← Chapters

အခန်း ၂၂၉-၂၃၁

Vol. 16 Ch. 229-231

အခန်း ၂၂၉-၂၃၁

Vol. 16 Ch. 229-231

အခန်း ၂၂၉ - သတိရှိသော အင်မော်တယ်

ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ တစ်ခုလုံးကို စစ်တပ်ကဝိုင်းရံထားသည်။ မဟာမိတ်အဖွဲ့အတွင်းရှိ လူတိုင်းကြားတွင် တင်းမာမှုများမြင့်တက်လာခဲ့သည်။ လူတိုင်းသည် ၎င်းတို့၏ကိုယ်ပိုင်အင်အားဖြင့် တာ့ယွီအင်ပါယာ၏စစ်တပ်ကိုပိတ်ဆို့ရန် စိတ်ကူးမရှိကြေချေ။ ကွမ်ဟန်နန်းတော်မှသံတမန်သည် မည်သည့်အချိန်မှ ရောက်ရှိလာမည်နည်း။ ကျန်ရှိသည့်ကျင့်ကြံသူများထဲတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်သော ဝိညာဉ်နဂါးဂိုဏ်းချုပ်ဖြစ်သူ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် စိတ်လှုပ်ရှားလျက်ရှိသည်။

တာ့ယွီအင်ပါယာထဲကိုဝင်ရန် ပြဿနာမရှိသော်လည်း ၎င်းတို့သည် ယခင်ကခေါင်းဆောင်များဖြစ်ကြသောကြောင့် မည်သူကအောက်ခြေတွင် ရှိလိုမည်နည်း။

ယခင်က နန်ကျိုးနယ်မြေတွင် ရွှေအင်မော်တယ်အဆင့်၌ရှိခြင်းသည် အခြားဂိုဏ်းများကို နှစ်သက်သလိုပြုမူနိုင်သည်အထိ အင်အားကြီးမားသည်။ ယခုတွင် တာ့ယွီအင်ပါယာသို့ဝင်ရောက်ပြီးနောက် ဖိနှိပ်ခံရမည်ဖြစ်သည့်အတွက် ဝိညာဉ်နဂါးရွှေအင်မော်တယ်က ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် အန္တရာယ်ရှိသော်လည်း ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် ကွမ်ဟန်နန်းတော်မှအကူအညီတောင်းရန် ရွေးချယ်ခဲ့သည်။

ကွမ်ဟန်နန်းတော်မှ ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တာ့ယွီအင်ပါယာဆုတ်ခွါသွားမည်ဖြစ်ကာ တာ့ယွီအင်ပါယာသို့ပူးပေါင်းသွားသည့် ဂိုဏ်းခွဲများသည်လည်း ပြန်လမ်းမရှိတော့ချေ။ ဤနည်းဖြင့် ဝိညာဉ်နဂါးဂိုဏ်းသည် နယ်မြေများကိုပိုမိုရရှိကာ အရင်းအမြစ်များကို ပိုမိုရယူနိုင်သည်။ အခြားသော ရွှေအင်မော်တယ်ဂိုဏ်းများ၏နယ်မြေများအကြောင်း တွေးတောရင်း ဝိညာဉ်နဂါးရွှေအင်မော်တယ်သာ် စိတ်လှုပ်ရှားလာ၏။ အစီအစဥ်ပြီးသွားပါက သူသည် အနာဂတ်တွင် အရင်းအမြစ်များစွာဖြင့် နက်နဲအင်မော်တယ်နယ်ပယ်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။

သစ်နဂါးအင်မော်တယ်ဘုရင်မရောက်မီ ရွှေအင်မော်တယ်ကျင့်ကြံသူအများအပြား၏ ရောင်ဝါသည် ဝိညာဉ်နဂါးရွှေအင်မော်တယ်နှင့် အခြားသူများအပေါ်ကျရောက်လာ၏။

ကျန်ရှိသော ရွှေအင်မော်တယ်နယ်ပယ်မှ ကျင့်ကြံသူ အနည်းငယ်သည် မကောင်းတော့ကြောင်းခံစားလိုက်ရသည်။ တာ့ယွီအင်ပါယာမှကျင့်ကြံသူများသည် လျင်မြန်စွာ ရောက်လာကြလေပြီ။ ၎င်းတို့သည်အချိန်များစွာမကြာသေးဘဲ ဤနေရာသို့ရောက်ရှိခဲ့ကြသည်။ ယခုအချိန်တွင် ထွက်ပြေးရန်မှာ အလွန်နောက်ကျသွားပြီဖြစ်သည်။ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် အံကြိတ်ကာ ကျင့်ကြံသူများကိုဦးဆောင်လျက် ရီရှောင်းရှောင်းကို ရင်ဆိုင်ရန် ပင်မခန်းမမှထွက်လာသည်။

"မင်း သေချာပေါက် ရွေးချယ်ပြီးပြီလား"

ရီရှောင်းရှောင်းသည် စကားလုံးများဖြင့် အချိန်ဖြုန်းရန် အစီအစဉ်မရှိပေ။

ဤနေရာကိုသိမ်းပိုက်ပြီးနောက် နန်ကျိုးကို ပေါင်းစည်းနိုင်လိမ့်မည်ဖြစ်သည်။

အောက်ငါးပြည်နယ်ကို လုံးဝသိမ်းပိုက်နိုင်ပါက သူမ၏ကျင့်ကြံမှုအဆင့်သည်လည်း နက်နဲအင်မော်တယ်နယ်မြေသို့ တိုက်ရိုက်တက်လှမ်းနိုင်ဖြစ်ရာ

သူမ၏အဖိုးတန်အချိန်ကို မနှောင့်နှေးစေလိုချေ။

ရီရှောင်းရှောင်း၏အကြည့်အောက်တွင် ဝိညာဉ်နဂါးရွှေအင်မော်တယ်ကိုထောက်ခံသူများသည် သူမကိုတိုက်ရိုက်မကြည့်ဝံ့ကြပေ။ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် သူ့စိတ်ထဲတွင် ငြိုငြင်လာ၏။ ကွမ်ဟန်နန်းတော်မှ ကျင့်ကြံသူများသည် အဘယ်ကြောင့် ဤမျှနှေးကွေးနေကြသနည်း။ ယခုအချိန်ထိ ပေါ်မလာကြသေး။

"မင်း ရွေးချယ်မှုပြီးသွားပြီ ထင်ပါရဲ့။ ဒါဆို စလိုက်ကြရအောင်!"

