← Chapters

အခန်း ၁၉၃-၁၉၅

Vol. 13 Ch. 193-195

အခန်း ၁၉၃-၁၉၅

Vol. 13 Ch. 193-195

အခန်း ၁၉၃ - အရွက်တစ်ထောင်ဆေးခန်း၏ ကောင်းမွန်သောရိုးရာဓလေ့

လုချွမ်ခိုင်သည် တိတ်ဆိတ်ငြိမ်သက်နေသော အရွက်တစ်ထောင်ဆေးခန်းဌာနချုပ်ကိုကြည့်ရင်းမှ ရုတ်တရက်သူ့ကိုမွန်းစတားတစ်ကောင်က စားသုံးတော့မည်ဟူ၍ခံစားလာရသည်။ သို့သော် သူရောက်လာပြီဖြစ်သည့်အတွက် ထွက်ခွာရန်ကြောင်းမရှိချေ။ လုချွမ်ခိုင်သည် ခေါင်းယမ်းလိုက်လိုက်ကာ အတွေးများကိုရှင်းထုတ်ပြီးနောက် ကုလားထိုင်တစ်လုံးပေါ်တွင် လေးလံစွာထိုင်ချလိုက်သည်။

အတွင်းခန်းမထဲတွင် ရီကျင်းထျန်သည်၎င်းကို ချန်ကျင်းဆေးခန်းမှ တစ်စုံတစ်ယောက်ကတွေ့လိုသည်ဟုပြောသံကြားသောအခါတွင် အနည်းငယ်စိတ်ဝင်စားသွားသည်။ ရီကျင်းထျန်ကိုယ်တိုင်လည်း ချန်ကျင်းဆေးခန်း၏နောက်ကွယ်ရှိ တာ့ယွီအင်ပါယာ၏ အဆင့်မြင့်အရာရှိကြီးသည်မည်သူဖြစ်သည့်အတွက် အရွက်တစ်ထောင်ဆေးခန်းဌာနချုပ်သို့ မောက်မာစွာလာရောက်ဝံ့သည်ကိုသိချင်ပါ၏။

မကြာမီတွင် ရီကျင်းထျန်သည်ဆိုင်ရှင်အုပ်စုနှင့်အတူ အပြင်ဘက်ခန်းမသို့ရောက်လာကာ လုချွမ်ခိုင်ကိုတွေ့လိုက်သည်။ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူအနည်းငယ်ဖြင့် ဤအင်အားစုသည် ရောင်းဝယ်ရေးလုပ်ငန်းများစွာတွင် အတော်လေးကောင်းမွန်နေပုံရသည်။

"မင်းလားငါ့ကိုတွေ့ချင်နေတာ" ရီကျင်းထျန်သည် လုချွမ်ခိုင်ကို စိုက်ကြည့်ကာမထူးမခြားနားမေးလိုက်သည်။

"မင်းက အရွက်တစ်ထောင်ဆေးခန်းရဲ့ ပိုင်ရှင်လား"

လုချွမ်ခိုင်သည် လူသားအင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့်တွင်သာရှိနေသည့် ရီကျင်းထျန်ကို အထင်အမြင်သေးစွာကြည့်လိုက်သည်။ ၎င်းသည် လူသားအင်မော်တယ်နယ်ပယ် အစောပိုင်းကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ သူသည် ၎င်းကိုကြောက်ရွံ့နေခြင်းဖြစ်မှန်း တွေးမိသွားသည့်အခါတွင် လုချွမ်ခိုင်သည်အနည်းငယ်စိတ်တိုသွား၏။

"ငါတို့ ချန်ကျင်းဆေးခန်းက မင်းတို့ရဲ့အရွက်တစ်ထောင်ဆေးခန်းကို သဘောကျတာမို့ မင်းကိုအခွင့်အရေးပေးမယ်။ မင်းက ချန်ကျင်းဆေးခန်းရဲ့ လက်အောက်ခံအနေနဲ့ ငါတို့ရဲ့ လက်ထောက်ဆေးခန်းပိုင်ရှင်ဖြစ်လာရမယ်"

လုချွမ်ခိုင်သည် ကြင်နာဟန်ဖြင့်ပြောလိုက်သည်။ ချန်ကျင်းဆေးခန်း၏လက်အောက်ခံဖြစ်လာရန်လော။

ရီကျင်းထျန်သည် အော်ရယ်မိလုမတတ်ဖြစ်သွားရှာသည်။ ဤချန်ကျင်းဆေးခန်းသည် အလွန်အစားကြီးပုံရသော်လည်း ၎င်းတို့ကိုင်တွယ်နိုင်မည်လောဟူသည့်မေးခွန်းနှင့်စပ်လျဉ်း၍ သူလည်းမသိချေ။

"လက်မခံဘူးဆိုရင်ရော?" ရီကျင်းထျန်သည် အပြုံးဖြင့်မေးလိုက်သည်။ ရီကျင်းထျန်နှင့်ရင်းနှီးသူတိုင်းသည် ထိုအပြုံးကိုမြင်လျှင် တတ်နိုင်သမျှဝေးဝေးပြေးကြမည်မှာသေချာသည်။

၎င်းသည် ရီကျင်းထျန်လှုပ်ရှားတော့မည်ဖြစ်ကြောင်း ပြသနေခြင်းပင်။

"လက်မခံဘူး? လက်မခံလို့ကတော့ အကျိုးဆက်ကိုပြရသေးတာပေါ့"

လုချွမ်ခိုင်သည်အချက်ပြလိုက်ကာ သူ့လက်အောက်ရှိ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများထံ ချက်ချင်းအကြောင်းကြားလိုက်သည်။ မကြာမီတွင် အရွက်တစ်ထောင်ဆေးခန်းဌာနချုပ်သို့အကြောင်းကြားစာများရောက်ရှိလာကာ

တာ့ယွီအင်ပါယာအတွင်းရှိအရွက်တစ်ထောင်ဆေးခန်၏ဌာနခွဲတိုင်းကို အမည်မသိတပ်များကလာရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် အရွက်တစ်ထောင်ဆေးခန်း၏ လူသားအင်မော်တယ်နယ်ပယ်အဆင့်ရှိ ဆိုင်ရှင်များကြောင့် သိသိသာသာထိခိုက်မှုမရှိခဲ့ပေ။

"အခု အကျိုးဆက်ကိုသိပြီလားကွ"

လုချွမ်ခိုင်သည် သူ့လက်အောက်ငယ်သားများအောင်မြင်သွားသည်ဟု ထင်သောကြောင့်လှောင်ရယ်လိုက်သည်။

“ဘာအကျိုးဆက်တွေများလဲ" ရီကျင်းထျန်က ပြန်မေးသည်။

ထိုအချိန်တွင် ချန်ကျင်းဆေးခန်းမှအကြောင်းကြားချက်မှား ထွက်ပေါ်လာသည်။ စာကိုဖတ်ပြီးနောက် လုချွမ်ခိုင်အံ့ဩသွားသည်။ အရွက်တစ်ထောင်ဆေးခန်း၏ဌာနခွဲတစ်ခုစီတွင် အမှန်တကယ်ပင် လူသားအင်မော်တယ်နယ်ပယ်အဆင့်ကျင့်ကြံသူများရှိသည်။ ၎င်းတို့ဘက်မှ ကျင့်ကြံသူများစေလွှတ်လိုက်သော်လည်း အရွက်တစ်ထောင်ဆေးခန်းကိုမဖျက်ဆီးနိုင်ဘဲ ၎င်းတို့၏ဖမ်းဆီးခြင်းကိုသာခံခဲ့ရသည်။ လုချွမ်ခိုင်သည် အေးဆေးတည်ငြိမ်နေဆဲဖြစ်သော ရီကျင်းထျန်ကိုကြည့်လိုက်ကာ အရွက်တစ်ထောင်ဆေးခန်းကို လျှော့တွက်ထားမိကြောင်း သဘောပေါက်လိုက်သည်။ သို့သော် လူ့အင်မော်တယ်နယ်ပယ်မှကျင့်ကြံသူအနည်းငယ်သည် လုချွမ်ခိုင်မခြောက်လှန့်ချေ။

