အခန်း ၁၇၅-၁၇၇
Vol. 12 Ch. 175-177
အခန်း ၁၇၅ - ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် လူကောင်းတစ်ယောက်ဖြစ်ပုံရသည်
ချွမ်ထျန်းအင်ပါယာ၏သံတမန်သည် နဂါးနက်ဘုရင်ကို အလွန်အေးဆေးစွာကြည့်ကာ ၎င်းထံမှ ချက်ချင်းဆုံးဖြတ်ချက်ကိုရရှိရန် ပြတ်ပြတ်သားသား တွန်းအားပေးနေသည်။ ချွမ်ထျန်းအင်ပါယာ၏အင်အားသည် နဂါးနက်အင်ပါယာထက်သာလွန်သောကြောင့် နဂါးနက်ဘုရင်၏မျက်နှာသည် မှုန်မှိုင်းနေသည်။ အကယ်၍၎င်းတို့သည် အမှန်တကယ်ပဋိပက္ခတွင် ပါဝင်နေပါက နဂါးနက်အင်ပါယာအတွက် ကောင်းမွန်သောအရာမဟုတ်ပေ။
"ချွမ်ထျန်းရဲ့ အိမ်ရှေ့မင်းသားကတွေ့ခွင့်တောင်းနေပါတယ်"
ထိုအချိန်တွင် တမန်တော်၏အသံထွက်လာသည်။ ချွမ်ထျန်းအင်ပါယာ၏ အိမ်ရှေ့မင်းသားသည် အမှန်တကယ်ပင် လူကိုယ်တိုင်လာရောက်ခဲ့သည်။
"နဂါးနက်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်!"
ချွမ်ထျန်း၏အိမ်ရှေ့စံမင်းသားသည် ဦးညွှတ်ပြီးနောက် သူသည်လူစုလူဝေးထဲသို့ လှမ်းကြည့်လိုက်သည်။ မင်းသမီးကျွင်းလုံကိုမြင်သောအခါ လောဘနှင့်ပြည့်နေသော မျက်လုံးများမှာ ချက်ချင်းတောက်ပလာသည်။ ကျွင်းလုံ၏ဘေးတွင်ရှိနေသည့် ရီရှောက်ဖန်ကိုမူ လုံးဝလျစ်လျုရှုခဲ့သည်။ ၎င်းသည် အရည်အချင်းတချို့ရှိသော်လည်း ကံကောင်းသွားသည့်လူမိုက်တစ်ယောက်သာဖြစ်သည်။
ချွမ်ထျန်းအင်ပါယာ၏အိမ်ရှေ့မင်းသား လှုပ်ရှားလိုက်သည်နှင့် ဤကံကောင်းသူအရူးသည် မည်သို့တွန်းလှန်နိုင်မည်နည်း။
"မင်းသမီးကျွင်းလုံ၊ ငါတို့နောက်ဆုံးတွေ့ဆုံမှုက ဆယ်စုနှစ်တွေကြာခဲ့ပြီ၊ ငါ မင်းကိုအရမ်းလွမ်းနေတာ"
ချွမ်ထျန်းအိမ်ရှေ့စံမင်းသား၏ အပြင်ဘက်အခွံသည် လူကောင်းပုံစံပေါ်သည်ဟု ဆိုရပေမည်။ ထို့အပြင် သူ၏အရည်အချင်းများသည် အလွန်ပင်အားကောင်း၏။ အသက်နှစ်ထောင်အရွယ်တွင် သူ၏ ကျင့်ကြံမှုအဆင့်သည် ကမ္ဘာအင်မော်တယ်အဆင့်မှ ခြေတစ်လှမ်းသာဝေးသော လူ့အင်မော်တယ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အလုံအလောက် အရည်အချင်းမရှိသူများသည် ချွမ်ထျန်းအင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်လာရန် အရည်အချင်းမပြည့်မီကြပေ။
အိမ်ရှေ့မင်းသားချွမ်ထျန်း၏ စကားကိုကြားသောအခါ ကျွင်းလုံ၏မျက်နှာသည် ရွံရှာစက်ဆုပ်မှုနှင့်ပြည့်နှက်နေသည်။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်မှာ ရှန်းသက်တံ့စိမ်းဂိုဏ်းမှအစ်မဖြစ်သူကို လှည့်စားခဲ့သော ချွမ်ထျန်း၏အိမ်ရှေ့မင်းသားဖြစ်သည်။ အစ်မဖြစ်သူထံတွင် အရည်အချင်းကောင်းရှိသောကြောင့် ချွမ်ထျန်းအိမ်ရှေ့မင်းသား၏ ပစ်မှတ်ထားခံရသည်။
အစ်မဖြစ်သူ၏အရူးအမူးဖြစ်မှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော်လည်း၊ ချွမ်ထျန်း၏အိမ်ရှေ့မင်းသားသည် သူမကိုမီးဖိုဆောင်အဖြစ်အသုံးပြုခြင်းသည် ကျွင်းလုံ မမေ့နိုင်သည့်အရာဖြစ်သည်။ ချွမ်ထျန်းအိမ်ရှေ့မင်းသားကို လက်ထပ်ရန်နေနေသာသာ သူ့ကိုမြင်လိုက်ရသည်နှင့်ပင် ကျွင်းလုံကို ရွံရှာသွားစေသည်။
"တောင်းပန်ပါတယ်၊ ငါတို့ သိကြလို့လား"
ရီရှောက်ဖန်ထံသို့ နီးကပ်လာပြီးနောက် ကျွင်းလုံသည် ခပ်တိုတိုတုံ့ပြန်ခဲ့သည်။ ထိုစကားကို ကြားလိုက်သောအခါတွင် ချွမ်ထျန်းအိမ်ရှေ့စံမင်းသား၏မျက်နှာသည် တခဏတာအုံ့မှိုင်းသွားသော်လည်း လျင်မြန်စွာပြုံးပြနိုင်ခဲ့သည်။ ကျွင်းလုံကိုအနိုင်ရခြင်းသည် ချွမ်ထျန်းဘုရင်မှပေးအပ်သောတာဝန်ဖြစ်ရာ မရှုပ်ဝံ့ချေ။
ထိုမိန်းမကို လက်ထပ်ပြီးသည့်အခါတွင် သူ့ကိုအံတုခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို နားလည်စေလိမ့်မည်ဖြစ်သည်။ အိမ်ရှေ့မင်းသားချွမ်ထျန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ခန်းမထဲတွင်ပစ္စည်းများအစီအရီပေါ်လာသည်။ ၎င်းတို့ထဲတွင် အမျိုးမျိုးသောဝိညာဉ်ပစ္စည်းများရှိခဲ့သည်။ ၎င်းတို့အနက်မှ အဖိုးအတန်ဆုံးသည် အဆင့်ဆယ့်သုံးဝိညာဉ်ပစ္စည်းဖြစ်ကာ အဆင့်မြင့်အင်မော်တယ်ပစ္စည်းကိုဖန်တီးရန် အသုံးပြုနိုင်သည်။ ထိုသို့သောလွန်ကဲမှုသည် လူအုပ်ကြီးထံမှ အာမေဋိတ်များထွက်ပေါ်လာစေ၏။
"နဂါးနက်ဘုရင် ၊ ဒါက ငါ့အဖေက ပေးခဲ့တဲ့ ခန်းဝင်လက်ဆောင်ပါ"
ချွမ်ထျန်းအိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခုပေါ်လာသည်။ ကျေနပ်လောက်သောကမ်းလှမ်းချက်နှင့် ချွမ်ထျန်းအင်ပါယာ၏အင်အားဖြင့် နဂါးနက်ဘုရင်သည် သေချာပေါက် မငြင်းနိုင်ပေ။ ကံမကောင်းစွာဖြင့် သူသည် နဂါးနက်ဘုရင်၏ဆုံးဖြတ်ချက်နှင့် ရီဖန်၏အဆင့်အတန်းကိုလျှော့တွက်ခဲ့မိသည်။
"ချွမ်ထျန်းအိမ်ရှေ့မင်းသား၊ မင်းလက်ဆောင်တွေကို ပြန်ယူလို့ရပါတယ်၊ ကျွင်းလုံက လက်ထပ်ပြီးသားဖြစ်လို့ တခြားအိမ်ထောင်ပြုတော့မှာမဟုတ်ဘူး”
