← Chapters

အခန်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အခန်း ၂၀၅-၂၀၇

Vol. 14 Ch. 205-207

အခန်း ၂၀၅ - အိုးလီ : ရီမိသားစုကအရမ်းလွှမ်းမိုးလွန်းမနေဘူးလား

ရီဖန်သည် ၎င်း၏ကျင့်ကြံမှုအဆင့်အောင်မြင်မှုတစ်ခုရရှိထားသောကြောင့် ဆုလက်ခံရရှိရန်အချိန်တန်ပြီဖြစ်သည်။

“စနစ်၊ဆုလာဘ်ထုတ်လိုက်ပါ”

"ဆုလက်ခံရရှိတဲ့အတွက်ဂုဏ်ယူပါတယ်၊ မိသားစုနတ်မွန်းစတားဖြစ်တဲ့ ရွှေအင်မော်တယ်အဆင့်အဇူရာနဂါးကို လက်ခံရရှိပါတယ်"

အဇူရာနဂါး၊ ၎င်း၏သွေးမျိုးဆက်သည် ရီဖန်ထက်ပင်အားကောင်း၏။ ၎င်းသည် ရှေးခေတ်စွမ်းအားကြီးအဇူရာနဂါးသွေးမျိုးဆက်ဖြစ်ကာ ၎င်း၏ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်မြေသို့ပင်ရောက်ရှိသွားခဲ့သည်။ ရွှေအင်မော်တယ်နယ်မြေရှိ အဇူရာနဂါးသည် ရွှေအင်မော်တယ်နယ်မြေကျင့်ကြံသူထက်များစွာတန်ဖိုးရှိပြီး စွမ်းအားကြီးသည်။ ရီဖန်ထီပေါက်သွားခြင်းဖြစ်၏။

ရီဖန်သည် ရွှေအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးမှသာ ဆုလာဘ်ထုတ်ယူမိသည့်အတွက်အလွန်ဝမ်းသာမိသည်။ သို့မဟုတ်ပါက စနစ်၏သဘောသဘာဝအရ ဤအဇူရာနဂါးသည် ကောင်းကင်ဘုံအင်မော်တယ်အဆင့်သာဖြစ်နိုင်သည်။

သို့ဖြစ်ပါက ရီမိသားစုအတွက်၎င်း၏အသုံးဝင်မှုသည် အနည်းငယ်လျော့ကျသွားနိုင်၏။ နတ်မွန်းစတားများအကြောင်းတွေးတောရင်း ရီဖန်သည်ပိုင်ဇယ်ကို သတိရသွားသည်။

တာ့ယွီမင်းဆက်၏ ကံကြမ္မာနတ်မွန်းစတားဖြစ်လာပြီးသည့်အချိန်မှစ၍ ပိုင်ဇယ်သည် ပို၍ပင်ပျင်းရိလာ၏။ သို့သော် တာ့ယွီမင်းဆက်၏ကံဇာတာကြောင့် ပိုင်ဇယ်၏ကျင့်ကြံမှုအဆင့်သည်လည်း အလွန်လျင်မြန်စွာ တိုးတက်လာသည်။ ယခုအခါ ၎င်းသည် ကောင်းကင်ဘုံအင်မော်တယ်နယ်မြေ၏ နှောင်းပိုင်းအဆင့်သို့ရောက်ရှိကာ ရွှေအင်မော်တယ်နယ်မြေကိုရောက်ရန်မဝေးတော့ချေ။

အဇူရာနဂါးသည်တော့ ပိုင်ဇယ်လောက်မပျင်းရိနိုင်ရာ။ အဇူရာနဂါးပေါ်ထွက်လာပြီးနောက် အင်မော်တယ်စွမ်းအားလေ့ကျင့်ရန် ပင်မတောင်ထိပ်ပေါ်သို့ တက်လှမ်းသွားသည်ကိုကြည့်ရင်း ရီဖန်သက်ပြင်းချမိသည်။ ပိုင်ဇယ်လောက် မပျင်းသရွေ့တော့အဆင်ပြေသည်။

တာ့ယွီမြို့တော်တွင် တစ်ရေးတစ်မောအိပ်နေသော ပိုင်ဇယ်သည် ရုတ်တရက်နှာချေလိုက်ကာ သူ့မျက်လုံးများထဲတွင် စိတ်အနှောက်အယှက်ဖြစ်ယောင်ပေါ်လာသည်။ ထိုရီဖန်သည် သူ့ကိုထပ်ဝေဖန်နေပြီဖြစ်မှန်းသိလိုက်၏။ လူးလှိမ့်လိုက်ပြီးနောက် ပိုင်ဇယ်သည် သူ့၏အသစ်စက်စက်ကိုယ်လုပ်တော်လေးကို တင်းကြပ်စွာဖက်ကာဆက်အိပ်နေလိုက်သည်။

‘ဟမ့်၊ ငါလည်းများများမွေးဖို့လိုတယ်။ ငါဒီဘဝမှာ ရီဖန်ကိုမရိုက်နိုင်ရင်တောင်၊ ငါ့မျိုးဆက်တွေက ရီဖန်ကိုရိုက်နိုင်ဖို့မျှော်လင့်တယ်’ ရီဖန်၏မျိုးဆက်အတွက်မည်မျှစိတ်အားထက်သန်သည်ကိုကြည့်ခြင်းအားဖြင့် သူမသိသောလျှို့ဝှက်အကျိုးကျေးဇူးများရှိရမည်။ ပိုင်ဇယ်သည် ရီဖန်၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို ဆုပ်ကိုင်ထားသည်ဟုယုံကြည်ကာ တိတ်တဆိတ်ဝမ်းသာနေ၏။

ရီမိသားစုနယ်မြေတွင် အဇူရာနဂါးဘိုးဘေးသည် ရုတ်တရက်ပေါက်ကွဲထွက်လာသော သူ့မျိုးနွယ်စု၏ရောင်ဝါကိုခံစားလိုက်ရသည်။ အဇူရာနဂါးသွေးမျိုးဆက်ရရှိပြီးသည့်အချိန်မှစ၍ ယခင် ယခင် ကျောက်လုံဘိုးဘေး၊ ယခုအဇူရာနဂါးဘိုးဘေးသည် လုံ့လစိုက်ထုတ်ကာလေ့ကျင့်နေသည်။ ၎င်းသည် အဇူရာနဂါးဖြစ်လာပြီးနောက် ကမ္ဘာ့အမြင်သည်လည်း များစွာတိုးတက်လာ၏။ ၎င်း၏သွေးမျိုးဆက်ကို ဆက်လက်လုပ်ဆောင်ရန်အတွက် အဇူရာနဂါးဘိုးဘေးသည် သူ၏အတိတ်မှကိုယ်လုပ်တော်များကိုပင် စိတ်မဝင်စားတော့ချေ။ ယခုတွင်မမျှော်လင့်ထားစွာဖြင့် မျိုးတူတစ်ဦးပေါ်လာခြင်းသည် အဇူရာနဂါးဘိုးဘေး၏ စိတ်ဝင်စားမှုကိုရုတ်တရက်ဆွဲဆောင်သွားသည်။ ၎င်းသည် ကောင်းကင်ဘုံက သတ်မှတ်ပေးထားသည့်နတ်ကံကြမ္မာမဟုတ်လား။ စိတ်လှုပ်ရှားနေသော အဇူရာနဂါးဘိုးဘေးသည် နွေဦး၏ရနံ့ကိုဝေမျှလိုဟန်ဖြင့် အဇူရာနဂါးဆီသို့ ပြေးသွားခဲ့သည်။

