← Chapters

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း ၁၆၆-၁၆၈

Vol. 12 Ch. 166-168

အခန်း ၁၆၆ - သားမက်လော ဘိုးဘေးလော

ရီချင်သည် ဝူပေါင်လက်နက်အစုံလိုက်နှင့် အပြာရောင် မင်ဓားကိုးချောင်းကို ပေါ့ပေါ့ပါးပါးကိုင်ဆောင်ထားကာ အနှိုင်းမဲ့စွမ်းအားကိုပေးစွမ်းနေသည်။ ရီကျင်းချုံအတွက်မူ ပျက်ဆီးခြင်းဝံပုလွေစွယ်တုတ်ဖြစ်၏။ နှစ်ခုစလုံးသည် အဆင့်နိမ့်စုန်းပစ္စည်းများဖြစ်ကြကာ အဆင့်နိမ့်အင်မော်တယ်ပစ္စည်းများနှင့် ညီမျှ၏။

သို့သော်လည်း ဝူပေါင်သည် စုန်းမျိုးနွယ်စု၏ သွေးမျိုးဆက်မှ သန့်စင်ထားသော ပစ္စည်းများဖြစ်သောကြောင့်၊ ရတနာများဖြင့် သန့်စင်နေသရွေ့ ၎င်းတို့သည် တဖြည်းဖြည်း စွမ်းအားပိုကောင်းလာနိုင်သည်။ ဤသည်မှာ စုန်းမျိုးနွယ်စုမှ အင်မော်တယ်လက်နက်များကို အသုံးမပြုနိုင်သည့်အတွက် ကောင်းကင်နှင့်မြေကြီးမှ ပေးဆောင်ခဲ့သော လျော်ကြေးများထဲမှတစ်ခုဖြစ်သည်ဟုဆိုရမည်။

ဝူပေါင်အမျိုးအစားနှစ်စုံကို ထုတ်လုပ်သည့် ကုန်ကျစရိတ်သည် အင်မော်တယ်ပစ္စည်းဆယ်ခု ထုတ်လုပ်သည့် ကုန်ကျစရိတ်ထက်ပိုများ၏။ သို့သော် ၎င်း၏သမီးနှင့်သမက်တို့ သွားနေရမည့် အန္တရာယ်ရှိသည့်နေရာဖြစ်သည့် စုန်းကမ္ဘာအကြောင်းကိုစဉ်းစားပြီးနောက် ရီဖန်သည် ၎င်းတို့ကို အကောင်းဆုံးလက်နက်များပေးနိုင်ရန်အတွက် သူတတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။

အရာအားလုံးအဆင်သင့်ဖြစ်သည့်အချိန်တွင် ရီဖန်သည် ရီကျင်းချုံနှင့်ရီချင်တို့ကို စုန်းကမ္ဘာသို့ခေါ်ဆောင်သွားခဲ့သည်။ ယခုအချိန်မှစ၍ အရာအများစုသည် ၎င်းတို့အပေါ်တွင် မူတည်နေပေလိမ့်မည်။

……

ထိုအချိန်အတောအတွင်း ရီရှောက်ဖန်၏ ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်ဘုံသို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသည့် စွမ်းအားများသည် အဆက်မပြတ်ခုန်လှုပ်လျက်ရှိ၏။ ဤစွမ်းအားသည် ရီရှောက်ဖန်၏မျက်လုံးများထဲသို့ စီးဆင်းသွားပြီးနောက် ရွှေရောင်ကြယ်ငါးပွင့်သင်္ကေတတစ်ခုသည် သူ့မျက်လုံးထဲ၌ တဖြည်းဖြည်းပေါ်လာကာ ၎င်းမှာ ‘အင်မော်တယ်မျက်ဆံ၊ ရွှေကြယ်အင်မော်တယ်မျက်ဆံ’ဖြစ်၏။

ရွှေကြယ်အင်မော်တယ်မျက်ဆံသည် သတ္တုအင်မော်တယ်စွမ်းအားကို အသုံးချနိုင်စွမ်းရှိသော တိုက်ခိုက်ရေးအမျိုးအစားတွင်ပါဝင်သည့် ဒြပ်စင်ငါးခုအနက်မှတစ်ခုဖြစ်သည်။ အင်မော်တယ်မျက်ဆံများအားလုံးတွင် အလယ်အလတ်မှ အဆင့်မြင့်အထိသတ်မှတ်ထားသည်။

အင်မော်တယ်မျက်ဆံနိုးထခြင်းသည် ရီရှောက်ဖန်၏ ကျင့်ကြံမှုအဆင့်ကိုပိုမိုတိုးတက်စေကာ လူသားအင်မော်တယ်ကမ္ဘာ၏ အလယ်အဆင့်သို့ရောက်ရှိစေခဲ့သည်ဖြစ်ရာ သူသည်နောက်ဆုံးအဆင့်မှ ခြေတစ်လှမ်းသာဝေးတော့သည်။ သူ၏အတွေးတစ်ခုနှင့်အတူ ရီရှောက်ဖန်၏ကျင့်ကြံမှုအဆင့်သည် မဟာယာနနယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်းရောက်ရှိသွား၏။

ထိုအချိန်တွင် နဂါးနက်အင်ပါယာ၏မြို့တော်၌ တာဝန်ရှိသူများသည် လာမည့်ဆယ်နိုင်ငံပြိုင်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ဆွေးနွေးနေပါသည်။ နဂါးနက်အင်ပါယာကို ဝန်းရံထားသော အဓိကအင်ပါယာဆယ်ခုရှိကာ အင်ပါယာတစ်ခုစီသည် နယ်မြေမိုင်သန်းပေါင်းများစွာကို သိမ်းပိုက်ထားသည်။

အင်ပါယာဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့်အရာများကို လိုအပ်ပါသနည်း။ သေချာပေါက်ပင် ၎င်းသည် အရင်းအမြစ်များဖြစ်၏။ သို့သော် ၎င်းတို့၏အဆင့်တွင် အရင်းအမြစ်များအတွက်စစ်ပွဲသည် ကြီးမားသော အသက်ဆုံးရှုံးခြင်းနှင့်ပျက်စီးခြင်းဆီသို့ ဦးတည်သွားမည်ဖြစ်ကာ ၎င်းသည် စကြာဝဠာသဟဇာတကို ထိခိုက်စေမည်မှာသေချာသည်။ ကံတရားသည် ကျင့်ကြံသူများအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ နောက်ပိုင်းတွင် အချို့သောအင်အားစုများ၏ဖျန်ဖြေမှုအောက်တွင် အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ခြင်းနည်းလမ်းကို ဆယ်နိုင်ငံပြိုင်ပွဲအဖြစ်ပြောင်းလဲခဲ့သည်။

ဆယ်နိုင်ငံပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် ငယ်ရွယ်သူများသာဖြစ်နိုင်သည်။ ဤနည်းအားဖြင့် ဖျက်ဆီးခြင်းစွမ်းအားသည် များစွာကြီးမားမည်မဟုတ်ပေ။ ထို့အပြင်၎င်းသည် လူငယ်ကျင့်ကြံသူများကို ၎င်းတို့ကိုယ့်ကိုယ်ကို ဖော်ပြနိုင်ရန်အတွက်စင်မြင့်တစ်ခုပေးထား၏။ ဆယ်နိုင်ငံပြိုင်ပွဲကို တစ်နှစ်အကြာတွင် ကျင်းပမည်ဖြစ်သောကြောင့် ယှဉ်ပြိုင်သူများသည် ၎င်းတျု့၏ပြင်ဆင်မှုများကို ယခုအချိန်မှစတင်ရတော့မည်ဖြစ်သည်။

"အဖေ၊ ကျွန်မလည်း ဝင်ပြိုင်ချင်တယ် "

