အခန်း ၂၂၀-၂၂၂
Vol. 15 Ch. 220-222
အခန်း ၂၂၀ - စုန်းဘိုးဘေးသားတော်
၎င်းတို့လက်ရှိနေထိုင်သည့် ကောင်းကင်စုန်းကမ္ဘာကို ကောင်းကင်စုန်းမျိုးနွယ်စုက လွှမ်းမိုးချုပ်ကိုင်ထားသည်။ အကယ်၍ ၎င်းတို့နှစ်ယောက်လုံးသည် စုန်းဘိုးဘေးအဆင့်ကိုရရှိပါက စုန်းမျိုးနွယ်စုများကြားတွင် ထိပ်ဆုံးသို့ရောက်နေလိမ့်မည်။ နောက်ပိုင်းတွင် ရီမိသားစုသည် စုန်းမျိုးနွယ်စုထဲသို့စိမ့်ဝင်လိုပါက ၎င်းတို့နှစ်ဦးသည် အကောင်းဆုံးသူလျှိုများဖြစ်လာမည်ဖြစ်သည်။ သို့သော်ရေနှင့်မီးသည် လိုက်ဖက်မညီသောကြောင့် ရီဖန်အနည်းငယ်စိုးရိမ်သွားသည်။ မူလ ကုန်းကုန်းနှင့် ကျူးရုန်တို့သည် စုန်းမျိုးနွယ်စုအတွင်းတွင် အဆိုးဆုံးဆက်ဆံရေးရှိခဲ့ကြသည်။
အကယ်၍ရီကျင်းချုံနှင့် ၎င်း၏အမျိုးသားကို ဤအဆင့်နှစ်ခုနှင့်ပေါင်းလိုက်ပါက အဆင်မပြေဖြစ်လာနိုင်မည်လား။ မဖြစ်တန်ကောင်းရာ။ ရီဖန်သည် သူ့ကိုယ်သူဖြေသိမ့်နိုင်ရုံသာတတ်နိုင်သည်။ နောက်ဆုံး လေချီလင်အဆင့်ကိုမူ ရီဖန်သည် သူ့ဇနီးဖြစ်သူစုယန်ကို ပေးရန်စဉ်းစားထား၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအတွင်းမှ စုယန်၏အဆင့်အတန်းသည် မြင့်သထက်မြင့်လာပြီဖြစ်သည်။ သူမသည် ခိုင်မာသောအဆင့်ကိုရရှိပါက စုယန်ကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အမြင့်ဆုံးအဆင့်သို့တက်လှမ်းရန်အတွက် ကြီးမားသောအထောက်အကူတစ်ခုဖြစ်လာလိမ့်မည်။
ရီမိသားစုသည် ယခုအချိန်တွင် နယ်ပယ်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင်မိသားစုလုပ်ငန်းကို ကြီးထွားစေရန်အတွက်သာမက ကောင်းကင်စုန်းမျိုးနွယ်စုနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရေးပါသော အင်အားစုနှစ်ခုကိုလည်း ၎င်းတို့၏ကိုယ်ပိုင်သူလျှိုအဖြစ်ထည့်သွင်းနိုင်ခဲ့သည်။ ၎င်းမှာ အရှေ့ဘက်တိုက်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ရီမိသားစုမှလွှမ်းမိုးထားခြင်းခံရကြောင်းဆိုလိုသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ ကျင့်ကြံသူထက်ဝက်ကျော်သည် ရီမိသားစုမှဖြစ်၏။ စုယန်၏ စကားတစ်ခွန်းသည် ဂိုဏ်းချုပ်၏စကားထက်ပင် ပို၍အရာရောက်သည်။
ရီဖန်သည် စုယန်ကိုပထမဆုံးဆင့်ခေါ်လိုက်ကာ လေချီလင်အဆင့်ကို သူမအသုံးပြုရန်အတွက် လွှဲပေးလိုက်သည်။ စုယန်၏ရောင်ဝါသည် ချက်ချင်းပြောင်းလဲသွားကာ ပို၍ပင်လေးနက်လာသည်။ လေချီလင်၏သွေးမျိုးဆက်သည်လည်း စတင်နိုးထလာသည်။ ထို့နောက်တွင် ရီဖန်သည် ကောင်းကင်စုန်းကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ရီချင်နှင့် ရီကျင်းချုံတို့ကို အဆင့်နှစ်ခုပေးအပ်ခဲ့သည်။ ထို့အပြင် ၎င်းတို့အသုံးပြုရန်အတွက် ထိပ်တန်းအင်မော်တယ်ပစ္စည်းများနှင့်ယှဉ်နိုင်သည့် ထိပ်တန်းစုန်းလက်နက်အများအပြားကိုဖန်တီးခဲ့သည်။
၎င်းတို့လက်ရှိအသုံးပြုနေသည့်အရာများသည် ထိပ်တန်းစုန်းလက်နက်များဖြစ်သည့်တိုင် ကောင်းကင်စုန်းမျိုးနွယ်စုသည် လူသားမျိုးနွယ်စုနှင့်ယှဉ်လျှင် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနယ်ပယ်တွင် အလွန်အားနည်းနေသေးသည်။ ကောင်းကင်အင်မော်တယ်အထွတ်အထိပ်တွင်ရှိသော ၎င်းတို့၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ထိပ်တန်းစုန်းလက်နက်များကို အသုံးပြုနိုင်ခြင်းသည် ကောင်းကင်စုန်းမျိုးနွယ်စုတွင် ကောင်းမွန်နေပြီးဖြစ်သည်။ နတ်စုန်းဂိုဏ်းဝင်များ၏အမြင်၌ ၎င်းတို့နှစ်ဦး၏နောက်ကွယ်တွင် ကြီးမားသည့်အင်အားစုများမရှိဘဲ ၎င်းတို့၏ကံကြမ္မာကိုပြောင်းလဲရန်အတွက် ကိုယ်ပိုင်စွမ်းရည်များအပေါ်တွင် လုံး၀မှီခိုနေကြခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နတ်စုန်းဂိုဏ်းသို့ပြန်ရောက်သည့်အခါတွင် ၎င်းတို့၏အဆင့်များနှင့် ချက်ချင်းပေါင်းစည်းလိုက်ကြသည်။
ဤနှစ်များအတွင်း နတ်စုန်းဂိုဏ်းထဲတွင် အခြားကမ္ဘာများကိုသိမ်းပိုက်လိုစိတ်ကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာသည်။ အကြောင်းအမျိုးမျိုးကြောင့် ကောင်းကင်စုန်းကမ္ဘာသည် ချန်မင်ကမ္ဘာတွင်မလှုပ်ရှားကြသေးချေ။ သိူ့သော်ရလဒ်မှာရှင်းပါ၏။ တစ်နေ့တွင် ကောင်းကင်စုန်းကမ္ဘာသည် သေချာပေါက်လုပ်ရှားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ရှေ့တန်းစစ်တပ်သည် နတ်စုန်းဂိုဏ်းရှိတပည့်အားလုံး၏ အာရုံစူးစိုက်မှုကိုခံနေရသည်။ ရီချင်နှင့် ရီကျင်းချုံတို့သည်လည်း ဤရာထူးအတွက် ပြိုင်ပွဲဝင်များဖြစ်သည်။
