အခန်း ၂၁၇-၂၁၉
Vol. 15 Ch. 217-219
အခန်း ၂၁၇ - တာအိုပညာရှင်ဗောဓိဘိုးဘေး
အိုးရှီမုသည် ရီဖန်၏အခြေအနေကို သတိပြုမိလိုက်ကာ အေးစက်စွာရယ်မောလိုက်သည်။ ယခုတွင် သူသည် နတ်ဆိုးနဂါး၏ရောင်ဝါကို ထုတ်ဖော်လိုက်သောကြောင့် ချန်မင်ကမ္ဘာတွင် သူ့အတွက်နေရာမရှိတော့ပေ။ သို့တိုင်အောင် ရီဖန်ကိုမသတ်နိုင်သေးပါက သူလက်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ကံကောင်းထောက်မစွာဖြင့် အဇူရာနဂါးပုံစံဖြင့် ရီဖန်သည်ပင် သူနှင့်မယှဉ်နိုင်သောကြောင့် အိုးရှီမုကို စိတ်သက်သာရာရစေခဲ့သည်။ နောက်ဆုံးတွင် သူ့အတွက်လက်စားချေနိုင်တော့မည်ဖြစ်သည်။
အိုးရှီမု၏တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာကာ သူ့ခန္ဓာကိုယ်မှအနက်ရောင်စွမ်းအင်များပိုများလာသည်။
၎င်းသည်ဖြည်းဖြည်းချင်း အိုးရှီမု၏အသားနှင့် စိတ်ဝိညာဉ်တို့နှင့်ရောနှောသွားသည်။ အိုးရှီမုသည် သူ၏ထိန်းချုပ်ထားမှုမှ လျင်မြန်စွာလွတ်ထွက်နေသည်ကို သတိမထားမိသေးချေ။ ဤသည်မှာ နတ်ဆိုးချီစွမ်းအားတိုက်စားခြင်းလက္ခဏာဖြစ်သည်။ နတ်ဆိုးစွမ်းအားလုံးဝတိုက်စားသွားသည်နှင့်တစ်ပြိုင်နက် အိုးရှီမုသည် နဂါးမျိုးနွယ်စုတွင်မပါဝင်တော့ဘဲ နဂါးတစ်ကောင်၏ကိုယ်ကိုပိုင်ဆိုင်ထားသည့် နတ်ဆိုးတစ်ကောင်ဖြစ်လာမည်ဖြစ်သည်။
အခြားတစ်ဖက်တွင် လူတစ်ချို့သည်တိုက်ပွဲနေရာမှ ထွက်ခွါသွားနေပြီဖြစ်သည်။ ရီဖန်ကြာကြာမထိန်းထားနိုင်တော့လျှင် ၎င်းတို့အတွက်အန္တရာယ်နီးလာပြီမှန်း ၎င်းတို့သတိထားမိကြပါ၏။ ယခုတွင် ရီဖန်သည် အိုးရှီမုကိုထိန်းထားရာ ယခုမဟုတ်လျှင် မည်သည့်အချိန်တွင်ထွက်ပြေးရမည်နည်း။ ရီဖန်သည်လည်း သူ၏အဇူရာနဂါးစွမ်းအားလျော့နည်းသွားသည်ကို သတိပြုမိသောကြောင့်ထွက်ပြေးရန် စဉ်းစားနေခဲ့သည်။
အိုးရှီမုသည်ပို၍အားကောင်းလာသော်လည်း ထိုကဲ့သို့ပြင်းထန်သောနတ်ဆိုးချီစွမ်းအားသည် သေချာပေါက်အာရုံစိုက်ခံရလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် လူသားမျိုးနွယ်စုမှစွမ်းအားရှင်များသည် အိုးရှီမုကို ဤကမ္ဘာတွင် ဆက်လက်နေထိုင်ခွင့်မပြုတော့မည်မှာသေချာသည်။ သေခြင်းတရားသည်သာ အိုးရှီမုကို စောင့်မျှော်နေသည့် တစ်ခုတည်းသောကံကြမ္မာဖြစ်၏။ ထိုအချိန်တွင် အိုးရှီမု၏မျက်လုံးများသည် ရုတ်တရက် သွေးနီရောင်ပြောင်းသွားသည်။ ၎င်းသည် နတ်ဆိုးမွန်းစတားအဖြစ်သို့ လုံးဝပြောင်းလဲသွားကာ သူ၏နောက်ဆုံးအသိစိတ်သည်လည်းကျိုးပဲ့ပျက်စီးသွားပြီဖြစ်သည်။ အိုးရှီမုလုံးဝလွှမ်းမိုးခံလိုက်ရပြီးသည့်နောက်တွင် သူ၏အင်အားသည်လည်း နက်နဲအင်မော်တယ်အဆင့်ကို ဖြတ်ကျော်သွားသည်။
နက်နဲအင်မော်တယ်များသည် မဟာတာအိုပန်းများကို ကျွမ်းကျင်ကြကာ၊ အင်မော်တယ်ဘုရင်များသည် ကောင်းကင်နှင့်မြေကမ္ဘာကို ၎င်းတို့၏နယ်မြေအဖြစ်ပိုင်ဆိုင်ထားကြသည်။၎င်းတို့၏နယ်မြေအတွင်းတွင် အင်မော်တယ်ဘုရင်သည်သာ စစ်မှန်သောကမ္ဘာ့ဖန်ဆင်းရှင်ဖြစ်သည်။ အနီးနားရှိနေရာတစ်ခုလုံး ပိတ်ဆို့ခံလိုက်ကြောင်းသတိထားမိသည့်အခါ ရီဖန်၏နှလုံးသားတင်းကျပ်သွားသကဲ့သို့ခံစားလိုက်ရသည်။ သူသည် ရန်သူကိုလျှော့တွက်မိခဲ့၏။ ရီဖန်သည် လေဟာနယ်-အချိန်လမ်းကြောင်းနှင့် အချိန်လမ်းကြောင်းကို ထိန်းချုပ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လေဟာနယ်-အချိန်လမ်းကြောင်းများက အားကောင်းသော်လည်း ရီဖန်သည် ရွှေအင်မော်တယ် တစ်ဦးတည်းသာဖြစ်သည်။ အိုးရှီမုသည် သူ့ထက် နယ်ပယ်ကြီးနှစ်ခု ဝေးကွာနေသောကြောက့် သူ၏အစွမ်းထက်ဆုံးသောတာအိုပင်လျှင် အသုံးမဝင်တော့ချေ။ အကျပ်အတည်းကို ရင်ဆိုင်ရသော်လည်း ရီဖန်သည်တည်ငြိမ်နေဆဲဖြစ်သည်။ ယခုတွင် သူသည် နယ်မြေလေးခု၌ပင် မရှိသေးပေ။ ခဏတွေးလိုက်ပြီးနောက် ရီဖန်သည် သူ၏ခန္ဓာကိုယ်ရှိ
