← Chapters

အခန်း ၂၄၁-၂၄၃

Vol. 17 Ch. 241-243

အခန်း ၂၄၁-၂၄၃

Vol. 17 Ch. 241-243

အခန်း ၂၄၁ - တာ့ယွီအင်မော်တယ်မင်းဆက်

ရီဖန်သည် စုန်းသားတော်နှစ်ပါးနှင့် စုန်းအရှင်နှစ်ပါးကို မတားဆီးခဲ့ချေ။ စုန်းမျိုးနွယ်စုတွင် ရီဖန်အနိုင်ရရှိရန် ယုံကြည်ချက်မရှိသည့် စုန်းဧကရာဇ်အဆင့် စွမ်းအားရှင်များလည်း ရှိသေးသည်။ စုန်းမျိုးနွယ်စုမှ အဆင့်နိမ့်စုန်းများသေဆုံးခြင်းသည် ပြဿနာမဟုတ်သော်လည်း စုန်းသားတော်များနှင့် စုန်းအရှင်များ သေဆုံးသွားပါက စုန်းမျိုးနွယ်စုမှ စုန်းဧကရာဇ်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်လာမည်ကို စိုးရိမ်သည်။

ရီမိသားစုသည် လက်ရှိတွင် အင်အားလုံလောက်မှုမရှိသေးဘဲ ဖွံ့ဖြိုးတိုးတက်ရန် အချိန်လိုအပ်နေသေးသောကြောင့် စုန်းမျိုးနွယ်စုဝင်အနည်းငယ်နှင့် ရီမိသားစု၏ တည်ငြိမ်သောတိုးတက်မှုလမ်းကြောင်းကို လဲလှယ်ခြင်းက ပိုကောင်းလိမ့်မည်ဟု ရီဖန်ထင်၏။

စုန်းမျိုးနွယ်စုမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိသောကြောင့် တာ့ယွီအင်ပါယာ၏ အင်အားကြီးမားတပ်ဖွဲ့များသည် အခက်အခဲမရှိဘဲ ပြည်နယ်သုံးခုကို ရယူနိုင်ခဲ့သည်။ ပြည်နယ်သုံးခုသည် တာ့ယွီအင်ပါယာ၏လက်အောက်သို့ ရောက်ရှိသွားပြီးနောက်တွင် ၎င်း၏အရှိန်အဟုန်သည် ပို၍လျင်မြန်အားကောင်းလာကာ ကံကြမ္မာရွှေနဂါး၏ အရွယ်အစားသည်လည်း အရှိန်အဟုန်ဖြင့်တိုးလာသည်။ ကံကြမ္မာရွှေနဂါးသည် မိုင်ပေါင်းသောင်းနှင့်ချီ၍ ရှည်လျားသည်။ ၎င်း မိုင်တစ်သိန်းသို့ရောက်ပါက အင်မော်တယ်မင်းဆက်အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်၏။

အင်မော်တယ်မင်းဆက်သည် အင်ပါယာအတွက် အလွန်အကျိုးရှိနိုင်သည်။ စစ်မှန်သော အင်မော်တယ်မင်းဆက် ဖြစ်လာမှသာလျှင် အင်အားကြီးမျိုးနွယ်စုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ အောက်ဘက်ပြည်နယ်ငါးခုတွင် အင်မော်တယ်မင်းဆက်တစ်ခုမျှမရှိသေးချေ။

စွမ်းအားရှင်များ များပြားသော အထက်ငါးပြည်နယ်တွင်ပင် အင်မော်တယ်မင်းဆက် အရေအတွက်အနည်းငယ်သာရှိသေးသည်။ ရီရှောင်းရှောင်းသည် နောက်ဆက်တွဲကိစ္စများတွင် မပါဝင်ဘဲ သူမ၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန်အတွက် အာရုံစိုက်ခဲ့သည်။

တစ်ဖက်တွင် စုန်းယန်နှင့် ဝူထျန်းတို့သည်လည်း အရှေ့ကောင်းကင်ပြည်နယ်ရှိ စုန်းမျိုးနွယ်စု၏ အဓိကအခြေစိုက်စခန်းသို့ ပြန်ခဲ့ကြသည်။ အဓိကဂိုဏ်းကြီးနှစ်ခုမှ ဂိုဏ်းချုပ်များသည် ၎င်းတို့ကို သတ်ပစ်လုနီးပါးစိတ်တိုနေခဲ့ကြသည်။ ၎င်းတို့ကြောင့် အကျိုးအမြတ်များစွာရရှိမည့် အခွင့်ကောင်းကြီးကို ဆုံးရှုံးလိုက်ရသည်မဟုတ်လား။

ရီချင်နှင့် ရီကျင်းချုံတို့ရှိစဉ်ကပင် ဘာမှမဖြစ်ခဲ့ချေ။ နတ်စုန်းဂိုဏ်း၏ ထိပ်တန်းအရာရှိများက အဓိကဂိုဏ်းနှစ်ခုကို လှောင်ပြောင်လာကြသောအခါတွင် အပြစ်အားလုံးကို စုန်းသားတော်နှစ်ပါးအပေါ် လွှဲချလိုက်ကြ၏။ အောက်ဘက်ပြည်နယ်ငါးခုကို ရှုံးနိမ့်ခြင်းသည် နတ်စုန်းသားတော်နှစ်ပါးကို ရှင်းထုတ်ရန်အတွက်အခွင့်အရေးကိုပါ ဆုံးရှုံးစေခဲ့သည်ဖြစ်ရာ ထိုအချက်သည်လည်း အဓိကဂိုဏ်းနှစ်ခုကို စိတ်ပျက်စေခဲ့သည်။

နတ်စုန်းသားတော်များကို မရှင်းနိုင်ပါက ချန်မင်ကမ္ဘာကိုတိုက်ခိုက်သည့် ၎င်းတို့၏တာဝန်သည်လည်း မအောင်မြင်ဟုယူဆနိုင်သည်။ အထက်ပြည်နယ်တစ်ခုမှရရှိသော အရင်းအမြစ်များသည် စုန်းမျိုးနွယ်စုအတွက် အကျိုးအမြတ်များစွာယူဆောင်လာခဲ့ပြီးဖြစ်သော်လည် းယခုအချိန်တွင် စုန်းမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့သည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည်။

ချန်မင်ကမ္ဘာကိုသိမ်းပိုက်ရန်အတွက် မဖြစ်နိုင်လုနီးပါးဖြစ်နေပြီကို စုန်းမျိုးနွယ်စုက ကောင်းကောင်းသိရှိထားသောကြောင့် ၎င်းတို့က ချန်မင်ကမ္ဘာမှ လုံလောက်သော အရင်းအမြစ်များကိုရယူရန်သာ ရည်ရွယ်ထားသည်။ ထို့အပြင် ချန်မင်ကမ္ဘာသို့မပြန်မီ နတ်စုန်းသားတော်နှစ်ပါးကို ဖယ်ရှားပစ်ရမည်။

အတန်ကြာစဉ်းစားပြီးနောက် မြေစုန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးသည် သွေးအနှစ်တစ်စက်ကို တွန့်ဆုတ်စွာထုတ်ပေးကာ ပြောလိုက်သည်။ “ဒီ သွေးအနှစ်တစ်စက်က စုန်းဘိူးဘေးရဲ့ သွေးအနှစ်ပဲ၊ စုန်းဘိုးဘေးရဲ့ သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားရင် နတ်စုန်းဂိုဏ်းရဲ့ နတ်စုန်းသားတော်နှစ်ပါးကို ရှင်းထုတ်ပစ်နိုင်လိမ့်မယ်"