"မင်းတို့ အရွက်တစ်ထောင်ဆေးခန်းကခုခံဖို့ ဆုံးဖြတ်ထားပုံပဲ"

၎င်းကိုကြားသည့်အခါတွင် အရွက်တစ်ထောင်ဆေးခန်းဆိုင်ရှင်များသည် သည်းမခံနိုင်တော့ဘဲကြည့်နေမိ၏။ ဤလုချွမ်ခိုင်၏မျက်နှာသည် မည်မျှအရေထူသနည်း၊ ဤအခြေအနေရောက်သည့်တိုင်မောက်မာဝံ့သေးသည်။ ရီကျင်းထျန်၏ တိတ်ဆိတ်ငြိမ်သက်မှုကြောင့်သာမဟုတ်ပါက ၎င်းတို့တက်သွားကာ လုချွမ်ခိုင်၏မျက်ခွက်ကိုဖြတ်ရိုက်ပစ်ချင်နေသည်။

ရီကျင်းထျန်၏အဖြေကိုမစောင့်ဘဲလုချွမ်ခိုင်ဆက်ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ ငါတို့ကိုအပြစ်မပြောနဲ့”

“တိုက်ခိုက်ကြ!”

လုချွမ်ခိုင်၏အမိန့်ဖြင့် လူသားအင်မော်တယ်နယ်ပယ်၏စွမ်းအားများစွာ ပေါက်ကွဲထွက်လာကာ ရီကျင်းထျန်ကိုတိုက်ရိုက်ချိန်ရွယ်တိုက်ခိုက်လာသည်။ ၎င်းစွမ်းအားများကြောင့် အရွက်တစ်ထောင်ဆေးခန်းအတွင်းပိုင်းရှိလေဟာနယ်သည် အနည်းငယ်ပျက်ဆီးသွားကာ

အရှေ့ဧကရာဇ်မြို့တော်ပင်လျှင်တုန်လှုပ်သွား၏။

လူသားအင်မော်တယ်နယ်မြေကျင့်ကြံသူများသည် အရှေ့ဧကရာဇ်မြို့တော်တွင် အစာကွင်းဆက်၏ထိပ်၌ရှိသည်။ လူသားအင်မော်တယ်နယ်ပယ်မှကျင့်ကြံသူများကို မည်သူရန်စခဲ့မှန်းသိလိုသောကြောင့် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ထွက်ကြည့်ခဲ့ကြကာ ဤစွမ်းအားများသည် အရွက်တစ်ထောင်ဆေးခန်းမှထွက်ပေါ်လာသည်ကို သတိထားမိသည့်အခါမှသာ ချက်ချင်းတည်ငြိမ်သွားကြ၏။

အရွက်တစ်ထောင်ဆေးခန်းနှင့်ဖြစ်သည့်ပြဿနာဖြစ်ရာ စိတ်ပူရန်မလိူချေ။ အကယ်၍ ဤလူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် အရှေ့ဧကရာဇ်မြို့တော်ရှိအခြားအင်အားစုများနှင့် ပြဿနာဖြစ်နေပါက ၎င်းတို့သည်အင်အားစုအတွက်ဝမ်းနည်းပေးမည်ဖြစ်သော်လည်း အရွက်တစ်ထောင်ဆေးခန်းနှင့်ဆိုပါက ဤလူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအတွက်သာ အသေဆိုးနှင့်မသေရန်ဆုတောင်းပေးရလိမ့်မည်။ အရှေ့ဘက်ဧကရာဇ်မြို့တွင် အရွက်တစ်ထောင်ဆေးခန်းကိုရန်သွားမစသင့်ချေ။ ၎င်းသည် ဤနှစ်များတစ်လျှောက် အင်အားစုများစွာသဘောတူထားသောအရာဖြစ်၏။

နှစ်များတစ်လျှောက်အရွက်တစ်ထောင်ဆေးခန်းကိုကြံစည်ခဲ့ကြသော အင်အားစုများစွာရှိခဲ့သည်။

သို့သော်နောက်ဆုံးတွင် ၎င်းတို့အားလုံးကို အရွက်တစ်ထောင်ဆေးခန်းမှတိုက်ရိုက်မျိုချလိုက်ကာ အရွက်တစ်ထောင်ဆေးခန်း၏စွမ်းအားကို ပိုမိုခိုင်မာစေခဲ့သည်။ ၎င်းသည် နှစ်များတစ်လျှောက် ကျင့်ကြံသူအများအပြား၏နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော အရွက်တစ်ထောင်ဆေးခန်းအမှတ်အသားဖြစ်လာ၏။

မည်သည့်မြို့မှကျင့်ကြံသူများက အရွက်တစ်ထောင်ဆေးခန်းကိုတိုက်ခိုက်ဝံ့သနည်း။ ၎င်းတို့သည် သေချာပေါက်အရှေ့ဧကရာဇ်မြို့တော်ကဖြစ်ရမည်။ ကျင့်ကြံသူအများအပြားသည် အရွက်တစ်ထောင်ဆေးခန်းဆီသို့ဦးတည်ကာ ကောင်းကင်ထက်တွင်ပျံသန်းသွားကြသည်။ လူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအရိုက်ခံရသည့်ခွေးသွေးဒရာမာမျိုးကို မကြာခဏတွေ့ရလေ့မရှိချေ။

အရွက်တစ်ထောင်ဆေးခန်းအတွင်းရှိ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ၏ စွမ်းအင်များပေါက်ကွဲပြီးနောက် လုချွမ်ခိုင်သည် ရီကျင်းထျန်၏ အမူအရာအပြောင်းအလဲကိုမြင်လိုသည်။

လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများစွာရှိသည်။ ယခု၎င်းတို့ ကြောက်နေရမည်။ ကံမကောင်းစွာဖြင့် ရီကျင်းထျန်၏မျက်လုံးများသည် တည်ငြိမ်နေဆဲဖြစ်သည်။ ချန်ကျင်းဆေးခန်းမှသူများကိုစိုက်ကြည့်ပြီးနောက် ရီကျင်းထျန်သည်နောက်ဆုံးတွင်စကားဆိုလာ၏။

“သွားရှင်းလိုက်တော့၊ အရွက်တစ်ထောင်ဆေးခန်းကိုမညစ်ပတ်စေနဲ့”

ရီကျင်းထျန်၏နောက်ဘက်ရှိ ဆိုင်ရှင်အနည်းငယ်သည် ရီကျင်းထျန်၏စကားကိုကြားသောအခါ ထိန်းမရအောင်စိတ်လှုပ်ရှားလာသည်။ ဤဆိုင်ရှင်များသည်ကျင့်ကြံရေးစွမ်းအားများရှိသော်လည်း တိုက်ခိုက်ရန်အခွင့်အလမ်းနည်းပါးခဲ့ရှာသည်။ ယခုတွင်အခွင့်အရေးရရှိခဲ့ပြီဖြစ်ရာ အဘယ်ကြောင့်လက်လွတ်ခံရမည်နည်း။

“ဒီလူသားအင်မော်တယ်နှောင်းပိုင်းအဆင့်က ငါ့ဟာ!”

"ဘာလို့ မင့်ဟာရမှာလဲ၊ ငါ့ဟာကွ၊ ငါကပိုသန်မာတာ"

"မင်းတို့ဆက်တိုက်ကြ၊ ဒီလူသားအင်မော်တယ်အလယ်အလတ်အဆင့်ကတော့ ငါ့ဟာနော်!"