ရီရှောင်းရှောင်းသည် စွမ်းရည်များကိုတန်ဖိုးထားသော်လည်း ၎င်းတို့ကို သူမအတွက် အသုံးမချနိုင်ပါက ရန်သူအဖြစ်သာမှတ်ယူသည်။ ရီရှောင်းရှောင်းသည် ရန်သူများကို ရက်စက်စွာဆက်ဆံတတ်သည်။

လူသားဧကရာဇ်တံဆိပ်ကို ပစ်ထုတ်လိုက်ပြီးနောက် ရီရှောင်းရှောင်းသည် တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ လေဟာနယ်လှုပ်ခတ်သွားပြီးနောက်တွင် တစ်စုံတစ်ဦးထွက်လာကာ ကြောက်မက်ဖွယ်ရောင်ဝါများ ထွက်ပေါ်နေသည်။ တိုက်ပွဲတွက် အသန်မာဆုံးဖြစ်သည့် ရီရှောင်းရှောင်းပင်လျှင် ၎င်းရောင်ဝါရှိနေချိန်အတွင်း ပုရွက်ဆိတ်နှင့်မကွာတော့ချေ။ ဤကျင့်ကြံသူသည် အောက်ငါးပြည်နယ်နှင့် သက်ဆိုင်ပုံမရ။

"ကွမ်ဟန်နန်းတော်က မြင့်မြတ်တဲ့အင်မော်တယ်လားဗျာ"

ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် စိတ်လှုပ်ရှားစွာ ဟစ်အော်လိုက်သည်။

"ကွမ်ဟန်နန်းတော်က၊ သစ်နဂါးအင်မော်တယ်ဘုရင်ပဲ၊ မင်းက အကူအညီတောင်းတဲ့သူလား"

သစ်နဂါးအင်မော်တယ်ဘုရင်သည် ဝိညာဉ်နဂါးရွှေအင်မော်တယ်ကို ကြည့်လိုက်သည်။ အင်မော်တယ်ဘုရင်? ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် ကြောက်ရွံ့တုန်လှုပ်ကာ ဒူးထောက်လုနီးပါး ဖြစ်နေသည်။ ၎င်းသည် ချန်မင်ကမ္ဘာတွင် ထိပ်တန်းအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်၏။

ဝိညာဉ်နဂါးအင်မော်တယ်သည် အဆင့်ဖြတ်ကျော်ရန် အိပ်မက်မက်လျှင်ပင် နက်နဲအင်မော်တယ်နယ်မြေအထိသာ ရောက်ရှိနိုင်မည်ဖြစ်သည်။

အင်မော်တယ်ဘုရင်ဖြစ်ရန်ကိုမူ တွေးပင်မတေးဝံ့ချေ။ ယခုတွင် ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုသည် နန်ကျိူးသို့ ရောက်ရှိလာရာ

တာ့ယွီအင်ပါယာတော့သွားလေပြီ။

"နန်ကျိုးက ဝိညာဉ်နဂါးဂိုဏ်းချုပ်ဖြစ်တဲ့ ဝိညာဉ်နဂါးရွှေအင်မော်တယ်က သစ်နဂါးအင်မော်တယ်ဘုရင်ကို ဂါရဝပြုပါတယ်။ တာ့ယွီအင်ပါယာရဲ့ နန်ကျိူးကိုကျူးကျော်ကျူးကျော်မှုကြောင့် ကျင့်ကြံသူအများအပြား လက်နက်ချခဲ့ကြရပါတယ်။ ကျွန်တော်တို့ ဝိညာဉ်နဂါးဂိုဏ်းက လက်နက်ချဖ်ို့ ဆန္ဒမရှိပေမယ့်၊ နန်ကျိူးကို ကာကွယ်နိုင်စွမ်းမရှိတဲ့အတွက် အကြီးတန်းဂိုဏ်းထံမှ အကူအညီကိုသာ တောင်းခံနိုင်ပါတယ်"

ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် စကားလုံးအနည်းငယ်ဖြင့် သူ့ကိုယ်သူ နန်ကျိုးဂိုဏ်း၏ သစ္စာရှိပြီးဖြောင့်မတ်သော ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်လိုက်ကာ ကျန်သူများကို အကျင့်ပျက်သူများအဖြစ်ပြောဆိုခဲ့သည်။ တာ့ယွီအင်ပါယာဘက်တွင် လူတိုင်းသည် ရီရှောင်းရှောင်းကို လှည့်ကြည့်ကြသည်။ အင်မော်တယ်ဘုရင်တစ်ပါးသည် ၎င်းတို့အပေါ် ကြီးမားသောဖိအားပေးခဲ့၏။

ရီရှောင်းရှောင်းသည် သူတို့၏မျက်လုံးများတွင် စွမ်းအားကြီးမားသော်လည်း သူမသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ပြိုင်ဘက်မဟုတ်ချေ။

"ကျွန်တော်တို့က တာ့ယွီအင်ပါယာနဲ့ လိုလိုလားလားပူးပေါင်းခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့က နန်ကျိူးဘက်ကပါ။ အတင်းအကြပ် စေခိုင်းခံလိုက်ရတာပါ”

အင်မော်တယ်ဘုရင်တစ်ပါး၏ ရောင်ဝါသည် ကျင့်ကြံသူအများအပြားကို ရုတ်တရက် ဘက်ပြောင်းသွားစေသည်။ ဘက်ပြောင်းသွားသူအများစုသည် တာ့ယွီအင်ပါယာက ၎င်းတို့ကိုကောင်းမွန်စွာဆက်ဆံသည်ဟု ယူဆသောကြောင့် တာ့ယွီအင်ပါယာသို့ လိုလားစွာဝင်ရောက်လာသူများဖြစ်သည်။ ယခုလည်း အင်မော်တယ်ဘုရင်အဆင့် စွမ်းအားကြီးဘုရင်တစ်ပါးကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့သည် မဆိုင်းမတွဘဲ တာ့ယွီအင်ပါယာကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့ကြသည်။ ထိုသို့ပြောပြီးနောက် ၎င်းတို့သည် တာ့ယွီအင်ပါယာ၏အဖွဲ့ခွဲကို တိုက်ရိုက်စွန့်ပစ်သွားကာ ဝိညာဉ်နဂါးရွှေအင်မော်တယ်၏အဖွဲ့ဘက်သို့ ပြေးသွားကြသည်။

ရီရှောင်းရှောင်း၏မျက်နှာသည်လည်း ကောင်းမနေချေ။ နန်ကျိူး၏ ဂိုဏ်းမဟာမိတ်အဖွဲ့သည် အမှန်တကယ်ပင် အထက်ငါးပြည်နယ်မှ အထင်ကရဂိုဏ်းများကို အကူအညီတောင်းမည်ဟု မျှော်မှန်းထားခြင်းမရှိပေ။ သူမသည် ဤပြည်နယ်၏အင်အားကို လျှော့တွက်ထားပုံရသည်။ ချန်မင်ကမ္ဘာတွင် အချိန်ကြာမြင့်စွာရပ်တည်နိုင်ခဲ့သည့် ဤပြည်နယ်များထဲမှတစ်ခုမှ မလွယ်ကူကြချေ။

သူမသည် ယခု ရီဖန်ကို ဆင့်ခေါ်နိုင်မည်လားဟူ၍သာ စဉ်းစားနေသည်။

နေရာလွတ်အတွင်း၌ ဟွမ်လောင်စန်းသည် သူ့မျက်နှာထက်တွင် ကူကယ်ရာမဲ့သောအမူအရာ ပေါ်လာသည်။ မူလက လွယ်ကူသောအလုပ်ဖြစ်မည်ဟု သူထင်ခဲ့သော်လည်း စစချင်း၌အင်မော်တယ်ဘုရင်အဆင့် ပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤအင်မော်တယ်ဘုရင်သည် အလွန်အစွမ်းထက်ပုံမပေါ်သော်လည်း၊ အင်မော်တယ်ဘုရင်တစ်ပါးသည် နက်နဲအင်မော်တယ်နှင့် တူညီသောအဆင့်တွင်မဟုတ်ဘဲ အင်မော်တယ်ဘုရင်ဖြစ်ဆဲပင်။

