← Chapters

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း ၂၅၀-၂၅၂

Vol. 17 Ch. 250-252

အခန်း ၂၅၀ - မူလနိယာမ၏ ကောင်းကင်ဘုံတာအို အင်မော်တယ်ဘုရင်

ချန်မင်နယ်ပယ်ရှိ ရီမိသားစု၏နက်နဲအင်မော်တယ် ကျင့်ကြံသူအရေအတွက်သည် ဆက်လက်တိုးပွါးလာ၏။ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည်လည်း နက်နဲအင်မော်တယ်နယ်မြေကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြသည်။ ရီကျင်းလုံနှင့် ရီကျင်းဖန်တို့၏ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်း သန့်စင်ရေးစွမ်းရည်များသည် အလယ်အလတ် တာအိုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ကာ

ရီမိသားစုတစ်ခုလုံး ပိုမိုအင်အားကောင်းလာသည်။

အရှေ့ကောင်းကင်နိုင်ငံ၏ ဝိညာဉ်သွေးကြောများကို ပိုင်ဇယ်ကပြုပြင်ပေးထားသောကြောင့် ဝိညာဉ်စွမ်းအားများ ပိုမိုသိပ်သည်းလာသည်။ အဓိကအင်အားစုများက အရှေ့ကောင်းကင်နယ်မြေကို ယခင်ကကဲ့သို့ ထင်မြင်နေကြဆဲဖြစ်သောကြောင့် ဂရုမစိုက်ကြချေ။

ရီဖန်၏ဂူအိမ်အတွင်းတွင် ရီဖန်၏ရောင်ဝါသည် အင်မော်တယ်ဘုရင်နယ်မြေကို ကျော်လွန်ကာ ပိုမိုအားကောင်းလာသော်လည်း အဆင့်ကျော်ဖြတ်ခြင်းမရှိသေးချေ။ ရီဖန်၏အတွင်းတွင် ပျက်ဆီးခြင်းပုလဲသည် ဖြည်းညှင်းစွာပျော်ဝင်နေသည်။ ယခင်က ရီဖန်ပျက်ဆီးခြင်းပုလဲကို သန့်စင်ခဲ့စဉ်က ၎င်းသည်အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

ယခုတွင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် ပိုမိုအားကောင်းလာသောကြောင့် နောက်ဆုံးတွင် ပျက်ဆီးခြင်းပုလဲကို အပြည့်အဝသန့်စင်နိုင်ခဲ့သည်။

ရီဖန်သည် ၎င်း၏ကျင့်ကြံမှုအောင်မြင်ရန် ကြိုးပမ်းနေချိန်တွင် အချိန်အတော်ကြာပျောက်ကွယ်သွားသော ဗောဓိဘိုးဘေးက ရုတ်တရက်ပြန်ပေါ်လာသည်။

“ရှောင်ဖန်၊ အဆင့်မတက်သေးဘူးလား"

ဗောဓိဘိုးဘေးက ရီဖန်ပေါ်သို့ လက်ကိုတင်လိုက်ပြီးနောက် ရီဖန်၏ထိုးဖောက်မှုလမ်းကြောင်းသည် ချက်ချင်းပျောက်ကွယ်သွားကာ ရီဖန်သည်လည်း ကျင့်ကြံရာမှထွက်လာသည်။ ဗောဓိဘိုးဘေး၏ အသွင်အပြင်သည် ရီဖန်ကိုအံ့အားသင့်စေခဲ့၏။ သာမာန်လူများသည် ၎င်းတို့၏ကျင့်ကြံရေးထိုးဖောက်ခြင်း ပြတ်တောက်သွားပါက ဒေါသထွက်ကြမည်ဖြစ်သော်လည်း ရီဖန်သည် ဗောဓိဘိုးဘေးထံတွင် အကြောင်းပြချက်တစ်စုံတစ်ရာရှိမည်မှန်းသိသောကြောင့် အနှောက်အယှက်မဖြစ်ပေ။

"သခင်၊ ဘာလို့ဒီကိုရောက်နေတာလဲ!"

"ငါဘာလို့လာတယ်ထင်လဲ၊ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့အရာတစ်ခုခု ရှိနေလို့ပေါ့"

ဗောဓိဘိုးဘေးသည် စတုရန်းလက်မတောင်မှ အာရုံခံစားမှုကို ရုတ်တရက်ခံစားလိုက်ရကာ တွက်ချက်ကြည့်သောအခါတွင် ဤတပည့်နှင့် ဆက်စပ်မှုရှိနေသည်။ ဗောဓိဘိုးဘေးသည် သူ၍တပည့်များကို သီးသန့်ထားလေ့ရှိသော်လည်း

တပည့်၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် အရေးကြီးသောအရာတစ်ခု ပေါ်ပေါက်လာသောအခါတွင် ဗောဓိဘိုးဘေးသည် တာဝန်ကျေသူတစ်ဦးဖြစ်၏။ ဗောဓိဘိုးဘေး၏ စကားကိုကြားပြီးနောက် ရီဖန်သည် ခေါင်းကိုကုတ်လိုက်သည်။

ဗောဓိဘိုးဘေးက ဆက်မမေးတော့ဘဲ “မင်း ဒီလိုမျိုးအခွင့်အရေးရမယ်လို့ ငါမမျှော်လင့်ထားဘူး၊ မင်းရထားတဲ့ ရတနာကို လူတိုင်းမရနိုင်ဘူး၊ ကောင်းကင်ဘုံတာအိုလမ်းစဉ်ကို လိုက်ဖို့ ပြနေတာပဲကွ”

ဗောဓိဘိုးဘေး၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရီဖန်သည် ဤကောင်းကင်ဘုံတာအိုကို နားလည်သွားသည်။ ကောင်းကင်ဘုံတာအိုသည် စကြဝဠာတစ်ခုလုံးကို ပံ့ပိုးပေးသည် သာမန်ကျင့်ကြံသူများသည် ၎င်းကိုနားလည်ရန် အခွင့်အလမ်းမရှိပေ။

သို့ရာတွင် ကျင့်ကြံသူသည် စကြဝဠာအစတွင်တည်ရှိသော အမြုတေရတနာတစ်ခုကို ပိုင်ဆိုင်ပါက ၎င်းကိုမှီခိုအားထားခြင်းဖြင့် ကောင်းကင်ဘုံတာအိုကို နားလည်နိုင်ကာ အဆင့်ထိုးဖောက်နိုင်လိမ့်မည်ဖြစ်သည်။

မဟာတာအိုကို မည်မျှနက်ရှိုင်းစွာ နားလည်စေကာမူ ၎င်းသည် စကြာဝဠာ၏စည်းမျဉ်းများထဲမှ တာအိုမျှသာ ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံတာအိုသည် စကြဝဠာကို ကျော်ဖြတ်နိုင်ရန်အတွက် အာမခံနိုင်သည်။ မဟာတာအိုကိုကျင့်ကြံသူများသည် တာအိုဘိုးဘေးများ ဖြစ်လာနိုင်သည်။

သို့သော် တာအိုဘိုးဘေးများကြားတွင် စွမ်းအားကြီးသူများသည်သာ ကောင်းကင်ဘုံတာအိုကို ကျင့်ကြံနိုင်ကြသည်။ ကောင်းကင်တာအိုကို ကျင့်ကြံရန်အတွက် ကောင်းကင်ဘုံတာအိုရတနာကို လုံးဝပေါင်းစည်းကာ အဆင့်မကျော်ဖြတ်မီ ၄င်းတို့၏ ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုကို နားလည်ရမည်ဖြစ်သည်။ ကောင်းကင်ဘုံတာအိုနှင့် မဟာတာအိုအကြား ရွေးချယ်မှုအတွက် ရီဖန်က လုံးဝမတွန့်ဆုတ်ခဲ့ချေ။ အခွင့်အရေးရပါက သူကောင်းကင်ဘုံတာအိုကို ကျင့်ကြံမည်မှာ သေချာ၏။

သာမန်ကျင့်ကြံသူနှင့်နှိုင်းယှဉ်ပါက ရီဖန်သည် ကောင်းကင်တာအိုကို နားလည်ရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။ ပျက်ဆီးခြင်းပုလဲသည် ရီဖန်အတွက် စနစ်မှပေးသောဆုလာဘ်ဖြစ်ကာ ပေါင်းစည်းခြင်းအတွက် အခက်အခဲရှိလိမ့်မည်မဟုတ်ပေ။ ဗောဓိဘိုးဘေးက သန့်စင်ရာတွင်သတိထားရမည့် အသေးစိတ်အချက်များအကြောင်း သတိပေးပြီးနောက် ရီဖန်ကို စတုရန်းလက်မတောင်သို့ ထပ်မံဝင်ရောက်ခွင့်ပေးပြီး ထွက်ခွာသွားခဲ့သည်။

ရီဖန်သည် သူ့လက်ထဲတွင်ရှိသော စတုရန်းလက်မအမိန့်ကိုကြည့်ကာ စတုရန်းလက်မတောင်ပေါ်တွင် ပြန့်ကျဲနေသော ရတနာများကို တွေးမိရင်းပြုံးနေတော့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် အလျင်စလိုမလုပ်သင့်ဘဲ ရှာဖွေတွေ့ရှိပြီးနောက်တွင် သူ့သခင်ကို တုံ့ပြန်နိုင်မည့် အခွင့်အရေးမပေးဘဲ တစ်ခါတည်းလုပ်ဆောင်ရမည်ဖြစ်သည်။ ဗောဓိဘိုးဘေးကို ရီဖန်နားလည်ထားသည်မှာ သူရရှိပြီးသည်နှင့် ဗောဓိဘိုးဘေးကပြန်ယူလိမ့်မည်မဟုတ်ချေ။

စတုရန်းလက်မတောင်သို့ အပြန်လမ်းတွင် ဗောဓိဘိုးဘေးသည် ရုတ်တရက် သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကိုခံစားလိုက်ရကာ စောင့်ကြည့်ခံနေရသည်ဟုခံစားမိ၏။ မည်သူနည်း?