ချန်ကျင်းဆေးခန်းမှ လူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် အရွက်တစ်ထောင်ဆေးခန်း၏ ဆိုင်ရှင်များ၏ ကုန်ပစ္စည်းများကဲ့သို့သဘောထားခြင်းကိုခံရကာ ၎င်းတို့ကိုတိုက်ရိုက်ဆွဲဖမ်းလာကြသည်။ ရီကျင်းထျန်၏နောက်တွင် ဆိုင်ရှင်တစ်ဒါဇင်ကျော်ရှိရာ ချန်ကျင်းဆေးခန်းမှ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ၎င်းတို့ခွဲဝေရန်မလုံလောက်ချေ။ နောက်ဆုံးတွင် ဖမ်းနိုင်သည့်သူကရလိမ့်မည်ပင်။

ဘမ်း!

ရုတ်တရက်ဆိုင်ရှင်များထံမှ လူသားအင်မော်တယ်စွမ်းအားများထွက်ပေါ်လာသောကြောင့် လုချွမ်ခိုင်အံသြသွားသည်။ ဤသူသည် မဟာယာနနယ်ပယ်ကျင့်ကြံသူသာမဟုတ်လော။ ရုတ်တရက် လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ မည်သို့ဖြစ်လာသနည်း။ မဟာယာန၏ အစောပိုင်းအဆင့်တွင်ရှိနေသူသည် လူသားအင်မော်တယ်အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်မှာ အရမ်းလွန်လွန်းသည်မဟုတ်လော?

ကျင့်ကြံမှုအဆင့်ကိုကွယ်ဝှက်ထားခြင်းသည် ရီမျိုးနွယ်စု၏ရိုးရာတစ်ခုဖြစ်နေပြီဖြစ်၏။

ရီမျိုးနွယ်စုနှင့်ဆက်နွယ်နေသော အင်အားစုအဖွဲ့ဝင်တစ်ဦးအနေဖြင့် အရွက်တစ်ထောင်ဆေးခန်းသည်လည်း ဤကောင်းမွန်သောရိုးရာဓလေ့ကို စွန့်လွှတ်မည်မဟုတ်ပေ။ အရွက်တစ်ထောင်ဆေးခန်းတွင် ကျင့်ကြံရေးအဆင့်များကိုကွယ်ဝှက်ထားရန် ကျင့်ကြံနည်းစနစ်ထောင်ပေါင်းများစွာရှိသည့်အတွက် ကျင့်ကြံသူတိုင်းသည် ၎င်းတို့အတွက်အသင့်တော်ဆုံးနည်းကိုရှာနိုင်သည်။

နောက်ဆုံးတွင် လုချွမ်ခိုင်သည်တုံ့ပြန်နိုင်ခဲ့၏။ ဤအရွက်တစ်ထောင်ဆေးခန်းသည် အင်အားနည်းခြင်းမဟုတ်ဘဲ လူတိုင်းသည်၎င်းတို့၏စစ်မှန်သည့်စွမ်းအားကိုဖုံးကွယ်ထားကြခြင်းဖြစ်သည်။ ယနေ့တွင် ချန်ကျင်းဆေးခန်းသည် သံပြားကိုကန်မိလိုက်သည်။ ဤရလဒ်ကို သူလက်မခံနိုင်သည့်တိုင် အရွက်တစ်ထောင်ဆေးခန်းမှဆိုင်ရှင်များသည် ချန်ကျင်းဆေးခန်းမှကျင့်ကြံသူများသည် ၎င်းတို့လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဂရုမစိုက်ဘဲ ပိုမိုမြန်ဆန်စွာလှုပ်ရှားလာကြသည်။ ၎င်းတို့သည်ဦးသူယူစနစ်ကို ကျင့်သုံးနေကြသည်မဟုတ်လော။

………

အခန်း ၁၉၄- သက်ဝင်လှုပ်ရှားနေသော အရှေ့ဧကရာဇ်မြို့တော်

တိုက်ပွဲသည်တစ်ချက်တည်းဖြင့်ပြိီးဆုံးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သောအရွက်တစ်ထောင်ဆေးခန်း၏ ဆိုင်ရှင်များနှင့်ရင်ဆိုင်ရချိန်တွင် လုချွမ်ခိုင်ခေါ်ဆောင်လာသောကျင့်ကြံသူများသည် ရှုံးနိမ့်မှုကိုလက်ခံရန်သာတတ်နိုင်သည်။

"ဆရာသခင်၊ ဒါကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ"

ချန်ကျင်းဆေးခန်းမှကျင့်ကြံသူကိုကိုင်ထားသော ဆိုင်ရှင်တစ်ဦးကမေးလိုက်သည်။

"သတ်ပစ်လိုက်"

လူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ အနည်းငယ်မျှသာဖြစ်သောကြောင့် ၎င်းတို့ကိုသတ်ပစ်ခြင်းသည် ကြီးမားသောကိစ္စမဟုတ်ချေ။ ၎င်းတို့လက်နက်ချသည့်တိုင် ဘာမှထူးခြားမည်မဟုတ်ပေ။ ထိုစကားကိုကြားသောအခါ ကျင့်ကြံသူအများအပြားထိတ်လန့်သွားကြသည်။

"ကျွန်တော်တို့ကို မသတ်ပါနဲ့၊ ကျွန်တော်တို့တကယ်အသုံးဝင်ပါတယ်!"

"ကျွန်တော်တို့ အရွက်တစ်ထောင်ဆေးခန်းအတွက် အခမဲ့အမှုထမ်းပေးပါ့မယ်"

နောက်ကျသွားပါက ရီကျင်းထျန်၏သတ်ဖြတ်ခြင်းခံရမည်ကိုစိုးရွံ့သောကြောင့် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်အပြေးအလွှားပြောလာသည်။ ထိုအချိန်တွင် စကားမပြောနိုင်ခဲ့သော လုချွမ်ခိုင်သည်လည်း နောက်ဆုံးတွင်သူ့အသံကိုပြန်တွေ့သွားပုံရ၏။

"ဒီတစ်ကြိမ်မှာ ငါတို့ ချန်ကျင်းဆေးခန်းက ရှုံးနိမ့်တာကိုဝန်ခံတယ်၊ ဒီကိစ္စကို ဒီတိုင်းပဲထားလိုက်ပါလား"

ယနေ့တွင်အရွက်တစ်ထောင်ဆေးခန်းကိုဖျက်ဆီးရန် မဖြစ်နိုင်ကြောင်း လုချွမ်ခိုင်သိထားသောကြောင့် တစ်ခုတည်းသောရွေးချယ်မှုသည် ပြန်လည်ဆုတ်ခွါပြီးမှ ၎င်းတို့၏ဗျူဟာကိုစဉ်းစားရန်ဖြစ်သည်။

အရွက်တစ်ထောင်ဆေးခန်း၏ စွမ်းအားသည် ၎င်းတို့၏မျှော်မှန်းချက်ကိုပင်ကျော်လွန်နေ၏။

အရွက်တစ်ထောင်ဆေးခန်းကိုမသိမ်းပိုက်မီ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျလာကယ်ရန် မောက်ရှုကျဲကိုလိုအပ်သည်။

"ဒီတိုင်းထားပြီး လွှတ်ပေးရမယ်? မင်းတို့စိတ်ကြိုက်ဝင်ထွက်သွားလာနေရအောင် ငါတို့အရွက်တစ်ထောင်ဆေးခန်းကို ဇရပ်များထင်နေလား!"

