← Chapters

အခန်း ၂၀၈-၂၁၀

Vol. 14 Ch. 208-210

အခန်း ၂၀၈-၂၁၀

Vol. 14 Ch. 208-210

အခန်း ၂၀၈ - ဒီအဘိုးက အရမ်းလွှမ်းမိုးနိုင်တာပဲ

ကျောက်စိမ်းပုလင်းပေါ်လာသောအခါတွင် ထိုနေရာရှိနဂါးများအားလုံးသည် ၎င်းတို့၏ သွေးမျိုးဆက်အတွင်းရှိနက်ရှိုင်းသောဖိနှိပ်မှုကို ခံစားခဲ့ရသည်။ အိုးလီနှင့် အိုးမော့ပင်လျှင် ၎င်းကိုချက်ချင်းလုယူလိုစိတ်ပေါ်လာ၏။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏တာအိုနှလုံးသားများ ခိုင်မာသောကြောင့်သာ ရီဖန်၏လက်ထဲမှကျောက်စိမ်းပုလင်းကို ထိတ်လန့်စွာကြည့်ရင်း ၎င်းတို့၏အတွင်းစိတ်ဆန္ဒများကိုချိုးနှိမ်ထားကြသည်။ မည်သို့သော အင်မော်တယ်လက်နက်က ၎င်းတို့၏အတွင်းစိတ်ဆန္ဒကိုတူးဆွနိုင်သနည်း။ သေချာပေါက်ပင် ၎င်းသည်နဂါးမျိုးနွယ်စုအတွက် အလွန်အရေးပါမည်ဖြစ်သည်။

"ရှေးဟောင်းအဇူရာနဂါးရဲ့ ရွှေအင်မော်တယ်အဆင့် သွေးအနှစ်ငါးစက်ကို ဂုဏ်ပြုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်"

ရီဖန်၏စကားမဆုံးမီကပင် နေရာရှိနဂါးများအားလုံး ငုတ်တုပ်မေ့သွားကြ၏။ အဇူရာနဂါးသွေးအနှစ်ဖြစ်သည့်အပြင် ၎င်းသည်ငါးစက်ထက်မနည်းချေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုတွင် အဆင့်မြင့်ရတနာများစွာရှိသော်လည်း နဂါးမျိုးနွယ်စုအတွက် ဤသွေးအနှစ်ငါးစက်ထက် မည်သည့်အရာကမျှပို၍သင့်လျော်မည်မဟုတ်ပေ။ ခဏအကြာမှသာ အိုးမော့သည် အနည်းငယ်စိတ်သက်သာရာရလာကာ ရီဖန်ကိုပြန်ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရီကို ကျေးဇူးအများကြီးတင်ပါတယ်"

"မြောက်ပင်လယ်နဂါးမျိုးနွယ်စုက မင်းတို့ကျေးဇူးကိုမမေ့ပါဘူး"

အိုးမော့၏စကားများသည် ရိုးသား၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ကျေးဇူးတရားသည် အမှန်ပင်အဖိုးတန်သည်။ စကားဖလှယ်မှုအချို့အပြီးတွင် ၎င်းတို့ကိုမြောက်ပင်လယ်နဂါးမျိုးနွယ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ မကြာမီတွင် ရီဖန်သည် ရီကျင်းစန်၊ နဂါးနီလေးနှင့် ၎င်း၏မြေးရီရှင်းလုံတို့ကို တွေ့လိုက်ရသည်။ ရီရှင်းလုံသည် ရီဖန်ကိုရှက်ရွံ့စွာ စိုက်ကြည့်နေသည်။ သူတို့၏နက်ရှိုင်းသောဆက်နွှယ်မှုကြောင့် သူ့ရှေ့ရှိထိုလူထံ ချဉ်းကပ်ချင်ခဲ့သော်လည်း အနည်းငယ်ရှက်ရွံ့နေသောကြောင့် မဝံ့မရဲဘဲရှိသည်။

"ဒီကိုလာပါဦး၊ ဘိုးဘိုးဖက်ဦးမယ်”

ရီဖန်သည် ရီရှင်းလုံဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

“သွားလေ၊ ဒါက မွန်းစတား့ဘိုးဘိုးပဲ၊ သားတွေ့ချင်တယ်လို့ အမြဲပြောဖူးတယ်မဟုတ်လား"

ရီကျင်းစန်သည် ရီရှင်းလုံကိုအပြုံးဖြင့်အားပေးခဲ့သည်။

နောက်ဆုံးတွင်ရီရှင်းလုံသည် သူ၏သတ္တိကိုစုစည်းကာ ရီဖန်၏လက်မောင်းအတွင်းသို့ ချက်ချင်းခုန်ဝင်သွားသည်။ ရီဖန်သည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ ရီရှင်းလုံကို သူ့ရင်ခွင်ထဲတွင်ပွေ့ချီလိုက်သည်။ ရီရှင်းလုံသည် နဂါးတစ်ဝက်သွေးနှောဖြစ်သော်လည်း သူသည်ရီဖန်၏ရီမိသားစုအဖွဲ့ဝင်ဖြစ်နေဆဲပင်။

"ဘိုးဘိုးက သားမွေးကတည်းက အလည်မလာမိလို့ တောင်းပန်ပါတယ်"

"သားအတွက်လက်ဆောင်ယူလာတယ်၊ လိုချင်လား"

ရီဖန်သည် ရီရှင်းလုံကို ချစ်ခင်စွာပြောကြားခဲ့သည်။ သူနှင့်ရင်းနှီးလာပုံရသည့် ရီရှင်းလုံ သည်မရှက်တတ်ဘဲ ရီဖန်၏စကားကိုကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာပြောကြားလိုက်သည်။

"ဟုတ်ကဲ့!”

ရီဖန်သည် သူ့လက်ကိုရွှေ့လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် အင်မော်တယ်လက်နက်တစ်ခုပေါ်လာသည်။ ‘အထွတ်အထိပ်အဆင့်အင်မော်တယ်လက်နက်ဖြစ်သည့် ပင်လယ်ပြင်ဖိနှိပ်ခြင်းပုတီးစေ့နှစ်ဆယ့်လေးခု’

ရီဖန်ပေးမည့်လက်ဆောင်သည် သာမန်မဟုတ်မှန်းသိကြသော်လည်း ပင်လယ်ပြင်ဖိနှိပ်ခြင်းပုတီးစေ့ နှစ်ဆယ့်လေးလုံးကိုတွေ့လိုက်သည့်အခါတွက် အံ့ဩတုန်လှုပ်သွားကြသည်။ အထွတ်အထိပ်အဆင့် အင်မော်တယ်ပစ္စည်းအစုံသည် သာမန်ပစ္စည်းများထက်များစွာတန်ဖိုးကြီးသည်။ ၎င်းတို့သည် တာအိုအင်မော်တယ်ပစ္စည်းလောက်တန်ဖိုးမရှိသော်လည်း၊ အင်မော်တယ်ပစ္စည်းလောကတွင် ထိပ်တန်းစာရင်းဝင်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘိုး!"

