အခန်း ၂၁၄-၂၁၆
Vol. 15 Ch. 214-216
အခန်း ၂၁၄ - တစ်လက်ဖဝါးတစ်ချက်က အရမ်းကိုစွမ်းအားကြီးလိမ့်မယ်
အိုးလီ၏ ရီဖန်အပေါ်အကြည့်များပင်ပြောင်းလဲသွားသည်။ ရီမိသားစုသည် အဇူရာနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်ဟု သံသယရှိခဲ့ပြီးဖြစ်သည်။ သို့မဟုတ်ပါက ရီကျင်းစန်သည် ရှေးဟောင်းအဇူရာနဂါးသွေးမျိုးဆက်ရှိသည့် နဂါးသားတော်ရီရှင်းလုံကို မွေးဖွားပေးနိုင်မည်မဟုတ်ပေ။ သို့သော် ရီဖန်၏အဇူရာနဂါးသွေးမျိုဆက်သည်ရီရှင်းလုံထက်ပင် အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားချေ။ အကယ်၍ ရီဖန်သည်မြောက်ပင်လယ်နဂါးမျိုးနွယ်မှဖြစ်ပါက သူသည် ရီရှင်းလုံထက်ပင် နဂါးသားတော်ဖြစ်ရန် ပို၍အရည်အချင်းပြည့်မီမည်မဟုတ်လား။
ရီဖန်၏ သွေးမျိုးဆက်စွမ်းအားကိုထုတ်ပြလိုက်သည့်အချိန်တွင် မူလက ငြိမ်သက်နေခဲ့သောနဂါးဘိုးဘေးရုပ်တု လှုပ်ရှားသွားသည်ကိုမူ မည်သူမျှသတိမထားမိလိုက်ကြချေ။ ၎င်းသည် ရီရှင်းလုံ၏သွေးမျိုးဆက်စွမ်းအားကို ပြသလိုက်စဉ်အခါထက်ပင် ပို၍လှုပ်ခတ်သွား၏။
သို့သော် ရီဖန်သည်လူတိုင်း၏အာရုံကိုဆွဲဆောင်ထားသောကြောင့်ရုပ်တု၏ပုံမှန်မဟုတ်သောလှုပ်ရှားမှုကို မည်သူမှသတိမထားမိခဲ့ကြပေ။
"ကဲ လက်ခံနိုင်ပြီလား"
ရီဖန်က အေးဆေးသက်သာမေးလိုက်သည်။
ရီဖန်၏မေးခွန်းအတွက် နဂါးမျိုးနွယ်စုသုံးခု၏ မျိုးနွယ်စုခေါင်းဆောင်များသည် နှုတ်ဆိတ်နေခဲ့သည်။ ရီဖန်သည်လည်း နဂါးမျိုးနွယ်စု၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရာ ၎င်းတို့၏ယခင်အဆိုပြုချက်မှာ ချေဖျက်ခြင်းခံလိုက်ပြီးဖြစ်သည့်အတွက် ရပ်တန့်စရာအကြောင်းမရှိတော့ပေ။ နောက်တစ်ခဏ၌ ရီကျင်းထျန်နှင့် အခြားသူများ တိုက်ပွဲစင်မြင့်ပေါ်တွင် ပေါ်လာသည်။ အိုးတုန်နှင့်အခြားသူများသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုမှာ ယခင်ကကဲ့သို့ ရွှေအင်မော်တယ်အဆင့်တက်လှမ်းလုနီးသော ကျင့်ကြံသူအနည်းငယ်ကိုစေလွှတ်မည်ဟု ထင်မြင်ခဲ့ကြသော်လည်း မထင်မှတ်ပဲ ရီဖန်သည် ရီမိသားစုမှ ကျင့်ကြံသူအချို့ကိုသာ တိုက်ပွဲစင်မြင့်ထက်သို့ စေလွှတ်လိုက်သည်။
၎င်းကျင့်ကြံသူများသည် အသက်တစ်ထောင်ထက်ပင် မကျော်သေးချေ။ အားလုံးသည် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျင့်ကြံမှုအဆင့်တွင်ရှိကြကာ ၎င်းတို့သည် နဂါးမျိုးနွယ်စု၏ ရွှေအင်မော်တယ်အဆင့်တက်လှမ်းလုနီးကျင့်ကြံသူများနှင့် ယှဉ်နိုင်လိမ့်မည်ဟု မထင်ကြချေ။
‘နဂါးအသွင်ပြောင်းအနုပညာ’
နောက်အခိုက်အတန့်တွင်၊ ရီကျင်းထျန် နှင့် အခြားသူများသည် နဂါးအသွင်ပြောင်းခြင်းအနုပညာကို တိတ်တဆိတ်အသက်သွင်းလိုက်သည်။ သေမျိုးခန္ဓာကိုယ်များပျောက်ကွယ်သွားပြီးနောက် စင်မြင့်ထက်တွင် ကြီးမားသောအဇူရာနဂါးကြီးများစွာ ပေါ်လာသည်။ ရွှေရောင်ဒေါင်လိုက်မျက်ဆံများသည် လူတိုင်းကိုအေးစက်စွာစိုက်ကြည့်နေကာ အားလုံးကိုတုန်လှုပ်ချောက်ခြားသွားစေခဲ့သည်။ ရောင်ဝါတစ်ခုတည်းနှင့်ပင် ၎င်းတို့ကိုအသက်ရှူကြပ်စေ၏။
ပင်လယ်နဂါးမျိုးနွယ်စုသုံးခုမှ အဆင့်တစ်ဝက်ရွှေအင်မော်တယ်များသည် ရီကျင်းထျန်နှင့် သူ့အဖွဲ့သားများကို အနီးကပ် သတိထားစောင့်ကြည့်နေခဲ့သည်။
တိုက်ပွဲသည် ချက်ခြင်းဖြစ်ပွါးခဲ့ကာ ၎င်းတို့သည်တစ်ချက်တည်းနှင့် ပြိုလဲသွားကြသည်။ ရီကျင်းထျန်နှင့်အခြားသူများသည် တစ်ယောက်စီတိုင်းတွင် ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုစီ တပ်ဆင်ထားကြသည့်အချိန်တွင် တခြားတစ်ဖက်၌ ဤအဆင့်တစ်ဝက်ရွှေအင်မော်တယ်များသည် အရည်သွေးမြင့်အင်မော်တယ်လက်နက်အနည်းငယ်ကိုသာ အသုံးပြုနေဆဲဖြစ်သည်။ ၎င်းတို့သည် နဂါးသားတော်များ၏အခွင့်ထူးမရှိသည့်အတွက် ကောင်းကင်နယ်မြေအင်မော်တယ်နယ်ပယ်တွင် ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်းများကို အသုံးပြုခွင့်မရှိပေ။
အစွမ်းအထက်ဆုံးသော ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးပင်လျှင် ရွှေအင်မော်တယ်တစ်ဦးနှင့် မယှဉ်နိုင်သည်ဖြစ်ရာ ရီမိသားစုသည် လှည့်စားနေခြင်းဖြစ်၏။ လူတစ်ဦးစီတွင် ထိပ်တန်းအင်မော်တယ်လက်နက်အနည်းဆုံးနှစ်ခုရှိနေသည်မှာ အနိုင်ကျင့်ခြင်းမဟုတ်လား။ မျှတသောတိုက်ပွဲဟုထင်ထားသော်လည်း ယခုတွင် တစ်ဖက်သတ်ရှုံးနိမ့်နေပြီဖြစ်သည်။ နဂါးမျိုးနွယ်စုမှ၏ ကျင့်ကြံသူများသည် ခုခံရန်သာတတ်နိုင်တော့သည်။
ဘမ်း!
