← Chapters

ပထမဆုံး စွန့်စားသူမစ်ရှင်

Vol. 18 Ch. 264

ပထမဆုံး စွန့်စားသူမစ်ရှင်

Vol. 18 Ch. 264

စွန့်စားသူ အစည်းအရုံး၏ ဖွင့်ပွဲအခမ်းအနားသည် အလွန်အောင်မြင်ခဲ့သော်လည်း မစ်ရှင်များမှာ အလွန်နည်းပါးနေ၏။ ကုန်ကြမ်းများ ပြုပြင်ထုတ်လုပ်ရန် အော်ဒါမှာယူသည့် ဘာရွန်နီကိုလပ်စ်၏ မိတ်ဆွေများမှ လွဲ၍ သူ၏ မြေး လောင်းကစားဖြတ်ရန် အကူအညီတောင်းသော ဂနိုမ်းအဖိုးအိုတစ်ဦးသာ ရှိသေးသည်။

သူသည် အလွန်အလုပ်များနေသည့် အတွက် အခြားအကူအညီတောင်းသော သတ္တဝါများ ရှိ၊ မရှိ မသိခဲ့ပေ။

ရှားလော့ခ်နှင့် ကြက်ဥခေါင်းတို့သည် ဒန်ဂျင်အရှင်ခန်းမဆောင်သို့ ပြန်လာကြ၏။

ကြက်ဥခေါင်းသည် တံခါးကို ပိတ်လိုက်ပြီး ရှားလော့ခ်၏ ဘေးသို့ လျှောဝင်သွားသည်။ သူက ကောင်တာဆီသို့ ပြေးသွားပြီး သွေးဂန္ဓမာ လက်ဖက်ရည်ကို ဖျော်နေရင်း မေးလိုက်သည်။ "အရှင် ဘာကစားနေတာလဲ။ ထရိုပီကိုလား ဒါမှမဟုတ် အမှောင်ဝိညာဉ် ၃လား။ အမှောင်ဝိညာဉ် ၃ ကစားပါလား။ ကျွန်တော်က မီးလျှံပလ္လင်လုယူသူ အောင်မြင်မှုမှတ်တိုင်ကို ရချင်တယ်။ ကျွန်တော် အဲ့ဒါကို မပြီးသေးဘူး"

"မဟုတ်ဘူး၊ ငါက တခြားဂိမ်းတွေ ကစားချင်တယ်" ရှားလော့ခ်က တိုက်ရိုက် ပြောလိုက်သည်။

"ဖိုရမ်မှာ ဂိမ်းတစ်ခုအတွက် အကြံပြုချက် ရှိတယ်။ ဒန်ဂျင်စီမံခန့်ခွဲမှုအတွက် အသုံးဝင်လိမ့်မယ်လို့ ငါထင်တယ်။ ဂိမ်းအသစ်ကို ငါစမ်းကြည့်မယ်။"

"ဂိမ်းအသစ်တဲ့လား။"

ကြက်ဥခေါင်း၏ မျက်လုံးများ အရောင်တောက်လာသည်။

"အဲ့ဒါကို 'ကန်ရှီ' လို့ခေါ်တယ်။"

ရှားလော့ခ်သည် "ကန်ရှီ" ဂိမ်းကို ဖွင့်လိုက်၏။

ကြက်ဥခေါင်းသည် ရှားလော့ခ်၏ ဘေးတွင် သွေးဂန္ဓမာ လက်ဖက်ရည်နှစ်ခွက် ချထားလိုက်သည်။ ရှားလော့ခ်၏ လေ့ကျင့်ပေးမှုကြောင့် ကြက်ဥခေါင်းသည် သူ၏ သွေးဂန္ဓမာ လက်ဖက်ရည်ကို အခြားသူများနှင့် မျှဝေနိုင်ပြီ ဖြစ်သည်။

အခြားသူများဆိုသည်မှာ အရှင်ရှားလော့ခ် တစ်ဦးတည်းကိုသာတော့ ကန့်သတ်ထား၏။

"ဒါက ဘယ်လိုဂိမ်းမျိုးလဲ။ ဂရပ်ဖစ်အရည်အသွေးက မကောင်းဘူး" ကြက်ဥခေါင်းက ရှားလော့ခ်၏ ဘေးတွင် ထိုင်ခုံတစ်လုံး ချထားရင်း ပြောလိုက်သည်။

"ငါလည်း မကောင်းဘူးလို့ ထင်တယ်" ရှားလော့ခ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

...

၂၄ နာရီ ကြာပြီးနောက်။

"ငါ့ကို မရိုက်ပါနဲ့... ငါက ထောင်ကနေ ထွက်ပြေးနေတာ မဟုတ်ဘူး... ငါ့ခြေထောက်တွေ ကျိုးနေပြီ..."