နဂါးနက်ဘုရင်သည် အနည်းငယ်ငြူစူနေသည့်တိုင် သူ၏ဆုံးဖြတ်ချက်ကိုနောင်တမရချေ။
"နဂါးနက်ဘုရင်၊ ခင်ဗျား ခန်းဝင်ပစ္စည်းကိုမကျေနပ်ဘူးလား”
ချွမ်ထျန်းအိမ်ရှေ့မင်းသား၏ မျက်နှာသည် မည်းမှောင်သွားကာ နဂါးနက်ဘုရင်ကိုစိုက်ကြည့်နေသည်။
နဂါးနက်ဘုရင်၏မျက်နှာသည်လည်း ချက်ချင်းပြန်လည်အေးစက်သွားသည်။ မင်းသားသည် သူ့ကို သည်ပုံစံနှင့် မပြောသင့်ပေ။
"ချွမ်ထျန်းအိမ်ရှေ့မင်းသား၊ ဒီနေရာက နဂါးနက်အင်ပါယာဆိုတာ မင်းနားလည်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ချွမ်ထျန်းအင်ပါယာမဟုတ်ပါဘူး"
ကမ္ဘာ့အင်မော်တယ်နယ်မြေ၏ရောင်ဝါသည် ခန်းမတစ်ခုလုံးကို ချက်ချင်းဖြိုခွင်းလိုက်သည်။ ၎င်းကို ခံစားလိုက်ရသည့်အခါတွင် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားပြီးမှ သူ့ကိုယ်သူတည်ငြိမ်အောင်လူပ်လိုက်သည်။ သို့သော် သူသည်အရှုံးမပေးသေးပေ။
“ရိုင်းစိုင်းမှုတစ်စုံတစ်ရာအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် နဂါးနက်တော်ဝင်သမက်တော်ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကို ကြားဖူးထားတာမို့ ဒီနေ့ သူ့ဆီကနေသင်ယူချင်ပါတယ်”
ချွမ်ထျန်းအိမ်ရှေ့စံမင်းသားက နဂါးနက်ဘုရင်သည် ရီဖန်၏အရည်အချင်းကို တန်ဖိုးထားသည်ဟု ထင်သောကြောင့် ရီဖန်ကိုဤထောင့်မှစိန်ခေါ်လိုက်သည်။ ရီဖန်ကို စိန်ခေါ်နေသလော။ ချွမ်ထျန်းအိမ်ရှေ့စံမင်းသား၏ စကားကိုကြားသောအခါတွင် အရာရှိများအားလုံးသည် ၎င်းတို့၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးများဖြစ်ပေါ်လာသည်။ ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် သေကြောင်းကြံနေပုံပင်။
ရီရှောက်ဖန်၏ ဖော်ပြထားသောစွမ်းအားသည် မဟာယာန၏အထွတ်အထိပ်တွင်အမြဲရှိနေသော်လည်း အရာရှိများအားလုံးသည် ရီရှောက်ဖန်၏ စစ်မှန်သော အင်အားနှင့်ပတ်သက်၍ ၎င်းတို့၏ကိုယ်ပိုင်ခန့်မှန်းချက်များရှိကြသည်။ ဤမျှနိမ့်ကျရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် လီမိသားစုမှလူများသည် ကမ္ဘာ့ဆရာကြီးဖြစ်သည့် ရီရှောက်ဖန်၏ နောက်ထပ်အထောက်အထားကိုသိရှိထား၏။
ကမ္ဘာ့ဆရာကြီးသည် အင်ပါယာတစ်ခု၏ ဧကရာဇ်ပင်လျှက် သူ့ကိုတန်းတူဆက်ဆံရသည်။ အိမ်ရှေ့စံမင်းသားလေးသည် ကမ္ဘာ့ဆရာကြီးကို စိန်ခေါ်ရဲသည်မှာ ရယ်စရာကောင်းလှသည်။ အားလုံး၏မျက်လုံးများသည် ရီရှောက်ဖန်ထံသို့ လှည့်လာကာ သူမည်သို့တုံ့ပြန်မည်ကိုသိလိုသည်။
နောက်ဆုံးတွင် ရီရှောက်ဖန်သည် ခေါင်းမော့လာ၏။ ပစ်မှတ်ထားခံရခြင်းကိုလျစ်လျူရှုကာ ယနေ့မရှင်းလင်းလိုက်ပါက နောင်တွင်ဒုက္ခများတိုးလာမည်။ ထို့ကြောင့် လိုအပ်သည့်အခါ လှုပ်ရှားရန်အချိန်တန်ပြီဖြစ်သည်။
"မင်းငါ့ကို စိန်ခေါ်ချင်တာကြောင့် မင်းကို အခွင့်အရေးတစ်ခုပေးမယ်"
ရီရှောက်ဖန်သည် သူ့လက်ကို 'ကျေးဇူးပြုပြီး’ဟူသော အမူအရာဖြင့်ထုတ်လိုက်ကာ ခန်းမထဲမှကောင်းကင်ဆီသို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။
အိမ်ရှေ့မင်းသားချွမ်ထျန်းသည် သူ၏ပန်းတိုင်ပြီးမြောက်ပြီဟုခံစားလိုက်ရကာ အေးစက်စွာနှာခေါင်ရှုတ်လိုက်သည်။ ရီရှောက်ဖန်ကို သေချာအရှက်ခွဲပြီးနောက် သူသည်နောက်ဆုံးတွင် နဂါးနက်ဘုရင်၏ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့လျှင်ပင် သူ၏ချစ်သူပြိုင်ဘက်ကို လွယ်လွယ်ကူကူလက်လွှတ်ခံမည်မဟုတ်ချေ။ လူတိုင်းသည် တော်ဝင်သားမက်ဖြစ်ရန်မထိုက်တန်ကြောင်း သူ့ကိုပြရမည်။ တစ်ချို့လူများသည် သူ့ကိုစော်ကားရန် မထိုက်တန်ကြပေ။
၎င်းတို့နှစ်ဦးသည် ကောင်းကင်ကိုတက်လာကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။ နောက်အခိုက်အတန့်တွင် ချွမ်ထျန်း ၏အိမ်ရှေ့မင်းသားသည် လှုပ်ရှားမှုကိုစတင်ခဲ့သည်။
‘အဝါရောင်နွေဦးလမ်း’ သည် ချွမ်ထျန်းအင်ပါယာ၏ အပြင်းထန်ဆုံးအဝါရောင်နွေဦးတာအိုဖြစ်ကာ ၎င်းစတင်အသက်ဝင်လာပြီးနောက် ချက်ချင်းပင် မရဏမြစ်တစ်စင်းသည် ရီရှောက်ဖန်ကိုဖိနှိပ်ခဲ့သည်။
ထိခိုက်မိပါကရလဒ်သည် အနည်းငယ်သော ဝိညာဉ်ရေးရာထိခိုက်မှုသို့မဟုတ် အဆိုးဆုံးဆိုလျှင် တာအိုနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်လိမ့်မည်။ အဝါရောင်နွေဦးအောက်တွင် လူဝင်စားရန်ပင် အခွင့်အလမ်းရှိမည်မဟုတ်ချေ။ အဝါရောင်နွေဦးက သူ့ကိုဖုံးအုပ်တော့မည့်အချိန်တွင် ရီရှောက်ဖန်သည် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။
‘ကြယ်တာရာခူးဆွတ်ခြင်းလက်’
ကြယ်တာရာခူးဆွတ်ခြင်းလက်ကို အစပိုင်းတွင် ကမ္ဘာ့စွမ်းအားကိုထိန်းချုပ်ရန်သာအသုံးပြုခဲ့သည်။