မင်းသမီးကျွင်းလုံသည် ပထမဆုံးထွက်ပေါ်လာသူဖြစ်၏။ ပြိုင်ပွဲဝင်နေရာသည် သေချာပေါက်ပင် သူမအတွက်မဟုတ်ဘဲရီရှောက်ဖန်အတွက်ဖြစ်သည်။ အကယ်၍သူသည် နိုင်ငံဆယ်နိုင်ငံပြိုင်ပွဲတွင် နဂါးနက်အင်ပါယာကိုကိုယ်စားပြုနိုင်လျှင် နဂါးနက်လျှို့ဝှက်နယ်မြေတွင်အောင်ပွဲခံနိုင်မည်ဖြစ်၏။

နဂါးနက်လျှို့ဝှက်နယ်မြေသည် နဂါးနက်အင်ပါယာ၏ အရေးကြီးဆုံးအရင်းအမြစ်ဖြစ်သည်။ နဂါးနက်လျှို့ဝှက်နယ်မြေသို့ဝင်ရောက်ရန် အရည်အချင်းသည် အလွန်ရှားပါးသောကြောင့် ၎င်းတို့သည် မင်းသားသို့မဟုတ် မင်းသမီးများဖြစ်စေကာမူ ပမာဏများစွာပံ့ပိုးထားခြင်းမရှိပါက ဝင်ရောက်ခွင့်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဆယ်နိုင်ငံပြိုင်ပွဲသည် အမှန်တကယ်ပင် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

မင်းသမီးကျွင်းလုံသည် ပြိုင်ပွဲဝင်ရန်နေရာတစ်ခု လိုချင်ကြောင်းကြားသည့်အခါ နဂါးနက်ဘုရင်သည် ခဏမျှတုံ့ဆိုင်းသွား၏။ မင်းသမီးကျွင်းလုံလက်ထပ်ပြီးသောအခါ နဂါးနက်ဘုရင်သည် တစ်ကိုယ်တည်းကျင့်ကြံနေသောကြောင့် ရီရှောက်ဖန်သည်အရည်အချင်းရှိသူဖြစ်ကြောင်းကို ကြားသိခဲ့ရသော်လည်း လူကိုယ်တိုင်မတွေ့ခဲ့ရပေ။ ဆယ်နိုင်ငံပြိုင်ပွဲသည် နောက်နှစ်ပေါင်းထောင်ချီအတွက် နဂါးနက်အင်ပါယာ၏ အရင်းအမြစ်ခွဲဝေမှုကို ကိုယ်စားပြုသောကြောင့် ပေါ့ပေါ့တန်တန်သဘောမထားနိုင်ချေ။ ဂရုတစိုက်ရွေးချယ်ပြီးနောက် ယှဉ်ပြိုင်သူနေရာများကိုပေးခဲ့သည်။

ထိုအချိန်တွင် နဂါးနက်မင်းသားသည် စကားစလာ၏။

"မင်းသမီးကျွင်းလုံ မင်းက အရမ်းမစဉ်းမစားလုပ်နေတာ။ တော်ဝင်သားမက်လောက်သာရှိတဲ့သူက ဘယ်နေရာကမှန်းမသိတဲ့ အဆင့်နိမ့်ကျင့်ကြံသူလေ၊ ဆယ်နိုင်ငံယှဉ်ပြိုင်မှုမှာ နဂါးနက်အင်ပါယာကို ကိုယ်စားပြုဖို့ ဘယ်လိုအရည်အချင်းများရှိလို့လဲ”

နဂါးနက်မင်းသားသည် မင်းသမီးကျွင်းလုံကို မထီမဲ့မြင်ပြုကာကြည့်နေလေသည်။ လက်ရှိတွင် နဂါးနက်အင်ပါယာကို အမွေဆက်ခံရန် အကောင်းဆုံးမျှော်လင့်ချက်ရှိသူနှစ်ဦးမှာ နဂါးနက််မင်းသားနှင့် မင်းသမီးကျွင်းလုံတို့ဖြစ်သည်။ ယခုတွင် မင်းသမီးကျွင်းလုံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် အခွင့်အရေးရှိသောကြောင့် နဂါးနက်မင်းသားသည် ၎င်းကိုလက်လွတ်မခံပေ။ သူသည် မင်းသမီးကျွင်းလုံကို အချစ်ရူးတစ်ယောက်ဖြစ်လာရန် သင်ကြားပေးခဲ့သည့် ရီရှောက်ဖန်ကိုပင်ကျေးဇူးတင်နေသည်။

အရာရှိအများအပြားသည် နဂါးနက်မင်းသား၏ပြောဆိုမှုကိုသဘောတူကြကာ မင်းသမီးကျွင်းလုံသည် ရေရှည်မတွေးတောတတ်ကြောင်းစွပ်စွဲခဲ့ကြ၏။ ထိုအရာရှိများကြားတွင် လီရှု၏မျက်လုံးများသည် အရောင်လက်သွားသည်။ သူ့အခွင့်အရေးရောက်လာမှန်းသိသောအခါ

“မင်းသား၊ မင်းရဲ့စကားက ဘက်လိုက်နေတာပဲ၊ တော်ဝင်သမက်ကိုတောင် မတွေ့ဖူးသေးတာကို အလျင်စလို ဆုံးဖြတ်လို့ရတယ်ပေါ့"

“လီရှု၊ မင်း…”

လီရှုသည် နဂါးနက်မင်းသား၏ဘက်တွင်ရှိခဲ့ဖူးရာ ရုတ်တရက် မင်းသမီးကျွင်းလုံအတွက် စကားပြောဆိုလာမည်ဟုမထင်မှတ်ခဲ့ပေ။ နဂါးနက်မင်းသားသည် လီရှုကို သတ်လိုသောစိတ်အပြည့်မျက်လုံးများဖြင့်ကြည့်ကာ သစ္စာဖောက်ခံရသကဲ့သို့ခံစားရသည်။ မင်းသမီးကျွင်းလုံသည်ပင် အံ့ဩသွားခဲ့၏။ လီရှုသည် မည်သည့်အရာကိုကြံစည်နေပါသနည်း။

တော်ဝင်သမက်သည် အားကိုးနိုင်သောစွမ်းအားရှင်အစစ်အမှန်ဖြစ်ကြောင်းကိုမူ လီရှုတစ်ဦးတည်းသာလျှင် သိ၏။ ၎င်းသည် အနာဂတ်တွင် ရွှေအင်မော်တယ်သတ္တဝါများထက် သာလွန်သော ကမ္ဘာ့ဆရာကြီးဖြစ်လာမည်ဖြစ်သည်။ နဂါးနက်အင်ပါယာသည် ရွှေအင်မော်တယ်ရှေ့တွင် မည်သည့်အရာမျှမဟုတ်ချေ။ ယခုအချိန်တွင် အခွင့်ကောင်းတစ်ခုရောက်လာပြီဖြစ်ရာ သူနှင့်လိုက်လျောညီထွေဖြစ်မည့်အခွင့်အရေးကို အဘယ်ကြောင့်လက်လွတ်ခံမည်နည်း။ နောက်ဆုံးတွင် လီရှု၏စကားကြောင့်ဖြစ်မည်၊ နဂါးနက်ဘုရင်သည် စတင်စကားဆိုလာ၏။

"ကျွင်းလုံ၊ ဒါဆို မင်းရဲ့ခင်ပွန်းကို ဒီကိုခေါ်လာခဲ့၊ ဒါက သူ့ကိုတွေ့ဖို့ အခွင့်အရေးပေးလိမ့်မယ်။”

'ဟုတ်!"

