← Chapters

အခန်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အခန်း ၁၇၈-၁၈၀

Vol. 12 Ch. 178-180

အခန်း ၁၇၈ - ပြောင်းပြန်ထိုးဖောက်ခြင်း

မျက်နှာမဲ့တာအိုပညာရှင်သည် ၎င်းတို့ကို လိုအပ်သောအခါ ၎င်းတို့သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအတွက် စစ်သည်များဖြစ်လာကြမည်ဖြစ်သည်။

“ဘေးဒုက္ခကျရောက်ချိန်တန်ပြီ၊ ငါ့အတွက် မျက်နှာမဲ့တာအိုပညာရှင်အနေနဲ့ လုပ်ဆောင်ရမယ်”

မျက်နှာမဲ့တာအိုပညာရှင်သည် သူဤကဲ့သို့ပြုလုပ်ခဲ့သည်မှာ နှစ်မည်မျှကြာပြီကို မေ့လုနီးပါးပင်။ နယ်ပယ်သုံးထောင်အတွင်းရှိ အင်အားစုများထဲတွင် ၎င်းတို့၏ ကိုယ်ပိုင်မျက်နှာမဲ့တာအိုပညာရှင်များရှိသည်။ မျက်နှာမဲ့တာအိုပညာရှင်အချို့သည် သာမန်တပည့်များသာဖြစ်ကာ အချို့သည်အင်အားစုအသီးသီးတွင် အဆင့်မြင့်အရာရှိများဖြစ်နေပြီဖြစ်သည်။ဤသူလျှိုများသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် မရေမတွက်နိုင်သောအချက်အလက်များကို ယူဆောင်လာပေး၏။

ဝူရှန်းဘိုးဘေးသည် တစ်စုံတစ်ခုကိုမေ့နေကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။ နေ့စဉ်စာများဝင်လာခြင်းသည် များပြားလွန်းသောကြောင့် ဝူရှန်းဘိုးဘေး၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင်လျှင် မရေမတွက်နိုင်သောစာမျိုးကို တစ်ပြိုင်နက် ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် အချို့သောအရာများကို မလွဲမသွေ မေ့သွားခဲ့သည်။

‘ရန်ဟွမ်နယ်မြေ’

ဝူရှန်းဘိုးဘေးသည် သူ၏ကိုယ်ပွါးများထဲမှတစ်ယောက်ကို ပျောက်ကွယ်သွားပြီးနောက် ရှာမတွေ့သေးကြောင်း အမှတ်တမဲ့သတိရလိုက်၏။ ၎င်းကိုယ်ပွါးသည် ရန်ဟွမ်နယ်မြေနှင့် တစ်ခုခုပတ်သက်နေပုံရသည်။ ဤရန်ဟွမ်နယ်မြေသည် မျက်စိကျဖွယ်ကောင်းလှသည်။

သေဆုံးသွားသောကိုယ်ပွါးထံမှ အမှတ်တရများသည် ဝူရှန်းဘိုးဘေး၏အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။

ရန်ဟွမ်နယ်နယ်မြေကို ကြောက်ရွံ့ရန်မလိုတော့ဘဲ ရီမိသားစုထဲတွင်လည်း လျှို့ဝှက်လျှို့ဝှက်အေးဂျင့်အချို့ထားရှိရန် အချိန်တန်ပြီဖြစ်သည်။ သို့သော် ၎င်းတို့ထဲတွင် သူလျှိုထည့်ရန်မှာလွယ်ကူပုံမပေါ်ချေ။

ဝူရှန်းဘိုးဘေးသည် ရီမိသားစု၏စည်းလုံးညီညွတ်မှုမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို သူ့ကိုယ်ပိုင်အမှတ်တရများကို ဖြတ်သန်းရင်းသိရှိလိုက်ရသည်။ ရီမိသားစုတွင် လျှို့ဝှက်အေးဂျင့်တစ်ဦးထားရှိခြင်းသည် စွမ်းအားကြီးအင်အားစုများထဲသို့ စိမ့်ဝင်ရန်ထက်ပင် ပိုမိုခက်ခဲသည်။ အမှန်တကယ်တွင် အဓိကအင်အားစုများတွင် ကိုယ်ပိုင်အဖွဲ့ခွဲများရှိသော်လည်း ရီမိသားစုသည်သံမဏိခံတပ်နှင့်တူသည်

ရီမိသားစု၏တိုက်ရိုက်သားစဉ်မြေးဆက်များထဲသို့ မစိမ့်ဝင်နိုင်လျှင် တစ်ခုတည်းသော ရွေးချယ်မှုမှာ အမျိုးသမီးများကို ပစ်မှတ်ထားရန်ဖြစ်သည်။ ရုတ်တရက် စုယန်သည် ရီမိသားစုမှပျောက်ကွယ်သွားသည်။ စုယန်မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါတွင် ရီမိသားစုနှင့်ဝေးကွာသွားသည်ကို တွေ့လိုက်ရသည်။စုယန်သည် အရမ်းမထိတ်လန့်ဘဲ သူမမသေသေးသရွေ့ အသုံးဝင်မှုအချို့ရှိနေဆဲသာဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားသည် သူမကို ရီမိသားစုမှခေါ်ထုတ်ရန် တိကျသေချာသောပန်းတိုင်များရှိသည်။

ဤသို့သောအခြေအနေမျိုးတွင် သူမထံ၌ အန္တရာယ်ကြီးကြီးမားမားမဖြစ်နိုင်ချေ။ ထို့အပြင် စုယန်သည် သူမကိုယ်တိုင်ကိုင်တွယ်ရန်အတွက် နည်းလမ်းမျိုးစုံရှိပါသေးသည်။ ဥပမာအားဖြင့် လေဟာနယ် အချိန်နေရာလွတ်ပြား၏ကိုယ်ပွားတစ်ခုသည် စုယန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင်ရှိကာ ၎င်းကိုသုံးသရွေ့ လွတ်မြောက်နိုင်သည်။

ရီမိသားစုသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ လေဟာနယ် အချိန်နေရာလွတ်ပြား၏ သက်ရောက်မှုသည် ပိုမိုအားကောင်းလာ၏။ အနည်းဆုံး စုယန်သည် လက်ရှိအခြေအနေတွင် ပိတ်မိနေမည်မဟုတ်ပေ။ ဖိအားမရှိသောကြောင့် သူမသည် မြန်မြန်ထွက်သွားရန်မလိုအပ်ချေ။

မျက်လုံးမှိတ်ပြီးနောက် သူတို့မည်သည့်အရာများစီစဉ်နေသည်ကိုကြည့်ရဦးမည်။

ရုတ်တရက် စုယန်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာသည့် အထူးစွမ်းအင်တစ်ခု ခံစားလိုက်ရသည်။ ဤစွမ်းအင်သည် စုယန်၏စိတ်ဝိညာဉ်အနီးတစ်ဝိုက်တွင် အကြိမ်အနည်းငယ်လှည့်ပတ်ပြီးနောက် တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။ ထို့နောက် စုယန်သည် သူမ၏အသိစိတ် သိသိသာသာပြောင်းလဲလာသည်ကို ခံစားလိုက်ရသည်။

