← Chapters

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း ၂၄၄-၂၄၆

Vol. 17 Ch. 244-246

အခန်း ၂၄၄ - ငါး-ခြောက်နက်နဲအင်မော်တယ်ကိုယ်ထည်သည် မဟာအောင်မြင်မှုနယ်ပယ်သို့ရောက်ရှိသွားကာ အင်မော်တယ်ဧကရာဇ်အဆင့်ရှိ ခုခံကာကွယ်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်

ပျက်ဆီးခြင်းကမ္ဘာအတွင်းတွင် ရီဖန်သည် သူ၏ ငါး-ခြောက်နက်နဲအင်မော်တယ်ကိုယ်ထည်ကို အဆင့်မြှင့်တင်ရန်အတွက် အရင်းအမြစ်များရှာဖွေကာ ပျက်ဆီးခြင်းကမ္ဘာကိုမြှင့်တင်ရန်အတွက်လည်း အရင်းအမြစ်များကို ဆက်လက်အသုံးပြုနေသည်။ ထို့နောက် ရုတ်တရက်ငြိမ်သက်နေသော ပျက်ဆီးခြင်းကမ္ဘာသည် တုန်လှုပ်သွား၏။

ရီဖန်သည် ၎င်းကြောင့် ထိတ်လန့်သွားရန်ဝေးစွ၊ အလွန်ပင်ပျော်ရွှင်သွားသေးသည်။ ၎င်းသည် ပျက်ဆီးခြင်းကမ္ဘာက ကမ္ဘာတစ်ထောင်ငယ်လေးမှ မဟာကမ္ဘာတစ်ထောင်အဖြစ်သို့ အဆင့်မြှင့်တင်တော့မည်ဖြစ်ကြောင်း ညွှန်ပြနေသည်။ နောက်အခိုက်အတန့်တွင် ပျက်ဆီးခြင်းကမ္ဘာ၏ နယ်နိမိတ်သည် လျင်မြန်စွာကျယ်ပြန့်လာကာ အချိန်တိုအတွင်း ဆယ်ဆတိုးလာခဲ့သည်။

နယ်နိမိတ်များသည် ပျက်ဆီးခြင်းကမ္ဘာများ၏အဆင့်ကို သတ်မှတ်ရာတွင် အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ပျက်ဆီးခြင်းကမ္ဘာကို ကမ္ဘာတစ်ထောင်ငယ်မှ မဇ္စျိမကမ္ဘာတစ်ထောင်အဖြစ်သို့ အဆင့်မြှင့်တင်ပြီးနောက် ကမ္ဘာကြီး၏လည်ပတ်မှုကို ထိန်းသိမ်းသည့် မဟာတာအိုသည် ပိုမိုအားကောင်းလာ၏။

မူလက ပါးလွှာသော ဝိညာဉ်စွမ်းအားလေထုသည်လည်း ပိုမိုသိပ်သည်းလာသည်။ ရီဖန်၏ကမ္ဘာအတွင်း၌ သတ္တဝါများရှိနေသော်လည်း ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် မဇ္စျိမကမ္ဘာတစ်ထောင်နှင့် နှိုင်းယှဉ်၍မရပေ။ ဆိုလိုသည်မှာ တိုးပွားလာသော ဝိညာဉ်စွမ်းအားကို အသုံပြုခြင်းသည် အနည်းငယ်မျှသာဖြစ်သောကြောင့် အရည်အဖြစ်သို့ တဖြည်းဖြည်းစုပုံလာကာ ကြီးမားသော ဝိညာဉ်စွမ်းအားပင်လယ်ကြီး ဖြစ်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်က ရီဖန်၏ ပျက်ဆီးခြင်းကမ္ဘာထဲသို့ဝင်လာလျှင် ဤနေရာရှိ ဝိညာဉ်စွမ်းအား၏သိပ်သည်းဆသည် မဟာကမ္ဘာတစ်ထောင်ထက်ပင် ပိုများကြောင်းသိရှိလာလိိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် ရီဖန်သည် သူ၏အသိစိတ်ကို ကမ္ဘာ့အလယ်ဗဟိုဟုခေါ်ဆိုသည့် ကမ္ဘာ့နှလုံးသားတည်ရှိရာနေရာပေါ် အာရုံစိုက်လိုက်သည်။

ဤနေရာသည် သမုဒ္ဒရာကြီးဖြစ်လာပြီဖြစ်၏။ သို့သော် ဤသမုဒ္ဒရာကိုဖြည့်တင်းထားသည်မှာ ရေမဟုတ်ဘဲ ကမ္ဘာ့စွမ်းအားဖြစ်သည်။ ရီဖန်၏အတွေးတစ်ခုတည်းဖြင့် ကမ္ဘာ့စွမ်းအားရေပြင်သည် ညင်သာစွာမြင့်တက်လာခဲ့သည်။

ရီဖန်သည် ကမ္ဘာ့စွမ်းအားလက်တစ်ဆုပ်စာမျှကို ဂရုတစိုက်ယူလိုက်ကာ သူ့ပါးစပ်ထဲသို့ထည့်လိုက်၏။

ကမ္ဘာ့စွမ်းအားသည် ရီဖန်၏စွမ်းရည်များကိုမြှင့်တင်ရန်အတွက် ကြီးမားသောစွမ်းအင်ပမာဏကို ထုတ်လွှတ်လိုက်သည်။ သို့သော် ရီဖန်၏စွမ်းအားများကို စနစ်က ပိတ်လှောင်ထားသောကြောင့် မည်မျှပင်အားကောင်းစေကာမူ ၎င်းသည် ရီဖန်၏ကျင့်ကြံမှုအဆင့်ကို မမြှင့်တင်နိုင်ပေ။

သို့သော် အခြားလူသားများအတွက် ထိုလက်တစ်ဆုပ်စာကမ္ဘာ့စွမ်းအားကို စုပ်ယူခြင်းသည် ၎င်းတို့ကိုမဟာယာနနယ်ပယ်သို့မြှင့်တင်ပေးကာ အင်မော်တယ်အဖြစ်သို့ ချက်ချင်းရောက်ရှိစေမည်ဖြစ်သည်။ ကမ္ဘာ့စွမ်းအား၏ သက်ရောက်မှုများက ရီဖန်ကိုအလွန်ပျော်ရွှင်စေသည်။

ယခင်ပျက်ဆီးခြင်းကမ္ဘာတွင် ကမ္ဘာ့စွမ်းအားရှိသော်လည်း ၎င်းသည် တိုက်ခိုက်မှုအများစုအတွက်သာကူညီပေးနိုင်ကာ ပြန်အသုံးပြု၍မရချေ။ ယခုအခါတွင် ရီဖန်သည် ၎င်းကို လွတ်လပ်စွာအသုံးပြုနိုင်လာသည်။ ရီဖန်သည် ကမ္ဘာ့နှလုံးသားဘေးရှိ ကမ္ဘာ့စွမ်းအားကိုစိုက်ကြည့်ကာ အကြမ်းဖျင်းခန့်မှန်းလိုက်သည်။