သို့သော် ၎င်းတို့သည်အခြားသူများထက် ကြီးကြီးမားမားအားသာချက်များမရှိပေ။ စုန်းမျိုးနွယ်စုအတွင်းတွင် ၎င်းတို့နှစ်ဦးထက်သာလွန်သော ကျင့်ကြံသူအနည်းငယ်ရှိနေသေးသည်။ ၎င်းတို့သည် နက်နဲအင်မော်တယ်များ၊ အင်မော်တယ်ဘုရင်များနှင့် စွမ်းရည်များစွာရှိသည့်ဂိုဏ်း၏အဖွဲ့ဝင်များဖြစ်ကြသည်။ နတ်စုန်းဂိုဏ်းရှိ ထိပ်တန်းတပည့်ဆယ်ဦးစာရင်းတွင် ရီကျင်းချုံသည် အဆင့်ခြောက်ဖြစ်ကာ ရီချင်သည် အဆင့်ကိုးဖြစ်ကာ ၎င်းတို့ထဲတွင် ထိပ်ဆုံးသုံးဦးသည်သာ ရှေ့တန်းစစ်တပ်၏ခေါင်းဆောင်များဖြစ်လာရန် အခွင့်အရေးရှိသည်။
သို့သော် ၎င်းသည်ယခင်ကဖြစ်၏။ လက်ရှိတွင် ရီချင်နှင့် ရီကျင်းချုံတို့သည် အရင်အခြေအနေနှင့်ယှဉ်လျှင် မတူညီသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆင့်များကိုပေါင်းစည်းလိုက်ခြင်းဖြင့် ရီကျင်းချုံနှင့် ရီချင်တို့အတွင်းရှိ စုန်းမျိုးနွယ်စု၏သွေးမျိုးဆက်သည် ဆူပွက်လာပြီးနောက်အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာသည်။ ကောင်းကင်စုန်းကမ္ဘာတွင်နေထိုင်ရင်း နှစ်အတော်ကြာလာပြီးနောက် ၎င်းတို့နှင့်ပေါင်းစပ်ထားသည့် သန့်စင်သည့်သွေးစက်များ၏ မူလပိုင်ရှင်ကိုသိပြီးကြပြီဖြစ်သည်။ ထိုသူကို ဘိုဖူ သို့မဟုတ် ကွာဖူဟုခေါ်ဆိုကြ၏။
၎င်းသည် ဘိုးဘေးစုန်းဆယ့်နှစ်ပါးအောက်တွင် အထင်ရှားဆုံးသော ရှေးဟောင်းစုန်းမျိုးနွယ်စု၏ မဟာစုန်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယခင်က နတ်ဘုရားသိုင်းဂိုဏ်း၏အာရုံစိုက်ခဲ့ခြင်းမှာ ကွာဖူ၏သွေးမျိုးဆက်ကြောင့်ဖြစ်သည်။ သို့သော် အဆုံးတွင် မဟာစုန်းသည်လည်း
ဘိုးဘေးစုန်းနှင့်နှိုင်းယှဉ်ပါက ဘာမှမဟုတ်ချေ။
ကုန်းကုန်းသည် ကမ္ဘာပေါ်ရှိရေအားလုံးကို ထိန်းချုပ်ထားကာ ကျူးရုန်သည် ကမ္ဘာပေါ်ရှိ မီးအားလုံးကို ထိန်းချုပ်ထားသည်။ ၎င်းမဟာတာအိုနှစ်ပါးသည် ဘိုးဘေးများအဖြစ် သတ်မှတ်ခံရသောတည်ရှိမှုများဖြစ်သည်။
တာအိုတစ်ခုတည်းသည် အားနည်းသည်ဟုဆိုကြသော်လည်း တာအိုကိုအဆုံးထိနားလည်သွားသည့်အခါတွင် တခြားတာအိုများထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။ ရီကျင်းချုံနှင့် ရီချင်အတွင်းရှိ မဟာတာအိုကိုနားလည်မှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ နောက်ဆုံးတွင် တာအိုနှစ်ခုတွဲဖြစ်သည့် ရေနှင့်မီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက်တွင် ဘိုးဘေးစုန်း၏ ထူးခြားသည့်ရောင်ဝါများသည် ၎င်းတို့နှစ်ဦးထံမှ ဖြာထွက်လာ၏။ ရောင်ဝါသည် အလွန်မပြင်းထန်သော်လည်း မယုံနိုင်လောက်အောင်စင်ကြယ်လှသောကြောင့် ၎င်းတို့နှစ်ဦးလုံး၏ကျင့်ကြံမှုအဆင့်များသည်လည်း တဖြည်းဖြည်းတိုးလာခဲ့သည်။ သို့သော် ၎င်းတို့တံခါးပိတ်ကျင့်ကြံနေစဉ်တွင် နတ်စုန်းဂိုဏ်းထဲတွင် ဖရိုဖရဲဖြစ်နေသည်။
နတ်စုန်းဂိုဏ်း၏တောင်ထိပ်တွင်ရှိသည့် ရွှေခေါင်းလောင်းကြီးသည် ဖြည်းညှင်းစွာစတင်လှုပ်ခတ်လာသည်။
တစ်ကြိမ်၊ နှစ်ကြိမ်……. နောက်ဆုံးတွင် ၎င်းသည် ကိုးကြိမ်တိိတိ လှုပ်ခတ်သွားကာ နတ်စုန်းဂိုဏ်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
၎င်းသည် ဘိုးဘေးစုန်းတစ်ဦး၏ဆင်းသက်လာမှုကိုကိုယ်စားပြုသော နတ်စုန်းဂိုဏ်းမှဆင်းသက်လာသည့် ရှေးရိုးထုံးစံဖြစ်သည်။ တောင်ထိပ်ရှိခေါင်းလောင်းသည် ပဏာမကောင်းကင်ဘုံရတနာဖြစ်သည့် ပန်ဂုနာရီ၏ပုံတူဖြစ်ကာ နတ်စုန်းဂိုဏ်း၏ အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်လာခဲ့သည်။
ပန်ဂုနာရီ၏စစ်မှန်မှုကို မည်သူမျှသံသယမရှိကြသောကြောင့် ၎င်းသည်ဖြစ်နိုင်ချေတစ်ခုသာရှိ၏။ ၎င်းသည် ဘိုးဘေးစုန်းသွေးမျိုးဆက် အမှန်တကယ်နိုးထလာခြင်းဖြစ်ရမည်။
သို့ဖြစ်ပါက နိုးထလာသည့် ဘိုးဘေးစုန်းများသည်မည်သည့်နေရာတွင်ရှိသနည်း။ အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် စုန်းမျိုးနွယ်စုဝင်များသည် ပန်ဂုနာရီကိုလှည့်ပတ်ကာ စတင်ကခုန်ကြသည်။ ၎င်းတို့သည် စုန်းမမျိုးနွယ်စုအတွင်းရှိ စုန်းပုရောဟိတ်များဖြစ်ကြကာ ၎င်းတို့အကျွမ်းကျင်ဆုံးသည် နိမိတ်ဖတ်ပညာဖြစ်၏။ လူသားမျိုးနွယ်စု၏ ချီစွမ်းအားနည်းစနစ်နှင့်ဆင်တူသော်လည်း ပိုမိုတိကျသောရလဒ်များရရှိရန်အတွက် ဒဏ္ဍာရီလာစုန်းနတ်ဘုရားများကို ဆင့်ခေါ်ခြင်းသည် ကောင်းကင်စုန်းမျိုးနွယ်စု၏ ထူးခြားသောလက္ခဏာဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူစုန်းပရောဟိတ်သည် ရုတ်တရက်သွေးစိမ်းများအန်ထုတ်လိုက်ပြီးနောက် သူ့မျက်နှာသည် ချက်ချင်းဖြူဖျော့သွား၏။ သို့သော်လည်း စုန်းပုရောဟိတ်ကြီးသည် အဆင်မပြေမှုတစ်စုံတစ်ရာမခံစားရသည့်အပြင် စိတ်လှုပ်ရှားနေပုံရသည်။
"ဘိုးဘေးစုန်းသွေးမျိုးဆက်က ငါတို့ဂိုဏ်းထဲမှာပဲရှိတယ်၊ သူတို့က နှစ်ယောက်ဖြစ်တဲ့အပြင်၊ အိမ်ထောင်သည် စုံတွဲတွေလည်းဖြစ်သေးတယ်ဟေး!"
