← Chapters

အခန်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အခန်း ၁၉၉-၂၀၁

Vol. 14 Ch. 199-201

အခန်း ၁၉၉ - မိသားစုဆယ်ခု၏စွမ်းအား၊ ရှေးဟောင်းအဇူရာနဂါးသွေးမျိုးဆက်

"စနစ်၊ ပြန်တင်လိုက်ပါဦး!"

မရေမတွက်နိုင်သောအတွေ့အကြုံများသည် ရီဖန်၏စိတ်ထဲသို့တိုးဝင်လာကာ တစ်ခဏမျှကြာသောအချိန်သည် အနှစ်တစ်ထောင်ကြာသွားသကဲ့သို့ ခံစားရသည်။ အနှစ်တစ်ရာကျော်ကြိုးစားလုပ်ဆောင်ပြီးနောက် ရီဖန်၏ဆေးပညာနှင့် အင်မော်တယ်လက်နက်သန့်စင်ခြင်းကျွမ်းကျင်မှုသည် ရှန်အဆင့်၏အထွတ်အထိပ်သို့ရောက်သွား၏။ ယခုအခါတွင် ရီမိသားစု၏ကျင့်ကြံသူများသည် ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်များကိုတပ်ဆင်နိုင်ပြီဖြစ်သောကြောင့် ရီမိသားစု၏အင်အားသည် သိသာထင်ရှားစွာတိုးမြှင့်လာဦးမည်ဖြစ်သည်။ ရီဖန်အတွက်မူ ရီမိသားစု၏အင်အားခိုင်မာစေခြင်းသည် သူ၏ပထမဦးစားပေးဖြစ်သည်။ထိုအချိန်တွင်စုယန်သည် အလောတကြီးပြေးဝင်လာ၏။

"သခင်၊ သခင်၊ မြန်မြန်လာ၊ ကျွန်မ ရှင့်အတွက် ကောင်းလာလေးတွေ အများကြီးယူလာပေးတယ်!"

စုယန်၏ စိတ်လှုပ်ရှားမှုသည် ရီဖန်၏သိချင်စိတ်ကို နှိုးဆွပေးသည်။ ဤတစ်ကြိမ်တွင် သူ့ဇနီးသည် သူ့အတွက်မည်သည့်အရာများယူလာပြန်သနည်း။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ဝင်ရောက်ပြီးသည့်အချိန်မှစ၍ စုယန်သည် ရတနာများကိုအိမ်သို့အမြဲဆောင်လာခဲ့သည်။ စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို စုမိသားစု၏လုပ်ငန်းခွဲတစ်ခုအဖြစ်မြင်ကာ အဖိုးတန်ပစ္စည်းများကိုအမြဲယူဆောင်လာပုံရသည်။

စုယန်သည် သူမ၏လက်ကိုဝေ့ယမ်းလိုက်သည်နှင့် ရီဖန်ရှေ့တွင် ဝိညာဉ်ပစ္စည်းအပုံလိုက်ပေါ်လာကာ

သူမရတနာများကိုအိမ်သို့ယူဆောင်လာခြင်းနှင့် ကျင့်သားရနေပြီဖြစ်သော ရီဖန်ပင်လျှင် အံ့အားသင့်သွားသည်။ ဤအရာများသည် အလွန်တန်ဖိုးကြီးမားသောအရာများဖြစ်သည်။

ဤထိပ်တန်းရှန်အဆင့်ရှိဝိညာဉ်ပစ္စည်းအားလုံးကို ထိပ်တန်းအင်မော်တယ်လက်နက်များအဖြစ်သို့ သန့်စင်နိုင်သည်။ ဤအရာများအားလုံးကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံမှ ပြန်ယူလာ၍ရသလား။

စုယန်၏ဖော်ပြချက်ကိုနားထောင်ပြီးနောက် ရီဖန် သက်ပြင်းချလိုက်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အလွန်ကောင်းလွန်းသောကြောင့် ရီဖန်ကိုယ်တိုင်ပင်လျှင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ဝင်လိုပါ၏။ မကြာမီတွင် ရီဖန်သည် ဤဝိညာဉ်ပစ္စည်းများကို ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်းနှင့် အင်မော်တယ်ဆေးလုံးများအဖြစ်သန့်စင်လိုက်သည်။

သေချာပေါက်ပင် စုယန်လိုချင်သည့် ကောင်းကင်ဖဲကြိုးနဲ့ ချန်ကွန်းလက်စွပ်လည်းပါဝင်၏။

ဤအဆင့်မြင့်အင်မော်တယ်ပစ္စည်းနှစ်ခုဖြင့် စုယန်သည်သူမကိုယ်တိုင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ဂိတ်မှူးကိုဖယ်ရှားရန် အဆင်သင့်ဖြစ်နေပြီဟုခံစားမိသည်။

တစ်ခုရှိသည်မှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဂိတ်မှူးထံတွင်ပင်လျှင် ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ပိုင်းသာရှိသည်။ ထိပ်တန်းအင်မော်တယ်လက်နက်များသည် စျေးမနည်းလှချေ။ အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံးတွင် ရီမိသားစုမှလွဲ၍ အခြားမည်သည့်အင်အားစုထံတွင်မှ ထိပ်တန်းအင်မော်တယ်လက်နက်များမရှိကြချေ။

ရီဖန်သည် ရီကျင်းထျန်အပါအဝင် ရီမိသားစုဝင်အားလုံးကိုခေါ်ကာ သူ့တွင်ရှိသော ထိပ်တန်းအင်မော်တယ်ပစ္စည်းများနှင့် အင်မော်တယ်ဆေးလုံးများကိုခွဲဝေပေးလိုက်သည်။

ပစ္စည်းများသည်များပြားခြင်းမရှိသော်လည်း လူတိုင်းသည်တစ်ခုစီရနိုင်သေး၏။ ရီရှောင်းရှောင်းအတွက်မူ စုယန်သည်သူမကို လူသားဧကရာဇ်ရောင်ဝါကို တိုက်ရိုက်ပေးခဲ့သည်။ စုယန်ရရှိခဲ့သော လူသားဧကရာဇ်ရောင်ဝါသည် ရှောင်းရှောင်းယခင်ကရရှိထားသည်ထက် နှစ်ဆပိုကြးသောကြောင့် ၎င်းသည် ရှောင်းရှောင်းအတွက် လူ့ဧကရာဇ်မျှော်စင်နှင့် လူ့ဧကရာဇ်စည်းတံဆိပ်ကို ထိပ်တန်းအင်မော်တယ်ပစ္စည်းများအဖြစ် အဆင့်မြှင့်ရန်အတွက်လုံလောက်လိမ့်မည်။

၎င်းတို့ပိုင်ဆိုင်သော ထိပ်တန်းအင်မော်တယ်ပစ္စည်းများဖြင့် အရှေ့ဘက်တိုက်နယ်မြေ၏အခြေအနေအားလုံးကိုထိန်းချုပ်ရန် လုံလောက်နေပြီဖြစ်သော်လည်း

ရီသားစုဝင်အားလုံးသည် ၎င်းတို့၏ ထိပ်တန်းအင်မော်တယ်ပစ္စည်းများကို ထုတ်ဖော်ပြသရန်ရည်ရွယ်ချက်မရှိချေ။ ပုံမှန်အားဖြင့် ထိပ်တန်းအင်မော်တယ်လက်နက်များကို ဝှက်ဖဲများအဖြစ်အသုံးပြုကြလိမ့်မည်။ ရန်သူများကို အံ့အားသင့်စေလောက်အောင်အရေးကြီးသော အခိုက်အတန့်တွင်မှ ၎င်းတို့သည်လက်နက်များကိုထုတ်ပြလိမ့်မည်ဖြစ်၏။