မျိုးနွယ်စုခေါင်းဆောင်အင်မော်တယ်လက်နက်ဖြစ်သော အချိန်နေရာလွတ်ချပ်ပြားကို အသက်သွင်းလိုက်သည်။ ယခုလက်ရှိအချိန်နေရာလွတ်ပြားသည် အင်မော်တယ်နယ်မြေတွင် ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုဖြစ်လာကာ
၎င်းတွင် နှိုင်းယှဉ်၍မရသော လေဟာနယ်လမ်းကြောင်းတစ်ခုပါရှိသည်။
နောက်ဆုံးတွင် အချိန်နေရာလွတ်ချပ်ပြားကို အသက်သွင်းလိုက်နိုင်ပြီဖြစ်သည်။ ရီဖန်၏ခန္ဓာကိုယ်သည် ချက်ချင်းပင်မိုင်ထောင်ပေါင်းများစွာအကွာ၌ ပေါ်လာသည်။ သို့သော် နောက်တစ်ခဏ၌ ရီဖန်သည် ထပ်မံ၍ပိတ်မိသွားပြန်သည်။ အိုးရှီမု၏နယ်မြေသည် အချိန်နေရာလွတ်ချပ်ပြားကို တားဆီးခြင်းမပြုနိုင်သော်လည်း အင်မော်တယ်ဘုရင်တစ်ပါး၏အရှိန်ဖြင့် ရီဖန်ကိုအလွယ်တကူအမီလိုက်နိုင်ခဲ့သည်။၎င်းသည် အသိစိတ်ပျောက်ဆုံးသွားသည့်တိုင် အိုးရှီမုသည် ပစ်မှတ်ဖြစ်သည့် ရီဖန်ကိုဖယ်ရှားပစ်ရန်မမေ့ခဲ့ပေ။ ဤသို့ဖြင့် ရီဖန်နှင့် အိုးရှီမုတို့သည် ကြောင်နှင့်ကြွက်ကစားပွဲကို စတင်ခဲ့သည်။
ရီဖန်သည် ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်သောကြောင့် မပြေးသင့်ဟု မခံစားခဲ့ပေ။ ထို့အပြင် ၎င်းကိုထွက်ပြေးခြင်းဟုမခေါ်ဘဲ ဗျူဟာနည်းစနစ်ကျစွာဖြင့် ဆုတ်ခွါခြင်းသာဖြစ်သည်။ ရီဖန်သည်ဤပြေးတမ်းလိုက်တမ်းမှာ အချိန်မည်မျှကြာမြင့်နေပြီကို မသိခဲ့ပေ။ ကံကောင်းစွာဖြင့် အချိန်နေရာလွတ်ချပ်ပြားသည် လုံလောက်စွာအားကောင်းနေသည်၊ သို့မဟုတ်ပါက အိုးရှီမုသည် ရီဖန်ကို ဖမ်းမိနေပြီးဖြစ်၏။ ရီဖန်သည် ဤအခြေအနေကိုအနည်းငယ်ငြီးငွေ့လာသောကြောင့် သူ၏အဇူရာနဂါးစွမ်းအား ပြန်လည်ကောင်းမွန်လာသောအခါတွင် အိုးရှီမုနှင့် နောက်ဆုံးတိုက်ပွဲတစ်ခုအတွက်စဉ်းစားနေသည်။
အနီးနားရှိနေရာလွတ်တွင်ပြင်းထန်သောရောင်ဝါတစ်ခု လျင်မြန်စွာချဉ်းကပ်လာကာ မကြာမီတွင် ရီဖန်နှင့် အိုးရှီမုတို့၏မြင်ကွင်းထဲတွင် အပျက်အစီးများထဲမှ တစ်စုံတစ်ဦးထွက်ပေါ်လာသည်။ ၎င်းသည် အိုးရှီမုကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီးနောက် တာအိုအနုပညာဖိနှိပ်ခြင်း နည်းစနစ်တစ်ခုကိုပစ်လွှတ်ကာ အိုးရှီမုကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ အိုးရှီမုသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ဤတိုက်ခိုက်မှုအောက်တွင် မချိမစန့်အော်ဟစ်ငိုကြွေးရသည်။ သူ၏ရောင်ဝါသည် ချက်ချင်းပင်ညှိုးနွမ်းသွားကာ ပြင်းထန်သောဒဏ်ရာများရရှိခဲ့သည်မှာ ထင်ရှား၏။
၎င်းသည် အိုးရှီမုထက် ပိုစွမ်းအားကြီးသော အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ အင်မော်တယ်ဘုရင်၏တည်ရှိမှုဖြင့် အိုးရှီမုသည် ၎င်း၏ပြိုင်ဘက်မဟုတ်တော့သော်လည်း ရီဖန်သည် အလွန်စိတ်မလှုပ်ရှားဘဲ အနည်းငယ်စိုးရိမ်နေခဲ့သည်။ ဤကိစ္စသည် လွယ်ကူစွာပြီးဆုံးသွားလိမ့်မည်မဟုတ်ဟု ခံစားရသည်။
ထူးဆန်းသောအင်မော်တယ်ဘုရင်သည် အိုးရှီမုကို တိုက်ခိုက်နေချိန်အတွင်း ရီဖန်သည်ထွက်ပြေးရမည် မပြေးရမည်ကိုငြင်းခုံနေချိန်တွင် အိုးရှီမုသည် ခုခံနိုင်စွမ်းလုံးဝကုန်ဆုံးသွားသည်။ အိုးရှီမုကိုရှင်းလင်းပြီးနောက် ထူးဆန်းသောအင်မော်တယ်ဘုရင်သည် ရီဖန်ကို စိတ်ဝင်တစားကြည့်နေခဲ့သည်။ ကောင်းကင်ဘုံကိုလှည့်စားပြီး ပင်လယ်ပြင်ကိုဖြတ်ကျော်သည့် အသွင်ယူထားသည့်တိုင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားရှင်၏ရှေ့တွင် ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။
“အင်မော်တယ်ဘုရင်တစ်ပါးကို အချိန်အကြာကြီးတောင့်ခံနိုင်တဲ့ ရွှေအင်မော်တယ်လား”
“ဒီနတ်ဆိုးနဂါးကအင်မော်တယ်ဘုရင်တွေထဲမှာ အားအနည်းဆုံးဆိုရင်တောင်၊ အင်မော်တယ်ဘုရင်ဖြစ်နေတုန်းပဲလေ”
"မင်းရဲ့နည်းလမ်းတွေကို သိချင်တယ်!"