စုန်းပုဟောဟိတ်ကြီးသည် ထိုစကားကိုချန်ထားခဲ့ပြီးတဲ့နောက်တွင် ဆက်မထိန်းထားနိုင်တော့ဘဲ သတိလစ်သွားခဲ့သည်။ နတ်စုန်းဂိုဏ်း၏အရာရှိများသည်လည်း ဤသတင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ အာရုံပြန်မရကြသေးချေ။ နတ်ဘုရားသိုင်းဂိုဏ်းတွင်နေထိုင်သော ဘိုးဘေးစုန်းနှစ်ဦးသည် အိမ်ထောင်သည်လင်မယားဖြစ်သည်။ နတ်စုန်းဂိုဏ်းသည် မည်သည့်ကုသိုလ်ထူးများကြောင့် တစ်ဦးတည်းမဟုတ်ဘဲ ဘိုးဘေးစုန်းသွေးမျိူးဆက် နှစ်ဦးကိုရရှိခဲ့ကြသနည်း။
နောက်အခိုက်အတန့်တွင် နတ်စုန်းဂိုဏ်းတစ်ခုလုံးစတင်လှုပ်ရှားလာကာ သွေးမျိုးဆက်များကိုစတင်စစ်ဆေးခဲ့ကြသည်။ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးပြီးသည့်တိုင် သဲလွန်စတစ်စုံတစ်ရာကို မတွေ့ရသေးချေ။
“နတ်ဘုရားသိုင်းဂိုဏ်းထဲမှာ ဘယ်တပည့်တွေ စစ်ဖို့ကျန်သေးလဲ”
"ငါတို့ဂိုဏ်းထဲမှာဆိုရင် ရီကျင်းချုံနဲ့ ရီချင် နှစ်ယောက်ပဲ ကျန်တော့မယ်"
အကြည့်အားလုံးသည် ၎င်းတို့ထံကျရောက်သွားခဲ့သည်။ ရီကျင်းချုံနှင့် ရီချင်တို့သည် နတ်စုန်းဂိုဏ်း၏ကျင့်ကြံသူများဖြစ်ကြကာ ၎င်းတို့နှင့်မစိမ်းကြချေ။ ၎င်းတို့၏ထူးချွန်သောစွမ်းရည်များကြောင့်လူသိများသည့်အပြင် အရေးအကြီးဆုံးမှာ သူတို့သည်အိမ်ထောင်ဖက်များဖြစ်ကြသည်။ အရာရှိများသည် စုန်းပုရောဟိတ်၏နောက်ဆုံးစကားများကို ပြန်လည်သတိရလာကြသည်။ အရာအားလုံးသည် သူ၏နောက်ဆုံးစကားများနှင့် ကိုက်ညီနေလေ၏။ တိုက်ဆိုင်မှုတစ်ခုသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်သော်လည်း တိုက်ဆိုင်မှုများစွာဖြစ်ပေါ်လာပါက ၎င်းသည်တိုက်ဆိုင်မှုသပ်သပ်သာမဖြစ်နိုင်တော့ချေ။ နတ်ဘုရားသိုင်းဂိုဏ်းမှ ထိပ်တန်းအရာရှိများသည် နှောင့်နှေးမနေဘဲ တံခါးပိတ်ကျင့်ကြံနေသည့်ဂူအိမ်သို့ အမြန်ပြေးသွားကြသည်။
"ငါ သူတို့ကို သွားခေါ်ရမလား"
ရာထူးကြီးစုန်းမျိုးနွယ်ဝင်တစ်ဦးကမေးလိုက်သော်လည်း နတ်စုန်းဂိုဏ်း၏ဂိုဏ်းချုပ်ဝူချန်က ချက်ချင်းတားဆီးခဲ့သည်။
“မလိုတော့ဘူး၊ အတည်ပြုပြီးပြီ”
ဝူချန်သည် ဂူအိမ်အတွင်းမှ၎င်း၏သွေးမျိုးဆက်ရနံ့ပြည့်နှက်နေသည့် ရောင်ဝါကိုခံစားမိပြီးဖြစ်၏။ ၎င်းသည် နတ်စုန်းဂိုဏ်း၏ထင်ရှားကျော်ကြားသော ဂိုဏ်းဆရာကြီးဖြစ်ကာ နက်နဲအင်မော်တယ်အထွတ်အထိပ်အဆင့်တွင်ရှိသည်။ ၎င်းကိုဖိနှိပ်နိုင်သည့်တစ်ခုတည်းသော သွေးမျိုးဆက်သည်ဘိုးဘေးစုန်းသွေးမျိုးဆက်မှလွဲ၍ အခြားမရှိချေ။ မြင့်မြတ်သောပန်ဂုအရှင်သည် ၎င်းတို့၏နတ်စုန်းဂိုဏ်းကို သနားညှာတာသောအားဖြင့် တစ်ယောက်တည်းသာမကဘဲ ဘိုးဘေးစုန်းသွေးမျိုးဆက်ပိုင်ရှင် နှစ်ဦးကိုမွေးဖွားခွင့်ပေးခဲ့သည်။
"အားလုံးပဲ၊ ဘိုးဘေးစုန်းကလေးနှစ်ယောက်ရဲ့ ကျင့်ကြံရေးကိုနှောက်ယှက်မိလို့မဖြစ်ဘူးနော်!"
