အခန်း ၂၅၃-၂၅၅
Vol. 17 Ch. 253-255
အခန်း ၂၅၃ - ငါတို့က မိသားစုပဲ
ရွှမ်ထျန်းအင်မော်တယ်မင်းဆက်ပေးခဲ့သော သယံဇာတများကို တာ့ယွီအင်မော်တယ်မင်းဆက်ထံသို့ အကုန်ပေးအပ်လိုက်သည်။ ယခုအချိန်တွင် တစ်စုံတစ်ယောက်က ကွမ်ဟန်နန်းတော်သည် တာ့ယွီ အင်မော်တယ်မင်းဆက်နှင့် ဆက်စပ်မှုမရှိကြောင်းပြောလာပါက မည်သူမျှယုံနိုင်မည်မဟုတ်ချေ။
၎င်းတို့၏နောက်ဆုံးအားကိုးရာသည်လည်း မရှိတော့သောကြောင့် ရွှမ်ထျန်းနိုင်ငံဘုရင်သည်လည်း လုံးဝကျဆုံးသွားသည်။ အကယ်၍ သူစောစောကသိခဲ့မည်ဆိုလျှင် တာ့ယွီအင်မော်တယ်မင်းဆက်ကို ရန်စလိမ့်မည်မဟုတ်ချေ။
သစ်နဂါးအင်မော်တယ်ဘုရင်၏ တာ့ယွီဘုရင်အပေါ် သဘောထားကိုမြင်ရုံနှင့် ဤတာ့ယွီအင်မော်တယ်မင်းဆက်၏နောက်ခံသည် မရိုးရှင်းသည်မှာသေချာသည်။ သနားစရာဘဝတွင် ကြိုတင်သိမြင်နိုင်စွမ်းမရှိသည့်အပြင် နောင်တအတွက်ဆေးများလည်း မရှိချေ။
ကွမ်ဟန်နန်းတော်၏အကူအညီမရှိပါက ရွှမ်ထျန်းအင်မော်တယ်မင်းဆက်သည်လည်း ကျိန်းသေကျဆုံးလိမ့်မည်။ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်မပျက်သုဉ်းမီ ရွှမ်ထျန်းနိုင်ငံဘုရင်က သူ၏နောက်ဆုံးစကားကိုဆိုခဲ့သည်။ "ဘယ်တော့မှ မင်းစစ်ကူတောင်းထားတဲ့ အင်အားစုကို မယုံလိုက်နဲ့”
အနောက်ကောင်းကင်နယ်မြေတွင်ရှိသော ဟွမ်းရှီဘုရင်သည်လည်း ရွှမ်ထျန်းနိုင်ငံဘုရင်ထံမှ သတင်းစကားလက်ခံရရှိသောအခါ အလွန်ထိတ်လန့်သွား၏။ ရွှမ်ထျန်းနိုင်ငံဘုရင်၏ စကားသည် ဘာကိုဆိုလိုသနည်း။ ဟွမ်းရှီဘုရင်သည်လည်း ရွှမ်ထျန်းအင်မော်တယ်မင်းဆက်နှင့် ပတ်သက်သည့်သတင်းကို စုံစမ်းစစ်ဆေးရန် ထောက်လှမ်းရေးများကို ချက်ချင်းစေလွှတ်ခဲ့သည်။
ရွှမ်ထျန်းအင်မော်တယ်မင်းဆက် ပျက်သုဉ်းသွားသည်ကို သိလိုက်သောအခါ ဟွမ်းရှီဘုရင်သည် လွန်စွာတုန်လှုပ်သွားသည်။ အဘယ်ကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်သည် ဤမျှအင်အားကြီးလာသနည်း။ အချိန်တိုလေးအတွင်း၌ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အား ချေမှုန်းနိုင်ခဲ့ခြင်းကို မင်သက်နေမိတော့သည်။ ထိုအချိန်တွင် ဟွမ်းရှီဘုရင်သည်
ထို့နောက် ရွှမ်ထျန်းဘုရင်ပေးပို့သောစာကို အမှတ်ရလိုက်သည်။
“စစ်ကူတောင်းထားတဲ့ အင်အားစုကိုမယုံရန်” ဟုဆိုရာတွင် ကွမ်ဟန်နန်းတော်သည် သူစစ်ကူတောင်းထားသည့် အင်အားစုမဟုတ်လား။ ရွှမ်ထျန်းအင်မော်တယ်မင်းဆက်သည် ကွမ်ဟန်နန်းတော်ကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်၏ ရှင်းလင်းခြင်းခံလိုက်ရသလား။ အမှန်တကယ်တွင် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်အင်အားကို ဟွမ်းရှီအင်မော်တယ်မင်းဆက်က မယှဉ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ တာ့ယွီအင်မော်တယ်မင်းဆက်၏ အင်အားကိုလေ့လာပြီးနောက် ဟွမ်းရှီအင်မော်တယ်မင်းဆက်လည်း အနောက်ကောင်းကင်နယ်မြေ၏ အုပ်စိုးရှင်ဖြစ်သူ ချန်ပန်းထံမှကတိတစ်ခုအတွက် အဖိုးအခပေးဆောင်ထားပြီးဖြစ်သည်။ ဤသို့အကူအညီတောင်းခြင်းသည် အမှန်တကယ်ပင် လုပ်ရိုးထုံးစံတစ်ခုဖြစ်၏။
စစ်ပွဲတွင်အောင်နိုင်လိုသူ (သို့မဟုတ်) အလွယ်တကူမပျက်သုဉ်းလိုသည့်သူတိုင်း သေချာပေါက်အကူအညီတောင်းခံလိမ့်မည်။ ပိုမိုအားကောင်းသောအင်အားစု၏ အကာအကွယ်ကို အချိန်အတိုင်းအတာတစ်ခုအထိရလိုပါက အဖိုးအခပေးရသည်။
သို့သော် ထိုအချိန်ကုန်သွားသည်နှင့်တစ်ပြိုင်နက် “ဆက်လက်ပေးမည်လား၊ ရှင်းလင်းခံရမည်လား”သာ ရွေးချယ်စရာကျန်တော့သည်။ အချို့သောအင်အားစုများသည် အကာအကွယ်အခကြေးငွေများကောက်ခံမှုကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပြီဖြစ်သည်။
ဟွမ်းရှီဘုရင်သည် ရွှမ်ထျန်းအင်မော်တယ်မင်းဆက်၏ကံကြမ္မာကို စာနာခဲ့သော်လည်း သူ၏ကံကြမ္မာသည်လည်း ၎င်းတို့နှင့်ထပ်တူဖြစ်မည်ဟု မထင်ထားချေ။ အဘယ့်ကြောင့်ဆိုသော် ချန်ပန်းနန်းတော်ထံမှ ဟွမ်းရှီအင်မော်တယ်မင်းဆက်ကို ကာကွယ်စောင့်ရှောက်ပေးမည်ဟူသောကတိကို အတိအလင်းရရှိပြီးထားသောကြောင့်ဖြစ်သည်။
စစ်မှန်သောအင်မော်တယ်ဧကရာဇ်အဆင့် စွမ်းအားရှင်ရှိသည့် ချန်ပန်းနန်းတော်သည် တာ့ယွီအင်မော်တယ်မင်းဆက်က လွယ်လင့်တကူ ချုပ်ကိုင်နိုင်မည့်အရာမဟုတ်ချေ။ စင်စစ်အားဖြင့် ချန်ပန်းနန်းတော်မှအင်မော်တယ်ဘုရင်သည် ဟွမ်းရှီအင်မော်တယ်မင်းဆက်၏ မြို့တော်အတွင်းတွင် ရောက်ရှိနေပြီးဖြစ်သည်။
"ဒီလောက်များတဲ့ သယံဇာတတွေအများကြီးကို ဖြုန်းတီးပစ်တာ စိတ်ပျက်စရာပဲ၊ ငါသာ စောစောကသိခဲ့ရင် တာ့ယွီအင်မော်တယ်မင်းဆက်ကို ရန်စမိမှာမဟုတ်ဘူး"
ရရှိသောအကာအကွယ်သည်လည်း အနှစ်တစ်ရာသာ တည်တံ့သည်။ နောင်နှစ်တစ်ရာကြာပြီးနောက် ချန်ပန်းနန်းတော်အတွက် အရင်းအနှီးများ ပိုပေးရနိုင်ကြောင်း တွေးမိသည့်အခါ ဟွမ်းရှီဘုရင်သည် ပို၍ပင်အသက်ရှူရခက်လာသည်။ ချန်ပန်းနန်းတော်ထဲတွင် လူတစ်ဦးတိတ်တဆိတ် ပေါ်လာသည်။
ချန်ပန်းအင်မော်တယ်ဧကရာဇ်၏ စွမ်းအားသည် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် များစွာကွာခြားခြင်းမရှိပေ၊ နှစ်ဦးစလုံးသည် အနည်းငယ်အားနည်းသော အင်မော်တယ်ဧကရာဇ်များဖြစ်သည်။ ကွမ်ဟန်ဧကရာဇ်နှင့် ချန်ပန်းဧကရာဇ်တို့ကြားရှိ ဆက်ဆံရေးကြောင့် ချန်ပန်းနန်းတော်သို့ ဝင်ရောက်ခြင်းမှ တားဆီးခံရလိမ့်မည်မဟုတ်ချေ။
"ဘာလို့ရောက်လာတာလဲ အစ်ကိုကွမ်ဟန်" အင်မော်တယ်ဧကရာဇ်အဆင့်တွင် သူငယ်ချင်းကောင်း အနည်းငယ်ရှိရန်ပင် အလွန်ခက်ခဲ၏။ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ကို မြင်လိုက်ရသဖြင့် ချန်ပန်းအင်မော်တယ်ဧကရာဇ်လည်း အလွန်ဝမ်းသာသွားသည်။
"ချန်ပန်း၊ မင်း၏ချန်ပန်းနန်းတော်က ဟွမ်းရှီအင်မော်တယ်မင်းဆက်ကို ခိုလှုံခွင့်ပေးထားတာလား" ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် နှေးကွေးမနေဘဲ သူ့နေရာသို့တည့်တည့်လျှောက်သွားခဲ့သည်။