မကြာမီတွင် မင်းသမီးကျွင်းလုံသည် ရီရှောက်ဖန်၏ဂူအိမ်သို့ ပြေးသွာကာ ပင်မခန်းမဆီသို့ ဆွဲခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် မင်းသမီးကျွင်းလုံသည် ရီရှောက်ဖန်ကို နဂါးနက်ဘုရင်နှင့်တွေ့သည့်အခါ ယဉ်ကျေးရိုကျိုးရန်အတွက်အကြံပေးခဲ့သည်။ သို့သော် မင်းသမီးကျွင်းလုံသည် ရီရှောက်ဖန်၏မျက်နှာရှိ ခနော်ခနဲ့အပြုံးကိုသတိမပြုမိလိုက်ပါချေ။

‘ခနနေ နဂါးနက်ဘုရင်ကို ဘယ်လိုခေါ်ရပါ့’

ခဏကြာပြီးနောက် ၎င်းတို့နှစ်ဦး ပင်မခန်းမဆီသို့ရောက်လာသည်။ ရီရှောက်ဖန်သည် နဂါးနက်ဘုရင်ကို တိတ်တဆိတ်ကြည့်ကာ အလယ်တွင်ရပ်နေလျက် ဦးမညွတ်သည့်အပြင် မည်သည့်အရာမျှမဆိုချေ။ ရီရှောက်ဖန်၏သဘောထားကို မြင်လိုက်ရသည့်အခါ နဂါးနက်မင်းသားသည် ဝမ်းသာသွားကာ

“မင်းက အဖေ့ကိုတွေ့တာတောင် မရိုမသေနဲ့ သတ္တိရှိနေတယ်ပေါ့” ဟူ၍ ပြစ်တင်ကြိမ်းမောင်းတော့သည်။

နောက်အခိုက်အတန့်တွင် ရီရှောက်ဖန်ကို အရှက်ရစေကာ မင်းသမီးကျွင်းလုံကို အရှက်တကွဲဖြစ်စေရန်ရည်ရွယ်လျက် ရီရှောက်ဖန်၏ဒူးများဆီသို့ စွမ်းအင်ရောင်ခြည်တန်းတစ်ခုကိုပစ်လိုက်၏။ မင်းသမီးကျွင်းလုံသည်လည်း ချက်ချင်းတုံ့ပြန်လိုက်ကာ နဂါးနက်မင်းသား၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ထို့နောက် သူမသည် ရီရှောက်ဖန်ကို လက်မှအလျင်အမြန်ဆွဲထူလိုက်ကာ ထိုလူကိုအသိအမှတ်ပြုစေခဲ့သည်။ ရီရှောက်ဖန်သည် သူ့မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။ ‘နေပါဦး၊ ငါ သူ့ကို ဘယ်လိုအသိအမှတ်ပြုရမှာတုန်း’ ၎င်းကိုမြင်သည့်အခါတွင် နဂါးနက်ဘုရင်သည် နောက်ဆုံးတွင် သူ့အာရုံထဲ၌ ပြန်ပေါ်လာ၏။

'ရီရှောက်ဖန်, ရီဖန်!'

သူ့သားမက်သည် သူဖြစ်နေ၏။ နဂါးနက်ဘုရင်သည် နဂါးမျိုးရိုးအကြီးအကဲက ရီဖန်ကို အစ်ကိုအဖြစ် ပြောဆိုခဲ့သည့် မြင်ကွင်းကိုမမေ့ချေ။ ထို့အပြင် ရီဖန်၏ ကြောက်စရာကောင်းသော အထောက်အထားသည် နဂါးမျိုးနွယ်စုမှပင် ဝန်ခံခဲ့ရသည့်အရာဖြစ်သည်။ သူသည် ရီဖန်ကို "မဟာဘိုးဘေး" ဟုလည်း တလေးတစားခေါ်ခဲ့ကာ ရီဖန်နှင့် ဆက်ဆံရေးထူထောင်ရသည့်အတွက်ပင် ကျေနပ်နေခဲ့သည်။ ရီဖန်ကို သူ့အား အရိုအသေပေးစေရမည်လော။ ထိုအဖြစ်အပျက်များကို တွေးတောရင်း နဂါးနက်ဘုရင်သည် ရုတ်တရက် ဒူးထောက်ချမိမတတ်အားနည်းလာသည်။

မီးတောက်တစ်ချက်နှင့်အတူ နဂါးနက်ဘုရင်သည် နဂါးနက်မင်းသားထံသို့ ဦးစွာသွားကာ သူ့ကိုရိုက်ချလိုက်သည်။ ထို့နောက် သူသည် ရီရှောက်ဖန် ၏နံဘေးသို့ လျင်မြန်စွာလျှောက်သွားကာ နောက်ဆုံးတွင် သူသည်စကားဆိုလိုက်၏။

“နဂါးနက်က မဟာဘိုးဘေးကို ရိုသေစွာဂါရဝပြုပါတယ်”

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံးသည် ရီရှောက်ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ 'မင်းသမီးကျွင်းလုံ သမက်တော်၊ ရီရှောက်ဖန်သည် နဂါးနက်ဘုရင် မဟာဘိုးဘေးဖြစ်သလော’ ၎င်းဆက်ဆံရေးသည် လူတိုင်းကို ခေါင်းမူးစေခဲ့၏။

‘သားမက်၊ မဟာဘိုးဘေး၊ ဇနီး ခင်ပွန်း?’ အရာအားလုံး လုံးဝရှုပ်ထွေးနေခဲ့သည်။

……………………..

အခန်း ၁၆၇ - သခင်မရေ၊ မင်း ရီမိသားစုကို ဘာမှမဖြစ်စေချင်ဘူး ဟုတ်?

နဂါးနက်မင်းသားသည် နောက်ဆုံးတွင်တုံ့ပြန်နိုင်ခဲ့ကာ သူ့တစ်ကိုယ်လုံးအားနည်းလျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မင်းသမီးကျွင်းလုံ၏ တော်ဝင်သမက်တော်မှာ အံ့အားသင့်စရာဖြစ်ကာ သူ့အဖေ၏ဦးရီးတော်ဖြစ်နေသည်။ မင်းသမီးကျွင်းလုံကို အရှက်ခွဲရန်အတွက် သူ့ကိုယ်သူအရှက်ကွဲစေခဲ့ရခြင်းဖြစ်နေ၏။ အခြားသူများသည် နဂါးနက်ဘုရင်၏စွမ်းအားကို မသိနိုင်သော်လည်း သူ၏သားတော်သည် မည်ကဲ့သို့ မသိနိုင်ဘဲရှိမည်နည်း။

၎င်းသည် အမှန်တကယ်ပင် ရွှေအင်မော်တယ်အင်အားစုဖြစ်ကာ လေးပင်လယ်နဂါးမျိုးနွယ်စုဝင်ဖြစ်၏။ ၎င်းတို့၏ နဂါးနက်အင်ပါယာသည် မယုံကြည်နိုင်လောက်အောင် ရပ်တည်နိုင်ရသည့်အကြောင်းရင်းမှာ ၎င်းတို့နောက်ကွယ်မှ လေးပင်လယ်နဂါးမျိုးနွယ်စု၏ ပံ့ပိုးကူညီမှုရရှိထားခြင်းကြောင့် ဖြစ်ကာ လေးပင်လယ်နဂါးမျိုးနွယ်ကို ပြစ်မှားမိပါက နဂါးနက်အင်ပါယာတွင် ရာဇ၀တ်ကောင်အဖြစ် ရှုမြင်ခံရမည်ဖြစ်သည်။

နဂါးနက်မင်းသားသည် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူအမှန်တကယ်အဆုံးသတ်သွားပြီဖြစ်သည်။ အားလုံး၏ ရီရှောက်ဖန်ကို ကြည့်သည့်အကြည့်များသည်လည်း ပြောင်းလဲသွားသည်။ မူလက မင်းသားကိုအားကိုးသော အင်အားစုအားလုံးသည် ယခုမည်သို့ပြင်ဆင်ရမည်ကို စဉ်းစားနေကြပြီဖြစ်သည်။