………
အခန်း ၂၂၁ - ဝူရှန်းဘိုးဘေး၏ အဓိကတပည့်
စုန်းမျိုးနွယ်စုအတွက် ဘိုးဘေးစုန်း ကလေးများ၏ အရေးပါပုံမှာထင်ရှားသည်။ အားလုံးသည် နိုးနိုးကြားကြားဖြစ်လာကြကာ ယခုအချိန်တွင် ၎င်းတို့အတွက်အရေးကြီးဆုံးသည် ဘိုးဘေးစုန်းကလေးများ ကြီးထွားလာစေရန်ဖြစ်သည်။
အရာအားလုံးအဆင်သင့်ဖြစ်လုနီးပါးဖြစ်နေကာ မကြာမီတွင် ၎င်းတို့သည်ချန်မင်ကမ္ဘာကို တိုက်ခိုက်နိုင်တော့မည်ဖြစ်၏။ သို့သော် လက်ရှိတွင် ဝူချန်သည်တုံ့ဆိုင်းနေ၏။
ကောင်းကင်စုန်းကမ္ဘာ၏ အဓိကဂိုဏ်းကြီးသုံးခုသည် ချန်မင်ကမ္ဘာကိုတိုက်ခိုက်ရန် ကြံစည်ရခြင်းအကြောင်းရင်းမှာ ဂိုဏ်းများ ပိုမိုကောင်းမွန်တိုးတက်စေရန်အတွက်ဖြစ်သည်။ ယခုတွင် နတ်စုန်းဂိုဏ်း၌ ဘိုးဘေးစုန်းကလေးများရှိနေပြီဖြစ်ကာ ၎င်းတို့သည် အနာဂတ်တွင် အနည်းဆုံးအင်မော်တယ်ဧကရာဇ်အဆင့်တွင် ရှိနေမည်ဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးစုန်းသွေးမျိုးဆက်ကို အပြည့်အဝနိုးထစေနိုင်ပါက ဒဏ္ဍာရီလာစုန်းဘိုးဘေးများဖြစ်လာနိုင်သည်။ ဤအခြေအနေများဖြင့် နတ်စုန်းဂိုဏ်းသည် တည်ငြိမ်နေစွာတိုးတက်နေသရွေ့ နယ်မြေသုံးထောင်၏အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါက ချန်မင်ကမ္ဘာကို တိုက်ခိုက်ရန်လိုပါဦးမလား။
လူသားမျိုးနွယ်စုသည်လည်း အားမနည်းကြချေ။ အကယ်၍ မအောင်မြင်လျှင် နတ်စုန်းဂိုဏ်းသည် အကျိုးဆက်များကိုခံနိုင်ရည်ရှိမည်လား။ ချန်မင်ကမ္ဘာကိုတိုက်ခိုက်ရန်အရှိန်ကို နှောင့်နှေးစေခြင်းကသာ ၎င်းတို့အတွက်ပိုကောင်းလိမ့်မည်ပုံရသည်။
အခြားဂိုဏ်းနှစ်ခု သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ၎င်းနှင့်ပတ်သက်၍ နတ်စုန်းဂိုဏ်းနှင့်မသက်ဆိုင်ချေ။ ကောင်းကင်စုန်းကမ္ဘာ၏ အဓိကဂိုဏ်းကြီးသုံးခုအနက်မှ တစ်ခုအနေဖြင့် နတ်ဘုရားသိုင်းဂိုဏ်းသည် ပထမအဆင့်ဂိုဏ်းဖြစ်သောကြောင့် အခြားဂိုဏ်းနှစ်ခုကိုကြောက်စရာမရှိပေ။
ဝူချန်သည် ချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ချန်မင်ကမ္ဘာကို တိုက်ခိုက်မည့်အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားရမည်။ အနည်းဆုံး အနှစ်တစ်ထောင်အတွင်း ချန်မင်ကမ္ဘာကို လုံးဝတိုက်ခိုက်လိမ့်မည်မဟုတ်။ ဘိုးဘေးစုန်းကလေးနှစ်ယောက် ကြီးပြင်းလာသည်အထိ စောင့်ကြရမည်။ ထိုအချိန်တွင် ဘိုးဘေးစုန်းကလေးနှစ်ယောက် ကြီးပြင်းလာပြီး နတ်စုန်းဂိုဏ်းကိုဦးဆောင်ကာ ချန်မင်ကမ္ဘာကိုတိုက်ခိုက်မည်ဆိုလျှင် ၎င်းတို့ကို မည်သူကတားဆီးနိုင်မည်နည်း။ နတ်စုန်းဂိုဏ်း၏ အနာဂတ်သည် တောက်ပနေ၏။ ဝူချန်သည်ကံကောင်းလွန်းသဖြင့် စုန်းဘိုးဘေးများထွန်းကားလာခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံရတော့မည်။
ရီဖန်၏မရည်ရွယ်ထားသောလှုပ်ရှားမှုကြောင့် ချန်မင်ကမ္ဘာထံကျရောက်မည့်ကပ်ဆိုးကြီးသည် နှစ်ထောင်ပေါင်းများစွာကြာအောင် ရွှေ့ဆိုင်းခဲ့ရသည်ကို ချန်မင်ကမ္ဘာမှလူများ စိတ်ကူးယဉ်နိုင်မည်မဟုတ်ပေ။
ရီချင်နှင့် ရီကျင်းချုံတို့ကိုဘိုးဘေးစုန်းကလေးများအဖြစ် အတည်ပြုပြီးနောက် နတ်စုန်းဂိုဏ်းသည် မျိုးနွယ်စုအစည်းအဝေးတစ်ခုကို ချက်ချင်းခေါ်ယူကာ ၎င်းတို့၏ အထောက်အထားများနှင့် နတ်ဘုရား၏ကလေးများအဖြစ်ကြေညာခဲ့သည်။ လူသားမျိုးနွယ်နှင့်မတူဘဲ စုန်းမျိုးနွယ်စု၏ အတွေးအမြင်သည် ပို၍ရိုးရှင်းသည်။ နတ်စုန်းဂိုဏ်းမှ စုန်းနှစ်ယောက်သည် နတ်ဘုရား၏ကလေးများဖြစ်လာခြင်းကို မည်သူကမှဆန့်ကျင်ခြင်းမရှိချေ။
စုန်းဘိုးဘေးသွေးမျိုးဆက်သည် ၎င်းတို့၏နှလုံးသားထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောကြောင့် နောင်အခါတွင် ဘိုးဘေးစုန်းကလေးများနောက်သို့လိုက်နိုင်ခြင်းသည် စုန်းမျိုးနွယ်စု၏ကံကောင်းခြင်းဟုယုံကြည်ကြသည်။
ရီချင်နှင့်ရီကျင်းချုံတို့သည် ၎င်းတို့၏ကျင့်ကြံမှုကိုပင် လှုံ့ဆော်ပေးခဲ့သည်။ လူတိုင်းသည် နတ်ဘုရား၏ကလေးနှစ်ယောက်နှင့်မလိုက်မှီနိုင်လျှင် ၎င်းတို့လက်အောက်ခံစုန်းတပ်သားများဖြစ်မလာနိုင်မည်ကိုစိုးရိမ်သဖြင့် လူတိုင်းသည် ယခင်ကထက်ပို၍ပင်ကျင့်ကြံခဲ့ကြသည်။
နတ်စုန်းဂိုဏ်းအတွင်းရှိ ရုတ်တရက်ပြောင်းလဲမှုများကို သတိပြုမိလိုက်ရာ ဝူချန်းသည်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဘိုးဘေးစုန်းကလေးများသည် မြင့်မြတ်သောစုန်းဂိုဏ်းတွင်ပေါ်ထွန်းလာသောကြောင့် ၎င်းတို့သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံမှ ခြိမ်းခြောက်စုံစမ်းခြင်းကိုခံရတော့မည်မဟုတ်ချေ။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ၎င်းတို့၏ဘိုးဘေးစုန်းကလေးများထက် ပို၍မြင့်မားသူမရှိသည်မှာသေချာပါ၏။