ဦးနှောက်ဆေးကြောခြင်းခံရသကဲ့သို့ စုယန်သည် တစ်စုံတစ်ဦးကို စတင်ကြည်ညိုလေးစားလာသည်ကို ခံစားမိ၏။ အချိန်ကြာလာသည်နှင့်အမျှ စုယန်၏စိတ်ဝိညာဉ်ပင်လယ်ထက်တွင် လူသားရုပ်ပုံတစ်ခုပေါ်လာသည်။ ထို့အပြင် စုယန်သည် ၎င်းအပေါ်လက်အောက်ခံလိုသည့် ခံစားချက်ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ဆာဂျီဖိန်ကြားချက်၏ တိတ်ဆိတ်စွာဖိတ်ခေါ်သံသည် ရုတ်တရက်ထွက်ပေါ်လာ၏။

ပိုင်ဇယ်သည် စုယန်၏ စိတ်ဝိညာဉ်ပင်လယ်တွင်ပေါ်လာကာ တွန်းလှန်နိုင်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဤတွန်းလှန်နိုင်သောစွမ်းအားသည် စုယန်၏ စိတ်ဝိညာဉ်ကို ချက်ချင်းနီးပါးရှင်းရှင်းလင်းလင်းသိသာလာစေရာ တခဏချင်း ထိုခံစားချက်များ ပျောက်သွားသည်။ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လွင့်မျောနေသည့်စွမ်းအားများ ပျက်ပြယ်ခါနီးတွင် စုယန်သည်ရပ်တန့်သွား၏။ ပိုင်ဇယ်၏စွမ်းအားကို ပြန်ရုတ်သိမ်းရင်း စကားတစ်ခွန်းမှမပြောဘဲ စုယန်မျက်လုံးဖွင့်လိုက်သည်။ သူမ၏အကြည့်များသည် ညှို့ယူခံထားရသကဲ့သို့ဖြစ်နေသည်။ ဝူရှန်းဘိုးဘေးသည် စုယန်၏မျက်နှာကိုမြင်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်သည်။

စိတ်ဝိညာဉ်ကို ဖျက်ဆီးသည့်နည်းလမ်းနှင့်ပတ်သက်၍ ဝူရှန်းဘိုးဘေးသည် ယုံကြည်မှုအပြည့်ရှိသည်။ လူသားအင်မော်တယ်တစ်ဦးသည် သေချာပေါက် ကျော်လွှားနိုင်မည်မဟုတ်ပေ။ ဤနည်းလမ်းသည် ဝူရှန်းဘိုးဘေးများ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် အချက်အလက်မှတ်ဥာဏ်များကို စုဆောင်းပေးသည့် အထိရောက်ဆုံးနည်းလမ်းလည်းဖြစ်သည်။ ဖျက်ဆီးခံရသူများသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် သူလျှိုများဖြစ်လာလိမ့်မည်။

ပြောရမည်ဆိုလျှင် အမျိုးသမီးများသည်သဘာဝအတိုင်း သရုပ်ဆောင်ကောင်းသည့်မင်းသမီးများဖြစ်ကြသည်။ ဤအကြည့်သည် အဘက်ဘက်မှပြစ်ချက်ရှာမရချေ။ ကောက်ကျစ်တဲ့မြေခွေးအိုကြီးဖြစ်သည့် ဝူရှန်းဘိုးဘေးပင်လျှင် သူ့နည်းလမ်းပျက်သွားမှန်း မသိလိုက်ပေ။

"ရီမိသားစုကို ပြန်သွားပါ၊ လိုအပ်ရင် ငါမင်းကို ဆက်သွယ်လိုက်မယ်"

ဤစကားများပြောပြီးနောက် ဝူရှန်းဘိုးဘေးသည် စုယန်ကို ရီမိသားစုထံပြန်ပို့လိုက်သည်။

ဝူရှန်းဘိုးဘေးထွက်ခွာသွားသည်နှင့်အမျှ စုယန်၏ စိတ်ထဲတွင် အရိပ်အယောင်များလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ သို့သော် စုယန်သည် ချက်ချင်းပင်စိတ်လျှော့မသွားဘဲ၊ ဝူရှန်းဘိုးဘေးထားခဲ့သောနည်းလမ်းကို တံဆိပ်ခတ်ရန် အစီအမံများကို ဆက်လက်အသုံးပြုခဲ့သည်။

အခြေအနေ လုံးဝလုံခြုံသွားမှသာ စုယန်သက်ပြင်းချကာ နောက်ဆုံးတွင် ရီဖန်ကိုရှာဖွေပြီး သူ့အကြောင်းအရာအားလုံးကို အသိပေးလိုက်သည်

အရာအားလုံးကိုကြားပြီးနောက် ရီဖန်သည် စုယန်၏ စိတ်ဝိညာဉ်ပင်လယ်မှနည်းပညာကိုဖယ်ရှားရန် ချက်ချင်းရည်ရွယ်ခဲ့သော်လည်း စုယန်ကတားဆီးခဲ့သည်။ စုယန်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို အလွန်စိတ်ဝင်စားခဲ့သည်။ သူမကို ပစ်မှတ်ထားခံခဲ့ရသောကြောင့် ရီဖန်သည် ယခုဝူရှန်းဘိုးဘေး ထားခဲ့သောနည်းလမ်းကို ဖယ်ရှားလိုက်လျှင်ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ကိစ္စရပ်များကို လွယ်လွယ်ကူကူလွှတ်ထားမည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို မတုံ့ပြန်သေးဘဲ ဦးစွာတိုက်ခိုက်ခြင်းဖြင့် အခွင့်ကောင်းမယူဘဲနေရမည်နည်း။ သူမ၏ လက်ရှိအခြေအနေကိုအသုံးပြု၍ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အချက်အလက်များကို စတင်စုဆောင်းနိုင်သည်။

ကျင့်ကြံခြင်းမှလွဲ၍ စုယန်တွင် အားလပ်ချိန်များစွာရှိသည်။ နှစ်ထပ်အေးဂျင့်တစ်ဦးဖြစ်သည့် စုယန်သည် သူမ၏အထောက်အထားအသစ်အတွက် စိတ်အားထက်သန်မှုအပြည့်ဖြင့် အလွန်ကျေနပ်နေသည်။

ရီမိသားစုကို ဆန့်ကျင်ရန်ကြံဆောင်ဝံ့သည့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်မည်ကိုသာစောင့်နေကြလော့။

နောက်ရက်များတွင် စုယန်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ နေ့စဉ်ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ရုတ်တရက် စုယန်၏စိတ်ထဲတွင် ဝူရှန်းဘိုးဘေး၏ အရိပ်အယောင်သည် တစ်ဖန်ပြန်လည်ရှင်သန်လာသည်။

ဤတစ်ကြိမ်တွင် ဝူရှန်းဘိုးဘေးသည် စုယန်ကို သြဒိနိတ်အစုံအလင်ပေးကာ တစ်နေရာသို့သွားခိုင်းသည်။ စုယန်ရောက်သောအခါတွင် ဆိတ်ငြိမ်သော တောင်ချိုင့်တစ်ခုကို တွေ့လိုက်ရ၏။ စုယန်သည် ဝူရှန်းဘိုးဘေးပြောထားသည့် မန္တန်ကိုအသုံးပြု၍ အထဲသို့ဝင်ခဲ့သည်။

အထဲမှာတွင် အမှန်တကယ်ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ဠာနခွဲတစ်ခုရှိသည်။ ဠာနခွဲအတွင်းတွင် ကျင့်ကြံသူအများအပြားရှိကာ စူးယန်သည် သူမမှတ်မိသောကျင့်ကြံသူများကိုပင် တွေ့ခဲ့ရသည်။