နဂါးနက်မင်းသားကို ယုံကြည်စိတ်ချ၍မရတော့ပေ။ မင်းသမီးကျွင်းလုံ မှန်၏။ မင်းသမီးကျွင်းလုံသည် နဂါးနက်ဘုရင်၏ ချစ်လှစွာသော မင်းသမီးငယ်ဖြစ်သည်ကို မဆိုထားနှင့်၊ ရီရှောက်ဖန်၏ အထောက်အထားသည်ပင်လျှင် အခြားသော မင်းသား၊ မင်းသမီးများနှင့် မည်သည့်အရာမျှမသက်ဆိုင်နိုင်သည့် နဂါးနက်အင်ပါယာ၏ အနာဂတ်စွမ်းအားကို ကိုယ်စားပြုနေသည်။

မင်းသမီးကျွင်းလုံ တစ်ဦးတည်းသာလျှင် လောလောဆယ်တွင် အံ့ဩကျန်နေ၏။ ရီရှောက်ဖန်သည် ထူးချွန်ကြောင်း သူမသိသော်လည်း ရီရှောက်ဖန်သည် ဤမျှသာလွန်ကောင်းမွန်သည်ဟု သူမမသိခဲ့ပေ။ မကြာမီတွင် မင်းသမီးကျွင်းလုံလည်း စိတ်လှုပ်ရှားလာတော့သည်။ ဤမျှစွမ်းအားကြီးသော ခင်ပွန်းရှိနေသည့်အတွက် သူမသည် အနာဂတ်တွင် သူမလိုချင်သမျှကို လုပ်နိုင်တော့မည်။

"အဖေ၊ ကျွန်တော့ကို ရှောက်ဖန်လို့ ခေါ်နိုင်ပါတယ်။ ငြင်းခုံမနေပါနဲ့စို့"

အနည်းဆုံး သူသည် ယောက္ခမဖြစ်သူအတွက် မျက်နှာသာ ပေးရဦးမည်ဖြစ်သည်။ နဂါးနက်ဘုရင်သည် လျင်မြန်စွာတည်ငြိမ်သွား၏။

"ကောင်းပြီ၊ ရှောက်ဖန်၊ ငါ မင်းကို ရှောက်ဖန်လို့ပဲခေါ်လိုက်မယ်"

သူ့ဆရာ၏အစ်ကိုသည် သူ့သားမက်ဖြစ်သွားသည်ကို စဉ်းစားရင်း နဂါးနက်ဘုရင်သည် စိတ်လှုပ်ရှားဘဲ မနေနိုင်တော့ချေ။ ‘ဟီးဟီး သူ့ဆရာလာတဲ့အခါ ရှောက်ဖန်လို့ခေါ်လိုက်ရမလား’ သို့သော် အကျိုးဆက်များကို တွေးတောရင်း နဂါးနက်ဘုရင်သည် တုန်လှုပ်သွားကာ ထိုအကြံကို စွန့်လွှတ်ရန်သာစဉ်းစားလိုက်သည်။ သူ့ကို ဤကဲ့သို့ခေါ်ဆိုရဲပါက နဂါးနှင်တံနှင့်ရိုက်ခံရမည်ကို ကြောက်ပါသေး၏။

ရီဖန်၏အရည်အချင်းများကို မည်သူမျှ ထပ်မံကန့်ကွက်ခြင်းမရှိသောကြောင့် သဘာဝကျစွာပင် ရီဖန်သည် ဤဆယ်နိုင်ငံပြိုင်ပွဲတွင် နဂါးနက်အင်ပါယာကို ကိုယ်စားပြုနိုင်သည်။ ရီဖန်သည် နဂါးနက်လျှို့ဝှက်နယ်မြေသို့ပါဝင်ခွင့်ရခဲ့ကာ မင်းသမီးကျွင်းလုံသည်လည်းအလားတူပင်။

သုံးရက်အကြာတွင် နဂါးနက်အင်ပါယာတစ်ခုလုံးသို့ သတင်းပျံ့နှံ့သွားသည်။ နဂါးနက်တော်ဝင်သမက်ဘွဲ့ကို ကျွင်းလုံ၏ခင်ပွန်းထံသို့ အပ်နှင်းခဲ့ကာ ရီရှောက်ဖန်သည် နဂါးနက်ဘွဲ့နှင့် ပတ်သက်သော ပထမဆုံး တော်ဝင်သားမက်ဖြစ်လာ၏။ လူများစွာသည် ရီရှောက်ဖန်ကို မနာလိုဖြစ်ခဲ့ကြသည်။

၎င်းသည် အမှန်တကယ်ပင် ဇိမ်ကျစွာနေထိုင်မှုပုံစံဖြစ်သည်။

ရီရှောက်ဖန်၏အထောက်အထားကို တရားဝင်တံဆိပ်ခတ်ထားပြီးဖြစ်သည်။ ရီရှောက်ဖန်သည် အခြားသူများကို အားကိုးနေသည်ဟုသာ ထင်ခဲ့ကြသော်လည်း သူ့အပေါ်မှီခိုနေသည်မှာ နဂါးနက်အင်ပါယာကြီးတစ်ခုလုံးဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။

…..

ရီမိသားစု၏သွေးကြောများထဲတွင် ရီဖန်ကိုယ်တိုင် အရွက်တစ်ထောင်တောင်တန်းဟုအမည်ပေးထားသည့်နေရာ၌ အလယ်အလတ်အဆင့်ဝိညာဉ်သွေးကြောကို ထပ်မံထည့်သွင်းခဲ့သည်။ ရန်ဟွမ်နယ်နယ်မြေသည် တဖြည်းဖြည်းပြောင်းလဲလာသည်နှင့်အမျှ ဝိညာဉ်သွေးပြန်အသစ်များစွာ ပေါ်လာသောကြောင့် ရီဖန်သည် ဤဝိညာဥ်သွေးကြောများကို မဖြုန်းတီးဘဲ ၎င်းတို့အားလုံးကို ရီမိသားစု၏ ဝိညာဉ်သွေးကြောထဲသို့ပြောင်းရွေ့ခဲ့သည်။

စိတ်ဝိညာဉ်သွေးကြောအသစ်များ၏ စဉ်ဆက်မပြတ်ပေါင်းစပ်မှုနှင့်အတူ ယခုအခါတင် ရီမိသားစု၏ ဝိညာဉ်သွေးကြောများအဆင့်သည် နောက်ဆုံးတွင် ထိပ်ဆုံးသို့ အဆင့်မြှင့်တင်သွားခဲ့သည်။ အဆင့်မြင့်ဝိညာဉ်သွေးကြောများသည် ထိပ်တန်းဝိညာဉ်သွေးကြောဆယ်ခုနှင့်ညီမျှသည်။

အဆင့်မြင့်ညာဉ်သွေးကြောများဖြင့် ရီမိသားစုသည် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများကို တူးဖော်နိုင်ရုံသာမက ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအရှိန်ကိုလည်း များစွာတိုးစေမည်ဖြစ်သည်။အဆင့်မြှင့်တင်မှုပြီးသွားသောအခါ အရွက်တစ်ထောင်တောင်တန်းများပေါ်တွင် ကွဲလွဲချက်တစ်ခုပေါ်လာသည်။ ရီဖန်သည် ရီမိသားစုအတွင်းရှိ ဝိညာဉ်စွမ်းအား၏သိပ်သည်းဆကို ခံစားလိုက်ရကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ဆယ်နိုင်ငံပြိုင်ပွဲအတွက် စတင်စီစဉ်ခဲ့၏။