သိူ့သော် အမှန်တကယ်တွင် ၎င်း၏စွမ်းအားသည် တာအိုအနုပညာထက် မနိမ့်ကျချေ။ နှစ်ပေါင်းများစွာ သန့်စင်ပြီးနောက် ရီရှောက်ဖန်၏ ကြယ်တာရာခူးဆွတ်ခြင်းလက်သည် အဆင့်မြင့်အဆင့်အင်မော်တယ်ပစ္စည်းများထက်ပင် အားကောင်းလာသည်။ ဤသည်မှာ မျိုးနွယ်စုခေါင်းဆောင် ထူးကဲစွမ်းရည်၏ စွမ်းအားဖြစ်၏။
လက်ဖဝါးလှုပ်ရှားမှုတစ်ချက်နှင့် အဝါရောင်နွေဦးတစ်ခုလုံးကို ရီရှောက်ဖန် ချက်ချင်းဖမ်းမိသွားသည်။ ထို့နောက် သူသည် ညင်သာစွာတွန်းထုတ်လိုက်ကာ အဝါရောင်နွေဦး၏ ရေကိုချက်ချင်းစုပ်ယူလိုက်သည်။ ကြယ်တာရာခူးဆွတ်ခြင်းလက်၏စွမ်းအားသည် အနည်းငယ်ပိုအားကောင်းလာသည်ကို ခံစားလိုက်ရသဖြင့် ရီရှောက်ဖန်သည် သူ့နှလုံးသားထဲတွင် ကျေနပ်သွားသည်။ အဝါရောင်နွေဦးရေသည် ကြယ်တာရာခူးဆွတ်ခြင်းလက်ကို သန့်စင်ခြင်းအပေါ်တွင် အကျိုးသက်ရောက်မှုရရှိမည်ဟု သူမမျှော်လင့်ထားပေ။
"မင်းရဲ့စွမ်းအားက မလုံလောက်သေးဘူး၊ ဆက်လုပ်!"
ရီရှောက်ဖန်သည် သူ၏တာအိုအနုပညာကို အလွယ်တကူဖျက်ဆီးလိုက်သည်ကို မြင်လိုက်ရသဖြင့် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် စိုးရိမ်မှုပြင်းပြလာသည်။ သူ၏ မူလရည်ရွယ်ချက်သည် ရီရှောက်ဖန်ကို လွယ်လွယ်နှင့်အနိုင်ယူချင်ခဲ့သော်လည်း ရှုံးနိမ့်မှုဖြင့်စတင်လိုက်သည်ကို သူမည်သို့လက်ခံနိုင်မည်နည်း။
"အဝါရောင်နွေဦးနယ်မြေ!"
ချွမ်ထျန်းအိမ်ရှေ့စံမင်းသားသည် ယခုအကြိမ်တွင် ယခင်ကထက်ပိုမို၍ကြောက်မက်ဖွယ်ကောင်းသော နောက်ထပ်လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ခဲ့ကာ နဂါးနက်အင်ပါယာ၏ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ အများအပြားပင်လျှင် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ချွမ်ထျန်းအိမ်ရှေ့မင်းသားဖြစ်ထိုက်သူတစ်ဦးဖြစ်ရာ သူ၏စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤတိုက်ခိုက်မှုကို သူတို့သည်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ရီရှောက်ဖန်သည် သူ၏မဟာယာနနယ်ပယ်အဆင့် ကျင့်ကြံမှုဖြင့် မခုခံနိုင်ချေ။ မျှော်လင့်ထားသည့်အတိုင်း နောက်အခိုက်အတန့်တွင် ရီရှောက်ဖန်၏ခန္ဓာကိုယ်မှ ရောင်ဝါတိုးလာကာ လူသားအင်မော်တယ်အဆင့်သို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
အဝါရောင်နွေဦး၏အစွမ်းထက်သောရေကို အသုံးပြု၍ ကြယ်တာရာခူးဆွတ်ခြင်းလက်ကို ဆက်လက်သန့်စင်ရန်လုပ်ဆောင်ခဲ့သည်။ တာအိုအနုပညာ၏စွမ်းအားကို မြှင့်တင်ခြင်းဖြင့် သန့်စင်မှုအကျိုးသက်ရောက်မှုသည်လည်း ပိုကောင်းလာသည်။ ရီရှောက်ဖန်သည် ကြယ်တာရာခူးဆွတ်ခြင်းလက်ကို ပိုမိုကောင်းမွန်သော သန့်စင်မှုကိုရရှိရန်အတွက် အဝါရောင်နွေဦးရေစုပ်ယူမှုကို နှေးကွေးစေခဲ့သည်။
ရေစုပ်ယူမှုကိုရည်ရွယ်ချက်ရှိရှိလျှော့ချခြင်းသည် ချွမ်ထျန်းအိမ်ရှေ့မင်းသားကို နားလည်မှုလွဲမှားစေခဲ့သည်ကိုမူ သူမသိလိုက်ချေ။
………………………
အခန်း ၁၇၆ - စိတ်ပျက်နေသော အိမ်ရှေ့စံမင်းသား
ရီရှောက်ဖန်၏စွမ်းအားသည် အနှိုင်းမဲ့ဖြစ်လာသည့်အတွက် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် သူ၏ထိုးစစ်ကိုတိုးမြှင့်ကာ သူ၏စွမ်းအားကို စတင်လောင်ကျွမ်းစေခဲ့သည်။ သူ၏စွမ်းအားကိုလောင်ကျွမ်းစေခြင်းဖြင့် အဝါရောင်နွေဦးနယ်မြေ၏ စွမ်းအားကိုသိသိသာသာတိုးမြင့်လာစေကာ ရီရှောက်ဖန်ပင်လျှင် ဖိအားတချို့ကိုခံစားခဲ့ရသည်။
ဟုတ်ပါသည်၊ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် ၎င်းဖိအားကိုခံစားခဲ့ရသော်လည်း ရီဖန်သည် သူ၏လျှို့ဝှက်စွမ်းအားအမှတ်သန်းပေါင်းများစွာကို ဖွင့်လှစ်ကာ ချွမ်ထျန်းအိမ်ရှေ့မင်းသားနှင့်တန်းတူ လူသားအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ချက်ခြင်းရောက်ရှိသွားခဲ့သည်။ နဂါးနက်အင်ပါယာ၏ အရာရှိများသည် ထိုမြင်ကွင်းကို လျှို့ဝှက်စွာပီတိဖြစ်နေကြသည်။ ၎င်းတို့သည် ရီရှောက်ဖန်၏ကျင့်ကြံမှုအဆင့်သည် ယခုအချိန်အထိ သူပြသခဲ့သည့်အရာများထက် အကန့်အသတ်မရှိသည်ကို သေချာပေါက်သိထားကြ၏။
သို့သော် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် လုံးဝအံ့အားသင့်သွားသည်။ ရီရှောက်ဖန်၏ ကျင့်ကြံမှုအဆင့်သည် မဟာယာနအထွတ်အထိပ်တွင် မဟုတ်လော။ သူသည် ရုတ်တရက်လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ မည်သို့ရောက်ရှိခဲ့သနည်း။ နဂါးနက်အင်ပါယာကျင့်ကြံသူများ၏ မျက်နှာများပေါ်ရှိ မအံ့ဩသောအကြည့်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အားလုံးတစ်ခုခုကိုသိနေသည်မှာထင်ရှားသည်။
‘ထောက်လှမ်းရေးဌာနဘယ်မှာလဲ၊ လာခဲ့စမ်း!’