ထို့အပြင် ဤကျင့်ကြံသူများသည် နေ့စဉ်ပုံမှန်လူများကဲ့သို့ပင်။ ဤမျှလောက်များပြားသော ကျင့်ကြံရေးသမားများသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် သူလျှိုများဖြစ်မည်ဟုမည်သူထင်မည်နည်း။

စုယန်သည် သူမ၏ကျောရိုးတစ်လျှောက်သို့ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏နည်းလမ်းများမှာ အလွန်ကြောက်စရာကောင်းသည်။ မသိလိုက်ဘဲ ဤမျှလောက်သော လူသားကျင့်ကြံသူများသည် ၎င်းတို့၏ထိန်းချုပ်မှုကိုခံခဲ့ရသည်။ စုယန်လမ်းလျှောက်လာရင်းနှင့် သူမသည် ထိုကျင့်ကြံသူများ၏မျက်နှာများကို တိတ်တဆိတ်မှတ်သားခဲ့သည်။

၎င်းတို့အားလုံးကို ဖော်ထုတ်ပြသမည့်နေ့ကို စောင့်မျှော်နေမည်ဖြစ်ကာ ၎င်းတို့ကိုမှတ်သားရမည်ဖြစ်၏။ ဝူရှန်းဘိုးဘေးတစ်ဦးပေါ်လာကာ အင်အားစုအသီးသီးမှ ထောက်လှမ်းရေးများကို စတင်စုဆောင်းခဲ့သည်။

စုယန်သည်လည်း သူမပြင်ဆင်ထားသည့် အချက်အလက်များကိုထုတ်ပြခဲ့သည်။ မည်သည့်အရာကိုမျှမပေးခြင်းသည် သေချာပေါက် ရွေးချယ်စရာမဟုတ်ချေ။ ထို့ကြောင့် စုယန်ပေးထားသော အချက်အလက်သည် တစ်ဝက်မှန်သည် တစ်ဝက်မှားကာ ရီမိသားစုမှမဟုတ်သူ မည်သူမဆို အမှန်နှင့် အမှားကို ခွဲခြားနိုင်မည်မဟုတ်ပေ။

ရီမိသားစုမှ အခြားသောကျင့်ကြံသူအား ထိန်းချုပ်ထားသည့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက်လော။ ရယ်စရာမပြောလေနှင့်၊ ထိုအချိန်ရောက်လျှင် စုယန်ကဲ့သို့ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အတွင်းသူလျှိုတစ်ယောက်ပေါ်လာလိမ့်မည်။

ရုတ်တရက် စုယန်၏စိတ်ထဲတွင် ရဲရင့်သောအကြံတစ်ခု ထွက်ပေါ်လာသည်။ ရီမိသားစုမှကျင့်ကြံသူအနည်းငယ်ကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ထိန်းချုပ်ခံရသည်ဟု ထင်မြင်စေခြင်းဖြင့် ရီမိသားစုမှကျင့်ကြံသူတစ်ချို့ကို မခိုးသွင်းရမည်နည်း။

ဤနည်းဖြင့် ရီမိသားစုသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲသို့ တန်ပြန်စိမ့်ဝင်နိုင်သည်။ ထို့နောက်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကိုချုပ်ကိုင်သူသည် ဝူရှန်းဘိုးဘေးဖြစ်တော့မည်မဟုတ်တော့ချေ။

……………….

အခန်း ၁၇၉ - ရီမိသားစု၏ အဓိကအင်အားစုသုံးခု

အတွေးပေါ်လာသည်နှင့် စုယန်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ သို့သော် ဤကိစ္စသည် နေ့ချင်းညချင်းပြီးမြောက်လိမ့်မည်မဟုတ်ပေ။ အချိန်လိုအပ်သည်။ ဆယ်နှစ်တစ်ကြိမ် ထောက်လှမ်းရေးတင်ပြချက်အတွက် အစည်းအဝေးတစ်ခုရှိသည်။ ထိုအချိန်တွင် သူမသည် တဖြည်းဖြည်းစိမ့်ဝင်ရမည်။

စုယန်သည် သူမ၏အချက်အလက်များကို အောင်မြင်စွာ တင်ပြပြီးနောက် အတည်ပြုချက်ကို ရရှိခဲ့သည်။

ထို့ပြင် သူမ၏ဉာဏ်ရည်ဉာဏ်သွေးအရေးပါမှုကြောင့် စုယန်သည် နဂါးနက်အင်ပါယာအတွင်း ထောက်လှမ်းရေးတာဝန်ယူသည့် အမှုထမ်းအဖြစ်သို့တိုးမြှင့်ခံခဲ့ရသည်။ အမှုဆောင်အရာရှိဖြစ်လာပြီးနောက် စုယန်သည် သူမ၏ကွန်ယက်ကို တိုးချဲ့ပိုင်ခွင့်ရှိသည်ဖြစ်ရာ အရာအားလုံးသည် အပြုသဘောဆောင်သည့် ဦးတည်ရာကိုရွေ့နေသည်။

စုယန်သည် သူမ၏အောင်မြင်မှုများနှင့်အလုပ်ရှုပ်နေချိန်တွင် မြစ်ဖြတ်နဂါးအဖွဲ့တစ်ဖွဲ့သည် ပျက်ဆီးခြင်းနယ်မြေသို့ရောက်ရှိလာသည်။ ဤမြစ်ဖြတ်နဂါးများသည် အင်အားကြီးမားကာ ပျက်ဆီးခြင်းနယ်မြေ၏သုံးပုံတစ်ပုံကို လျင်မြန်စွာဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက်တွင် တာ့ယွီမင်းဆက်ကိုအောင်မြင်စွာတည်ထောင်ခဲ့၏။

အင်အားစုတစ်ခုထူထောင်ခြင်းသည် အင်ပါယာများစွာအတွက် ကိစ္စရပ်ကြီးတစ်ခုဟုမယူဆကြချေ။

နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သည့်အင်အားစုအသစ်များ ထူထောင်လျက်ရှိကာ မရေမတွက်နိုင်သည့် အင်အားစုအဟောင်းများသည်လည်းသုတ်သင်ခံရသည်။ သို့သော် မင်းဆက်ထူထောင်ခြင်းသည် အင်ပါယာဆယ်ခုအတွက် ကွဲပြားခြားနားသောအခြေအနေတစ်ခုဖြစ်သည်။

မင်းဆက်တစ်ခုသည်နယ်မြေနှင့် ချီစွမ်းအားကံကြမ္မာ လိုအပ်သည်။ အင်ပါယာဆယ်ခုအတွက် ၎င်းသည်၎င်းတို့၏စားခွက်ထဲမှ အစားအစာများကို ခိုးယူခြင်းနှင့်တူသည်။ နှစ်များတစ်လျှောက်တွင် မင်းဆက်သစ်ထူထောင်ရန်စိတ်ကူးသူများရှိခဲ့သော်လည်း ၎င်းတို့အားလုံးခြွင်းချက်မရှိ မအောင်မြင်ခဲ့ချေ။ ကောင်းကင်ဘုံတာအို၏ အသိအမှတ်ပြုခြင်းမခံရမီတွင်ပင် ၎င်းတို့အားလုံးသည် အင်ပါယာဆယ်ခု၏လျှို့ဝှက်အကြံအစည်များဖြင့် ချေမှုန်းခံခဲ့ရသည်။

ချွမ်ထျန်းအင်ပါယာတွင် ချွမ်ထျန်းဘုရင်သည် သူ၏လက်အောက်ငယ်သားများတင်ပြသောအစီရင်ခံစာကိုဖတ်နေစဉ်တွင် သူ၏မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။

