အခန်း ၂၂၆-၂၂၈
Vol. 16 Ch. 226-228
အခန်း ၂၂၆ - ကပ်ဖားနေသော ရွှေအင်မော်တယ်
လေးသင်္ကေတရွှေအင်မော်တယ်သည် အလွန်အံ့ဩသွား၏။ သူ၏ရွှမ်ဝူဓမ္မကိုယ်ထည်သည် ရွှေအင်မော်တယ်တစ်ဦး၏ခုခံစွမ်းအားနှင့်ပင် ယှဉ်နိုင်သည်ဖြစ်ရာ ထိုပုဆိန်လွှဲခုတ်ချက်တစ်ခုကို မည်သို့မတားဆီးနိုင်ဘဲရှိမည်နည်း။ လေးသင်္ကေတရွှေအင်မော်တယ်မသိသည်မှာ ရှင်းထျန်းတိုက်ပွဲဝိညာဉ်ကို အခင်းအကျင်းအားလုံးကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အထူးပြုလုပ်ထားခြင်းဖြစ်သည်ကိုပင်။
ရွှမ်ဝူကို ဦးဆုံးပစ်မှတ်ထားရသည့် အကြောင်းအရင်းမှာ ရွှမ်ဝူသည် အနှေးဆုံးဖြစ်သောကြောင့်ဖြစ်သည်။ ရှင်းထျန်းတိုက်ပွဲဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားသည် လုံလောက်သော်လည်း ၎င်း၏အကြီးမားဆုံးအားနည်းချက်မှာ အမြန်နှုန်းဖြစ်သည်။
လေးသင်္ကေတဓမ္မကိုယ်ထည်များကြားရှိ ဆက်နွှယ်မှုကို ဖျက်ဆီးပြီးနောက် အခြားဓမ္မကိုယ်ထည်သုံးခုနှင့် ရင်ဆိုင်ခြင်းသည် ပို၍လွယ်ကူလာခဲ့၏။
ရှင်းထျန်းသည် ခြေလှမ်းကျယ်ကြီးများဖြင့် ကျားဖြူ (ပိုင်ဟူ) ရှေ့သို့ချီတက်လာခဲ့သည်။ ပိုင်ဟူဓမ္မကိုယ်ထည်သည် တစ်ချက်ဟိန်းဟောက်လိုက်ပြီးနောက် ရှင်းထျန်းတိုက်ပွဲဝိညာဉ်ထံသို့ ၎င်း၏လက်သည်းများကိုထုတ်လွှတ်လိုက်သည်။ စစ်ပွဲနတ်မွန်းစတားဖြစ်သူ ပိုင်ဟူသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားရှိသော်လည်း ရှင်းထျန်းတိုက်ပွဲဝိညာဉ်သည် ကြီးမားသောအရံအတားတစ်ခုဖြင့် ပိုင်ဟူဓမ္မကိုယ်ထည်၏တိုက်ခိုက်မှုကို ချက်ချင်းတားဆီးလိုက်သည်။ အရံအတား၏ကိုယ်ထည်သည် လှုပ်ခတ်သွားကာ ကွဲအက်လုနီးဖြစ်သွားသော်လည်း နောက်ဆုံးတွင်၎င်းသည် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။
ထို့နောက်တွင် ရှင်းထျန်းမျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာကာ ပိုင်ဟူဓမ္မကိုယ်ထည်ထံသို့ ထုတ်လွှတ်လိုက်ရာ ၎င်းသည်တောင့်တင်းသွား၏။ တစ်ခါတရံတွင် တစ်ခဏတာမျှက တိုက်ပွဲရလဒ်ကို ဆုံးဖြတ်နိုင်သည်။နောက်ထပ် ပုဆိန်တစ်ချက်ခုန်ချလိုက်ပြီးနောက်တွင် ပိုင်ဟူဓမ္မကိုယ်ထည်လည်း ပြုတ်ကျသွားသည်။ ကောင်းကင်အင်မော်တယ်ရှီးထျန်းသည် မာနကြီးပုံမပေါ်ဘဲ ကျန်ရှိနေသောဓမ္မကိုယ်ထည်နှစ်ခုကိုသာ အေးစက်စွာစိုက်ကြည့်နေခဲ့သည်။
သူ၏အောင်မြင်မှုသည် လေးသင်္ကတရွှေအင်မော်တယ်က ၎င်းကိုလျှော့တွက်ထားသောကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ရာ ကျန်ရှိသော ဓမ္မကိုယ်ထည်နှစ်ခုကိုမူ ရင်ဆိုင်ရန်လွယ်ကူမည်မဟုတ်ပေ။
ထိုအချိန်တွင် လေးသင်္ကတရွှေအင်မော်တယ်သည် ပြန်လည်တုံ့ပြန်ခဲ့လာခဲ့သည်။ သူသည် လေးသင်္ကေတသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော မွန်းစတားလေးကောင်ကိုရှာဖွေပြီး ၎င်းတို့၏ဓမ္မကိုယ်ထည်ကိုသန့်စင်ရန်အတွက် မရေမတွက်နိုင်သောအရင်းအမြစ်များကို အသုံးပြုခဲ့သည်။ ယခုအခါတွင် ဓမ္မကိုယ်ထည်နှစ်ခုလုံး ပြိုလဲသွားပြီဖြစ်ရာ လေးသင်္ကေတဓမ္မကိုယ်ထည်၏ အကျိုးသက်ရောက်မှု လုံးဝမရှိတော့ပေ။
သူ၏အဖိုးတန်ဆုံးရတနာကို ဖြုန်းတီးမိပြီးနောက် လေးသင်္ကေတရွှေအင်မော်တယ်သည် ရူးသွပ်သွားခဲ့၏။
"ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သေချာပေါက် သတ်မယ်!"
ရူးသွပ်နေသော ရွှေအင်မော်တယ်လေးသင်္ကေတ၏ ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကောင်းကင်အင်မော်တယ်ရှီးထျန်းသည် အပြုံးမပျက်ချေ။
"ဧကရီရောက်ရှိလာပါပြီ!"