ရီဖန်သည် အဇူရာနဂါးဘိုးဘေးကို ခံစားသိရှိခဲ့သော်လည်း ရပ်တန့်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ အဇူရာနဂါးသည် ရွှေအင်မော်တယ်နယ်မြေမှဖြစ်ကာ အဇူရာနဂါးဘိုးဘေးသည်ကမ္ဘာ့အင်မော်တယ်နယ်မြေတွင်သာရှိသေးသဖြင့် မည်သည့်ခြိမ်းခြောက်မှုဖြစ်နိုင်မည်နည်း။ မကြာမီတွင် အဇူရာနဂါးဘိုးဘေး၏အော်သံသည် အနောက်တောင်ပေါ်တွင်ပဲ့တင်ထပ်သွားကာ ရီမိသားစုနယ်မြေသည်လည်း ချက်ချင်းသက်ဝင်လှုပ်ရှားလာ၏။

အဇူရာနဂါးဘိုးဘေးနှင့် အဇူရာနဂါးတို့ကိုကြည့်ရင်း ရီဖန်သည် ရုတ်တရက်အကြံတစ်ခုရသွားသည်။ ရီဖန်သည် ၎င်း၏မြေးဖြစ်သူရီရှင်းလုံ၏ နဂါးသားတော်အခမ်းအနားအတွက် မည်သည့်လက်ဆောင်ကို ပြင်ဆင်ရမည်နည်းဟုစဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ယခုတွင် ဤမျှပြီးပြည့်စုံတဲ့လက်ဆောင်သည် ၎င်းကိုယ်တိုင်ရောက်ရှိလာသည်မဟုတ်လား။ အဇူရာနဂါးဘိုးဘေးနှင့် အဇူရာနဂါးတို့၏ သွေးအနှစ်သည် အဇူရာနဂါးလေးအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်သည်။ သွေးအနှစ်ကိုထုတ်ယူခြင်းသည် မွန်းစတားများအပေါ်တွင်သက်ရောက်မှုအချို့ရှိသော်လည်း ပြင်းထန်ခြင်းမရှိပေ။ အလွန်အကျွံအသုံးစွဲဘဲ ပြန်လည်သက်သာလာသရွေ့ ၎င်းသည်သက်ရောက်မှုလုံးဝမရှိနိုင်ချေ။

ရီဖန်ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူသည် အဇူရာနဂါးဘိုးဘေးနှင့် အဇူရာနဂါးတို့ကိုချက်ချင်းဆင့်ခေါ်လိုက်ကာ ထိပ်တန်းအင်မော်တယ်ဆေးလုံးများစွာကိုကတိပေးပြီးနောက် သွေးအနှစ် ဆယ်စက်ရရှိခဲ့သည်။ ကမ္ဘာအင်မော်တယ်နယ်မြေမှငါးစက်၊ ရွှေအင်မော်တယ်နယ်မြေမှငါးစက်ထုတ်ယူကာ ရီဖန်သည် ရွှေအင်မော်တယ်နယ်မြေ အစက်ငါးစက်ကို အလျင်စလိုမပေးခဲ့ပေ။ ကမ္ဘာ့အင်မော်တယ်နယ်မြေ အစက်ငါးစက်အတွက် ရီဖန်သည် ရီကျင်းထျန်ကို ၎င်းတို့အား မြောက်ပင်လယ်နဂါးမျိုးနွယ်စုထံသို့ ကိုယ်တိုင်ပို့ဆောင်ပေးပို့စေခဲ့သည်။ ၎င်းတို့သည် ယခုအချိန်တွင် ဤအရင်းအမြစ်များကိုအမှန်တကယ် လိုအပ်နေလိမ့်မည်။

မြောက်ပင်လယ်နဂါးမျိုးနွယ်စုအတွင်းတွင် အနှစ်ရှစ်ဆယ်အတွင်း အဇူရာနဂါးလေး၏ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်အဆင့်မှ ကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်အထိ တိူးတက်လာခဲ့သည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် မူလကနဂါးသားတော်မဟာအခမ်းအနားမတိုင်မှီ ၎င်း၏ကျင့်ကြံမှုအဆင့်ကို ကောင်းကင်ဘုံအင်မော်တယ်နယ်မြေအထိမြှင့်တင်ရန် စီစဉ်ထားခဲ့သော်လည်း ၎င်းတို့သည်အဇူရာနဂါးသွေးမျိုးဆက်ကို လျှော့တွက်မိခဲ့၏။

သွေးမျိုးဆက်စွမ်းအားပိုအားကောင်းလေ အဆင့်မြှင့်တင်ရန်အရင်းအမြစ်များ ပိုလိုအပ်လေဖြစ်သည်။ အဇူရာနဂါးလေး၏ခိုင်မာသောအခြေခံအုတ်မြစ်ကိုသေချာစေရန်အတွက် ၎င်းတို့သည် သူ၏ကျင့်ကြံမှုအဆင့်ကိုမဆင်မခြင်မမြှင့်တင်ဝံ့ကြပေ။ရလဒ်အနေဖြင့် အဇူရာနဂါးလေး၏ ကျင့်ကြံမှုအဆင့်သည် ကမ္ဘာ့အင်မော်တယ်နယ်မြေနှောင်းပိုင်းအဆင့်တွင် ရပ်တန့်နေခဲ့၏။ အဇူရာနဂါးလေး၏ကျင့်ကြံမှုအဆင့်ကို အနှစ်နှစ်ဆယ်အတွင်း ကောင်းကင်အင်မော်တယ်နယ်မြေ အစောပိုင်းအဆင့်သို့ မြှင့်တင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

နဂါးမျိုးနွယ်စုတွင် ပိတ်ဆို့မှုများကိုကျော်လွှားနိုင်သည့် သင့်လျော်သောကောင်းကင်ရတနာများမရှိလျှင် အဇူရာနဂါးလေး၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်နိုင်မည်မဟုတ်ချေ။ ရီကျင်းစန်သည် သူ့အဖေထံတွင် နည်းလမ်းရှိလိမ့်မည်ဟုထင်သော်လည်း နှစ်များတစ်လျှောက်တွင် ၎င်းသည် ရီမိသားစုကိုပံ့ပိုးကူညီမှုအားနည်းခဲ့သောကြောင့် မိသားစုထံမှအကူအညီတောင်းရန် ရှက်ရွံ့နေခဲ့သည်။

ရီကျင်းစန်၏တုံ့ဆိုင်းမှုကိုမြင်သဖြင့် အိုးလီကမေးလိုက်သည်။

“ရှောင်စန်၊ မင်းမှာ အကြံရှိတာလား"

ရီကျင်းစန်သည်တုံ့ဆိုင်းလျက်

“ကျွန်တော့မှာတော့ အကြံဥာဏ်မရှိဘူး၊ ဒါပေမယ့် ရီမိသားစုမှာတော့ ရှိနိုင်တယ်!"

