← Chapters

အခန်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အခန်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အခန်း ၁၆၃ - အရွက်တစ်ထောင်ကျောင်းတော်၏ တိုးတက်မှု

ပုဆိန်တစ်ချက်လွှဲလိုက်တိုင်းတွင် ထင်းရှူးပင်တစ်ပင်လဲကျသွားသည်။ တာဝန်ကို စူးစူးစိုက်စိုက်လုပ်ကိုင်ခြင်းဖြစ်စဉ်တွင် ရီဖန်သည် စွဲလမ်းပျော်ရွှင်မှုတစ်မျိုးကို တွေ့ရှိခဲ့သည်။ သူ၏ စတုတ္ထအဆင့်နှလုံးသားစွမ်းအားသည် အင်မော်တယ်နယ်မြေ၏ တိုက်ခိုက်ရေးစွမ်းအားထက်ပင် သာလွန်၏။

နှလုံးစွမ်းအား၏ စတုတ္ထအဆင့်သို့ ရောက်သည်နှင့်၊ ၎င်းသည် ပုံရိပ်ယောင်ကမ္ဘာကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ရီဖန်၏စိတ်ထဲတွင် ပျက်ဆီးခြင်းကမ္ဘာကြီးသည် တဖြည်းဖြည်း လှည့်ပတ်လာသည်။ ထို့နောက် ဤကမ္ဘာကြီးသည် နှလုံးသားစွမ်းအားကို အသုံးပြု၍ ပြီးပြည့်စုံရန် လိုအပ်သည်။ ကမ္ဘာကြီး ပိုပြည့်စုံလေလေ နှလုံးစွမ်းအား ပိုအားကောင်းလေလေပင်။

ပုံရိပ်ယောင်ကမ္ဘာသည် အပြည့်အဝပြီးပြည့်စုံလာသောအခါ နှလုံးစွမ်းအားသည် သဘာဝကျစွာပင် ပဉ္စမအဆင့်သို့ဖြတ်သွားသည်။ အဆင့် ၅ နှလုံးစွမ်းအားသည် ရွှေအင်မော်တယ်နှင့် ညီမျှသည်။ ရီဖန်သည် ၎င်းကို သစ်ခုတ်သမားထံမှ သိရှိခဲ့၏။

လူသားအင်မော်တယ်၊ ကမ္ဘာ့အင်မော်တယ်၊ ကောင်းကင်ဘုံ အင်မော်တယ်၊ ရွှေအင်မော်တယ်စသည်ဖြင့်ရှိကာ ချန်မင်သာ့ချန်းကမ္ဘာတွင် ရွှေအင်မော်တယ်သည် အင်အားအကောင်းဆုံးသခင်ဖြစ်သည်။ နဂါးနက်အင်ပါယာ၏ ဘုရင်သည်ပင် ကမ္ဘာ့အင်မော်တယ်ဖြစ်သည်ဟူသော ကောလဟာလများလည်းရှိ၏။

ယခုရီဖန်သည် နှလုံးစွမ်းအားစတုတ္ထအဆင့်ကို ဆုပ်ကိုင်ထားသောကြောင့်၊ သူသည် ကမ္ဘာ့အင်မော်တယ်ထက်ပင် အစွမ်းထက်လှသည်။

အမှန်တွင် ၎င်းသည် နှလုံးစွမ်းအားနှင့်သာ သက်ဆိုင်ခြင်းဖြစ်ကာ သူ၏နှလုံးသားစွမ်းအားများ ကုန်ဆုံးသွားသည့်အခါ ရီဖန်သည် လူသားအင်မော်တယ်အဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။

ရီဖန်၏ နှလုံးသားစွမ်းအားသည် နောက်ဆုံးတွင် သစ်ပင်တစ်ရာကျော်ကို ခုတ်လှဲလိုက်သည့်တိုင်အောင် မဆုံးသေးပေ။ သူ၏နှလုံးစွမ်းအားဖြင့် သစ်ခုတ်သမား၏ ခြေရာများကို ရှာဖွေသော်လည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

သူရဲ့နှလုံးသားစွမ်းအားကို ဆက်လက်ကျင့်ကြံမည့်အစား ရီဖန်သည် တာအိုအနုပညာနှစ်ခုကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ အထက်ဖော်ပြပါနတ်စွမ်းရည်များသည် တာအိုအနုပညာများဖြစ်ကြကာ တာအိုအနုပညာငယ်နှင့် တာအိုအနုပညာကြီးဟူ၍ ခွဲခြားထားသည်။ ရီဖန်ရရှိခဲ့သော အနုပညာနှစ်ရပ်မှာ “လက်လှမ်းမီ” နှင့် “တရားနှင့် ကမ္ဘာ” တို့ဖြစ်သည်။

“လက်လှမ်းမီ” သည် ခြေလှမ်းတစ်ခုတည်းဖြင့် ကြီးမားသောအကွာအဝေးကို ဖြတ်ကျော်နိုင်စေသည့် လှုပ်ရှားမှုစွမ်းရည်တစ်ခုဖြစ်ကာ အခြား "တရားနှင့် ကမ္ဘာ" သည် သန့်စင်သော တိုက်ခိုက်ရေးတာအိုအနုပညာဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြုသောအခါ ၎င်းသည် မြေကြီးနှင့် ကောင်းကင်၏ အရွယ်အစားသို့ ပြောင်းလဲသွားကာ ၎င်းတို့၏ စွမ်းအားသည် ဆယ်ဆကျော် တိုးလာသဖြင့် ထူးထူးခြားခြားရှိသည်။

ရီဖန်သည် အတွေးတစ်ခုကို ပုံဖော်လိုက်ပြီး သေးငယ်သောလူ့ဘီလူးတစ်ကောင်အဖြစ်သို့ချက်ချင်း ပြောင်းလဲသွားသည်။ အနုပညာနှစ်ခုစလုံးသည် တာအိုအနုပညာအသေးစားဖြစ်သော်လည်း ရီဖန်သည် ၎င်းတို့၏ ပြီးပြည့်စုံသောပုံစံမဟုတ်ကြောင်း ခံစားနိုင်သည်။

အနုပညာနှစ်ခုလုံး၏ ပြီးပြည့်စုံသောပုံစံများမှာ စွမ်းအားကြီးတာအိုအနုပညာများဖြစ်သည်။ တာအိုအနုပညာကို ကျင့်ကြံခြင်းသည် အလွန်အချိန်ကုန်သော လုပ်ငန်းစဉ်ဖြစ်ကာ ရီဖန်အတွက်ပင်လျှင် ၎င်းသည် နေ့ချင်းညချင်း ကျွမ်းကျင်နိုင်သောအရာ မဟုတ်ပေ။

ထို့အပြင် ရီဖန်သည် အနုပညာနှစ်ခုလုံးကို ကျင့်ကြံရန်အတွက် အရင်းအမြစ်များစွာကို စုဆောင်းရန် လိုအပ်နေသေးသည်။ ဤအဆခြအနေများကြောင့် ဤနေရတွင် ဆက်နေရန် မလိုအပ်တော့ချေ။ အတွေးတစ်ခုဖြင့် ရီဖန်သည် အရှေ့ဧကရာဇ်မြို့သို့ ပြန်လာခဲ့သည်။

နောက်ပိုင်းကာလများတွင် ရီဖန်သည် တာအိုပညာရပ်နှစ်ခုကို ကျင့်ကြံခဲ့သည်။ ထို့အပြင် သူသည် “ကြယ်တာရာခူးဆွတ်ခြင်းလက်” အနုပညာကိုလည်း လစ်လျူမရှုခဲ့ပေ။ အရွက်တစ်ထောင်ဆေးခန်းသည် အနီးနားမြို့များတွင် စတင်လည်ပတ်နေပြီဖြစ်ကာ ရီမိသားစုသည် အရင်းအမြစ်များရရှိကာ ရီဖန်အတွက် ပစ္စည်းအမျိုးမျိုးကိုစုဆောင်းရန် ကူညီပေးသည်။