ဟွမ်လောင်စန်းသည် သူ၏ပျော့ညံ့သော ကိုယ်ခန္ဓာကို ပြန်ကြည့်ရင်းသက်ပြင်းချကာ သူ့ကိုချက်ချင်းဆိုးဆိုးရွားရွား အနိုင်ယူမည်မဟုတ်ဟု မျှော်လင့်ခဲ့သည်။ သို့သော် အင်မော်တယ်ဘုရင်ကိုရင်ဆိုင်ရန်မှာ ကောင်းမွန်သည့် တိုက်ပွဲတစ်ခုဖြစ်သည့်အတွက် လုံလောက်ပါ၏။

ဟွမ်လောင်စန်းထံမှ ယုံကြည်မှုများ ထွက်ပေါ်လာသည်။ မြင့်မြတ်သော အင်မော်တယ်ဧကရာဇ်ဟွမ်လောင်စန်းသည် အင်မော်တယ်ဘုရင်တစ်ပါးလောက်ကို ကြောက်လန့်မည်မဟုတ်ချေ။

လျှပ်တပြက်အတွင်း ဟွမ်လောင်စန်းသည် ရီရှောင်းရှောင်း၏အဖွဲ့ရှေ့တွင်ပေါ်လာကာ နက်နဲအင်မော်တယ်ရောင်ဝါထွက်ပေါ်လာသည်။

တိုက်ပွဲကွင်းထဲရှိ ကျင့်ကြံသူများသည် ရှုပ်ထွေးစွာကြည့်နေကြ၏။ ဤနက်နဲအင်မော်တယ်သည် မည်သည့်နေရာကပေါ်လာသနည်း။ ယနေ့သည် မည်သည့်နေ့ဖြစ်သည့်အတွက် နက်နဲအင်မော်တယ်နှင့် အင်မော်တယ်ဘုရင်များ ပေါ်လာကြသနည်း။

“ရှောင်းရှောင်း၊ ငါက မင်းအစ်ကိုရီဖန်လွှတ်လိုက်တဲ့ ကာကွယ်သူပါ။ ဒီအင်မော်တယ်ဘုရင်လောက်ကို ငါ့ကိုလွှဲထားလိူက်"

ဝါစဉ်သတ်မှတ်ချက်အရ ဟွမ်လောင်စန်းသည် သစ်နဂါးအင်မော်တယ်ဘုရင်ကို အငယ်တန်းအဖြစ် ရည်ညွှန်းပိုင်ခွင့်ရှိသည်။ ဟွမ်လောင်စန်းသည် အသင့်ပြင်ပြီးကာ လျှို့ဝှက်နည်းပညာများအားလုံးကို စတင်အသုံးပြုနေပြီဖြစ်ပြီး တိုက်ပွဲကြီးတစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဟွမ်လောင်စန်း၏စကားကိုကြားသောအခါ ရီရှောင်းရှောင်းသည် အလွန်အံ့သြခြင်းမရှိပေ။

ဤ ဟွမ်လောင်စန်းသည် ယခင်က ရီဖန် ပြောခဲ့ဖူးသော ဟွမ်ထျန်းအင်မော်တယ်ဧကရာဇ်ဖြစ်ရမည်။

ရီရှောင်းရှောင်းသည် ရီဖန်၏အံ့ဖွယ်ရာများကို အချိန်ကြာမြင့်စွာကတည်းက ကျင့်သားရလာခဲ့ပြီးဖြစ်သည်။

ရေတိမ်တိုက်ရွှေအင်မော်တယ်၏နှစ်သက်မှုသည်လည်း ပြောင်းလဲမသွားဘဲ ဟွမ်ထျန်းအင်မော်တယ်ဧကရာဇ်၏ စကားကိုကြားသောအခါတွင် သူတို့နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုအနည်းငယ်ခံစားလိုက်ရသည်။ ရီရှောင်းရှောင်း၏နောက်ကွယ်တွင် အင်အားစုများ ရှိနေဆဲပင်။ ထို့အပြင် ရီရှောင်းရှောင်းကို ကာကွယ်ရန်အတွက် နက်နဲအင်မော်တယ်တစ်ဦးကို စေလွှတ်နိုင်ခဲ့သည့် ရီရှောင်းရှောင်းနောက်ကွယ်ရှိ တည်ရှိမှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။ ၎င်းတို့သည် ဤအင်မော်တယ်ဘုရင်ကို အမှန်တကယ် ခုခံနိုင်လိမ့်မည်။

ဟွမ်လောင်စန်းသည် သစ်နဂါးအင်မော်တယ်ဘုရင်ကို စောင့်ကြည့်နေကာ စတင်လှုပ်ရှားရန်အသင့်စောင့်နေသည်။ သို့သော် ဟွမ်လောင်စန်းမမျှော်လင့်ထားသည်မှာ သစ်နဂါးအင်မော်တယ်ဘုရင်သည် စတင်လှုပ်ရှားလာခြင်းမရှိဘဲ ရီရှောင်းရှောင်းကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ခဲ့သည်။ ဟွမ်လောင်စန်းသည် သစ်နဂါးအင်မော်တယ်ဘုရင်၏မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုကိုပင် မြင်နိုင်သည်။

"မင်းက တာအိုပညာရှင်ရီဖန်ရဲ့ မျိုးနွယ်စုကလား"

သစ်နဂါးအင်မော်တယ်ဘုရင်သည် သေချာမေးလိုက်၏။

……….

အခန်း 230 - နဂါးမျိုးနွယ်စုကို စော်ကားတာလက်ခံနိုင်ပေမယ့်၊ ရီမျိုးနွယ်စုကိုစော်ကားတာတော့ လက်မခံနိုင်ဘူး

"ကျွန်မအစ်ကိုကို သိတာလား"

ရီရှောင်းရှောင်းသည်လည်း ထျန်အန်း ပြည်နယ်မှ စွမ်းအားကြီးအင်မော်တယ်ဘုရင်က ရီဖန်ကို သိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏အစ်ကိုသည် အမြဲအိမ်တွင်းအောင်းသူတစ်ဦးမဟုတ်လား။ ပြည်နယ်ငါးခုမှ အင်မော်တယ်ဘုရင်တစ်ပါးကို သိသည်အထိ သူ့တွင်မည်မျှကြီးမားသော သူငယ်ချင်းအဖွဲ့ ရှိပါသနည်း။ ရီရှောင်းရှောင်းသည် ရီဖန်၏ညီမဖြစ်ကြောင်း သစ်နဂါးအင်မော်တယ်ဘုရင်ကြားသောအခါ၊ သူ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

သစ်နဂါးအင်မော်တယ်ဘုရင်သည် ရီဖန်နှင့် ဆက်ဆံရေးတစ်ခု မည်သို့တည်ဆောက်ရမည်ကို အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

သူသည် အလွန်တက်ကြွလွန်းပါက ရီဖန် စက်ဆုပ်သွားမည်ကိုစိုးရိမ်သောကြောင့် မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ရဲခဲ့ချေ။ သို့သော် ယခုတွင် နန်ကျိူးသို့ခရီး၌ မထင်မှတ်ဘဲ အခွင့်အရေးရခဲ့သည်။ အကူအညီတောင်းလာသော တောင်ပိုင်းမှကျင့်ကြံသူများသည် မည်သူနည်း?