အနောက်အရပ်မှ ထိပ်ပြောင်ဘုန်းကြီးနှစ်ဦး ဖြစ်နိုင်သလား။ စွမ်းအားကြီးသော ဗောဓိဘိုးဘေးများပင်လျှင် သူ့ကိုကြံစည်နေသူမှာ မိမိတပည့်သာဖြစ်ကြောင်း မစဉ်းစားနိုင်ခဲ့ချေ။

၎င်း၏ယဉ်ကျေးသိမ်မွေ့သည့် တပည့်များထဲမှ ရီဖန်ကဲ့သို့သောသူတစ်ဦး ထွက်ပေါ်လာရန် မမျှော်လင့်ထားချေ။ ရီဖန်အကြောင်းစဉ်းစားရင် ဗောဓိဘိုးဘေးမှာ ကူကယ်ရာမဲ့ဖြစ်သွားသည်။ ကျင့်ကြံမှုအားကောင်းလေ မျိုးနွယ်စုတစ်ခုမှ ကျင့်ကြံသူ၏အယူအဆသည် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ခွဲခွာခြင်းကို သက်သေခံပြီးနောက် ပို၍လောဘနည်းလာသင့်သော်လည်း ရီဖန်၊ ဤတပည့်သည် ခြွင်းချက်ဖြစ်၏။

၎င်းသည် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းထက် မိသားစုကိုကျင့်ကြံရန် ပို၍စိတ်အားထက်သန်သည်။ ထိုအပြုအမူသည် ရီဖန် အတွက် ကံကောင်းမှု သို့မဟုတ် ကံဆိုးမှုကို ယူဆောင်လာမည်လားဟု သူမသေချာပါချေ။

ပျက်ဆီးခြင်းပုလဲကို ပြန်လည်သန့်စင်ပြီးနောက် ၎င်းကို ကိုယ်ပိုင်စွမ်းအားအဖြစ်ပေါင်းစပ်ရမည်။ ရီဖန် ဒန်ထျန်းသည် ကျယ်ပြန့်သောကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းထဲတွင်သတ္တဝါများစွာရှိသည်။ ထို့အပြင် ၎င်းတို့်သည် ပြီးပြည့်စုံသောစကြာဝဠာတစ်ခုအဖြစ်သို့ စတင်ပြောင်းလဲနေပြီဖြစ်သည်။

တာအိုဘိုးဘေးများပင်လျှင် မဟာကမ္ဘာတစ်ထောင်ကိုဖန်တီးရန်မဆိုထားနှင့် စကြဝဠာကြီးကို ကိုယ်တိုင်ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။ ရီဖန်ကဲ့သို့သော လူမိုက်တစ်ယောက်ကသာ စနစ်၏အကူအညီဖြင့် နက်နဲအင်မော်တယ်နယ်မြေအဆင့်ရှိ စကြဝဠာတစ်ခုဖန်တီးခဲ့သည်။

ပျက်ဆီးခြင်းပုလဲကို လုံးဝသန့်စင်သွားသောအခါတွင် ရီဖန်သည် ဗောဓိဘိုးဘေးဖော်ပြခဲ့သော ကောင်းကင်ဘုံတာအိုကို လက်ခံနားလည်ပြီးဖြစ်သည်။ မူလနိယာမ၏ မဟာတာအို၊ မူရင်းနိယာမ၏ ကောင်းကင်ဘုံတာအို။ ဤအခိုက်အတန့်တွင်၊ မူလနိယာန၏ ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုကို ရီဖန် လုံးဝနားလည်ခဲ့သည်။ သူသည် ယခုမှစတင်ခဲ့သော်လည်း အင်မော်တယ်ဘုရင်နယ်မြေသို့ ထိုးဖောက်ရန် လုံလောက်နေပြီဖြစ်သည်။

"စနစ်၊ ငါတို့နားဖို့လိုတယ်!" ဆယ်စုနှစ်များစွာတောင့်ခံပြီးတောက် ရီဖန်သည် ယခုအချိန်တွင် အနားယူရန်ထပ်မံတောင်းဆိုခဲ့သည်။ အင်မော်တယ်ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်နိုင်သော အရှိန်အဟုန်သည် ရီဖန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရီမိသားစုရှိ လက်ရှိနက်နဲသောအင်မော်တယ် အရေအတွက်အရ ရီဖန်၏အောင်မြင်မှုသည် နယ်ပယ်ငယ်လေးတစ်ခုမျှမဟုတ်သည်မှာ သေချာ၏။

၎င်းသည် အင်မော်တယ်ဘုရင်နယ်မြေမှ ခြေတစ်လှမ်းသာ ဝေးတော့သည်။ ရီမိသားစုတွင် နက်နဲအင်မော်တယ်အချို့ထပ်ရှိလာပါက ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေနှောင်းပိုင်းသို့ တိုက်ရိုက်ချိုးဖျက်နိုင်လိမ့်မည်။ အင်မော်တယ်ဘုရင်အဆင့်သို့ရောက်ရှိပြီးနောက် ရီဖန်၏ခွန်အားများ တစ်ဟုန်ထိုးတိုးလာသည်။

နက်နဲအင်မော်တယ်နယ်မြေတွင်ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက လက်ရှိအခက်အခဲကိုတစ်ခဏအတွင်း ဖြေရှင်းနိုင်လိမ့်မည်။ ၎င်းသည် ကျင့်ကြံရေးအဆင့်တိုးလာခြင်းကြောင့် တစ်စိတ်တစ်ပိုင်းပါသော်လည်း အဓိကအကြောင်းအရင်းမှာ ရီဖန်နားလည်သဘောပေါက်ထားသော ကောင်းကင်ဘုံတာအိုကြောင့်ဖြစ်သည်။ မူလနိယာမ၏ ကောင်းကင်ဘုံတာအိုအနည်းငယ်သည် မူလနိယာမ မဟာတာအိုဆယ်ခုနှင့်တူညီ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတာအိုကို ကျင့်ကြံသူများသည် တူညီသောနယ်ပယ်၌ရှိသူများကြားတွင် အသန်မာဆုံးဖြစ်သည်။ မူလနိယာမ မဟာတာအို ကျင့်ကြံသူများသည် ဆယ်ယောက်တစ်ယောက် ဆန့်ကျင်တိုက်ခိုက်ခြင်းကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။

ထို့နောက်တွင် ရီဖန်လုပ်ရမည့်အရာမှာ သူနားလည်ထားသည့် မူလနိယာမကောင်းကင်တာအိုကို အဆက်မပြတ် ပြီးပြည့်စုံအောင်လုပ်ရန်ဖြစ်သည်။ မူရင်းနိယာမကောင်းကင်ဘုံတာအိုကို အပြည့်အဝနားလည်သွားသောအခါတွင် အင်မော်တယ်ဧကရာဇ်နယ်မြေကို ဖြတ်ကျော်ရန် အချိန်ကျရောက်လာမည်ဖြစ်၏။

သို့သော် မူလနိယာမကောင်းကင်ဘုံတာအို၏ ပြည့်စုံမှုသည် မူလနိယာမမဟာတာအိုထက် ဆယ်ဆပိုမိုခက်ခဲသည်ဖြစ်ရာ အင်မော်တယ်ဧကရာဇ်နယ်မြေကို ဖြတ်ကျော်ရန် လွယ်ကူမည်မဟုတ်ပေ။ အနည်းဆုံး နှစ်ထောင်ချီ ကြာလိမ့်မည်။ ကျင့်ကြံရေးအောင်မြင်မှုများအပြင် ရီဖန် ၏ ဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း၊ အခင်းအကျင်းနှင့် အခြားစွမ်းရည်များသည်လည်း ထိပ်တန်းတာအိုအဆင့်သို့ ရောက်ရှိခဲ့သည်။

သူ ထိုထက်ပိုစွမ်းဆောင်နိုင်လာပါက ဒဏ္ဍာရီလာ သူတော်စင်အဆင့်သို့ရောက်ရှိလိမ့််မည်ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်၏လက်ထဲတွင်ပင် သူတော်စင်အဆင့်ပစ္စည်းများသည် ဝှက်ဖဲများဖြစ်လာနိုင်၏။ သူတော်စင်တိုက်ခိုက်ရေးဥပဒေအဆင့်ကို ကျော်ဖြတ်ရန်မှာလုံးဝ မလွယ်ကူချေ။

ရီဖန်၏အောင်မြင်မှုကို လူထုထံမချပြထားသော်လည်း အရှေ့ကောင်းကင်နယ်မြေ၏ ပြန်လည်ထူထောင်ရေးသည် တပ်ဖွဲ့အချို့၏ အာရုံစိုက်မှုကိုခံခဲ့ရသည်။

……………….

