အခန်း ၁၉၆-၁၉၈
Vol. 14 Ch. 196-198
အခန်း ၁၉၆ - အရွက်တစ်ထောင်ဆေးခန်း၏နောက်ကွယ်ရှိ အင်အားစုအစစ်အမှန်
မောက်ရှုကျဲ၏တိုက်ခိုက်မှုကိုရင်ဆိုင်နေချိန်တွင် ရီကျင်းထျန်သည် ဖြောင့်မတ်စွာရပ်တန့်လျက်ရှိ၏။ သူ၏ဦးခေါင်းထက်တွင် သမုဒ္ဒရာဖိနှိပ်ခြင်းအလံဟုခေါ်ဆိုသည့် ထိပ်တန်းအင်မော်တယ်လက်နက်သည် ရီကျင်းထျန်ကိုဖုံးလွှမ်းထားကာ တောက်ပသောအလင်းရောင်ကို တိုက်ရိုက်ထုတ်လွှတ်နေသည်။ ကမ္ဘာ့အင်မော်တယ်တစ်ဦး အစွမ်းရှိသမျှခုခံတိုက်ခိုက်လျှင်ပင် သမုဒ္ဒရာဖိနှိပ်ခြင်းအလံ၏ တောက်ပသောအလင်းရောင်အောက်တွင် လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
နဂါးနက်ဘုရင်ပင်လျှင် ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ခုသာရှိသော်လည်း ရီကျင်းထျန်ထံတွင်အများအပြားရှိကာ ၎င်းတို့အားလုံး၏အရည်အသွေးသည် နဂါးနက်ဓားထက်ပင်ပိုကောင်းကြ၏။ ထိပ်တန်းအင်မော်တယ်လက်နက်များသည် မည်သည့်အချိန်ကစ၍ ဤမျှတန်ဖိုးမဲ့သွားကြသနည်း။ အသေးစားကုန်သွယ်ရေးလုပ်ငန်း၏ ဆေးခန်းပိုင်ရှင်သည်ပင် တစ်ခုပိုင်ဆိုင်ထားသည်။ မောက်ရှုကျဲသည် အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်သူ မြင့်မြတ်သောကမ္ဘာ့အင်မော်တယ်တစ်ဦးအဖြစ် ခံယူထားသည့်တိုင် ၎င်းထံတွင်ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုမျှမရှိချေ။
ရီကျင်းထျန်၏လက်ကိုလှန်လိုက်သောအခါ နောက်ထပ်ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုဖြစ်သည့် ‘အင်မော်တယ်ချည်နှောင်ကြိုး’ ပေါ်လာပြန်သည်။ ၎င်းသည် အတုအယောင်မျှသာဖြစ်သောကြောင့် မူရင်းလက်နက်ကဲ့သို့ သာ့လောင်ရွှေအင်မော်တယ်ကို ထောင်ချောက်ဆင်ရန် စွမ်းအားမရှိပေ။သို့သော် ကမ္ဘာ့အင်မော်တယ်နှင့် ရင်ဆိုင်ရာတွင် ၎င်းသည်လုံလောက်သည်ထက်ပို၏။ အင်မော်တယ်ချည်နှောင်ကြိုးသည်ပျံထွက်သွားပြီးနောက် မောက်ရှုကျဲကိုချက်ချင်းဖမ်းမိသွားသည်။
မောက်ရှုကျဲသည် သူ၏စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ကာ
ယခုအချိန်တွင် လူသားအင်မော်တယ်ပင်လျှင် ၎င်းကိုအလွယ်တကူသတ်ပစ်နိုင်သည်။ ထိုအချိန်မှသာ မောက်ရှုကျဲသည် တစ်ခုခုမှားနေကြောင်းကိုသတိထားမိလိုက်သည်။ ဤအရွက်တစ်ထောင်ဆေးခန်းတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်အရင်းအမြစ်များစွာရှိနေ၏။ ယခင်ကသတိမထားမိခဲ့သော အသေးစိတ်အချက်အချို့ကိုလည်း ပြန်သတိရလာသည်။
‘အရှေ့ဧကရာဇ်မြို့တော်အခင်းအကျင်း၊ များပြားလှသော ထိပ်တန်းအင်မော်တယ်ပစ္စည်းအရေအတွက်’ စသည်တို့ဖြင့် အရွက်တစ်ထောင်ဆေးခန်း၏နောက်ခံသည် ၎င်းတို့စုံစမ်းထားသည့်အတိုင်းရိုးရှင်းနိုင်သလား။ တစ်စုံတစ်ခုသည် သေချာပါက်လွဲနေကာ အရွက်တစ်ထောင်ဆေးခန်းသည် အလွန်သံသယဝင်စရာကောင်းနေ၏။
“ငါက တာ့ယွီအင်ပါယာရဲ့ဒုတိယအဆင့်အရာရှိပဲ၊ မင်းငါ့ကိုဒုက္ခပေးရင် တာ့ယွီအင်ပါယာနဲ့ ပြဿနာတက်လိမ့်မယ်၊ အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူးနော်” ဟု သတိပေးလိုက်သည်။
ယခုအချိန်တွင် မောက်ရှုကျဲသည် ရီကျင်းထျန်ကို တားဆီးနိုင်ရန်မျှော်လင့်ကာ တာ့ယွီအင်ပါယာနှင့် သူ၏ဆက်ဆံရေးကိုထုတ်ပြောလာသည်။
“ဟုတ်တာပေါ့၊ မင်းက တာ့ယွီအင်ပါယာကမှန်း ငါသိတာပေါ့၊ မင်းလိုမျိုး ကပ်ပါးကောင်တွေကို ရှင်းထုတ်ပစ်ဖို့ လိုအပ်နေတဲ့အင်ပါယာလေ"
ထိုသို့ပြောပြီးနောက် ရီကျင်းထျန်သည် ဆက်သွယ်ရေးတိုကင်တစ်ခုကို ရုတ်တရက်ထုတ်လိုက်ကာ ရီရှောင်းရှောင်းကိုဆက်သွယ်လိုက်သည်။ တာ့ယွီတွင်နယ်မြေဆိုင်ရာကိစ္စများဆောင်ရွက်နေသည့် ရီရှောင်းရှောင်းသည် ရီကျင်းထျန်ထံမှ အကြောင်းကြားမှုကိုရရှိလိုက်သောကြောင့် အနည်းငယ်ကြောင်အသွားသည်။ တူဖြစ်သူသည် သူမကိုဆက်သွယ်ခဲပါ၏။ သို့သော် ရီရှောင်းရှောင်းသည် ရီကျင်းထျန်ထံမှ ရှားပါးသောဆက်သွယ်မှုကို ငြင်းပယ်မည်မဟုတ်သည်မှာသေချာသည်။