“သေချာပေါက်ပေါ့! ဟွမ်းရှီအင်မော်တယ်မင်းဆက်က မင်းတို့ကွမ်ဟန်နန်းတော်နဲ့ ပဋိပက္ခရှိခဲ့တာလား" ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် မျက်ခုံးပင့်လိုက်သည်။
"သူတို့က ကွမ်ဟန်နန်းတော်ကငါတို့ကို စော်ကားခဲ့ရင်မှ တော်ဦးမယ်၊ သူတို့ရန်သွားစတာက ငါတို့ ကွမ်ဟန်နန်းတော်ကယှဉ်နိုင်တာထက် အများကြီးအင်အားကြီးတယ်"
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်၏ စကားကိုကြားသောအခါတွင် ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် အလွန်ထိတ်လန့်သွားသည်။ ဟွမ်းရှီအင်မော်တယ်မင်းဆက်က ကြောက်စရာကောင်းသည့် အင်အားစုကို ရန်စမိသလား။ အားနည်းသော အင်မော်တယ်ဧကရာဇ်များဖြစ်သည့် ၎င်းတို့၏အဆင့်အတန်းသည် အတော်လေးအဆင်မပြေသေးချေ။ အချို့သော တားမြစ်ချက်ထားသည့်အင်အားစုများကို စော်ကားမိပါက ခက်ပေလိမ့်မည်။
"သူတို့က တာ့ယွီအင်မော်တယ်မင်းဆက်ကို ရန်စထားတယ်" ထိုစကားများကိုကြားသောအခါ ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် ခဏတာမျှအံ့အားသင့်သွားခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်၊ ချန်မင်ကမ္ဘာတွင် ၎င်းအင်အားစုကိုမကြားခဲ့ဖူးပေ။ အခြားနေရာတစ်ခုခုမှ အင်အားစုဖြစ်နိုင်သလား။
"အင်း၊ ဒီ တာ့ယွီအင်မော်တယ်မင်းဆက်က ငါတို့ ချန်မင်ကမ္ဘာမှာ အသစ်တည်ထောင်ထားတဲ့ မင်းဆက်လေ။ ဒါကြောင့် မင်းသူတို့ကို ကြားဖူးမှာမဟုတ်ဘူး"
ဤစကားများသည် ချန်ပန်းအင်မော်တယ်ဧကရာဇ်ကို ပို၍ပင်ပဟေဠိဖြစ်စေခဲ့သည်။ အသစ်တည်ထောင်ထားသော မင်းဆက်တစ်ခုသာဖြစ်ပါက အင်မော်တယ်ဧကရာဇ်အင်အားစုနှစ်ခုက ရန်မစနိုင်သည့်အရာ မည်သို့ဖြစ်နိုင်မည်နည်း။
"သူတို့က ရီမိသားစုရဲ့ကျောထောက်နောက်ခံရှိတယ်" ဟု ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"လာစမ်းပါ ကွမ်ဟန်ရာ၊ ငါတို့က အပြင်လူမဟုတ်ဘူး၊ သူတို့က ဘယ်သူကိုရန်စခဲ့တာလဲဆိုတာ ဘာလို့ တိုက်ရိုက်မပြောတာလဲ" ရီမိသားစု၊ ချန်ပန်းအင်မော်တယ်ဧကရာဇ်မင်းသည် ၎င်းတို့အကြောင်းကိုလည်း မကြားဖူးချေ။
"ဗောဓိဘိုးဘေးအကြောင်းရော မင်းသိလား" ဟူ၍ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က ထပ်မေးသည်။
ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အဲဒီ ရီမိသားစုရဲ့အကြီးအကဲက မကြာသေးခင်ကမှ ဗောဓိဘိုးဘေးရဲ့ တပည့်ဖြစ်သွားတာ၊ ငါလည်းအရင်က တစ်ခုခုကြုံဖူးထားတာကြောင့်မဟုတ်ရင် သိမှာမဟုတ်ဘူး”
တာအိုဘိုးဘေးများထံမှ တပည့်အဖြစ်ခေါ်ဆောင်ခံရသည့် သတင်းထွက်ပေါ်လာခြင်းမရှိပါက အင်မော်တယ်ဧကရာဇ်ဧကရာဇ်တစ်ပါးပင်လျှင် သိနိုင်လိမ့်မည်မဟုတ်ချေ။
"မျောက်က တစ်ကိုယ်တော်ကျင့်ကြံရာကနေ ပြန်လာပြီ။ သူ့ရဲ့ဆရာတူညီငယ်လေးကို ရန်စထားတာသိရင် သူ့အကျင့်နဲ့ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်သလဲဆိုတာ သိသင့်တယ်"
ကောင်းကင်နှင့်မြေကမ္ဘာကို ဆန့်ကျင်နိုင်သည့်ဖြစ်တည်မှုကို ပြန်သတိရသွားပြီးနောက် ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် အလွန်တုန်လှုပ်သွားခဲ့သည်။ သူတို့ကို အမှန်တကယ်ကို ရန်စ၍မရချေ။
"ဒီသတင်းက မှန်တာသေချာလား"
ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် ယုံကြည်ရန် အနည်းငယ်တွန့်ဆုတ်နေသေးသည်။ ကွမ်ဟန်နန်းတော်၏ဘိုးဘေးများသည် ထိုပုဂ္ဂိုလ်နှင့် အမှန်တကယ် ဆက်စပ်နေသော်လည်း၊ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ထိုသူ၏အထောက်အထားကို အမှန်တကယ်အတည်ပြုနိုင်ပါသလား။
"ဟုတ်တယ်၊ ငါသူ့ကိုသိတာပေါ့။ သူ့ကိုရန်စမိလို့ တာအိုဘိုးဘေးက သူကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခဲ့သေးတယ်"
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က တာအိုဘိုးဘေးနှင့်တွေ့ဆုံခဲ့သည်အကြောင်းအရာများကို ပြန်လည်မျှဝေခဲ့သည်။ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် တာအိုဘိုးဘေးကို အမှန်တကယ်ရန်စမိသည့်အကြောင်း ကြားသောအခါ ချန်ပန်းအင်မော်တယ်ဧကရာဇ်မှာ အလွန်ထိတ်လန့်သွား၏။
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ကို ကိုယ်ချင်းစာသောအကြည့်တစ်ချက်ပေးပြီးနောက် တိတ်တဆိတ်ပျော်ရွှင်သွားသည်။ ရီဖန်ကို ပထမဆုံးစော်ကားခဲ့သူသည် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ဖြစ်သည်မှာ ကံကောင်းလှ၏။ သို့မဟုတ်ပါက သူဖြစ်လာလိမ့်မည်။
တာအိုဘိုးဘေး၏ အိမ်သားတစ်ဦးဖြစ်သည်ဟူသည့် အတွေးကပင် ချန်ပန်းအင်မော်တယ်ဧကရာဇ်ကိုဖိအားများစွာပေးခဲ့သည်။ တာအိုဘိုးဘေးသည် လက်တစ်ချောင်းမ၊စရာမလိုဘဲ သူ့အိမ်သားများထဲမှ ကျရာထွက်လာပင်လျင့် သူကဲ့သို့သောအင်မော်တယ်ဧကရာဇ်ကို သတ်ပစ်နိုင်သည်။
"ချန်ပန်း၊ မင်း ဟွမ်းရှီအင်မော်တယ်မင်းဆက်ကို ကာကွယ်မှာလား"
"ငါ သူတို့ကို မကာကွယ်နိုင်တော့ဘူးကွာ!"
ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် မထိန်းနိုင်တော့ဘဲ အော်ဟစ်ကျိန်ဆဲလိုက်သည်။ ဟွမ်းရှီအင်မော်တယ်မင်းဆက်သည် အလွန်ဒုက္ခပေး၏၊ ၎င်းတို့ကို တာ့ယွီအင်မော်တယ်မင်းဆက်က ချေမှုန်းပစ်လျှင် ပိုကောင်းလိမ့်မည်။ သို့မဟုတ်ပါက အနာဂတ်တွင် မည်သည့်အဖွဲ့အစည်းများအား ရန်စမိလိမ့်မည်ကို မည်သူသိနိုင်မည်နည်း။
"ကွမ်ဟန်၊ ကျေးဇူးပါကွာ။ ဟွမ်းရှီအင်မော်တယ်မင်းဆက်ကိစ္စကို အခုပဲဂရုစိုက်လိုက်မယ်" ထိုသို့ပြောပြီးနောက် ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် သူစေလွှတ်လိုက်သော အင်မော်တယ်ဘုရင်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
"အရင်းအမြစ်တွေကို ဟွမ်းရှီအင်မော်တယ်မင်းဆက်ကို ချက်ချင်းပြန်ပေးလိူက်၊ တာ့ယွီအင်မော်တယ်မင်းဆက်ကို တောင်းပန်ပြီးပြန်လာခဲ့!"