စုယန်သည် ဤအရင်းအမြစ်များအတွက် အခကြေးငွေပေးဆောင်ခဲ့ရသည်။ မကြာမီတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ရောက်ရှိလာသော ရီမိသားစုမှကျင့်ကြံသူများသည်ရာထူးတိုးသွားကြ၏။ သက်ရှည်ဂိုဏ်း၊ တာ့ယွီအင်ပါယာနှင့် အရွက်တစ်ထောင်ကျောင်းတော်တို့သည် အကြီးတန်းအရာရှိအသစ်များကိုရရှိခဲ့ကြ၏။ ၎င်းသတင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဂိတ်မှူးထံရောက်သွားသောအခါတွင် သူသည်စုယန်ကိုလေးစားသွားသည်။

စုယန်၏လုပ်နိုင်စွမ်းသည် သူထင်သည်ထက်ပင်ပိုမြင့်နေသည်။

သူမသည် အကြီးတန်းရာထူးသုံးခုကို အလွယ်တကူရယူနိုင်ခဲ့ကာ အရှေ့ဘက်တိုက်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏လွှမ်းမိုးမှုကိုတိုးမြင့်လာစေခဲ့သည်။ စုယန်သည် အခြားသူများကိုစိတ်ကျေနပ်စေရန်အတွက် အရင်းအမြစ်များစွာကိုအသုံးပြုခဲ့သော်လည်း ဂိတ်မှူးသည်၎င်းမှာ ထိုက်တန်သည်ဟုခံစားခဲ့ရသည်။ စုယန်ကိုတာဝန်ထပ်ပေးရမည့်အချိန်ရောက်ပြီဖြစ်သောကြောင့် ဂိတ်မှူးသည် စုယန်၏လုပ်အားပါဝင်မှုကို အထက်သို့ချက်ချင်းအစီရင်ခံလိုက်သည်။

အကယ်၍ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ကုမ္ပဏီတစ်ခုဖြစ်ပါက ၎င်းသည် စွမ်းဆောင်ရည်အတွက်ဆုလာဘ်နှင့်ပြစ်ဒဏ်ပေးသည့် ပွင့်လင်းမြင်သာသောကုမ္ပဏီကောင်းတစ်ခု ဖြစ်လာမည်မှာသေချာသည်။ မကြာမီတွင် ၎င်းတို့သည်စုယန်ကို ဆုလာဘ်များထုတ်ပေးလာ၏။

စုယန်သည် အရှေ့ဘက်တိုက်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ဒုဂိတ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံရကာ သူမ၏စွမ်းအားသည် သိသိသာသာ တိုးလာခဲ့သည်။ ရာထူးတိုးခြင်းအပြင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် စုယန်ကိုများပြားလှသောဝိညာဉ်ပစ္စည်းများလည်း ချီးမြှင့်ခဲ့သေးသည်။

ရီမိသားစုသည် ထိပ်တန်းအင်မော်တယ်ပစ္စည်းအများအပြားရရှိရန် စီစဉ်ထား၏။ ထိပ်တန်းအင်မော်တယ်ပစ္စည်းများသည် ရီမိသားစု၏အင်အားကိုမြှင့်တင်ပေးသော်လည်း ၎င်းတို့၏ကျင့်ကြံမှုအဆင့်များအတွက်မကူညီပေးနိုင်ချေ။ တစ်ခြားတစ်ဖက်တွင် ထိပ်တန်းအင်မော်တယ်ဆေးလုံးများဖြင့် ရီမိသားစု၏အင်အားသည် အရှိန်အဟုန်ဖြင့်ဆက်လက်မြင့်တက်လာသည်။

"စနစ်၊ စုစည်းလိုက်ပါ!"

လေထုထဲတွင် ရီဖန်၏ခန္ဓာကိုယ်အတွင်းမှ ကျင့်ကြံမှုလှိုင်းများထွက်ပေါ်လာသည်။ ပျက်ဆီးခြင်းကမ္ဘာ၏ မဟာတာအိုမှပေါင်းစပ်ထားသော အင်မော်တယ်အမြစ်ပေါ်တွင်ပန်းအဖူးလေးတစ်ခုသည် တဖြည်းဖြည်းပေါ်လာသည်။ ဤပန်းပွင့်များပွင့်လာသောအခါတွင် ရီဖန်သည် တာအိုသစ်သီးကိုပေါင်းစပ်ပြီးနောက် ရွှေအင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်နိုင်လိမ့်မည်ဖြစ်သည်။ ကြယ်တာရာအင်မော်တယ်၏နှောင်းပိုင်းအဆင့်နောက်တွင် ရွှေအင်မော်တယ်နယ်မြေသည်မဝေးတော့ချေ။

ရွှေအင်မော်တယ်အဆင့်ကိုဖြတ်ကျော်ပြီးသည်နှင့် သူသည်စတုရန်းလက်မတောင်၏ တပည့်ဖြစ်လာနိုင်၏။

သူ၏ယခင်ဘဝဒဏ္ဍာရီများမှ ဗောဓိဘိုးဘေး၏ဖော်ပြချက်ကိုပြန်စဉ်းစားရင်း ရီဖန်သည်သူ၏သွေးများဆူပွက်လာသလို ခံစားလိုက်ရသည်။ စတုရန်းလက်မတောင်တွင် စွန်းဝူခုန်းဟုခေါ်သော စီနီယာအစ်ကိုတစ်ယောက်ရှိသလားဟုပင် သူတွေးမိသည်။ ‘နေပါဦး’ စွန်းဝူခုန်း!

ရီဖန်သည် သူအချို့အရာများကိုလျစ်လျူရှုထားမိကြောင်း သဘောပေါက်လိုက်သည်။

အကယ်၍ ဗောဓိဘိုးဘေးသည်အမှန်တကယ်ရှိလျှင် ကြယ်ပြာဒဏ္ဍာရီရှိ အခြားနတ်ဘုရားများလည်းရှိမည်လား။ လူသား၊ စုန်း၊နှင့် နတ်ဆိုးမျိုးနွယ်စုများအားလုံး ပေါ်ထွက်လာပြီဖြစ်သည်။ ချင်းဘိုးဘေးသုံးပါး၊ ဖူရှီနှင့် နူဝါကဲ့သို့သောတည်ရှိမှုများသည်လည်း အမှန်တကယ် ရှိပါသလား။ ဒဏ္ဍာရီများသည် ဒဏ္ဍာရီတစ်ခုသာဖြစ်သလား။ ကောင်းကင်များနှင့် ကြယ်ပြာအစုအဝေးတို့၏ကြားရှိ ဆက်စပ်မှုသည်အဘယ်နည်း။

ရီဖန်သည် ဤအရာအားလုံးသည် တိုက်ဆိုင်မှုတစ်ခုမျှသာမဟုတ်ဟုခံစားခဲ့ရကာ တောရိုင်းကမ္ဘာသညိအမှန်တကယ်တည်ရှိသလား စသည်ဖြင့် မေးခွန်းများစွာကိုတွေးတောမိသည်။ နှမြောစရာကောင်းသည်မှာ ရီဖန်၏လက်ရှိကျင့်ကြံမှုအဆင့်သည် နိမ့်လွန်းသောကြောင့် ကမ္ဘာကြီး၏ပဟေဠိများကို နားလည်မှုသည်လည်းနည်းပါးနေသေးသည်။