ရီရှင်းလုံသည် ရီဖန်ပေးသည့်လက်ဆောင်ကို အလွန်သဘောကျ၏။ ရီဖန်၏မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် သူ၏အာရုံသည် ပင်လယ်ပြင်ဖိနှိပ်ခြင်းပုတီးစေ့နှစ်ဆယ့်လေးလုံးထံသို့ လုံးဝကျရောက်သွားသည်။ ရီရှင်းလုံသည် ကောင်းကင်ဘုံအင်မော်တယ်နယ်မြေ၏ အစောပိုင်းအဆင့်တွင်သာရှိသေးသောကြောင့် တာအိုအင်မော်တယ်ပစ္စည်းများရှိလျှင်ပင် ၎င်းကိုသုံးနိုင်မည်မဟုတ်သေးပေ။ အထွတ်အထိပ်အင်မော်တယ်လက်နက်သည်သာ သူ့အတွက်အသင့်တော်ဆုံးဖြစ်သည်။

ရီရှင်းလုံသည် သူ၏အင်မော်တယ်လက်နက်ကိုပြုပြင်ရန် တစ်ဖက်သို့ပြေးသွားချိန်၌ အိုးလီနှင့် အခြားလူများသည် မနာလိုစွာကြည့်နေကြ၏။ ထိုကဲ့သို့သော စွမ်းအားကြီးပြီး ချမ်းသာသောအဘိုးတစ်ဦးရှိခြင်းသည် ကြီးမားသောကောင်းချီးတစ်ခုဖြစ်သည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အိုးလီပင် မနာလိုဖြစ်မိသည်။ သူအသုံးပြုခဲ့သော အင်မော်တယ်လက်နက်များသည် ရီရှင်းလုံလက်ထဲတွင်ရှိသောလက်နက်နှင့် နှိုင်းယှဉ်၍မရပေ။

သို့သော် ဤအင်မော်တယ်ပစ္စည်းဖြင့် ရီရှင်းလုံသည် လာမည့်နဂါးသားတော်အခမ်းအနားတွင် သူရင်ဆိုင်ရမည့်စိန်ခေါ်မှုများကိုကျော်လွှားရန် ပိုအခွင့်အရေးရလာမည်ဖြစ်သည်။ အိုးလီသည် နဂါးသားတော်အခမ်းအနားတွင် အခြားသောပင်လယ်နဂါးမျိုးနွယ်စုများမှ စိန်ခေါ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ရသော်လည်း ယခုတွင်စိုးရိမ်စရာမလိုတော့ပေ။ ရီဖန်၏တည်ရှိမှုနှင့် အိုးမော့၏ပံ့ပိုးမှုဖြင့် အခြားသောပင်လယ်နဂါးမျိုးနွယ်စုများသည် ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ချေ။ အချိန်ကုန်လွန်သွားပြီးနောက် နဂါးသားတော်အခမ်းအနားကျင်းပရန် အချိန်ကောင်းရောက်လာတော့မည်ဖြစ်သည်။

“အရှေ့ပင်လယ်နဂါးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်နဲ့ သူ့ရဲ့နဂါးသားတော် ရောက်လာပါပြီ။ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ နဂါးဘောလုံးနဲ့ အင်မော်တယ်နယ်မြေရှိ ထိပ်တန်းအင်မော်တယ်ဝိညာဉ်ရေးအမြစ်တို့ကို ဂုဏ်ပြုလက်ဆောင်များအဖြစ် ယူဆောင်လာပါတယ်”

"အနောက်ပင်လယ်နဂါးမျိုးနွယ်စုခေါင်းဆောင်နဲ့ သူ့ရဲ့နဂါးသားတော်ရောက်ရှိလာပါပြီ…….”

လိပ်မျိုးနွယ်ဝန်ကြီးချုပ်၏အသံသည် မြောက်ပင်လယ်နဂါးမျိုးနွယ်တစ်ခုလုံးကိုပဲ့တင်ထပ်ကာ နဂါးသားတော်အခမ်းအနားစတင်ကြောင်း ကြေငြာလိုက်သည်။ ဖိတ်ကြားချက်ကိုလက်ခံရရှိသော အင်အားစုအားလုံးနီးပါးထိုနေရာတွင်ရောက်ရှိနေကြသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ဤနှစ်တစ်လျှောက် အနည်းငယ်အင်အားကျဆင်းလာသော်လည်း ၎င်းတို့သည်အသေးအမွှားအင်အားစုမဟုတ်ချေ။ အခြားပင်လယ်နဂါးမျိုးနွယ်စုများသည်လည်း ယခုအချိန်တွင်ပြဿနာမဖြစ်စေခဲ့ပေ။ အနည်းဆုံး ပင်လယ်နဂါးမျိုးနွယ်စုလေးခုအကြားဆက်ဆံရေးကို ထိန်းသိမ်းထားရန်လိုအပ်နေသေးသည်။

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ငါတို့ဧည့်သည်တွေကို အရင်သွားနှုတ်ဆက်လိုက်ဦးမယ်နော်”

ပင်လယ်နဂါးမျိုးနွယ်စုသုံးခုမှ မျိုးနွယ်စုခေါင်းဆောင်များရောက်ရှိလာကြသောကြောင့် အိုးလီသည် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျနှုတ်ဆက်ရန်လိုအပ်သည်။ ရီဖန်သည်လည်းစိုးရိမ်ပူပန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ ရီဖန်၏အကြည့်သည် ပင်လယ်ကြမ်းပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ မကြာမီတွင် ပင်လယ်နဂါးမျိုးနွယ်စုဝင်များကိုတွေ့လိုက်သည်။ ပင်လယ်နဂါးမျိုးနွယ်စုလေးခု၏ မျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် ရွှေအင်မော်တယ်နယ်ပယ်တွင်ရှိကြကာ ၎င်းတို့ခေါ်ဆောင်လာသော နဂါးသားတော်များသည်လည်း ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်သို့ရောက်နေပြီဖြစ်သည်။

သာမန်လူများအတွက် ဆယ်နှစ်အရွယ်မျှနှင့်ညီမျှသည့် အသက်နှစ်ထောင်မှ သုံးထောင်အရွယ်နဂါးသားတော်များကိုကြည့်ခြင်းဖြင့် နဂါးမျိုးနွယ်စုတွင်အရည်အချင်းကောင်းများ များပြားနေသည်မှာ ငြင်းဆိုဖွယ်မရှိချေ။ ကြီးပွားချမ်းသာခြင်းသည် ပါရမီရှင်တစ်ဦးကိုမွေးထုတ်ပေးနိုင်သည်ဟူသော စကားသည် အချည်းနှီးမဟုတ်ပေ။ အရှေ့ဘက်တိုက်နယ်မြေ၏ ကောင်းကင်ဘုံအင်မော်တယ်များသည်ပင် နှစ်ပေါင်းတစ်သောင်းကျော်နီးပါး သက်တမ်းရှိကြပြီဖြစ်သည်။

ရီရှင်းလုံတိုးတက်လာမှုကြောင့် ဤနဂါးသားတော်အခမ်းအနားကြီးကိုတာဝန်ယူသည့် နဂါးနီမျိုးနွယ်စုသည်လည်း များစွာအကျိုးဖြစ်ထွန်းခဲ့သည်။ မူလက ပင်လယ်လေးခုရှိ နဂါးမျိုးနွယ်စုများစွာထဲတွင် နဂါးနီမျိုးနွယ်စုသည် အလွန်နောက်ကျကျန်နေခဲ့သည်။

သို့သော် ရီရှင်းလုံ၏တိုးတက်လာမှုနောက်တွင် နဂါးနီမျိုးနွယ်စုသည် အကျိုးကျေးဇူးများစွာရရှိခဲ့ကာ ၎င်းတို့ကိုအမြင့်သို့တွန်းတင်ပေးခဲ့သည်။ ကောင်းကင်ဘုံအင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်သွားခဲ့သော နဂါးနီလေးသည်လည်း နဂါးနီမျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။

“နဂါးသားတော်အခမ်းအနား တရားဝင်စတင်ပါပြီ။ ငါတို့ရဲ့နဂါးဘိုးဘေးကိုကြိုဆိုလိုက်ရအောင်"

