အခန်း ၂၀၂-၂၀၄
Vol. 14 Ch. 202-204
အခန်း ၂၀၂ - စိတ်ကူးထဲမှ မြောက်ပင်လယ်နဂါးမျိုးနွယ်စု
ရီမိသားစုအတွင်းရှိ ရီဖန်သည် နှာချေလိုက်၏။ အမှောင်ထဲရှိတစ်စုံတစ်ဦးသည် သူ့ကိုလုပ်ကြံရန်ကြံစည်နေသည်ဟုခံစားရသော်လည်း ၎င်းကိုပစ်မှတ်ထားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးသကဲ့သို့သာဖြစ်နေလိမ့်မည်။ နဂါးသားတော်သတ်မှတ်ခြင်းသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုအတွက် အရေးကြီးသောအရာတစ်ခုဖြစ်ရာ ထိုကိစ္စအတွက်သေချာပေါက်ကြေညာမည်ဖြစ်ကာ မြောက်ပင်လယ်နဂါးမျိုးနွယ်စုမှအခြားအဖွဲ့ဝင်များကိုလည်း နဂါးသားတော်အခမ်းအနားသို့ဖိတ်ကြားမည်ဖြစ်သည်။
အတိတ်ကဆိုလျှင် ရီမိသားစုသည်ဖိတ်ကြားစာတစ်ခုရရှိလျှင်ပင် အလွန်အရေးကြီးသည်ဟုယူဆမည်မဟုတ်ချေ။ ယခုတွင် မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရီမိသားစု၏အဆင့်အတန်းကိုမြှင့်တင်ပေးခဲ့သောကြောင့် နဂါးမျိုးနွယ်စုမှရွှေအင်မော်တယ်တစ်ဦးကိုယ်တိုင် ရီမိသားစုထံသွားရောက်ကာ ဖိတ်ကြားချက်ကိုပေးပို့ခဲ့သည်။
ရီမိသားစုနယ်မြေအတွင်းတွင် ရီဖန်သည် ရွှေအင်မော်တယ်ရောင်ဝါများ လျင်မြန်စွာချဉ်းကပ်လာသည်ကိုခံစားလိုက်ရသောကြောင့် ချက်ချင်းပင်စိတ်လှုပ်ရှားလာသည်။ ၎င်း၏လမ်းကြောင်းတွင် ရွှေအင်မော်တယ်တစ်ဦးရှိနေသည်ဖြစ်ရာ၊ သူ၏အင်အားကိုစမ်းသပ်ရန် ပြီးပြည့်စုံသောအခွင့်အရေးဖြစ်သည်မဟုတ်လား။ ရွှေအင်မော်တယ်သည် သူ၏တိုက်ခိုက်မှုကို သေချာပေါက်ခံနိုင်ရည်ရှိသင့်သည်။
"မြောက်ပင်လယ်နဂါးမျိုးနွယ်စုကအိုးကွမ် ရီမျိုးနွယ်စု ခေါင်းဆောင်ကိုဂါရဝပြုပါတယ်"
မြောက်ပင်လယ်နဂါးမျိုးနွယ်စု? ရီဖန်သည်ချက်ချင်းပင်စိတ်ပျက်သွား၏။ နဂါးနီလေးနှင့် ရီကျင်းစန်တို့သည် လက်ရှိတွင် မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်စုအတွင်း ကျင့်ကြံနေကြသောကြောင့် ၎င်းတို့ကို၎င်း၏ဆွေမျိုးများအဖြစ်မှတ်ယူနိုင်သည်။ ရီဖန်သည် တစ်ယောက်ယောက်နှင့်တိုက်ချင်သော်လည်း သူ၏ဆွေမျိုးတစ်ဦးကိုဆန့်ကျင်တိုက်ခိုက်ရန်အတွက် စတင်ရန်မသင့်တော်ပေ။ ရီဖန်သည် ရွှေအင်မော်တယ်အိုးကွမ်ကို ကိုယ်တိုင်ကိုယ်ကျကြိုဆိုရန်အတွက် ၎င်း၏ဂူအိမ်မှ ထွက်ခွါရန်မှလွဲ၍ရွေးချယ်စရာမရှိချေ။
အိုးကွမ်သည် ရီဖန်ကိုမြင်သောအခါတုန်လှုပ်သွားသည်။ သူ့မျက်လုံးထဲတွင် ရီဖန်သည်မြူခိုးတစ်ခုပမာဖြစ်နေကာ သူ၏ကျင့်ကြံမှုအဆင့်ကို လုံးဝဖုံးကွယ်ထားသည်။ အဓိပတိအကြီးအကဲသည်မမှားခဲ့ပေ။ ရီမိသားစုသည် သူထင်ထားသည်ထက် ပိုနက်နဲ၏။ စွမ်းအားကြီး ရွှေအင်မော်တယ်ဖြစ်သည့် ၎င်းကိုယ်တိုင်ပင်လျှင် ရီမိသားစုမှမျိုးနွယ်စုခေါင်းဆောင်၏ ကျင့်ကြံမှုအဆင့်ကိုမပြောနိုင်ချေ။ ၎င်းသည် အနည်းဆုံး နက်နဲအင်မော်တယ်တစ်ဦးဖြစ်ရမည်။
အကယ်၍ အဓိပတိအကြီးအကဲအများအပြားပေါ်ပေါက်လာပါက ရီမိသားစုသည် ကောလဟာလများထဲမှအတိုင်း အင်မော်တယ်ဘုရင်များကို ပိုင်ဆိုင်မည်လား။ မူလက ရီမိသားစု၏အစွမ်းထက်သည့် အဇူရာနဂါးသွေးမျိုးဆက်ကြောင့်ဖြစ်ကာ ဤအရာသည်အိုးကွမ်ကို ရီမိသားစုသည်စွမ်းမားကြီးလျှို့ဝှက်မိသားစုအဖြစ် တွေးတောစေခဲ့သည်။ ထိအတွေးဖြင့် အိုးကွမ်၏ စိတ်အားထက်သန်မှုသည် ဒီဂရီအနည်းငယ်တိုးလာ၏။ သူသည် အနှစ်တစ်ရာအတွင်းကျင်းပမည့် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ နဂါးသားတော်အခမ်းအနားအတွက် ရီဖန်ကိုဖိတ်ခေါ်ခဲ့သည်။
မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရီရှင်းလုံကိုအပြည့်အဝကျင့်ကြံပေးရန်အတွက် ဤအနှစ်တစ်ရာကိုအသုံးပြုမည်ဖြစ်သည်။ ရီရှင်းလုံ၏လက်ရှိကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်ပယ်တွင်ရှိကာ အားမနည်းသော်လည်း အခြားပင်လယ်နဂါးမျိုးနွယ်စုသုံးခုသည် နဂါးသားတော်အခမ်းအနားကို ချောမွေ့စွာကျင်းပခွင့်မပြုသည်မှာသေချာ၏။ အချိန်တန်သောအခါ ရီရှင်းလုံသည် သူ၏အင်အားကိုမလွဲမသွေပြသရလိမ့်မည်ဖြစ်ကာ လူသားအင်မော်တယ်နယ်မြေကျင့်ကြံမှုအဆင့်သည် အလွန်အားနည်းနေသေးသည်။
အနှစ်တစ်ရာအတွင်း မြောက်ပင်လယ်နဂါးမျိုးနွယ်အားထုတ်မှုနှင့် ရီရှင်းလုံတို့၏အရည်အချင်းတို့ဖြင့် ၎င်းသည်ကမ္ဘာအင်မော်တယ်ဘုံသို့ ရောက်ရှိနိုင်မည်ဖြစ်ကာ ကောင်းကင်ဘုံအင်မော်တယ် နယ်မြေရောက်ရန်ပင် မျှော်လင့်ချက်အလားအလာရှိ၏။ ထို့အပြင် ရီမိသားစုကိုဖိတ်ကြားခြင်းဖြင့် ရီရှင်းလုံအတွက် ကျောထောက်နောက်ခံဖြစ်ပေးရန်အတွက်ရည်ရွယ်ထားသည်။ ရီရှင်းလုံသည် ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် သူ့ကိုထောက်ပံ့ရန်မျှော်လင့်ချက်သည် စည်းမကျော်နေချေ။
