အခန်း ၁၈၇-၁၈၉
Vol. 13 Ch. 187-189
အခန်း ၁၈၇ - ရွှေအင်မော်တယ်တစ်ဦးသည် မည်မျှသာလွန်နိုင်မည်နည်း။
ချွမ်ထျန်းဘုရင်သည် ၎င်းကိုစိတ်မဝင်စားသည့် အင်မော်တယ်မုချင်ကြောင့် လုံးဝစိတ်ပျက်အားငယ်နေသည်။ ‘အင်မော်တယ်အရှင်ရေ၊ ဒီရီရှောင်းရှောင်းက နိုင်ငံအတွက် ဘေးဆိုးတစ်ခုဖြစ်လာမှာကိုမသိဘူးလား’ သို့သော် အင်မော်တယ်မုချင်၏စိတ်ထဲတွင် ချွမ်ထျန်းဘုရင်သည်သာ စစ်မှန်သောဘေးဆိုးကြီးဖြစ်သည်။
အင်မော်တယ်မုချင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ရီရှောင်းရှောင်း၏တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။
နမြောစရာကောင်းသည်မှာ သူလိုချင်သည့်တုံ့ပြန်မှုကို မရခဲ့ချေ။ လူသားဧကရာဇ်တံဆိပ်စည်းသည် နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လာကာ ယခုတစ်ကြိမ်တွင်၎င်း၏ပစ်မှတ်သည် ဘုရင်ချွမ်ထျန်းမဟုတ်ဘဲ အင်မော်တယ်မုချင်ဖြစ်သည်။ အင်မော်တယ်မုချင်သည် ချွဲကျိသောကြောင့် ရီရှောင်းရှောင်းသည် ၎င်းနှင့်ဓာတ်မတည့်တော့ချေ။
အင်မော်တယ်မုချင်သည် ရီရှောင်းရှောင်း၏တိုက်ခိုက်မှုကိုခုခံကာကွယ်လိုက်ကာ သူ၏စွမ်းအားသည် ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားသည်။ သို့သော် သူသည်အလွန်စိတ်အေးလက်အေးရှိနေခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ရီရှောင်းရှောင်း၏တိုက်ခိုက်မှုသည် ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ပင် ရောက်ရှိနေသည်။ ဤအချက်သည် အင်မော်တယ်မုချင်၏မျက်နှာအမူအရာ ပြောင်းလဲသွားစေ၏။
သူ့မျက်နှာပေါ်ရှိအပြုံးသည် ချက်ချင်းပင်အေးခဲသွားသည်။ အင်မော်တယ်မုချင်၏အမြင်တွင် ရီရှောင်းရှောင်းသည် အရည်အချင်းအနည်းငယ်ရှိကာ ထူးခြားသည့်အလှကို ပိုင်ဆိုင်ထားသည့်အမျိုးသမီးတစ်ဦးမျှသာဖြစ်သည်။ ဤအခြေအနေဖြင့် သူမကိုပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်လိမ့်မည်ဟုခံစားခဲ့ရသောကြောင့် ရီရှောင်းရှောင်းသည် အင်မော်တယ်မုချင်အတွက် အလှပန်းအိုးတစ်လုံးအဖြစ် အသင့်တော်ဆုံးဖြစ်နေခဲ့သည်။ သို့သော် ယခုအရည်အချင်းနှင့်ခွန်အားသည် အင်မော်တယ်မုချင်၏မျှော်လင့်ချက်ကိုပင် ကျော်လွန်နေသည်။
ဤအဆင့်ဖြင့် သူမသည် အင်မော်တယ်မုချင်ထိန်းချုပ်မှုအောက်မှ အလွယ်တကူလွတ်ထွက်သွားနိုင်သည်။
၎င်းသည် အင်မော်တယ်မုချင် လိုချင်သည့်အရာမဟုတ်ချေ။ ရီရှောင်းရှောင်းကို အမှန်တကယ်နှစ်သက်သည့်တိုင် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသည် ရည်မှန်းချက်ခိုင်မာမည်မှာသေချာ၏။ ‘ငါမရနိုင်မှတော့ ဖျက်ဆီးပစ်ရတော့မှာပေါ့’
"ရီရှောင်းရှောင်း၊ မင်းရဲ့တာ့ယွီအင်ပါယာက ဒီနေ့ သေချာပေါက်ပျက်ဆီးဖို့ကံပါလာပုံပဲ!"
အင်မော်တယ်မုချင်၏စကားကိုကြားလိူက်သောအခါ ချွမ်ထျန်းဘုရင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများကို လစ်လျူရှုကာ စိတ်လှုပ်ရှားစွာထခုန်လိုက်သည်။
အလွန်ကောင်း၏။ အင်မော်တယ်မုချင်သည် ရီရှောင်းရှောင်းရဲ့အရောင်အမှန်ကို မြင်သွားပြီဖြစ်သည့်အတွက် ချွမ်ထျန်းအင်ပါယာသည် ဘေးကင်းသွားပြီဖြစ်သည်။ အင်မော်တယ်မုချင်သည် လှုပ်ရှားလိုက်သည်နှင့် ရီရှောင်းရှောင်းသည် ကျိန်းသေရှုံးနိမ့်ရလိမ့်မည်။
ယဉ်ကျေးဟန်ဆောင်ထားသည်ကို လုံးဝဖယ်ချလိုက်ကာ အင်မော်တယ်မုချင်သည် အင်အားအပြည့်ဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ သူ၏ပထမဆုံးလှုပ်ရှားမှုသည် တာအိုအနုပညာအသေးစားဖြစ်သည်။
ကောင်းကင်ထက်တွင် အင်မော်တယ်စွမ်းအားများသည် မရေမတွက်နိုင်သော ကြယ်များအဖြစ် ပြောင်းလဲသွားကာ ရီရှောင်းရှောင်းအပေါ် ကျဆင်းလာသည်။ ၎င်းသည် ကောင်းကင်အင်မော်တယ်စည်းမျဉ်းဖြစ်သည့် ကြယ်အစုအဝေးစည်းမျဉ်းပင်။
အင်မော်တယ်မုချင်၏တိုက်ခိုက်မှုကိုရင်ဆိုင်နေစဉ် ရီရှောင်းရှောင်းသည် အလွန်တည်ငြိမ်နေ၏။
ဧကရာဇ်မျှော်စင်သည် ရီရှောင်းရှောင်း၏ခေါင်းထက်တွင် ပျံတက်သွားကာ
မရေမတွက်နိုင်သော လူသားဧကရာဇ်ချီစွမ်းအားများဆင်းသက်လာပြီးနောက် အင်မော်တယ်မုချင်၏တိုက်ခိုက်မှုကိုတားဆီးခဲ့သည်။ ထို့နောက် လူသားဧကရာဇ်တံဆိပ်စည်းသည် အင်မော်တယ်မုချင်အပေါ်သို့ ပြင်းထန်စွာကျရောက်လာသည်။