ရီကျင်းစန်၏စကားကိုကြားပြီးနောက် အိုးလီသည် အနည်းငယ်စိတ်ပျက်သွားသည်။ အိုးလီသည် ရီမိသားစုတွင်ဖြေရှင်းချက်ရနိုင်သည်ဟူသော ရီကျင်းစန်၏အကြံပြုချက်ကိုလျစ်လျူရှုခဲ့သည်။ နဂါးမျိုးနွယ်စုသည် ၎င်းတို့၏မျိုးဆက်ကို ကျင့်ကြံပေးရာတွင်အကျွမ်းကျင်ဆုံးဖြစ်၏။ ရီမိသားစုတွင် ကြီးမားသောအရင်းအမြစ်များရှိနိုင်သည်ကို အသိအမှတ်ပြုသော်လည်း ရီမိသားစုသည်နဂါးသားတော်ကို ၎င်းတို့တတ်နိုင်သည်ထက် ပိုကောင်းအောင် ကျင့်ကြံနိုင်မည်ဟု မယုံကြည်ခဲ့ကြပေ။

"မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်၊ ရီမိသားစုရဲ့ရီကျင်းထျန်က နဂါးသားတော်ကို တွေ့ဆုံဖို့တောင်းဆိုနေပါတယ်"

"ရီကျင်းထျန်?"

အိုးလီသည် ရီကျင်းစန်ကို လှည့်ကြည့်လိုက်သည်။

လက်ရှိတွင်အဇူရာနဂါးလေးသည် သေချာကာကွယ်ရမည့် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မည်သူမဆိုသူနှင့်တွေ့ဆုံနိုင်မည်မဟုတ်ပေ။ ရီကျင်းထျန်ရောက်ရှိလာသည်ဟုကြားသောအခါတွင် ရီကျင်းစန်သည် ချက်ခြင်းစိတ်လှုပ်ရှားသွား၏။

"မျိုးနွယ်စုခေါင်းဆောင်၊ ရီကျင်းထျန်က ကျွန်တော့အစ်ကိုကြီးဖြစ်ပြီးတော့ ရီမိသားစုရဲ့ ဒုတိယမျိုးဆက်မှာအထင်ရှားဆုံးသူပါ"

ဒုတိယမျိုးဆက်၏ပထမသူဖြစ်ကာ ရီကျင်းစန်၏အစ်ကိုဖြစ်သည့်အတွက် အိုးကွမ်သည် တွေ့ဆုံမှုကိုမတားဆီးခဲ့ပေ။ မကြာမီတွင် ရီကျင်းထျန်သည် နဂါးမျိုးနွယ်စု၏ အဖွဲ့ဝင်များနောက်မှလိုက်ပါလာသည်။ အဇူရာနဂါးလေးကိုတွေ့သည်နှင့် ရီကျင်းထျန်သည် စိတ်လှုပ်ရှားစွာကောက်ချီလိုက်သည်။ ယခုအချိန်တွင် ရီကျင်းထျန်၌ သားသမီးအများအပြားရှိသော်လည်း ကလေးငယ်လေးမျိုးကိုချစ်ခင်နှစ်သက်ခြင်းသည် မပြောင်းလဲသေးချေ။ ရီရှင်းလုံသည် အဘယ်ကြောင့် ရီမိသားစု၏မျိုးဆက်ကို မလိုက်နာရခြင်းနှင့်ပတ်သက်၍ ရီကျင်းထျန်ကမေးမြန်းခြင်းမပြုခဲ့ပေ။ ရီကျင်းစန်ထံတွင် ထိုသို့ပြုလုပ်ရလောက်သည့် ကိုယ်ပိုင်အကြောင်းပြချက်တစ်ခုရှိနေနိုင်သည်။

"ချစ်စရာလေး၊ ငါ့ကို ဦးဦးလို့ခေါ်လေ"

ရီရှင်းလုံသည် အသက်တစ်ရာကျော်ရှိသော်လည်း နဂါးမျိုးရိုးအတွက်မူကလေးသာသာရှိသေး၏။ ရီရှင်းလုံ၏ဦးခေါင်းထိပ်ရှိဦးချိုများသည် အပြည့်အဝမဖွဲ့စည်းရသေးပေ။

"ရီကျင်းထျန်က မျိုးနွယ်စုခေါင်းဆောင်အိုးလီကို ဂါရဝပြုပါတယ်"

နောက်ဆုံးတွင် ရီကျင်းထျန်သည် မျိုးနွယ်စုခေါင်းဆောင်အိုးလီကို သတိပြုမိလိုက်ကာ လျှင်မြန်စွာဂါရဝပြုလိုက်သည်။

“ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းက ရှောင်စန်ရဲ့မိသားစုဆိုတော့ မင်းလည်း ငါတို့နဂါးမျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်းပဲ"

အိုးလီသည် အခြားလူသားကျင့်ကြံသူများအပေါ်ကဲ့သို့ မောက်မာမှုမျိုးမပြခဲ့ချေ။ အဓိကအကြောင်းရင်းမှာ ဤလူများသည် ရီရှင်းလုံ၏မိသားစုဖြစ်သောကြောင့် အိုးလီသည်လည်း ၎င်းတို့ကိုယဉ်ကျေးစွာဆက်ဆံခဲ့သည်။ စကားအနည်းငယ်ဖလှယ်ပြီးနောက် ရီကျင်းထျန်သည် သူ၏လာရောက်လည်ပတ်ခြင်းရည်ရွယ်ချက်ကို သတိရသွားသည်။

“ရှောင်စန်၊ ခယ်မလေး အဖေက နဂါးလေးရဲ့ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ဖို့ ကူညီနိုင်မယ့်ဟာလေးတွေပေးလိုက်တယ်"

ရီကျင်းထျန်၏စကားကြောင့် နဂါးနီလေးနှင့် ရီကျင်းစန်တို့၏မျက်နှာများသည် ချက်ချင်းပင်စိတ်လှုပ်ရှားမှုများပြည့်နှက်သွားသည်။ ၎င်းတို့သည် ရီရှင်းလုံ၏ ကျင့်ကြံမှုအဆင့်မလုံလောက်ပါက နဂါးသားတော်အခမ်းအနားတွင် လွှမ်းမိုးခံရမည်ကိုစိုးရိမ်ခဲ့ကြသည်။ သို့သော် ရီဖန်သည်၎င်းတို့ထံသို့ အံ့အားသင့်ဖွယ်ရာများပေးလာမည်ဟု မမျှော်လင့်ခဲ့ပေ။

…………………..

အခန်း ၂၀၆ - ဆိုတော့ ဧကရာဇ်ဟွမ်ထျန်းက ဒီလိုလူပေါ့

ရီဖန်ပေးပို့သောလက်ဆောင်သည် ရီရှင်းလုံ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ ရီကျင်းစန်နှင့်နဂါးနီလေးတို့နှစ်ဦးလုံး သံသယမရှိခဲ့ပေ။ ရီဖန်ကိုယ်တိုင်လှုပ်ရှားသည့်အခါတိုင်း ကျရှုံးရန်မရှိချေ။ ၎င်းတို့၏နှလုံးသားထဲတွင် ရီဖန်သည် အနှိုင်းမဲ့တည်ရှိမှုဖြစ်၏။

အိုးလီတစ်ဦးတည်းသာ သံသယများရှိနေသည်။ ရီမိသားစုသည်အမှန်တကယ်ပင် ရီရှင်းလုံ၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာမြှင့်တင်ပေးနိုင်သည့် ရတနာတစ်ခု ထုတ်လုပ်နိုင်မလားဟူ၍ သူကိုယ်သူပြန်မေးနေသည်။ ၎င်းသည် ရီရှင်းလုံ၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာတိုးမြင့်လာအောင်ကူညီပေးနိုင်မလား။ အကယ်၍ ၎င်းတို့မလုပ်ဆောင်နိုင်ခဲ့ပါက ၎င်းသည်ရီရှင်းလုံ၏ အနာဂတ်အလားအလာများအပေါ် မကောင်းသည့် သက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် သူသည် ရီရှင်းလုံ၎င်းတို့ကိုအသုံးပြုရန်အတွက် လုံးဝခွင့်ပြုမည်မဟုတ်ချေ။