စတုရန်းလက်မတောင်သို့ဝင်ရောက်ပြီးနောက်တွင်တော့ သူလိုချင်သောအဖြေများရနိုင်ပါ၏။

ရက်အတော်အတန်ကြာပြီးနောက် ချန်ကျင်းဆေးခန်း၏လုပ်ငန်းများကို အရွက်တစ်ထောင်ဆေးခန်းသို့ အပြည့်အဝလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်ကာ အရှေ့ဘက်တိုက်တစ်ခုလုံးကိုဖြန့်ကျက်နိုင်ခဲ့သည်။

ချန်ကျင်းဆေးခန်းနှင့်ပေါင်းစည်းခြင်းရလဒ်အဖြစ် အရှေ့ဘက်တိုက်နယ်မြေမှကျင့်ကြံသူများသည် တော်ဝင်စီးပွားရေးအင်ပါယာဖြစ်သည့် မဟာတာ့ယွီအင်ပါယာသည် အရွက်တစ်ထောင်ဆေးခန်း၏ ကျောထောက်နောက်ခံဖြစ်ကြောင်းသဘောပေါက်သွားကြ၏။ ၎င်းသည် အရွက်တစ်ထောင်ဆေးခန်း၏ဂုဏ်သတင်းကို အထွတ်အထိပ်သို့မြှင့်တင်ပေးကာ ဤယုံကြည်စိတ်ချရသောဆေးခန်းကိုရွေးချယ်ရန်အတွက် ကျင့်ကြံသူများကိုပိုမိုဆွဲဆောင်နိုင်ခဲ့သည်။

ထိပ်တန်းအင်မော်တယ်လက်နက်များအပါအဝင် ပုံမှန်မဟုတ်သောရတနာအားလုံးနှင့် အရင်းအမြစ်များကို အရွက်တစ်ထောင်ဆေးခန်းတွင် ဝယ်ယူနိုင်သောကြောင့် များပြားလှသောကျင့်ကြံသူများသည် ဆေးခန်းကို လာရောက်ကြည့်ရှုခြင်းကိုနှစ်သက်ကြသည်။ ၎င်းတို့သည် ပစ္စည်းများကို မတတ်နိုင်သော်လည်း ထိပ်တန်းအင်မော်တယ်ပစ္စည်းများနှင့် အင်မော်တယ်ဆေးလုံးများကိုကြည့်ရှုခြင်းသည် အနည်းဆုံးလှုံ့ဆော်မှုပုံစံတစ်ခုဖြစ်လာလိမ့်မည်။ ၎င်းတို့သည် အရွက်တစ်ထောင်ဆေးခန်းသို့ လာရောက်လည်ပတ်ကြမည်ဆိုလျှင် လက်ထဲတွင်လိုအပ်သောအရင်းအမြစ်အချို့ကို ဝယ်ယူနိုင်မှသာအဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်လား။ ထိူ့ကြောင့် အရွက်တစ်ထောင်ဆေးခန်၏အမြတ်ငွေသည် သိသိသာသာတိုးလာပြန်သည်။

အနည်းဆုံးလက်ရှိအဆင့်တွင် ရီမိသားစု၏ကျင့်ကြံသူများသည် အရင်းအမြစ်နည်းပါးခြင်းကြောင့် ၎င်းတို့၏ ကျင့်ကြံမှုအရှိန်ကို လျှော့ချရန်မလိုအပ်တော့ချေ။ ချို့တဲ့ရန်ပင်ဝေးစွ ရီမိသားစုသည်ယခုအခါတွင် အရင်းအမြစ်များကိုအသုံးချနိုင်သည်ထက် ပိုမိုများပြားနေသေးသည်။

"ဂုဏ်ယူပါတယ်၊ အရွက်တစ်ထောင်ဆေးခန်းကို အရှေ့ဘက်တိုက်နယ်မြေမှာတည်ထောင်ထားပြီးသွားလို့ မိသားစုစွမ်းအားတန်ဖိုး အမှတ်၃၀၀၀၀ ထပ်ပေါင်းထည့်လိုက်ပါပြီ"

"ဂုဏ်ယူပါတယ် သခင်၊ ရေရှည်တာဝန်ဖြစ်တဲ့ မိသားစု စွမ်းအားအဆင့်တစ်ဆယ်ကိုပြီးမြောက်သွားလို့ ဆုလာဘ်ထုတ်ယူနိုင်ပါပြီ”

စုစုပေါင်းစွမ်းအားအမှတ် ၁၀၀၀၀၀ ရရှိရန်လိုအပ်သော မိသားစုစွမ်းအားအဆင့်တစ်ဆယ်ဖြစ်သည့် ရေရှည်တာဝန်သည် ယခုအခါပြီးမြောက်သွားပြီဖြစ်၏။

“စနစ်၊ ဆုငွေထုတ်လိုက်ပါ”

"မိသားစုသွေးမျိုးဆက် ၅၀၀၀၀ကိုဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

ရီဖန်မှန်းထားသည့်အတိုင်းမှန်ကန်စွာ နောက်ထပ်ဆုငွေသည် အမှန်တကယ်ပင်မိသားစုသွေးမျိုးဆက်ဖြစ်၏။ ရီဖန်၏လက်ရှိအင်အားနှင့်ပင်လျှင် သူ့ခန္ဓာကိုယ်အတွင်း၌ အပူများစတင်လည်ပတ်လာသည်ကိုခံစားလိုက်ရ၏။ ရီဖန်၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက်စွမ်းအားတစ်ခုထွက်ပေါ်လာပြီးနောက် သူ့ကိုယ်ပိုင်သွေးမျိုးဆက်ကို အဆင့်မြှင့်တင်လိုက်သည်။

အဇူရာနဂါးသွေးမျိုးဆက်သည် မော်တယ်သွေးကြောတစ်ခုမျှသာဖြစ်သော်လည်း ယခုအခါတွင် ၎င်းသည်စတင်အသွင်ပြောင်းလာပြီဖြစ်၏။ ရှေးဟောင်းရောင်ဝါတစ်ခုသည် သွေးမျိုးဆက်အတွင်းပိုင်း၌နက်ရှိုင်းစွာ မွေးဖွားလာခဲ့ကာ ၎င်းသည် ရှေးဟောင်းအဇူရာနဂါးသွေးမျိုးဆက်ပင်ဖြစ်သည်။

…………………..

အခန်း ၂၀၀ - အဇူရာနဂါးလေးမွေးဖွားလာခြင်း၊ သန့်စင်သော ရှေးဟောင်းနဂါးမျိုးနွယ်စု သွေးမျိုးဆက်

ရှေးဟောင်းအဇူရာနဂါးသည် အရွယ်ရောက်လာလျှင် အင်မော်တယ်ဘုရင်အဆင့်နှင့်ညီမျှသည်။ အင်မော်တယ်နယ်မြေအတွင်းပင်လျှင် ၎င်းကိုအင်မော်တယ်မွန်းစတားများ၏ အထွတ်အထိပ်အဖြစ်သတ်မှတ်ကြကာ နဂါးများအားလုံးထဲတွင် အဇူရာနဂါးသည်အဆင့်အမြင့်ဆုံးဖြစ်၏။

ရီမိသားစုသည် ရှေးဟောင်းနဂါးသွေးမျိုးဆက်ကိုပိုင်ဆိုင်ထားကာ ၎င်းတို့၏သွေးမျိုးဆက်စွမ်းအားကိုအမှီပြု၍ အင်အားကြီးမျိုးနွယ်စုတစ်ခုဖြစ်လာရန် အခွင့်အရေးရှိသည်။

‘အဇူရာနဂါးအသွင်ပြောင်းခြင်း’ အကြောင်းတွေးလိုက်ရုံဖြင့် ရီဖန်၏ခန္ဓာကိုယ်သည် စိမ်းပြာရောင်နဂါးအဖြစ်ချက်ချင်းပြောင်းလဲသွားသည်။