ဤကမ္ဘာ့စွမ်းအားသည် မဟာယာနနယ်ပယ်ရှိ ကျင့်ကြံသူထောင်ပေါင်းများစွာကို ဖန်တီးရန်လုံလောက်၏။ ဤကမ္ဘာ့စွမ်းအားကို ကျင့်ကြံရေးတွင်အသုံးချနိုင်ပါက ငါး-ခြောက်နက်နဲအင်မော်တယ်ကိုယ်ထည်ကိုမြှင့်တင်ရန် အသုံးပြုနိုင်မည်လား။ ထိုအတွေးပေါ်လာသည်နှင့် ရီဖန်မဆိုင်းမတွဘဲ ချက်ချင်းစမ်းသပ်ကြည့်လိုက်သည်။

ရီဖန်သည် ငါး-ခြောက်နက်နဲအင်မော်တယ်စွမ်းရည်ကို အသက်သွင်းကာ ကမ္ဘာ့စွမ်းအားကို စတင်စုပ်ယူလိုက်ပြီးနောက် သူ၏ကိုယ်ထည်ကြံ့ခိုင်မှုတိုးလာသည်ကို တွေ့ရှိခဲ့သည်။ အရှိန်နှေးနေသော်လည်း သူ့နည်းလမ်းက ထိရောက်ကြောင်းသက်သေပြနေသည်။ ထို့ကြောင့် ရီဖန်သည် ကမ္ဘာ့စွမ်းအားအရည်ထဲသို့ နစ်မြှုပ်လိုက်ကာ ကျင့်ကြံမှုကိုစတင်ခဲ့ကာ ရီဖန်ကိုယ်တိုင်သာမကဘဲ သူ၏ကိုယ်ပွါးကောင်းနှင့် နတ်ဆိုးကိုယ်ပွါးကိုပါဆင့်ခေါ်လိုက်သည်။ ၎င်းတို့သုံးဦးသည် ကမ္ဘာ့စွမ်းအားများကို အလျင်အမြန်စုပ်ယူလိုက်ကြသည်။

ကိုယ်ပွါးကောင်းသည် သာ့လော့အင်မော်တယ်ကျင့်စဉ်ကို ကျင့်ကြံကာ၊ နတ်ဆိုးကိုယ်ပွါးက ငါး-ခြောက်နက်နဲအင်မော်တယ်စွမ်းရည်ကို ကျင့်ကြံခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် စနစ်၏ ကျင့်ကြံမှုအဆင့်ကန့်သတ်ချက်ဖြင့် ချည်နှောင်ထားခံရခြင်းမရှိသောကြောင့် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာတိုးတက်လာ၏။

တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာကြာမြင့်ပြီးနောက်တွင် တာ့ယွီအင်မော်တယ်မင်းဆက်တစ်ခုလုံး ငြိမ်သက်နေခဲ့၏။ ရီဖန်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ပျက်ဆီးခြင်းကမ္ဘာသည် အဆက်မပြတ်ပြောင်းလဲလျက်ရှိကာ ၎င်းသည် ပျက်ဆီးခြင်းကမ္ဘာ၏တာအိုအပေါ်တွင် ရီဖန်၏နားလည်မှု ပြီးပြည့်စုံသွားခြင်းဖြစ်သည်။ ယခုအခါတွင် ပျက်ဆီးခြင်းကမ္ဘာ၏တာအိုသည် ထပ်မံပြောင်းလဲလာသည်။

ရီမိသားစု၏ သက်တံ့ရောင်အဆင့်ဉာဏ်အလင်းကြောင့် ရီဖန်၏ ဉာဏ်အလင်းသည်လည်း သိသိသာသာတိုးလာခဲ့သည်။ သို့မဟုတ်ပါက ဤမျှလျင်မြန်စွာ နားလည်သဘောပေါက်ရန် လွယ်ကူမည်မဟုတ်ပေ။ နောက်ဆုံးတွင် ပျက်ဆီးခြင်းကမ္ဘာကြီး ပျက်ဆီးလာကာ

ခဏမျှကျုံ့သွားပြီးနောက်တွင် ကျယ်လောင်သောအသံတစ်ခုဖြင့် ပေါက်ကွဲထွက်သွားသည်။ ထို့နောက်တွင် ပိုမိုခိုင်မာသောကမ္ဘာအသစ်တစ်ခု တဖြည်းဖြည်းဖြစ်ပေါ်လာ၏။

မူလနိယာမ မဟာတာအို။ ၎င်းသည် မဟာကမ္ဘာတစ်ထောင်၏ နိယာမဖြစ်သည်။ မူလနိယာမမဟာတာအိုကို ကောင်းကင်ဘုံတာအိုဟုခေါ်ဆိုကာ ၎င်းသည် စကြာဝဠာကိုဖွဲ့စည်းခဲ့သည့် ကမ္ဘာထောင်ပေါင်းများစွာကို ချုပ်ကိုင်ထားသော နိယာမဖြစ်သည်။

ရီဖန် ယခုနားလည်လာခဲ့သည့်အရာသည် စွမ်းအားအကြီးဆုံးအခြေခံမူများထဲမှ တစ်ခုဖြစ်သည့် မူလနိယာမ မဟာတာအိုအတွင်းရှိ မူလနိယာမ၏ ပျက်ဆီးခြင်းမဟာတာအိုဖြစ်သည်။ ၎င်းသည် နက်နဲအင်မော်တယ်ဘုရင်မှ အင်မော်တယ်ဧကရာဇ်အဆင့်ထိ တိုးမြှင့်ရန်အတွက် လိုအပ်သောအခြေအနေများထဲမှတစ်ခုဖြစ်သည်။

ထိုအချိန်တွင် ရီဖန်သည် အင်မော်တယ်ဘုရင်ဖြစ်လာရန် တားဆီးထားသည့်အရာသည် လုံးဝပျောက်ကွယ်သွား၏။ သူ၏ကျင့်ကြံမှုအဆင့် လုံလောက်သရွေ့ ရီဖန်သည် အင်မော်တယ်ဘုရင်နယ်မြေသို့ တိုက်ရိုက်တက်လှမ်းနိုင်လိမ့်မည်။

ရီဖန်က ရှေ့ဆက်မတက်နိုင်သေးသော်လည်း သူ၏ ကိုယ်ပွါးကောင်းနှင့် နတ်ဆိုးကိုယ်ပွါးတို့ကဆက်သွားနိုင်ကြသည်။ ရီဖန်နားလည်ထားသည့် မူလနိယာမ၏ ပျက်ဆီးခြင်းမဟာတာအိုသည် ၎င်းတို့နှစ်ဦးနှင့် ကိုက်ညီသောကြောင့် နောက်အခိုက်အတန့်တွင် နှစ်ဦးစလုံး၏ကျင့်ကြံမှုအဆင့်သည် သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့နောက် အင်မော်တယ်ဘုရင်နယ်မြေ၏ရောင်ဝါပျံ့နှံ့လာ၏။ ဤသို့ဖြင့် မည်သူမှမသိလိုက်ကြဘဲ တိုက်ငယ်ငါးခုအတွင်းတွင် အင်မော်တယ်ဘုရင်နှစ်ပါး မွေးဖွားလာခဲ့သည်။

"မင်းတို့ အရင်ထွက်ပြီးတော့ ရီမိသားစုကို ကောင်းကောင်းစောင့်ရှောက်ထားကြ"