ရီဖန်၏ လက်ရှိအခင်းအကျင်းအဆင့်သည် အဆင့်တစ်ဆယ်၏ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ကာ အဆင့်ဆယ့်တစ်သို့ ဖြတ်ကျော်ရန်မှာ အချိန်အတော်အတန်ကြာနိုင်သေးသည်။ အဆင့်တစ်ဆယ်သည် မဟာယာနနယ်မြေကို ကိုယ်စားပြုကာ အဆင့်ဆယ့်တစ်သည် စစ်မှန်သောအင်မော်တယ်အခင်းအကျင်းဖြစ်သည့်အတွက် သဘာဝကျစွာပင် ဖြတ်ကျော်နိုင်ရန်မလွယ်ကူချေ။

ရီမိသားစု၏ ဝိညာဉ်သွေးကြောများကြောင့်ဖြစ်ပေါ်လာသော ကြီးကျယ်ခမ်းနားသည့်ဖြစ်စဉ်သည် အနီးနားရှိအင်အားစုများ၏အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။ ၎င်းတို့အနက်တွင် ကမ္ဘာ့နဂါးအိမ်တော်၏ ပထမဆုံးမိသားစုဖြစ်သည့် လျို့သားစုပါဝင်သည်။

ကမ္ဘာ့နဂါးအိမ်တော်သည် နဂါးနက်အင်ပါယာတွင် အလယ်အလတ်မှ အောက်အဆင့်သာရှိသော်လည်း အခြေခိုင်မာသောမိသားစုများစွာရှိ၏။ လျို့မိသားစု၏ စွမ်းအားအကြီးဆုံးအဖွဲ့ဝင်သည် မဟာယာနနယ်ပယ်တွင်သာရှိသည်။ သို့သော်၊ ၎င်း၏အဖွဲ့ဝင်တစ်ဦးသည် နဂါးနက်အင်ပါယာ၏အရေးကြီးသော နဂါးနက်အစောင့်ဌာနတွင် ရာထူးကြီးသောရာထူးကိုရရှိထားသောကြောင့် ၎င်းတို့သည်သိသာထင်ရှားသောအင်အားနှင့် ဩဇာကိုရရှိထားသည်။ သာမန်လူသားအင်မော်တယ်မိသားစုများပင်လျှင် လျို့မိသားစုကိုရန်မစရဲချေ။

ထို့ကြောင့် လျို့မိသားစုသည် မာနကြီး၍ ချုပ်ချယ်သောသဘာဝရှိကာ ကမ္ဘာ့နဂါးအိမ်တော် အတွင်းရှိ ကောင်းမွန်သောအရင်းအမြစ်များကို အမြဲရရှိရန် ကြိုးစားခဲ့သည်။ ယခုအခါ ကမ္ဘာနဂါးစံအိမ်တွင် အဆင့်မြင့်ဝိညာဉ်သွေးကြောတစ်ခု ပေါ်လာသဖြင့် လျို့မိသားစုသည် လက်လွတ်ခံမည်မဟုတ်ချေ။

နဂါးနက်အင်ပါယာ၏ တစ်ခုတည်းသော အင်မော်တယ်အဆင့်ဝိညာဉ်သွေးကြောကို တော်ဝင်မိသားစုကသိမ်းပိုက်ထားသည်။ အဆင့်မြင့်ဝိညာဉ်သွေးကြောများသည် အချို့သော လူသားအင်မော်တယ်မိသားစုများကသာ သိမ်းပိုက်နိုင်သည်။ မဟာယာနနယ်မြေရှိမိသားစုအနေဖြင့် လျို့မိသားစုသည် အရည်အချင်းပြည့်မီခြင်းမရှိချေ။

ယခုအချိန်တွက် ထိုသို့သောအခွင့်အရေးတစ်ခု ပေါ်ပေါက်လာသောကြောင့် လျို့မိသားစု၏ မိသားစုအကြီးအကဲသည် ၎င်း၏ဆွေမျိုးနှစ်ဦးနှင့်အတူ အရွက်တစ်ထောင်တောင်တန်းဆီသို့ ချက်ချင်းသွားခဲ့သည်။ အဆင့်မြင့်သွေးကြောကို အခြားမိသားစုက သိမ်းပိုက်လိုက်ကြောင်းတွေ့ရသည့်အခါ လျို့မိသားစုသည် များစွာဂရုမစိုက်ခဲ့ချေ။

လျို့မိသားစုဖြစ်သည့် ၎င်းတို့၏အထောက်အထားကို ချပြလိုက်ပါက ဤမိသားစုငယ်လေးသည် ဝိညာဉ်သွေးကြောကို လက်လျော့ကာစွန့်ခွါရမည်ဖြစ်၏။ ဤယုံကြည်မှုသည် ကမ္ဘာမြေနဂါးအိမ်တော်ကို နှစ်ထောင်ပေါင်းများစွာ အုပ်စိုးခဲ့သောကြောင့် ရရှိလာခြင်းဖြစ်မည်။ လျို့မိသားစု၏ မိသားစုအကြီးအကဲ လျို့ရီဟယ်သည် ရီမိသားစု၏အရှေ့တံခါးသို့ အမြန်ရောက်ရှိလာကာ တောင်းဆိုခဲ့သည်။

လျို့မိသားစုခေါင်းဆောင်က တွေ့ဆုံရန်တောင်းဆိုကြောင်း ရီဖန်ကြားသောအခါတွင် ငြင်းဆန်ခြင်းမရှိဘဲ ၎င်းတို့ကို ဝင်ခွင့်ပြုခဲ့သည်။ လျို့ရီဟယ်နှင့် သူ၏ဆွေမျိုးများသည် ရီမိသားစုအိမ်သို့ ခြေချသည်နှင့်တပြိုင်နက် ထိုနေရာ၌ ပြည့်လျှံနေသော ပြင်းထန်သည့်ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရကာ ၎င်းတို့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

ဤရီမိသားစု၏အင်အားသည် ဤမျှအားကောင်းသော အခင်းအကျင်းကို ထူထောင်ထားနိုင်ပုံရကာ မဆိုးလှချေ။ သို့သော် အနာဂတ်တွင် ၎င်းသည် လျို့မိသားစု၏အပိုင်ဖြစ်လာလိမ့်မည်။ လျို့မိသားစု ပြောင်းရွှေ့ပြီးသည်နှင့် ၎င်းတို့သည်အခြားတစ်ခုကို တည်ဆောက်ရန် မလိုအပ်တော့ပေ။ အမှန်ပင် လျို့ရီဟယ်သည် အဆင့်မြင့်ဝိညာဉ်သွေးပြန်ကြောကို စိတ်ဝင်စားရုံသာမက ရီမိသားစု၏နယ်မြေကိုလည်း မျက်စောင်းထိုးနေခဲ့သည်။

"မင်းက ရီမိသားစုရဲ့ မိသားစုအကြီးအကဲရီဖန်လား"

လျို့ရီဟယ်သည် ရီဖန်ကိုစိုက်ကြည့်ကာ ဘာမှမထူးခြားဘဲ ပြောလိုက်သည်။

"ငါက ရီဖန်ပါ၊ မျိုးနွယ်စုခေါင်းဆောင်လျို့ ဘာလို့လာလည်တာလဲ မေးလို့ရမလား"

လျို့ရီဟယ် စကားပြောခါနီးတွင် ချောမောလှပသောရုပ်သွင်ကို သတိပြုမိလိုက်သည်။

အစမှအဆုံးထိ ရီဖန်နောက်လိုက်ကာ ရီမိသားစု၏အတွင်ရေးကိစ္စများကို နှစ်ပေါင်းများစွာ စီမံလာသောကြောင့် စုယန်သည်လည်းသန်မာလာကာ သူမ၏ရောင်ဝါသည် သဘာဝကျစွာပင် မပျော့ညံ့ပေ။

သူမ၏ ရင့်ကျက်သည့်အမူအရာသည် မခံနိုင်လောက်အောင်ဆွဲဆောင်မှုရှိကာ ရီဖန်ပင်လျှင် သူမကိုအထင်မကြီးဘဲမနေနိုင်ချေ။