ရီဖန်၏ခန္ဓာကိုယ်အတွင်းမှ အဇူရာနဂါးသွေးမျိုးဆက်စွမ်းအားပေါက်ကွဲထွက်လာကာ အနှိုင်းမဲ့အင်အားကိုပေးစွမ်းနေသည်။ ရီဖန်သည် သူ၏ခြေသည်းများကိုဆန့်ထုတ်ကြည့်လိုက်ပြီးနောက် ရွှေအင်မော်တယ်စွမ်းအားသည်ပင် ကြီးမားသောပြဿနာမဖြစ်နိုင်တော့ဟူ၍တွေးတောလိုက်သည်။ သို့သော် ရီဖန်သည်သူ့အတွင်းရှိ သွေးမျိုးဆက်စွမ်းအားခမ်းခြောက်သွားသည်ကို ခံစားမိသည်အထိအချိန်မကြာမြင့်ကာ ၎င်းသည်ကြာရှည်ခံခြင်းမရှိသေးပေ။

အဇူရာနဂါးစွမ်းအားသည် အလွန်ကောင်းမွန်သော်လည်း ကြာရှည်မခံသေးဘဲရှိသည်။ ၎င်း၏ခံနိုင်ရည်ကိုမြှင့်တင်ရန်အတွက် သွေးမျိုးဆက်၏သိပ်သည်းမှုကိုတိုးမြှင့်ရန်လိုအပ်သည်။

သို့သော် ရီဖန်သည်အချိန်ခဏကြာတိုးမြှင့်ထားနိုင်သောကြောင့်

၎င်း၏သွေးမျိုးဆက်စွမ်းအားသည် သိသိသာသာတိုးလာနိုင်ကာ သူ၏တိုက်ပွဲကြာချိန်ကိုမြှင့်တင်ပေးနိုင်သည်။ သူသည်နောက်ထပ် အလွန်ကောင်းမွန်သောဝှက်ဖဲကိုရရှိလိုက်၏။

ရီဖန်သည် အဇူရာနဂါးအသွင်ပြောင်းခြင်းကို ကမ္ဘာ့စွမ်းအားနှင့်ပေါင်းစပ်လိုက်ပါက နက်နဲအင်မော်တယ်တစ်ဦးနှင့်တိုက်ရိုက် ယှဉ်တိုက်နိုင်မလားဟုတွေးနေမိသည်။ ရီဖန်သည် နက်နဲအင်မော်တယ်၏စွမ်းအားကို တစ်ခါမှမမြင်ဖူးသော်လည်း သူ၏ခန့်မှန်းချက်များအရ သူသည်ရွှေအင်မော်တယ်ဘုံသို့တရားဝင်မဖြတ်ကျော်နိုင်မချင်း ၄င်းနှင့်မယှဉ်နိုင်သေးပေ။

ရီဖန်၏စွမ်းအားရရှိလာချိန်တွင် ရီမိသားစုမှကျင့်ကြံသူများအတွင်းရှိ သွေးမျိုးဆက်စွမ်းအားသည်လည်း သိသိသာသာ တိုးလာသည်။ ရီမိသားစုမှ ကျင့်ကြံသူများသည် ဤအပြောင်းအလဲများကိုကျင့်သားရနေသည်မှာကြာပြီဖြစ်သောကြောင့် ၎င်းတို့၏အကြီးအကဲသည် နောက်ထပ်စွမ်းအားတိုးမြှင့်လာခြင်းဖြစ်ကြောင်းသိရှိကြ၏။ ၎င်းတို့၏အကြီးအကဲ ပိုမိုအားကောင်းလေ၊ ရီမိသားစုပိုအားကောင်းလေဖြစ်သည်။ ယခုအခါ ရီမိသားစုတွင် ကျင့်ကြံသူအများအပြားရှိသည်။ တစ်ဦးချင်းစီကိုအပြင်သို့ခေါ်ဆောင်သွားလျှင်ပင် လူတိုင်းသည်မိမိတို့ကိုယ်တိုင်ရပ်တည်နိုင်ကြ၏။

ကျင့်ကြံချိန်တိုတောင်းသောကြောင့် ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် လုံလောက်မှုမရှိသေးသော်လည်း

အစွမ်းထက်သောကျင့်ကြံသူလေးသောင်းကျော် တစ်ပြိုင်တည်းပေါ်ထွက်ချိန်ကိုစောင့်ကြည့်ပါ။ ချန်မင်ကမ္ဘာရှိမည်သည့်အရာက ၎င်းတို့ကိုတားဆီးနိုင်မည်နည်း။

………

ရီမိသားစုမှကျင့်ကြံသူများအပြင် မိုင်ပေါင်းများစွာကွာဝေးသောမြောက်ပင်လယ်၌၊

မြောက်ပင်လယ်နဂါးမျိုးနွယ်စုရှိ နဂါးနီသွေးမျိုးဆက်အတွင်းတွင် နဂါးနီလေးသည် မျိုးဆက်မွေးဖွားတော့မည်ဖြစ်သည်။ နဂါးနီလေးသည် ရီကျင်းစန်နှင့် လက်ထပ်ခဲ့သည်မှာနှစ်ရာနှင့်ချီနေပြီဖြစ်သော်လည်း ကျင့်ကြံမှုအဆင့်မြင့်လေမျိုးဆက်ရရှိရန် ပိုခက်လေဖြစ်သည့်အပြင် ၎င်းတို့နှစ်ဦးစလုံးအတွင်းတွင် နဂါးမျိုးနွယ်စုသွေးမျိုးဆက်ရှိနေဆဲဖြစ်၏။ အားလုံးသိထားသည့်အတိုင်း နဂါးမျိုးနွယ်စုတွင် မျိုးဆက်ရရှိရန်မှာအလွန်ခက်ခဲသည်။ အကြောင်းရင်းများစွာကြောင့် နဂါးနီလေးသည် ယခုအချိန်မှသာ သားဦးကိုရရှိခဲ့၏။

"ထွက်လာပြီ၊ ထွက်လာပြီ"

နဂါးနီလေး၏ကြိုးစားအားထုတ်မှုကြောင့် နောက်ဆုံးတွင် နဂါးဥတစ်လုံးကိုမွေးဖွားလာခဲ့သည်။

သို့သော် နဂါးနီအားလုံးအံ့အားသင့်သွားသည်မှာ ၎င်းဥသည် အနီရောင်ဘဲ အစိမ်းရောင်ဖြစ်နေ၏။

နဂါးနီမျိုးနွယ်စု၏ဥများသည် သေချာပေါက်အနီရောင်ဖြစ်သင့်သည်။ လူသားမျိုးနွယ်မှရီကျင်းစန်သည် နဂါးနီလေး၏ နဂါးမျိုးနွယ်စုသွေးမျိုးဆက်ကိုဖိနှိပ်နိုင်ကာ နဂါးဥ၏အရောင်ကို ပြောင်းလဲနိုင်မည်ဟုမထင်ကြချေ။ ၎င်းကိုတွေးပြီးနောက် သားဖွားပေးသည့်နဂါးနီသည် ရီကျင်းစန်ကို အမူအရာပြောင်းပြီးကြည့်လိုက်ကာ ၎င်းအကြည့်တွင် ကိုယ်ချင်းစာမှုနှင့် သနားမှုတို့ရောယှက်နေ၏။