"ချွမ်နဂါးအစောင့်တပ်ကို လှုပ်ရှားခိုင်းလိုက်၊ ပြီးတော့ အခြားအင်ပါယာတွေကိုလည်း အကြောင်းကြားလိုက်၊ သူတို့လည်း အင်ပါယာအသစ်ပေါ်ပေါက်လာတာကို မမြင်ချင်ကြဘူးလို့ထင်ပါတယ်”

ဤကိစ္စရပ်များကို ကိုင်တွယ်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ အလွန်အတွေ့အကြုံရှိခဲ့သည်။ ချွမ်ထျန်းဘုရင်သည် သူမလှုပ်ရှားလျှင်ပင် တခြားအင်ပါယာများ လှုပ်ရှားလိမ့်မည်ဖြစ်ကြောင်းယုံကြည်သည်။ သို့သော်လည်း ပျက်ဆီးခြင်းနယ်မြေသည် ချွမ်ထျန်းအင်ပါယာနှင့် အနီးစပ်ဆုံးဖြစ်သည်။ ချွမ်ထျန်းဘက်မှဘာမှမလုပ်လျှင် တခြားသူများက ၎င်းတို့ကိုရှုတ်ချလိမ့်မည်။

နဂါးနက်အင်ပါယာ၏ငြင်းဆန်မှုနှင့် ချွမ်ထျန်းအိမ်ရှေ့မင်းသား၏ဒဏ်ရာသည် ချွမ်ထျန်းအင်ပါယာကို လှောင်ရယ်ဖွယ်ဖြစ်စေခဲ့ပြီးဖြစ်၏။ အကယ်၍ ၎င်းတို့သည် ဤတစ်ကြိမ်တွင်မလှုပ်ရှားပါက ချွမ်ထျန်းအင်ပါယာ၏မျက်နှာသည် လုံးဝဆုံးရှုံးသွားမည်ဖြစ်သည်။

" နဂါးနက်တော်ဝင်သမက်တော်နောက်ကွယ်က စုံစမ်းစစ်ဆေးမှုက ဘယ်လိုလဲ" ချွမ်ထျန်းအင်ပါယာဘုရင်သည် ရီရှောက်ဖန်နှင့် ပတ်သက်၍မေးမြန်းခဲ့သည်။

“လောလောဆယ်တော့ သတင်းမရှိသေးပါဘူး၊ နဂါးနက်တော်ဝင်သမက်တော်က လေဟာနယ်ထဲကနေ ရုတ်တရက်ထွက်ပေါ်လာသလိုပဲ၊ အချက်အလက်တွေကို စုံစမ်းလို့မရပါဘူး”

“စောက်သုံးမကျဘူး! ငါ မင်းကို ဘာအတွက် ခန့်ထားရတာလဲ!"

ဘမ်း!

အရာရှိသည် ခုခံရန်မကြံစည်ဝံ့ဘဲ ပြေးသွားကာ ချွမ်ထျန်းဘုရင်၏ရှေ့တွင် ပြန်လည်ဝပ်တွားခဲ့သည်။

နဂါးနက်အင်ပါယာနှင့် နှိုင်းယှဉ်ပါက ချွမ်ထျန်းအင်ပါယာမှ အရာရှိများ၏ဘဝသည် မလွယ်ကူလှပေ။ ၎င်းတို့ဘုရင်၏ရက်စက်မှုကြောင့်သာ ချွမ်ထျန်းအင်ပါယာသည် ၎င်း၏လက်ရှိသာယာဝပြောမှုကိုရရှိခဲ့ခြင်းဖြစ်၏။

“စုံစမ်းမှုတွေဆက်လုပ်ပါ၊ နဂါးနက်အင်ပါယာရဲ့ တော်ဝင်သမက်တော်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ယူခဲ့”

"ငါတို့ ချွမ်ထျန်းအင်ပါယာကို အရှက်ခွဲဖို့သတ္တိရှိနေကြတာ၊ ဒီကိစ္စကိုလွယ်လွယ်မလွှတ်ပေးနိုင်ဘူး”

"ငါ ကောင်းကင်ဘုံအင်မော်တယ်ဘုံကို ဖြတ်ကျော်တဲ့အထိသာ စောင့်လိုက်စမ်းပါ၊ အင်ပါယာဆယ်ခုစလုံး ငါတို့ချွမ်ထျန်းအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာရှိလာရမယ်"

ချွမ်ထျန်းအင်ပါယာသည် ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကျင့်ကြံသူ၏ ပံ့ပိုးကူညီမှုရရှိခဲ့သော်လည်း ၎င်းသည် သူ၏ကိုယ်ပိုင်အာဏာမဟုတ်ပေ။ လွန်ခဲ့သည့်နှစ်များအတွင်း ချွမ်ထျန်းဘုရင်သည် ကောင်းကင်အင်မော်တယ်ဘုံသို့ဖြတ်ကျော်ရန် စီစဉ်နေခဲ့ကာ ယခုတွင်သူသည် ခြေတစ်လှမ်းသာဝေးတော့၏။

ချွမ်ထျန်းအင်ပါယာမှလွဲ၍ အခြားသော အင်ပါယာများသည်လည်း တာ့ယွီမင်းဆက်၏ သတင်းများကိုရရှိကြသည်။ စာရင်းတွင်ပါဝင်သည်မှာ နဂါးနက်အင်ပါယာဖြစ်သည်။ တာ့ယွီမင်းဆက်အကြောင်းအချက်အလက်ကိုဖတ်ပြီးနောက် နဂါးနက်အင်ပါယာဘုရင်သည် အလျင်စလိုလုပ်ဆောင်ရန်မလုပ်ဘဲ တွေးတောဆင်ခြင်ခဲ့သည်။

"တာ့ယွီမင်းဆက်ရဲ့ဘုရင်ကို ရီရှောင်းရှောင်းလို့ခေါ်ပြီးတော့ ရှောက်ဖန်လိုပဲ၊ သူက ဘယ်ကနေပေါ်လာမှန်းမသိဘူး"

တိုက်ဆိုင်မှုများစွာဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်နွှယ်မှုမရှိဟုဆိုပါက နဂါးနက်အင်ပါယာဘုရင်သည် ၎င်းကို ယုံမည်မဟုတ်ပေ။ ဤ ရီရှောင်းရှောင်းနှင့် တာ့ယွီ မင်းဆက်သည် ရီမိသားစုနှင့် အလွန်ဆက်စပ်နေနိုင်သည်။ သိူ့မဟုတ်ပါက နဂါးနက်အင်ပါယာ၏ ထောက်လှမ်းရေးစနစ်များပေါများသည့်အထဲမှ အချက်အလက်များကို စုံစမ်းမရနိုင်စရာအကြောင်းမရှိချေ။

ရီရှောင်းရှောင်းသည် ရီမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါက ၎င်းသည်နဂါးနက်အင်ပါယာဘက်မှ တစ်ဦးဖြစ်လာစေမည်မဟုတ်ပေ။ နှစ်များတစ်လျှောက် ချွမ်ထျန်းအင်ပါယာ ထွန်းကားလာသည်နှင့်အမျှ ချွမ်ထျန်းအင်ပါယာနှင့် နီးစပ်သောနဂါးနက်အင်ပါယာအတွက် မလွယ်ကူလှချေ။