ရီရှောင်းရှောင်းသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေဟာနယ်ချက်ချင်းအက်ကွဲသွားပြီးနောက် သူမသည် ခြေတစ်လှမ်းတည်းဖြင့် အက်ကွဲကြောင်းထဲသို့ဝင်သွားသည်။ တာ့ယွီအင်ပါယာသည် ရီရှောင်းရှောင်း၏ထိန်းချုပ်မှုအောက်တွင်ရှိသောကြောင့် ပို့ဆောင်ဆက်သွယ်ရေး အခင်းအကျင်းမလိုအပ်ဘဲ ရီရှောင်းရှောင်းသည် မျက်လုံးတစ်မှိတ်အတွင်း တာ့ယွီအင်ပါယာ၏ မည်သည့်နေရာတွင်မဆိုပေါ်လာနိုင်သည်။
သူမဘေးတွင်အဖော်ပြုနေသော အရှေ့ဧကရာဇ်သည် ရီရှောင်းရှောင်းရုတ်တရက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်နှင့် သူမနောက်သို့လိုက်သွားသည်။ ယခုအချိန်တွင် အရှေ့ဧကရာဇ်သည် တာ့ယွီအင်ပါယာ၏ဘုရင်မဖြစ်နေပြီဖြစ်သောကြောင့် အင်ပါယာအတွင်းဖြစ်ပျက်မှုများကိုစစ်ဆေးခြင်းသည် သဘာဝကျ၏။ နောက်ထပ်လေဟာနယ်အက်ကွဲကြောင်းတစ်ခုသည် အရှေ့ဧကရာဇ်မြို့တော်အထက် ကောင်းကင်၌ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် စစ်တပ်တစ်ခုအစား ခမ်းနားထည်ဝါစွာ ၀တ်ဆင်ထားသည့် လူနှစ်ဦးရှိနေသည်။
၎င်းတို့နှစ်ဦးပေါ်ပေါက်လာမှုသည် အရှေ့ဧကရာဇ်မြို့တစ်မြို့လုံးကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ အရှေ့ဧကရာဇ်မြို့တော်မှကျင့်ကြံသူများသည် တာ့ယွီဘုရင်ရီရှောင်းရှောင်းထက် ဘုရင်မနှင့်ပို၍ရင်းနှီးကြသည်။ အထူးသဖြင့် အရှေ့ဧကရာဇ်မြို့မှ အသက်ကြီးကျင့်ကြံသူများသည် တစ်ချိန်ကသူ့လက်အောက်တွင်အမှုထမ်းခဲ့ကြသောကြောင့် အရှေ့ဧကရာဇ်ကိုမြင်သောအခါ အလွန်ပျော်ရွှင်ခဲ့ကြသည်။ အရှေ့ဧကရာဇ်သည် ဤကဲ့သို့အမြင့်သို့တက်လှမ်းသွားသည်ကို မြင်သောအခါ ၎င်းတို့သည်စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ချေ။
"ဘုရင်နဲ့ ဘုရင်မတို့ကို နှုတ်ခွန်းဆက်သပါတယ်"
လူအုပ်လှိုင်းကြီးသည် ဒူးထောက်လိုက်ကြကာ အရွက်တစ်ထောင်ဆေးခန်း၏ ဆိုင်ရှင်များသည်ပင်ဂါရဝပြုလိုက်ကြသည်။ မတ်တပ်ရပ်ကျန်ရှိနေသူများမှာ လူနှစ်ယောက်နှင့်တစ်ဝက်ဖြစ်ကာ ရီကျင်းထျန်၊ နဂါးနက်ဘုရင်နှင့် မောက်ရှုကျဲတဝက်တို့ပင်။ မောက်ရှုကျဲသည် ဂါရဝမပြုချင်သောကြောင့်မဟုတ်ဘဲ ရီရှောင်းရှောင်း၏ ရုတ်ချည်းပေါ်လာမှုကြောင့် အလွန်ထိတ်လန့်သွားခြင်းဖြစ်၏။ ၎င်းသည် ခြေလက်များပင်ထုံထိုင်းလာကာ စိတ်လွတ်နေသဖြင့် ဂါရဝပြုရန်ပင်မေ့သွား၏။ မောက်ရှုကျဲ၏ စိတ်ထဲရှိတစ်ခုတည်းသောအတွေးသည် သူသွားပြီဟူ၍ပင်။
ဤအချိန်တွင် မောက်ရှုကျဲသည် ဥာဏ်မမီသည့်တိုင် အရွက်တစ်ထောင်ဆေးခန်း၏အံ့ အားသင့်စရာကောင်းမှုများကို နားလည်သွားပြီဖြစ်သည်။ တာ့ယွီအင်ပါယာ၏ အုပ်စိုးရှင်ပေါ်လာပြီးနောက် မကြာမီ အခြားအရာရှိများလည်း ရောက်လာကြမည်ဖြစ်သည်။ ရီကျင်းထျန်နှင့် မောက်ရှုကျဲတို့ကိုမြင်လိုက်ရသည်နှင့် အရာရှိများသည် ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း သိလိုက်ရကာ မောက်ရှုကျဲကို သနားကရုဏာအပြည့်ဖြင့်ကြည့်နေကြသည်။ လူအားလုံးထဲတွင်မှ ရီမိသားစုကို ရန်သွားစလိုက်သည်။
တခြားသူများသည် ရီမိသားစု၏တည်ရှိမှုကို သတိမထားမိကြသည်မှာဖြစ်သင့်သော်လည်း တာ့ယွီအင်ပါယာ၏ အာဏာရှိအရာရှိတစ်ဦးသည် ၎င်းကိုအဘယ်ကြောင့်မသိရသနည်း။ နောက်ဆုံးတွင် တာ့ယွီအင်ပါယာသည် ရီမိသားစုထိန်းချုပ်မှုအောက်ရှိ အင်အားစုအနည်းငယ်ထဲမှတစ်ခုဖြစ်သည်မဟုတ်လား။ ဤစွမ်းအားကြီး အင်အားစုအားလုံးကိုထိန်းချုပ်ထားသည့် ရီမိသားစုသည် အလွန်ကြောက်စရာကောင်းကာ ၎င်းတို့၏ကန့်သတ်ချက်အတိုင်းအတာကို မည်သူမျှမသိကြပေ။
မိသားစုအကြီးအကဲဖြစ်သူရီဖန်သည် တစ်ချိန်က ရွှေအင်မော်တယ်ကိုလက်တစ်ဖက်တည်းဖြင့် ချေမှုန်းခဲ့ကာ ၎င်း၏စွမ်းအားကိုအပြည့်အဝအသုံးမပြုခဲ့ကြောင်း ကောလဟာလများရှိဖူး၏။ မောက်ရှုကျဲသည် ဝန်ကြီးများ၏အမူအရာများကိုသတိမထားမိဘဲ သူနှင့်ရင်းနှီးသူများကိုတစ်ချက်ကြည့်ကာ သူ့ဘက်မှပြောပေးရန်မျှော်လင့်နေသည်။ သို့သော် မောက်ရှုကျဲ၏အကြည့်ကိုတွေ့သောအခါ ၎င်းတို့သည် သူ့ကိုဖယ်ခွါရန်ရည်ရွယ်ချက်ဖြင့် အမြန်လှည့်ထွက်သွားကြသည်။ ၎င်းသည် မောက်ရှုကျဲကိုစိတ်ထဲမှကျိန်ဆဲစေခဲ့၏။