အခန်း ၂၅၁ - တာ့ယွီအင်မော်တယ်မင်းဆက်

အမှိုက်တစ်စကို မည်သူကမှ ဂရုစိုက်မည်မဟုတ်သော်လည်း ၎င်းက ရတနာအဖြစ် ပြောင်းလဲသွားသည့်အခါ မည်မျှပင်ဖုံးကွယ်ထားစေကာမူ လူတိုင်းက မျက်စိကျလာတတ်ကြ၏။ အရှေ့ကောင်းကင်နယ်မြေသည် ယခုအချိန်တွင် အနည်းငယ်တိုးတက်လာသော်လည်း အခြားသော အဓိကပြည်နယ်လေးခုနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသောကွာဟချက်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဤကွာဟချက်သည် အင်အားစုကြီးများ၏ အာရုံကိုဆွဲဆောင်ရန် လုံလောက်သည်။ အထူးသဖြင့် အရှေ့ကောင်းကင်နိုင်ငံကို အထူးစိတ်ဝင်စားသော အင်မော်တယ်မင်းဆက်အချို့ပင်။

မင်းဆက်တစ်ခုကြီးထွားလိုပါက ၎င်း၏အင်အားကိုမြှင့်တင်ရန်သာမကဘဲ ၎င်း၏နယ်မြေသည် အခြားသောအင်အားစုများထက် ပိုမိုကြီးမားရန်လိုအပ်သည်။ လက်ရှိတွင် ထိပ်တန်းပြည်နယ်ငါးခု၏ နယ်မြေအများစုကို အခြားအင်အားစုများက သိမ်းပိုက်ထားသည်။ အင်အားကြီးမင်းဆက်များပင်လျှင် ၎င်းမျှခြေကို ချိုးဖျက်ရန်တွန့်ဆုတ်နေကြ၏။

သို့သော်လည်း အရှေ့ကောင်းကင်နိုင်ငံတွင် တာ့ယွီမင်းဆက်ရှိနေသည်မှလွဲ၍ အခြားအင်အားစုများမရှိသောကြောင့် အခြားမင်းဆက်များအတွက် စံပြနေရာတစ်ခုဖြစ်လာသည်။ မကြာမီတွင် မင်းဆက်အားလုံးသည် အရှေ့ကောင်းကင်ပြည်နယ်သို့ ကင်းထောက်များစေလွှတ်ကာ ဤသို့ပြန်လည်ကောင်းမွန်လာသည်အထိ ထိုနေရာ၌ဖြစ်ပျက်ခဲ့သမျှကိုရှာဖွေရန်အတွက် စိတ်အားထက်သန်စွာတူးဆွလာကြသည်။

အရှေ့ကောင်းကင်ပြည်နယ်ရှိ ဝိညာဉ်သွေးကြောအများစုသည် စုန်းမျိုးနွယ်စုထံမှ ဖျက်ဆီးခံလိုက်ရကြောင်း သူတို့သေချာပေါက်သိသောကြောင့် ၎င်းတို့ပြုပြင်ခဲ့သည့်နည်းလမ်းကို စိတ်ဝင်စားနေကြသည်။ ဝိညာဉ်သွေးကြောများကိုပြုပြင်ရန် နည်းလမ်းရရှိလျှင် မင်းဆက်အားလုံးအတွက် သိသာထင်ရှားသော ခြားနားချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

မင်းဆက်အဆင့်သို့ လောလောလတ်လတ်ကျော်ဖြတ်သွားသော တာ့ယွီမင်းဆက်နှင့်ပတ်သက်၍ ၎င်းတို့ကများစွာဂရုမစိုက်ကြပေ။ ချန်မင်ကမ္ဘာရှိမင်းဆက်များကို ထိပ်တန်းတပ်များအဖြစ် မသတ်မှတ်ထားသည့်အပြင် အင်မော်တယ် ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်များမရှိသော်လည်း အင်မော်တယ်ဘုရင်များသည် အသစ်တည်ထောင်ထားသည့် မင်းဆက်များအတွက် ခံနိုင်ရည်ရှိမည့်အရာမဟုတ်ချေ။

"လူများများစေလွှတ်ပြီးတော့ တာ့ယွီမင်းဆက်နဲ့ ပြဿနာတက်အောင်လုပ်လိုက်" သဘောထားကွဲလွဲမှုမရှိလျှင် ပဋိပက္ခကို မည်သို့စတင်နိုင်မည်နည်း။ မင်းဆက်များမှ ကျင့်ကြံသူများသည် ၎င်းတို့၏လုပ်ရပ်များအတွက် ဆင်ခြေအမြဲရှာဖွေလိုကြသည်။

တာ့ယွီမင်းဆက်တွင် ရှီထျန်းရွှေအင်မော်တယ်သည် ရီရှောင်းရှောင်းထဲသို့ အလျင်အမြန်ရောက်လာသည့်အချိန်တွက် ရီရှောင်းရှောင်းသည် စာရွက်စာတမ်းများကိုဖြေရှင်းနေ၏။

"ဧကရီ၊ ရွှမ်ထျန်းနဲ့ ဟွမ်းရှီမင်းဆက်တွေက ငါတို့ဘက်ကို ကျူးကျော်ဖို့ကြံစည်နေပုံပဲ”

“အိုး!” ရီရှောင်းရှောင်းရုတ်တရက် စိတ်ဝင်စားသွားသည်။

"မင်းဆက်နှစ်ဆက်က ငါတို့ကိုဆန့်ကျင်ဖို့စီစဉ်နေတာ သက်သေရှိလား" ရီရှောင်းရှောင်းကမေးသည်။

"ငါတို့မှာ သက်သေရှိတယ်!" ရှီထျန်း၏စကားကိုကြားသောအခါ ရီရှောင်းရှောင်း သည် စာရွက်စာတမ်းများကိုပြန်လည်သုံးသပ်ခြင်းအား ရပ်တန့်လိုက်သည်။ သက်သေရှိနေခြင်းသည် အလွန်ကောင်း၏။ တစ်စုံတစ်ယောက်က သူမ၏ အိမ်တံခါးဝသို့ အံ့သဩဖွယ်ရာတစ်ခုခုကို ပို့ဆောင်ပေးလာမည်ဟု သူမမမျှော်လင့်ထားပေ။

မင်းဆက်နှစ်ဆက်က အကြောင်းပြချက်ပေးထားပြီးဖြစ်သည့်အတွက် တာ့ယွီမင်းဆက်ကလက်မခံလျှင် မလေးစားရာကျနေတော့မည်။ “တပ်ဖွဲ့ကို စုစည်းပြီးတော့ လှုပ်ရှားဖို့ပြင်ဆင်ကြ”

ရီရှောင်းရှောင်း စတင်လှုပ်ရှားသောအခါတွင် သူမသည် အပေါ်ယံမျှသာလုပ်ဆောင်လိမ့်မည်မဟုတ်ချေ။ ထိုမင်းဆက်များက အကွက်ရွှေ့ရန် အကြောင်းပြချက်လိုအပ်သော်လည်း ရီရှောင်းရှောင်းအတွက် အကြောင်းပြချက်တစ်ခုမှ မလိုအပ်ပေ။ ‘မင်းကိုဖျက်ဆီးမယ်လို့ပြောရင် ဘာအကြောင်းကြောင့်နေနေ သေချာပေါက်ဖျက်ဆီးပစ်မှာ’

တာ့ယွီမင်းဆက်တစ်ခုလုံး ချက်ချင်းလှုပ်ရှားခဲ့ကြသည်။ မင်းဆက်အဆင့်သို့ မြှင့်တင်ပြီးနောက် တပ်ဖွဲ့ဆယ်ခုကို ထပ်မံတိုးချဲ့လာခဲ့သည်။ တပ်ဖွဲ့တစ်ခုစီတွင် ကျင့်ကြံရေးအဆင့်မြင့်မားသော တပ်သားတစ်သန်းရှိကာ ခေါင်းဆောင်များသည် ရွှေအင်မော်တယ်နယ်မြေ ကျင့်ကြံသူများဖြစ်ကြ၏။

အကယ်၍ ၎င်းတို့ကို တပ်ဖွဲ့အခင်းအကျင်းအဖြစ် စုစည်းလိုက်ပါက နက်နဲအင်မော်တယ်ကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။ ရီမိသားစု၏ ကျောထောက်နောက်ခံဖြင့် လက်ရှိတာ့ယွီမင်းဆက်သည် အင်မော်တယ်ဧကရာဇ်တစ်ပါးကိုပင် ရင်ဆိုင်ရဲသည်။

မကြာမီတွင် မင်းဆက်နှစ်ဆက်သည် တာ့ယွီမင်းဆက်၏လှုပ်ရှားမှုများကို သိရှိသွားကြသည်။

တာ့ယွီမင်းဆက်သည် ၎င်းတို့၏နယ်မြေများနှင့် နီးကပ်လာကြောင်း မြင်လိုက်ရသဖြင့် မင်းဆက်နှစ်ဆက်၏ဘုရင်များ အံသြသွားကြသည်။ တာ့ယွီမင်းဆက်သည် ဤမျှချက်ချင်းတုံ့ပြန်နိုင်သလား။

တာ့ယွီမင်းဆက်၏ နည်းပရိယာယ်များသည် မင်းဆက်နှစ်ဆက်ကို အတန်ငယ်ဆွံ့အစေခဲ့သည်။ သို့သော် တာ့ယွီမင်းဆက်သည် စတင်လှုပ်ရှားလာသောကြောင့် မင်းဆက်နှစ်ဆက်သည် ယခုအချိန်မှ ၎င်းတို့၏အမှားများကို ဝန်ခံ၍မရတော့ချေ။ ယခုအချိန်ထိတိုင်အောင် မင်းဆက်နှစ်ဆက်သည် အသစ်စက်စက်တာ့ယွီမင်းဆက်ကို အလေးအနက်မထားသေးပေ။ တကယ့်တိုက်ပွဲဖြစ်လာလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည်မဟုတ်။

ရီရှောင်းရှောင်းသည် တိုက်ပွဲကိုကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ကာ သူမ၏ကျင့်ကြံမှုအဆင့်သည် နက်နဲအင်မော်တယ်ဘုံသို့ ဖြတ်ကျော်သွားပြီးဖြစ်သည်။ အရှေ့ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်သည်ပင် နက်နဲအင်မော်တယ်နယ်မြေသို့ ရောက်ရှိသွား၏။