နှစ်ခုစလုံး အင်မော်တယ်ဘုရင်နယ်မြေသို့ ဖြတ်ကျော်သွားပြီးနောက်တွင် ကမ္ဘာ့စွမ်းအားသည်လည်း သက်ရောက်မှုမရှိတော့ချေ။ ထို့ကြောင့် ဆက်လက်ကျင့်ကြံလျှင်ပင် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို လွန်စွာမြှင့်တင်နိုင်မည်မဟုတ်ပေ။ အကယ်၍ ရီမိသားစုကို အင်မော်တယ်ဘုရင်နှစ်ပါးက စောင့်ကြပ်ထားလျှင် ရီမိသားစုအတွက် ခြိမ်းခြောက်မှုအနည်းငယ်သာ ရှိလိမ့်မည်။

ထို့နောက် ရီဖန်သည် သူ၏ကျင့်ကြံရေးအတွက် အာရုံစိုက်နိုင်ခဲ့၏။ မည်သူမျှမရှိတော့သည့်အချိန်တွင် ရီဖန်သည် ကမ္ဘာ့စွမ်းအားအပြည့် စုပ်ယူလိုက်သည်။ အချိန်မည်မျှကြာသွားမှန်းသတိမထားမိဘဲ ရီဖန်၏ခန္ဓာကိုယ်မှ မူလနိယာမ၏ ပျက်ဆီးခြင်းမဟာတာအိုရောင်ဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရီဖန်သည် မျက်လုံးပြန်ဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။ ငါး-ခြောက် နက်နဲအင်မော်တယ်ကိုယ်ထည်သည် နောက်ဆုံးတွင် မဟာအောင်မြင်မှုကိုရရှိခဲ့သည်။ မှတ်တမ်းများအရ ၎င်းမဟာအောင်မြင်မှုရရှိပြီးသည်နှင့် ရီဖန်၏ခုခံကာကွယ်မှုသည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိသွားနိုင်သည်။ရီဖန်သည် အသက်ပြင်းပြင်းရှူလိုက်ကာ ဆက်လက်မကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ကမ္ဘာ့စွမ်းအား၏ အစိတ်အပိုင်းအများအပြားကို ရီဖန်စုပ်ယူထားသော်လည်း စဉ်ဆက်မပြတ် ပြန်လည်ထုတ်လုပ်လျက်ရှိသောကြောင့် ဆယ်ပုံတစ်ပုံခန့်ကျန်နေသေးသည်။ လက်ရှိ ရီဖန်အတွက် ကမ္ဘာ့စွမ်းအားသည် အကျိုးသက်ရောက်မှုမရှိတော့ပေ။ သို့သော် အခြားသော ရီမိသားစုကျင့်ကြံသူများအတွက်မူ များစွာသက်ရောက်မှုရှိနိုင်သေးသည်။ရီဖန်သည် လက်ကိုဝှေ့ယမ်းလိုက်ကာ လက်ကျန်ကမ္ဘာ့စွမ်းအားများကို စုဆောင်းခဲ့သည်။

ရီဖန်၏ကျင့်ကြံမှုအဆင့်တိုးလာသောကြောင့် ရီမိသားစုမှအခြားကျင့်ကြံသူများသည် နောက်ကျကျန်နေ၏။ ဤတစ်ကြိမ်တွင် ကမ္ဘာ့စွမ်းအားကို အသုံးပြုခြင်းဖြင့် ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံရေးအဆင့်ကို လျင်မြန်စွာမြှင့်တင်နိုင်သည်။ ဤသို့ဖြင့် ရီဖန်၏ကျင့်ကြံမှုသည် အင်မော်တယ်ဘုရင်နယ်မြေသို့ လျင်မြန်စွာဖြတ်ကျော်နိုင်မည်ဖြစ်သည်။ အင်မော်တယ်ဘုရင်နယ်မြေသို့ ရောက်ရှိပြီးသည့်နောက်တွင် အင်မော်တယ်ဧကရာဇ်ကိုရင်ဆိုင်ရသောအခါတွင် ရီဖန်သည် အနည်းငယ်လုံခြုံသည်ဟုခံစားမိသည်။

အခြားတစ်ဖက်တွင် အရှေ့ကောင်းကင်ပြည်နယ်၌။ ဤကာလအတွင်း နတ်စုန်းဂိုဏ်းအိမ်တော်တွင် နေထိုင်လျက်ရှိသော ရီကျင်းချုံနှင့် ရီချင်တို့ကြောင့် ဝူထျန်းနှင့် စုန်းယန်တို့ကို မည်သည့်အခွင့်အရေးမျှမရရှိစေခဲ့ချေ။ သို့သော်ယနေ့တွင် ရီကျင်းချုံ နှင့် ရီချင်တို့ ထွက်လာကြသောအခါတွင် စုန်းသားတော်နှစ်ပါးသည် အခွင့်အရေးကို ထပ်မံလက်လွတ်မခံချင်တော့သောကြောင့် ချက်ချင်းပင် စတင်လှုပ်ရှားလာခဲ့သည်။

“စုန်းဘိူးဘေးသွေးအနှစ်အကြောင်း သတင်းဖြန့်လိုက်”

ဤသို့ဖြင့် စုန်းဘိုးဘေးသွေးအနှစ်နှင့်ပတ်သက်သည့် သတင်းစကားသည် အနီးနားရှိ ကျင့်ကြံသူတွေကြားတွင် စတင်ပျံ့နှံ့လာခဲ့သည်။ ထို့အပြင် ဘိုးဘေးစုန်းသွေးအနှစ်၏ရောင်ဝါလည်း စတင်ထွက်ပေါ်လာ၏။

…………..

အခန်း ၂၄၅ - နတ်စုန်းသားတော်တွေက စုန်းမျိုးနွယ်စုက မဟုတ်ဘူးလား

စုန်းမျိုးနွယ်စုထဲတွင် ဘိုးဘေးစုန်း၏သွေးသန့်အနှစ်ကို မလိုချင်သည့်သူမရှိချေ။ သို့သော် ဤရတနာများသည် သူတို့နှင့် မသက်ဆိုင်ကြောင်းကိုလည်း သိထားကြ၏။

အချို့သူများက အရှုံးမပေးဘဲလိုက်ရှာကြသော်လည်း မည်မျှပင်ကြိုးစားစေကာမူ ရှာမတွေ့ကြပေ။ ရီကျင်းချုံနှင့် သူ့အဖော်မပေါ်လာမီ ၎င်းကိုဖော်ထုတ်ရန်အထိ စုန်းသားတော်နှစ်ပါးက မတုံးအသေးချေ။

ဤသို့ဖြင့် လူတိုင်းသည် စုန်းဘိူးဘေး၏သွေးသန့်မှာ လှည့်စားမှုတစ်ခုသာဖြစ်သည်ဟု။ ယုံကြည်ခဲ့လာကြသည်။ နတ်စုန်းဂိုဏ်းနယ်မြေတွင် ရီချင်သည် စုန်းဘိူးဘေး၏သွေးသန့်သွေးပေနေသော င်္အကျီတစ်ထည်ကို ဆော့ကစားလျက်ပြုံးနေသည်။ အင်္ကျီပေါ်ရှိ စုန်းဘိူးဘေး၏သွေးသန့်သည် အလွန်အစွမ်းထက်ကာ မကြာသေးမီကမှ လိမ်းကျံထားခြင်းဖြစ်သည်။