စုယန်သည် တစ်ချိန်ကသာမန်ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မည်သူမျှမပြောနိုင်ဘဲရှိသည်။ စုယန်ကိုမြင်လိုက်သောအခါ လျို့ရီဟယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အင်မော်တယ်တာအိုကို ကျင့်ကြံခဲ့သော်လည်း သူအကြိုက်ဆုံးမှာ ပျော်ရွှင်စွာပေါင်းစည်းခြင်းလမ်းကြောင်းဖြစ်၏။ သူ၏မောင်းမဆောင်တွင် ထောင်နှင့်ချီသည့်မိန်းမများရှိကာ သူ့ထံတွင်အိမ်ထောင်ရှင်အမျိုးသမီးများကို အထူးချစ်ခင်မြတ်နိုးမှုရှိသောကြောင့် သူသည်အခြားကမ္ဘာတွင် ဖောက်ပြန်သူအဖြစ် လူသိများသည်။

စုယန်သည် လျို့ရီဟယ်၏အကြည့်ကို ခံစားလိုက်ရကာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ ရီမိသားစု၏ ဧည့်သည်များကို ဧည့်ခံရန်လိုအပ်ခြင်းမရှိပါက စုယန်သည် လျို့ရီဟယ်၏မျက်လုံးများကို ဖောက်ထုတ်ပစ်လိမ့်မည်။ ရီဖန်သည်လည်း လျို့ရီဟယ်၏အကြည့်ကို သတိပြုမိကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီအမျိုးသမီးက ငါသိဖူးတဲ့လူနဲ့ တော်တော်တူတာပဲ" လျို့ရီဟယ်သည် တမင်တကာပြောလိုက်၏။

"ကျွန်မက ရှင့်အမေနဲ့များတူတာလား? ငယ်တုန်းကအချစ်မခံခဲ့ရလိူ့လား"

စုယန်သည် တိုတိုတုတ်တုတ်ပြန်ဖြေသည်။

"မင်းက လျို့မိသားစုရဲ့မျိုးနွယ်စုခေါင်းဆောင်ကို ဒီလိူပြောရအောင်၊ မင့်ကိုယ်မင်းဘာထင်နေတာလဲကွ"

မျိုးနွယ်စုဝင်တစ်ဦးသည် ချက်ချင်းပင်ဒေါသပေါက်ကွဲကာ လှုပ်ရှားတော့မည်ဖြစ်သော်လည်း လျို့ရီဟယ်က ရပ်တန့်စေခဲ့သည်။ ပြင်းထန်သောစိတ်ဓာတ်ကို သူနှစ်သက်၏။

"မင်းငါ့ကို မရိုမသေလုပ်ရဲတာ မင်းရဲ့သတ္တိကို ငါလေးစားပါတယ်"

"မင်းငါတို့ လျို့မိသားစုကို ရန်စဝံ့ရင် မင်းကိုငဲ့ညှာမပေးတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"

“လူတွေကို ချန်ထားခဲ့၊ ပြီးရင် ဝိညာဉ်သွေးကြောနဲ့ ဒီနယ်မြေကထွက်သွား၊ ငါ မင်းကို ထွက်သွားဖို့ အခွင့်အရေးတစ်ခုပေးမယ်။"

"သခင်မရေ၊ မင်းမိသားစုကို မပျက်စီးစေချင်ဘူးမလား"

……………….

အခန်း ၁၆၈ - လျို့မိသားစုတော့ သွားရှာပြီ

ဇာတ်ကြောင်းအပြည့်အစုံအတိုင်းပင် လျို့ရီဟယ်သည် သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလာ၏။ သူသည် ဝိညာဉ်သွေးကြောနှင့် လူကို လိုချင်သည်။ လျို့ရီဟယ်၏ စကားလုံးများသည် ရီဖန်ကိုရယ်မောစေခဲ့သည်။

"ငါအရမ်းသိချင်တာပဲ၊ လျို့မိသားစုက ရီမိသားစုကို ဒုက္ခဖြစ်ပေးဖို့သတ္တိ ဘယ်ကရတာပါလိမ့်နော်"

ရီဖန်၏အထောက်အထားကို ဖော်ထုတ်ပြီးနောက်၊ နဂါးနက်အင်ပါယာ၏မိသားစုများသည် ရီမိသားစုကို ရန်စရန်နေနေသာသာ ကြောက်ရွံ့သင့်သည်မဟုတ်လော။ လျို့မိသားစု၏အဆင့်အတန်းသည် နိမ့်ပါးလွန်းသောကြောင့် ရီဖန်၏အထောက်အထားကို သိရန်ပင် အခွင့်အရေးမရှိကြရှာပေ။

ရီဖန်ကိုယ်တိုင်အရေးမယူဘဲ စုယန်က အစားလှုပ်ရှားခဲ့သည်။ စုမိသားစုမှ အမျိုးသမီးများသည် များသောအားဖြင့် အရေးယူလေ့မရှိသော်လည်း ၎င်းတို့သည်အားနည်းသည်ဟု မဆိုလိုပေ။ စုယန်၏စွမ်းအား ပေါက်ကွဲသွားသောအခါ လျို့ရီဟယ်ကို ကောင်းကင်သို့တိုက်ရိုက် လွှင့်ထွက်သွားစေခဲ့ကာ ရီမိသားစုမှ အမျိုးသမီးတစ်စုသည် ချက်ခြင်းရောက်ရှိလာ၏။

" ရီမိသားစုက အမျိုးသမီးတွေကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ"

မုရွေ့ချင်းကဲ့သို့သောလူများ၏ ကျင့်ကြံမှုအဆင့်များသည် အနည်းဆုံးမဟာယာနနယ်ပယ်တွင်ဖြစ်သည်။ မဟာယာနနယ်ပယ်ရှိ ကျင့်ကြံသူဒါဇင်များစွာဖြင့် ဝန်းရံထားသောကြောင့် လျို့ရီဟယ်နှင့် လျို့မိသားစုမှ ကျင့်ကြံသူနှစ်ဦးတို့သည် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

‘ဘာဖြစ်တာလဲ?’

‘အမျိုးသမီးတွေက ဘာလို့ခုန်ထွက်လာကြတာလဲ’ ‘သူတို့တစ်ယောက်ချင်းစီတိုင်းရဲ့ ကျင့်ကြံမှုက ဘာလို့ သူ့ထက်မနိမ့်ကျတာလဲ’

ရီမိသားစုမှ အမျိုးသမီးများသည် အမြင့်ဆုံးသောကျင့်ကြံမှုအဆင့်များ ရှိနိုင်သလော။

ဤရီဖန်ကို ဤအမျိုးသမီးများကထိန်းထားသလော။ မဟာယာနနယ်ပယ်ရှိ အမျိုးသမီးကျင့်ကြံသူအုပ်စု၏ ဝန်းရံခြင်းခံနေရသလော။

ဤအတွေးများဖြင့် မနာလိုစိတ်သည် လျို့ရီဟယ်၏နှလုံးသားကို လွှမ်းခြုံသွားသည်။ သူသည် ပျမ်းမျှအရည်အချင်းရှိသော အမျိုးသမီးအချို့ကိုသာ ထိန်းထားရန်တတ်နိုင်သော်လည်း ရီဖန်သည် အစွမ်းထက်သောအမျိုးသမီးကျင့်ကြံသူအများအပြားကို အဘယ်ကြောင့် ထိန်းသိမ်းထားနိုင်ရသနည်း။ အရည်အချင်းရှိသည့် သူသည် အမျိုးသမီးကျင့်ကြံသူများကို အဘယ်ကြောင့်မဆွဲဆောင်နိုင်ရသနည်း။ ရီဖန်သည် သူ့ထက် အဆပေါင်းဘီလီယံချီကာ ပိုချောနေ၍လော။

‘ဒါမျိုးကို ငါလက်မခံဘူး!’