သူ့နောက်ကွယ်တွင် လူသားဧကရာဇ်ကျမ်းဂန်ရှိသောကြောင့် ရီရှောင်းရှောင်းသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှကြောက်ရွံ့ခြင်းမရှိပေ။

အလောတကြီးချီတက်လာသော တာ့ယွီမင်းဆက်ကြောင့် မင်းဆက်နှစ်ဆက်စလုံးသည် ၎င်းတို့၏တပ်များကို နယ်နိမိတ်တွင်စုရုံးလိုက်ကြကာ တာ့ယွီမင်းဆက်ထံသို့ ဦးတည်ချီတက်လာကြသည်။

မင်းဆက်များသည် ၎င်း၏နယ်မြေအတွင်း စစ်ပွဲအဖြစ်ခံလိမ့်မည်မဟုတ်ချေ။ စစ်ပွဲတွင်အောင်ပွဲခံနိုင်လျှင်ပင် အပျက်အစီးများ ကျန်ရစ်လိမ့်မည်။ ကျင့်ကြံသူများ၏အရှိန်ဖြင့် ချီတက်လာသောကြောင့် မင်းဆက်နှစ်ဆက်မှကျင့်ကြံသူများသည် တာ့ယွီမင်းဆက်၏တပ်ဖွဲ့နှင့် လျင်မြန်စွာကြုံတွေ့ခဲ့သည်။

"တာ့ယွီမင်းဆက်ရဲ့တပ်ကို အရင်ချေမှုန်းကြမယ်။ ပြီးရင် အရှေ့ကောင်းကင်ဘုံနယ်မြေကို ခွဲယူကြတာပေါ့” မင်းဆက်နှစ်ဆက်ကိုဦးစီးသည့် ဗိုလ်ချုပ်များသည် အလွန်ယုံကြည်ချက်ရှိနေကြကာ တာ့ယွီမင်းဆက်၏တပ်ဖွဲ့ကို အဝေးမှလှမ်းကြည့်ပြီးနောက် ၎င်းတို့၏တိုက်ပွဲဝိညာဉ်သည် ၎င်းတို့ထံဦးတည်သွားခဲ့သည်။

"လာကြစမ်းပါ!" တိုက်ပွဲစိတ်ဓာတ်များကို စစ်သူကြီးတိုင်း၏အရိုးထဲထိ နက်ရှိုင်းစွာ ရိုက်သွင်းထား၏။

တာ့ယွီမင်းဆက်သည် ယခုတစ်ကြိမ်တွင် ကြယ်တစ်သောင်းတပ်နှင့် ဖီးနစ်အမျိုးသမီးတပ်ဖွဲ့အပါအဝင် တပ်ဖွဲ့ငါးခုတပ်စွဲထားသည်။

"တိုက်ပွဲဝိညာဉ်တွေ!"

ရှင်းထျန်း၊ ကြယ်တာရာဖီးနစ်။ တိုက်ပွဲဖြစ်ရာ အထက်ကောင်းကင်ယံ၌ စွမ်းအားကြီးတိုက်ပွဲဝိညာဉ်နှစ်ဦးပေါ်လာကာ တစ်ဦးစီကို မင်းဆက်တစ်ခုစီအား တိုက်ခိုက်ရန်တာဝန်ပေးထားသည်။ ရီရှောင်းရှောင်းသည် ဖီးနစ်ရှောင်းရှောင်းပေါ်မှ လိုက်ပါလျက် တပ်စွဲထားသော ရန်သူမင်းဆက်များ၏တပ်ကို အဝေးမှမျှော်ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။

”အားလုံး တိုက်ခိုက်ကြ!"

"သူတို့ကို ရှင်းပစ်လိုက်!"

ရွှမ်ထျန်းအင်မော်တယ်မင်းဆက်မှ အဆင့်မြင့်ဗိုလ်ချုပ်ကြီးဦးဆောင်လာသော တိုက်ပွဲဝိညာဉ်များသည် အရှေ့ဘက်ကောင်းကင် ရွှေအင်မော်တယ်ဦးဆောင်သော ကြယ်တစ်သောင်းတပ်ဖွဲ့နှင့် ရင်ဆိုင်ခဲ့သည်။ ရွှမ်ထျန်းတိုက်ပွဲဝိညာဉ်များဖြင့် ပုံဖော်ထားသည့် ရွှမ်ထျန်းနတ်ဘုရားမသည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်မှဖြစ်၏။ သူမ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ အဆုံးမဲ့ဒီရေလှိုင်းများသည် ကြယ်တစ်သောင်းတပ်ဖွဲ့ထံသို့ တိုးဝင်လာကြသည်။

အရှေ့ဘက်ကောင်းကင်ရွှေအင်မော်တယ်က တိုက်ပွဲဝိညာဉ်ကိုထိန်းချုပ်ထားလျက် ၎င်း၏ဒိုင်းဖြင့်ကာထားလိုက်သည်။ ရှင်းထျန်း၏ အကြီးမားဆုံးအင်အားကို ပြသနိုင်သောလက်နက်သည် ပုဆိန်နှင့် ဒိုင်းဖြစ်ကာ သူ၏လက်ထဲတွင်ရှိသော "ဂန်း"သည် ဒိုင်းကိုရည်ညွှန်းထားခြင်းဖြစ်သည်။

ဒိုင်းကိုကိုင်မြှောက်လိုက်သည်နှင့် အရာအားလုံးကို ဖျက်ဆီးနိုင်သည်အထိ အင်အားကြီးမားသော ကြယ်တာရာရေလှိုင်းသည် ကြယ်တစ်သောင်းစစ်တပ်၏ရှေ့တွင် ချက်ချင်းပိတ်ဆို့ခံလိုက်ရသည်။ ထို့နောက် ရှင်းထျန်းတိုက်ပွဲဝိညာဉ်သည် ၎င်းလက်ထဲရှိပုဆိန်ကို ထုတ်ယူလိုက်ရာ အရှည်ပေတစ်သောင်းရှိသည့် ပုဆိန်၏ရောင်ဝါသည် ကောင်းကင်ကိုဖြတ်သန်းသွားလျက် ရွှမ်ထျန်းနတ်ဘုရားမတိုက်ပွဲဝိညာဉ်၏ ကိုယ်ထည်ထဲသို့ ဖောက်ထွင်းဝင်ရောက်သွားသည်။

ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ဘက်မှ တုံ့ပြန်နိုင်သည့်အချိန်တွင် အလွန်နောက်ကျသွားပြီဖြစ်၏။ ၎င်းတို့၏ဂုဏ်ယူဝင့်ကြွားဖွယ် ကြယ်တာရာရေလှိုင်းသည်လည်း ပုဆိန်အောက်တွင် တို့ဟူးတုံးကဲ့သို့ ကြေမွသွားသည်။ ပုဆိန်သည် ၎င်းတို့၏ကိုယ်ခန္ဓာပေါ်သို့ ဖောက်ထွင်း၍ ၎င်းတို့၏စိတ်ဝိညာဉ်များ ချေမှုန်းခံရသည့်အချိန်ထိ မတုံ့ပြန်နိုင်ပေ။ ၎င်းပုဆိန်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်တပ်ဖွဲ့သုံးပုံတစ်ပုံကို တိုက်ရိုက်ရှင်းလင်းလိုက်သည်။

ရုတ်တရက်တိုက်ခိုက်မှုက ရွှမ်ထျန်းဗိုလ်ချုပ်ကြီးများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ဤထူးဆန်းသော တိုက်ပွဲဝိညာဉ်သည် အဘယ်ကြောင့် ဤမျှစွမ်းအားကြီးမားနေမှန်း အံ့ဩနေကြ၏။ တိုက်ပွဲဝိညာဉ်များတွင် မတူညီသောအဆင့်များရှိကြကာ ရွှမ်ထျန်းနတ်ဘုရားမတိုက်ပွဲဝိညာဉ်သည် အခြားသော အင်မော်တယ်မင်းဆက်၏ တပ်ဖွဲ့များနှင့် ရင်ဆိုင်ရာတွင် ထိပ်တန်းအဆင့်အဖြစ်သတ်မှတ်နိုင်သည်။

သို့သော် တာ့ယွီအင်မော်တယ်မင်းဆက်ကို ရင်ဆိုင်ရာ၌ အဘယ်ကြောင့် ဤမျှအားနည်းသွားရသနည်း။ ၎င်းတို့၏တပ်သားသုံးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရသည့်အတွက် ၎င်းတို့၏အဆင့်ကို ချက်ချင်းပြိုကျသွားစေခဲ့သည်။ တိုက်ပွဲဝိညာဉ်ကို တစ်ဖန်ပြန်လည်စုစည်းရန်အတွက် အချိန်လိုအပ်သော်လည်း တာ့ယွီအင်မော်တယ်မင်းဆက်က ၎င်းတို့အတွက် အချိန်ပေးမည်လား။

ထိုအချိန်တွင် အခြားတပ်ဖွဲ့များက ၎င်းပြိုလဲသွားခြင်းကို အခွင့်ကောင်းယူကာ တစ်ယောက်ပြီးတစ်ယောက်စတင်လိုက်ခိုက်လာကြသည်။ ထိုအတောအတွင်း ကောင်းကင်နှင့်မြေပြင်ပေါ်တွင် ကြေကွဲဖွယ်အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။ များပြားသောသွေးရနံ့သည် လူတိုင်းကို မသက်မသာခံစားရစေခဲ့သည်။