ရီကျင်းထျန်၏အင်မော်တယ်ဓားသည် နဂါးမျိုးနွယ်စု၏မျက်ခုံးအကြားသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။
တိုက်ပွဲတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသာရှိ၏။ ရီကျင်းထျန်သည်လည်း လူသတ်ဝံ့သည်။ ၎င်းတို့သည် နဂါးမျိုးနွယ်စုထဲမှဖြစ်သောကြောင့် အသက်ကိုချမ်းသာပေးလျှင်ပင် ပြန်လည်သင့်မြတ်နိုင်မည်မဟုတ်ချေ။ ရီကျင်းထျန်ထံမှ စိတ်ဝိညာဉ်ထဲထိတိုက်ခိုက်မှုကိုခံလိုက်ရသော ဧရာမနဂါးကြီး၏ကိုယ်ထည်သည် ကောင်းကင်မှအသက်မရှိဘဲပြုတ်ကျလာ၏။
အိုးနန်၏မျက်လုံးများသည် ချက်ချင်းပင် သွေးရောင်နီရဲလာသည်။ အဆင့်တစ်ဝက် ရွှေအင်မော်တယ်ကို ဆုံးရှုံးလိုက်ရခြင်းသည် တောင်ပိုင်းပင်လယ်နဂါးမျိုးနွယ်စုအတွက် နာကျင်မှုကြီးတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ရီရှင်းလုံသည်လည်း နဂါးမျိုးနွယ်စု၏ အဆင့်တစ်ဝက်ရွှေအင်မော်တယ်ကို သတ်ပစ်လိုက်သည်။ ယခုတစ်ကြိမ်တွင် နာကျင်ခံစားရသူမှာ အိုးတုန်ဖြစ်သည်။
“အဓိပတိအကြီးအကဲ၊ ကျွန်တော်တို့ သူတို့ကို ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဆက်ခွင့်ပြုထားလို့မဖြစ်တော့ဘူး”
အိုးတုန်သည် အဓိပတိအကြီးအကဲကို အလျင်အမြန်အကြောင်းကြားလိုက်သည်။
"အသုံးမကျဘူး!"
အဓိပတိကြီး၏ ဟိန်းဟောက်သံသည် နေရာလွတ်ထဲမှထွက်ပေါ်လာသော်လည်း
အိုးတုန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ အကြီးအကဲကျိန်ဆဲနေခြင်းသည် သူကိုယ်တိုင်အရေးယူတော့မည်ဟုဆိုလိုခြင်းဖြစ်သည်။ အိုးတုန်သည် နဂါးကြီးမျိုးနွယ်စုသုံးခုမှ အဓိပတိအကြီးအကဲများရောက်လာကြောင်းသိသည်။ နက်နဲအင်မော်တယ်အဆင့်ရှိ နဂါးကျင့်ကြံသူသုံးဦးကို မြောက်ပင်လယ်နဂါးမျိုးနွယ်စုက မည်သို့ခုခံလိမ့်မည်နည်း။
ရီကျင်းထျန်သည် နဂါးမျိုးနွယ်စု၏ အဆင့်တစ်ဝက်ရွှေအင်မော်တယ်ကို သတ်ခါနီးတွင် ကြီးမားသောစွမ်းအားတစ်ခုသည် တိုက်ပွဲစင်မြင့်၏ ကန့်သတ်ချက်များကိုကျော်ဖြတ်ကာ ရီကျင်းထျန်ကို တိုက်ရိုက်တိုက်ခိုက်သည်။ စွမ်းအားသည် အလွန်အားကောင်းသဖြင့် စင်မြင့်၍ကန့်သတ်ချက်များကပင် လုံးဝမခုခံနိုင်ပေ။ လူတိုင်းပြန်တုံ့ပြန်နိုင်သောအခါတွင် ၎င်းသည် ရီကျင်းထျန်ကို ပြင်းထန်စွာတိုက်ခိုက်နေပြီးဖြစ်သည်။
ရီကျင်းထျန်သည် အစွမ်းထက်သော်လည်း ကောင်းကင်အင်မော်တယ်နယ်မြေ၌သာ ရှိသေးသည်။ ဤတစ်ကြိမ်တွင် ရီကျင်းထျန်အဆုံးသတ်သွားလိမ့်မည်ဟု လူတိုင်းက ထင်နေကြတယ်သော်လည်း နောက်အခိုက်အတန့်တွင် ရီကျင်းထျန်ဝန်းကျင်ရှိရောင်ဝါသည် ပို၍ပြင်းထန်လာသည်။ ‘သူတော်စဉ်နိယာမ သတ်မှတ်ချက်’ ထွက်ပေါ်လာခြင်းနှင့်အတူ သွေးမျိုးဆက်ပေါက်ကွဲထွက်လာကာ မဟာတာအိုအနုပညာများ အသက်ဝင်လာသည်။ နည်းလမ်းအားလုံးကိုအသုံးပြုပြီးနောက် ရီကျင်းထျန်သည် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ကျရောက်လာသောတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
ဘမ်း!
ကြီးမားသောစွမ်းအင်အတက်အကျကြောင့် အဆင့်နိမ့်ကျင့်ကြံသူများကို တိုက်ရိုက်မကြည့်ရဲဘဲ
မျက်လုံးများကိုမှိတ်ထားစေခဲ့သည်။ ရီကျင်းထျန်၏ခန္ဓာကိုယ်သည် မိုင်ရာနှင့်ချီ၍လွင့်ထွက်သွားပြီးသည့်အခါမှသာ တည်ငြိမ်သွားသည်။ သူသည် တိုက်ခိုက်မှုဦးတည်ရာဆီသို့ အေးစက်စွာလှမ်းကြည့်လိုက်သည်။ ဤနဂါးမျိုးနွယ်စုသည် လုံးဝအရှက်မရှိကြချေ။ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တတ်ပြီး သိုင်းကျင့်ဝတ်လည်း မရှိကြပေ။ ထို့အပြင် ဤလျှပ်တပြက်တိုက်ခိုက်မှုကိုစတင်ခဲ့သော နဂါးမျိုးနွယ်စု အဖွဲ့ဝင်သည်အလွန်မြင့်မားသောကျင့်ကြံမှုအဆင့်ရှိသည်။
ရုတ်တရက်ပင် စူးရှသောအသံတစ်ခုသည် နေရာလွတ်ထဲမှထွက်ပေါ်လာ၏။ အရှေ့ပင်လယ်နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲဖြစ်သူ အိုးရှီမုကိုယ်တိုင်ပင်လျှင် ရီကျင်းထျန်သည်၎င်း၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်ဟုမမျှော်လင့်ထားပေ။ သူ၏မူလရည်ရွယ်ချက်မှာ ဤတိုက်ခိုက်မှုဖြင့် ရီကျင်းထျန်ကို လုံးဝရှင်းပစ်ရန်ဖြစ်သည်။ ရီကျင်းထျန်သည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ အဆင့်တစ်ဝက် ရွှေအင်မော်တယ်နယ်မြေ ကျင့်ကြံသူတစ်ဦးကိုသတ်ဖြတ်ခဲ့သောကြောင့် ထိုဆုံးရှုံးမှုအတွက် ပြန်လည်ရယူရမည်ဖြစ်သည်။ သို့သော်လည်း ရီကျင်းထျန်၏အင်အားသည် ၎င်းမျှော်မှန်းထားသည်ထက် ကျော်လွန်သွားလိမ့်မည်ဟု မထင်ထားချေ။
၎င်း၏အင်အားသည် ရွှေအင်မော်တယ်နယ်မြေထက်ပင် မနိမ့်ကျဘဲရှိသည်။ ကြယ်တာရာအင်မော်တယ်နှောင်းပိုင်းအဆင့်ကို အသုံးပြု၍ ရွှေအင်မော်တယ်နယ်မြေကျင့်ကြံသူနှင့်ယှဉ်ပြိုင်ကာ သတ်ဖြတ်ခဲ့သည့်အတွက် အိုးရှီမုသည် ထိုအရည်အချင်းရှိသည့်စွမ်းအားရှင် သတ်လိုသည့်ရည်ရွယ်ချက်ပေါ်လာသည်။ ရီမိသားစု၏ အရည်အချင်းများ ပိုအားကောင်းလေ ပင်လယ်နဂါးမျိုးနွယ်စုသုံးခုအတွက် ပိုဆိုးလေဖြစ်သည်။ အကောင်းဆုံးမှာ ၎င်းတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းရန်သာဖြစ်၏။
ထိုအချိန်တွင် အိုးမုသည်လည်း နေရာလွတ်ထဲမှထွက်လာခဲ့သည်။ နက်နဲအင်မော်တယ်နယ်မြေစွမ်းအားသည် ချက်ချင်းပေါက်ကွဲသွားကာ အိုးရှီမုပေါ်သို့ ကျရောက်သွားသည်။
"အိုးရှီမု မင်းတအားလွန်နေပြီ!"
