူ့လက်ထဲရှိ တိုကင်ကိုကြည့်ပြီးနောက် သူ့စိတ်ထဲရှိ တာအိုအနုပညာအသစ်နှစ်ခုကို ကြည့်လိုက်သည့်အခါ ရီရှောက်ဖန်သည် ရှုပ်ထွေးနေ၏။ ၎င်းသည် အဘယ်ကို ဆိုလိုသနည်း။ ကံကြမ္မာတစ်ခုခုနှင့် ကြုံလိုက်ရခြင်းလော။
ရီရှောက်ဖန်သည် အလွန်စိတ်မချမ်းမသာဖြစ်ကာ တစ်စုံတစ်ဦးမှ လှမ်းကြည့်သည့်ခံစားချက်က သူ့ကို မလုံခြုံသလိုခံစားရစေသည်။ ကောင်းကင်ကိုလှည့်စားပြီး ပင်လယ်ကိုဖြတ်ကျော်ခြင်းနည်းအတွက် သူပို၍ ကြိုးစားအားထုတ်ရန် လိုအပ်နေပုံရသည်။
ရီဖန်သည် သူ့ခံစားချက်များကို စုစည်းလိုက်ကာ သူ့လက်ထဲရှိ တိုကင်ကိုကြည့်လိုက်သည်။ ရှေ့နှင့်နောက်တွင် အက္ခရာကြီးနှစ်လုံးပါသော တိုကင်သည် အလွန်ထူးခြားသောပုံပေါက်သည့် “စတုရန်းလက်မ” နှင့် “ဗောဓိ” ဟူ၍ အသီးသီးရှိသည်။ ရီဖန်သည် ထိုစကားလုံးနှစ်လုံးကို မြင်သောအခါ တုန်လှုပ်သွားသည်။
စတုရန်းလက်မ? ဗောဓိ?
၎င်းတို့သည် လင်းထိုက်စတုရန်းလက်မတောင်နှင့် ဗောဓိဘိုးဘေးတို့ ဖြစ်နိုက်သလော? ဗောဓိဘိုးဘေးသည် လောကီဉာဏ်အလင်းလမ်းစဉ်ကို လိုက်စားရန် ထောင်ပေါင်းများစွာသော သတ္တဝါများအဖြစ် လူ့ဇာတိခံယူနိုင်သော အတတ်ပညာတစ်ခုရှိသည်ဟု ကောလဟာလများရှိသည်။
ဤအဇူရာသက်တန့်အင်မော်တယ်သည် ဗောဓိဘိုးဘေး၏ လူ့ဇာတိခံယူခြင်း ဖြစ်နိုင်ပါသလော။
ရီဖန်သည် ဤတစ်ကြိမ်တွင် ကြီးမားပြီးထူထဲသောပေါင်လုံးကို အမှန်တကယ် ဆုပ်ကိုင်လိုက်ပုံရသည်။ ဗောဓိဘိုးဘေး၏အဆိုအရ မိမိသည် ရွှေအင်မော်တယ်အဆင့်ကိုကျော်လွန်၍ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပါက တပည့်အစစ်ဖြစ်ရန် အခွင့်အရေးရှိသည်။
၎င်းသည် လူအများပြောနေသော ဗောဓိဘိုးဘေးသာဖြစ်စေလိုတော့သည်။ ထို့အပြင် ဤကမ္ဘာတွင် စွန်းဝူခုန်းရှိသလောဟူ၍လည်း စဉ်းစားမိ၏။ ဒဏ္ဍာရီများထဲမှ ကောင်းကင်ဘုံနှင့် ညီမျှသော မဟာပညာရှိကြီးနှင့် တွေ့ဆုံနိုင်ခဲ့ပါက ရီဖန်၏ ငယ်ဘဝအိပ်မက်များထဲမှ တစ်ခု အကောင်အထည်ပေါ်လာမည်ဖြစ်သည်။
ရီရှောက်ဖန်သည် သူ၏ဂူအိမ်သို့ပြန်သွားကာ သူ၏ နတ်စွမ်းအားကို တိုကင်ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ နောက်အခိုက်အတန့်တွင် ရီရှောက်ဖန်တစ်စုံတစ်ခုကိုခံစားလိုက်ရကာ