လူတိုင်း၏အကြည့်များသည် အခမ်းအနားကွင်းအလယ်ရှိ ဧရာမရုပ်တုကြီးပေါ်တွင်ကျရောက်နေ၏။ ဤရုပ်တုသည် နဂါးမျိုးနွယ်စု၏နဂါးဘိုးဘေးသည် ကမ္ဘာ့ပထမဆုံးသောနဂါးဖြစ်သည်။ နဂါးနက်မျိုးနွယ်စု၏သွေးမျိုးဆက်အဆင့်များတွင် သာမန်သွေးမျိုးဆက်၊ ရှန်သွေးကြော၊ ရှေးဟောင်းသွေးမျိုးဆက်၊ ပဏာမသွေးမျိုးဆက်၊ ဒဏ္ဍာရီလာခြေသည်းငါးချောင်းရှိသည့်ရွှေနဂါးဖြစ်သည့် နဂါးဘိုးဘေးသွေးမျိုးဆက်တို့ဖြစ်သည်။ ရှေးဟောင်းသွေးမျိုးဆက်နှင့် နဂါးဘိုးဘေးသွေးမျိုးဆက်တို့ပျောက်ကွယ်သွားသည်မှာ နှစ်များစွာကြာပြီဖြစ်သောကြောင့်

ရီရှင်းလုံ၏ ရှေးနဂါးသွေးမျိူးဆက်ကို မြောက်ပင်လယ်နဂါးမျိုးနွယ်စုကအလွန်တန်ဖိုးထား၏။

ရီရှင်းလုံသည် ရီကျင်ဟန်၏နောက်မှလိုက်ပါလာကာ နဂါးဘိုးဘေးရုပ်တုရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းကိုထုတ်လိုက်ကာ နဂါးသွေးတစ်စက်ရအောင်ဖောက်ထုတ်လိုက်သည်။

သူ့လက်ချောင်းထိပ်ရှိသွေးစက်သည် လေထုထဲတွင်ပျံဝဲကာ နဂါးဘိုးဘေးရုပ်တုဆီသို့ ဖြည်းညှင်းစွာပျံတက်သွားသည်။

နဂါးသားတော်သည် နဂါးဘိုးဘေးရုပ်တု၏ခွင့်ပြုချက် လိုအပ်သည်။ ဤနည်းဖြင့်သာ ၎င်းသည် နဂါးဘိုးဘေးရုပ်တု၏ကံကြမ္မာကို အကာအကွယ်ယူနိုင်ကာ သူ၏ကျင့်ကြံမှုအရှိန်နှင့် အနာဂတ်အလားအလာနှစ်ခုစလုံးသည် များစွာတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် နဂါးမျိုးနွယ်စုအဖွဲ့ဝင်တိုင်းသည် နဂါးသားတော်ရွေးချယ်ရာတွင် အလွန်အလေးအနက်ထားခဲ့ကြသည်။ နဂါးသားတော်သည် နဂါးမျိုးနွယ်စု၏ အရည်အချင်းအရှိဆုံးအဖွဲ့ဝင်တစ်ဦးမျှသာမကဘဲ နဂါးဘိုးဘေးနှင့်ဆက်သွယ်ရန်လည်းတာဝန်ရှိသည်။

နဂါးဘိုးဘေးပေါ်မလာသည်မှာကြာပြီဖြစ်သော်လည်း နဂါးဘိုးဘေးသည်မပျောက်ကွယ်သွားသေးကြောင်း နဂါးမျိုးနွယ်အားလုံးက အခိုင်အမာယုံကြည်ကြသည်။ နဂါးဘိုးဘေးကိုအဝေးရောက်နေစေသည့် အခြားသောအကြောင်းအရင်းများရှိကြောင်းနှင့် တစ်နေ့နေ့တွင် ပြန်လာမည်ဖြစ်ကြောင်းကိုလည်းယုံကြည်ခဲ့ကြ၏။ အားလုံး၏အာရုံသည် နဂါးဘိုးဘေးရုပ်တုထံသို့ ကျရောက်နေခဲ့သည်။ အခြားပင်လယ်နဂါးမျိုးနွယ်စုများမှလူများပင်လျှင် နဂါးဘိုးဘေးရုပ်တုကို စိုက်ကြည့်နေကြသည်။

၎င်းတို့သည် မြောက်ပင်လယ်နဂါးမျိုးနွယ်က နဂါးသားတော်အဖြစ်သတ်မှတ်ခဲ့သော ရီရှင်းလုံအကြောင်းကိုလည်း အလွန်စိတ်ဝင်စားကြသည်။ သူ၏အရည်အချင်းများသည် မည်မျှသန်မာကြောင်းကိုသိချင်နေခဲ့ကြ၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရီရှင်းလုံ၏အချက်အလက်များကို ကောင်းစွာဖုံးကွယ်ထားသောကြောင့် အခြားပင်လယ်နဂါးမျိုးနွယ်စုများပင်လျှင် ရီရှင်းလုံ၏အရည်အချင်းများအကြောင်း သေချာမသိကြပေ။

……………….

အခန်း ၂၀၉ - နဂါးဘိုးဘေး၏ နဂါးသားတော်

နဂါးသွေးသည် နဂါးဘိုးဘေးရုပ်တုရှေ့သို့ ဖြည်းညှင်းစွာစီးကျသွားပြီးနောက် နဂါးဘိုးဘေးရုပ်တုသည် တဖြည်းဖြည်းတုန်ခါလာသည်။ ဤမြင်ကွင်းသည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခုလုံး၏ စိတ်နှလုံးသားကိုလှုပ်ရှားစေခဲ့သည်။ နဂါးဘိုးဘေးရုပ်တုသည် အဘယ်ကြောင့်တုန်ခါနေသနည်း။ သိထားကြသည်မှာ ၎င်းတို့မျိုးနွယ်စု၏ နဂါးသားတော်သုံးယောက်ကို ယခင်ကစမ်းသပ်ဖူးသော်လည်း ဤကဲ့သို့သောဖြစ်စဉ်မျိုးတစ်ခါမှမကြုံဖူးချေ။

ပင်လယ်နဂါးမျိုးနွယ်စုလေးခု၏ နဂါးဘိုးဘေးရုပ်တုအတွင်းတွင် နဂါးဘိုးဘေး၏ မှေးမှိန်သောစွမ်းအားများရှိသည်။ ၎င်းသည် ပမာဏမများသော်လည်း နဂါးဘိုးဘေးကဲ့သို့ပင် အားကောင်းနေဆဲဖြစ်ရာ ၎င်း၏စွမ်းအားအနည်းငယ်သည်ပင် ပျက်ဆီးခြင်းမရှိဘဲ နှစ်သန်းပေါင်းများစွာတည်ရှိနေနိုင်သည်။ ထို့ကြောင့် ၎င်းအတွက်တစ်ခုတည်းသောရှင်းပြချက်မှာ ရီရှင်းလုံ၏အရည်အချင်းသည် နဂါးဘိုးဘေးတုံ့ပြန်စေခြင်းဖြစ်သည်။ နောက်အခိုက်အတန့်တွင် ရုပ်တု၏ပါးစပ်သည်လှုပ်ရှားသွား၏။

"ရီရှင်းလုံက ရှေးအဇူရာနဂါးသွေးမျိုးဆက်နဲ့ ကြီးမားတဲ့အရည်အချင်းကိုပိုင်ဆိုင်ထားတဲ့အတွက် နဂါးဘိုးဘေးရဲ့ နဂါးသားတော်ဖြစ်လာလိမ့်မယ်!”

