အခန်း ၂၄၇-၂၄၉
Vol. 17 Ch. 247-249
အခန်း ၂၄၇ - အာလူးပူတစ်လုံးဖြစ်လာသည့် အရှေ့ဘက်ကောင်းကင် ပြည်နယ်
စုန်းသားတော်နှစ်ပါးနှင့် စုန်းအရှင်လေးယောက်ကျဆုံးပြီးနောက် ၎င်းတို့ဂိုဏ်းထဲတွင်ကျန်ရစ်ခဲ့သော ဝိညာဉ်မီးတိုင်များ ချက်ချင်းငြိမ်းသွားခဲ့သည်။ ဝိညာဉ်မီးတိုင်များကို စောင့်ကြပ်ရန် တာဝန်ပေးခံရသော စုန်းမျိုးနွယ်စုဝင်များသည် အံ့အားသင့်သွားကာ ဂိုဏ်းကြီးနှစ်ခု၏အထက်သို့ ချက်ချင်း သတင်းပို့ခဲ့သည်။
ဂိုဏ်းကြီးနှစ်ခုမှ ထိပ်တန်းအဖွဲ့ဝင်များသည် ရီကျင်းချုံနှင့် သူ့အဖော်တို့ကို ရှင်းပစ်မည့်အကြောင်း သေချာပေါက်သိရှိကြကာ သတင်းကို စောင့်မျှော်နေကြသည်။ စုန်းမျိုးနွယ်စုဝင်များနှင့် စုန်းအရှင်လေးဦးကျဆုံးသွားကြောင်း ကြားသောအခါတွင် မယုံကြည်နိုင်ဘဲ တောင်ကြားဆီသို့ ပြေးသွားကြသည်။
ထိုအချိန်တွင် ရီကျင်းချုံနှင့် ရီချင်တို့သည် ဂိုဏ်းမှထားခဲ့သောပစ္စည်းမှတဆင့် နတ်စုန်းဂိုဏ်းသို့ အောင်မြင်စွာပြန်လာခဲ့ကြကာ နတ်စုန်းဂိုဏ်း၏အထက်သို့ သတင်းပေးပို့ခဲ့သည်။ ဂိုဏ်းကပေးသော ပစ္စည်း၏အကူအညီဖြင့် ၎င်းတို့သည် သေလုနီးပါးအခြေအနေမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ၎င်းတို့ကို မည်သူက တိုက်ခိုက်ခဲ့သည်နှင့်ပက်သက်၍ သေချာမသိကြသော်လည်း လူသားမျိုးနွယ်စုဖြစ်နိုင်သည်။
နတ်စုန်းသားတော်များကို သေလူနီးပါးအထိတိုက်ခိုက်ခြင်းက ၎င်းတို့ကို အနာဂတ်မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားသည့် နတ်စုန်းဂိုဏ်းကို ချက်ချင်းဒေါသထွက်စေခဲ့သည်။ အင်မော်တယ်ဧကရာဇ်အချို့ပင်လျှင် ၎င်းတို့ကို တိုက်ခိုက်ခဲ့သူများအား စတင်ရှာဖွေခဲ့ကြသည်။ ထိုအချိန်တွင် မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းမှ ခေါင်းဆောင်များသည် နတ်စုန်းဂိုဏ်းသို့ ဒေါသတကြီး ရောက်ရှိလာကြသည်။
၎င်းတို့၏စုန်းသားတော်နှစ်ပါးနှင့် စုန်းအရှင်လေးယောက် သေဆုံးသွားခြင်းက ဂိုဏ်းနှစ်ခုအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဖြစ်၏။ ဤလူများကို အချည်းနှီးသေဆုံးစေခြင်းမရှိဘဲ ရှင်းလင်းချက်တောင်းခံရမည်။ မြေစုန်းဂိုဏ်းချုပ်သည် ဝူချန်ကိုမြင်သောအခါ "ငါတို့စုန်းသားတော်တွေနဲ့ စုန်းအရှင်တွေကို မင်းသတ်ခဲ့တာလား?"
၎င်းကိုကြားသည့်အခါတွင် ဝူချန်အနည်းငယ် အံ့အားသင့်သွားသည်။ ဒါကဘာကိုဆိုလိုသနည်း။ ၎င်းတို့၏ နတ်စုန်းသားတော်များသည် ဂိုဏ်းကြီးနှစ်ခုကဲ့သို့ပင် တိုက်ခိုက်ခံခဲ့ရသလား။ လူသားမျိုးနွယ်စုက လုပ်ခဲ့တာဖြစ်နိုင်သလား။ ဝူချန်၏အမူအရာကိုကြည့်ပြီးနောက် စုန်းဟန်သည် တစ်စုံတစ်ခုမူမမှန်ကြောင်း သဘောပေါက်လိုက်သည်။
၎င်းသည် နတ်စုန်းဂိုဏ်းမဟုတ်တန်ရာ။ သို့သော်လည်း နတ်စုန်းဂိုဏ်းမဟုတ်ပါက ရီကျင်းချုံနှင့် သူ့အဖော်ကို မည်သူကကာကွယ်မည်နည်း။
"မင်းရဲ့ နတ်စုန်းသားတော်တွေ ဘယ်မှာလဲ" စုန်းဟန်က အင်တင်တင်မေးလိုက်သည်။
“ငါတို့ရဲ့ နတ်စုန်းသားတော်တွေ တိုက်ခိုက်ခံလိုက်ရတယ်၊ ငါတို့၏စုန်းဧကရာဇ်ချန်ထားခဲ့တဲ့ ပစ္စည်းတွေကြောင့်သာ မဟုတ်ရင် သူတို့ပြန်မရတော့ဘူး”
စုန်းဧကရာဇ်သည် ရီကျင်းချုံနှင့် သူ့အဖော်ကိုကယ်တင်ရန်အတွက် ပစ္စည်းများ ကိုယ်တိုင်ကိုယ်ကျ ချန်ထားခဲ့ခြင်းကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ကို မည်မျှတန်ဖိုးထားကြောင်းတွေ့နိုင်သည်။ ထိုအချိန်တွင် စုန်းဟန်သည်လည်း နတ်စုန်းဂိုဏ်းမဟုတ်ကြောင်း သေချာလုနီးပါးဖြစ်နေပြီဖြစ်သည်။
တိုက်ပွဲ၏အကြွင်းအကျန်များအရ လူသားမျိုးနွယ်စုက ပို၍ဖြစ်နိုင်ချေရှိသည်။ သို့သော် ၎င်းတို့၏စုန်းသားတော်များနှင့် စုန်းအရှင်များသေဆုံးသွားကြသော်လည်း နတ်စုန်းဂိုဏ်း၏ နတ်စုန်းသားတော်များက အဘယ်ကြောင့် ထိခိုက်ခြင်းမရှိဘဲအသက်ရှင်နေသေးသနည်း။
ထိုအချိန်တွင် ဝူချန်နားလည်သွားသည်။ ဂိုဏ်းနှစ်ခု၏ စုန်းသားတော်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နတ်စုန်းဂိုဏ်း၏ဝင်ရောက်စွက်ဖက်မှုသည် အဓိပ္ပာယ်မရှိပေ။ ယုတ္တိရှိရှိဆိုရလျှင် ထိုသို့သောဖြစ်ရပ်ပြီးနောက် လူသားမျိုးနွယ်စုကိုသာ အရင်သံသယဖြစ်သင့်သည်မဟုတ်လား။ မည်မျှပင် သံသယရှိစေကာမူ ၎င်းသည်နတ်စုန်းဂိုဏ်း မဖြစ်သင့်ချေ။
ပါဝင်ပတ်သက်သောသူများသည် နတ်စုန်းဂိုဏ်း၏ နတ်စုန်းသားတော်များနှင့်အတူ မရှိကြချေ။ ဝူချန်သိထားသည့်အချက်များအရ ရီကျင်းချုံနှင့် သူ့အဖော်သည် ဘိုးဘေးစုန်း၏သွေးအနှစ်ဟူသော ကောလဟာလများကြောင့် အိမ်မှထွက်ခွာသွားခဲ့သည်။ ဤသဲလွန်စများအားလုံးက ဝူချန်အလွယ်တကူ ကောက်ချက်ချရန်အတွက် ညွှန်ပြနေသည်။
၎င်းတို့၏ နတ်စုန်းသားတော်များကို ၎င်းတို့၏စုန်းမျိုးနွယ်စုများမှ ဂိုဏ်းခွဲများက ကြံစည်ခဲ့ကြသည်။ သူတို့ကံမကောင်းပါက ပြန်မလာနိုင်တော့မည်မဟုတ်ချေ။ ၎င်းကိုတွေးမိပြီးနောက် ဝူချန်ဒေါသထွက်သွား၏။ "အမိန့်ပေးလိုက်၊ ဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူအကုန်လုံးကို ဘယ်ကိုမှထွက်ခွါခွင့်မပေးနဲ့”
ဤအချိန်တွင် ရှင်းလင်းချက်မပေးပါက ဝူချန်သည် ဂိုဏ်းနှစ်ခုမှကျင့်ကြံသူများကို ထွက်သွားခွင့်မပြုနိုင်ချေ။ ဝူချန်၏စကားကိုကြားသောအခါ စုန်းဟန်၏မျက်နှာသည် ဖြူဖျော့သွား၏။
“ဝူချန်! ဒါက ဘာကိုဆိုလိုတာလဲ!"