၎င်းတို့၏ခန္ဓာကိုယ်ထဲတွင် စုန်းဘိူးဘေး၏ သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့၏ ဘိုးဘေးစုန်းသွေးသန့်အပေါ် နားလည်မှုသည် အခြားသူများထက် ပိုသာလွန်သည်။ ထိုအချိန်တွင် ဘိုးဘေးစုန်း၏သွေးသန့်ကို ထုတ်ဖော်ပြသခြင်းသည် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်းဖြစ်ရမည်။ နတ်စုန်းဂိုဏ်းနှင့် လူ့စုန်းဂိုဏ်းမှသူများက ရီချင်ကို အရူးတစ်ယောက်ကဲ့သို့ထင်မြင်နေကြပုံရသည်။ ဤမျှထင်ရှားသည့် ထောင်ချောက်ကို သူမမြင်နိုင်စရာမရှိချေ။ သို့သော် ဤငါးစာသည် အမှန်တကယ်ပင် အသုံးဝင်သောကြောင့် ရီချင်ကိုယ်တိုင်လည်း သွေးဆောင်ခံခဲ့ရသည်ဟုဆိုရမည်။

စုန်းဘိူးဘေးသွေးတစ်စက်သည် ရီကျင်းချုံနှင့် ရီချင်တို့၏ ကျင့်ကြံမှုအဆင့်ကို နက်နဲအင်မော်တယ်နယ်မြေသို့ မြှင့်တင်ပေးကာ ၎င်းတို့၏ကျင့်ကြံချိန်ကို သိသိသာသာ လျှော့ချနိုင်လိမ့်မည်ဖြစ်ရာ အလွန်အသုံးဝင်သည်။

ထို့ကြောင့် ထောင်ချောက်တစ်ခုမှန်း သိနေသည့်တိုင် အရယူရန်စီစဉ်ထားသည်။

"အချစ်ကလေး၊ မင်းဘယ်လိုထင်လဲ၊ ငါတို့လိုက်သွားကြမလား"

ရီချင်က သူ့ဘေးမှာရှိနေသည့် ရီကျင်းချုံကိုမေးသည်။

“သွားရအောင်။ ငါတို့မနိုင်ရင် အဖေ့ကို လှမ်းခေါ်လိုက်မယ်"

ရီကျင်းချုံသည် သူ့မိဘများအားကိုးရှာခြင်းအတွက် မရှက်ချေ။ ရီချင်က ခေါင်းညိတ်ပြသည်၊ ရီဖန်လှုပ်ရှားနိုင်သရွေ့ ထောင်ချောက်သည် ပြဿနာရှိလိမ့်မည်မဟုတ်ချေ။ ၎င်းက ဂိုဏ်းနှစ်ခုလုံးကို ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်သည်။ လက်ရှိတွင် ပြည်နယ်ငါးခုမှ လူသားမျိုးနွယ်စု၏တပ်ဖွဲ့များ အားကောင်းလာသည်နှင့်အမျှ အရှေ့ဘက်ကောင်းကင်ပြည်နယ်သည် ဆုတ်ယုတ်လာပြီဖြစ်သောကြောင့် စုန်းမျိုးနွယ်စုက ပြန်လည်ဆုတ်ခွာသွားရန် စီစဉ်ထားသည်။ ၎င်းတို့ ယခုမဆုတ်ခွါလျှင် နောက်တစ်ကြိမ်အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

မကြာမီတွင် ရီကျင်းချုံနှင့် ရီချင်တို့သည် နတ်စုန်းဂိုဏ်း၏အခြေစိုက်စခန်းမှ တိတ်တဆိတ်ထွက်လာခဲ့သည်။ ၎င်းတို့ သိသိသာသာ ထွက်သွားပါက ဂိုဏ်းနှစ်ခုလုံးက သံသယဝင်လာနိုင်သည်။ ရီကျင်းချုံနှင့် ရီချင်တို့ ထွက်ခွာသွားပြီးနောက်တွင် ဝူထျန်းနှင့် စုန်းယန်တို့သည်လည်း ထိုသတင်းရရှိခဲ့သည်။

“ ရီကျင်းချုံနဲ့ သူ့အဖော်နဲ့က တိတ်တိတ်လေးထွက်သွားကြတယ်၊ ဒါပေမယ့် သူတို့ နတ်စုန်းဂိုဏ်းရဲ့အခြေစိုက်စခန်းကနေ ထွက်သွားတာကို ငါတို့အတည်ပြုနိုင်တယ်။ သူတို့ သွေးသန့်ရှာနေတာ ဖြစ်နိုင်တယ်”

"ကောင်းပြီ၊ ချက်ချင်းပြင်ဆင်ထားကြ"

ယခုတစ်ကြိမ်တွင် ဝူထျန်းနှင့် စုန်းယန်တို့သည် ကျင့်ကြံသူအများအပြားကို မခေါ်လာသော်လည်း ၎င်းတို့၏ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျခြင်းမရှိချေ။ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးသည်နှင့် ရီကျင်းချုံနှင့် သူ၏အဖော်တို့သည် ဤတစ်ကြိမ်တွင်လွတ်မြောက်နိုင်မည်ဟု မယုံခဲ့ကြပေ။ ထို့နောက်တွင် စုန်းဘိူးဘေး၏သွေးသန့်သတင်းသည် အကွာအဝေးအနည်းငယ်အတွင်း ပျံ့နှံ့သွားခဲ့သည်။

သတင်းသည် ပိုတိကျရုံသာမကဘဲ တိကျသည့်တည်နေရာပါ ပေးခဲ့သည်။ ထို့ကြောင့် သတင်းရရှိသော စုန်းမျိုးနွယ်စုမှကျင့်ကြံသူအများအပြားသည် ထိုနေရာသို့ ချက်ချင်းထွက်ခွါသွားကြကာ ၎င်းတို့ထဲတွင် ရီကျင်းချုံ နှင့် သူ့အဖော်လည်းပါ၏။

ရီချင်သည် သူ့ရှေ့ရှိ ဧရာမတောင်ကြားကြီးကို ကြည့်လိုက်ပြီးနောက် ဤထောင်ချောက်မှာ ၎င်းတို့၏ရန်သူများ ပြင်ဆင်ထားသည့် ထောင်ချောက်ဖြစ်မှန်းသေချာသွားသည်။ ထို့အပြင် ရီချင်သည် ဘိုးဘေးစုန်း၏သွေးသန့်သွေးသည် ဤတောင်ကြားအတွင်း၌ ရှိနေကြောင်းယုံကြည်သည်။

အနည်းငယ်ဝေးကွာနေသေးသော်လည်း စုန်းဘိူးဘေး၏ သွေးသန့်သွေးများရှိနေခြင်းကို သူခံစားမိသည်။ တောင်ကြားအတွင်းတွင် စုန်းယန်နှင့် ဝူထျန်းတို့သည် အခင်းအကျင်းကိုစိုက်ကြည့်နေကြသည်။ ၎င်းသည် တောင်ကြားအပြင်ဘက် မြင်ကွင်းကိုပုံဖော်ထား၏။

"ရီချင်နဲ့ တခြားသူတွေ ဝင်လာပါ့မလား"

စုန်းယန်က စိုးရိမ်တကြီးမေးလိုက်သည်။ ရီချင်နှင့် အခြားသူများက ၎င်းတို့၏ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိသွားပါက အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

“သေချာပေါက် ဝင်လာမှာပါ”