ကြယ်များပေါက်ကွဲထွက်သွားပြီးသည့်နောက်တွင် လေဟာနယ်သည်လည်းကွဲအက်သွားကာ
အင်မော်တယ်မုချင်သည် ပထမဆုံးအကြိမ်ဆုတ်ခွါသွားခဲ့ရ၏။
အင်မော်တယ်မုချင်၏စိတ်ထဲတွင် ရီရှောင်းရှောင်း၏ခြိမ်းခြောက်မှုအဆင့်သည် သိသိသာသာမြင့်တက်လာခဲ့သည်။ ရီရှောင်းရှောင်းကို သေချာပေါက်ရှင်းပစ်ရမည်။
ဤစွမ်းရည်မျိုးသည် ချွမ်ဟိုင်အင်မော်တယ်ဂိုဏ်းကိုပင် ခြိမ်းခြောက်နိုင်သည်။ ဤအစွမ်းထက်သော အင်အားစုများသည် ရီရှောင်းရှောင်း၏ စွမ်းရည်ကိုရှာဖွေတွေ့ရှိသွားပါက ၎င်းတို့ကြားတွင်အပြိုင်အဆိုင်ဖြစ်လာမည်မှာသေချာသည်။ရီရှောင်းရှောင်းသည် ဤအင်အားစုကြီးများနှင့်ပူးပေါင်းလိုက်ပါက သူမ၏စွမ်းရည်သည် လျင်မြန်စွာတိုးတက်လာလိမ့်မည်။
ကောင်းကင်ဘုံအင်မော်တယ်ကျင့်ကြံသူများသည် အရှေ့ဘက်တိုက်နယ်မြေတွင် ထိပ်တန်းစွမ်းအားရှင်များအဖြစ်ယူဆနိုင်သော်လည်း ထိုထိပ်တန်းအဖွဲ့များနှင့်ယှဉ်လျှင် ၎င်းတို့သည်ဘာမှမဟုတ်ပေ။ ချွမ်ဟိုင်အင်မော်တယ်ဂိုဏ်း၏နောက်ကွယ်မှာ ရွှေအင်မော်တယ်များရှိနေလျှင်ပင် ၎င်းတို့်သည် ၎င်းတို့၏ဂိုဏ်းအတွက်ကြောင့် ရီရှောင်းရှောင်းကိုဆန့်ကျင်လိမ့်မည်မဟုတ်ချေ။
တိုက်ပွဲကိုစောင့်ကြည့်နေသော အင်ပါယာကိုးခု၏ဘုရင်များသည် ရီရှောင်းရှောင်း၏ တိုက်ခိုက်ရေးစွမ်းအားကိုမြင်တွေ့လိုက်ရသောအခါ လေအေးတချက်ရှုလိူက်မိကြသည်။
၎င်းသည် မယုံနိုင်လောက်အောင်ပင်အစွမ်းထက်လှ၏။ ၎င်းတို့သည် ချွမ်ထျန်းဘုရင်ကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် နှလုံးသားထဲတွင်ကျေးဇူးတင်လိူစိတ်များ ပြည့်နှက်နေသည်။ အကယ်၍ ချွမ်ထျန်းဘုရင်သည် သူ၏ကိုယ်ကျိုးအတွက် ရှေ့ထွက်ခဲ့ခြင်းကြောင့်သာမဟုတ်ပါက
အင်ပါယာကြီးကိုးခုသည် ဝင်ရောက်စွက်ဖက်ခဲ့ရလိမ့်မည်။ ချွမ်ထျန်းဘုရင်သည် လူကောင်းလေးတစ်ဦးဖြစ်ပုံရသည်။
တစ်ဖက်တွင် ချွမ်ထျန်းဘုရင်၏အကြည့်များသည် လုံးဝမှုန်မှိုင်းနေကာ သူ့နှလုံးသားသည်စိတ်ပျက်မှုများဖြင့်ပြည့်နေသည်။ ချွမ်ထျန်းအင်ပါယာသည် ချွမ်ဟိုင်အင်မော်တယ်ဂိုဏ်းအတွက် ပြဿနာများစွာဖြစ်စေပြီးသည့်နောက်တွင် အနာဂတ်ရှိနိုင်ပါသေးသလော။ သေချာပေါက်ပင် ၎င်းတို့ထံတွင် မျှော်လင့်ချက်လုံးဝမရှိတော့ချေ။
ကောင်းကင်ယံထက်တွင် အင်မော်တယ်မုချင်သည် ပို၍လေးနက်စွာတိုက်ခိုက်လာကာ
တာအိုအနုပညာအမျိုးမျိုးကိုအသုံးပြုခဲ့သည်။တစ်ဖက်တွင် ရီရှောင်းရှောင်းသည် တဖြည်းဖြည်းနှင့်ပင်ပန်းနွမ်းနယ်လာ၏။ သူမသည် ယခုအချိန်တွင် ကောင်းကင်အင်မော်တယ်ကို
ရင်ဆိုင်နိုင်သော်လည်း အင်မော်တယ်မုချင်သည် ယခုမှ ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်သွားသောအသစ်ကလေးမဟုတ်ချေ။ သူသည် ကောင်းကင်ဘုံအင်မော်တယ်စွမ်းအားကို အပြည့်အဝထိန်းချုပ်ထားနိုင်သည့် စီနီယာ ကောင်းကင်ဘုံအင်မော်တယ်ဖြစ်၏။ ထိုသို့သောပြိုင်ဘက်ကိုရင်ဆိုင်ရသည့်အချိန်တွင် ရီရှောင်းရှောင်းသည် တိုက်စစ်မဆင်နိုင်ဘဲ အပြင်းအထန်ကာကွယ်ရသည်။
လက်ရှိရောက်ရှိနေသည့် ကျင့်ကြံသူအားလုံးထဲတွင် အထိတ်တလန့်အဖြစ်နေဆုံးသူများသည် နဂါးနက်အင်ပါယာမှကျင့်ကြံသူများဖြစ်ကြ၏။ တာ့ယွီအင်ပါယာရှုံးနိမ့်ခဲ့ပါက နဂါးနက်အင်ပါယာသည် ကြောက်မက်ဖွယ်ကောင်းသောကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်မှန်း သေချာပေါက်သိနေသည်။
ထိူအချိန်တွင် မုရန်လုံမထွက်ခွါမီက နဂါးနက်ဘုရင်ပြောလိုက်သည့်စကားကို အမှတ်ရလိူက်သည်။ တာ့ယွီအင်ပါယာ၏နောက်ကွယ်တွင် ကောင်းကင်အင်မော်တယ်ကျင့်ကြံသူတစ်ဦး အမှန်တကယ်ရှိနိုင်သလော။
ရီရှောင်းရှောင်းနောက်တစ်ကြိမ်ထပ်မံရိုက်ချခံလိုက်ရသည့်အချိန်တွင် မုချင်၏လက်ထဲရှိထိပ်တန်းအင်မော်တယ်ဓားသည် ပြင်းထန်သောစွမ်းအားကိုထုတ်လွှတ်လိုက်သည်။
ချီစွမ်းအားဓားသည် မိုင်ထောင်ပေါင်းများစွာရှည်ထွက်လာကာ ရီရှောင်းရှောင်းကိုလွှဲခုတ်လိုက်၏။
သူမသည်လူသားဧကရာဇ်မျှော်စင်၏ အကာအကွယ်ရှိသော်လည်း အကယ်၍ထိမှန်ခဲ့ပါက ဒဏ်ရာအပြင်းအထန်ရနိုင်သည်။ ထိုအချိန်တွင် ချီစွမ်းအားဓား၏အောက်တွင် သေးငယ်သောလက်တစ်ဖက် တိတ်တဆိတ်ထွက်ပေါ်လာသည်။