“မင်းရဲ့လျှို့ဝှက်ချက်ကိုပြောပြရင်
မင့်အသက်ကိုချမ်းသာပေးမယ်လေ"
အိုးရှီမုကြောင့် သူခံစားခဲ့ရသည့်ခံစားချက်သည် ထပ်မံပေါ်ပေါက်လာပြန်သည်။ နယ်မြေအဆင့်တက်လှမ်းခြင်းပိတ်ဆို့ခံရသည်က ပိုကောင်းလိမ့်ဦးမည်။ ရီဖန်သည် အချိန်နေရာလွတ်ချပ်ပြားကို အသုံးပြုခဲ့လျှင်ပင် ၎င်း၏အကျိုးသက်ရောက်မှုသည် သိသိသာသာလျော့ကျသွားမည်ဖြစ်သည်။ တစ်ခါနေရာရွေ့လိုက်လျှင်ပင် မိုင်ငါးထောင်အကွာအဝေးကို ဖြတ်သန်းနိုင်တော့မည်မဟုတ်ချေ။ အင်မော်တယ်ဘုရင်အတွက် မိုင်ငါးထောင်အကွာအဝေးသည် သူ့ရှေ့တွင်ရှိနေခြင်းနှင့်မခြားနားတော့ပေ။
ရီဖန်ယခုကြုံတွေ့နေရသောအခက်အခဲသည် အိုးရှီမုနှင့်ရင်ဆိုင်းသည်ထက်ပင် ပိုခက်ခဲနေ၏။
ရီဖန်သည် ပျက်ဆီးခြင်းပုတီးလုံးထဲသို့ တိုက်ရိုက်ပြန်ဆုတ်ခွါရန်စဉ်းစားမိသော်လည်း
နောက်ဆုံးပန်းတိုင်သို့မရောက်ခင်အချိန်အထိ ဤနည်းလမ်းကိုမသုံးချင်ခဲ့ပေ။ ပျက်ဆီးခြင်းပုတီးလုံးကို ဖော်ထုတ်လိုက်သည်နှင့် ရီမိသားစုသည် ချန်မင်ကမ္ဘာတစ်ခုလုံးတွင် နေရာရှိတော့မည်မဟုတ်ချေ။ ရီဖန်၏ကျင့်ကြံမှုသည် ရီမိသားစု၏ကြယ်ဝမှုအပေါ်တွင် အခြေခံ၍တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအခိုက်အတန့်မဟုတ်လျှင် ရီဖန်သည် ပျက်ဆီးခြင်းပုတီးလုံးထဲတွင် မပုန်းလိုပေ။
ထိုအချိန်တွင်ပင် ထူးဆန်းသောအင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် စတင်လှုပ်ရှားခဲ့သည်။ ရီဖန်သည် သူ့ပတ်ဝန်းကျင်မှလေဟာနယ်များ၏ လျင်မြန်စွာဖိနှိပ်ခြင်းကိုခံလိုက်ရကာ သူ့ဆီသို့ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။ ရီဖန်သည် သူ့ကံကိုစမ်းသပ်ရန်အတွက် အချိန်နေရာလွတ်ချပ်ပြားကို ထပ်မံအသုံးပြုတော့မည်အချိန်တွင် သူ၏သိုလှောင်လက်စွပ်ထဲတွင် အချိန်အတော်ကြာတုံ့ပြန်မှုမရှိသော စတုရန်းလက်မတောင်တိုကင်သည် ရုတ်တရက်လင်းလာသည်။ ၎င်းတိုကင်သည် သိုလှောင်လက်စွမ်ထဲမှထွက်ပေါ်လာကာ ရီဖန်ရှေ့တွင် ဆင်းသက်လိုက်သည်။ ထို့နောက် တိုကင်ထဲမှ တစ်စုံတစ်ယောက်ထွက်လာသည်။
"စတုရန်းလက်မတောင်ရဲ့တပည့်ကို အနိုင်ကျင့်ရဲတယ်ပေါ့၊ မင်းတော်တော်သတ္တိရှိနေတာပဲ"
၎င်း၏အသံသည် အလွန်နူးညံ့သော်လည်း ကမ္ဘာမြေသည် ကွဲအက်သွားခဲ့၏။ အင်မော်တယ်ဘုရင်ကိုအလွယ်တကူနှိမ်နင်းနိုင်ခဲ့သည့် ထူးဆန်းသောအင်မော်တယ်ဘုရင်သည် ဤပုဂ္ဂိုလ်နှင့်တွေ့သောအခါ ထိန်းချုပ်လို့မရနိုင်အောင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။
"ချန်မု၊ ငါနောက်ဆုံးအကြိမ်ပြီးကတည်းကမတွေ့တာကြာပြီနော်"
ဟူ၍ ဗောဓိဘိုးဘေးကပြောလိုက်သည်။
အင်မော်တယ်ဘုရင်နောက်တွင် သာ့လော့အင်မော်တယ်ဧကရာဇ်ရှိကာ တာ့လော့အင်မော်တယ်ဧကရာဇ်၏အထက်တွင် တာအိုပညာရှင်ဘိုးဘေးများရှိသည်။ မဟာတာအို၏ဘိုးဘေးများသည် နယ်မြေသုံးထောင်တွင် ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်ကာ ၎င်းတို့တာအိုဘိုးဘေးတစ်ဦးစီ၏ ဂုဏ်သတင်းသည် နယ်ပယ်သုံးထောင်တွင်လူသိများသည်။ တာအိုဘိုးဘေးတစ်ဦးစီတွင် မတူညီသောအားသာချက်များရှိကာ အယောင်ဆောင်၍မရချေ။ ထို့ကြောင့် အင်မော်တယ်ဘုရင်ချန်မုသည် ဗောဓိဘိုးဘေးကိုမြင်သောအခါ အလွန်ကြောက်လန့်သွားသည်။
အင်မော်တယ်ဘုရင်ချန်မုသည် ဗောဓိဘိုးဘေးဟုခေါ်ဆိုလိုက်သည်ကို ကြားသည့်အခါတွင် ရီဖန်သည်လည်း တုန်လှုပ်သွားသည်။ ဤတစ်ကြိမ်တွင် သူ့ထံ၌ အမှန်တကယ်ကျောထောက်နောက်ခံရှိနေ၏။ နယ်ပယ်သုံးထောင်တွင် ထိပ်တန်းတည်ရှိမှုဖြစ်သည့် တာအိုဘိုးဘေး၊ ၎င်းသည် ယနေ့မှစ၍ သူ၏ဆရာဖြစ်လာလိမ့်မည်။
………….
အခန်း ၂၁၈ - ဗောဓိဘိုးဘေး၊ ဒါက အရမ်းရှက်စရာကောင်းတာပဲ
စတုရန်းလက်မတောင်၏တိုကင်သည် အထောက်အထားတစ်ခုသာမက တာအိုဗောဓိဘိုးဘေးကိုယ်တိုင်ချန်ထားခဲ့သော အဆောင်တစ်ခုလည်းဖြစ်ကြောင်း ရီဖန်သိရှိလိုက်ရသည်။ ရီဖန်သည် ဤအကာအကွယ်ကို အခက်ခဲဆုံးအခြေအနေကိုရင်ဆိုင်ရသောအခါမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ ရီဖန်သည်ရယ်ခိုးလိုက်၏။ သူသည် ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသာဖြစ်သော်လည်း တာအိုဗောဓိဘိုးဘေးသည် အင်မော်တယ်ဘုရင်အိုးရှီမုနှင့် ထိပ်တိုက်တွေ့ခြင်းကို ဆိုးရွားသောအခြေအနေအဖြစ် မစဉ်းစားခဲ့ချေ။ တာအိုဗောဓိဘိုးဘေးသည် ဆရာတစ်ဦးအနေဖြင့် အလွန်တင်းကြပ်လွန်းသည်။