၎င်းတို့ စွမ်းအားမရှိပါက၊ တာ့ယွီအင်ပါယာ၌ နာခံစွာ လက်အောက်ခံလိုက်သင့်သည်။

ရီဖန်ကိုရန်စမိပါက အကျိုးဆက်ကို ခံနိုင်မည်လား။ နောက်ဆုံးတွင် ၎င်းတို့၏ ကွမ်ဟန်နန်းတော်ရှိ ဂိုဏ်းချုပ်များပင်လျှင် ရီဖန်ကိုရန််မစဝံ့ချေ။ ဤသည်မှာ တာအိုဘိုးဘေး၏တပည့်တစ်ဦးဖြစ်သည့် အကျိုးကျေးဇူးကြောင့်ဖြစ်ကာ အင်မော်တယ်ဧကရာဇ်များပင်လျှင် ရန်မစဝံ့ပေ။

သစ်နဂါးအင်မော်တယ်ဘုရင်သည် သူဒီကိုလာရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းက အလွန်ကံကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ နောက်ဆုံးအကြိမ်က သူ့ေကြာင့် ကွမ်ဟန်နန်းတော်နှင့် ရီဖန်ကြား ဆက်ဆံရေးမှာ အဆင်မပြေခဲ့ပေ။ အကယ်၍ ဤတစ်ကြိမ်တွင် အင်မော်တယ်ဘုရင်တစ်ပါးသည် ရီရှောင်ရှောင်ကို မတော်တဆထိခိုက်စေခဲ့ပါက၊ အမှန်တကယ်ပင် ဒုက္ခများလိမ့်မည်။

ဟွမ်လောင်စန်းသည် သစ်နဂါးအင်မော်တယ်ဘုရင်၏ ဆုတ်ခွါသွားသည့်အရှိန်ကြောင့် ပဟေဌိဖြစ်နေသည်။ ၎င်းသည်မည်သည်ကိုဆိုလိုပါသနည်း၊ သူဆက်တိုက်ရမည်လား ရပ်လိုက်ရမည်လား။ ၎င်း၏လျှို့ဝှက်နည်းပညာကိုသုံးတော့မည်ဖြစ်သော်လည်း ထိုသူသည်လွန်ဆွဲနေစေကာ စိတ်မသက်မသာဖြစ်အောင်လုပ်နေသည်။

"သစ်နဂါးက ဂါဝရပြုပါတယ်၊ မင်းက အစ်ကိုရီဖန်ရဲ့ညီမမို့၊ ငါတို့ကွမ်ဟန်နန်းတော်ရဲ့ အထူးခြားဆုံးဧည့်သည်ပဲ"

ထိုစကားများထွက်လာသည်နှင့်တပြိုင်နက် မျှော်လင့်ချက်အလင်းတန်းများမြင်လိုက်ရသော ဝိညာဉ်နဂါးရွှေအင်မော်တယ်ဘက်မှသူများသည် ချက်ချင်းပင်နင်သွားကြ၏။

ကွမ်ဟန်နန်းတော်၏သံတမန်တစ်ဦးအနေဖြင့် ၎င်းသည်သူတို့ကိုမကူညီဘဲ ရန်သူများကိုပါညီအစ်ကိုများဟု ခေါ်ဆိုနေခြင်းသည် မည်သည်ကိုဆိုလိုသနည်း။ ၎င်းတို့ကို လူရွှင်တော်ဖြစ်အောင် လုပ်နေသလား။ စိတ်ရှုပ်နေသော ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် သစ်နဂါးအင်မော်တယ်ဘုရင်ကို ရန်စမိမည်ကိုပင် ဂရုမစိုက်နိုင်ဘဲ မေးလိုက်သည်။

“သစ်နဂါးအင်မော်တယ်ဘုရင်၊ ကွမ်ဟန်နန်းတော်က ငါတို့ရဲ့နန်ကျိူးကိုကာကွယ်ဖို့ ကတိပေးထားတယ်မဟုတ်ဘူးလား၊မင်းတို့ ကတိဖျက်မလို့လား"

ဟမ့်! နှာမှုတ်သံတစ်ချက်သာထွက်လာပြီးနောက် ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် သူ့မျက်စိရှေ့တွင် အမှောင်ထုကိုသာ မြင်လိုက်ရကာ ရုတ်တရက် မြေပြင်ပေါ် လဲကျသွားခဲ့သည်။

"မင်းက ငါ့ကို ပြန်မေးနေတာလား။ ပမွှားရွှေအင်မော်တယ်က ဘာအရည်အချင်းနဲ့ ငါ့ကို မေးခွန်းထုတ်နေတာလဲ”

သစ်နဂါးအင်မော်တယ်ဘုရင်သည် မထီမဲ့မြင်ပြန်ပြောလိုက်သည်။ ဤလူများသည် သူ တာ့ယွီအင်ပါယာအပေါ်တွင် ယဉ်ကျေးစွာဆက်ဆံသောကြောင့် သူတို့လည်းကြိုက်သလို မေးခွင့်ရှိသည်ဟုထင်နေကြသည်။ သစ်နဂါးအင်မော်တယ်ဘုရင်၏အမြင်တွင် ရွှေအင်မော်တယ်တစ်ဦးသည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ကာ ၎င်းကို တစ်ခဏအတွင်း အကြိမ်တစ်ထောင်သတ်ပစ်နိုင်သည်။

"ညီမရှောင်းရှောင်း၊ မင်း နန်ကျိူးကို သိမ်းပိုက်ဖို့ စီစဉ်နေတာ မဟုတ်လား။ စိတ်ချ၊ အတားအဆီးမရှိစေရဘူး။ ငါပြန်သွားရင် ဂိုဏ်းချုပ်ကို သတင်းပို့ပြီးတော့ ကွမ်ဟန်နန်းတော်က တာ့ယွီအင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိမ့်မယ်"

အင်ပါယာနှင့် မဟာမိတ်ဖွဲ့ထားသည့် အင်မော်တယ်ဧကရာဇ်ဂိုဏ်းတစ်ခုသည် ရယ်စရာကောင်းသော်လည်း သစ်နဂါးအင်မော်တယ်ဘုရင်သည် ၎င်းမှာ ကွမ်ဟန်နန်းတော်အတွက် အကျိုးရှိမည်မှန်းသိသည်။ တာအိုဘိုးဘေးများ၏သင်ကြားမှုကို ခံယူပြီးနောက် ဗောဓိတာအိုဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သည့်အပြင် အနာဂတ်တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်များ မရှိခဲ့ပါက ရီဖန်သည် ချန်မင်ကမ္ဘာနှင့် နယ်မြေသုံးထောင်နှစ်ခုလုံးတွင် ထိပ်တန်းဖြစ်လာလိမ့်မည်။ ရီဖန်နှင့်စောစီးစွာ ဆက်ဆံရေးမတည်ဆောက်ပါက၊ ရီဖန်ကြီးထွားလာသောအခါတွင် ကွမ်ဟန်နန်းတော်သည် သူနှင့်ဆက်သွယ်ရန် အရည်အချင်းပင် ရှိတော့မည်မဟုတ်ပေ။