မိုင်ထောင်ချီသောချီစွမ်းအားဓားနှင့် နှိုင်းယှဉ်ပါက ဤလက်သည် အလွန်သေးငယ်၏။ သို့သော်လည်း ဤလက်သေးသေးလေးသည် အနည်းငယ်မျှလှုပ်ခါခြင်းမရှိဘဲ အင်မော်တယ်မုချင်၏ ချီစွမ်းအားဓားကိုပေါ့ပေါ့ပါးပါးတားဆီးလိုက်သည်။ ကြယ်တာရာခူးဆွတ်ခြင်းလက်တစ်ဖက်သည် ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်နှင့် ညီမျှသောစွမ်းအားရှိသည့် ဆဋ္ဌမအဆင့်တွင်ရှိကာ ပြင်းထန်သောစွမ်းအားကိုထုတ်လွှတ်နေသည်။
မပျက်ဆီးနိုင်သောချီစွမ်းအားဓားသည် ကြယ်တာရာခူးဆွတ်ခြင်းလက်ရှေ့တွင် တို့ဟူးကဲ့သို့ပျော့ပျောင်းသွားကာ ချက်ခြင်းကြေမွသွားသည်။ ချီစွမ်းအားဓားကိုဖျက်ဆီးပြီးနောက် ရီဖန်သည် သူ့လက်ထဲရှိဖုန်မှုန့်ကိုဖြည်းညှင်းစွာခါချလိုက်သည်။ ၎င်းသည် အလွန်အားနည်းလွန်း၏။
ရီဖန်သည် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်သို့ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကာ သူ၏ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝနားလည်ခြင်းမရှိသေးချေ။
သို့သော် အင်မော်တယ်မုချင်၏တိုက်ခိုက်မှုကို တားဆီးပြီးနောက် ရီဖန်သည် သူ၏စွမ်းအားကိုအကြမ်းဖျင်းခန့်မှန်းမိလာသည်။
ကောင်းကင်အင်မော်တယ်ကျင့်ကြံသူအားလုံးသည် ဤမုချင်ကဲ့သို့ အားနည်းနေပါက ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်ကို သူအလွယ်တကူအနိုင်ယူနိုင်လိမ့်မည်။
ချီစွမ်းအားဓားကိူဖျက်ဆီးပြီးနောက် ရီဖန်သည် ရီရှောင်းရှောင်းကို အရှေ့ဧကရာဇ်လက်ထဲသို့ထည့်ပေးကာ သူမကိုစောင့်ရှောက်စေခဲ့သည်။ ထို့နောက် ရီဖန်သည် အင်မော်တယ်မုချင်ကို စူးစိုက်ကြည့်ရှုနေ၏။
ရီဖန်၏အကြည့်ကို ခံစားလိုက်ရသဖြင့် အင်မော်တယ်မုချင်သည် သူ့ကျောရိုးတစ်လျှောက်အန္တရာယ်အငွေ့အသက်များ စီးဆင်းလာသည်ကိုခံစားလိုက်ရသည်။ ကောင်းကင်အင်မော်တယ်နယ်ပယ်တွင် တာအိုစွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်သောကြောင့်
အလိုလိုသိစိတ်သည်လည်း အလွန်ကောင်းမွန်၏။ အင်မော်တယ်မုချင်သည် ရီဖန်ထံတွင် သေမင်း၏အငွေ့အသက်ကို ခံစားလိုက်ရ၏။ ရီဖန်သည်၎င်း၏အပြင်းထန်ဆုံးတိုက်ခိုက်မှုကို အလွယ်တကူချေမှုန်းနိုင်ခဲ့ခြင်းကိုကြည့်ခြင်းအားဖြင့် အင်မော်တယ်မုချင်သည် လှည့်ကွက်တစ်ခုမျှသာဖြစ်သည်ဟုမထင်ခဲ့ချေ။
“မင်းကဘယ်သူလဲ၊ သမုဒ္ဒရာကျယ်ဂိုဏ်းက အင်မော်တယ်မုချင်ပါ”
အင်မော်တယ်မုချင်သည် ပထမဆုံးမိတ်ဆက်လိုက်ကာ သူ့နောက်ကွယ်တွင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူရှိကြောင်းဖော်ပြခြင်းဖြင့်
ရီဖန်ကိုခြိမ်းခြောက်ရန်ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် ရီဖန်အတွက်မူ သမုဒ္ဒရာကျယ်အင်မော်တယ်သည် မည်သူဖြစ်သည်ကိုပင် မသိခဲ့ပေ။ သိလျှင်လည်း ဂရုမစိုက်ချေ။ ရွှေရောင်အင်မော်တယ်တစ်ဦးမျှသည် ၎င်းအတွက်ထွေထွေထူးထူးမဟုတ်နေပါ။ မယုံလျှင် မည်သူကအနိုင်ယူနိုင်မည်ကို စောင့်ကြည့်နိုင်သည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည်စတင်လှုပ်ရှားလိုက်၏။ ရီမိသားစုကို လာရှုပ်သူတိုင်းသည် ရှောင်ပြေး၍မလွတ်နိုင်ပေ။
"မင်း ဒီလက်သီးတစ်ချက်ကို တောင့်ခံနိုင်ရင် မင်းအသက်ကိုချမ်းသာပေးမယ်လေ!"
ကောင်းကင်ယံတွင် ကမ္ဘာကိုဖိနှိပ်ထားသည့် ဧရာမလက်ကြီးတစ်ခုပေါ်လာကာ ကြယ်တာရာခူးဆွတ်ခြင်းလက်သည် အင်မော်တယ်မုချင်ကို ဖြည်းညှင်းစွာဖိချလိုက်သည်။
အင်မော်တယ်မုချင်သည် ရှောင်တိမ်းရန်ကြိုးစားသော်လည်း အနီးနားရှိနေရာများကို အပြည့်အ၀ပိတ်ထားကြောင်း တွေ့ရှိလိုက်ရသည်။ ရီဖန်၏တိုက်ခိုက်မှုကိုခုခံရန် သူ၏စွမ်းအားကိုအကုန်အသုံးမချနိုင်ပါက သေရလိမ့်မည်။
……………
အခန်း ၁၈၈ - တာ့ယွီအင်ပါယာကျယ်ပြန့်လာခြင်း
သေခြင်းတရားလား
ကောင်းကင်ဘုံအင်မော်တယ်များသည် အဆုံးမဲ့သက်တမ်းကိုပိုင်ဆိုင်ကြကာ အင်မော်တယ်မုချင်သည် အသက်နှစ်သောင်းမျှသာရှိသေးလျက် သူ့ထံတွင်ဇနီးသုံးထောင်မျှသာရှိသေးသည်။ ထို့ကြောင့် သူမသေချင်သေးချေ။ သို့သော် အင်မော်တယ်မုချင်သည် ဤတိုက်ခိုက်မှုကို သူမခုခံနိုင်မှန်းသိသည့်အတွက်
နောက်အခိုက်အတန့်တွင် အင်မော်တယ်မုချင်သည် ကောင်းကင်ကိုမျှော်ကြည့်ကာ
" သမုဒ္ဒရာကျယ် ရွှေအင်မော်တယ်အရှင်၊ ကျွန်တော့ကို ကယ်ပါ!