တာ့ယွီအင်ပါယာနှင့် ဟွမ်းရှီအင်မော်တယ်မင်းဆက်ကြား ပဋိပက္ခတွင် တာ့ယွီအင်မော်တယ်မင်းဆက်ကို နှိမ်နင်းရန်ပြင်ဆင်နေသော အားယွဲ့အင်မော်တယ်ဘုရင်သည် အံ့အားသင့်သွား၏။ ၎င်းက ဘာကိုဆိုလိုသနည်း။ အကယ်၍ ထိုစကားများသည် ချန်ပန်းအင်မော်တယ်ဧကရာဇ်၏နှုတ်မှထွက်မလာပါက၊ သူကိုယ်တိုင်နားကြားမှားလေသလားဟု သံသယဖြစ်မိပေလိမ့်မည်။
ချန်ပန်းအင်မော်တယ်ဧကရာဇ်၏သဘောထားကို သိရှိပြီးနောက် အားယွဲ့အင်မော်တယ်ဘုရင်သည် တာ့ယွီအင်မော်တယ်မင်းဆက်သည် မရိုးရှင်းလှကြောင်း ရုတ်တရက်နားလည်သွားသည်။ ချန်ပန်းအင်မော်တယ်ဧကရာဇ်ကိုယ်တိုင် မနှောင့်ယှက်ဝံ့သောသူကို သူရန်မစနိုင်သည်မှာသေချာပါ၏။ မူလက သူလွယ်ကူသည်ဟုထင်ထားသောတာဝန်သည် သူ့ကိုသတ်မိလုနီးပါးပင်။
အားယွဲ့အင်မော်တယ်ဘုရင်သည် တာ့ယွီအင်မော်တယ်မင်းဆက်၏ဦးတည်ရာသို့ပျံသန်းခဲ့သည်။ ဟွမ်းရှီအင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူများသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ အားယွဲ့အင်မော်တယ်ဘုရင်သည် စတင်အရေးယူတော့မည့်ပုံရသည်။
၎င်းတို့၏တောင်းဆိုမှုသည် အကာအကွယ်အတွက်သာဖြစ်သော်လည်း၊ အားယွဲ့အင်မော်တယ်ဘုရင်က တာ့ယွီအင်မော်တယ်မင်းဆက်ကို တိုက်ရိုက်ချေမှုန်းနိုင်လျှင် ပိုကောင်းလိမ့်ဦးမည်။ အားယွဲ့အင်မော်တယ်ဘုရင်သည် ရီရှောင်းရှောင်းတို့၏ ရှေ့ရောက်သောအခါတွင် ရပ်တန့်လိုက်၏။
ရီရှောင်းရှောင်းသည်လည်း တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားသည်။ နောက်ဆုံးတွင် အင်မော်တယ်ဘုရင်နယ်မြေရှိ အင်အားကြီးမားပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံခဲ့ရကာ ရီရှောင်းရှောင်းသည်လည်း သူ၏ကိုယ်ပိုင်အစွမ်းသတ္တိကို စမ်းသပ်ချင်ခဲ့သည်။
လူ့ဧကရာဇ်၏ကောင်းချီးများနှင့် တာ့ယွီအင်မော်တယ်မင်းဆက်၏စွမ်းအားကို ခံယူခြင်းဖြင့် ရီရှောင်းရှောင်းသည် သူမည်မျှ စွမ်းအားကြီးသည်ကို အတိအကျမသိရှိချေ။
“တာ့ယွီဘုရင်၊ စစ်တိုက်စရာမလိုပါဘူး”
ရီရှောင်းရှောင်း၏ရောင်ဝါကို ခံစားရပြီးနောက် အားယွဲ့အင်မော်တယ်ဘုရင်သည် ရုတ်တရက် ကြီးမားသည့်ဖိအားကို ခံစားလိုက်ရသည်။ ၎င်းကြောင့်အနည်းငယ် ပဟေဠိဖြစ်သွား၏။ တာ့ယွီနိုင်ငံတော်၏ဘုရင်သည် နက်နဲအင်မော်တယ်နယ်မြေရှိကျင့်ကြံသူမဟုတ်လား။
သို့သော် သူပေးခဲ့သောဖိအားသည် အင်မော်တယ်ဘုရင်တစ်ပါးထက်ပင် အဘယ်ကြောင့် ကြီးမားနေရသနည်း။ ရီရှောင်းရှောင်း၏ရောင်ဝါသည် မရည်ရွယ်ဘဲအနည်းငယ်ပေါက်ကွဲသွားသောကြောင့် အချိန်လေဟာနယ်ကွဲအက်သွားခဲ့သည်။
အားယွဲ့အင်မော်တယ်ဘုရင်သည် အင်မော်တယ်ဘုရင် ရီရှောင်းရှောင်းက လှုပ်ရှားလိုက်သည်ထင်သောကြောင့် လန့်သွားသည်။ ရီရှောင်းရှောင်း မလှုပ်မယှက်ဖြစ်နေသည်ကိုမြင်မှသာ အားယွဲ့အင်မော်တယ်ဘုရင်သက်ပြင်းချလိုက်မိကာ တစ်ချိန်တည်းတွင် ကံကောင်းသည်ဟု ခံစားရသည်။ ကံကောင်းစွာဖြင့် ချန်ပန်းအင်မော်တယ်ဧကရာဇ်က သူ့ကိုရပ်တန့်ဖို့ပြောခဲ့ခြင်းကြောင့်မဟုတ်ပါက ဒီနေ့ပွဲချင်းပြီးအသတ်ခံနိုင်သည်။
ရီရှောင်းရှောင်းသည် အားယွဲ့အင်မော်တယ်ဘုရင်ကို သတိပြုမိပြီးနောက် သူမ၏ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။ "ချန်ပန်းအင်မော်တယ်ရုံးတော်က ငါ့အစ်ကိုကို သိတာလား?"
ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် ရီဖန်၏အမည်ကို မပြောသော်လည်း၊ ရီရှောင်းရှောင်း၏လေသံကို ကြည့်ပြီးနောက် ဤသူ၏အစ်ကိုသည် တာ့ယွီအင်မော်တယ်မင်းဆက်၏နောက်ကွယ်မှလူဖြစ်ရမည်ဟုတွေးကာ ခေါင်းညိတ်လိုက်သည်။
အားယွဲ့အင်မော်တယ်ဘုရင်၏ သဘောထားကိုကြည့်ရင်း ရီရှောင်းရှောင်းသည်လည်း အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ အလွန်အစွမ်းထက်သောအစ်ကိုရှိခြင်းကို မည်သူများနားလည်နိုင်မည်နည်း။ ယနေ့တွင် တိုက်ပွဲမဖြစ်နိုင်တော့ကြောင်း ရီရှောင်းရှောင်းသိလိုက်သည်။
"ငါတို့အားလုံးက မိတ်ဆွေတွေမို့ တိုက်စရာမလိုပါဘူး!"
ထို့နောက်တွင် အားယွဲ့အင်မော်တယ်ဘုရင်သည် တာ့ယွီအင်မော်တယ်မင်းဆက်၏လူအုပ်ထဲသို့ လျှောက်သွားသောကြောင့် ဟွမ်းရှီအင်မော်တယ်မင်းဆက်မှလူများမှာ အံသြသွားစေသည်။ ဘာကိုဆိုလိုသနည်း။ တိုက်ပွဲအလယ်တွင် ရန်သူနှင့်မည်သို့ပေါင်းစည်းလိုက်သနည်း?
ဤရုတ်တရက်အခြေအနေသည် ဟွမ်းရှီအင်မော်တယ်မင်းဆက်မှလူများကို စိတ်ဓာတ်ကျသွားစေခဲ့သည်။ ချန်ပန်းအင်မော်တယ်ရုံးတော်သည် ၎င်းတို့၏ ဟွမ်းရှီအင်မော်တယ်မင်းဆက်ကို မကာကွယ်နိုင်တော့ပါက၊ ၎င်းတို့၏အဆုံးသတ်ကြတော့မည်ဖြစ်သည်။
"အားယွဲ့အင်မော်တယ်ဘုရင် မင်းရှင်းပြသင့်တယ်!" ဟွမ်းရှီဘုရင်၏အသံသည် အနည်းငယ်တုန်လှုပ်သွားကာ သူ့ကိုယ်သူယုံကြည်ရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ချေ။
ခဏအကြာတွင်၊ အားယွဲ့အင်မော်တယ်ဘုရင်သည် ဟွမ်းရှီ အင်မော်တယ်မင်းဆက်၏လူအုပ်ဆီသို့ ပျံသန်းလာကာ ဟွမ်းရှီဘုရင်ရှေ့သို့ သိုလှောင်လက်စွပ်ကို ပစ်ချလိုက်သည်။
“အားယွဲ့အင်မော်တယ်ဘုရင်၊ ဒါက ဘာကိုဆိုလိုတာလဲ” ဟွမ်ရှီဘုရင်က သူ့စိတ်နှလုံးမချမ်းမြေ့မှုကို ဖိနှိပ်ရန်ကြိုးစားလိုက်သည်။
"ငါကဘာကိုဆိုလိုတာလဲ ဟုတ်လား၊ ရှင်းနေတာပဲကို၊ ငါတို့ ချန်ပန်းအင်မော်တယ်ရုံးတော်က တာ့ယွီအင်မော်တယ်မင်းဆက်ကို မစော်ကားနိုင်လို့လေ”
အားယွဲ့အင်မော်တယ်ဘုရင်သည် ထိုကိစ္စကိုစိတ်မဝင်စားတော့ဘဲ တာ့ယွီအင်မော်တယ်မင်းဆက်၏နောက်ကွယ်တွင် မည်သူမည်ဝါရှိကြောင်း အတိအကျမေးမြန်းရန်အတွက် တတ်နိုင်သမျှအမြန်ဆုံးပြန်သွားချင်ခဲ့သည်။ ချန်မင်ကမ္ဘာတွင် ထူးခြားသောတည်ရှိမှုတစ်ခု ထွက်ပေါ်လာခြင်းဖြစ်နိုင်ပါသလား။
…………………….