ရီကျင်းထျန်သည် လူတိုင်းကိုစောင့်နေရအောင်မလုပ်ဘဲ သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ နတ်ကျောက်စိမ်းနှင့်ပြုလုပ်ထားသည့် ပုလင်းကိုထုတ်ယူလိုက်ကာ ၎င်းအပေါ်တွင် လေဟာနယ်တားမြစ်ချက်အမှတ်အသားများကို ရေးထွင်းထားသည်။ ၎င်းသည် သွေးအနှစ် ဆယ်စက်သာရှိသော်လည်း နဂါးမျိုးနွယ်စု၏သွေးတစ်စက်သည် ပင်လယ်သို့မဟုတ် သမုဒ္ဒရာကဲ့သို့ကြီးမားသည်။ လေဟာနယ်တားမြစ်ချက်မရှိဘဲ နေရာမဆံ့နိုင်ချေ။ ကျောက်စိမ်းပုလင်းအဖုံးကိုဖွင့်လိုက်သောအခါတွင် အခန်းတစ်ခန်းလုံးအတွင်း ထူးခြားသည့်ရောင်ဝါများပျံ့နှံ့သွားခဲ့သည်။

အိုးလီသည်မူလက ၎င်းကို သေသေချာချာစစ်ဆေးချင်သော်လည်း ကျောက်စိမ်းပုလင်းအတွင်းမှ ရောင်ဝါကိုခံစားရသည်နှင့်တပြိုင်နက် အံ့အားသင့်သွားရသည်။ သူမည်သည်ကိုမြင်လိုက်ရသနည်း။ အဇူရာနဂါးသွေးအနှစ်ကို မြင်လိုက်ရသည်၊၊ ၎င်းသည် အဇူရာနဂါးငယ်ထက်ပင်ပိုစွမ်းအားကြီး၏။ အကယ်၍ အဇူရာနဂါးငယ်အတွက် ၎င်း၏ကျင့်ကြံမှုအဆင့်ကိုတိုးမြှင့်ရန် သင့်လျော်သော တစ်စုံတစ်ရာရှိခဲ့ပါက၊ ၎င်းသည် အဇူရာနဂါး၏သွေးအနှစ်များဖြစ်လိမ့်မည်။ အကယ်၍သူသည် ၎င်းသွေးအနှစ်များကိုအသုံးပြုလျှင် ကောင်းကင်ဘုံအင်မော်တယ်ဘုံနယ်မြေသို့ အခက်အခဲမရှိတက်လှမ်းနိုင်မည်ဖြစ်သည်။

သူ၏ယခင်အတွေးများကိုပြန်သတိရပြီးနောက် အိုးလီသည် ရုတ်တရက်ရှက်ရွံ့မှုကိုခံစားလိုက်ရ၏။

၎င်းသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ ခမည်းခမက်များကိုလျှော့တွက်မိသည်။ အိုးလီ၏စိတ်ထဲတွင် ရီမိသားစုသည် ပို၍ပင်လျှို့ဝှက်ဆန်းကြယ်လာသည်။ ရီကျင်းစန်နှင့် နဂါးနီလေးတို့သည် အံ့သြခဲ့ကြသော်လည်း အလွန်အမင်းမစဉ်းစားကြချေ။ ရီဖန်သည် ထိုထက်အစွမ်းထက်သည့်ရတနာများထုတ်ပေးလာလျှက်ပင် အံ့ဩကြမည်မဟုတ်ချေ။

"မင်းတို့ ဒီဟာတွေကို အရင်သုံးလိုက်၊ နဂါးသားတော် အခမ်းအနားမှာ အဖေ့ဆီကပိုအံ့ဩစရာတစ်ခုရလိမ့်မယ်"

ရီကျင်းထျန်သည် ပြုံးပြီးပြောလိုက်၏။

“ဦးဦး သားလိုချင်တယ်!"

အဇူရာနဂါး၏သွေးအနှစ်သည် သူ့အတွက်အကျိုးရှိမည်ဟုခံစားမိပုံရသော နဂါးလေးသည် သူ၏တုတ်ခိုင်သောလက်လေးများကိုဝှေ့ယမ်းလာသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ အဲတာအားလုံးက သားဟာပဲ"

ရီကျင်းထျန်သည် ရွှင်မြူးသောအမူအရာဖြင့် အဇူရာနဂါးလေးကို ကောက်ချီလိုက်သည်။ မည်သည့်မျိုးစိတ်ပင်ဖြစ်စေ ချစ်စဖွယ်ကလေးများသည် သေစေလောက်သောဆွဲဆောင်မှုတစ်ခုရှိသည်။

ရီကျင်းထျန်သည်လက်ဖျောက်တီးလိုက်ပြီးနောက် သွေးအနှစ်တစ်စက်ထွက်ကျလာကာ အဇူရာနဂါးလေးသည် ၎င်းထဲတွင်နှစ်မြှုပ်သွား၏။ အဇူရာနဂါးလေးသည် သွေးအနှစ်ထဲတွင်ပျော်ရွှင်စွာ ကူးခတ်နေခဲ့ကာ အဇူရာနဂါးလေး၏ရောင်ဝါတိုးလာသည်နှင့်အမျှ သွေးအနှစ်သည်တဖြည်းဖြည်းကုန်ဆုံးလာ၏။ အဇူရာနဂါးလေးသည် သွေးအနှစ်ငါးစက်လုံးကိုစုပ်ယူရန် အနှစ်နှစ်ဆယ်မျှသာကြာမြင့်မည်ဖြစ်ကာ သူ၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်မည်ဖြစ်သည်။

ဤအရာများသည် အဇူရာနဂါးလေးအတွက်ဖြစ်ကာ ရီကျင်းထျန်သည် နောက်ထပ်ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။ ၎င်းသည်ရီကျင်းစန်နှင့် နဂါးနီလေး တို့၏ ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန်အတွက် တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးပင်။ ၎င်းတို့နှစ်ဦး၏ သာတူညီမျှစာချုပ်ကြောင့် နှစ်ဦးစလုံးသည်ကမ္ဘာအင်မော်တယ်အထွတ်အထိပ်သို့ရောက်ရှိနေကြသည်။ တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံးသည် ၎င်းတို့နှစ်ဦးလုံးကို ကောင်းကင်အင်မော်တယ်နယ်မြေသို့ မြှင့်တင်ရန်လုံလောက်လိမ့်မည်။