သစ်နဂါးအင်မော်တယ်ဘုရင်၏ စိတ်အားထက်သန်မှုကြောင့် ရီရှောင်းရှောင်း အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ဤအင်မော်တယ်ဘုရင်သည် အောက်ကျခံနေ၏။

သို့သော် သစ်နဂါးအင်မော်တယ်ဘုရင်၏အဆိုပြုချက်နှင့်ပတ်သက်၍ ရီရှောင်းရှောင်းက လက်ခံရန် အစီအစဉ်မရှိပေ။ ကွမ်ဟန်နန်းတော်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် တာ့ယွီအင်ပါယာ၏ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုချောမွေ့စေမည်ဖြစ်သော်လည်း အခြားနည်းလမ်းမရှိသည့်အချိန်မှလွဲ၍ ရီရှောင်းရှောင်းသည် ရီဖန်အားကိုးဖြင့် နယ်မြေချဲ့ထွင်ရန် မရည်ရွယ်ထားပေ။

အဓိကအားဖြင့် ရီရှောင်းရှောင်း၏ လူသားဧကရာဇ်နည်းလမ်းသည် ခိုင်မာသော လူသားဧကရာဇ်၏နှလုံးသား လိုအပ်သောကြောင့်ဖြစ်သည်။ တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုမရှိပါက လူသားဧကရာဇ်ဖြစ်လာမည့် အနာဂတ်လမ်းကြောင်းသည် ဆုတ်ယုတ်မှုများ ပိုမိုကြုံတွေ့ရလိမ့်မည်။

ရီရှောင်းရှောင်းသည် တဖြည်းဖြည်းနှင့်ခိုင်မာသော အခြေခံအုတ်မြစ်ကိုသာ တည်ဆောက်လိုသည်။

"ရှင့်ရဲ့ ကြင်နာတဲ့ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ် သစ်နဂါးအင်မော်တယ်ဘုရင်၊ ဒါပေမယ့် ရပါတယ်။ ကျွန်မပြန်သွားရင် အစ်ကို့ကို ဒီအကြောင်း ပြောပြလိုက်ပါမယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် ကျေးဇူးဆပ်ဖို့ ကွမ်ဟန်နန်းတော်ကို ကိုယ်တိုင်ကိုယ်ကျ လာလည်ပါ့မယ်"

ရီရှောင်းရှောင်းက ငြင်းဆိုခဲ့သော်လည်း သစ်နဂါးအင်မော်တယ်ဘုရင်သည် အလွန်အံ့သြခြင်းမရှိပေ။ ရီဖန်က သူလုပ်ခဲ့သည့်အရာများကို သိနေသရွေ့ လုံလောက်ပါသည်။ ဝိညာဉ်နဂါးရွှေအင်မော်တယ်နှင့် အခြားသူများသည်ကား မေ့ဖျောက်ခံလိုက်ရပုံရသည်။ဝိညာဉ်နဂါးရွှေအင်မော်တယ် ပြန်နိုးထလာသည့်အချိန်တွင် သူ၏ဒဏ်ရာရထားသည့် စိတ်ဝိညာဉ်၏ နာကြည်းမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။ သစ်နဂါးရွှေအင်မော်တယ်ပင်လျှင် ရန်သူဘက်သို့ပါသွားပြီဖြစ်ရာ ၎င်းတို့ မည်သို့ပြုလုပ်သင့်သနည်း။

ဝိညာဉ်နဂါးရွှေအင်မော်တယ်ဘက်ပြောင်းသွားသူများသည်လည်း အလားတူခံစားခဲ့ရသည်။

အမှောင်မှ အလင်းသို့ပြောင်းသည်ဟု ထင်ခဲ့ကြသော်လည်း ၎င်းတို့ပြောင်းပြီးနောက်တွင် ခေါင်းဆောင်သည်လည်း လက်ပြောင်းသွား၏။ ၎င်းတို့သည်သာ ဟာသအဖြစ်ကျန်ခဲ့သည် မဟုတ်လား? ယခုတွင် ဝိညာဉ်နဂါးရွှေအင်မော်တယ်ကို အားကိုးလို့မရတော့သည့်အပြင် တာ့ယွီအင်ပါယာစခန်းကိုပြန်သွားရန်လည်း မဖြစ်နိုင်တော့ပေ။ ကျင့်ကြံသူများသည် ဤအဖြစ်ကြောင်ဘ မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ရသည်။ သစ်နဂါး အင်မော်တယ်ဘုရင်မရှိတော့ပါပ နောက်ဆက်တွဲတိုက်ပွဲသည်လည်း စောင့်ကြည့်ရန်မလိုတော့ချေ။

ယာယီဘက်ပြောင်းသူများသည်လည်း ရန်သူများအဖြစ် သတ်မှတ်ခံလိုက်ရကာ

ဂိုဏ်းမဟာမိတ်အဖွဲအစည်း၏ဌာနချုပ်တစ်ခုလုံးသည် သွေးမြစ်အသွင်စီးဆင်းခဲ့ရသည်။ အဆုံးတွင် ကျင့်ကြံရေးအဆင့်မရှိတော့သော ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် ရီရှောင်းရှောင်းရှေ့သို့ ခေါ်ဆောင်ခံလိုက်ရသည်။ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် သူ့မျက်လုံးများတွင် ဒေါသ၊ နာကြည်းမှုတို့ကို သိုဝှက်ထား၏။

"တာ့ယွီဧကရီ၊ မင်းဒီလို နိုင်သွားပြီလို့ ထင်တာလား။ ငါက နဂါးမျိုးနွယ်စုကပဲ၊ ငါတို့ နဂါးဘိုးဘေးရဲ့သားတော်လည်း ပေါ်လာပြီဆိုတော့ အနှေးနှင့်အမြန်ဆိုသလို မင်းကံကြမ္မာက ငါ့လိုပဲဖြစ်လိမ့်မယ် ဟားဟားဟား!”