အခန်း ၂၅၄- အစ်ကိုကြီး စွန်းဝူခုန်း
ချန်ပန်းအင်မော်တယ်ရုံးတော်၏အကာအကွယ်ပျောက်ကွယ်သွားသောအခါ ဟွမ်းရှီဘုရင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာကျန်ရှိတော့သည်။
တာ့ယွီအင်မော်တယ်မင်းဆက်သည် မည်သို့သော တည်ရှိမှုမျိုးဖြစ်သနည်း။ ချန်ပန်းအင်မော်တယ်ရုံးတော်ကပင် ရန်မစရဲချေ။
ဤအခိုက်အတန့်တွင် ဟွမ်းရှီဘုရင်သည် ရွှမ်ထျန်းနိုင်ငံဘုရင်ထံမှ ပေးပို့သောစကားလုံးများ၏အဓိပ္ပာယ်ကို နောက်ဆုံးတွင်နားလည်သဘောပေါက်သွားသည်။ အဘယ်ကြောင့် မိမိကူညီမှုတောင်းခံလိုက်သော အင်အားစုများကို မယုံကြည်သင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်အကူအညီရှာနေသော အင်အားစုသည် တာ့ယွီမင်းဆက်ကိုရန်စရန် မတတ်နိုင်သောကြောင့်ဖြစ်သည်။
အဆုံးတွင် သင်သည်သာ စွန့်ပစ်ခံရလိမ့်မည်။ တာ့ယွီ အင်မော်တယ်မင်းဆက်၏ နီးကပ်လာသော တပ်ဖွဲ့ကိုကြည့်ကာ ဟွမ်းရှီဘုရင်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်လိုက်သည်။
“တာ့ယွီ အင်မော်တယ်မင်းဆက်၊ ငါ သူတို့ကို မတိုက်ခိုက်သင့်ခဲ့ဘူး”
မကြာမီတွင် အင်မော်တယ်မင်းဆက်နှစ်ပါးကျဆုံးခြင်းသတင်းသည် နေရာအနှံ့ပျံ့နှံ့သွားသည်။ အထူးသဖြင့် ကွမ်ဟန်နန်းတော်နှင့် အချို့သောတပ်ဖွဲ့များအတွက် စိတ်ဝင်စားဖွယ်ကောင်းသည်။ ချန်ပန်းအင်မော်တယ်ရုံးတော်သည် တာ့ယွီအင်မော်တယ်မင်းဆက်နှင့် နီးကပ်စွာဆက်နွှယ်နေ၏။
တာ့ယွီအင်မော်တယ်မင်းဆက်၏နောက်ကွယ်တွင် မည်သည့်အင်အားစုရှိသည်ကို သိချင်နေကြ၏။ အင်မော်တယ်ဧကရာဇ်များကိုပင် ၎င်းတို့၏စံနှုန်းများကိုလျော့ချစေခဲ့သည်။
တာ့ယွီ အင်မော်တယ်မင်းဆက်သည် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဤကဲ့သို့ဆက်ဆံခံရမည် မဟုတ်ကြောင်း သူတို့သိထားသည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ နောက်ကွယ်တွင် အခြားသော အင်အားစုအချို့ ရှိနေသည်မှာ သေချာပါသည်။ ချန်မင်ကမ္ဘာတွင် မြင်းနက်တစ်ကောင် ထပ်မံပေါ်ထွက်လာသည်။
လူတိုင်း၏ဆွေးနွေးမှုထဲရှိ ရီဖန်သည် လက်ရှိတွင် စတုရန်းလက်မတောင်၏နယ်မြေတွင် ကျင့်ကြံနည်းစနစ်အမျိုးမျိုး၏ အနှစ်သာရကို မရပ်မနား စုပ်ယူနေသည်။ ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်ဖတ်နေစဉ်တွင် အခက်အခဲများရှိနေ၏။ ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ပိုမိုများစွာသော ကျင့်ကြံနည်းများကို လေ့လာရမည်။
ရီဖန်သည် ကျမ်းစာများထဲမှ ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်ကို အလျင်စလိုမကြည့်ဘဲ အမျိုးမျိုးသော ကျင့်ကြံနည်းစနစ်များကို တစ်ခုပြီးတစ်ခု နားလည်လာခဲ့သည်။ ဤကျင့်ကြံမှုနည်းစနစ်များတွင် တာအိုသိုင်းပညာနှင့် အင်မော်တယ်ဥပဒေနှစ်ခုလုံးပါရှိသည်။ တစ်ခုတည်းသောဝမ်းနည်းစရာမှာ နတ်ဥပဒေများကို ရီဖန်အတွက် ဖွင့်မပေးသေးခြင်းဖြစ်သည်။
ရီဖန်၏ကျင့်ကြံမှုအဆင့်ကို ဖြတ်ကျော်သွားပြီးနောက် အခွင့်ထူးများရရှိခဲ့ကာ ရီဖန်လေ့ကျင့်နိုင်သော ကျင့်ကြံနည်းစနစ်အရေအတွက်သည်လည်း အလွန်တိုးများလာသည်။ ကျင့်ကြံနည်းစနစ် အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ရီဖန်ကို ဉာဏ်အလင်းပေးစွမ်းနိုင်သရွေ့ လုံလောက်ပါသည်။
ထို့အပြင် အားနည်းသော ကျင့်ကြံနည်းစနစ်များသည် အင်မော်တယ်ဥပဒေတစ်ခုကို နားလည်ရန်အချိန်ပိုနည်းကာ၊ ရီဖန်အတွက် တာအိုအနုပညာတစ်ထောင်ကို လေ့လာရန်လုံလောက်၏။ ဤကျင့်ကြံနည်းစနစ်များသည် ရီဖန်၏ အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်းတိုးလာစေသည်။
သူ၏စိတ်ထဲတွင် ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်၏ ကျင့်စဉ်တခုချင်းစီကို တဖြည်းဖြည်းချင်း ထိုးထွင်းသိမြင်လာခဲ့သည်။ ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်သည် ကမ္ဘာပေါ်ရှိဥပဒေအားလုံးကို ပျက်ဆီးခြင်းအဖြစ်သို့ ပြောင်းလဲပေးနိုင်ကာ တူညီသောအဆင့်ရှိ ကျင့်ကြံနည်းစနစ်များထဲတွင် ၎င်းသည်အစွမ်းထက်ဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ ကျင့်ကြံနည်းစနစ်အားကောင်းလေ တွက်ဆရန် ခက်ခဲလေဖြစ်သည်။ ၎င်းသည် သာမာန်ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပါက ရီဖန်သည် ၎င်းကိုအင်မော်တယ်ဘုရင်နယ်မြေ သို့မဟုတ် အင်မော်တယ်ဧကရာဇ်နယ်မြေအထိပင်ကျင့်ကြံနိုင်လိမ့်မည်။ နောက်ဆုံးတွင် ရီဖန်ကျင့်သုံးခဲ့သော အင်မော်တယ်ဥပဒေအနည်းငယ်သည် အချည်းနှီးဖြစ်မလာပေ။
အခြေခံအားဖြင့် အင်မော်တယ်ဥပဒေတစ်ခုစီသည် အင်မော်တယ်ဘုရင်သို့မဟုတ် အင်မော်တယ်ဧကရာဇ် နယ်မြေအထွတ်အထိပ်အထိ ကျင့်ကြံနိုင်သည်။ လက်ရှိပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်သည် အင်မော်တယ်ဥပဒေနှင့် အကြမ်းဖျင်းနှိုင်းယှဉ်နိုင်သော်လည်း နတ်ဥပဒေဖြစ်လာရန်အတွက်မူ ဝေးကွာနေသေးသည်။ ရီဖန်သည် နောက်ထပ်အင်မော်တယ်ဥပဒေတစ်ခုကို နားလည်ပြီးသောအခါ သူ့နှလုံးသားထဲတွင် ဉာဏ်အလင်းတစ်ခုကိုခံစားရကာ ၎င်းကို ချေဖျက်ရန်စီစဉ်ခဲ့သည်။
ထိုအချိန်တွင် ကျမ်းစာသိုလှောင်ရာတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် လူတစ်ဦးဝင်လာသည်။ ၎င်းရုတ်တရက်ပေါ်လာခြင်းသည် ရီဖန်၏စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။ စတုရန်းလက်မတောင်တွင် ရီဖန်သည် လူနှစ်ယောက်သာ တွေ့ဖူးသည်။ တစ်ယောက်မှာ ရီဖန်ကို နှလုံးသားစွမ်းအားကျင့်ကြံရန် လမ်းညွှန်ခဲ့သော သစ်ခုတ်သမားဖြစ်ပြီး နောက်တစ်ယောက်မှာ ဗောဓိဘိုးဘေးဖြစ်သည်။
ယခု စတုရန်းလက်မတောင်တွင် လူအသစ်တစ်ဦးပေါ်လာသောအခါ ရီဖန်သည် သူနှင့်ရင်းနှီးချင်ခဲ့သည်။ သူ၏စီနီယာအစ်ကိုများထဲမှ တစ်ယောက်ဖြစ်မလား။ ရီဖန်သည် မည်သူဖြစ်သည်ကို မြင်လိုက်သောအခါ အံ့ဩပျော်ရွှင်သွားသည်။
ဧည့်သည်သည် မျောက်မဟုတ်ဘဲ လူတစ်ယောက်ဖြစ်ကာ ရိုးရှင်းသောအဝတ်အစားကို ၀တ်ဆင်ထားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သားမွေးကြောင့်မဟုတ်ပါက သာမန်လူတစ်ဦးနှင့် မခြားနားချေ။ သို့သော် သူ၏တမူထူးခြားသောရောင်ဝါသည် တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သူ့ကိုမဆို မှတ်မိစေမည်ဖြစ်သည်။ ရီဖန်စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာသည်။ “စွန်းဝူခုန်း” ကောင်းကင်ဘုံနှင့်တူညီသော စွမ်းအားရှင်။
ရီဖန်၏ အတိတ်ဘဝအမှတ်တရများအရ ဗောဓိဘိုးဘေး၏တပည့် မဟာစွမ်းအားရှင်ဟု လူသိများသော ဤစွန်းဝူခုန်းဖြစ်သည်။ စွန်းဝူခုန်းသည် ကလေးဘဝက မရေတွက်နိုင်သောလူများ၏ အိပ်မက်ထဲတွင် တွေ့ဆုံလိုသော ဇာတ်ကောင်ဖြစ်ကာ ထိုအထဲတွင်ရီဖန်သည်လည်း အပါအဝင်ဖြစ်သည်။
ယခုစိတ်ကူးယဉ်မှုများသည် လက်တွေ့အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ရှေ့တွင် စွန်းဝူခုန်းရှိနေသောကြောင့် ရီဖန်သည် သူ့ရင်ထဲရှိတည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "မဟာစွမ်းအားရှင်မဟုတ်လား!”