ဆယ်နှစ်ကြာပြီးနောက်၊ “ကြယ်တာရာခူးဆွတ်ခြင်းလက်” သည် နောက်ဆုံးတွင် အဆင့်နိမ့်အင်မော်တယ်ပစ္စည်း၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ လက်ဖဝါးတစ်ဖက်တည်းဖြင့် ကြီးမားကျယ်ပြန့်သော ချန်မင်သာ့ချန်းကမ္ဘာ ၏နေရာကိုပင် ရီဖန်ဖွင့်ဟနိုင်ခဲ့သည်။

အနှစ်သုံးဆယ်အကြာတွင် သူသည် “တရားနှင့်ကမ္ဘာ” အနုပညာကို ကျွမ်းကျင်လာခဲ့သည်။ နောက်ဆုံးအနှစ်သုံးဆယ်တွင် ရီဖန်သည် ရှာရခက်သော လေဟာနယ်ကြာပန်းကိုသန့်စင်ကာ၊ နှစ်ပေါင်းများစွာအဆက်မပြတ်ကျင့်ကြံခဲ့သော “လက်လှမ်းမီခြင်း”ကို အောင်မြင်စွာ ကျွမ်းကျင်ခဲ့ပြီးသည့်နောက်တွင် ရီဖန်သည်အနည်းငယ် ပင်ပန်းနွမ်းနယ်ခဲ့သည်။

ကျင့်ကြံခြင်းမှ ရှားရှားပါးပါးအနားယူကာ ရီဖန်သည် ရန်ဟွမ်နယ်မြေသို့ပြန်သွားကာ တစ်ယောက်တည်း ကမ္ဘာပတ်ကာ တိတ်တဆိတ်လှည့်လည်နေ၏။ ရန်ဟွမ်နယ်မြေရှိ ရီိမိသားစုကို ယခုအခါ တတိယမျိုးဆက်မှ စီမံခန့်ခွဲလျက်ရှိသည်။ တတိယမျိုးဆက်၏ ကျင့်ကြံမှုအဆင့်သည် ယခုအခါ ဒုက္ခအဘိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ရန်ဟွမ်နယ်မြေတွင် ၎င်းတို့သည် လုံလောက်သော ထိန်းချုပ်မှုကို ချုပ်ကိုင်ထားသည်။ အကယ်၍ တစ်ခုခုဖြစ်လာလျှင် ငပျင်းပိုင်ဇယ်ရှိသည်။ နယ်ပယ်တစ်ထောင်၏ တံခါးတည်ရှိမှုနှင့်အတူ ရီမိသားစု၏ကျင့်ကြံသူများသည် ကြီးမြတ်သောတာအိုမှ ကန့်သတ်ခြင်းမပြုဘဲ နယ်ပယ်နှစ်ခုကြားတွင် လွတ်လပ်စွာသွားလာနိုင်သည်။

ယခုအခါ အရွက်တစ်ထောင်မြို့သည် ရန်ဟွမ်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။

အနှစ်နှစ်ရာအတွင်း ရန်ဟွမ်နယ်မြေသည် ယခင်အတိုင်း ပျက်စီးသွားခဲ့ပြီးနောက် နောက်ဆုံးတွင် ပြန်လည်အသက်ဝင်လာခဲ့သည်။ ထို့အပြင် ရန်ဟွမ်နယ်မြေ၏မူလဇစ်မြစ်ကို မြှင့်တင်ထားသောကြောင့် ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာထက်ပင် ပိုမိုလွယ်ကူစွာ ကျင့်ကြံကာ အဆင့်တက်လှမ်းနိုင်စေခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုသည် ရန်ဟွမ်နယ်မြေကို ထပ်မံကျူးကျော်ရန်သတ္တိရှိလျှင် ၎င်းတို့သည် ကြီးမားသောဆုံးရှုံးမှုကို သေချာပေါက် ခံစားရမည်ဖြစ်သည်။

ရီဖန်သည် ယခင်အလယ်ပိုင်းဒေသတွင်တည်ရှိသော အရွက်တစ်ထောင်ကျောင်းတော်သို့ရောက်ရှိခဲ့သည် ။

ကျောင်းတော်သည် ယခုအခါအရှေ့ဘက်ကျောက်ကျားနှင့် အရှေ့ဘက်ကျောက်ကျားသစ်တို့ ညီအစ်ကိုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကာ ညီအစ်ကိုများ၏ ကျင့်ကြံမှုအဆင့်သည် ယခုအခါ မဟာယာနနယ်ပယ်တွင်ရှိကြ၏။ ၎င်းတို့သည် အဆင့်တက်လှမ်းရန်အတွင် ခြေတစ်လှမ်းသာ ဝေးတော့သည်။

သူတို့၏ကျင့်ကြံရေးအရှိန်သည် အမှန်တကယ်ပင် ထူးခြားလှ၏။ သူတို့ထံတွင် အင်မော်တယ်ကိုယ်ထည်များရှိနေသည်မှာ အံ့သြစရာ မကောင်းတော့ချေ။ သူတို့နှစ်ဦးသည် ချန်မင်သာ့ချန်းကမ္ဘာသို့တက်လှမ်းနိုင်ပါက အဓိကအင်အားစုများ၏ အပြိုင်အဆိုင်ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ရီဖန်သည် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိပေ။ ထိုကဲ့သို့သော ပါရမီရှင်များသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။ မည်သို့ပင်ဆိုစေကာမူ ရီဖန်သည် ၎င်းတို့အတွက် အရင်းအမြစ်များကို ပြင်ဆင်ထားမည်ဟု အာမခံခဲ့သည်။ ခဏလောက်တွေးပြီးနောက် ရီဖန် သည် အရွက်တစ်ထောင်ကျောင်းတော်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အရှေ့ကျောက်ကျားကို တိုက်ရိုက်ရှာမည့်အစား ပင်မတံခါးပေါက်မှ ကျောင်းတော်အတွင်းသို့ အေးအေးလူလူ လမ်းလျှောက်ခဲ့သည်။ မကြာမီတွင် သာမန်လူဟုထင်ရသည့် ရီဖန်ကို လူများသတိထားမိလာသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါတွင် ကျောင်းရင်ပြင်ရှိ ရုပ်တုနှင့် ထူးထူးခြားခြား ဆင်တူနေသည်ကို တွေ့လိုက်ရသည်။

ဤသူသည် အရွက်တစ်ထောင်ကျောင်းတော်တည်ထောင်သူနှင့် အဘယ်ကြောင့် ဤမျှတူနေရသနည်း။ အရွက်တစ်ထောင်ကျောင်းတော်၏ တည်ထောင်သူကိုသေချာပေါက် သိကြသည်။ သူသည် ရီမိသားစု၏ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရန်ဟွမ်နယ်မြေ၏ ကမ္ဘာ့သခင်ဖြစ်သည်။

ယခုလည်း ဤဒဏ္ဍာရီဆန်ဆန်ရုပ်ပုံလွှာသည် အရွက်တစ်ထောင်ကျောင်းတော်သို့ ပြန်သွားခဲ့သည်။

ရီဖန်သည် ကျောင်းသားများကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကာ ၎င်းတို့ကိုအလွန်စိတ်လှုပ်ရှားစေခဲ့သည်။

ရီဖန်၏လက်ကို ကိုင်လှုပ်နိုင်သူအချို့သည် သူတို့၏တစ်သက်တာတွင် လက်ကိုဘယ်တော့မှဆေးကြောမည်မဟုတ်ကြောင်း ကြေငြာထားကြ၏။

မကြာမီတွင် အရွက်တစ်ထောင်ကျောင်းတော်ထံ ရီဖန်၏လည်ပတ်မှုကို အကြောင်းကြားခဲ့သည်။

"သခင်၊ နောက်ဆုံးတော့ရောက်လာပြီပဲ"

"ဆရာ!"