မြောက်ပင်လယ်နဂါးမျိုးနွယ်၏နဂါးသားတော်မဟုတ်ဘဲ နဂါးဘိုးဘေး၏ နဂါးသားတော်လား။

နဂါးဘိုးဘေး၏စကားကိုကြားသောအခါ လူတိုင်းအံ့ဩသွားကြသည်။ ပင်လယ်နဂါးမျိုးနွယ်စုတွင် နဂါးသားတော်လေးပါးသာရှိသည်မဟုတ်လား၊ နဂါးဘိုးဘေး၏နဂါးသားတော်သည် မည်သည့်အချိန်ကပေါ်ထွန်းလာသနည်း။

၎င်းတို့အထဲတွင် ပင်လယ်နဂါးမျိုးနွယ်စုလေးခု၏ အဆင့်အတန်းမြင့်သောအဖွဲ့ဝင်များကသာ နဂါးဘိုးဘေး၏နဂါးသားတော်သည် မည်သည့်အနေအထားကိုဆိုလိုကြောင်းသိကြ၏။ နဂါးဘိုးဘေး၏ နဂါးသားတော်သည် နဂါးမျိုးနွယ်စုတစ်ခုလုံး၏နဂါးသားတော်ဖြစ်သည်။

၎င်းပေါ်ထွန်းလာသောအခါ ပင်လယ်နဂါးမျိုးနွယ်စုလေးခုလုံးသည် ၎င်းအတွက်ပူးပေါင်းကျင့်ကြံမှု ပြုလုပ်ရမည်ဖြစ်ကာ ၎င်းသည် ရှေးနဂါးမျိုးနွယ်မှဆင်းသက်လာသော စည်းမျဉ်းတစ်ခုဖြစ်သည်။

နှလုံးသားထဲတွင်ပျော်ရွှင်ခြင်းများပြည့်နေသော အိုးလီနှင့်မတူဘဲ အခြားသော ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းတို့၏ဆိုးရွားသော ရည်ရွယ်ချက်များကိုဖုံးကွယ်ထားကြသည်။ အရည်အချင်းရှိသောနဂါးသားတော်သည် ၎င်းတို့၏မျိုးနွယ်စုများထဲမှ မပေါ်ထွက်လာသောကြောင့် ၎င်းသည်အခြားသောပင်လယ်နဂါးမျိုးနွယ်စုများအတွက် သေချာပေါက်သတင်းကောင်းမဟုတ်ပေ။

နဂါးဘိုးဘေး၏အသိအမှတ်ပြုခံရသော နဂါးသားတော်တစ်ဦးသည် ပင်လယ်လေးစင်းလုံးကိုအုပ်စိုးကာ အနာဂတ်တွင် ရှေးနဂါးမျိုးနွယ်၏ဂုဏ်သိက္ခာကို ပြန်လည်ရရှိယူပေးမည့်အလားအလာရှိသည်။

ရီရှင်းလုံသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုမှဆင်းသက်လာသောကြောင့် ပင်လယ်နဂါးမျိုးနွယ်စုလေးခုလုံး သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေပါက မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို သေချာပေါက် မျက်နှာသာပေးမည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် တူညီသောအဆင့်တွင်ရှိသင့်သော်လည်း ယခုအခါ ၎င်းတို့ကိုယ်တိုင်လက်အောက်ခံဖြစ်လာရန် အခြေအနေဖြစ်နေသည်။ ၎င်းကိုမည်သို့လက်ခံနိုင်မည်နည်း။

“နဂါးဘိုးဘေးက ငါတို့ရဲ့နဂါးဘိုးဘေးပေမယ့် အမှားလုပ်မိတာလဲဖြစ်နိုင်တာပဲ၊ ပြီးတော့ ငါတို့ရဲ့ဘိုးဘေးတွေပေါ်လာတာကြာပြီဆိုတော့ သူရှိသေးလားဆိုတာ ဘယ်သူသိမှာလဲ!”

အသုံးဝင်သောအခါတွင် သင်သည်ဘိုးဘေးဖြစ်သည်။ အသုံးမဝင်သောအခါ သင်သည်ဘာကောင်မှမဟုတ်။

နဂါးဘိုးဘေး၏စကားတစ်ခွန်းတည်းဖြင့် ၎င်းတို့သည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ အပြင်လူကျင့်ကြံရန်အတွက် ၎င်းတို့မျိုးနွယ်စု၏အင်အားများကို အဘယ်ကြောင့်မြှုပ်နှံထားရမည်နည်း။ ၎င်းတို့တုံ့ဆိုင်းသွားကြသည်။ ပင်လယ်သုံးခု၏ နဂါးမျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းတို့၏ဝိညာဉ်စွမ်းအင်များကို ပေါင်းစည်းကာ လျှို့ဝှက်စွာဆက်သွယ်ခဲ့ကြသည်။

နဂါးဘိုးဘေးသည် ရီရှင်းလုံ၏အရည်အချင်းကို ဖော်ပြပြီးနောက် နဂါးဘိုးဘေးရုပ်တုထံမှ အလင်းရောင်ဖျော့ဖျော့ထွက်လာကာ ရီရှင်းလုံ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာပေါင်းစပ်သွားသည်။ ရီရှင်းလုံ၏ ကျင့်ကြံမှုအဆင့်သည် မူလကကောင်းကင်ဘုံအင်မော်တယ်၏အစောပိုင်းအဆင့်တွင်ဖြစ်ကာ ယခုတွင်ကောင်းကင်ဘုံအင်မော်တယ်အဆင့်၏ အလယ်အလတ်သို့ချက်ချင်းတက်သွားသည်။ သူ့နဖူးတွင်လည်း နဂါးပုံသဏ္ဍာန်တံဆိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ၎င်းသည် နဂါးဘိုးဘေးအမှတ်အသားဖြစ်၏။ ဤသည်မှာ နဂါးဘိုးဘေးသည် ရီရှင်းလုံ၏အထောက်အထားကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

နဂါးဘိုးဘေးအမှတ်အသားဖြင့် ရီရှင်းလုံသည် အနာဂတ်တွင် နဂါးမျိုးနွယ်စုတစ်ခုလုံး၏ကံကြမ္မာထံမှ အကာအကွယ်ရရှိမည်ဖြစ်ကာ နဂါးမျိုးနွယ်စုသည် ရီရှင်းလုံကိုတိုက်ခိုက်ရန်ပိုခက်ခဲသွားလိမ့်မည်။ ရီရှင်းလုံ၏နဖူးပေါ်ရှိ နဂါးဘိုးဘေးအမှတ်အသားကိုမြင်ပြီးနောက် ပင်လယ်သုံးစင်း၏ နဂါးမျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းတို့၏သွားများချဉ်တူးသွားသကဲ့သို့ ခံစားလိုက်ရသည်။ နဂါးဘိုးဘေးသည် အဘယ်ကြောင့် အပြင်လူကို ဤမျှနှစ်သက်ရသနည်း။

၎င်းတို့သည်ရီရှင်းလုံ၏အရည်အချင်းကို မသိကြသော်လည်း နဂါးမျိုးနွယ်စုသုံးခုသည် ရီရှင်းလုံ၏အထောက်အထားနှင့် ပတ်သက်၍ အနည်းငယ်ထိုးထွင်းသိသည်။ ၎င်းသည် နဂါးနီမျိုးရိုးမှနဂါးတစ်ကောင်နှင့် အရှေ့တိုက်နယ်မြေရှိ မျိုးနွယ်စုငယ်တစ်ခုမှ အဖွဲ့ဝင်တစ်ဦးတို့ပေါင်းဖက်ခြင်းမှရရှိလာသော သာမညောင်ညသာဖြစ်သည်။ ၎င်းကို နဂါးမျိုးနွယ်စုဝင်တစ်ဦးအဖြစ်ပင် သတ်မှတ်၍မရဘဲ နဂါးတစ်ပိုင်းသာဖြစ်၏။ ၎င်း၏အစွမ်းထက်သော အရည်အချင်းကြောင့်သာမဟုတ်ပါက ၎င်းသည် နဂါးမျိုးနွယ်စုတွင် အနိမ့်ဆုံးအဆင့်သာရှိလိမ့်မည်။