ရီကျင်းထျန်သည် လုချွမ်ခိုင်ကိုကြည့်ကာ အပြုံးလေးနှင့်ဆိုသည်။ သိူ့သော် သူ့အပြုံးမျက်နှာအောက်တွင်ဖုံးကွယ်ထားသည့် လူသတ်လိုသောရည်ရွယ်ချက်သည် လုချွမ်ခိုင်၏ဦးခေါင်းမှခြေဖျားထိတုန်လှုပ်စေခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်းသည် စီးပွါးရေးလောကတွင်ရည်မွန်သော်လည်း အခြားအရာများတွင်၎င်းတို့သည်အလွန်ကြောက်စရာကောင်းသည်။ စိန်ခေါ်မှုသည် ၎င်းတို့တံခါးကိုလာခေါက်နေကြ၏။

ရီကျင်းထျန်သည် သူ့လုပ်ငန်းကိုလည်ပတ်လုပ်ကိုင်ရင်း အလုပ်များနေသော်လည်း ၎င်း၏ကျင့်ကြံမှုအဆင့်သည် မည်သည့်အခါကမှနောက်ကျကျန်ခဲ့ခြင်းမရှိပေ။

သူသည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာဝေးတော့သည်။

တာ့ယွီအင်ပါယာတွင် ရီရှောင်းရှောင်းနှင့် ရီဖန်မှလွဲ၍ အရွက်တစ်ထောင်ဆေးခန်း၏စွမ်းအားကို မည်သူမျှမယှဉ်နိုင်ချေ။ အရှေ့ဘက်နယ်မြေတွင် စွမ်းအားအကြီးဆုံးအင်အားစုသည် ရီမိသားစုဖြစ်ရာ ၎င်းတို့ကိုမည်သူက ရင်ဆိုင်ဝံ့မည်နည်း။

ရီကျင်းထျန်သည် စီးပွါးရေးလုပ်ငန်းများချောမွေ့စွာလည်ပတ်ရန် စီးပွါးရေးအင်အားတစ်ခုတည်းကိုသာအားကိုးနေရုံဖြင့် မလုံလောက်မှန်းသိလိုက်သည်။ တစ်ခါတရံ မလိုအပ်သည့်ပြဿနာများကိုရှောင်ရှားရန်အတွက် သူ၏စွမ်းအားကိုလည်းပြသရလိမ့်မည်။

လုချွမ်ခိုင်သည်ဖြူဖျော့သွားကာ ရီကျင်းထျန်ကို ဒေါသတကြီးစိုက်ကြည့်လျက်

“ဆေးခန်းပိုင်ရှင်ရီ၊ မင်းက ငါတို့ကိုရှင်းထုတ်ချင်နေတာလား"

"ငါ့နောက်ကွယ်ကလူ လှုပ်ရှားလိုက်ရင် မင်းတို့တားနိုင်မှာမဟုတ်ဘူးနော်!"

"တားနိုင်လား မတားနိုင်လားကတော့ စမ်းကြည့်မှသိမယ်လေနော်"

ရီကျင်းထျန်သည် မထူးမခြားနားပြန်ပြောလိုက်သည်။

ရီကျင်းထျန်သည်လည်း ချန်ကျင်းဆေးခန်းနောက်ကွယ်တွင် မည်သူရှိနေကြောင်းသိချင်နေ၏။ သူ့အဒေါ်အတွက် ပေါင်းပင်တစ်ချို့ကိုရှင်းလင်းပေးရဦးမည်။

ရီကျင်းထျန်၏လေသံကိုနားထောင်ရင်း ယနေ့ကိစ္စကို အဆင်ပြေပြေမဖြေရှင်းနိုင်မှန်း လုချွမ်ခိုင်သဘောပေါက်သွား၏။ သူသည်မောက်ရှုကျဲကို တိတ်တဆိတ်ဆက်သွယ်ကာ အရွက်တစ်ထောင်ဆေးခန်းတွင် ဖြစ်ပျက်ခဲ့သည့်အရာမှန်သမျှကို ပြန်ပြောပြလိုက်သည်။

လုချွမ်ခိုင်၏တင်ပြချက်ကိုကြားပြီးနောက် မောက်ရှုကျဲသည် အလွန်စိတ်အနှောက်အယှက်ဖြစ်သွားကာ လုချွမ်ခိုင်သည်လုံးဝသောက်သုံးမကျဟု ကျိန်ဆဲလိုက်သည်။ ဤမျှရိုးရှင်းသည့် အလုပ်တစ်ခုကိုပင် သူသေချာမစီမံနိုင်သေးသောကြောင့် ချန်ကျင်းဆေးခန်း၏ဆိုင်ရှင်အသစ်ကိုပြောင်းသင့်သည်။

နဂါးနက်အင်ပါယာ၏နယ်စပ်ရှိ အရှေ့ဧကရာဇ်မြို့တော်နှင့် သိပ်မဝေးသောနေရာသည် ဝေလငါးနက်အစောင့်တပ်၏နယ်မြေဖြစ်သည်။ မောက်ရှုကျဲ၏ ဝေလငါးနက်အစောင့်တပ်အတွင်းရှိ ကျင့်ကြံသူအနည်းစုသည် အစကတည်းကသူ့နောက်သို့လိုက်ခဲ့ကြသောကြောင့် သူ့တွင်ရှိပြီးသားတပ်များကိုလုံးဝထိန်းချုပ်ထားနိုင်သည်။ မောက်ရှုကျဲကိုမထီမဲ့မြင်ပြုနေကြကြောင်း သိလိုက်ရသည့်အခါတွင် ဝေလငါးနက်အစောင့်များတပ်များသည် လုံး၀မတွန့်ဆုတ်ဘဲ မောက်ရှုကျဲ၏ဂုဏ်သိက္ခာကိုပြန်လည်အဖတ်ဆယ်ရန် နဂါးနက်အင်ပါယာဆီသို့ ဦးတည်သွားရန်ဆုံးဖြတ်ခဲ့ကြသည်။

တခြားနယ်မြေများကို ကျူးကျော်ဝင်ရောက်ခြင်းနှင့်ပက်သက်၍ ဝေလငါးနက်အစောင့်တပ်၏ကျင့်ကြံသူများသည် ဂရုမစိုက်ချေ။ ၎င်းတို့၏အမြင်တွင် နဂါးနက်အင်ပါယာသည် တာ့ယွီအင်ပါယာ၏ လက်အောက်ခံအင်ပါယာတစ်ခုမျှသာဖြစ်သောကြောင့် ထိပ်တန်းတပ်ဖွဲ့ဆယ်ခုအနက်မှတစ်ခုဖြစ်သည့် ဝေလငါးနက်အစောင့်တပ်သည် ရန်မစနိုင်စရာအကြောင်းမရှိပေ။

မကြာမီတွင် သယ်ယူပို့ဆောင်ခြင်းအခင်းအကျင်းကို စတင်အသက်သွင်းခဲ့ကာ ၎င်းတို့၏ဦးတည်ရာသည် အရှေ့ဘက်ဧကရာဇ်မြို့တော်ဖြစ်၏။ အရှေ့ဘက်တိုက်နယ်မြေကို တာ့ယွီအင်ပါယာက သိမ်းပိုက်ပြီးနောက် အပြန်အလှန်ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ခြင်းအခင်းအကျင်းများကိုတည်ဆောက်ထားပြီးဖြစ်သည်။ အင်ပါယာအချင်းချင်းကြားတွင် သယ်ယူပို့ဆောင်ရေးအတွက်နေရာရွှေ့ပြောင်းရန်လိုအပ်ကာ နေရာများစွာသို့မရောက်နိုင်သော ရှေးခေတ်အင်ပါယာဆယ်ခု၏အခြေအနေနှင့်မတူတော့ချေ။

