အခန်း ၂၃၅-၂၃၇
Vol. 16 Ch. 235-237
အခန်း ၂၃၅ - ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများစာရင်း
ရီဖန်ထံမှသတင်းရရှိပြီးနောက်၊ မူလက တာ့ယွီအင်ပါယာ၏နယ်မြေကို ဆက်လက်ချဲ့ထွင်ရန် ကြံစည်ထားသော ရီရှောင်းရှောင်းသည် သူမ၏လုပ်ရှားမှုများကို ချက်ချင်းရပ်လိုက်၏။
တာ့ယွီအင်ပါယာသည် ယခုလက်ရှိတွင် အရှေ့ပြည်နယ်နှင့် နန်ကျိူးတို့ဖြင့်လုံလောက်ပြီဖြစ်သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ချန်မင်ကမ္ဘာတွင် ဒုတိယမြောက်သတင်းရရှိသူဖြစ်ကာ၊
၎င်းတို့သည် လူသားမျိုးနွယ်စုနှင့် ဆက်ဆံရေးအတွက်ကိုယ်စားပြုထားခြင်းဖြစ်သည်။ အမှန်စင်စစ် ကောင်းကင်စုန်းကမ္ဘာမှ ချန်မင်ကမ္ဘာကို ကျူးကျော်ခြင်းကို ၎င်းတို့ကဦးဆောင်ခဲ့ခြင်းဖြစ်၏။
ပြည်နယ်နှစ်ခုလုံးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏သခင်အနေဖြင့် စုယန်သည်လည်း ထိုသတင်းကိုလက်ခံရရှိခဲ့ကာ ၎င်းတို့၏ကျူးကျော်ဝင်ရောက်မှုကိုကူညီပေးရန် ညွှန်ကြားချက်ကိုရရှိခဲ့သည်။ လိုအပ်သည့်အခြေအနေများတွင် ၎င်းတို့၏သူလျှိုများကို လူသားများအားရှင်းထုတ်စေမည်ဖြစ်၏။
သတင်းရရှိပြီးနောက် စုယန်သည် ပြန်လည်တက်ကြွလာသည်။ သူမသည် လူသားများကို တိုက်ရိုက် ဒုက္ခပေးမည်မဟုတ်သော်လည်း စစ်ပွဲမှအမြတ်ထုတ်နိုင်သေး၏။ စုယန်သည် တာ့ယွီအင်ပါယာကို တိုက်ခိုက်ရန်အတွက် အရင်းအမြစ်များကိုချက်ချင်းတောင်းဆိုခဲ့သည်။ ထို့နောက် သူမသည် တာ့ယွီအင်ပါယာအတွင်းမှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသူလျှိုများစာရင်းကို ရီရှောင်းရှောင်းထံလွှဲပြောင်းပေးခဲ့သည်။
ရီရှောင်းရှောင်းသည် ဤသူလျှိုများကိုစောင့်ကြည့်ရန်အတွက် လူစေလွှတ်ကာ ၎င်းတို့၏လှုပ်ရှားမှုများကို အစောဆုံးသိရှိနိုင်လိမ့်မည်ဖြစ်သည်။ ရီမိသားစုသည် ပြည်နယ်နှစ်ခုလုံး၏လုံခြုံရေးကအတွက် အခင်းအကျင်းအများအပြား မတည်ဆောက်ခဲ့ကြချေ။ လက်ရှိတွင် အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏နယ်မြေကိုကာကွယ်ရန်မဟုတ်ဘဲ အောက်ဘက်ငါးပြည်နယ်ကို တတ်နိုင်သမျှ သိမ်းပိုက်ရန်နှင့် တာ့ယွီအင်ပါယာကို တာ့ယွီ အင်မော်တယ်မင်းဆက်အဖြစ်သို့ မြှင့်တင်ရန်ဖြစ်သည်။
၎င်းတို့သည် အင်မော်တယ်မင်းဆက်အဖြစ် တိုးမြှင့်ပြီးမှသာလျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားများကို အမှန်တကယ်ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် အင်မော်တယ်မင်းဆက်အဖြစ် ကူးပြောင်းခြင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စမ်းသပ်မှုကိုကျော်ဖြတ်ရန်လိုအပ်ကာ အင်အားမပြည့်မီလျှင် ၎င်းကိုကျော်ဖြတ်ရန် မလွယ်ကူချေ။ လူသားများတိုးတက်လာရေးအတွက် လမ်းကြောင်းပေါ်တွင် အမျိုးမျိုးသော စမ်းသပ်မှုများကို ရင်ဆိုင်ရမည်ဖြစ်၏။
ရီမိသားစုနှင့် တာ့ယွီအင်ပါယာတို့၏ လှုပ်ရှားမှုများသည် အလွန်သိုသိပ်သောကြောင့် အခြားအင်အားစုများက ထူးဆန်းမှုများကို သတိမထားမိသကဲ့သို့ ရီဖန်ကိုယ်တိုင်ကလည်း မကြေညာခဲ့ချေ။ အခြားမျိုးနွယ်စုများ ယုံမည်မယုံမည်ကို အသာထား၊ အချက်အလက်ကို မည်သည့်နေရာကရသနည်းဟု မေးလာပါက ကောင်းကင်စုန်းကမ္ဘာရှိ နတ်သားတော်နှစ်ပါးသည် သူတို့၏ရီမိသားစုအဖွဲ့ဝင်များဖြစ်သည်ဟု မပြောနိုင်ပေ။
တာ့ယွီအင်ပါယာသည် နန်ကျိူးကိုသိမ်းပိုက်ပြီးနောက် အနောက်၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များမှ အင်အားစုများသည် ၎င်းနှင့်ပက်သက်၍ အမြဲသတိရှိခဲ့ကြသည်။ တာ့ယွီအင်ပါယာက သတ္တိရှိစွာကျူးကျော်လာလျှင် ၎င်းတို့ပြင်ဆင်ထားပြီးဖြစ်သည့် ပြည်နယ် ၃ ခုမှ အင်အားစုများ ပေါင်းစည်းတိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော်လည်း တာ့ယွီအင်ပါယာသည် နန်ကျိူးကို သိမ်းပိုက်ပြီးနောက် အခြားလှုပ်ရှားမှုမရှိတော့ဘဲပျောက်ကွယ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ဤအခြေအနေများဖြင့် နေ့ရက်များတစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွား၏။ ရီမိသားစုသည် အလုပ်ရှုပ်နေကာ စုယန်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူမသည် နတ်စုန်းဂိုဏ်းနှင့်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတို့ဖြင့် ဆက်ဆံနေရခြင်းကြောင့် မယုံနိုင်လောက်အောင်အလုပ်များနေရှာသည်။ ကောင်းကင်စုန်းကမ္ဘာ၏ကျူးကျော်မှုသည် ချန်မင်ကမ္ဘာတစ်ခုလုံးအပေါ်တွင် သက်ရောက်မှုရှိသည်။ ထို့ကြောင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ ဌာနခွဲများကြားတွင်ပိုမိုဆက်သွယ်လာရသည်။ စုယန်သည် ဝူရှန်းဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သောကြောင့် ဌာနခွဲများမှ တံခါးသခင်များကြားတွင် သူမ၏အဆင့်အတန်းသည် ပိုမိုအားကောင်းလာခဲ့၏။
မကြာမီတွင် ရီဖန်သည်လည်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအကြောင်းကို ပိုမိုသိရှိလာသည်။
၎င်းတို့အကြောင်းပိုမိုနားလည်လာပြီးနောက် ပြည်နယ်သုံးခုအတွင်းရှိ ၎င်းတို့၏သူလျှိုများနှင့် လွှမ်းမိုးမှုအရေအတွက်သည် စုယန်မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေသည်။ ၎င်းတို့သည် သူလျှိုမွေးမြူထားရုံသာမကဘဲ ဂိုဏ်းခွဲများစွာကိုပင် တိုက်ရိုက်ထိန်းချုပ်ထား၏။
အလယ်ပိုင်းပြည်နယ်၏ အာဏာအကြီးဆုံးဂိုဏ်းဖြစ်သော အမည်မဲ့ဂိုဏ်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အလယ်ပိုင်းနယ်မြေဌာနချုပ်၏ အခြေစိုက်စခန်းဖြစ်သည်။ ၎င်းအပြင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် အခြားသောဂိုဏ်းကြီးများနှင့် ဂိုဏ်းငယ်များစွာကို ဖြန့်ကျက်ထား၏။