ဝူထျန်းကိုယ်တိုင် မသေချာသော်လည်း သူ့ကိုယ်သူယုံကြည်မှုကို မြှင့်တင်ရန် ကြိုးစားနေရှာသည်။ ထိုအချိန်တွင် အခင်းအကျင်းမှစောင့်ကြည့်ခံနေရသည့် ရီချင်နှင့် ရီကျင်းချုံတို့သည် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။ ခြေတစ်လှမ်းတည်းဖြင့် မိုင်တစ်ရာအကွာအဝေးကိုဖြတ်ကျော်ကာ တောင်ကြားထဲသို့ဝင်လာသည်။

"သူတို့ ဒီမှာရောက်ပြီ! အားလုံး အဆင်သင့်ပြင်ထားကြ"

ရီချင်နှင့် ရီကျင်းချုံတို့ တောင်ကြားထဲသို့ ခြေချမိသည့်အချိန်တွင် တောင်ကြားတစ်ခုလုံးကို ဖုံးအုပ်ထားသော အခင်းအကျင်းတစ်ခု ချက်ခြင်းထွက်ပေါ်လာသည်။ ထိုအချိန်တွင် ရီကျင်းချုံနှင့် သူ၏အဖော်တို့ကို လျှို့ဝှက်စွာကာကွယ်ပေးနေသည့် စုန်းအရှင်များလည်း ရောက်ရှိလာကြသည်။

"ဒီမှာ တစ်ခုခုလွဲနေတယ်၊ မင်းသတိထားရမယ်"

ရီကျင်းချုံ နှင့် သူ့အဖော်တို့ထံတွင် နတ်စုန်းဂိုဏ်းကပေးထားသည့် အကာအကွယ်လက်ဖွဲ့များရှိ၏။ သို့သော်လည်း အခြေအနေကိုကြည့်ရသည်မှာ ၎င်းတို့သည် မကြာမီတွင် ထိုလက်ဖွဲ့များကို အသုံးပြုရန်လိုတော့မည်မဟုတ်ချေ။ မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းက ၎င်းအတွက် ပြင်ဆင်ပြီးမည်မှာ သေချာသည်။

"ရီကျင်းချုံ၊ ရီချင်၊ မင်းတို့နှစ်ယောက်ကသွေးဆောင်မှုကို လုံးဝမခံနိုင်ဘူးဘဲ"

စုန်းယန်၏အသံသည် လှောင်ရယ်လိုဟန်ပြည့်နှက်နေသည်။ သူတို့မျက်လုံးထဲတွင် ရီချင်နှင့် ရီကျင်းချုံတို့နှစ်ဦး ထောင်ချောက်ထဲသို့ကျရောက်သွားသည်နှင့် ၎င်းတို့သည်လွတ်လမ်းမရှိသည့် သားကောင်များဟုသတ်မှတ်ပြီးဖြစ်သည်။ တိုက်ခိုက်ရေးအတွက် စုန်းအရှင်နှစ်ဦး၊ မျိုးနွယ်နှစ်စုမှအဖွဲ့ဝင်များနှင့် စုန်းအရှင်လေးဦးသည် ၎င်းတို့ကိုပတ်လည်ဝိုင်းထားကာ လေးဖက်လေးတန်မှ ထွက်ပေါ်လာသည်။

စုန်းအရှင်လေးပါးနှင့်၊ ဂိုဏ်းနှစ်ခုက ၎င်းကို ကြိုတင်ကြံစည်ခြင်းဖြစ်ရမည်။ တာအိုကာကွယ်သူ၏ မျက်နှာသည် မှုန်မှိုင်းသွား၏။ နယ်မြေတစ်ခုလုံး အလုံပိတ်ခံထားရသည့်အတွက် သူ၏ဆက်သွယ်ရေးတိုကင်ကို လျင်မြန်စွာထုတ်ယူလိုက်သည့်တိုင် သတင်းမပို့နိုင်တော့ချေ။

"ဒီနေ့ မင်းတို့ကို ဘယ်သူမှမကယ်နိုင်ဘူး"

ရီကျင်းချုံနှင့် ရီချင်ကိုကြည့်နေသည့် ဝူထျန်း ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။ ၎င်းတို့ကို ဂိုဏ်းနှစ်ခုမှအမိန့်ပေးသည်မှာ ရီကျင်းချုံနှင့် ရီချင်ကို သတ်ရန်ဖြစ်သည်။ သို့သော် ဝူထျန်းက ၎င်းတို့နှစ်ယောက်ကို ဤမျှလွယ်လွယ်နှင့် အလွတ်ပေးရန်မရည်ရွယ်ထားချေ။

သူ့ထံတွင် အခြားသူများ၏သွေးမျိုးဆက်ကို စုပ်ယူနိုင်သော လျှို့ဝှက်နည်းပညာတစ်ခုရှိသောကြောင့် ရီကျင်းချုံနှင့် ရီချင်၏သွေးကို ထုတ်ယူပြီး ၎င်း၏ကိုယ်ခန္ဓာတွင် ပေါင်းစပ်ရန်စီစဉ်ခဲ့သည်။ ဤနည်းဖြင့် သူသည် စုန်းမျိုးနွယ်စုတွင် အပြင်းထန်ဆုံးသွေးမျိုးဆက်ဖြစ်လာနိုင်သည်။ ၎င်းကိုတွေးရင်း ဝူထျန်းစိတ်လှုပ်ရှားသွားသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် မည်သည့်အမူအရာ အပြောင်းအလဲမှမရှိပေ။ စုန်းအရှင်များသည် အမှန်တကယ်ပင်အစွမ်းထက်သောကြောင့် ၎င်းတို့ မယှဉ်နိုင်သော်လည်း စမ်းကြည့်ရမည်။

"ငါတို့စမ်းကြည့်ကြမလား” ရီကျင်းချုံက ပြုံးပြီးမေးလိုက်သည်။

"စမ်းကြည့်ကြတာပေါ့ကွာ!" ၎င်းတို့ကိုယ်တွင်းမှ စုန်းဘိူးဘေးသွေးမျိုးဆက်သည် ချက်ချင်းအသက်ဝင်လာကာ တစ်ချိန်တည်းတွင် အဇူရာနဂါးသွေးမျိုးဆက်လည်းရှိသည်။ ၎င်းတို့နှစ်ဦးသည် စုန်းဘိုးဘေးအသွင်ယူထားသော်လည်း ၎င်းတို့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသော အဇူရာနဂါး ရှိသည်။

ထို့ကြောင့် ၎င်းတို့၏ရောင်ဝါသည် ပို၍ပင်အစွမ်းထက်လာ၏။ ရီမိသားစု၏ အဇူရာနဂါးသွေးမျိုးဆက်သည် အခြေခံအားဖြင့် ဘိုးဘေးစုန်းထက်မနိမ့်ကျချေ။ နှစ်ခုပေါင်းလိုက်သောအခါတွင် ၎င်းတို့ထက်ပင် ကျော်လွန်သွားသည်။

စုန်းသားတော်နှစ်ပါး ခေါ်ဆောင်လာသော နက်နဲအင်မော်တယ်များပင်လျှင် ရီကျင်းချုံနှင့် ရီချင်တို့၏ ကြောက်မက်ဖွယ်ကောင်းခြင်းကိုခံစားရ၏။ ၎င်းတို့မျက်လုံးများမှာ လုံး၀စွမ်းအားမဲ့သွားကြသည်။ စုန်းယန်နှင့် ဝူထျန်းတို့လည်း ၎င်းတို့နှစ်ဦး၍ရောင်ဝါကို ခံစားမိသည့်တိုင် ဘယ်လိုမှစဉ်းစား၍မရချေ။