မကြာမီတွင် အရှေ့ဘက်ဧကရာဇ်မြို့တော်တွင် အင်အားကြီးဖြစ်တည်မှုများစွာ၏ရောင်ဝါများ ပေါ်ထွက်လာသည်။ ဝေလငါးနက်အစောင့်တပ်သည် ၎င်းတို့၏ကြောက်မက်ဖွယ်ရောင်ဝါကို ဖုံးကွယ်ခြင်းမရှိဘဲ အရှေ့ဘက်ဧကရာဇ်မြို့ဆီသို့ ဆင်းသက်လာကြသည်။ မောက်ရှုကျဲ၏ရောင်ဝါကို ခံစားလိုက်ရသည်နှင့်တပြိုင်နက် လုချွမ်ခိုင်သည်ချက်ချင်းပျော်သွား၏။ သူ့သခင်ရောက်လာပြီဖြစ်ရာ အရွက်တစ်ထောင်ဆေးခန်းပျက်ဆီးတော့မည်ပင်။ ထို့နောက်သူသည် ချန်ကျင်းဆေးခန်း၏ဆိုင်ရှင်အဖြစ်ဆက်လက်ကျန်ရှိနေလိမ့်မည်ဖြစ်ကာ အရွက်တစ်ထောင်ဆေးခန်းကို ထိန်းချုပ်ရသောအခါတွင် သူသည်ရက်စက်ကြမ်းကြုတ်ခြင်း၏အဓိပ္ပါယ်ကို ရီကျင်းထျန်ကိုသင်ပြပေးဦးမည်။

ဝေလငါးနက်အစောင့်တပ်သည် ကြီးမားသောပဋိပက္ခများကိုဖန်တီးခဲ့သောကြောင့် နဂါးနက်အင်ပါယာသည် ချက်ချင်းသတိပြုမိသွား၏။ ဝေလငါးနက်အစောင့်တပ်များပေါ်လာသည့်နေရာကို ၎င်းတို့သတိထားမိသည့်အခါတွင် နဂါးနက်အင်ပါယာတစ်ခုလုံး ချက်ချင်းတုန်လှုပ်သွားခဲ့သည်။

ဝေလငါးနက်အစောင့်တပ်များသည် အရှေ့ဘက်ဧကရာဇ်မြို့တော်ကို အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာကာ ကိစ္စသည်အလွန်ကြီးပုံရသည်။

အရှေ့ဘက်ဧကရာဇ်မြို့တော်သည် ရီမိသားစုနေထိုင်ရာဖြစ်ကြောင်း တခြားသူများမသိနိုင်သော်လည်း နဂါးနက်အင်ပါယာရှိလူများမသိခြင်းမှာမဖြစ်နိုင်ချေ။ နဂါးနက်အင်ပါယာမှအရာရှိများသည်မနှောင့်နှေးဝံ့ဘဲ နဂါးနက်ဘုရင်ထံချက်ချင်းအကြောင်းကြားခဲ့သည်။ နဂါးနက်ဘုရင်သည် ချက်ချင်းပင် အရှေ့ဘက်ဧကရာဇ်မြို့တော်ဆီသို့ဦးတည်သွားခဲ့သည်။ ဝေလငါးနက်အစောင့်တပ်သည် ရီမိသားစုကို အန္တရာယ်ပြုနိုင်မည်ဟုမထင်သော်လည်း နဂါးနက်အင်ပါယာ၏ ၎င်းတို့၏ရပ်တည်ချက်ကိုပြသရန်လိုအပ်သည်။

မောက်ရှုကျဲသည် အရှေ့ဧကရာဇ်မြို့တော်ရှိ လုချွမ်ခိုင်၏ရောင်ဝါကိုအာရုံခံမိသည့်အချိန်တွင် ဝေလငါးနက်အစောင့်တပ်ကိုဦးဆောင်ကာ ထိုနေရာဆီသို့ထွက်ခွါသွားသည်။

ထိုခဏ၌ အရှေ့ဧကရာဇ်မြို့တော်အထက်ကောင်းကင်ယံတွင် လေဟာနယ်အတက်အကျတစ်ခုစွမ်းအားတစ်ခု ထပ်မံပေါ်လာကာ နဂါးနက်ဘုရင်သည် နဂါးနက်အင်ပါယာအစောင့်တပ်သားများနှင့်အတူ အရှေ့ အရှေ့ဧကရာဇ်မြို့တော်သို့ရောက်ရှိလာကာ ဝေလငါးနက်အစောင့်တပ်ကိုတားဆီးလိုက်သည်။

အရှေ့ဧကရာဇ်မြို့တော်ရှိကျင့်ကြံသူများသည် ခေါင်းမော့ကာကောင်းကင်ကိုမျှော်ကြည့်လိုက်သည်။

အရှေ့ဧကရာဇ်မြို့တော်သည်ယနေ့တွင် အဘယ်ကြောင့်ဤမျှသက်ဝင်လှုပ်ရှားနေရသနည်း။ သာမာန်နေ့များတွင်တွေ့ရခဲသော အဆင့်မြင့်ကျင့်ကြံသူများသည် ယနေ့အရေအတွက်များပြားစွာရုတ်တရက်ပေါ်လာသည်။ နဂါးနက်ဘုရင်သည် မောက်ရှုကျဲကို ချက်ချင်းမှတ်မိသွားသည်။ ဝေလငါးနက်အစောင့်တပ်၏ခေါင်းဆောင်ဖြစ်သူ မောက်ရှုကျဲသည် တာ့ယွီအင်ပါယာတွင်သင့်တင့်သောရာထူးတစ်ခုတွင်ရှိသည့်အတွက် နဂါးနက်ဘုရင်သည် ၎င်းကိုအမှတ်မှားနိုင်စရာမရှိချေ။

သို့သော်နဂါးနက်ဘုရင်သည် ဝေလငါးနက်အစောင့်တပ်ခေါင်းဆောင်တစ်ဦးမျှသာဖြစ်သူသည် အဘယ်ကြောင့် တာ့ယွီအင်ပါယာ၏စစ်တပ်ကိုဦးဆောင်ကာ ရီမိသားစုနယ်မြေတွင်ပြဿနာရှာဝံ့မည်ကိုနားမလည်နိုင်ချေ။ ဤ မောက်ရှုကျဲသည် သူအသက်မရှင်လိုတော့သလော။ နဂါးနက်ဘုရင်သည် ရီဖန်အများအားဖြင့် သိုသိပ်စွာနေထိုင်ကြောင်းသိထားသောကြောင့် ရီမိသားစုနှင့်ပတ်သက်သည့်သတင်းကို တစ်စုံတစ်ရာမျှမဖော်ပြခဲ့ပေ။ သူသည် မောက်ရှုကျဲ၏ရှေ့တွင်ရပ်တန့်ကာ ဝေလငါးနက်အစောင့်တပ်ကို စိုက်ကြည့်နေသည်။

"နဂါးနက်ဘုရင် မင်းကဘာလုပ်တာလဲ၊ ဝေလငါးနက်အစောင့်တပ်က ငါတို့ကိစ္စတွေ ဖြေးရှင်းမှာကိုတားချင်နေတာလား"

မောက်ရှုကျဲပါးစပ်ကိုဖွင့်လိုက်သည်နှင့် တာ့ယွီအင်ပါယာကိုပါဆွဲထည့်လိုက်သည်။

မောက်ရှုကျဲသည် နဂါးနက်ဘုရင်မှာ သေးငယ်သောကုန်သွယ်ရေးလုပ်ငန်းတစ်ခုကြောင့် သူနှင့်ပဋိပက္ခဖြစ်မည်မဟုတ်ဟုယုံကြည်ခဲ့သည်။

နဂါးနက်ဘုရင်သည် သူ့မျက်နှာကို အထင်အမြင်သေးဟန်ကြည့်ကာ

"ဗိုလ်ချုပ်မောက်၊ မင်းတို့ ဝေလငါးနက်အစောင့်တပ်တွေကို တာ့ယွီအင်ပါယာဆီက အမိန့်ပေးလိုက်တာ သေချာလို့လား"