အရှေ့ကောင်းကင်နိုင်ငံရှိ နတ်စုန်းသားတော်နှစ်ပါးကို ရှင်းထုတ်ရန်အတွင် အခွင့်အလမ်းမရှိသောကြောင့် ၎င်းတို့ကိုသာ လှည့်စားလိုက်ရသည်။ စုန်းယန်နှင့် ဝူထျန်းတို့သည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ကြကာ ၎င်းတို့၏မျက်လုံးများသည် စုန်းဘိူးဘေး၏သွေးအနှစ်ကို လောဘတကြီး စိုက်ကြည့်နေကြသည်။ အကယ်၍ ထိုသွေးအနှစ်တစ်စက်ကိုသုံးလိုက်ပါက ၎င်းတို့၏ကျင့်ကြံမှုအဆင့်တိုးလာရုံသာမက ၎င်းတို့၏စွမ်းရည်လည်း အလွန်တိုးတက်လာမည်ဖြစ်သည်။

ထိုကဲ့သို့သော ရတနာကိုမည်သူမျှ မငြင်းဆန်နိုင်ချေ။ သို့သော် ၎င်းတို့နှစ်ယောက်သည် စုန်းသားတော်များပင်ဖြစ်သော်လည်း ထိုကဲ့သို့သော ရတနာများကိုခံစားခွင့်မရှိကြကြောင်းသိကြ၏။ ရီကျင်းချုံနှင့် ရီချင်တို့ကြောင့်သာမဟုတ်ပါက ဂိုဏ်းချုပ်သည် ထိုကဲ့သို့သောအဖိုးတန်ပစ္စည်းများကို ၎င်းတို့အတွက် ထုတ်ပေးလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် နတ်စုန်းသားတော်နှစ်ပါးကို ရှင်းထုတ်နိုင်ပါက ဂိုဏ်းကပေးမည့်ဆုလာဘ်များသည် နည်းလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။

တစ်ချိန်တည်းတွင် တာ့ယွီအင်ပါယာ၏ အင်အားကြီးတပ်ဖွဲ့များသည် နောက်ဆုံးပြည်နယ်သုံးခုကို လုံးဝသိမ်းပိုက်နိုင်သွားပြီဖြစ်ရာ အောက်ပိုင်းပြည်နယ်ငါးခုလုံးသည် တာ့ယွီအင်ပါယာ၏ပိုင်နက်ဖြစ်လာခဲ့သည်။ ကျယ်လောင်သော နဂါးဟိန်းဟောက်သံနှင့်အတူ ပေတစ်သိန်းကျော်ရှည်သော နဂါးတစ်ကောင်သည် တာ့ယွီအင်ပါယာ၏မြို့တော်မှထွက်ပေါ်လာကာ ကံကြမ္မာရွှေနဂါးထံမှ ကံကြမ္မာစွမ်းအားသည် တာ့ယွီအင်ပါယာတစ်ခုလုံးထဲသို့ စိမ့်ဝင်သွား၏။

တာ့ယွီအင်ပါယာ၏ ကျင့်ကြံသူအားလုံးသည် တက်ကြွလန်းဆန်းလာကြကာ ၎င်းတို့ကိုစုပ်ယူပြီး ချက်ချင်းအဆင့်တက်အောင်မြင်သွားကြသည်။ ပေတစ်သိန်းကျော်ရှည်သော ကံကြမ္မာရွှေနဂါးသည် တာ့ယွီအင်ပါယာသည် တာ့ယွီအင်မော်တယ်မင်းဆက်အဖြစ်သို့ မြှင့်တင်ရန်အတွက် အသင့်ဖြစ်နေကြောင်းပြယုဂ်ဖြစ်သည်။ သို့သော် တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည် အလျင်စလိုမလုပ်ခဲ့ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ဘုရင်မဖြစ်သူ ရီရှောင်းရှောင်းကို စောင့်မျှော်နေခဲ့သည်။

ဂူအိမ်ထဲတွင် ရီရှောင်းရှောင်း၏ရောင်ဝါသည် အတက်အကျမငြိမ်ဖြစ်နေ၏။ သူမ၏ကိုယ်မှ အမှတ်မဲ့ထွက်လာသောရောင်ဝါသည် ရွှေနဂါးများစွာအဖြစ်ပြောင်းလဲနိုင်ကာ ၎င်းသည် ကြီးမားသောစွမ်းအားကို ပြသနေ၏။

“အောင်မြင်တော့မယ်၊ အဆင့်တက်ဖို့အချိန်ကျပြီ"

ရီရှောင်းရှောင်းနားလည်ထားသော တာအိုသည် လူသားဧကရာဇ်တာအိုဖြစ်ကာ သူမကျင့်ကြံသော တာအိုသစ်သီးသည် လူသားဧကရာဇ်တာအိုသစ်သီး ဖြစ်သောကြောင့် ၎င်းမှဖြစ်ပေါ်လာသောပန်းသည်လည်း လူ့ဧကရာဇ်ပန်းဖြစ်သည်။ ရီရှောင်းရှောင်း၏ ဦးခေါင်းထက်တွင် ပန်းတစ်ပွင့် ဖြည်းညှင်းစွာပွင့်လာကာ ၎င်း၏ ပွင့်ချပ်များမှာထူထဲလှ၏။ ၎င်းသည် ရီဖန်နှင့်မယှဉ်နိုင်သော်လည်း သာမန် နက်နဲအင်မော်တယ်ကျင့်ကြံသူထက် များစွာ ပိုအားကောင်းသည်။ တာအိုပန်းပေါ်တွင် အင်ပါယာတစ်ခု၏ရုပ်ပုံသည် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။

ထိုအချိန်တွင် တာ့ယွီအင်ပါယာ၏ လက်အောက်ခံများသည် တစ်စုံတစ်ခုကိုခံစားလိုက်ရသောကြောင့် အထက်သို့ မျှော်ကြည့်လိုက်ကြသည်။ ရီရှောင်းရှောင်းသည် ကောင်းကင်ယံတွင်ရပ်လျက် တာ့ယွီအင်ပါယာ၏လက်အောက်ခံများရှေ့တွင် ပေါ်လာသည်။

"ကောင်းကင်ဘုံရဲ့ကောင်းချီးကို တောင်းခံပါတယ်။ ဒီနေ့ဒီအချိန်မှာ တာ့ယွီအင်ပါယာက ပြီးပြည့်စုံသွားပြီဖြစ်လို့ အင်မော်တယ်မင်းဆက်အဖြစ် အဆင့်မြှင့်တင်ပေးဖို့ ကောင်းကင်ဘုံကိုတောင်းဆိုပါတယ်”

ရီရှောင်းရှောင်းပြောပြီးသည်နှင့် ထာဝရအလင်းကမ္ဘာတာအိုကိုကိုယ်စားပြုသည့် တရားစီရင်ခြင်းမျက်လုံးသည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာပေါ်လာ၏။ မဟာတာအိုအတွက် တာ့ယွီအင်ပါယာကို အဆင့်မြှင့်တင်ရန်အရည်အချင်းများနှင့် ကိုက်ညီခြင်းရှိမရှိဆုံးဖြတ်ခြင်းသည် ရိုးရှင်းပါသည်။