ရီဖန်ကိုမြင်လိုက်သည်နှင့် အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ နီရဲလာသည်။ အရှေ့ကျောက်ကျားသစ်သည် ရီဖန်ကို သခင်အဖြစ်ခေါ်ဆို၍ မရသောကြောင့် ဆရာဟုသာ ခေါ်နိုင်သည်။ သို့သော် ၎င်းတို့၏နှလုံးသားထဲတွင် ရီဖန်သည် ဖခင်နှင့်မခြားနားချေ။ ရီဖန်မရှိပါက ၎င်းတို့သည် ထိုဟန်ဆောင်ထားသည့်သူ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။

“ကောင်းပြီ၊ ဝမ်းနည်းမနေကြနဲ့။ မင်းတို့ဘယ်လိုနေလဲကြည့်ဖို့ ငါရောက်လာတာ"

ဟု ရီဖန်သည် အရှေ့ဘက်ကျောက်ကျားနှင့် အရှေ့ဘက်ကျောက်ကျားသစ်တို့နှင့်အတူ ဂူအိမ်သို့ပြန်လာစဉ် ပြောကြားခဲ့သည်။

"မင်းတို့နှစ်ယောက် မကြာခင်အဆင့််တက်တော့မှာပဲ"

“အထက်ကမ္ဘာမှာ ငါအမြဲရှိပေမယ့်၊ အရွက်တစ်ထောင်ကျောင်းတော်က မင်းတို့နှစ်ယောက်အပေါ်မှာ မူတည်နေသေးတယ်”

"ဒီအရင်းအမြစ်တွေကို မင်းတို့ကိုယ်ပိုင်အသုံးအတွက် သိမ်းထားပါ"

"မင်းတို့အထက်ဘုံမှာ ဒုက္ခရောက်ရင် နဂါးနက်အင်ပါယာကို သွားပြီး ငါ့ကိုလာရှာကြ၊ ငါအမြဲတမ်းရှိတယ်"

ရီဖန်၏စကားကိုကြားသောအခါ အရှေ့ကျောက်ကျားသစ်သည် တောင့်တင်းသွား၏။

ရီဖန်သည် အတိအကျမဟုတ်ဘဲ အရှေ့ကျောက်ကျားကို 'မင်းနှစ်ယောက်' ဟု ပြောနေခြင်းဖြစ်သည်။ ရီဖန်သည် သူ့ကိုလက်ခံကြောင်း ပြောပြနေသလော။

"မင်းက ဘာရပ်လုပ်နေတာတုန်း"

အရှေ့ဘက်ကျောက်ကျားသည် အရှေ့ဘက်ကျောက်ကျားသစ်ကို ကန်ထုတ်လိုက်သည်။

"သခင့်ကို နှုတ်ဆက်လေ"

၎င်းကိုပြောပြီးနောက် အရှေ့ဘက်ကျောက်ကျားသစ်သည် မဆိုင်းမတွဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။ ရီဖန်သည် ၎င်း၏ဒုတိယတပည့်အဖြစ် တရားဝင်ယူဆောင်သွားကြောင်းဖော်ပြနေခြင်းပင်။ ရီဖန်ထွက်သွားသောအခါ အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့သည် ရီဖန်ပေးထားသည့် သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။

၎င်းတို့နှစ်ဦးစလုံးသည် အဆင့်နိမ့်အင်မော်တယ်ပစ္စည်းနှစ်ခု၊ တိုက်ခိုက်ရေးအတွက် တစ်ခုနှင့် ကာကွယ်ရေးအတွက် တစ်ခုအပြင် အင်မော်တယ်ဆေးလုံး အမျိုးအစားအမျိုးမျိုးကို ရရှိခဲ့သည်။ တကယ့်အင်မော်တယ်များပင်လျှင် ၎င်းတို့ညီအစ်ကို နှစ်ယောက်လောက် ချမ်းသာမည်မဟုတ်ပေ။

သူတို့ရယ်မောလိုက်ကြသည်။ ၎င်းတို့၏ သခင်ရီဖန်သည် အမြဲတမ်းရက်ရောခဲ့သည်မဟုတ်လော။ ကျင့်ကြံချိန်မှစ၍ ရီဖန်သည် ၎င်းတို့အား အရင်းအမြစ်များနှင့်ပတ်သက်၍ မည်သည့်အခါကမှ မပြတ်တောက်စေဘဲ အဆင်သင့်ရှိစေခဲ့သည်။ ထိုသို့သော သခင်ရှိခြင်းသည် ၎င်းတို့အတွက်တစ်သက်တာ ကံကောင်းခြင်းပင်။ ၎င်းတို့အထက်ကမ္ဘာသို့ရောက်သည့်အခါတွင် အရွက်တစ်ထောင်ကျောင်းတော်ကို ပို၍ပင်ထွန်းကားအောင်ကြိုးစားရမည်။

………………..

အခန်း ၁၆၄ - အားလုံးက ငါတို့ထဲကပဲ

အောက်ဘက်ကမ္ဘာတွင် နဂါးအစစ်များသည် မျိုးသုဉ်းလုနီးပါးဖြစ်နေသည်။ သို့သော်လည်း အကန့်အသတ်မရှိသောကမ္ဘာတွင် နဂါးမျိုးနွယ်စုသည် ရှိနေဆဲဖြစ်ပြီး အရေအတွက်များနေသေးသည်။

“နဂါးနက်အင်ပါယာမှာ သွေးနဂါးသွေးမျိုးဆက် ပေါ်လာပြီ။”

“နဂါးနက်အင်ပါယာ? နဂါးနက်ရဲ့ ဆယ့်ရှစ်ယောက်မြောက်သားတော် တည်ထောင်ခဲ့တဲ့ အင်ပါယာငယ်မဟုတ်ပါလား။ သူတို့မှာ ဘိုးဘွားအနွယ်ဝင် သွေးနဂါးတစ်ကောင်ကို ကျင့်ကြံနိုင်တဲ့ အရည်အချင်းရှိသလား။”

"အဲဒါ သူ့ဟာမဟုတ်ပေမယ့် သွားကြည့်ရအောင်၊ အဲတာမှ ငါတို့သေချာသိလိမ့်မယ်!"

နဂါးနက်အင်ပါယာအနီး၊ မြောက်ဘက်ပင်လယ်နဂါးမျိုးနွယ်စုအတွင်း သွေးနီရောင်နဂါးဘောလုံးကြီး ရုတ်တရက် တုန်ခါလာသည်။ ရီမိသားစုအတွင်း၌ နဂါးနီလေးသည် နောက်ဆုံးတွင် နဂါးဘောလုံးမှ နောက်ဆုံးစွမ်းအားကို စုပ်ယူလိုက်ပြီးနောက် ၎င်း၏ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်မြေသို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။ မမျှော်လင့်ဘဲ ရီမိသားစုမှ လူသားအင်မော်တယ်နယ်မြေသို့ ပထမဆုံးရောက်ရှိသူမှာ နဂါးနီကလေးဖြစ်သည်။