ထိုစကားကိုကြားပြီးနောက် မောက်ရှုကျဲ၏မျက်နှာသည် ရုတ်တရက်ချဉ်တူးသွား၏။ သူသည် အမှန်တကယ်ပင်တာ့ယွီအင်ပါယာ၏အမိန့်ကိုမရရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင် သူ၏အားနည်းချက်ကိုမပြလိုပေ။ အကယ်၍သူသည် တာ့ယွီအင်ပါယာတွင် အမှန်တကယ်ပင် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့ပါက အမှန်တကယ်ပင်အရှုံးပေါ်ရလိမ့်မည်။

“နဂါးနက်ဘုရင်၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။ အနာဂတ်မှာ မင်းတစ်ခုခုကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ရင် ငါတို့မျက်နှာလွှဲမနေပါဘူး”

တာ့ယွီအင်ပါယာရှိ ဒုတိယအဆင့်အရာရှိတစ်ဦးအနေဖြင့် မောက်ရှုကျဲ၏ကမ်းလှမ်းမှုသည် အလွန်အဖိုးတန်သည်ဟုယူဆနိုင်သော်လည်း ရီဖန်၏ယောက္ခမဖြစ်သူ နဂါးနက်ဘုရင်အတွက် မောက်ရှုကျဲ၏ကမ်းလှမ်းမှုသည်ရှက်စရာပင်။ ရီမိသားစုသည် ၎င်းတို့ကိုယ်ကိုမဖော်ထုတ်လိုသောကြောင့် နဂါးနက်ဘုရင်သည်လည်း ပြဿနာမဖြစ်စေလိုချေ။ ၎င်းသည် ဝေလငါးနက်အစောင့်တပ်ကို ထွက်သွားစေချင်၏။

"မင်းအခုထွက်သွားလိုက်ရင် ငါဘာမှမဖြစ်သလိုဟန်ဆောင်ပေးထားမယ်"

“နဂါးနက်ဘုရင်၊ မင်းဒီကိစ္စကို တော်တော်ဝင်စွက်ဖက်ချင်နေတာပဲ"

…………….

အခန်း ၁၉၅ - နဂါးနက်အင်ပါယာတိုးတက်လာခြင်း

မောက်ရှုကျဲ၏မျက်နှာသည် ပို၍ပင်ပျက်ယွင်းလာ၏။ မူလကကုန်သွယ်ရေးလုပ်ငန်းတစ်ခုကိုသိမ်းပိုက်ရန်သာဖြစ်သော်လည်း ယခုအခါနဂါးနက်အင်ပါယာနှင့် ပတ်သက်နေရာ အရာအားလုံးသည် မောက်ရှုကျဲ၏ထိန်းချုပ်မှုအောက်မှ တဖြည်းဖြည်းလွတ်သွားတော့မည်ဖြစ်၏။ နဂါးနက်အင်ပါယာသည် အဘယ်ကြောင့် အရွက်တစ်ထောင်ဆေးခန်းအတွက် ရပ်တည်ပေးနေမှန်း မောက်ရှုကျဲနားမလည်ပေ။

မောက်ရှုကျဲ၏စုံစမ်းမှုများအရ ဤအရွက်တစ်ထောင်ဆေးခန်းသည် နဂါးနက်အင်ပါယာနှင့် လုံးဝဆက်စပ်မှုမရှိချေ။ နဂါးနက်ဘုရင်သည် ရိုးရှင်းစွာပင် သူ့ကိုမထီမဲ့မြင်ပြုလိုခြင်းဖြစ်နိုင်သည်။

သို့သော်သူသည်လည်း နဂါးနက်ဘုရင်ကို မကြောက်ပေ။

ကမ္ဘာ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအနေဖြင့် ၎င်းတို့၏စွမ်းအားသည် သိသာစွာကွာခြားမည်မဟုတ်ချေ။ တာ့ယွီအင်ပါယာသို့မဝင်ရောက်မီက မောက်ရှုကျဲသည် အရှေ့ဘက်တိုက်နယ်မြေတွင်အလွန်ကျော်ကြားခဲ့ကာ တာ့ယွီအင်ပါယာ၏ အလားအလာကိုမြင်သောကြောင့်သာ အခွင့်အရေးကိုဆုပ်ကိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တာ့ယွီအင်ပါယာလက်အောက်ရှိ ကျင့်ကြံသူဖြစ်လာခြင်းသည် တစ်ကိုယ်တည်းကျင့်ကြံခြင်းထက် သာလွန်ကောင်းမွန်သောကြောင့် သူ၏ယခင်အခြေအနေသို့ပြန်သွားလိုခြင်းမရှိပေ။

"နဂါးနက်ဘုရင်ရေ၊ ငါတို့ဒီနေ့သေချာပေါက်တိုက်ခိုက်ရမယ့်ပုံပဲ"

မောက်ရှုကျဲထံမှကမ္ဘာအင်မော်တယ်နယ်မြေ၏ရောင်ဝါ ထွက်ပေါ်လာသည်။ ၎င်းသညမ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန်ပြင်ဆင်နေသည်ကိုမြင်လျှင် နဂါးနက်ဘုရင်သည် လှောင်ရယ်မိ၏။

‘ဟား! မင်းတို့က ငါငြိမ်ငြိမ်လေးနေနေလို့အားနည်းတယ် ထင်နေကြတာလားကွ’

ဤအရေးအခင်းသည် တခြားသူများနှင့်ပတ်သက်လျှင် ဘုရင်နဂါးနက်သည် နှစ်ခါပြန်စဉ်းစားမည်ဖြစ်သော်လည်း ယခုမောက်ရှုကျဲသည် တာ့ယွီဧကရာဇ်ရှေ့မှောက်တွင် သတ္တိရှိစွာတိုက်ခိုက်လာသောကြောင့် ထပ်စဉ်းစားရန်မလိုအပ်တော့ပေ။ မောက်ရှုကျဲကိုသတ်နိုင်လျှင် တာ့ယွီဧကရာဇ်သည်ပင် ၎င်းကိုကျေးဇူးတင်နေလိမ့်မည်။ ရုတ်တရက် တိုက်ပွဲစတင်ခဲ့၏။

ထိုအတောအတွင်း တာ့ယွီအင်ပါယာမှထောက်ပံ့ပေးထားသော ကြွယ်ဝသည့်အရင်းအမြစ်များကြောင့် နဂါးနက်ဘုရင်သည် သူ၏ကျင့်ကြံမှုအဆင့်ကို များစွာတိုးတက်စေခဲ့သည်။

ထို့အပြင် ရီရှောက်ဖန်နှင့်သူ၏ဆက်ဆံရေးကြောင့် နဂါးနက်ဘုရင်သည် ရီဖန်ထံမှ ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုကိုပင် လဲလှယ်နိုင်ခဲ့သည်။ အတိတ်ကသူနှင့် လက်ရှိသူ့ကိုယ်သူပင် နှိုင်းယှဉ်နိုင်တော့မည်မဟုတ်ချေ။

နဂါးနက်ဓားသည် ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ခုဖြစ်ကာ ၎င်းသည်ချီစွမ်းအားကိုထုတ်လွှတ်လျက် မောက်ရှုကျဲကို ချက်ချင်းတိုက်ခိုက်ခဲ့သည်။ အစောပိုင်းတွင် နဂါးနက်ဘုရင်ထက် အင်အားနည်းခြင်းမရှိဟုယုံကြည်ထားသည့် မောက်ရှုကျဲပင်လျှင်တုန်လှုပ်သွား၏