နဂါးဘိုးဘေး၏သားတော်။ ရီရှောင်းရှောင်း သတိရလိုက်သည်မှာ နဂါးဘိုးဘေးသားတော်သည် ရီကျင်းစန်၏သား မဟုတ်လား။ မိတ်ဆွေအချင်းချင်းပြဿနာဖြစ်ခြင်းမှ ကင်းရှင်းရန်အတွက် ရီရှောင်းရှောင်းသည် ဆက်သွယ်ရေးတိုကင်ကို ချက်ချင်းထုတ်ယူလိုက်သည်။

ထို့နောက် ရီကျင်းစန်သည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာသည်။

နဂါးဘိုးဘေး၏အဆင့်ကိုရရှိပြီးနောက်၊ ရီကျင်းစန်သည် နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့သည်။ လေးပင်လယ်နဂါးမျိုးနွယ်စု၏ စွမ်းအားကို ပေါင်းစပ်ပြီးနောက် နဂါးမျိုးနွယ်စု၏စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် ရီကျင်းစန်သည်လည်း ခေါင်းငုံ့မခံချေ။ သို့သော် သူ့အဒေါ် ဖြစ်သူ ရီရှောင်းရှောင်းက သူ့ကို ဆက်သွယ်လာသည့်အတွက် ရီကျင်းစန် အလျင်အမြန်ဆက်သွယ်လိုက်တယ်။

"ဒေါ်လေး တစ်ခုခုလိုသေးလား"

ရီကျင်းစန်ကိုမြင်လိုက်ရသည့်အခါတွင် ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် မရယ်နိုင်တော့ချေ။ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် လိမ်ညာခဲ့ခြင်းမရှိဘဲ နဂါးမျိုးနွယ်စုတွင် အမှန်တကယ်ပါ၀င်သော်လည်း သူသည် အဓိကမျိုးရိုးမဟုတ်ဘဲ မိသားစုအခွဲတစ်ခုမျှသာဖြစ်သည်။

ရီကျင်းစန် အမှန်တကယ်ပေါ်လာသည့်အတွက် ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် အလွန်အံသဩသွားသည်။ သူနှင့်ယှဉ်လျှင် ရီရှောင်းရှောင်းသည် နဂါးမျိုးနွယ်စုနှင့် ပို၍ပင်ရင်းနှီးသည်။

နဂါးဘိုးဘေး၏သားတော်၊ နဂါးမျိုးနွယ်စုခေါင်းဆောင်သည် သူမကို အဒေါ်ဟုပင် ခေါ်လိုက်သေးသည်။

ရီရှောင်းရှောင်းကို မည်သူက ကျောထောက်နောက်ခံပြုထားသနည်း။

တာ့ယွီအင်ပါယာ၏ဧကရီ၊ နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်နှင့် ကွမ်ဟန်နန်းတော် အင်မော်တယ်ဘုရင်တို့သည်ပင် သူမရှေ့တွင် ဦးညွတ်ရသည်။ ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် လျှို့ဝှက်ချက်ကြီးကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူသည် ဆက်လက်တူးဖော်ရန် အခွင့်အရေးမရှိတော့ပေ။

“ဒေါ်လေး၊ ဒီကောင်က ကျွန်တော်တို့ မိသားစုအခွဲထဲက ဖြစ်ပုံပဲ၊ သူ့ကို သတ်လိုက်လို့ရတယ်”

အခွဲမှားကိုမဆိုထားနှင့်၊ ရီမိသားစုအဖွဲ့ဝင်ကို အနိုင်ကျင့်ဝံ့သည့် တိုက်ရိုက်မျိုးရိုးဖြစ်လျှင်ပင် ၎င်းတို့ကိုသတ်ပစ်သင့်သည်။ ရီကျင်းစန်၏နှလုံးသားတွင် ရီမိသားစု၏ရာထူးသည် နဂါးမျိုးနွယ်စုထက်များစွာမြင့်မားသည်။ နဂါးမျိုးနွယ်စုကို အနိုင်ကျင့်နိုင်သော်လည်း ရီမိသားစုကို အနိုင်ကျင့်ရန်အတွက်မူ စဉ်းပင်မစဉ်းစားလိုက်လေနှင့်။

……

အခန်း 231 - စုယန်သည် အတိတ်ကိုဖက်တွယ်တတ်သည့်သူတစ်ဦးဖြစ်၏

ဝိညာဉ်နဂါးရွှေအင်မော်တယ်သည် သူလုံးဝရှုံးနိမ့်သွားမှန်းသိပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရွှေအင်မော်တယ်တစ်ဦးသည် ရီရှောင်းရှောင်း၏ပြိုင်ဘက်မဖြစ်နိုင်တော့ချေ။

ယခု ရီရှောင်းရှောင်းလိုချင်သည်မှာ အောက်ပိုင်းငါးပြည်နယ်လုံးကိုဖြစ်၏။

လက်ရှိတွင် နန်ကျိူးသည် လုံးဝသိမ်းပိုက်ခံလိုက်ရပြီးဖြစ်ကာ ၎င်းတို့သည် နန်ကျိူးကိုထိန်းချုပ်ရန်လိုအပ်ပြီး၊ ထို့နောက်တွင် ကျန်အောက်ငါးပြည်နယ်ကိုလည်း ဆက်လက်သိမ်းပိုက်နိုင်မည်ဖြစ်သည်။

ရီရှောင်းရှောင်း၏အကြည့်သည် နေရာလွတ်ထဲသို့ကျရောက်သွားသည်။ ဤတစ်ကြိမ်တွင် တာ့ယွီအင်ပါယာမှတိုက်ပွဲသည် အလွန်ထင်ရှားသောကြောင့် အခြားပြည်နယ်မှ ကျင့်ကြံသူများသည် ၎င်းကို သတိမပြုမိသည်မှာမဖြစ်နိုင်ချေ။ ယခုအချိန်တွင် တာ့ယွီအင်ပါယာကို တိတ်တဆိတ်စောင့်ကြည့်နေသည့် အင်အားစုမည်မျှရှိမည်ကို မည်သူသိမည်နည်း။

ယခုအချိန်မှစ၍ တိတ်တဆိတ်တိုးတက်လှုပ်ရှားရန် မဖြစ်နိုင်တော့ပေ။

ရီရှောင်းရှောင်း၏ အကြည့်ကို ခံစားလိုက်ရသဖြင့် နေရာလွတ်ထဲမှ လျှို့ဝှက်စွာရောက်ရှိနေသောသူများ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် ရီရှောင်းရှောင်း အရေးယူမည်၊ မယူမည်ကို လောင်းကစားမလုပ်ရဲကြပေ။

ရီရှောင်းရှောင်း ဖော်ပြသောစွမ်းအားကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လွတ်မြောက်ရန် အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ပေ။ ထိုဆုတ်ခွာသွားသော ကျင့်ကြံသူများထဲတွင် နန်ကျိုးရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ သခင်ရာထူးသို့ တိုးမြှင့်ခံခဲ့ရသော ပေဟူလည်း ပါဝင်သည်။

ပေဟူသည် သူ့ကံကုန်သွားပြီဟု ခံစားလိုက်ရ၏။

အရှေ့ပြည်နယ်တွင် တာ့ယွီအင်ပါယာ၏ လွှမ်းမိုးနိုင်မှုသည် အရှေ့ပြည်နယ်ရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်ခက်ခဲစေသည်။

နောက်ဆုံးတွင် နန်ကျိုးသို့ပြောင်းလာပြီးနောက် အခြေအနေများအနည်းငယ်လွယ်လာသော်လည်း မမျှော်လင့်ဘဲ တာ့ယွီအင်ပါယာက နန်ကျိူးကို တိုက်ရိုက်သိမ်းပိုက်လိုက်သည်။ ဤရလဒ်ကြောင့် ပေဟူသည် အလွန်စိတ်ပျက်သွားခဲ့ကာ နန်ကျိူးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုသည် မည်သို့ရှိမည်ကို သူကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ထိုအချိန်က “သစ္စာဖောက်” စုယန်တည်ရှိမှုနှင့်အတူ အနည်းဆုံးနေရာအချို့တွင် တိုးတက်လာခဲ့သည်။