အရှေ့ပင်လယ်နဂါးမျိုးနွယ်စုခေါင်းဆောင်အိုးတုန်သည် ရီဖန်ကိုစူးစိုက်ကြည့်ကာ သူ့နှလုံးသားတွင် အမုန်းတရားများဖြင့်ဖုံးလွှမ်းနေသည်။ ရီမိသားစုကြောင့်သာမဟုတ်ပါက နဂါးမျိုးနွယ်စုသုံးခုသည် ယခုအချိန်တွင် ဤမျှစိတ်ရှုပ်နေရမည်မဟုတ်ချေ။ ရီဖန်သည် ရုတ်တရက်မကောင်းသည့်အကြည့်ကို ခံစားလိုက်မိသဖြင့်လှည့်ကြည့်လိုက်ရာ အိုးတုန်ကို တွေ့လိုက်သည်။ ၎င်းကို သတိပြုမိပြီးသွားသည့်အတွက် အိုးတုန်သည်လည်း ဖုံးကွယ်ထားရန်ရည်ရွယ်ချက်မရှိဘဲ သူ့မျက်လုံးထဲရှိလူသတ်ချင်စိတ်ကို လုံးဝဖုံးကွယ်မထားပေ။

ရီဖန်သည်မျက်မှောင်ကြုတ်လိုက်၏။ ဤသူသည် အကြောင်းအရင်းမရှိဘဲသူ့ကိုသတ်ချင်နေသည်။

အရှေ့ပင်လယ်နဂါးမျိုးနွယ်စု၏ခေါင်းဆောင်ကို သေချာပေါက်သတ်ပစ်ရမည်။ ရီဖန်သည် ရန်သူများကို မည်သည့်အချိန်ကမှ သက်ညှာပေးခြင်းမရှိချေ။ အခွင့်အရေးရပါက

နောက်ပိုင်းတွင်ပြဿနာမရှိလာအောင် တစ်ခါတည်းသတ်ပစ်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မည်သူက စိတ်ဓာတ်အကျနေဆုံးဖြစ်ကြောင်းပြောရလျှင် နဂါးသားတော်သုံးပါးဖြစ်သည်။ ပင်လယ်သုံးစင်းမှနဂါးသားတော်များသည် ကောင်းကင်ဘုံနယ်မြေရရှိ မာနကြီးသောသားတော်များဖြစ်ကြကာ သူတို့သွားလေရာ၌ များစွာအာရုံစိုက်ခံရလေ့ရှိသည်။ သို့သော် ယနေ့တွင် ရီရှင်းလုံသည်အာရုံအားလုံးကို စွဲဆောင်သွားခဲ့သွားသောကြောင့် ပင်လယ်သုံးစင်းမှနဂါးမျိုးနွယ်စု၏နဂါးသားတော်များ အလွန်စိတ်ပျက်စေခဲ့သည်။

အရည်အချင်းအနည်းငယ်ရှိရုံမျှဖြင့် ဤမျှကြွားဝါနေစရာမရှိချေ။ ၎င်းတို့သည်လည်းအားမနည်းဘဲ၊ ၎င်းတို့၏အနာဂတ်သည်လည်း အလားအလာကောင်းသည်မဟုတ်လား။

စောင့်နေပါ၊ ဤမြောက်ပင်လယ်နဂါးသားတော်ကို သေချာပေါက်သင်ခန်းစာပေးပစ်မည်။ လူသုံးယောက်၏မျက်လုံးများထဲတွင် မနာလိုစိတ်အပြည့်ဖြစ်နေသည်။ အလားအလာရှိသောအနာဂတ်အကြောင်း ပြောဆိုနေကြသော်လည်း ရှေးနဂါးမျိုးနွယ်စု၏သွေးမျိုးဆက်သည် ၎င်းတို့၏အနာဂတ်ထက်များစွာကောင်းမွန်ကြောင်း ရှင်းရှင်းလင်းလင်းသိထားကြသည်။

ရီရှင်းလုံသည် နဂါးဘိုးဘေး၏ကောင်းချီးများကို လက်ခံရရှိပြီးနောက် အခြားသောကျင့်ကြံနည်းစနစ်ဖြစ်သည့် နဂါးဘိုးဘေးကျင့်စဉ်သည် သူ့စိတ်ထဲတွင် ပေါ်လာသည်။ နဂါးဘိုးဘေးဖန်တီးထားသော ဤကျင့်ကြံမှုနည်းစနစ်သည် နဂါးမျိုးနွယ်စုဝင်များအတွက် အသင့်တော်ဆုံးနှင့် အကောင်းဆုံးတစ်ခုဖြစ်သည်။ သို့သော် ဤကျင့်ကြံနည်းကို နဂါးဘိုးဘေး၏စွမ်းအားဖြင့်ချိတ်ပိတ်ထားသောကြောင့်ရီရှင်းလုံသည် ၎င်းကိုတဖြည်းဖြည်းဖယ်ရှားသွားရန်အတွက် သူ၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရမည်ဖြစ်သည်။

ရီရှင်းလုံ၏အထောက်အထားကို အသိအမှတ်ပြုထားပြီးဖြစ်သောကြောင့် လာမည့်နဂါးသားတော်နန်းတက်ပွဲအခမ်းအနားကို တရားဝင်စတင်ရမည်ဖြစ်သည်။

မြောက်ပင်လယ်နဂါးမျိုးနွယ်ကပြင်ဆင်ပေးထားသည့် ၀တ်ရုံကိုဝတ်ဆင်ထားသည့်ရီရှင်းလုံကို အိုးလီက စင်မြင့်ထက်သို့ပို့ဆောင်ခဲ့သည်။ နဂါးသားတော်နန်းတက်ပွဲကို ထုံးတမ်းစဉ်လာအတိုင်း အဆင့်ဆင့်ကျင်းပခဲ့ကာ နောက်ဆုံးတွင်အိုးလီသည် နဂါးသားတော်၏အာဏာကိုကိုယ်စားပြုသည့် နဂါးသားတော်အမိန့်ကို ရီရှင်းလုံထံပေးအပ်ခဲ့သည်။ နဂါးသားတော်အမိန့်သည် ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုဖြစ်ကာ နဂါးသားတော်၏အခွင့်အာဏာကို ကိုယ်စားပြုသောကြောင့်အလွန်အရေးကြီးသည်။

ရီရှင်းလုံသည် အသက်တစ်ရာကျော်ရှိပြီဖြစ်သော်လည်း ၎င်းသည်ကလေးစိတ်မပျောက်သေးသောကြောင့် အနည်းငယ်စိတ်မရှည်တော့ပေ။ နဂါးသားတော်အမိန့်ကို လက်ခံရရှိပြီးနောက် ရီရှင်းလုံသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ တရားဝင်နဂါးသားတော်ဖြစ်လာသည်။ နဂါးဘိုးဘေး၏ နဂါးသားတော်အတွက်မူ မြောက်ပင်လယ်နဂါးမျိုးနွယ်စုက အသိအမှတ်ပြုထားရုံနှင့်မလုံလောက်သည့်အတွက် အခြားပင်လယ်နဂါးမျိုးနွယ်စုများနှင့် ဆွေးနွေးရန်လိုအပ်သည်။

အိုးလီသည် ပင်လယ်နဂါးမျိုးနွယ်စု၏ သဘာဝကိုသုံးသပ်ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ရီရှင်းလုံကို နဂါးဘိုးဘေး၏နဂါးသားတော်အဖြစ် အလွယ်တကူအသိအမှတ်ပြုနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ အိုးလီသည် ရီရှင်းလုံကို အိမ်သို့ပြန်ပို့ပြီးနောက် ဧည့်သည်များကိုဧည့်ခံရန်ပြင်ဆင်နေချိန်တွက် အရှေ့ဘက်ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အိုးတုန်သည် ရှေ့သို့တက်လာ၏။