ဤခွေးကောင်များသည် သူ့ကိုလိုအပ်သောအခါ ညီအစ်ကိုလိုဆက်ဆံခဲ့ကြသော်လည်း ယခုသူဒုက္ခရောက်နေချိန်တွင် ဖယ်ခွါသွားကြသော လူယုတ်မာများဖြစ်သည်။ မောက်ရှုကျဲသည် ယနေ့တွင်လမ်းဆုံးသို့ရောက်သွားပြီမှန်းသိသောကြောင့် သက်ပြင်းချလိုက်သည်။ သို့သော် မောက်ရှုကျဲသည် များစွာစိတ်မပူနေချေ။ အများဆုံးမှ အပြစ်ပေးခံရလိမ့်မည်။ အရွက်တစ်ထောင်ဆေးခန်း၏ နောက်ကွယ်ရှိအင်အားစုက အားကောင်းနေလျှင်ပင် တာ့ယွီအင်ပါယာသည် ၎င်းကိုသတ်ပစ်လိမ့်မည်ဟုမထင်ချေ။ သို့မဟုတ်ပါက တာ့ယွီအင်ပါယာရှိ အခြားကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုကို လျော့ပါးစေမည်မဟုတ်လား။
နောက်အခိုက်အတန့်တွင် ရီကျင်းထျန်သည် တောက်ပစွာပြုံးလျက် ရီရှောင်းရှောင်းဘက်သို့ ရောက်ရှိလာသည်။
"ဒေါ်လေးရေ၊ ဒီနေ့ ဒေါ်လေးကိုဒုက္ခဖြစ်စေမိပြီ"
ရီကျင်းထျန်သည် မောက်ရှုကျဲကို ပုဂ္ဂိုလ်ရေးအရဖြေရှင်းရန် မရည်ရွယ်ထားချေ။ မောက်ရှုကျဲသည် တာ့ယွီ အင်ပါယာ၏ဝန်ကြီးတစ်ဦးဖြစ်သောကြောင့် ပြစ်ဒဏ်ပေးရန်လိုအပ်ပါပ တာ့ယွီအင်ပါယာကသာ ချမှတ်သင့်သည်။ မိသားစုတစ်ခုတည်းဖြစ်သည့်တိုင် ရီကျင်းထျန်သည် စည်းမျဉ်းများကိုနားလည်၏။
ရီကျင်းထျန်သည် ရီရှောင်းရှောင်းကို မည်သို့ခေါ်လိုက်သည်ကိုကြားသောအခါတွင် မောက်ရှုကျဲသည် သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားခဲ့တယ်။ အစွမ်းထက်သည့်ကိုယ်ထည်ရှိသည့် ကမ္ဘာ့အင်မော်တယ်တစ်ဦးဖြစ်သည့်တိုင် သူ့ခန္ဓာကိုယ်ထဲမှ အဆက်မပြတ်စီးကျနေသည့် ချွေးအေးများကိုမထိန်းထားနိုင်တော့ချေ။
မောက်ရှုကျဲသည် ဖြစ်နိုင်ချေများစွာကို စဉ်းစားခဲ့သည်။ ဥပမာ- အရွက်တစ်ထောင်ဆေးခန်းကို အင်အားကြီးသောအင်အားစုများ ကျောထောက်နောက်ခံပေးထားသည်ဟူ၍။ သို့သော် တာ့ယွီအင်ပါယာနှင့် အုပ်စိုးရှင်သည် ဆေးခန်းနောက်ကွယ်ရှိအင်အားကြီးသောအဖွဲ့အစည်းတစ်ခုဖြစ်နေလိမ့်မည်ဟု မည်သည့်အခါကမျှမမျှော်လင့်ခဲ့ပေ။ အမှန်တကယ်တွင် အရွက်တစ်ထောင်ဆေးခန်းသည် တာ့ယွီအင်ပါယာ၏ တော်ဝင်ကုန်သွယ်ရေးလုပ်ငန်းဖြစ်၏။ ၎င်းကိုသိလိုက်ရသည်နှင့် အရာအားလုံးရှင်းလင်းသွားခဲ့သည်။
နောက်ဆုံးတွင် မောက်ရှုကျဲသည် အဘယ်ကြောင့် တာ့ယွီအင်ပါယာရှိဘယ်သူကမှ အရွက်တစ်ထောင်ဆေးခန်းကိုဆန့်ကျင်ရန် စိတ်ကူးမရှိကြကြောင်းနားလည်သွားသည်။ အရာရှိများအားလုံးသည် ရီကျင်းထျန်၏အထောက်အထားကိုသိထားပုံရသောကြောင့် အရွက်တစ်ထောင်ဆေးခန်းကိုဆန့်ကျင်ရန် မစဉ်းစားခဲ့ကြခြင်းဖြစ်သည်။ သူသာလျှင် အကျိုးအမြတ်များအတွက် ဆေးခန်းကို ရူးမိုက်စွာပစ်မှတ်ထားခဲ့မိ၏။
………………………..
အခန်း ၁၉၇ - မိသားစုတိုးတက်လာခြင်း အဆင့်ကိုး။
မောက်ရှုကျဲသည် သူသာလျှင်လူပြက်တစ်ဦးဖြစ်နေခဲ့မှန်း သဘောပေါက်သွားပြီးနောက် သူ၏တက်ကြွမှုအားလုံးစုပ်ယူခံလိုက်ရသကဲ့သို့ အသက်မဲ့သောမျက်လုံးများဖြင့်ငေးငိုင်စွာရပ်နေခဲ့၏။ သူသည်းမခံနိုင်လောက်မည့်အကျိုးဆက်များသည် သူ့ကိုစောင့်ကြိုနေမှန်းသိပါ၏။ ယခုတွင် အရွက်တစ်ထောင်ဆေးခန်းသည် သူ့ကိုမထိလျှင်ပင် တာ့ယွီအင်ပါယာသည် အလွတ်ပေးမည်မဟုတ်ချေ။
မောက်ရှုကျဲသာ် သူနှင့်အတူခေါ်ဆောင်ခဲ့သည့် ဝေလငါးနက်အစောင့်တပ်၏ကျင့်ကြံသူများစွာသည်လည်း အကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။ တာ့ယွီအင်ပါယာ၏ ထိပ်တန်းတပ်ဆယ်ခုထဲမှတစ်ခုဖြစ်သည့် ၎င်းတို့သည် ဘုရင်မိသားစုကိုမှရန်သွားစမိသည်။ ဤအကျိုးဆက်များကို ၎င်းတို့၏ကိုယ်ပိုင် ဝေလငါးနက်အစောင့်တပ်ပင်လျှင် မကိုင်တွယ်နိုင်မည်မဟုတ်ချေ။ တာ့ယွီအင်ပါယာအတွက် ဝေလငါးနက်အစောင့်တပ်သည် အစားထိုး၍မရနိုင်သည့်အရာမျိုးမဟုတ်နေချေ။
ထိုအချိန်တွင် အရှေ့ဧကရာဇ်သည်ရှေ့သို့တက်လာကာဖျက်ဆီးမခံလိုက်ရသော အရှေ့မြို့တော်ကို အရင်ကြည့်ပြီးမှသာ စိတ်သက်သာရာရသွား၏။ အရှေ့ဧကရာဇ်ကိုမြင်လျှင် အရှေ့ဧကရာဇ်မြို့မှကျင့်ကြံသူများသည် တက်ကြွလာကြပြန်၏။
"အရှေ့ဧကရာဇ်မြို့တော်ရဲ့အရှင်သခင်ကို ဂါရဝပြုပါတယ်"
‘အရှေ့ဧကရာဇ်မြို့၊ အရှေ့ဧကရာဇ်မြို့၏အရှင်သခင်’