"ငါဘာကိုဆိုလိုတာလဲဆိုတာ မင်းမသိဘူးလား?"
မကြာမီတွင် စုန်းမျိုးနွယ်စုမှ စွမ်းအားကြီးစုန်းအရှင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ စုန်းဧကရာဇ်နှစ်ယောက်ပင်ပါသေး၏။ ဂိုဏ်းကြီးနှစ်ခုက နတ်စုန်းသားတော်များအတွက် ထောင်ချောက်ထောင်ထားသည်ကို သိလိုက်ရသောအခါ ၎င်းတို့ပို၍ပင်ဒေါသထွက်လာသည်။ ၎င်းတို့နတ်စုန်းဂိုဏ်း၏ နတ်စုန်းသားတော်များကို စော်ကားဝံ့ခြင်းက သေတွင်းတူးနေခြင်းသာဖြစ်ရမည်။
စုန်းဟန်နှင့် သူ၏အဖော်များသည် စုန်းဧကရာဇ်များထံမှပစ်မှတ်ထားခံသောကြောင့် ချွေးအေးများပင်ထွက်လာကြသည်။ ၎င်းတို့၏အစီအစဥ်ကို ဖော်ထုတ်လိုက်မိသောကြောင့် ကျေနပ်လောက်သည့် ရှင်းပြချက်မရှိပါက ၎င်းတို့ထွက်သွားနိုင်တော့မည်မဟုတ်ချေ။
"ဝူချန်၊ ဒါက နားလည်မှုလွဲနေတာပါ။ မင်းရဲ့နတ်စုန်းသားတော်တွေကို မနာလိုလို့၊ စုန်းသားတော်နှစ်ပါးက သူတို့ဘာသာလုပ်ခဲ့တာဖြစ်ရမယ်” ဤအချိန်တွင် ၎င်းတို့စီစဉ်ခဲ့ခြင်းဖြစ်သည်ကို သေချာပေါက်ဝန်မခံနိုင်ကြဘဲ၊ သေဆုံးသွားပြီးဖြစ်သော စုန်းယန်နှင့် ဝူထျန်းတို့နှစ်ဦးစလုံးကို အပြစ်ပုံချရန်သာ ကြိုးပမ်းနိုင်ကြသည်။
သေဆုံးပြီးသောသူများက စကားမပြောနိုင်တော့သောကြောင့် ဤသည်မှာ ဂိုဏ်းအတွက် ၎င်းတို့၏နောက်ဆုံးကောင်းမှုလေးဖြစ်နိုင်သည်။ ဝူချန်သည် ထိုအကြောင်းပြချက်ကို လက်မခံနိုင်ချေ။
"စုန်းသားတော်တွေရဲ့ လုပ်ရက်အတွက် ငါတို့ဘက်က လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်"
"စုန်းဘိူးဘေးသွေးအနှစ်၊ အလယ်အလတ်အဆင့် ကောင်းကင်စုန်းလက်နက်၊ သွေးစုန်းမြက်..."
အလယ်အလတ်အဆင့် ကောင်းကင်စုန်းလက်နက်သည် လူ့မျိုးနွယ်စုရှိ အလယ်အလတ်အဆင့်တာအိုလက်နက်နှင့် ညီမျှသည်။ စုန်းဘိုးဘေး၏ သွေးအနှစ်နှင့် အခြားသော ယခင်းအမြစ်များကို အင်မော်တယ်ဘုရင်ပင်လျှင် တတ်နိုင်လိမ့်မည်မဟုတ်ချေ။
“ငါတို့မှာ နတ်စုန်းသားတော်နှစ်ပါးရှိတာ တစ်စက်တည်းကို ဘယ်လိုခွဲရမလဲ။ သူတို့ကြား သဘောထားကွဲလွဲအောင် လှုံ့ဆော်ဖို့ ကြိုးစားနေတာလား” ဝူချန်က စိုက်ကြည့်နေပြန်သည်။
"နှစ်ပုံပေးမယ်လေ၊ တစ်ခုစီပေါ့ "
စုန်းဧကရာဇ်၏ လူသတ်ရန်ရည်ရွယ်ချက်ကို ကြောက်ရွံ့သောကြောင့် ဂိုဏ်းနှစ်ခုမှလျင်မြန်စွာ ပြန်ပြောကြသည်။
“အင်း၊ ဂိုဏ်းနှစ်ခုနဲ့ နားလည်မှုလွဲနေတာ ငါသိသားပဲ၊ တစ်ယောက်ယောက် ပွဲတော်ပြင်ဆင်လိုက်ဟေ့!”