ရေတိမ်တိုက်ရွှေအင်မော်တယ်သည်လည်း တစ်စုံတစ်ခုကိုခံစားမိလိုက်ကာ သူမခေါင်းကိုမော့ပြီးနောက် မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ကြည့်လိုက်သည်။ ဝေးကွာသော မိုးကုပ်စက်ဝိုင်းထက်တွင် ဖီးနစ်ရထားလုံးတစ်စင်းကို မီးတောက်ဖီးနစ်နှစ်ကောင်ဆွဲလာကာ ရထားလုံးနောက်တွင် ဖီးနစ်အမျိုးသမီးစစ်တပ်သည် စွမ်းအားကြီးသောရောင်ဝါကို ထုတ်လွှတ်လျက် ရီရှောင်းရှောင်းကို ခေါ်ဆောင်လာသည်။ မကြာမီတွင် ဖီးနစ်ရထားလုံးရောက်ရှိလာကာ ရထားပေါ်မှ ချောမောလှပသောသူတစ်ဦး ဆင်းသက်လာခဲ့သည်။ ရီရှောင်းရှောင်းပေါ်လာသောအခါတွင် ရေတိမ်တိုက်ရွှေအင်မော်တယ်သည် အသက်ရှူမှားသွားရ၏။
ရေတိမ်တိုက်ရွှေအင်မော်တယ်သည် သူမကိုယ်သူမ လှပသည်ဟုအမြဲထင်ခဲ့သော်လည်း ရီရှောင်းရှောင်းကိုမြင်လိုက်ရသောအခါတွင် သူမသည် မနာလိုခြင်းကို ခံစားခဲ့ရသည်။
ရီရှောင်းရှောင်းသည် အသက်ရှူလွဲမှားလောက်အောင် လှပသည်။ သူမသည် သဘာဝအတိုင်း လှပရုံသာမက ဧကရီအဖြစ် နှစ်ပေါင်းများစွာ ကျင့်ကြံထားလာသော ရောင်ဝါကြောင့် အလွန်ကျက်သရေရှိနေခဲ့၏။ ရီရှောင်းရှောင်းသည် အရှေ့ပြည်နယ်၏ဧကရီဖြစ်ရုံသာမကဘဲ အရှေ့ပြည်နယ်၏အလှဆုံးအမျိုးသမီးလည်း ဖြစ်သည်ဟုဆိုနိုင်သည်။
သို့သော် လူအများစုသည် ရီရှောင်းရှောင်းကို မြင်ခွင့်မရသောကြောင့် သူမသည် အလှလေးတစ်ဦးဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ကြပေ။
ဒေါသထွက်ကာ လူသတ်လိုစိတ်အပြည့်ဖြစ်နေသော လေးသင်္ကေတရွှေအင်မော်တယ်သည် ရီရှောင်းရှောင်းကိုမြင်သောအခါ နွေခေါင်ခေါင်တွင် ရေခဲမုန့်စားလိုက်ရသကဲ့သို့ ဒေါသများချက်ချင်း ပျောက်ကွယ်သွားကာ အလွန်လှကြောင်းသာရေရွတ်နေတော့သည်။ ရုတ်တရက် လေးသင်္ကေတရွှေအင်မော်တယ်သည် ရေတိမ်တိုက်ရွှေအင်မော်တယ်၏ နောက်လိုက်ဖြစ်ရခြင်းမှာ အဓိပ္ပါယ်မရှိဟု ခံစားလိုက်ရသည်။ ရီရှောင်းရှောင်း၏ နောက်လိုက်ဖြစ်ရခြင်းက ပိုကောင်းလိမ့်ဦးမည်။
သို့သော် သူမသိလိုက်သည်မှာ ရီရှောင်းရှောင်းနှင့် ရေတိမ်တိုက်ရွှေအင်မော်တယ်နှစ်ဦလုံးက သူ့ကိုစိတ်မဝင်စားသည်ကိုပင်။ ရီရှောင်းရှောင်းပေါ်ထွက်လာမှုက လေထုကို ပို၍တင်းမာစေသည်။
“ကဲ၊ မင်းတို့ တာ့ယွီအင်ပါယာကိုဝင်ဖို့ အခွင့်အရေးရှိသေးတယ်နော်”
ရီရှောင်းရှောင်းသည် ရောက်ရှိနေသော အခြားရွှေအင်မော်တယ်များကို အေးစက်စွာ စိုက်ကြည့်နေသည်။ အထူးသဖြင့် ရေတိမ်တိုက်ရွှေအင်မော်တယ်ကိုပင်။
ရေတိမ်တိုက်ရွှေအင်မော်တယ်သည် ရွှေအင်မော်တယ်များ၏ခေါင်းဆောင်ဖြစ်သည်ကို ရီရှောင်းရှောင်း တပ်အပ်ပြောနိုင်သည်။ ရေတိမ်တိုက်ရွှေအင်မော်တယ်ကို သူမဆွဲဆောင်နိုင်သရွေ့ အခြားသော ရွှေအင်မော်တယ်အများစုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ရွှေအင်မော်တယ်များသည် တာ့ယွီအင်ပါယာအတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်နိုင်လျှင် ရီဖန်သည် ၎င်းတို့ကိုတိုက်ခိုက်ရန် မလိုလားပေ။ နောက်အခိုက်အတန့်တွင် သူမ၏ စည်းရုံးနိုင်စွမ်းအားကို မြှင့်တင်ရန်အတွက် လူသားဧကရာဇ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။
၎င်းတို့အားလုံးသည် ရွှေအင်မော်တယ်နယ်မြေ၌ရှိကြသော်လည်း၊ ရီရှောင်းရှောင်း သည် ထိုရွှေအင်မော်တယ်များကို သူမမျက်လုံးထဲတွင်ပင် မထည့်ထားချေ။
၎င်းတို့အားလုံး စုပေါင်းထားလျှင်ပင် နက်နဲအင်မော်တယ်နယ်ပယ်ရှိကျင့်ကြံသူများသာ ရီရှောင်းရှောင်း၏အာရုံကိုဆွဲဆောင်နိုင်လိမ့်မည်။ ရီရှောင်းရှောင်း၏ ရောင်ဝါကိုခံစားမိပြီးနောက် ရေတိမ်တိုက်ရွှေအင်မော်တယ်နှင့် အခြားသူများ၏မျက်နှာများသည် ရုပ်ဆိုးသွားခဲ့၏။
တာ့ယွီဧကရာဇ်ဖြစ်သူ အမျိုးသမီးသည် အဘယ်ကြောင့် ဤမျှစွမ်းအားကြီးရသနည်း။ ၎င်းတို့သည် ယခင်က တာ့ယွီအမျိုးသမီးဧကရာဇ်သည် ကံကောင်းစွာဖြင့် ရွှေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်သွားသူတစ်ဦးဟူ၍သာ ထင်မြင်ခဲ့ကြသည်။ သို့သော် ယခု သူမ၏ကျင့်ကြံမှုအဆင့်သည် ၎င်းတို့စိတ်ကူးနှင့်လုံးဝကွဲပြားနေကာ ရွှေအင်မော်တယ်၏အလယ်အလတ်အဆင့်တွင်ရှိသော ရေတိမ်တိုက်ရွှေအင်မော်တယ်ပင်လျှင် ရီရှောင်းရှောင်း၏အရှိန်အဟုန်နှင့် မယှဉ်နိုင်ပေ။