သို့သော် ယခုသူ့ထံတွင် ဘာမှမရှိတော့ရာ သူမည်ကဲ့သို့ တိုးတက်လာနိုင်တော့မည်နည်း။

မူလက ပေဟူသည် စုယန်လက်အောက်မှ လွတ်မြောက်လိုသော်လည်း ယခုတွင် ပေဟူသည် စုယန်ကို ယခင်ကထက် ပိုတောင့်တနေခဲ့သည်။ အကယ်၍ စုယန်သာ နန်ကျိူးသို့ ရောက်နိုင်ခဲ့ပါက….။ ဟုတ်သည်! စုယန်ကို နန်ကျိုးသို့ လာခိုင်းရမည်။ ပေဟူ၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီးနောက် ၎င်းကိုထိန်းမနိုင်တော့ပေ။ နန်ကျိုးသို့ရောက်လာသည့် သူ၏အဓိကပန်းတိုင်သည် စုယန်အတွက် လမ်းခင်းပေးရန်သာဖြစ်ကြောင်း ပေဟူသတိရသွားသည်။ ယခုတွင် စုယန်အား နန်ကျိူးကို စောစောအုပ်ချုပ်ခွင့်ပေးလိုက်ပါကလည်း ပြဿနာရှိမည်မဟုတ်ပေ။

ပေဟူသည် အနည်းငယ်မျှမတုံ့ဆိုင်းဘဲ နန်ကျိုး၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနခွဲသို့ ပြန်ရောက်သောအခါ ဝူရှန်းဘိုးဘေးကို ချက်ချင်းဆက်သွယ်လိုက်ကာ သူ၏ဆန္ဒများကိုပြောကြားခဲ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရှေ့ပြည်နယ်ဌာနခွဲအတွင်းတွင် အောင်မြင်မှုတစ်ခုပြုလုပ်ပြီး သူမ၏ ကျင့်ကြံမှုအဆင့်တက်လှမ်းခဲ့သော စုယန်သည် ရုတ်တရတ် ဝူရှန်းဘိုးဘေးထံမှ သတင်းတစ်ခုကို လက်ခံရရှိခဲ့သည်။ ရွှေအင်မော်တယ် နယ်မြေထဲသို့ ရောက်သွားသော စုယန်ကို မြင်လိုက်ရပြီးနောက် ဝူရှန်းဘိုးဘေးသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ လေချီလင်သွေးမျိုးဆက်မှ ဆင်းသက်လာသူသည် သူမျှော်မှန်းထားသည့်အတိုင်း နဂါးမျိုးရိုးမှ နဂါးဘိုးဘေး၏သွေးမျိုးဆက်ကိုယှဉ်နိုင်လောက်အောင် အားကောင်းသည်။

စုယန်၏စွမ်းဆောင်နိုင်စွမ်းကို အကဲဖြတ်ခြင်းဖြင့် သူမသည် အနာဂတ်တွင် အင်မော်တယ်ဧကရာဇ် သို့မဟုတ် တာအိုဘိုးဘေးတစ်ဦးဖြစ်လာကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးအဖြစ် သူ့ကိုအကူအညီပေးနိုင်ရန်အတွက် မျှော်လင့်ချက်ရှိသည်။ သိထားသင့်သည်မှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲတွင် ဝူရှန်း၏မျိုးဆက်ဖြစ်ရုံသာမဟုတ်ဘဲ၊ အရင်းအမြစ်များပိုမိုရရှိရန်အတွက် ပိုမိုအားကောင်းသောအင်အားကို ပြသရမည်ဖြစ်သည်။ သို့မဟုတ်ပါက၊ ဝူရှန်းဘိုးဘေးသည် စုယန်ကို ၎င်း၏တိုက်ရိုက်တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။

“စုယန်၊ အခုချက်ချင်းထွက်ပြီးတော့ နန်ကျိူးကိုသွား၊ မင်း အဲနေရာမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရဲ့ သခင်အသစ်ဖြစ်လာလိမ့်မည်။ ပေဟူက မင်းရဲ့လက်ထောက်ပဲ"

ထိုစကားကိုကြားလိုက်ရသည်နှင့် စူးယန်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

အရှေ့ပြည်နယ်တွင်ဌာနခွဲတစ်ခုသာ လည်ပတ်ခြင်းဖြင့် စုယန်အလွန်ချမ်းသာနေပြီဖြစ်သည်။

နန်ကျိူးသည် အရှေ့ပြည်နယ်ထက် ပိုမိုအားကောင်းသောကြောင့် ၎င်းနယ်မြေရှိရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ပိုမိုအားကောင်းကာ အရင်းအမြစ်များပိုမိုများပြားလိမ့်မည်။ စုယန်သည် နန်ကျိူးဌာနခွဲသို့သွားသောအခါ လူအချို့ကို တာ့ယွီအင်ပါယာတွင် နေရာချထားခြင်းမပြုဘဲ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏စွမ်းအားကို မြှင့်တင်ရန်မဖြစ်နိုင်ပေ။

ဤအရာသည် အချို့သော အရင်းအမြစ်များကို သုံးစွဲရန်လိုအပ်ကာ မည်မျှသုံးစွဲမည်ဆိုသည်မှာ တံခါးသခင်ဖြစ်သူစုယန်အပေါ်မူတည်သည်။ နန်ကျိူးနှင့် အရှေ့ပြည်နယ်တို့အတူတကွရှိသောကြောင့် သူမနှစ်ဆပိုပျော်ရတော့မည်ဖြစ်သည်။ ထို့အပြင် တာ့ယွီအင်ပါယာသည် အောက်ငါးပြည်နယ်ကို လုံးလုံးလျားလျား သိမ်းပိုက်လိုက်သောအခါတွင် သူမ၏ယောင်းမဖြစ်သူ ရီရှောင်းရှောင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို အတိအကျပစ်မှတ်ထားနိုင်ပြီဖြစ်ကာ သူမလည်းဝင်ကူညီမည်ဖြစ်သည်။

ထိုအချိန်တွင် အောက်ပြည်နယ်ငါးခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် သူမ၏လက်ထဲတွင် ရှိလိမ့်မည်မဟုတ်လား။ ၎င်းကို စဉ်းစားပြီးနောက်ရီရှောင်းရှောင်းသည် မျက်ရည်ကျလုနီးပါးပင်။ စုယန်သည် သူမ၏ ကျင့်ကြံမှုအဆင့်ကို စုစည်းရန်ပင် မစောင့်နိုင်တော့ဘဲ ရီမိသားစုမှတပည့်များစွာကို ခေါ်ဆောင်ကာ နန်ကျိူးသို့ ချက်ချင်းသွားခဲ့သည်။ ရီမိသားစု၏တပည့်များသည် ယခုအခါတွင် ပုံမှန်သွားစရာနေရာများစွာရှိသည်။ သက်ရှည်ဂိုဏ်း၊ တာ့ယွီအင်ပါယာနှင့် နောက်ဆုံးရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး။