ဝူချန်သည် ဂိုဏ်းနှစ်ခုကို အမှန်တကယ် အပြစ်ပေးနိုင်မည်မဟုတ်ကြောင်းသိထားသည်။ သို့မဟုတ်ပါက ကောင်းကင်စုန်းကမ္ဘာသည် ပဋိပက္ခများဖြစ်သွားလိမ့်မည်။ လုံလောက်သော လျော်ကြေးငွေများရရှိခြင်းကသာ ၎င်းတို့ကို ကျေနပ်စေမည်ဖြစ်သည်။
နားလည်မှုလွဲမှားနေကြောင်း ဖြေရှင်းပြီးနောက် စုန်းမျိုးနွယ်စုဝင်အားလုံးသည် စုန်းကလေးနှစ်ဦးသေဆုံးမှုအတွက် လူသားမျိုးနွယ်စုထံအပြစ်တင်လိုက်ကြသည်။ ခိုင်လုံသည့်သက်သေမရှိဘဲ ၎င်းတို့၏ “နတ်စုန်းသားတော်များ”သည် လူသားမျိုးနွယ်စုဝင်များဖြစ်ကြောင်း ဘယ်တော့မှစဉ်းစားမိမည်မဟုတ်ချေ။
နတ်စုန်းသားတော်များကို ထိခိုက်နစ်နာမှုမရှိစေဘဲ လျော်ကြေးငွေများရရှိခဲ့သဖြင့် နတ်စုန်းဂိုဏ်းက အလွန်ကျေနပ်သွားသည်။ နောက်ဆုံးတွင် ထိခိုက်နစ်နာခဲ့ရသူများမှာ အဓိကဂိုဏ်းနှစ်ခုဖြစ်သည်။ ၎င်းတို့သည် ရီကျင်းချုံနှင့် ရီချင်ကို သတ်ရန် ပျက်ကွက်ခဲ့ရုံသာမက စုန်းသားတော်နှစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရသည်၊ ၎င်းတို့၏ မိန်းမနှင့် သူတို့၏ စစ်သည်များကို ဆုံးရှုံးခဲ့ကြသည် ။ သို့သော် ဤအရာများသည် ရီကျင်းချုံနှင့် ရီချင်တို့နှင့် ဘာမှမဆိုင်တော့ချေ။
ဂိုဏ်းနှစ်ခုမှလျော်ကြေးငွေကို ဝူချန်မှ သိမ်းဆည်းထားခြင်းမရှိဘဲ ရီကျင်းချုံနှင့် သူ့အဖော်တို့ကို နှစ်သိမ့်ပေးရန်အတွက် ပေးအပ်ခဲ့သည်။ ရီကျင်းချုံနှင့် ရီချင်တို့သည် လက်ထဲတွင်ရှိသော စုန်းဘိူးဘေးသွေးအနှစ်သုံးစက်ကို ကြည့်ပြီးနောက် ပြုံးရာမှမရပ်နိုင်တော့ပေ။
ဤတစ်ကြိမ်တွင် ၎င်းတို့ ထီပေါက်သွားခဲ့ကြသည်။ စုန်းဘိုးဘေး၏သွေးအနှစ်သုံးစက်ဖြင့် အဆင့်တက်လှမ်းရန်အတွက် ပြဿနာမရှိတော့ချေ။ သို့သော် ၎င်းတို့သည်ချက်ချင်းမလှုပ်ရှားဘဲ ကောင်းကင်စုန်းကမ္ဘာသို့ ပြန်ရောက်သည့်အချိန်ထိ စောင့်နေကြသည်။
လူသားမျိုးနွယ်၏ခုခံမှု ပြင်းထန်လာသည်နှင့်အမျှ အရင်းအမြစ်များ လုံလောက်စွာစုဆောင်းထားပြီးဖြစ်သော ကောင်းကင်စုန်းကမ္ဘာသည် ဆုတ်ခွာရန် စီစဉ်နေပြီဖြစ်သည်။ ထို့အပြင် မှောင်ရိပ်ထဲမှနေ၍ ကောင်ကင်စုန်းကမ္ဘာကို လျှို့ဝှက်စွာပစ်မှတ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခုပါရှိနေသည်။
စုန်းသားတော်နှစ်ပါးသေဆုံးမှုနှင့်၊ နတ်စုန်းသားတော်များ၏ကံဆိုးမှုကြောင့် လျင်မြန်စွာပြန်လည်ဆုတ်ခွါလာကြသည်။ အနှစ်နှစ်ရာကြာအောင် ကျူးကျော်တိုက်ခိုက်ပြီးနောက်တွင် ကောင်းကင်စုန်းကမ္ဘာ၏တပ်ကြီးသည် ချန်မင်ကမ္ဘာမှ ပြန်လည်ဆုတ်ခွါသွားခဲ့၏။ ကျန်ရှိနေသည့်အရာများမှာ ပျက်ဆီးနေသည့် အရှေ့ကောင်းကင်နယ်မြေသာဖြစ်သည်။
တစ်ချိန်က စုန်းမျိုးနွယ်စု၏ခံတပ်သည် ယခုအခါ လုံးဝပျက်ဆီးသွားလေပြီ။ အရာအားလုံးနီးပါးသည် စုန်းမျိုးနွယ်စု၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။ အရှေ့ကောင်းကင်ပြည်နယ်သည် အထက်ပိုင်းငါးပြည်နယ်တွင် အင်အားအနည်းဆုံးဖြစ်သောကြောင့် ပိုကြီးသည့်အင်အားစုများသည် ၎င်းကိုစိတ်မဝင်စားတော့ချေ။
သို့သော်လည်း သေးငယ်သောတပ်ဖွဲ့များသည်လည်း အရှေ့ကောင်းကင်နယ်မြေကို ပြန်လည်တည်ဆောက်နိုင်စွမ်းမရှိခဲ့သောကြောင့် လက်လျှော့ခဲ့ရသည်။ အဆုံးတွင် အရှေ့ကောင်းကင်ပြည်နယ်သည် မည်သူမျှ မလိုချင်သော အာလူးပူတစ်လုံးဖြစ်လာခဲ့သည်။
သို့သော် "မည်သူမျှ" ဟူသောစကားတွင် အောက်ပိုင်းငါးပြည်နယ်ကို ခြေကုပ်ယူနိုင်ခဲ့သော တာ့ယွီအင်မော်တယ်မင်းဆက်မပါဝင်ချေ။ တာ့ယွီအင်မော်တယ်မင်းဆက်အတွက် လူသားမရှိသည့်နယ်မြေကို ရှာဖွေရန်မလွယ်ကူချေ။ ပျက်ဆီးနေသော အရှေ့ကောင်းကင်နိုင်ငံသည်သာ အကောင်းဆုံးသော ရွေးချယ်မှုဖြစ်၏။
……………….