ဝူချန်၏ခေါ်သံကို ကြားလိုက်ရသကဲ့သို့ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရှေ့ဘက်တိုက်နယ်မြေတွင် နေရာလွတ်ထဲမှ လေညင်းလေးတစ်ခုတိုက်ခတ်လာကာ စုယန်၏ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်သွားသည်။ စုပ်ယူခြင်းလုပ်ငန်းစဉ်သည် ရီချင်နှင့် အခြားသူများ ဖြတ်သန်းခဲ့သည့်ဖြစ်စဉ်နှင့် များစွာကွာခြားခြင်းမရှိပေ။ စုယန်၏ အရည်အချင်းနှင့် ကျင့်ကြံမှုအဆင့်သည် စဉ်ဆက်မပြတ်တိုးတက်လာပြီးနောက် ၎င်း၏ကိုယ်ခန္ဓာအတွင်းတွင် မူလချီလင်ဘိုးဘေးငါးပါးထဲမှ တစ်ပါးဖြစ်သည့် လေချီလင်သွေးမျိုးဆက်လည်းရှိနေသည်။
ချီလင်သည် ကမ္ဘာပေါ်ရှိမွန်းစတားအားလုံးကို ထိန်းချုပ်ထားကာ ၎င်း၏အဆင့်အတန်းသည်လည်း အလွန်မြင့်မား၏။ အထူးသဖြင့် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကပ်ဆိုးကြီးပြီးနောက် ချီလင်မျိုးနွယ်စုသည် နဂါးမျိုးနွယ်စုထက် ဆုံးရှုံးမှုပိုများခဲ့သည်။ ယခုအချိန်တွင် ချီလင်ဘိုးဘေးများ၏ သွေးမျိုးဆက်ကိုမဆိုထားနှင့် ချီလင်သွေးသန့်သွေးမျိုးဆက်ကိုပင် တွေ့ရခဲသည်။ စုယန်၏သွေးမျိုးဆက်နိုးထလာသောကြောင့် စုယန်၏ခန္ဓာကိုယ်အတွင်းတွင် ဝူရှန်းဘိုးဘေးများထားခဲ့သောအမှတ်အသားသည်လည်း စတင်အသက်ဝင်လာသည်။
အဝေးမှဝူရှန်းဘိုးဘေးသည် စုယန်၏ကိုယ်တွင်းရှိ လေချီလင်သွေးမျိုးဆက်ကို ခံစားလိုက်ရသောအခါတွင် အံ့ဩသွား၏။
“လေချီလင်သွေးသန့်သွေးမျိုးဆက်က ဟိုးအရင်က တပည့်တစ်ယောက်ထက်ပိုကောင်းတာပဲ"
ဝူရှန်းဘိုးဘေးကညည်းညူလိုက်ရင်း လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာဆီသို့ ပြန်တွေးမိသည်။ သူသည်လည်း ထိုအချိန်က ကပ်ဘေးကိုမျက်မြင်တွေ့ခဲ့ရသည့် ပါဝင်ပတ်သက်သူတစ်ဦးဖြစ်သည်။ လေစွမ်းအားချီလင်ထိန်းချုပ်ထားသည့် မူလလေစွမ်းအားလမ်းကြောင်းသည် ဝူရှန်းအတွက် ကောင်းမွန်သည့်ဆက်နွယ်မှုဖြစ်သည်။ လေသည် ပုံသဏ္ဍာန်မရှိသောအရာလည်းဖြစ်၏။
ထိုအချိန်က ဝူရှန်းသည် လေစွမ်းအားချီလင်ကို ၎င်း၏ အမွေဆက်ခံသူအဖြစ်ပင်စဉ်းစားခဲ့သော်လည်း ကံမကောင်းဖြင့် ချီလင်မျိုးနွယ်စုဝင်များသည် ခေါင်းမာကြသောကြောင့် ဝူရှန်း၏အကြံဥာဏ်ကို သဘောတူဘဲ ၎င်းတို့သည် နောက်ဆုံးတွင်ကပ်ဘေးထဲ၌ ဆုံးပါးသွားကြရာ ၎င်းသည် ဝူရှန်းအတွက် အမြဲနောင်တရစရာဖြစ်နေခဲ့သည်။ လေစွမ်းအားချီလင်သေဆုံးသွားပြီးနောက်တွင် ဝူရှန်းသည် သင့်လျော်သောဆက်ခံသူကို ဘယ်တော့မှရှာတွေ့တော့မည်မဟုတ်ဟုတွေးခဲ့သော်လည်း ယခုအခါတွင် မမျှော်လင့်ဘဲ လေစွမ်းအားချီလင်၏သွေးမျိုးဆက်ဖြင့်နိုးထလာသူ နောက်တစ်ယောက်ရှိနေပြီဖြစ်ကာ၊ ၎င်း၏သွေးမျိုးဆက်သည် ပို၍ပင်သန့်စင်သေး၏။
ဝူရှန်းအတွက် အကောင်းဆုံးသတင်းမှာ ရှေးယခင်ကချီလင်ဘိုးဘေးနှင့်မတူဘဲ ဤနိုးထလာသူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့်သက်ဆိုင်နေသူဖြစ်သည်။ ဝူရှန်းသည် သူမကိုဆွဲဆောင်ရန်ပင်မလိုချေ။ ၎င်းသည် သူ၏ဆက်ခံသူအတွက်ပြီးပြည့်စုံသော ရွေးချယ်မှုဖြစ်၏။ နောက်တစ်ခဏတွင် အရှေ့ဘက်တိုက်နယ်မြေရှိဌာနခွဲ၌ ဝူရှန်းဘိုးဘေးချန်ထားခဲ့သောကိုယ်ပွားသည် ချက်ချင်းအသက်ဝင်လာခဲ့သည်။
ဝူရှန်းဘိုးဘေး၏အသက်ရှူသံထွက်ပေါ်လာသည့်အခါ၌ ဌာနခွဲအတွင်းရှိလူနိုင်းသည် စိတ်လှုပ်ရှားလာကြ၏။ ဝူရှန်းသည် ၎င်းတို့၏ယုံကြည်ရာဖြစ်သည်။ ယခုတွင် ၎င်းတို့ယုံကြည်ရာ၏တည်ရှိမှုကို ခံစားရသောကြောင့် မည်သို့စိတ်လှုပ်ရှားဘဲနေမည်နည်း။ အကယ်၍ နှလုံးသားစွမ်းအားကျင့်ကြံသော ကျင့်ကြံသူများရှိပါက ဤကျင့်ကြံသူများထံမှယုံကြည်ခြင်းကြိုးများ ထွက်ပေါ်လာပြီးနောက် ဝူရှန်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်ကို သတိပြုမိမည်ဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုသည် အခြားထိန်းချုပ်နည်းများထက် ပို၍ကြောက်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ရာတစ်ခုသည် ၎င်း၏နောက်လိုက်များ၏နှလုံးသားနှင့်ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားနိုင်သောကြောင့်ဖြစ်သည်။
တစ်ဖက်တွင် ရီမိသားစု၏ကျင့်ကြံသူများသည် ဝူရှန်း၏ရောက်ရှိလာသည်ကို ခံစားမိသောအခါတွင် ကြောက်ရွံ့နေကြ၏။ အဘိုးကြီးသည် ဤအချိန်တွင် အရှေ့ဘက်တိုက်နယ်မြေဌာနခွဲသို့ အဘယ်ကြောင့်ရောက်ရှိလာရသနည်း။ ရီမိသားစုသည် ယခုအချိန်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ပိုက်ဆံအိတ်များထံမှ မစွန့်ခွါလိုကြသေးချေ။ ၎င်းတို့၏နှလုံးသားထဲတွင် မကျေမနပ်ဖြစ်နေကြသော်လည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ မကုန်ခန်းနိုင်သောဘဏ္ဍာတိုက်အကြောင်းစဉ်းစားလိုက်ရာ လူတိုင်းသည်စိတ်လှုပ်ရှားစပြုလာ၏။
ရီဖန်သည် ရီမိသားစု၏ကျင့်ကြံသူတိုင်းကို နှလုံးသားစွမ်းအားကိုကျင့်ကြံရန် ညွှန်ကြားထားသောကြောင့် ၎င်းတို့၏ နှလုံးသားစွမ်းအားအဆင့်သည် အလွန်မြင့်မားခြင်းမရှိသော်လည်း ယုံကြည်ကိုးကွယ်မှုကို အတုခိုးရန်လုံလောက်သည်။ ရီမိသားစု၏ကျင့်ကြံသူများသည် အခြားရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ကျင့်ကြံသူများထက်ရူးသွပ်ယောင်ဆောင်လာကြ၏။
‘ဝူရှန်း၊ မင်းက ငါ့ရဲ့နတ်ဘုရားပဲ!’