နဂါးနက်ဘုရင်သည် မည်သည့်အချိန်မှစ၍ ဤကဲ့သို့စွမ်းအားကြီးလာရသနည်း။ သူ၏သုံးသပ်ချက်အရ နဂါးနက်ဘုရင်၏ကျင့်ကြံမှုအဆင့်သည် ၎င်းနှင့်တူညီကာ ကွာခြားချက်ဤမျှကြီးမားလိမ့်မည်မဟုတ်ပေ။

ထို့အပြင် နဂါးနက်ဘုရင်၏လက်ထဲရှိ အင်မော်တယ်လက်နက်သည် ထိပ်တန်းအင်မော်တယ်ပစ္စည်းမဟုတ်လော။ ၎င်းသည် တာ့ယွီအင်ပါယာသို့ဝင်ရောက်ခဲ့သော်လည်း သူပိုင်ဆိုင်သောအင်မော်တယ်ပစ္စည်းသည် အထွတ်အထိပ်အလယ်အလတ်အဆင့်ဖြစ်သည်။

ထိပ်တန်းအင်မော်တယ်လက်နက်နှင့် နှိုင်းယှဥ်ကြည့်လျှင် ၎င်းသည်ဘာမှမဟုတ်ချေ။

ကြီးမားလှသောစွမ်းအားကြောင့် အရှေ့ဧကရာဇ်မြို့အထက်ရှိ လေဟာနယ်ကိုပြိုကျလာကာ အပျက်အဆီးများစွာဖြစ်ပေါ်စေခဲ့သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အနေအထားသို့ ရောက်ရှိလာသော်လည်း အရှေ့ဧကရာဇ်မြို့ရှိကျင့်ကြံသူများသည် တည်ငြိမ်လျက်ရှိသည်။ တိုက်ပွဲ၏အသေးစိတ်အချက်အလက်များ လွတ်သွားမည်ကိုစိုးရိမ်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ပျံသန်းသွားကြသည်။

အရှေ့ဧကရာဇ်မြို့အထက်ကောင်းကင်ရှိ အခင်းအကျင်းကို ယခင်တည်းကစတင်အသက်သွင်းထားပြီးဖြစ်သည်။ ထိပ်တန်းရှန်အဆင့် ကောင်းကင်နှင့်ကြယ်တာရာအခင်းအကျင်းသည် တိုက်ပွဲ၏အကြွင်းအကျန်များကို အလွယ်တကူ ပိတ်ဆို့ထားသည်။ ဤအခင်းအကျင်းကိုဖန်တီးထားသူသည် ရီဖန်မဟုတ်ဘဲ အရှေ့ဧကရာဇ်ကိုယ်တိုင်ပင်ဖြစ်၏။ နှစ်များစွာကြာလာသည်နှင့်အမျှ အရှေ့ဧကရာဇ်မြို့၏မြို့အရှင်ဖြစ်သူ အရှေ့ဧကရာဇ်သည် တစ်ချိန်ကကျင့်ကြံသူငယ်လေးဖြစ်ခဲ့စဉ်အခါထက် အဆပေါင်းများစွာကြီးထွားလာခဲ့သည်။

ရီရှောင်းရှောင်း၏ခင်ပွန်းဖြစ်သည့်အလျောက် ၎င်းသည်အရင်းအမြစ်များစွာရရှိခဲ့ကာ

သူ၏ကျင့်ကြံမှုအဆင့်သည် ကမ္ဘာ့အင်မော်တယ်နယ်ပယ်သို့ရောက်ရှိသွားရုံသာမက သူ၏အခင်းအကျင်းကျင့်ကြံမှုအဆင့်သည်လည်း အင်မော်တယ်နယ်ပယ်တွင် အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ ရီဖန်မှလွဲ၍ ၎င်းသည် ရီမိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။ ၎င်း၏ကိုယ်ပိုင်အခြေစိုက်နယ်မြေဖြစ်သည့် အရှေ့ဧကရာဇ်မြို့တော်ကို ခိုင်ခံ့အောင်မလုပ်ထားခြင်းမှာမဖြစ်နိုင်ချေ။

ဘမ်း!

မောက်ရှုကျဲ၏ခန္ဓာကိုယ်သည်ပေါက်ကွဲသွားကာ ထိပ်တန်းအင်မော်တယ်ပစ္စည်း၏ စွမ်းအားကိုအပြည့်အဝပြသခဲ့သည်။ မောက်ရှုကျဲကိုအလွယ်တကူ အနိုင်ယူနိုင်ခဲ့သည့်အတွက် နဂါးနက်ဘုရင်သည် ခါးထောက်လျက်မတ်တပ်ရပ်ကာ “ငါ ဘယ်လောက်တောင် အံသဩစရာကောင်းလိုက်လဲ!” ဟု ရေရွတ်လိုက်သည်။ ယခင်က နဂါးနက်ဘုရင်သည် ကမ္ဘာ့အင်မော်တယ်နယ်ပယ်တွင်ရှိသော်လည်း ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် ကမ္ဘာ့အင်မော်တယ်နယ်ပယ်များကြားးတွင် စွမ်းအားကြီးသည်ဟုမယူဆနိုင်ခဲ့ချေ။

သို့သော်လည်း ယခုတွင်သူသည် ရီရှောက်ဖန်၏ပံ့ပိုးမှုကိုရရှိထားသောကြောင့် သူ၏စွမ်းအားသည်လည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။ လူတစ်ဦးသည် ဉာဏ်အလင်းရရှိပြီးနောက် ၎င်း၏အိမ်မွေးမွန်းစတားသည်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်၏။ ယခုအခါ နဂါးနက်ဘုရင်သည် အိမ်မွေးမွန်းစတားဖြစ်လျှင်ပင် ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခုဟုခံစားရသည်။ အခြားသူများအတွက်မူ အခွင့်အရေးပင်မရှိချေ။

ကမ္ဘာ့အင်မော်တယ်ကျင့်ကြံသူကို အလွယ်တကူအနိုင်ယူပြီးနောက် နဂါးနက်ဘုရင်သည် ထိုအချိန်က မင်းသမီးကျွင်းလုံနှင့် ရီရှောက်ဖန်တို့၏ မင်္ဂလာပွဲကိုမကန့်ကွက်ခဲ့ခြင်းကို စိတ်သက်သာရာရသွားပြန်သည်။ သို့မဟုတ်ပါက လက်ရှိနဂါးနက်အင်ပါယာသည် ပျက်စီးသွားသောအင်ပါယာကိုးခုကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်သည်။

နဂါးနက်ဘုရင်၏တိုက်ခိုက်ခြင်းခံရသော မောက်ရှုကျဲသည် နောက်ဆုံးတွင်ပြန်လည်တည်ငြိမ်သွားကာ ဒဏ်ရရရှိသွားကြောင်းခံစားလိုက်ရသဖြင့် ၎င်း၏မျက်နှာမည်းမှောင်သွားသည်။

နဂါးနက်ဘုရင်၏တိုက်ခိုက်ရေးစွမ်းအားကြောင့် အံ့အားသင့်သွားကာ တစ်ချိန်တည်းတွင်မနာလိုဖြစ်လာသည်။ ဘုရင်နဂါးနက်၏ ထိပ်တန်းအင်မော်တယ်လက်နက်သည် သူကိုယ်တိုင်ရရှိထားသောအရာမဟုတ်သည်မှာ ထင်ရှား၏။ အရှေ့ပိုင်းတိုက်နယ်မြေတွင် တာ့ယွီအင်ပါယာတွင်သာ ထိပ်တန်းအင်မော်တယ်ပစ္စည်းများရှိသည်။