ကြက်ဥခေါင်းသည် အိပ်မက်ထဲတွင် စကားပြောနေပြီး ထောင့်နံရံကို မှီနေ၏။ သူ၏ ဝဖိုင့်သောကိုယ်လုံးသည် အစုအပုံလိုက် ကွေးကွေးလေးဖြစ်နေပြီး အိပ်မက်ထဲတွင် စကားပြောနေသည်။

ရှားလော့ခ်သည် သူ၏ ဂိမ်းကို သိမ်းဆည်းပြီး ထွက်နေသည်။

ထို့နောက် သူက ကြက်ဥခေါင်းကို လှည့်ကြည့်လိုက်ပြီး သူ၏ ဗလုံးဗထွေး ပြောဆိုမှုများကို နားထောင်နေ၏။ ရှားလော့ခ်သည် စောင်တစ်ထည်ကို ယူလိုက်ပြီး ကြက်ဥခေါင်းဆီသို့ လျှောက်သွားသည်။

သူက ဒူးထောက်ချလိုက်ပြီး စောင်ကို အသုံးပြု၍ နဂါးနက်ငယ်လေးကို ထွေးပိုက်လိုက်သည်။ ထို့နောက် သူက ထရပ်လိုက်ပြီး တံခါးကို ဖွင့်ကာ သူ့ကို အပြင်သို့ ပစ်ထုတ်လိုက်၏။

"ဘုရားရေ။ ကျွန်တော့်ကို ကလေးထိန်းမစ်ရှင်တစ်ခု ရတယ်။ ကြက်ဥခေါင်းကို အိပ်ပျော်အောင် လုပ်ပေးရမယ်တဲ့။ ဘယ်လိုလုပ်ရမလဲ။ ငန်းဖြူကြီးကို အိပ်ရာဝင်ပုံပြင်တွေ ပြောပြသလိုမျိုးလား။"

"အရှင်ရှားလော့ခ်၊ အရှင်က နဂါးနက်ငယ်လေးအပေါ် အရမ်းကြင်နာလွန်းနေသလားလို့" ရှားလော့ခ်က ကြက်ဥခေါင်းကို အပြင်သို့ ပစ်ထုတ်လိုက်စဉ် ဘရုက မေးလိုက်သည်။

"အထက်တန်းစား နတ်ဆိုးတစ်ယောက်အနေနဲ့ အရှင်က နဂါးနက်ငယ်လေးကို သူဘယ်တော့မှ ထွက်မပြေးနိုင်အောင် ထိန်းချုပ်ထားသင့်တယ်လို့ ကျွန်တော် ခံစားရတယ်။ ခွေးလည်ပတ်ကြိုးက မရှိမဖြစ် လိုအပ်တယ်။ ကြက်ဥခေါင်း အရွယ်ရောက်ဖို့ အချိန်အကြာကြီး လိုသေးပေမဲ့ သူက အရှင်ရှားလော့ခ်ရဲ့ အစွမ်းထက်တဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ကျွန်တော် သူ့နာမည်ကိုတောင် စဉ်းစားထားပြီးပြီ၊ သေမင်းတောင်ပံများတဲ့ ။ ဘယ်လိုလဲ။ သူက အဲ့လို မဖြစ်နိုင်ရင်တောင် အရှင်ရှားလော့ခ်အတွက် စီးတော်ယာဉ်တစ်စီးတော့ ဖြစ်နိုင်သေးတယ်။ ကျွန်တော် ဂိမ်းကောင်းတစ်ခု အကြံပြုချင်တယ်၊ 'နဂါးကျောပေါ်က ခွေးမ' တဲ့။ အရမ်းနာမည်ကြီးတယ်။"

"အဲ့လိုနာမည်နဲ့ ဆိုရင်တော့ ပျော်စရာ ကောင်းမယ် မထင်ဘူး" ရှားလော့ခ်က ရက်စက်စွာ ပြောလိုက်သည်။

"ငါက နဂါးတွေအားလုံးနဲ့ စစ်ကြေညာဖို့ ရည်ရွယ်ထားမှပဲ နဂါးနက်ကို ကျွန်ဖြစ်ခိုင်းမယ်။ မဟုတ်ရင်တော့ အဲ့လိုမိုက်မဲတဲ့ အလုပ်မျိုး ငါမလုပ်ဘူး။ နဂါးစီးသူရဲတွေဆိုတာ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတယ်။ နဂါးမျိုးနွယ်ဝင် လူပုံသဏ္ဌာန်ရှိတဲ့ သူတွေကပဲ တခြားမျိုးနွယ်တွေအဖြစ် ပြောင်းလဲပြီး စီးနင်းသူတွေ ဖြစ်လာကြတာ။ နဂါးတွေကို အပြင်လူက စီးတော်ယာဉ်အဖြစ် အသုံးပြုတာကို ငါမတွေ့ဖူးဘူး။"