ထူးခြားသောရတနာတစ်ခုဖြစ်သည့် နဂါးဘောလုံးသည် မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ ရီကျင်းစန်သည်လည်း အောင်မြင်မှုတစ်ခုကို ကျော်ဖြတ်နေ၏။ နဂါးနီလေးသည် ဖြတ်ကျော်ပြီးသည်နှင့် ငြီးငွေ့လာသောကြောင့် ရီဖန်ကိုရှာရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အရှေ့ဧကရာဇ်မြို့တော်အထက် ကောင်းကင်ယံ၌ ဧရာမရုပ်ပုံ အနက်ရောင်နှင့် အနီရောင်နှစ်ခု ဖြည်းညှင်းစွာဆင်းသက်လာကြသည်။ နဂါးနက်သည် သူ၏ခေါင်းပေါ်တွင် အနက်ရောင်သရဖူတစ်ခုရှိကာ ၎င်းသည် နဂါးနက်အင်ပါယာကိုအုပ်စိုးသူဖြစ်သည်။ ကျန်တစ်ဦးမှာ အရှေ့ပင်လယ်နဂါးမျိုးနွယ်စု၏ အကြီးအကဲအိုချန်ဖြစ်သည်။

ကမ္ဘာ့အင်မော်တယ်အထွတ်အထိပ်အဆင့်နှင့် ကောင်းကင်ဘုံအင်မော်တယ် အလယ်အလတ်အဆင့်မှ ပြင်းထန်သောရောင်ဝါများ၏ ဖိအားများသည် အရှေ့ဧကရာဇ်မြို့တော် တစ်ခုလုံးကို အသက်ရှုကြပ်သွားစေသည်။ တစ်ကိုယ်တည်းကျင့်ကြံနေသော ရီဖန်သည် ချက်ချင်းပင်မျက်လုံးဖွင့်လိုက်ကာ ရှေ့တွင် ပြဿနက်တက်နေပြီကို သိလိုက်ရ၏။

မျက်စိတစ်မှတ်အတွင်း ရီဖန်သည်ချက်ချင်းပင် ကောင်းကင်သို့ ပျံသန်းသွားသည်။

အနက်ရောင်ဝတ်ရုံနှင့်သူကို မြင်လိုက်ပြီးနောက် ရီဖန် အံ့အားသင့်သွားသည်။ ၎င်းသည် နဂါးနက်အင်ပါယာ၏ အုပ်စိုးသူမဟုတ်၊ ၎င်း၏အမည်ခံ ယောက္ခမ မဟုတ်လော။ နောက်တယောက်သည် မည်သူနည်း’ ကြောက်မက်ဖွယ်ကောင်းသောရောင်ဝါသည် ရီဖန်ကို ကြီးမားစွာ ဖိနှိပ်ထား၏။ ရီဖန်သည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာ့အင်မော်တယ်တစ်ဦး၏ အသွင်အပြင်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။

"ငါတို့ဘိုးဘေးနဂါးမျိုးနွယ်စုအဖွဲ့ဝင် ဘယ်မှာလဲ"

၎င်းကိုကြားသည့်အခါတွင် ရီဖန်သည် ၎င်းတို့မှာနဂါးနီလေးအတွက် ရောက်နေမှန်းသိသွားသည်။ သို့သော်လည်း ဤလူများသည် မိတ်ဆွေလော ရန်သူလော မသေချာသော်လည်း ၎င်းတို့၏ခံစားချက်သည် အဆိုးဘက်သို့ဦးတည်နေသည်။ သို့သော် ရီဖန်သည် တစ်စုံတစ်ယောက်ကို လွှဲပြောင်းပေးရန်အတွက် ကျင့်သားရမနေချေ။

"သူက အခု ငါ့ချွေးမ၊ မိသားစုဝင် ဖြစ်နေပြီ၊ မင်းနှင့် ဘာကိစ္စရှိလို့လဲ"

ရီဖန်စကားကြားသည့်အခါ အိုချန်သည်အလွန်ဒေါသထွက်သွားကာ မျက်လုံးပင်ပြူးလာသည်။ နဂါးမျိုးနွယ်စုသည် ဘိုးဘွားစဉ်ဆက် သွေးနဂါးသွေးမျိုးဆက်ကို မွေးထုတ်ပေးခဲ့သော်လည်း ၎င်းသည်လူသားတစ်ဦးနှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းသည် အိုချန်အတွက် လက်မခံနိုင်စရာမရှိချေ။

"မင်းတို့ လူသားတွေက ငါတို့နဂါးမျိုးနွယ်စုနှင့် ပေါင်းစည်းဖို့ ဘာအရည်အချင်းရှိလဲ!"

၎င်းကိုကြားသည့်အခါ အနီးအနားရှိ နဂါးနက်အင်ပါယာ၏အုပ်စိုးရှင်သည် ကသိကအောက်ဖြစ်သွား၏။ ဒီအကောင်ကြီးသည် သူ့ကို ကြိမ်းမောင်းနေသည်ဟု အဘယ်ကြောင့်ခံစားနေရသနည်း။ ၎င်းကိုယ်တိုင်သည်လည်း သွေးနှောတစ်ဦးဖြစ်နေသည်။

"ဒီနေ့ ငါတို့မျိုးနွယ်စုဝင်ကို ငါတို့နှင့်ခေါ်သွားဖို့ ရည်ရွယ်ထားတယ်၊ တားမှာလား"

အိုချန်သည် သူ၏ရောင်ဝါကိုထပ်မံ ထုတ်လွှတ်လိုက်သည်။

"မင်းကိုတကယ် တားချင်တယ်!"

‘ဒီလိုဖြစ်ရင် တိုက်ကြတာပေါ့’ ရီဖန်သည် သူနှင့်ကောင်းကင်ဘုံအင်မော်တယ်တို့ကြားတွင် ကွာဟချက် မည်မျှကြီးမားသည်ကို သိချင်သည်။ မနိုင်ရင်လျှင်ပင် ထွကိပြေးနိုင်သေးသည်။

‘ကောင်းကင်နှင့်မြေကြီး၏ဥပဒေ။’

ရီဖန်၏ခန္ဓာကိုယ်သည် ကြီးမားသောအရွယ်အစားအထိ ကျယ်ပြန့်လာကာ သူ၏ပြင်းထန်သောရောင်ဝါများ ပျံ့နှံ့သွားသည်။ စတင်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော အိုချန်သည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် ရီဖန်ကို အံ့သြစွာကြည့်လိုက်သည်။

သဘာဝကျစွာပင် အိုချန်သည် နတ်စွမ်းရည်ဖြစ်သည့် ကောင်းကင်နှင့်မြေကြီးကို ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။

သို့သော် ကောင်းကင်နှင့်မြေကြီးဥပဒေသည် ရိုးရှင်းကာ ရက်စက်ကြမ်းကြုတ်သော်လည်း လူတိုင်းသည် ၎င်းကိုမသင်ယူနိုင်ပေ။

ကောင်းကင်နှင့်မြေကြီးဥပဒေ၏ နောက်ဆုံးပုံစံမှာ ဒဏ္ဍာရီလာ အမြင့်မြတ်ဆုံးတာအိုအနုပညာဖြစ်သည့် ကမ္ဘာ့အစွမ်းထက်ဆုံးကိုယ်ထည်ဖြစ်သည်။ အမြင့်မြတ်ဆုံးတာအိုအနုပညာသည် ပျက်စီးခြင်းနှင့်ယှဉ်တွဲနေကာ ကမ္ဘာတစ်ခုလုံးကို စုပ်ယူရန်လိုအပ်သည်။ ထိုအင်အားစုများသာလျှင် ကောင်းကင်နှင့်မြေကြီးဥပဒေ၏ အမွေအနှစ်များရရှိနိုင်သည်။ ဤရီဖန်သည် မည်သည့်အင်အားစုမှဖြစ်ပါသနည်း။

နောက်အခိုက်အတန့်တွင် ရီဖန်လှုပ်ရှားလိုက်ရာ လေဟာနယ်သည် ချက်ချင်းပင်ကျယ်ပြန့်လာပြီးနောက်

ရီဖန်၏ခန္ဓာကိုယ်သည် အိုချန်ရှေ့တွင် တိတ်တဆိတ် ပေါ်လာသည်။ ‘လက်လှမ်းမီခြင်း’။ ၎င်းသည် မည်သူ၏တပည့်ဖြစ်ပါသနည်း။

