← Chapters

စွန့်စားသူ အစည်းအရုံး၏ မင်္ဂလာ ရှိသော ဖွင့်ပွဲ

Vol. 18 Ch. 261

စွန့်စားသူ အစည်းအရုံး၏ မင်္ဂလာ ရှိသော ဖွင့်ပွဲ

Vol. 18 Ch. 261

ပြိုကျ ပျက်စီးနေသော ရပ်ကွက်ဟောင်းသည် ပို၍ပင် ဆိတ်သုဉ်းခြောက်သွေ့သွားပြီ။

နေထိုင်သူများ မရှိတော့ချေ။

ရှားလော့ခ်၏ စုံစမ်းမြှူဆွယ်မှု၊ ကြက်ဥခေါင်းနှင့် ဂိမ်းမာများ၏ ဖိအားပေးမှုတို့ကြောင့် ရပ်ကွက်ဟောင်းကို နေရာပြောင်းရွှေ့ခြင်းသည် ပြီးမြောက်သွားလေ၏။

နေထိုင်သူအားလုံး ထွက်ခွာသွားပြီးနောက် ပြိုကျ ပျက်စီးနေသော ရပ်ကွက်ဟောင်းသည် အလွန်တိတ်ဆိတ်နေ၏။

ဒီနေ့မှာတော့ တိတ်ဆိတ်နေသော ရပ်ကွက်ဟောင်း၌ သက်ဝင်လှုပ်ရှားဖွယ် အခမ်းအနားတစ်ခု ရှိနေသည်။

ဂိမ်းမာတစ်စုသည် "ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံး၏ ခမ်းနားထည်ဝါသော ဖွင့်ပွဲအခမ်းအနား"ဟု ရေးသားထားသော ဆိုင်းဘုတ်ရှည်တစ်ခုကို ချိတ်ဆွဲထားကြ၏။

"ငါက အသား၊အရွက်နဲ့ ဆန်မဟာမိတ် အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဟင်းသီးဟင်းရွက်ထမင်းကြော်ပါ။ ထာဝရတိုင်းပြည်ရဲ့ အကြီးဆုံး အစည်းအရုံးအနေနဲ့..." ဂနိုမ်း ဟင်းသီးဟင်းရွက်ထမင်းကြော်သည် ဆောင်းတောင်ကုန်းမြို့ သတင်းထောက်တစ်ဦးနှင့် အင်တာဗျူး ပြုလုပ်နေသည်။

ဆောက်လုပ်ထားသော စင်မြင့်တစ်ခုပေါ်တွင် ဒန်ဂျင်အရှင် အန်ဒရူးသည် အထူး ဧည့်သည်တော်အဖြစ် မိန့်ခွန်း ပြောကြားနေပြီး၊ ရှားလော့ခ်၊ ထာဝရတိုင်းပြည်၏ ဝန်ထမ်းများနှင့် ကုန်သည်မဟာမိတ် အဖွဲ့မှ အရာရှိများက ဘေးတွင် ရပ်နေကြ၏။

အရာရှိများကို ရှားလော့ခ်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဆောင်းတောင်ကုန်းမြို့ သတင်းထောက်များကိုလည်း ဖိတ်ကြားထား၏။

အကြောင်းရင်းမှာ ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံး၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ဖြစ်သည်။ အစည်းအရုံးသည် ဂိမ်းမာများအတွက် ခြေလှမ်းငယ်တစ်ခု ဖြစ်ပြီး ရှားလော့ခ်အတွက်မူ ကြီးမားသော ငွေရှာသည့် လုပ်ငန်းကြီးတစ်ခုပင်။

ရှားလော့ခ်သည် တက်ကြွသော လူသိရှင်ကြား ကြေညာမှုများဖြင့် ပထမဆုံး နေ့တွင်ပင် စီးပွားရေးလုပ်ငန်းများ ရရှိရန် မျှော်လင့်ထားသည်။

ထာဝရတိုင်းပြည်၏ မြို့သားများ၏ အရည်အသွေး မြင့်မားပုံကို ပြသရန် ရှားလော့ခ်သည် သူ၏ အရှိန်အဝါကို အသုံးပြု၍ ဂိမ်းမာများကို ထိန်းချုပ်ထားရ၏။ သို့မဟုတ်ပါက ဂိမ်းမာများသည် မျောက်များကဲ့သို့ပင် ခုန်ပေါက်နေကြမည် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသည် အလွန်အောင်မြင်ခဲ့သည်။