သမုဒ္ဒရာကျယ် ရွှေအင်မော်တယ်အရှင်ပေးအပ်ထားသည့် တိုကင်ကိုချက်ချင်းချေမွလိုက်ရာ
လေဟာနယ်သည်တုန်ခါလာပြီးနောက် မိုင်ပေါင်းတစ်သန်းကျော်ရှည်လျားသောစွမ်းအားသည် တာ့ယွီအင်ပါယာ၏အထက်သို့ ဆင်းသက်လာသည်။ ထို့နောက်တွင် တာအိုသစ်သီးရုပ်ပုံသည် တဖြည်းဖြည်းပေါ်လာ၏။ ရွှေအင်မော်တယ် တာအိုအသီးသည် ရွှေအင်မော်တယ်ဖြစ်သည်။
စိတ်ပျက်အားငယ်နေသော အင်မော်တယ်မုချင်သည် သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်ကို တွေ့သောအခါတွင် အလွန်ပျော်ရွှင်သွား၏။ သူ၏ကယ်တင်ရှင် ရောက်ရှိလာချေပြီ။ အင်ပါယာကြီးကိုးခု၏ဘုရင်များသည်လည်း စိတ်လှုပ်ရှားလာကြ၏။ အုပ်စိုးရှင်အစစ်အမှန်ရောက်ရှိလာပြီဖြစ်သည့်အတွက် ၎င်းတို့အားလုံအသက်ရှင်နိုင်တော့မည်။
‘ရွှေအင်မော်တယ်? ဟမ့်’
ရီဖန်၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ ရွှေအင်မော်တယ်၏စွမ်းရည်ကို စစ်ဆေးကြည့်ကြပါစို့။
အကြွင်းမဲ့ကမ္ဘာ့စွမ်းအားသည် ရီဖန်၏လက်ထဲသို့ ချက်ချင်းရောက်ရှိလာကာ ကြယ်တာရာခူးဆွတ်ခြင်းလက်ကို တစ်ချက်လှုပ်ခါရုံဖြင့် ကောင်းကင်ကိုတုန်လှုပ်စေနိုင်သည်။ သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်သည် သူ့ခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခုကို ခံစားမိလိုက်ချိန်တွင် စကားပြောရန်ကြိုးပမ်းလိုက်ရုံမျှသာရှိသေးသည်။
ထိုစွမ်းအားသည် သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်ကို တုန်လှုပ်စေခဲ့၏။ သူသည်တစ်ခါက စစ်မှန်သည့်အနှိုင်းမဲ့အင်မော်တယ်တစ်ဦးနှင့်တွေ့ဖူးသည်။ ဤစွမ်းအားသည် ရတနာသုံးပါးကိုပိုင်ဆိုင်ထားသည့် အနှိုင်းမဲ့အင်မော်တယ်ထက် မနိမ့်ကျချေ။ အင်မော်တယ်မုချင်သည် သူ့အကူအညီကိုမတောင်းခံမီ ဤအနှိုင်းမဲ့အင်မော်တယ်ကိုရန်သွားစမိသလော။
ဖြစ်နိုင်ချေများကိုတွေးမိပြီးနောက်တွင် သမုဒ္ဒရာကျယ် ရွှေအင်မော်တယ်အရှင်သည် အင်မော်တယ်မုချင်ကို စိတ်ထဲမှကျိန်ဆဲလိုက်သည်။ သို့သော်ယခုအချိန်သည် ဤအရာများကို ဂရုစိုက်ရမည့်အချိန်မဟုတ်ပေ။ အရေးကြီးဆုံးသည် အသက်ရှင်သန်နိုင်ရန်ဖြစ်သည်။ သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်သည် ခုခံကာကွယ်ရန်အတွင် လေဟာနယ်ထဲမှ၎င်း၏ဝှက်ဖဲများကိုထုတ်ယူလိုက်သည်။
သူ၏အထက်တွင် အထွတ်အထိပ်အင်မော်တယ်လက်နက်များဖြင့် ကာဆီးလိုက်သည်။ နောက်ဆုံးတွင် သူ၏တစ်ခုတည်းသော ထိပ်တန်းအင်မော်တယ်ကို ကာကွယ်ရေးအတွက်အသုံးချခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားပြီးနောက် တစ်ဖန်မှေးမှိန်သွားကာ အလင်းရောင်ပြန်ပေါ်လာ၏။
တစ်ချိန်ကကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်သည် ယခုအခါ စိတ်ပျက်ဖွယ်အခြေအနေသို့ရောက်ရှိနေပြီဖြစ်၏။
ရီဖန်သည် ကမ္ဘာတစ်ထောင်ငယ်၏စွမ်းအားကို လျှော့တွက်ခဲ့မိပုံပင်။ တစ်ခဏအကြာတွင် ရွှေအင်မော်တယ်ပင်လျှင် ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။ သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်၏ ပျက်ဆီးသွားသော အင်မော်တယ်ပစ္စည်းများကိုမြင်လိုက်ရသောအခါ ရီဖန်သည်အလွန်နောင်တရသွားသည်။
ဤအရာအားလုံးသည် ပိုက်ဆံများဖြစ်သည်! ရီဖန်သည် လက်သီးဆုပ်လိုက်ကာ တုန်တုန်ရီရီဖြင့် အေးစက်စွာပြောလိုက်သည် "ထွက်သွားစမ်း!"
သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်သည် လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်းပင် လေဟာနယ်ကိုဖွင့်ကာ တာ့ယွီမြို့၏ကောင်းကင်ယံမှ ပျောက်ကွယ်သွားသည်။ ၎င်းသည် ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်များပင် ချန်ထားခဲ့၏။ ယခုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအားရှင်ရီဖန်ကို မည်သည့်အကြောင်းကြောင့်မှ မနှောင့်ယှက်လိုချေ။ အင်မော်တယ်လက်နက်တစ်ခုသည် လက်နက်တစ်ခုမျှသာဖြစ်သည်။ သူ့ဘဝနှင့်ယှဉ်လျှင် ဘာမှမဟုတ်ချေ။
ရီဖန်၏စကားကြောင့်ထွက်ပြေးသွားသော သမုဒ္ဒရာကျယ်ရွှေအင်မော်တယ်အရှင်ကိုတွေ့လိုက်ရပြီးနောက် အင်မော်တယ်မုချင်၏မျက်နှာပေါ်တွင် အမူအရာနတ္ထိဖြစ်သွား၏။ ရီဖန်သည် ကောင်းကင်ဘုံအင်မော်တယ်မဟုတ်ဘဲ အခြားရွှေအင်မော်တယ်ကိုခြောက်လှန့်နိုင်သည့် အနှိုင်းမဲ့ရွှေအင်မော်တယ်ဖြစ်သည်။ အင်မော်တယ်မုချင်သည် ၎င်းထံအသနားခံရန်ပင်အင်အားမရှိတော့ချေ။ ဤကဲ့သို့သော စွမ်းအားရှင်နှင့်ရင်ဆိုင်ရသည့်အခါတွင် မည်သိူ့အသနားခံနိုင်ဦးမည်နည်း။
အင်မော်တယ်မုချင်သည် နောင်တတရားများဖြင့် ပြည့်နေသည်။ ချွမ်ထျန်းဘုရင်ကိုကူညီရန် အဘယ်ကြောင့်သဘောတူခဲ့သနည်း။ သူအဘယ်ကြောင့် ဤနေရာသို့လာခဲ့သနည်း။
သူမလာခဲ့လျှင် ဤသို့သောအဖြစ်ဆိုးမျိုးဖြစ်လာမည်မဟုတ်ချေ။
အရာအားလုံးသည် ချွမ်ထျန်းဘုရင်၏အမှားဖြစ်သည်။
"မင်းကိုသတ်ပစ်မယ်!"