ကောင်းကင်နှင့်ကမ္ဘာမြေဥပဒေနှင့် နှိုင်းယှဉ်ပါက လက်လှမ်းမီမှုမှာ ပိုမိုထင်ရှားသည်။ စတုရန်းလက်မတောင်ပေါ်ရှိ ဗောဓိဘိုးဘေးများ၏ အုပ်ထိန်းမှုအောက်တွင် ကျင့်ကြံရန် အရည်အချင်းရှိသူများသာဖြစ်သောကြောင့် ဤပုဂ္ဂိုလ်သည် ထိုအင်အားစုများ၏ တပည့်ဖြစ်နိုင်သည်။

အိုချန်သည် အနည်းငယ်ဝမ်းနည်းသွားကာ သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခုရှိနေသည်။

သို့သော် သူသည်လက်လွန်သွားခြင်းမရှိသေးဘဲ နဂါးမျိုးနွယ်စုနှင့် ပြန်လည်ဆွေးနွေးရန် အခွင့်အရေးရှိသေးသည်ဟု ယူဆကာပြုံးလိုက်ပြန်သည်။

ရီဖန်သည် သူ့ကိုယ်သူထိုးကြိတ်ခံရခြင်းအတွက် လျင်မြန်စွာပြောင်းလဲနေသော အိုချန်၏မျက်နှာအမူအရာကိုကြည့်ကာ ရုတ်တရက် တင်းတင်းကျပ်ကျပ် ခံစားလိုက်ရသည်။ ဤသတ္တဝါအိုကြီးသည် အဘယ်ကြောင့် ခြောက်ခြားဖွယ်ကောင်းနေရသနည်း။ သို့မဟုတ်ပါက သူသာ် အဘယ်ကြောင့် ဤကဲ့သို့ပြုမူနေရပါသနည်း။

ရီဖန်သည် ဆက်၍တိုက်ခိုက်ရမည်လော တွေးတောနေစဉ်တွင် အိုချန်သည် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်ထားကာ ရီဖန်ရှေ့တွင် ပြန်ပေါ်လာသည်။

"မိတ်ဆွေရီရေ၊ အဲဒါက နားလည်မှုလွဲနေတာပဲ"

“အစကတော့ ရီမိသားစုက ငါတို့မျိုးနွယ်စုကို တန်ဖိုးထားသလား စမ်းသပ်ကြည့်ချင်လို့ပါ။ အခုကြည့်တာတော့ ရီမိသားစုက အတော်အရည်အချင်းပြည့်မီတဲ့ ဆွေမျိုးတစ်ဦးဖြစ်ပုံပဲ။ ငါကိုက စိတ်မြန်တာပါ၊ နောက်မှ ဝိုင်သုံးခွက်နှင့် အပြစ်ပေးလိုက်မယ်နော်”

အိုချန်၏မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ကြည့်လိုက်ရာ ရီဖန်သည် တစ်ခုခုလွဲနေပြီဟု အမြဲလိုလို ခံစားမိသည်။ သူပြောသကဲ့သို့ အမှန်တကယ်ပင် နားလည်မှုလွဲသွားသလော။ သို့သော် သူပြောနေသောကြောင့် ရီဖန်သည် အမှန်တရားနှင့် လိမ်ညာမှုကို ခွဲခြား၍မရပေ။

သူသည် ပြုံးနေသောမျက်နှာကို ရိုက်နိုင်မည့်သူမဟုတ်သောကြောင့် ရီဖန်သည် ၎င်းတို့ကို ခေတ္တရပ်တန့်ကာ ရီမိသားစုထဲသို့ကြိုဆိုနိုင်ခဲ့သည်။ နှုတ်ဆက်ပြီးနောက်တွင် ရီဖန်သည် သူတို့နှစ်ယောက်၏ အထောက်အထားကိုသိလာခဲ့ရသည်။

ထိုအတောအတွင်း အိုချန်သည် သွေးနဂါး၏အမွေကိုရယူရန် နဂါးနီမျိုးနွယ်သို့အချိန်မီသွားရန် အဆိုပြုခဲ့သည်။ ၎င်းသည် ရီမိသားစုမှနဂါးနီလေးနှင့်အတူ တစ်စုံတစ်ယောက်အား အမွေဆက်ခံခြင်းသွေးစီးကြောင်း၏ နှစ်ခြင်းခံခြင်းကို တွေ့ကြုံခံစားကာ ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်စေရန်အတွက် အကြံပြုခဲ့သည်။

ချန်မင်ကမ္ဘာရှိ အဓိကမျိုးနွယ်စုများထဲမှ တစ်ခုအနေဖြင့် နဂါးမျိုးနွယ်စု၏အမွေအနှစ်သည် မရိုးရှင်းပေ။ နဂါးနီလေးအတွက် အကျိုးရှိပုံပေါ်သောကြောင့် ရီဖန်သည်လည်း မငြင်းခဲ့ချေ။ ရီမျိုးနွယ်စုမှ မည်သူ့ကို ပို့ရမည်ဆိုပါက သဘာဝစွာပင် ရီကျင်းစန်ဖြစ်သည်။

သူတို့နှစ်ယောက်ကို မကြာသေးမီက ခွဲလို့မရတော့ဘဲ နဂါးနီလေးသည် သူမရီကျင်းစန်နှင့်ခွဲခွါရမည်ဟု သိသွားပါက နဂါးမျိုးနွယ်စုကို ဇောက်ထိုးပင်လှန်ခဲ့နိုင်သည်။

ရီမိသားစုသည် ဧည့်သည်များလက်ခံရန် အလုပ်များနေချိန်တွင် အရှေ့ဧကရာဇ်မြို့တော်မှ မိုင်ထောင်ပေါင်းများစွာဝေးသောနေရာတွင်

ရီကျင်းချုံနှင့် ရီချင်တို့သည် ရှေးကျသော အမွေအနှစ်တစ်ခုကို စူးစမ်းလေ့လာနေကြသည်။

၎င်းသည်ရိုးရှင်းကာ သွေးမြစ်နှင့်မြေရိုင်းသာရှိသောကြောင့် ရီကျင်းချုံနှင့် ရီချင်တို့သည် အလွန်စိတ်မပူကြပေ။

ရီမိသားစု၏ ကံကြမ္မာများ တိုးပွားလာချိန်မှစ၍ ခရီးတွင် ထူးထူးဆန်းဆန်းတစ်ခုခုကို ရီမိသားစုမှကျင့်ကြံသူများ ကြုံတွေ့ရတတ်သည်။ အနည်းအကျဉ်းမျှ မကြုံခဲ့ပါက ကံဆိုးသည်ဟု ယူဆရသည်။ သူတို့ ပိုမိုတွေ့ကြုံလေလေ၊ တင်းမာမှု နည်းပါးလေလေဖြစ်သည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် သွေးမြစ်တစ်လျှောက်တွင် ရေစီးကြောင်းအတိုင်း ဆက်သွားကြကာ အမွေအနစ်သည် ၎င်းအတွက်ရှေးဦးခံစားချက်ရှိသည်။ ထူးဆန်းသည်မှာ ရီကျင်းချုံသည် အမွေအနှစ်အတွင်းရှိအရာခပ်သိမ်းသည် သက်ရှိသတ္တဝါတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။

အဆုံးမရှိသော သွေးမြစ်သည် ဤသတ္တဝါ၏ သွေးကြောများကဲ့သို့ ထင်ရသည်။ သူတို့ရောက်ရန် ကြိုးစားနေသည့်နေရာသည် ဤသတ္တဝါ၏ ဦးနှောက်ဖြစ်ရမည်။ နောက်ဆုံးတွင် တစ်နှစ်ပတ်လုံးကုန်ဆုံးသွားပြီးနောက် ကြယ်ရောင်ကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားသော သွေးမြစ်၏အဆုံးသို့ သူတို့ရောက်ရှိခဲ့ကြသည်။