ဗောဓိဘိုးဘေးသည် သစ်နဂါးအင်မော်တယ်ဘုရင်ကိုဂရုမစိုက်ဘဲ နေရာလွတ်ထဲမှ တစ်စုံတစ်ဦးကိုဆွဲထုတ်လိုက်သည်။ ကွမ်ဟန်ဧကရာဇ်သည် သူပြန်လည်ဆုတ်ခွါလာသည့်အချိန်တွင် မသိသောနေရာ၌ ရုတ်တရက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ၎င်းသည် ထိတ်လန့်တုန်လှုပ်သွားကာ သူ့စွမ်းအားကိုဖောက်ခွဲရန် ချက်ချင်းအသင့်ပြင်လိုက်သည်။ ထို့နောက် ဗောဓိဘိုးဘေးကို စိုက်ကြည့်လျက်ထိတ်လန့်တုန်လှုပ်နေသော သစ်သားအင်မော်တယ်ဘုရင်မြင်လိုက်သည်နှင့် လှုပ်ရှားမှုကိုချက်ချင်းရပ်လိုက်ကာ ဗောဓိဘိုးဘေးကို ရိုသေစွာဦးညွတ်လိုက်သည်။
"ချန်ဂျီအင်မော်တယ်ဧကရာဇ်က ကွမ်ဟန်နန်းတော်က ထွက်သွားပြီးတော့ အရမ်းသတ္တိရှိလာတယ်နော်"
ချန်ဂျီအင်မော်တယ်ဧကရာဇ်သည် ကွမ်ဟန်နန်းတော်ကို တည်ထောင်သူဖြစ်သည်။ ချန်ဂျီအင်မော်တယ်ဧကရာဇ်သည် အင်မော်တယ်ဘုရင်များကြားတွင် အာဏာအရှိဆုံးမဟုတ်သော်လည်း အင်မော်တယ်ဧကရာဇ်များသည် ကွမ်ဟန်နန်းတော်ကိုရန်မစဝံ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ချန်ဂျီနတ်ဘုရား၏နောက်ကွယ်တွင် အင်မော်တယ်ဧကရာဇ်များစွာရှိကာ တာအိုဘိုးဘေးများပင်ရှိနေသောကြောင့်ဖြစ်သည်။
သို့သော်ချန်ဂျီအင်မော်တယ်ဧကရာဇ်သည် ရှေးကပ်ဆိုးကြီးအပြီးတွင် ပျောက်ကွယ်သွားသည့်အချိန်မှစ၍ ကွမ်ဟန်နန်းတော်သည် တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ ကွမ်ဟန်ဧကရာဇ်သည် တာအိုဗောဓိဘိုးဘေး၏ စကားအဓိပ္ပါယ်ကို မည်သို့မျှနားမလည်နိုင်ဘဲ ကြောက်ရွံ့နေသည်။ သစ်နဂါးအင်မော်တယ်ဘုရင်နှင့် ဗောဓိဘိုးဘေးအနီးရှိ လူငယ်လေးကို မြင်လိုက်ရသောအခါတွင် ကွမ်ဟန်ဧကရာဇ်သည် ဖြစ်ပျက်ခဲ့သမျှကို မှန်းဆနိုင်ခဲ့သည်။
သစ်နဂါးအင်မော်တယ်ဘုရင်သည် ဤလူငယ်လေးကို စော်ကားမိခြင်းဖြစ်ရမည်။ ထို့ကြောင့် ဗောဓိဘိုးဘေးကသူ့အတွက် ရပ်တည်ပေးခဲ့သည်။ ဤမျက်နှာသာပေးမှုသည် အုပ်စုအများစုတွင် ပုံမှန်ဖြစ်နေသည်မဟုတ်လား။ ခုခံရန်အတွက်ကိုမူ ကွမ်ဟန်ဧကရာဇ်သည် လုံးဝမတွေးဝံ့ပေ။ ချန်ဂျီအင်မော်တယ်ဧကရာဇ်ရှိနေသည့်အချိန်၌ပင် ကွမ်ဟန်နန်းတော်သည် ဗောဓိဘိုးဘေးကိုမစော်ကားဝံ့ရာ ကောင်းကင်ဘုံအင်မော်တယ်အဆင့်ရှိ ကွမ်ဟန်တစ်ဦးတည်းသည် ပို၍ပင်မလေးမစားမပြုဝံ့ချေ။
"ငါ့တပည့်ကို ဒုက္ခပေးတဲ့သူကို သူရဲ့အနာဂတ်လမ်းပိတ်လိုက်တယ်။ အဲဒါသိပ်မလွန်ဘူးမဟုတ်လား"
‘မလွန်ပါဘူး၊ ဘယ်လိုမှ မလွန်ပါဘူး’
သစ်နဂါးအင်မော်တယ်ဘုရင်သည် အသက်ရှင်ကျန်နေရုံနှင့်ပင် ကံကောင်းလှပြီဖြစ်သည်။ သို့သော် ဗောဓိဘိုးဘေး၏တပည့်ဖြစ်သူ၊ ကွမ်ဟန်ဧကရာဇ်သည် ရီဖန်ကိုလှမ်းမကြည့်မိဘဲ မနေနိုင်ချေ။ တာအိုဗောဓိဘိုးဘေးသည် မည်သည့်အချိန်က အခြားတပည့်တစ်ဦး ခေါ်ယူခဲ့သနည်း။ လူသားမျိုးနွယ်စုအတွက် ၎င်းသည်သတင်းထူးတစ်ခုဖြစ်သည်။ ဗောဓိဘိုးဘေး၏ တပည့်များသည် အလွန်နည်းပါးသော်လည်း အသီးသီးသည် နယ်မြေသုံးထောင်တွင် ကျော်ကြားသောပုဂ္ဂိုလ်များဖြစ်ကြသည်။ ယခုတွင် သူသည် နောက်ထပ်တပည့်တစ်ဦးကို ခေါ်ဆောင်ခဲ့၏။
ဧကရာဇ်ကွမ်ဟန်၏ ရီဖန်ကိုကြည့်နေသည့်အကြည့်သည် မနာလိုမှုအနည်းငယ်ပင်ရှိနေသည်။ ဗောဓိဘိုးဘေး၏တပည့်ဖြစ်နိုင်ပါက သူ၏လက်ရှိအနေအထားနှင့် ကျင့်ကြံမှုအဆင့်ကိုပင် စွန့်လွှတ်နိုင်သည်။ ဗောဓိဘိုးဘေး၏တပည့်များထဲတွင် တာအိုဘိုးဘေးတစ်ဦးထက်မကရှိ၏။ ဧကရာဇ်ကွမ်ဟန်သည် ဤဘဝတွင် သူ၏ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ တာအိုဘိုးဘေးတစ်ဦးဖြစ်ရန်အတွက် မျှော်လင့်ချက်မရှိတော့ချေ။တာအိုဘိုးဘေးတစ်ဦးမပြောနှင့်၊ အင်မော်တယ်ကရာဇ်နယ်ပယ်သို့ နောက်ထပ်တက်လှမ်းရန်ပင် ခက်ခဲလိမ့်မည်။
သူ၏လက်လှုပ်ရှားမှုနောက်တွင် သစ်နဂါးအင်မော်တယ်ဘုရင်၏ကိုယ်ခန္ဓာသည် ပြောင်းလဲခြင်းမရှိသော်လည်း
အမှောင်ထဲတွင် သစ်နဂါးအင်မော်တယ်ဘုရင်သည် သူ၏အနာဂတ်လမ်းကြောင်း ဖြတ်တောက်ခံလိုက်ရသည်ကိုခံစားမိ၏။ သူ၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေ၏ အလယ်အလတ်အဆင့်တွင် ထာဝရတည်နေမည်ဖြစ်ကာ နောက်ထပ်လုံးဝမြှင့်တင်နိုင်တော့မည်မဟုတ်ပေ။ သစ်နဂါးအင်မော်တယ်ဘုရင်သည် ရန်ငြိုးထားမည်လား။ သူ့နှလုံးသားထဲတွင် အနည်းငယ်မကျေနပ်သည့်တိုင် အခြားတစ်ဖက်တွင် သစ်နဂါးအင်မော်တယ်ဘုရင်သည် ကျေနပ်လျက်ရှိသည်။ သူ၏တိုးတက်မှုကို ဖြတ်တောက်ထားသော်လည်း အနည်းဆုံး သူအသက်ရှင်နေသေးသည်။