နက်နဲအင်မော်တယ်နယ်မြေသည် ၎င်းတို့၏ဂုဏ်သိက္ခာကိုပင်မထိန်းသိမ်းတော့ဘဲ ပုဂ္ဂိုလ်ရေးအရကြားဝင်စွက်ဖက်နေသည်။
“သေသွားတဲ့သူက ငါ့ရဲ့ အဝေးက တူလေးလေ။ ငါ သူ့အတွက် လက်စားချေပေးမလို့ကို ဘာမှားလို့လဲ"
အိုးရှီမုသည် ဆင်ခြေတစ်ခုကောက်ပေးလိုက်ကာ အမှုမဲ့အမှတ်မဲ့ပြန်ဖြေသည်။ အိုးရှီမု၏အကြောင်းပြချက်သည် အတင်းလုပ်ယူထားခြင်းဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း မည်သူကသူ့ကို မေးခွန်းထုတ်ရဲမည်နည်း။ ၎င်းသည် နက်နဲအင်မော်တယ်၏စွမ်းအားဖြစ်သောကြောင့် အဆင့်နိမ့်ကျင့်ကြံသူများက မငြင်းခုန်ဝံ့ကြချေ။ ထိုအချိန်တွင် လက်ခုပ်သံထွက်ပေါ်လာသည်။
“အရမ်းကောင်းတယ်၊ မင်းရဲ့တူအတွက် လက်စားချေတော့ ငါက ငါ့သားအတွက်လက်စားချေတာပေါ့။ ဒါကသေချာပေါက်အဓိပ္ပါယ်ရှိပါတယ်!”
နောက်အခိုက်အတန့်တွင် ရီဖန်၏ခန္ဓာကိုယ်သည် အိုးရှီမုရှေ့တွင်ရုတ်တရက်ပေါ်လာသည်။ ရီဖန်သည် 'လက်လှမ်းမီ ကို မသုံးဘဲ အချိန်ဥပဒေကိုအသုံးပြုခဲ့သည်။ အချိန်သည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးအရာဖြစ်သည်။ အချိန်ကွာဟမှုကိုချုံ့လိုက်သောကြောင့် အိုးရှီမုကိုယ်တိုင်ပင်လျှင် ရီဖန်သည် သူ့ရှေ့တွင်မည်သို့ပေါ်လာသည်ကို မသိလိုက်ရချေ။
ရီဖန်သည် ကြယ်တာရာခူးဆွတ်လက်ကို အဆုံးစွန်ထိကျင့်ကြံထားပြီးဖြစ်သောကြောင့် ၎င်း၏ပြင်းထန်မှုသည် ထိပ်တန်းအဆင့်အင်မော်တယ်လက်နက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ၎င်း၏အသုံးဝင်မှုသည် နောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာသော်လည်း ယခုအချိန်တွင်၎င်းသည်အသုံးဝင်နေဆဲဖြစ်သည်။ လက်ဖဝါးတစ်ဖက်တည်းဖြင့် ကမ္ဘာ့စွမ်းအားကို ပျက်ဆီးခြင်းကမ္ဘာမှဆွဲထုတ်လိုက်ကာ သူ၏လက်ဖဝါးပေါ်တွင်ကြီးထားလာသည်။ ၎င်းကို ပထမအဆင့်ကမ္ဘာ့လက်ဖဝါးဟုခေါ်ဆိုကာ နှစ်များကြာလာသည်နှင့်အမျှ ပျက်ဆီးခြင်းကမ္ဘာသည် အဆက်မပြတ်ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။
ပျက်ဆီးခြင်းသစ်ပင်နှင့် ကမ္ဘာသစ်ပင်နှစ်ခုလုံး၏တည်ရှိမှုနှင့်အတူ အခြေတည်ဝိညာဉ်ရေးအမြစ်သည် ကမ္ဘာကြီး၏ဆင့်ကဲဖြစ်စဉ်ကို အရှိန်မြှင့်ပေးသည်။ ယခုအချိန်တွင် ရီဖန်သည် ကမ္ဘာ့စွမ်းအား၏ တစ်ရာခိုင်နှုန်းသာ ထုတ်ယူနိုင်ခဲ့သော်လည်း ယခင်ဆယ်ရာခိုင်နှုန်းထက် များစွာအားကောင်းသည်။ အိုးရှီမုသည် ရီဖန်၏ လက်ဖဝါးကိုမြင်လိုက်သည့်အချိန်တွင် ရုတ်တရက်ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ဤလက်ဖဝါးသည် အလွန်အစွမ်းထက်လိမ့်မည်။
…………..