ရှားလော့ခ်သည် ဆွေးနွေးချက်ဖိုရမ်ကို ဝင်ကြည့်လိုက်၏။

"အိုက်၊ ခေတ်တွေ ပြောင်းသွားပြီ။ ကျွန်တော်တို့ ခေတ်တုန်းက နဂါးတွေက တစ်ကောင်တည်း အပြင်မထွက်ရဲဘူး။ အဲ့ဒီတစ်ကောင်တည်းသွားတဲ့ နဂါးတွေကို နတ်ဆိုးတွေရဲ့ စီးတော်ယာဉ်အဖြစ် ဖမ်းဆီးကြတယ်လေ" ဘရုက လွမ်းဆွတ်စွာ ပြောလိုက်သည်။

"ငါတို့က မတူညီတဲ့ အချိန်အခါမှာ နေထိုင်နေကြတာ" ရှားလော့ခ်က ဆွေးနွေးချက်ဖိုရမ်ကို စတင်ကြည့်ရှုရင်း ပြောလိုက်သည်။

"အရှင်ရှားလော့ခ်က ကျွန်တော့်အတိတ်ကို မသိချင်ဘူးလား။ ကျွန်တော့်စကားတွေထဲမှာ ကျွန်တော့်အတိတ်ကို အရိပ်အမြွက် ပြောခဲ့ပြီးပြီ။ အရှင်ရှားလော့ခ်က ဘရုဟာ စေတန်အရှင်ရဲ့ ဒန်ဂျင်အမြုတေတစ်ခု ဖြစ်ခဲ့ဖူးတယ်လို့ တစ်ခါမှ မတွေးဖူးဘူးလား။ အဲ့လိုအတွေးမျိုးတွေ အရင်က မရှိခဲ့ဖူးဘူးလား" ဘရုက စပ်စုစွာ မေးလိုက်သည်။

"မရှိဘူး၊ ငါမသိချင်ဘူး။ မင်းက ၅၀% လိမ်ညာနေနိုင်ခြေရှိတယ်" ရှားလော့ခ်က ဘောင်းဘီမဝတ်သူ ဖန်တီးထားသော ရှေ့ဆုံးစာမျက်နှာရှိ ပိုစ့်တစ်ခုကို စစ်ဆေးရင်း ပြောလိုက်သည်။ ၎င်းသည် မှတ်ချက်ပေါင်း ၁၀,၀၀၀ ရရှိထား၏။

[ပထမဆုံး စွန့်စားသူမစ်ရှင်၏ မှတ်တမ်းများ]

"ဝ( ゚Д゚)ဝ အားလုံးပဲမင်္ဂလာပါ၊ ကျွန်တော်က ဘောင်းဘီမဝတ်သူပါ။ ကျွန်တော့်ရဲ့ ကမ္ဘာသုံးခုအမြင်(လောကအမြင်ရှုထောင့်)က ဒီနေ့ စိန်ခေါ်ခံလိုက်ရတယ်။ ဂိမ်းထုတ်လုပ်သူတွေက ဂိမ်းရှင်သန်ရေးအတွက် အသုံးပြုတဲ့ လှည့်ဖျားတဲ့ နည်းလမ်းတွေကို ကျွန်တော် အရမ်းအံ့ဩမိတယ်။

ရှင်သန်လိုစိတ်က အရမ်းပြင်းထန်တယ်။ ကျွန်တော် ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။

ဇာတ်လမ်းက စွန့်စားသူအစည်းအရုံးရဲ့ ပထမဆုံး မစ်ရှင်ကနေ စတင်တယ်။

ဒီအထူးမစ်ရှင်ကို စွန့်စားသူအစည်းအရုံးမှာ ဂနိုမ်းအမ်ပီစီတစ်ယောက်က ပေးအပ်ခဲ့တာပါ။

ဆုကြေးငွေရဲ့ အသေးစိတ် အချက်အလက်တွေ ဒါမှမဟုတ် လျှို့ဝှက်ဆုကြေးငွေတွေအကြောင်း ကျွန်တော် မသိဘူး။ ထူးခြားတဲ့ ဇာတ်လမ်းပိုင်းအန်နီမေးရှင်းနဲ့အတူ ဒီမစ်ရှင်က ကျန်တဲ့မစ်ရှင်တွေနဲ့ မတူဘူး။

လူတိုင်းက မစ်ရှင်အကြောင်း ပိုသိချင်ကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ လူတိုင်းကို မစ်ရှင်အကြောင်း အသိပေးဖို့ ဒီပိုစ့်ကို ကျွန်တော် ဖန်တီးခဲ့တာပါ။