တစ်ဖက်တွင် ဟွမ်းရှီအင်မော်တယ်မင်းဆက်၏တပ်ဖွဲ့သည် ရွှမ်ထျန်းထက်အခြေအနေထက် ကောင်းမွန်ခြင်းမရှိခဲ့ချေ။ ၎င်းတို့သည် ဖီးနစ်အမျိုးသမီးတပ်ဖွဲ့မှ အသွင်ပြောင်းထားသည့် ကောင်းကင်ဖီးနစ်တပ်ဖွဲ့ဝိညာဉ်ကိုရင်ဆိုင်ရာမှ ကောင်းကင်ကိုးဘုံနတ်မီး၏အောက်တွင် လောင်ကျွမ်းလျက်ငိုကြွေးနေကြရသည်။

ဤမြင်ကွင်းသည် လျှို့ဝှက်စွာစောင့်ကြည့်နေသော အခြားသော အင်မော်တယ်အင်ပါယာများမှ ထောက်လှမ်းရေးများကို ဆွံ့အသွားစေခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်ကို ယခုမှတည်ထောင်ခဲ့ခြင်း မဟုတ်လား။ ၎င်းတို့၏အမြင်အရ ဤတိုက်ပွဲသည် အနည်းဆုံး အချိန်တစ်ခုကြာသင့်သော်လည်း ယခုတွင် ထိပ်တိုက်ရင်ဆိုင်မှုတစ်ကြိမ်သာဖြစ်ပွါးခဲ့ပြီးနောက် အင်အားအကြီးဆုံးအင်မော်တယ်မင်းဆက်နှစ်ခုလုံး ပြိုလဲသွားခြင်းက ၎င်းတို့၏စိတ်ကူးနှင့် လုံးဝမတူပေ။

"ပြန်သွားပြီး ချက်ခြင်းသတင်းပို့၊ တာ့ယွီ အင်မော်တယ်မင်းဆက်ရဲ့စွမ်းအားက ထောက်လှမ်းရေးမှာပြောထားတာနဲ့ မတူနေဘူးကွ"

"အစီအစဉ်ကိုရပ်ထား၊ ပြန်သွားပြီး သတင်းပို့ချေ!"

ထိုထောက်လှမ်းရေးများထဲမှ အများစုသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ဒုက္ခပေးရန်စီစဉ်ထားကြသော်လည်း ယခုတွင် ၎င်းအစီအစဉ်များ လုံးဝပျောက်ကွယ်သွားရလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည်လည်း အင်မော်တယ်မင်းဆက်နှစ်ဆက်ကဲ့သို့ အဆုံးမသတ်လိုကြချေ။ ဤတပ်ဖွဲ့နှစ်ခုသည် မင်းဆက်နှစ်ဆက်၏အဓိကအင်အားစုများဖြစ်သည်။

အကယ်၍ ၎င်းတို့ချေမှုန်းခံလိုက်ရပါက အင်မော်တယ်နှစ်ဦး၏အခြေအနေသည် ဤမျှလောက် ကောင်းမွန်မည်မဟုတ်ပေ။ အကယ်၍ အဓိကတပ်ဖွဲ့များသည် တာ့ယွီအင်မော်တယ်မင်းဆက်နှင့် မယှဉ်နိုင်ပါက ၎င်းတို့၏အခြားတပ်များသည်လည်း အခြေအနေကောင်းလိမ့်မည်မဟုတ်ချေ။

သို့သော် ၎င်းတို့၏အမြင်တွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် အင်မော်တယ်မင်းဆက်နှစ်ဆက်လုံးကို သုတ်သင်သည်အထိ လုပ်လိမ့်မည်မဟုတ်တန်ရာ။ နေရာတိုင်းတွင် စည်းမျဉ်းစည်းကမ်းများရှိကာ အင်မော်တယ်မင်းဆက်နှစ်ဆက်၏နောက်ခံအင်အားစုရှိသေးသည်။

တိုက်ပွဲလျင်မြန်စွာပြီးဆုံးသွားပြီးနောက် မင်းဆက်နှစ်ဆက်၏ကျင့်ကြံရေးသမားများသည် အသက်လုကာ အနိုင်နိုင်ပြေးသွားကြရသည်။ တိုက်ပွဲအပြီးတွင် တာ့ယွီတပ်ဖွဲ့များသည် စစ်မြေပြင်ကို လျင်မြန်စွာစတင်ရှင်းလင်းလိုက်ကြ၏။ တာ့ယွီမင်းဆက်သည် စစ်မြေပြင်ကိုသန့်ရှင်းရေးလုပ်ပြီးနောက် ပြန်ဆုတ်သွားလိမ့်မည်ဟု ထင်ထားကြသော်လည်း ၎င်းတို့သည် အင်မော်တယ်မင်းဆက်နှစ်ဆက်၏နယ်မြေဆီသို့ တိုက်ရိုက်ချီတက်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

၎င်းတို့က သူသေကိုယ်သေတိုက်ခိုက်ရန် ရည်ရွယ်ထားကြပါသလား။ တာ့ယွီ၏ရည်ရွယ်ချက်ကို တိတိကျကျမသိသော်လည်း တောင်ပိုင်းနှင့် အနောက်ပိုင်းကောင်းကင်နယ်မြေတို့ မျက်ခုံးလှုပ်နေကြမည်မှာ သေချာသည်။

အင်မော်တယ်မင်းဆက်နှစ်ခုမှ ကျင့်ကြံသူများသည် တိုက်ပွဲမှထွက်ပြေးသွားပြီးနောက် ၎င်းတို့နယ်မြေဆီသို့ ပြန်သွားကြသည်။ ကျဉ်းထဲကျပ်ထဲ ကိုယ်လွတ်ရုန်းလာကြသော ကျင့်ကြံသူများသည် ၎င်းတို့၏အင်မော်တယ်ဘုရင်များထံသို့ သတင်းကို့ရန် ပြန်ပြေးသွားကြ၏။ ၎င်းတို့၏ အင်အားအကြီးဆုံးတပ်ဖွဲ့များ ချေမှုန်းခံလိုက်ရကြောင်းကြားသည့်အခါတွင် အင်မော်တယ်မင်းဆက်နှစ်ခုမှ ဘုရင်များသည် အလွန်အသည်းကွဲသွားသောကြောင့် အသက်ပင်မရှူနိုင်တော့ချေ။

“တာ့ယွီအင်မော်တယ်က ဘယ်လိုတောင် လုပ်ရဲတာလဲကွ!” ရွှမ်ထျန်းနိုင်ငံ၏ဘုရင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“အရှင်၊ အခုက စိတ်တိုနေရမယ့်အချိန်မဟုတ်သေးပါဘူး၊ တာ့ယွီမင်းဆက်ရဲ့တပ်ဖွဲ့က ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို ဦးတည်ချီတက်လာနေပါတယ်”

အရာရှိမင်း၏ စကားကိုကြားသည့်အခါတွင် ရွှမ်ထျန်းနိုင်ငံ၏ဘုရင်သည် ၎င်းအပေါ်မှ ရေခဲရေတစ်ပုံးလောင်းကျလိုက်သကဲ့သို့ အေးစက်သွားသည်။ တာ့ယွီမင်းဆက်သည် တပ်ဖွဲ့များကိုချေမှုန်းပြီးသည်နှင့် ရပ်တန့်မသွားဘဲ ၎င်းတို့၏မင်းဆက်နယ်မြေများကို ပစ်မှတ်ထားနေသလား။

ယနေ့မတိုင်မီအထိ တာ့ယွီမင်းဆက်က ၎င်းတို့ကိုတိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း လာပြောပါက သူဟားတိုက်ရယ်မောမိမည်ဖြစ်သော်လည်း ယခုအချိန်တွင် အင်အားကြီးရွှမ်ထျန်းတပ်ဖွဲ့သည် ၎င်းတို့လက်ထဲတွင် ကျဆုံးသွားပြီဖြစ်ရာ ရွှမ်ထျန်းခမျာ ရယ်ပင်မရယ်နိုင်တော့ပေ။

“မင်းတို့မှာ အဖြေတစ်ခုခုများရှိသလား”

ရွှမ်ထျန်းနိုင်ငံဘုရင်သည် အာဏာရှင်တစ်ဦးမဟုတ်သော်လည်း လက်ရှိတွင် သူကိုယ်တိုင်ကိုက ဤအခြေအနေများကို မည်သို့ဖြေရှင်းရမည်ကို မသိတော့ချေ။

“အရှင်၊ ကျွန်တော်တို့ အခုလုပ်ရမှာက တာ့ယွီမင်းဆက်ကို ရပ်တန့်ဖို့ကြိုးစားရမှာပါ။ ကျွန်တော် အကြံပေးချင်တာတော့ လက်ဆောင်ပဏ္ဏာတချို့နဲ့ ညှိနှိုင်းခိုင်းရင်ရော ဘယ်လိုသဘောရပါသလဲ”

“လက်ဆောင်ဆက်သပြီးတော့ ညှိနှိုင်းရမှာလား”

ရွှမ်ထျန်းနိုင်ငံဘုရင်၏ မျက်နှာမှာ ပို၍ပင်မည်းတူးသွား၏။ အသစ်စက်စက်တည်ထောင်ထားသော တာ့ယွီမင်းဆက်ကို လက်ဆောင်ဆက်သညှိနိုင်းရခြင်းက ရွှမ်ထျန်းအင်ပါယာကို သိက္ခာကျစေလိမ့်မည်။ အထူးသဖြင့် ၎င်းတို့ကိုယ်တိုင်စတင်ခဲ့သည့်အခြေအနေများကို ကျောခိုင်းလျက် ယခုအချိန်မှ ငြိမ်းချမ်းရေးတောင်းဆိုလိုက်ပါက အခြားမင်းဆက်များ၏လှောင်ရယ်ခြင်းကို နှစ်တစ်သောင်းကြာသည်အထိ ခံကြရလိမ့်မည်။