“ခွင့်ပြုချက်ကို ဖြည့်စည်းပေးလိုက်ပါပြီ” အသံတစ်ခုသည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေသည်။ အဆင့်တိုးမြှင့်ခြင်းအတွက် အရည်အချင်းကိုခွင့်ပြုပြီးသည်နှင့် နောက်ထပ် တာ့ယွီအင်ပါယာရင်ဆိုင်ရမည့်အရာမှာ စမ်းသပ်မှုတစ်ခုဖြစ်သည်။

တာအိုမျက်လုံးရှေ့တွင် လူအများအပြားထွက်ပေါ်လာသည်။ ၎င်းတို့သည် အင်မော်တယ်မင်းဆက်အဖြစ် မြှင့်တင်ခြင်းအတွက် စမ်းသပ်ရန် တာဝန်ရှိသည့် တာအိုတပ်သားများဖြစ်သည်။ ၎င်းတို့ကို အနိုင်ယူနိုင်ပါက စစ်မှန်သောအင်မော်တယ်မင်းဆက်အဖြစ် အဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်။

"ဖီးနစ်အမျိုးသမီးတပ်!"

"ချီတက်ကြ!"

"ကြယ်တစ်သောင်းတပ်!"

"ချီတက်ကြ!"

တပ်ဖွဲ့ဆယ်ခုတို့သည် တိုက်ပွဲစိတ်ဓာတ်နှင့်ညီကာ တာ့ယွီအင်ပါယာ၏အောင်မြင်မှုသည် ၎င်းတို့၏အောင်မြင်မှုဖြစ်သည်။ တာ့ယွီအင်ပါယာကို အင်မော်တယ်မင်းဆက်အဖြစ်မြှင့်တင်နိုင်ရန်အတွက် ၎င်းတို့ထဲတွင် ကြောက်ရွံ့မှုမရှိကြချေ။

"တိုက်ကြဟေ့!”

တပ်ဖွဲ့ဆယ်ခုနှင့် တိုက်ပွဲဝိညာဉ်ဆယ်ခုတို့သည် တာအိုစစ်သားများထံသို့ ချက်ချင်းချီတက်သွားကြကာ တိုက်ပွဲစတင်ခဲ့သည်။ မဟာတာအို၏စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်သည်မဟုတ်။ အင်မော်တယ်မင်းဆက်များကြားတွင် တပ်ဖွဲ့ဆယ်ခုသည် အင်အားမနည်းလှပေ။

ရီရှောင်းရှောင်းသည် ကိုယ်တိုင်မလှုပ်ရှားဘဲ တာအိုစစ်သားများကိုတိုက်ခိုက်နေသော တပ်ဖွဲ့ဆယ်ခုကို စောင့်ကြည့်နေ၏။ ဤတိုက်ပွဲသည် သာမန်စမ်းသပ်မှုတစ်ခုမဟုတ်ဘဲ တာ့ယွီအင်ပါယာ၏တပ်ဖွဲ့အတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။

တာ့ယွီအင်ပါယာသည် တိုက်ပွဲများစွာကိုဆင်နွှဲခဲ့ရသော်လည်း တပ်ဖွဲ့၏တိုက်ခိုက်ရေးစွမ်းအားကို အစစ်အမှန်ကို ဆုံးဖြတ်ရန်အတွက် စမ်းသပ်မှုမျိုးမရှိခဲ့ချေ။ ယခုတစ်ကြိမ်က အခွင့်ကောင်းတစ်ခုဖြစ်ပေလိမ့်မည်။

ရီရှောင်းရှောင်း၏အနောက်တွင် ရီမိသားစုမှ ရွှေအင်မော်တယ်ရှစ်ယောက်၊ အရှေ့ဧကရာဇ်နှင့် အခြားသူများသည် တိုက်ပွဲကိုဆက်လက်စောင့်ကြည့်နေကြသည်။ ‘အနက်ရောင်ရှင်းထျန်းနှင့် အနီရောင်ဖီးနစ်အမျိုးသမီး’ ၎င်းတို့ဦးဆောင်သော ကြယ်တစ်သောင်းတပ်ဖွဲ့နှင့် ဖီးနစ်အမျိုးသမီးတပ်ဖွဲ့တို့သည် တပ်ဆယ်ခုကြားတွင် အင်အားအရှိဆုံးဖြစ်သည်မှာ သေချာ၏။ တစ်ချက်တိုက်ရုံဖြင့် မရေမတွက်နိုင်သော တာအိုစစ်သားများကျဆုံးသွားခဲ့သည်။ အခြားတပ်ဖွဲ့ ၈ခုသည်လည်း ၎င်းတို့၏အပြင်းထန်ဆုံးတိုက်ခိုက်မှုများကို ဆက်လက်ဆင်နွှဲနေကြသည်။

တိုက်ပွဲသည် ဆယ်ရက်ကြာမြင့်ကာ နောက်ဆုံးတာအိုစစ်သား ကျဆုံးသွားသောအခါတွင် မဟာတာအို၏ ခံစားချက်မဲ့သည့်မျက်လုံးများကပင် တပ်ဖွဲ့ဆယ်ခုကိုလှမ်းကြည့်လိုက်သည်။ အင်ပါယာများကို အင်မော်တယ်မင်းဆက်များအဖြစ် မြှင့်တင်ပေးရာတွက် ဤတပ်ဖွဲ့ဆယ်ခုသည် အင်အားအကြီးဆုံးဖြစ်ပေလိမ့်မည်။

မလှမ်းမကမ်းတွင် နဂါးနက်အင်ပါယာဘုရင်သည် တိုက်ပွဲကိုစောင့်ကြည့်နေကာ နဂါးနက်အင်ပါယာကို အင်မော်တယ်မင်းဆက်အဖြစ်သို့ တိုးမြှင့်ခံရမည့်အခွင့်အရေးအား မည်သည့်အချိန်မှရနိုင်မည်နည်းဟု တွေးတောနေသည်။ သို့သော်လည်း နဂါးနက်ဘုရင်သည် မနာလိုခြင်းမရှိဘဲ သူ၏လက်ရှိအခြေအနေနှင့် ကျေနပ်၏။

…………….

အခန်း ၂၄၂ - မိသားစုခေါင်းဆောင်

ယခင်အချိန်က ကောင်းကင်ဘုံအင်မော်တယ်နယ်မြေသည် နဂါးနက်ဘုရင်အတွက် အိပ်မက်တစ်ခုသာဖြစ်ခဲ့သည်။ ယခုတွင် သူ၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ဘုံအင်မော်တယ်အလယ်အလတ်အဆင့်အထိ ရောက်ရှိသွားရုံသာမကဘဲ နဂါးနက်အင်ပါယာသည်လည်း တိုးတက်လာ၏။

“ငါပြန်ရောက်ရင် နဂါးနက်အင်ပါယာကို ကျွင်းလုံရဲ့ကလေးဆီ လွှဲပေးရမယ်။ ဒီကလေး ရီကျင်းရွေီ့လည်း သူ့ဘာသာသူရပ်တည်သင့်ပြီပဲ။ အနာဂတ်မှာ သူ နဂါးနက်အင်ပါယာကို နဂါးနက်အင်မော်တယ်မင်းဆက်အဖြစ် ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ပါရဲ့”