၎င်းတို့ထုတ်လွှတ်လိုက်သည့် သွေးမျိုးဆက်များထဲမှ တစ်ခုသည် စုန်းမျိုးနွယ်စုမှဖြစ်ကြောင်း ထင်ရှားသော်လည်း၊ ၎င်းတို့ အာရုံခံမိသည့် အခြား မရင်းနှီးသေးသော သွေးမျိုးဆက်သည်အဘယ်နည်း။ "မင်းတို့တွေက စုန်းမျိုးနွယ်စုဝင်မဟုတ်ဘူးလား"

ဝူထျန်းစိတ်ထဲတွင် ထိတ်လန့်ဖွယ် အတွေးတစ်ခုပေါ်လာသည်။ ရီကျင်းချုံနှင့် ရီချင်တို့၏ မူလဇစ်မြစ်သည် စုံစမ်းစစ်ဆေးမှုထဲတွင် ဝေဝါးနေခဲ့ကာ ၎င်းတို့နှစ်ဦးသည် ရုတ်တရက်မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိကြချေ။ သို့သော် သွေးသန့် စုန်းဘိူးဘေးများ၏ သွေးမျိုးဆက်ကြောင့် ၎င်းတို့၏ မူလဇစ်မြစ်ကို မည်သူမျှသံသယမရှိခဲ့ပေ။

စုန်းမျိုးနွယ်စု၏အဖွဲ့ဝင်မဟုတ်ပါက၊ ထိုမျှစင်ကြယ်သောဘိုးဘေးစုန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်သူသည် မည်သူဖြစ်နိုင်ဦးမည်နည်း။ ၎င်းတို့သည် သေချာပေါက် လူသားမျိုးနွယ်စုဝင် မဟုတ်ဘူးလား? ယခုအချိန်တွင် ရီကျင်းချုံနှင့် ရီချင်တို့သည် ၎င်းတို့၏ အထောက်အထားများကို ဖုံးကွယ်ထားခြင်းမရှိတော့ရာ စုန်းသားတော်နှစ်ပါးသည် တစ်ခုခုလွဲနေကြောင်း ချက်ချင်းခံစားလိုက်ရသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် သွေးသန့်စုန်းသွေးမျိုးဆက်ချည်းမဟုတ်ကြချေ။

…………..

အခန်း ၂၄၆ - ငါတို့ရဲ့ နောက်ခံက နတ်စုန်းမျိုးနွယ်စုမှ မဟုတ်တာ

ဤသတင်းကို စုန်းမျိုးနွယ်စုသိရှိသွားပါက တစ်မျိုးနွယ်စုလုံး ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာသည်။ စုန်းဘိုးဘေး သွေးမျိုးဆက်ကိုပိုင်ဆိုင်သော နတ်စုန်းသားတော်နှစ်ပါးသည် တကယ်တမ်းတွက် စုန်းမျိုးနွယ်စုဝင် မဟုတ်ပေ။ စုန်းမျိုးနွယ်စုအတွင်းရှိ မည်သူမျှ ဤထိတ်လန့်ဖွယ်သတင်းကို လက်ခံနိုင်မည်မဟုတ်။ မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းက ၎င်းတို့ကို ရန်သူအဖြစ်မြင်သည့်တိုင် ၎င်းကိုလက်မခံနိုင်ကြသေးချေ။

တစ်ဖက်တွင် စုန်းအရှင်သုံးယောက်နှင့် ရင်ဆိုင်နေသော တာအိုကာကွယ်သူသည် ဝူထျန်း၏စကားကိုကြားသောအခါ အလွန်အံ့ဩသွားသည်။ ဘာကိုဆိုလိုသနည်း? သူဤမျှကြာအောင် စောင့်ရှောက်လာသည့် နတ်စုန်းသားတော်သည် စုန်းမျိုးနွယ်စုဝင်မဟုတ်ဘူးလား? အားလုံးဆွံ့အသွားကာ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် စုန်းမျိုးနွယ်စုမှမဟုတ်ပါက ဤကာလရှည်ကြာစွာ ဂရုတစိုက်ချမှတ်ထားသော အစီအစဉ်သည် အဓိပ္ပာယ်ရှိတော့မည်မဟုတ်ချေ။ နေဦး၊ အဓိပ္ပါယ်ရှိပါသေးသည်။ အနည်းဆုံး ရီကျင်းချုံနှင့် ရီချင်တို့သည် သူတို့ထင်ထားသလို မဟုတ်ကြောင်း သိလိုက်ရသည်။ ခေတ္တရပ်တန့်သွားပြီးနောက် စုန်းယန်က ရယ်မောလိုက်သည်။

"ရီကျင်းချုံ၊ ရီချင်၊ အခု စုန်းမျိုးနွယ်စုရဲ့အကာအကွယ်မရှိဘဲ မင်းကို ဘယ်သူကယ်နိုင်မှာလဲ ဟမ်"

"ငါ မင်းကိုပြောဖို့မေ့နေတာ၊ ငါမှီခိုနေတာ စုန်းမျိုးနွယ်စုကိုမှ မဟုတ်ဘဲ"

ရီချင်၏စကားအဆုံးတွင် အင်မော်တယ်ဘုရင်၏ရောင်ဝါကို တားဆီးနိုင်သည့် အခင်းအကျင်းသည် ဖျက်ဆီးခံလိုက်ရကာ လူတစ်ဦးဝင်လာသည်။

“အဖေ့” ရီကျင်းချုံနှင့် ရီချင်တို့က လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

"မင်း၏စုန်းမျိုးနွယ်စုက ရန်ဖြစ်တာလည်း ငါတို့လူသားမျိုးနွယ်စုထက် မနည်းဘူးဘဲနော်"

ရီရှောက်ဖန်သည် ၎င်းတို့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။ စုန်းမျိုးနွယ်စုသည် အမှန်တကယ်ပင် ရိုးရှင်းသောစိတ်ရှိသော်လည်း ၎င်းသည်အလုံးစုံငြိမ်းချမ်းခြင်းမဟုတ်သေးချေ။

"မင်းက လူသားမျိုးနွယ်စုကလား" ရီရှောက်ဖန်၏အသွင်အပြင်က လူတိုင်းကို သဘောပေါက်စေခဲ့သည်။

နတ်စုန်းသားတော်နှစ်ပါး၏နောက်ကွယ်ရှိ အင်အားစုသည် လူသားမျိုးနွယ်စုဖြစ်ရမည် လူသားနှစ်ဦးကို စုန်းမျိုးနွယ်စု၏ နတ်စုန်းသားတော်များအဖြစ်သို့ ပြောင်းလဲလိုက်သည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် စုန်းမျိုးနွယ်စု၏ အနာဂတ်အုပ်စိုးရှင်များဖြစ်လာနိုင်ကြောင်းကို တွေးတောရင်း စုန်းများသည် ၎င်းတို့၏စိတ်ဝိညာဉ်ထဲထိပါ တုန်လှုပ်သွားကြ၏။ လူသားနှစ်ဦး၏ချုပ်ကိုင်မှုကိုခံရခြင်းက စုန်းမျိုးနွယ်စုအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်။ အဓိကအကြောင်းမှာ နတ်စုန်းသားတော်နှစ်ပါးက အလွန်လျှို့ဝှက်နိုင်လွန်းသောကြောင့် သူတို့ကိုယ်သူတို့ ထုတ်ဖော်မပြပါက မည်သူမှသိရမည်မဟုတ်ပေ။