ထာဝရတိုင်းပြည်မှ တည်ထောင်လိုက်သော စွန့်စားသူအစည်းအရုံးသည် လူသိရှင်ကြား ကျယ်ပြန့်စွာ ကြေညာပြီးသား ဖြစ်၏။ သူဌေးသားယောင် ဆောင်ထားသော ကြက်ဥခေါင်းက ရပ်ကွက်ဟောင်းကို နေရာပြောင်းရွှေ့သည့်အခါနှင့် ဂိမ်းမာများက ဆောင်းတောင်ကုန်းမြို့တွင် အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြသည့်အခါ စွန့်စားသူ အစည်းအရုံး၏ သတင်းကို ပျံ့နှံ့စေရန် ကူညီခဲ့ကြသည်။ ထို့ကြောင့် ဆောင်းတောင်ကုန်းမြို့နေ ပြည်သူများသည် စွန့်စားသူအစည်းအရုံးအပေါ် စိတ်ဝင်စားလျက် ရှိကြ၏။

သက်ဝင်လှုပ်ရှားသော်လည်း တရားဝင် ဆန်သေးသော ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားသည်။ ဖိတ်ကြားခံထားရသော ဒန်ဂျင်အရှင် အန်ဒရူးသည် ပြုံးနေသော်လည်း၊ ဆောင်းတောင်ကုန်းမြို့နေ ပြည်သူများနှင့် ကုန်သည်မဟာမိတ်အဖွဲ့ အရာရှိများက ရှားလော့ခ်နှင့် ထာဝရတိုင်းပြည်ကို ချီးကျူးဂုဏ်ပြု နေကြသည့်အတွက် အလွန်အမင်း မနာလိုဖြစ်နေသည်။

"ဆောင်းတောင်ကုန်းမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေက အများကြီး ပိုကောင်းလာတယ်။ ကြားရတာကတော့ ထာဝရတိုင်းပြည်က အစိမ်းရောင်သတ္တဝါတွေက သူတို့ အသက်ကို စတေးပြီး လုပ်ဆောင်ပေးခဲ့တာတဲ့။"

"ငါ့အိမ်နီးချင်းရဲ့သားက ငွေတိုးချေးတဲ့ ကောင်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတာကွ။ ကြားရတာကတော့ ထာဝရတိုင်းပြည်က သတ္တဝါတွေက အဲ့ဒီငွေတိုးချေးတဲ့ ကောင်တွေကို လုပ်ငန်းကနေ ထွက်သွားအောင် လုပ်လိုက်တယ်တဲ့။ သူတို့က ငွေတိုးချေးတဲ့ ကောင်တွေဆီက ပိုက်ဆံချေးပြီး အဲ့ကောင်တွေရှေ့မှာ ပြုံးပြုံးလေးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြလိုက်ကြသတဲ့။ ငွေတိုးချေးတဲ့ ကောင်တွေ ရူးသွားပြီး တပ်စောင့်တွေဆီ သွားအဖမ်းခံလိုက်ကြရော။ နောက်နေ့မှာပဲ ကြိုးပေးခံလိုက်ရတယ် သိလား။"

"တကယ်ကြီးလား။ မိုက်လှချည်လား။"

"ငါ့အဘွားက ခြေထောက်မကောင်းလို့ လမ်းမှာ ချော်လဲသွားတာ၊ ဘယ်သူမှ မကူရဲဘူးလေ။ လိမ်လည်ပြီး ငွေညှစ်ခံရမှာ စိုးလို့တဲ့။ အဲ့ဒီအစိမ်းရောင်သတ္တဝါတွေက ချက်ချင်းပဲ ငါ့အဘွားကို ကူညီကြတယ်။ ပြီးတော့ ငါ့အဘွားက သူတို့ကို ငွေညှစ်တော့တာပဲ။ အစိမ်းရောင်သတ္တဝါတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။ သူတို့က စိတ်ကောင်းရှိတဲ့ သူတွေမို့လို့ သေချာမြှုပ်နှံပေးမလို့ပဲ၊ ဒါပေမဲ့ သူတို့ ပျောက်သွားကြရော။ ငါထင်တာတော့ သူတို့က ဟန်ဆောင်သေခြင်းလို့ခေါ်တဲ့ မာနာစွမ်းရည်ကို ဆရာကြီးအဆင့် တတ်မြောက်ထားကြတယ်ထင်တယ်။"

"မင်းသေချာလို့လား။ အဲ့လို မာနာစွမ်းရည်မျိုး ရှိလို့လား။"

"ရှိတာပေါ့၊ ဒါက သာမန်ပဲလေ။ မင်းက စစ်သည်တော်ပြိုင်ပွဲတွေ မကြည့်ဘူးလား။"