၎င်းတို့ထဲရှိ လူတစ်ချို့သည် ယခုအချိန်မှသာ ထိုသတင်းကိုသိရှိလိုက်ရခြင်းဖြစ်သည်။ တာ့ယွီအင်ပါယာတွင် နာမည်တစ်လုံးတည်ဆောက်နိုင်ခဲ့ကာ လူတိုင်းကိုမနာလိုဖြစ်စေခဲ့သည့်သူသည် အမှန်တကယ်တွင် နဂါးနက်အင်ပါယာမှဖြစ်နေ၏။ နဂါးနက်အင်ပါယာ၏ဘုရင်ပင်လျှင် ဤသတင်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ကာ အရှေ့ဧကရာဇ်ကိုကြည့်နေသည့် အကြည့်များပြောင်းလဲသွားသည်။
“ထမင်းပျော့စား” သည်ချင်း နှိုင်းယှဉ်လျှင်ပင် ဤအရှေ့ဧကရာဇ်သည် သူ့ထက်နောက်ကျမည်မဟုတ်ချေ။ နဂါးနက်ဘုရင်သည် အရှေ့ဧကရာဇ်ထံ စိတ်အားထက်သန်သောအကြည့်တစ်ခုပေးပို့ကာ ၎င်းတို့သည်ကံကြမ္မာမှသတ်မှတ်ထားသည့် ဆွေမျိုးများဖြစ်သောကြောင့် မကြာခဏဆက်သွယ်သင့်ကြောင်း အရိပ်အမြွက်ပြလျက်ရှိ၏။
ရီရှောင်းရှောင်းသည် ရီကျင်းထျန်၏ဖော်ပြချက်ကို နားထောင်ပြီးနောက် မောက်ရှုကျဲထံသို့ လှမ်းကြည့်လိုက်သည်။
"ဒီအချိန်ကစပြီးတော့ တာ့ယွီအင်ပါယာက တပ်ဖွဲ့ကြီးကိုးခုနဲ့ပဲပိုကောင်းလိမ့်မယ်"
အဆိုပါထုတ်ပြန်ချက်ကြောင့် တာ့ယွီအင်ပါယာ၏အရာရှိများပင်လျှင် ထိတ်လန့်သွားကြသည်။ ထိုစာတစ်ကြောင်းတည်းနှင့် တပ်ဖွဲ့တစ်ခုသည်ထုတ်ပယ်ခြင်းခံလိုက်ရကာ
တာ့ယွီဘုရင်မသည် သူမ၏သဘောထားကို ဖော်ပြနေမှန်းသိလိုက်ရသည်။ သူမ၏နှလုံးသားထဲတွင် တာ့ယွီအင်ပါယာသည် ရီမိသားစုလောက် အရေးမကြီးချေ။ သူမအတွက်မူ တာ့ယွီအင်ပါယာကိုထိပါးသည်ထက် ရီမိသားစုကိုထိပါးခြင်းက ပို၍လက်မခံနိုင်စရာဖြစ်သောကြောင့် ရီမိသားစုကိုမည်သူမှရန်မစသင့်ချေ။
ရီမိသားစု၏ဂုဏ်သတင်းသည် တာ့ယွီအင်ပါယာ၏အဆင့်အတန်းမြင့်သူများကြားတွင်သာပျံ့နှံ့နေခဲ့သော်လည်း ယခုအခါတွင် အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံးသည် ရီမိသားစု၏ တည်ရှိမှုအကြောင်းကို သိရှိသွားပြီဖြစ်သည်။ သို့သော် တာ့ယွီအင်ပါယာအတွက် ၎င်းသည်မကောင်းသည့်အရာမဟုတ်ချေ။ နောက်ဆုံးတွင် ရီမိသားစုသည် တာ့ယွီအင်ပါယာအတွက် အဓိကထောက်ပံ့သူဖြစ်၏။ တာ့ယွီအင်ပါယာသည် အနာဂတ်တွင်အင်အားကြီးရန်သူနှင့်ရင်ဆိုင်ရပါက ရီမိသားစု၏မျက်နှာကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ ရီမိသားစုတွင် ရွှေအင်မော်တယ်နယ်မြေရှိကျင့်ကြံသူများရှိနေသည်မဟုတ်လား။
အရွက်တစ်ထောင်ဆေးခန်းတွင် လုချွမ်ခိုင်နှင့် အခြားသူများသည် မောက်ရှုကျဲရောက်ရှိလာသည်ကို သတိထားမိခဲ့သည်မှာကြာပြီဖြစ်သောကြောင့် သုံ့ပန်းများကိုလွှတ်မပေးပါက ၎င်းတို့ပြန်ပေးဆပ်ရမည်ဟု ခြိမ်းခြောက်အော်ဟစ်နေကြ၏။ ဆိုင်ရှင်သည် ရီကျင်းထျန်ထံမှ အကြောင်းကြားစာကိုလက်ခံရရှိပြီးနောက် လုချွမ်ခိုင်နှင့် အခြားသူများကို တိုက်ရိုက်ခေါ်သွားခဲ့သည်။
"အခုမှ လွှတ်ပေးဖို့သိတာလား၊ ငါမင်းကိုပြောမယ် အရမ်းနောက်ကျသွားပြီကွ!"
လုချွမ်ခိုင်သည် အခြေအနေကိုမသိသေးဘဲ မောက်မာနေခဲ့သည်။ သို့သော် ရီရှောင်းရှောင်းနှင့် တခြားသူများအပြင် မြေပြင်တွင်အင်အားနည်းစွာ လဲလျောင်းနေသည့်မောက်ရှုကျဲတို့ကို မြင်လိုက်ရသည့်အခါတွင် လုချွမ်ခိုင်သည်ချက်ချင်းဆွံ့အသွား၏။ သူ၏နောက်ခံအင်အားစုသည် အဆင်ပြေနေပုံမပေါ်ချေ။ ထိုအချိန်တွင် အနီးနားရှိလူများ၏ဆွေးနွေးချက်များသည် လွီချွန်းနားထဲသို့ရောက်ရှိလာသည်။
ထိုအခိုက်အတန့်တွင် လုချွမ်ခိုင်သည် ထိတ်လန့်တကြားဖြင့် ခေါင်းကိုရုတ်တရက်မော့ကာ ရီကျင်းထျန်ကိုကြည့်လိုက်သည်။ ရီကျင်းထျန်သည် အမှန်တကယ်တွင် တာ့ယွီဘုရင်မ၏တူဖြစ်သည်။ ထို့ကြောင့်သာ ချန်ကျင်းဆေးခန်းမှလွဲ၍ အခြားတာ့ယွီအင်ပါယာ၏ရာထူးကြီးပုဂ္ဂိုလ်များသည် ၎င်းကိုအထင်သေးသောကြောင့်မဟုတ်ဘဲ ရီမိသားစု၏တည်ရှိမှုကိုသိထားကြသောကြောင့် လောဘမတက်ရဲကြခြင်းဖြစ်သည်။ ထိုမျှလောက်အင်အားမရှိသော ချန်ကျင်းဆေးခန်း တစ်ခုတည်းကသာ အရွက်တစ်ထောင်ဆေးခန်းကို ပစ်မှတ်ထားခဲ့သည်။ လုချွမ်ခိုင်သည် ချက်ခြင်းပင်နေရာ၌ သတိလစ်လဲကျသွားသည်။ သူ့အတွက်သာမက ချန်ကျင်းဆေးခန်းနှင့် မောက်ရှုကျဲတို့သည်လည်း လမ်းဆုံးသွားပြီမှန်းသိလိုက်၏။
"မင်းချန်ကျင်းဆေးခန်းရဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းထားလို့ရတယ်!"