စုယန်သည် အရှေ့ပိုင်းပြည်နယ်၏ မူလတံခါးသခင် အရည်အချင်းမပြည့်မီသည်ကို ရုတ်တရက်ကျေးဇူးတင်သွားမိသည်။ သို့မဟုတ်ပါက အရှေ့ပိုင်းနှင့်တောင်ပိုင်းပြည်နယ်နှစ်ခုလုံးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အင်အားစုများကို ဖြေရှင်းရန်အတွက် သူမပိုမိုအားထုတ်ရလိမ့်မည်။ အကြိမ်ပေါင်းများစွာပြောဆိုပြီးနောက် စုယန်သည် အောက်ဘက်ပြည်နယ်ငါးခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနခွဲ၏ အဖွဲ့ဝင်များစာရင်းကိုရရှိခဲ့သည်။
သူမ၏အထောက်အထားဖြင့် တံခါးသခင်များသည် စုယန်ကို သစ္စာဖောက်ဟုယုံကြည်သည်ထက်၊ သူတို့ကိုယ်တိုင်ကသာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ သစ္စာဖောက်များဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည်။ ဝူရှန်းဘိုးဘေးထိန်းချုပ်ထားသော ဤလူသားကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ဝူရှန်းဘိုးဘေးသည်သာ ၎င်းတို့၏ယုံကြည်ရာဖြစ်ရာ၊
ဝူရှန်း၏ဘိုးဘေး၏ထင်ရှားသောတပည့်ဖြစ်သည့် စုယန်သည်လည်း သူတို့၏နတ်ဘုရားဖြစ်လာခဲ့သည်။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပြီးနောက် အချိန်သုံးနှစ်မျှကြာမြင့်သွားပြီဖြစ်သည်။ ချန်မင်ကမ္ဘာတစ်ခုလုံးတွင် နေရာလွတ်အက်ကွဲကြောင်းများစွာ ရုတ်တရက်ပေါ်လာကာ
ချန်မင်ကမ္ဘာမှကျင့်ကြံသူများသည် ၎င်းအက်ကွဲကြောင်းများဖြစ်ပေါ်လာသည့် အကြောင်းရင်းကိုစဉ်းစားနေကြစဉ် မရေမတွက်နိုင်သော စုန်းမျိုးနွယ်စုဝင်များ ထွက်လာကြ၏။
လူသားကျင့်ကြံသူများကို မြင်လိုက်ရချိန်တွက် ၎င်းစုန်းကျင့်ကြံသူများ၏မျက်လုံးများသည် ချက်ချင်းပင်နီရဲလာခဲ့သည်။ စုန်းကျင့်ကြံသူများအတွက် လူသားများသည် အလွန်ကောင်းမွန်သော ကျင့်ကြံရေးအရင်းအမြစ်အဖြစ်ဖြစ်သည်။ ၎င်းမှာ နတ်ဆိုးမျိုးနွယ်စုအပေါ် လူသား၏အမြင်နှင့်တူညီသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရုတ်တရက်ပေါ်လာသည့် စုန်းကျင့်ကြံသူများကို ထိတ်လန့်စွာကြည့်နေကြသည့်အတွက် ခုခံရန်မေ့လျော့နေခဲ့သည်။
ချန်မင်ကမ္ဘာသည် အဆိုးရွားဆုံးသောစစ်ပွဲများမတိုင်မီ နှစ်ပေါင်းသောင်းနှင့်ချီ၍ငြိမ်းချမ်းနေခဲ့၏။ စုန်းမျိုးနွယ်စု၏ရုတ်တရက် ထွက်ပေါ်လာမှုသည် လူသားများကို သတိလက်လွတ်ဖြစ်စေခဲ့ရာ
အချိန်အတော်ကြာအောင် ချန်မင်ကမ္ဘာတစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
စုန်းမျိုးနွယ်စု၏ကျူးကျော်မှုသည် အောက်ဘက်ငါးနယ်မြေသာမက အထက်ပိုင်းနယ်မြေငါးခုအထိပါရောက်ရှိလာကာ၊ အလယ်ပိုင်းပြည်နယ်အတွင်းတွင်လည်း နေရာလွတ်အက်ကွဲကြောင်းအများအပြားပေါ်လာ၏။
ရီကျင်းချုံနှင့် ရီချင်တို့သည် စုန်းမျိုးနွယ်စုကျင့်ကြံသူများနှင့်အတူ အက်ကွဲကြောင်းများအတွင်းမှ ထွက်လာကြသည်။ ချန်မင်ကမ္ဘာ၏ကြိုဆိုသောလေထုကို ရှူရှိုက်ရင်း ရီကျင်းချုံနှင့် ရီချင်တို့၏ စိတ်ခံစားချက်များသည်လည်း ပိုမိုကောင်းမွန်လာ၏။ ချန်မင်ကမ္ဘာသည် ကောင်းကင်စုန်းကမ္ဘာနှင့်ယှဉ်လျှင် ၎င်းတို့၏အလှအပစံနှုန်းနှင့် ပိုကိုက်ညီသည်။
စုန်းမျိုးနွယ်စုသည် ရိုင်းစိုင်းကြမ်းတမ်းကာ ၎င်းတို့၏ဂူအိမ်များပင်လျှင် မလှပဘဲ ရိုးစင်းသော အပေါက်များကိုသာ တူးထားကြသည်။
ကျင့်ကြံခြင်းအတွက်မဟုတ်ပါက ရီကျင်းချုံနှင့် ရီချင်တို့သည် ယခင်တည်းက ချန်မင်ကမ္ဘာသို့ ပြန်လာလိမ့်မည်ဖြစ်သည်။ အလယ်ပိုင်းပြည်နယ်သည် အောက်ဘက်ငါးပြည်နယ်တွင် အင်အားအကြီးဆုံးဖြစ်ကာ ကျင့်ကြံသူဦးရေအများဆုံးရှိသည်။ စုန်းမျိုးနွယ်စုများထွက်ပေါ်လာသောအခါတွင် အလယ်ပိုင်းပြည်နယ်မှ ကျင့်ကြံသူများသည် ချက်ချင်းတုံ့ပြန်ခဲ့ကြကာ စုန်းမျိုးနွယ်စုကျင့်ကြံသူများရှိရာ ကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။
ရီကျင်းချုံသည် ဝိုင်းရံထားသော ကျင့်ကြံသူတစ်ယောက်ချင်းစီကို သူမ၏စိတ်ထဲရှိစာရင်းနှင့် နှိုင်းယှဥ်ကြည့်လိုက်သည်။ အမည်မဲ့ဂိုဏ်းမှသူသည် သစ္စာဖောက်ဖြစ်သည်၊ နောက်ပိုင်းတွင် ဖယ်ရှားပစ်ရမည်။ ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် စစ်တေးကြည့်ရှုလျက်ရှိ၏။ စုယန်သည် ရီမိသားစုရှိလူတိုင်းကို စာရင်းပေးခဲ့ပြီးဖြစ်ကာ ရီမိသားစုမှကျင့်ကြံသူများ၏စိတ်ထဲတွင် ရေးထိုးထားပြီးဖြစ်သည်။
တိုက်ပွဲစတင်သည်နှင့်တပြိုင်နက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှသူလျှိုများကို ဖယ်ရှားပစ်ရမည်။ ရီကျင်းချုံနှင့် ရီချင်တို့သည် လက်ရှိတွင် စုန်းမျိုးနွယ်စု၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့သည် သာမန်လူသားများကိုမတိုက်ခိုက်ချင်ကြပေ။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှသူလျှိုများသာလျှင် ၎င်းတို့တိုက်ခိုက်ရန်အတွက် အကောင်းဆုံးရွေးချယ်မှုများဖြစ်သည်။ ဖြစ်နိုင်ပါက ၎င်းတို့သည် ဤအခွင့်အရေးကိုဆုပ်ကိုင်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ထိန်းချုပ်ထားသောဂိုဏ်းများကို ချေမှုန်းပစ်နိုင်သည်။
နောက်ဆုံးတွင် စုန်းမျိုးနွယ်စု၏ အဆင့်မြင့်ပိုင်းစီမံခန့်ခွဲသူသည် ရီကျင်းချူံနှင့် ရီချင်တို့ကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတို့နှင့်ပက်သက်သည့် ကိစ္စများအား တစ်ခါမျှပြောခဲ့ခြင်းမရှိချေ။
၎င်းတို့မျိုူသုဉ်းသွားပါက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ၎င်းတို့၏ဆုံးရှုံးမှုအတွက် မျိုသိပ်ထားရလိမ့်မည်။
“သတ်!”