ကြယ်ရောင်ကောင်းကင်တွင် သွေးနီရောင် အရည်ကြည်ကျောက်တုံးတစ်တုံးကို လေထုအလယ်တွင် ချိတ်ဆွဲထားကာ ရီကျင်းချုံ၏အကြည့်ကို သလင်းကျောက်များက လုံးဝဆွဲဆောင်သွားခဲ့သည်။ သူမကို အဆက်မပြတ်ဆွဲဆောင်နေသည့် သလင်းကျောက်အတွင်းရှိ ထူးခြားသည့် စွမ်းအားကိုလည်း ခံစားရသည်။ ပို၍တိကျစွာဆိုရလျှင် သူမ၏အတွင်းပိုင်းရှိ ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ်သည် သလင်းကျောက်၏ဆွဲဆောင်ခြင်းကို ခံထားရ၏။

……………………

အခန်း ၁၆၅ - လူသားစုန်း

ရီကျင်းချုံမသိသောအရာမှာ လူရိုင်းကိုယ်ထည်ဖွဲ့စည်းပုံအခြေခံဥပဒေသည် စင်စစ်အားဖြင့်၊ ရှေးခေတ်လူ့ခန္ဓာကိုယ်အတွင်း စုန်းမျိုးနွယ်စု၏သွေးမျိုးဆက်ကို ထင်ရှားစေခြင်းဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုကဲ့သို့ စုန်းမျိုးနွယ်စုသည် လူသားမျိုးနွယ်စု၏ အဓိကရန်သူဖြစ်၏။ သို့သော် လူသားမျိုးနွယ်နှင့် စုန်းမျိုးနွယ်စုနှစ်ခုစလုံးသည် တည်ထောင်သူ၏သွေးမျိုးဆက်ကို ၎င်းတို့ကိုယ်တွင်း၌ ဖုံးကွယ်ထားကြောင်း မည်သူမျှမသိခဲ့ကြပေ။

အဆုံးတွင် ရီကျင်းချုံသည် သူမ၏ဗီဇအတိုင်းလိုက်ရန် ရွေးချယ်ခဲ့ကာ သွေးရောင်ရှိသည့် သလင်းကျောက်ဆောင်ထံသို့လျှောက်လှမ်းသွားပြီးနောက် သူမ၏လက်သည် သလင်းကျောက်နှင့် ထိတွေ့လိုက်သည်။ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးရောင်စွမ်းအင်များသည် ရီကျင်းချုံ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်လာကာ ရီကျင်းချုံ၏ အသားနှင့်ခန္ဓာကိုယ်ကို ပြောင်းလဲခြင်းဖြင့် သူမ၏ကျင့်ကြံမှုအဆင့်သည်လည်း အဆက်မပြတ် တိုးတက်လာသည်။

များမကြာမီပင် ရီကျင်းချုံ၏ ကိုယ်လုံးကိုယ်ထည်သည် အသွင်ပြောင်းသွားခဲ့၏။ လူရိုင်းခန္ဓာကိုယ် + လူသားစုန်းကိုယ်ထည်ပေါင်းစည်းခြင်း။ လူသားစုန်းကိုယ်ထည်သည် လူသားမျိုးနွယ်၏ အင်မော်တယ်ခန္ဓာကိုယ်နှင့် တန်းတူဖြစ်သည်။

ဤထူးခြားသောကိုယ်လုံးကိုယ်ပေါက်ကို စုန်းမျိုးနွယ်စု၏အသန့်ရှင်းဆုံး အလားအလာအရှိဆုံးသော အဖွဲ့ဝင်များသာ နိုးထစေနိုင်သည်။ အကယ်၍ သူမသည် စုန်းမျိုးနွယ်စုများကြားတွင်ရှိနေပါက သူမအား ကြီးမားသောသဘာဝလက်ဆောင်နှင့် ကြီးကျယ်ခမ်းနားသောအရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံရမည်ပင်။

သူမ၏ ရုပ်ပိုင်းဆိုင်ရာအသွင်ပြောင်းခြင်းအပြင်၊ ရီကျင်းချုံ၏စိတ်ထဲတွင် စုန်းအနုပညာများ ထွက်ပေါ်လာသည်။ ဤအချိန်တွင် ရီကျင်းချုံသည် အစွမ်းထက်သော စုန်းမျိုးနွယ်အကြီးအကဲတစ်ဦး၏ အမွေကိုရရှိခဲ့ကြောင်း နောက်ဆုံးတွင်နားလည်ခဲ့သည်။

ဤလူကြီးကို ပေါ်ဖူဟုခေါ်သည်။အမွေရရှိပြီးနောက် သလင်းကျောက်၏ စွမ်းအင်ထက်ဝက်ကျော်ကုန်ဆုံးသွားသည်။ စွမ်းအင်အားလုံးကို စုပ်ယူလိုက်လျှင် ရီကျင်းချုံ၏ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာမြှင့်တင်ရန် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း ရီကျင်းချုံသည် သူမ၏ ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန် အလျင်စလိုမလုပ်ဘဲ ကျန်ရှိသော သလင်းကျောက်စွမ်းအင်များကို အတူတကွစုပ်ယူရန် ရီချင်ကိုဆွဲခေါခဲ့သည်။

ရီချင်သည် သလင်းကျောက်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူပြီးနောက် သူသည်လည်း စုန်းခန္ဓာကိုယ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ သလင်းကျောက်စွမ်းအင်အားလုံးကို လုံးလုံးလျားလျား စုပ်ယူလိုက်သောအခါ၊ ၎င်းတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်များသည် လူသားအင်မော်တယ်နယ်မြေတစ်ဖြစ်လဲ လူသားစုန်းနယ်မြေသို့ တရားဝင်ဖြတ်ကျော်သွားခဲ့သည်။

…….’

ရီမိသားစုရှိ ရီဖန်၏ ဂူအိမ်အတွင်းတွင် ရီဖန်သည် မတူညီသောအချိန်လေဟာနယ်များမှ အင်မော်တယ်ချီစွမ်းအားအပိုင်းများကိုစုပ်ယူကာ ၎င်းကို ဖိနှိပ်ပြီး အဆင့်မြင့်အင်မော်တယ်ချီစွမ်းအားအဖြစ်သို့ ပြောင်းလဲပေးနေသည်။ လူသားအင်မော်တယ်နယ်မြေမှ ကမ္ဘာ့အင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်ရန်၊ အင်မော်တယ်ခန္ဓာကိုယ်ဖြစ်သော ကမ္ဘာ့အင်မော်တယ် ခန္ဓာကိုယ်ကို တည်ဆောက်ရန်လိုအပ်သည်။

ကမ္ဘာ့အင်မော်တယ်ခန္ဓာကိုယ်သည် ကမ္ဘာ့အင်မော်တယ် စွမ်းအား၏အခြေခံရင်းမြစ်ဖြစ်သည်၊ သို့သော် ၎င်းသည် အဆင့်အမျိုးမျိုးဖြင့် ထွက်လာသည်။ အင်မော်တယ်ချီစွမ်းအား၏ မတူညီသော အဆင့်များသည် မတူညီသောကမ္ဘာ့အင်မော်တယ် ကိုယ်ခန္ဓာအဆင့်များကို ဖန်တီးနိုင်၏။

ရီဖန်သည် ရီမိသားစု၏ကျင့်ကြံသူများ လေဟာနယ်မှစုပ်ယူနိုင်သော အခြေခံအကျဆုံး တတိယအဆင့် အင်မော်တယ်ချီစွမ်းအားကို အသုံးပြုခွင့်မပြုသည်မှာ သေချာပါသည်။ ၎င်းတို့သည် အကောင်းဆုံးကိုသာ သုံးသင့်သည်။