ရီရှောင်းရှောင်းက ပြောသည်။
ချန်ကျင်းဆေးခန်းသည် အလွန်မကောင်းသော်လည်း တာ့ယွီအင်ပါယာတွင် ပြီးပြည့်စုံသော အရောင်းကွင်းဆက်တစ်ခုကို ချဲ့ထွင်နိုင်ခဲ့သည်။ အကယ်၍ အရွက်တစ်ထောင်ဆေးခန်းသည် ချန်ကျင်းဆေးခန်းကို သိမ်းပိုက်လိုက်ပါက ၎င်းတို့သည် တာ့ယွီအင်ပါယာတွင် ချဲ့ထွင်ခြင်းကို တိုက်ရိုက်ပြီးမြောက်နိုင်မည်ဖြစ်သည်။
ရီကျင်းထျန်သည် ခေါင်းညိတ်လိုက်၏။ တာ့ယွီအင်ပါယာ၏ဒုတိယအကြီးဆုံးကုန်သွယ်ရေးလုပ်ငန်းစုကို ရယူရန်ဆုံးဖြတ်ခဲ့သည်။ မောက်ရှုကျဲနှင့် အခြားသူများသည် တိုက်ရိုက်ခေါ်ဆောင်သွားခြင်းခံလိုက်ရကြီးနောက် ၎င်းတို့ကိုစောင့်မျှော်နေသောကံကြမ္မာသည် ဇိမ်ခံဘဝလေးဖြစ်ကာ အဆိုပါဇိမ်ခံဘဝသည် သေခြင်းတရားပင်။
မောက်ရှုကျဲ၏ကံကြမ္မာကို မည်သူမျှစာနာသနားခြင်းမရှိကြချေ။ လူအားလုံးထဲကမှ ဤလူမိုက်သည် ရီမိသားစုကိုပစ်မှတ်ထားရန်ရွေးချယ်ခဲ့သည်။ ယခင်က ရီမိသားစုတည်ရှိမှုကိုမသိခဲ့ကြသောမျိုးနွယ်စုများသည် ပြန်ရောက်သောအခါ ၎င်းတို့၏မျိုးဆက်သစ်များကို ရီမိသားစုအားမနှောင့်ယှက်ရန် ချက်ခြင်းသတိပေးခဲ့သည်။ ဖြစ်နိုင်လျှင် အရှေ့ဧကရာဇ်မြို့တော်ကို လုံးဝရှောင်ရန်အကြံပေးကြ၏။ မရည်ရွယ်ဘဲ ရီမိသားစုကိုစော်ကားမိလျှင် မည်သူသိနိုင်မည်နည်း။
အဓိကအကြောင်းအရင်းမှာ ရီမိသားစုသည် အလွန်နိမ့်ချနေထိုင်သောကြောင့် မိသားစုဝင်အရေအတွက်ကိုပင်ရှင်းရှင်းလင်းလင်းမသိကြခြင်းကြောင့်ဖြစ်သည်။ မောက်ရှုကျဲ၏သတင်းကြောင့်သာမဟုတ်ပါက တာ့ယွီအင်ပါယာအတွင်းတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောအဖွဲ့အစည်းတစ်ခုရှိသည်ကိုပင် သိရှိမည်မဟုတ်ချေ။ ကြည့်ရသည်မှာ ပို၍နိမ့်ချကာ သိုသိုသိပ်သိပ်နေထိုင်လေ ပို၍အင်အားကြီးလေဖြစ်ပုံရသည်။
………
ရီဖန်၏ဂူအိမ်တွင် စနစ်သတိပေးချက်သည် သူ့စိတ်ထဲတွင်ရုတ်တရက်ထွက်ပေါ်လာ၏။
"ရေရှည်မစ်ရှင်ဖြစ်တဲ့ မိသားစုတိုးတက်လာခြင်း အဆင့်ကိုး၊ အရှေ့ပိုင်းတိုက်နယ်မြေကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် သခင့်ကိုဂုဏ်ပြုပါတယ်။ ဆုလက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ"
ရီဖန်အံ့အားသင့်သွားသည်၊ သူတာဝန်ပြီးသွားပြီလား။
တစ်ခဏတွေးလိုက်ပြီးနောက် အရှေ့ဘက်တိုက်နယ်မြေအတွင်းဖြစ်ပျက်သမျှ အရာအားလုံးသည် ရီဖန်၏စိတ်ထဲတွင်ပြန်ပေါ်လာသည်။ အရှေ့ဧကရာဇ်မြို့တော်၏အပြင်ဘက်တွင် ဖော်ထုတ်ခဲ့လိုက်ရပြီဖြစ်သည်။ ရီဖန်သည် သိုသိပ်စွာနေထိုင်ရန်သာစိတ်ကူးထားသော်လည်း ၎င်းတို့ကိုယ်တိုင်ရုတ်တရက်ဖော်ထုတ်မိလိုက်ကြ၏။ သို့သော်လည်း ရီဖန်သည် မည်သည့်အရာမျှမဆိုခဲ့ချေ။
"စနစ်၊ ဆုလာဘ်ကိုရယူပါ"
"ဆုလက်ခံရရှိသည့်အတွက်ဂုဏ်ယူပါတယ်။ မိသားစုစွမ်းရည်- ရောင်စုံ ဉာဏ်အလင်းအမှတ် နှစ်သောင်းတိုးလာပါပြီ”
နောက်ထပ်ရောင်စုံစွမ်းရည်ဖြစ်ကာ ၎င်းသည်ဉာဏ်အလင်းကိုတိုးပွားစေသည့် စွမ်းရည်ဖြစ်၏။ ရီမိသားစုအတွက် ၎င်း၏အသုံးဝင်မှုသည်မနည်းလှချေ။
"စနစ်၊ စွမ်းရည်ကိုတင်ပါ"
ရီဖန်၏အတွေးထဲတွင် သူ၏ဉာဏ်အလင်းသည် ချက်ချင်းတိုးလာသည်။ နောက်ဆုံးဉာဏ်အလင်းတိုးလာမှုသည် နိယာမအလုံးစုံကိုယ်ထည်ကိုအသက်ဝင်လာစေခဲ့၏။ ယခုအချိန်တွင် ဉာဏ်အလင်းတိုးလာခြင်းကြောင့် ရီဖန်၏နိယာမအလုံးစုံကိုယ်ထည်သည် စတင်အသွင်ပြောင်းလာသည်။ မူလက ရီဖန်၏နိယာမအလုံးစုံကိုယ်ထည်သည် ရှန်အဆင့်အောက်ကျွမ်းကျင်မှုများအတွက်သာရှိခဲ့သော်လည်း ယခုမူတာအိုအနုပညာအမျိုးမျိုးကို ချဲ့ထွင်လာနိုင်ခဲ့သည်။
စည်းမျဉ်းတစ်သောင်းအင်မော်တယ်ကိုယ်ထည်ကို အဆင့်မြှင့်တင်ထားပြီးဖြစ်ကာ ၎င်းနိုးထလာခြင်းမပြုမီ
ရီဖန်သည် ကမ္ဘာ့စွမ်းအားကိုအသုံးပြု၍သာ ရွှေအင်မော်တယ်ကိုရင်ဆိုင်နိုင်သော်လည်း၊ ယခုအခါတွင် တာအိုအနုပညာနှင့် စည်းမျဉ်းတစ်သောင်းအင်မော်တယ်ကိုယ်ထည်တို့ဖြင့် ရွှေအင်မော်တယ်ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ရီဖန်သည် သူ၏အမျိုးမျိုးသော စွမ်းရည်အားလုံးကို သတိပြုမိလိုက်သည်။ ၎င်းတို့ထဲရှိ တော်တော်များများသည် အဆင့်မမီတော့ချေ။ အထူးသဖြင့် လွန်ခဲ့သောနှစ်များက ရီဖန်အတွက်ဝှက်ဖဲတစ်ခုဖြစ်သည့် သွေးမျိုးဆက်စွမ်းအားဖြစ်သည့် အဇူရာနဂါးသွေးမျိုးဆက်သည် အမှန်တကယ်ပင် အင်အားကောင်းခဲ့သော်လည်း ယခုတွင် သာမန်အင်မော်တယ်သွေးကြောမျှသာဖြစ်သည်။