ရီကျင်းစန်သည် ၎င်းတို့နဂါးနီမျိုးနွယ်စုမှ အသိအမှတ်ပြုထားသော ၎င်းတို့၏သားမက်ဖြစ်သောကြောင့် ဤအဖြစ်အပျက်မျိုးသည် နဂါးနီမျိုးနွယ်စုကို အရှက်ရစေသည်။ သို့သော် နဂါးနီလေးသည် နဂါးသွေးမျိုးဆက်ကိုအမွေဆက်ခံထားသောကြောင့် သူမ၏အဆင့်အတန်းသည် သာမန်နဂါးနီများထက်များစွာသာလွန်သည်။ ထို့ကြောင့် ၎င်းတို့သည် နဂါးနီလေး၏လုပ်ရပ်ကိုဝေဖန်ပိုင်ခွင့်မရှိဘဲ ရီကျင်းစန်ကိုသာ သနားစိတ်ဖြင့်ကြည့်နေနိုင်၏။

ဤမျှချောမောသောလူငယ်လေးသည် သနားစရာပင်။ ၎င်းတို့လမ်းခွဲလိုက်လျှင် ၎င်းတို့သမီးများကို ရီကျင်းစန်နှင့်မိတ်ဆက်ပေးရမည်။ နဂါးမျိုးနွယ်စု၏ အလှတရားစံသတ်မှတ်ချက်သည် လူသားမျိုးနွယ်နှင့် အတော်လေးဆင်တူသည်။ လူသားများကြားတွင် ချောမောသူဟုယူဆနိုင်သောရီကျင်းစန်ကို နဂါးမျိုးနွယ်စု၏အလှတရားအမြင်တွင်လည်း ချောမောသူတစ်ဦးအဖြစ်ရှုမြင်ကြသည်။ ရီကျင်းစန်သည် အခြားသူများ၏အပြုအမူကိုဂရုမစိုက်ဘဲ နဂါးဥလေးကို စိတ်လှုပ်ရှားစွာစိုက်ကြည့်နေသည်။ သူယခု ကလေးလေးရတော့မည်။ ရီမိသားစုတတိယမျိုးဆက်မှ ရီကျင်းယွင်လျှင် သူ့ကိုယ်ပိုင်ကလေးတစ်ယောက်ရှိသည်။ အံ့ဩစရာကောင်းစွာဖြင့် အကြီးဆုံးအစ်ကိုရီကျင်းစန်သည် ယခုမှသာ ၎င်း၏ပထမဆုံးသွေးသားကိုနှုတ်ဆက်ရခြင်းဖြစ်၏။

ရီမိသားစုဝင်အားလုံးသည် မျိုးဆက်ကိုပြင်းပြစွာတောင့်တခဲ့ကြသည်။ ၎င်းသည် ရီဖန်ထံမှစတင်ခဲ့ခြင်းဖြစ်၏။ သို့မဟုတ်ပါက ယနေ့ရီမိသားစုရှိစွမ်းအားကြီးကျင့်ကြံသူများ၏ မျိုးဆက်အရေအတွက်သည် ဤမျှလျင်မြန်စွာ တိုးလာမည်မဟုတ်ချေ။ လုံလောက်သည့်အားထုတ်မှုမရှိပါက ၎င်းတို့ထံတွင် ယခုရှိသည့်မျိုးဆက်အရေအတွက်ထက် တစ်ဝက်မျှပင်လျော့နည်းနေနိုင်၏။ မျိုးဆက်မွေးထုတ်ခြင်းနှင့်ပက်သက်လျှင် ရီမိသားစုသည် သက်ရှည်ကမ္ဘာတစ်ခုလုံးတွင် အလုပ်အကြိုးစားဆုံးဖြစ်သည်ဟုပင်ဆိုနိုင်သည်။

နဂါးနီလေးသည် လူသားပုံစံသို့ ပြန်ပြောင်းသွားပြီးနောက် သူမ၏ဥလေးကို သတိထားကာစောင့်ကြည့်နေသည်။ နဂါးနီကလေးသည် နဂါးဥကအစိမ်းရောင်ရှိနေခြင်းကို ထူးဆန်းသည်ဟုမမြင်ခဲ့ချေ၊ အခြားသူများသည် ၎င်း၏ နဂါးနီစွမ်းအားသတိပြုမိကြမည်ဖြစ်သော်လည်း နဂါးနီလေးသည် ရီကျင်းစန်အတွင်းရှိ အဇူရာနဂါးသွေးမျိုးဆက်သည် ၎င်း၏ကိုယ်ပိုင် နဂါးသွေးမျိုးဆက်ကိုသာလွန်သွားကြောင်းသိလိုက်သည်။ ထို့အပြင်အနေအထားအရ အဇူရာနဂါးသည် နဂါးနီထက်ပင်သာလွန်၏။ ထို့ကြောင့် အဇူရာနဂါးသွေးမျိုးဆက်ရှိသည့် မျိုးဆက်တစ်ဦးမွေးဖွားခြင်းသည် မှားယွင်းခြင်းမရှိချေ။ ထိုအချိန်တွင် နဂါးဥသည်ပြင်းထန်စွာတုန်ခါမှုနှင့်အတူ ကြွယ်ဝသောသွေးမျိုးဆက်စွမ်းအားနှင့် နဂါး၏စွမ်းအားကိုထုတ်လွှတ်လာသည်။

အနီးနားရှိ နဂါးနီမျိုးနွယ်စုအဖွဲ့ဝင်များသည်ဥထံမှ နဂါး၏စွမ်းအားကိုခံစားလိုက်ရသည်နှင့်တပြိုင်နက် အားနည်းသွားကြသည်။ ဤဥသည် ကျင့်ကြံမှုအဆင့်လုံးဝမရှိသေးသည့်တိုင် ၎င်း၏နဂါးစွမ်းအားနှင့်တည်ရှိမှုသည် ၎င်းတို့ကိုဖိနှိပ်ထားသည်ဟုခံစားရသည်။ နဂါးနီမျိုးနွယ်စုအဖွဲ့ဝင်အချို့သည် အကြည့်ချင်းဖလှယ်ကြကာ ၎င်းတို့၏မျက်လုံးများသည် ထိတ်လန့်မှုနှင့် ပြည့်နှက်နေ၏။ နဂါးနီလေးနှင့် ရီကျင်းစန်တို့မှ မွေးဖွားလာသောသွေးသား၏ နဂါးသွေးမျိူးဆက်သည် မည်မျှအစွမ်းထက်သနည်း။ ၎င်းတို့၏မြောက်ပင်လယ်နဂါးမျိုးနွယ်စု မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ၎င်း၏သွေးမျိုးဆက်စွမ်းအားဖြင့် ၎င်းတို့ကိုဖိနှိပ်ထားနိုင်စွမ်းမရှိပေ။ နဂါးမျိုးနွယ်စုသည် ထိတ်လန့်သွားကြ၏။

နူးညံ့သောနဂါးဟောက်သံနောက်တွင် နဂါးဥသည်အက်ကွဲသွားကာ ဥအတွင်းမှ သေးငယ်သောဦးခေါင်းလေးထွက်လာကာ ထို့နောက်တွင် ခြေလက်လေးများထွက်ပေါ်လာသည်။ နဂါးပုံသဏ္ဍာန်ဘဲ လူသားကလေးအသွင်နှင့်ဖြစ်သည်။ တစ်ခုတည်းသောချွင်းချက်မှာ ဤကလေးသည်၎င်း၏ခေါင်းပေါ်တွင် နဂါးချိုနှစ်ချောင်းရှိနေခြင်းပင်။ ဥခွံထဲမှတွားသွားထွက်ခါပြီးနောက် အဇူရာနဂါးလေးသည် ဥခွံ၏အပိုင်းအစများကို လက်လှမ်းယူကာ သူ့ပါးစပ်ထဲသို့တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ အဇူရာနဂါးလေးသည် ဥခွံကိုကိုက်စားနေရင်း ၎င်း၏ကျင့်ကြံမှုအဆင့်တိုးမြင့်လာ၏။

နောက်ဆုံးဥခွံကိုစားပြီးနောက် အဇူရာနဂါး၏ ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်မြေ၏ အစောပိုင်းအဆင့်သို့ရောက်ရှိသွားခဲ့သည်။ ၎င်းသည် ယခုမှမွေးဖွားခဲ့သော်လည်း ၎င်း၏ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည်အလွန်ကြောက်စရာကောင်းလှ၏။

"ဖေဖေ၊ မေမေ!"