ယခုလေးမှစိတ်တည်ငြိမ်သွားသောအိုးလီသည် တက်လှမ်းခြင်းအင်မော်တယ်ဆေးလုံး၏ရောင်ဝါကို ခံစားမိပြီးနောက် ထပ်မံတုန်လှုပ်သွားပြန်သည်။ မူလက ၎င်း၏စွမ်းအားကြီးနဂါးဘိုးဘေးကြောင့် အနည်းငယ်သာလွန်သည်ဟုခံစားခဲ့ရသော်လည်း ယခုတွင်ထိုခံစားမှုသည် ချက်ချင်းကွဲအက်သွား၏။ ရီမိသားစုမှ ရတနာနှစ်ပါးသည် ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူအတွက်ပင် အလွန်မနာလိုဖွယ်ကောင်းလှသည်။ ၎င်းတို့သည် အဇူရာနဂါးလေးနှင့် နဂါးနီလေးတို့ကြောင့်မဟုတ်ပါက ၎င်းတို့ကိုလုယက်ရန်သွေးဆောင်မှုကို တွန်းလှန်နိုင်ပါ့မလားမသေချာချေ။ ရီကျင်းထျန်၏ပုံစံအရ ဤရတနာနှစ်ပါးသည် ရီမိသားစုအတွက် အလွန်တန်ဖိုးရှိပုံမပေါ်ပေ။ အိုးလီ၏နှလုံးသားထဲတွင် ရီမိသားစု၏အရေးပါမှုသည် နောက်ထပ်တိုးလာပြန်သည်။

ပစ္စည်းများပေးပို့ပြီးနောက် ရီကျင်းထျန်သည် အကြာကြီးမနေဘဲ ရီမိသားစုထံသို့ တိုက်ရိုက်ပြန်သွားခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်ကျန်နေသေးကာ ၎င်းကိုယ်တိုင်လည်း ကျင့်ကြံမှုအဆင့်မြှင့်တင်ရန်လည်း လိုအပ်နေသေးသည်။ ဤတစ်ကြိမ်တွင် ရီမိသားစု ရင်ဆိုင်ခဲ့ရမည့်ပြိုင်ဘက်သည် အရှေ့ဘက်တိုက်နယ်မြေမှ အမှိုက်များမဟုတ်ဘဲ စစ်မှန်သည့်စွမ်းအားရှင်များဖြစ်သည်။

…..

အချိန်သည်တရွေ့ရွေ့ ကုန်ဆုံးလာပြီးနောက် ရီမိသားစု၏လုပ်ဆောင်ချက်များသည် တည်ငြိမ်နေခဲ့ကာ မသိလိုက်ဘဲနှင့် ရီမိသားစု၏လူဦးရေသည် အဖွဲ့ဝင်ငါးသောင်းကျော်သွားပြီဖြစ်၏။

“မိသားစုလူဦးရေ အဆင့်ရှစ်ကိုပြီးဆုံးသွားလို့ ရေရှည်တာဝန်ကိုပြီးမြောက်စေခဲ့တဲ့ သခင့်ကိုဂုဏ်ပြုပါတယ်၊ ဆုလာဘ်ကိုထုတ်ယူနိုင်ပါပြီ"

ရီဖန်ပင်လျှင် နဂါးသားတော်အခမ်းအနားမတိုင်မီ နောက်ထပ်ရေရှည်တာဝန်ကိုပြီးမြောက်ရန် မမျှော်လင့်ခဲ့ပေ။ မိသားစုအဆင့်ရှစ်ယောက်အတွက် ပေးအပ်သည့်ဆုသည် ၎င်းကိုအံ့သြစေသည်။

"စနစ်၊ ဆုကြေးထုတ်ယူပါ"

"ဂုဏ်ယူပါတယ် သခင်၊ ကိုးကွယ်မှုဆိုင်ရာတိုကင်ကိုရရှိပါတယ်"

ကိုးကွယ်မှု အမှတ်၈၀ထက်သာလွန်သော ရီမိသားစုအပေါ်နှစ်သက်ကျွမ်းဝင်သူကို ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မိသားစုနှင့်ချည်နှောင်နိုင်သည်။ မိသားစုကိုးကွယ်သူသည် မိသားစုအဆင့်အတန်း၏အကျိုးကျေးဇူးများကိုခံစားခွင့်ရှိ၏။ ၎င်းသည်ပစ္စည်းအသစ်တစ်ခုဖြစ်ကာ မိသားစုတစ်ခုတွင် ကိုးကွယ်သူသည်မရှိမဖြစ်လိုအပ်သည်။ သို့သော် ရီမိသားစုတွင် ကိုးကွယ်သူမရှိပေ။

ပထမအချက်သည် ရီမိသားစုတွင် လျှို့ဝှက်ချက်များစွာရှိခြင်းကြောင့်ဖြစ်ကာ၊

နောက်တစ်ချက်မှာ ရီမိသားစု၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်သည် မြန်ဆန်လွန်းလှသောကြောင့် သာမန်ကိုးကွယ်သူများသည် မိသားစု၏အကျိုးကျေးဇူးများရရှိသည့်တိုင် ရီမိသားစု၏တိုးတက်မှုကိုလိုက်မမီနိုင်သဖြင့် ကိုးကွယ်သူခေါ်ယူလျှင်ပင် အသုံးမဝင်ချေ။ ယခုတွင် ဤကိုးကွယ်မှုတိုကင်သည် ရီဖန်ကိုကိုးကွယ်သူစုဆောင်းရန်အတွက် စဉ်းစားလာစေသည်။ သို့သော် မည်သို့သော ကိုးကွယ်သူမျိုးကိုရှာသင့်သနည်း။ သာမန်ကိုးကွယ်သူများသည် ရီမိသားစု၏အင်အားကိုမြှင့်တင်ရန် ပံ့ပိုးကူညီနိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ရီဖန်သည် ပြီးပြည့်စုံမည့်သူတစ်ယောက်ကို သတိရသွား၏။

ဧကရာဇ်ဟွမ်ထျန်း။ ဧကရာဇ်ဟွမ်ထျန်း၏အဆင့်အတန်းဖြင့် မိသားစုကိုးကွယ်သူဖြစ်လာခြင်းသည် ရီမိသားစုအတွက် သိသာထင်ရှားသော တိုးတက်မှုတစ်ခုဖြစ်လာလိမ့်မည်။ ထို့အပြင် ဧကရာဇ်ဟွမ်ထျန်းသည် တစ်ချိန်က စွမ်းအားကြီးအင်မော်တယ်ဧကရာဇ်ဖြစ်သည်။ ရီမိသားစုသည် လုံလောက်သောအရင်းအမြစ်များကို ပံ့ပိုးပေးနိုင်သရွေ့ ဧကရာဇ်ဟွမ်ထျန်းသည် သူ၏ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာပြန်တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူသည်ရီမိသားစုအတွက် ဝှက်ဖဲတစ်ခုပင်ဖြစ်လာနိုင်သည်။

သို့သော် ရီဖန်စဉ်းစားမိသည်မှာ အဆင့်၈၀အထက် ရီမိသားစုအပေါ်နှစ်သက်ကျွမ်းဝင်းရန် စံသတ်မှတ်ချက်သည် ပြီးမြောက်ရန်လွယ်ကူမည်မဟုတ်ပေ။ ဧကရာဇ်ဟွမ်ထျန်းသည် ရီမိသားစုကို အမှန်တကယ် နှစ်သက်သလား။ ၎င်းကိုတွေးတောရင်း ရီဖန်သည် ရန်ဟွမ်နယ်မြေသို့ နောက်တစ်ကြိမ်ခရီးတစ်ခုထွက်ကာ ဧကရာဇ်ဟွမ်ထျန်း၏ အပျက်အစီးများထဲသို့ဝင်သွားခဲ့သည်။

"ဒီတစ်ခေါက်ရော ဘာကိစ္စလဲ”