ဧည့်သည်သည် ခေါင်းကိုမော့ကာ စိတ်လှုပ်ရှားနေသောရီဖန်ကို ကြည့်လိုက်သည်။ သူ၏ မှော်ဆန်သော မျက်နှာပေါ်တွင် အမွှေးထူထူလေးများဖြင့် ချစ်စရာကောင်းစွာ ပြုံးပြုသည်။ မဟာစွမ်းအားရှင်ဟူသောဘွဲ့အမည်ကို နှစ်ပေါင်းတစ်သောင်းအတွင်း မကြားခဲ့ရပေ။ စွန်းဝူခုန်းသည် ရီဖန်ကသူ့ဖြစ်တည်မှုအကြောင်း မည်သို့သိသွားခဲ့သည်ကို အနည်းငယ် အံ့သြသွားသည်။ ဆရာက သူ့အကြောင်း ပြောပြခဲ့သလား။
သို့သော် စွန်းဝူခုန်းသည် ရီဖန်နှင့်တွေ့ဆုံခြင်းကို အလွန်မစဉ်းစားခဲ့ပေ။ ဆရာ၏တပည့်အဖြစ် ခေါ်ဆောင်ခြင်းခံရခြင်းသည် မည်သူမဆိုလုပ်နိုင်သော အရာမဟုတ်ပေ။ နယ်မြေသုံးထောင်တွင် ဗောဓိဘိုးဘေး၏တပည့်ဖြစ်လိုသော မရေမတွက်နိုင်သော ထူးချွန်သည့်သတ္တဝါများထဲမှ ရီဖန်သည် ဤနှစ်ပေါင်းသောင်းချီအတွင်း ဗောဓိဟောင်း၏တပည့်ဖြစ်လာခဲ့သည်။
"မင်းငါ့ကို အကိုကြီးလို့ မခေါ်ပါနဲ့။ ငါက တတိယမြောက်တပည့်ဆိုတော့ ဆရာတူအစ်ကို ၃ လို့ ခေါ်လို့ရတယ်” စွန်းဝူခုန်းသည် ချစ်ခင်ရင်းနှီးစွာ ပြောလိုက်သည်။
ရီဖန်ကလည်း ဆရာတူအစ်ကို ၃ ဟု ခေါ်လိုက်သည်။ ဂိုဏ်းတူဂိုဏ်းသားများ၏ ရင်းနှီးစွာတွေ့ဆုံခြင်းကြောင့်ဖြစ်မည်၊ ရီဖန်သည် မကြာမီတွင် ဆရာတူအစ်ကို၃နှင့် ရင်းနှီးလာခဲ့သည်။ ရီဖန်သည် စွန်းဝူခုန်းမှတဆင့် စတုရန်းလက်မတောင်နှင့်ပတ်သက်သော အခြေခံအချက်အလက်အချို့ကို သိရှိခဲ့ရသည်။
ဗောဓိဘိုးဘေးတွင် စုစုပေါင်းတပည့်ခုနစ်ဦးရှိကာ ရီဖန်သည်သတ္တမမြောက်ဖြစ်သည်။ အကြီးဆုံးတပည့်သည် ပြဿနာအချို့ကို ဖြစ်ပေါ်စေခဲ့သောကြောင့် စတုရန်းလက်မတောင်မှ ထွက်ခွါသွားကာ ပုန်းအောင်းသွားသော လေးသမားဖြစ်သည်။ ဒုတိယတပည့်သည် မျက်စိသုံးလုံးရှိသည့်သတ္တဝါဖြစ်သော်လည်း စွန်းဝူခုန်းက သူ့ကိုယ်သူ ၎င်းထက်ပိုသန်မာသည်ဟု ထင်သည်။ သဘာဝကျစွာဖြင့် စွန်းဝူခုန်းသည် တတိယတပည့်ဖြစ်သည်။ ကျန်တပည့်များကိုမူ သူတို့ကိုမြင်သောအခါ ရီဖန်မှတ်မိလိမ့်မည်ဟုပြောကာ မမိတ်ဆက်ပေးတော့ချေ။
လေးသမား၊ ၎င်းက နတ်ဘုရားဖြစ်နိုင်သလား။ မျက်လုံးသုံးလုံးပိုင်ရှင်သည် စွန်းဝူခုန်းကို အလွန်မနာလိုစေသော ယန်ကျန်းဖြစ်ရမည်၊ ဗောဓိဘိုးဘေး၏ တပည့်ဖြစ်သူများသည် သာမန်လူများမဖြစ်နိုင်ချေ။ စီနီယာအစ်ကိုများ၏စရိုက်လက္ခဏာများကို သိပြီးနောက် ရီဖန်သည် ပို၍ပင်စိတ်လှုပ်ရှားသွားသည်။
‘ဒီလောက် အရမ်းအစွမ်းထက်တဲ့ အစ်ကိုကြီးတွေရှိမှတော့ ငါ တကယ်အောင်မြင်ပြီပဲ’ သေချာပေါက်ပင် ရီဖန်သည် သူ့အနာဂတ်က ဤစီနီယာညီအစ်ကိုများထက် ပိုတောက်ပလာမည်ဟု မယုံကြည်ခဲ့ချေ။ အဘယ်ကြောင့်ဆိုတော့ သူသည် စနစ်ရှိသည့်သူတစ်ယောက်ဖြစ်သောကြောင့်ပင်။
"မင်းအတွက် ငါ့မှာဘာလက်ဆောင်ကောင်းကောင်းမှ မရှိဘူး၊ ဒါပေမယ့် ဒီပစ္စည်းနှစ်ခုကို လက်ဆောင်ပေးလိုက်မယ်" သူစကားပြောနေစဉ်တွင် စွန်းဝူခုန်းသည် သူ့လက်ကိုဆန့်ထုတ်လိုက်ရာ လက်ထဲတွင်ပစ္စည်းနှစ်ခုပါလာသည်။ ကျောက်စိမ်းတုံးတစ်တုံးနှင့် ဆံချည်မျှင်သုံးချောင်း။
"ကျောက်စိမ်းပြားထဲမှ နတ်ဥပဒေဖြစ်တဲ့၊ သူတော်စင်တိုက်ခိုက်ရေးဥပဒေပါ။ ဒါက ငါ့ရဲ့စွမ်းရည်ဖြစ်ပြီးတော့၊ ဒီဆံချည်သုံးမျှင်ကို အရေးကြီးတဲ့အချိန်တွေမှာ အကူအညီအဖြစ်သုံးနိုင်တယ်"
စွန်းဝူခုန်း၏ ပေါ့ပေါ့ပါးပါးစကားလုံးများက ရီဖန်ကိုစိတ်လှုပ်ရှားစေခဲ့သည်။ စွန်းဝူခုန်းနှင့် ချိတ်ဆက်နိုင်သည်မှာ ရိုးရှင်းသည့်အရာမဟုတ်ပေ။ နတ်ဘုရားဥပဒေနှင့် ဆံပင်သုံးကြိုးတို့သည် အင်မော်တယ်ဧကရာဇ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို ၃" ရီဖန်သည် လက်ဆောင်များကိုလက်ခံလိုက်သည်။
ရတနာပစ္စည်းများကိုပေးအပ်ပြီးနောက် စွန်းဝူခုန်း ထွက်ခွာသွားခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ရီဖန်နှင့် တွေ့ဆုံရန်သာဖြစ်သည်။ ယခုတွင် သူ့ရည်ရွယ်ချက် ပြည့်စုံသွားပြီဖြစ်သောကြောင့် ထပ်နေစရာမလိုတော့ပေ။ တိမ်တိုက်များအထက်တွင် ဗောဓိဘိုးဘေးသည် ရီဖန်နှင့် စွန်းဝူခုန်းတို့ကြား ညီညွတ်မှုကိုသတိပြုမိကာ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူသည် မှန်ကန်သောတပည့်ကို ရွေးချယ်ခဲ့ပုံရသည်၊
၎င်းတို့သည် ဗောဓိဘိုးဘေးများ၏ တပည့်များပင်ဖြစ်သော်ငြား စွန်းဝူခုန်းထံမှ ထိုကဲ့သို့သော ဆက်ဆံမှုကို လူတိုင်းမရရှိကြချေ။ စွန်းဝူခုန်းထွက်သွားပြီးနောက် ရီဖန်သည် "သူတော်စင်တိုက်ခိုက်ရေးဥပဒေ" ကို အာရုံစိုက်လိုက်သည်။ ဤသည်မှာ ရီဖန်၏ ပထမဆုံးသော နတ်ဥပဒေဖြစ်ကာ ၎င်းသည် မည်မျှအစွမ်းထက်ကြောင်း စူးစမ်းရှာဖွေခဲ့သည်။
သူ့နဖူးထက်ရှိ ကျောက်စိမ်းတုံးကိုထိလိုက်သောအခါ ရီဖန်၏စိတ်ထဲတွင် အမှတ်တရများစွာစီးဆင်းသွားသည်။ ရီဖန်၏ စိတ်ထဲတွင် မျောက်တစ်ကောင်ပေါ်လာသည်။