ကောင်းကင်ယံမှ ကံကြမ္မာအလင်းတန်းများ ကျဆင်းလာကာ တာ့ယွီအင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူအားလုံးသည် အင်မော်တယ်မင်းဆက်အဖြစ်သို့မြှင့်တင်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ကြရသည်။ ၎င်းတို့၏ ကျင့်ကြံမှုတိုးတက်လာကာ အလားအလာလည်းပိုကောင်းလာ၏။ ဖီးနစ်အမျိုးသမီးတပ်ဖွဲ့ နှင့် အခြားအဓိကတပ်ဖွဲ့ခေါင်းဆောင်များသည် ဤအင်မော်တယ်မင်းဆက်မြှင့်တင်ရေးတွင် ကြီးမားစွာပံ့ပိုးခဲ့ကြသောကြောင့် ၎င်းတို့၏အကျိုးအမြတ်များသည် အကြီးမားဆုံးဖြစ်သည်။

တာအိုသစ်သီး၏ရောင်ဝါ ထွက်ပေါ်လာပြီးနောက် တာ့ယွီအင်မော်တယ်မင်းဆက်တွင် နောက်ထပ် ရွှေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူဆယ်ဦး ထွက်ပေါ်လာသည်။ ရွှေအင်မော်တယ်ရှီထျန်းသည် အလွန်ဝမ်းသာနေ၏။ သူ့ဘဝ၏အကောင်းဆုံးဆုံးဖြတ်ချက်မှာ ရီရှောင်းရှောင်းတို့နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။

အောက်ပိုင်းငါးပြည်နယ်ကို အပြီးပိုင်သိမ်းပိုက်ထားပြီးနောက် တာ့ယွီအင်မော်တယ်မင်းဆက်ကိုချဲ့ထွင်မည့် ရီရှောင်းရှောင်း၏ အရှိန်သည်ရုတ်တရက် နှေးသွားပြန်သည်။ နောက်ထပ်လုပ်ရမည့်အရာမှာ ရိတ်သိမ်းထားသော အကျိုးအမြတ်များကို ချေဖျက်ပြီး တာ့ယွီအင်ပါယာ၏ အခြေခံအုတ်မြစ်ကိုမြှင့်တင်ရန်ဖြစ်သည်။

တာ့ယွီအင်ပါယာကို တာ့ယွီအင်မော်တယ်မင်းဆက်အဖြစ်သို့ မြှင့်တင်လိုက်ခြင်းသည် လူတိုင်းကိုအံ့ဩသွားစေခဲ့သည်။ ၎င်းကိုခံစားမိသောကြောင့် အဝေးတစ်နေရာရှိ ချင်ဧကရာဇ်နယ်မြေတွင် နှစ်ပေါင်းများစွာအိပ်ပျော်နေသော ရင်းကျူးသည် ရုတ်တရက်နိုးလာသည်။

မဟာချင်နတ်မင်းဆက်၏ အရာရှိများအားလုံးသည် ရင်းကျူး၏ ရောင်ဝါကိုခံစားမိကာ အံ့အားသင့်နေကြသည်။ ရင်းကျူးနိုးလာလျှင် စစ်ပွဲပြန်စရန် အချိန်တန်ပြီလား။ တစ်ခုတည်းသော နတ်မင်းဆက်ဖြစ်သည် မဟာချင်နတ်မင်းဆက်သည် နယ်ပယ်သုံးထောင်အနက် တစ်ထောင်ကို သိမ်းပိုက်ထားသည်။ ရင်းကျူးသည် တာအိုပညာရှင် စုန်းဘိုးဘေးအဆင့်ရှိသောသူများကြားတွင် ကျော်ကြား၏။ ရင်းကျူးသည် ထွက်ပေါ်ခြင်းမရှိဘဲ အဝေးသို့သာလှမ်းကြည့်လိုက်သည်။

“လူသားဧကရာဇ်ပြန်ပေါ်လာပြီဆိုတော့ ဒီစကြဝဠာက နောက်ထပ်ဖရိုဖရဲဖြစ်ဦးမယ့်ပုံပဲ။ နတ်ဘုရားဖြစ်ဖို့ လမ်းစဉ်လည်း ပေါ်လာတော့မယ်ထင်တယ်”

တခြားတစ်ဖက်တွင် ရီဖန်က စနစ်ကိုဆင့်ခေါ်လိုက်သည်။ “စနစ်၊ ဆုငွေယူလိုက်”

ရီရှောင်းရှောင်း နက်နဲအင်မော်တယ်ကိုဖြတ်ကျော်ပြီးနောက် မိသားစုရေရှည်တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်ရာ စနစ်ထံမှ ဆုရလိမ့်မည်။

"မိသားစုခေါင်းဆောင် စွမ်းရည်၊ အင်မော်တယ်ဧကရာဇ်စွမ်းရည်သက်တံ့ရောင်နဲ့၊ မိသားစု ကံကြမ္မာအမှတ် ၅၀၀၀၀ ဆုရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်"

"တာ့ယွီအင်ပါယာကို အင်မော်တယ်မင်းဆက်အဖြစ် တိုးမြှင့်ထားလို့၊ မိသားစုခေါင်းဆောင်စွမ်းအားတန်ဖိုး အမှတ် ၂၀၀,၀၀၀ တိုးလာပါပြီ"

ရီဖန်၏စိတ်ထဲတွင် စနစ်ထံမှအချက်ပေးသံများ ထွက်ပေါ်လာသည်။ တာ့ယွီအင်မော်တယ်မင်းဆက်ကို မြှင့်တင်ခြင်းသည် မိသားစုစွမ်းအားအဆင့်မြှင့်တင်ခြင်း၏ ရေရှည်တာဝန်ကိုပြီးမြောက်ရန် ခြေလှမ်းပိုနီးလာစေသည်။

"စနစ်၊ စွမ်းရည်တွေတင်လိုက်"

ရီမိသားစုမှ ကျင့်ကြံသူများ၏စွမ်းရည်သည် တစ်ဖန် ပြန်တိုးလာကာ အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်။ အင်မော်တယ်ဧကရာဇ်၏ စွမ်းအားရှိသော မိသားစုခေါင်းဆောင်ရှိနေခြင်းက အလွန်အင်အားကောင်းလှသည်။ မိသားစုကံကြမ္မာ အမှတ် ၅၀၀၀၀ တိုးလာခြင်းကလည်း ပိုင်ဇယ်၏ ကျင့်ကြံမှုအဆင့်ကို ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်မြှင့်တင်ပေးလိုက်သည်။

ယခုအခါတွင် ရီမိသားစု၌ ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ပိုများလာပြီဖြစ်၏။ ရီဖန်ကိုယ်တိုင်လည်း သူ၏ကျင့်ကြံမှုအဆင့်ကို အင်မော်တယ်ဘုရင်နယ်မြေသို့ မကြာမီမြှင့်တင်နိုင်လိမ့်မည်ဟု ခံစားမိသည်။ သူသည် အင်မော်တယ်ဘုရင်နယ်မြေသို့ရောက်သည်နှင့် အင်မော်တယ်ဧကရာဇ်ကို မယှဉ်နိုင်သည့်တိုင်၊ ၎င်းကိုကြောက်စရာမလိုတော့ချေ။ ဤနည်းဖြင့် ရီမိသားစုသည် ချန်မင်ကမ္ဘာတွင် အခိုင်အမာရပ်တည်နိုင်ခဲ့၏။

"စနစ်၊ မိသားစုအဆင့်ကို ဖွင့်လိုက်"