စားသောက်ပြီးသည်နှင့် အဇူရာနဂါးလေးသည် ရီကျင်းစန်နှင့်နဂါးနီလေးကိုကြည့်လိုက်သည်။ ထို့နောက် အားကိုးတကြီးဖြင့် ၎င်းတို့ထံချက်ချင်းပျံတက်သွား၏။ အဇူရာနဂါးလေးသည် ၎င်းတို့သည်သူ၏မိဘများဖြစ်ကြောင်း နားလည်နိုင်သည်။ လူသားတစ်ပိုင်း၊နဂါးတစ်ပိုင်းကို ဤအဖွဲ့အစည်းတွင် စွမ်းရည်နိမ့်သည်ဟုယူဆထားသောလည်း ၎င်းသည် အဇူရာနဂါးလေးနှင့်သက်ဆိုင်ပုံမပေါ်ချေ။ အဇူရာနဂါးလေး၏ စွမ်းရည်သည်ဆိုးသည်နှင့်ဆန့်ကျင်ဘက် အလွန်ကောင်းမွန်၏။

"ကလေးလေး၊ အခုကစပြီး မင်းကိုရီရှင်းလုံလို့ခေါ်မယ်"

"ရီရှင်းလုံ၊ သားက ရီရှင်းလုံ!"

အဇူရာနဂါးလေးသည် သူ့နာမည်ကိုအလွန်ကျေနပ်ပုံရကာ စိတ်လှုပ်ရှားစွာနှင့် ၎င်းတို့လက်ထဲမှပျံထွက်သွားသည်။ ထို့နောက် နူးညံ့သောနဂါးနက်ဟိန်းဟောက်သံနှင့်အတူ အဇူရာနဂါးလေးသည်ချက်ချင်းပင် အဇူရာနဂါးအဖြစ်သို့ပြောင်းလဲသွားကာ ကောင်းကင်တွင်ပျံသန်းနေ၏။ ရီရှင်းလုံသည် အဇူရာနဂါးအဖြစ်ပြောင်းလဲသွားပြီးနောက် နဂါးစွမ်းအားသည်လည်း အဆမတန်တိုးပွားလာသည်။ အနောက်ပင်လယ်နဂါးမျိုးနွယ်၏နယ်မြေအထက်လေထုထဲတွင် နဂါးမျိုးနွယ်စုတစ်ခုလုံး၏ သွေးမျိုးဆက်ကို နက်ရှိုင်းစွာလှုံ့ဆော်ပေးသကဲ့သို့ ခံစားရသည့်ရောင်ဝါတစ်ခုထွက်ပေါ်လာသည်။

၎င်းကြောင့် အနောက်ပင်လယ်နဂါးမျိုးနွယ်စုတစ်ခုလုံးချက်ချင်း တုန်လှုပ်သွား၏။ ဤရောင်ဝါသည်ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်၊ သန့်စင်သောရှေးဟောင်းနဂါးမျိုးနွယ်စုဝင်၏ ရောင်ဝါဖြစ်သည်။ သွေးသန့်ရှေးနဂါးမျိုးနွယ်ဝင်တစ်ဦးသည် အနောက်ပင်လယ်နဂါးမျိုးနွယ်တွင် မည်သည့်အချိန်ကတည်းကပေါ်လာသနည်း။

………………..

အခန်း ၂၀၁ - မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ နဂါးသားတော်

လက်ရှိပင်လယ်နဂါးလေးခုတွင် သွေးသန့်ရှေးနဂါးများသည် ဒဏ္ဍာရီပုံပြင်များသာဖြစ်သောကြောင့် သွေးသန့်ရှေးနဂါးတစ်ကောင်ရုတ်တရက်ပေါ်လာခြင်းသည် ၎င်းတို့ကိုတုန်လှုပ်သွားစေခဲ့၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အိုးလီသည် နယ်မြေအထက်တွင် လျင်မြန်စွာပေါ်လာကာ နယ်မြေတစ်ခုလုံးကို သူ၏စိတ်ဝိညာဉ်ဖြင့်ခြုံကြည့်လိုက်ကာ မကြာမီတွင် နဂါးနီမျိုးနွယ်စုနယ်မြေမှရောင်ဝါထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိလိုက်ရသည်။ နဂါးနီမျိုးနွယ်စု၏နယ်မြေအတွင်းတွင် သွေးနှောနဂါးနီတစ်ကောင်ရှိနေကြောင်းသူသိ၏။

နဂါးနီသည်ပုံမှန်မဟုတ်သည့် ကြုံတွေ့မှုတစ်ခုခုကြောင့် ၎င်း၏သွေးမျိုးဆက်သည် ရှေးနဂါးအဖြစ်လုံးဝပြောင်းလဲသွားခြင်း ဖြစ်နိုင်ပါသလား။ သို့သော် ၎င်းသည်မဖြစ်နိုင်ချေ။ ရှေးနဂါးရောင်ဝါသည် နဂါးနီနှင့်သက်ဆိုင်သည်ထက် ၎င်းတို့၏မျိုးနွယ်စုရှိတန်ခိုးအကြီးဆုံးနဂါးများထဲမှ တစ်ခုဖြစ်သည့် အဇူရာနဂါးနှင့်သက်ဆိုင်ပုံရသည်။ အလင်း၏အလျင်ဖြင့် အိုးလီသည် နဂါးနီမျိုးနွယ်စု၏ နယ်မြေအထက်သို့ရောက်ရှိလာကာ ကောင်းကင်ယံ၌လွတ်လွတ်လပ်လပ်ကူးခတ်နေသော အဇူရာနဂါးလေးကိုတွေ့လိုက်ရ၏။ ၎င်းသည် မွေးခါစအဇူရာနဂါးလေးဖြစ်သည်။

အိုးလီသည်အံ့ဩလွန်းသဖြင့် ပါးစပ်ပိတ်ရန်ပင် မေ့သွားခဲ့သည်။ မူလကသူသည် မျိုးနွယ်စုဝင်တစ်ဦး ၎င်းတို့၏သွေးမျိုးဆက်ကိုနိုးကြားစေခဲ့သည်ဟုထင်ထားသော်လည်း ၎င်းသည်မွေးခါစနဂါးကလေးဖြစ်နေရန်ကိုမူမမျှော်လင့်ခဲ့ပေ။ နောက်ပိုင်းတွင်ရှေးနဂါးဖြစ်လာရန်အတွက် သွေးမျိုးဆက်အသွင်ပြောင်းသောနဂါးများနှင့် ဆန့်ကျင်ဘက်အနေဖြင့် ရှေးနဂါးသွေးမျိုးဆက်ဖြင့်မွေးဖွားလာသော နဂါးလေးသည် ပို၍အလားအလာကောင်းမည်မှာသေချာ၏။

ဤနဂါးနီလေးသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကမွေးဖွားတော့မည်ဖြစ်ကြောင်းသိရှိခဲ့ရသည်။ နဂါးမျိုးနွယ်စုရှိ မကြာမီမွေးဖွားလာမည့် နဂါးကလေးတိုင်းကို သတင်းပို့ရမည်ဖြစ်သောကြောာင့် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူအိုးလီသိရှိခြင်းမှာ သဘာဝကျသည်။ သို့သော် နဂါးနီသွေးမျိုးဆက်သည် နဂါးနီလေးမဟုတ်လား? သူမသည် အဇူရာနဂါးကို မည်သို့မွေးနိုင်မည်နည်း။ သို့သော်လည်း အလွန်ဗဟုသုတရှိသောအိုးလီပင်လျှင် ၎င်းကိုနားလည်ရန်အခက်အခဲအချို့ရှိခဲ့သည်။