ယခုတွင် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် သူ့အင်ပါယာ၏ထောက်လှမ်းရေးဌာနမှ ကျင့်ကြံသူများကို သတ်ပစ်ရန်ဆန္ဒရှိနေသည်။ နဂါးနက်အင်ပါယာ၏ လူတော်တော်များများသိထားသည့်အရာများကို သူတို့မစုံစမ်းခဲ့သည်မှာ ဖြစ်သင့်သလော။
ချွမ်ထျန်းအိမ်ရှေ့မင်းသားမသိသောအရာမှာ နဂါးနက်အင်ပါယာ၏ကျင့်ကြံသူများသည် အထူးအဆန်းမဟုတ်သော်လည်း ရီရှောက်ဖန်သည် သူ၏စစ်မှန်သောစွမ်းအားကို မည်မျှဖုံးကွယ်ထားကြောင်း ၎င်းတို့အမှန်တကယ်မသိခဲ့ပေ။ ဖုံးကွယ်ထားသည်ဟု ခန့်မှန်းခဲ့ကြရုံသာ။ ယခုတွင် ၎င်းတို့၏သံသယများကို အတည်ပြုပြီးဖြစ်သည့်အတွက် မအံ့ဩကြခြင်းဖြစ်၏။
သူတို့စုံစမ်းခဲ့လျှင်ပင် မည်သည့်အရာမျှရှာတွေ့မည်မဟုတ်ချေ။
လက်ရှိတွင်ချွမ်ထျန်း၏အိမ်ရှေ့မင်းသားသည် ခက်ခဲသောအနေအထားတွင်ရှိသည်။ သူ၏စွမ်းအားကိုလောင်ကျွမ်းပြီးသည်နှင့် ရီရှောက်ဖန်နှင့် ဟန်ချက်ညီအောင်ထိန်းနိုင်ခဲ့သော်လည်း ယခုရပ်တန့်လိုက်ပါက သူ့အခြေအနေသည် ရိုးရိုးဒဏ်ရာများထက် ပိုဆိုးလိမ့်မည်။ တာအိုကာကွယ်သူ မည်သည့်နေရာတွင်ရောက်နေပါသနည်း။ ချွမ်ထျန်းအင်ပါယာ၏လျှို့ဝှက်အေးဂျင့်များအဘယ်နည်း။ မည်သူကမျှကူညီခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။
ရီရှောက်ဖန်ဘက်တွင်မူ အဝါရောင်နွေဦးတာအိုစွမ်းအားနည်းပညာနှင့် သူ့ကိုယ်သူ တဖြည်းဖြည်းရင်းနှီးလာသည်။ ဤချွမ်ထျန်းအိမ်ရှေ့မင်းသားသည် လူကောင်းဟု ဆိုရပေမည်။ မိုင်ပေါင်းများစွာမှ မိမိအသက်ကို လွှဲပြောင်းပေးအပ်ခြင်းလက်ဆောင်သည် အနည်းငယ်မျှသာဖြစ်သည့်တိုင် သူ၏ရည်ရွယ်ချက်မှာရိုးသားပုံရသည်။
သူ၏စွမ်းအားများ ဆက်လက်လောင်ကျွမ်းလာသည်နှင့်အမျှ ချွမ်ထျန်းအိမ်ရှေ့စံမင်းသားသည် ၎င်း၏မူလအခြေခံစည်းမျဉ်းကို ထိခိုက်ပျက်စီးစေသည်ဟုခံစားလာရသည်။ ပြန်လည်ကောင်းမွန်လာပြီးနောက်တွင်ပင် အပျက်အစီးများကျန်ရှိနေမည်ဖြစ်သည်။ သူနှင့်တန်းတူညီနေဆဲဖြစ်သော ရီရှောက်ဖန်ကိုကြည့်လိုက်ရာ ချွမ်ထျန်း၏အိမ်ရှေ့မင်းသားသည် စိတ်ထဲတွင်မကျေမနပ်ဖြစ်နေသည်။ ရီရှောက်ဖန်သည် အဘယ်ကြောင့် နာခံကာဆုတ်ခွါသွားခြင်းမရှိသနည်း။
သူ၏အခြေခံမူကိုပျက်စီးစေခြင်းသည် ချွမ်ထျန်း၏အိမ်ရှေ့မင်းသားအတွက်သတင်းကောင်းမဟုတ်ချေ။ တခြားမင်းသားများသိသွားလျှင် သူ့အဆင့်အတန်းသည် ကြီးကြီးမားမားခြိမ်းခြောက်ခံရနိုင်သည်။
သူသည် မင်းသားများကြားတွင် အရည်အချင်းအရှိဆုံးဖြစ်သော်လည်း ကြီးမားသောကွာဟချက်မျိုးရှိနေခြင်းမဟုတ်ပေ။ သူ့အားသာချက်သည် အသက်ကြီးသောကြောင့် ခေါင်းတစ်လုံးသာနေခြင်းသာဖြစ်၏။ ယခုတွင် ထိုအားသာချက်မရှိတော့သည်နှင့်တပြိုင်နက် ချွမ်ထျန်းနိုင်ငံတော်၏အနာဂတ်ထီးနန်းသည် လွဲချော်သွားပေလိမ့်မည်။ ဤရလဒ်သည် ချွမ်ထျန်း၏အိမ်ရှေ့မင်းသား လက်မခံနိုင်သောအရာဖြစ်သည်။
ထိူအချိန်တွင် ရုတ်တရက် သူ၏နယ်သာကမ္ဘာ့လမ်းကြောင်းကို နားလည်သဘောပေါက်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသိရှိလိုက်ရသည်။ နယ်သာကမ္ဘာ့လမ်းကြောင်းသည် အဆင့်မြင့်ကြီးမြတ်သောလမ်းကြောင်းဖြစ်ကာ အိမ်ရှေ့မင်းသား၏ ယုံကြည်မှုအရှိဆုံးဖြစ်သည်။
၎င်းပျောက်ဆုံးသွားခြင်းသည် အိမ်ရှေ့စံကိုမတည်မငြိမ်ဖြစ်သွားစေခဲ့သည်။
“အခု ရပ်လိုက်!”
အိမ်ရှေ့မင်းသားသည် ရီရှောက်ဖန် နယ်သာကမ္ဘာ့လမ်းကြောင်းကို ထိန်းချုပ်ထားသည်ဟုခံစား၍ ရီရှောက်ဖန်ကိုစိုက်ကြည့်နေသည်။ ရီရှောက်ဖန်သည် မင်းသားလေး၏ဒေါသကိုလျစ်လျူရှုကာ တတ်နိုင်သလောက်အခွင့်ကောင်းယူခဲ့သည်။ ရီရှောက်ဖန်ကိုကြည့်ရင်း ချွမ်ထျန်း၏အိမ်ရှေ့စံမင်းသားသည် သူ၏အနာဂတ်ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူသည် သူ၏စွမ်းအားလောက်ကျွမ်းခြင်းကို ချက်ချင်းရပ်တန့်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအားဖြင့်ကာကွယ်ရန်စတင်ခဲ့သည်။ တန်ပြန်တိုက်ခိုက်မှုသည် ဟန်ချက်ပျက်သွားသောကြောင့် အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်ကို ချက်ချင်းထိုးဖောက်ဝင်ရောက်သွားရာ သူ၏စိတ်ဝိညာဉ်ပင်လျှင် ပြင်းထန်သောထိုးနှက်ချက်ကို ခံစားခဲ့ရသည်။
ရီရှောက်ဖန်၏ထိန်းချုပ်ထားသော ကျေးဇူးကြောင့်သာ အိမ်ရှေ့မင်းသားသည် လွန်ခဲ့သည့်အခိုက်အတန့်တွင်ထိန်းထားနိုင်ခြင်းဖြစ်ပုံရသည်။ ဤအခိုက်အတန့်တွင် ချွမ်ထျန်းအိမ်ရှေ့မင်းသား၏တာအိုကာကွယ်သူသည် နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ ချွမ်ထျန်းမင်းသားသည် ကံကောင်းသောရီဖန်အတွက် ပြိုင်ဘက်မဟုတ်ချေ။
"သတ်၊ သတ်!"