မစ်ရှင်နေရာဖြစ်တဲ့ အဘိုးကြီး လောင်းကစားရုံကနေ ကျွန်တော် စတင်ပါမယ်။

ခင်ဗျားတို့က အဲ့ဒါကို လောင်းကစားရုံလို့ ထင်နေကြလား။ တကယ်တော့ အဲ့ဒါက ကျူရှင်သင်တန်းတစ်ခုတဲ့ဗျ။

တိုင်းတစ်ပါးမျိုးနွယ် ဘာသာစကားတွေ ၊ မြေအောက်လောက ဘုံဘာသာစကား၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒအပါအဝင် ခေါင်းစဉ်တွေ အများကြီး ရှိတယ်။ အဲ့ဒါတွေက ကျွန်တော်တို့ရဲ့ မသင်မနေရ ပညာရေး၊ အထက်တန်းကျောင်းသုံးနှစ်နဲ့ တက္ကသိုလ်ပညာရေးလေးနှစ်စာ ပညာရပ်တွေကို လွှမ်းခြုံထားတယ်။

ရှေးရိုးဆန်ဆန် ဝတ်စားထားတဲ့ အိပ်မက်နတ်ဆိုးမယ် တစ်ယောက်က ဦးဆောင်သူ ဖြစ်တယ်။ ထက်မြက်တဲ့ အိပ်မက်နတ်ဆိုးမယ်က ကျွန်တော်တို့ကို လိပ်စာကတ်တစ်ချပ် ပေးပြီး နှစ်နာရီဝန်ဆောင်မှု အကြောင်း ပြောခဲ့တယ်။ လိပ်စာကတ်က ဒီလိုပုံစံပါ -

(ပုံ)

နေရာက အဘိုးကြီး လောင်းကစားရုံပါ။ ကျွန်တော်တို့က လောင်းကစားရုံလို့ ထင်ခဲ့ကြတာ။

ကျွန်တော်တို့ နေရာကို ရောက်တဲ့အခါ လမ်းကြားထဲက အော့ခ်က ဒါက ကျူရှင်သင်တန်းလို့ ပြောတယ်။ ကျွန်တော်တို့က ဒါကို ပြည့်တန်ဆာလုပ်ငန်းအတွက် သွယ်ဝိုက်ပြောတဲ့ စကားလို့ ထင်ခဲ့ကြတာ။

ကျွန်တော်က မမလေး အိပ်မက်နတ်ဆိုးမယ် တစ်ယောက်ကို ရွေးချယ်ပြီး နှစ်နာရီဝန်ဆောင်မှု မှာယူခဲ့တယ်။ ငွေပေးချေဖို့အတွက် မှော်ကျောက်တုံး ၃၀၀ကို ကျွန်တော်တို့ စုဆောင်းခဲ့ကြရတယ်။ အိုးဘုရားရေ။

ခင်ဗျားတို့ မှန်းဆမိကြမှာပါ။

အဲ့ဒါက တကယ့် ကျူရှင်သင်တန်းတစ်ခုပဲဗျ။ ကျူရှင်ဆရာမရဲ့ အသိပညာက အရမ်းနိမ့်တယ်၊ ကျွန်တော့်အသိပညာနဲ့တောင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ အထိပဲ။

ပြီးတော့ သူက ကျွန်တော့်ကို အဘိုးကြီး လောင်းကစားရုံမှာ တွဲဖက်ကျူရှင်ဆရာအဖြစ် လုပ်ဖို့ အကြံပြုခဲ့တယ်။

ကျွန်တော်က တွဲဖက်ကျူရှင်ဆရာဖြစ်လာပြီး တစ်နေ့တာ ကျူရှင်သင်တန်းအတွက် မှော်ကျောက်တုံး ၁၀၀ ရရှိခဲ့တယ်။

ကျွန်တော်တို့ရဲ့ မစ်ရှင်ပစ်မှတ်က စာကျက်တာကို စွဲလမ်းနေတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်။ သူက ဂနိုမ်းအဖိုးအိုရဲ့မြေး — ရှောင်မင်ပါ။

မစ်ရှင်လိုအပ်ချက်ကို ကျွန်တော်တို့ နားလည်လိုက်တယ်။ ရှောင်မင်က သူ့အဘိုးကို လောင်းကစား လုပ်နေတယ်လို့ လိမ်ညာထားပေမယ့် တကယ်တော့ သူက စာခိုးကျက်နေတာ။

ဒါဆို ကျွန်တော်တို့ရဲ့ မစ်ရှင်က သူ့ကို စာကျက်တာ စွန့်လွှတ်ခိုင်းဖို့လား။ အဲ့ဒါက မှန်ရဲ့လား။

နောက်ဆက်တွဲ မစ်ရှင်တိုးတက်မှု တွေအတွက်တော့ ကျွန်တော့်ပိုစ့်ကို စောင့်ကြည့်ပေးကြပါ။"

All Chapters