ရီကျင်းချုံသည် သူမ၏ထိပ်တန်းစုန်းလက်နက်ကို ကိုင်မြှောက်ကာ အနီးဆုံးရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏သူလျှိုကို တိုက်ခိုက်လိုက်သည်။ သူမ၏ အစောပိုင်း ရွှေအင်မော်တယ်ကျင့်ကြံမှုအဆင့်၏ စွမ်းအားအပြည့်ကို ဤနေရာတွင်ထုတ်ဖော်ပြသထားသည်။
၎င်းတို့၏ သက်ဆိုင်ရာရာထူးများကိုခံယူပြီးနောက်၊ ရီကျင်းချုံနှင့် သူမအမျိုးသားတို့၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်မြေသို့ အောင်မြင်စွာဖြတ်ကျော်သွားခဲ့သည်။ ထို့ကြောင့်သာ နတ်စုန်းဂိုဏ်း၏ ထိပ်တန်းအရာရှိများသည် ရီကျင်းချုံနှင့် သူမအမျိုးသားတို့ကို ချန်မင်ကမ္ဘာသို့ လာခွင့်ပြုခဲ့ကြသည်။ သို့သော်လည်း နတ်စုန်းဂိုဏ်းသည် ရီကျင်းချုံနှင့် သူမအမျိုးသားတို့၏လုံခြုံရေးကို အပြည့်အဝမယုံကြည်နိုင်သေးချေ။
………….
အခန်း ၂၃၆ - ရီချင်၊ အားလုံးကနားလည်မှုလွဲသွားတာပါ
ရီကျင်းချုံနှင့် သူမအမျိုးသားတို့၏လုံခြုံရေးကို အထူးကာကွယ်ရန်အတွက် စုန်းဘုရင်နယ်ပယ်ရှိ စွမ်းအားရှင်တစ်ဦးကို လျှို့ဝှက်စေလွှတ်ထားသည်။ အောက်ငါးပြည်နယ်တွင် စွမ်းအားအကြီးဆုံးမှာ နက်နဲအင်မော်တယ်နယ်မြေသာဖြစ်ကာ၊ ၎င်းသည် စုန်းဘုရင်နယ်ပယ်ရှိ စွမ်းအားရှင်တစ်ဦးကို ခြိမ်းခြောက်နိုင်ခြင်းမရှိသောကြောင့် ရီကျင်းချုံနှင့် သူမအမျိုးသားတို့၏ ဘေးကင်းမှုကိုအာမခံနိုင်သည်။
ရီကျင်းချုံက စတင်လှုပ်ရှားလိုက်သည်နှင့် ရီချင်သည်လည်း သူ့လှုပ်ရှားမှုကိုစတင်ခဲ့သည်။
သူ့ကိုယ်ထည်ကိုလှည့်လိုက်သည့်အခါတွင် ရီချင်သည် အမွေးအနီရောင်နှင့် လူသားမျက်နှာ၊ မြွေကိုယ်ထည်ရှိသည့်အသွင်သို့ ချက်ချင်းပြောင်းလဲသွားသည်။ လူ့မျိုးနွယ်စုအတွက် ၎င်းသည်ပုံပန်းမကျသော်လည်း၊
စုန်းမျိုးနွယ်စုကြားတွင် ၎င်းသည် ထိပ်တန်းအဆင့်စုန်းဘိုးဘေးသွေးမျိုးဆက်ဖြစ်သည်။ ရီချင်၏ပုံစံကိုမြင်သောအခါ စုန်းမျိုးနွယ်စုကျင့်ကြံသူများသည် ချက်ခြင်းစိတ်လှုပ်ရှားလာကာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သုံးပုံတစ်ပုံထပ်မံမြှင့်တက်သွား၏။
၎င်းသည် ဘိုးဘေးစုန်းအပေါ်ထားရှိသော စုန်းမျိုးနွယ်စုတိုင်း၏ နှလုံးသားထဲမှ ယုံကြည်ချက်ဖြစ်သည်။
ရီကျင်းချုံတစ်ဦးတည်းကသာ နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက်
“အရမ်းရုပ်ဆိုးတယ်! ရှင့်ကို ကျွန်မအခန်းထဲမဝင်ဖို့ သုံးရက်ဘမ်းပစ်မယ်"
ရီကျင်းချုံတစ်ကြိမ်ပြောင်းလဲပြီးကတည်းက နောက်ထပ်ဘယ်တော့မှ မပြောင်းတော့ရန် ကျိန်ဆိုခဲ့သည်။ ၎င်းသည် အရုပ်ဆိုးလွန်းလှ၏။ ရီကျင်းချုံနှင့် ရီချင်တို့သည် သူတို့တွေ့ရှိသော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ မည်သူကိုမျှ မညှာမတာဘဲ သတ်ဖြတ်ခဲ့ကြသည်။
အမည်မဲ့ဂိုဏ်း၏လက်ထောက်ဂိုဏ်းချုပ်နှင့် အမည်မဲ့ လျှို့ဝှက်ဆန်းကြယ်နတ်သမီးတို့သည် ၎င်းတို့၏ ဆက်တိုက်ကျဆုံးသွားသော တပ်သားများကို ဒေါသတဝက် စိတ်ရှုပ်ထွေးခြင်းတဝက် ရောထွေးကာ စိုက်ကြည့်နေသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် စုန်းမျိုးနွယ်စုတို့သည် မဟာမိတ်များမဟုတ်ဘူးလား။ စုန်းမျိုးနွယ်စုကလူများသည် အဘယ်ကြောင့် အမည်မဲ့ဂိုဏ်းကလူများကို သတ်နေရသနည်း။ ၎င်းသည် အဓိပ္ပါယ်မရှိချေ။