သွေးမျိုးဆက်ချို့ယွင်းချက်ကြောင့်ဖြစ်လျှင်ပင် ၎င်းသည်ပြင်းထန်လွန်း၏။

ခဏမျှ လှည့်ပတ်ပျံသန်းပြီးနောက် အဇူရာနဂါးလေးသည် နဂါးနီလေး၏လက်နှစ်ဖက်အတွင်းသို့ဝင်လာကာ စိတ်ဝင်တစား ပျောက်ကွယ်သွားကာ သမ်းဝေလျက်ငိုက်မျဉ်းလာသည်။ အဇူရာနဂါးလေး၏စွမ်းအားသည် လူ့အင်မော်တယ်ဘုံသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ၎င်းသည်အကောင်ပေါက်လေး၏အစာရှာခြင်းသာဖြစ်သည်။ နဂါးနီလေး၏မျက်နှာသည် မိခင်တစ်ဦး၏အငွေ့အသက်ဖြင့်တောက်ပနေကာ သူမသည်အဇူရာနဂါးလေးကိုအစာကျွေးရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အိုးလီသည်လည်း လူသားအသွင်ပြောင်းကာဆင်းသက်လာခဲ့၏။

"မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်!"

အိုးလီကိုမြင်သောအခါ နဂါးမျိုးနွယ်စုမှအဖွဲ့ဝင်အများအပြားသည် ချက်ချင်းပင် အရိုအသေပေးကြကာ နဂါးနီနှင့် ရီကျင်းစန်တို့ကလည်းဂါရဝပြုလိုက်ကြသည်။

"ဒီကလေးက မင်းရဲ့ကလေးလား"

အိုးလီသည် ရီကျင်းစန်နှင့် နဂါးနီတို့ကို ယဉ်ကျေးစွာမေးမြန်းလိုက်သည်။ နဂါးနီလေးသည် အံ့အားသင့်စွာဖြင့်ခေါင်းညိတ်ပြလိုက်ကာ ရီကျင်းစန်တစ်ဦးတည်းသာ ပုံမှတ်အတိုင်းရှိနေသည်။ အဇူရာနဂါးလေး၏စွမ်းရည်သည် အလွန်ကြီးမားသောကြောင့် နဂါးမျိုးနွယ်စု၏အာရုံကိုဖမ်းစားခြင်းမှ ရှောင်လွဲ၍မရချေ။ အိုးလီသည် နဂါးနီလေး၏ လက်နှစ်ဖက်အတွင်းမှ နဂါးပေါက်လေးကိုကြည့်ကာ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ရီကျင်းစန်သည် သူ၏စိတ်ရှုပ်ထွေးမှုကိုသိသော်လည်း နှုတ်ဆိတ်နေခဲ့သည်။

‘အဇူရာနဂါးအသွင်ပြောင်းခြင်း’

အစွမ်းထက်သောနဂါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်မှ ချက်ချင်းပေါက်ကွဲထွက်လာနိုင်သည်။ သူ၏သွေးမျိုးဆက်ကိုအဆင့်မြှင့်ပြီးနောက် ရီကျင်းစန်၏အဇူရာနဂါးသွေးမျိုးဆက်သိပ်သည်းမှုသည် ရှေးအဇူရာနဂါးအဆင့်သို့ရောက်ရှိသွား၏။

၎င်း၏သွေးမျိုးဆက်သည် နဂါးမျိုးနွယ်စုခေါင်းဆောင်အိုးလီထက်ပင် ပိုပြင်းထန်သေးသည်။ ရီကျင်းစန်၏တည်ရှိမှုသည် အိုးလီကိုပင်တုန်လှုပ်သွားစေသောကြောင့် အံ့ဩသွားသည။ ရီကျင်းစန်သည် လူသားမျိုးနွယ်မှမဟုတ်လား။ ၎င်းသည် ရုတ်တရက်နဂါးတစ်ကောင်မည်သို့ဖြစ်လာသနည်း။

ကောင်းကင်ဘုံလှည့်ဖျားခြင်းနှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းကျွမ်းကျင်မှုဖြင့် ရီကျင်းစန် ကိုယ်တိုင်ထုတ်မပြောပါက သူ၏လျှို့ဝှက်ချက်ကို မည်သူမျှရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်တွင် ရီကျင်းစန်သည် လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ်အမြဲရှိနေခဲ့သည်။

မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ယခုမှသာ၎င်းကိုသဘောပေါက်သွား၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုတွင် အပြင်းထန်ဆုံးသောသွေးမျိုးဆက်ရှိသည့်အဖွဲ့ဝင်သည် လူသားတစ်ဦးဖြစ်နေခြင်းပင်။

“မင်း၊ မင်းက.”

အိုးလီသည်အံ့ဩသွားသောကြောင့် စကားဆက်မပြောနိုင်တော့ချေ။

"ကျွန်တော်တို့ ရီမိသားစုမှာ အဇူရာနဂါးသွေးမျိုုးဆက်ရှိနေခဲ့တာပါ"

‘ဆိုတော့ ဒါကဒီလိုပေါ့!’

နဂါးနီသွေးမျိုးဆက်ရှိသည့်နဂါးနီလေးသည် ရှေးခေတ်နဂါးသွေးနှင့်အဇူရာနဂါးကိုမွေးဖွားပေးနိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။ နဂါးနီလေးသည် ရီကျင်းစန်ကို သစ္စာဖောက်ခဲ့ခြင်းမဟုတ်ဘဲ၊ ရီကျင်းစန်၏တည်ရှိမှုကြောင့် အဇူရာနဂါးလေးမွေးဖွားလာခြင်းဖြစ်သည်။ နဂါးနီမျိုးနွယ်စုမှအဖွဲ့ဝင်အများအပြားသည် ၎င်းတို့၏ ကနဦးယူဆချက်များအပေါ်အပြစ်ရှိသည်ဟု ခံစားလိုက်ရကာ ခေါင်းငုံ့သွားကြ၏။ ရီကျင်းစန်သည် ၎င်းတို့၏အတွေးများကိုဂရုမစိုက်ချေ။ သူ့ကလေး၏ သွေးမျိုးဆက်ပိုအားကောင်းလေ ပိုကောင်းလေဖြစ်သည်။

သို့သော် အဇူရာနဂါး၏တည်ရှိမှုသည် အိုးလီကို အနည်းငယ်စိတ်ပူပန်စေခဲ့သည်။ အဇူရာနဂါးငယ်သည် မြောက်ပင်လယ်နဂါးမျိုးနွယ်တွင်မွေးဖွားခဲ့သော်လည်း ၎င်းသည် ၎င်းတို့၏နဂါးများထဲမှမဟုတ်ဘဲ ရီမိသားစု၏ အဖွဲ့ဝင်ဖြစ်သည်။ ယခင်အချိိန်များအတိုင်းဆိုပါက အိုးလီသည်၎င်းကို မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦးဖြစ်လာစေရန် စိတ်အားထက်သန်စွာစီစဉ်နေလိမ့်မည်ဖြစ်သော်လည်း ရီကျင်းစန်၏စွမ်းအားကို မြင်ပြီးနောက်တွင်၎င်းသည် ထိုသို့မတွေးရဲချေ။ ထိုကဲ့သို့ အစွမ်းထက်သောသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် ရီကျင်းစန်သည် ရီမိသားစု၏အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ရမည်။ တစ်ဖက်တွင် ထိုကဲ့သို့အံ့အားသင့်ဖွယ် သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသော ရီမိသားစုကို လျှော့တွက်၍မရပေ။ ဤကိစ္စကြောင့် ပြဿနာဖြစ်လာပါက မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် အကျိုးအမြတ်ရမည်ထက်ဆုံးရှုံးရန်ပိုများ၏။

ထိုအခိုက်အတန့်တွင် အဘိုးအိုတစ်ယောက်သည် သူတို့အနားတွင်အရိပ်သဖွယ်ပေါ်လာ၏။ ရီကျင်းစန်နှင့် အခြားသူများသည် ထိုသူကို မည်သူမည်ဝါဖြစ်သည်ကို မသိကြသော်လည်း အိုးလီသည်အရိပ်မြင်သည်နှင့် ချက်ချင်းပင်လေးနက်စွာဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။

“ အဓိပတိအကြီးအကဲကို ဂါရဝပြုပါတယ်!"