ရီဖန်ကိုမြင်သည့်အခါတွင် ဧကရာဇ်ဟွမ်ထျန်းသည် မထုးခြားနားသောလေသံဖြင့်မေးလိုက်၏။ တစ်ယောက်ယောက်သည် ဧကရာဇ်ဟွမ်ထျန်းကို သေချာကြည့်ပါက သူ့မျက်လုံးထဲရှိပျော်ရွှင်မှုအရိပ်အယောင်ကို သတိပြုမိလိမ့်မည်။ အနည်းဆုံး သူသည်ရီဖန်ရောက်လာခြင်းကို မဆန့်ကျင်ဘဲစောင့်နေခဲ့သည်။

ရီဖန်သည် ဧကရာဇ်ဟွမ်ထျန်းကိုပစ်မှတ်ထားကာ ကိုးကွယ်မှုတိုကင်ကိုတိတ်တဆိတ်အသုံးပြုခဲ့သည်။ ၎င်း၏နှစ်သက်မှုအဆင့်သတ်မှတ်ချက်မှာ အမှတ် ၄၂ ဖြစ်သည်။ ဧကရာဇ်ဟွမ်ထျန်း၏နှစ်သက်မှုအဆင့်ကိုမြင်သောအခါ ရီဖန်အံ့ဩသွားသည်။ ဧကရာဇ်ဟွမ်ထျန်းသည် ရီမိသားစုအပေါ် အမှန်တကယ်နှစ်သက်သလား။ ဤရလဒ်ကို ရီဖန်လုံးဝမထင်မှတ်ထားချေ။ ရီဖန်သည် ဧကရာဇ်ဟွမ်ထျန်း၏ ရီမိသားစုအပေါ်သဘောထားသည် အနုတ်ဘက်သို့ရောက်နေမည်ဟုပင်သံသယဖြစ်ခဲ့သည်။ ဧကရာဇ်ဟွမ်ထျန်းသည် ဤနေရာတွင် တံဆိပ်ခတ်ထားခံရဆဲဖြစ်ကာ ၎င်းသည်တစ်စိတ်တစ်ပိုင်းအားဖြင့် ရီဖန်ကြောင့်ဖြစ်သည်။

‘သူ့ကိုပိုဆိုးရွားစွာဆက်ဆံလေ၊ သူကမင်းကိုပိုချစ်လေ’

ရီဖန်သည် သူ့စိတ်ထဲတွင်အတွေးတစ်ခုပေါ်လာ၏။ ဧကရာဇ်ဟွမ်ထျန်းသည် နှိပ်စက်ခံရခြင်းကိုခုံမင်သူတစ်ဦးဖြစ်နိုင်ပါသလား။

၎င်းကိုတွေးမိပြီးနောက် ဧကရာဇ်ဟွမ်ထျန်းကိုကြည့်နေသည့် ရီဖန်၏မျက်လုံးများပြောင်းလဲသွားသည်။ မမျှော်လင့်ဘဲ နက်မှောင်ထူထဲသည့်မျက်ခုံးမွှေးများနှင့်၎င်းသည် ဤကဲ့သို့သောလူစားမျိုးဖြစ်နေသည်မှာ ရွံမုန်းစရာကောင်းလှ၏။

……………………

အခန်း ၂၀၇ - နဂါးသားတော်အခမ်းအနား

ရီဖန်၏အမူအရာကိုမြင်လျှင် ဧကရာဇ်ဟွမ်ထျန်းသည် အနည်းငယ်အံ့ဩသွား၏။ ရီဖန်မကျေမနပ်ဖြစ်အောင် မည်သည့်အရာများလုပ်ခဲ့မိသည်ကို သိချင်နေသည်။ ဧကရာဇ်ဟွမ်ထျန်း၏ ရီမိသားစုအပေါ်နှစ်သက်မှုသည် ရီဖန်၏မျှော်လင့်ချက်များကိုကျော်လွန်နေခဲ့ကာ ရီဖန်သည် ၎င်း၏ဧည့်သည်အကြီးအကဲဖြစ်လာနိုင်ချေကိုစဉ်းစားမိသည်။ ထို့နောက်သေးငယ်သောပန်းတိုင်တစ်ခုကို ချမှတ်ခဲ့၏၊ ၎င်းမှာနှစ်ပေါင်းတစ်ရာအတွင်း ဧကရာဇ်ဟွမ်ထျန်း၏မျက်နှာသာရရှိကာ ရီမိသားစုအပေါ်နှစ်သာမှုကို အမှတ်၈၀ကျော်အထိတိုးမြှင့်ရန်ဖြစ်သည်။

ရီဖန်သည် ခဏမျှစဉ်းစားပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစားအစာအများအပြားကို ထုတ်ယူလိုက်သည်။

“ဝိုင်သောက်ချင်လား?" ရီဖန်ကဖိတ်ခေါ်လိုက်သည်။

ဧကရာဇ်ဟွမ်ထျန်းသည် တိတ်တဆိတ် တံတွေးမျိုချလိုက်၏။ သူဘာမှမစားရသည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သည်။ ဧကရာဇ်ဟွမ်ထျန်း၏ကျင့်ကြံမှုအဆင့်အရ အစားမစားလျှင်ပင်ပြဿနာမရှိချေ။ သို့သော် တစ်ခါတစ်ရံတွင် စားသောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်အတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်းဖြစ်နိုင်သည်။ ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏ဖိတ်ကြားချက်ကို သဘောတူကာခေါင်းညိတ်လိုက်သည်။

ရီဖန်သည် ယခုအချိန်တွင် ဧကရာဇ်ဟွမ်ထျန်းကို မထုတ်ပေးနိုင်သေးသော်လည်း ရှေးအခင်းအကျင်းသည် ရီဖန်ကို ၎င်းအတွင်းသို့ပစ္စည်းများထည့်ပေးခြင်းမှ တားဆီးနိုင်မည်မဟုတ်ပေ။ နှစ်ဦးသားသည် သောက်စရာများကိုတစ်လှည့်စီသောက်သုံးနေကြ၏။

“လောင်ဟွမ်၊ မင်းအပြင်ထွက်ပြီးရင် ငါတို့ရီမိသားစုရဲ့ ဧည့်သည်အကြီးအကဲအဖြစ်နေချင်လား"

ရီဖန်သည်တစ်ခွက်သောက်ရင်း ရယ်မောလျက်မေးလိုက်သည်။ ဧကရာဇ်ဟွမ်ထျန်းသည်လည်း အလွန်ပျော်ရွှင်နေသောကြောင့်ဖြစ်မည်၊ ၎င်းကိုကန့်ကွက်ခြင်းမရှိပေ။

"ဟုတ်ပြီ၊ ငါအပြင်ထွက်နိုင်ရင် မင်းတို့ရီမိသားစုမှာ ဧည့်သည်အကြီးအကဲတစ်ယောက်အနေနဲ့ အမှုထမ်းမယ်"

"သဘောတူလိုက်ပြီနော်!"