ထို့အပြင် ချွမ်ထျန်း၏ဘုရင်သည် ကောင်းကင်အင်မော်တယ်ဘုံသို့ဖြတ်ကျော်ရန် အမြဲကြံစည်နေကြောင်း နဂါးနက်အင်ပါယာ၏ဘုရင်သိထားသည်။ သူဖြတ်ကျော်ပြီးသည်နှင့် ၎င်းသည် နဂါးနက်အင်ပါယာအတွက် ဘေးဥပဒ်ဖြစ်စေလိမ့်မည်။ နဂါးနက်အင်ပါယာသည်လည်း အာမခံချက်အသစ်တစ်ခုအတွက် စတင်စီစဉ်သင့်သည်။

နဂါးနက်ဘုရင်၏မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သောရီရှောက်ဖန်သည် အသင့်တော်ဆုံးကိုယ်စားလှယ်လောင်းဖြစ်သည်။ ယခုအချိန်အထိ နဂါးနက်အင်ပါယာဘုရင်သည် ရီရှောင်ဖန်၏စစ်မှန်သောခွန်အားကို အပြည့်အဝနားမလည်သေးပေ။ ကမ္ဘာ့အင်မော်တယ်အဆင့်သည် ရီရှောက်ဖန်၏ ကန့်သတ်ချက်ဖြစ်သလော။ နဂါးနက်ဘုရင်ကတော့မယုံချေ။ အချိန်အတော်ကြာ ဆက်ဆံပြီးနောက် နဂါးနက်အင်ပါယာဘုရင်သည် ရီရှောက်ဖန်ကို အနည်းငယ်နားလည်လာသည်။ ရီရှောင်ဖန်၏ခွန်အားသည် သူထုတ်ပြထားသည်ဖက် အကန့်အသတ်မရှိသည်မှာသေချာသည်။

"တာ့ယွီကိုထိပါးလာရင် နဂါးနက်အစောင့်တပ်က အဆင်သင့်ရှိပါစေ။ သူတို့ကို တတ်နိုင်သမျှကူညီပြီးတော့ အခွင့်အလမ်းကိုရှာပါ၊ တာ့ယွီမင်းဆက်နှင့်မဟာမိတ်ဖွဲ့ပါ"

မဟာအကြီးအကဲသည် နဂါးနက်ဘုရင်၏ အကြံအစည်နှင့်ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း ထပ်မံမမေးဘဲ ညွှန်ကြားချက်များကိုချက်ချင်းလိုက်နာခဲ့သည်။

တာ့ယွီမင်းဆက်ပေါ်ထွန်းလာမှုကြောင့် အရှေ့ပြည်နယ်တစ်ခုလုံး အခြေမငြိမ်ဖြစ်သွားသည်။

ရီရှောင်းရှောင်းသည် အမျိုးမျိုးသောအင်ပါယာများ၏ လှုပ်ရှားမှုများကိုသတိထားမိသော်လည်း သူမသည်ဂရုမစိုက်ပေ။ လူသားဧကရာဇ်၏ လမ်းကြောင်းသည် အတားအဆီးများနှင့်ပြည့်နှက်ရန် ရည်ရွယ်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေသည် အသေးအဖွဲပင်။

တာ့ယွီမင်းဆက်၏ ယခုလုပ်ဆောင်ရမည့်အရာမှာ ၎င်း၏အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေရန်ဖြစ်သည်။

အကြွင်းမဲ့အာဏာကို ရင်ဆိုင်ရသောအခါ ဤဇာတ်ကွက်များနှင့် အကြံအစည်များအားလုံးသည် စက္ကူကျားများသာဖြစ်သည်။ ထို့အပြင် တာ့ယွီမင်းဆက်သည်တစ်ကိုယ်တည်းမဟုတ်ချေ။

တော်တော်များများမသိဘဲ ရီရှောင်းရှောင်းသည် အင်အားကြီး အင်အားစုနှစ်ခုနှင့် မဟာမိတ်ဖွဲ့ထားပြီးဖြစ်သည်။ ဂိုဏ်းဂဏနယ်မြေရှိသက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင် ကျောင်းတော်တို့သည် တာ့ယွီမင်းဆက်၏မဟာမိတ်များဖြစ်သည်။

ဂိုဏ်းဂဏနယ်မြေအတွင်းရှိ သက်ရှည်ဂိုဏ်းတွင်၊

ကျင်းဟိုင်၏ ဂူအိမ်အတွင်း၌ အလင်းရောင်တစ်ခုထင်ရှားပေါ်လွင်လာသည်။ ထာဝရအသက်အင်မော်တယ်ခန္ဓာကိုယ်ကိုရရှိပြီးနောက် ကျင်းဟိုင်၏ကျင့်ကြံမှုအရှိန်သည် သိသိသာသာတိုးလာခဲ့သည်။ ဆယ်စုနှစ်များအတွင်းသူသည် ကမ္ဘာ့အင်မော်တယ်နယ်မြေ၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေရှိသက်ရှည်ဂိုဏ်း၏ အရင်းအမြစ်များကို တဖြည်းဖြည်းစုပ်ယူလာသည်။ လက်ရှိသက်ရှည်ဂိုဏ်းသည် ဂိုဏ်းဂဏနယ်မြေတွင် မထင်မရှားမဟုတ်တော့ဘဲ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်သည်။

"ဂိုဏ်းချုပ်၊ အရိပ်တံခါးကို ချုပ်ကိုင်ထားလိုက်ပါပြီ"

၎င်းတို့၏ကိုယ်ပိုင်အင်အားကို တိုးမြှင့်ခြင်းအပြင် သက်ရှည်ဂိုဏ်းသည် ၎င်း၏တွဲဘက်အင်အားစုများကို လျှို့ဝှက်ထိန်းချုပ်မှုအောက်သို့ခေါ်ဆောင်လာ၏။ လက်ရှိတွင် ၎င်းတို့သည် လူ့အင်မော်တယ်နယ်မြေရှိ တွဲဘက်အင်အားစုအများအပြားကိုထိန်းချုပ်ထားသည်။ မကြာသေးမီက ထိန်းချုပ်ထားသော အရိပ်တံခါးသည် ကမ္ဘာ့အင်မော်တယ်နယ်မြေတွင်ရှိကြသည်။

"ဆက်လုပ်ပါ၊ တော်တော်ရောက်လာပြီပဲ"

ကျင်းဟိုင်သည် သူ့အဒေါ်၏အခြေအနေများကို သိပြီးကတည်းကပို၍ပင် စိုးရိမ်လာခဲ့သည်။

တာ့ယွီမင်းဆက်ရင်ဆိုင်ရမည်မှာ အင်ပါယာဆယ်ခုဖြစ်သည်။ တာ့ယွီမင်းဆက်နှင့် အသက်ရှည်ဂိုဏ်းပေါင်းစည်းထားခြင်းဖြင့်ပင်လျှင် ၎င်းတို့၏လက်ရှိအင်အားသည် မလုံလောက်သေးပေ။

ကံကောင်းထောက်မစွာဖြင့် သူ့တပည့်နှစ်ယောက်လည်း ယခုတော်တော်လေး တိုးတက်နေပြီဖြစ်သည်။

ဂိုဏ်းဂဏနယ်မြေရှိ အရွက်တစ်ထောင်ကျောင်းတော်၏ ဂုဏ်သတင်းသည် အသက်ရှည်ဂိုဏ်း၏ ဂုဏ်သတင်းထက်ကြီးမားသည်။ မြောက်များစွာသော အင်ပါယာများပင်လျှင် အရွက်တစ်ထောင်ကျောင်းတော်ကို ၎င်းတို့၏အမျိုးသားကျောင်းတော်အဖြစ် ဖိတ်ခေါ်ရန်နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် အရွက်တစ်ထောင်ကျောင်းတော်တွင် ကောင်းကင်နှင့်မြေကမ္ဘာကျောင်းတော်မှ ဆရာနှစ်ယောက်ရှိသောကြောင့်ဖြစ်သည်။

ကောင်းကင်နှင့်မြေကမ္ဘာကျောင်းတော်သည် ရွှေအင်မော်တယ်အဆင့်အထက်ရှိ ကျင့်ကြံသူများနှင့်အတူ စစ်မှန်သည့်အင်အားစုတစ်ခုဖြစ်သည်။ ၎င်းသည် အရှေ့ပြည်နယ်ထက်ပင် အနည်းငယ်မျှမနိမ့်ကျချေ။

……………….