အမည်မဲ့လျို့ဝှက်ဆန်းကြယ်နတ်သမီးသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အထောက်အထားကိုဖုံးကွယ်ကာ ဒရာမာကြည့်ရန်ရောက်ရှိလာခြင်းသာဖြစ်၏။ ထို့အပြင် အလယ်ပိုင်းပြည်နယ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်သောကြောင့် အမည်မဲ့ဂိုဏ်းသည် ဤမျှကြီးမားသောတိုက်ပွဲတွင် မပေါ်လာပါက အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ ယခုတွင် ထပ်မံရွေးချယ်ခွင့်ရပါက အမည်မဲ့လျို့ဝှက်ဆန်းကြယ်နတ်သမီးသည် သေချာပေါက်ထွက်လာခဲ့မည်မဟုတ်ချေ။
အမည်မဲ့လျို့ဝှက်ဆန်းကြယ်နတ်သမီးသည် စုန်းမျိုးနွယ်စုကိုရပ်တန့်စေရန်အတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို အကြောင်းကြားသည့်အချိန်အတွင်း သူ့ကိုထိန်းထားရန်မျှော်လင့်ကာ ရီချင်ကို ကိုယ်တိုင်ရင်ဆိုင်လိုက်ရသည်။ ရီချင်သည် အမည်မဲ့လျို့ဝှက်ဆန်းကြယ်နတ်သမီး၏ ရည်ရွယ်ချက်ကိုသိရှိသောကြောင့် ပိုမိုပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
အကယ်၍ စုန်းမျိုးနွယ်စုက လှုပ်ရှားလာလျှင် ဆက်လက်တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ပေ။
ယခုတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဘက်မှ မတုံ့ပြန်မီ အမည်မဲ့ဂိုဏ်းကို ဦးစွာချေမှုန်းရမည်ဖြစ်သည်။
ဘမ်း!
ကုန်းကုန်း၏ရုပ်ပုံသည် ရီချင်၏နောက်တွင် ပေါ်လာကာ သူ၏အရှိန်သည် နောက်ထပ်တိုးလာ၏။ ရီချင်၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်မြေတွင်သာရှိသော်လည်း သူသည် နက်နဲအင်မော်တယ်နယ်မြေ၏ အမည်မဲ့လျှို့ဝှက်ဆန်းကြယ်နတ်သမီးကို လုံးဝဖုံးလွှမ်းထားနိုင်ကာ ပြန်ခုခံနိုင်စွမ်းမရှိစေခဲ့ချေ။
‘သတ်ပစ်!’ နေရာလွတ်ထဲမှနေ၍ ရီချင်နှင့် သူ့မိန်းမကို စောင့်ပေးနေသည့် စုန်းအကြီးအကဲက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ကြောက်မက်ဖွယ်အင်အားဖြင့် စတင်လှုပ်ရှားလိုက်သည်နှင့် ရန်သူ၏အပြင်းထန်ဆုံးနေရာကို ပြတ်ပြတ်သားသားပစ်မှတ်ထားနိုင်သောအစွမ်းရှိသည့် ၎င်းတို့နှစ်ဦးသည် စုန်းမျိုးနွယ်စု၏အနာဂတ်ခေါင်းဆောင်ဖြစ်လာရန် လုံလောက်သည်။ နတ်စုန်းသားတော်နှစ်ဦးဖြင့် နတ်စုန်းဂိုဏ်းသည် သေချာပေါက်တိုးတက်လာလိမ့်မည်ပင်။
ရီကျင်းချုံနှင့် ရီချင်တို့ကဲ့သို့သော အင်အားကြီး စစ်ဗိုလ်ချုပ်များဦးဆောင်နေသည့် တိုက်ပွဲသည် တဖြည်းဖြည်းပြီးဆုံးလုနီးပါးဖြစ်လာပြီဖြစ်၏။
တစ်ခါတရံတွင် ရီကျင်းချုံသည် တိုက်ပွဲမှအကြွင်းအကျန်များကိုပစ်ထုတ်ကာ လူသားကျင့်ကြံသူအချို့ကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် တားမြစ်ထားခဲ့သည်။ တိုက်ပွဲကိုဆက်မတိုက်နိုင်သူများသည် သာမန်လူသားမျိုးနွယ်ဝင်များဖြစ်ကြကာ
စုန်းမျိုးနွယ်စုက ၎င်းတို့ကိုဖမ်းသွားခဲ့သော်လည်း အနည်းဆုံး ၎င်းတို့၏အသက်ကို ထိန်းထားနိုင်ခဲ့သည်။
ရီကျင်းချုံသည် ဤလူများကြောင့် သူမ၏အထောက်အထားကိုမဖော်ပြဘဲ အဆင်ပြေသောအခါမှသာ ကူညီပေးမည်ဖြစ်သည်။
တစ်ဖက်တွင် ရီချင်သည် အမည်မဲ့ ဆန်းကြယ်နတ်သမီး၏ဦးခေါင်းကို တစ်ချက်ရိုက်လိုက်ကာ ၎င်း၏စိတ်ဝိညာဉ်ကို တိုက်ရိုက်ဆွဲထုတ်ပြီး ၎င်း၏သိုလှောင်ခန်းထဲသို့ ပေါ့ပါးစွာပစ်ထည့်လိုက်သည်။ ၎င်းသည်တန်ဖိုးရှိသောကြောင့် ထိုကဲ့သို့သေဆုံးသွားခွင့်မပြုနိုင်ချေ။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှသူလျှိုအားလုံးနီးပါး အသတ်ခံခဲ့ရပြီးနောက် အမည်မဲ့ဂိုဏ်းမှလက်ထောက်ဂိုဏ်းချုပ်တစ်ဦးသာ ကျန်ခဲ့သည်။ ရီချင်သည် သူ့ကိုသတ်ခါနီးတွင် စုန်းအကြီးအကဲတစ်ဦး ရုတ်တရက်ပေါ်လာကာ သူ့လက်ကိုထပ်မလှုပ်ရန် ရီချင်အနားသို့ရောက်လာရင်း တားမြစ်လိုက်သည်။
"နတ်စုန်းသားတော်၊ ငါတို့နားလည်မှုလွဲသွားပြီ။ ဒီအမည်မဲ့ဂိုဏ်းက ငါတို့ရဲ့မဟာမိတ်တွေ"
“ဟမ်!”