"မြောက်ပင်လယ်နဂါးသားတော်ရဲ့ အရည်အချင်းက ထူးထူးခြားခြားပါပဲ၊ ဒီနေ့ သူ့ကို ငါ့ရဲ့အရှေ့ပင်လယ်နဂါးမျိုးနွယ်စုက နဂါးသားတော်အတွက် တစ်ခုခုလမ်းညွှန်ပေးနိုင်မလား"

ထိုစကားထွက်ပေါ်လာသည်နှင့်တပြိုင်နက် ခန်းမတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ လူများစွာသည် အိုးတုန်ကို အထင်သေးသောမျက်လုံးများဖြင့်ကြည့်နေကြ၏။ ‘မင်းရဲ့ အရှေ့ပင်လယ်နဂါးသားတော်က နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိနေပြီလေကွ’

နဂါးမျိုးနွယ်စုအတွက် ဤအသက်အရွယ်သည် အမှန်တကယ်ပင်လူငယ်အဖြစ်သတ်မှတ်နိုင်သော်လည်းသို့သော် အစောပိုင်းအဆင့်တွင် အသက်အသက်ကွာဟမှုများလေ ကျင့်ကြံမှုအဆင့်ကွာခြားမှု ကြီးမားလေဖြစ်သည်။ အရှေ့ပင်လယ်နဂါးသားတော်သည် မြောက်ပင်လယ်နဂါးသားတော်ထက် ဆယ်ဆပိုကြီးသည်ကို ၎င်းတို့သည်မျက်နှာတစ်ချက်မပျက်ဘဲ မည်သို့စိန်ခေါ်နိုင်ကြသနည်း။

လူအုပ်ထံမှအကြည့်ကိုရင်ဆိုင်နေရသည့်အိုးတုန်၏အမူအရာသည် လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ ရွှေအင်မော်တယ်နယ်မြေသို့ကျင့်ကြံနိုင်ရန် သန်မာသောတာအိုနှလုံးသားနှင့် အရေထူရန်လိုအပ်သည်။ဝေဖန်မှုအနည်းငယ်က အိုးတုန်ကိုထိခိုက်အောင်မလုပ်နိုင်ချေ။ ဤတစ်ကြိမ်တွင် ရီရှင်းလုံ၏တာအိုနှလုံးသားကို မဖျက်ဆီးပါက နောင်တွင်ထိုသို့သောအခွင့်အရေးရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း အိုးတုန်ကောင်းကောင်းသိထားသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူလုပ်စရာရှိသည်ကို ဆက်လုပ်သွားရမည်ဖြစ်သည်။

…………………

အခန်း ၂၁၀ - ကမ္ဘာပေါ်တွင်ပြိုင်ဘက်မရှိ

အရှေ့ပင်လယ်နဂါးမျိုးနွယ်စုမှ နဂါးသားတော်အိုးဟိုင်သည် အခွင့်ကောင်းရသည်နှင့် ရီရှင်းလုံကိုစိုက်ကြည့်နေသည်။

"အရှေ့ပင်လယ်နဂါးမျိုးနွယ်စုကအိုးဟိုင်က မြောက်ပင်လယ်နဂါးမျိုးနွယ်စုရဲ့ နဂါးသားတော်ဆီက လမ်းညွှန်မှုရချင်ပါတယ်" သူသည် အစကတည်းက ရီရှင်းလုံကိုနိမ့်ချထားခဲ့ကာ သူငြင်းဆိုလိုက်လျှင် ရီရှင်းလုံ၏ဂုဏ်သိက္ခာကိုထိခိုက်စေလိမ့်မည်။

ရီရှင်းလုံသည်စူပုပ်ပုပ်ဖြင့် ရီဖန်ထံသို့လှည့်ကြည့်လိုက်သည်။ သူသည် အဘိုးဖြစ်သူရီဖန်နှင့် အချိန်များစွာမကုန်ဆုံးခဲ့ရသော်လည်း ၎င်းတို့ကြားရှိသွေးသားဆက်နွှယ်မှုကြောင့် ၎င်းကိုအလွန်လေးစားသည်။ ရီဖန်သည်ခံစားချက်မပါဘဲ ရီရှင်းလုံကို အတည်ပြုသောအကြည့်တစ်ခုပေးလိုက်သည်။ သူရှာဖွေနေသောအဖြေကိုရရှိပြီးနောက် ရီရှင်းလုံသည် ရပ်တန့်သွား၏။ သူ၏ ဖောင်းကားသောမျက်နှာလေးပေါ်တွင် ယုတ်မာသောအမူအရာရှိသေသည့်တိုင် ချစ်စဖွယ်ကောင်းနေသေးကာ အန္တရာယ်ဖြစ်စေမည့် အရိပ်အယောင်ပင်မရှိချေ။

‘ငါအိပ်မလို့ကို လာနှောက်ယှက်နေတာ၊ မင်းကို သင်ခန်းစာကောင်းကောင်းပေးပစ်ဦးမယ်’

ထို့နောက် ကောင်းကင်ယံမှပုဂ္ဂိုလ်တစ်ဦးသည် လက်ကိုဝှေ့ယမ်းလိုက်ရာ လူအုပ်အလယ်တွင် ကြီးမားသည့်တိုက်ပွဲကွင်းပြင်တစ်ခုဖြစ်ပေါ်စေကာ ၎င်း၏လက်လှုပ်ရှားမှုနှင့်အတူ ရီရှင်းလုံနှင့်အိုးဟိုင်တို့ကို တိုက်ပွဲကွင်းထဲသို့တိုက်ရိုက်ပို့ဆောင်လိုက်သည်။ အိုးတုန်၏မျက်နှာသည် ထိုပုဂ္ဂိုလ်ကြောင့်ပို၍ပင်ရုပ်ဆိုးလာသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်အတွက် ရီရှင်းလုံ၏အရေးပါမှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ အဓိပတိအကြီးအကဲပင်လျှင် ရီရှင်းလုံကိုစောင့်ရှောက်ရန် ကိုယ်တိုင်ကိုယ်ကျရောက်ရှိနေသည်။ နက်နဲအင်မော်တယ်နယ်ပယ်ရှိ ကျင့်ကြံသူရှိနေသဖြင့် ၎င်းတို့သည် ရီရှင်းလုံကိုဖိနှိပ်ရန် အခွင့်အရေးမရှိသလောက်ပင်။

"အဲဒီအဘိုးကြီးကို စိတ်မပူနဲ့၊ သူ့ကိုငါတို့ရှင်းလိုက်မယ်!"

ပင်လယ်သုံးစင်း၏နဂါးမျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းအကြောင်းကြားမှာကို တစ်ပြိုင်တည်းလက်ခံရရှိပြီးနောက် ၎င်းတို့၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများပြည့်သွားသည်။ ၎င်းတို့၏ အဓိပတိအကြီးအကဲများလည်းရောက်နေကြပြီဖြစ်သည်။ နဂါးဘိုးဘေး၏ နဂါးသားတော်သည် အမှန်တကယ်ပင်အရေးကြီးပုံရသည်။ ပင်လယ်နဂါးမျိုးနွယ်စု၏အဓိပတိအကြီးအကဲများအားလုံးပင် ရောက်ရှိနေကြ၏။