အခန်း ၂၄၈ - မိသားစု၏ ဆယ့်သုံးခုမြောက်နယ်မြေ
ရီရှောင်းရှောင်းသည် သူမထံတွင် အကြံတစ်ခုရှိလာသည်နှင့် တပြိုင်နက် အရေးယူဆောင်ရွက်ပေးမည့်သူ အမြဲရှိသည်။ အရှေ့ကောင်းကင်ပြည်နယ်ကို စိတ်ဝင်စားသောကြောင့် ရီရှောင်းရှောင်းသည် တုံ့ဆိုင်းမနေဘဲ အရှေ့ကောင်းကင်နိုင်ငံသို့ဝင်ရောက်နိုင်ခြေကို ဆွေးနွေးရန်အတွက် တာ့ယွီအင်မော်တယ်မင်းဆက်၏ အရာရှိများကို ချက်ချင်းခေါ်ယူခဲ့သည်။
လက်ရှိတွင် အရှေ့ကောင်းကင်နယ်မြေကို မည်သူမျှ စိတ်မဝင်စားသောကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်အနေဖြင့် ဝင်ရောက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ အရှေ့ကောင်းကင်နယ်မြေကို ဖျက်ဆီးလိုက်ခြင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့သည်။
ခေတ္တငြိမ်သက်နေခဲ့ပြီးနောက်တွင် အရှေ့ကောင်းကင်နယ်မြေကို သိမ်းပိုက်ရန်အတွက် တပ်များကိုထပ်မံစေလွှတ်ခဲ့သည်။ တစ်ချိန်က စုန်းမျိုးနွယ်စု၏ဖျက်ဆီးခံခဲ့ရသော အပျက်အစီးများထဲတွင် မြို့သစ်များပေါ်ပေါက်လာသည်။
ယခုအချိန်တွင် အရှေ့ကောင်းကင်ပြည်နယ်၌ အကြီးမားဆုံးပြဿနာသည် ပျက်စီးသွားသည့် ဝိညာဉ်သွေးကြောများနှင့် ရှန်းသွေးကြောများဖြစ်ကြ၏။ ဝိညာဉ်သွေးကြောများ ပျက်စီးသွားခြင်းကြောင့် အရှေ့ကောင်းကင်ပြည်နယ်တွင် ဝိညာဉ်စွမ်းအားသိပ်သည်းမှုသည် သိသိသာသာ ကျဆင်းသွားကာ အောက်ပိုင်းငါးပြည်နယ်ထက်ပင် ပိုမိုဆိုးရွားခဲ့သည်။
အရှေ့ကောင်းကင်ပြည်နယ်ကို ယခင်ကကဲ့သို့သောပြည်နယ်အဖြစ် ပြန်လည်ထူထောင်ရန် အရေးကြီးဆုံးခြေလှမ်းမှာ ဝိညာဉ်သွေးကြောများကို ပြုပြင်ရန်ဖြစ်သည်။ ၎င်းမှာ အခြားသူများအတွက် ခက်ခဲနိုင်သော်လည်း ရီမိသားစုဝင်များအတွက်လွယ်ကူသောအလုပ်တစ်ခုဖြစ်သည်။
ရီရှောင်းရှောင်းသည် ကမ္ဘာကြီးကို ပြန်လည်ထူထောင်ရန်အတွက် အလွန်အထောက်အကူဖြစ်စေမည့် ကံဇာတာစွမ်းအားရှိသည့် ပိုင်ဇယ်ကိုယူဆောင်ရန် ရီမိသားစုထံ ပြန်သွားခဲ့သည်။ ဤသို့ဖြင့် ပိုင်ဇယ်သည် သူ၏ ရှားပါးသောအလုပ်ခွင်ကိုစတင်ခဲ့သည်။ ကံကြမ္မာစွမ်းအားများသည် ဝိညာဉ်သွေးကြောများထဲသို့ စိမ့်ဝင်သွားပြီးနောက် ပြင်းထန်စွာပျက်စီးနေသော ဝိညာဉ်သွေးကြောများကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာစေသည်။ သို့သော် ဤပြန်လည်ထူထောင်ရေးသည် အချိန်လိုအပ်၏။ ယခင်က အရှေ့ကောင်းကင်နယ်မြေကို ပြန်လည်တည်ဆောက်ရန်အတွက် အနည်းဆုံးအနှစ်တစ်ထောင်လိုအပ်မည်ဖြစ်သည်။
ပိုင်ဇယ်သည် ဝိညာဉ်သွေးကြောများ ပြန်လည်ထူထောင်ရန်အတွက် တာဝန်ယူနေစဉ်တွင် အဇူရာနဂါးသည် ဘာမှမလုပ်ဘဲထိုင်နေခဲ့သည်။ သစ်သားဒြပ်စင်ရှိသော အဇူရာနဂါးသည် ပျက်စီးသွားသောနေရာများကို ပြန်လည်ပြုပြင်ရန်အတွက် အထူးသင့်လျော်လိမ့်မည်။ ပိုင်ဇယ်နှင့် အဇူရာနဂါးတို့သည် အရှေ့ကောင်းကင်ပြည်နယ်၏ပြဿနာများကို ချက်ခြင်းဖြေရှင်းနိုင်ခဲ့သည်။ ရီမိသားစုသာလျှင် ထိုကဲ့သို့လုပ်ဆောင်နိုင်ကာ၊ အခြားအင်အားစုများက အရှေ့ကောင်းကင်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ထိုကဲ့သို့စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ချေ။
အရှေ့ကောင်းကင်နယ်မြေကို သိမ်းပိုက်ထားသည့် တာ့ယွီအင်မော်တယ်မင်းဆက်၏သတင်းကို လျှို့ဝှက်ထားခြင်းမရှိဘဲ အထက်ငါးပြည်နယ်ရှိ အင်အားစုအများအပြားက သိရှိခဲ့ကြသည်။ သို့သော် ၎င်းတို့က ဘာမှမဆိုကြချေ။
အရှေ့ကောင်းကင်နယ်မြေသည် ယခင်အတိုင်းရှိပါက ထိုအင်အားစုများက စောစီးစွာသိမ်းယူခဲ့ပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်း၏လက်ရှိအခြေအနေအရ အရှေ့ကောင်းကင်နယ်မြေသည် အင်အားကြီးနိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာဖြစ်သည်။
အချို့က တာ့ယွီအင်မော်တယ်မင်းဆက်ကိုပင် လှောင်ပြောင်ကြကာ ၎င်းတို့သည် မည်သည့်အရာကိုမဆို ရယူလိုစိတ်ပြင်းပြသော အရှေ့ကောင်းကင်နယ်မြေကဲ့သို့ ဆင်းရဲမွဲတေနေသည့် နိုင်ငံတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ တာ့ယွီအင်မော်တယ်မင်းဆက်သည် အရှေ့ကောင်းကင်နယ်မြေကိုသိမ်းပိုက်ခြင်းမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိနိုင်ဘဲ အရင်းအမြစ်များစွာကိုပင် ရင်းနှီးမြုပ်နှံထားရမည်ဖြစ်ကာ၊ ၎င်းသည် အမှန်တကယ်ပင် ကောင်းကျိုးထက် ဆိုးကျိုးပိုများသော ကိစ္စတစ်ခုဖြစ်သည်။
သို့သော် ရီရှောင်းရှောင်းသည် အပြင်ဘက်မှကောလာဟလများနှင့် ဝေဖန်မှုများကို လုံးဝလျစ်လျူရှုထားခဲ့သည်။ အရှေ့ဘက်ကောင်းကင်နယ်မြေ ပြန်လည်ရှင်သန်လာသည်နှင့်တစ်ပြိုင်နက် တာ့ယွီအင်မော်တယ်မင်းဆက်၏ဆုံးဖြတ်ချက်မှာ မှန်သည်မှားသည်ကို သူတို့သိရှိနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ဤအင်အားစုများသည် ၎င်းတို့၏အတိတ်ကဆုံးဖြတ်ချက်များကိုနောင်တရပြီး တာ့ယွီအင်မော်တယ်မင်းဆက်ကိုပင် ဆန့်ကျင်လာလိမ့်မည်။ ထို့အပြင် ၎င်းသည် ရီရှောင်းရှောင်းမျှော်လင့်နေသည့် အရာဖြစ်သည်။ စစ်ပွဲများမရှိပါက တာ့ယွီအင်မော်တယ်မင်းဆက်သည် ကြီးထွားရန်အခွင့်အလမ်းများကို မည်သို့ရှာဖွေနိုင်မည်နည်း။