သူ၏ ရုပ်သဏ္ဍာန်၊ စိတ်ဝိညာဉ် နှင့် အခြေခံအုတ်မြစ်များပျက်စီးခြင်းကြောင့် ချွမ်ထျန်းမင်းသားသည် စိတ်လွတ်သွား၏။ သူသည် ရီရှောက်ဖန်ကိုညွှန်ပြကာ သူ့ကိုယ်ပိုင်တာအိုကာကွယ်သူကို အမိန့်ပေးလိုက်သည်။
သူသည် ရီရှောက်ဖန်ကို သေစေချင်သည်။ ၎င်းကနဂါးနက်အင်ပါယာကို စော်ကားမိလျှင်ပင် ဂရုမစိုက်တော့ချေ။ ကမ္ဘာ့အင်မော်တယ်နယ်မြေမှ တာအိုကာကွယ်သူသည် မဆိုင်းမတွဘဲ ရီရှောက်ဖန်ကို ချက်ချင်းတိုက်ခိုက်ခဲ့ပြီးသည်။ နောက်အခိုက်အတန့်တွင် ရီရှောက်ဖန်၏ကိုယ်ခန္ဓာမှ ကမ္ဘာအင်မော်တယ်ရောင်ဝါထွက်ပေါ်လာကာ မင်းသားချွမ်ထျန်း၏တာအိုကာကွယ်သူထက်ပင် အင်အားကြီးမားသည်။
“လာလေ၊ ကျားက သူ့အစွမ်းမပြလို့ နေမကောင်းနေတဲ့ကြောင်လို့ ထင်နေကြတာမလား!"
ဤတစ်ကြိမ်တွင် ရီရှောက်ဖန်သည်မထိန်းထားတော့ချေ။ ကြယ်တာရာခူးဆွတ်ခြင်းလက်သည် အဆင့်မတက်သွားသည့်တိုင် ၎င်းသည်ယခင်ကထက်ပင်ပိုမိုအားကောင်းလာသည်။ မိုးကုတ်စက်ဝိုင်းထက်မှကောင်းကင်ကို ဖြတ်ကျော်လာသည့် လက်တစ်ဖက်ပေါ်လာပြီးနောက်
၎င်းသည် ကမ္ဘာ့အင်မော်တယ်အဆင့် တာအိုကာကွယ်သူကို အကြင်နာမဲ့စွာဖိချလိုက်သည်။ တာအိုကာကွယ်သူသည် ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုကိုသာ ခံစားလိုက်ရကာ ပစ်လွှင့်ခြင်းခံလိုက်ရ၏။
ရီရှောက်ဖန်အတွက် ဤတာအိုကာကွယ်သူနှင့် မင်းသား ချွမ်ထျန်းသည် အတူတူသာဖြစ်သည်။ မင်းသားချွမ်ထျန်းသည် ရီရှောက်ဖန်၏ အဆင့်မြှင့်တင်ထားသော ကြယ်တာရာခူးဆွတ်ခြင်းလက်ကို ထိတ်လန့်သွားသည်။ ခုနကသူခံစားခဲ့ရသည့် လိုက်ဖက်ညီသည့်စွမ်းအားသည် လှည့်စားမှုတစ်ခုမျှသာဖြစ်တာကိုသိလိုက်ရ၏။ ယခုထင်ယောင်ထင်မှားပုံရိပ်ကွဲကြေသွားသည့်အခါတွင် သူနာကျင်ခံစားနေရပြီဖြစ်သည်။ သူသည် ကိရိယာတန်ဆာပလာမျှသာဖြစ်လာခဲ့၏။
မင်းသားချွမ်ထျန်းသည် ငိုချင်လာတော့သည်။ နဂါးနက်အင်ပါယာသို့လာရောက်သည့် သူ၏အကြံအစည်များအားလုံး မအောင်မြင်ခဲ့ပါ။ သူသည် ရီရှောက်ဖန်နှင့် နဂါးနက်အင်ပါယာကြား သဘောထားကွဲလွဲမှုကို လှုံ့ဆော်ရန်ပျက်ကွက်ခဲ့ရုံသာမကဘဲ သူပြန်လာသောအခါတွင် သူ၏မင်းသားရာထူးကိုပင် အာမမခံနိုင်တော့ချေ။
‘မဟုတ်ဘူး၊ ငါလက်စားချေရမယ်။
အမုန်းတရားမျိုးစေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ထားသောကြောင့် မင်းသားချွမ်ထျန်းသည် လက်စားချေရန်ဆုံးဖြတ်ခဲ့သည်။ အမှန်ပင်၊ မင်းသား ချွမ်ထျန်းသည် လူမိုက်မဟုတ်ပေ။ သူသည်ရီရှောက်ဖန်ရှေ့တွင် သူ့ရည်ရွယ်ချက်ကိုထုတ်မပြဝံ့ချေ။ သူ့ထံတွင် ထိုအကြံအစည်များရှိရသည်အထိ သတ္တိရှိပါက ရီရှောက်ဖန်သည် သူ့ကိုမဆိုင်းမတွသတ်ပစ်မှာ သေချာသည်။ နဂါးနက်အင်ပါယာပင်လျှင် ကယ်နိုင်မည်မဟုတ်။
ရုတ်တရက် မင်းသားချွမ်ထျန်း၏စိတ်ထဲတွင် အသေးစိတ်အချက်အလတ်များစွာထွက်ပေါ်လာ၏။
အစကတည်းက ရီရှောက်ဖန်သည် နဂါးနက်အင်ပါယာကို အားကိုးသည်ဟူသည့် သူ့အယူအဆမှာ မှားနေပုံရသည်။ ရီရှောက်ဖန်သည် နဂါးနက်အင်ပါယာ၏ အတွေးအမြင်များကိုဂရုမစိုက်ကြောင်း ထင်ရှားကာ နဂါးနက်အင်ပါယာသည်သာ ရီရှောက်ဖန်၏ ထင်မြင်ယူဆချက်များကိုများစွာဂရုစိုက်ခြင်းဖြစ်သည်။
ထို့အပြင်နဂါးနက်အင်ပါယာမှလူများသည် တော်ဝင်သမက်တော်အဖြစ်ဆက်ဆံမှုထက် အဆပေါင်းများစွာယဉ်ကျေးလွန်းကာ နဂါးနက်အင်ပါယာ၏ဘုရင်၏ ရီရှောက်ဖန်အပေါ် သဘောထားမှာအလွန်ကောင်းမွန်သည်။ ယခုအချိန်တွင် မင်းသားချွမ်ထျန်းသည် ရီရှောက်ဖန်၏အထောက်အထားသည် နဂါးနက်အင်ပါယာ၏တော်ဝင်သမက်တော်မျှဖြင့် မရိုးရှင်းနိုင်ဟု ဖျတ်ခနဲရိပ်မိသွားသည်။ နဂါးနက်အင်ပါယာကို ယဉ်ကျေးသိမ်မွေ့စေသည့် အဆင့်အတန်းမြင့်တစ်ခုခု ကိုင်စွဲထားရမည်။
“ရီရှောက်ဖန်၊ ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး"
မင်းသားချွမ်ထျန်းသည် ဦးစွာပြန်သွားကာ ရီရှောက်ဖန်၏လျှို့ဝှက်အထောက်အထားကိုစုံစမ်းပြီးနောက် အရေးယူရန်စီစဉ်ခဲ့သည်။ ယခုအချိန်တွင်မလှုပ်ရှားသေးဘဲ လှုပ်ရှားသည့်အခါတွင် ရီရှောက်ဖန်ကို အမြစ်ပြတ်ရှင်းပစ်ရမည်။