မျောက်၏တစ်ဖက်တွင် မရေမတွက်နိုင်သော ကောင်းကင်စစ်သည်များနှင့် ကြီးမားသော ကောင်းကင်ရုံးတော်တစ်ခုရှိသည်။ စစ်သားများနှင့်ဗိုလ်ချုပ်များသည် ထိုမျောက်ကို ဝိုင်းထာသော်လည်း မလှုပ်ရဲကြပေ။
နောက်အခိုက်အတန့်တွင် မျောက်သည် တိုက်ခိုက်ရန်အတွက် "သူတော်စင်တိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေ"ကို အသုံးပြုခဲ့သည်။ ၎င်းသည် အားလုံးကိုတိုက်ခိုက်ခဲ့ကာ မည်သူတစ်ဦးတစ်ယောက်မျှ သူနှင့်မယှဉ်နိုင်ခဲ့ချေ။
ဤအခိုက်အတန့်တွင် ရီဖန်သည် နတ်ဥပဒေသများ အဘယ်ကြောင့် အလွန်အဖိုးတန်ကြောင်း နားလည်သဘောပေါက်ခဲ့သည်။ သူတော်စင်တိုက်ခိုက်ရေးဥပဒေကို ကျင့်ကြံခဲ့သော စွန်းဝူခုန်းသာလျှင် အင်မော်တယ်ဧကရာဇ်အဆင့်ဖြင့် ကောင်းကင်ရုံးတော်ကိုတွန်းလှန်နိုင်ခဲ့သည်။
သို့သော်လည်း စွန်းဝူခုန်း၏ကောင်းကင်ဘုံနန်းတော်၌ ဆူပူအုံကြွမှုသည် တကယ့်ဖြစ်ရပ်မှန်ဖြစ်ကြောင်း ရီဖန်မသိခဲ့ချေ။ ဧရာမနတ်ဘုရားဝိညာဉ်၊ နီကျား၊ ကောင်းကင်ဧကရာဇ်နှင့် ဒဏ္ဍာရီထဲမှ အခြားဇာတ်ကောင်များသည် အစစ်အမှန်ဖြစ်၏။
ကောင်းကင်ရုံးတော်သည် မရေမတွက်နိုင်သော အစွမ်းထက်သတ္တဝါများရှိကာ ကမ္ဘာငါးခုလုံးကိုသိမ်းပိုက်ထားသော လူသားမျိုးနွယ်စု၏ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း စွန်းဝူခုန်းသည် ပြောင်းပြန်လှန်ပြစ်ခဲ့သည်။ ရီဖန်သည် သူ၏ဆရာတူအစ်ကိုအကြီးဆုံးကို ထပ်မံနားလည်သွားပြန်သည်။
ရီဖန်သည် စိတ်ခံစားချက်များကို ချိုးနှိမ်ပြီးနောက် သူတော်စင်တိုက်ခိုက်ရေးဥပဒေကို စတင်လေ့လာခဲ့သည်။ ၎င်းကိုအပြည့်အဝနားလည်ကာ အင်မော်တယ်ဧကရာဇ်အဆင့်တွင် ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲစာအုပ်ကို ဖော်ပြနိုင်သရွေ့ ထူးထူးခြားခြားပြဿနာရှိမည်မဟုတ်ပေ။ သို့သော် မကြာမီတွင် ရီဖန်သည် ဖိအားကိုခံစားလိုက်ရသည်။
လက်ရှိအင်မော်တယ်ဧကရာဇ်အဆင့် ဥာဏ်အလင်းဖြင့်ပင် သူသည်အခြေခံအချက်များကို ဆုပ်ကိုင်ရန် ရုန်းကန်နေရသည်။ စွန်းဝူခုန်းက ရီဖန်ကို ပေးခဲ့သည့် သူတော်စင်တိုက်ခိုက်ရေးဥပဒေသည် တာအိုဘိုးဘေးနယ်မြေကို ဖြတ်ကျော်ပြီးတဲ့နောက် သူ့၏အသစ်ပြင်ဆင်ထားသော နတ်ဥပဒေဖြစ်သည်။ နတ်ဥပဒေများကြားတွင် ၎င်းသည် ထိပ်တန်းအဆင့်ဖြစ်၏။
ပုံမှန်အားဖြင့် အင်မော်တယ်ဧကရာဇ်ကျင့်ကြံမှုအဆင့်ရှိသူများသာ နတ်ဥပဒေများကို နားလည်သဘောပေါက်နိုင်ကြသည်။ အင်မော်တယ်ဘုရင်အဆင့်တွင် နတ်ဥပဒေများကို နားလည်နိုင်သူသည် ကြီးကျယ်ခမ်းနားသောသတ္တဝါဖြစ်ရမည်။ သို့သော် ရီဖန်သည် ၎င်းကိုမယုံကြည်ခဲ့ဘဲ အချိန်ပေး၍ ဖြည်းဖြည်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။
"စနစ် ငါပေါင်းစည်းဖို့လိုတယ်"
ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ကျင့်ကြံမှုအဆင့်တိုးလာခြင်းက ဉာဏ်အလင်းကိုပါ တိုးစေသည်။ သို့သော် တစ်ချိန်တည်းတွင် ရီဖန်သည် သူ၏စွမ်းအားအပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ်ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းသည် မလုံလောက်သည့်နှလုံးစွမ်းအားကြောင့်ဖြစ်၏။
မိုဂျိုထဲသို့ ကျရောက်သွားသော ကျင့်ကြံသူများ၏လုံးစွမ်းအားသည် ကြီးမားလှသော စွမ်းအားကိုထိန်းချုပ်ရန်အတွက် အလွန်အားနည်းသောကြောင့် မိုဂျိုထဲသို့ကျသွားခြင်းဖြစ်သည်။ ယခုလည်း ရီဖန်ထံတွင် ထိုအရိပ်အယောင်ပြများရှိနေသည်။
ယေဘူယျအားဖြင့် နှလုံးစွမ်းအားအဆင့်၄သည် အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်များအတွက်လုံလောက်ကာ၊ နှလုံးစွမ်းအားအဆင့်၅သည် တာအိုဘိုးဘေးများအတွက် စံနှုန်းဖြစ်သည်။
သို့သော်လည်း ရီဖန်၏အင်အားသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့်ညီမျှသောကြောင့် ၎င်း၏နှလုံးသားစွမ်းအားသည် မလုံလောက်ဘဲ မတည်မငြိမ်ဖြစ်လာခြင်းဖြစ်သည်။ ဤကာလအတွင်း ရီဖန်သည် နောက်ထပ်တာဝန်တစ်ခုကို ပြီးမြောက်စေခဲ့ပုံရသည်။
သူတော်စင်တိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေတိုက်ခိုက်ရေးဥပဒေ နားလည်သည့်အပြင်၊ နှလုံးစွမ်းအားအဆင့်၅အထိ ပြန်လည်သန့်စင်ရန် လိုအပ်သည်။ နှလုံးသားစွမ်းအားကို သန့်စင်ပေးသည့်အကြောင်းပြောရင်းမှ ရီဖန်သည် သူယခင်ကရောက်ရှိခဲ့သည့်တောအုပ်ကို အမှတ်ရသွားသည်။
ကြည့်ရသည်မှာ သူနောက်ထပ်သစ်ပင်သွားခုတ်ရမည့်ပုံပင်။ ရီဖန်သည် သူ့လက်ထဲမှ ကျမ်းစာအုပ်များကို ခေတ္တချထားကာ ထိုနေရာမှထွက်ခွာလာခဲ့သည်။
………………
အခန်း ၂၅၅ - ဗုဒ္ဓကျင့်ကြံသူလား
စတုရန်းလက်မတောင်ခြေရင်းသို့ ရောက်သောအခါ ရီဖန်သည် သူယခင်ကရောက်ရှိခဲ့စဉ်က သစ်ခုတ်သမားကိုပြန်တွေ့ခဲ့သည်။ ရီဖန်သည် ဤသစ်ခုတ်သမားမှာ ၎င်း၏ဆရာတူအစ်ကိုများထဲမှ တစ်ဦးဖြစ်မည်ဟု ထင်ထားသော်လည်း ဘယ်နှစ်မြောက်အစ်ကိုဖြစ်သည်ကို မသိရသေးပေ။
"လာ စကြရအောင်!"