သူ၏နောက်ဆုံးခွန်အားဖြင့် အင်မော်တယ်မုချင်သည် ချွမ်ထျန်းဘုရင်ထံရောက်ရှိသွားသည်။ သူသေရမယ်ဆိုလျှင်ပင် ချွမ်ထျန်းဘုရင်ကို သူနှင့်အတူ မြေမြှုပ်င်္သဂြိုဟ်လိုသည်။
အင်မော်တယ်မုချင်သည် ချွမ်ထျန်းဘုရင်ကို တစ်စစီဆုတ်ဖြဲနေသည်ကိုကြည့်ရင်း ကျန်အင်ပါယာကြီးရှစ်ခု၏ဘုရင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်များအားနည်းသွားသည်ကို ခံစားလိုက်ရသည်။ နဂါးနက်အင်ပါယာမှလွဲ၍ အခြားအင်ပါယာများအားလုံး အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းတို့သိလိုက်၏။ ဤတစ်ကြိမ်တွင် အင်ပါယာဆယ်ခုထဲတွင် အကြီးမားဆုံးအောင်နိုင်သူသည် နဂါးနက်အင်ပါယာဖြစ်လာသည်။
၎င်းတို့သည် အကူညီတောင်းရန်ကိုပင် မတွေးဝံ့ကြတော့ချေ။ ရွှေအင်မော်တယ်များပင် ပျောက်ကွယ်သွားကြရှာပြီဖြစ်သည်။၎င်းတို့၏နောက်ခံ ကောင်းကင်ဘုံအင်မော်တယ်များသည် မည်သို့အသုံးဝင်တော့မည်နည်း။ ၎င်းတို့သည် နောက်ထပ်ခေါင်းအနည်းငယ်ကို ထပ်မံပေးပို့သကဲ့သို့ဖြစ်နေလိမ့်မည်။ ရှိစေတော့! အလွန်အမင်းပင်ပန်းနေကြပြီဖြစ်သည့်အတွက် ၎င်းတို့ကိုဖျက်းဆီးခွင့်သာပေးလိုက်တော့မည်။ အင်ပါယာကြီးရှစ်ခုမှဘုရင်များသည် ခုခံမှုကိုစွန့်လွှတ်လိုက်ကြကာ တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည် စတင်ရှင်းလင်းအရေးယူလိုက်ကြ၏။
မကြာမီတွင် အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။
အင်ပါယာကြီးဆယ်ခုအနက်မှ ကိုးခုသည် တာ့ယွီအင်ပါယာထံလက်နက်ချခဲ့သည်။
ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးပင်လျှင် တာ့ယွီအင်ပါယာ၏နယ်မြေတွင် ကျဆုံးသွားခဲ့သည်။
တာ့ယွီအင်ပါယာ၏စွမ်းအားသည် ခန့်မှန်းမရနိုင်လောက်အောင်ရှိသည်။ သို့တိုင် ၎င်းတို့သည် ရွှေအင်မော်တယ်တစ်ဦးသုတ်သင်ခံရလုနီးပါးဖြစ်ခဲ့သည်ကို မသိကြသေးချေ။ မဟုတ်ပါက ၎င်းတို့လက်နက်အားလုံးချကာ တာ့ယွီအင်ပါယာကို ဦးတိုက်ရန်ထွက်လာကြလိမ့်မည်။
သာမာန်ကျင့်ကြံသူများသည် ရွှေအင်မော်တယ် အကြောင်းမသိသော်လည်း အင်ပါယာဆယ်ခု၏ နောက်ကွယ်မှအင်အားစုများသိရှိသွားကြ၏။ ၎င်းတို့သည် တာ့ယွီအင်ပါယာကိုရန်စရန်အတွက် အင်ပါယာများကိုထောက်ပံ့ပေးမိသည့်အပြင် ၎င်းတို့ကိုသေလောက်သည့်ရန်သူအဖြစ်ပင် သတ်မှတ်ခဲ့ကြကြောင်းသဘောပေါက်သွားသည့်အခါတွင် သက်ဆိုင်ရာဘုရင်များကို သတ်ပစ်ရန်မှလွဲ၍မည်သည့်အရာကိုမှ မလိူချင်တော့ချေ။
သိူ့သော်ယခုအချိန်တွင် ထိုအင်ပါယာများကိုဂရုစိုက်ရန်အတွက် အချိန်မရှိပေ။
ယခု၎င်းတို့စဉ်းစားရမယ့်အချက်သည် အကယ်၍ တာ့ယွီအင်ပါယာကလက်တုံ့ပြန်လာလျှင် မည်သို့ပြုလုပ်ရမည်ကိုပင်။ ဦးအောင် ရိုက်ထည့်လိုက်ရမည်လော? ၎င်းကိုတွေးပင်မတွေးဝံ့ချေ။ ရီဖန်သည် ရွှေအင်မော်တယ်တစ်ဦးကို သတ်လုနီးပါးတိုက်ခိုက်ခဲ့သည်မဟုတ်လော။ ဤမျှအစွမ်းထက်သောကျင့်ကြံသူ၏အမြင်တွင် ၎င်းတို့သည်ပုရွက်ဆိတ်များနှင့်မခြားနားချေ။ ထို့ကြောင့် ချမ်းသာပေးရန်ပင် မတောင်းဆိုဝံ့ကြဘဲရှိသည်။
အိမ်ပြောင်းရမည်၊ ယခုချက်ချင်းနေရာပြောင်းရွေ့ရမည်။ အရင်းအမြစ်များကိုပင်မသယ်ဝံ့ကြဘဲ ၎င်းတို့၏တစ်ကိုယ်ရည်ပစ္စည်းများကို ယူလာနိုင်သည်။ ဤအရင်းအမြစ်များကြောင့် ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူထံမှ ပစ်မှတ်ထားခံရလျှင် အကျိုးအမြတ်ထက် ဆုံးရှုံးမှုကပိုများလိမ့်မည်။ အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံးသည် သံသယဖြစ်ဖွယ်တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ တာ့ယွီအင်ပါယာသည် အင်ပါယာကြီးကိုးခု၏အာဏာကို သိမ်းပိုက်ရန်အတွက် ကျင့်ကြံသူအများအပြားကို စေလွှတ်ခဲ့သည်။ ဤသို့သော အရှိန်အဟုန်ဖြင့်စွမ်းအားတိုးတက်လာသည်။
နဂါးနက်အင်ပါယာတွင် နဂါးနက်ဘုရင်သည် မုရန်လုံယူဆောင်လာသည့် ရုပ်ပုံဖမ်းယူသည့်သလင်းကျောက်ကိုမြင်ပြီးနောက် တုန်လှုပ်သွားသည်။ သူ့သမက်ဖြစ်သူ ရီရှောက်ဖန်နှင့်တူသည့် ရွှေအင်မော်တယ်ကျင့်ကြံသူကို ချက်ချင်းမှတ်မိလိုက်သည်။ သူ၏ရောင်ဝါသည် အနည်းငယ်ကွဲပြားသော်လည်း ကျင့်ကြံသူတိုင်းတွင် ရောင်ဝါအများအပြားရှိတတ်သည်။
သူ့သားမက်သည် ရွှေအင်မော်တယ်တစ်ဦးဖြစ်သွားပြီဖြစ်၏။ ၎င်းကို သိလိုက်ရသည့်အခါ နဂါးနက်ဘုရင်ကြီးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှ အံ့သြစရာကောင်းသည့်သားမက်တစ်ယောက်နှင့် အနာဂတ်တွင် သူမည်ကဲ့သို့သော ကောင်းမှုကုသိုလ်များပြုလုပ်သင့်သနည်း။
နဂါးနက်အင်ပါယာ၏နောက်ကွယ်ရှိအင်အားစုသည် နဂါးမျိုးနွယ်၏အခွဲတစ်ခုမျှသာဖြစ်ကာ ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်အဆင့်မျှသာရှိသည်။ သို့သော် ၎င်း၏သမက်သည် ရွှေအင်မော်တယ်တစ်ဦးဖြစ်သည်။ မကြာမီတွင် နဂါးနက်ဘုရင်ကြီးသည် စိုးရိမ်စပြုလာပြန်သည်။ နောက်ပိုင်းတွင် ရီရှောက်ဖန်ကို သားမက်ဟုခေါ်သင့်သလော၊ အင်မော်တယ်အရှင်ဟုခေါ်သင့်သလော။ သမက်တော်ဟုခေါ်လျှင် စိတ်ဆိုးသွားနိုင်သလော။
“အစီရင်ခံပါတယ်!”
" မင်းသမီးကျွင်းလုံမှာ ကိုယ်ဝန်ရှိနေပြီလို့သတင်းကောင်းပေးပို့ပါတယ် အရှင်"
" ကျွင်းလုံကိုယ်ဝန်ရပြီ ဟုတ်လား?ရှောက်ဖန်နဲ့ရတာလား?"