ရီချင်သည် အံ့အားသင့်သွားဟန်ဆောင်ကာ ဤအရာကို သူလုံးဝမသိကြောင်းဖော်ပြနေသည်။
ဝူချန် သူ့ကိုအသိမပေးခင်က သူသည်လည်းမသိခဲ့သောကြောင့် စုန်းအကြီးအကဲက မည်သည့်သံသယမှမရှိချေ။ သူလည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် အမည်မဲ့ဂိုဏ်းကြားရှိ ဆက်နွယ်မှုကို လုံးဝသတိမထားမိခဲ့သည်မဟုတ်လား။
မျှော်လင့်ခြင်းအားလုံးကို အမျှဝေပြီးသွားသော အမည်မဲ့ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ စုန်းအကြီးအကဲ၏ စကားကိုကြားပြီးနောက်တွင် မျက်ရည်ကျလုမတတ်ဖြစ်သွားရှာသည်။
သူလွတ်မြောက်ခဲ့၏။ အမည်မဲ့လျို့ဝှက်ဆန်းကြယ်နတ်သမီးသည် နားလည်မှုလွဲကာ သေဆုံးသွားခဲ့ရသည်။ ယခုအချိန်တွင် အမည်မဲ့ဂိုဏ်းမှတပည့်များသည်လည်း ဤအရာအားလုံးသည် နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း အခိုင်အမာယုံကြည်ကြသည်။
ရီကျင်းချုံနှင့် ရီချင်တို့သည် နတ်စုန်းဂိုဏ်း၏ နတ်စုန်းသားတော်သမီးတော်များဖြစ်ကြကာ ကောင်းကင်စုန်းကမ္ဘာမှ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ကြသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကိုမုန်းတီးသော လူသားမျိုးနွယ်၏ရန်သူ မည်သို့ဖြစ်နိုင်မည်နည်း။ အကယ်၍ တစ်စုံတစ်ဦးကိုအပြစ်တင်ရမည်ဆိုလျှင် ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိသည့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အဆင့်မြင့်အကြီးအကဲများကိုသာ အပြစ်တင်ရလိမ့်မည်။
“လက်ထောက်ဂိုဏ်းချုပ်ကြီး၊ ဒီကိစ္စအတွက် တကယ်စိတ်မကောင်းပါဘူး”
ရီချင်သည် သူ့မျက်နှာပေါ်တွင် နောင်တရသောအမူအရာရှိနေကာ၊ လဲကျခါနီးဖြစ်နေသည့် လက်ထောက်ဂိုဏ်းချုပ်ကိုကူညီခဲ့သည်။ သို့သော် ရီချင်၏မျက်လုံးများတွင် နက်ရှိုင်းစွာသိုဝှက်ထားသော လူသတ်လိုစိတ်ကို မည်သူမျှသတိမထားမိပေ။ ဤလက်ထောက်ဂိုဏ်းချုပ်ကိုသတ်ချင်လျှင် နောက်ထပ်အခွင့်အရေးရှာရလိမ့်မည်။ လက်ထောက်ဂိုဏ်းချုပ်ကြီးသည် သူ့ကိုယ်ခန္ဓာထဲရှိ တင်းမာမှုကိုခံစားလိုက်ရသော်လည်း စိုးရိမ်နေသော ရီချင်ကိုမြင်လိုက်ရသည့်အခါတွင် အလျင်စလိုပြောလိုက်သည်။
"နတ်စုန်းသားတော်ကို ငါတို့က ဘာလို့ အပြစ်တင်ရမှာလဲ၊ ကြိုမဆက်သွယ်မိတဲ့ ငါတို့အပြစ်ပါ"
၎င်းသည် နတ်စုန်းသားတော်ဖြစ်သောကြောင့် သူ့ကိုစော်ကားမိပါက သေချာပေါက်အကျိုးဆက်မကောင်းနိုင်ချေ။ သူ့အမှားဖြစ်သည်မှာထင်ရှားသော်လည်း မိမိအမှားဟုသာ ဝန်ခံရမည်။ ဤတိုက်ပွဲကြီးသည် အောက်ငါးပြည်နယ်လုံးကို ကမောက်ကမဖြစ်စေခဲ့သည်။ မကြာမီ၌ စုန်းမျိုးနွယ်စုများကျူးကျော်လာသည့် သတင်းသည် ချန်မင်ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ အစပိုင်းတွင် အောက်ငါးပြည်နယ်မှ ကျင့်ကြံသူများသည် ၎င်းကို များစွာမစဉ်းစားခဲ့ကြပေ။ ၎င်းတို့သည် စုန်းမျိုးနွယ်စုမှ စစ်သည်များသာဖြစ်သောကြောင့် ချန်မင်ကမ္ဘာမှအင်အားစုကြီးများက ၎င်းကို သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
အထက်ကောင်းကင်နယ်မြေငါးခုကို စုန်းမျိုးနွယ်စုကျူးကျော်လာပြီး အရှေ့ကောင်းကင်နယ်မြေသည် စုန်းမျိုးနွယ်စုကြီးငါးခု၏ သိမ်းပိုက်ခံလိုက်ရကာ အရှေ့ကောင်းကင်နယ်မြေ၏ အင်မော်တယ်ဧကရာဇ်တစ်ပါးကျဆုံးသွားပြီး အင်မော်တယ်ဧကရာဇ်အများအပြား အသတ်ခံခဲ့ရသည်ကို ကြားမှသာ အားလုံးအံ့အားသင့်ခဲ့ကြရသည်။ ဤစုန်းမျိုးနွယ်စုကျူးကျော်ဝင်ရောက်မှုသည် အလွန်ပြင်းထန်ကာ ၎င်းတို့၏မျှော်မှန်းချက်များကိုပင် ကျော်လွန်သွားသည်။
သေချာသည်မှာ ကောင်းကင်စုန်းကမ္ဘာသည် အရှေ့ကောင်းကင်နယ်မြေနှင့် အလယ်ပိုင်းပြည်နယ်တစ်ခုတည်းဖြင့် ကျေနပ်လိမ့်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် လူသားမျိုးနွယ်စုသည် နောက်ဆုံးတွင် ပြန်တုံ့ပြန်နိုင်ခဲ့သည်။ အင်အားကြီး အင်အားစုများသည် ၎င်းတို့၏တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် စတင်စုစည်းခဲ့ကြသည်။
အထက်ပြည်နယ်ငါးခု၏တိုက်ပွဲသည် အချိန်တိုအတွင်း တင်းမာသောအခြေအနေကို ဖြစ်စေခဲ့သည်။
ဤအတောအတွင်း အောက်ပြည်နယ်ငါးခုတွင် ရီကျင်းချုံနှင့် ရီချင်တို့၏ဦးဆောင်မှုအောက်၌ မြောက်ပိုင်းပြည်နယ်နှင့် အနောက်ပိုင်းပြည်နယ်တို့ကို စတင်ကျူးကျော်လာကြသည်။
ရှေ့တန်းတပ်များ၏ခေါင်းဆောင်များဖြစ်သည့် ရီကျင်းချုံနှင့် ရီချင်တို့သည် မည်သည့်နေရာကို ဦးစွာတိုက်ခိုက်ရမည်ကို ဆုံးဖြတ်နိုင်သည်။ စစ်ပွဲများသည် နေ့ချင်းညချင်းမပြီးဆုံးသေးသကဲ့သို့ လက်ရှိတွင် အရှေ့ပြည်နယ်နှင့် နန်ကျိုးတို့သည်လည်း ထိခိုက်မှုမရှိသေးပေ။
အလယ်ပိုင်းပြည်နယ်၊ ညဘက်တွင်….