အခန်း ၂၁၅ - နက်နဲအင်မော်တယ်ငါးဦး
အဓိကပစ်မှတ်ဖြစ်သည့် အိုးရှီမုသည် ၎င်းစွမ်းအားကိုအပြင်းထန်ဆုံးခံစားခဲ့ရသည်။
အခြားတစ်ဖက်တွင် တိုက်ပွဲ၏အစွန်အဖျားမှ စောင့်ကြည့်နေသော ကျင့်ကြံသူများအပေါ်တွင် များစွာသက်ရောက်မှုမရှိချေ။ အိုးရှီမုသည် တခဏမျှတုံ့ဆိုင်းမနေဘဲ သူ့ကိုယ်သူကာကွယ်ရန်အတွက် အကောင်းဆုံးသော အင်မော်တယ်လက်နက်များကို ချက်ချင်းထုတ်ယူလိုက်သည်။ ဂုဏ်သရေရှိ ရွှေအင်မော်တယ်တစ်ဦးဖြစ်သူ အိုးရှီမုသည် တာအိုအင်မော်တယ်လက်နက် တစ်ခုမှမရှိရှာပေ။
ထိပ်တန်းအင်မော်တယ်လက်နက်၏ခုခံနိုင်စွမ်းသည် အမှန်တကယ်ပင်အားကောင်းလှသော်လည်း ရီဖန်၏ရှေ့တွင် ၎င်းသည်ဘာမှမဟုတ်ချေ။ ကွဲအက်သံများ အဆက်မပြတ်ကြားရပြီးနောက်တွင် လူတိုင်း၏အံ့အားသင့်နေသော အကြည့်များအောက်၌ ၎င်းတို့အမြင်တွင် အလွန်အဖိုးတန်သောအင်မော်တယ်လက်နက်များသည် အပိုင်းပိုင်းကွဲသွားခဲ့သည်။ ထိုမြင်ကွင်းသည် ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့၏။ ထိုကဲ့သို့အဖိုးထိုက်တန်သော အင်မော်တယ်လက်နက်များသည် အလွယ်တကူပင်အစိတ်စိတ်အမွှာမွှာပျက်ဆီးသွားရာ ၎င်းတို့လိုချင်လျှင်ပင် မရနိုင်တော့ချေ။ ဤစွမ်းအားရှင်များသည် အမှန်တကယ်ပင် ကြီးကျယ်လွန်းလှပါ၏။ ထိပ်တန်းအင်မော်တယ်ပစ္စည်း၏ကာကွယ်မှုဖြင့် အိုးရှီမုသည် ရီဖန်၏တိုက်ခိုက်မှုကိုကာကွယ်နိုင်ခဲ့သော်လည်း ၎င်း၏အမူအရာသည် ပို၍ပင်ဆိုးရွားလာသည်။
ရီဖန်၏အင်အားသည် အိုးရှီမု၏မျှော်မှန်းချက်ထက် များစွာကျော်လွန်နေသည်။ ၎င်းသည် ရီဖန်ကိုအနီးကပ်စစ်ဆေးကြည့်စဉ်က ရီဖန်ဖော်ပြထားသော ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်မြေမျှသာဖြစ်သည်။ သို့သော် ရွှေအင်မော်တယ်ကျင့်ကြံသူတစ်ဦး၏အင်အားဖြင့် သူသည်နက်နဲအင်မော်တယ်နယ်မြေ၏ တိုက်ပွဲစွမ်းရည်ကိုပြသခဲ့သည်။ ဤပုဂ္ဂိုလ်များသည် မည်သည့်နေရာတွင်မဆို ပါရမီရှင်ဖြစ်နိုင်သည်။ ဤကဲ့သိူ့သော ပါရမီရှင်တစ်ဦးထံတွင် ကျောထောက်နောက်ခံမရှိဟုမည်သူမှမထင်တော့ပေ။
“မိတ်ဆွေရီ၊ ကြည့်ရတာ နားလည်မှုလွဲနေတာလေးတွေရှိပုံပဲ”
ဟု အိုးရှီမုက ငြိမ်းချမ်းရေးအတွက်အဆိုပြုလာသည်။
အစောပိုင်းက ရီဖန်ကိုကူညီရန်အတွက် စီစဉ်နေသော အိုးမုသည် အိုးရှီမု၏စကားကိုကြားသောအခါ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ နက်နဲအင်မော်တယ်နယ်မြေကျင့်ကြံသူများသည် အရူးမဟုတ်ကြချေ။ ကျောထောက်နောက်ခံကိုမစုံစမ်းဘဲ ရီဖန်ကို ထိခိုက်နာကျင်စေမိပါက အကျိုးဆက်များကိုခံနိုင်ရည်ရှိကြမည်မဟုတ်ပေ။
"ရီမိသားစုကို အနိုင်ကျင့်ပြီးတော့ ဒီတိုင်းထွက်သွားမယ်ပေါ့"
ရီဖန်သည် သူ့လက်ကိုမြှောက်လိုက်ပြီး နောက်တစ်ချက်ရိုက်ချလိုက်သည်။
ဤတစ်ကြိမ်တွင် ကြယ်တာရာခူးဆွတ်လက်၏စွမ်းအားသည် ယခင်ထက် နှစ်ဆပိုပြင်းထန်လာသည်။ ကမ္ဘာ့စွမ်းအား၏ နှစ်ရာခိုင်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားဖြစ်သည်။ ယခုအခါတွင် ရီဖန်သည် တစ်ချိန်တည်းတွင် ကမ္ဘာ့စွမ်းအား၏ငါးရာခိုင်နှုန်းထိထိန်းချုပ်နိုင်ပြီဖြစ်သည်။ ထိုထက်ကျော်လွန်သွားပါက ၎င်း၏လက်ရှိခန္ဓာကိုယ်သည်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် ကြယ်တာရာခူးဆွတ်လက်၏ဒုတိယအဆင့်သည် အိုးရှီမု ကိုကိုင်တွယ်ရန်လုံလောက်ပါ၏။
အိုးရှီမုသည် တိုက်ခိုက်မှုကိုမခုခံတော့ဘဲ ၎င်း၏အင်အားကိုဖြေလျှော့ရန်သာ ရွေးချယ်လိုက်ရာ နောက်တစ်ခဏ၌ အိုးရှီမုသည် မိုင်ထောင်ပေါင်းများစွာ လွှင့်ထွက်သွားသည်။ ရီဖန်၏ဆုံးဖြတ်ချက်ကိုကြည့်ခြင်းအားဖြင့် ယနေ့တွင် ငြိမ်းချမ်းရေးအတွက် ဖြေရှင်းနိုင်ခြင်းမရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ဤကိစ္စတွင်ပါဝင်သူသုံးဦးရှိသည်ဖြစ်ရာ အဘယ်ကြောင့် အကျိုးဆက်အားလုံးကို သူတစ်ယောက်တည်းခံရမည်နည်း။
"မင်းတို့နှစ်ယောက် မထွက်လာသေးဘူးလား ဟမ်"
အိုးရှီမုသည် နေရာလွတ်ထဲတွင် ပုန်းအောင်းနေသော အိုးနန်နှင့် အိုးရှိကိုအော်ခေါ်လိုက်သည်။ ဆက်လက်ပုန်းအောင်းနေရန်အဓိပ္ပါယ်မရှိတော့သောကြောင့် အခြားနက်နဲအင်မော်တယ်နှစ်ဦးသည်လည်း သူတို့ကိုယ်သူတို့ထုတ်ဖော်ခဲ့သည်။ အိုးရှီမုသည် ရီဖန်ကိုတစ်ယောက်တည်းမရင်ဆိုင်ချင်သကဲ့သို့
၎င်းတို့သည်လည်း မရင်ဆိုင်ချင်ကြချေ။ သို့သော်လည်း ၎င်းတို့ဖော်ထုတ်ခံလိုက်ရပြီးဖြစ်သောကြောင့် ဆက်၍အရေမထူနိုင်တော့ဘဲထွက်လာရသည်။
နက်နဲအင်မော်တယ်လေးဦးနှင့် နက်နဲအင်မော်တယ်အဆင့် တိုက်ခနုက်ရေးစွမ်းအားရှိသည့်ရီဖန်တို့သည် ပတ်ဝန်းကျင်လေဟာနယ်ကို အေးခဲသွားစေကာ တင်းမာသောလေထုကိုဖြစ်ပေါ်နေစေသည်။ အောက်ဘက်မှ စောင့်ကြည့်နေသောကျင့်ကြံသူများသည် စောနကမထွက်သွားမိသည့်အတွက် နောင်တရနေတော့သည်။ အကယ်၍ နက်နဲအင်မော်တယ်ငါးဦးစတင်တိုက်ခိုက်ပါက ၎င်းတို့သည်လည်း လှုပ်ခတ်မှုကိုသေချာပေါက်ခံစားရလိမ့်မည်။ သိူ့သော် သူတို့အမှန်တကယ် တိုက်ကြမည်လား။