အကယ်၍ ၎င်းကို ရှန်သွေးကြောအဖြစ်သို့ အဆင့်မြှင့်တင်ခြင်းမပြုပါက ကောင်းကင်ဘုံအင်မော်တယ်ဘုံသို့ ရောက်ရှိသွားသော ရီဖန်အတွက်အားဖြည့်မှုသည် သိသိသာသာလျော့နည်းသွားမည်ဖြစ်သည်။ သွေးမျိုးဆက်အဆင့်မြှင့်တင်ခြင်းကို လုပ်ရိုးလုပ်စဉ်တွင်ထည့်သွင်းသင့်ပုံရသည်။
ဆက်စပ်မှုများအရ ဥာဏ်အလင်းထွက်ပေါ်လာပြီးနောက်တွင် သွေးမျိုးဆက်ဆုပေးမည်ဖြစ်သည်။ စွမ်းအားကြီးမိသားစုဝင်များ၊ မိသားစုနယ်မြေနှင့် မိသားစုသြဇာလွှမ်းမိုးမှုတို့သည် လက်ရှိတွင်ပြီးမြောက်ရန် အလွယ်ကူဆုံးသော ရေရှည်လုပ်ငန်းသုံးခုဖြစ်၏။ သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ရန်မှာ ဝေးလွန်းလှသည်ဟုထင်ရသည်။ အတွေးရေယာဉ်ကြောမှ ပြန်ထွက်လာပြီးနောက် ရီဖန်သည် ဆေးပညာနှင့် အင်မော်တယ်လက်နက်သန့်စင်ခြင်းတို့တွင် ရီကျင်းဖန်နှင့် ရီကျင်းလုံတို့ကို ဆက်လက်လမ်းညွှန်ခဲ့သည်။
ရီဖန်သည် ရှန်အဆင့်ထိပ်တန်းအရည်အသွေးသို့ ဖြတ်ကျော်ရန်ခြေတစ်လှမ်းသာဝေးတော့သည်။ ထိပ်တန်းအင်မော်တယ်ပစ္စည်းများနှင့် ထိပ်တန်းအင်မော်တယ်ဆေးလုံးများကို သန့်စင်နိုင်ခြင်းသည် ရီမိသားစုအတွက်အရေးကြီး၏။ အကယ်၍ မျိုးနွယ်စု၏စွမ်းအားကိုမြှင့်တင်လိုပါက၊ မည်သည့် နေရာတွင်မှအားမလျော့နေသင့်ချေ။
………………
အခန်း ၁၉၈ - ရုတ်တရက်ချမ်းသာလာသောစုယန်
ရီဖန်သည် ထိပ်တန်းရှန်အဆင့်အင်မော်တယ်ဆေးလုံးများနှင့် အင်မော်တယ်ပစ္စည်းများကိုသန့်စင်ရန် ကြိုးစားနေချိန်တွင်လူတစ်စုသည် ရီမိသားစု ၏နယ်မြေမှ အဝေးသို့တိတ်တဆိတ်ထွက်ခွါသွားသည်။
ဦးဆောင်သူမှာစုယန်ဖြစ်၏။ စုယန်သည် လက်ရှိတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရှေ့ဘက်နယ်မြေဌာနခွဲ၌ ဂိတ်မှူးပြီးလျှင် ဒုတိယအာဏာအရှိဆုံးသူဟုဆိုနိုင်၏။ လက်ရှိအရှေ့ဘက်တိုက်နယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဠာနခွဲတွင် အရေးပါသောရာထူးနေရာအများအပြားသည် ရီမိသားစုမှကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကာ စုယန်၏စကားတစ်ခွန်းသည် ပုန်ကန်မှုကိုစတင်နိုင်သည်။
တစ်ခုတည်းသောအားနည်းချက်မှာ စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဆင့်မြင့်ပြဂ္ဂိုလ်များနှင့်ဆက်သွယ်ရာတွင် မအောင်မြင်သေးခြင်းဖြစ်သည်။ ဂိတ်တံခါး၏ အဆင့်မြင့်နှင့် လက်အောက်ခံများ၏ဆက်သွယ်ရေးသည် တစ်ဖက်သတ်လမ်းကြောင်းအတိုင်းဖြစ်သောကြောင့် ဂိတ်မှူးမှလွဲ၍ အခြားမည်သူမျှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အမြင့်ဆုံးအဆင့်သို့ မသွားနိုင်ကြချေ။
ဂိတ်မှူးကိုသတ်ရန်အတွက် သူမ၏အတွေးကိုချိုးနှိမ်ထားခြင်းအကြောင်းမှာ စုယန်ထံတွင်ကောင်းချီးများမလုံလောက်သေးသောကြောင့်ဖြစ်၏။ ယခုအချိန်တွင် ဂိတ်မှူးသေဆုံးသွားလျှင်ပင် စုယန်သည် သူ့နေရာကိုဆက်ခံရန်မဖြစ်နိုင်သေးချေ။
ထို့ကြောင့် စုယန်သည် ဂိတ်မှူးကိုချက်ချင်းဖယ်ထုတ်ရန် လုံလောက်သည့်ကောင်းချီးများရရှိသည်အထိ စောင့်နေခြင်းဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးမျှသာဖြစ်ကာ စုယန်ကိုယ်တိုင်သည်လည်း ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာဝေးသည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ ကြီးမားသောအကျိုးကျေးဇူးများမှာ စုယန်သည် သူမ၏ကျင့်ကြံမှုအဆင့်ကိုအရှိန်မြှင့်ပေးသည့် အဖိုးတန်ဆေးလုံးအမြောက်အမြားကို ရယူနိုင်ခဲ့ခြင်းပင်။ စုယန်ကိုယ်တိုင်ပင်လျှင် ရီမိသားစု၏အဖွဲ့ဝင်မဟုတ်ပါက သူမသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ချိုမြိန်သောငါးစာအောက်တွင် ဆွဲဆောင်ခံလိုက်ရနိုင်၏။
စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဂိတ်မှုးကို မရင်ဆိုင်နိုင်ပါက ရီဖန်ကူညိီပေးနိုင်သည်မဟုတ်လား။ စုယန်၏တည်ရှိနေမှုကြောင့် အရှေ့ဘက်တိုက်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ရီဖန်ထံမှလျှို့ဝှက်ထားနိုင်ခြင်းမရှိခဲ့ချေ။ ဂိတ်မှူးကိုယ်တိုင်ပင်လျှင် သတိမထားမိလိုက်ဘဲ စောင့်ကြည့်ခံနေရသည်။
“ဂိုဏ်းက ချန်မင်ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တဲ့ အရာတစ်ခုစီစဉ်ထားတယ်။ ဒါကြောင့် ငါတို့အခုပြင်ဆင်ထားရမယ်။ ဒီလိုပွဲမျိုးက အင်အားကြီးလာဖို့အခွင့်ကောင်းပဲ”