“လက်ရှိမိသားစုအဆင့် ချန်မင်ကမ္ဘာတွင် အဆင့် ၇၈၈”

ရီဖန်အနည်းငယ် အံ့အားသင့်သွားသည်မှာ ထိပ်ဆုံးအဆင့်တစ်ထောင်အတွင်းသို့ ဤမျှလျင်မြန်စွာဝင်ရောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့်ဖြစ်သည်။ ကြည့်ရသည်မှာ အထက်ငါးပြည်နယ်သည် ထင်ထားသလောက် အင်အားမကြီးပုံရသည်။

"စနစ်၊ မိသားစုအဆင့်သတ်မှတ်ချက် ဆုလာဘ်ထုတ်လိုက်ပါ"

"မိသားစုကံကြမ္မာတန်ဖိုး အမှတ်၁၀၀၀၀နဲ့ အချိန်သင်္ကေတသုံးခုကို ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

အချိန်သင်္ကေတသည် မည်သည့်အရာအတွက်မဆို အနှစ်တစ်ထောင်အတွင်း အချိန်စီးဆင်းမှုကိုတိုးရန် သို့မဟုတ်လျှော့ချရန် အသုံးပြုနိုင်ကာ ၁၂နာရီကြာမြင့်သည်။ ၎င်းကိုဝိညာဉ်ဆေးပင်များအတွက်အသုံးချပါက ၎င်းသည် သက်တမ်းနှင့် ဂုဏ်သတ္တိကိုအနှစ်တစ်သိန်းအထိ တိုက်ရိုက်တိုးမြှင့်ပေးနိုင်သည်။ သို့သော် ဤမျှအဖိုးတန်သောအရာကို ဝိညာဉ်ရေးဆေးပင်အတွက် အသုံးပြုခြင်းသည် ဖြုန်းတီးရာကျသည်။

ရန်သူ၏သက်တမ်းကို အနှစ်တစ်သောင်းလျှော့ချလိုက်ပါက အင်မော်တယ်ဧကရာဇ်ကို ချက်ချင်းသတ်နိုင်မလားဟု တွေးမိလိုက်သည်။ သို့သော် ရီဖန်ကိုယ်တိုင်လည်း ၎င်းမှာမလွယ်ကူနိုင်ကြောင်းသိသည်။ အင်မော်တယ်ဧကရာဇ်၏သက်တမ်းသည် အနှစ်တစ်သောင်းမက ရှည်သည်။ ၎င်းတို့၏တာအို နှလုံးသားပျက်ဆီးပြီးမသေဆုံးမီအထိ နှစ်ပေါင်းတစ်သန်းအထိ အသက်ရှင်ခဲ့သည့် အင်မော်တယ်ဧကရာဇ်များ၏ ဒဏ္ဍာရီများပင် ရှိပါသေးသည်။

စည်းမျဉ်းများအရ အင်မော်တယ်အဆင့်သို့ ရောက်သည်နှင့် တာအိုနှလုံးသား မပျက်ဆီးသရွေ့၊ အသတ်မခံရသရွေ့ သဘာဝအတိုင်းသေဆုံးလိမ့်မည်မဟုတ်ပေ။ ကျင့်ကြံမှုအဆင့်ပိုအားကောင်းလေ တာအိုနှလုံးအားကောင်းလေဖြစ်သည်။ တာအိုနှလုံးအကြောင်းပြောခါမှ ရီဖန်သည် သူ၏ နှလုံးစွမ်းအားမှာ စတုတ္ထအဆင့်တွင် အချိန်အတော်ကြာပိတ်မိနေခဲ့ကြောင်း ရုတ်တရက်သတိရမိသော်လည်း ကျော်ဖြတ်ရန် နည်းလမ်းကိုမသိချေ။ နှလုံးသားစွမ်းအားကို ကျင့်ကြံခြင်းသည် အလွန်ခက်ခဲကာ ရီဖန်ပင်လျှင် ၎င်းကိုမည်သို့တိုးမြှင့်ရမှန်း မသိပေ။

တာ့ယွီအင်မော်တယ်မင်းဆက်သည် ပြည်နယ်ငါးခုကို သိမ်းပိုက်လိုက်ခြင်းကြောင့် အရင်းအမြစ်များလည်း ပိုမိုရရှိခဲ့သည်။ အချို့ကို တာ့ယွီအင်မော်တယ်မင်းဆက်တွင်အတွက်သုံးကာ အချို့ကိုရီမိသားစုထံသို့ ပေးပို့ခဲ့သည်။ ရီဖန်သည် သူ့ရှေ့မှအဖိုးတန်အရင်းအမြစ်များကို လှမ်းကြည့်ကာ ၎င်းတို့အားလုံးကို ပျက်ဆီးခြင်းလေဟာနယ်ထဲသို့ စုဆောင်းလိုက်သည်။

ယခင်က ရီမိသားစုတွင် အရင်းအမြစ်များစွာရှိသော်လည်း ကျင့်ကြံသူပိုများလာသောကြောင့် ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာကို မြှင့်တင်ရန်အတွက် အရင်းအမြစ်များထပ်သုံး၍မရခဲ့ချေ။ နှစ်များစွာကြာပြီးနောက် ပျက်ဆီးခြင်းကမ္ဘာ၏အဆင့်သည် ကမ္ဘာတစ်ထောင်ငယ်၏ အထွတ်အထိပ်တွင်သာရှိသည်။ ယခုတွင် သူသည် ပျက်ဆီးခြင်းကမ္ဘာကို အလယ်အလတ်တစ်ထောင်ကမ္ဘာသို့ အဆင့်မြှင့်တင်နိုင်ပြီဖြစ်သည်။

ရီဖန်သည် အရင်းအမြစ်များစွာကို ပျက်ဆီးခြင်းချီစွမ်းအားထဲသို့ထည့်လိုက်ပြီးနောက် ၎င်းတို့ကို ကမ္ဘာ့မူလစွမ်းအားက စုပ်ယူလိုက်ကာ ကမ္ဘာ့မြှင့်တင်ရေးအတွက် အာဟာရဖြစ်လာသည်။ ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာကို အဆင့်မြှင့်တင်ရန် အလုပ်များနေချိန်တွင် ရီမိသားစုမှ အခြားကျင့်ကြံသူများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင်အလုပ်များ ရှိနေကြ၏။

ရီကျင်းထျန်၏ စီးပွါးရေးဌာနခွဲများသည် ပြည်နယ်ငါးခုလုံးတွင် အရွက်တစ်ထောင်ဆေးခန်းကို စတင်တည်ထောင်ခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ နယ်မြေတိုးလာခြင်းကြောင့် အားလုံးကိုပျံ့နှံ့ရန်မှာမလွယ်ကူချေ။ ယခုအချိန်တွင် လမ်းကြောင်းများအမြန်ချဲ့ထွင်ပေးမည့် ချန်ကျင်းဆေးခန်းကဲ့သို့သော စေတနာရှင်များမရှိတော့သောကြောင့် အရွက်တစ်ထောင်ဆေးခန်းကို ၎င်းတို့ကိုယ်တိုင်ချဲ့ထွင်ရတော့သည်။

သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီတို့သည် တာ့ယွီအင်မော်တယ်မင်းဆက်အတွင်း တပည့်များစွာကို စတင်စုဆောင်းခဲ့သည်။ ဤတိုက်ပွဲတွင် သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီနှစ်ခုစလုံး တာ့ယွီအင်မော်တယ်မင်းဆက်အတွက် စွမ်းအားရှင်များစွာထောက်ပံ့ပေးခဲ့သောကြောင့် ဤဂိုဏ်းများ၏အတွင်းပိုင်း၌ အနည်းငယ်လစ်ဟာနေကာ သွေးသစ်လောင်းရန် အရေးတကြီးလိုအပ်နေသည်။

သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီ၏ လူသစ်စုဆောင်းရန် ကြိုးပမ်းမှုသည် အင်အားစုများ၏အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ ၎င်းအင်အားစုများသည် တာ့ယွီအင်မော်တယ်မင်းဆက်၏အင်အားကြောင့် တပည့်များကို လျှို့ဝှက်စုဆောင်းနိုင်ခဲ့၏။ သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီသည် တာ့ယွီအင်မော်တယ်မင်းဆက်၏ ပစ်မှတ်ထားခြင်းမခံရဘဲ ပွင့်ပွင့်လင်းလင်းစုဆောင်းနေသောကြောင့် အင်အားစုအများအပြားသည်လည်း အလွန်တက်ကြွလာကြသည်။

မကြာမီတွင် သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီကဲ့သို့သော အင်အားစုအများအပြားသည် တပည့်များကိုစတင်စုဆောင်းခဲ့ကြကာ အရည်အချင်းရှိသော အငယ်တန်းကျင့်ကြံသူအများအပြားကို ၎င်းတို့၏အင်အားစုများထဲသို့ ခေါ်ဆောင်ရန် နည်းလမ်းများစွာအသုံးပြုခဲ့သည်။

“တာ့ယွီအင်မော်တယ်မင်းဆက်က အရမ်းတုံးတာပဲ၊ ဒီအရည်အချင်းရှိတဲ့သူတွေကို အရေးမပေးမှတော့ အခုငါတို့ပိုင်သွားပြီ” များစွာသောဂိုဏ်းခွဲများသည် တာ့ယွီအင်မော်တယ်မင်းဆက်နိုင်ငံတစ်ခုအတွင်း နိုင်ငံတစ်ခုထပ်ထူထောင်ကာ ပိုမိုကြွယ်ဝချမ်းသာလာရန် စိတ်ကူးယဉ်နေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရန်သာလိုအပ်ကာ တာ့ယွီအင်မော်တယ်မင်းဆက်၏ အကာအကွယ်ဖြင့် ၎င်းတို့ကိုနှောင့်ယှက်မည့်အခြားအင်အားစုများ ရှိလာမည်မဟုတ်ပေ။

တာ့ယွီအင်ပါယာသည် အလွန်ကောင်းမွန်လှ၏။ သို့သော် ၎င်းတို့၏စုဆောင်းခြင်းမပြီးဆုံးမီ ရပ်တန့်နေခဲ့သော တပ်ကြီးဆယ်ခုက ချက်ချင်းအသက်ပြန်ဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ဤတပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက်ဖိနှိပ်လိုက်ကာ အသစ်စက်စက် တာ့ယွီအင်မော်တယ်မြို့တော်သို့ ခေါ်ဆောင်သွားခဲ့သည်။

…………

အခန်း ၂၄၃ - မိသားစုတိုးပွါးလာခြင်း အဆင့်ဆယ့်နှစ်၊ အောက်ဘက်နယ်မြေငါးခုကိုအုပ်စိုးခြင်း

၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့်တိုင် နားမလည်နိုင်ကြသေးချေ။

"သက်ရှည်ဂိုဏ်းနဲ့ အရွက်တစ်ထောင်အကယ်ဒမီကသူတွေက စုဆောင်းလို့ရပေမယ့် ငါတို့ကျဘာလို့မရတာလဲ”

လာရောက်ဖမ်းဆီးသူများထဲမှတစ်ဦးသည် ကြယ်တစ်သောင်းကျွန်းမှ အကြီးအကဲတစ်ဦးဖြစ်ကာ ၎င်းကိုကြားသည့်အခါတွင် မထီမဲ့မြင်ကြည့်လိုက်၏။ "အရွက်တစ်ထောင်းအကယ်ဒမီနဲ့ သက်ရှည်ဂိုဏ်းက ဘုရင်မိသားစုရဲ့ အဖွဲ့ဝင်တွေကဲ၊ သူတို့က ငါတို့လူတွေပဲလေ!"

ထိုသို့ပြောလိုက်သည်နှင့် အားလုံးစိတ်ဓာတ်ကျသွားကာ ၎င်းတို့၏ ကံကြမ္မာကိုသာ လက်ခံလိုက်ရသည်။ ဤအင်အားစုများကို သိမ်းပိုက်ပြီးနောက် တာ့ယွီအင်မော်တယ်မင်းဆက်အတွင်းရှိ အခြားသော မျိုးနွယ်စုများသည် ပို၍နိမ့်ချလာသည်။ တာ့ယွီအင်မော်တယ်မင်းဆက်နှင့် သွားမရှုပ်ပါက ၎င်းတို့ကောင်းကောင်းနေနိုင်လိမ့်မည်မှန်း သိရှိကြ၏။ ဤသို့ဖြင့် အောက်ပိုင်းငါးပြည်နယ်လုံးသည် ပို၍ငြိမ်သက်လာခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်သည် စုန်းမျိုးနွယ်စု၏ကျူးကျော်မှုကြောင့် အောက်ပိုင်းငါးပြည်နယ်မှ အကျိုးအမြတ်အများဆုံးရရှိခဲ့သည်။

အခွင့်အရေးအများဆုံးရရှိခဲ့သူမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှသူများဖြစ်သည်။

အဆင့်နိမ့်အဖွဲ့ဝင်များစွာကျဆုံးသွားပြီးနောက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် အသက်ရှင်နေသေးသည့်သူများမှာ တံခါးသခင် သုံးဦးသာဖြစ်သည်။ ၎င်းတို့သည် စုယန်ကဲ့သို့ ဘေးမထွက်နေခဲ့သည့်အတွက် လွန်စွာနောင်တရနေကြ၏။

လောဘကြောင့်မျက်ကန်းဖြစ်ခဲ့သောကြောင့် ၎င်းတို့၏လုပ်ရပ်များသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် ကြီးမားသော ဆုံးရှုံးမှုများဖြစ်စေခဲ့သည်။ ဤမျှကြီးမားစွာ ဆုံးရှုံးစေခဲ့သောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ၎င်းတို့ကို အလွတ်ပေးမည်မဟုတ်ချေ။

များမကြာမီတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အဆင့်မြင့်အရာရှိများသည် အောက်ပြည်နယ်ငါးခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ပင်မခန်းမဆောင်ဆီသို့ရောက်လာကြသည်။

"မင်းတို့အပြစ်တွေ သိကြလား"

တံခါးသခင်သုံးဦးသည် မြေပြင်ပေါ်တွင်ဒူးထောက်လျက် တုန်လှုပ်နေကြသည်။

"ကျွန်တော်တို့နားလည်ပါတယ်” ၎င်းတို့သည် အကျိုးမရှိမှန်းသိသည့်အတွက် မိမိတို့ကိုယ်ကိုခုခံကာကွယ်ရန် မကြိုးစားတော့ချေ။ ၎င်းတို့ကိုစောင့်ကြိုနေသည်အရာမှာ သေခြင်းထက်ပင် ပိုဆိုးလိမ့်မည်။