မင်းသားတစ်ဦးဖြစ်သည့် ချွမ်ထျန်းအိမ်ရှေ့စံသည် လူမိုက်မဟုတ်ပေ။ ယခုအချိန်၌ သူသည် ယုံကြည်မှုလွန်ကဲနေရုံမျှသာဖြစ်သောကြောင့် ရီရှောက်ဖန်၏အထောက်အထားအစစ်အမှန်ကို သိရှိရန်ပျက်ကွက်ခဲ့ကာ မညီမျှမှုကိုဖြစ်စေခဲ့သည်။ ယခုပြန်လည်တည်ငြိမ်သွားပြီးနောက် မင်းသားချွမ်ထျန်းသည် ချက်ချင်းပင် သူ့အာရုံများကို ပြန်လည်ရရှိလာသည်။ ရီရှောက်ဖန်၊ နဂါးနက်အင်ပါယာ၊ အားလုံးစောင့်မျှော်နေကြလော့။
ရီရှောက်ဖန်သည် သူ့ယောက္ခမကို မျက်နှာသာအနည်းငယ်ပေးလိုသောကြောင့် ဆက်မလှုပ်ရှားတော့ချေ။ ယခုဖြေရှင်းနိုင်သော်လည်း မင်းသားချွမ်ထျန်းသည် နဂါးနက်အင်ပါယာတွင် သေဆုံးသွားပါက အရာအားလုံးငြိမ်းချမ်းစွာအဆုံးသတ်ရန်မှာ မဖြစ်နိုင်ပေ။
………………..
အခန်း ၁၇၇ - လူသားဧကရာဇ်မျှော်စင်၊ လက်ရှိလူသားဧကရာဇ်
သို့သော် ဤတစ်ကြိမ်တွင် ချွမ်ထျန်းအင်ပါယာကို သေချာပေါက်စိတ်ခုစေခဲ့သည်။ ရှောင်းရှောင်းကိုခေါ်ကာ တာ့ယွီမင်းဆက်နှင့်အစားထိုးရန် စေခိုင်းလိုက်ရမည်လော။ လက်ရှိတွင် တာ့ယွီမင်းဆက်သည် ရန်ဟွမ်နယ်မြေကိုအုပ်ချုပ်ကာ ၎င်းသည်သိသိသာသာ အင်အားကောင်းလာ၏။ ချွမ်ထျန်းအက်ပါယာတစ်ခုတည်းဆိုလျှင် အစားထိုးရန်မှာမဖြစ်နိုင်သည့်အရာမဟုတ်ချေ။ သို့သော် ချွမ်ထျန်းအင်ပါယာနောက်ကွယ်ရှိ အင်အားစုများကပြဿနာရှိနိုင်သည်။
အင်ပါယာဆယ်ခုလုံးသည် အကျိုးအမြတ်များကြောင့် နောက်ခံအဖြစ်ရှိနေကြ၏။ သို့မဟုတ်ပါက ၎င်းတို့သည် ဤမျှကြီးမားသောနယ်မြေကို ထူထောင်နိုင်ကြလိမ့်မည်မဟုတ်ချေ။ ၎င်းတို့ထဲတွင် ကောင်းကင်ဘုံအင်မော်တယ်အဆင့်သည် အနိမ့်ဆုံးဖြစ်နိုင်သည်။ ထိုမျှမကဘဲ ရွှေအင်မော်တယ်အဆင့်မှ ကျင့်ကြံသူများပင်လျှင်ရှိနိုင်သေးသည်။
ထိူအချိန်တွင် ရန်ဟွမ်နယ်မြေရှိ လျှို့ဝှက်ရတနာသည် ထွက်ပေါ်လာလုနီးလေပြီ။ ရွှေမျှော်စင်တစ်ခုသည် ရန်ဟွမ်နယ်မြေ၏အထက်လေဟာနယ်တွင် ပေါ်ပေါက်လာသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် ၎င်းသည်သာမန်မဟုတ်သည့် တော်ဝင်ရောင်ဝါများတောက်ပနေသော အင်မော်တယ်ပစ္စည်းဖြစ်သည်မှာ ထင်ရှား၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ၎င်းကိုသိရှိခဲ့ကြသည့်တိုင် မလှုပ်ရှားရဲကြချေ။
ဤတော်ဝင်ပစ္စည်းသည် ထင်ရှားစွာပင် တာ့ယွီမင်းဆက်အတွက်ပြုလုပ်ထားခြင်းဖြစ်၏။ တာ့ယွီမင်းဆက်ကို ရန်ဟွမ်နယ်မြေကမ္ဘာ့ဆရာကြီး၏ ညီမငယ်ကအုပ်ချုပ်သောကြောင့် မည်သူကယုတ်မာသည် အကြံအစည်ရှိဝံ့မည်နည်း။ ထို့အပြင် ၎င်းတို့ထဲမှအများစုသည် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းအတွက် တာ့ယွီမင်းဆက်ကိုမှီခိုနေရခြင်းဖြစ်သည်။
ထိုအချိန်တွင် ရီရှောင်းရှောင်းချက်ခြင်းပေါ်လာကာ ရန်ဟွမ်မျှော်စင်ကိုရယူလိုက်သည်။
"ကောင်းကင်ဘုံမှ လူသားဧကရာဇ်အတွက် လက်ဆောင်"
ရန်ဟွမ်မျှော်စင်ကို သူမထိန်းချုပ်လိုက်သည့်အခိုက်တွင် ရီရှောင်းရှောင်း၏စိတ်ထဲ၌ အဆိုပါစကားလုံးလေးလုံး ပေါ်လာသည်။ စကားလုံးများပျောက်ကွယ်သွားပြီးနောက် သူမ၏စိတ်ထဲတွင် ကျင့်ကြံနည်းစနစ်တစ်ခုပေါ်လာသည်။
‘လူသားဧကရာဇ်စူတြာ’
ရှေးခေတ်ကျင့်ကြံနည်းစနစ်ဖြစ်သည့် လူသားဧကရာဇ်စူတြာသည် ရှေးခေတ်လူသားဧကရာဇ်များကျင့်သုံးသော ကျင့်ကြံနည်းစနစ်ဖြစ်သည်။ ၎င်းအပြင် ရီရှောင်းရှောင်း၏စိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစတစ်ခုပေါ်လာသည်။
ရှေးခေတ်ကပ်ဆိုးကြီးပြီးနောက်တွင် နယ်ပယ်သုံးထောင်မှ လူသားဧကရာဇ်ပေါ်ထွန်းလာခြင်းမရှိပေ။ လူသားဧကရာဇ်စူတြာ၏ပိုင်ရှင်သည် လူသားဧကရာဇ်အသစ်ဖြစ်လာရန်အခွင့်အရေးရှိသည်။ လူသားမျိုးနွယ်အတွက် လူသားဧကရာဇ်ရှိခြင်းသည် သေချာပေါက်အကျိုးရှိမည်ဖြစ်သော်လည်း အခြားသောလူမျိုးစုများသည် နောက်ထပ်လူသားဧကရာဇ်များ ထပ်မံပေါ်ထွန်းခွင့်မပြုတော့ပေ။ လူသားဧကရာဇ်ဖြစ်ရန်လမ်းကြောင်းသည် မတ်စောက်ကာ ခက်ခဲကြမ်းတမ်းမည်ဖြစ်၏။