သစ်ခုတ်သမားသည် အသေးစိတ်မပြောဘဲ ရီဖန်ကို ပုဆိန်ပေးလိုက်သည်။ ယခင်က သံမဏိဖြင့်ပြုလုပ်ထားသော်လည်း ယခုအခါတွင် ငွေအဖြစ်သို့ပြောင်းလဲသွားခဲ့၏။ သံသည် အနည်းဆုံးမာကျောမှုအနည်းဆုံးဖြစ်သော်လည်း ငွေက မာကျောမှုပိုနည်းသေးသည်။
ရီဖန်သည် ပုဆိန်ထဲသို့ နှလုံးစွမ်းအားကြိုးမျှင်တစ်ချောင်းထည့်ရန် ကြိုးစားခဲ့သော်လည်း ငွေပုဆိန်သည် ချက်ခြင်းပျက်စီးသွားကြောင်း သိလိုက်ရသည်။
"မင်းရဲ့နှလုံးသားစွမ်းအားကို ထိန်းချုပ်တာ မလုံလောက်သေးဘူး၊ ဒါကြောင့် ပုဆိန်ကမခံနိုင်တာ"
သစ်သားသမားသည် ရီဖန်ကိုမလှောင်ပြောင်ဘဲ သူ့လက်ဝှေ့ယမ်းရာ ရီဖန်၏ခြေရင်းတွင် ပုဆိန်တစ်ခုပေါ်လာပြီးနောက် ၎င်းကိုခဏတာ အလုပ်များနေစေခဲ့သည်။ နှလုံးစွမ်းအားကိုမြှင့်တင်ရန် အမှန်တကယ်ခက်ခဲသော်လည်း ရီဖန်သည်အရှုံးမပေးခဲ့ပေ။ စိန်ခေါ်ရသော အလွန်စိတ်ဝင်စားစရာကောင်း၏။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် တောင်ခြေရင်းတွင် သစ်ပင်စခုတ်ကြတော့သည်။
နေ့ရက်များတဖြည်းဖြည်းကုန်လာပြီးနောက်တွင် နှစ်ချီလာကာ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် ပုဆိန်ထဲသို့ နှလုံးစွမ်းအားကြိုးမျှင်တစ်ချောင်းကို ထည့်သွင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ကျိုးနေသောပုဆိန်များသည် တောင်ငယ်တစ်ခုပမာ စုပုံနေလေပြီ။
အနှစ်တစ်ရာကြာပြီးနောက် ရီဖန်သည် အောင်မြင်မှုတစ်ခုပြုလုပ်နိုင်ခဲ့ကာ နောက်ဆုံးတွင် ငွေပုဆိန်ဖြင့် ကမ္ဘာအင်မော်တယ်နယ်မြေနှင့်ညီမျှသည့် သစ်ပင်များကို ခုတ်လှဲနိုင်ခဲ့သည်။ ထိုအချိန်တွင် သစ်ခုတ်သမားပြန်ရောက်လာကာ ရီဖန်ကို ပိုမြင့်သောနေရာသို့ ခေါ်ဆောင်သွားသည်။
ကောင်းကင်ဘုံအင်မော်တယ်နယ်မြေ မာကျောမှုမှသည် အင်မော်တယ်ဘုရင်နယ်မြေအထိ ဤနေရာတွင်သစ်ပင်များအားလုံး ရနိုင်သည်။ သူသည် စည်းချက်ကို ရှာဖွေတွေ့ရှိသွားသောကြောင့် ရီဖန်၏အရှိန်သည် သိသိသာသာတိုးလာသည်။ အနှစ်ငါးဆယ်အတွင်း သူသည် ကောင်းကင်အင်မော်တယ်နယ်မြေနှင့်ညီမျှသည့် သစ်ပင်များကို ခုတ်လှဲခဲ့သည်။
အနှစ်တစ်ရာ့ငါးဆယ်အတွင်းတွင် ရွှေအင်မော်တယ် နယ်မြေ။ အနှစ်သုံးရာအတွင်းတွင် နက်နဲအင်မော်တယ်နယ်မြေ။ သို့သော်လည်း အင်မော်တယ်ဘုရင်နယ်မြေကဲ့သို့သော သန်မာသည့်သစ်ပင်များနှင့် ရင်ဆိုင်ရသောအခါ ရီဖန်တစ်ဆို့သွားခဲ့သည်။
ဤနှစ်များအတွင်း ရီဖန်၏နှလုံးသားစွမ်းအားသည် သူ၏ကျင့်ကြံမှုနှင့်အတူ အဆက်မပြတ်ကြီးထွားလာကာ နောက်ဆုံးတွင် စတုတ္ထအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ စတုတ္ထအဆင့်၏အထွတ်အထိပ်ရှိ နှလုံးစွမ်းအားသည် ရီဖန်၏လက်ရှိအင်အားကို ထိန်းချုပ်ရန် လုံလောက်နေပြီဖြစ်သည်။ သူ့နှလုံးစွမ်းအားက တစ်ဆို့သွားပြီဖြစ်သောကြောင့် ဆက်လက်မထိုးဖောက်နိုင်တော့ချေ။
ထို့ကြောင့် ရီဖန်သည် သူ၏နှလုံးစွမ်းအားကို ထိန်းချုပ်ရန်အတွက်သာကျင့်ကြံနေခဲ့၏။ ၎င်းသည် အချိန်အတော်ကြာပြီးနောက် ရီဖန်အား နတ်ဥပဒေကိုနားလည်စေရန်အတွက် အချိန်ရရှိစေခဲ့သည်။ သူတော်စင်တိုက်ခိုက်ရေးဥပဒေသည် လေးနက်ကာ ကျယ်ပြန့်သည်။
အနှစ်တစ်ရာသည် သာမန်လူများအတွက် လူဝင်စားကာလနှစ်ခုဖြစ်သော်လည်း
ကျင့်ကြံသူများအတွက် အနှစ်တစ်ရာသည် မျက်စိတစ်မှိတ်မျှသာဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၌ ရီဖန်သည် စတုန်ရန်းလက်မတောင်သို့ ရောက်ခဲ့သည်မှာ နှစ်ပေါင်းငါးရာကျော်သွားခဲ့လေပြီ။
အနှစ်ငါးရာတိုင်းတွင် ရိတ်သိမ်းစရာအကျိုးအမြတ်များရှိတတ်သည်။ ဥပမာအားဖြင့် ဤနှစ်ငါးရာအတွင်း ရီဖန်သည် နောက်ဆုံးတွင် သူတော်စင်တိုက်ခိုက်ရေးဥပဒေကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သူတော်စင်တိုက်ခိုက်ရေးဥပဒေကို နားလည်ခြင်းဖြင့် နက်နဲအင်မော်တယ်ဘုံ၏ အထွတ်အထိပ်တွင် ပိတ်မိနေသော ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲသည်လည်း နောက်ဆုံးတွင်အောင်မြင်မှုတစ်ခုရရှိခဲ့သည်။
“ရေရှည်တာဝန်ကို ပြီးမြောက်စေခဲ့တဲ့ သခင့်ကိုဂုဏ်ယူပါတယ်။ အဆင့်ဆယ့်ခြောက် အင်မော်တယ်ဘုရင်နယ်မြေကို ပြီးဆုံးသွားလို့ ဆုလာဘ်တောင်းဆိုနိုင်ပါတယ်" မဖြတ်ကျော်နိုင်သေးမီက ရီဖန်သည် အချိန်ဤမျှလျှင်မြန်စွာ ကုန်ဆုံးသွားလိမ့်မည်ဟု မထင်ထားချေ။ မျက်စိတစ်မှိတ်အတွင်း၌ နှစ်ပေါင်းငါးရာ ကုန်ဆုံးသွားခဲ့သည်။
“စနစ်၊ ဆုငွေရယူပါ”
“အဇူရာနဂါးသွေးမျိုးဆက်ဆုရရှိတဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်”
အဇူရာနဂါးသွေးမျိုးဆက်အတွက် ဆုလာဘ်ကို ယခုအချိန်အထိစောင့်ဆိုင်းခဲ့ပြီးနောက် ရီဖန်သည်မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားနေခဲ့၏။ ဤဆုလာဘ်ကိုပေါင်းထည့်လိုက်ခြင်းဖြင့် ရီဖန်၏ အဇူရာနဂါးသွေးမျိုးဆက်သည် နောက်ဆုံးတွင် ရှေးဟောင်းအဇူရာနဂါးသွေးမျိုးဆက်သို့ ကျော်ဖြတ်သွားနိုင်သည်။ ၎င်းသည် ဘိုးဘေးနဂါးနှင့် တူညီသောရှေးသွေးမျိုးဆက်ဖြစ်သည်။
၎င်းကိုအသုံးပြု၍ ဘိုးဘေးနဂါးသည် ရှေးဟောင်းသွေးမျိုးဆက်၏အင်အားကိုပြသလျက် တာအိုဘိုးဘေးနယ်မြေသို့ ရောက်ရှိသွားသည်။ သို့သော် ရီဖန်သည် တစ်စုံတစ်ယောက်သတိပြုမိသွားပါက မကောင်းသောကြောင့် သွေးမျိုးဆက်များကို ချက်ချင်းပေါင်းစည်းရန် အလျင်စလိုမလုပ်ခဲ့ချေ။ သူအိမ်ပြန်ပြီးမှ သွေးမျိုးဆက်များကိုပေါင်းစည်းရန် စောင့်နိုင်သေးသည်။ အချိန်အများကြီး ကျန်ပါသေး၏။
တစ်ဖက်တွင် နှလုံးသားစွမ်းအားကို ကျင့်ကြံရုံမျှနှင့် မအောင်မြင်နိုင်တော့ချေ။ အချိန်အတော်ကြာပြီးနောက် နှလုံးစွမ်းအား၏အဆင့်ကျော်ဖြတ်မှုက အလွန်ဆန်းကြယ်လာသည်။ တစ်ရေးတစ်မောအိပ်ရင်း ဖြတ်ကျော်သွားနိုင်သည်၊ သို့မဟုတ် နှစ်တစ်သောင်းကြာသည့်တိုင် လုံးဝမအောင်မြင်နိုင်ချေ။
ရီဖန်သည် သူ့ကိုယ်သူအတင်းအကြပ် မစေခိုင်းဘဲ ဖြည်းဖြည်းသာဆက်သွားခဲ့သည်။ အနည်းဆုံး လက်ရှိအချိန်တွင် သူ့စွမ်းအားကိုလွတ်ထွက်သွားမည့် အန္တရာယ်မရှိသေးပေ။ သို့သော် စတုရန်းလက်မတောင်ပေါ်တွင် နောက်ထပ်လုပ်စရာတစ်ခုကျန်သေးသည်။
ရီဖန်သည် စတုရန်းလက်မတောင်မှ ရတနာအချို့ကို မယူသွားနိုင်ပါက ကျေနပ်နိုင်မည်မဟုတ်ချေ။ နှစ်များစွာကြာလာသည်နှင့်အမျှ ရီဖန်သည် စတုရန်းလက်မတောင်နှင့် များစွာရင်းနှီးလာခဲ့သည်။ အချိန်ကိုနှောင့်နှေးစေမည့် စွမ်းအားကြီး အင်မော်တယ်မွန်းစတားများ စောင့်ကြပ်နေသောရတနာများကို ရီဖန်ကလက်လွှတ်ထားသည်။
ရီဖန်၏ပစ်မှတ်မှာ ရှန်အဆင့်နှင့် တာအိုအဆင့် ထိပ်တန်းရတနာများဖြစ်သည်။ ဤရတနာများသည် ရီမိသားစုအတွက် အသင့်တော်ဆုံးဖြစ်၏။ သူတော်စင်အဆင့်ရတနာများကိုမူ ယခုရနိုင်လျှင်ပင် ရီဖန်သည် ၎င်းတို့ကိုအသုံးမပြုနိုင်သေးသောကြောင့် ခေတ္တထားခဲ့ခြင်းက ပိုကောင်းလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် စတုရန်းလက်မတောင်တွင်ရှိသောကြောင့် လွတ်မြောက်နိုင်မှာမည်မဟုတ်ချေ။
နောက်အခိုက်အတန့်တွင် ရီဖန်သည်နေရာလွတ်ထဲသို့ ဝင်ရောလိုက်ကာ လျှင်မြန်စွာစတင်လှုပ်ရှားလာသည်။
ဝူး!