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများ၏ပြုမူပုံကိုခံစားရင်း ဝူချန်သည်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယုံကြည်ခြင်းစွမ်းအားဖြင့် သက်ရှိသတ္တဝါများကိုထိန်းချုပ်နည်းကို သူအလွန်နှစ်သက်လှ၏။
"စုယန် ဘယ်မှာလဲ"
ဝူရှန်းသည်ခေါင်းလှည့်ကာ ဌာနခွဲသခင်ကိုမေးလိုက်သည်။ နောက်ဆုံးတွင် စုယန်ရောက်ရှိလာ၏။
"ဝူရှန်းကို နှုတ်ခွန်းဆက်ပါတယ်၊ ရှင်က ကျွန်မတို့ရဲ့နတ်ဘုရားပါ"
စုယန်က မဆိုင်းမတွပြောလိုက်သည်။ ဝူရှန်းသည်လည်း စုယန်ကို စတင်စူးစမ်းလေ့လာခဲ့သည်။ သူမသည် သူ့ထိန်းချုပ်မှုမှလွတ်မသွားကြောင်း သေချာသွားသည့်အခါမှသာ ဝူရှန်းသက်ပြင်းချလိုက်နိုင်သည်။ ၎င်းသည် ပုံမှန်စစ်ဆေးခြင်းသာဖြစ်သော်လည်း ဝူရှန်းသည် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်ရှိ ဤလူသားမျိုးနွယ်စုကျင့်ကြံသူသည် လေစွမ်းအားချီလင်သွေးမျိုးဆက်ကို နိုးကြားစေခဲ့လျှင်ပင် သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်မည်ဟု မယုံကြည်ပေ။
"မင်းက စုယန်လား။ အရမ်းကောင်းတယ် မင်းငါ့တပည့်ဖြစ်ချင်လား”
ဝူရှန်း၏တပည့်? ၎င်းကိုကြားသည့်အခါတွင် စုယန်ကိုယ်တိုင်မယုံနိုင်ခဲ့ချေ။
…..
အခန်း ၂၂၂ - ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကိုလွှမ်းမိုးရန် ပထမခြေလှမ်း
စုယန်သည် အလွန်အလုပ်ကြိုးစားခဲ့ရှာသော်လည်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အဆင့်မြင့်ထဲသို့ပင် မတက်လှမ်းနိုင်ခဲ့ချေ။ သို့သော်ယခုတွင် သူမသည် ဝူရှန်းဘိုးဘေး၏ အဓိကတပည့်ဖြစ်လာ၏။ ဤကဲ့သို့သောအရာမျိုးကို မည်သည့်ဘုရားက ကြိုတင်ကြံစည်ခဲ့သနည်း။
ထိုအချိန်တွင် စုယန်သည် ရီဖန်သူမကိုပေးခဲ့သော လေစွမ်းအားချီလင်အဆင့်ကို သတိရသွား၏။ ဤပြောင်းလဲမှုကာလအတွင်း ဝူရှန်းဘိုးဘေး၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူမ၏လေစွမ်းအားချီလင်အဆင့်ပေါင်းစည်းခြင်းဖြစ်သည်။
"ရီဖန်က တကယ့်ကို အံ့ဩစရာပဲ၊ ဒီတစ်ခါတော့ သူ့ကို ကောင်းကောင်းဆုချရမယ်"
စုယန်ဘာမှပြန်မပြောသည်မှာကြာနေပြီဖြစ်ရာ ဝူရှန်းဘိုးဘေးကထပ်မေးလိုက်သည်။
"မင်းဆန္ဒမရှိဘူးလား?"
တံခါးသခင်သည် ဝူရှန်းဘိုးဘေးကိုအတုကိုမြင်နေရသကဲ့သို့ ခံစားရသည်။ ဝူရှန်းဘိုးဘေးသည် ယခင်ကကြင်နာတတ်သူမဟုတ်ဘဲ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိကျင့်ကြံသူများသည် ၎င်းအတွက်ဘာမှမဟုတ်ပေ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတွင်
နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည် တံခါးသခင်သည် ထိုသူဤကဲ့သို့ နူးညံ့သိမ်မွေ့သည်ကိုတစ်ခါမျှမမြင်ဖူးချေ။ ဝူရှန်းဘိုးဘေးသည် သူမကိုအလွန်တန်ဖိုးထားသည်အထိ စုယန်၏နောက်ခံသည် အဘယ်နည်း။
စုယန်သည် နောက်ဆုံးတွင် ရီဖန်ကိုဆုပေးမည့်အကြောင်း စိတ်ကူးမယဉ်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မ သေချာပေါက်ကို ဆန္ဒရှိပါတယ်!”