ရီကျင်းချုံနှင့် ရီချင်တို့၏ ဂူအိမ်အတွင်း ရုပ်ပုံတစ်ခုတဖြည်းဖြည်းထွက်ပေါ်လာသည်။
ရီကျင်းချုံနှင့် သူ့အမျိုးသားကို စောင့်ကြည့်နေသည့် စုန်းအကြီးအကဲပင်လျှင် လှိုဏ်ဂူထဲသို့စိမ့်ဝင်သွားသည့်သူကို မတွေ့မိလိုက်ပေ။
"ကျင်းချုံ၊ ရှောင်ချင်း”
"အဖေရောက်လာပြီပဲ"
ရီကျင်းချုံသည် ရီဖန်၏ရင်ခွင်ထဲသို့ စိတ်လှုပ်ရှားစွာ ခုန်ဝင်သွားခဲ့သည်။ သူမသည် ရီဖန်နှင့် ငယ်ငယ်လေးကတည်းက အတူကြီးပြင်းခဲ့သောကြောင့် သူ့ကိုမတွေ့ရသည်မှာနှစ်အတော်ကြာပြီးသည့်နောက်တွင် မည်မျှလွမ်းဆွတ်နေလိမ့်မည်ကို တွေးကြည့်နိုင်သည်။ ရီကျင်းချုံ၏ကျင့်ကြံမှုအဆင့်သည် မည်မျှပင်သန်မာပါစေ၊ သူမ အသက်မည်မျှရှိနေပါစေ ရီဖန်ရှေ့တွင် သူမသည်ကလေးလေးတစ်ဦးသာဖြစ်နေဆဲပင်။
“ရှောင်ချင်း၊ရှောင်ချုံ။ မင်းတို့နှစ်ယောက်လုံး ကောင်းကောင်းနေနေကြတာပဲ၊ မင်းတို့ ကျင့်ကြံမှုအဆင့်က ရွှေအင်မော်တယ် နယ်မြေအလယ်အလတ်အဆင့်နဲ့မဝေးတော့ဘူး”
"ဒါက မင်းတို့အတွက် အသုံးဝင်မယ့် ဆေးလုံးတွေ"
ရီဖန်သည် သူ့လက်ကိုလှန်လိုက်သည့်အခါတွင် တာအိုဆေးလုံးအများအပြားထွက်လာသည်။
စုန်းမျိုးနွယ်စုမှအသုံးပြုသော ဆေးလုံးများသည် လူ့မျိုးနွယ်မှအသုံးပြုသောဆေးများနှင့် ကွဲပြားသည်။
ရီဖန်၏ကျန်ရှိသည့်အရင်းအမြစ်များနှင့်အတူ သူသည် ရီကျင်းချုံနှင့် ရီချင်တို့အတွက် သင့်လျော်သော ဤအဆင့်နိမ့်တာအိုဆေးလုံးအနည်းငယ်ကိုသာ သန့်စင်နိုင်ခဲ့သည်။
ရီကျင်းချုံသည် သူမ၏မျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခုသာရှိနေကာ သူမ၏ဖခင်ဖြစ်သူရီဖန်သည် အလွန်ရက်ရောသည်ဟု ထင်မြင်ခဲ့သည်။ သူလှုပ်ရှားလိုက်သည့်အရာမှန်သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ချေ။
………
အခန်း ၂၃၇ - ခုတုံးလေး နှစ်တုံး
ရီဖန်သည်အချိန်မဆွဲနေဘဲ ထွက်ခွါရန်ပြင်ဆင်ခဲ့သည်။ သို့သော် သူမထွက်ခွာမီ ရီကျင်းချုံသည် သူ့ကိုသိုလှောင်လက်စွပ်တစ်ကွင်း ပေးလာကာ ၎င်းထဲတွင် အရင်းအမြစ်များစွာရှိနေသည်ကို ရီဖန်မြင်လိုက်ရသည်။ ၎င်းတို့ထဲမှအချို့သည် တာအိုအဆင့်အင်မော်တယ်လက်နက်သန့်စင်ရန်အတွက် ကုန်ကြမ်းများဖြစ်ကြသည်။ စုန်းမျိုးနွယ်စု၏ အားနည်းသောဆေးပညာနှင့် အင်မော်တယ်သန့်စင်ခြင်းမကျွမ်းကျင်မှုတို့ကြောင့် လူ့မျိုးနွယ်စုကြားတွင်အလွန်တန်ဖိုးကြီးသည့် ဤပစ္စည်းများသည် စုန်းနွယ်အတွင်းတွင် များစွာအာရုံစိုက်မခံရချေ။
ရီကျင်းချုံနှင့် ရီချင်တို့၏ အခြေအနေဖြင့် အရင်းအမြစ်အချို့ရရှိရန်မှာ အလွန်လွယ်ကူပါ၏။
ထို့ကြောင့် ချန်မင်ဒေသသို့ခရီးစဉ်တွင် ရီကျင်းချုံနှင့် ရီချင်တို့သည် ထိုပစ္စည်းများကို ရီဖန်အတွက် ယူဆောင်လာခဲ့သည်။ သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများသည် အဆင့်နိမ့်တာအိုအင်မော်တယ်ပစ္စည်းတစ်ဒါဇင်ကျော်နှင့် ထိပ်တန်းအင်မော်တယ်လက်နက်ဒါဇင်များစွာကို သန့်စင်ရန်လုံလောက်သည်။
"အဖေ၊ သမီး ဝံပုလွေဖန်းကလပ် လိုချင်တယ်"
ရီကျင်းချုံသည် ဦးစွာတောင်းဆိုလိုက်သည်။
သူမသည် ဝံပုလွေဖန်းကလပ်ကို အလွန်နှစ်သက်လှ၏။
ရီဖန်ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်ပြန်သွားလျှင် သူသည် ရီမိသားစုကျင့်ကြံသူများအတွက် အင်မော်တယ်လက်နက်များကို အဆင့်မြှင့်တင်နိုင်တော့မည်ဖြစ်သည်။ ရီဖန်သည် အဆင့်မြင့်အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်မှုရှိသော်လည်း ကုန်ကြမ်းပစ္စည်းများမရှိသောကြောင့် များများမပြုလုပ်နိုင်ခဲ့ပေ။ တစ်ချိန်တည်းတွင် ရီဖန်သည် စီးပွားရေးအခွင့်အလမ်းတစ်ခုကို သတိပြုမိခဲ့သည်။ ဖြစ်နိုင်လျှင် စုန်းမျိုးနွယ်စုနှင့် ကုန်သွယ်မှုကိုစတင်နိုင်ပါက အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မည်။
စုန်းမျိုးနွယ်စုကမ္ဘာရှိ ကျင့်ကြံမှုအရင်းအမြစ်များသည် ယေဘုယျအားဖြင့် လူ့မျိုးနွယ်ကမ္ဘာထက်ရှားပါး၏။ ဤအရင်းအမြစ်များရှားပါးမှုသည် စုန်းမျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်ခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။
အခြားသူများထံတွင် နည်းလမ်းမရှိသော်လည်း ရီကျင်းချုံနှင့် ရီချင်တို့သည် ရာထူးကြီးမြင့်လာသည်နှင့်အမျှ ရီမိသားစုသည် ဤစိီးပွါးရေးအကြံ အောင်မြင်ရန် အခွင့်အလမ်းကောင်းများရရှိသည်။ စုန်းမျိုးနွယ်စု၏ အရင်းအမြစ်များပေါများလာပါက စစ်ပွဲများရပ်တန့်သွားနိုင်သည်ဖြစ်ရာ ၎င်းကို ကောင်းသည့်အရာအဖြစ်မြင်နိုင်သည်။