၎င်းကိုသုံးသပ်ပြီးနောက် ရီရှောင်းရှောင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ လူသားဧကရာဇ်ဖြစ်လာရန် စမ်းသပ်မှုများစွာက စောင့်ကြိုနေပါသည်။ သို့သော်ရီရှောင်းရှောင်းသည် နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိပေ။ ၎င်းသည် အခွင့်အရေးတစ်ခုဖြစ်ကာ စွန့်လွှတ်လိုက်လျှင် ကြီးမားသောဆုံးရှုံးမှုဖြစ်နိုင်သည်။ ထို့အပြင် ကျင့်ကြံရေးတွင် ချောမွေ့သောရွက်လွှင့်ခြင်းမျိုးမရှိ။ စမ်းသပ်မှုများကိုကျော်လွှားရခြင်းမှာ သဘာဝကျသည်။
သူမသည် လူသားဧကရာဇ်စူတြာကို ကျင့်သုံးနေသမျှကာလပတ်လုံး တာ့ယွီမင်းဆက်သည် ပိုမိုအားကောင်းသည်ထက် အားကောင်းလာမည်ဖြစ်သည်။ အတိအကျပြောရလျှင် ရန်ဟွမ်မျှော်စင်ကို ယခုအခါ လူသားဧကရာဇ်မျှော်စင်ဟု ခေါ်သင့်သည်။ လူသားဧကရာဇ်မျှော်စင်သည် လက်ရှိတွင် အဆင့်နိမ့်အင်မော်တယ်ရှေးဟောင်းပစ္စည်းတစ်ခုသာဖြစ်ကာ လူသားဧကရာဇ်မျှော်စင်ကိုမြှင့်တင်ရန်အတွက် လူသားဧကရာဇ်၏ချီစွမ်းအားဖြင့် စဉ်ဆက်မပြတ် သန့်စင်ရန်လိုအပ်သည်။
လူသားဧကရာဇ်ချီစွမ်းအားသည် မည်သည့်နေရာမှလာသနည်း။ မင်းဆက်များပိုအားကောင်းလာမှသာလျှင် လူသားဧကရာဇ်၏စွမ်းအားသည်လည်း ပိုကောင်းလာမည်ဖြစ်သည်။ အနာဂတ်တွင် လူသားဧကရာဇ်မျှော်စင်သည် သာလွန်ကောင်းမွန်သော အင်မော်တယ်ရှေးဟောင်းပစ္စည်း၊ တာအိုရှေးဟောင်းပစ္စည်းသို့မဟုတ် ဒဏ္ဍာရီလာ နတ်ပစ္စည်းများပင်ဖြစ်လာနိုင်မည်ဖြစ်သည်။ သူမပါးစပ်ရှေ့တွင် အစားအသောက်များချပေးထားပြီဖြစ်ရာ ရီရှောင်းရှောင်းသည် ၎င်းကိုငြင်းဆန်မည်မဟုတ်ပေ။
"ချန်မင်ကမ္ဘာကို ချဲ့ထွင်ဖို့အချိန်တန်ပြီ"
ရီရှောင်းရှောင်း၏ ဆုံးဖြတ်ချက်အပြီးတွင် လူသားဧကရာဇ်၏အရိပ်အယောင်သည် ကောင်းကင်၌ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော သတ္တဝါများသည် ၎င်းကိုခံစားမိကြ၏။
"လူသားဧကရာဇ်ပေါ်ထွန်းလာခြင်းနဲ့အတူ ဘေးဒုက္ခတွေကလည်း ငါတို့ကိုစောင့်နေပုံပဲ"
ရီဖန်ကိုယ်တိုင် အပျက်အစီးများအတွင်း ချိတ်ပိတ်ထားသည့် ဟွမ်ရှိအင်မော်တယ်ဧကရာဇ်သည်လည်း လူသားဧကရာဇ်ဖွားမြင်ခြင်းကို ခံစားခဲ့ရသည့်အတွက် များစွာဝမ်းမြောက်နေသည်။ လူသားဧကရာဇ်ပေါ်ထွန်းလာခြင်းနှင့်အတူ လူသားဧကရာဇ်၏မွေးရပ်မြေဖြစ်သော ရန်ဟွမ်နယ်မြေသည် ကသောင်းကနင်းများနှင့်ရင်ဆိုင်ရမည်ဖြစ်ရာ ထိုအချိန်တွင် သူ့အတွက် လွတ်မြောက်ရန်အခွင့်အလမ်း ရှိပေလိမ့်မည်။ ရီဖန်ယခင်ကလုပ်ခဲ့သည့်အရာများကို အောက်မေ့ရင်း ဟွမ်ရှိအင်မော်တယ်ဧကရာဇ်သည် သူ့ကိုယ်သူ တိတ်တိတ်လေးကျိန်ဆဲလိုက်သည်။ သူလွတ်မြောက်သွားသောအခါ ရီဖန်ကို မည်သည့်အခါမှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ချေ။
တာ့ယွီမင်းဆက်တစ်ခုလုံးသည် စတင်လှုပ်ရှားခဲ့၏။ ကျယ်ပြောလှသည့်ကမ္ဘာတွင် မင်းဆက်တစ်ခု ထူထောင်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။ ပြည်နယ်များ၊ မင်းဆက်များ၊ အင်ပါယာများအားလုံးကို မဟာတာအိုမှ အသိအမှတ်ပြုရန်လိုအပ်သည်။ မင်းဆက်တည်ထောရန်ဆန္ဒရှိတိုင်း တည်ထောင်နိုင်လောက်အောင် မရိုးရှင်းချေ။
မင်းဆက်၏လေထုသည် သတ်မှတ်ထားသည့်အဆင့်ကိုရောက်ကာ ကံကြမ္မာရွှေနဂါးတစ်ကောင် ဖန်တီးပြီးနောက် ထာဝရအလင်းကမ္ဘာတာအို၏ အသိအမှတ်ပြုခံရသည့်အခါမှသာ မင်းဆက်တည်ထောင်ပြီး စည်းစိမ်ချမ်းသာများရရှိနိုင်မည်မဟုတ်လော။ သို့မဟုတ်ပါက မင်းဆက်သည် သာမန်အင်အားစုမျှသာဖြစ်နေလိမ့်မည်။
နဂါးနက်အင်ပါယာတည်ရှိရာနယ်မြေကို နယ်မြေဆယ်နှစ်ခုဖြင့်ဖွဲ့စည်းထားကာ နယ်ပယ်ဆယ်ခုမှ ကြီးမြတ်သောအင်ပါယာဆယ်ခုအပြင် အခြားနယ်ပယ်တွင် ဂိုဏ်းများအပြည့်ရှိသည်။ အရာအားလုံးကို ထည့်သွင်းစဉ်းစားပါက ဂိုဏ်းဂဏများ၏အင်အားများသည် အင်ပါယာဆယ်ခုထက် ပို၍ပင်အားကောင်းသည်။
ဗျူဟာချရန် ကျန်ရှိသည့်တစ်ခုတည်းသောနယ်မြေမှာ ဆယ်ခုမြောက်နယ်မြေဖြစ်သည့် ပျက်ဆီးခြင်းနယ်မြေဖြစ်သည်။ ပျက်ဆီးခြင်းနယ်မြေတွင် စည်းမျဉ်းများမရှိချေ။ အာဏာကိုသာ အထွဋ်အမြတ်ထားကာအုပ်ချုပ်သည်။ အရင်းအမြစ်များရှားပါးလာသောကြောင့် အင်ပါယာကြီးမျာနှင့် ဂိုဏ်းဂဏနယ်မြေတို့သည် ပျက်ဆီးခြင်းနယ်မြေကိုအုပ်ချုပ်ရန် စိတ်ဝင်စားမှုမရှိပေ။