သူနှင့်မရင်းနှီးသော အရပ်သို့ရောက်နေ၏။ ဤနေရာသည် အလွန်ထူးဆန်းကာ စိမ်းလန်းသောတောင်တန်းများဖြင့် ဝန်းရံထားပြီး သူ့ခြေရင်း၌ လမ်းငယ်တစ်ခုရှိသည်။
ရီရှောက်ဖန်သည် လမ်းကြောင်းအတိုင်းလိုက်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် လမ်းကြောင်းပေါ်၌ ပုံသဏ္ဌန်တစ်ခု ပေါ်လာသည်။
၎င်းသည် ထင်းရှူးပင်များကို ကြည့်ရင်း ပုဆိန်ဟောင်းကို ကိုင်ထားသည့် သစ်ခွဲသားတစ်ယောက် ဖြစ်ပုံရ၏။
ပုဆိန်သည် သာမာန်ဖြစ်ကာ အသွားသည် ကွဲသွားသကဲ့သို့ ဟောင်းနွမ်းနေသည်။ သစ်ခွဲသားသည် သူ၏စွမ်းအားကို အသုံးမပြုသော်လည်း ရိုးရိုးပုဆိန်ကို အားကိုးကာ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်သည်။
ရီရှောက်ဖန်ကိုမြင်သောအခါ သစ်ခွဲသား၏မျက်နှာသည် အပြုံးဖြင့် တောက်ပလာသည်။
ထို့နောက် လှည့်စားလိုက်သကဲ့သို့ သူသည်သူ့နောက်မှ နောက်ထပ်ပုဆိန်တစ်ချောင်းကို ဆွဲထုတ်ကာ ရီရှောက်ဖန်ကို သစ်ပင်ခုတ်ရန် အချက်ပြလိုက်လေသည်။ ယခုစိတ်ဝင်စားနေသော ရီရှောက်ဖန်သည် ပုဆိန်ကိုယူကာ သစ်ပင်များကိုခုတ်ထစ်သည်။ သစ်ခွဲသားခုတ်နေသော သစ်ခွဲသားကို စိုက်ကြည့်ရင်း ရီရှောက်ဖန်သည် လွယ်သည်ဟု ထင်ခဲ့၏။
သို့သော် သူကိုယ်တိုင်စမ်းသပ်ကြည့်သောအခါ ရီရှောက်ဖန်မှားယွင်းနေသည်ကို သိလိုက်ရသည်။ ဤသာမန်ထင်းရှူးပင်သည် အင်မော်တယ်အဆင့် ဝိညာဉ်ရေးပစ္စည်းကဲ့သို့ ခိုင်ခံ့သည်။ စွမ်းအားကို မသုံးဘဲ မဆိုနှင့်၊ သုံးလျှင်ပင် သစ်ပင်ကို မဖြတ်နိုင်သေးချေ။ ရက်အတော်ကြာအောင် ကြိုးစားပြီးနောက်၊ ရီဖန်သည် အသက်ရှုကြပ်ကာ အရှုံးပေးလိုက်တော့မည်ဟု စဉ်းစားလိုက်ချိန်တွင် အသံတိတ်သစ်ခွဲသမားသည် နောက်ဆုံးတွင် ပြောလာ၏။
"ဒါနဲ့ ခုတ်!"
သစ်ခွဲသားသည် သူ့ရင်ဘတ်ဆီသို့လက်ပြလိုက်သည်။ နှလုံးသားနှင့် ခုတ်ရမည်လော? ရီရှောက်ဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။ နှလုံးသားနှင့် သစ်ပင်ကို မည်သို့ခုတ်ဖြတ်နိုင်မည်နည်း။
တစ်ရက်၊ ဆယ်ရက်၊ ရက်တစ်ရာ။ တစ်နှစ်၊ ဆယ်နှစ်!