နေ့စဉ်နှင့်အမျှ အချိန်ကုန်လွန်လာပြီးနောက်တွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် အရှေ့ကောင်းကင်ပြည်နယ်ကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့သည်။ အရှေ့ဘက်ကောင်းကင်ပြည်နယ်တွင်ရှိနေခြင်းက တာ့ယွီအင်မော်တယ်မင်းဆက်အတွက် အံ့သြဖွယ်ရာများစွာကို ဆောင်ယူလာပေး၏။
အရှေ့ဘက်ကောင်းကင်ပြည်နယ်သည် ကြီးမားကျယ်ပြန့်သောကြောင့် စုန်းမျိုးနွယ်စုက ၎င်း၏အရင်းအမြစ်အားလုံးကို အချိန်တိုအတွင်း အပြီးအပိုင်ဖျက်ဆီးရန် မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် နေရာများစွာကိုဖော်ထုတ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါတွင် ၎င်းတို့အားလုံးသည် တာ့ယွီအင်မော်တယ်မင်းဆက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ရီဖန်သည် ရီရှောင်းရှောင်းနှင့်တွေ့ဆုံရန်အတွက် အရှေ့ကောင်းကင်နိုင်ငံသို့ ရှားရှားပါးပါးထွက်ခွာသွားခဲ့သည်။
"အစ်ကို၊ ငါတို့မိသားစုနယ်မြေအတွက် နေရာအသစ်တစ်ခုတွေ့ထားတယ်"
ရီမိသားစုသည် ၎င်းတို့၏မိသားစုနယ်မြေကို မပြောင်းရွေ့သည်မှာ ကြာပြီဖြစ်သောကြောင့် အသစ်ရှာဖွေရန်တာဝန်ကိုလည်း အဆင့်မမြှင့်တင်ရသေးချေ။ သင့်လျော်သော မိသားစုနယ်မြေအသစ်ရှာဖွေခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်၏။
ရီမိသားစု၏လက်ရှိအိမ်ထက် သာလွန်သောနေရာအနည်းငယ်ရှိသော်လည်း ကွာခြားချက်မှာ သိသာထင်ရှားခြင်းမရှိပေ။ ထို့ကြောင့် နေရာရွှေ့ပြောင်းရန်မလိုအပ်ပေ။ ယနေ့တွင် ရီရှောင်းရှောင်းသည် ရီမိသားစုအတွက် သင့်လျော်သော မိသားစုနယ်မြေတစ်ခုရှိကြောင်း ပြောကြားခဲ့ရာ ရီဖန်ချက်ချင်းစိတ်ဝင်စားသွားသည်။
ရီဖန်သည် ရီရှောင်းရှောင်း၏ အရှေ့ကောင်းကင်နယ်မြေထဲသို့ လိုက်သွားကာ ကျယ်ပြန့်သောလွင်ပြင်ထဲသို့ရောက်ရှိသွား၏။ ၎င်းသည် မိုင်သန်းပေါင်းများစွာ ရှည်လျားကာ အလွန်ကျယ်ပြန့်သည်။ သို့သော် ထူးခြားသောအသွင်အပြင်မရှိဘဲ အလွန်ရိုးရှင်းသည်။ ရီမိသားစု၏ လက်ရှိမိသားစုနယ်မြေနှင့် နှိုင်းယှဉ်ပါက သိပ်မထူးခြားလှသော်လည်း ရီရှောင်းရှောင်းက သူ့ကိုလျှောက်ပြောလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ဤနေရာတွင် ရီဖန်သတိမထားမိသည့် လျှို့ဝှက်စွမ်းရည်များရှိလိမ့်မည်။
ရီရှောင်းရှောင်းက ထပ်မံမရှင်းပြသောကြောင့် ရီဖန်က နားလည်မှုနှင့်ပြုံးလိုက်ကာ သူ၏ အဇူရာနဂါးမျက်လုံးကိုအသက်သွင်းလိုက်သည်။ နောက်အခိုက်အတန့်တွင် နေရာလွတ်ကိုတစ်ခန်းစီ ပိုင်းခြားလိုက်ပြီးနောက် အရာအားလုံးသည် ရီဖန်၏ အဇူရာနဂါးမျက်လုံးအောက်တွင်ရှိနေသည်။
“ဟမ်!” ရီဖန်၏နှုတ်ခမ်းမှ အာမေဋိတ်သံထွက်ပေါ်လာသည်။
ဤလွင်ပြင်သည် အခြားနေရာသို့ဝင်ပေါက်ကို ဖုံးကွယ်ထား၏။ ထို့အပြင် ဤဖုံးကွယ်ထားသောနေရာသည် ၎င်း၏ကိုယ်ပိုင်အသက်စွမ်းအားရှိသကဲ့သို့ အဆက်မပြတ်ရှင်သန်ကြီးထွားလာသည်။ ထိုမြင်ကွင်းကြောင့် ရီဖန်ပင်အံ့ဩသွားရ၏။
ယခင်က ရီဖန်သည် ထိုအရာကိုသိလိမ့်မည်မဟုတ်သော်လည်း ယခုတွင် စတုရန်းလက်မတောင်မှ မရေမတွက်နိုင်သော ရှေးဟောင်းစာအုပ်များကြောင့် ရီဖန်၏စိတ်ထဲတွင် အဖြေတစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် ဂိုဏ်းတစ်ခု၏အစိတ်အပိုင်းတစ်ခုဖြစ်ခြင်းမှ အားသာချက်တစ်ခုဖြစ်သည်။
ဤသက်ရှိကမ္ဘာကို မူလကမ္ဘာဟုခေါ်သည်။ မူလကမ္ဘာသည် ရီဖန်၏ ပျက်ဆီးခြင်းကမ္ဘာနှင့် ခပ်ဆင်ဆင်တူသော စကြဝဠာမွေးဖွားခြင်း၏ မူလအနှစ်သာရဖြစ်သည်။ စဉ်ဆက်မပြတ် ကျင့်ကြံနေသရွေ့ မူလကမ္ဘာကြီးသည် ပိုအားကောင်းလာနိုင်၏။
ကမ္ဘာသုံးထောင်သည် မူလကမ္ဘာများစွာမှ ဆင့်ကဲပြောင်းလဲလာသည်ဟု ကျမ်းစာတွင်ဖော်ပြထားသည်။ မူလကမ္ဘာတစ်ခုသည် အခြားအင်အားစုများ မရရှိဖူးသောအရာမဟုတ်ပေ။ နှမြောစရာကောင်းသည်မှာ မူလကမ္ဘာကို မဟာကမ္ဘာတစ်ထောင်အဆင့်အထိ မည်သူကမှ မကျင့်ကြံနိုင်ခဲ့ကြချေ။ ၎င်းတို့ထဲမှ အကောင်းဆုံးသည် အလယ်ကမ္ဘာတစ်ထောင်နှင့်သာ နှိုင်းယှဉ်နိုင်သည်။
သို့ရာတွင် အလယ်ကမ္ဘာတစ်ထောင်နှင့် ယှဉ်နိုင်သော မူလကမ္ဘာတစ်ခုပင်လျှင် မဟာကမ္ဘာတစ်ထောင်အတွင်း မည်သည့်နေရာတွင်မဆို သာလွန်သော ကျင့်ကြံမှုပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်။
ပုံမှန်အားဖြင့် မူလကမ္ဘာတစ်ခုသည် စွမ်းအားတစ်ခုတည်းကိုသာ လုပ်ဆောင်လေ့ရှိသော်လည်း မဟာကမ္ဘာတစ်ထောင်သည် များပြားလှသော စွမ်းအားများတည်ရှိသောကြောင့် ၎င်းနှင့် နှိုင်းယှဉ်၍မရပေ။ ရီဖန်သည် သူတွေ့ရှိခဲ့သော မူလကမ္ဘာ၏အဆင့်ကို သိချင်နေသောကြောင့် မူလကမ္ဘာဆီသို့တံခါးကို ညင်သာစွာဖွင့်လိုက်ကာ ရီရှောင်းရှောင်းနှင့်အတူ ကမ္ဘာထဲသို့ဝင်သွားသည်။
ဤမူလကမ္ဘာသည် အရှေ့ပြည်နယ်၏ ဆယ်ပုံတစ်ပုံမျှပင်မကျယ်ချေ။ သို့သော် မူလကမ္ဘာတစ်ခု၏အရေးအကြီးဆုံးအရာမှာ ၎င်း၏အရွယ်အစားမဟုတ်ဘဲ ၎င်း၏ကျင့်ကြံမှုပတ်ဝန်းကျင်ဖြစ်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားများ အရည်ပျော်ဝင်နေကာ ရှန်းစွမ်းအားလည်းများပြားလှသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ရီမိသားစု၏လက်ရှိနယ်မြေမှာ နိမ့်ကျလှသည်။
ဤမူလကမ္ဘာသည် လက်ရှိရီမိသားစုအတွက် ပြီးပြည့်စုံသည်။
"ရီမိသားစုကို ရွှေ့ကြမယ်!"