ရီရှောင်းရှောင်း၏အင်အားသည် ဤလူများကို အံ့အားသင့်စေခဲ့သည်။ လူတိုင်း၏မျက်လုံးများသည် ရေတိမ်တိုက်ရွှေအင်မော်တယ်ဆီသို့ ကျရောက်သွားကာ သူမ၏ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေကြသည်။ ရီရှောင်းရှောင်း၏အင်အားနှင့်အလှသည် ရေတိမ်တိုက်ရွှေအင်မော်တယ်၏ သဘောထားကို ထင်ရှားစွာပြောင်းလဲစေခဲ့သည်။ သို့သော် ရေတိမ်တိုက်ရွှေအင်မော်တယ်သည် ထိုကဲ့သို့လက်အောက်ခံရန်မလိုလားပေ။ ရီရှောင်းရှောင်းသည် မိမိတို့ကိုသိမ်းသွင်းလိုပါက လုံလောက်သောအင်အားကိုပြသရမည်ဖြစ်သည်။
"မင်းရဲ့အင်အားနဲ့ ငါတို့ကို လက်အောက်ခံအဖြစ်သိမ်းသွင်းနိုင်မလားဆိုတာ စမ်းသပ်ပါရစေ"
ရီရှောင်းရှောင်းက မကန့်ကွက်ချေ။ အကယ်၍ သူမသည် ဤရွှေအင်မော်တယ်များကို တာ့ယွီအင်ပါယာသို့ ထည့်သွင်းလိုပါက ၎င်းတို့၏နှလုံးသားထဲမှ အတည်ပြုချက်ကို ရရှိရန် သေချာပေါက်လိုအပ်သည်။ ထို့ကြောင့် သူမ၏အင်အားကို သက်သေပြရန်မှာ လိုအပ်သည့် အဆင့်တစ်ခုဖြစ်သည်။ ဤသို့ဖြင့် ကောင်းကင်ယံတွင် လူနှစ်ဦးသည် တိုက်ပွဲစတင်ခဲ့သည်။
တိုက်ပွဲ၏ကြောက်မက်ဖွယ်ကောင်းသောရောင်ဝါသည် တိုက်ပွဲနယ်မြေထဲသို့ဝင်ရောက်လာသော မည်သည့်ကောင်းကင်နယ်မြေအင်မော်တယ်ကိုမဆို တိုက်ရိုက်ဖိနှိပ်ထားနိုင်၏။ သို့သော် ၎င်းတို့၏ ကြောက်မက်ဖွယ်ရာစွမ်းအားများကို လျစ်လျူရှုထားပါက တိုက်ပွဲသည်အလွန်ကြည့်ကောင်းလှသည်။
အောက်ဘက်ရှိ လေးသင်္ကေတရွှေအင်မော်တယ်သည် လုံးဝစွဲလန်းသွားကာ
လွှမ်းမိုးနိုင်သောတာ့ယွီဧကရာဇ်နှင့် နူးညံ့သိမ်မွေ့သော ရေတိမ်တိုက်ရွှေအင်မော်တယ်ကြားတွင် မည်သူ့ကိုရွေးရမည်နည်း၊ ဒါမှမဟုတ် နှစ်ယောက်လုံးကို လိုချင်သလားဟူ၍ ဝေခွဲမရဖြစ်နေသည်။ ထိုအချိန်တွင် တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သည်။
ရေတိမ်တိုက်ရွှေအင်မော်တယ်သည် အင်အားကောင်းသော်လည်း သူမသည် ရီရှောင်းရှောင်း၏ ပြိုင်ဘက်မဟုတ်ချေ။ ရီရှောင်းရှောင်းသည် စွမ်းအားအကုန်သုံးရန် မလိုအပ်ဘဲ၊ ရေတိမ်တိုက်ရွှေအင်မော်တယ်ကို အင်အားမစိုက်ထုတ်ဘဲ အနိုင်ယူခဲ့သည်။
"ကျွန်မကိုယ်တိုင် တာ့ယွီအင်ပါယာကို ဝင်ဖို့ဆန္ဒရှိပါတယ်"
ရီရှောင်းရှောင်းကိုကြည့်လိုက်သည့် ရေတိမ်တိုက်ရွှေအင်မော်တယ်မျက်လုံးများတွင် ဆွဲဆောင်နေသောအရိပ်အယောင်များရှိနေသောကြောင့် ရီရှောင်းရှောင်း အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ ရေတိမ်တိုက်ရွှေအင်မော်တယ်သည် မည်သည်ကိုဆိုလိုပါသနည်း။ ရီရှောင်းရှောင်းဘက်တွင် အရှေ့ဧကရာဇ်သည် မလိုလားဖွယ်ရာရောင်ဝါကို ရုတ်တရက်ခံစားလိုက်ရသောကြောင့် ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
မည်သူနည်း? အရှေ့ဧကရာဇ်သည် လေးသင်္ကေတရွှေအင်မော်တယ်ကို မြင်သောအခါ ချက်ခြင်းဒေါသထွက်သွားသည်။ ဤသူသည် သူ့မိန်းမကို မည်သို့တပ်မက်ရဲသနည်း။ ကိုယ့်သေတွင်းကိုယ်လာတူးနေသည်!
ရေတိမ်တိုက်ရွှေအင်မော်တယ်က လက်အောက်ခံပြီးနောက် အခြားသောရွှေအင်မော်တယ်များသည်လည်း ရီရှောင်းရှောင်း၏အင်အားကို မြင်တွေ့ခဲ့ရသောကြောင့်
ရွှေအင်မော်တယ်ရှစ်ယောက်ထဲမှ လေးယောက်သည် တာ့ယွီအင်ပါယာထဲကိုဝင်ရန် သဘောတူခဲ့သည်။
သို့သော် ကျန်လေးယောက်သည် ငြင်းဆန်နေဆဲဖြစ်ကာ ၎င်းတို့ထဲတွင် လေးသင်္ကေတရွှေအင်မော်တယ်လည်းပါဝင်သည်။
"မင်းတို့ကို အခွင့်အရေးပေးထားတာတောင် မလိုချင်မှတော့၊ မင်းတို့ ထွက်သွားနိုင်ဖို့မရှိတော့ဘူး!"
ရီရှောင်းရှောင်း သည် စိတ်ပျော့ညံ့သူမဟုတ်ပေ။
သူမသာ ၎င်းတို့ကိုမသိမ်းသွင်းနိုင်ပါက ၎င်းတို့သည် ရန်သူများသာဖြစ်ကြ၏။ ရန်သူများကိုဆက်ဆံရန် နည်းလမ်းတစ်ခုသာရှိကာ ၎င်းမှာသတ်ပစ်ရန်ဖြစ်သည်။ ရီရှောင်းရှောင်း၏ စကားကိုကြားသောအခါ၊ လေးသင်္ကေတရွှေအင်မော်တယ်သည် အထိတ်တလန့်ဖြစ်သွားသည်။
"ခဏလေး! ငါသဘောတူတယ် ငါသဘောတူတယ်!"
သို့သော် လေးသင်္ကေတရွှေအင်မော်တယ်ကို စောင့်ကြိုနေသည့်အရာမှာ အရှေ့ဧကရာဇ်၏ ဒေါသတကြီးတိုက်ခိုက်ခြင်းပင်ဖြစ်သည်။ အရှေ့ဧကရာဇ်သည် ရွှေအင်မော်တယ်အထွတ်အထိပ်မျှသာဖြစ်သော်လည်း ၎င်းသည် ရီမိသားစု၏သားမက်ဖြစ်သည်။
လေးသင်္ကေတဖြင့် ဖွဲ့စည်းထားသည့် လေးသင်္ကေတရွှေအင်မော်တယ်၏စွမ်းအားသည် နှစ်ခုသာကျန်ရှိတော့ကာ ၎င်းတို့သည် အရှေ့ဧကရာဇ်နှင့် မယှဉ်နိုင်ပေ။ အရှေ့ဧကရာဇ်၏တိုက်ခိုက်မှုကြောင့် ရွှေအင်မော်တယ် မျိုးဆက်တစ်ခု ပျောက်ကွယ်သွားခဲ့သည်။
လေးသင်္ကေတရွှေအင်မော်တယ်၏ မျက်လုံးများသည် မပါဝင်လိုက်ရသည့်အတွက် နောင်တရနေသော်လည်း လေးသင်္ကေတရွှေအင်မော်တယ် မသိခဲ့သည်မှာ သူအစကတည်းကပါဝင်ရန် သဘောတူလျှင်ပင် ရီရှောင်းရှောင်းက သူ့ကိုချမ်းသာပေးမည်မဟုတ်ချေ။ အကြောင်းမှာ အလိုတော်ရိတစ်ဦးသည် ကောင်းမွန်သောအဆုံးသတ်နှင့် မထိုက်တန်သောကြောင့်ဖြစ်သည်။
…………….