အင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံသူသည် သေခြင်းကို မကြောက်ဟုမထင်လေနှင့်။ ကျင့်ကြံသူများသည် အသက်ပိုကြီးလေ၊ သေခြင်းကိုပိုကြောက်လေဖြစ်သည်။ ကွမ်ဟန်ဧကရာဇ်သည် သစ်နဂါးအင်မော်တယ်ဘုရင် ၏ခံစားချက်ကို ဂရုမစိုက်ဘဲ ရီဖန်ထံသို့ အကြည့်လွှဲလိုက်သည်။
ကွမ်ဟန်ဧကရာဇ်၏အကြည့်များသည် အလွန်ညင်သာသော်လည်း ရီဖန်သည် ကြီးမားသောဖိအားကို ခံစားနေရဆဲဖြစ်သည်။ ရီဖန်သည် ရွှေအင်မော်တယ်နယ်မြေအဆင့်တွင်သာ ရှိသေးသောကြောင့် အင်မော်တယ်ဧကရာဇ်အဆင့်နှင့် အလွန်ဝေးနေသေး၏။
"တာအိုပညာရှင်မိတ်ဆွေရေ၊ ဒီတစ်ကြိမ်က ငါ့ရဲ့ကွမ်ဟန်နန်းတော်အပြစ်ပါ။ ကျေးဇူးပြုပြီး ဒီလျော်ကြေးငွေတွေကို လက်ခံပေးပါဦး”
အင်မော်တယ်ဧကရာဇ်ကွမ်ဟန်သည် ရီဖန်ကို သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးလာသောကြောင် ရီဖန်သည် ဗောဓိဘိုးဘေးဆီသို့လှမ်းကြည့်လိုက်သည်။ ဗောဓိဘိုးဘေးက ခေါင်းညိတ်ပြကာ ရီဖန်ကို လက်ခံနိုင်ကြောင်းအတည်ပြုပေးလိုက်သည်။ ရီဖန်၏အတွေးများသည် သိုလှောင်လက်စွပ်ထဲသို စိမ့်ဝင်သွားပြီးနောက် ချက်ချင်းပင်အံ့အားသင့်သွားခဲ့သည်။ အင်မော်တယ်ဧကရာဇ်တစ်ပါးသည် ရက်ရောလွန်းလှ၏။ ရီဖန်သည် ကောင်းကင်နှင့်ကမ္ဘာမြေ၏ အဆုံးမရှိသောရတနာများကို စေ့စပ်စွာကြည့်လိုက်သည်။
၎င်းသည် တာအိုအဆင့်ဝိညာဉ်ပစ္စည်းအနည်းငယ်မျှသာမဟုတ်ဘဲ တာအိုအင်မော်တယ်ပစ္စည်းများနှင့် တာအိုဆေးလုံးများကို သန့်စင်ရန်အတွက်ပစ္စည်းများပါဝင်သည်။ နောက်ဆုံးတွင်ရီဖန်သည် တာအိုအင်မော်တယ်ပစ္စည်းတစ်ခုကို တွေ့လိုက်သည်။
ဤသည်မှာ အလွန်အဖိုးတန်သော ခရီးတစ်ခုဖြစ်ခဲ့၏။ ရီဖန်သည် ခိုင်မာသောကျောထောက်နောက်ခံရှိခြင်းမှာ အလွန်အဆင်ပြေသည်ဟုတွေးတောရင်း ပျော်ရွှင်သွားပြန်သည်။
အင်မော်တယ်ဧကရာဇ်ကွမ်ဟန်သည် တုံ့ဆိုင်းမနေဘဲ သစ်နဂါးအင်မော်တယ်ဘုရင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
"ချန်မု၊ မင်းအညှိုးထားနေသေးသလား"
အင်မော်တယ်ဧကရာဇ်ကွမ်ဟန်သည် ရုတ်တရက် မေးလိုက်၏။ သစ်နဂါးအင်မော်တယ်ဘုရင်သည် ခဏမျှအံ့အားသင့်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“ငါခုနက စိတ်ဆိုးသွားသေးတယ်၊ ဒါပေမယ့် အညှိုးမထားပါဘူး”
“အညှိုးမထားတာ ကောင်းတယ်။ အညှိုးမထားဘဲ ပျော်ပျော်နေပြီးတော့ ဒါကအခွင့်အရေးတစ်ခုလို့ မှတ်လိုက်ကွာ”
အခွင့်အရေးလား? သစ်နဂါးအင်မော်တယ်ဘုရင်သည် အံ့အားသင့်သွားသော်လည်း အမြန်နားလည်လိုက်သည်။ မှန်၏၊ ၎င်းသည် အခွင့်အရေးတစ်ခုဖြစ်သည်။
ရီဖန်သည် ဗောဓိဘိုးဘေး၏တပည့်ဖြစ်သည်ဟူသောသတင်းကို သူတို့သာသိသည်။ ဗောဓိဘိုးဘေး၏တပည့်ဖြစ်ခြင်းမှာ ရီဖန်ထံတွင်ကြီးကျယ်သောအနာဂတ်ရှိမည်မှာ သေချာ၏။ ရီဖန်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လျှင် ရီဖန်၏လူတစ်ယောက်ဖြစ်လာလိမ့်မည်၊ ၎င်းကပြဿနာအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်လား။
ဗောဓိဘိုးဘေးသည် သူ၏လမ်းကိုပိတ်ပင်နိုင်ပါက ရီဖန်ကအလွယ်တကူ ပြန်ယူပေးနိုင်မည်မှာသေချာသည်။ ထိုအတွေးဖြင့် သစ်နဂါးအင်မော်တယ်ဘုရင်၏သံသယများ ပြေပျောက်သွားသည်။ ၎င်းတို့ကို အနိုင်မတိုက်နိုင်လျှင် ပူးပေါင်းလိုက်ပါ။ ယခုမှစ၍ သစ်နဂါးအင်မော်တယ်ဘုရင်သည် ရီဖန်၏သစ္စာအရှိဆုံးအဖော်ဖြစ်လာမည်ဖြစ်သည်။ မည်သို့သောအဖော်မျိုးဖြစ်ကြောင်းကိုမူ သစ်နဂါးအင်မော်တယ်ဘုရင်ကိုယ်တိုင်သာသိလိမ့်မည်။ ထိုအချိန်တွင်ဗောဓိဘိုးဘေးနှင့် ရီဖန်တို့သည် ချန်မင် နယ်မြေအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ယခုအခါတွင် ၎င်းတို့သည် နယ်မြေသုံးထောင်တွင်မဟုတ်ဘဲ ဗောဓိဘိုးဘေးဖန်ဆင်းသည့် အခြားကမ္ဘာတစ်ခုတွင် ရှိနေသည်။ ဤကမ္ဘာကြီးသည် အလွန်ကျယ်ဝန်းသည်၊ ဤကမ္ဘာသည်နယ်ပယ်သုံးထောင်အောက် မသေးငယ်ဟူ၍ ရီဖန်သံသယရှိနေသည်။ ကမ္ဘာသစ်တစ်ခုလုံးကိုဖန်တီးနိုင်မှုသည် ဗောဓိဘိူးဘေး၏ စွမ်းအားမည်မျှကြီးမားကြောင်းသက်သေပြနေသည်။
“ဆရာသခင်က မင့်ကို တံခါးကိုဆီကိုပဲ လမ်းညွှန်ပေးနိုင်မှာ။ ကျင့်ကြံတာကတော့ တစ်ဦးချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။ ငါမင်းကိုဘာမှမပေးဘူး။ မင်းလိုသမျှကိုသာ စတုရန်းလက်မတောင်မှာ ရှာယူသွား"
ထို့ကြောင့် ဤကမ္ဘာကိုစတုရန်းလက်မတောင်ဟုခေါ်သည်။