"တံခါးသခင် စု။ ဒီတစ်ခါ မင်းကိုကျေးဇူးတင်ရမှာပဲ၊ မဟုတ်ရင် နှစ်အကြာကြီးစီစဉ်ထားတဲ့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရဲ့ အစီအစဉ်တွေ ပျက်စီးသွားမှာ"

အရှေ့ပြည်နယ်နှင့် နန်ကျိုးဌာနခွဲများတွင် ဆုံးရှုံးမှုမရှိဟူသောအချက်သည်သာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် သတင်းကောင်းဖြစ်သည်။ အကယ်၍ လူတိုင်းရှင်းလင်းခံခဲ့ရပါက အောက်ဘက်ငါးပြည်နယ်အတွက် တာဝန်ရှိသူကအရေးယူခံရလိမ့်မည်။

ခန်းမသခင်သည် စုယန်ကို ကျေနပ်သောအမူအရာဖြင့် ကြည့်လိုက်သည်။ သူမ ဝူရှန်းဘိုးဘေး၏တိုက်ရိုက်တပည့်ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ ဤမျှသွေးဆောင်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အမှားအမှန်ခွဲခြားနိုင်သေးသည်။

“ခန်းမသခင်က မြှောက်ပြောနေတာပဲ၊ ကျွန်မဒီတိုင်း ကံကောင်းသွားရုံပါ"

စုယန်၏ကျိုးနွံသောအမူအရာသည် ခန်းမသခင်ကို ပို၍ပင်ကျေနပ်သွားစေသည်။ ထိုသို့တွေးလိုက်ပြီးနောက် ခန်းမသခင်သည် ဝူရှန်းဘိုးဘေး၏သင်္ကေတကို လူတိုင်းရှေ့တွင် ထုတ်ယူလိုက်သည်။ ဝူရှန်းဘိုးဘေးကို မည်သူမျှမမြင်ဖူးသော်လည်း၊ ၎င်းသည် ဝူရှန်းဘိုးဘေးဖြစ်ကြောင်း လူတိုင်းသိကြသည်။

"ဘိုးဘေးကို နှုတ်ဆက်ပါတယ်"

လူတိုင်းဦးညွှတ်လိုက်ကြသည်။ ဝူရှန်ဘိုးဘေးက တုံ့ပြန်ခြင်းမရှိသော်လည်း စုယန်ကိုကျေနပ်စွာကြည့်နေသည်။ စုယန်က အောက်ပိုင်းပြည်နယ်ငါးခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ဖျက်ဆီးလိုက်လျှင်ပင် ဝူရှန်းဘိုးဘေးသည် ဘာမှခံစားရမည်မဟုတ်ပေ။

သို့သော်လည်း စုယန်၏ဆုံးဖြတ်ချက်သည် ဝူရှန်းဘိုးဘေးကို ဂုဏ်ယူစေခဲ့၏။ သူ၏တပည့်သည် ထူးခြားသောစွမ်းရည်သာမက ဥာဏ်ပညာ၊ သတ္တိနှင့် နည်းဗျူဟာများပါကောင်းမွန်သည်။ အရည်အချင်းတစ်ခုတည်းရှိရုံနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် မြင့်မားသောရာထူးကို ရရှိရန်မလုံလောက်ချေ။

ကမ္ဘာပေါ်ရှိ အမှောင်ဆုံးဖြစ်တည်မှုဖြစ်သောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ထိပ်တန်းအဖွဲ့ဝင်တိုင်းသည် ကြမ်းတမ်းကာ ခံနိုင်ရည်ရှိကြသည်။ ၎င်းတို့အများစုသည် လူသားမျိုးနွယ်စုများကြားတွင် အင်အားကြီးမားသော ပုဂ္ဂိုလ်များဖြစ်သည်။

"ဒီတစ်ခါ မင်းရဲ့ဆုလာဘ်က မနည်းဘူး။ မင်းအတွက် မဟာတာအိုအရင်းအမြစ်တွေ ပေးမယ်။ အဲဒါကို သေချာလေ့လာပြီးတော့ အင်မော်တယ်ဘုရင်နယ်မြေကို အမြန်ဆုံးဖြတ်ကျော်နိုင်အောင် ကြိုးစား”

စုယန်၏ ကျင့်ကြံမှုအဆင့်သည် ရွှေအင်မော်တယ်နယ်ပယ်၏နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အလွန်လျင်မြန်သောအရှိန်ဖြင့် တိုးတက်နေသော်လည်း ရွှေအင်မော်တယ်နယ်မြေသည် မလုံလောက်သေးချေ။ အနည်းဆုံး အင်မော်တယ်ဘုရင်သို့မဟုတ် အင်မော်တယ်ဧကရာဇ်အဆင့်ရှိနေသင့်သည်။

“ကျေးဇူးတင်ပါတယ် သခင်” သေချာသည်မှာ စုယန်က ဝူရှန်းဘိုးဘေးပေးသည့် ဆုလာဘ်ကိုငြင်းဆန်လိမ့်မည် မဟုတ်ချေ။

“အခုကစပြီးတော့ အောက်ဘက်ပြည်နယ်ငါးခုက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို မင်းစီမံရမယ်။ မင်းက တံခါးသခင်တစ်ခုတည်းမဟုတ်ဘဲ၊ ခန်းမသခင်ရဲ့ လက်ထောက်ဖြစ်လာလိမ့်မယ်"

ခန်းမသခင်ကို မနာလိုဖြစ်စေသည့် မဟာတာအို၏မူလရင်းမြစ်နှင့်ယှဉ်လျှင် ဤစကားက စုယန်ကို ပိုပျော်ရွှင်စေသည်။ အောက်ဘက်ပြည်နယ်ငါးခုရှိ သယံဇာတများကို လုံး၀ထိန်းချုပ်နိုင်ခြင်းသည် ကြီးမားသောအောင်မြင်မှုဖြစ်သည်။ ယခုအခါတ့င် အောက်ပြည်နယ်ငါးခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ သူလျှိုအများစုသေတော့မည်ဖြစ်ရာ၊ သူလျှိုအသစ်များရှာဖွေခြင်းအတွက် အရင်းအမြစ်များ ကုန်ကျမည်ဖြစ်သည်။

အရင်းအနှီးမည်မျှသုံးစွဲရန် လိုအပ်သည်ကို စုယန်ကဆုံးဖြတ်နိုင်သည်။ လွန်ကျွံစွာမသုံးစွဲဘဲ ရလဒ်များကောင်းနေသရွေ့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ထိုကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ချေ။

သို့သော် ယခုတစ်ကြိမ်တွင် သူမသည် ရီမိသားစုမှလူများကိုသာမက အခြားမျိုးနွယ်စုများမှ သူလျှိုများကိုပါ နေရာချထားရန်လိုအပ်သည်။ ၎င်းတို့ထဲမှ လူတစ်ထောင်ကျော်ကို ဘဝနှင့်မရဏတံခါးသို့ သူလျှိုများအဖြစ် ဖြန့်ကျက်ချထားပြီးဖြစ်သည်။ ရီမိသားစု၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်သောကြောင့် ရီမိသားစုတွင်အသုံးချရန် လူမလုံလောက်တော့ပေ။

“မဖြစ်သေးဘူး၊ ပြန်သွားရင် လူငယ်လေးတွေကို ကလေးမွေးဖို့ ပိုကြိုးစားဖို့ သတိပေးရမယ်။ ကလေးထပ်မမွေးဘဲနဲ့ ရီမိသားစုရဲ့အရည်အချင်းတွေကို အပြည့်အဝအသုံးမချနိုင်ရင် အလကားပဲမလား”