အခန်း ၂၂၇ - ဟွမ်ထျန်း၏ ပေါင်းစည်းမှု
လက်အောက်ခံဝင်ရန် သဘောတူခြင်းမရှိသော ကျန်ရွှေအင်မော်တယ်များသည် ရွှေအင်မော်တယ်လေးသင်္ကေတ၏ ဝမ်းနည်းဖွယ်အခြေအနေကြောင့် ထိတ်လန့်သွားကြကာ လှည့်ထွက်ပြေးရန် ကြိုးစားကြသော်လည်း ဤအချိန်တွင် ရီရှောင်းရှောင်း စတင်အရေးယူခဲ့သည်။
လူသားဧကရာဇ်တံဆိပ်နှင့် လူသားဧကရာဇ်မျှော်စင်၊ ရီရှောင်းရှောင်းသည် ဤထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုကို အထွတ်အထိပ်အဆင့်ထိရောက်အောင် သန့်စင်ပြီးခဲ့သည်မှာ ကြာလေပြီ။
တာ့ယွီအင်ပါယာ၏မြင်ကွင်းသည် ရီရှောင်းရှောင်း၏ ဦးခေါင်းထက်တွင်ပေါ်လာကာ သူမ၏လက်ဝှေ့ရမ်းခြင်းဖြင့် ရွှေအင်မော်တယ်နယ်ပယ်မှ ကျင့်ကြံသူသုံးဦးကို တိုက်ရိုက်နှိမ်နင်းခဲ့သည်။
ထိုမှသာ ရေတိမ်တိုက်ရွှေအင်မော်တယ်သည် ရီရှောင်းရှောင်း သူမနှင့် ပထမအကြိမ်တိုက်ခိုက်ခဲ့စဉ်က ရည်ရွယ်ချက်ရှိရှိဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ သူမ၏ လက်ရှိနည်းလမ်းများကို အသုံးပြုခဲ့မည်ဆိုလျှင် ရေတိမ်တိုက်ရွှေအင်မော်တယ်သည် ထိုးနှက်ချက်တစ်ခုကိုပင် ခံနိုင်ရည်မရှိမည်ကို စိုးရိမ်မိပါ၏။
အခြားရွှေအင်မော်တယ်များသည်လည်း တိတ်တဆိတ်သက်ပြင်းချမိသည်။
ကံကောင်းစွာဖြင့် လက်နက်ချခဲ့မိခြင်းကြောင့်မဟုတ်ပါက ယခုအချိန်တွင် စစ်မြေပြင်ပေါ်၌ နောက်ထပ်အလောင်းတစ်လောင်းရှိနေလိမ့်မည်။ ဤသို့ဖြင့် နန်ကျိူးတွင် ခြိမ်းခြောက်မှုများ မရှိတော့ဘဲ ရွှေအင်မော်တယ်ကျင့်ကြံသူအများစုသည် တာ့ယွီအင်ပါယာကို သစ္စာခံရန်ကျိန်ဆိုပြီး သို့မဟုတ် သေဆုံးပြီးဖြစ်သည်။ ရီရှောင်းရှောင်းသည် လက်ကျန်ရွှေအင်မော်တယ်ကျင့်ကြံသူများဖြင့် သူမ၏လက်များကို ညစ်ပတ်ခံရန်မလိုအပ်တော့ချေ။
သို့သော် ဤအချိန်တွင် ရေတိမ်တိုက်ရွှေအင်မော်တယ်သည် စိုးရိမ်ပူပန်မှုပြကာပြောလာသည်။
"ဧကရီ၊ ကျန်နေတဲ့ ရွှေအင်မော်တယ်တွေက အထက်ငါးပြည်နယ်က ထျန်အန်းပြည်နယ်နဲ့ ဆက်သွယ်ဖို့ ဂိုဏ်းမဟာမိတ်အဖွဲအစည်းအခင်းအကျင်းကို အသုံးပြုနိုင်သေးတယ်"
အထက်ငါးပြည်နယ်ထဲမှ တစ်ခုဖြစ်သည့် ထျန်အန်းပြည်နယ်သည် အောက်ငါးပြည်နယ်ရှိ နန်ကျိူးနှင့် လုံးဝခြားနားသော အဆင့်တွင်ရှိသည်။ အရှေ့ပြည်နယ်နှင့်မတူဘဲ နန်ကျိူးသည် အထက်ငါးပြည်နယ်နှင့် အမြဲချိတ်ဆက်ထားခဲ့သည်။ သို့သော် နန်ကျိူးရှိဂိုဏ်းများသည် မလိုအပ်ဘဲ ထျန်အန်းပြည်နယ်ဂိုဏ်းခွဲများကို အဆက်အသွယ်မလုပ်ရဲကြပေ။ ဆက်သွယ်ရေးအခင်းအကျင်းကို ဂိုဏ်းမဟာမိတ်အဖွဲ့၏ဌာနချုပ်တွင် ထားရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်းမဟာမိတ်အဖွဲ့သည် ၎င်း၏ဩဇာကျဆင်းလာသည့်တိုင် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။
ဂိုဏ်းမဟာမိတ်အဖွဲအစည်းသည် ဆုတ်ယုတ်လာသော်လည်း ၎င်းသည်နန်ကျိူး၏ နောက်ဆုံးအသက်ကယ်ကြိုးကို ထိန်းသိမ်းထားသောကြောင့် ပျောက်ကွယ်သွားခြင်း မရှိပေ။
ထျန်အန်း ပြည်နယ်? ဤသတင်းသည် ရီရှောင်းရှောင်းကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။ ၎င်းသည် အမှန်ပင် သတင်းကောင်းမဟုတ်ပေ။ ထန်အန်းပြည်နယ်က အမှန်တကယ် ဝင်ရောက်စွက်ဖက်ခဲ့မည်ဆိုလျှင် တာ့ယွီအင်ပါယာအတွက် ကောင်းမွန်သောအချက်မဟုတ်ချေ။
သို့သော်လည်း မသေချာသောသတင်းတစ်ခုကြောင့် တာ့ယွီအင်ပါယာက ဆုတ်ခွာရန်မဖြစ်နိုင်ပေ။
ရီမိသားစုတွင်လည်း ၎င်းတို့၏ ဝှက်ဖဲများရှိသည်။ ထျန်အန်းပြည်နယ်က သတ္တိရှိလာလျှင် ရီရှောင်းရှောင်းသည် ၎င်းတို့ကို ရင်ဆိုင်ရဲပါ၏။ သူမကိုမည်သူကမျှ မခြိမ်းခြောက်နိုင်ချေ!
“ဆက်ချီတက်ကြမယ်!"