ရီကျင်းစန်နှင့် နဂါးနီလေးတွင်ဆက်ခံသူရှိလာကြောင်း ရီဖန်သတိပြုမိသော်လည်း မြောက်ပိုင်းပင်လယ်နဂါးမျိုးနွယ်က ထိုကဲ့သို့အရေးတယူပြုလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နောက်ဆုံးတွင် နဂါးသားတော်တည်ထောင်ခြင်းသည် သေးငယ်သောကိစ္စမဟုတ်ကာ
သဘာဝကျစွာပင် ရီဖန်သည်လည်း သူ့မိသားစုဝင်များအနိုင်ကျင့်ခံရမည်ကို ခွင့်ပြုမည်မဟုတ်ချေ။
အနှစ်တစ်ရာအတွင်း ၎င်း၏ကျင့်ကြံမှုအဆင့်ကို ရွှေအင်မော်တယ်နယ်မြေသို့ အဆင့်မြှင့်တင်ရန်လိုအပ်ပုံရသည်။သို့မဟုတ်ပါက ရွှေအင်မော်တယ်နယ်မြေစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ရီဖန်သည် နဂါးမျိုးနွယ်စုရှေ့တွင်မထင်ရှားပုံပေါ်နေသေးသည်။ နဂါးမျိုးနွယ်စုသည် နက်နဲအင်မော်တယ်နယ်မြေစွမ်းအားကို ပိုင်ဆိုင်ထားကြသောသည်။ သူ့မြေးဖြစ်သူအတွက်တွေးတောကာ ရီဖန်သည်ချက်ချင်းပင်တိုက်ပွဲဝင်လိုစိတ်ပြည့်နေခဲ့သည်။ အနှစ်တစ်ရာကျော်အတွင်းကြိုးစား၍ ရွှေအင်မော်တယ်နယ်မြေသို့ကျော်ဖြတ်ရမည်။
အိုးကွမ်ကိုနှုတ်ဆက်ပြီးနောက် ရီဖန်သည် အခြား ရီမိသားစုမှကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်ကို မည်ကဲ့သို့လျင်မြန်စွာမြှင့်တင်ရမည်ကို ချက်ခြင်းစဉ်းစားလိုက်သည်။ ရီမိသားစု၏ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာတိုးလာသော်လည်း ရီဖန်၏ကျင့်ကြံမှုအဆင့်ကို အနှစ်တစ်ရာအတွင် း ရွှေအင်မော်တယ်နယ်မြေသို့မြှင့်တင်ရန် အနည်းငယ်ခက်ခဲနေသေးသည်။
ရီဖန်ထံတွင် ကမ္ဘာအင်မော်တယ်အဆင့်မှကျင့်ကြံသူများကို ကောင်းကင်အင်မော်တယ်နယ်မြေသို့ အလျင်အမြန်မြှင့်တင်နိုင်မည့် နည်းလမ်းများရှိသည်။ ဥပမာအားဖြင့် ရှန်အဆင့် ထိပ်တန်းတက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးသည် မည်သည့်အကျိုးဆက်မှမရှိဘဲ ကမ္ဘာမြေအင်မော်တယ်ကျင့်ကြံသူကို ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်သို့မြှင့်တင်ပေးနိုင်သည်။ ရီမိသားစုကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်များအရ ၎င်းတို့အတွက်ကြီးမားသောအကျိုးဆက်မရှိဘဲ ပေါင်းစည်းရန်အချိန်ကာလတစ်ခုသာလိုအပ်လိမ့်မည်။
သို့သော်ရီဖန်ထံတွင် တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးအတွက်အရေးကြီးပါဝင်ပစ္စည်းဖြစ်သည့် တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားမရှိချေ။ တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားသည် အင်မော်တယ်ဧကရာဇ်သို့မဟုတ် အင်မော်တယ်ဧကရာဇ်အဆင့်ကိုပင် ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူ မည်သည့်နေရာတွင်သွားရှာရမည်နည်း။
‘နေပါဦး!’ ရီဖန်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာကာ သူသိသော အင်မော်တယ်ဧကရာဇ်တစ်ပါးကို မှတ်မိသွား၏။ ထို့အပြင် ၎င်းအင်မော်တယ်ဧကရာဇ်သည် လက်ရှိတွငိ သူ့လက်လှမ်းမီသလောက်ရှိသည်။ ၎င်းသည် ယန်ဟွမ်နယ်မြေ၏အဝါရောင်ကောင်းကင်အင်မော်တယ် ဧကရာဇ်ပင်။ ဧကရာဇ်သည် ရှေးဟောင်းအခင်းအကျင်းတစ်ခုထဲတွင်ပိတ်မိနေသော်လည်း ရီဖန်လိုအပ်သောပါဝင်ပစ္စည်းအတွက် ဖြည့်ဆည်းပေးနိုင်သေးသည်။ ဤဆုံးဖြတ်ချက်ဖြင့် ရီဖန်သည် ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်ကိုတွေ့ဆုံရန် ရန်ဟွမ်နယ်မြေသို့ချက်ချင်းသွားခဲ့သည်။
တစ်ချိန်တည်းတွင် မြောက်ပင်လယ်နဂါးမျိုးနွယ်နှင့် ဆက်ဆံရေးကောင်းမွန်သောတပ်ဖွဲ့များသည် နှစ်ပေါင်းတစ်ရာအတွင်း နဂါးမျိုးနွယ်စု၏ကြီးကျယ်သောအခမ်းအနားသို့တက်ရောက်ရန် မျိုးနွယ်စုထံမှဖိတ်ကြားမှုကို လက်ခံရရှိခဲ့သည်။ ထို့နောက် ၎င်းတို့၏ထောက်လှမ်းရေးကွန်ရက်များဖြင့် နဂါးသားတော် ရီရှင်းလုံနှင့်ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာစုဆောင်းရရှိခဲ့သည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် နဂါးသားတော်သည် ရီမိသားစုဟုခေါ်သော မိသားစုမျိုးနွယ်စုတစ်ခုမှဖြစ်သည်ကို ကြားသိရသောအခါတွင် ၎င်းတို့သည်ရယ်မောမိကြ၏။
မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် နဂါးသားတော်ကိုရုတ်တရက်ကောက်ယူလိုက်သည်အထိ ကံကောင်းလွန်းကာ ရလဒ်အနေဖြင့်ရီမိသားစုသည် အဓိကအင်အားစုများထံမှ ပထမဆုံးအကြိမ်အဖြစ် အာရုံစိုက်မှုကိုရရှိခဲ့သည်။ သို့သော် သူတို့၏အာရုံစိုက်မှုသည် မြောက်ပင်လယ်နဂါးမျိုးနွယ်အပေါ်တွင် အဓိကထားခဲ့သောကြောင့် ရီမိသားစုကိုအလွန်အလေးမထားခဲ့ကြပေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်မှန ဂါးသားတော်ကို ကျင့်ကြံပေးသည့်သတင်းကိုကြားသောအခါ အခြားပင်လယ်သုံးခုမှနဂါးမျိုးနွယ်စုများသည် မကျေမနပ်ဖြစ်ခဲ့ကြ၏။
မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ပင်လယ်နဂါးမျိုးနွယ်စုလေးခုထဲတွင် နဂါးသားတော်မရှိသည့် တစ်ခုတည်းသောမျိုးနွယ်စုဖြစ်သည်။ ပင်လယ်နဂါးမျိုးနွယ်စုသည် အပေါ်ယံတွင် စည်းလုံးညီညွတ်ပုံပေါ်နေသော်လည်း ၎င်းတို့သည် အခြားအင်အားစုများထက် အရင်းအမြစ်များအတွက်ပြင်းထန်စွာလျှို့ဝှက်ယှဉ်ပြိုင်ကြသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် နဂါးသားတော်မရှိသောကြောင့် ဤပြိုင်ပွဲများတွင်အားနည်းချက်ရှိ၏။
ယခုတွင် နဂါးသားတော်ရောက်ရှိလာခြင်းကြောင့် ပင်လယ်နဂါးမျိုးနွယ်စုလေးခုသည် တစ်ဖန်ညီမျှသွားကာ ၎င်းသည် ပင်လယ်နဂါးမျိုးနွယ်စုလေးခုအတွင်းရှိ အခြားသောနဂါးမျိုးနွယ်စုသုံးခုအတွက် အဆင်မပြေဖြစ်လာသည်။ ၎င်းတို့သည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို ၎င်းတို့၏နဂါးသားတော်အား အလွယ်တကူကျင့်ကြံခွင့်မပြုနိုင်ချေ။ နဂါးသားတော်၏ကြီးမြတ်သောအခမ်းအနားတွင် ဤနဂါးသားတော်ကိုပစ်မှတ်ထားရမည်။ အကောင်းဆုံးအခြေအနေမှာ နဂါးသားတော်၏ တာအိုနှလုံးသားကိုဖြိုခွဲပစ်ရန်ဖြစ်သည်။ တာအိုနှလုံးသားမရှိသောနဂါးသားတော်သည် အမှိုက်ကဲ့သို့ဖြစ်လာမည်ဖြစ်၏။
ရီရှင်းလုံသည် ရှေးနဂါးမျိုးနွယ်စု၏သွေးမျိုးဆက် ပိုင်ဆိုင်သည့်သတင်းကိုလျှို့ဝှက်ထားခဲ့သည်။
သို့မဟုတ်ပါက ရီရှင်းလုံကို မည်ကဲ့သို့ပစ်မှတ်ထားရမည့်အကြောင်းဆွေးနွေးနေသည့် ပင်လယ်နဂါးမျိုးနွယ်စုသည် ဤအချိန်တွင် အေးဆေးထိုင်နေကြမည်မဟုတ်ချေ။
လက်ရှိတွင် ပင်လယ်နဂါးမျိုးနွယ်စုလေးခု၌ ရှေးနဂါးမျိုးနွယ်စု၏သွေးမျိုးဆက်ရှိသည့် နဂါးအစစ်တစ်ကောင်မှမရှိသေးပေ။ ရှေးနဂါးမျိုးနွယ်စု၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောနဂါးအစစ်သည် ပင်လယ်နဂါးမျိုးနွယ်စု၏ဟန်ချက်ကိုဖျက်ဆီးနိုင်၏။
မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ ဖိတ်ကြားချက်ကိုလက်ခံရရှိသော အင်အားစုများအားလုံးထဲတွင် အကြောက်ဆုံးရွံ့ဆုံးသည် ပင်လယ်နဂါးနက်မျိုးနွယ်စုမဟုတ်ဘဲ နဂါးနက်တောင်ကြားဟုခေါ်သော အင်အားစုတစ်ခုဖြစ်သည်။ နဂါးနက်တောင်ကြားသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုအတွင်းရှိ နဂါးမျိုးနွယ်စု၏လက်အောက်ခံအင်အားစုတစ်ခုဖြစ်ကာ ၎င်းသည် နဂါးနက်အင်ပါယာ၏နောက်ကွယ်ရှိ ကောင်းကင်အင်မော်တယ်အင်အားစုဖြစ်၏။
နဂါးသားတော်သည် အရှေ့ဘက်တိုက်နယ်မြေရှိ ရီမိသားစုမှဖြစ်ကြောင်းသိလိုက်ရသောအခါတွင် နဂါးနက်တောင်ကြားသည် မယုံနိုင်ခဲ့ချေ။ ထပ်ခါတလဲလဲအတည်ပြုပြီးနောက် ဤရီမိသားစုသည် အင်ပါယာကိုးခုကိုသုတ်သင်ရှင်းလင်းခဲ့ကာ အမြစ်ပြတ်လုနီးပါးဖြစ်ခဲ့ကြောင်းသိရှိခဲ့သည်။
ထို့အပြင် ဤရီမိသားစုသည် ၎င်းတို့ထောက်ခံထားသည့် နဂါးနက်အင်ပါယာနှင့်ဆက်နွယ်နေသည်။
နဂါးနက်အင်ပါယာထံမှလက်ဆောင်များကို နှစ်စဉ်နှစ်တိုင်းခံယူနေရဆဲဖြစ်သည်ဟူသောအတွေးသည် နဂါးနက်အကြီးအကဲ၏ ကျောရိုးတစ်လျှောက်ကြက်သီးထသွားစေခဲ့သည်။
“လက်ဆောင်တွေချက်ချင်းပြင်ဆင်ပြီးတော့ ငါနဲ့ နဂါးနက်အင်ပါယာကိုလိုက်ခဲ့ကြ၊ ဒီနှစ်တွေအတွင်း သူတို့ပေးခဲ့တဲ့လက်ဆောင်တွေအားလုံးကို ပြန်ပေးရမယ်!”
……………………..
အခန်း ၂၀၃ - ဟွမ်ထျန်းဧကရာဇ်နှင့် ထပ်မံတွေ့ဆုံခြင်း
နဂါးနက်အကြီးအကဲသည် လက်ရှိတွင်ရီမိသားစုနှင့် ဆက်သွယ်ခွင့်မရှိကြောင်း ကောင်းကောင်းနားလည်ထားသဖြင့် နဂါးနက်အင်ပါယာကိုသာပစ်မှတ်ထားနိုင်သည်။ မကြာမီတွင် နဂါးနက်အကြီးအကဲသည် နဂါးနက်အင်ပါယာဆီသို့ ဝိညာဉ်ပစ္စည်းများစွာဖြင့်ထွက်ခွါသွား၏။
"အိုး နဂါးနက်ဘုရင်ရေ အံ့သြစရာပဲ၊ မင်းမှာ ဒီလိုမျိုးရိုးရှိမှန်း ငါမသိလိုက်ဘူး၊ မင်းဘာလို့အရင်ကမပြောရတာလဲကွာ!"