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အဆင့်မြင့်ထဲသို့ ခြေတစ်လှမ်းချင်းတက်လှမ်းခြင်းထက် အချီကြီးအောင်မြင်သွားပြီဖြစ်ရာ စုယန်သည် မည်ကဲ့သို့မပျော်ရွှင်ဘဲရှိမည်နည်း။
“ကောင်းတယ်။ အခုကစပြီး မင်းက ငါ့ရဲ့ပထမဆုံး အဓိကတပည့်ပဲ၊ မင်းကို ယွမ်ဖန်လို့နာမည်ပေးမယ်”
အဓိကတပည့်ဖြစ်ခြင်းသည် သာမန်တပည့်တစ်ဦးနှင့် လုံးဝမတူသောအဆင့်အတန်းတွင်ရှိသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ကျင့်ကြံသူအားလုံးသည် စုယန်ကိုမနာလိုစွာကြည့်နေကြသည်။ စုယန်သည် တစ်ခုန်တည်းဖြင့် ကောင်းကင်ပေါ်သို့တက်လှမ်းသွား၏။ ထိုအချိန်တွင် တံခါးသခင်သည် သူယခင်က စုယန်ကို ရန်စမိသလားဟုစတင်တွေးတောနေသည်။ စုယန်နှင့်သူ၏ဆက်ဆံရေးသည် အလွန်ကောင်းမွန်သောကြောင့် ထိုကဲ့သို့မဖြစ်နိုင်ပေ။ အဆုံးထိပြန်တွေးပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမကိုရန်မစခဲ့မိသည်မှာ အလွန်ကောင်း၏။ အနာဂတ်တွင်စုယန်သည် ၎င်း၏အသက်ကို စကားလုံးတစ်လုံးတည်းဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိလာလိမ့်မည်ဖြစ်ရာ သူမကိုလက်ထောက်သခင်တစ်ဦးကဲ့သို့ မဆက်ဆံဝံ့တော့ချေ။
ဗောဓိဘိုးဘေးနှင့်ယှဉ်လျှင် ဝူချန်းဘိုးဘေးသည် ပို၍ပင် ယုံကြည်စိတ်ချရပုံရသည်။ စုယန်ကို သူ့တပည့်အဖြစ်လက်ခံပြီးနောက် သူမကိုချက်ချင်းလေ့ကျင့်ပေးခဲ့သည်။ အထူးကောင်းမွန်သောအရင်းအမြစ်မျိုးစုံကို စုယန်ကို အကုန်ပေးအပ်ခဲ့သည်။ အရင်းအမြစ်များသည် ယခုအချိန်တွင်အသုံးမဝင်သေးသော်လည်း ၎င်းတို့သည်အလွန်အဖိုးတန်လှ၏။ ထို့အပြင် ကျင့်ကြံနည်းမျိုးစုံနှင့်အတူ စုယန်သည် အင်မော်တယ်ဘုရင်နယ်ပယ်ကိုမဖြတ်ကျော်မီအချိန်အထိ အရင်းအမြစ်များပြတ်တောက်လိမ့်မည်မဟုတ်ဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် ဝူရှန်းဘိုးဘေးသည် စုယန်ကို သူနှင့်အတူကျင့်ကြံရန်အတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနချုပ်သို့ သွားရောက်လိုခြင်းရှိမရှိကို မေးမြန်းခဲ့သည်။ ၎င်းကိုစဉ်းစားပြီးနောက် စုယန်သည်ငြင်းဆိုလိုက်၏။ စုယန်၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ဝူရှန်းဘိုးဘေးများအဓိကတပည့်တစ်ဦး ဖြစ်သည့်တိုင် သူမသည် လူအုပ်ကိုလွှမ်းမိုးနိုင်စွမ်းရှိဦးမည်မဟုတ်ပေ။ ၎င်းအစား ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းတက်ရခြင်းကို ပိုသဘောကျသည်။ ပထမဦးစွာ အရှေ့ဘက်တိုက်နယ်မြေကိုသိမ်းပိုက်ပြီးနောက် ချန်မင်ကမ္ဘာတစ်ခုလုံးကိုအုပ်စိုးနိုင်လိမ့်မည်။
သူမသည် လုံလောက်သောကျင့်ကြံမှုအဆင့်ကိုရရှိသောအခါမှသာလျှင် ပိုမိုကြီးမားသောစွမ်းအားကိုရရှိရန်အတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနချုပ်သို့သွားရောက်မည်ဖြစ်သည်။ ထို့အပြင် ချန်မင်ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ရီမိသားစုကို လုံလောက်သောအကူအညီများပေးစွမ်းနိုင်လိမ့်မည်။ ဝူရှန်းဘိုးဘေးသည်လည်း စုယန်၏အဆိုပြုချက်ကို မကန့်ကွက်ခဲ့ပေ။ ထိုအချိန်တွင် ဝူရှန်းဘိုးဘေးသည် စုယန်၏အရည်အချင်းများကို လုံလောက်စွာမြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် စုယန်သူ၏တပည့်ဖြစ်လာခြင်းကို အလွန်ကျေနပ်နှစ်သိမ့်လျက်ရှိ၏။ ထို့ကြောင့် စုယန်၏အခြေအနေများသည် စည်းမကျော်သရွေ့ ဝူရှန်းဘိုးဘေးက ငြင်းမည်မဟုတ်ချေ။
ကြွယ်ဝသောအရင်းအမြစ်များကို ပေးအပ်ပြီးနောက် ဝူရှန်းဘိုးဘေးသည် အရှေ့ဘက်တိုက်နယ်မြေတွင် ကြာရှည်စွာမနေဘဲ ချက်ချင်းထွက်ခွာသွားခဲ့သည်။ သို့သော် မထွက်ခွာမီတွင် စုယန်ကိုတိုကင်တစ်ခုပေးခဲ့၏။ ၎င်းတိုကင်သည် ဝူရှန်းဘိုးဘေးကိုကိုယ်စားပြုကာ စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရင်းအမြစ်များကိုရောင်းစားလိုက်လျှင်ပင် မည်သူမျှကန့်ကွက်မည်မဟုတ်ပေ။
ထို့အပြင် ဝူရှန်းဘိုးဘေးသည် ၎င်းထွက်ခွာသွားသောအခါတွင် အရှေ့ဘက်တိုက်နယ်မြေ၏မူလသခင်ဖြစ်သူကို ခေါ်ဆောင်သွားသောကြောင့် ယခုအချိန်မှစ၍ စုယန်သည် အရှေ့ဘက်တိုက်နယ်မြေ၏သခင်ဖြစ်လာခဲ့သည်။ ၎င်းကိုကြားသည့်အခါတွင် စုယန်သည်အလွန်စိတ်လှုပ်ရှားသွား၏။ အခြားသခင်များသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို အကြွင်းမဲ့သစ္စာစောင့်သိသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနခွဲနှင့်ပက်သက်သည့်အရာမှန်သမျှကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဆုံးဖြတ်ခွင့်ပေးထားသည်။ တံခါးသခင်များသည် ၎င်းတို့၏သစ္စာစောင့်သိမှုကြောင့် အမြဲစည်းစနစ်ကျကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အကျိုးစီးပွားကို ထိုခိုက်စေလိမ့်မည်မဟုတ်ချေ။
သို့သော် စုယန်သည်ထိုကဲ့သို့မဟုတ်။ သူမသည် အတွင်းပိုင်းသူလျှိူတစ်ဦးဖြစ်သည့်အတွက်