ဗောဓိဘိုးဘေးသည် ရီဖန်၏ရှေ့မှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ရီဖန်သည် စတုရန်းလက်မတောင်တဝိုက်တွင် လှည့်လည်သွားလာခဲ့သည်။ ရီဖန်သည် မပျံသန်းဘဲခြေလျင်လျှောက်သွားခဲ့သည်။
‘ရှန်အဆင့်နိမ့် ဝိညာဉ်မြက်၊ ကောင်းပြီ၊ ငါယူလိုက်မယ်။’
‘အိုး၊ အဆင့်မြင့် ရှန်အဆင့်ဝိညာဉ်ပစ္စည်းက ဒီမှာကျန်ခဲ့တာပဲ။ ဒါကအရမ်းကောင်းလွန်းလို့ မဖြုန်းတီးသင့်ဘူးလေ။’
ရီဖန်သည် ဦးတည်ရာတစ်ခုတည်းသို့ ဖြည်းညှင်းစွာလျှောက်နေရင်း လမ်းတစ်လျှောက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေဝိညာဉ်ပစ္စည်းများစွာရှိနေသဖြင့် ရီဖန်ကိုရူးသွပ်သွားစေလုနီးပါးပင်။ ကြီးကျယ်လွန်းသည်၊ စတုရန်းလက်မတောင်သည် အလွန်ကြီးကျယ်လွန်း၏။ ဤမျှကောင်းမွန်သောအရာများဖြင့် မျိုးနွယ်စုမည်မျှကျင့်ကြံနိုင်မည်နည်း။ သူ့တွင် ရွေးချယ်စရာမရှိပေ။ ရီဖန်သည် သူ၏မျိုးနွယ်စုဝင်များကို ပညာပေးရန်လိုအပ်သောကြောင့် အရင်းအမြစ်အားလုံးကိုတန်ဖိုးထားရမည်။ ဝိညာဉ်ပစ္စည်းများအပြင် ရီဖန်သည် သတ္တဝါများစွာကိုလည်း တွေ့ခဲ့ရသည်။ ဤသတ္တဝါများသည် ရီဖန်ကိုအလွန်ခင်မင်ရင်းနှီးနေသောကြောင့် မခြင်မခြင်ပြုရန်ရှက်ရွံ့ကာ ဝိညာဉ်ရေးပစ္စည်းများစွာကို ဖြုန်းတီးမိခဲ့သည်။
နေရာလွတ်ထဲတွင် ဗောဓိဘိုးဘေးသည် ရီဖန်၏ ‘ဖြတ်သွားသာငန်းထံမှ အမွေးများကိုဆွဲနုတ်ခြင်း’ အပြုအမူကိုကြည့်ရင်း နှုတ်ခမ်းပင်မဲ့ကျသွားသည်။ ဗောဓိဘိုးဘေးသည် ရီဖန်ကို တပည့်အဖြစ်လိုက်သည့် ဆုံးဖြတ်ချက်သည် မှန်ကန်သလားဟူ၍ပင် သံသယဝင်လာသည်။ ရီဖန်သည် အခြားသောဝိညာဉ်ဆေးပင်များကို ပစ်မှတ်ထားနေကြောင်း မြင်လိုက်ရသဖြင့် ဗောဓိဘိုးဘေးသည် နောက်ဆုံးတွင်သည်းမခံနိုင်တော့ချေ။ သူ၏လက်ဝှေ့ယမ်းလိုက်သည့်အခါတွင် ရီဖန်ပျောက်ကွယ်သွားကာ ကြီးမားသောရဲတိုက်တစ်ခုရှေ့တွင် ပြန်ပေါ်လာသည်။ ၎င်းအပေါ်တွင် ရေးထားသည့်စာလုံးကြီးသုံးခုမှာ ‘နယ်မြေတစ်သောင်းမျှော်စင်’ ဟူ၍ပင်။
…………
အခန်း ၂၁၉ - မိသားစုလက်နက်တိုက် အဆင့်ဆယ့်လေး (ရွှေအင်မော်တယ် နယ်မြေ)
နယ်မြေတစ်သောင်းမျှော်စင်သည် အင်မော်တယ်လက်နက်တစ်ခုအဖြစ်လည်းကောင်း ခမ်းနားသောစာကြည့်တိုက်တစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။ မျှော်စင်အတွင်းတွင် နယ်ပယ်သုံးထောင်မှ နတ်စွမ်းရည်၊ တာအိုအနုပညာ၊ အင်မော်တယ်ဥပဒေ၊ နတ်ဥပဒေစသည်ဖြင့် မရေမတွက်နိုင်သော နတ်စွမ်းရည်များနှင့် တာအိုအနုပညာများရှိသည်။ဗောဓိဘိုးဘေးသည် နယ်မြေသုံးခု၏အိပ်မက်ဖြစ်သည့် စွမ်းအားကြီး နတ်ဥပဒေကို ပိုင်ဆိုင်ထားသည်။ ထိုဥပဒေဖြင့် ဗောဓိဘိုးဘေးသည် နယ်မြေသုံးထောင်အတွင်း မရေတွက်နိုင်သောကိုယ်ပွားများရှိသည်။ ရီဖန်အတိတ်က တွေ့ဆုံခဲ့သော ဗောဓိဘိုးဘေးသည် ကိုယ်ပွါးများထဲမှတစ်ခုသာဖြစ်သည်။
နယ်မြေတစ်သောင်းမျှော်စင်အတွင်း၌ ဗောဓိဘိုးဘေးခေတ်အဆက်ဆက်စုဆောင်းရရှိခဲ့သော အနုပညာအမျိုးမျိုးရှိသည်။ အခြားသော တာအိုဘိုးဘေးများပင်လျှင် နယ်မြေတစ်သောင်းမျှော်စင်ကိုမြင်လျှင် မနာလိုဖြစ်လိမ့်မည်။ ရီဖန်သည် နယ်မြေတစ်သောင်းမျှော်စင်အတွင်းရှိ အနုပညာမျိုးစုံကိုလည်းသိချင်လှသောကြောင့် တုံ့ဆိုင်းမနေဘဲ မျှော်စင်ထဲသို့ဝင်သွားသည်။
စတုရန်းလက်မတောင်ထိပ်တွင် ဗောဓိဘိုးဘေးသည် ရီဖန်မျှော်စင်ထဲသို့ဝင်သည်ကိုမြင်ရသောအခါမှသာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရီဖန်ယူသွားသော အရင်းအမြစ်များကို သူဂရုမစိုက်သော်လည်း ရီဖန်၏အရှိန်ဖြင့် အချိန်အနည်းငယ်အကြာတွင် စတုရန်းလက်မကမ္ဘာမှအရင်းအမြစ်များကို ပြုန်းတီးသွားစေနိုင်သည်။ ရှောင်ရမည်၊ သေချာပေါက်ရှောင်ရှားရမည်။
ဗောဓိဘိုးဘေး၏ ဆန္ဒမှာ ရီဖန်လိုချင်သည့် အနုပညာရပ်များကို မြန်မြန်ရပြီး ပြန်လွှတ်လိုက်ရန်ဖြစ်သည်။ မလိုအပ်ပါက အနာဂတ်တွင် ရီဖန်ကို စတုရန်းလက်မနယ်မြေထဲသို့ ထပ်မံဝင်ရောက်ခွင့်မပြုသင့်တော့ချေ။
နယ်မြေတစ်သောင်းမျှော်စင်အတွင်းတွင် ကမ္ဘာငယ်လေးတစ်ခုရှိသည်။ မရေမတွက်နိုင်သော အနုပညာများသည် ရီဖန်၏ခေါင်းကိုပင် မူးသွားစေသည်။ ရီဖန် ပို၍စူးစမ်းလေ သူလျှောက်ရမည့်လမ်းကို ပိုရှင်းလင်းစွာသိလာလေဖြစ်သည်။ တာအိုသစ်သီးသည် မဟာတာအိုပန်းပွင့်စေရန်အတွက် ၎င်းတို့ကိုအစဉ်မပြတ် အာဟာရဖြည့်တင်းရန်လိုအပ်သည်။ တာအိုသစ်သီးကို အာဟာရဖြည့်တင်းရန်မှာ မဟာတာအိုကိုနားလည်ခြင်း၊ စိတ်ဝိညာဉ်ပစ္စည်းများ၊ အင်မော်တယ်စွမ်းအားစသည်ဖြင့် ဖြစ်နိုင်ချေများစွာရှိသည်။
တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်ရာပေါင်းများစွာကြာမြင့်သွားပြီးနောက် သတိမထားမိဘဲ ရီဖန်၏အသက်သည် အနှစ်နှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။ ရီဖန်သည် သူနားလည်ထားသောကျင့်ကြံနည်းစနစ်နှင့် အနုပညာမည်မျှရှိသည်ကိုပင် မေ့ပျောက်လုနီးပါးရှိနေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ရီဖန်၏အခြေခံအုတ်မြစ်ကိုစဉ်ဆက်မပြတ်တိုးမြှင့်ပေးကာ သူ၏အာဟာရဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ရီဖန်သည် နတ်စွမ်းရည်များ တာအိုအနုပညာများကို အသုံးနည်းလာ၏။ အမှန်တကယ်တွင် ရီဖန်အလိုရှိပါက သူသည်အမျိုးမျိုးသော နတ်စွမ်းရည်များနှင့် တာအိုအနုပညာများကို အချိန်တိုအတွင်း ဖန်တီးနိုင်သည်။ အင်မော်တယ်ဥပဒေတစ်ခုတည်းသာ ရီဖန်အတွက် စိန်ခေါ်မှုဖြစ်လာသည်။ နတ်ဥပဒေနှင့်ပတ်သက်၍ ရီဖန်သည် လက်ရှိတွင် ၎င်းကိုနားလည်ရန် အရည်အချင်းမရှိသေးချေ။ အင်မော်တယ်ဧကရာဇ်အဆင့်သို့မတက်ရောက်မီအထိ နတ်ဥပဒေကိုနားလည်ရန် မျှော်လင့်ချက်မရှိပေ။
ငါး-ခြောက်နက်နဲစွမ်းရည်သည် နတ်ဥပဒေသည် ရှစ်-ကိုးနက်နဲစွမ်းရည်၏ရိုးရှင်းသောပုံစံဖြစ်ကာ ၎င်းသည် ထိပ်တန်းအင်မော်တယ်ဥပဒေများထဲမှတစ်ခုဖြစ်သည်။၎င်းနက်နဲစွမ်းရည်သည် ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းလမ်းတစ်ခုသာမကဘဲ အလွန်အစွမ်းထက်သော အင်မော်တယ်ဥပဒေ တိုက်ပွဲစွမ်းရည်တစ်ခုလည်းဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်ကမ္ဘာမြေဥပဒေ၊ လက်နှစ်ဖက်နှင့် အလင်းခြောက်ပေါက်၊ ထိပ်တန်းအင်မော်တယ်ဥပဒေများထဲတွင်ပင်ပါဝင်သည်။
နောက်တစ်ခုသည် သန့်စင်သောအင်မော်တယ်ဥပဒေ ကျင့်ကြံရေးနည်းစနစ်ဖြစ်သည့် သာ့လော့ဥပဒေဖြစ်၏။
ဤအင်မော်တယ်ဥပဒေသည် ပြင်ပကမ္ဘာတွင်မဖြစ်နိုင်သော သာ့လော့အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းစေနိုင်သည်။ သို့သော် နယ်မြေတစ်သောင်းမျှော်စင်အတွင်းတွင် အလိုအလျောက်ရနိုင်သည်။ နယ်မြေတစ်သောင်းမျှော်စင်အတွင်းတွင် သောင်းနှင့်ချီသော အင်မော်တယ်ဥပဒေများစွာရှိကာ နတ်ဥပဒေထောင်နှင့်ချီ၍ရှိသည်။ ၎င်းသည် စတုရန်းလက်မတောင်၏ နက်နဲသောအမွေအနှစ်ကို ပြသနေသည်။
ရီဖန်သည် နယ်မြေသုံးထောင်အတွင်းတွင် ဗောဓိဘိုးဘေး၏အနေအထားကို ကောင်းစွာနားလည်ခဲ့သည်။ စတုရန်းလက်မတောင်တွင်ပါဝင်ခွင့်ရခြင်းသည် ရီဖန်အတွက် အမှန်တကယ်ပင် အခွင့်ကောင်းတစ်ခုဖြစ်သည်။ အင်မော်တယ်နိယာမနှစ်ခု၏အစကို အောင်မြင်စွာနားလည်ပြီးနောက်တွင် ရီဖန်သည်၎င်း၏ အနည်းငယ်တောင့်တင်းသော ခန္ဓာကိုယ်ကိုအကြောဆန့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင် ကျင့်ကြံနည်းစနစ်နှစ်ခုကိုပြုလုပ်ရန် အချိန်တန်ပြီဖြစ်သည်။
အင်မော်တယ်ဥပဒေနှစ်ခုသည် အလွန်အစွမ်းထက်သော်လည်း ရီဖန်အတွက် ၎င်းတို့၏တစ်ခုတည်းသောအသုံးပြုမှုသည် ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်၏ဆင့်ကဲဖြစ်စဉ်အတွက် အရင်းအမြစ်များအဖြစ်သာဖြစ်၏။ ရီဖန်သည် ဤတစ်လျှောက်လုံးတွင်ရရှိထားသည့် နားလည်မှုများအား ၎င်းကျင့်စဉ်ထဲတွင် ပေါင်းစည်းထားသည်။ ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်၊ ရွှေအင်မော်တယ် နယ်မြေ။ ဤတစ်ကြိမ်တွင် ရီဖန်သည် ၎င်းကို အဆင့်မြှင့်တင်ရန်အတွက် ဆယ်နှစ်အောက်သာအချိန်ယူခဲ့ရသည်။
"ဂုဏ်ယူပါတယ် သခင်၊ ရေရှည်တာဝန်ဖြစ်တဲ့ ရီမိသားစုလက်နက်တိုက် အဆင့်ဆယ့်လေး (ရွှေအင်မော်တယ်နယ်မြေ)ကို ပြီးမြောက်စေတဲ့အတွက် ဆုလက်ခံရရှိနိုင်ပါပြီ”
ကောင်းကင်နှင့် ကမ္ဘာမြေဥပဒေ၊ ခေါင်းသုံးလုံး လက်ခြောက်ဘက်၊ ငါး-ခြောက် နက်နဲကိုယ်ထည်။ ထိုအင်မော်တယ်ဥပဒေများကို တစ်ကြိမ်စီစမ်းသပ်ပြီးနောက် ရီဖန်သည်လုပ်နေလက်စများကို ရပ်လိုက်သည်။ အိမ်ပြန်ချိန်ရောက်နေပြီဖြစ်၏။ ရီဖန်သည် ရီကျင်းထျန်နှင့်တခြားသူများကို ဘေးကင်းကြောင်းသတင်းပေးပို့ခဲ့သော်လည်း အိမ်မပြန်ဖြစ်သည်မှာကြာပြီဖြစ်သောကြောင့် ၎င်း၏မိသားစုကို အတန်ငယ်မျှလွမ်းဆွတ်နေခဲ့သည်။ တိုကင်ကိုထုတ်လိုက်သည်နှင့် သူ့အတွေးများပျံ့နှံ့သွားကာ ရီဖန်သည်စတုရန်းလက်မနယ်မြေအပြင်ဘက်သို့တိုက်ရိုက် ပို့ဆောင်ခံလိုက်ရသည်။