၎င်းကိုကြားသည့်အခါ အားလုံးသည်ချက်ချင်းပင် အရိုအသေပေးလိုက်ကြ၏။ အထူးသဖြင့် နဂါးနီမျိုးနွယ်စုအဖွဲ့ဝင်အများအပြားသည် စိတ်လှုပ်ရှားစွာဖြင့်မြေပြင်ပေါ်တွင်ဝပ်တွားနေကြ၏။

အဓိပတိအကြီးအကဲသည် နဂါးမျိုးနွယ်စု၏စစ်မှန်သောအခြေခံအုတ်မြစ်နှင့်ဝှက်ဖဲတစ်ခုဖြစ်သည်။ နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲဖြစ်လာရန်အတွက် နက်နဲသောအင်မော်တယ်နယ်ပယ်သို့ရောက်ရှိရန် လိုအပ်သည်။ နက်နဲအင်မော်တယ်သည် ချန်မင်ကမ္ဘာတွင် အလွန်အင်အားကြီးလှ၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်ကို အနှောက်အယှက်ကင်းစွာဖြင့် ကြီးပွါးတိုးတက်စေခဲ့သည်မှာ ၎င်း၏စွမ်းအားကြောင့်ဖြစ်သည်။

“ဒီကလေးက အနာဂတ်မှာ ငါတို့ရဲ့မြောက်ပင်လယ်နဂါးမျိုးနွယ်စုရဲ့ နဂါးသားတော်ဖြစ်လာလိမ့်မယ်”

နဂါးသားတော်!

ထိုနေရာတွင်ရှိနေသူအားလုံးသည် သက်ပြင်းရှိုက်လိုက်မိကြ၏။

ပင်လယ်နဂါးမျိုးနွယ်စုတစ်ခုစီတွင် နဂါးသားတော်အတွက် ရာထူးတစ်ခုစီရှိသည်။ သို့သော် လုံလောက်သောအရည်အချင်းမရှိပါက နဂါးသားတော်နေရာကို မထိုက်တန်သူတစ်ဦးထံလက်ဆင့်ကမ်းခြင်းထက် နေရာလပ်သာထားကြသည်။ အဘယ်ကြောင့်ဆိုသော် နဂါးသားတော်ကိုပျိုးထောင်ခြင်းသည် မျိုးနွယ်စုတစ်ခုလုံး၏အရင်းအမြစ်များအားလုံးကို ပေါင်းစည်းကာ ၎င်းကိုကျင့်ကြံစေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်စုတွင် နဂါးသားတော်သည် နှစ်ထောင်ချီ၍မပေါိလာခဲ့ချေ။ ယခုအချိန်မှသာ နဂါးသားတော်တစ်ဖန်ပေါ်လာခြင်းဖြစ်၏။

မြောက်ပင်လယ်နဂါးမျိုးနွယ်မှ ထပ်မံရောက်ရှိလာသောအဖွဲ့ဝင်များသည် ရီကျင်းစန်နှင့် နဂါးနီတို့၏သားကို နဂါးသားတော်အဖြစ်သတ်မှတ်ကြောင်းကြားသောအခါ အားလုံးသည် မနာလိုစိတ်ဖြင့်ကြည့်နေကြ၏။ မနာလိုစိတ်အပြင် အနည်းငယ်လည်းတွန့်ဆုတ်နေသည်။ နဂါးမျိုးနွယ်စုအတွင်း၌ အမြဲသဟဇာတဖြစ်နေသည်မဟုတ်ပေ။ ရောင်စုံနဂါးများအားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင်အဖွဲ့ခွဲများရှိကာ ယခုအခါတွင် နဂါးနီမျိုးနွယ်စုသည် နဂါးသားတော်ရာထူးကိုရရှိပြီးဖြစ်သောကြောင့် အခြားသောနဂါးမျိုးနွယ်စုဠာနခွဲများအပေါ်ဆက်သပ်သည် လျော့နည်းသွားမည်ဖြစ်သည်။ ၎င်းကိုလက်ခံနိုင်ကြမည်မဟုတ်ပေ။

သို့သော်အဓိပတိအကြီးအကဲရှိနေသဖြင့် ၎င်းတို့၏ဆန့်ကျင်မှုကို ထုတ်ဖော်ဝံ့ခြင်းမရှိပေ။ အဓိပတိအကြီးအကဲ မထွက်သွားမီအထိ ၎င်းတို့အတွက်အကျိုးအမြတ်များစွာရရှိရန်မည်သို့လုပ်ဆောင်ရမည်ကို ကြံစည်ထားရမည်။

နဂါးသားတော်ဖြစ်ရန်မှာ မလွယ်ကူချေ။ အင်အားကြီးသောကျောထောက်နောက်ခံများမရှိပါက ၎င်းမကြီးထွားလာမီ အလွယ်တကူလဲကျနိုင်သည်။ ထို့ကြောင့် အရွယ်မရောက်သေးသောဆက်ခံသူသည် အရေးမပါလှပေ။

ရီကျင်းစန်သည် နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲသည် ဤမျှပြတ်သားစွာဖြင့် ရီရှင်းလုံကို နဂါးသားတော်အဖြစ်သတ်မှတ်ရန် မမျှော်လင့်ခဲ့သော်လည်း ရီကျင်းစန်ကိုယ်တိုင်လည်း မကန့်ကွက်ခဲ့ချေ။ နဂါးသားတော်ဖြစ်လာခြင်းအတွက် အကျိုးကျေးဇူးများစွာရှိလိမ့်မည်ဖြစ်ရာ အဘယ်ကြောင့်ကန့်ကွက်ရမည်နည်း။ နဂါးသားတော်အတွက်အန္တရာယ်များနှင့်ပတ်သက်ပါက ၎င်းတို့သည်ကျောထောက်နောက်ခံမရှိခြင်းမျိုးမဟုတ်ပေ။ အကယ်၍ ၎င်းတို့မထိန်းချုပ်နိုင်လျှင်ပင် နောက်ကွယ်၌ရီမိသားစုရှိနေဆဲဖြစ်၏။ ရီကျင်းစန်သည် ယခုတွင် ရီဖန်မည်မျှအစွမ်းထက်လာသည်ကို သေချာမသိသေးသော်လည်း ၎င်း၏အဖေအပေါ်ယုံကြည်မှုအပြည့်ရှိသည်။ သာ့လောင်ရွှေအင်မော်တယ်တစ်ဦးရှေ့တက်လာလျှင်ပင် သူ့အဖေကအနိုင်ယူနိုင်မည်မှာသေချာ၏။

…………………………

All Chapters