၎င်းသည် အပြုံးများအပြည့်ဖြင့်အော်ပြောလိုက်သည်။
နဂါးနက်ဘုရင်သည် နဂါးနက်အကြီးအကဲပေးဆောင်လာသည့် လက်ဆောင်များနှင့် ၎င်း၏စိတ်အားထက်သန်သောအမူအကျင့်များကိုမြင်သောအခါ အံ့သြသွားခဲ့သည်။ ကမ္ဘာပေါ်တွင် မည်သည့်အရာများဖြစ်နေသနည်း။ ဤသူသည် ယနေ့ဘာဖြစ်နေသနည်း။ ယခင်က နဂါးနက်အင်ပါယာသည် နဂါးနက်တောင်ကြားအတွက် လက်ဆောင်ပေးအပ်ရသည့် အရင်းအမြစ်တစ်ခုဖြစ်ခဲ့သော်လည်း နဂါးနက်တောင်ကြား၏သဘောထားသည် မည်သည့်အခါကမှ ဤမျှရင်းနှီးခြင်းမရှိခဲ့ချေ။
သို့သော်လည်း နဂါးနက်ဘုရင်သည် ဤအရာမျိုးတွင်အကျွမ်းဝင်ပြီးဖြစ်ရာ ဘာဖြစ်နေမှန်းမသိသော်လည်း သူ့အမူအရာကိုထိန်းသိမ်းရမည်မှန်းသိသောကြောင့် သူ့လက်ကို မထူးမခြားနားသကဲ့သို့ဝှေ့ယမ်းလိုက်၏။ အဆုံးတွင် နဂါးနက်အင်ပါယာ၏အဆင့်အတန်းသည် အလွန်နိမ့်ကျသောကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်မှ ဖိတ်ကြားချက်တစ်ခုထပ်ထိုးလျှင်ပင် နဂါးနက်အင်ပါယာ၏အဆင့်ကိုထည့်သွင်းရန်စဉ်းစားမည်မဟုတ်ပေ။
နဂါးနက်ဘုရင်၏တုံ့ပြန်မှုကိုမြင်လိုက်ရသဖြင့် နဂါးနက်အကြီးအကဲသည် ၎င်းမှာသိမ်းသွင်းရန်ခက်ခဲသောသူတစ်ဦးဖြစ်သည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ ခဏမျှစဉ်းစားပြီးသည့်နောက် နဂါးနက်ဘုရင်ကပြောလာ၏။
“နဂါးနက်ဘုရင်ရေ ဒီနှစ်တွေတစ်လျှောက်လုံး ရီမိသားစုက မင်းနောက်မှာရှိနေတယ်ဆိုတာမသိလိုက်ဘူးကွာ၊ ငါ့ရဲ့ပေါ့ဆမှုပါပဲ၊ အခုအချိန်ကစပြီးတော့ နဂါးနက်အင်ပါယာက အရင်းအမြစ်တွေကို နှစ်စဉ်ဆက်သဖို့မလိုတော့ဘူး။ နဂါးတောင်ကြားက နဂါးနက်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုပါတယ်!”
နဂါးနက်ဘုရင်သည် နောက်ဆုံးတွင်သဘောပေါက်သွား၏။ သူ့သားမက်သည် အကွက်အကြီးကြီးတစ်ခုခု ထပ်ရွေ့လိုက်ပုံရသည်။ သို့မဟုတ်ပါက နဂါးနက်တောင်ကြားသည် အဘယ်ကြောင့်ဤမျှယဉ်ကျေးနေမည်နည်း။ အသေးစိတ်အချက်အလက်များကိုမသိသော်လည်း နဂါးနက်ဘုရင်သည် သူပိုပြောလေ စကားအမှားပိုပါနိုင်လေဖြစ်မှန်းသိလိုက်သည်။ ထို့ကြောင့်နဂါးနက်ဘုရင်သည် နဂါးနက်တောင်ကြားမှကျင့်ကြံသူများကို အနည်းငယ်ကျေနပ်စေကာပြန်လွှတ်ခဲ့သည်။ ထို့နောက် ဖြစ်ပျက်ခဲ့သည့်အချက်အလက်များကို စုဆောင်းရန်အတွက် သူ၏ထောက်လှမ်းရေးအဖွဲ့ကို ချက်ချင်းစေလွှတ်ခဲ့သည်။
မကြာမီတွင် ရီကျင်းစန်နှင့် နဂါးနီလေးတို့၏သားကို မြောက်ပင်လယ်အင်ပါယာ၏ နဂါးသားတော်အဖြစ်စီစဉ်ထားသည့်သတင်းသည် နဂါးနက်ဘုရင်ထံသို့ရောက်ရှိလာသည်။
"ဟားဟားဟား နဂါးနက်အင်ပါယာကြီးတိုးတက်လာဦးမှာပဲ!"
နဂါးနက်ဘုရင်သည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော်လည်း နဂါးနက်အင်ပါယာတွင် အပြောင်းအလဲများစွာမရှိခဲ့ချေ။ သို့သော် သူ၏သမီးတော် မင်းသမီးကျွင်းလုံသည် တော်ဝင်သမက်တစ်ဦးရှာဖွေပေးရုံဖြင့် နဂါးနက်အင်ပါယာကိုကောင်းကင်သို့ပျံတက်စေခဲ့သည်။ ဤအလှည့်အပြောင်းသည် နဂါးနက်အင်ပါယာအတွက် ကြီးမားသောအရှိန်အဟုန်တစ်ခုဖြစ်၏။
"ကျွင်းလုံ၊ မင်းကတကယ့်ကို အဖေ့ရဲ့ကံကောင်းတဲ့ ကြယ်လေးပဲကွ!"
"ဒီအရင်းအမြစ်တွေကို မင်းသမီးကျွင်းလုံဆီပို့လိုက်!"
နဂါးနက်ဘုရင်သည် လက်ဝှေ့ယမ်းလိုက်ကာ နဂါးတောင်ကြားမှပေးပို့သောအရင်းအမြစ်တစ်ဝက်ကို မင်းသမီးကျွင်းလုံထံသို့ပေးအပ်ရန် ခွဲဝေပေးခဲ့သည်။ ရီရှောက်ဖန်သည် ဤအရင်းအမြစ်များကိုမလိုအပ်သော်လည်း ပေးပို့ရမည်မှန်းသူသိသည်။
အဆုံးတွင် နဂါးနက်တောင်ကြားသည် ရီရှောက်ဖန်၏အကျိုးကြောင့် ဤအရင်းအမြစ်များကို ပေးပို့ခဲ့ခြင်းဖြစ်ရာ နဂါးနက်ဘုရင်သည် သူ့နေရာသူသိ၏။ နဂါးနက်အင်ပါယာသည် ဤအရာအားလုံးကိုလက်ခံရန် လုံလောက်သောအင်အားမရှိသေးချေ။