"စစ်သည်တော်ပြိုင်ပွဲတွေလား။ စစ်သည်တော်ပြိုင်ပွဲတွေနဲ့ ဘာဆိုင်လို့လဲ။"

"မြောက်ပိုင်းစစ်သည်တော် ပြိုင်ကွင်းက စစ်သည်တော်တွေက ထာဝရတိုင်းပြည်က မြို့သားတွေပဲလေ။ သူတို့ ခေါင်းပေါ်မှာ အစိမ်းရောင်စာတန်းတွေ ရှိတယ်။ သူတို့ရဲ့ အသားစတွေ၊ လက်တွေ၊ ခြေထောက်တွေက ဟိုတစ်စ ဒီတစ်စ လွင့်စင်နေပေမဲ့၊ အဲ့ဒီနောက်မှာတောင် သူတို့က ခုန်ပေါက်နေကြတုန်းပဲ။ ငါတောင် စစ်သည်တော် ဂနိုင်သားနဲ့ အုပ်စုဖွဲ့ဓာတ်ပုံ ရိုက်ခဲ့သေးတယ်။ သူက တကယ်ရုပ်ဆိုးတာ။"

စသည့် အလားတူ စကားပြောဆိုမှုများ ဖြစ်ကြ၏။

ဒန်ဂျင်အရှင် အန်ဒရူးသည် သူ့ကို ချီးကျူးဂုဏ်ပြုသော စကားများကို မကြားခဲ့ရပေ။

ဘာကြောင့်နည်း။ အန်ဒရူးက သူသည် ဒန်ဂျင်အရှင်တစ်ဦး ဖြစ်သည့်အတွက် ချီးကျူးဂုဏ်ပြု ခံရထိုက်သည်ဟု တွေးထင်နေ၏။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ... အန်ဒရူးက ဒန်ဂျင်အရှင်ရာထူးနှင့် ဆောင်းတောင်ကုန်းမြို့နေ ပြည်သူများသည် သူ့အတွက် ဂုဏ်အသရေနှင့် ပျော်ရွှင်မှုများကို ယူဆောင်လာလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သူသည် အိပ်မက်ထဲမှာလို ပျော်ရွှင်နေရသင့်သည်... သို့သော် အဘယ်ကြောင့် အခြေအနေများက ဤသို့ ဖြစ်သွားရသနည်း...

အားလုံး အရှင်ရှားလော့ခ်ကြောင့်ပင်။

အကယ်၍ ရှားလော့ခ်သာ သူရဲကောင်းတစ်ဦး မဟုတ်ခဲ့လျှင်၊ သူ၏ မြို့သားများက အကျိုးပြုမှုများ မပြုလုပ်ခဲ့ကြလျှင်... သူ၏ မြို့သားများက စိတ်ကူးပေါက်တိုင်း ကိုယ့်ကိုယ်ကိုယ် မသတ်သေခဲ့ကြလျှင်... အကယ်၍များ...

အန်ဒရူးသည် မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ စွမ်းအားသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာသည်...

...

"အရှင်ရှားလော့ခ်၊ ဒန်ဂျင်အရှင် အန်ဒရူးရဲ့ မျက်နှာထားက စိတ်ဝင်စားစရာ ပဲနော်။ သူရော အရှင်ရော အထက်တန်းစားနတ်ဆိုးတွေ ဖြစ်ပါလျက်နဲ့ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ" ဘရုက စနောက်သော လေသံဖြင့် ပြောလိုက်သည်။

"သူက ကျောင်းမှာ သေသေချာချာ မသင်ယူခဲ့လို့ ဖြစ်လိမ့်မယ်။ အထက်တန်းစား နတ်ဆိုးကောလိပ်က ငါတို့ကို တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ သင်ကြားပေးခဲ့တယ်လို့ ငါခံစားရတယ်။"

ရှားလော့ခ်သည် ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံး၏ ဒုတိယထပ်တွင် ထိုင်နေရင်း ပထမထပ်ရှိ ဂိမ်းမာများကို ကြည့်ရှုနေ၏။ ဂိမ်းမာများသည် သူတို့၏ စွန့်စားသူတံဆိပ်များ ရယူရန် တန်းစီနေကြသည်။

ထိုတံဆိပ်သည် သူတို့က အရည်အချင်း ရှိသော စွန့်စားသူများ ဖြစ်ကြောင်း သက်သေပြလိမ့်မည်။ တံဆိပ်တစ်ခုလျှင် မှော်ကျောက်တုံးတစ်တုံး သို့မဟုတ် ငွေဒင်္ဂါးတစ်ပြား ကျသင့်သည်။ အသတ်ခံရ၍ ပျောက်ဆုံးသွားပါက ပြန်လည်ဝယ်ယူရမည်။