မကြာမီတွင် ရီမိသားစုတစ်ခုလုံးသည် အရှေ့ပြည်နယ်မှ အရှေ့ကောင်းကင်နယ်မြေ ပြောင်းရွှေ့သွားကြကာ မူလကမ္ဘာတွင် အိမ်တစ်လုံးပြီးတစ်လုံး ဆောက်လုပ်ခဲ့သည်။ မိသားစုတစ်စုစီအတွက် ကိုယ်ပိုင်မြေကွက်များရရှိကြကာ အဆောက်အဦအမျိုးမျိုးကို စတင်တည်ဆောက်ခဲ့ကြသည်။ အဆုံးတွင်
ရီဖန်သည် မူလကမ္ဘာအတွက် တာအိုအဆင့်အခင်းအကျင်းကို တည်ထောင်ခဲ့ကာ ၎င်း၏ကျင့်ကြံမှုပတ်ဝန်းကျင်ကို မြှင့်တင်ခဲ့သည်။ ရီမိသားစုပိုင်ပစ္စည်းများကိုလည်း ရီဖန်က မူလကမ္ဘာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့ကြောင့် ရီမိသားစုကို ပြောင်းရွှေ့နေရာချထားခြင်းလုပ်ငန်းသည် နောက်ဆုံးတွင်ပြီးမြောက်သွား၏။
"ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဆယ့်သုံးခုမြောက်မိသားစုနယ်မြေကို ရရှိသွားပါပြီ"
……………………
အခန်း ၂၄၉ - မိသားစုလက်နက်တိုက် အဆင့်ဆယ့်ငါး
၊ နက်နဲအင်မော်တယ်နယ်မြေ
"ဂုဏ်ယူပါတယ် သခင်၊ မျိုးနွယ်စုမြှင့်တင်ရေးကဒ်ကို လက်ခံရရှိပါပြီ"
မျိုးနွယ်စုမြှင့်တင်ရေးကဒ်ကို မိသားစုပိုင်နယ်မြေအား တစ်ကြိမ်အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်ကာ မိသားစု၏အရင်းအမြစ်များကို တိုးမြှင့်နိုင်သည်။ သွေးမျိုးဆက်ကို အဆင့်မမြှင့်တင်နိုင်ခြင်းက အနည်းငယ်စိတ်ပျက်စရာကောင်းသော်လည်း ဤမျိုးနွယ်စုအဆင့်မြှင့်တင်ခြင်းက အတော်အလားအလာကောင်းပုံရသည်။
"စနစ်၊ မျိုးနွယ်စုမြှင့်တင်ရေးကဒ်ကိုသုံးပါ။"
နောက်အခိုက်အတန့်တွင် မူလနိယာမကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားပြီးနောက် တောင်တန်းများသည် တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ အလွန်သိပ်သည်းနေပြီးဖြစ်သော အင်မော်တယ်ဝိညာဉ်သည်လည်း ရေကန်များအဖြစ်ပြောင်းလဲသွားကာ ရှန်သွေးကြောများသည် မြေကြီးအောက်မှ တစ်ခုပြီးတစ်ခု ထွက်လာသည်။
သိပ်သည်းသောအင်မော်တယ်ဝိညာဉ်တော်၏ လှုံ့ဆော်မှုကြောင့် ဟွမ်လောင်စန်းသည် ရေကန်ထဲသို့ဆင်းသွားကာ သူ၏ကျင့်ကြံမှုအဆင့်ကိုပြန်လည်စတင်ခဲ့သည်။
ဟွမ်လောင်စန်း၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေမှ ခြေတစ်လှမ်းသာ ကွာဝေးတော့၏။
တဖြည်းဖြည်းနှင့် အပြောင်းအလဲများပြီးဆုံးသွားပြီးနောက်တွင် အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီဖြစ်သည်။
"အဆင့်မြှင့်တင်ခြင်းပြီးပါပြီ၊ အထူးအရင်းအမြစ်တွေ တိုးလာပါတယ်၊ အသံထုတ်လွှင့်ခြင်းအခင်းအကျင်း တစ်ခု၊ အင်မော်တယ်မီးကန် တစ်ခု၊ ကမ္ဘာ့မီးသွေးကြောတစ်ခု၊ အဆင့်မြင့် အင်မော်တယ်ကန်တစ်ခု….."