ရီဖန်သည် ရန်ဟွမ်နယ်မြေ၏ကမ္ဘာ့သခင်ဖြစ်သော်လည်း သူသည်ထိုနေရာသို့ပြန်သွားခဲသည်။ သို့သော်လည်း ရီမိသားစု၏မျိုးဆက်သစ်လူငယ်အများအပြား ထိုနေရာတွင်ကျင့်ကြံနေကြဆဲဖြစ်၏။ ရန်ဟွမ်နယ်မြေသည် ချန်မင်ကမ္ဘာနှင့်ယှဉ်လျှင် အဆင့်နိမ့်သော်လည်း ရီဖန်သည် ရန်ဟွမ်နယ်မြေတွင် ရီမိသားစု၏မျိုးဆက်သစ်များကျင့်ကြံရာ၌ ကူညီပေးရန်အတွက် ကမ္ဘာ့စွမ်းအားကိုအသုံးချနိုင်သောကြောင့် ရန်ဟွမ်နယ်မြေတွင်ကျင့်ကြံမှုအရှိန်သည် ချန်မင်ကမ္ဘာထက်ပင်သာလွန်လိမ့်မည်။ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်သွားမှသာ ရီမိသားစု၏တပည့်များသည် ပိုမိုကောင်းမွန်သော ကျင့်ကြံမှုအခွင့်အလမ်းများရရှိရန်အတွက် ချန်မင်ကမ္ဘာရှိ ရီမျိုးနွယ်စု၏နယ်မြေသို့သွားနိုင်သည်။
ယခုအခါတွင် ရီမိသားစု၌ မျိုးဆက်သစ်လူငယ်များကို ကျင့်ကြံပေးရန်အတွက် ပြည့်စုံစွာစီစဉ်ထားသည်။ ကြွယ်ဝသောအရင်းအမြစ်များကိုစားသုံးကာ သန္ဓေတည်ချိန်မှစတင်၍ကျင့်ကြံခြင်းသည် မွေးခါစ၌ပင် မြင့်မားသောကျင့်ကြံမှုအဆင့်ကိုရရှိစေကာ နတ်ဘုရားအသွင်ကူးပြောင်းခြင်းအဆင့်သို့ပင် ရောက်ရှိစေမည်ဖြစ်သည်။ ထူးခြားသောအရည်အချင်းရှိသူများသည် မွေးခါစ၌ပင် ခန္ဓာကိုယ်ပေါင်းစည်းရေးနယ်ပယ်အဆင့်ကျင့်ကြံသူများ ဖြစ်လာနိုင်၏။ ၎င်းသည် ချန်မင်ကမ္ဘာရှိ အင်အားကြီးမျိုးနွယ်စုများထက် နိမ့်ကျမည်မဟုတ်ချေ။
ချန်မင်ကမ္ဘာရှိ မဟာတာအို၏ပြန်လည်ဝင်စားခြင်းနှင့်ပက်သက်၍ စကားပြောဆိုပြီးနောက် ရီဖန်သည် အတိတ်ကပိတ်ထားခဲ့သော လှိုဏ်ဂူအဝင်ဝသို့ ရောက်ရှိလာသည်။ ဧကရာဇ်ဟွမ်ထျန်းသည် ရုတ်တရက် အကျွမ်းတဝင်ရှိသောတည်ရှိမှုကို ခံစားလိုက်ရကာ ငိုက်မြည်းနေရာမှချက်ချင်းထလာသည်။
ရီဖန်သည် ရန်ဟွမ်နယ်မြေ၏ကမ္ဘာ့သခင်ဖြစ်လာကြောင်း တွေ့ရှိလိုက်ရသောအခါ ဧကရာဇ်ဟွမ်ထျန်းသည် လုံးဝစိတ်ပျက်သွား၏။ တခြားသူဖြစ်ခဲ့လျှင်ပင် သူ့အတွက်မျှော်လင့်ချက်ရှိသေးသည်။ သို့သော် သူ့အထောက်အထားကိုသိရှိပြီးသော်လည်း ဆန့်ကျင်နေသောရီဖန်ကိုမူ ၎င်းကိုလွှတ်ပေးရန်ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
ကမ္ဘာ့သခင်၏စောင့်ကြည့်မှုအောက်တွင် မည်သူကမှ
ရီဖန်၏စည်းတံဆိပ်ကိုချိုးဖျက်ကာ သူ့ကိုလွှတ်ပေးရန် အခွင့်အရေးမရှိနိုင်ချေ။ ယခုအချိန်တွင် ဧကရာဇ်ဟွမ်ထျန်းမျှော်လင့်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရီဖန်သည်မတော်တဆမှုတစ်ခုကြောင့် အပြင်ဘက်တွင် သေဆုံးသွားရန်ဖြစ်၏။ သို့သော် ကမ္ဘာ့သခင်တစ်ဦးသည်သေခဲ၏။ ဒဏ္ဍာရီထဲကအတိုင်း ကြီးမားသောစွမ်းအားတစ်ခုသည် အခြားကမ္ဘာ၏ရန်ဟွမ်နယ်မြေရှိ ရီဖန်၏ဝိညာဉ်ရေးမူလအစကိုဖျက်ဆီးနိုင်မှသာ ဖြစ်နိုင်လိမ့်မည်။
ရီဖန်စည်းတံဆိပ်ကိုအပြင်ဘက်မှာဖွင့်လိုက်သည်ကို မြင်သည့်အခါတွင် ဧကရာဇ်ဟွမ်ထျန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်အနည်းငယ်ပြန်လည်ရောက်ရှိလာ၏။
ဤရီဖန်သည် ဘာလုပ်ဖို့ကြိုးစားနေသနည်း။ ဧကရာဇ်ဟွမ်ထျန်း၏နှလုံးသားထဲတွင် ပို၍သတိထားလာသည်။ နောက်ဆုံးအကြိမ်က ရီဖန်၏လှည့်စားခြင်းကိုခံခဲ့ရသည့်အဖြစ်သည် သူ၏မှတ်ဉာဏ်ထဲတွင်ဆန်းသစ်နေဆဲဖြစ်သည်။ ဤသူသည်ပါးနပ်လွန်း၏။ ဧကရာဇ်ဟွမ်ထျန်းပင်လျှင် ရီဖန်၏သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးရသည်။
"ဧကရာဇ်ဟွမ်ထျန်းရေ မတွေ့တာကြာပြီနော်"
ရီဖန်သည်သူ့ကို နွေးထွေးသောအမူအရာဖြင့် သူငယ်ချင်းဟောင်းတစ်ဦးပမာ နှုတ်ဆက်လာသည်။ ရီဖန်၏စိတ်အားထက်သန်မှုကိုမြင်သောအခါ ဟွမ်ထျန်းသည် ပို၍သတိရှိလာ၏။
"မင်းဘာလိုချင်ပြန်တာလဲ!"
ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်မှာရင်းနှီးစွာစကားပြောဆိုရန်အတွက် ဤနေရာတွင်ရှိနေသည်ဟုမထင်ချေ။
"ကောင်းပြီလေ၊ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ မတွေ့တာကြာပြီဆိုတော့ နည်းနည်းအပေးအယူလုပ်ကြမလားဟင်"
"အပေးအယူ? ဘာအပေးအယူလဲ”
ဧကရာဇ်ဟွမ်ထျန်းသည် အေးစက်စွာတုံ့ပြန်ခဲ့သည်။
"ငါ တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအား လိုချင်တယ်"
‘တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအား’ ၎င်းကိုကြားသည့်အခါတွင် ဧကရာဇ်ဟွမ်ထျန်းသည် အေးစက်စွာပြန်ပြောလိုက်၏။
“ငါ့မှာမရှိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ငါကမင်းကိုဘာလို့ပေးရမှာတုန်း"
ကောင်းပြီ! ဧကရာဇ်ဟွမ်ထျန်း၏ အမူအရာသည် ရီဖန်၏စိတ်ဝင်စားမှုကို ချက်ချင်းလှုံ့ဆော်ပေးခဲ့သည်။ သူ့လေသံအရ ဧကရာဇ်ဟွမ်ထျန်းထံတွင် တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအား သေချာပေါက်ရှိနေသည်မှာထင်ရှားသည်။ ဤအဘိုးကြီးသည် အမှန်တကယ်ပင်ရတနာများရှိ၏။ ၎င်းတို့သည် မကြာမီသူ့အပိုင်ဖြစ်လာတော့မည်။
"ခင်ဗျားမှာ တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအား ရှိပုံရတယ်။ ဒါဆိုငါတို့အပေးအယူလုပ်ကြမလား”
"အပေးအယူလုပ်ဖို့ထိုက်တန်လို့လား၊ မင်းရဲ့ကျင့်ကြံမှုအဆင့်နဲ့ ငါကတက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားပေးရင်တောင် မင်းသုံးနိုင်မှာတဲ့လား"
ဧကရာဇ်ဟွမ်ထျန်းသည် လွန်ခဲ့သည့်နှစ်ပေါင်းရာဂဏန်းခန့်က ရီဖန်သည် အခြေတည်ဝိညာဉ်အဆင့်ရှိကျင့်ကြံသူဖြစ်သည်ကို သတိရမိသည်။ နှစ်ပေါင်းနှစ်ရာ၊ သုံးရာမျှသာပျံသန်းနေသောအင်မော်တယ်သည် တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားကိုအသုံးပြုရန်သလား။
‘မင်းငါ့ကို အထင်သေးနေတာပဲကွ’
ရီဖန်သည် အတွေးတစ်ခုဖြင့် လှည့်ဖျားသောကောင်ကင်ဘုံနှင့် ပင်လယ်ပြင်ကျော်ဖြတ်ခြင်းကို ဖယ်ရှားလိုက်သည်။ ယခုတွင် ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏ကျင့်ကြံမှုအဆင့်ကိုသိရှိသောအခါ အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။ နောက်ခံမရှိသော ဤကျင့်ကြံသူသည် ဤမျှလျင်မြန်စွာဖြင့် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ ဖြစ်လာနိုင်မည်နည်း။ ၎င်းသည် ကျင့်ကြံမှုစည်းမျဉ်းများနှင့်မကိုက်ညီပေ။
လူတစ်ဦး၏ကြီးထွားမှုကို လျင်မြန်စွာမြှင့်တင်ပေးနိုင်သော ဝိညာဉ်ရေးပစ္စည်းများစွာရှိသော်လည်း ဧကရာဇ်ဟွမ်ထျန်းသည် ၎င်းတို့၏ခြားနားချက်ကို ရှင်းရှင်းလင်းလင်းပြောနိုင်သည်။ ရီဖန်၏ကျင့်ကြံမှုသည် အချိန်နှင့် ကြိုးစားအားထုတ်မှုအစစ်အမှန်ကြောင့်ရရှိခဲ့သည်မှာ သေချာသည်။ သို့တိုင် ရီဖန်သည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ လျင်မြန်စွာကျင့်ကြံရန် အနှစ်ရာဂဏန်းမျှသည် မည်သို့လုံလောက်နိုင်မည်နည်း။ ဧကရာဇ်ဟွမ်ထျန်းသည် ကြီးမားသောအတွေ့အကြုံရှိသော်လည်း ရီဖန်ထံတွင် စနစ်တစ်ခုရှိသည့်အကြောင်းကို မသိနိုင်ချေ။
ရီဖန်၏ကျင့်ကြံမှုသည် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှု၏ရလဒ်ဖြစ်သော်လည်း ၎င်းသည်
ရီမိသားစုမှသောင်းနှင့်ချီသည့် ကျင့်ကြံသူများ၏ပူးပေါင်းကြိုးပမ်းမှုဖြစ်သည်။
"ကဲ ငါတို့အခု သဘောတူညီချက်ကို ဆွေးနွေးလို့ရပြီလား"
………………….
အခန်း ၂၀၄ -
ဧကရာဇ်ဟွမ်ထျန်းသည် ရုတ်တရက်တိတ်ဆိတ်သွား၏။ ယခင်ကရီဖန်သည် ဧကရာဇ်ဟွမ်ထျန်း၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သောကြောင့် ပုရွက်ဆိတ်တစ်ကောင်၏လှည့်စားခြင်းကိုခံလိုက်ရခြင်းကို ဒေါသထွက်နေခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ရီဖန်၏အရည်အချင်းများကြောင့် ဧကရာဇ်ဟွမ်ထျန်းသည် ၎င်းကိုလျှော့မတွက်နိုင်တော့ပေ။
အနာဂတ်တွင်ရီဖန်သည် သူနှင့်တန်းတူဖြစ်လာနိုင်သည်။
ဤရီဖန်ထံတွင် မမြင်နိုင်သည့် လျှို့ဝှက်ချက်များစွာရှိနေပုံရကာ ၎င်းထံမှ တစ်ကြိမ်တစ်ခါလှည့်စညးခံရခြင်းသည် လက်မခံနိုင်သည်အထိမဖြစ်တော့ချေ။ ထိုမျှမက သူ့ကိုချုပ်နှောင်ထားခဲ့သော ဤကြောက်မက်ဖွယ်ကောင်းသောနေရာမှ လွတ်မြောက်ရန်အတွက်လည်း ရီဖန်အပေါ်တွင်မူတည်နေသည်။
"စကားကောင်းကောင်းပြောကြတာပေါ့”
"မင်းငါ့ကိုလွှတ်ပေးဖို့ဘယ်လောက်ကြာမှာလဲ"
ဧကရာဇ်ဟွမ်ထျန်းသည် အရူးမဟုတ်ချေ။ ရီဖန်သည် သူ့ကိုချက်ချင်းမလွတ်ပေးမည်ကိုသိ၏။ ရီဖန်က သူ့ကို အခုလွှတ်ပေးမည်ဟုအခိုင်အမာပြောလျင်ပင် ဧကရာဇ်ဟွမ်ထျန်းကမယုံကြည်ပေ။
"အနှစ်တစ်သောင်းအတွင်း ငါ့ရဲ့ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဘုရင်အထိရောက်သွားရင် လွှတ်ပေးမယ်"
ရီဖန်သည်မောက်မာနေခြင်းမျိုးမဟုတ်ဘဲ သူ့အတွက်အနှစ်တစ်သောင်းအတွင်းအင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာရန်သည် ခက်ခဲပုံမပေါ်ချေ။ ရီဖန်၏စကားကိုကြားသောအခါ ဧကရာဇ်ဟွမ်ထျန်းသည်အနည်းငယ်စဉ်းစားလိုက်၏။ ဧကရာဇ်ဟွမ်ထျန်းအတွက် အနှစ်တစ်သောင်းသည်ကြာမြင့်သည်မဟုတ်။ ရီဖန်သည် အင်မော်တယ်ဘုရင်ဖြစ်လာနိုင်သည်ကို ဧကရာဇ်ဟွမ်ထျန်းစိတ်မပူပေ။ တစ်ခုတည်းသောမေးခွန်းမှာ ရီဖန်သည် သူ့ကိုတကယ်လွှတ်ပေးမည်လား။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်ဟွမ်ထျန်းသည် နောက်ဆုံးတွင်ဆုံးဖြတ်လိုက်သည်။ ယခု သူလုပ်နိုင်သည်မှာ ရီဖန်ကိုယုံကြည်ရန်သာရှိသည်။