ရီရှောင်းရှောင်း၏လက်လှုပ်ရှားမှုအောက်တွင် စစ်တပ်သည် နန်ကျိူးအတွင်းပိုင်းသို့ ပိုမိုတိုးဝင်လာကာ မြို့များနှင့်ခံတပ်များကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ရန်ဟွမ်နယ်မြေ၌ ရီဖန်သည် ဧကရာဇ်ဟွမ်ထျန်း၏ အပျက်အစီးများထဲသို့ ထပ်မံလည်ပတ်ခဲ့သည်။
နှစ်အတန်ကြာ အပြန်အလှန်ဆက်ဆံပြီးနောက် ဧကရာဇ်ဟွမ်ထျန်းနှင့် ရီဖန်တို့သည် နက်ရှိုင်းသောရင်းနှီးမှုကို တည်ဆောက်ခဲ့ကြသည်။ ရီဖန်နောက်ဆုံးအကြိမ် လာရောက်လည်ပတ်စဉ်က ဧကရာဇ်ဟွမ်ထျန်း၏ ရီမိသားစုအပေါ် သဘောကျနှစ်သက်မှုသည် ၇၉မှတ်သို့ ရောက်ရှိသွားခဲ့ကာ
ရီဖန်သည် ဤတစ်ကြိမ်တွင် လုံးဝပြီးဆုံးအောင်လုပ်ရန် ရည်ရွယ်ထားသည်။
သူသည် ဧကရာဇ်ဟွမ်ထျန်းကို ၎င်းတို့မိသားစုအတွက် အတူပါဝင်သူအဖြစ် ခေါ်ဆိုရန်စိတ်ပိုင်းဖြတ်ထားသည်။ ဧကရာဇ်၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များအတွက် အင်မော်တယ်ချီစွမ်းအားများဖြင့် ဖြည့်ဆည်းပေးပြီးနောက်၊ ရီဖန်သည် တာအိုအနုပညာတချို့နှင့် လဲလှယ်ပေးခဲ့သည်။ ရီဖန်ထံမှရရှိသော ပံ့ပိုးကူညီမှုဖြင့် ဧကရာဇ်ဟွမ်ထျန်း၏ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်အဆင့်၏အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ နက်နဲအင်မော်တယ်အဆင့်မှ ခြေတစ်လှမ်းသာဝေးသည်။ သူ၏ကျင့်ကြံရေးအဆင့်တိုးမြှင့်နိုင်သည့်တိုင် အင်မော်တယ်ဘုရင်အဆင့်သို့မရောက်ရှိဘဲ ရှေးဟောင်းအခင်းအကျင်းကို ဖြတ်ကျော်ရန် အခွင့်အလမ်းနည်းပါးသည်။
သူ၏ဝှက်ဖဲများကို ပြသရန်အချိန်ရောက်ပြီဖြစ်သောကြောင့် ရီဖန်သည် ကောင်းကင်ကိုလှည့်စားခြင်းနှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းနည်းပညာကို ဖယ်လိုက်ကာ သူ၏နက်နဲအင်မော်တယ်ရောင်ဝါကိုထုတ်လွှတ်လိုက်သည်။ ဧကရာဇ်ဟွမ်ထျန်းသည် အင်မော်တယ်ချီစွမ်းအားကိုစုပ်ယူရန် ပြင်ဆင်နေချိန်၌ ရီဖန်၏ရောင်ဝါကို ခံစားလိုက်ရကာ တစ်ခဏမျှဆွံ့အသွားသည်။ ရီဖန်အဆင့်တက်လာတိုင်း သူသည် ဧကရာဇ်ဟွမ်ထျန်းဆွံ့အသွားသည်အထိ သူ၏တိုးတက်မှုများကို ကြွားဝါလေ့ရှိသည်။
‘မင်းမှာ ထူးချွန်တဲ့အရည်အချင်းတွေ ရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အဲလောက်ကြီးပြဖို့ လိုလို့လားကွာ’ ဧကရာဇ်ဟွမ်ထျန်းက ပြန်ပြောရန်ပြင်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် သူအံ့အားသင့်သွားကာ မည်သို့တွေးရမည်ကိုပင် မေ့သွားသည်။ ‘ငါဘယ်သူလဲ? ငါဘယ်မှာလဲ။’
၎င်းသည် လွန်ခဲ့သည့် နှစ် ၅၀၀ က ရွှေအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေခဲ့သည်ကို သူလက်ခံ၏။
သို့သော် ယခုတွင်မူ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း နက်နဲအင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိသွားသည်။ ၎င်း၏ ပိတ်ဆို့မှု သို့မဟုတ် တစ်ခုခုကိုစားပစ်လိုက်သလား။
ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏စွမ်းရည်ကို လျှော့တွက်ထားမိကြောင်း သဘောပေါက်လိုက်သည်။ ရီဖန်၏အရည်အချင်းဖြင့် အင်မော်တယ်ဧကရာဇ်သည် အမှန်တကယ် ကန့်သတ်ချက်ဖြစ်ပါသလား။
ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏ကိုယ်ခန္ဓာမှ အကျွမ်းတဝင်ရှိသော ငါး-ခြောက်နက်နဲစွမ်းရည်နှင့် သာ့လော့အင်မော်တယ်ဥပဒေတို့ကိုပါ ခံစားရသည်။ ၎င်းတို့သည် မသန့်စင်ရသေးသော်လည်း ဧကရာဇ်ဟွမ်ထျန်းသည် မှားယွင်းခြင်းမရှိကြောင်း သေချာသည်။ ၎င်းသည် အင်မော်တယ်ဧကရာဇ်ဖြစ်ခဲ့စဉ်က အင်အားကြီးပုဂ္ဂိုလ်၏ တပည့်တစ်ဦးသည် ဤနည်းလမ်းနှစ်ခုဖြင့် ကျင့်ကြံခဲ့သည်ကို မြင်ပြီးနောက် မနာလိုဘဲမနေနိုင်ခဲ့ချေ။
ကျင့်ကြံရေးတွင် စွမ်းအားကြီးထောက်ပံ့သူရှိခြင်းက အလွန်အရေးကြီး၏။ အထောက်အပံ့မရှိခြင်းကြောင့် ဧကရာဇ်ဟွမ်ထျန်းသည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိခဲ့သော်လည်း ရှေ့ဆက်မသွားနိုင်တော့ပေ။ အဆုံးတွင် သူသည် ဤမျှကြေကွဲဖွယ် ဘေးဆိုးကြီးအတွင်း အဆုံးသတ်သွားခဲ့သည်။ ရီဖန်သည် ဤနည်းစနစ်များကို မည်သည့်နေရာကရခဲ့သနည်း။
“မင်းရဲ့နည်းစနစ်တွေက...."
ရီဖန်သည် ဧကရာဇ်ဟွမ်ထျန်း၏မေးခွန်းကို မရှောင်ဘဲ တိုက်ရိုက်ပြန်ဖြေခဲ့သည်။
"ဒါတွေက ငါ့ဆရာပေးထားတာ"
"မင်းရဲ့ဆရာ? မင်းဘယ်အချိန်တုန်းက ဆရာရှိသွားတာလဲ"
“ငါ့ဂိုဏ်းမှာကျင့်ကြံဖို့၊ အနှစ် ၅၀၀ လောက်ပျောက်သွားသေးတယ်လေ”
“ဟုတ်သား၊ ငါ့ဆရာက ဗောဓိဘိုးဘေးလို့ခေါ်တယ်။ မင်း သူ့အကြောင်း ကြားဖူးရင်ကြားဖူးမှာ"
ဧကရာဇ်ဟွမ်ထျန်းသည် ငြိမ်ကျသွားပြီးနောက် နောက်ထပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲသွားကာ ဧကရာဇ်ဟွမ်ထျန်း၏ ပြန်မတည်ငြိမ်နိုင်တော့ပေ။ ဗောဓိဘိုးဘေးကို သူသိသောလည်း ဗောဓိဘိုးဘေးက သူ့ကိုမသိပေ။ ရီဖန်၏ဆရာသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သည်။
ဧကရာဇ်ဟွမ်ထျန်းသည် ထိုသို့သောတည်ရှိမှုနှင့်ယှဉ်ပါက သူ၏ဘဝသည် အဓိပ္ပါယ်မရှိဟု ရုတ်တရက်ခံစားလိုက်ရသည်။ သူသည် ဤမျှနှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အနည်းငယ်သာအောင်မြင်ခဲ့သည်။ ဧကရာဇ်ဟွမ်ထျန်းသည် သူ၏အနှစ်တစ်ထောင်အတွင်း အင်မော်တယ်ဧကရာဇ်အဆင့်ထိအောင်မြင်မှုကို ထူးကဲသောအောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ဖူးသည်။
သို့သော်လည်း ယနေ့မှသာ ပါရမီရှင်တစ်ဦး၏အဓိပ္ပါယ်ကို နားလည်လိုက်ရရှာသည်။
ဧကရာဇ်ဟွမ်ထျန်း၏ ညှိုးငယ်သောအကြည့်ကို မြင်လိုက်ရသည့်အခါတွင် ရီဖန်တုန်လှုပ်သွားသည်။ သူသည် ဧကရာဇ်ဟွမ်ထျန်းကို စည်းရုံးရန်အတွက် သူ၏အောင်မြင်မှုများကို ပြောပြခဲ့ခြင်းဖြစ်ကာ၊ ၎င်း၏ အသက်ရှင်ရန်မျှော်လင့်ချက်ကိုချိုးဖျက်ရန်မဟုတ်ပေ။
“လောင်ဟွမ်၊ ဒီလိုမစဉ်းစားနဲ့လေ။ မင်း ငါတို့ ရီမိသားစုရဲ့ အတူ ပူးပေါင်းချင်လား။ ငါ မင်း ထွက်လာလို့ရမယ့် နည်းလမ်းရှာပေးမယ်လေ"
နောက်ဆုံးတွင် ဧကရာဇ်ဟွမ်ထျန်းသည် ရီဖန်၏စကားကြောင့် သတိပြန်ဝင်လာသည်။
လွတ်လပ်မှုသည် သူ့အတွက် အဆုံးစွန်သောသွေးဆောင်မှုဖြစ်နေဆဲပင်။
"မင်း ငါ့ကို တကယ်ထုတ်ပေးနိုင်လား!" ဧကရာဇ် ဟွမ်ထျန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။
“မင်းငါတို့ ရီမိသားစုနဲ့ ပူးပေါင်းသရွေ့ မင်းကို ငါ သေချာပေါက် ထုတ်ပေးမှာပါ"
"ကောင်းပြီ၊ ငါ ရီမိသားစုနဲ့ ပူးပေါင်းမယ်!"