အခန်း ၁၈၀ - လူသားဧကရာဇ်၏ရောင်ဝါ၊ အဓိကအင်ပါယာကြီးများ စတင်လှုပ်ရှားခြင်း

ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကျောင်းတော်သည် အာဏာပြိုင်ဆိုင်မှုတွင် မပါဝင်သော်လည်း အင်အားကြီးသော ပုဂ္ဂိုလ်အများအပြားသည် ၎င်း၏ရာထူးမှပေါ်ထွက်လာသောကြောင့် ပျားအုံကဲ့သို့လှုံ့ဆော်နေသည်။ ကျောင်းတော်တစ်ခု၏ စစ်မှန်သည့်အင်အားသည် ၎င်းတို့ထဲတွင်ရှိသည့် စွမ်းအားရှင်အရေအတွက်မဟုတ်ဘဲ ကျင့်ကြံသည့်စွမ်းရည်နှင့်သာသက်ဆိုင်၏။ စွမ်းရည်သည် မည်သည့်အဖွဲ့အစည်းအတွက်မဆို အဖိုးတန်သောအရင်းအမြစ်တစ်ခုဖြစ်သည်။

ထို့ကြောင့်ဖြစ်နိုင်လျှင် အင်အားစုအများစုသည် ကျောင်းတော်များကိုထိပါးခြင်းမှ ရှောင်ကြဉ်ကြမည်ဖြစ်သည်။

ကျောင်းတော်တစ်ခုတွင် အရေးအကြီးဆုံးသည် ဆရာများဖြစ်ကြသည်။ နည်းပြဆရာသည် အလွန်မြင့်မားသောကျင့်ကြံမှုအဆင့်ကိုပိုင်ဆိုင်ရန် မလိုအပ်သော်လည်း ၎င်းတို့သည်ကျင့်ကြံသူများ၏ လေ့ကျင့်ရေးအတွက် လမ်းညွှန်ပေးနိုင်ရမည်။ နည်းပြဆရာများကိုလည်း လူသား၊ ကမ္ဘာနှင့် ကောင်းကင်ဘုံဟူ၍ အဆင့်သတ်မှတ်ထားသည်;

ဆေးပညာရှင်ကဲ့သို့သော အသက်မွေးဝမ်းကျောင်းများကဲ့သို့ပင် အဆင့်သတ်မှတ်ထားသော နည်းပြဆရာတစ်ဦးရှိခြင်းသည် အလွန်တန်ဖိုးရှိ၏။ ဥပမာအားဖြင့် အရွက်တစ်ထောင်ကျောင်းတော်တွင် လူသားအဆင့်နည်းပြဆရာနှစ်ဦးရှိသည်။ ထို့အပြင် ၎င်းတို့သည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကျောင်းတော်မှ သင်ကြားပြသပေးရန် ဖိတ်ကြားခြင်းခံထားရသည်။

လူသားအဆင့်နည်းပြဆရာသည် အင်အားစုများအတွက် ကောင်းကင်ဘုံအင်မော်တယ်နယ်မြေအဆင့်ကျင့်ကြံသူနှင့်ညီမျှသည်။ အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့သည် လူသားအဆင့်နည်းပြဆရာများ ဖြစ်လာပြီးနောက် အင်ပါယာများစွာသည် ၎င်းတို့၏ကျင့်ကြံသူများကို အရွက်တစ်ထောင်ကျောင်းတော်သို့ စေလွှတ်လိုကြသောကြောင့် ကျောင်းသားတစ်ယောက် နေရာတစ်ခုရရန်အတွက် မရေမတွက်နိုင်သည့် အရင်းအမြစ်များကိုသုံးစွဲခဲ့သည်။

ကံမကောင်းစွာဖြင့် အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့သည် ၎င်းတို့၏ကျောင်းသားများကို ရွေးချယ်ရာတွင် အလွန်တင်းကျပ်သည်။ သူတို့ထံတွင် စွမ်းရည်သတ်မှတ်ချက်များရှိရုံတင်မကဘဲ ဇာတ်ကောင်စရိုက်သည်လည်း အရေးကြီးဆုံးစံသတ်မှတ်ချက်များပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်၏စရိုက်လက္ခဏာနှင့် မကိုက်ညီပါက အရည်အချင်းပြည့်မီသူများပင် အရွက်တစ်ထောင်ကျောင်းတော်သို့ မတက်ရောက်နိုင်ချေ။

ထို့ကြောင့် အရွက်တစ်ထောင်ကျောင်းတော်မှ ဘွဲ့ရသော ကျောင်းသားတိုင်းသည် လေးနက်စွာတန်ဖိုးထားခံရသည်။ အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့က အကူအညီတောင်းသရွေ့ မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများသည် ၎င်းတို့၏အကူအညီကိုပေးစွမ်းမည်ဖြစ်သည်။ သို့သော် အရွက်တစ်ထောင်ကျောင်းတော်သည် ရီမိသားစု၊ ရီဖန်နှင့် သူတို့ပစ်မှတ်ထားလိုသည့် တာ့ယွီအင်ပါယာမှပိုင်ဆိုင်သည်ဟူ၍ မည်သူက စိတ်ကူးယဉ်နိုင်မည်နည်း။

အင်အားစုသုံးခုလုံးသည် တပြိုင်နက်တည်း စတင်လုပ်ဆောင်ကြကာ ၎င်းတို့၏အင်အားကို လျင်မြန်စွာတိုးမြင့်လာစေသည်။ ၎င်းသည် အစသာရှိသေးကြောင်းအားလုံးသိထား၏။ ကံကြမ္မာရွှေနဂါးကို အောင်မြင်စွာပုံဖော်နိုင်မှသာလျှင် ထိုစွမ်းအားများသည်လှုပ်ရှားနိုင်မည်ဖြစ်သည်။

ရီရှောင်းရှောင်းသည် မည်သည့်စွမ်းအားကိုမျှ လျှော့တွက်မည်မဟုတ်ဘဲ၊ ဤတစ်ကြိမ်တွင် ကံကြမ္မာရွှေနဂါးကိုပြုလုပ်ရာ၌ သူမသည်မပျက်မကွက်အောင်မြင်ရမည်ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ တာ့ယွီအင်ပါယာ၏ လွှမ်းမိုးမှုမှာအားကောင်းလာသည်။ အခြေခံအားဖြင့် ပျက်ဆီးခြင်းနယ်မြေတစ်ခုလုံးကို တာ့ယွီအင်ပါယာ၏ ပိုင်နက်အတွင်းပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုအတောအတွင်း အင်အားစုများစွာသည် ၎င်း၏နောက်ကွယ်မှဖျက်ဆီးရန်ကြိုးစားခဲ့သည်။