နောက်ဆုံးတွင် ပျက်ဆီးခြင်းလေဟာနယ်ထဲရှိ အင်မော်တယ်ချီစွမ်းအားသည် မည်သည့်အခါတွင်မှ ကုန်ခမ်းသွားတော့မည်မဟုတ်ဘဲ အချိန်သာလိုအပ်သည်။ ထို့အပြင် ရီဖန်ထံတွင်အပေါ်ဆုံးမှာ အချိန်ဖြစ်သည်။

"မိသားစုအဖွဲ့ဝင် ရီကျင်းချုံက လူသားအင်မော်တယ်နယ်မြေကို ရုတ်တရက်ရောက်ရှိခဲ့ပြီး ရေရှည်တာဝန်ကို ပြီးမြောက်စေသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ မိသားစုစွမ်းအား ၁၁- လူသားအင်မော်တယ်နယ်မြေကို ပြီးဆုံးသွားသည့်အတွက် ဆုလာဘ်ထုတ်ယူနိုင်ပါပြီ"

မူလက ရီဖန်သည် နဂါးမျိုးနွယ်စုကို သွားခဲ့သည် ရီကျင်းစန်က အရင်လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အံ့သဩစရာကောင်းစွာပင် ရီကျင်းချုံက ပထမဆုံးဖြတ်ကျော်ခဲ့သည်။

“စနစ်၊ ဆုငွေကို ရယူပါ”

"ဆုလာဘ်အတွက် ဂုဏ်ယူပါတယ်၊ အင်မော်တယ်အရင်းအမြစ်မျိုးစေ့၃စေ့ရရှိပါပြီ"

အင်မော်တယ်အရင်းမြစ်မျိုးစေ့ဖြင့် မျိုးနွယ်စုဝင်တစ်ဦးသည် အင်မော်တယ်အရင်းမြစ်အမျိုးအစားအချို့ကို နိုးထစေနိုင်သည်။ အင်မော်တယ်ကိုယ်ခန္ဓာ၊ အင်မော်တယ်အဆင့်စွမ်းရည်စသည်တို့ကို အလုံးစုံသော အင်မော်တယ်အရင်းအမြစ်များအဖြစ် သတ်မှတ်ကြ၏။

အင်မော်တယ်များအတွက် ဝိညာဉ်ရေးကိုယ်ခန္ဓာသည် အရေးပါသောအခန်းကဏ္ဍတွင်မရှိတော့ချေ။ အင်မော်တယ်အရင်းအမြစ်များသည် လူတစ်ဦးကို အမှန်တကယ်ခွန်အားဖြစ်စေသည်။ ရီမိသားစုသည် နောက်ထပ် အင်မော်တယ်အရင်းအမြစ်သုံးခုကို ရရှိနိုင်ပါက ၎င်းတို့သည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ဤဆုသည် အလွန်ပင်အကျိုးရှိ၏။

ရီဖန်သည် အတွေးတစ်ခုဖြင့် ၎င်းကိုအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အင်မော်တယ်အရင်းအမြစ်များ တိုးလာခြင်းသည် ကျပန်းအားဖြင့်ဖြစ်ပေါ်သော်လည်း များသောအားဖြင့် အကြီးတန်းကျင့်ကြံသူများသည် ဦးစွာနိုးထကြကာ ဖြစ်စဉ်ကိုစောင့်ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။

အတွေးတစ်ခုဖြင့် ရီဖန်သည် စနစ်လမ်းကြောင်းရှိ မိသားစုအဆင့်သတ်မှတ်ချက်ကို ပထမဆုံးဖွင့်လှစ်ခဲ့သည်။

"မိသားစုအဆင့်သတ်မှတ်ချက်- နဂါးနက်အင်ပါယာ အဆင့်၁၁၁"

ရန်ဟွမ်နယ်မြေသည် အချိန်အတော်ကြာရှင်းလင်းခဲ့ကာ လက်ရှိအဆင့်မှာ နဂါးနက်အင်ပါယာတွင်ဖြစ်သည်။ ရီမိသားစုသည် နိမ့်ကျစွာထိန်းသိမ်းထားသော်လည်း သူတို့၏အဆင့်သည် နိမ့်ကျခြင်းမရှိပေ။ သူတို့သည် ထိပ်တန်းရာဂဏန်းမှ ခြေတစ်လှမ်းသာ ကွာဝေးသည်။

……

ရီကျင်းချုံနှင့် ရီချင် ရောင်စုံသလင်းကျောက်အတွင်းရှိ သွေးကိုစုပ်ယူပြီးနောက်တွင် လေဟာနယ်ထဲသို့ လူများစွာဝင်လာသည်ကို တွေ့လိုက်ရသည်။ ရီကျင်းချုံနှင့် ရီချင်ကိုတွေ့လိုက်သောအခါ ထိုလူများ၏မျက်နှာများသည် ချက်ချင်းပြောင်းလဲသွားသည်။ စုန်းမျိုးနွယ်စုသည် လူသားမျိုးနွယ်စု၏ ကမ္ဘာတွင် နှစ်ကြိမ်ပေါ်ထွက်ခဲ့သည်။

လှည့်ဖြားသော ကောင်းကင်ဘုံနှင့် ပင်လယ်ကိုဖြတ်ကျော်သည့် လှည့်စားမှုသည် တစ်ချိန်လုံး လည်ပတ်နေခဲ့သည်။ ထို့ကြောင့် ရီကျင်းချုံနှင့် ရီချင်တို့၏ ကျင့်ကြံမှုအဆင့်များသည် မဟာယာနနယ်ပယ်မျှသာဖြစ်သည်။

၎င်းတို့သည်လည်း မဟာယာနနယ်ပယ်မှ ဆင့်ကြံသူများသာဖြစ်ကြသည်။ အပျက်အစီးများအတွင်းရှိ စုန်းမျိုးနွယ်ဝင်နှစ်ဦး၏ အသွင်အပြင်သည် ဤအပျက်အစီးသည် သာမန်မဟုတ်ကြောင်းဆိုလိုခြင်းဖြစ်ကာ လောဘလှိုင်းများသည် ၎င်းတို့၏နှလုံးသားထဲတွင် ပြည့်လျှံလာသည်။ ဤစုန်းမျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ယောက်ကို သူတို့ လွတ်မြောက်ခွင့် မပေးနိုင်ချေ။

ကျင့်ကြံသူများသည် ၎င်းတို့၏ အင်မော်တယ်လက်နက်များကို စတင်အသုံးပြုကာ သတိပေးခြင်းမရှိဘဲ ရီကျင်းချုံနှင့် ရီချင်ထံသို့ ပျံတက်သွားသည်။ ရီချင်သည် လူသားမျိုးနွယ်ကြား၌ စုန်းမျိုးနွယ်စု၏ အဆင်မပြေသည့်အနေအထားကို သဘောပေါက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

လူ့နယ်မြေထဲတွင် ၎င်းတို့ရှိနေခြင်းသည် ခက်ခဲနေပုံရ၏။

၎င်းကို တွေ့ကြုံရခြင်းကြောင့် စိတ်လှုပ်ရှားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့ပြန်သွားပြီးနောက် မည်သို့ပြုလုပ်သင့်သည်ကို ရီဖန်နှင့် တိုင်ပင်သင့်မှန်း သဘောပေါက်လိုက်သည်။

သို့သော် သူတို့သည် ရီဖန်ဆီသို့ မသွားမီဤလူသားမျိုးနွယ်စုဝင်များကို အရင်ဆုံး သုတ်သင်ရတော့မည်။ မဟုတ်ပါက သတင်းပေါက်ကြားသွားလျှင် ရီမိသားစုအတွက်လည်း ပြဿနာဖြစ်နိုင်သည်။