……………

အခန်း ၂၅၂ - ကွမ်ဟန်နန်းတော်သည် တာ့ယွီအင်မော်တယ်မင်းဆက်၏ အမြဲတမ်းမဟာမိတ်ဖြစ်သည်

ငြိမ်းချမ်းရေးအတွက် မကမ်းလှမ်းပါက ရွေးချယ်စရာမရှိတော့ချေ။ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်သည် တောင်ပိုင်းကောင်းကင်နယ်မြေတွင်တည်ရှိကာ ၎င်းနယ်မြေရှိ ထင်ရှားသောအင်အားစုမှာ ကွမ်ဟန်နန်းတော်ဖြစ်သည်။ ကွမ်ဟန်နန်းတော်က လှုပ်ရှားလာသရွေ့ တာ့ယွီအင်မော်တယ်မင်းဆက်သည် ၎င်းတို့ကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။ ကွမ်ဟန်နန်းတော်၏အကူအညီကို တောင်းခံရန်အတွက် တန်ဖိုးကြီးသော်လည်း ရွှမ်ထျန်းနိုင်ငံဘုရင်သည် ၎င်းတို့၏ဂုဏ်သိက္ခာက ပိုအရေးကြီးသည်ဟု ခံယူထားသည်။

"အကူအညီတောင်းဖို့ တစ်ယောက်ယောက်ကို ကွမ်ဟန်နန်းတော်ကိုချက်ချင်းလွှတ်လိုက်!"

……

ထိုအချိန်တွင် ကွမ်ဟန်နန်းတော်အတွင်း၌

သစ်နဂါးအင်မော်တယ်ဘုရင်နှင့် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်တို့သည် ဝိညာဉ်လက်ဖက်ရည်ကို သောက်သုံးနေကြ၏။

"တာ့ယွီအင်မော်တယ်မင်းဆက်က ရွှမ်ထျန်းအင်မော်တယ်မင်းဆက်နဲ့ တိုက်ပွဲဖြစ်နေပုံရတယ်" ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က ပြောလိုက်သည်။

“သေချာပေါက်ပဲ၊ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က တာ့ယွီ အင်မော်တယ်မင်းဆက်ကို ရင်ဆိုင်ရဲမှတော့ ငါကလည်း ကွမ်ဟန်နန်းတော်ကကျင့်ကြံသူတွေကို ခေါ်သွားပြီး ကူညီဖို့စဉ်းစားထားတယ်"

ရှောင်းရှောင်းသည် ရီဖန်၏ညီမဖြစ်ကြောင်း သစ်နဂါး အင်မော်တယ်ဘုရင်သိပြီးသည့်အချိန်မှစ၍ တာ့ယွီအင်မော်တယ်မင်းဆက်ကို အနီးကပ် စောင့်ကြည့်နေခဲ့သောကြောင့် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က တာ့ယွီအင်မော်တယ်မင်းဆက်ကို တိုက်ခိုက်သည့်သတင်းကို ချက်ချင်းရရှိခဲ့သည်။

တာ့ယွီအင်မော်တယ်မင်းဆက်၏ကြီးမားသောတပ်ဖွဲ့သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကိုတိုက်ထုတ်ရန်အတွက် တောင်ပိုင်းကောင်းကင်နယ်မြေသို့ ဝင်ရောက်လာပြီဖြစ်ရာ ၎င်းသည်ကွမ်ဟန်နန်းတော်၏နယ်မြေဖြစ်သောကြောင့် မိတ်ဆွေများအနေဖြင့် ကွမ်ဟန်နန်းတော်က မည်သို့လျစ်လျူရှုနိုင်မည်နည်း။

သစ်နဂါးအင်မော်တယ်ဘုရင်သည် ကိုယ်တိုင်ကိုယ်ကျကူညီရန် စီစဉ်ထားရုံသာမကဘဲ ကွမ်ဟန်နန်းတော်မှ ကျင့်ကြံသူကြီးများကိုလည်း ကူညီရန်အတွက်ခေါ်ဆောင်သွားလိုသည်။ သစ်နဂါးအင်မော်တယ်ဘုရင်၏စကားကို ကြားသောအခါ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် မျက်ခုံးပင့်ကြည့်လိုက်သည်။ ‘ငါကမင်းကို ရီဖန်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ ပြောခဲ့တာကွ၊ သူ့နောက်လိုက်လုပ်ဖို့ မဟုတ်ဘူး!”

ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် တာအိုဘိုးဘေး၏တပည့်ရီဖန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းကို မတားဆီးရှိသော်လည်း သစ်နဂါးအင်မော်တယ်ဘုရင်၏အပြုအမူသည် အနည်းငယ်စိတ်ဓာတ်ကျစေ၏။ သို့သော် ရီဖန်ဘက်မှရပ်တည်ခြင်းသည်လည်း မဆိုးလှပေ။

မကြာသေးမီက ရီဖန်၏စီနီယာအစ်ကိုဖြစ်သူ ထိုမျောက်ပေါ်လာခြင်းကိုလည်း သတိပြုရမည်။ ထိုမျောက်၏ကျင့်ကြံမှုအဆင့်သည် ဘိုးဘေးနယ်မြေကိုပင် ကျော်လွန်နေ၏။ အနာဂတ်တွင် ကွမ်ဟန်နန်းတော်သည် ထိုကဲ့သို့ ခိုင်မာသောနောက်ခံရှိသော ရီဖန်ကိုအားကိုးရလိမ့်မည်။

"ဒါဆိုသွားကွာ!"

ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ၎င်း၏လက်ကို ဝှေ့ယမ်းလိုက်ကာ သစ်နဂါးအင်မော်တယ်ဘုရင်ကို စတင်လှုပ်ရှားနိုင်ကြောင်း အချက်ပြလိုက်သည်။ အရေးမပါသော ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အတွက် သူကဲ့သို့သော အင်မော်တယ်ဧကရာဇ်သည် ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ချေ။ သို့သော် တစ်ဖက်တွင် ဟွမ်းရှီအင်မော်တယ်မင်းဆက်ကိုမူ လျစ်လျူမရှုသင့်ချေ။ ဟွမ်းရှီအင်မော်တယ်မင်းဆက်၏ နောက်ခံအင်အားစုသည် ချန်ပန်းအင်မော်တယ်ရုံးတော် ဖြစ်၏။

ချန်ပန်းအင်မော်တယ်ရုံးတော်ကို တည်ထောင်သူသည် သစ်ခွဲသမားဖြစ်သည်။ ၎င်းသစ်ခွဲသမားသည် ကွမ်ဟန်နန်းတော်တည်ထောင်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် ချန်ပန်းအင်မော်တယ်ရုံးတော်အား ရီဖန်ကို မနှောက်ယှက်မိရန်အတွက် ကိုယ်ပိုင်သတိပေးရမည်ဟု ခံစားမိသည်။

သစ်နဂါးအင်မော်တယ်ဘုရင် ထွက်သွားပြီးနောက် မကြာမီတွင် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်မှဘုရင်သည် ကွမ်ဟန် နန်းတော်ကို ရောက်ရှိလာကာ အရင်းအမြစ်များစွာကိုပေးအပ်ပြီးနောက် ကွမ်ဟန်နန်းတော်က ဝင်ရောက်စွက်ဖက်ပေးရန် မျှော်လင့်နေသည်။

"ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က ကွမ်ဟန်နန်းတော်ကို တကယ်အကူအညီတောင်းနေတာလား"

ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ဘာပြောရမှန်းပင်မသိတော့ချေ။ ၎င်းသည် သေတွင်းတူးနေခြင်းမဟုတ်လား။

"ပစ္စည်းတွေကို သစ်နဂါးဆီကိုပို့ပြီးတော့ ရွှမ်ထျန်း အင်မော်တယ်မင်းဆက်ရဲ့လျော်ကြေးအနေနဲ့ တာ့ယွီအင်မော်တယ်မင်းဆက်ကို ပေးခိုင်းလိုက်ပါလား”

လက်ဆောင်များရရှိပြီးသည်အထိ တာ့ယွီအင်မော်တယ်မင်းဆက်က ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို ဆက်လက်အရေးယူလိုသေးပါက ကွမ်ဟန်နန်းတော်သည်လည်း ၎င်းကိုထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ကွမ်ဟန်နန်းတော်က လက်ဆောင်များ ပြန်မပေးသည့်အတွက် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်၏ဘုရင်က သက်ပြင်းချလိုက်မိသည်။

လက်ဆောင်ပြန်မပေးခြင်းက မကန့်ကွက်ကြောင်း ဆိုလိုခြင်းမဟုတ်လား။ ကွမ်ဟန်နန်းတော်၏အကာအကွယ်ရှိနေသရွေ့ တာ့ယွီအင်မော်တယ်မင်းဆက်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို ရန်စရဲလိမ့်မည်မဟုတ်ချေ။ အရင်းအမြစ်များစွာဆုံးရှုံးခဲ့ခြင်းက ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို အလွန်ဒုက္ခရောက်စေသော်လည်း၊ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို လုံခြုံစွာထားနိုင်ပါက ထိုက်တန်ပါသေးသည်။

ဘုရင်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ထံသို့ အမြန်ပြန်လာကာ ကွမ်ဟန်နန်းတော်က အရင်းအမြစ်များကိုလက်ခံကြောင်း သတင်းပို့ခဲ့သည်။