သို့သော် ၎င်းတို့အားလုံးကို ရီရှောင်းရှောင်းကိုယ်တိုင်ဖြေရှင်းခဲ့သည်။

အကယ်၍ ထိုပုဂ္ဂိုလ်များသည် သူမကိုဖယ်ရှားနိုင်ပါက၊ ရီရှောင်းရှောင်းသည် တာ့ယွီအင်ပါယာကိုထူထောင်ရန် ကြိုးစားခြင်းကို စွန့်လွှတ်ပေးမည်ဖြစ်သည်။ အင်ပါယာ၏ကံကြမ္မာသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ ရီရှောင်းရှောင်း ၏ "လူသားဧကရာဇ်စူတြာ" သည်လည်း သိသိသာသာ တိုးတက်ခဲ့သည်။

ရီရှောင်းရှောင်းသည် မဟာတာအိုထံမှ အသိအမှတ်ပြုခံရသည့်အခိုက်တွင် သူမ၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန် အခွင့်အရေးဖြစ်လိမ့်မည်ဟု ကြိုတင်သတိပေးချက်တစ်ခုရရှိသည်။ ချွမ်ထျန်းအင်ပါယာ၊ ဟုန်ဟိုင်အင်ပါယာ၊ အားလုံးအဆင်သင့်ဖြစ်ကြသလော။

"ဧကရီ၊ ဒါတွေက အဓိကအင်ပါယာပေါင်းများစွာရဲ့ အချက်အလက်တွေပါ!"

အနီရောင်ဝတ်ရုံကို၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရီရှောင်းရှောင်းရှေ့တွင် ရုတ်တရက်ပေါ်လာကာ ကျောက်စိမ်းစလစ်တစ်စောင်ကို လေးစားစွာပေးအပ်လိုက်သည်။ ဤသည်မှာ ထောက်လှမ်းရေးကိုကိုင်တွယ်ရန် ရီရှောင်းရှေားရှေ့တွင် ရုတ်တရက်ပေါ်လာကာ ကျောက်စိမ်းစလစ်တစ်စောင်ကို လေးစားစွာပေးအပ်လိုက်သည်။ ဤသည်မှာ ထောက်လှမ်းရေးကိုကိုင်တွယ်ရန် ရီရှောင်းရှောင်းဖန်တီးထားသည့် ဖီးနစ်အမျိုးသမီးအစောင့်တပ်ဖြစ်ကာ တာ့ယွီအင်ပါယာတွင် အစွမ်းထက်ဆုံးအုပ်စုဖြစ်သည်။ ထို့အပြင် ၎င်း၏အဖွဲ့ဝင်အားလုံးမှာ အမျိုးသမီးများဖြစ်၏။ အရည်အချင်းနှင့် ခွန်အားတို့သည် မရှိမဖြစ်လိုအပ်သည်။

ရီရှောင်းရှောင်းရှေ့တွင်ရပ်နေသည့် ဖီးနစ်အမျိုးသမီးအစောင့်တပ် ခေါင်းဆောင်တစ်ဦးသည် မဟာယာနနယ်ပယ်သို့ရောက်ရှိနေသည်။ အင်ပါယာကြီးများလှုပ်ရှားလာကတည်းက ရီရှောင်းရှောင်းသည် ၎င်းတို့အတွက် သတင်းအချက်အလက်များကို စတင်စုဆောင်းခဲ့သည်။ ချွမ်ထျန်းနှင့် ဟုန်ဟိုင်အင်ပါယာများသည် သူမနှင့်အနီးစပ်ဆုံးဖြစ်ရာ ထောက်လှမ်းခြင်းအတွက် အဓိကအာရုံစိုက်စရာဖြစ်သည်။ အင်ပါယာများ၏ အင်အားမှလွဲ၍ ၎င်းတို့နောက်ကွယ်မှအင်အားစုများသည် ဖီးနစ်အမျိုးသမီးအစောင့်တပ်၏ စုံစမ်းစစ်ဆေးမှုလက်အောက်ခံများဖြစ်သည်။

"ဟုန်ထျန်းအင်မော်တယ်ကျောင်းတော်၊ ချွမ်ဟိုင်အင်မော်တယ်ကျောင်းတော် နှစ်ခုလုံးမှာ ကောင်းကင်ဘုံအင်မော်တယ်အဆင့် ကျင့်ကြံသူတွေရှိတယ်၊ သူတို့က ကိုင်တွယ်ရတာ လွယ်မှာမဟုတ်ဘူး"

လက်ရှိတာ့ယွီအင်ပါယာသည် ကောင်းကင်ဘုံအင်မော်တယ်ကျင့်ကြံသူကို တိုက်ဖျက်ရန် နည်းလမ်းမရှိသေးချေ။ သို့သော် ၎င်းသည် ယခုအချိန်အတွက်သာဖြစ်သည်။

ရီရှောင်းရှောင်းသည် ထိုအရာဝတ္ထုကိုရလိုက်သည်နှင့် ကောင်းကင်ဘုံအင်မော်တယ်နယ်မြေသည် သေးငယ်သောအတားအဆီးတစ်ခုမျှသာဖြစ်လာလိမ့်မည်။

လူသားဧကရာဇ်စူတြာသည် ရီရှောင်းရှောင်းကို အခြေခံအုတ်မြစ်နှင့်ကျင့်ကြံနည်းကို ပေးရုံသာမက လူသားဧကရာဇ်၏အရင်းအမြစ်များကိုလည်းပေးခဲ့သည်။ ပျက်ဆီးခြင်းနယ်မြေအတွင်းတွင် ရှေးခေတ်လူသားဧကရာဇ်၏ရောင်ဝါရှိသည်။ ၎င်းသည် လူသားဧကရာဇ်ဖြစ်သည့်ရီရှောင်းရှောင်းအတွက် အင်မော်တယ်လက်နက်ဖြစ်သည့် လူသားဧကရာဇ်တံဆိပ်ကိုဖန်တီးရာတွင်ကူညီပေးနိုင်သည်။

ဤလူသားဧကရာဇ်ရောင်ဝါ၏တည်ရှိမှုသည် ရီရှောင်းရှောင်း၏ ပျက်ဆီးခြင်းနယ်မြေကိုရွေးချယ်ခဲ့သည့် အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်သည်။ သူမသည် လူသားဧကရာဇ်တံဆိပ်ကိုပိုင်ဆိုင်ပြီးသည်နှင့် အင်ပါယာဆယ်ခုသည် ကြက်တွန်သံထက်ပိုတော့မည်မဟုတ်ချေ။

အချိန်များတရွေ့ရွေ့ကုန်သွားပြီးနောက် သူတို့မသိခင်မှာပင် အချိန်ဆယ်နှစ်ကုန်လွန်သွားသည်။

တာ့ယွီအင်ပါယာအားကောင်းလာသည်နှင့်အမျှ ချွမ်ထျန်းအင်ပါယာသည် နောက်ဆုံးတွင်သူ့ကိုယ်သူ မချုပ်တည်းနိုင်တော့ပေ။

"ဧကရီ၊ ဒီနေ့ အကြွင်းမဲ့ဂိုဏ်းဆယ်ခုက ပုန်ကန်ဖို့ လှုံ့ဆော်ခဲ့ပေမယ့် ဖီးနစ်အမျိုးသမီးအစောင့်တပ်က ဖြေရှင်းပြီးသွားပါပြီ"