နောက်အခိုက်အတန့်တွင် ရီချင်သည် လူသားစုန်းကိုယ်ခန္ဓာ၏ ကျင့်ကြံမှုအဆင့်ကို ထုတ်လွှတ်လိုက်သည်။ ရီချင်ထံမှ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားကို မြင်လိုက်ရသဖြင့် လူသားကျင့်ကြံသူအများအပြား အံသြသွားခဲ့သည်။ စုန်းမျိုးနွယ်စုအားလုံးသည် ၎င်းတို့၏ စိတ်ဝိညာဉ်များကို မကျင့်ကြံသောကြောင့် အသိဥာဏ်မရှိသော တိရိစ္ဆာန်များဖြစ်သည်ဟု ပြောကြသည်မဟုတ်လော။

သို့ဖြစ်ပါက ဤစုန်းမျိုးနွယ်စုဝင်သည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို အဘယ်ကြောင့် ဖုံးကွယ်ထားသေးသနည်း။ စုန်းမျိုးနွယ်စုအဖွဲ့ဝင်များသည်လည်း ကိုယ်ပိုင်လှည့်ကွက်များ ရှိပါသလော။

စက္ကန့်ပိုင်းအတွင်း ရီချင်တို့သည် လူပေါင်းများစွာကို သုတ်သင်ပြီးနောက် ရီမိသားစု၏အိမ်တော်သို့ အမြန်ပြေးသွားခဲ့သည်။

သုံးရက်အကြာတွင် သူတို့နှစ်ယောက် ရီမိသားစုထံ ပြန်ရောက်သွား၏။ ဒုက္ခမဖြစ်စေရန်အတွက် ရီမိသားစုမှ အခြားအဖွဲ့ဝင်များကို အသိပေးခြင်းမပြုဘဲ ရီဖန်ထံသို့ တိုက်ရိုက်သွားခဲ့သည်။ ရီဖန်သည် ၎င်းတို့၏ အတွေ့အကြုံများကို ကြားသောအခါတွင် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရသည်။ အခွင့်အလမ်းကောင်းတစ်ခုဟု ယူဆရမည့်အရာသည် ရှုပ်ထွေးသွားသောကြောင့် ရီဖန်သည် အခြေအနေကို လျစ်လျူရှုရန် မဖြစ်နိုင်ချေ။

သို့သော် သူတို့နှစ်ယောက်ကို ချန်းမင်ကမ္ဘာတွင်ထားခဲ့ရန်လည်း မသင့်တော်ပေ။

သူတို့တသက်လုံး အိမ်ထဲတွင်နေထိုင်ရန်လည်း မဖြစ်နိုင်ဘဲရှိသည်။ ၎င်းတို့အပြင်ထွက်ကာ အင်အားကြီးသောအဖွဲ့အစည်းအချို့က ရှာဖွေတွေ့ရှိပါကလည်း အရာရာသည် ပိုရှုပ်ထွေးလာမည်ဖြစ်၏။

ရီဖန်သည် ထိုကဲ့သို့သောဒုက္ခများကို မကြောက်သော်လည်း ချန်းမင်သည် စွမ်းအားကြီးမားသောသတ္တဝါများစွာဖြင့် ပြည့်နှက်နေသောကြောင့် နှစ်ယောက်လုံးကို ကာကွယ်ရန် သူ့စွမ်းရည်ကို အပြည့်အ၀ယုံကြည်မှု မရှိပေ။

၎င်းတို့ကို ရန်ဟွမ်နယ်မြေသို့လည်း ပြန်ပို့နိုင်သည်။ ရီမိသားစု၏ ရန်ဟွမ်နယ်မြေကို ထိန်းချုပ်ထားခြင်းကြောင့် ၎င်းတို့နှစ်ဦး၏ အထောက်အထားများကို အခြားကျင့်ကြံသူများ ရှာဖွေတွေ့ရှိခြင်းမှ တားဆီးနိုင်သည်။ သို့သော် ၎င်းသည် သူတို့၏ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေမည်မှာလည်း သေချာနေသည်။

အကောင်းဆုံးဖြေရှင်းချက်မှာ စုန်းမျိုးနွယ်စု၏ကမ္ဘာသို့ ပို့ပေးရန်သာရှိသည်။ စုန်းမျိုးနွယ်စု၏ကမ္ဘာတွင်၊ သူတို့နှစ်ဦးလုံးကို ဉာဏ်ကြီးရှင်များဟု သတ်မှတ်ခံရသည့်အတွက် ထိုနေရာသည်သာ အသင့်တော်ဆုံးဖြစ်သည်။ အခြားသူများအတွက်မူ ဤနှစ်ယောက်ကို စုန်းမျိုးနွယ်စု၏ကမ္ဘာသို့ပို့ရန် မဖြစ်နိုင်သော်လည်း ရီဖန်အတွက်မူ ၎င်းသည် ကြီးကြီးမားမားမဟုတ်ချေ။

နှစ်များတစ်လျှောက်တွင် နယ်ပယ်တစ်ထောင်၏တံခါးသည် ကမ္ဘာသစ်များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ခဲ့ကာ ၎င်းတို့အနက်တွင် မူရင်းစုန်းမျိုးနွယ်စု၏ကမ္ဘာတစ်ခုလည်းရှိသည်။

ဤကမ္ဘာကြီးကို စုန်းမျိုးနွယ်စုဝင်များက သိမ်းပိုက်ခဲ့သည်။

အဆုံးတွင် ရီဖန်သည် ရီကျင်းချုံနှင့် ရီချင်တို့ထံ ရွေးချယ်စရာများစွာကို မျှဝေခဲ့သည်။ ရီချင်သည် မည်သည့်ရွေးချယ်မှုမဆို လက်ခံနိုင်သည်၊ အတူရှိနေသရွေ့ သူ့အတွေးများသည် အချစ်သက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရီကျင်းချုံသည် မဆိုင်းမတွဘဲ မူရင်းစုန်းမျိုးနွယ်ကမ္ဘာသို့သွားရန် ရွေးချယ်ခဲ့သည်။ သူမသည် စုန်းမျိုးနွယ်စု၏ တိုက်ခိုက်ရေးပုံစံကို အလွန်နှစ်သက်၏။

ရီဖန်သည် အရင်းအမြစ်များစွာကို ပြင်ဆင်ပြီး မူလစုန်းမျိုးနွယ်ကမ္ဘာသို့သွားရန် စီစဉ်ခဲ့သည်။ ရီမိသားစုသည် အကန့်အသတ်ဖြင့်သာ အကူအညီပေးနိုင်ကာ ၎င်းတို့နှစ်ဦးသည်သူတို့ကိုယ်သူတို့ အားကိုးရပေမည်။ ရီဖန်သည် ထောက်ပံ့ပို့ဆောင်ရေးကိုအစွမ်းကုန်လုပ်ဆောင်နိုင်ခဲ့သည်။

စုန်းမျိုးနွယ်စု၏အဖွဲ့ဝင်များသည် ၎င်းတို့၏ စိတ်ဝိညာဉ်များကို မကျင့်ကြံနိုင်သောကြောင့် အင်မော်တယ်လက်နက်များကို အသုံးမပြုနိုင်ပေ။ ဝုပေါင်သည် ၎င်းတို့၏ကိုယ်ပိုင်သွေးဖြင့်စိမ်ပြီး သန့်စင်ထားသော အရာများဖြစ်သည်။ လူသားမျိုးနွယ်စုမှ သာမာန်အင်မော်တယ်ပစ္စည်း သန့်စင်သူသည် ဝုပေါင်ကို အတုမယူနိုင်သော်လည်း စနစ်မှ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်မှုရှိသော ရီဖန်အတွက်မူ အတော်လေး အဆင်ပြေသည်။

…………………

All Chapters