ချန်မင်ကမ္ဘာကိုထိခိုက်စေနိုင်သည့် အဖြစ်အပျက်တစ်ခုလား။ စုယန် ပထမဆုံးစဉ်းစားမိသည်မှာ စုန်းကမ္ဘာပင်။ စုန်းကမ္ဘာသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်နိုင်သလား။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ လုပ်ရိုးလုပ်စဉ်အရ ၎င်းတို့သည် စုန်းကမ္ဘာနှင့်ပူးပေါင်းခြင်းမှာ မဖြစ်နိုင်စရာမရှိချေ။
“ငါတို့ တခြားအဓိကအင်အားစုတွေကို ပိုပြီးစိမ့်ဝင်ထားဖို့လိုတယ်”
အခြားသောအင်အားကြီးနိုင်ငံများကို စိမ့်ဝင်ဝင်ရောက်ခြင်းအကြောင်းပြောရင်း ဂိတ်မှူးသည်ဒေါသထွက်လာပြန်၏။ ကိုးနိုင်ငံစစ်ပွဲပြီးနောက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ကြီးမားသောဆုံးရှုံးမှုများနှင့် ၎င်းတို့၏ငါးစာအများအပြားကိုဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် အရှေ့ဘက်တိုက်နယ်မြေသည် တာ့ယွီအင်ပါယာ၏ထိန်းချုပ်မှုအောက်တွင် အခိုင်အမာရှိနေကာ အဓိကအင်အားစုများထဲသို့ စိမ့်ဝင်နိုင်ရန် ၎င်းတို့အတွက်ပိုမိုခက်ခဲလာစေသည်။
တာ့ယွီအင်ပါယာသည် အခြားသောအင်ပါယာကိုးခုနှင့် နှိုင်းယှဉ်ပါက မတူညီသောအခြေအနေတွင်ရှိသည်။ မကြာသေးမီက ရွှေအင်မော်တယ်တစ်ဦး၏အဆုံးသတ်ကို ပြန်မြင်ယောင်မိသည့်အချိန်တိုင်း ဂိတ်မှူးသည်ချွေးအေးများစီးကျလာ၏။ ရွှေအင်မော်တယ်တစ်ဦးပေါ်လာခြင်းသည် ဂိတ်မှူးအတွက် အရှေ့ဘက်တိုက်နယ်မြေကိုလုံးဝထိန်းချုပ်နိုင်သွားပြီဟု ခံစားမိစေသည်။ အရှေ့ဘက်တိုက်နယ်မြေကိုစွန့်ခွာပြီး အခြားပြည်နယ်တစ်ခုတွင် အငြိမ်းစားယူသင့်သလားဟူ၍ပင်တွေးနေမိသည်။
ဂိတ်မှူး၏စကားကိုကြားသောအခါ စုယန်သည် ရုတ်တရက်အတွေးတစ်ခုပေါ်လာ၏။ ၎င်းသည်အကျိုးအမြတ်များရရှိရန်အတွက် ပြီးပြည့်စုံသောအခွင့်အရေးမဟုတ်လား။
“တခြားအင်အားစုတွေထဲကို စိမ့်ဝင်ဖို့ ကျွန်မကိုင်တွယ်ပါရစေ၊ ဂိတ်မှူး” စုယန် ကကမ်းလှမ်းလိုက်သည်။
"မင်းက?"
ဂိတ်မှူးသည် စုယန်ကို သံသယဖြင့်တစ်ချက်ကြည့်လိုက်သည်။ တာ့ယွီအင်ပါယာအတွင်းရှိ အင်အားစုများထဲသို့စိမ့်ဝင်ရန် သူကိုယ်တိုင်ပင်လျှင် မသေချာသည်ကို စုယန်ကထိန်းနိုင်မည်လား။
"ကျွန်မနောက်ခံကိုမေ့သွားတာလား ဂိတ်မှူး"
ထိုအချိန်တွင် စုယန်၏နောက်ခံသည် သာမန်မဟုတ်ကြောင်းမှတ်မိသွားခဲ့သည်။ သူမသည် ရီမိသားစု၏အမျိုးသမီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ မကြာသေးမီက ရီမိသားစုမှကျင့်ကြံသူအများအပြားကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ဝင်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့ကာ ၎င်းတို့အားလုံးသည် ဝူချန်၏ဘိုးဘေးများ၏စမ်းသပ်မှုကို အောင်မြင်စွာကျော်ဖြတ်ခဲ့ကြသည်။ စုယန်၏ရာထူးအရ သူမသည်တာ့ယွီအင်ပါယာ၏ အဓိကအင်အားစုများထဲသို့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှငါးစာများထည့်သွင်းရန်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။
"ဂိတ်မှူး၊ ကျွန်မ ခိုးဝင်ဖို့ယုံကြည်မှုရှိတယ်၊ ဒါပေမယ့်အဲဒီမှာ ရာထူးကြီးတဲ့သူတွေကိုစည်းရုံးဖို့ အမ်း….တချို့အရင်းအမြစ်တွေလိုမယ်ထင်တယ်"
စုယန်သည် လက်နှစ်ဖက်ကိုပွတ်သပ်ရင်း ဂိတ်မှူးကိုကြည့်ကာ အရိပ်အမြွက်ပြောလိုက်သည်။
စုယန်၏အမူအရာကို ဂိတ်မှူးက ချက်ချင်းသဘောပေါက်သွားသည်။ လည်ပတ်မှုအတွက် ရန်ပုံငွေများလိုသည်မဟုတ်လား။ လုံးဝပြဿနာမရှိပေ။ ဠာနခွဲတစ်ခုမျှသာဖြင်သော်လည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် လုပ်ငန်းလည်ပတ်ရန်အတွက် ရန်ပုံငွေများဘယ်တော့မှပြတ်လပ်ခြင်းမရှိချေ။ အရင်းအမြစ်များကိုအသုံးပြု၍ အခြားကျင့်ကြံသူများကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင်ပါဝင်ရန် ဆွဲဆောင်ခြင်းသည် ၎င်းတို့၏အကျွမ်းကျင်ဆုံးနည်းလမ်းများထဲမှတစ်ခုဖြစ်၏။
၎င်းသည်လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ကျောက်စိမ်းစလစ်တစ်ခု စုယန်ရှေ့တွင်ပေါ်လာသည်။
စုယန်သည် စလစ်ကိုနတ်အာရုံဖြင့်ခိုးကြည့်ပြီးနောက် အဆုံးမဲ့အရင်းအမြစ်များစာရင်းကြောင့် မျက်စိကွယ်လုနီးပါးဖြစ်ခဲ့ရသည်။ ‘လွန်လွန်းတာပေါ့!’