၎င်းကိုကြားသည့်အခါ အထိန်းတော်သည် ခေတ္တဆွံ့အသွား၏။ တော်ဝင်သမက်တော်နှင့်မဟုတ်ပါက မည်သူဖြစ်နိုင်ဦးမည်နည်း။ အထိန်းတော်ကြီး၏အမူအရာကိုမြင်လိုက်ရသောအခါ နဂါးနက်ဘုရင်သည် ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည်။
‘မိုက်လိုက်တဲ့ငါ’
ထို့နောက်နဂါးနက်ဘုရင်သည် အားရပါးရရယ်မောလိုက်၏။ မင်းသမီးကျွင်းလုံသည် ကိုယ်ဝန်ရှိနေပြီဖြစ်ကာ ကလေးသည် နဂါးနက်အင်ပါယာ၏အမွေဆက်ခံသူဖြစ်လာလိမ့်မည်။ နဂါးနက်ဘုရင်သည် တုံ့ဆိုင်းနေခြင်းမရှိချေ။ အရေးကြီးဆုံးသည် ရီရှောက်ဖန်ကို နဂါးနက်အင်ပါယာနှင့် ခိုင်မြဲစွာချိတ်ဆက်ထားရန်ဖြစ်သည်။ နဂါးနက်ဘုရင်သည် နဂါးနက်အင်ပါယာငယ်တစ်ခုတွင် နဂါးအစစ်ဖြစ်သည့် ရီရှောက်ဖန်ကို ထည့်သွင်းနိုင်မည်မဟုတ်မှန်းသိထားသည်။
သို့သော် ရီရှောက်ဖန်သည် နဂါးနက်အင်ပါယာနှင့် ဆက်နွှယ်မှုရှိနေသရွေ့ ၎င်းသည်လုံလောက်၏။ အနည်းဆုံး ဤကဲ့သို့သောကျောထောက်နောက်ခံဖြင့် နဂါးနက်အင်ပါယာသည် အနာဂတ်တွင် ဤမျှသတိကြီးစွာနေထိုင်ရန် မလိုအပ်တော့ချေ။ အရှေ့ဘက်တိုက်နယ်မြေတွင် ရွှေအင်မော်တယ်သည် အခြားအရာများထက်များစွာအသုံးဝင်သည်။
ထို့အပြင် တာ့ယွီအင်ပါယာသည် အခက်အခဲတစ်စူံတစ်ရာမျှမရှိဘဲ အရှေ့တိုက်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ နဂါးနက်အင်ပါယာမှလွဲ၍ကျန်ရှိသောနယ်မြေအားလုံးသည် တာ့ယွီအင်ပါယာ၏ပိုင်နက်ဖြစ်လာသည်။
…………..
အခန်း ၁၈၉ - ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးထဲသို့ စိမ့်ဝင်ခြင်း
ရီရှောင်းရှောင်းသည် ကပ်စေးနှဲသူတစ်ဦးမဟုတ်ချေ။ တာ့ယွီအင်ပါယာသည် အဓိကအင်ပါယာကိုးခုကိုသိမ်းပိုက်ခြင်းမှ အရင်းအမြစ်များစွာကိုရရှိခဲ့ရာ ရီရှောင်းရှောင်းသည် ဤအရင်းအမြစ်များကိုအပိုင်းများစွာခွဲထားသည်။ တာ့ယွီအင်ပါယာအတွက်တစ်ပိုင်းသိမ်းဆည်းထားကာ အရွက်တစ်ထောင်ကျောင်းတော်အတွက်တစ်ပိုင်း၊ သက်ရှည်ဂိုဏ်းအတွက်တစ်ပိုင်းစသည်ဖြင့် မဟာမိတ်အားလုံးအတွက် အညီအမျှခွဲဝေပေးခဲ့သည်။
အားစိုက်ထုတ်မှုအနည်းငယ်မျှသာရှိခဲ့သော နဂါးနက်အင်ပါယာပင်လျှင် အရင်းအမြစ်များ၏ အစိတ်အပိုင်းတစ်ခုကိုရရှိခဲ့သည်။ ၎င်းသည်နဂါးနက်အင်ပါယာ၏ အနှစ်တစ်ထောင်ကျော်စုဆောင်းထားသော အရင်းအမြစ်များနှင့် နှိုင်းယှဉ်နိုင်သည့်ပမာဏတွင်ရှိကာ နဂါးနက်အင်ပါယာဘုရင်ကို ပျော်ရွှင်စေခဲ့သည်။ တာ့ယွီအင်ပါယာနှင့် မဟာမိတ်ဖွဲ့ခြင်းသည် နဂါးနက်အင်ပါယာဆုံးဖြတ်ချက်ချခဲ့သမျှတွင် အမှန်ကန်ဆုံးသောရွေးချယ်မှုဖြစ်၏။ သို့မဟုတ်ပါက ယခုအချိန်တွင် နဂါးနက်အင်ပါယာသည် အဓိကအင်ပါယာကိုးခု၏ကံကြမ္မာအတိုင်း ခံစားနေရလိမ့်မည်ဖြစ်သည်။ လက်ရှိတွင် အရှေ့ပိုင်းတိုက်နယ်မြေ၌ အင်ပါယာနှစ်ခုသာကျန်ရှိတော့ကာ ၎င်းသည် နဂါးနက်အင်ပါယာနှင့် တာ့ယွီအင်ပါယာတို့ပင်ဖြစ်သည်။
အရင်းအမြစ်အများစုကို ရီမိသားစုထံသို့ပေးပို့ခဲ့သည်။ အရှေ့တိုက်နယ်မြေရှိ အင်ပါယာကိုးခုသည် နှစ်ပေါင်းများစွာကျင့်ကြံခဲ့သောကြောင့် ၎င်းတို့၏အရင်းအမြစ်များမှာ အလွန်များပြားသည်။
ရီဖန်သည် ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်များကိုသန့်စင်နိုင်သည့် ရှန်အဆင့်အရင်းအမြစ်များစွာကိုတွေ့ရှိခဲ့သည်။
အဓိကအင်ပါယာများတွင် ထိပ်တန်းအဆင့်ဆေးပညာရှင်များနှင့် အင်မော်တယ်လက်နက်သန့်စင်သူများမရှိသောကြောင့် ၎င်းတို့သည် ဤအရင်းအမြစ်များကို စွမ်းအားအဖြစ်ပြောင်းလဲနိုင်စွမ်းမရှိခဲ့ကြချေ။ ယခုမူ ထိုအရင်းအမြစ်များသည် ရီဖန်အတွက်စျေးပေါလာသည်။ ရီမိသားစုတွင် အဆင့်နိမ့်သို့မဟုတ် အလယ်အလတ်အဆင့်အင်မော်တယ်လက်နက်များကိုအသုံးပြုသည့် ကျင့်ကြံသူအများအပြားရှိနေကြဆဲဖြစ်ကာ ၎င်းတို့ကိုအဆင့်မြှင့်တင်ရန် အချိန်ကျရောက်လာပြီဖြစ်၏။
သို့သော် ရီဖန်ဂရုအစိုက်ဆုံးအရာသည် ဤအရင်းအမြစ်များမဟုတ်ဘဲ အင်ပါယာတစ်ခုစီ၏ရတနာသိုက်များမှရရှိသော ကျင့်ကြံနည်းမျိုးစုံဖြစ်သည်။
ယခင်က မူလပျက်ဆီးခြင်းကျင့်ကြံနည်းစနစ်သည် ကမ္ဘာ့အင်မော်တယ်နယ်ပယ်တွင်သာရှိခဲ့သည်။
ဤကျင့်ကြံနည်းစနစ်များကိုကိုးကားခြင်းဖြင့် ရီဖန်သည် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်၏ မူလပျက်ဆီးခြင်းကို ဖန်တီးနိုင်မည်ဟုယုံကြည်ချက်ရှိသည်။
ရီဖန်သည် ကျင့်ကြံရေးနည်းစနစ် တစ်ခုပြီးတစ်ခု စတင်လေ့လာကာ ထိုကျင့်ကြံမှုနည်းစနစ်များကို မူလပျက်ဆီးခြင်းနည်းစနစ်အဖြစ်ပြောင်းလဲခဲ့သည်။ ကျင့်ကြံနည်းစနစ်တစ်ခုကို ချက်ခြင်းဖယ်ထုတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။ ရီဖန်သည် ဤကျင့်ကြံနည်းစနစ်များကိုဖယ်ထုတ်နေချိန်တွက် အခြားတစ်ဖက်၌ တာ့ယွီအင်ပါယာသည်ဆက်လက်ကျယ်ပြန့်လာသည်။