ရီဖန်သည် အိမ်ပြန်ရောက်သောအခါတွင် တာအိုအင်မော်တယ်ပစ္စည်းများကို ချက်ခြင်းသန့်စင်ခဲ့သည်။
ရွှေအင်မော်တယ်နယ်မြေကျင့်ကြံသူသည် အနည်းဆုံး တာအိုအင်မော်တယ်ပစ္စည်းကို ကိုင်ဆောင်ထားသင့်သည်။ ကောင်းကင်အင်မော်တယ်နယ်မြေရှိ ကျင့်ကြံသူများအတွက်မူ အရည်အသွေးမြင့် အင်မော်တယ်လက်နက်များကို ယာယီမျှသာအသုံးပြုနိုင်ကာ အလွန်ဆုံး “ခြစ်ရုံမျှသာ” လုပ်နိုင်ကြသည်။
ယခုအခါတွင် ရီမိသားစု၌ ကောင်းကင်အင်မော်တယ် ကျင့်ကြံသူတစ်ရာကျော်ရှိနေပြီဖြစ်သောကြောင့် လူတိုင်းကိုကျေနပ်စေရန်မှာ လွယ်ကူသောအလုပ်မဟုတ်တော့ပေ။
အရှေ့ပြည်နယ်နှင့် နန်ကျိုးတို့သည် ငြိမ်းချမ်းဆဲဖြစ်သော်လည်း အောက်ပြည်နယ်ငါးခုနှင့် အခြားပြည်နယ်သုံးခုတွင် နေထိုင်ရခြင်းမှာ မသက်သာလှချေ။
မြေစုန်းဂိုဏ်းအတွင်းတွင် ရီကျင်းချုံနှင့် ရီချင်တို့ကို ပစ်မှတ်ထားသော ပူးပေါင်းကြံစည်မှုတစ်ခု ပေါ်ပေါက်လာသည်။
“ဒီတစ်ခေါက် မင်းတို့နှစ်ယောက်က ရီကျင်းချုံနဲ့ ရီချင်ရဲ့စွမ်းအားကိုထိန်းချုပ်ထားရမယ်”
“သူတို့ရဲ့စွမ်းအားမရှိရင် ရွှေအင်မော်တယ်နှစ်ယောက်လောက်ကို လွယ်လွယ်ကိုင်တွယ်လို့ ရသွားလိမ့်မယ်”
"အဲအချိန်ရောက်ရင် မင်းတို့နောက်လိုက်ဖို့ စုန်းဘုရင်နှစ်ယောက်ကို လွှတ်လိုက်မယ်။ မင်းတို့မှတ်ထားရမှာက ငါတို့နောက်ကွယ်မှာရှိနေတယ်ဆိုတာ သူတို့သိသွားလို့မရဘူး"
ရီကျင်းချုံ၏စွမ်းအားကိုလုယူရန် တာဝန်ကျသော မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းမှ စုန်းသားတော်များသည်ချက်ချင်းဝမ်းသာခဲ့ကြသည်။ ၎င်းတို့သည် ရွှေအင်မော်တယ်နယ်မြေ၌လည်းရှိသော်လည်း အထက်ငါးနယ်မြေစစ်ပွဲများတွင် အကျိုးအမြတ်များပြားစွာမရရှိခဲ့ချေ။ သို့သော် အောက်ပြည်နယ်ငါးခုတွင် ရွှေအင်မော်တယ်တစ်ဦးသည် စစ်ပွဲတစ်ခု၏ဦးတည်ရာကို ဆုံးဖြတ်နိုင်သည်။ အောက်ပြည်နယ်ငါးခုရှိ အရင်းအမြစ်များသည် အထက်နယ်မြေငါးခုကဲ့သို့ မပေါများသော်လည်း၊ ၎င်းတို့သည် ချန်မင်ဒေသ၏ပြည်နယ်ဆယ်ခုတွင် ၎င်းတို့နှစ်ဦးအတွက်လုံလောက်သည်။
ရီကျင်းချုံနှင့် ရီချင်တို့ကိုဖယ်ရှားခြင်းမှာလည်း ၎င်းတို့ စိတ်အားထက်သန်စွာမျှော်လင့်နေခဲ့သောအရာဖြစ်သည်။ ဤနတ်စုန်းသားတော်နှစ်ဦး၏ဖိအားမရှိပါက ၎င်းတို့သည် ကောင်းကင်စုန်းကမ္ဘာတွင် အကြီးမြတ်ဆုံးသောပါရမီရှင်များဖြစ်လာလိမ့်မည်။
၎င်းတို့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ရီကျင်းချုံနှင့် သူမ၏အမျိုးသားတို့ကို သာလွန်နိုင်မည်မဟုတ်ကြောင်းသိသောကြောင့် ဂိုဏ်း၏စွမ်းအားကို လိုအပ်နေခဲ့သည်။
နတ်စုန်းဂိုဏ်းအတွင်းတွင် ဝူချန်သည် ရီကျင်းချုံ၏စွမ်းအားကိုလုယူရန်အတွက် ဂိုဏ်းနှစ်ဂိုဏ်း၏ကြံစည်မှုကို သိရှိခဲ့သည်။ သို့သော် ဝူချန်သည် သူဝင်ပါနိုင်သည့်နေရာမဟုတ်သောကြောင့် ၎င်းကိုမကန့်ကွက်ခဲ့ပေ။ ရီကျင်းချုံသည် ထိုနေရာ၌ ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်ရာ အကျိုးကျေးဇူးများစွာရရှိခဲ့ပြီးဖြစ်လိမ့်မည်။
အကျိုးခံစားခွင့်များကို လူတစ်ဦးတည်းဖြင့် ချည်နှောင်ထား၍မရချေ။ တစ်ခါတစ်ရံတွင် အခြားသူများနှင့် မျှဝေရန်လိုအပ်သည်။ ထို့ကြောင့် ဝူချန်သည်တခြားဂိုဏ်းနှစ်ခု၏ ထင်မြင်ချက်များကို သဘောတူခဲ့ခြင်းဖြစ်၏။
အလယ်ပိုင်းပြည်နယ်တွင် စုန်းမျိုးနွယ်စု၏ အောက်ပြည်နယ်ငါးခုရှိ အခြေစိုက်စခန်း၌ စုန်းသားတော်များဖြစ်သည့် စုန်းယန်နှင့် ဝူထျန်းတို့သည် ထိုနေရာသို့ရောက်ရှိနေပြီးဖြစ်သည်။
"ရီကျင်းချုံ၊ မင်းအခု အကြောင်းကြားစာရပြီးလောက်ရောပေါ့။ စစ်တပ်ကို အာဏာလွှဲပေးစမ်း”
ဝူထျန်းသည် ရီကျင်းချုံကို လောဘကြီးစွာစိုက်ကြည့်ကာ ပြောလိုက်သည်။
ရီကျင်းချုံသည် သူမ၏လက်သီးများကို ဆုပ်ထားသည်။ သူမသည် ဝူထျန်း၏ အရေထူသောမျက်နှာကို လက်သီးတစ်ချက်ထိုးလိုက်လိုသော်လည်း ရီချင်က သူမကိုထိန်းထားခဲ့သည်။
“သေချာတာပေါ့၊ ငါတို့ စာကိုရထားပြီးပြီ။ အာဏာလည်းပေးလို့ရတယ်။ ဒါပေမဲ့ သတိထားပါ။ တစ်ချို့အရာတွေက မင်းတို့လက်ခံဖို့များလွန်းတယ်နော်"
ရီချင်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