ဧကရာဇ်ဟွမ်ထျန်း၏စကားဆုံးသည့်အခါ ရီဖန်၏စနစ်နေရာအတွင်းမှ အတူပါဝင်သူ တိုကင်သည် ပျောက်ကွယ်သွားပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ဧကရာဇ်ဟွမ်ထျန်း၏ ကိုယ်ခန္ဓာအတွင်းသို့ ပေါင်းစပ်သွားသည်။ အတူပါဝင်သူအဖြစ် မိသားစုစွမ်းရည်များ တိုးမြှင့်ခြင်းကို ခံစားနိုင်သည်။ ဧကရာဇ်ဟွမ်ထျန်းသည် သူ့ကိုယ်ထဲတွင်နွေးထွေးမှုကို ရုတ်တရက်ခံစားလိုက်ရကာ သူ၏စွမ်းရည်နှင့် ဉာဏ်အလင်းသည်လည်း တဖြည်းဖြည်းတိုးလာခဲ့သည်။
ခဏအကြာတွင် မြှင့်တင်မှုပြီးဆုံးသွား၏။
အင်မော်တယ်ဧကရာဇ်အဆင့်အထိ ကျင့်ကြံခဲ့သော ဧကရာဇ်ဟွမ်ထျန်း၏ နားလည်နိုင်စွမ်းနှင့် စွမ်းရည်များသည်လည်းချို့တဲ့နေမည်မဟုတ်ပေ။ သူ၏ ဒဏ္ဍာရီလာ တာအိုကိုယ်ထည်နှင့်အတူ ချန်မင်ကမ္ဘာတွင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် နေရာယူထားသည်။
……….
အခန်း ၂၂၈ - တောင်ဘက်ကောင်းကင်၏ အရှင်သခင်၊ ကွမ်ဟွမ်နန်းတော်
ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် ၎င်း၏စွမ်းရည်မှာ အနည်းဆုံးသုံးပုံတစ်ပုံခန့် တိုးလာသည်ကို ခံစားရသည်။ ဤတိုးတက်မှုသည် အလွန်ကြောက်စရာကောင်း၏။ ၎င်းသည် ရီဖန်ထံတွင် လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေကြောင်းကို သိခဲ့သော်လည်း ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် သိပ်စိတ်မ၀င်စားခဲ့ပေ။ ရီမိသားစုက ပိုကောင်းမွန်လာလေလေ သူပိုပျော်လေလေသာဖြစ်သည်။ မတိုကင်နှင့်အတူ ကောင်းကင်ဝါ အင်မော်တယ်ဧကရာဇ်သည် ရီမိသားစုသို့မဟုတ် ရီဖန်ကို မည်သည့်အခါမှ သစ္စာဖောက်မည်မဟုတ်ချေ။
ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်ကို အောင်မြင်စွာ သိမ်းသွင်းပြီးနောက် ၎င်းကိုမည်သို့လွှတ်ပေးရမည်ကို စဉ်းစားရန်လိုလာပြီဖြစ်သည်။
ရှေးခေတ်အခင်းအကျင်းသည် အင်အားကြီးမားသော်လည်း ၎င်း၏အဓိကလုပ်ဆောင်ချက်မှာ အတွင်းရှိသူများကို အကျဉ်းချထားရန်ဖြစ်သောကြောင့် အပြင်ဘက်မှ ချိုးဖောက်ရန်ပိုလွယ်သည်။ ရီဖန်၏လက်ရှိ အခင်းအကျင်း၊ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းများ သန့်စင်ခြင်းဆိုင်ရာကျွမ်းကျင်မှုသည် ရှန်အဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ ရီဖန်၏လက်လှုပ်ရှားမှုနှင့်အတူ မရေမတွက်နိုင်သော သင်္ကေတအခင်းအကျင်းများ သူ့လက်ထဲမှ လွင့်ထွက်လာကာ အခင်းအကျင်းထဲသို့ဝင်ရောက်သွားသည်။
ရီဖန်သည် သင်္ကေတအခင်းအကျင်းများဖြင့် အဆက်မပြတ်ကြိုးစားကာ အခင်းအကျင်းကို ချိုးဖျက်ရန်မျှော်လင့်လျက် လွန်ကဲသောနည်းလမ်းကို အသုံးပြုခဲ့သည်။ သင်္ကေတအခင်းအကျင်းများ ပိုများလာသည်နှင့်အမျှ အခင်းအကျင်းသည်လည်း တုန်ခါလာသည်။ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် မျှော်လင့်ချက်ကိုမြင်လိုက်ရသောကြောင့် သူ၏လက်သီးများကိုဆုပ်ထားမိသည်။ သို့သော် အခင်းအကျင်းပျောက်ကွယ်သွားခါနီးတင် တစ်ဖန်ပြန်လည်အားကောင်းလာသောကြောင့်၎င်းနည်းလမ်း ကျရှုံးသွားခဲ့သည်။ ရီဖန်သည်အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားရသော်လည်း လက်မလျှော့ခဲ့ပေ။ ၎င်းသည် အခြားနည်းလမ်းများစွာကို ကြိုးစားခဲ့သော်လည်း မဖောက်ဖျက်နိုင်သေးချေ။
"ရီဖန်၊ ဘာမှမဖြစ်ဘူး။ မင်းရဲ့စွမ်းရည်နဲ့ဆို တစ်နေ့နေ့တော့ ဖြိုနိုင်ပါလိမ့်မယ်"
ရီဖန်၏ကျရှုံးမှုကို မြင်လိုက်ရသဖြင့် ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်က သူ့ကိုနှစ်သိမ့်ပေးခဲ့သည်။
‘ဘာလဲ? မင်းငါ့ကို အထင်သေးတာလား၊ ငါမဖျက်နိုင်ဘူးလို့ မင်းထင်တာလားကွ’ ကတိပေးပြီးပြီဖြစ်သည့်အတွက် ရီဖန်သေချာပေါက် အရှုံးပေးမည်မဟုတ်ချေ။ ဗောဓိဘိုးဘေးကို ဆင့်ခေါ်ရမည်ဆိုလျှင်ပင် အခင်းအကျင်းကို ဖြိုခွဲပစ်ရမည်။
“လောင်ဟွမ်၊ မင်းလည်း အခင်းအကျင်းတွေ သုံံးတတ်တယ်မလား” ရီဖန်က မေးသည်။
"ငါသုံးတတ်ပေမယ့် သိပ်တော့မကျွမ်းဘူး။ တာအိုအဆင့်သတ်မှတ်ချက်ရဲ့ အောက်ခြေအဆင့်ကိုတောင် မရောက်နိုင်သေးပါဘူးကွာ။ ဆေးပညာနဲ့ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းမှာလည်း အတူတူပဲ”
သို့သော် ၎င်းသည် ရီဖန်၏ အဓိကအာရုံစိုက်မှု မဟုတ်ပေ။ တာအိုအဆင့်သတ်မှတ်ချက်အဆင့်နိမ့်ပိုင်းအထိ ကျင့်ကြံနိုင်ခြင်းက အလွန်ကောင်းနေပြီးဖြစ်ရာ ၎င်းကိုကြားသည့်အခါတွင် ရီဖန်မျက်လုံးများ ချက်ချင်းအရောင်တောက်လာသည်။ လောင်ဟွမ်က အလွန်ကျွမ်းကျင်လှသည်။ သို့သော် အနာဂတ်တွင် ၎င်းကျွမ်းကျင်မှုအကုန် ရီဖန်အပိုင်ဖြစ်လာလိမ့်မည်။