"ချွမ်ထျန်းအင်ပါယာကို သိမ်းပိုက်နိုင်တဲ့အတွက် တာ့ယွီအင်ပါယာကို ဂုဏ်ပြုပါတယ်၊ မိသားစုအင်အားတန်ဖိုး အမှတ် ၁၀၀၀၀ တိုးလာပါပြီ"
“ဟုန်ဟိုင်အင်ပါယာကို သိမ်းပိုက်လိုက်တဲ့အတွက် မိသားစုအင်အားတန်ဖိုး အမှတ် ၁၁,၀၀၀ တိုးလာပါပြီ”
စနစ်သတိပေးချက်သည် ရီဖန်၏စိတ်ထဲတွင် ထပ်ခါထပ်ခါထွက်ပေါ်လာသည်။
ရေရှည်မိသားစုအင်အားတန်ဖိုး မစ်ရှင်ကိုပြီးမြောက်ရန်အတွက် တစ်ထောင့်တစ်ကွေ့မျှသာလိုတော့သည်။
အင်ပါယာကိုတည်ထောင်ချဲ့ထွင်ရန် မခက်ခဲသော်လည်း ၎င်းတို့ကိုလုံးလုံးလျားလျားပေါင်းစည်းရန်မှာခက်ခဲ၏။ အရာအားလုံးကိုထိန်းချုပ်ခြင်းမရှိပါက ၎င်းသည်မတန်ချေ။
ရီရှောင်းရှောင်းသည်လည်း ဤတည်ငြိမ်သောဗျူဟာကိုလိုက်နာခဲ့သည်။ သူမသည်အင်ပါယာတစ်ခုကို သိမ်းပိုက်ပြီးသည့်အခါတိုင်း နောက်ထပ်အင်ပါယာတစ်ခုမသိမ်းပိုက်မီ ၎င်းကိုအပြည့်အဝပေါင်းစည်းခဲ့သည်။ ရီရှောင်းရှောင်းသည် အရှေ့ဘက်တိုက်နယ်မြေရှိ အဓိကအင်အားစုကို ပေါင်းစည်းရန်အလုပ်များနေချိန်တွင် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအစည်းအဝေးသို့ ထပ်မံတက်ရောက်နေခဲ့သည်။
နောက်ဆုံးအကြိမ်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အဓိကအင်ပါယာကိုးခုကိုတိုက်ခိုက်ရာတွင် ကြီးမားသောဆုံးရှုံးမှုကိုခံစားခဲ့ရသည်။ စုယန်သည်ဤတစ်ကြိမ်တွင် အပြစ်ဒဏ်စီရင်ချက်ချခြင်းကိုခံနေရ၏။ သို့သော် စုယန်သည်လူသစ်များစွာကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံသို့ ထပ်မံခေါ်ဆောင်လာနိုင်ကြောင်း အာမခံပြီးနောက်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် စုယန်၏ပြစ်ဒဏ်ကို ခေတ္တဆိုင်းငံ့ထားခဲ့သည်။
အမှန်တကယ်တွင် ၎င်းသည် စုယန်၏အမှားတစ်ခုတည်းကြောင့်သာမဟုတ်ဘဲ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ထောက်လှမ်းရေးဌာန အမှားတစ်ခုလည်းဖြစ်သည်။ အင်ပါယာအနည်းငယ်ကြားရှိ ရိုးရှင်းသောစစ်ပွဲသည် ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူကို ဆွဲဆောင်နိုင်မည်ဟု မည်သူကတွေးမိမည်နည်း။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ အဆုံးတွင်ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူပေါ်လာခြင်းပင်။ ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှင့်အတူ ရီမိသားစုသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အာရုံစိုက်ဖွယ်ဖြစ်လာခဲ့သည်။
ထို့အပြင် စုယန်၏ အခြားအထောက်အထားသည်လည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အာရုံစိုက်ခြင်းကိုခံခဲ့ရသည်။ ရီမိသားစု၏ဘိုးဘေးတစ်ဦးဖြစ်သည့် စုယန်၏အထောက်အထားသည်လည်းအလွန်အရေးကြီးသည်။ ရွှေအင်မော်တယ်အဆင့် အင်အားစုတစ်ခုတည်းဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အာရုံစိုက်မှုကိုရရှိရန်လုံလောက်နေပြီဖြစ်သည်။
“ရီမိသားစုထဲကို နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်ရမယ်ဆိုတာ မမေ့နဲ့၊ ဖြစ်နိုင်ရင် ရီမိသားစုတစ်ခုလုံးကို ထိန်းချုပ်ထား!" ထို့ကြောင့် အရှေ့ဘက်တိုက်နယ်မြေ၏ အကြီးအကဲသည် စုယန်ကိုထပ်မံသတိပေးလိုက်သည်။
ချန်မင်ကမ္ဘာ၏နယ်မြေဆယ့်သုံးခုတွင် အရှေ့ဘက်တိုက်နယ်မြေသည် အင်အားအနည်းဆုံးဖြစ်၏။
အကယ်၍သူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ပိုမိုမြင့်မားသောအဆင့်အတန်းကိုရရှိလိုပါက ၎င်းသည်နယ်မြေတစ်ခုကို တတ်နိုင်သမျှအလုံးစုံ ထိန်းချုပ်ထားရမည်ဖြစ်သည်။
အကယ်၍သူသည် ရီမိသားစုကိုသူ့ပိုင်နက်ထဲသို့ဆွဲသွင်းနိုင်ပါက အရှေ့ဘက်တိုက်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အင်အားသည် များစွာတိုးတက်လာလိမ့်မည်ဖြစ်သည်။
ရွှေရောင်အင်မော်တယ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသောအင်အားစုတစ်ခုကို ထိန်းချုပ်ထားသည်ဟု စိတ်ကူးယဉ်ကြည့်ရုံဖြင့် အရှေ့ဘက်တိုက်နယ်မြေ၏အကြီးအကဲသည် မျက်ရည်ကျလုနီးပါးဝမ်းသာလုံးစို့နေရှာသည်။ စုယန်သည် ဤတစ်ကြိမ်တွင်အမှားလုပ်မိခဲ့သော်လည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို သစ္စာစောင့်သိနေသရွေ့ ၎င်းသည်ကိစ္စမရှိပေ။
စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို သစ္စာဖောက်မည်လော။ ဤဖြစ်နိုင်ချေသည် အရှေ့ဘက်တိုက်နယ်မြေ၏အကြီးအကဲခေါင်းထဲတွင် ရှိမနေချေ။ ၎င်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အကြီးအကဲတစ်ဦးဖြစ်သည့် ဝူရှန်းဘိုးဘေးချမှတ်ထားသောတားမြစ်ချက်ဖြစ်ရာ ကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦးက မည်သို့ခုခံတွန်းလှန်နိုင်မည်နည်း။နောက်ရက်များတွင် စုယန်သည် ရီမိသားစုမှကျင့်ကြံသူများကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲသို့ တဖြည်းဖြည်းခေါ်သွင်းလာခဲ့သည်။