"ဒီတစ်ခါ ငါတို့ရီကျင်းချုံနဲ့ ရီချင်ကိုသတ်ရမယ်" စုန်းအရှင်ငါးဦးသည် နောက်ဆက်တွဲကိစ္စများကို မဖြေရှင်းမီ ရီချင်နှင့်ရီကျင်းချူံတို့ကို ပစ်မှတ်ထားရန် သဘောတူညီမှုတစ်ခုရရှိခဲ့သည်။ ဤသို့ဖြင့်တိုက်ပွဲတစ်ဖန် စတင်ခဲ့ပြန်သည်။ စုန်းမျိုးနွယ်စု၏စုန်းအရှင်ငါးဦးနှင့် ရင်ဆိုင်ရမည်ကို ရီရှောက်ဖန် ဂရုမစိုက်ချေ။

‘သာ့လော့အင်မော်တယ်ဥပဒေ၊ သာ့လော့အင်မော်တယ်နယ်မြေ’

သာ့လော့အင်မော်တယ်နယ်မြေသည် သာ့လော့အင်မော်တယ်ဥပဒေကျင့်စဉ်ဖြင့် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိလာသူများအတွက် ထူးခြားသည်။ စုန်းအရှင်ငါးဦးလုံးမှာ သာ့လော့နယ်မြေထဲသို့ ချက်ချင်းနစ်မြုပ်သွားခဲ့သည်။ ၎င်းတို့အားလုံးသည် အင်မော်တယ်ဘုရင်နယ်မြေတွင်ရှိကြကာ ခုခံနိုင်စွမ်းရှိသော်လည်း ကွာခြားချက်ရှိသေးသည်။

စုန်းအရှင်ငါးဦးစလုံးသည် သာ့လော့နယ်မြေတွင်ထဲတွင် နှိမ်နင်းခံလိုက်ရကာ ၎င်းတို့ထဲက မည်သည်မှခုခံနိုင်ခြင်းမရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် ရီရှောက်ဖန်တစ်ဦးတည်းထံမှ ရိုက်နှက်ခြင်းခံလိုက်ရသည်။

တစ်ဖက်တွင် စုန်းသားတော်နှစ်ပါးနှင့် လျှို့ဝှက်ဆန်းကြယ်စုန်းအဆင့်ရှိ စုန်းအုပ်စုတစ်စုသာ ရီကျင်းချုံနှင့် ရီချင်တို့ကို ရင်ဆိုင်ရန်ကျန်တော့သည်။ ရီကျင်းချုံသည် ၎င်း၏အဆစ်များကိုသွေးပူစေကာ သူ့ရှေ့ရှိစုန်းများကိုစိုက်ကြည့်လျက် မည်သည့်နေရာကို တိုက်ခိုက်ရမည်နည်းဟု စဉ်းစားနေသည်။

ဝူထျန်းနှင့် အခြားသူများသည် ယခင်ကမောက်မာမှုများကို စွန့်လွှတ်လိုက်၏။ ရီကျင်းချုံက သူတို့ကိုစိုက်ကြည့်နေသောကြောင့် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

နောက်အခိုက်အတန့်တွင် ရီချင်က ဦးစွာလှုပ်ရှားလာ၏။ သူ့လက်ထဲရှိ စုန်းလက်နက်သည် တောင်ကြီးတစ်ခုအသွင်ပြောင်းသွားကာ စုန်းများကိုရိုက်ချလိုက်သည်။ ရီကျင်းချုံသည် သူ၏အသစ်ဖန်တီးထားသော တာအိုလက်နက်ဖြစ်သည့် ဝံပုလွေဖန်းလက်နက်ကိုကိုင်ဆွဲကာ စုန်းများထံသို့ချိန်ရွယ်လိုက်သည်။

တောင်ကြားတစ်ခုလုံးကို အော်ဟစ်သံများ ဖုံးလွှမ်းနေသည်။ ကံမကောင်းစွာဖြင့် အခင်းအကျင်းကြောင့် ထိုအသံများမှာ တောင်ကြားအပြင်ဘက်သို့ပင် မရောက်ရှိလိုက်ချေ။ အပြင်ဘက်မှစုန်းများသည်လည်း အတွင်း၌ ဖြစ်ပျက်နေသည်ကို သတိမထားမိသောကြောင့် ကယ်တင်ရန်စိတ်ကူးမရှိပေ။

ဂိုဏ်းနှစ်ခု၏အဖွဲ့ဝင်များမှာ ၎င်းတို့သတ်မှတ်ထားသောထောင်ချောက်က ၎င်းတို့၏ကိုယ်ပိုင်သင်္ချိုင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူသိခဲ့ကြမည်နည်း။

စုန်းမျိုးနွယ်စု၏ထောက်တိုင်များဖြစ်သော စုန်းအရှင်များကို အမှန်တကယ်ဆုံးရှုံးသွားရာ၊ ၎င်းတို့လေးယောက် တစ်ပြိုင်နက်ကျဆုံးသွားခြင်းက အင်အားကြီးဂိုဏ်းနှစ်ခုကိုပင် လုံးဝနာကျင်စေလိမ့်မည်။

၎င်းတို့ပတ်ဝန်းကျင်ရှိ စုန်းအလောင်းများကိုကြည့်ရင်း စုန်းသားတော်နှစ်ပါးက ရီကျင်းချုံကို ထိတ်လန့်တကြားပြောလိုက်သည်။ "ငါ့ကိုမသတ်နဲ့၊ ငါ့ကိုသုံးလို့ရပါသေးတယ်"

ဝူထျန်းသည် သေခြင်းတရားကို ထိုင်စောင့်နေရန် ဆန္ဒမရှိခဲ့ပေ။ ရီကျင်းချုံ နီးကပ်လာသည်ကိုမြင်သောအခါ သူက ချက်ချင်းပြောလိုက်သည်။

"မင်းမှာ ဘာတန်ဖိုးရှိလို့လဲ” ရီချင်သည် ဝူထျန်းကို စိတ်ဝင်တစားကြည့်လိုက်သည်။

"ဒီမှာ ငါ့မှာ လျှို့ဝှက်နည်းပညာတစ်ခုရှိတယ်၊ မင်းတို့ ဒါကို သဘောကျမှာ သေချာတယ်"

ဝူထျန်းသည် အသက်ဆက်ရှင်ရန်အတွက် သွေးမျိုးဆက်ကို စုပ်ယူနိုင်သည့် လျှို့ဝှက်နည်းပညာကို လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်။ အသက်ရှင်ခြင်းထက် ပိုအရေးကြီးသည့်အရာ မရှိချေ။

“ဒါက သွေးမျိုးဆက်စုပ်ယူဖို့ ငါသုံးတဲ့ လျှို့ဝှက်နည်းပဲ”

ဝူထျန်းသည် မိမိကိုယ်မိမိကယ်တင်နိုင်ရန် လျှို့ဝှက်နည်းပညာကိုအသုံးပြုခြင်းမှာ အခွင့်အရေးနည်းကြောင်းသိသည်။ ရွှေအင်မော်တယ်ဖြစ်အောင် ကျင့်ကြံနိုင်သူများသည် ခိုင်မာသောဆန္ဒများရှိသောကြောင့် ၎င်း၏ခြိမ်းခြောက်ခံရမည့်သူမှာ အလွန်နည်းပါးသည်။