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အလွန်အမင်းချမ်းသာ၏။ အကယ်၍ ဂိတ်မှူးသည်အသုံးမဝင်သေးပါက စုယန်သည် သူ့ကိုသတ်ပြီးသူ့ပစ္စည်းများကိုယူရန် သွေးဆောင်ခံရမည်ဖြစ်သည်။ အမျိုးမျိုးသော ရတနာများကြောင့် သူမသည် မည်သည့်အရာကိုရွေးချယ်ရမည်ကိုမဆုံးဖြတ်နိုင်ဘဲရှိနေချိန်တွက် စုယန်သည် ရုတ်တရက် ရင်းနှီးသောအရာတစ်ခုကိုတွေ့လိုက်ရသည်။
‘လူသားဧကရာဇ်ချီစွမ်းအား’ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အမှန်တကယ်ပင် လူသားဧကရာဇ်ချီစွမ်းအားကိုပိုင်ဆိုင်ထားသည်။ လူသားဧကရာဇ်၏ချီစွမ်းအားသည် ရီရှောင်းရှောင်းအတွက် အသုံးအဝင်ဆုံးအရာဖြစ်သည်။ ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်များပင်လျှင် ၎င်းလောက်အကျိုးရှိမည်မဟုတ်ပေ။
"လူ့ဧကရာဇ်ချီစွမ်းအား၊ ကောင်းကင်ဘုံပုံရိပ်ယောင်အမြစ်၊ ကမ္ဘာ့ဝိညာဉ်ရေးမြက်”
စုယန်သည် ပစ္စည်းအစုံအလင်ကိုရွတ်ပြလိုက်သည်။ လူ့ဧကရာဇ်ချီစွမ်းအားမှလွဲ၍ အခြားအရာများသည် ထိပ်တန်းအင်မော်တယ်လက်နက်များနှင့် ရှန်အဆင့်အဆင့်မြင့်အင်မော်တယ်ဆေးလုံးများကို သန့်စင်ရန်အတွက်အသုံးပြုနိုင်သည့်ပစ္စည်းဖြစ်သည်။
"ရပ်၊ ရပ်၊ ရပ်!"
ဂိတ်မှူးသည် အသက်ရှူမဝတော့ချေ။ သူမကို အိမ်ပြောင်းရန်မဟုတ်ဘဲ လုပ်ငန်းအတွက်ရန်ပုံငွေ ရွေးခိုင်းခြင်းသာဖြစ်၏။
"အဓိကအရာရှိတစ်ဦး၊ အရွက်တစ်ထောင်အကယ်ဒမီရဲ့ အဓိကတပည့်တစ်ဦးနဲ့ သက်ရှည်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်…"
ဤအင်အားကြီးပုဂ္ဂိုလ်တစ်ဦးစီသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဓိကပစ်မှတ်များဖြစ်သည်။ ဂိတ်မှူးသည် ထိုစကားလုံးများကြောင့် ငြင်းဆိုခြင်းမပြုနိုင်တော့ချေ။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် သတ်မှတ်ချက်အချို့ရှိသည်။ ၎င်းတို့ကိုမလိုက်နာနိုင်ပါက ဂိတ်မှူးဖြစ်လျှင်ပင်အပြစ်ပေးခံရမည်ဖြစ်သည်။ ထို့အပြင် အရင်းအမြစ်အားလုံးကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကပိုင်ဆိုင်သောကြောင့် ၎င်းတို့ကိုသုံးလိုက်လျှင်ပင် သူ၏ကိုယ်ရေးကိုယ်တာအရဆုံးရှုံးမှုရှိမည်မဟုတ်ချေ။ အရာအားလုံးသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက်သာဖြစ်၏။ ထို့ကြောင့် ဂိတ်မှူးသည် သူ့ကိုယ်သူနှစ်သိမ့်ကာ အပြုံးကိုညှစ်ထုတ်နိုင်ခဲ့သည်။
“အရာရှိစုယန်၊ အရာအားလုံးက မင်းပခုံးပေါ်ရောက်သွားပြီနော်”
စုယန်သည် တုံ့ဆိုင်းမှုမရှိချေ၊ သူ့အလုပ်သည်လည်း အရင်းအနှီးနည်းနည်းလိုသေးသည်မဟုတ်လား။
မိသားစုထဲမှလူအနည်းငယ်ကိုထည့်သွင်းရန်မှာ ပြဿနာမဟုတ်သော်လည်း အကျိုးခံစားခွင့်အနည်းငယ်တော့ရရှိသင့်ပါ၏။ သူမ၏သိုလှောင်လက်စွပ်ထဲတွင်ပေါ်လာသည့် အရင်းအမြစ်များကိုကြည့်လိုက်ပြီးနောက် စုယန်သည် သူ့ခင်ပွန်းသည်ကို နောက်ထပ်မည်သည့်အဆင့်မြင့် အင်မော်တယ်လက်နက်များ သန့်စင်ခိုင်းရမည်ကိုစဉ်းစားနေပြီဖြစ်သည်။
ကောင်းကင်ဘုံဖဲကြိုးနှင့် ကောင်းကင်နှင့်ကမ္ဘာမြေလက်စွပ်သည် ကောင်းမွန်ပုံရကာ လက်ဝတ်ရတနာအဖြစ်သာမက လက်နက်အဖြစ်လည်းအသုံးပြုနိုင်သည်။ ၎င်းသည် လက်တွေ့ကျသည့်အပြင် အမြင်လည်းလှသော ထိပ်တန်းအင်မော်တယ်ပစ္စည်းများဟုဆိုနိုင်သည်။
“အဟမ်း အဟမ်း! အရာရှိစုယန် ဒီနေ့အတွက်တော့ လုံလောက်ပြီနော်၊ မကြာခင် မင်းဆီကသတင်းကောင်းကြားရဖို့ ငါမျှော်လင့်ပါတယ်!”
စုယန်၏မျက်နှာကိုကြည့်ပြီးနောက် ဂိတ်မှူးသည် အတိအကျမသိနိုင်သော်လည်း တစ်စုံတစ်ခုခံစားရသည်။ အထူးသဖြင့် ရီမိသားစုသည် သူ့ကိုကြည့်လာသောအခါတွင် အနည်းငယ်စိတ်မသက်မသာဖြစ်စေ၏။ သတ်ရန်အသင့်ဖြစ်နေသော အဘယ်ကြောင့်၎င်းတို့သည် သူ့ကို ဆူဖြိုးသောသိုးတစ်ကောင်ကိုကြည့်နေသကဲ့သို့ခံစားနေရသနည်း။ သူ့အတွေးများကိုပြန်သိမ်းလိုက်ပြီးနောက် ဂိတ်မှူးသည်ပြန်ထွက်သွား၏။
ဤမျှများပြားသော လုပ်ငန်းလည်ပတ်မှုဘတ်ဂျက်ကြောင့် သူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနချုပ်သို့ပြန်တင်ပြရမည်ဖြစ်သည်။ သူသည် အရင်းအမြစ်များထပ်မံမတောင်းပါက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏လည်ပတ်မှုကို အရှေ့ဘက်တိုက်နယ်မြေတွင်ဆက်လက်ထားရှိရန် ခက်ခဲမည်ဖြစ်သည်။
စုယန်သည် ဂိတ်မှူး၏ထွက်ခွါသွားသည်ကိုဂရုမစိုက်ဘဲ သူမလက်ဝှေ့ယမ်းကာ ရီမိသားစု၏ကျင့်ကြံသူများကို အဝေးသို့ပြန်လည်ခေါ်ဆောင်လာသည်။ ၎င်းတို့သည်အကျိုးအမြတ်များကိုခွဲဝေရန် ရီမိသားစုထံပြန်သွားကြ၏။ ဤတစ်ကြိမ်လုယက်ခြင်းသည် ၎င်းတို့ကိုချက်ခြင်းချမ်းသာစေခဲ့သည်။
……….