ပိုင်ဇယ်နှင့် အဇူရာနဂါးသွေးမျိုးဆက်တို့ရှိနေခြင်းကြောင့် ဝူရှန်းဘိုးဘေးများသည် ၎င်းတို့ကိုထိန်းချုပ်ထားနိုင်မည်မဟုတ်ချေ။ စုယန်၏ဂရုစိုက်မှုအောက်တွင် ရီမိသားစု၏တတိယမျိုးဆက်ဖြစ်သည့် ဤအဖွဲ့ဝင်များသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွင်း အင်အားစုတချို့ကို လျင်မြန်စွာထိန်းချုပ်လာနိုင်ကာ ၎င်းတို့၏အဆင့်အတန်းသည် လျင်မြန်စွာတိုးတက်လာခဲ့သည်။ ဆယ်နိုင်ငံကြားတိုက်ပွဲအပြီးတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အရည်အချင်းရှိသူများစွာကိုလိုအပ်နေကာ ရီမိသားစု၏ကျင့်ကြံသူများသည် အရည်အချင်းကောင်းမွန်ကြသည်မဟုတ်လော။
ဤသိူ့ဖြင့် ဆယ်နှစ်ကျော်ကြာသွားပြီးသည့်နောက်တွင် စုယန်၏အာဏာသည် အရှေ့ဘက်တိုက်နယ်မြေအကြီးအကဲကိုပင်လွှမ်းမိုးနိုင်ခဲ့သည်။ အရှေ့ဘက်တိုက်နယ်မြေအကြီးအကဲသည် ကျင့်ကြံရန်အချိန်ပိုရသည်ဟုပင်တွေးကာ ကျေနပ်နှစ်သိမ့်နေ၏။
ယနေ့တွင် တာ့ယွီအင်ပါယာ၏ အရာရှိအားလုံးသည် တာ့ယွီအင်ပါယာမြို့တော်တွင် စုဝေးနေကြသည်။
နဂါးနက်အင်ပါယာ၏ဘုရင်သည်ပင် အခြားသူများကြားမှ အပြေးအလွှားရောက်ရှိလာသည်။
နဂါးနက်အင်ပါယာ၏ဘုရင်သည် စဉ်းစားဆင်ခြင်းနိုင်စွမ်ရရှိသူဖြစ်၏။ ရီရှောင်းရှောင်းသည် ရီရှောက်ဖန်ကြောင့် နဂါးနက်အင်ပါယာကို မဆန့်ကျင်ခဲ့ပေ။ ထို့အပြင် နဂါးနက်အင်ပါယာသည် တာ့ယွီအင်ပါယာ၏ ပိုင်နက်ထဲတွင်ရှိနေကာ မြင်ရခဲသောနယ်မြေဖြစ်သည်။
ထို့ကြောင့် ရီမိသားစုနှင့်ဆက်ဆံရေးပိုမိုတိုးမြှင့်ရန်အတွက် နဂါးနက်အင်ပါယာသည် တာ့ယွီအင်ပါယာ၏လက်အောက်ခံဖြစ်လာရန် တိုက်ရိုက်လျှောက်ထားခဲ့သည်။
အင်ပါယာကြီးတစ်ခု၏ လက်အောင်ခံအခွဲဖြစ်လာခြင်းသည် ရှေးယခင်က ပြည်နယ်အရာရှိတစ်ဦး ဖြစ်ခြင်းနှင့်ဆင်တူကာ ၎င်းတို့လူမျိုး၏အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ ရီရှောင်းရှောင်းသည်လည်း ၎င်းကိုမငြင်းပယ်ခဲ့ချေ။
နဂါးနက်အင်ပါယာ၏ဘုရင်သည် အလွန်ဉာဏ်ကောင်းသောကြောင့် ရီရှောင်းရှောင်းသည်လည်း တွန့်တိုခြင်းမရှိပေ။ သူမလက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် နဂါးနက်အင်ပါယာကို ပိုမိုကျယ်ပြန့်သောနယ်မြေကိုပေါင်းထည့်ပေးလိုက်သည်။ဤနယ်မြေသည် နဂါးနက်အင်ပါယာ၏ မူလနယ်မြေထက် တစ်ဝက်နီးပါးပိုမိုကျယ်ပြန့်ကာ ဤနယ်မြေအတွင်းရှိ အရင်းအမြစ်များအားလုံးကို နဂါးနက်အင်ပါယာထံဆုချီးမြှင့်ခဲ့သည်။ အရင်းအမြစ်များပိုမိုရရှိသဖြင့် နဂါးနက်အင်ပါယာ၏ ကျင့်ကြံသူများသည် လျင်မြန်စွာအဆင့်တက်လှမ်းနိုင်လာကြသည်။
ယခင်ကနဂါးနက်အင်ပါယာနှင့် နှိုင်းယှဉ်ပါက လက်ရှိနဂါးနက်အင်ပါယာသည် အင်ပါယာကြီးတစ်ခု၏လက်အောက်ခံအခွဲအဖြစ် ပြောင်းလဲသွားသော်လည်း ပိုမိုကောင်းမွန်သောဘဝကိုရရှိခဲ့ကြသည်။
စွမ်းအားတည်ဆောက်ရန်အတွက်အခြေခံအုတ်မြစ်သည် ကျင့်ကြံရန်အရင်းအမြစ်များ ပိုမိုရရှိရန်ဖြစ်သည်မဟုတ်လော။ ယခုအချိန်တွင် ၎င်းတို့ထံ၌အရင်းအမြစ်များစွာရရှိနေပြီဖြစ်သည်။
လက်အောက်ခံအင်ပါယာဖြစ်ရခြင်းသည် အမည်တစ်ခုမျှသာဖြစ်သောကြောင့် နဂါးနက်အင်ပါယာဘုရင်သည် ၎င်းကိုဂရုမစိုက်ဘဲ ဂုဏ်ယူနေခဲ့သည်။
၎င်းတို့သည် တာ့ယွီအင်ပါယာနှင့်အတူ နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်မဟုတ်လော။ နဂါးနက်အင်ပါယာမှလွဲ၍ မည်သည့်အင်ပါယာက ဤကဲ့သို့လုပ်ဆောင်နိုင်မည်နည်း။
၎င်းသည် အောင်မြင်မှုတစ်ခုပင်။ နဂါးနက်အင်ပါယာ၏ဘုရင်သည် တစ်နေ့တွင်သူ့ဘိုးဘေးများနှင့် တွေ့ဆုံရလျှင်ပင် ရှက်စရာမရှိချေ။
“ကောင်းကင်ဘုံ၏အလိုတော်နှင့် အခွင့်အာဏာကိုထမ်းရွက်လျက်၊ ဧကရီကကြေညာလိုက်သည်။ မကြာသေးမီရက်များအတွင်း တာ့ယွီအင်ပါယာသည် အရှေ့ဘက်တိုက်နယ်မြေကို သိမ်းပိုက်ခဲ့ပြီးဖြစ်၏၊ ၎င်းနှင့်ပက်သက်၍…ဧကရီ၏အမိန့်တော်အရ ယနေ့တွင် တာ့ယွီအင်ပါယာကိုစတင်အခြေချကာ ဖီးနစ်ပထမနှစ်အဖြစ်တရားဝင်သတ်မှတ်လိုက်သည်။
တာ့ယွီအင်ပါယာတည်ထောင်ခြင်း၊ အခမ်းအနားကျင်းပခြင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်ဆိုင်ရာ ဝန်ကြီးများ…”
တာ့ယွီအင်ပါယာ၏ ကံကြမ္မာရွှေနဂါးကိုရှေးယခင်တည်းက ပုံသွင်းခဲ့ပြီးဖြစ်သော်လည်း ဤနှစ်များတွင်တာ့ယွီအင်ပါယာသည် အဆက်မပြတ်စစ်ဖြစ်နေခဲ့သောကြောင့်
အခမ်းအနားကိုမကျင်းပရသေးပေ။ နောက်ဆုံးတွင် နိုင်ငံတော်တစ်ခုတည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့၏။
……………..