"စနစ်၊ တွက်ချက်လိုက်"
ရီဖန်၏စိတ်ထဲတွင် အဆုံးမဲ့အသိပညာများဖြင့် ဖုံးလွှမ်းသွား၏။ ဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် အခင်းအကျင်းစသည့် ကျွမ်းကျင်မှုစွမ်းရည်များ ချက်ခြင်းတိုးလာကာ တာအိုသင်္ကတတစ်ခုပြီးတစ်ခု ရီဖန်၏စိတ်ဝိညာဉ်ပင်လယ်တွင်ပေါ်လာသည်။
တာအိုသင်္ကေတများသည် အခင်းအကျင်း၊ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းများသန့်စင်ခြင်းအတွက် အလွန်အရေးကြီးသည်။ စစ်မှန်သောတာအိုအဆောင်လက်ဖွဲ့ဖြင့် ပေါင်းစပ်ထားသော ဆေးလုံးနှင့် အင်မော်တယ်လက်နက်များကို တာအိုဆေးလုံးနှင့် တာအိုအင်မော်တယ်လက်နက်များဟုခေါ်သည်။
သုံးလပြည့်ပြီးနောက် ရီဖန်သည် အသိပညာအားလုံးကို ကျေသွားပြီဖြစ်သည်။
ထို့နောက်တွင် အခင်းအကျင်းကိုဖျက်ဆီးရန် အချိန်ရောက်လေပြီ။
ရီဖန်သည် ထပ်မံကြိုးစားခဲ့သော်လည်း ဤတစ်ကြိမ်မှာတွက် ကြယ်တာရာသင်္ကေတများအစား တာအိုသင်္ကတအစစ်ကို အသုံးပြုခဲ့သည်။ မရေမတွက်နိုင်သော တာအိုသင်္ကေတများသည် အခင်းအကျင်းထဲသို့ တိုးဝင်လာကာ ဤတစ်ကြိမ်တွင် အခင်းအကျင်းလှုပ်ခတ်မှုက ပို၍ပင် ပြင်းထန်လာသည်။ သုံးရက်ကြာသွားပြီးနောက်တွင် စူးရှသောအသံနှင့်အတူ အခင်းအကျင်းကွဲအက်သွားခဲ့သည်!
"ငါ ဟွမ်လောင်စန်းပြန်လာပြီ!"
စွမ်းအားကြီရောင်ဝါသည် ရန်ဟွမ်နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားကာ ရန်ဟွမ်နယ်မြေမှ ကျင့်ကြံသူများသည် ဆွံ့အစွာဖြင့် ကောင်းကင်ကိုမျှော်ကြည့်ကာ ရီမိသားစုရှိ မည်သူက ထပ်မံအောင်မြင်မှုရခဲ့သနည်းဟု အံ့သြနေကြသည်။ ဤကဲ့သို့သော ရောင်ဝါနှင့်ပတ်သက်၍ ရန်ဟွမ်နယ်မြေမှကျင့်ကြံသူများသည် ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။ ရီမိသားစုမှ အားလုံးသည် အံဩဖွယ်ကောင်းသည့်အတွက် ထုံးစံအတိုင်းသာဖြစ်ပါလိမ့်မည်။ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် အသက်ရှူဝသွားပြီးနောက် ချက်ချင်းတင်ပျဉ်ခွေထိုင်လိုက်သည်။
အချိန်ကြာမြင့်စွာ ပိတ်ခံထားရသောကြောင့် ကောင်းကင်ဝါ အင်မော်တယ်ဧကရာဇ်သည် သူထွက်လာပြီးသည်နှင့် ကျင့်ကြံမှုအဆင့်ကို ထိန်းမထားနိုင်တော့ဟု ခံစားလိုက်ရကာ ချက်ချင်းဖြတ်ကျော်သွားသည်။ ရန်ဟွမ်နယ်မြေသည် သိသိသာသာတိုးတက်လာသော်လည်း ၎င်းသည် အလယ်ကမ္ဘာတစ်ထောင်တွင်သာရှိသေးသည်။ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် သာမန်နေထိုင်ခြင်းအတွက်ပြဿနာမရှိသော်လည်း ရန်ဟွမ်နယ်မြေတွင် အဆင့်တက်လှမ်းရန် ကြိုးစားပါက ရန်ဟွမ်နယ်မြေသည် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ရီဖန်သည် ရွေးချယ်စရာမရှိဘဲ အသွင်ပြောင်းနေဆဲဖြစ်သော ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်၊ မဟုတ်။ ယခုအချိန်တွင် ဟွမ်လောင်စန်းဟုခေါ်ဆိုရမည့်သူကို နယ်မြေတစ်သောင်းဂိတ်ဝကိုဖြတ်ကာ ချန်မင်ကမ္ဘာသို့ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ချန်မင်ကမ္ဘာ၏ ကျင့်ကြံမှုပတ်ဝန်းကျင်သည် ရန်ဟွမ်နယ်မြေထက် ပိုမိုကောင်းမွန်ကာ ဖိနှိပ်မှုနည်းသည်ဖြစ်ရာ ရလဒ်အနေဖြင့် ဟွမ်လောင်စန်း၏ တိုးတက်မှုသည်လည်း အနည်းငယ်တိုးလာသည်။ ဟွမ်လောင်စန်းကို ဂူအိမ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချပြီးနောက် ရီဖန်သည် ရီမိသားစု၏ ဘိုးဘေးပိုင်မြေများကိုကြည့်ရှုရန် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
အချိန်လမ်းကြောင်းဖြင့် ရီမိသားစု၏ သားသမီးများနှင့် မျိုးဆက်များတိုးပွားလာခဲ့သည်။ မူလက လုံလောက်ကျယ်ဝန်းသော ဘိုးဘေးပိုင်မြေသည် ယခုအခါ လူစည်ကားသည်ဟုခံစားရသည်။
ရီမိသားစုသည် ပိုကောင်းသည့်နေရာသို့ ပြောင်းရွှေ့သင့်ပုံရသည်။ လမ်းတစ်လျှောက်တွင် ၎င်းတို့သည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ပြီးမြောက်အောင်လုပ်နိုင်လိမ့်မည်။ အရှေ့ပြည်နယ်တွင် ရီဖန်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် နေရာကောင်းများမရှိသေးချေ။ ယခုတွင် ၎င်းတို့သည် သင့်လျော်သောကောင်းချီးမြေကို မရှာဖွေမီ ရီရှောင်းရှောင်း အောက်ငါးပြည်နယ်ကိုသိမ်းပိုက်ရန်ကိုသာ စောင့်မျှော်နိုင်ခဲ့သည်။ အောက်ငါးပြည်နယ်တွင် မရှိသေးလျှင် အထက်ငါးပြည်နယ်ကို ကြည့်ရမည်။