"သဘောတူတယ်"

ဧကရာဇ်ဟွမ်ထျန်းသည် ဝိုင်အများအပြားကိုတစ်ကျိုက်တည်းသောက်လိုက်သည်။ ရီဖန်သည်ပြန်လည်မထွက်ခွါမီ ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာများအပြင် ဧကရာဇ်ဟွမ်ထျန်း၏ ကျင့်ကြံရေးအဆင့်ကိုပြန်လည်မြှင့်တင်ရန်အတွက် ထိပ်တန်းအဆင့်အင်မော်တယ်အနှစ်များကိုချန်ထားခဲ့သည်။ သို့မဟုတ်ပါက ဟွမ်ထျန်းသည်စွမ်းအားမလုံလောက်ဘဲ အပြင်ထွက်လာလျှင် အဆင်မပြေချေ။ ရီဖန်၏စိတ်ထဲမှာတွက် ဧကရာဇ်ဟွမ်ထျန်းသည် ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်နေပါပြီဖြစ်ရာ သူ့လူများကိုပိုကောင်းမွန်စွာဆက်ဆံခြင်းသည် ပြဿနာမရှိပေ။ ရီဖန်ထွက်ခွါသွားချိန်တွင် ဧကရာဇ်ဟွမ်ထျန်း၏ လက်ရှိနှစ်သက်မှုအဆင့်ကို ထပ်မံစစ်ဆေးကြည့်ရာ ၅၃ အထိတိုးလာသည်ကိုတွေ့ရှိခဲ့သည်။ ဧကရာဇ်ဟွမ်ထျန်းကိုရရှိရန် ရာစုနှစ်တစ်ခုကြာလိမ့်မည်မဟုတ်ဟု ရီဖန်ထင်သည်။

ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်ထွက်သွားသည်ကို ကြည့်ရင်းဝိုင်နောက်တစ်ခွက်သောက်လိုက်သည်။

ဟွမ်ထျန်းသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်ရာ ရီဖန်၏ရည်မှန်းချက်များကို သေချာပေါက်သိသည်။

သိူ့သော်ဧကရာဇ်ဟွမ်ထျန်းသည် မငြင်းဆန်ခဲ့ချေ။ ရီဖန်၏လက်ရှိအရည်အချင်းများအရ အနာဂတ်တွင် သူ့ထက်ပင် အင်အားကောင်းလာနိုင်သည်။ ဧကရာဇ်ဟွမ်ထျန်းအတွက် ရီမိသားစု၏ ဧည့်သည်အကြီးအကဲဖြစ်လာခြင်းသည် လက်ခံနိုင်စရာ မဟုတ်ပေ။ ရှေးကပ်ဆိုးကြီးမှလွတ်မြောက်ပြီး နှစ်ပေါင်းများစွာကြာအောင် ကြီးမားသောရှေးအခင်းအကျင်းထဲတွင်ပိတ်မိနေခြင်းကြောင့် ဧကရာဇ်ဟွမ်ထျန်းလက်လျှော့လိုက်သည်မှာကြာပြီဖြစ်၏။ အသက်ရှင်ကျန်နေခြင်းသည်ပင် ကောင်းချီးတစ်ခုဖြစ်ကာ အခြားအရာများအတွက်ပူပန်နေစရာမလိုတော့ပေ။

ဤနေရာမှလွတ်မြောက်သွားလျှင် လုံခြုံစွာဖြင့် တစ်ဖြည်းဖြည်းပြန်လည်ကျင့်ကြံမည်။

ရီမိသားစု၏ ဧည့်သည်အကြီးအကဲတစ်ဦးဖြစ်လာခြင်းသည် ကောင်းသောရွေးချယ်မှုဖြစ်သည်။ လူပေါင်းမြောက်မြားစွာကိုမြင်ဖူးပြီးသည့်နောက်တွင် ဧကရာဇ်ဟွမ်ထျန်းသည် သူ ရီမိသားစုနှင့်လိုက်လျောညီထွေဖြစ်မည်ဆိုပါက ရီဖန်သည် သူ့ကိုဆိုးရွားစွာဆက်ဆံမည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။

အကယ်၍သူသည် ရီဖန်၏ရန်သူဖြစ်လာလျှင်၊ ဧကရာဇ်ဟွမ်ထျန်း၏စိတ်ထဲတွင် တွေးမိသည်နှင့်တစ်ပြိုင်နက် သူ၏ဆဋ္ဌမအာရုံသည် စိုးရိမ်တကြီးသတိပေးလာကာ သူ၏စိတ်ဝိညာဉ်သည်ပင် အနည်းငယ်တုန်လှုပ်သွားသည်။ ဆဋ္ဌမအာရုံသည် အလွန်ရှင်းလင်းစွာညွှန်ပြနေသည်မှာ ရီဖန်နှင့်ဘယ်တော့မှရန်သူမဖြစ်ပါစေနှင့်ဟူ၍ပင်။ ဧကရာဇ်ဟွမ်ထျန်းသည် အနည်းငယ်ထိတ်လန့်သွားသည်။ ရီဖန်သည် သူထင်ထားသည်ထက် ပို၍ပင်ကြောက်စရာကောင်း၏။

ရီမိသားစုသည်အချိန်ခဏမျှ ငြိမ်းချမ်းစွာကျင့်ကြံရင်း လာမည့်နဂါးသားတော်အခမ်းအနားကို စောင့်မျှော်နေကြသည်။ မျက်စိတစ်မှိတ်အတွင်း ဆယ်စုနှစ်တစ်ခုမျှကုန်လွန်သွားပြီးနောက် ရီမိသားစုနေထိုင်ရာနယ်မြေတွင် ကြီးမားသောနဂါးကြီးတစ်ကောင်သည် ကောင်းကင်သို့ပျံတက်သွားသည်။ အဇူရာနဂါးဘိုးဘေး၏ကံကြမ္မာသည် မိသားစုမွန်းစတားအဖြစ်တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ ၎င်းသည်စွမ်အားပိုကောင်းလာသော်လည်း ရီဖန်၏ဆက်နွှယ်မွန်းစတားအဖြစ်ထမ်းဆောင်ရန် ၎င်း၏ကံကြမ္မာကိုရှောင်လွှဲ၍မရပေ။

ရီဖန်သည်လူများစွာမခေါ်ဘဲ ရီကျင်းထျန်နှင့် ရီရှောင်းရှောင်းကိုသာ ခေါ်လာခဲ့သည်။ ရီရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ်ဘုံသို့ရောက်ရှိသွား၏။ ကောင်းကင်ဘုံအင်မော်တယ်နယ်မြေမှ သက်တမ်းနှစ်ထောင်ကျော်ရှိသည့်ကျင့်ကြံသူများသည် စိတ်ဝင်စားဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်။ အဇူရာနဂါးဘိုးဘေးများသည် တိမ်တိုက်မြူခိုးများကြားတွင်ပျံသန်းကာ ရံဖန်ရံခါ လေဟာနယ်အတွင်းဖြတ်သန်းသွားသည်။

သုံးလအကြာတွင် ရီမိသားစုအဖွဲ့ဝင်များသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုဆီသို့ ချောမွေ့စွာရောက်ရှိခဲ့သည်။

မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် စိတ်လှုပ်ရှားစွာပြန့်ကျဲနေကြသည်။ ၎င်း၏အုပ်ချုပ်မှုအောက်တွင် မရေမတွက်နိုင်သောရေနေသတ္တဝါများသည် ဧည့်သည်များကိုကြိုဆိုရန်ထွက်လာကြ၏။ ရီမိသားစုအဖွဲ့ဝင်များသည် အဇူရာနဂါးဘိုးဘေးများကိုစီးနင်းကာ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏နယ်မြေသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့ကိုလျင်မြန်စွာသတိထားမိကြသည်။