တဖြည်းဖြည်းနှင့် ရီဖန်သည် သစ်ပင်တစ်ပင်မှ မဖြတ်နိုင်သေးသော်လည်း သူ့နှလုံးသားထဲတွင် ဉာဏ်အလင်းအရိပ်အမြွက်ကို ခံစားလိုက်ရသည်။ အတွင်းစိတ်ထက် နှလုံးသားဖြင့် ခုတ်ထစ်ရမည်။
ရီဖန်သည် နှလုံးသား၏စွမ်းအားစီးကြောင်းကို တဖြည်းဖြည်း စုစည်းကာ ပုဆိန်သို့ လွှဲပြောင်းလိုက်သည်။
ထင်းရှူးပင်မှ မီးပွားများပေါက်ကွဲထွက်လာသော်လည်း ရီရှောက်ဖန်သည် စိတ်ဓာတ်မကျဘဲ ပို၍ပင် စိတ်လှုပ်ရှားနေသည်။ ရီရှောက်ဖန်သည် အကြိမ်တိုင်းအသုံးပြုရမည့် နှလုံးစွမ်းအားပမာဏကို တိုးမြှင့်ရန်နှင့် နှလုံးစွမ်းအားအရည်အသွေးကို မြှင့်တင်နည်းကို စတင်လေ့ကျင့်ခဲ့သည်။ မူလက ရီဖန်၏နှလုံးစွမ်းအားအဆင့်သည် တတိယအဆင့်အထိ မြင့်မားနေပြီဖြစ်ပြီး ယခုအခါတွင် သူသည် စတုတ္ထအဆင့်မှခြေတစ်လှမ်းသာ ကွာဝေးသည်။ တောအုပ်လေးထဲတွင် သူဆက်လက် ခုတ်ထစ်နေ၏။
ရီရှောက်ဖန်၏ လုပ်ဆောင်မှုကိုကြည့်ရင်း သစ်ခွဲသားသည် ပြုံးလိုက်သည်။
"ဆယ်နှစ်၊ ဂျူနီယာညီလေးရဲ့ ဉာဏ်အလင်းက စီနီယာအစ်ကိုကြီးထက် ပိုကောင်းပုံရတယ်"
“မြန်မြန်လုပ်ရမယ်၊ မဲဇလီပင်တွေကို ခုတ်ဖို့ပြင်ထား”
အချိန်များ တဖြည်းဖြည်းကုန်လွန်လာပြီးနောက် သူတို့ မသိခင် မျက်စိတစ်မှိတ်အတွင်းတွင် အနှစ်တစ်ရာ ကုန်လွန်သွားခဲ့သည်။ အင်မော်တယ်များအတွက် အနှစ်တစ်ရာသည် စစ်တုရင်ကစားချိန်ထက်မပိုချေ။
သို့သော် ရီဖန်အတွက်မူ အနှစ်တစ်ရာသည် သူ၏သက်တမ်း၏ ဆယ်ပုံတစ်ပုံနီးပါးဖြစ်သည်။
အမှန်တကယ်တွက်ရီဖန်သည် ယခု အသက်တစ်ထောင်ကျော်သာ ရှိသေး၏။
ပုဆိန်ဓားသွားပေါ်တွင် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ အနီရောင်အလင်းတန်းသည် ထင်းရှူးပင်ကို ဖြတ်ကျော်သွားကာ ခိုင်ခံ့သောထင်းရှူးပင်သည် ပူနွေးသောဓားဖြင့်ခုတ်ခံရသော ထောပတ်ကဲ့သို့ လုံးဝဖြတ်တောက်ခြင်းခံလိုက်ရသည်။
နှလုံးစွမ်းအား၊ စတုတ္ထအဆင့်။
……………….