ရီချင်သည် မူလက တာ့ယွီအင်ပါယာသို့ နယ်မြေအများအပြားဆုံးရှုံးသွားစေရန် မည်သို့စတေးရမည်ကို စိုးရိမ်နေခဲ့သော်လည်း ယနေ့တွငင်လူမိုက်နှစ်ယောက်သည် မထင်မှတ်ဘဲ ရောက်လာကြသည်။ ရီချင်သည် စိတ်မဆိုးရုံသာမက အလွန်ပျော်သွား၏။ သေချာပေါက် သူ့ပျော်ရွှင်မှုကိုတော့ ထုတ်မပြခဲ့ချေ။ သို့မဟုတ်ပါက ၎င်းတို့၏အထောက်အထားများကို မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။
"ဟမ့် မင်းတို့က ပြည်နယ်သုံးခုကို အောင်နိုင်ပြီးတော့ ကျန်တဲ့နှစ်ခုကို ဘာလို့မနိုင်ရတာလဲကွ"
စုန်းယန်သည် မထီမဲ့မြင်ပြုလျက်ပြောလိုက်သည်။ ၎င်းတို့၏သွေးမျိုးဆက်သည် ရီကျင်းချုံနှင့် ရီချင်တို့ထက် နိမ့်ကျသော်လည်း စုန်းသားတော်နှစ်ပါးသည် သူမတို့ထက် အားနည်းသည်ကို မည်သည့်အခါကမှဝန်မခံခဲ့ကြချေ။
“အဲလိုဆိုမှတော့ ငါတို့ မင်းတို့ကို မနှောင့်ယှက်တော့ဘူး"
ထိုသို့ပြောပြီးနောက် ရီချင်သည် ရီကျင်းချုံနှင့်အတူ ထွက်ခွါတော့မည်ဖြစ်သော်လည်း
ဝူထျန်းက ရုတ်တရက်မတ်တပ်ထရပ်ကာ ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"မင်းတို့ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်။ ဒါပေမယ့် ဒီအတောအတွင်း မင်းတို့စုဆောင်းထားတဲ့ အရင်းအမြစ်တွေကို လွှဲပေးလိုက်"
စုန်းယန်သည် သူ၏ရွှေစုန်းနယ်မြေရောင်ဝါကို ထုတ်လွှတ်လိုက်ကာ ထိုစုံတွဲထွက်ခွာသွားခြင်းကို တားဆီးလိုက်သည်။ အဓိပ္ပာယ်မှာ ရှင်းပါ၏။ စုန်းယန်နှင့် ဝူထျန်းတို့သည် ၎င်းတို့စုံတွဲကို အရင်းအမြစ်များကိုလွှဲပြောင်းမပေးဘဲ ထွက်သွားခွင့်မပြုခြင်းဖြစ်သည်။
ထိုလုပ်ရပ်က ဝူထျန်းနှင့် စုန်းယန်တို့ခေါ်ဆောင်လာသည့် ကာကွယ်သူနှစ်ယောက်ကိုပင် အံ့အားသင့်စေခဲ့သည်။ ၎င်းတို့၏တာဝန်မှာ အတိတ်ကစုဆောင်းထားခဲ့သော အရင်းအမြစ်များမဟုတ်ဘဲ အနာဂတ်အရင်းအမြစ်များအတွက်ဖြစ်သည်။
ရွေးချယ်ခံထားရသော စုန်းသားတော်များအနေဖြင့် ဤသည်ကို နားမလည်ဘဲ မိုက်မဲနေရန်မရှိပေ။ ၎င်းတို့သိလိုက်သည်မှာ စုန်းကလေးနှစ်ယောက်သည် ရီချင်တို့အတွက်ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေကြခြင်းဖြစ်သည်။
စုန်းဘုရင်နှစ်ပါးသည်လည်း ၎င်းတို့ကိုတားရန် ရည်ရွယ်ချက်မရှိပေ။ ရီချင်နှင့် ရီကျင်းချုံတိူ့ အမှန်တကယ်ရှုံးနိမ့်ခဲ့ပါက ၎င်းကို ကလေးကစားသည်ဟူ၍သာ မှတ်ယူလိုက်မည်ဖြစ်သည်။ လူကြီးများ မစွက်ဖက်သရွေ့ ကြီးကြီးမားမားပြဿနာတက်လိမ့်မည်မဟုတ်ချေ။
ဤအခိုက်အတန့်တွင် သူမ၏စကားများကို တခဏမျှထိန်းထားခဲ့သော ရီကျင်းချုံသည် ဆက်မထိန်းထားနိုင်တော့ချေ။ သူမသည်သာ တခြားသူများကို အနိုင်ကျင့်ခဲ့သည့် ရီကျင်းချုံဖြစ်သည်။ ယနေ့တွင် သူမသည် ပြောင်းပြန် အနိုင်ကျင့်ခံနေရ၏။ ၎င်းတို့သည် မည်မျှသတ္တိရှိနေကြသနည်း။
နောက်အခိုက်အတန့်တွင် ရီကျင်းချုံသည် သူမ၏အဆင့်မြင့် အင်မော်တယ်လက်နက်ဖြစ်သည့် ဝံပုလွေဖန်းကလပ်ကိုကိုင်မြှောက်ကာ ဝူထျန်းကိုရိုက်ချလိုက်သည်။ ဝူထျန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီးနောက် ပြောလိုက်သာ်။
"မင်းရိုက်တာကောင်းပါတယ်။ ဒါပေမယ့်မထိမှာတော့ စိုးသား"
သူမကရိုက်ရဲလျှင် သူတို့လည်းညှာတာပေးစရာမလိုတော့ချေ။
ဘမ်း!
ဝူထျန်း၏ကိုယ်ထည်သည် ချက်ချင်းပင် လွင့်ထွက်သွား၏။ သူ့မှာ သူပြင်ဆင်ထားသည့် စာကြောင်းများပင် လွင့်သွားရှာသည်။ သူ့စိတ်ထဲရှိ တစ်ခုတည်းသောအတွေးမှာ "ရီကျင်းချုံ၏အင်အားသည် အဘယ်ကြောင့်ဤမျှကြီးရသနည်း?"
သူသည် သူ၏စွမ်းအားအားလုံးကို ထုတ်သုံးခဲ့သည့်တိုင် ရီကျင်းချုံ၏တိုက်ခိုက်မှုတစ်ခုကိုပင် မတားဆီးနိုင်ခဲ့ပေ။ ပြုတ်ကျသွားရုံသာမကဘဲ အတွင်းဒဏ်ရာများပင် ပြင်းထန်စွာခံစားခဲ့ရသည်။
၎င်းတို့၏သန်မာသည့် စုန်းကိုယ်ထည်များကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားနိုင်သည်။ ဝူထျန်း၏အခြေအနေကြောင့် လန့်ဖျပ်သွားပြီးနောက် စုန်းယန်သည် ဝူထျန်းကိုကူညီရန် တက်လာခဲ့သည်။
"သတိထား!"
ဝူထျန်းသတိမပေးနိုင်မီ ရီကျင်းချုံသည် စုန်းယန်ကိုလည်း ဝူထျန်းကဲ့သို့ အဆုံးသတ်သွားစေခဲ့သည်။ သို့သော်လည်း ရီကျင်းချုံသည် အလွတ်ပေးရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် ရွှေအင်မော်တယ်နယ်မြေတွင်ရှိကြသော်လည်း ရီကျင်းချုံသည် မည်သည့်ဖိအားမှမရှိဘဲ စုန်းကလေးနှစ်ယောက်ကို အနိုင်တိုက်နိုင်ခဲ့၏။
…….