ထိုစကားကိုကြားသောအခါ ရွှမ်ထျန်းနိုင်ငံဘုရင်သည်လည်း နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည်။ ကွမ်ဟန်နန်းတော်၏ အကူအညီသည် မည်သည့်အချိန်တွင်မှ ရောက်လာမည်ကို သူမသေချာသော်လည်း တာ့ယွီအင်မော်တယ်မင်းဆက်သည် ရွှမ်ထျန်း အင်မော်တယ်မင်းဆက်၏ နယ်မြေနှင့်နီးကပ်လာပြီဖြစ်သောကြောင့် ၎င်းတို့နောက်မကျရန် မျှော်လင့်မိသည်။

သို့သော်လည်း ကွမ်ဟန်နန်းတော်၏နာမည်ကို ပြောဘိုက်ရုံနှင့် တာ့ယွီအင်မော်တယ်မင်းဆက်က ဆက်တိုက်ခိုက်ရန် သတ္တိရှိမည်မဟုတ်ချေ။ အချိန်များ တစ်ရက်တစ်ရက်ကုန်လွန်သွားပြီးနောက် ရွှမ်ထျန်း အင်မော်တယ်မင်းဆက်၏နယ်စပ်သို့ ရှောင်းရှောင်းကိုယ်တိုင်တပ်ကြီးတစ်ခုကို ဦးဆောင်ချီတက်လာသည်။ စတင်လှုပ်ရှားတော့မည်အချိန်တွင် ကျင့်ကြံရေးသမားအုပ်စုတစ်စုက ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ ဦးဆောင်လာသူကိုတွေ့သောအခါ ရှောင်းရှောင်းသည် ရန်သူများမဟုတ်မှန်းသိသောကြောင့် စစ်တပ်ကိုလက်နက်ခေတ္တချရန် အမိန့်ပေးလိုက်သည်။

"သစ်နဂါးအင်မော်တယ်ဘုရင်၊ မတွေ့တာကြာပြီပဲ"

"တာ့ယွီနိုင်ငံဘုရင်ရေ၊ ဒီတစ်ခေါက် ငါတို့ကူညီဖို့ ဒီကိုရောက်လာတာပါ" သစ်နဂါးအင်မော်တယ်ဘုရင်က ၎င်းတို့၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။

သူ၏တိုက်ရိုက်ပြောဆိုမှုသည် ရှောင်းရှောင်းကို အနည်းငယ်ရှက်ရွံ့သွားစေသည်။ အစပိုင်းတွင် ရှောင်းရှောင်းသည် သစ်နဂါးအင်မော်တယ်ဘုရင်က ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အတွက် စေ့စပ်ညှိနှိုင်းရန်လာခြင်ရဖြစ်သည်ဟု သူမထင်ခဲ့သည်။

"တာ့ယွီနိုင်ငံဘုရင်၊ ငါတို့က ညှိနှိုင်းဖို့ဒီကိုရောက်လာတာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်!"

ရှောင်းရှောင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကိုမြင်သောအခါ သစ်နဂါးအင်မော်တယ်ဘုရင်သည် သူမ၏အတွေးများကို ချက်ချင်းခန့်မှန်းမိသွားကာ ရယ်မောလိုက်သည်။

"ကွမ်ဟန်နန်းတော်နဲ့ ရီမိသားစုကြားက ဆက်ဆံရေးကြောင့်၊ ငါတို့က ဘယ်တော့မှ အပြင်လူတွေကို ကူညီပေးမှာမဟုတ်ဘူး၊ ငါတို့က မင်းတို့ ကွမ်ဟန်နန်းတော်ရဲ့ တောင်ပိုင်းဒေသကိုရောက်လာတာကို ကြိုဆိုတာပါ”

ရှောင်းရှောင်းသည် သစ်နဂါးအင်မော်တယ်ဘုရင်၏ကြင်နာမှုကို မငြင်းပယ်ခဲ့ပေ။ တာ့ယွီအင်မော်တယ်မင်းဆက်သည်လည်း မဟာမိတ်များလိုအပ်သည်။

လူမှုဆက်ဆံရေးများတွင် အပေးအယူများရှိကြသည်။

ကွမ်ဟန်နန်းတော်၏ကြင်နာမှုကို လက်ခံခြင်းသည် တပ်ဖွဲ့နှစ်ခုကြားဆက်ဆံရေးကို ခိုင်ခံ့စေကာ လူမှုဆက်ဆံရေး၏အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ကွမ်ဟန်နန်းတော်မှ ကျင့်ကြံသူများသည် တာ့ယွီအင်မော်တယ်မင်းဆက်၏ တပ်မနောက်တွင် လိုက်လာကြကာ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်နယ်မြေဆီသို့ ချီတက်ခဲ့ကြသည်။

ရွှမ်ထျန်းအင်မော်တယ်မင်းဆက်၏နယ်စပ်တွင် ရွှမ်ထျန်းနိုင်ငံဘုရင်သည် ၎င်းတို့၏တပ်သားများထံသို့ ဦးတည်လာသော လှေပျံများကို သတိကြီးစွာထားနေသည်။ လှေပျံပေါ်တွင်ပါလာသော တာ့ယွီအင်မော်တယ်မင်းဆက်၏ အားကြီးသောတပ်သည် ၎င်းတို့၏ရန်သူများဖြစ်သည်။

"ကွမ်ဟန်နန်းတော် (*ကွမ်ဟန်နန်းတော်)က အရင်းအမြစ်တွေမရောက်သေးဘူးလား"

ကွမ်ဟန်နန်းတော်မှကျင့်ကြံသူများသည် ရွှမ်ထျန်းနိုင်ငံဘုရင်ကို မတည်မငြိမ်ဖြစ်စေသည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ တပ်ဖွဲ့ကြီးရောက်ရှိလာသည့်တိုင် ကွမ်ဟန်နန်းတော်မှစစ်ကူများ အဘယ်ကြောင့် မရောက်သေးသနည်း။

ကွမ်ဟန်နန်းတော်သည် အရင်းအမြစ်များကိုလက်ခံခဲ့သော်လည်း အကူအညီပေးပို့ရန် ရည်ရွယ်ချက်မရှိခြင်းကြောင့် ဖြစ်နိုင်ပါသလား။ ရုတ်တရက် ရွှမ်ထျန်းနိုင်ငံဘုရင်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ မဖြစ်နိုင်ဘူး! ရွှမ်ထျန်းနိုင်ငံဘုရင်သည် လျင်မြန်စွာခေါင်းယမ်းလိုက်ကာ ထိုအကြံကို ပယ်ချလိုက်သည်။ ကွမ်ဟန်နန်းတော်သည် ဤသေးငယ်သော အရင်းအမြစ်များကြောင့် ၎င်းတို့၏သစ္စာစောင့်သိမှုကို သစ္စာမဖောက်နိုင်ရာ။

အနောက်အရပ်မှ ခေါင်းပြေါင်ဘုန်းကြီးများမှလွဲ၍ ကျင့်ကြံသူအများစုသည် ဂုဏ်သိက္ခာကိုအဖိုးတန်သည်ဟု ယူဆကြသည်။ ကွမ်ဟန်နန်းတော်သည် ကြီးကျယ်ခမ်းနားသော ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏စကားကို မချိုးဖျက်နိုင်ပေ။ သို့သော် ကွမ်ဟန်နန်းတော်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အတွက် မည်သည့်ကတိမှမပေးခဲ့သည်ကို မေ့နေပုံရသည်။

နောက်ဆုံးတွင် တာ့ယွီအင်မော်တယ်မင်းဆက်၏ကြီးမားသောတပ်ဖွဲ့သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်၏နယ်မြေကို အပြည့်အဝကျူးကျော်ခဲ့သည်။ အင်မော်တယ်မင်းဆက်နှစ်ဆက်သည် မိုင်တစ်ရာကျော်အကွာတွင် ရပ်တန့်လျက်ရှိသည်။

"တာ့ယွီဘုရင်၊ ကျွန်တော်တို့ တစ်ခုတောင်းဆိုလို့ရမလား"

ကွမ်ဟန်နန်းတော်၏နောက်ခံမရှိသောကြောင့် ရွှမ်ထျန်းနိုင်ငံဘုရင်သည် စိတ်ဓာတ်ကျလာခဲ့၏။ သူမျက်နှာပျက်ရလျှင်ပင် အန္တရာယ်များသည့်အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက် သူ့အစွမ်းအစတတ်နိုင်သမျှ လျော်ကြေးရလိမ့်မည်။ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရန်ငြင်းဆိုခြင်းအတွက် ရွှမ်ထျန်းနိုင်ငံဘုရင်ပြောခဲ့သည့် စကားများကို သူ့စိတ်ထဲမှကန်ထုတ်လိုက်သည်။ ၎င်းသည် ငြိမ်းချမ်းရေးအတွက် တောင်းဆိုခြင်းမဟုတ်ဘဲ ဗျူဟာမြောက်နှောင့်နှေးစေခြင်းသာဖြစ်သည်။ အုပ်စိုးရှင်တစ်ဦးအနေဖြင့် မည်သည့်အချိန်တွင် တပ်ပြန်ခေါက်ရမည်ကို သိထားရမည်။

"ငြိမ်းချမ်းရေးလား၊ မလိုတော့ဘူးလေ!"