ဤနေရာသည် နဂါးမျိုးနွယ်စု၏နယ်မြေဖြစ်သည့်တွက် အကယ်၍ဤနေရာတွင် တိုက်ပွဲဖြစ်ပွါးပါက နဂါးမျိုးနွယ်စုအတွက် ကြီးမားသောဆုံးရှုံးမှုကိုဖြစ်ပေါ်စေလိမ့်မည်။ ထိုအချိန်တွင် ရီဖန်သည် စတင်လှုပ်ရှားခဲ့၏။ အိုးရှီမုနှင့် ၎င်း၏အဖော်များသည်လည်း ချက်ချင်းသတိထားလိုက်သည်။ နက်နဲအင်မော်တယ်သုံးဦး၏ တိုက်ခိုက်ရေးစွမ်းအားသည် ရီဖန်ကိုခေတ္တရပ်တန့်စေနိုင်လိမ့်မည်ဟု မူလကထင်ခဲ့ကြသော်လည်း ယခုတွင် လုံးဝသက်ရောက်မှုမရှိပုံရသည်။ အစမှအဆုံးအထိ ရီဖန်သည် နက်နဲအင်မော်တယ်သုံးဦးကို အလေးအနက်မထားခဲ့ချေ။
အိုးရှီမု၏မျက်နှာပေါ်တွင် တင်းမားသောအကြည့်တစ်ခု ပေါ်လာသည်။ ‘အဲလိုဆိုမှတော့ တိုက်ပွဲကိုစလိုက်ကြတာပေါ့’။ နောက်ဆုံးတွင် ဆုံးရှုံးမှုများကို ၎င်းတို့ခံရမည်မဟုတ်ဘဲ နဂါးမျိုးနွယ်စုက ခံစားရမည်ဖြစ်သည်။
ထို့ကြောင့်အိုးမုသည် စိတ်ပူနေသေး၏။ အကယ်၍ တိုက်ပွဲတစ်ခုဖြစ်ပွားပါက နဂါးမျိုးနွယ်စု၏တစ်ဝက်ခန့် ပျက်စီးသွားမည်ဖြစ်သည်။ သို့သော်လည်း ရီဖန်စေခိုင်းလျှင် သူသည်လည်းရပ်တန့်လိမ့်မည်မဟုတ်ချေ။ အမှန်တကယ်တွက် ရီဖန်မမှားဘဲ ပင်လယ်နဂါးမျိုးနွယ်စုသုံးခုကသာ စည်းကျော်လာကြခြင်းဖြစ်သည်မဟုတ်လား။
ထိုအခိုက်အတန့်တွင် ရီဖန်သည် သူ၏လှုပ်ရှားမှုကိုစတင်ခဲ့သည်။ သူ၏ဘယ်ဘက်လက်ကိုမြှောက်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သောနိယာမသည် သူ့ခန္ဓာကိုယ်ထဲမှနိုးထလာသည်။ အိုးရှီမုနှင့် သူ၏အဖော်များသည် ၎င်းတို့၏အာရုံခံစားမှုများ ရုတ်တရက်နှေးကွေးသွားသည်ကိုခံစားလိုက်ရကာ ကမ္ဘာပေါ်ရှိအရာအားလုံးသည် နှေးကွေးသွားပုံရသည်။ ‘အချိန်လမ်းကြောင်း’။ ၎င်းကိုသတိထားလိုက်မိသည်နှင့် သုံးဦးလုံး၏အမူအရာများသည် ချက်ချင်းပြောင်းလဲသွား၏။ ရီဖန်သည် ဒဏ္ဍာရီလာအချိန်လမ်းကြောင်းကို အမှန်တကယ်ပင် နားလည်သဘောပေါက်ခဲ့သည်။
အဓိပတိအကြီးအကဲသုံးဦးစလုံးသည် နက်နဲအင်မော်တယ်များဖြစ်ကြသော်လည်း အချိန်လမ်းကြောင်းကို အပြည့်အ၀နားလည်နိုင်သောကျင့်ကြံသူဟူ၍ တစ်ခါမျှ မကြားဖူးကြချေ။ ကြားဖူးနားဝရှိထားသည်မှာ အပေါ်ယံနက်ရှိုင်းသောအသိပညာကို နားလည်သဘောပေါက်နိုင်သူများသာဖြစ်သည်။ အချိန်လမ်းကြောင်းကို အသက်သွင်းပြီးနောက် ရီဖန်သည် ၎င်း၏ညာလက်ကိုမြှောက်လိုက်ကာ
ဤတစ်ကြိမ်တွင် အချိန်ကိုနှေးကွေးစေခြင်းမဟုတ်တော့ဘဲ လေဟာနယ်ကိုဆက်တိုက်ခေါက်လိပ်လိုက်သည်။ အိုးရှီမုနှင့်၎င်း၏အဖော်များတုံ့ပြန်နိုင်သောအချိန်တွင် ၎င်းတို့သည် မိုင်ထောင်ချီဝေးကွာသောနေရာသို့ ပို့ဆောင်ခံလိုက်ရပြီးဖြစ်သည်။
အိုးရှီမုတို့အားလုံး၏မျက်နှာများသည် ထိတ်လန့်တုန်လှုပ်နေကြ၏။ နောက်ထပ်အလွန်အစွမ်းထက်သောတာအိုပညာဖြစ်သည့် လေဟာနယ်လမ်းကြောင်းသည် အချိန်လမ်းကြောင်းလောက် လေးနက်မှုမရှိသော်လည်း ၎င်းတို့နားမလည်နိုင်သောအရာတစ်ခုဖြစ်နေသေးသည်။ အချိန်နှင့်နေရာကို ပေါင်းစပ်လိုက်နိုင်သည်အထိ ဤမျိုးနွယ်စုခေါင်းဆောင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။ ယခုအချိန်တွင် ထောက်လှမ်းရေးတာဝန်ခံတိုင်းကိုသာ သတ်ပစ်လိုကြတော့သည်။ လက်တစ်ဖက်တွင်အချိန်နှင့် အခြားတစ်ဖက်တွင်လေဟာနယ်လမ်းကြောင်းရှိနေသူသည် ၎င်းတို့ပြောခဲ့သည့် အရှေ့ဘက်နယ်မြေမျိုးနွယ်စုငယ်လေးက မျိုးနွယ်စုခေါင်းဆောင်ဖြစ်သလား။
မိုင်ထောင်ပေါင်းများစွာဝေးကွာသောကြောင့် ၎င်းတို့သုံးယောက်ပြန်သွားလျှင်ပင် နဂါးမျိုးနွယ်စု၏အခင်းအကျင်းကြီးကိုစတင်ရန် အချိန်လုံလောက်ပေလိမ့်မည်။ နောက်အခိုက်အတန့်တွင် နဂါးမျိုးနွယ်စုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော အခင်းအကျင်းတစ်ခုထွက်ပေါ်လာသည်။
နဂါးမျိုးနွယ်စု၏ ကြီးမားသောကာကွယ်ရေးအခင်းအကျင်းသည် နောက်ဆုံးတွင်အသက်ဝင်လာခဲ့သည်။ အိုးလီသည် ရီဖန်တိုက်ခိုက်နေချိန်အတွင်း အခင်းအကျင်းကိုတတ်နိုင်သမျှလျင်မြန်စွာ အသက်သွင်းနေခဲ့ခြင်းဖြစ်၏။
ယခုအချိန်တွက် နက်နဲအင်မော်တယ်တစ်ဦးတိုက်ခိုက်လာလျှင်ပင် ၎င်းတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိမည်ဖြစ်သည်။ အိုးလီသည် မလှမ်းမကမ်းမှ ပင်လယ်နဂါးမျိုးနွယ်စုသုံးခုကို လှမ်းကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။ ယခုစစ်မြေပြင်သည် နဂါးမျိုးနွယ်စုဘက်မှဖြစ်သည်။ အိုးမု၏နောက်ဆုံးစိုးရိမ်မှုပြေပျောက်သွားကာ တုံ့ဆိုင်းမနေတော့ဘဲ အစောပိုင်း အထွတ်အထိပ် နက်နဲအင်မော်တယ်အဆင့်ကျင့်ကြံသူ၏ရောင်ဝါကို ထုတ်ဖော်ပြသလိုက်သည်။ မျိုးနွယ်စုသုံးခုမှ မျိုးနွယ်စုခေါင်းဆောင်လေးဦး၏ကျင့်ကြံမှုသည် အိုးမုကဲ့သို့မတိုးတက်လာသေးဘဲ နက်နဲအင်မော်တယ်အစောပိုင်းအဆင့်၌သာရှိသေးသည်။
"မင်းတို့ နဂါးမျိုးနွယ်စုကို အနိုင်ကျင့်ခဲ့တယ်။ ဒီနေ့တော့ မင်းတို့သုံးယောက်လုံး ငါ့ကိုဖြေရှင်းချက်ပေးရမည်"