မည်သူမျှသတိမထားမိလိုက်ချိန်တွင် အမှောင်ထဲ၌ နက်နဲအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသုံးဦးပေါ်လာသည်။ ယခုအချိန်တွင် မြောက်ပင်လယ်နဂါးမျိုးနွယ်၌ နက်နဲအင်မော်တယ်လေးဦးလုံးရှိနေကြသည်မှာ အံ့ဩစရာကောင်းလှသည်။ နက်နဲသောအင်မော်တယ်ဟုသံသယရှိသူ ရီဖန်အပါအဝင်ဖြစ်၏။ ရီဖန်သည်နေရာလွတ်ထဲသို့ မသိမသာကြည့်လိုက်သည်။ ယနေ့သည် ပွဲကောင်းတစ်ပွဲဖြစ်မည့်ပုံရသည်။ ရီဖန်အတွက်မူ နက်နဲအင်မော်တယ်စွမ်းအားများသည် များစွာသက်ရောက်မှုမရှိတော့ချေ။ အဆိုးဆုံးဖြစ်လာလျှင် သူဝင်ပါလိုက်ရုံသာရှိ၏။

အားလုံး၏အကြည့်များသည် တိုက်ပွဲကွင်းအတွင်းရှိ ခမ်းနားသောလူနှစ်ဦးအပေါ်တွင် ကျရောက်နေသည်။

ရီရှင်းလုံသည် အချိန်မဖြုန်းလိုဘဲ သူ၏နဂါးတစ်ပိုင်းပုံစံသို့ချက်ချင်းပြောင်းလဲလိုက်သည်။ ၎င်း၏ခြေလက်များသည် နဂါးခြေသည်းများအဖြစ်ပြောင်းလဲသွားကာ နဂါးအကြေးခွံများပေါ်လာပြီးနောက် သန်မာသောနဂါးအမြီးတစ်ခုပေါ်လာသည်။ ရီရှင်းလုံ၏ချစ်စဖွယ်အသွင်အပြင်ကြောင့် သူမသည် ရီဖန်၏အတိတ်ဘဝက ကာတွန်းထဲမှအဇူရာနဂါးလေးဟု ပင်အထင်မှားသွားသည်။ သို့သော် ရီရှင်းလုံ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဇူရာနဂါးလေးကဲ့သို့ အားမနည်းချေ။

ရီရှင်းလုံသည် နေရာတစ်ချက်ရွေ့လိုက်ရုံဖြင့် အိုးဟိုင်၏နောက်တွင်ပေါ်လာသည်။ အိုးဟိုင်၏မျက်လုံးထဲတွက် မထီမဲ့မြင်ပြုသည့်အရိပ်အယောင်များရှိနေကာ ကြယ်တာရာအင်မော်တယ်နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူအနေဖြင့် ထိုကလေးတစ်ဦး၏ ရိုက်နှက်ခြင်းကိုမခံရနိုင်ပေ။ အိုးဟိုင်သည် ရီရှင်းလုံ၏တိုက်ခိုက်ခြင်းကို တားဆီးရန်ရည်ရွယ်လျက် သူ့လက်ကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။

တစ်စုံတစ်ဦး၏ တာအိုနှလုံးသားကိုဖျက်ဆီးရန်အတွက် အဘက်ဘက်မှတိုက်ခိုက်မှုများပြုလုပ်ရန် လိုအပ်သည်။ ၎င်း၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို မေးခွန်းထုတ်သည်အထိ ၎င်းကိုနှိပ်စက်ပစ်ရမည်။

ထို့ကြောင့် အိုးဟိုင်သည် သူ၏ကျင့်ကြံမှုကို ကောင်းကင်အင်မော်တယ်အလယ်အဆင့်အထိ ဖိနှိပ်ထားခဲ့၏။ ရီရှင်းလုံ၏လက်သည်းသည် အိုးဟိုင်၏လက်မောင်းပေါ်သို့ကျရောက်လာသည့်အချိန်တွင် သူ့မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွား၏။

၎င်းသည် ကောင်းကင်ဘုံအင်မော်တယ်အလယ်အလတ်အဆင့်၏ အင်အားဖြစ်သည်မှာသေချာသလား။ ဘိုးဘွားနဂါး၏ကောင်းချီးများကို လက်ခံရရှိချိန်တွင် ရီရှင်းလုံသည် ကောင်းကင်ဘုံအင်မော်တယ်အလယ်အလတ်အဆင့်သို့ ခုန်တက်သွားသည်ကိုမြင်တွေ့ရချိန်၌ အိုးဟိုင်သည်ခဏတာမျှပင် မနာလိုဖြစ်ခဲ့သေးသည်။ ယခုတွင် အိုးဟိုင်သည် သူထင်ယောင်ထင်မှားဖြစ်နေသလားဟုသံသယဖြစ်မိသည်။ ဤကလေးသည် အမှန်တကယ်ပင် အလယ်အလတ်အဆင့် ကောင်းကင်ဘုံအင်မော်တယ်တွင်ရှိသလား။ နောက်အခိုက်အတန့်တွင် အိုးဟိုင်၏ခန္ဓာကိုယ်သည် လွင့်ထွက်သွား၏။

ကံကောင်းစွာဖြင့် နက်နဲအင်မော်တယ်နယ်မြေကျင့်ကြံသူတစ်ဦး တည်ဆောက်ထားသောတိုက်ပွဲကွင်းသည် လုံလောက်စွာခိုင်မာသောကြောင့် အိုးဟိုင်ကို မြေပြင်ပေါ်သို့သာ ပြုတ်ကျစေခဲ့သည်။

နောက်တစ်ခဏ၌ အိုးဟိုင်သည်ကွင်း၏အထက်ကောင်းကင်တွင် ပြန်ပေါ်လာသည်။ သူ၏ဖိနှိပ်ထားသော ကျင့်ကြံမှုအဆင့်သည်လည်း အပြည့်အဝထွက်ပေါ်လာ၏။

သူသည်ကောင်းကင်ဘုံအင်မော်တယ်စွမ်းအားကို ထုတ်ဖော်ပြသခဲ့ရုံသာမက နဂါးတစ်ပိုင်းအဖြစ် အသွင်ပြောင်းလဲလိုက်ကာ ယခင်မထီမဲ့မြင်ပြုမှုများမှာ ပျောက်ကွယ်သွားခဲ့သည်။ အသွင်ပြောင်းနိုင်သော နဂါးမျိုးနွယ်စု၏အဖွဲ့ဝင်များအားလုံးသည် နဂါးတစ်ပိုင်းအသွင်ပြောင်းခြင်းစွမ်းရည်ရှိကြသည်။

နဂါးတစ်ပိုင်း၏တိုက်ခိုက်ရေးစွမ်းအားသည် နဂါးတစ်ကောင်လုံးနှင့် လူသားကြားတွင်တည်ရှိသည်။

ရီရှင်းလုံ၏လက်ရှိနဂါးတစ်ပိုင်းပုံစံကြောင့်သာမဟုတ်ပါက အိုးဟိုင်သည်၎င်း၏နောက်ဆုံးဂုဏ်သိက္ခာကို ကယ်တင်ရန်အတွက် နဂါးအဖြစ်သို့တိုက်ရိုက်အသွင်ပြောင်းလိုက်မည်ဖြစ်သည်။ နဂါးမျိုးနွယ်စုတွင် စည်းကမ်းတစ်ခုရှိသည်။ ပထမဆုံးအသွင်ပြောင်းသူများသည် တိုက်ပွဲတစ်ဝက်ရှုံးပြီးဖြစ်သည်။ ရီရှင်းလုံသည် အိုးဟိုင်ကို ဖိအားအလွန်ပေး၏။

ဘမ်း!