ရွှမ်ထျန်းအင်မော်တယ်မင်းဆက်သည် တာ့ယွီအင်မော်တယ်မင်းဆက်ကို မျက်စိကျခဲ့သော်လည်း တာ့ယွီအင်မော်တယ်မင်းဆက်ကိုယ်တိုင်ကလည်း ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို မျက်စိကျနေသည် မဟုတ်လား။ ရီရှောင်းရှောင်း လိုအပ်သောအရာသည် လှုပ်ရှားနိုင်မည့်ဆင်ခြေတစ်ခုသာဖြစ်သည်။ ယခုတွင် မီးတောက်လောင်နေပြီဖြစ်ရာ မီးပြန်ငြိမ်းရန် အခွင့်အလမ်းမရှိတော့ချေ။

ရီရှောင်းရှောင်း၏ ပြတ်သားသောစကားကိုကြားသောအခါ ရွှမ်ထျန်းနိုင်ငံဘုရင်၏ မျက်နှာသည် ပို၍ပင်ရုပ်ဆိုးလာသည်။ တာ့ယွီအင်မော်တယ်မင်းဆက်ကို ရပ်တန့်ရန်အတွက် မဖြစ်နိုင်တော့ကြောင်း သူသိသည်။ လက်ရှိတွင် တစ်ခုတည်းသောအစီအစဉ်မှာ တာ့ယွီအင်မော်တယ်မင်းဆက်ကို ခြိမ်းခြောက်ရန်အတွက် ကွမ်ဟန်နန်းတော်၏အမည်ကို ပြောရန်ဖြစ်သည်။

ကွမ်ဟန်နန်းတော်မှကျင့်ကြံသူများ မရောက်လာကြသော်လည်း အနည်းဆုံး ၎င်းတို့၏လက်ဆောင်များကို လက်ခံခဲ့ကြသည်မဟုတ်လား။ "တာ့ယွီဘုရင်၊ ဒါက တောင်ပိုင်းကောင်းကင်နယ်မြေဖြစ်ပြီးတော့ ကွမ်ဟန်နန်းတော်ရဲ့နယ်မြေပဲ"

"ငါတို့ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က ကွမ်ဟန်နန်းတော်ရဲ့ ထိန်းချုပ်မှုအောက်မှုရှိနေတာကို မင်းက ငါတို့ကိုတိုက်ခိုက်ရဲတယ်လား။ ရွှမ်ထျန်း အင်မော်တယ်ဧကရာဇ်ရဲ့ဒေါသကို မကြောက်ဘူးလား”

ရွှမ်ထျန်းနိုင်ငံဘုရင်၏အသံကို ကြားသောအခါ ရီရှောင်းရှောင်း၏မျက်နှာသည် အနည်းငယ် ထူးဆန်းသွားသည်။ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က ကွမ်ဟန်နန်းတော်၏အကာအကွယ်ရထားပါက ၎င်းတို့ဘက်ရှိ သစ်နဂါးအင်မော်တယ်ဘုရင်သည် ကွမ်ဟန်နန်းတော်မှ နှင်ထုတ်ခံလိုက်ရလေသလား။

သစ်နဂါးအင်မော်တယ်ဘုရင်က ခါးသီးစွာပြုံးပြလိုက်ရသည်။ သူ့အား သစ္စာဖောက်ဘွဲ့တပ်ပေးနေသလား။ လက်ရှိတွင် သူ့စွမ်းရည်မှာ အနည်းငယ်နိမ့်ကျနေသော်လည်း ကွမ်ဟန်နန်းတော်၏အင်မော်တယ်ဘုရင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်နေဆဲဖြစ်ကာ တောင်ပိုင်းကောင်းကင်ဘုံပြည်နယ်တစ်ခုလုံးတွင် ကျော်ကြားသောပုဂ္ဂိုလ်ဖြစ်သည်။

ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က ထိုသို့ပြောလာသည့်အတွက် ကွမ်ဟန်နန်းတော်၏ကျင့်ကြံသူရာထူးမှ ထုတ်ပယ်ခံလိုက်ရသည့်သဘောသက်ရောက်သွားကာ ၎င်းသည် စိတ်တိုစရာကောင်းသည်။ ရီရှောင်းရှောင်းသည် ဤရှည်လျားသောအငြင်းပွားမှုတွင် နောက်ထပ်မပါဝင်ချင်တော့ဘဲ

"ရွှမ်ထျန်းအင်မော်တယ်မင်းဆက်က ကွမ်ဟန်နန်းတော်ရဲ့ အကာအကွယ်အောက်မှာရှိနေရင်၊ ဘာလို့ အဲကကျင့်ကြံသူတွေကို မတွေ့ရတာလဲ”

ဤအတွေးအမြင်က ရွှမ်ထျန်းနိုင်ငံဘုရင်ကို ဆွံ့အစေသည်။ "ငါတို့ ကွမ်ဟန်နန်းတော်ကို အကူအညီတောင်းပြီးပြီ၊ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကိုထိရဲရင် ကွမ်ဟန်နန်းတော်က ခွင့်လွှတ်မှာမဟုတ်ဘူး”

"အိုး၊ ဒါဆိုရင်လည်း ငါ မင်းကို ကူညီပါရစေ” ထိုသို့ပြောရင်း ရီရှောင်းရှောင်းသည် သစ်နဂါးအင်မော်တယ်ဘုရင်နှင့် အခြားသူများထံသို့ အဓိပ္ပါယ်သည့် အကြည့်တစ်ချက်ပေးလိုက်ကာ ၎င်းတို့၏အလှည့်ဖြစ်ကြောင်းပြောလိုက်သည်။

သို့သော် ရီရှောင်းရှောင်း၏စကားက ရွှမ်ထျန်းနိုင်ငံဘုရင်ကို အနည်းငယ်စိတ်ရှုပ်သွားစေခဲ့သည်။ ဘာကိုဆိုလိုသနည်း။ ကွမ်ဟန်နန်းတော်က ကျင့်ကြံသူများရောက်ရှိလာပြီလား။

ထိုအခိုက်အတန့်တွင် သစ်နဂါးအင်မော်တယ်ဘုရင်သည် ကွမ်ဟန်နန်းတော်မှကျင့်ကြံသူအဖွဲ့တစ်ဖွဲ့နှင့်အတူ မတ်တပ်ရပ်လိုက်ကာ ရီရှောင်းရှောင်းဘက်သို့ ပျံသန်းသွားခဲ့သည်။ သစ်နဂါးအင်မော်တယ်ဘုရင်ကိုမြင်သောအခါ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်၏ကျင့်ကြံသူများမှာ ချက်ခြင်းဝမ်းသာသွားကြ၏။

သစ်နဂါးအင်မော်တယ်ဘုရင်သည် ၎င်းတို့သိသည့်သူမဟုတ်လား? သစ်နဂါးအင်မော်တယ်ဘုရင်သည် ၎င်းတို့၏ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။ သို့သော် ၎င်းတို့နားမလည်နိုင်သည့်အရာမှာ ကွမ်ဟန်နန်းတော်ကကျင့်ကြံသူများသည် တာ့ယွီအင်မော်တယ်မင်းဆက်၏တပ်ထဲမှ မည်သိူ့ထွက်လာကြမည်နည်း။

ထို့နောက် သူတို့နားလည်လိုက်သည်မှာ တာ့ယွီမင်းဆက်မှကျင့်ကြံသူများကို ဆုတ်ခွါရန်အတွင်ကြိုတင် သဘောတူညီမှုပြုလုပ်ထားခြင်းဖြစ်ရမည်ဟူ၍ပင်။ ကွမ်ဟန်နန်းတော်သည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားမည်မှာ သေချာ၏။ သို့သော်လည်း သစ်နဂါးအင်မော်တယ်ဘုရင်နှင့် တာ့ယွီနိုင်ငံဘုရင်တို့၏ဆက်ဆံရေးသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရွှမ်ထျန်းဘုရင်က ခံစားမိလိုက်သည်။

"ရွှမ်ထျန်းနိုင်ငံဘုရင်၊ ငါတို့ ကွမ်ဟန်နန်းတော်က တာ့ယွီအင်မော်တယ်မင်းဆက်ရဲ့ မဟာမိတ်ဖြစ်ပြီးတော့ မင်းတို့ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်နဲ့ ပတ်သက်မှုမရှိဘူးလေ။ ငါတို့ မင်းကိုကာကွယ်ပေးမယ်လို့ မပြောမိပါဘူး” ထိုစကားတစ်ခွန်းဖြင့် သစ်နဂါးအင်မော်တယ်ဘုရင်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်နှင့် အဆက်အသွယ်မှန်သမျှကို ဖြတ်တောက်လိုက်သည်။

"မင်းတို့ ငါတို့အတွက် ရပ်တည်ပေးမယ်လို့ ကတိမပေးခဲ့ဖူးဘူး?"

ရွှမ်ထျန်းနိုင်ငံဘုရင်သည် ကွမ်ဟန်နန်းတော်မှအကူအညီရယူရန် တာဝန်ရှိသော အင်မော်တယ်ဘုရင်ကို လှည့်ကြည့်လိုက်သည်။ ကွမ်ဟန်နန်းတော်ရှိစဉ်အချိန်ကို ပြန်တွေးပြီးနောက် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ကို ကာကွယ်ပေးမည်ဟု မပြောခဲ့ဖူးကြောင်း သဘောပေါက်သွားသည်။

"ဒါပေမယ့် သူတို့က ငါတို့ရဲ့အရင်းအမြစ်တွေကို ယူသွားတယ်လေ!" လည်ချောင်းများခြောက်သွေ့နေသောကြောင့် အင်မော်တယ်ဘုရင်သည် ၎င်းကိုအနိုင်နိုင်ပြောလိုက်ရသည်။

"မင်းဒီအကြောင်းပြောနေတာလား"

ရီရှောင်းရှောင်းက ရွှမ်ထျန်းအင်မော်တယ်မင်းဆက်မှ ကွမ်ဟန်နန်းတော်ကိုပေးခဲ့သော ယခင်းအမြစ်များဖြစ်သည့် သိုလှောင်လက်စွပ်တစ်ခုကို ကိုင်ဆောင်ထားသည်။

……………..

All Chapters