လက်စားချေချင်သည်၊ ရီဖန်ကိုသတ်ချင်သည်။ ထိုသို့ပြောပြီးနောက် လျို့ရီဟယ်သည် လျို့မိသားစု၏ အားကိုးရသည့် နဂါးနက်အစောင့်တပ်မှူးဖြစ်သော သူ၏အစ်ကိုကြီးလျို့ရီဟိုင်ကို ချက်ချင်းအကြောင်းကြားလိုက်သည်။ လေဟာနယ်လမ်းကြောင်းတစ်ခုသည် ဆုတ်ဖြဲဖွင့်ဟခံခိုက်ရကာ ခံ့ညားထည်ဝါသော လှေပျံတစ်စင်းသည် လေဟာနယ်လမ်းကြောင်းထဲမှ ထွက်လာသည်။ နဂါးနက်တစ်ကောင်သည် လှေပျံရှေ့တွင် ဂုဏ်ယူစွာရပ်နေ၏။

ဤသည်မှာ နဂါးနက်အစောင့်တပ်၏ သီးသန့်လှေပျံဖြစ်သော နဂါးနက်လှေပျံဖြစ်သည်။ မကြာမီတွင် လှေပျံ၏စွမ်းအားအကာပွင့်လာကာ အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူတစ်စုသည် လျို့ရီဟယ်ထံသို့ ပြေးထွက်လာသည်။

"အကိုကြီး၊ သူကျွန်တော့ကိုသတ်ချင်နေတာ။ အစ်ကိုကြီး လက်စားချေဖို့ကူညီပေးရမယ်"

လျို့ရီဟယ်သည် လျို့ရီဟိုင်ကိုမြင်သောအခါ မယုံနိုင်လောက်အောင် ဝမ်းနည်းလာသည်။

"ငါတို့ လျို့မိသားစုကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ"

ရီမိသားစု၏အဖွဲ့ဝင်များကို စစ်ဆေးနေစဉ် လျို့ရီဟိုင်၏မျက်လုံးများသည်စူးရှနေ၏။

မည်သူကမှန်သည်မှားသည်မှာ လျို့ရီဟိုင်အတွက် အရေးမကြီးပေ။ လျို့မိသားစုကို အနိုင်ကျင့်ဝံ့သူသည် သေတွင်းတူးနေခြင်းဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့နဂါးအိမ်တော်ဖြစ်ကာ၊ လျို့မိသားစု၏နယ်မြေဖြစ်သည်။ သူသည်လည်း ကမ္ဘာ့နဂါးအိမ်တော်၏ ကမ္ဘာ့ဘုရင်ဖြစ်သည်။

လျို့ရီဟိုင်သည် ရီဖန်ကို စစ်ဆေးနေသကဲ့သို့ ရီဖန်သည်လည်း နဂါးနက်အစောင့်တပ်ကို စစ်ဆေးနေသည်။

နဂါးနက်ဘုရင်၏စွမ်းရည်များသည် အမှန်တကယ်အထင်ကြီးစရာပင်။ ဤနဂါးနက်အစောင့်များသည် တာ့ယွီမင်းဆက်၏ အဆင့်မြင့်တာ့ယွီအစောင့်တပ်သားများနီးပါးကောင်းသည်။ ရီဖန်၏အထင်အမြင်သေးမှုကို ခံစားလိုက်ရသဖြင့် လျို့ရီဟိုင်သည် ဒေါသထွက်ကာ ချက်ချင်း လှမ်းရိုက်လိုက်သည်။ မဟာယာနနယ်ပယ်၏ အထွတ်အထိပ်ရှိ ၎င်း၏ တိုက်ခိုက်မှုကြောင့် ကြီးမားသောစွမ်းအားများထွက်ပေါ်လာခဲ့သည်။ လက်ဖဝါးတစ်ချက်ရိုက်လိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီးသည် အရောင်ပြောင်းသွား၏။

သို့သော်လည်း နောက်အခိုက်အတန့်တွင် စုယန်သည် သူမ၏ တာအိုအနုပညာဖြစ်သည့် ဖီးနစ်လင်းကိုစတင်ခဲ့သည်။ ဖီးနစ်မီးတောက်များသည် ကောင်းကင်ကိုပြည့်လျှံသွားကာ လျို့ရီဟိုင်၏ တိုက်ခိုက်မှုကိုရပ်တန့်စေလျက် စွမ်းအားလျော့ပါးသွားခြင်းမရှိပဲ လျို့ရီဟိုင်ကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။ ဖီးနစ်မီးတောက်စွမ်းအားကို အာရုံခံမိလိုက်ရသဖြင့် လျို့ရီဟိုင်၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။

အနက်ရောင်ချပ်ဝတ်တန်ဆာသည် သူ့တစ်ကိုယ်လုံးကို ချက်ချင်းဖုံးလွှမ်းသွား၏။ နဂါးနက်ချပ်ဝတ်၊ ရှေ့ပြေးအင်မော်တယ်ပစ္စည်း။ ၎င်းသည် နဂါးနက်အင်ပါယာ၏ အင်မော်တယ်လက်နက်တစ်ခုဖြစ်ကာ နဂါးနက်အစောင့်တပ်မှူးဖြစ်သည့် သူ့အတွက်ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထိုအရာမရှိပါက သူသည် သေချာပေါက် ထိန်းထားနိုင်မည်မဟုတ်ချေ။ နဂါးနက်ချပ်ဝတ်သည် လျို့ရီဟိုင်ကို ဖုံးအုပ်ထားကာ အနက်ရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။

မီးတောက်နေသောဖီးနစ်သည်လည်း ပေါက်ကွဲသွားကာ ကောင်းကင်ကိုအနီရောင်ပြောင်းသွားစေခဲ့သည်။ နောက်ဆုံးတွင် နဂါးနက်ချပ်ဝတ်သည် ပျက်စီးလုနီးပါးဖြစ်ခဲ့သော်လည်း တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ စုယန်၏စွမ်းအားသည် လျို့ရီဟိုင်၏ခန့်မှန်းချက်ကို လုံးဝကျော်လွန်နေ၏။ ထိုအချိန်တွင် လျို့ရီဟိုင်သည် သူမကိုလျှော့တွက်ခြင်းမှ ရပ်တန့်လိုက်ပြီဖြစ်သည်။ စုယန်ကိုကြည့်သော သူ့မျက်လုံးများသည် သတိနှင့်ပြည့်နေသည်။

လျို့ရီဟယ်ကို နာကြည်းစွာစိုက်ကြည့်ရင်း လျို့ရီဟိုင်၏နှလုံးသားသည် ခါးသီးမှုများ ပြည့်နှက်နေသည်။ ဤလျို့ရီဟယ်သည် ဤမျှရက်စက်သည့်သူကို မည်သို့အာရုံစိုက်စေခဲ့သနည်း။ သို့သော် ယခုအချိန်တွင် သူသည် ရုန်းထွက်ရန်ခက်ခဲသည့်အခြေအနေတွင် ရှိနေသည်။ ရှုံးနိမ့်မှုကို လက်ခံရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် သူသည် နဂါးနက်အစောင့်တပ်ကိုသာ စည်းရုံးနိုင်သည်။

အတိတ်တွင် သူသည် လျို့မိသားစု၏ ပြဿနာများကို ဖြေဖျောက်ရန်အတွက် နဂါးနက်အစောင့်တပ်ကို စည်းရုံးခဲ့သော်လည်း မည်သည့်အခါကမှ မသုံးမချခဲ့ချေ။ နဂါးနက်အစောင့်တပ်သည် သူ၏ကိုယ်ပိုင်စစ်တပ်မဟုတ်ဘဲ နဂါးနက်အင်ပါယာနှင့်သက်ဆိုင်သည်။ ၎င်းကို ဖော်ထုတ်ခံရပါက အကျိုးဆက်သည် အလွန်ပြင်းထန်လိမ့်မည်ဖြစ်ကာ သူ့အရေခွံပင်လျှင် နွာခံရနိုင်သည်။ ယခုမူ မစည်းရုံးနိုင်ပါက လွတ်မြောက်နိုင်တော့မည်မဟုတ်ချေ။