"ငါ့ကို အင်မော်တယ်ချီစွမ်းအားပေးဖို့လိုမယ်၊ ငါ့ရဲ့အရင်းအမြစ်တွေကို စည်းတံဆိပ်ခတ်ထားလို့ ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်နိုင်မှ အဲတာကိုချိုးဖျက်နိုင်မှာ”
ရီဖန်မငြင်းဘဲ သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ပထမအဆင့် အင်မော်တယ်ချီစွမ်းအားအလုံးသည် ဧကရာဇ်ဟွမ်ထျန်း၏ရှေ့တွင်ပေါ်လာသည်။ ပထမအဆင့်အင်မော်တယ်ချီစွမ်းအားသည် ဧကရာဇ်ဟွမ်ထျန်း၏ကျင့်ကြံမှုအဆင့်ကို ကမ္ဘာအင်မော်တယ်သို့မဟုတ် ကောင်းကင်ဘုံအင်မော်တယ်နယ်မြေအထိ ပြန်လည်ရောက်ရှိရန်လုံလောက်သည်။
"မင်းငါ့ကို အဲလောက်ယုံလား"
ကြီးမားသော ပထမအဆင့်အင်မော်တယ်ချီစွမ်းအားသည် ဧကရာဇ်ဟွမ်ထျန်းကို ရီဖန်ထံတွင်လျှို့ဝှက်ချက်များရှိကြောင်း ပို၍သေချာစေသည်။ ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏လျှို့ဝှက်ချက်များကို စိတ်မ၀င်စားချေ။ အင်မော်တယ်ဧကရာဇ်ဖြစ်လာရန်အတွက် အံ့ဩဖွယ်ရာအတွေ့အကြုံများသို့မဟုတ် ကြီးမားသောလျှို့ဝှက်ချက်များမရှိသည့်သူမရှိပေ။ ရီဖန်သည် ပို၍လျှို့ဝှက်ဆန်းကြယ်လေ သူ၏ကျင့်ကြံမှုပို၍လျင်မြန်လေဖြစ်ကာ ဧကရာဇ်ဟွမ်ထျန်းအတွက် ပိုအကျိုးရှိလေဖြစ်သည်။
“အနည်းဆုံး အခုတော့ မင်းကငါ့ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ဧကရာဇ်ဟွမ်ထျန်းသည် ခေါင်းညိတ်လိုက်ကာ ပထမအဆင့်အင်မော်တယ်ချီစွမ်းအားကို ချက်ချင်းစုပ်ယူလိုက်သည်။ ဧကရာဇ်ဟွမ်ထျန်းသည် လုံလောက်သောအင်မော်တယ်ချီစွမ်းအားမရှိခဲ့ပေ။ သူ့ထံတွင်ချီစွမ်းအားအလုံအလောက်ရှိပါက ဧကရာဇ်အဆင့်ကျင့်ကြံမှုကို ပြန်လည်ရရှိနိုင်သည်။
တစ်လကြာပြီးနောက် အင်မော်တယ်ချီစွမ်းအားကိုအပြည့်အဝစုပ်ယူသွားပြီးသွားကာ ဧကရာဇ်ဟွမ်ထျန်း၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူ့လက်ဝှေ့ယမ်းလိုက်ပြီးနောက် အင်မော်တယ်ချီစွမ်းအားနှင့်တူသော ဝိညာဉ်ပစ္စည်း ၁၀ ခုကို ရီဖန်ထံပေးလိုက်သည်။ ၎င်းတို့သည် တက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားဖြစ်သည့်အပြင် အင်မော်တယ်ဘုရင်ထက် ပိုစွမ်းအားကြီးသောအင်မော်တယ်ဧကရာဇ်တစ်ပါးက ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် ပို၍သာလွန်ကောင်းမွန်သည်။
ဤတက်လှမ်းခြင်းအင်မော်တယ်ချီစွမ်းအားဖြင့် ပေါင်းစပ်ထားသော တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးများသည် ရီကျင်းထျန်ကဲ့သို့လူများကို ကောင်းကင်အင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည်။
“အပေးအယူဖြစ်ပြီနော်၊ အနာဂတ်မှာ အရင်းအမြစ်တွေပိုလိုအပ်ရင် ငါ့ဆီလာပြီး အင်မော်တယ်ချီစွမ်းအားနဲ့ အရောင်းအဝယ်လုပ်လို့ရတယ်"
အမှန်တကယ်တွင် ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် ရီဖန်ရောက်ရှိလာခြင်းအတွက် အလွန်မျှော်လင့်နေသည်။ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် နှစ်ပေါင်းသိန်းနှင့်ချီ၍ တစ်ယောက်တည်းနေခဲ့ရသောကြောင့် အခြားသူနှင့်စကားပြောဆိုရန်ဆန္ဒရှိ၏။ ၎င်းသည် လုံလောက်သောအင်အားရှိပြီး သူ၏တာအိုနှလုံးသားကြံ့ခိုင်ခြင်းကြောင့်သာမဟုတ်ပါက ရှေးယခင်တည်းကရူးသွားခဲ့ပြီးဖြစ်၏။
ရီဖန်နှင့် စကားပြောဆိုရခြင်းသည် အမြဲတမ်းကောင်းမွန်ခြင်းမရှိဘဲ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်ကို ထရိုက်စေလိုခဲ့သည့်တိုင် ရီဖန်နှင့်ဆက်သွယ်ခြင်းဖြင့် ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် သူ၏တာအိုနှလုံးသား တဖြည်းဖြည်းတည်ငြိမ်လာသည်ကိုတွေ့ရှိခဲ့သည်။ သူ၏ တာအိုနှလုံးသားမပြိုကွဲသရွေ့ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် နှစ်သောင်းချီ၍ရှင်သန်နိုင်၏။ ထို့ကြောင့်ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်ကိုအရင်းအမြစ်အနည်းငယ်စီသာပေးကာ အကြိမ်များစွာလာရောက်စေလိုခြင်းဖြစ်သည်။
ရီဖန်ကလည်း မငြင်းချေ။ သူသည်လည်း ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်ကို တစ်ချိန်တည်းတွင် အင်မော်တယ်ချီစွမ်းအား အများကြီးမပေးလိုချေ။ သူတို့နှစ်ဦးကြားတွင် တိတ်တဆိတ်နားလည်မှုရရှိကာ ရီဖန်သည် အရင်းအမြစ်များရယူရန်အတွက် နေရာသစ်တစ်ခုရခဲ့သည်။ အပျက်အစီးများထဲမှ ထွက်ခွါပြီးနောက်ရီဖန်သည် ချန်မင်ကမ္ဘာသို့ ချက်ချင်းပြန်သွားခဲ့သည်။ ထို့နောက် သူသည် တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးကို စတင်သန့်စင်ခဲ့၏။
တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးကိုအတိအကျပေါင်းစပ်ရန်မှာ မလွယ်ကူချေ။ ရီဖန်၏လက်ရှိဆေးပညာကျွမ်းကျင်မှုဖြင့်ပင် သူသည် သတိကြီးကြီးထားကာလုပ်ဆောင်နေရသည်။ အနှစ်သုံးဆယ်အပြည့်ကြာပြီးမှသာ နောက်ဆုံးတွင်အလွန်လက်ရာမြောက်သော တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးဆယ်ခုကို သန့်စင်နိုင်ခဲ့သည်။ အနားယူကာ စွမ်းအင်ပြန်လည်ရရှိပြီးနောက် ရီဖန်သည် ချက်ချင်းပင် ရီကျင်းထျန်နှင့် အခြားသူများကိုဆင့်ခေါ်ခဲ့သည်။ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးဆယ်ခုသာ ရှိသောကြောင့် လူတိုင်းမရနိုင်ပေ။