လအနည်းငယ်ကြာတိုင်း ပျက်ဆီးခြင်းနယ်မြေအတွင်းရှိ အင်အားစုတစ်ခုသည်အနှောင့်အယှက်တစ်မျိုးဖြစ်စေသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးပြေလည်သွားသော်လည်း မတည်မငြိမ်ဖြစ်နေသော တာ့ယွီအင်ပါယာကို ပို၍ဖရိုဖရဲဖြစ်စေခဲ့သည်။ အင်ပါယာတစ်ခုအတွက် တည်ငြိမ်ရေးသည် အလွန်အရေးကြီးသည်။ မတည်ငြိမ်သောအင်ပါယာတစ်ခုသည် မဟာတာအို၏အသိအမှတ်ပြုမှုကိုရရှိရန်ပိုမိုကြီးမားသောစိန်ခေါ်မှုရှိ၏။

"အချိန်တန်ပြီ၊ ဖီးနစ်အမျိုးသမီးအစောင့်အားလုံးကို တာ့ယွီမြို့ကိုပြန်ခိုင်းပါ"

တစ်ခဏချင်းတွင် တာ့ယွီမြို့တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်လကြာပြီးနောက် တာ့ယွီမြို့မှ ထူးဆန်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာကာ ၎င်းသည်လူသားဧကရာဇ်၏ရောင်ဝါပင်။

လူသားဧကရာဇ်၏ရောင်ဝါပေါ်လာသည်နှင့် ရီရှောင်းရှောင်းသည်ရှေ့သို့ရောက်လာကာ ၎င်းကိုဖမ်းယူလိုက်သည်။

လူသားဧကရာဇ်စူတြာဖြင့် ရီရှောင်းရှောင်းသည် လူသားဧကရာဇ်၏အသွင်အပြင်ကို အကြွင်းမဲ့ထိန်းချုပ်ထားသည်။ အခြားဘုရင်များနှင့်မတူဘဲ ယွမ်ချောင်စွမ်းအားကို အသုံးပြု၍ လူသားဧကရာဇ်၏ အသွင်အပြင်ကို ဖြည်းဖြည်းချင်းပြုပြင်နိုင်သူဖြစ်သည်။

"တပ်ဖွဲ့ အားလုံးသတိရှိကြ၊ အဆုံးအဖြတ်တိုက်ပွဲက နီးလာပြီ!"

လူသားဧကရာဇ်၏ရောင်ဝါပေါ်ပေါက်လာခြင်းကို အခြားအင်ပါယာများက သတိမပြုမိနိုင်စရာမရှိကြောင်း ရီရှောင်းရှောင်းသိသည်။ လူသားဧကရာဇ်၏ရောင်ဝါသည် ဘုရင်တိုင်းအတွက်အလွန်အရေးကြီးကာ အဆင့်မြင့်အင်မော်တယ်ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သို့ပင်တန်ဖိုးရှိသည်။ လူသားဧကရာဇ်၏ရောင်ဝါကို မည်သည့်အင်ပါယာမှ စွန့်လွှတ်မည်မဟုတ်ပေ။

လူသားဧကရာဇ်၏ရောင်ဝါမပေါ်မီတွင် လျှို့ဝှက်အနှောင့်အယှက်ဖြစ်စေခဲ့မည်ဆိုလျှင် ယခုအခါ ၎င်းကိုတွေ့ရှိပြီးနောက်ပွင့်ပွင့်လင်းလင်းပြသနိုင်မည်ဖြစ်သည်။ တာ့ယွီအင်ပါယာအတွက် အကြီးမားဆုံးစိန်ခေါ်မှု ရောက်ရှိလာပြီဖြစ်၏။ ခံနိုင်ရည်ရှိလျှင် တာ့ယွီအင်ပါယာသည် အရှေ့နယ်မြေတွင် အခိုင်အမာ ရပ်တည်နိုင်မည်ဖြစ်သည်။ အကယ်၍၎င်းတို့မအောင်မြင်ပါက အကောင်းဆုံးအခြေအနေမှာ ရန်ဟွမ်နယ်မြေသို့ ပြန်လည်ဆုတ်ခွာသွားမည်ဖြစ်သည်။

ခြေလှမ်းတစ်ချက်မှားခြင်းက အကန့်အသတ်မရှိပြန်ကြန့်ကြာစေကာ အကြီးအကျယ်အကြပ်ရိုက်စေနိုင်သည်။ ရီရှောင်းရှောင်းသည် သူမ၏ဂုဏ်သိက္ခာကို အစွန်းအထင်းမထားခဲ့ချင်သောကြောင့် ဤတိုက်ပွဲသည် ရှောင်လွှဲ၍မရပေ။ လျှပ်တစ်ပြက်အတွင်း ရီရှောင်းရှောင်းသည်နန်းတော်သို့ပြန်လာခဲ့သည်။

လူသားဧကရာဇ်တံဆိပ်သည် စည်းတံဆိပ်ခတ်ထားသောမန္တန် ၉၉၉၉၉ခုနှင့် လူသားဧကရာဇ်၏စွမ်းအားကိုသန့်စင်ရန် လိုအပ်သည်။ ရီရှောင်းရှောင်းသည် လူသားဧကရာဇ်တံဆိပ်ကို အင်အားကြီးနိုင်ငံများမလှုပ်ရှားမီ အောင်မြင်စွာမွမ်းမံပြင်ဆင်ရန်လိုအပ်ကာ ၎င်းသည်အလှည့်အပြောင်းအတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။

လူသားဧကရာဇ်စည်းတံဆိပ်ရှိနေပါက တာ့ယွီအင်ပါယာကိုဖြုတ်ချခြင်းသည် အင်အားစုများအတွက် လွယ်ကူမည်မဟုတ်ပေ။ ဤအတောအတွင်း အင်အားစုကြီးများ၏မြို့တော်များတွင် လူသားဧကရာဇ်၏အသွင်အပြင် ပေါ်ပေါက်လာကြောင်းကို ဘုရင်တစ်ပါးမှ ဘုရင်တစ်ပါးသို့ အသိပေးကာ ချက်ချင်းပင်လှုပ်ရှားလာကြသည်။

"ချွမ်ထျန်းစစ်တပ်၊ တာ့ယွီအင်ပါယာကို ထွက်ခွါကြလော့၊ လူသားဧကရာဇ်ရောင်ဝါက ငါတို့ချွမ်ထျန်းအင်ပါယာနဲ့ပဲ သက်ဆိုင်ရမယ်"

ချွမ်ထျန်းအင်ပါယာ၏ဘုရင်သည် အလွန်ဝမ်းမြောက်နေသည်။ လူသားဧကရာဇ်၏ရောင်ဝါဖြင့် ကောင်းကင်အင်မော်တယ်အဆင့်သို့ သူ၏အောင်မြင်မှုအတွက် အတားအဆီးမရှိပေ။ ချွမ်ထျန်းအင်ပါယာသာမက အခြားသော အင်ပါယာရှစ်ခုသည်လည်း စတင်လုပ်ဆောင်ခဲ့သည်။

သူတို့သည် အစပိုင်းတွင်ချွမ်ထျန်းအင်ပါယာသည် တာ့ယွီအင်ပါယာကို ထိပ်တိုက်ရင်ဆိုင်ကြည့်စေချင်သော်လည်း ယခုအချိန်တွင် ၎င်းတို့သည်မနေနိုင်တော့ပေ။

လူသားဧကရာဇ်၏ရောင်ဝါကို သူတို့ရှိရမည်။ နဂါးနက်အင်ပါယာ၏ဘုရင်တစ်ပါးတည်းသာ သတင်းရရှိသောအခါတွင် စိတ်လှုပ်ရှားမှုမပြဘဲ တုံ့ဆိုင်းနေခဲ့၏။

All Chapters