အခြားသခင်များမလုပ်ရဲသည့်အရာကို စုယန်လုပ်ရဲ၏။ တခြားသခင်များသည် ဘာမှမကြံစည်ဝံ့သော်လည်း စုယန်ကကြံစည်ဝံ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ဘဏ္ဍာတိုက်အတွင်းမှ အရင်းအမြစ်များကိုကြည့်ပြီးနောက် စုယန်သည် သွားရည်ယိုလုမတတ်ဖြစ်လာသည်။ ဤတစ်ကြိမ်တွင် သူမလုပ်နိုင်ခဲ့ပြီဖြစ်သည်။ ပိုင်ဆိုင်မှုများကို စစ်ဆေးကြီးကြပ်ခြင်းမရှိသောကြောင့် စုယန်က ငွေအနည်းငယ်စီလိမ်ထုတ်ထားလျှင်ပင် မည်သူကမှသိမည်မဟုတ်ချေ။ တစ်ယောက်ယောက်ကသိခဲ့လျှင်ပင် စုယန်၏အဆင့်အတန်းကြောင့် မည်သူကမှအပြစ်တင်ရဲမည်မဟုတ်ပေ။
ထိုအချိန်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အရင်းအမြစ်များသည် ရီမိသားစု၏ပိုင်ဆိုင်မှုဖြစ်လာလိမ့်မည်မဟုတ်လား။ ယခုအခါတွင် အရှေ့ဘက်တိုက်နယ်မြေကြီးသည် သူမ၏နေရာဖြစ်လာပြီဖြစ်ရာ စုယန်သည် မကြာမီတွင် အစုလိုက်အပြုံလိုက်အစားထိုးရန်အတွက် စီစဉ်နေ၏။ နောက်ပိုင်းတွင် အရှေ့ဘက်တိုက်နယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနခွဲတစ်ခုလုံးသည် ရီမိသားစုမှလူများဖြင့်ပြည့်နေလိမ့်မည်။ ထိုအခါ အရှေ့ဘက်တိုက်နယ်မြေဌာနခွဲသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အခွဲမဟုတ်တော့ဘဲ ရီမိသားစုပိုင်ဌာနခွဲတစ်ခုဖြစ်လာလိမ့်မည်ဖြစ်၏။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံမှရရှိသောအရင်းအမြစ်များဖြင့် ရီမိသားစုအဖွဲ့ဝင်များကိုထောက်ပံ့ပေးရန် စဉ်းစားရင် စုယန်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
အနာဂတ်တွင်စုံစမ်းစစ်ဆေးမှုများရှိလာလျှင်ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အရင်းအမြစ်များကို အဖွဲ့ဝင်များမှသုံးစွဲခြင်းသည် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။ ဤသို့ဖြင့် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲသို့ဖောက်ထွင်ရန် ပထမခြေလှမ်းကို ပြီးမြောက်သွားသည်။ နောက်ပိုင်းအဆင့်များတွင် သူမပို၍ပင်ကြိုးစားအားထုတ်ရန်လိုလာလိမ့်မည်။
အရှေ့ဘက်တိုက်နယ်မြေ၍ မူလတံခါးသခင်ကို ဝူရှန်းဘိုးဘေးကအခြားတိုက်နယ်မြေသို့ ခေါ်ဆောင်သွားကာ ထိုနေရာ၏ တံခါးသခင်အဖြစ်ဆက်လက်ခန့်ထားခဲ့သည်။ အရှေ့ဘက်တိုက်နယ်မြေနှင့် နှိုင်းယှဉ်ပါက ဤနယ်မြေတွင် ၎င်း၏စွမ်းအားကပိုကောင်းမွန်လာသည်။ သို့ရာတွင် တံခါးသခင်မှာမပျော်နိုင်ခဲ့ချေ။ အကြောင်းမှာ နန်ကျိုးသို့လာရောက်ခြင်းသည် စုယန်အတွက် လမ်းခင်းရန်သပ်သပ်သာဖြစ်ကြောင်း သူသိသောကြောင့်ဖြစ်သည်။ စုယန်၏ကျင့်ကြံမှုအဆင့် ပိုမြင့်လာသည့်အခါတွင် အရှေ့တိုက်နယ်မြေနှင့်အနီးဆုံးဖြစ်သော နန်ကျိုးသည် စုယန်၏နယ်မြေဖြစ်လာလိမ့်မည်မှာသေချာပါ၏။
အနာဂတ်တွင် စုယန်၏ကျင့်ကြံမှုအဆင့်မြင့်မားလာသောအခါ ဝူရှန်းဘိုးဘေးသည် ချန်မင်ကမ္ဘာတစ်ခုလုံးကို စုယန်အားစီမံခန့်ခွဲရန်အခွင့်ကိုလွှဲပြောင်းပေးမည်ဟု သူသံသယရှိသည်။ သို့သော် သူ့ကိုယ်သူထပ်မံစဉ်းစားလိုက်သည့်အခါတွင် ငါးစာဖြစ်နေရခြင်းသည်လည်း မကောင်းလှသည်မဟုတ်။ သူသည် စုယန်အနာဂတ်တွင် ချောမွေ့စွာအုပ်ချုပ်နိုင်စေရန်အတွက် နန်ကျိုးဌာနခွဲကို ကောင်းစွာစီမံခန့်ခွဲထားမည်ဖြစ်သည်။ စုယန်သည် ကြီးအားသောရွှေပေါင်လုံးကြီးဖြစ်သောကြောင့် သူမကိုသေချာဖမ်းဆုပ်ထားနိုင်လျှင် နောင်တွင်သူသည်လည်းသေချာပေါက် ကြီးပွါးလာလိမ့်မည်။ လက်ရှိတွင် အခြားသူများသည် စုယန်၏အမည်ကိုပင်မသိကြသေးရာ ၎င်းသည်သူ့အခွင့်အရေးတစ်ခုဖြစ်လာ၏။ တံခါးသခင်သည် ချက်ချင်းပင်စိတ်လှုပ်ရှားစပြုလာကာ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြစ်လာသည်။ သို့သော်လည်း ဤကဲ့သို့ကိုယ့်ကိုယ်ကိုချစ်ခင်နေမှုသည် ဆိုးရွားသောမြင်ကွင်းတစ်ခုပင်။
အခြားတစ်ဖက်တွင် ရီမိသားစုအတွင်း၌ ရီဖန်၏ နက်နဲစွမ်းရည်ငါးခုနှင့် သာ့လော့အင်မော်တယ်ဥပဒေကို ပိုမိုနက်နဲစွာနားလည်သဘောပေါက်လာသည်နှင့်အမျှ နက်နဲအင်မော်တယ်လမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းနားလည်လာခဲ့သည်။ မဟာတာအိုပန်းတစ်ပွင့်သည် လုံလောက်သောအာဟာရလိုအပ်သည်။ ယခုအချိန်တွင် ရီဖန်ထံ၌ မပြတ်လပ်သည့်အရာသည် အရင်းအမြစ်များပင်ဖြစ်၏။ ရီဖန်သည်နှစ်ပေါင်း ၅၀၀ကျော်ကြာအောင် အေးအေးချမ်းချမ်းမနေရသေးချေ။ ယခုတွင် ရီမိသားစုမှ ရွှေအင်မော်တယ်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်နှင့်တပြိုင်နက် ငြိမ်းချင်းခြင်းကိုပြန်လည်ရှာဖွေနိုင်ပြီဖြစ်သည်။ ‘နက်နဲအင်မော်တယ်နယ်မြေရေ၊ ငါလာပြီကွ’
ကျင့်ကြံသူတစ်ဦးကို ရွှေအင်မော်တယ်နယ်ပယ်သို့ အဆင့်မြှင့်တင်ရန်မှာ လက်ရှိရီဖန်အတွက် စိန်ခေါ်မှုကြီးတစ်ခုမဟုတ်ပေ။ ရီဖန်သည် သူ့လက်ကိုရွှေ့လိုက်ရာ လက်ထဲတွင် အမြင့်ဆုံးရှန်အဆင့်ရှိ တာအိုသီးနှစ်လုံးထွက်ပေါ်လာသည်။ ဤတာအိုသစ်သီးများသည် အချိန်ကသစ်နဂါးအင်မော်တယ်ဘုရင်၏ လျော်ကြေးများဖြစ်ကြ၏။ တာအိုသစ်သီးသည် ရှန်အဆင့်သာဖြစ်သော်လည်း ၎င်း၏တန်ဖိုးသည် တာအိုအဆင့်ဝိညာဉ်ပစ္စည်းအောက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တာအိုသစ်သီး၏အစွမ်းထက်ဆုံး အကျိုးသက်ရောက်မှုသည် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်မှ ကျင့်ကြံသူများကို ရွှေအင်မော်တယ်နယ်မြေသို့ လျင်မြန်စွာကျော်ဖြတ်နိုင်ရန်အတွက် အရှိန်မြှင့်တင်ပေးသောကြောင့်ဖြစ်သည်။
………..