သို့သော်လည်း လက်ရှိတွင်ရီမိသားစု၌ ကမ္ဘာအင်မော်တယ်အဆင့်ကျင့်ကြံသူ အများအပြားမရှိ။
ရီကျင်းထျန်၊ ရီကျင်းဟိုင်၊ ရီကျင်းလုံ၊ ရီကျင်းဖန်၊ အရှေ့ကျောက်ကျား၊ အရှေ့ကျောက်ကျားသစ်တို့ရှိ၏။ ရီကျင်းစန်သည် အရင်းအမြစ်များပံ့ပိုးရန် ရီဖန်ကိုမလိုအပ်ဘဲ၊ ရီရှောင်းရှောင်း၊ ရီချင်၊ ရီကျင်းချုံနှင့် အခြားသူများ၏ကျင့်ကြံမှုစနစ်များသည် မတူညီသောကြောင့် ၎င်းတို့အတွက်လည်းမလိုအပ်ချေ။
နောက်ဆုံးတွင် ရီဖန်ထံ၌ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးတစ်လုံးသာ ကျန်ရှိတော့သည်။ မကြာမီတွင် ရီမိသားစုသည် ၎င်းတို့၏သီးသန့်ကျင့်ကြံမှုကိုစတင်ခဲ့ကြသည်။
အင်မော်တယ်များအတွက် အချိန်သည်မယုံနိုင်လောက်အောင်လျင်မြန်စွာ ရွေ့လျားနေကာ မျက်စိတစ်မှိတ်အတွင်း၌ အနှစ်ငါးဆယ်ကျော်သွားခဲ့ပြီဖြစ်သည်။ ရီမိသားစုအတွင်းတွင် ကောင်းကင်ဘုံအင်မော်တယ် နယ်မြေရောင်ဝါတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာကာ ပထမဆုံးဖြတ်ကျော်သွားသူသည် စုယန်ဖြစ်၏။ နှစ်များတစ်လျှောက်တွင် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံမှ နက်နဲသောအခြေခံအုတ်မြစ်တစ်ခုရှိခဲ့ကာ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးကိုသုံးစွဲပြီးနောက် သူမသည်ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ပထမဆုံးဖြတ်ကျော်နိုင်ခဲ့သည်။
"ရေရှည်မစ်ရှင်ကိုပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ သခင့်ကို ဂုဏ်ယူပါတယ်၊ ရီမိသားစုရဲ့ တစ်ဆယ့်သုံးယောက်မြောက် ကောင်းကင်ဘုံအင်မော်တယ်အင်အားအတွက် ပြီးဆုံးသွားလို့ နောက်ထပ်ရေရှည်မစ်ရှင်တစ်ခု ပြီးသွားပါပြီ”
သို့သော်ယခုတစ်ကြိမ်တွင် ရီဖန်သည် တစ်စုံတစ်ခုကို စိစစ်လိုသောကြောင့် သူ၏ဆုလာဘ်ကိုရယူရန် အလျင်စလိုမလုပ်ခဲ့ပေ။ ဆုလာဘ်သည် ၎င်း၏ ကျင့်ကြံမှုအဆင့်အလိုက်ပြောင်းလဲမည်လား။ စုယန်၏ပထမဆုံးသောအောင်မြင်မှုပြီးနောက် မကြာမီတွင် ရီမိသားစုအတွင်း၌ ကောင်းကင်ဘုံအင်မော်တယ်နယ်မြေရောင်ဝါများထပ်မံထွက်ပေါ်လာကာ နောက်ဆုံးဖြတ်ကျော်သွားသည့်သူသည် အရှေ့ဧကရာဇ်ဖြစ်သည်။ အရှေ့ဧကရာဇ်သည် ကောင်းကင်အင်မော်တယ်ဘုံသို့ အောင်မြင်စွာဖြတ်ကျော်ပြီးနောက် ရီဖန်သည်တိုးညင်းစွာပြောလိုက်သည်။
"စနစ်၊ မျှခြေရှာလိုက်"
ရီဖန်သည် တာအိုသစ်သီး၏ကောင်းချီးများကို နးလည်သဘောပေါက်ကာ နောက်ဆုံးအကြိမ်ကမျှခြေရှာဖွေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ ယခုတွင် ကျင့်ကြံရေးအဆင့်လုံလောက်သွားပြီဖြစ်ကာ တာအိုသစ်သီးသည် ချက်ချင်းပင် ရီဖန်အတွင်းရှိ အင်မော်တယ်အမြစ်များထဲသို့စိမ့်ဝင်သွားသည်။ တာအိုသစ်သီးကိုထိန်းချုပ်နိုင်ရန်အတွက် မဟာတာအိုသည် အင်မော်တယ်ခန္ဓာကိုယ်ထဲသို့ အပြည့်အဝပေါင်းစပ်သွားရမည်ဖြစ်သည်။ ယခုအချိန်မှစ၍ ရီဖန်သည် သူ၏တာအိုသစ်သီးကိုခိုင်မာစေကာ မဟာတာအိုပန်းကိုပျိုးထောင်ရန်လိုအပ်သည်။
မဟာတာအိုပန်းကို ပေါင်းစည်းလိုက်သောအချိန်သည် ရီဖန်သည် နက်နဲအင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်ရမည့်အချိန်ဖြစ်၏။ ဆယ်စုနှစ်များစွာ စုဆောင်းပြီးနောက် ရီဖန်၏အောင်မြင်မှုသည် ရွှေအင်မော်တယ်နယ်မြေ၌ပြီးဆုံးသွားမည်မဟုတ်ချေ။ ရွှေအင်မော်တယ်အစောပိုင်းအဆင့်၊ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်တို့ကိုဖြတ်ကျော်၍ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် နောက်ဆုံးတွင် ရွှေအင်မော်တယ်အဆင့်၏အထွတ်အထိပ်သို့ရောက်ရှိမှသာရပ်တန့်သွားခဲ့သည်။ ကြီးမားသောနယ်ပယ်တစ်ခုလုံးနီးပါးကို တစ်ခါတည်းဖြတ်ကျော်ရန်မှာ အင်မော်တယ်နယ်မြေတွင်မဖြစ်နိုင်သလောက်ရှိသည်။ အင်မော်တယ်နယ်မြေရှိ မည်သည့်ကျင့်ကြံသူသည် နှစ်ပေါင်းရာနှင့်ချီသို့မဟုတ် ထောင်နှင့်ချီသည့်အချိန်တွင်အဆင့်တက်လှမ်းနိုင်မည်နည်း။ ဤတိုးတက်မှုအရှိန်သည် ကြောက်မက်ဖွယ်ကောင်းသောကြောင့် အားလုံးကိုအသက်ရှူရပ်သွားစေလိမ့်မည်။
သူ၏ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်မြေသို့ ရောက်သွားမှသာ ရီဖန်သည်စိတ်လုံခြုံမှုကို ခံစားလိုက်ရသည်။ သူ၏လက်ရှိတိုက်ခိုက်ရေးစွမ်းရည်သည် မြောက်ပင်လယ်ရှိနဂါးမျိုးနွယ်စု၏အမိုးအကာအောက်ရှိ ၎င်း၏မြေးငယ်ကို ကာကွယ်ရန်လုံလောက်လိမ့်မည်။ ယခုလာမည့်နဂါးသားတော်ပွဲတော်သည် ငြိမ်းချမ်းမည်မဟုတ်ကြောင်း ရီဖန်ကောင်းကောင်းသိ၏။ ရွှေအင်မော်တယ်နယ်မြေကိုဖြတ်ကျော်ပြီးနောက် ရီဖန်သည်ထိုတည်ရှိမှု၏လက်အောက်တွင် တပည့်တစ်ဦးဖြစ်လာရန် စတုရန်းလက်မတောင်၏ တိုကင်ကိုအသုံးပြုနိုင်သည်။ သို့သော် ရီဖန်သည် တိုကင်ကိုသုံးရန် အလျင်စလိုမလုပ်ချေ။ ဤမျှကြာမြင့်ပြီးနောက် သူနောက်ထပ် အနှစ်နှစ်ဆယ်လောက်စောင့်နိုင်သေးသည်။
အဓိကအကြောင်းအရင်းမှာ ရီဖန်သည် ရီရှင်းလုံ၏ နဂါးသားတော်ပွဲတော်ကို မလွတ်ချင်ခဲ့သောကြောင့်ဖြစ်၏။ သူသည် ရီမိသားစု၏ဂျူနီယာအဖွဲ့ဝင်လေးများကို မည်သူကမှ အနိုင်ကျင့်ခွင့်မပြုနိုင်ချေ။
………………