၎င်းတို့ကိုဖိနှိပ်ထားသော အဇူရာနဂါးဘိုးဘေး၏ရောင်ဝါကိုခံစားလိုက်ရသောကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ ထိပ်တန်းအရာရှိများသည် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ ရှေးခေတ်နဂါးမျိုးရိုးသွေးမျိုးဆက်ကိုပိုင်ဆိုင်သည့် နဂါမျိုးနွယ်စု၏နဂါးကိုပင် ဆက်နွှယ်မွန်းစတားအဖြစ်အသုံးပြုနိုင်သည့် ဤသူများမှာမည်သူနည်း။ နဂါးမျိုးနွယ်စုအတွင်းတွင် နဂါးတိုင်းသည် ရှေးနဂါးသွေးမျိုးဆက်ကိုပိုင်ဆိုင်သည့်သူတိုင်းကို

အဖိုးတန်ကျောက်မျက်တစ်လုံးကဲ့သို့ တန်ဖိုးထားကြသည်။ ဤကဲ့သို့သော မြင့်မြတ်သည့်အရာကို မည်သူကဆက်တွှယ်မွန်းစတားအဖြစ် အသုံးပြုနေသနည်း။

မြောက်ပင်လယ်နဂါးမျိုးနွယ်စုမှ အကြီးအမှူးအိုးမော့ပင်လျှင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤအိုးမော့သည် ယခင်ကရီရှင်းလုံကို နဂါးသားတော်ဘွဲ့အပ်နှင်းခဲ့သော အဓိပတိအကြီးအကဲဖြစ်သည်။ ယခုတွင် သူသည် ရီရှင်းလုံ၏တာအိုကာကွယ်သူအဖြစ်ဆောင်ရွက်ကာ ၎င်း၏လုံခြုံရေးကိုတာဝန်ယူခဲ့သည်။

"ဒီဧည့်သည်က ဘယ်သူလဲ"

အိုးမော့၏နဂါးမျက်လုံးများသည် ရီဖန်နှင့်သူ့အဖွဲ့ကို စူးစိုက်စိုက်ကြည့်နေသည်။ ဤသူများသည် ရန်သူလား မိတ်ဆွေလားမသိသေးချေ။ နဂါးသားတော်အခမ်းအနားသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ မျက်နှာဖြစ်သောကြောင့် မည်သည့်အင်အားကြီးအင်အားစုကိုမှ ပြဿနာရှာရန်ခွင့်ပြုမည်မဟုတ်ချေ။

"ဒီနောက်လိုက်တွေနဲ့ ရီဖန်က ရီမိသားစုကဖြစ်ပါတယ်၊ ငါတို့ မြောက်ပင်လယ်နဂါးမျိုးနွယ်စုရဲ့ နဂါးသားတော်အခမ်းအနားအတွက်ရောက်လာတာပါ"

ရီမိသားစု? ဤနာမည်သည် အိုးမော့နှင့်သိပ်မရင်းနှီးပေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုနှင့် ရင်းနှီးသည့်ဂိုဏ်းခွဲများထဲတွင် ဤမျှကြောက်မက်ဖွယ် အစွမ်းသတ္တိရှိသော ရီမိသားစုရှိသလား။ ၎င်းတို့သည်ရှေးဟောင်းအဇူရာနဂါးကိုဆက်နွှယ်မွန်းစတားအဖြစ်အသုံးပြုခဲ့ကြရုံသာမက ရီဖန်၏ကျင့်ကြံမှုအဆင့်ကိုလည်း သူမမြင်နိုင်ချေ။ ရီဖန်ထံမှခြိမ်းခြောက်မှုကို ခံစားရသောကြောင့် ဤရီဖန်သည် သူနှင့်အဆင့်တူသည့် ကျင့်ကြံသူဖြစ်ရမည်။

"မြောက်ပင်လယ်နဂါးမျိုးနွယ်စုက ရီမျိုးနွယ်စုခေါင်းဆောင်ကိုကြိုဆိုပါတယ်"

ထိုအချိန်တွင် အိုးလီရောက်ရှိလာသည်။ ရီဖန်ကိုတွေ့သောအခါ ၎င်းသည်နွေးထွေးစွာကြိုဆိုလိုက်၏။

"အဓိပတိအကြီးအကဲ၊ ဒီ ရီမိသားစုက ရှင်းလုံရဲ့မိသားစုလေ၊ အရှေ့ဘက်တိုက်နယ်မြေက ရီမိသားစုပါ"

ရီရှင်းလုံ၏ ဖခင်ဘက်မှမိသားစု။ ၎င်းကိုကြားမှသာ အိုးမော့သည် သူ၏သတိထားမှုကို ချက်ချင်းလျှော့ချလိုက်ကာ စိတ်လှုပ်ရှားသွား၏။ ထိုသို့သောအင်အားကြီးမားသည့် မိသားစုရှိခြင်းသည် ရီရှင်းလုံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သေချာပေါက်အကျိုးရှိမည်ဖြစ်သည်။ အနည်းဆုံး တစ်စုံတစ်ယောက်သည် ရီရှင်းလုံကိုပစ်မှတ်ထားရန် ကြံစည်ဝံ့ပါက ရီမိသားစု၏တုံ့ပြန်မှုကိုထည့်စဉ်းစားရလိမ့်မည်။ သို့သော်လည်း လက်ရှိအချက်အလက်များအရ ဤရီမိသားစုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ချန်မင်ကမ္ဘာတွင် မကျော်ကြားသော်လည်း အင်အားကြီးသောလျှို့ဝှက်မိသားစုများစွာရှိ၏။ ကျော်ကြားသည်ဖြစ်စေ မကျော်ကြားသည်ဖြစ်စေ၊ ကျင့်ကြံမှုလောကတွင် အင်အားသည်သာအရေးကြီးသည်။

"ရီမိသားစုကအားလုံးကို ကြိုဆိုပါတယ်၊ ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ!"

ရီဖန်၏အင်အားကိုခံစားမိသော အိုးမော့သည် ကြိုဆိုခြင်းအတွက် အိုးလီကိုကိုင်တွယ်ခွင့်မပြုဘဲ သူကိုယ်တိုင်ကြိုဆိုခဲ့သည်။ တူညီသောအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးကကြိုဆိုခြင်းသည် အခြေခံယဉ်ကျေးပျူငှါမှုဖြစ်၏။ အိုးမော့သည် ရီဖန်ကို ကိုယ်တိုင်ကိုယ်ကျကြိုဆိုရန်စီစဉ်နေသည်ကိုတွေ့ရသဖြင့် အိုးလီ၏မျက်လုံးများသည် တစ်ချက်အရောင်လက်သွား၏။ အဇူရာနဂါးလေး၏အဘိုးသည် အမှန်တကယ်ပင် အဓိပတိအကြီးအကဲနှင့်အဆင့်တူသော ကျင့်ကြံသူဖြစ်သည်။ ၎င်းသည် အလွန်ကောင်း၏။ နက်နဲအင်မော်တယ်နယ်မြေအဆင့် စွမ်းအားကြီးကျင့်ကြံသူနှစ်ဦးကကာကွယ်ထားသောကြောင့် နဂါးမျိုးနွယ်စုခေါင်းဆောင်အဖြစ်ပင် အနည်းငယ်မနာလိုဖြစ်မိသည်။ ထိုအချိန်တွင် ရီဖန်သည် ရုတ်တရက်ရပ်တန့်ကာ သူ့သိုလှောင်လက်စွပ်မှကျောက်စိမ်းပုလင်းကိုထုတ်လိုက်သည်။

…………………

All Chapters