အိုးမုက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
ရီဖန်သည် ရွှေအင်မော်တယ် နယ်ပယ်တွင်သာ ရှိနေသော်လည်း အိုးမုထံတွင်ယုံကြည်မှုအပြည့်ရှိသည်။ ၎င်း၏ဆွေမျိုးပေါက်ဖော်ရီဖန်ရှိနေသရွေ့ ဤနေရာ၌မကျရှုံးနိုင်ပေ။ တိုက်ပွဲသည် ထပ်မံဖြစ်ပွါးခဲ့သည်။ အိုးမုသည် အိုးရှီမုကို တစ်ယောက်တည်းတိုက်ခိုက်ခဲ့ကာ ရီဖန်သည် အဓိပတိအကြီးအကဲနှစ်ယောက်လုံးကို တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ၏ရိုက်ခတ်မှုများကြောင့် လေဟာနယ်သည်ပြန်လည်ပြုပြင်၍မရသော တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းပတ်ဝန်းကျင်ရှိအရာအားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။
ရီဖန်၏ကြယ်တာရာခူးဆွတ်လက်သည် ရံဖန်ရံခါပြင်းထန်စွာ တိုက်ခိုက်ခဲ့ကာ အဓိပတိအကြီးအကဲနှစ်ဦးကို အလွန်ဒုက္ခရောက်စေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရီဖန်သည် ၎င်းတို့ကို ဘာမှမလုပ်နိုင်ကြောင်း သဘောပေါက်လိုက်ကြသည်။ ထို့အပြင် ရီဖန်သည် ရွှေအင်မော်တယ်အဆင့်တွင် နက်နဲအင်မော်တယ်နယ်မြေ၏တိုက်ပွဲစွမ်းအားကို ဖော်ဆောင်နို်ရန်အတွက် သူ၏ကိုယ်ပိုင်စွမ်းရည်များကိုအသုံးပြုနေခြင်းမဖြစ်နိုင်ချေ။ ၎င်းသည် ရတနာတစ်မျိုးမျိုးသို့မဟုတ် လျှို့ဝှက်နည်းပညာတစ်ခုခုရှိရမည်။ ထိုသို့သောအရာများသည် နောက်ဆုံးတွင် စွမ်းအားကုန်ခမ်းသွားလိမ့်မည်ဖြစ်ရာ ရီဖန်သည် သူ၏အင်အားကုန်ဆုံးသွားသည်နှင့်တပြိုင်နက် ၎င်းတို့ အောင်ပွဲခံနိုင်လိမ့်မည်ဖြစ်သည်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြကာ တစ်ဦးနှင့်တစ်ဦးအတွေးများကို နားလည်လိုက်ကြသည်။ ၎င်းတို့သည် တိုက်ပွဲကိုပြင်းထန်စွာတိုက်ခိုက်ရန်မလိုအပ်ဘဲ ရီဖန်ကို ရိုးရှင်းစွာအနိုင်ယူနိုင်လိမ့်မည်။
……………..
အခန်း ၂၁၆ - ထွက်ပြေးဖို့မကြောက်လေနဲ့
တိုက်ပွဲကိုရှောင်ရှားရန်ကြိုးစားနေသည့် နှစ်ဦးကိုကြည့်ရင်း ရီဖန်၏အမူအရာမှာတည်ငြိမ်လျက်ရှိသည်။ ၎င်းတို့၏ ခန့်မှန်းချက်မှာ တစ်ဝက်မှန်သော်လည်း မှားယွင်းနေသေးသည်။ ကမ္ဘာ့စွမ်းအားသည် အမှန်တကယ်ပင် ရီဖန်၏နက်နဲအင်မော်တယ်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင်သုံးသည့် ဝှက်ဖဲရေဖြစ်သည်။ သို့သော် ရီဖန်၏ဝှက်ဖဲများသည် ကမ္ဘာ့စွမ်းအားတစ်ခုတည်းသာမဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ရီဖန်သည်လည်း ၎င်း၏ကမ္ဘာ့စွမ်းအားကို များစွာအသုံးပြုပြီးဖြစ်သည်။ ကမ္ဘာ့စွမ်းအားခုနစ်ဆယ်ရာခိုင်နှုန်းကျော်ကို အသုံးပြုပြီးနောက်တွင် ရီဖန်သည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။
ရီဖန်ရပ်တန့်လိုက်သည်နှင့် ၎င်းတို့နှစ်ဦးလုံးဝမ်းသာသွားကြသည်။ ရီဖန်၏ဝှက်ဖဲသည် ၎င်းတို့၏ခုခံမှုကြောင့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ထို့နောက်တွင် ၎င်းတို့၏ တန်ပြန်တိုက်စစ်အတွက်အချိန်ကျရောက်လာပြီဖြစ်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားကာ ပေပေါင်းသောင်းနှင့်ချီ၍ရှည်လျားသော ဧရာမနဂါးကြီးသည် ကောင်းကင်ယံတွင်ပေါ်လာသည်။
‘အဇူရာနဂါးအသွင်ပြောင်းခြင်း’
ဤအဆင့်တွင် အဇူရာနဂါးအသွင်ပြောင်းခြင်း၏စွမ်းအားသည် ကမ္ဘာ့စွမ်းအားကိုပင်ကျော်လွန်သွားခဲ့သည်။ ၎င်းသည် ရီဖန်၏အကောင်းဆုံးဝှက်ဖဲပင်။
"သွေးပူလေ့ကျင့်ခန်းပြီးသွားပြီဆိုတော့၊ အတည်တိုက်ကြတာပေါ့ကွာ"
ရီဖန်ထံမှ ခွေးသွေးဆန်ဆန်စကားများကို ကြားပြီးနောက် အကြီးအကဲနှစ်ဦးသည် ရယ်စရာကောင်းသည်ဟုမထင်နိုင်ဘဲ ဖင်တုန်အောင်ကြောက်ရွံ့မှုကိုသာခံစားနေကြရသည်။ ရီဖန်ထံမှထုတ်လွှတ်လျက်ရှိသောရောင်ဝါသည် ၎င်းတို့ကိုကြောက်ရွံ့မှုတစ်ခုဖြစ်စေသည်။ အဓိကအချက်သည် ၎င်းတို့နှစ်ဦးလုံး နဂါးမျိုးနွယ်စုမှဖြစ်သောကြောင့် ရီဖန်၏ကြောက်မက်ဖွယ်ရောင်ဝါအောင်တွင် ကြီးမားသောဖိနှိပ်မှုကိုခံစားခဲ့ရသည်။ ၎င်းတို့စွမ်းအား၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဆက်လက်ပြသနိုင်မည်ဆိုလျှင်ပင် ချီးကျူးဖွယ်ကောင်းလှပြီဖြစ်သည်။
တစ်ချိန်တည်းတွင်ကြယ်တာရာခူးဆွတ်လက်ကို အသုံးပြုနေဆဲဖြစ်သည်။ အဇူရာနဂါးအသွင်ပြောင်းအပြီးတွင် နဂါးလက်သည်းမှအသုံးပြုသော ကြယ်တာရာခူးဆွတ်လက်သည် ပို၍ပင်စွမ်းအားကြီးလာခဲ့သည်။ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် တောင်ပင်လယ်နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲဖြစ်သူ အိုးလိုင်သည် ၎င်း၏အသားတစ်စစီစုတ်ပြဲသွားခဲ့၏။
ဒဏ်ရာက အဆက်မပြတ်ပြန်လည်ကုသနေသည့်တိုင် အသုံးမဝင်ချေ။