အရှေ့ပြည်နယ်ရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် လက်ရှိတွင် ရီမိသားစုအတွက် စမ်းသပ်ကွင်းတစ်ခုဖြစ်လာသည်။ ထိုကဲ့သို့ဖြစ်လာခြင်းကို ရီဖန်ကိုယ်တိုင်လည်း ဝမ်းသာခဲ့သည်။ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ကောင်းမွန်သောနေရာမဟုတ်သော်လည်း အလွန်ကောင်းမွန်သော ထောက်လှမ်းရေးဌာနတစ်ခုဖြစ်သည်။ ရီမိသားစုသည် သတင်းအချက်အလက်များစုဆောင်းရာတွင် အထူးကောင်းမွန်ခြင်းမရှိပေ။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ဤနေရာတွင် ရီမိသားစု၏အားနည်းချက်အတွက် ပြည့်စုံစွာဖြည့်စွက်ပေးထား၏။

နန်ကျိူးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ပေဟူသည် အလွန်တင်းမာနေခဲ့သည်။ ထိုအချိန်တွင် တာ့ယွီအင်ပါယာသည် နန်ကျိုးရှိအင်အားစုများကို တိုက်ထုတ်ကာ နန်ကျိုးကိုဖြတ်ကျော်လာခဲ့သည်။

တာ့ယွီအင်ပါယာသို့ ပူးပေါင်းဝင်ရောက်သူများမှလွဲ၍ အခြားသော အင်အားစုများကို တည်ရှိခွင့်မပြုထားကြချေ။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည်လည်း တာ့ယွီအင်ပါယာသို့မ၀င်နိုင်သောကြောင့် ၎င်းတို့သည် တာ့ယွီအင်ပါယာ၏တိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာခဲ့သည်။

ထို့အပြင် ဤကာလအတွင်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ စိမ့်ဝင်သူအများအပြားသည် တာ့ယွီအင်ပါယာကို တိုက်ခိုက်ရာတွင် အမြောက်စာလေးများဖြစ်သွားသောကြောင့် နန်ကျိူးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတစ်ခုလုံးသည် အခွံအဖြစ်သို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။အကယ်၍ ဤနည်းအတိုင်းသာဆက်သွားလျှင် ပေဟူသည် သခင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် မသေချာတော့ဘဲ၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ တာဝန်ယူခိုင်းခြင်းမခံရလျှင်ပင် ကံကောင်းသည်ဟု ယူဆနိုင်သည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် တာဝန်ယူရန်အတွေးသည် ပေဟူ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေခဲ့သည်။ ထိုအချိန်တွင် သေခြင်းတရားကသာ ပိုကောင်းလိမ့်ဦးမည်။

ယခုတွင် ပေဟူသည် နန်ကျိူးတွင် တံခါးသခင်ဖြစ်ရခြင်းဟူသော အာလူးပူကြီးကို အခြားသူတစ်ဦးထံ လက်လွှဲပြောင်းပေးချင်သည်။

“ခေါင်းဆာင်မတွေ့တာကြာပြီ"

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ နန်ကျိုးဌာနခွဲတွင် လူတစ်ယောက်ပေါ်လာသည်။

၎င်းကိုမြင်လိုက်ပြီးနောက် ပေဟူအလွန်စိတ်လှုပ်ရှားသွား၏။ နောက်ဆုံးတွင် စုယန်ရောက်လာပြီဖြစ်သည်။ ပေဟူသည် မျက်ရည်ကျလုမတတ်ပင်။

"တံခါးသခင်စု၊၊ အခုကစပြီးတော့ ငါမင်းကို မှီခိုရတော့မယ်"

ပေဟူသည် စုယန် နန်ကျိူးရောက်ရှိလာခြင်းသည် သူ့လက်အောက်ခံအဖြစ်မဟုတ်မှန်း သေချာပေါက်သိသည်။ မျှော်လင့်ထားသည့်အတိုင်း နောက်အခိုက်အတန့်တွင် ပေဟူသည် ယခုအချိန်မှစပြီး စုယန်သည် နန်ကျိုးဌာနခွဲကိုအုပ်ချုပ်ရမည်ဟူသည့် အကြောင်းကြားချက်ကို သူ့စိတ်ထဲတွင် လက်ခံရရှိခဲ့သည်။ ပေဟူသည် လုံးဝမကန့်ကွက်ပေ။ သူမဟုတ်သရွေ့ မည်သူသခင်ဖြစ်လာသည်ဆိုသည်မှာ အရေးမကြီးချေ။ သူထိုတာဝန်ကို မခံနိုင်တော့ဘဲရှိသည်။

ပေဟူသည် စုယန်အတွက် ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲတစ်ခုစီစဉ်ပေးကာ နန်ကျိူးဌာနခွဲမှ ကျန်ဝန်ထမ်းများကို သူမနှင့်မိတ်ဆက်ပေးသည်။

စုယန်သည် ဝူရှန်းဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သည်ကို သိရှိသောအခါ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအဖွဲ့ဝင်များသည် အလွန်စိတ်လှုပ်ရှားသွားကြသည်။

ထိုသို့သော ပုဂ္ဂိုလ်သည် သူတို့ကိုဦးဆောင်ပါက နန်ကျိူးဌာနခွဲသည် အမှန်တကယ်ပင် ပိုမိုအားကောင်းလာကာ စွမ်းအားကြီးမားလာမည်ဖြစ်သည်။

စုယန်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဌာနခွဲအဖွဲ့ဝင်များကို ကြည့်ကာ သူမ၏နှလုံးသားထဲတွင် တိတ်တိတ်လေးမှန်ထားလိုက်သည်။ ၎င်းတို့အားလုံးကို နောက်တစ်ကြိမ် ဖယ်ထုတ်ပစ်ရမည်။

ထို့နောက် ရီမိသားစုမှလူများကို ထည့်သွင်းကာ နန်ကျိုးဌာနခွဲကို အပြီးသတ် သုတ်သင်ရှင်းလင်းခဲ့ရမည်။

အရှေ့ပြည်နယ်ဌာနခွဲတွင် သုတ်သင်ရှင်းလင်းမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုအချိန်တွင် အရှေ့ပြည်နယ်ဌာနခွဲရှိလူတိုင်းသည် ရီမိသားစုမှဖြစ်ကြ၏။

၎င်းတို့သည် စုယန်၏စကားကို ဝူရှန်းဘိုးဘေးထက် ပိုအလေထားသည်။ နန်ကျိုးဌာနခွဲတစ်ခုလုံးတွင်၊ စုယန်သည် ပေဟူကိုသာ ထိန်းသိမ်းထားရန် ရည်ရွယ်သည်။ နောက်ဆုံးတွင် သူတို့သည် အသိအကျွမ်းဟောင်းများဖြစ်ကြကာ နှစ်များတစ်လျှောက် သာယာသောပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်မဟုတ်လား။ ပေဟူသည် ကိစ္စများကို ဝင်မရှုပ်သရွေ့ သူအသက်ရှင်နေရန် အခက်အခဲရှိမည် မဟုတ်ပေ။

……

All Chapters