သုံးလကြာပြီးနောက် နက်နဲအင်မော်တယ်ရောင်ဝါသည် ရီမိသားစု၏ ဘိုးဘေးနယ်မြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ဟွမ်လောင်စန်းသည် အရင်းအမြစ်များစွာကိုစုပ်ယူပြီးနောက် နောက်ဆုံးတွင် နက်နဲအင်မော်တယ်အဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်အောင်မြင်ခဲ့သည်။
အထွတ်အထိပ် အင်မော်တယ်ဧကရာဇ်အဆင့်နှင့် ဝေးနေသေးသော်လည်း ဟွမ်လောင်စန်းသည် အလျင်စလိုမဖြစ်တော့ချေ။ ရီဖန်၏နောက်သို့လိုက်ပြီးနောက် ဟွမ်လောင်စန်း၏ပန်းတိုင်သည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိရန်သာ အကန့်အသတ်မရှိတော့ပေ။
ဟွမ်လောင်စန်း၏အနာဂတ်သည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသင့်သည်။
ဟွမ်လောင်စန်းထွက်လာပြီးနောက် ရီဖန်က ချက်ချင်းဆင့်ခေါ်ခဲ့၏။ သူသည်လည်း အရင်းအမြစ်များကို ခံစားခွင့်ရသောသူတစ်ဦးဖြစ်သောကြောင့် သေချာပေါက် အလုပ်တစ်ခုခုလုပ်ရန် လိုအပ်သည်။ ရီဖန်သည် ဟွမ်လောင်စန်းကို သူ၏ပထမဆုံးတာဝန်အဖြစ် နန်ကျိူးသို့သွားကာ ရီရှောင်းရှောင်းကိုကူညီရန် တာဝန်ပေးအပ်ခဲ့သည်။ နန်ကျိူးသည် သန်မာခြင်းမရှိသော်လည်း ရီဖန်သည် စွမ်းအားကြီးအဖော်မရှိသောကြောင့် စိတ်မချဖြစ်ခဲ့သည်။
ဟွမ်လောင်စန်းသည် အင်မော်တယ်ဧကရာဇ်ဖြစ်ခဲ့ဖူးသောကြောင့် အရည်အချင်းများစွာရှိရမည်။ ရီဖန်က သူ့ကို အလုပ်အမြန်လုပ်စေချင်ကြောင်းကြားသည့်အခါတွင် ဟွမ်လောင်စန်းသည် အနည်းငယ်ကူကယ်ရာမဲ့ဖြစ်ခဲ့ပေမယ့် မငြင်းဆန်ခဲ့ချေ။ နှစ်ပေါင်းများစွာအကျဉ်းချခံခဲ့ရပြီးနောက်၊ ဟွမ်လောင်စန်းသည်လည်း ပိုမိုကျယ်ပြန့်သောကမ္ဘာကြီးကို မြင်ချင်သည်။
ထိုအချိန်တွင် နန်ကျိူး၌…. တပ်စု ၁၀ သည် နန်ကျိုး၏နယ်မြေအများစုကို သိမ်းပိုက်ထားပြီးဖြစ်သည်။
လူသားဧကရာဇ်၏ရောင်ဝါသည် ရီရှောင်းရှောင်းအနားတွင် လှည့်ပတ်နေပြီး တစ်ရက်အကြာတွင် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်အဆင့်အလယ်အလတ်သို့ ရောက်သွားသည်။ လူသားဧကရာဇ်အတွက် အဆင့်များကိုဖြတ်ကျော်ရန် အလျင်မြန်ဆုံးနည်းလမ်းမှာ နယ်မြေများကိုအဆက်မပြတ်ချဲ့ထွင်ပြီး မင်းဆက်၏အာဏာကို ခိုင်ခံ့စေရန်မှလွဲ၍မရှိချေ။
ထိုအချိန်အတွင်း အခြားနေရာ၌ အရှေ့ဧကရာဇ်၏ရောင်ဝါသည်လည်း ပြောင်းလဲသွားသည်။ ၎င်းသည် တာ့ယွီအင်ပါယာ၏ဧကရီရာထူးဖြင့် တာ့ယွီအင်ပါယာ၏ကံကြမ္မာကို အကျိုးခံစားရကာ အောင်မြင်မှုများ ရရှိခဲ့သည်။ နယ်မြေချဲ့ထွင်မှုတွင် ပါဝင်ဆောင်ရွက်သူများ၏ ကျင့်ကြံမှုအဆင့်မှာလည်း တိုးမြင့်လာခဲ့သည်။ ရီရှောင်းရှောင်းသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီးနောက် ဤအချိန်အတွင်းရရှိခဲ့သည့် အကျိုးကျေးဇူးများကို ချေဖျက်လိုက်သည်။ ထို့နောက်တွင် နန်ကျိူးနယ်မြေတစ်ခုလုံးကို မျိုချရမည့်အချိန်ကျရောက်လာပြီဖြစ်၏။
ရီရှောင်းရှောင်း၏အမြင်အာရုံသည် မိုင်သန်းပေါင်းများစွာကိုဖြတ်ကျော်ကာ ခန်းမဟောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။ ဤခန်းမသည် ဂိုဏ်းမဟာမိတ်အဖွဲအစည်း၏ ဌာနချုပ်ဖြစ်ကာ ဌာနချုပ်အတွင်းတွင် ကျန်ရှိသော နန်ကျိုး၏အသန်မာဆုံးစစ်သည်များအားလုံးနီးပါးကို စုစည်းခဲ့သည်။ ဤသန်မာသောစစ်သည်တော်များသည် ကောင်းမွန်စွာဝတ်ဆင်ထားသော မဟာမိတ်အကြီးအကဲကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။ ၎င်း၏လက်ဖဝါးတွင် အနက်ရောင်သင်္ကေတတစ်ခု အဆက်မပြတ်တုန်ခါလျက်ရှိ၏။
၎င်းတို့သည် ထျန်နန်ဂိုဏ်းမှ သခင်ကွမ်ဟန်ထံသို့ အကူအညီတောင်းရန် စာတစ်စောင်ပေးပို့ထားပြီးဖြစ်သည်။ ကွမ်ဟန်နန်းတော်က ဝင်ရောက်စွက်ဖက်လာလျှင် တာ့ယွီအင်ပါယာသည် ကျိန်းသေပေါက် ခံနိုင်ရည်ရှိမည်မဟုတ်ဟု သူတို့ယုံကြည်ကြသည်။
ကွမ်ဟန်နန်းတော် အင်မော်တယ်ဧကရာဇ်အဆင့် စစ်သည်တော်များ ပိုင်ဆိုင်ထားသည်မဟုတ်လား။
ကွမ်ဟန်နန်းတော်၏ အခြားနေရာ၊ အရံခန်းမတွင်။ ဗောဓိဘိုးဘေးက ၎င်း၏ရှေ့လမ်းကို ဖြတ်တောက်ပြီးသည့်အချိန်မှစ၍ သစ်နဂါးအင်မော်တယ်ဘုရင်သည် ကွမ်ဟန်နန်းတော်တွင် နေထိုင်လျက်ရှိသည်။ အကူအညီတောင်းခံမှုကို လက်ခံရရှိသောအခါတွင် သစ်နဂါးအင်မော်တယ်ဘုရင်သည် မတ်တပ်ရပ်လိုက်၏။ မည်သို့သောအခြေအနေမျိုးက နန်ကျိူးကို အကူအညီတောင်းခံစေရသနည်း။ သစ်နဂါးအင်မော်တယ်ဘုရင်သည် နေရာလွတ်ထဲဝင်သွားကာ နန်ကျိူးသို့ဦးတည်သွားသည်။
…….