အဘယ်ကြောင့် တံဆိပ်သည် အခမဲ့ မဟုတ်သနည်း။ သေးငယ်သော ကိစ္စတစ်ခုဖြစ်စေကာမူ ရှားလော့ခ်သည် ငွေရှာရပေမည်။

တံဆိပ်များ ဝယ်ယူရန် တန်းစီနေသော ဂိမ်းမာများကို မြင်သောအခါ ရှားလော့ခ်သည် စိတ်ကျေနပ်မှု ခံစားလိုက်ရ၏။

"အရှင်ရှားလော့ခ်၊ အထက်တန်းစားနတ်ဆိုး အန်ဒရူးက အရှင့်ကို အလွန်အမင်း မနာလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်။ သတိမထားရင် သူက အနာဂတ်မှာ ကျွန်တော်တို့ကို ကြံစည်လာနိုင်တယ်။ ကျွန်တော်တို့ ဘက်က ဘာလို့ အရင်လက်ဦးမှု မယူနိုင်ရမှာလဲ။ ကောင်းကင်ဘုံကို သိမ်းပိုက်ဖို့အတွက် ကျွန်တော်တို့ ကြီးမားပြီး တည်ငြိမ်တဲ့ အခြေစိုက်စခန်းတစ်ခု လိုအပ်တယ်။ မြေအောက်လောက,က ထောက်ပံ့မှုအတွက် အကောင်းဆုံး အခြေစိုက်စခန်းပဲ။ ဂိမ်းမာတွေကို လက်နက်တပ်ဆင်ပေးဖို့ အဆုံးအစ မရှိတဲ့ သယံဇာတတွေကို အသုံးချနိုင်တယ်။ ဆောင်းတောင်ကုန်းမြို့ကို အရင်ဆုံး သိမ်းပိုက်လိုက်ကြရင် မကောင်းဘူးလား" ဘရုက စတင်ပြောဆိုသည်။

ထို့နောက် သူက စိတ်အားထက်သန်စွာ အကြံပြုလိုက်သည်၊ "အန်ဒရူးကို ပြန်ပေးဆွဲလိုက်ကြရအောင်။ ဒန်ဂျင်အရှင်ကို ကျွန်တော်တို့ လက်ထဲ ထည့်ထားနိုင်ရင် တပ်စောင့်တပ်တွေကို ဖျက်သိမ်းပစ်လို့ရပြီ။ ပြီးရင် ကျွန်တော်တို့ကို ဆန့်ကျင်တဲ့သူတွေရော၊ မဆန့်ကျင်တဲ့သူတွေရော အကုန်လုံးကို ကျွန်ပြုလိုက်မယ်။ ကျွန်တော်တို့အတွက် တိုက်ခိုက်ဖို့ ဂိမ်းမာတွေကိုပဲ လိုအပ်တယ်။ ဒေသခံတွေကို အခမဲ့ လုပ်အားပေးတွေအဖြစ် ထားပြီး ပစ္စည်းကိရိယာတွေ ထုတ်လုပ်ခိုင်းမယ်။ မြေအောက်လောက,ကို သိမ်းပိုက်ကြစို့။"

"အင်း၊ မင်းရဲ့ အကြံက ဆွဲဆောင်မှု ရှိတယ်။ ငါစဉ်းစားကြည့်ဦးမယ်။ ဒါပေမဲ့ အခုအရေးကြီးဆုံးက ဒါမဟုတ်ဘူး" ရှားလော့ခ်က ခေါင်းညိတ်လိုက်သည်။

"ခဏနေပါဦး အရှင်ရှားလော့ခ်။ ဒီထက်အရေးကြီးတာ ရှိသေးလို့လား" ဘရုက မေးလိုက်၏။

"ရှိတာပေါ့" ရှားလော့ခ်က မစ်ရှင်စာရင်းသွင်းသည့် ကောင်တာဆီသို့ တုန်တုန်ယင်ယင်ဖြင့် တည့်တည့်မတ်မတ် လျှောက်လာသော ဂနိုမ်းအဘိုးအို တစ်ဦးကို လက်ညှိုးထိုး ပြလိုက်သည်။ ရှားလော့ခ်က "စွန့်စားသူအစည်းအရုံးရဲ့ ပထမဆုံး မစ်ရှင် ရောက်လာပြီလေ"ဟု ပြောလိုက်၏။

All Chapters