ရီမိသားစုတွင် ကလေးမွေးဖွားခြင်းအတွက် ဆုလာဘ်များအမြဲရှိကာ ၎င်းဆုများကို စုယန်က သတ်မှတ်ပေးလေ့ရှိသည်။ စုယန်ပြန်ရောက်သောအခါတွင် ကလေးယူခြင်းအတွက် ဆုငွေတိုးပေးမည်ဟုကြေညာကာ ရီမိသားစုတွင် မျိုးဆက်သစ်များမွေးဖွားလာရန်အတွက် တွန်းအားပေးခဲ့သည်။

သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်အကယ်ဒမီ၏လွှမ်းမိုးမှုသည် အလွန်တိုးမြင့်လာကာ စုယန်သည်လည်း အောက်ပြည်နယ်ငါးခုတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ထိန်းချုပ်နိုင်ခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်အပါအဝင် အောက်ပိုင်းငါးပြည်နယ်တစ်ခုလုံးသည် ရီမိသားစု၏ ထိန်းချုပ်မှုအောက်တွင် အခိုင်အမာရှိနေ၏။

"ရေရှည်တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တဲ့ သခင်ကို ဂုဏ်ယူပါတယ်၊ မိသားစုတိုးပွါးလာခြင်း အဆင့် ၁၂၊ အောက်ဘက်ပြည်နယ်ငါးခုကို လွမ်းမိုးခြင်း ပြီးဆုံးသွားတဲ့အတွက် ဆုလာဘ်တောင်းဆိုနိုင်ပါတယ်"

ရီဖန်၏စိတ်ထဲတွင် စနစ်ထံမှသတိပေးချက် ထွက်ပေါ်လာသည်။

“စနစ် ဆုငွေထုတ်လိုက်ပါ”

"ဆုရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ မိသားစုသော့ချက်ဖြစ်တဲ့ ကောင်းကင်နဲ့မြေကမ္ဘာ ဥာဏ်အလင်း သက်တံ့ရောင်ကိုရရှိပါတယ်”

နောက်ဆုံးတွင် သက်တံဉာဏ်အလင်းသော့ချက် ထွက်ပေါ်လာပြီဖြစ်သည်။ သူ၏ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ကျင့်ကြံနည်းများကို နားလည်ရန်အခက်အခဲများလည်း ပိုများလာသည်။ ယခုတွင် သက်တံ့ရောင်အဆင့်သော့ချက်၏အကူအညီဖြင့် ရီဖန်၏ ကျင့်ကြံမှုနည်းပညာများကို နားလည်ရန် အခက်အခဲများစွာ လျော့နည်းသွားမည်ဖြစ်သည်။

နောက်ရက်များတွင် ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာကို အဆင့်မြှင့်တင်ရန်အတွက် အင်မော်တယ်ဥပဒေနှစ်ခုကို နားလည်ခြင်းတွင်အာရုံစိုက်ခဲ့သည်။ နက်နဲအင်မော်တယ်နယ်မြေရှိ ကျင့်ကြံရေးသမားများ ပိုများလာကာ ပျက်ဆီးခြင်းကမ္ဘာဦးကျမ်းကို နက်နဲအင်မော်တယ်နယ်မြေသို့ အဆင့်မြှင့်တင်ရန်မှာ အရေးကြီးကိစ္စတစ်ခုဖြစ်လာသည်။ ဆယ်နှစ်ကြာပြီးနောက်တွင် ရီဖန်သည် ငါး-ခြောက် နက်နဲအင်မော်တယ်စွမ်းရည်ကို နားလည်သဘောပေါက်ခဲ့၏။

ငါး-ခြောက် နက်နဲအင်မော်တယ်စွမ်းရည်သည် ရှစ်-ကိုး နက်နဲအင်မော်တယ်စွမ်းရည်ကဲ့သို့ မကောင်းမွန်သည့်တိုင် အင်မော်တယ်ဥပဒေအောက်တွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံရသည်။

ဤနည်းစနစ်သည် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းဖြင့် သူတော်စင်တိုက်ခိုက်ရေးဥပဒေကိုယ်ထည်ကိုရရှိကာ ဥပဒေအားလုံးကိုကျော်လွှားနိုင်မည့် အင်အားကိုပေးစွမ်းသည်။ ၎င်း၏အကြီးမားဆုံး လက္ခဏာသည် ပြင်းထန်သောတိုက်ခိုက်နိုင်စွမ်းမဟုတ်ဘဲ မဖျက်ဆီးနိုင်သောအကာအကွယ်ဖြစ်သည်။ ခဏအကြာတွင် ရီဖန်၏ခန္ဓာကိုယ်သည် ပိုမိုကြံ့ခိုင်သန်မာလာ၏။

ရီဖန်စမ်းသပ်ကြည့်ရာတွင် အဆင့်နိမ့်တာအိုလက်နက်ကို စွမ်းအားအပြည့်ဖြင့် အသုံးပြုသည့်တိုင် သူ၏ခန္ဓာကိုယ်ကိုမဖျက်ဆီးနိုင်ခဲ့ချေ။ ဤကဲ့သို့ ခုခံကာကွယ်မှုအဆင့်ဖြင့် ရီဖန်သည် ဘာမှမလုပ်ဘဲထိုင်နေနိုင်ကာ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ၎င်းကိုဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သို့သော် ရီဖန်မကျေနပ်။

အင်မော်တယ်ဘုရင်တစ်ပါးသည် ရီဖန်အတွက် ခြိမ်းခြောက်နိုင်ခြင်းမရှိတော့ဘဲ ရီဖန်အတွက် လက်ရှိအကြီးမားဆုံးခြိမ်းခြောက်မှုသည် အင်မော်တယ်ဧကရာဇ်ဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ မရောက်ရှိနိုင်သော်လည်း၊ သူ၏ခုခံကာကွယ်မှုသည် အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ရောက်ရှိရမည်ဖြစ်သည်။ သို့မှသာ ရီဖန်သည် အနည်းငယ်လုံခြုံသည်ဟု ခံစားရလိမ့်မည်။

ရီဖန်သည် ငါး-ခြောက်နက်နဲအင်မော်တယ် ခုခံကာကွယ်မှုစွမ်းရည်ကို မြှင့်တင်ရန်ရည်ရွယ်ထားသည်။ သူသည် ငါး-ခြောက်နက်နဲအင်မော်တယ် ခုခံကာကွယ်မှုစွမ်းရည်ကို အတော်နားလည်ထားပြီးဖြစ်သည်။ သူ့ထံတွင် လုံလောက်သည့်အရင်းအမြစ်များ ရှိနေသရွေ့ မဟာအောင်မြင်မှုနယ်ပယ်အထိ ကျင့်ကြံနိုင်သည်။

သို့သော် ၎င်းကိုကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်များအားလုံး မည်သည့်နေရာကလာမည်နည်း။ အရင်းအမြစ်အများစုကို ပျက်ဆီးခြင်းကမ္ဘာအဆင့်မြှင့်တင်ရန်အတွက် ရီဖန်အသုံးပြုခဲ့သည်။ ကျန်ရှိသော အရင်းအမြစ်များသည် မဟာအောင်မြင်မှုနယ်ပယ်သို့မြှင့်တင်ရန် မလုံလောက်သေးချေ။

…………….

All Chapters