ရီဖန်ထဲတွင် ဆက်တိုက်အချက်ပေးသံများဖြင့် လွှမ်းသွားသည်။ အရမ်းများသည်၊ တကယ်များသည်။
၎င်းအရင်းအမြစ်တစ်ခုစီတိုင်းသည် အလွန်အသုံးဝင်၏။ စီးပွါးရေးဌာနခွဲအတွက် အသံထုတ်လွှင့်ခြင်းအခင်းအကျင်း၊ ဆေးပညာဌာနခွဲအတွက် သင့်လျော်သော 'အင်မော်တယ်မီးတောက်’၊ လက်နက်သန့်စင်ခြင်းအတွက် ကမ္ဘာ့မီး၊ ကျင့်ကြံရေးဂိုဏ်းခွဲ၏ ကျင့်ကြံရေးအဆင့်မြှင့်တင်ရန်အတွက် အဆင့်မြင့်အင်မော်တယ်ကန်တို့ကို အသုံးပြုနိုင်သည်ဖြစ်ရာ ရီဖန်သည် အရင်းအမြစ်တစ်ခုစီကို အဖွဲ့ခွဲတစ်ခုစီသို့ ခွဲဝေပေးခဲ့သည်။
ထို့နောက်တွင် ရီမိသားစုလုပ်ဆောင်ရမည့်အရာမှာ ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန်နှင့်
အရှေ့ကောင်းကင်နိုင်ငံတော်၏ နယ်မြေကို ပြန်လည်ထူထောင်ကာ တာ့ယွီအင်မော်တယ်မင်းဆက်၏ အင်အားပိုကောင်းလာရန်အတွက် ကြိုးပမ်းရန်ဖြစ်သည်။ ထို့အပြင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ သို့သော် ၎င်းမတိုင်ခင် လုပ်စရာများစွာရှိသေး၏။
မိသားစုလက်နက်တိုက်မစ်ရှင်ကို အပြီးသတ်ရန် အချိန်တန်လေပြီ။ ရီဖန်သည် သူ၏ဂူအိမ်သို့ပြန်သွားကာ သာ့လော့အင်မော်တယ်စူတြာကို လေ့လာခဲ့သည်။ ဤတစ်ကြိမ်တွင် နက်နဲအင်မော်တယ်နယ်မြေအဆင့် ပျက်ဆီးခြင်းကျမ်းစာကို အချိန်များစွာမယူဘဲ အောင်မြင်စွာပြီးဆုံးခဲ့သည်။
"ဂုဏ်ယူပါတယ် သခင်၊ မိသားစုလက်နက်တိုက်အဆင့်ဆယ့်ငါး၊ နက်နဲအင်မော်တယ်နယ်မြေပြီးဆုံးသွားလို့ ဆုလာဘ်ကို ရယူနိုင်ပါပြီ"
ရီဖန်သည် စနစ်ဆုကြေးငွေကိုရယူရန်အတွက် အလျင်စလိုမလုပ်ဘဲ ကျင့်ကြံရေးနည်းပညာကို ဆက်လက်လေ့လာခဲ့သည်။ နက်နဲအင်မော်တယ်နယ်ပယ်ကျင့်ကြံမှုနည်းပညာသည် ရီဖန်အတွက် များစွာ အခက်အခဲမဖြစ်စေခဲ့ပေ။ ထို့ကြောင့် နက်နဲအင်မော်တယ်အထွတ်အထိပ်သို့ ရောက်သည်အထိ သူဆက်သွားပြီးမှ ရပ်တန့်လိူက်သည်။ ၎င်းမှာ ရီဖန်က ဆက်မလုပ်ချင်တာကြောင့်မဟုတ်ဘဲ သူနောက်ထပ်မသွားနိုင်တာကြောင့်သာဖြစ်၏။
အင်မော်တယ်ဘုရင်နယ်မြေ ကျင့်ကြံရေးနည်းပညာကိုဖန်တီးခြင်းသည် ရီဖန် လုပ်နိုင်သောအရာတစ်ခုဖြစ်သော်လည်း ပျက်ဆီးခြင်းကျမ်းစာသည် အရာအားလုံးကို လွှမ်းခြုံထားကာ အလွန်နက်နဲသည်။ ရီဖန်၏လက်ရှိအခြေခံအုတ်မြစ်ဖြင့် အင်မော်တယ်ဘုရင်နယ်မြေနည်းပညာကို ပြီးပြည့်စုံစွာလေ့လာရန်မဖြစ်နိုင်သေးချေ။
"စတုရန်းလက်မတောင်ကိုပြန်သွားရမယ်ထင်တယ်"
ရီဖန်က စတုရန်းလက်မတောင်သို့ပြန်သွားချင်သော်လည်း တိုကင်မှာ အေးခဲခံထားရသည်။ သို့သော် ရီဖန်သည် ၎င်းကိုသူကိုယ်တိုင် ချေဖျက်နိုင်သည်ဟုခံစားမိသည်။ သူသည် သန်မာမှုမရှိသေးသော်လည်း အနည်းငယ်ပို၍ ကျင့်ကြံလိုက်ပါက ၎င်းကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
"စနစ်၊ ဆုလာဘ်တွေရယူလိုက်"
"ဂုဏ်ယူပါတယ် သခင်၊ အရံလုပ်ငန်းအရှိန်တိုးမြှင့်ခြင်းကဒ်၊ အနှစ်၅၀၀၀ ကို လက်ခံရရှိပါပြီ။"
သွေးမျိုးဆက်ဆုမရသေးသောကြောင့် ရီဖန်စိတ်ပျက်သွားပြန်သည်။ သို့သော် အရံလုပ်ငန်းကို မြှင့်တင်ခြင်းက အလွန်ကောင်းမွန်နေပြီးဖြစ်သည်။ တာအိုအဆင့်နိမ့်နယ်မြေသည် အင်မော်တယ်ဘုရင်နယ်မြေသို့ ရောက်ရှိသွားပြီးဖြစ်သည့် ရီဖန်အတွက် အနည်းငယ်မလုံလောက်သေးချေ။
"စနစ်၊ ကဒ်ကိုသုံးပါ။"
အရံလုပ်ငန်းအရှိန်တိုးမြှင့်ခြင်းကဒ်၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ ရီမိသားစုသည် ၎င်းကို အပြည့်အဝအသုံးချခဲ့သည်။ စိတ်ထဲတွင် နက်နဲသောခံစားချက်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရီကျင်းဖန်နှင့် အခြားသူများသည် ၎င်းတို့လုပ်ဆောင်နေသည့်အရာများကို ချက်ချင်းရပ်လိုက်ကာ အရံလုပ်ငန်းအတွက် အပြည့်အဝလေ့လာခဲ့ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် ပုံသဏ္ဍာန်များစွာပေါ်လာကာ ၎င်းတို့၏ကျွမ်းကျင်မှုအဆင့်သည် လျင်မြန်စွာတိုးတက်လာခဲ့သည်။
အခြားတစ်ဖက်တွင် ကောင်းကင်စုန်းကမ္ဘာ၌ ရီကျင်းချုံနှင့် ရီချင်တို့၏ ဂူအိမ်များအတွင်းတွင် မူလနိယာမ၏ ရောင်ဝါများထွက်ပေါ်လာပြန်သည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်ဖြင့် ၎င်းတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက နက်နဲအင်မော်တယ်နယ်မြေကို ဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ၎င်းတို့သည် ဘိုးဘေးစုန်းသွေးဝိညာဉ်ကို အသုံးပြုပြီးသည်နှင့် ရေမီးတာအိုနှင့်ပက်သက်သော ထိုးထွင်းသိမြင်မှုသည် အဆက်မပြတ်ကြီးထွားလာသည်ကိုတွေ့ရှိခဲ့၏။