ရီဖန်၏မွေးရာပါ အဇူရာနဂါးစွမ်းအားသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကာ ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုများကို ဆက်လက်ဖျက်ဆီးနေခဲ့သည်။ အစက ရီဖန်ကိုအနိုင်မတိုက်နိုင်သော်လည်း ၎င်းသည် သူတို့နှင့် မယှဉ်ဟုတွေးထားသောကြောင့် အနည်းငယ် ထိတ်လန့်နေခဲ့သည့်တိုင်အောင် အလွန်ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သို့သော် ယခုတွင် ရီဖန်သည် အမှန်တကယ်ပင် ၎င်းတို့ကိုသတ်နိုင်စွမ်းရှိကြောင်းသိလိုက်သဖြင့် အိုးလိုင်နှင့်သူ့အဖော်တို့သည် နောက်ဆုံးတွင် ကြောက်လန့်သွားကြသည်။ ဆက်လက်တိုက်ခိုက်လိုစိတ်ပင်ပျောက်ကွယ်သွားကာ ထွက်ပြေးချင်စိတ်သာကြီးစိုးနေတော့သည်။
ရီဖန်၏နဂါးအမြီးကိုလှန်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် ၎င်းတို့အထက်တွင် ချက်ခြင်းပေါ်လာသည်။ သူ့လက်သည်းဖြင့် ပွတ်ဆွဲလိုက်ကာ အိုးလိုင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက် အပြာရောင်ပုလဲတစ်လုံးကို အိုးလိုင်၏ခန္ဓာကိုယ်မှ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ ၎င်းသည် နဂါးမျိုးနွယ်စု၏ အမြုတွေဖြစ်သည့်၊ အရေးကြီးဆုံးနဂါးဘောလုံးဖြစ်သည်။ ၎င်းဖျက်ဆီးခံရပါက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ ကျင့်ကြံမှုပျက်စီးသွားမည်ဖြစ်သည်။
"မလုပ်ပါနဲ့! ငါအရှုံးပေးပါတယ် ငါအရှုံးပေးပါတယ်"
အိုးလိုင်သည် အလွန်အမင်းတုန်လှုပ်လျက်ရှိကာ ရီဖန်ကိုကြည့်ရင်း အော်ဟစ်တောင်းဆိုနေသည်။
သို့သော် ရီဖန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ နဂါးလက်သည်းကိုညှစ်ကာ နဂါးဘောလုံးကို ချက်ခြင်းဖြိုခွဲပစ်လိုက်သည်။ အိုးလိုင်၏မျက်လုံးထဲမှ အလင်းရောင်သည် တဖြည်းဖြည်းမှိန်ဖျော့သွားပြီးနောက် အသက်မဲ့စွာဖြင့်မြေပြင်ပေါ် လဲကျသွားသည်။ ကောင်းကင်နှင့်မြေကြီးတခွင်၌ ဝမ်းနည်းခြင်းခံစားချက်သည်လေထုထဲတွင် ပြည့်နှက်နေသည်။ ဤသို့ဖြင့် နက်နဲအင်မော်တယ်တစ်ဦး ကျဆုံးသွားခဲ့လေ၏။
နက်နဲအင်မော်တယ်နဂါးမျိုးနွယ်စု၏ကိုယ်ထည်သည် အဖိုးတန်လှသည်။ ၎င်းကိုထိပ်တန်းအင်မော်တယ်ပစ္စည်းမြောက်မြားစွာကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သောကြောင့် ရီဖန်သည် ထိုကဲ့သို့သောအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ချေ။ ရီဖန်သည် အဇူရာနဂါးအသွင်ပြောင်းပြီးသည့်အချိန်မှစ၍ တိုက်ပွဲသည်တစ်ဖက်သတ်ညှဉ်းပန်းမှုသာဖြစ်လာခဲ့သည်။ မကြာမီတွင် ရီဖန်၏လက်အောက်၌ နက်နဲအင်မော်တယ်နောက်တစ်ဦး ကျဆုံးသွားပြန်သည်။ ရီဖန်သည် သူ၏လူသားပုံစံသို့ ပြန်ပြောင်းလိုက်ကာ ကျန်ရှိနေသည့် အိုးရှီမုကိုလှမ်းကြည့်လိုက်သည်။
မူလကရီဖန်သည် အိုးရှီမုသည် အိုးမုကို မယှဉ်နိုင်ဟုထင်ထားခဲ့၏။ နှိုင်းယှဉ်လျှင် အိုးမု၏ကျင့်ကြံမှုအဆင့်သည် အိုးရှီမုထက်ပင် အနည်းငယ်ပိုမြင့်သေးသည်။ သို့သော် အိုးရှီမုသည် အရှုံးမပေးခဲ့ရုံသာမက အံ့ဩစရာကောင်းစွာပင် အိုးမုကိုဖိနှိပ်ထားနိုင်ခဲ့သည်။ ယနေ့ ရီဖန်ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ပါက ရီရှင်းလုံ၏ကံကြမ္မာသည် ကောင်းမွန်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ရီဖန်ရောက်လာသောကြောင့် သူ့မြေးအတွက် သေချာပေါက် လက်စားချေပေးမည်ဖြစ်သည်။
ရီဖန်၏အကြည့်ကိုခံစားလိုက်ရသဖြင့် အိုးရှီမုသည် အိုးမုကို လျင်မြန်စွာလှုပ်ရှားလျက်တိုက်ထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် အိုးရှီမု၏မျက်နှာပေါ်မှ စိုးရိမ်မှုများပျောက်ကွယ်သွားကာ ပြုံးပြလိုက်သေးသည်။ သူ့မျက်လုံးထဲတွင် သက်သာရာရသွားသည့်အရိပ်အယောင်တစ်ခုရှိကာ တစ်စုံတစ်ခုကိုပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် လွတ်လပ်သွားသည့်အသွင်ဖြစ်ပေါ်လာသည်။
"ရီဖန်၊ မြောက်ပင်လယ်နဂါးမျိုးနွယ်စုက ဒီလိုကံကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူးကွာ"
အိုးရှီမုသည် သေဆုံးသွားသည့်အဖော်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အမူအရာမှာ မပြောင်းလဲပေ။ ရီဖန်သည်လည်း အိုးရှီမုအဘယ်ကြောင့်ရုတ်တရက် ယုံကြည်မှုရှိလာသည်ကို သိချင်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် အိုးမု၏မျက်နှာသည် ပြောင်းလဲသွားကာ ရီဖန်၏အကြည့်များပင် ချက်ချင်းလေးလံလာသည်။ အိုးရှီမု၏ ခန္ဓာကိုယ်ထဲမှ အမှောင်စွမ်းအင် ထွက်ပေါ်လာကာ ၎င်းသည်မကောင်းသော အငွေ့အသက်များဖြင့်ပြည့်နေသည်။
ရီဖန်သည် ကြယ်တစ်သောင်းကျွန်းရှိ နတ်ဆိုးကမ္ဘာဥမင်လိုဏ်ခေါင်းတွင် ကြုံတွေ့ခဲ့ရသော နတ်ဆိုးမျိုးနွယ်စုကိုချက်ချင်းသတိရလိုက်သည်။ သို့သော် အိုးရှီမုထံတွင်ရှိသည့် နတ်ဆိုးစွမ်းအင်များသည် အမှောင်စွမ်းအားကိုထုတ်ဖော်ပြသနေသည့်တိုင်အောင် နတ်ဆိုးမျိုးနွယ်စုမှ နတ်ဆိုးများ၏ရောင်ဝါနှင့် အတိအကျမတူချေ။ ထို့အပြင်ဤနတ်ဆိုးစွမ်းအားသည် နဂါးမျိုးနွယ်စု၏ရောင်ဝါနှင့်ပြည့်နေသည်။