နောက်ထပ်တိုက်ပွဲတစ်ခု စတင်ခဲ့သည်။ နေရာလွတ်သည် လှိုင်းဂယက်အနည်းငယ်ထလာကာ

ဤတစ်ကြိမ်တွင် ရီကျင်းလုံသည် အိုးဟိုင်ကိုတိုက်ရိုက်မတိုက်ခိုက်ခဲ့သော်လည်း ၎င်းသည် တဖြည်းဖြည်းဆုတ်ခွါသွားရကာ ပင်လယ်နဂါးမျိုးနွယ်စုအဖွဲ့ဝင်များကို ဒေါသထွက်စေခဲ့သည်။ ရီရှင်းလုံကပဲ အလွန်သန်မာနေသလား၊ ၎င်းတို့၏နဂါးသားတော်ကပဲအားနည်းနေလို့လား။

မဟုတ်ချေ။ အိုးဟိုင်၏တိုက်ခိုက်ရေးအင်အားကို ၎င်းတို့တွေ့မြင်ပြီးဖြစ်ရာ သူသည်ထိုမျှအားမနည်းနိုင်ချေ။ အသစ်တက်လာသော နဂါးသားတော်ရီရှင်းလုံသည် အမှန်တကယ်ပင် စွမ်းအားကြီးမားသူဖြစ်နိုင်ပါသလား။ နဂါးမျိုးနွယ်စု၏အဖွဲ့ဝင်အများအပြား၏နှလုံးသားထဲတွင် မုန်တိုင်းတိုက်နေကြပြီဖြစ်သည်။

ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ မျိုးနွယ်စုခေါင်းဆောင်တောင်ပင်လျှင် မတည်ငြိမ်တော့ဘဲ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စိုးရိမ်စိတ်အပြည့်ဖြစ်နေသည်။ ၎င်းတို့အစီအစဉ်၏ အဓိကအစိတ်အပိုင်းမှာ ပင်လယ်သုံးပင်လယ်နဂါးမျိုးနွယ်စုမှ နဂါးသားတော်များသည် ရီရှင်းလုံကို စဉ်ဆက်မပြတ်တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော်တစ်ခုရှိသည်မှာ ပင်လယ်သုံးစင်း၏နဂါးသားတော်များသည် ရီရှင်းလုံထက်အင်အားကောင်းမည်လား။ ယခုတွင် ထိုအဓိကအခြေအနေနှင့်မကိုက်ညီတော့ပုံရသည်။

"ပြောင်းစရာမလိုသေးပါဘူး၊ အိုးဟိုင်က သူ့အားသာချက်တွေကို အပြည့်အဝအသုံးမချသေးဘူး"

ထပ်မံဆုတ်ခွါသွားရသော အိုးဟိုင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။

"မင်းသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမယ့် ငါ့ရဲ့စွမ်းရည်ကို အသုံးချလိုက်ရင် မင်းဘယ်လို ရင်ဆိုင်မလဲ"

နောက်အခိုက်အတန့်တွင် အိုးဟိုင်၏ခန္ဓာကိုယ်မှ လေပြင်းများထွက်ပေါ်လာသည်။ အိုးဟိုင်၏ပုံသဏ္ဍာန်အစစ်အမှန်သည် နဂါးမျိုးနွယ်စုကြားတွင် အလွန်ရှားပါးသောလေနဂါးဖြစ်သည်။ ထို့အပြင် ၎င်း၏သွေးမျိုးဆက်သည် ရှေးပဏာမနဂါးသွေးမျိုးဆက်နီးပါးစွမ်းအားရှိသည်။ သို့မဟုတ်ပါက ၎င်းသည်အရှေ့ပင်လယ်နဂါးမျိုးနွယ်စု၏ နဂါးသားတော်ဖြစ်လာလိမ့်မည်မဟုတ်ပေ။

အိုးဟိုင်သည် လေနဂါး၏ပင်ကိုယ်စွမ်းရည်ကို ထုတ်လွှတ်လိုက်ပြီးနောက် စင်ပေါ်မှချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းသည် ပုန်းအောင်းနေခြင်းကြောင့်မဟုတ်ဘဲ ၎င်း၏အမြန်နှုန်းသည် ကန့်သတ်ချက်များကိုကျော်လွန်ကာ အဆင့်နိမ့်ကျင့်ကြံသူများ၏ လက်ခံနိုင်စွမ်းကိုကျော်လွန်သွားခြင်းဖြစ်သည်။ ကောင်းကင်ဘုံအင်မော်တယ်နယ်မြေကျင့်ကြံသူများပင်လျှင် အိုးဟိုင်၏တည်နေရာကိုရှာရန်ခက်ခဲသည်။ လူတိုင်းသည်ကြောက်ရွ့ံနေကြ၏။ ဤသည်မှာ နဂါးမျိုးနွယ်စုမှနဂါးသားတော်၏ စစ်မှန်သောစွမ်းအားဖြစ်ရမည်။

ထိုအရှိန်သည် ရွှေအင်မော်တယ်နယ်မြေရှိသန်မာသောကျင့်ကြံများနှင့်ပင် ယှဉ်နိုင်လောက်၏။ သူ၏အမြန်နှုန်းသည် အဆုံးစွန်သောကန့်သတ်ချက်သို့ရောက်သွားသောအခါ ၎င်းသည်နေရာကူးပြောင်းခြင်းစွမ်းရည်ထက်ပင်ပိုမြန်နေပုံရသည်။ နောက်တစ်ခဏ၌ အိုးဟိုင်သည် ရီရှင်းလုံ၏နောက်ဘက်တွင် ရုတ်တရက်ပေါ်လာကာ နဂါး၏ခြေသည်းသည် ရီရှင်းလုံ၏နှလုံးသားဆီသို့ ပြင်းထန်စွာချိန်ရွယ်ထားသည်။

သိုင်းလောကတစ်ခုလုံးတွင် အဆုံးစွန်သောအမြန်နှုန်းကို မည်သည့်အရာကမှ ခံနိုင်ရည်မရှိပေ။ ကျင့်ကြံမှုနယ်ပယ်မှာပင် ဤစည်းမျဉ်းသည်အကျုံးဝင်၏။ အဆုံးစွန်သောအမြန်နှုန်းနှင့်တိုက်ခိုက်မှုသည် အလွန်အင်အားကြီး၏။ နက်နဲအင်မော်တယ်တစ်ဦး အားဖြည့်ထားသောလေဟာနယ်သည်ပင် ယခုအချိန်တွင်ပင် အနက်ရောင်အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသည့် စုပ်ယူမှုစွမ်းအားသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို စုပ်ယူနေသလိုခံစားရသည်။

“သွားသေလိုက်စမ်း!"

အိုးဟိုင်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုဝင်အားလုံးသည် ရီရှင်းလုံကို စိုးရိမ်တကြီးကြည့်ရင်း အသက်ရှုကြပ်သွားကြသည်။

‘ခွက်!’

နောက်တစ်ခဏ၌ စူးရှသော အက်ကွဲသံတစ်ခုပဲ့တင်ထပ်လာသည်။ အိုးဟိုင်၏ နဂါးခြေသည်းသည် ချက်ချင်းပင်ချိုးလိမ်ခြင်းခံလိုက်ရကာ ပျက်ဆီးသွားသည်။ တိုက်ခိုက်ခြင်းခံရသော ရီရှင်းလုံထံတွင် ပြဿနာလုံးဝမရှိဘဲ ၎င်း၏အသားအရည်သည် ဖြူစင်သန့်ရှင်းနေဆဲဖြစ်သည်။ ရီရှင်းလုံသည် အိုးဟိုင်ကိုကြည့်ရန် ခေါင်းကိုဖြည်းညှင်းစွာလှည့်လိုက်သည်။ ရီရှင်းလုံ၏အကြည့်အောက်တွင် အိုးဟိုင်သည် ထိတ်လန့်တုန်လှုပ်နေသောယုန်တစ်ကောင်ကဲ့သို့ဖြစ်နေကာ မိုင်ရာချီအကွာအဝေးသို့ရောက်ရှိသွားခဲ့သည်။

ရီဖန်၏နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။ သူ့မြေးသည် ကမ္ဘာပေါ်တွင်အကောင်းဆုံးဖြစ်၏။

All Chapters