ဝေလငါးနက်အစောင့်တပ်၏ခေါင်းဆောင်ဖြစ်သူထက် နဂါးနက်ဘုရင်ကဲ့သို့သောပြင်ပလူကို ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ခုပေးခဲ့ခြင်းကြောင့် မောက်ရှုကျဲသည် တာ့ယွီအင်ပါယာကိုလွန်စွာမကျေမနပ်ဖြစ်လာသည်။ သူသည် တာ့ယွီအင်ပါယာအတွက် ပံ့ပိုးမှုတွင်များစွာမပါဝင်ခဲ့သောကြောင့် ထိပ်တန်းအင်မော်တယ်လက်နက်ရရှိခဲ့ခြင်းမဟုတ်ကြောင်းကိုမူ မတွေးမိချေ။ မှောင်မိုက်သည့်အတွေးရှိသူများသည် ၎င်းတို့၏ချို့ယွင်းချက်များအတွက် တခြားသူများကိုအမြဲတမ်းအပြစ်ပုံချတတ်သည်မဟုတ်လော။

နဂါးနက်ဘုရင်ကိုကြည့်ပြီးနောက် မောက်ရှုကျဲသည် ယနေ့နဂါးနက်ဘုရင်ရှေ့တွင် အရွက်တစ်ထောင်ဆေးခန်းကို သိမ်းပိုက်ရန်အခွင့်အရေးမရှိတော့ကြောင်းသိလိုက်ရသည်။ သို့သော်လည်း နဂါးနက်ဘုရင်သည် အရွက်တစ်ထောင်ဆေးခန်းကို အမြဲမကာကွယ်နိုင်ပေ။ ထို့အပြင် တာ့ယွီအင်ပါယာအတွင်းရှိ အရွက်တစ်ထောင်ဆေးခန်းကို နဂါးနက်ဘုရင်သည်ပင် ကာကွယ်နိုင်စွမ်းရှိမည်မဟုတ်ချေ။ အရွက်တစ်ထောင်ဆေးခန်းသည် ၎င်းရယူမည့်အရာဖြစ်ကာ ယေရှုဘုရားသခင်ပင်လျှင် ကာကွယ်ပေးနိုင်မည်မဟုတ်ချေ! ‘နေပါဦး၊ ကျင့်ကြံရေးလောကမှာ ယေရှုဘုရားသခင်မရှိဘူးပဲ’ တာအိုဘိုးဘေးများရောက်လာလျှင်ပင် အရွက်တစ်ထောင်ဆေးခန်းကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

"သွားကြမယ်!"

မောက်ရှုကျဲသည် သူ့လက်အောက်ငယ်သားများနှင့်အတူ ထွက်သွားရန်ကြံရွယ်ကာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ လုချွမ်ခိုင်နှင့် အရွက်တစ်ထောင်ဆေးခန်းတွင် ပိတ်မိနေသောအခြားသူများကိုမူ ရိုးရှင်းစွာစွန့်လွှတ်လိုက်သည်။ သူ့ကိုယ်သူကာကွယ်ရန်ပင် ခဲယဉ်းနေပြီဖြစ်ရာ၊ ၎င်းတို့ကို အဘယ်ကြောင့်ဂရုစိုက်နိုင်မည်နည်း။

"နေဦး၊ မင်းထွက်သွားလို့ရတယ်လို့ဘယ်သူပြောလဲ"

အရွက်တစ်ထောင်ဆေးခန်းမှပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ရီကျင်းထျန်သည် နောက်ဆုံးတွင် သူ၏အသွင်အပြင်ကိုထုတ်ဖော်လာ၏။

"နဂါးနက်ဘုရင်ကို ဂါရဝပြုပါတယ်"

ရီကျင်းထျန်သည် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်၏။ နဂါးနက်ဘုရင်သည် ရီဖန်၏တရားဝင်ခမည်းခမက်တော်ဖြစ်သောကြောင့် ရီကျင်းထျန်သည် ၎င်းကိုအကြီးအကဲအဖြစ် သတ်မှတ်ခဲ့ရာ ၎င်းကိုမထီမဲ့မြင်ပြုမည်မဟုတ်ချေ။

နဂါးနက်ဘုရင်နှင့်အပြန်အလှန်နှုတ်ဆက်ပြီးနောက် ရီကျင်းထျန်သည် ရှုပ်ထွေးနေသောမောက်ရှုကျဲကို လှည့်ကြည့်လိုက်သည်။ ဤကမ္ဘာအင်မော်တယ်ကျင့်ကြံသူသည် အရွက်တစ်ထောင်ဆေးခန်းကို အမှန်တကယ်ထိဝံ့သလော။ ရီကျင်းထျန်သည် မောက်ရှုကျဲကိုစိတ်ပျက်စွာကြည့်လိုက်သည်။ သူသည်အစက ငါးကြီးကြီးအချို့မိပြီဟုထင်ခဲ့သော်လည်း ငါးကြော်သေးသေးလေးဖြစ်နေမည်ကို မမျှော်လင့်ခဲ့ပေ။ ရီကျင်းထျန်၏မျက်လုံးထဲမှ အထင်သေးမှုကိုခံစားလိုက်ရသဖြင့် မောက်ရှုကျဲသည် ရှူးရှူးရှဲရှဲဖြစ်သွား၏။

‘နေစမ်းပါဦး၊ ဒါကဘာကိုဆိုလိုတာလဲ!’

၎င်းသည်ဒေါသထွက်နေခြင်းကို လက်ခံနားလည်နိုင်သည်။ သို့သော် ဤစိတ်ပျက်နေသည့်အကြည့်သည် မည်သည့်အရာကိုဆိုလိုသနည်း။ သူသည်မသန်မာ၍လော၊ သို့မဟုတ် သူ့အဆင့်အတန်းသည်မမြင့်မား၍လော။

“ဆေးခန်းပိုင်ရှင်ရီ မင်းကဘာကိုဆိုလိုတာလဲ။ မင်းငါ့ကို ထွက်သွားလိူ့မရဘူးလို့ပြောလိုက်တာလား"

သူသည် နဂါးနက်ဘုရင်မယှဉ်နိုင်သည်မှာမှန်သော်လည်း လက်ရှိတွင်ရီကျင်းထျန်၏ခြိမ်းခြောက်ခံရကာ ထွက်ခွာခွင့်မရခြင်းကြောင့် မောက်ရှုကျဲ၏ ဒေါသများတစ်ဖန်ဆူပွက်လာသည်။

နဂါးနက်ဘုရင်ကိုနားလည်နိုင်သော်လည်း ဤအရွက်တစ်ထောင်ဆေးခန်းအသေးလေးသည် အဘယ်ကြောင့်အပြောကြီးနေရသနည်း။

"ဟုတ်တယ်၊ မင်း အခုထွက်သွားခွင့်မရှိဘူး” တာ့ယွီအင်ပါယာကို သူ့ဝမ်းကွဲတော်စပ်သူကအုပ်ချုပ်သော်လည်း ရီမိသားစု၏အဖွဲ့ဝင်တစ်ယောက်အနေနှင့် တာ့ယွီအင်ပါယာအတွက် လူဆိုးအချို့ကိုရှင်းလင်းရန် တာဝန်ရှိသည်မဟုတ်လော။

"ဟားဟား၊ ကောင်းပြီ၊ ဒီနေ့ မင်းငါ့ကို ဘယ်လိုတားရမလဲ ကြည့်ရသေးတာပေါ့၊ နဂါးနက်ဘုရင်က ဒီမှာရှိနေလို့ မင်းကိုကြောက်လိမ့်မယ် မထင်နဲ့" မောက်ရှုကျဲသည် ဒေါသတကြီးရယ်လိုက်ကာ သူ၏အင်မော်တယ်လက်နက်ကိုဆင့်ခေါ်ပြီး ရီကျင်းထျန်ကိုတိုက်ခိုက်ခဲ့သည်။

All Chapters