သို့သော်လည်း တာ့ယွီမင်းဆက်အတွက် ပျက်ဆီးခြင်းနယ်မြေသည် နယ်မြေထူထောင်ရန် နေရာကောင်းတစ်ခုဖြစ်ပုံရသည်။ ရီရှောင်းရှောင်းသည် လူသားဧကရာဇ်မျှော်စင်ကို စတင်သန့်စင်ခဲ့သည်။ လူသားဧကရာဇ်မျှော်စင်သည် သက်ရှိသတ္တဝါများကို သိုလှောင်နိုင်သည့် အတွင်းပိုင်းနေရာတစ်ခုရှိသည်။ အချိန်ကျလာသည့်အခါ ရီရှောင်းရှောင်းသည် တာ့ယွီမင်းဆက်၏ အချို့သောကျင့်ကြံသူများကို သေချာပေါက် ပျက်ဆီးခြင်းနယ်မြေသို့ ခေါ်ဆောင်လာမည်ဖြစ်သည်။
ရီရှောင်းရှောင်း၏ စွမ်းအားများတိုးလာလျှင်ပင် သူမသည်မင်းဆက်တစ်ခုသို့မဟုတ် အင်ပါယာတစ်ခုကို အုပ်ချုပ်လိုပါက သေချာပေါက် အကူအညီလိုလိမ့်မည်။ လူတစ်ယောက်သည် အရာရာတိုင်းကိုတစ်ဦးတည်းမကိုင်တွယ်နိုင်ပေ။ ရီဖန်ကိုယ်တိုင်ပင် ရန်ဟွမ်နယ်မြေသို့ရောက်ရှိလာခဲ့ပြီး တာ့ယွီမင်းဆက်၏ ဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးပေးခဲ့သည်။ တာ့ယွီမင်းဆက် ပိုအားကောင်းလေလေ ရီဖန်အတွက်ခွန်အားပိုပေးနိုင်လေလေဖြစ်သည်။
တာ့ယွီအင်ပါယာကို တည်ထောင်ပြီးသည်နှင့် ရီဖန်သည် ကောင်းကင်အင်မော်တယ်ဘုံကိုဖြတ်ကျော်ရန် နီးကပ်လာမည်ဟုယုံကြည်ခဲ့သည်။ သူသည်ရွှေအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်သရွေ့ ထိုလူ၏တပည့်ဖြစ်လာနိုင်သည်။ ၎င်းသည် ရီဖန်စိတ်အားထက်သန်စွာမျှော်လင့်နေသည့် အရာတစ်ခုဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ချန်မင်ကမ္ဘာရှိ စွမ်းအားကြီးသောအင်အားစုအချို့သည် လူသားဧကရာဇ်အသစ်၏အချက်အလက်များကို စတင်တွက်ချက်လာကြသည်။ ကံမကောင်းစွာဖြင့် စည်းမျဥ်းစည်းကမ်းများပိတ်ဆို့ခြင်းကြောင့် ဘာမှမသိခဲ့ရချေ။ လူသားဧကရာဇ်ပေါ်ထွန်းလာသည့်အခါ ကံကြမ္မာကိုယ်တိုင်သည် ပျက်ဆီးခြင်းများအဖြစ်သို့ပြောင်းလဲလာသည်။
ယခင်က တွက်ချက်ရန်လွယ်ကူသည့်အရာများသည် ယခုတွင်ခက်ခဲလာ၏။ ဤပြောင်းလဲမှုသည် အင်အားစုများစွာကို နိုးကြားစေခဲ့သည်။ ဤအင်အားစုများသည်လည်း သူတို့ကိုယ်သူတို့ ပြင်ဆင်ထားရန်လိုသည်။ နောက်ဆုံးကပ်ဘေးသည် နယ်ပယ်သုံးထောင်ကို ဖြတ်ကျော်သွားခဲ့သည်။
အင်အားစုများသည် အားကောင်းသော်လည်း အခြားသောကပ်ဆိုးများကို ဘေးကင်းစွာ ခံနိုင်ရည်ရှိမည်ဟုမယုံကြည်ခဲ့ကြပေ။ သာမန်ကမ္ဘာတစ်ခုတွင် မရေမတွက်နိုင်သော စွမ်းအားကြီးမားသောသတ္တဝါများသည် တိမ်တိုက်များထက်တွင်ကိုယ်ယောင်ဖျောက်နေတတ်သည်။
"ကပ်ဆိုးတစ်ခုရောက်လာရင် လှုပ်ရှားဖို့အချိန်ရောက်ပြီ"
“အဖွဲ့ခွဲတစ်ခုစီရဲ့ လျှို့ဝှက်တပ်ဖွဲ့တွေကို အခုနေရာချထားနိုင်ပြီ”
"လူသားဧကရာဇ်အသစ်အကြောင်း သတင်းတစ်ခုခုရှိလား။"
"သတင်းမရသေးဘူး၊ ဒါပေမယ့် အတည်ပြုဖို့ လိုအပ်နေတဲ့ သံသယတစ်ခုတော့ရှိတယ်"
တိတ်ဆိတ်သွားသည့်တိုင်အောင် တိမ်တိုက်များဆီသို့အသံများ တဖြည်းဖြည်းပျံ့လွင့်သွားသည်။ ရိုးရိုးဝတ်ရုံနှင့် ကျင့်ကြံသူသည် ရွှံ့အရုပ်များကိုပုံသွင်းနေသည်။ ရုပ်ထုများပေါ်ပေါက်လာပြီးနောက် ၎င်းတို့သည် ချက်ချင်းပင်ကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤကျင့်ကြံသူများသည် တူညီသောပုံသဏ္ဍာန်ရှိသော်လည်း တစ်ဦးစီတိုင်းတွင် ကိုယ်ပိုင်အသိဥာဏ်ရှိကြသည်။
"ဝူရှန်းဘိုးဘေး၊ ငါအခုထွက်သွားတော့မယ်"
ဝတ်ရုံဝတ်တင်ထားသူကို ဂါရဝပြုပြီးနောက် ရုပ်ထုအသီးသီးသည် ကွဲပြားသောဦးတည်ရာသို့ ထွက်ခွာသွားကြသည်။ မျက်နှာမဲ့တာအိုပညာရှင်သည် မရပ်တန့်လိုက်ဘဲ ၎င်းအစား သူ့အရှိန်ကိုမြှင့်လိုက်သည်။
"မှတ်ထားပါ၊ မင်းတို့အခုလုပ်စရာရှိတာက ကျင့်ကြံဖို့ပဲ"
"ငါ့အတွက်လိူအပ်လာရင် ပြန်လာရမယ်"
ဤတာအိုပညာရှင်များသည် မျက်နှာမဲ့တာအိုပညာရှင်အသုံးပြုသော လျှို့ဝှက်နည်းပညာများမှ ပေါက်ဖွားလာသော အရုပ်များဖြစ်သည်။ သူတို့၏ အဓိကတာဝန်သည် အမျိုးမျိုးသောအင်အားစုများထဲသို့ စိမ့်ဝင်ကာပုန်းအောင်းနေထိုင်ရန်ဖြစ်သည်။
…………………..