ရီဖန်ထွက်သွားသည်ကို မြင်သည့်အခါမှသာလျှင် ဗောဓိဘိုးဘေးလည်းပြုံးနိုင်တော့သည်။ နောက်ဆုံးတွင် ရီဖန်ထွက်သွားလေပြီ။
"မင်းရဲ့ညီလေးကို ဘယ်လိုထင်လဲ"
ဗောဓိဘိုးဘေးသည်သူ့ဘေးရှိ ထင်းခုတ်နေသည့် လူလတ်ပိုင်းတစ်ဦးကို မေးလိုက်သည်။ ရီဖန်ရှိနေပါက ဤသူသည် သူစတုရန်းလက်မနယ်မြေသို့ပထမဆုံးရောက်ခဲ့စဉ်က တွေ့ခဲ့သည်သူဖြစ်ကြောင်း မှတ်မိလိမ့်မည်။ ထိုအချိန်က ရီဖန်သည် ဤလူ၏သတိပေးမှုကြောင့် နှလုံးစွမ်းအားစတုတ္ထအဆင့်ကို အောင်မြင်စွာ နားလည်ခဲ့သည်။
“ဒီညီငယ်လေးက အရမ်းသန်မာတယ်၊ သူရဲ့ ဉာဏ်အလင်းနဲ့ ကျင့်ကြံမှုစွမ်းရည်ကလည်းကောင်းတာပဲ”
ဗောဓိဘိုးဘေးသည် တပည့်များကိုလက်ခံသည့်အခါတွင် ၎င်းတို့နှင့်မတိုင်းတာသော်လည်း သူ၏ဆက်ခံသူအနေဖြင့် ရီဖန်၏အရည်အချင်းကြီးမားသည်ကို ဝန်ခံရလိမ့်မည်။ အချိန်တိုလေးအတွင်း၌ ရီဖန်သည် ကိုင်ပိုင်ကျင့်ကြံနည်းစနစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ဤကျင့်ကြံနည်းစနစ်သည် လက်ရှိတွင်ရွှေအင်မော်တယ်နယ်ပယ်တွင်သာ ရှိနေသော်လည်း ဆက်ခံသူ၏ကျင့်ကြံမှုအဆင့်ကိုကြည့်ခြင်းအားဖြင့် ဤကျင့်ကြံနည်းစနစ်၏အလားအလာသည် မည်သည့်နတ်ဥပဒေထက်မဆို မနိမ့်ကျကြောင်းတွေ့ရလိမ့်မည်။ နောက်ပိုင်းတွင် ရီဖန်၏ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ဤကျင့်ကြံနည်းစနစ်သည် စစ်မှန်သောနတ်ဥပဒေဖြစ်လာလိမ့်မည်ဖြစ်၏။
“ညီငယ်လေး၊ မင်းပိုကြိုးစားရမယ်။ ငါတို့အတွက် အချိန်ကသိပ်မကျန်တော့ဘူး” ဆက်ခံသူ၏အသံမှိန်ဖျော့သွားပြီးနောက်တွင် စတုရန်းလက်မနယ်မြေသည် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
ရီဖန်သည် အချိန်နှင့်နေရာ လှည့်ပတ်နေသည်ကိုသာ ခံစားနေရကာ သူ့အမြင်အာရုံကိုပြန်လည်မရရှိခင်အထိ အချိန်မည်မျှကြာသည်ကို မသိခဲ့ချေ။ ဗောဓိဘိုးဘေး၏စွမ်းရည်ဖြင့် တိုကင်သည်သေချာပေါက်သာမန်ထုတ်ကုန်တစ်ခုမဟုတ်ပေ။ သို့တိုင်အောင် အချိန်အတော်ကြာမြင့်စွာ နေရာကူးပြောင်းခဲ့ရဆဲဖြစ်သည်။ စတုရန်းလက်မတောင်သည် နယ်ပယ်သုံးထောင်နှင့် အတော်လေးဝေးပုံရသည်။ ရီဖန်သည် တိုကင်ကိုထပ်မံစမ်းသပ်ကြည့်လိုက်ရာ ၎င်းသည် စတုရန်းလက်မတောင်ပေါ်သို့မခေါ်နိုင်တော့ကြောင်း တွေ့ရှိခဲ့သည်။ ‘ဘာကြီးလဲကွ!’ ‘ငါ့ကို မကြိုဆိုဘူးလို့ ဆိုလိုတာလား!’ ရီဖန်သည် နောက်တစ်ကြိမ် စတုရန်းလက်မတောင်သို့သွားလျှင် တွေ့သမျှပန်းတိုင်းကိုဆွဲနုတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ရီဖန်ကို မတွေ့ရသည်မှာ နှစ်ရာချီကြာမြင့်နေပြီဖြစ်ရာ ရီမိသားစုသည် အလွန်စိတ်လှုပ်ရှားနေကြသည်။
အခမ်းအနားအချို့အပြီးတွင် ရီဖန်သည် သူ့အခန်းသို့ ပြန်သွားခဲ့သည်။
“စနစ်၊ ဆုငွေထုတ်လိုက်ပါ”
ထိုစဉ်က စတုရန်းလက်မတောင်တွင် ရီဖန်သည်ဆုလာဘ်ကို မထုတ်ယူခဲ့ပေ။ ထိုအဆင့်ရှိ တာအိုဘိုးဘေးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသောကြောင့် ၎င်းကိုသူ့ကိုစောင့်ကြည့်ကြောင်း မသေချာသော်လည်း မည်သည့်ချို့ယွင်းချက်မှ မရှိလိုခဲ့ချေ။ စနစ်သည် ရီဖန်၏နောက်ဆုံးအားကိုးရာဖြစ်သောကြောင့် သူမည်သူ့ကိုမျှပြောပြမည်မဟုတ်။
"ဂုဏ်ယူပါတယ် သခင်၊ ဆုအနေနဲ့ နေရာအဆင့်သုံးခုကိုရရှိပါတယ်"
ကျောင်လုံဘိုးဘေးသည် ရီဖန်စနစ်ထံမှရရှိထားသော "နေရာ"ဆုဖြစ်သည့် အဇူရာနဂါးကိုရရှိခဲ့သည်။ အဇူရာနဂါး "နေရာ" တစ်ခုတည်းဖြင့် ၎င်းသည် ထူးခြားသောစွမ်းရည်ရှိသည့်သူဖြစ်လာခဲ့သည်။ ယခုအခါတွင် အဇူရာနဂါ၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ရွှေအင်မော်တယ်နယ်မြေမှ ခြေတစ်လှမ်းသာကွာဝေးတော့သည်။ ရီမိသားစုတွင် ၎င်းကို ထိပ်တန်းအဆင့်ဟုသတ်မှတ်နိုင်၏။
ယခုတွင် ဆုသုံးမျိုး ရုတ်တရက်ပေါ်လာသည်မှာ
ရီမိသားစုတွင် နောက်ထပ်ထိပ်တန်းစွမ်းရည်သုံးခုကို ထပ်မံရရှိလိမ့်မည်ဖြစ်သည်။ ထိုနေရာသုံးနေရာသည် ကျူးရုန်၊ ကုန်းကုန်းနှင့် ချီလင်ဘိုးဘေး (၅) ဦးထဲမှ တစ်ဦးဖြစ်သည့် လေချီလင်ဖြစ်သည်။ ၎င်းတို့တစ်ခုစီသည် နယ်မြေသုံးထောင်တွင် နေရာတိုင်းသည် အမြင့်ဆုံးသောတည်ရှိမှုဖြစ်၏။
ကုန်းကုန်းနှင့် ကျူးရုန်သည် စုန်းဘိုးဘေးဆယ့်နှစ်ပါးထဲတွင် ပါဝင်သော အင်အားအကြီးဆုံး စုန်းမျိုးနွယ်စုများဖြစ်ကြသည်။ ရီဖန်သည် ဤနေရာနှစ်နေရာကို ရီချင်နှင့် ရီကျင်းချုံတို့ကိုပေးရန် စီစဉ်ခဲ့သည်။
…….