ရီချင်သည် အဆိုပါလျှို့ဝှက်နည်းပညာကို တစ်ချက်ကြည့်လိုက်သော်လည်း လုံးဝစိတ်မဝင်စားတော့ချေ။ အခြားသူများအတွက် မိမိကိုယ်ကိုသန်မာစေရန် အခြားသွေးမျိုးဆက်တူ သတ္တဝါများကို ဝါးမျိုနိုင်သည့် လျှို့ဝှက်နည်းပညာသည် အလွန်အစွမ်းထက်လိမ့်မည်။ သို့သော် ဤလျှို့ဝှက်နည်းပညာ၏ ဘေးထွက်ဆိုးကျိုးမှာလည်း သိသာလှသည်။

သွေးမျိုးဆက်ကို ပို၍စုပ်ယူလေ၊ နှလုံးကပိုတိုက်စားခံရလေဖြစ်သည်။ ရီချင်သည် ဤလျှို့ဝှက်နည်းပညာကို အခြားမျိုးနွယ်စုများအား အန္တရာယ်ပြုရန်အတွက် နတ်ဆိုးမျိုးနွယ်စုမှ ဖန်တီးထားသလားဟူ၍ပင် သံသယဝင်ခဲ့သည်။ သို့သော် အဓိကအချက်မှာ ရီချင်သည် ၎င်းကိုဂရုမစိုက်ချေ။

ရီဖန်ရှိနေသရွေ့ ရီမိသားစု၏သွေးမျိုးဆက်များသည် ရံဖန်ရံခါ တိုးတက်လာကာ၊ ၎င်း၏အမြန်နှုန်းကို လျှို့ဝှက်နည်းပညာဟုခေါ်သည့် ဤအရာက ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ ရီချင်၏လက်ထဲတွင် မီးပွါးတစ်ခုပေါ်လာပြီးနောက် ဝူထျန်းက အဖိုးတန်ဆုံးရတနာအဖြစ် သတ်မှတ်ထားသည့် လျှို့ဝှက်နည်းပညာကို ဖျက်ဆီးပစ်လိုက်သည်။

"မင်းဘာလုပ်လိုက်တာလဲ?" ဝူထျန်း နဖူးမှ ချွေးအေးများ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာသည်။ ဤလျှို့ဝှက်နည်းပညာမရှိပါက သူလုံးဝတန်ဖိုးမရှိတော့ချေ။ သူ့အတွက်လက်ကျန်ရလဒ်မှာ ပျက်စီးခြင်းသာရှိတော့၏။

“မဟုတ်ဘူး!”

ရီကျင်းချုံ၏ ဝံပုလွေဖန်းလက်နက်အောက်တွင် စုန်းသားတော်များသည် ပျက်စီးခြင်း၏ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ကြချေ။ ရီကျင်းချုံ၏အဖော်နှင့် သူမ၏ တာအိုကာကွယ်သူများသာ စုန်းမျိုးနွယ်စု၏ တိုက်ပွဲကွင်းထဲတွင်ကျန်ခဲ့သည်။ တာအိုကာကွယ်သူသည် ၎င်းတို့နှစ်ယောက်ကို မယုံကြည်နိုင်စွာကြည့်လျက် အလွန်ဒေါသထွက်နေ၏။

"အဖေ့၊ ဒီ တာအိုကာကွယ်သူကို ဘယ်လိုလုပ်ရမလဲ" ထိုအချိန်တွင် ရီကျင်းချုံနှင့် သူ့အဖော်တို့ထံ၌ စာနာစိတ်မရှိကြတော့ချေ။ ၎င်းတို့ မည်သူမည်ဝါဖြစ်သည်ကို သိသွားသောကြောင့် သေချာပေါက်ဖျက်ဆီးပစ်ရမည်။

"မင်းတို့ စုန်းမျိုးနွယ်စုကို ပြန်ချင်သေးလား" ပြန်ဖြေမည့်အစား ရီရှောက်ဖန်က မေးသည်။

"ပြန်လို့ရသေးရဲ့လား” စုန်းအရှင်အပါအဝင် စုန်းအများအပြား သေဆုံးသွားသောကြောင့် စုန်းမျိုးနွယ်စုဘက်မှ သေချာပေါက် စုံစမ်းစစ်ဆေးမှုရှိလာမည်ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးသည်နှင့် ၎င်းတို့၏အထောက်အထားများကို ထုတ်ဖော်နိုင်ဖွယ်ရှိရာ ထိုအခြေအနေမျိုးတွင် စုန်းမျိုးနွယ်စုသို့ မည်သို့ပြန်သွားကြမည်နည်း။

“သေချာပေါက်ပြန်နိုင်တာပေါ့"

ရီရှောက်ဖန် ပြုံးလျက် တာအိုကာကွယ်သူ၏ဦးခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ နောက်အခိုက်အတန့်တွင် စိတ်ဝိညာဉ်စွမ်းအားသည် တာအိုကာကွယ်သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့သည်။ စုန်းမျိုးနွယ်စုသည် စိတ်ဝိညာဉ်ပင်လယ်ထဲတွက် အခြေခံမူကိုကျင့်ကြံထားခြင်းမရှိပေ။

ရီရှောက်ဖန်၏ ဝိညာဉ်စွမ်းအားများ ဆက်လက်တိုက်စားလာသောအခါတွင် တာအိုကာကွယ်သူ၏ မျက်လုံးများသည် တဖြည်းဖြည်း ဗလာဖြစ်သွား၏။ သို့သော် မကြာမီတွင် တာအိုကာကွယ်သူ၏အမူအရာသည် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ယခုတွင် သူသည် ရီရှောက်ဖန်၏ ရုပ်သေးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်၏။

အကယ်၍ သူသည် အင်မော်တယ်ဘုရင်နယ်မြေကို မဖြတ်ကျော်နိုင်ပါက ရီရှောက်ဖန်သည် ၎င်းကို ရုပ်သေးအဖြစ် ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ယခုတွင် သူသည် အင်မော်တယ်ဘုရင်နယ်မြေကို ဖြတ်ကျော်ကာ ပျက်ဆီးခြင်းမဟာတာအိုလျက် သူ၏စိတ်ဝိညာဉ်စွမ်းအား တိုးမြင့်လာသောကြောင့် ၎င်းကိုလုပ်ဆောင်နိုင်ခဲ့သည်။ တာအိုကာကွယ်သူ အသက်ရှင်နေသေးသဖြင့်၊ ရီကျင်းချုံနှင့် ရီချင်တို့၏ အထောက်အထားများကို ဖော်ထုတ်ခံရနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

နောက်ဆုံးတွင် သေဆုံးသွားသူများမှာ ဂိုဏ်းခွဲကြီးနှစ်ခုမှဖြစ်ကာ မည်သူ မည်သို့သေသွားသည်ကို မည်သူကသိမည်နည်း။ ရီကျင်းချုံက သူမသိဘူးဟု ပြောလျှင်ပင်၊ မည်သူက ဒုက္ခပေးနိုင်မည်နည်း? နတ်စုန်းဂိုဏ်းသည် ထိုမျှအသုံးမကျဟု ထင်နေသလား။

………….

All Chapters