"နဂါးနက်အစောင့်တပ်၊ ငါ့အမိန့်ကိုနာခံပြီး မဟာနဂါးနက်အခင်းအကျင်းနဲ့ ငါ့အတွက် ဒီသူပုန်တွေကို နှိမ်နင်းပေးပါ"

သူပြောပြီးသည်နှင့် လျို့ရီဟိုင်သည် ရီဖန်နှင့် အခြားသူများကို သူပုန်ဟုတံဆိပ်တပ်ခဲ့သည်။ လျို့ရီဟိုသည် အမိန့်ထုတ်ခဲ့သော်လည်း နဂါးနက်အစောင့်တပ်သည် တုံ့ဆိုင်းနေ၏။ သူတို့သည် လျို့ရီဟိုင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ကူညီရန် ဆန္ဒမရှိခဲ့ကြပေ။

"မင်းတို့ဘာလုပ်နေတာလဲ? ငါ့အမိန့်ကို ဖီဆန်နေတာလား"

သူတို့အပေါ် ကြီးမားသည့် တာဝန်တစ်ခု ချမှတ်ထားသောကြောင့် နောက်ဆုံးတွင် နဂါးနက်အစောင့်တပ်သည် စတင်လုပ်ဆောင်ခဲ့၏။ တပ်၏အမိန့်ကိုဖီဆန်ခြင်း၏ အကျိုးဆက်များမှာ အလွန်ပြင်းထန်သည်။ လျို့ရီဟိုင်၏ အမိန့်သည် မှားနေသော်လည်း ၎င်းတို့သည် မဖီဆန်နိုင်ပေ။

"သတ်!”

နဂါးနက်အခင်းအကျင်းသည် တခဏချင်းဖြစ်ပေါ်လာကာ ကြီးမားသောအနက်ရောင်နဂါးကြီးသည် ကောင်းကင်သို့ပျံတက်သွားပြီးနောက် နဂါးမျက်လုံးများမှာ ရီဖန်ကိုစိုက်ကြည့်နေသည်။ ဤအချိန်တွင် ရီဖန်သည် လှုပ်ရှားလိုက်၏။

"ငါ မင်းကို အခု ရပ်လိုက်ဖို့အမိန့်ပေးတယ်!"

နဂါးနက်အစောင့်တပ်များသည် နဂါးနက်အင်ပါယာ၏စစ်သားများဖြစ်ကြကာ ၎င်းတို့သည် သူတို့ဘက်တော်သားများဖြစ်သည်။ အသေအပျောက်များပါက ရီဖန်သည် သူ့ယောက္ခမကို ရှင်းပြနိုင်တော့မည် မဟုတ်ချေ။

"ဟာဟားဟား ရီဖန်၊ မင်းငါ့ရဲ့ နဂါးနက်အစောင့်တပ်ကို ဘာထင်နေလဲ"

ဒေသခံမိသားစုငယ်တစ်စုသည် နဂါးနက်အစောင့်တပ်ကို အမိန့်ပေးချင်သောကြောင့် လျို့ရီဟိုင်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။

"ဟားဟား၊ ငါမင်းကို အမိန့်ပေးလို့ရတဲ့ အခွင့်အာဏာကို ပြန်ပြပါရစေ" ရီဖန်လည်း ရယ်လိုက်ကာ အနက်ရောင်တိုကင်ကို ထုတ်ယူလိုက်သည်။

‘နဂါးနက်အမိန့်’

ရှေ့တွင် “နဂါးနက်အမိန့်” ဟူသော စကားလုံးသုံးလုံးနှင့် နောက်ကျောတွင် “ငါ ကိုယ်တိုင်ကိုယ်ကျ ရှိနေသကဲ့သို့” ဟူသော စာလုံးကြီးလေးလုံးဖြင့် တိုကင်သည် တဖြည်းဖြည်း ထင်ရှားလာသည်။

နဂါးနက်တော်ဝင်သမက်တော်ဘွဲ့ကို ရသောအခါတွင် ဤအမှတ်အသားကို ရီရှောက်ဖန်အား ပေးအပ်ခဲ့သည်။ ၎င်းဖြင့် နဂါးနက်အင်ပါယာတစ်ခုလုံး၏ ဝန်ကြီးများအားလုံးသည် ရီဖန်၏အမိန့်ကို လိုက်နာရမည်ဖြစ်သည်။ ရီဖန်ကို ရရှိရန်အတွက် နဂါးနက်ဘုရင်သည် အမှန်တကယ်ပင် ကြေးကြီးကြီးပေးထား၏။ ရီဖန်မှလွဲ၍ ယခင်နဂါးနက်မင်းသားနှင့် လက်ရှိမင်းသမီးကျွင်းလုံပင်လျှင် ၎င်းကိုလက်ခံရန် အရည်အချင်းမပြည့်မီပေ။

နဂါးနက်ဘုရင်၏ရောင်ဝါသည် နဂါးနက်တိုကင်မှ ထွက်လာသောအခါ နဂါးနက်အစောင့်တပ်များ ဒူးထောက်လိုက်ကာ လျို့ရီဟိုင်သည်လည်းအံ့အားသင့်သွားသည်။ ခဏအကြာတွင် လျို့ရီဟိုင်၏အသံသည် တုန်လှုပ်သွားပြီး

"မင်းတကယ်ဘယ်သူလဲ!"

"ငါကဘယ်သူလဲ။ ငါက ရီဖန်၊ နဂါးနက်တော်ဝင်သားမက်တော်ပဲ။ နဂါးနက်အစောင့်တပ်ရဲ့ အမြင့်ဆုံးအရာရှိကိုခေါ်လိုက် ”

နဂါးနက်အစောင့်တပ်၏ အမြင့်ဆုံးအရာရှိမှာ ပထမအဆင့်အရာရှိဖြစ်ကာ လျို့ရီဟိုင်သည် ဗိုလ်ချုပ်တစ်ယောက်သာဖြစ်သည်။ မဟုတ်ပါက ရီဖန်၏အမည်ကိုပင်လျှင် သူသိရမည်မဟုတ်ချေ။

"နဂါးနက်တော်ဝင်သားမက်၊ ဟားဟား၊ နဂါးနက်တော်ဝင်သားမက်တဲ့လား!"

စိတ်ပျက်အားငယ်မှုနှင့်အတူ ဟက်ဟက်ပက်ပက် ရယ်မောလျက် လျို့ရီဟိုင်သည် လက်ရှိအချိန်တွင် နဂါးနက်အင်ပါယာတွင် မည်သူသည် မထိသင့်ဆုံးသူဖြစ်သည်ကို သတိရလိုက်သည်။ ၎င်းသည် မင်းသားမဟုတ်၊ မင်းသမီးမဟုတ်ဘဲ နဂါးနက်တော်ဝင်သမက်ဖြစ်၏။ ကောလဟာလများအရ နဂါးနက်တော်ဝင်သမက်သည် တော်ဝင်သမက်တော်ဖြစ်သည်သာမက နဂါးနက်ဘုရင်၏ ဦးရီးတော်လည်းဖြစ်သည်။ ကောလဟာလတစ်ခုမျှသာဖြစ်သော်လည်း နဂါးနက်အင်ပါယာရှိ မည်သူမျှငြင်းဆိုခြင်းမရှိသောကြောင့် ၎င်းသည်အမှန်တရားဖြစ်ကြောင်း ထင်ရှား၏။

"လျို့မိသားစု....အဆုံးသတ်သွားပြီ!"

……………….

All Chapters