ရှေးဟောင်းကုန်းကုန်းနှင့် ကျူးရုန်တို့သည် ကမ္ဘာ့ရေနှင့်မီးကို အသီးသီးထိန်းချုပ်ထားကြသည်။ ရီကျင်းချုံနှင့် ရီချင်တို့သည် ၎င်းတို့၏ သွေးမျိုးဆက်နှစ်ခုစလုံးကို ပိုင်ဆိုင်ကြကာ ရေမီးစွမ်းအားကို နားလည်ခြင်းတွင်အားသာချက်ရှိသည်။ ဘိုးဘေးစုန်းသွေးဝိညာဉ်ကိုခံယူပြီးနောက် ၎င်းတို့၏သွေးမျိုးဆက်စွမ်းအားသည် တစ်ဖန်ပြန်လည်တိုးပွါးလာကာ နောက်ဆုံးတွင် ရေမီးတာအို၏မူလနိယာမကို နားလည်လာသည်။
ဂူအိမ်အပြင်ဘက်တွင် ဝူချန်သည် ဂူအိမ်အတွင်းမှထွက်လာသော ရေမီးတာအို၏မူလနိယာမကို ခံစားရလိုက်ရကာ ထိတ်လန့်ဝမ်းသာသွားသည်။ ရွှေအင်မော်တယ်နယ်ပယ်၌ပင် သူမသည် ရေမီးတာအို ၏မူလနိယာမကိုနားလည်နိုင်နေရာ ဤအရာသည် စုန်းဘိုးဘေးသွေးမျိုးဆက်ကြောင့် ဖြစ်နိုင်ပါသလား။
"ကြည့်ရတာ ကလေးနှစ်ယောက်အတွက် အလုပ်နည်းနည်းပိုပေးရမယ်ထင်တယ်"
တစ်နှစ်ခွဲကြာပြီးနောက်တွင် ၎င်းတို့နှစ်ဦးစလုံး၏ ကျင့်ကြံမှုသည် နက်နဲစုန်းနယ်မြေသို့ အောင်မြင်စွာဖြတ်ကျော်သွားကာ နက်နဲသောအင်မော်တယ်နယ်မြေ၏အလယ်အဆင့်တွင် ရှိနေကြ၏။ ၎င်းတို့၏ ကျင့်ကြံရေးအခြေခံကို ပေါင်းစည်းပြီးသည်နှင့်တပြိုင်နက် ဝူချန်က ၎င်းတို့ကို နတ်စုန်းဂိုဏ်း၏ပင်မခန်းမသို့ခေါ်ဆောင်ခဲ့သည်။
"အခု နတ်စုန်းသားတော်နှစ်ပါးက နက်နဲစုန်းနယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အတွက် နတ်စုန်းဂိုဏ်းကို စပြီးစီမံသင့်ပြီ။ အခုကစပြီး နတ်စုန်းဂိုဏ်းမှာ နောက်ထပ် လက်ထောက်ဂိုဏ်းချုပ်နှစ်ယောက်ရှိလာလိမ့်မယ်။ ကန့်ကွက်ချင်တဲ့သူရှိလား"
လက်ထောက်ဂိုဏ်းချုပ်တစ်ဦး၏ အဆင့်အတန်းသည် သာမန်အကြီးအကဲတစ်ဦးထက် မြင့်မားကာ နတ်စုန်းဂိုဏ်း၏ အရင်းအမြစ်များစွာကို စုဆောင်းနိုင်သည်။ ထိုသို့သော အဆင့်အတန်းသည် အားလုံးကို မနာလိုစေခဲ့၏။ သို့သော် ဝူချန်၏ဆုံးဖြတ်ချက်ကို နတ်စုန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးမျှ မကန့်ကွက်ခဲ့ပေ။ ရီကျင်းချုံနှင့် ရီချင်တို့၏အနာဂတ်သည် အလွန်ရှင်းလင်းနေပြီဖြစ်သည်။ မည်သူက ဆန့်ကျင်နိုင်မည်နည်း။
ယခင်က ၎င်းတို့နှစ်ဦး၏ ကျင့်ကြံမှု မလုံလောက်သော်လည်း၊ ယခုအခါတွင် နက်နဲအင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်သွားပြီဖြစ်ရာ လက်ထောက်ဂိုဏ်းချုပ်များဖြစ်လာခြင်းသည် သဘာဝကျ၏။ ထို့ကြောင့် ရီကျင်းချုံနှင့် ရီချင်တို့သည် နတ်စုန်းဂိုဏ်းရှိ လက်ထောက်ဂိုဏ်းချုပ်များဖြစ်လာကာ အရင်းအမြစ်များစွာကို စုဆောင်းနိုင်ခဲ့ကြသည်။ ၎င်းတို့၏ကျင့်ကြံမှုသည် ထိုထက်တိုးတက်လာပါက နတ်စုန်းဂိုဏ်း၏ဂိုဏ်းချုပ်ကြီးပင် ဖြစ်လာနိုင်သည်။
အခြားသောစုန်းဂိုဏ်းနှစ်ခုသည် ၎င်းကိုသိရှိပြီးနောက် လွန်စွာအံ့ဩခြင်းမရှိဘဲ အနာဂတ်တွင် ကောင်းကင်စုန်းကမ္ဘာကို နတ်စုန်းဂိုဏ်းက အမှန်တကယ် ထိန်းချုပ်ထားနိုင်တော့မည်ဟု ခံစားခဲ့ရသည်။ ဂိုဏ်းနှစ်ခုမှဂိုဏ်းချုပ်များကသာ ယနေ့အချိန်ထိ စုန်းသားတော်များသေဆုံးရသည့်အကြောင်းကို စူးစမ်းနေဆဲဖြစ်ကာ ၎င်းတို့သည် နတ်စုန်းဂိုဏ်း၏နတ်စုန်းသားတော်များနှင့် အမှန်တကယ် မသက်ဆိုင်ပါသလား။ ယခုအချိန်တွင် ပုံမှန်နည်းလမ်းများက အသုံးမဝင်တော့ချေ။
အမှန်တရားကိုဖော်ထုတ်ရန် နည်းလမ်းတစ်ခုသာရှိတော့သည်။ ကောင်းကင်စုန်းကမ္ဘာ၏ အဓိကဂိုဏ်းကြီးသုံးခုအပြင်၊ သူတော်စင်စုန်းများဖြင့် ဖွဲ့စည်းထားသော အခြားဂိုဏ်းတစ်ခုလည်း ရှိသေးသည်။ ကောင်းကင်စုန်းကမ္ဘာပိုအမှီပြု၍ အမည်ပေးထားရာ ၎င်း၏အင်အားမှာလည်း ထင်ရှား၏။ ကောင်းကင်စုန်းဂိုဏ်းတွင် အထူးအလေးထားသည့်အရာမှာ နတ်စွမ်းအားဖြစ်သည်။
"ကောင်းကင်စုန်းဂိုဏ်းဧကရာဇ်ကိုစောင့်ပါ ၊ ငါသူ့ကို ဆုံးဖြတ်ခိုင်းရမယ်”
အထောက်အထားအားလုံးက ဤအဖြစ်အပျက်သည် နတ်စုန်းသားတော်များနှင့် မသက်ဆိုင်ကြောင်းပြနေသော်လည်း ဂိုဏ်းချုပ်ကြီးနှစ်ဦးစလုံးထံတွင် အလိုလိုသိစိတ်တစ်ခုရှိနေသည်။ အမှန်တရားကို ထုတ်ဖော်မနိုင်ပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် နတ်ဆိုးများဖြစ်လိမ့်မည်။ အနာဂတ်တွင် အင်မော်တယ်ဧကရာဇ်အဖြစ် ဖြတ်ကျော်ရမည့်အချိန်၌ ၎င်းသည်ကြီးမားသောအတားအဆီးဖြစ်လာမည်မှာ သေချာသည်။ ထို့ကြောင့် ၎င်းအတွက်ဖြစ်စေ၊ အမှန်တရားအတွက်ဖြစ်စေ စုံစမ်းစစ်ဆေးရန် လိုအပ်နေ၏။
…………..