"အိုးရှီမု! မင်းတကယ်ကို နဂါးနက်မျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်တာပဲ"
အိုးမု၏လေသံမှာ ဒေါသနှင့်ပြည့်နှက်နေကာ နဂါးနက်မျိုးနွယ်စုနှင့်ပူးပေါင်းခြင်းသည် နဂါးမျိုးနွယ်စု၏ တားမြစ်ချက်တစ်ခုဖြစ်သကဲ့သို့ တုန့်ပြန်ခဲ့သည်။ ရှေးစာအုပ်များတွင် နဂါးနက်မျိုးနွယ်စုအကြောင်းဖော်ပြချက်ကို ရီဖန်မှတ်မိလိုက်သည်။ နဂါးမျိုးနွယ်စုတွင် နဂါးအမျိုးအစားအမျိုးမျိုးတည်ရှိနေသော်လည်း နဂါးနက်မျိုးနွယ်စုသည် သေချာပေါက်ရှိမနေခဲ့ချေ။
အကြောင်းမှာ နဂါးမျိုးနွယ်စုကို ယခုအချိန်တွင် နဂါးနက်မျိုးနွယ်စုဟုမခေါ်ဘဲ နတ်ဆိုးနဂါးမျိုးနွယ်စုဟု ခေါ်ဆိုသောကြောင့်ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စုများထဲတွင် နတ်ဆိုးနဂါးမျိုးနွယ်စုသည် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်၏။ နဂါးဘိုးဘေးသည် ကောင်းကင်နှင့်မြေကမ္ဘာကြား၌ ပျောက်ကွယ်သွားရသည့်အကြောင်းအရင်းသည် နတ်ဆိုးနဂါးမျိုးနွယ်စုနှင့် နက်ရှိုင်းစွာဆက်စပ်နေပုံရသည်။ ထို့ကြောင့် ပင်လယ်နဂါးလေးမျိုးနွယ်စုသည် နတ်ဆိုးနဂါးမျိုးနွယ်စုကို သေသည်အထိရန်သူအဖြစ်မှတ်ယူထားခြင်းဖြစ်သည်။
အိုးရှီမုသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို ပစ်မှတ်ထားသော်လည်း အိုးမုသည် နဂါးမျိုးနွယ်စု၏ အတွင်းရေးကိစ္စဖြစ်သောကြောင့် ဒေါသထွက်ခြင်းမရှိပေ။ ယခုတွင် အိုးရှီမုသည် နတ်ဆိုးနဂါးမျိုးနွယ်စုနှင့် ပူးပေါင်းလိုက်ခြင်းသည် သစ္စာဖောက်မှုတစ်ခုဖြစ်သည်။ အိုးမုသည် ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။
"အိုးမု မင်းကဘာတွေစိတ်တိုနေတာလဲ၊ မင်းသာ ရီဖန်ကို မခေါ်ခဲ့ဘူးဆိုရင် ငါဒီအခြေအနေထိ ရောက်မှာ မဟုတ်ဘူးကွ! ”
အိုးရှီမု၏အမှောင်စွမ်းအင်သည် ပိုပြင်းထန်လာကာ ၎င်း၏ရွှေရောင်မျက်ဆံများသည် အမည်းရောင်ပြောင်းသွား၏။ နတ်ဆိုးစွမ်းအင်များလွှမ်းမိုးလာသည်နှင့်အမျှ အိုးရှီမု၏ရောင်ဝါသည် ပိုမိုအားကောင်းလာသည်။ သတ္တဝါများသည် နတ်ဆိုးမျိုးနွယ်စုတွင်ပါဝင်လိုသည့်အကြောင်းရင်းမှာ နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးစွမ်းအင်သည် သတ္တဝါတစ်ဦး၏စွမ်းအားကို လျင်မြန်စွာမြှင့်တင်ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ စွမ်းအားကိုလျင်မြန်စွာမြှင့်တင်ပေးရင်းဖြင့် သတ္တဝါတစ်ကောင်၏စိတ်ဝိညာဉ်ကို တဖြည်းဖြည်းဖျက်ဆီးကာ နောက်ဆုံးတွင် သန့်စင်သော နတ်ဆိုးမွန်းစတားအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ထိုအခွင့်အရေးကိုရရန်အတွက် သတ္တဝါများစွာတန်းစီနေကြသည်။ နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီကာ အဆင့်တက်လှမ်းရာတွင်ပိတ်ဆို့မိနေခြင်းကြောင့် ၎င်းတို့သည်မတည်ငြိမ်နိုင်ကြချေ။
ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ အိုးရှီမုသည် ရီဖန်ဆီသို့တိုက်ရိုက်တိုးဝင်လာသည်။ လျင်မြန်စွာအားကောင်းလာနေသော အိုးရှီမုကိုရင်ဆိုင်ရင်း ရီဖန်ကိုယ်တိုင်ပင်လျှင် မနည်းထိန်းထားခဲ့ရသည်။ ရီဖန်ဝန်ခံရမည်မှာ အိုးရှီမုသည် နတ်ဆိုးစွမ်းအင်များနှင့်ပေါင်းစည်းပြီးနောက် ပို၍စွမ်းအားကြီးမားလာသည်။ ရီဖန်သည်လည်း သူ၏အဇူရာနဂါးပုံစံသို့တစ်ဖန်ပြန်ပြောင်းပြီးနောက် အိုးရှီမုကိုတိုက်ခိုက်ခဲ့သည်။ အိုးရှီမုသည် သူ၏နဂါးပုံစံကိုထိန်းထားကာ နတ်ဆိုးစွမ်းအင်ကြောင့်လုံးဝလွှမ်းမိုးမခံရရန် ထိန်းထားသည်။ ရီဖန်သည်
သူ၏အဇူရာနဂါးပုံစံဖြင့်တိုက်ခိုက်နေချိန်တွင် ၎င်းသည်နဂါးတစ်ပိုင်းပုံစံဖြင့်သာ တိုက်ခိုက်နေရသောအိုးရှီမုသည် အားနည်းနေခဲ့သည်။
ရီဖန်၏နဂါးအမြီးဖြင့်ရိုက်လိုက်ပြီးနောက် အိုးရှီမုသည်အဝေးသို့လွင့်ပျံသွားပြန်၏။ သို့သော် ရီဖန်၏မျက်နှာထက်တွင် ပျော်ရွှင်မှုမရှိချေ။ အဇူရာနဂါးစွမ်းအားများဆက်လက်လျော့နည်းလာသည်နှင့်အမျှ ရီဖန်သည်လည်း အဇူရာနဂါးပုံစံကို ဆက်လက်ထိန်းထားနိုင်တော့မည်မဟုတ်ချေ။ အဇူရာနဂါးပုံစံပျောက်ကွယ်သွားပါက ရီဖန်သည် အိုးရှီမုနှင့်မယှဉ်နိုင်တော့ချေ။ ခဏမျှစဉ်းစားပြီးနောက် ရီဖန်သည် ရီကျင်းထျန်ထံသို့ဆက်သွယ်လိုက်ကာ ရီကျင်းစန်နှင့်အခြားသူများကိုအရင်ခေါ်ထုတ်သွားရန် ပြောလိုက်သည်။ သူကိုယ်တိုင်သည်လည်း ပြင်းထန်သည့်တိုက်ပွဲအတွက် အသင့်ပြင်ထားရတော့မည်ဖြစ်သည်။
နှစ်တစ်လျှောက်တွင် ရီဖန်သည် ၎င်းနှင့်ညီမျှသည့်တိုက်ပွဲများကို ကြုံတွေ့ခဲလှသည်ဖြစ်ရာ ယခုတစ်ကြိမ်သည် မိမိ၏ကန့်သတ်ချက်များကို စမ်းသပ်ရန်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ သေခြင်းနဲ့ပတ်သက်၍ ရီဖန်သည် တစ်ခါမှမစဉ်းစားဖူးပေ။ အချိန်နှင့်လေဟာနယ်တာအိုနှစ်ခုကို ထိန်းချုပ်ထားနိုင်သောကြောင့် ရီဖန်သည် ထွက်ပြေးရန်မကြောက်ချေ။
………..