ရီဖန်သည် စတုရန်းလက်မတောင်တန်းအတွင်း လျင်မြန်စွာရွေ့လျားလာသည်နှင့်အမျှ ရတနာမျိုးစုံပါသွားပြီဖြစ်သည်။ အဇူရာနဂါးကိုယ်ထည်၊ အဇူရာနဂါးသွေးမျိုးဆက်၊ ကမ္ဘာ့စွမ်းအားစသည်ဖြင့် ရီဖန်သည် သူသုံးနိုင်သောနည်းလမ်းအားလုံးကို အသုံးပြုခဲ့ကာ သူ၏အရှိန်သည် တဟုန်ထိုး တိုးတက်လာခဲ့သည်။ အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ စွမ်းအားရှင်ရောက်လာလျှင်ပင် ရီဖန်ကိုဖမ်းနိုင်လိမ့်မည်မဟုတ်ပေ။
ဂူအိမ်အတွင်းရှိ ဗောဓိဘိုးဘေးကြီး၏စိတ်ထဲတွင် ရုတ်တရက်ကြောက်ရွံ့လာ၏။ တွက်ချက်လိုက်ပြီးနောက်
“တော်တော်ဆိုးတဲ့ကောင်ပဲ၊ လွန်မလာစမ်းနဲ့!” ဟု ရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် စတုရန်းလက်မတောင်မှ ပျောက်ကွယ်သွား၏။
"မဟုတ်ဘူး၊ ငါ ဒါကိုသော့ခတ်ထားရမယ်"
ဗောဓိဘိုးဘေးသည် ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်ခံရခြင်းကို ခံစားခဲ့ရသည်။ ရီဖန်၏ ကျင့်ကြံမှုအရှိန်အရ နောက်တစ်ကြိမ် သူရောက်လာသောအခါ စတုရန်းလက်မတောင်တန်းတစ်ခုလုံးကို အပြောင်ရှင်းသွားနိုင်သည်။
ဗောဓိဘိုးဘေးများ၏စိတ်ထဲတွင် ယခင်က ဆုံးရှုံးမှုနှစ်ခု၏သင်ခန်းစာများကြောင့် ရီဖန်စတုရန်းလက်မတောင်ကို ရောက်သည့်အခါတိုင်း သတိနှင့်နေရမည်ဟု မှတ်သားထားသည်။ ရင်းနှီးသောပတ်ဝန်းကျင်ကိုခံစားမိပြီးနောက် ရီဖန်သည် ကောက်ကျစ်စွာပြုံးလိုက်သည်။
ဗောဓိဘိုးဘေးပြန်လာယူခြင်းမှ တားဆီးရန်အတွက် ရီဖန်သည် အရာအားလုံးကို ပျက်ဆီးခြင်းကမ္ဘာထဲသို့ ထည့်လိုက်သည်။ ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ များပြားလှသောရတနာများကို ကြည့်လိုက်ပြီးနောက် ရီဖန်သည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ ဒီတစ်ကြိမ်တွက် သူထီပေါက်သွားလေပြီ။
ယခုတစ်ကြိမ်ရရှိသော အရင်းအမြစ်များထဲတွင် ထိပ်တန်းအဆင့်ဆေးလုံးနှင့် တာအိုအင်မော်တယ်ပစ္စည်းများကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် ထိပ်တန်းတာအိုပစ္စည်း အများအပြားရှိသည်။ ဤတစ်ကြိမ်တွင် ရီမိသားစုမှ ကျင့်ကြံသူများ၏ လက်နက်များကို တစ်ဖန်ပြန်လည်အဆင့်မြှင့်တင်ရန် ကူညီပေးနိုင်သည်။
သူဦးဆောင်သော ရီမိသားစုသည် အလွန်ကံကောင်းပါ၏။ စုယန်နှင့် အခြားသူများနှင့်တွေ့ဆုံပြီး ပြန်ရောက်ကြောင်းပြောပြပြီးနောက် ရီဖန်သည် သူ၏ဂူအိမ်သို့ ပြန်လည်ဆုတ်ခွာကာ ဆေးလုံးနှင့် အင်မော်တယ်ပစ္စည်းများကို စတင်သန့်စင်ခဲ့သည်။
…..
တစ်ဖက်တွင် အဆုံးမဲ့ပင်လယ်၏ နဂါးမျိုးနွယ်စု အတွင်း၌…
နဂါး မျိုးနွယ်စုသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်နှင့် နှိုင်းယှဉ်ပါက အဆများစွာ အားကောင်းလာသည်။ နက်နဲအင်မော်တယ်နယ်ပယ်အဆင့် ကျင့်ကြံသူအများအပြားရှိရုံသာမကဘဲ နောက်ထပ်ကောင်းမွန်သည့်အရာများ ရှိသေးသည်။ နဂါးဘိုးဘေး၏ နဂါးသားတော်အနေဖြင့် ရီရှင်းလုံသည် နဂါးမျိုးနွယ်စု၏ အကောင်းဆုံးအရင်းအမြစ်များကို ခံစားခဲ့ရသည်။ နှစ်ရာဂဏန်းမျှကြာပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်သည် နက်နဲအင်မော်တယ်နယ်မြေမှ ခြေတစ်လှမ်းသာဝေးသော ရွှေအင်မော်တယ်အထွတ်အထိပ်သို့ဖြတ်သွားကာ နဂါးမျိုးနွယ်၏မျှော်လင့်ချက်အဖြစ် မြင်လာကြသည်။
ရီရှင်းလုံသည် ကျင့်ကြံခြင်းသို့မဟုတ် လေ့လာခြင်းအတွက် အချိန်ဖြုန်းလေ့ရှိသောကြောင့် အလွန်အလားအလာကောင်းသည်ဟုဆိုရမည်။ ရီမိသားစု၏ကံကြမ္မာအဆင့်ကြောင့် ရီရှင်းလုံသည် လေ့လာရေးခရီးထွက်တိုင်း ကောင်းမွန်သောအရာတစ်ခုခုကို ရရှိလိမ့်မည်။ ဤတစ်ကြိမ်တွင် နက်နဲအင်မော်တယ် အကြွင်းအကျန်များကို တွေ့ခဲ့ရသည်။
“အဆင့်နိမ့်တာအိုအင်မော်တယ်ပစ္စည်းတွေ၊ အဆင့်နိမ့် ဆေးလုံးတွေ၊ ဒီနက်နဲအင်မော်တယ်အဆင့်ပစ္စည်းတွေက တကယ်ညံ့လိုက်တာကွာ” ဟု ရီရှင်းလုံက စိတ်ပျက်စွာညည်းညူလိုက်သည်။
အဓိကပြဿနာမှာ ရီမိသားစုသည် ချမ်းသာလွန်းသောကြောင့် ရီရှင်းလုံသည် အပြင်ဘက်ရှိအခြား နက်နဲအင်မော်တယ်များကို ဆင်းရဲလွန်းသည်ဟု ထင်မြင်လာခဲ့သည်။ သို့သော် တကယ်တမ်းတွင် ရီရှင်းလုံသည် ဤနက်နဲအင်မော်တယ်၏ ကြွယ်ဝမှုမှာ ပုံမှန်သာဖြစ်ကြောင်း သိလိုက်သည်။ ရီမိသားစု၏ ဆွေမျိုးများကို သာမန်နက်နဲအင်မော်တယ်များအဖြစ် လုံးဝမယူဆနိုင်ချေ။ ချမ်းသာသည့် ဘိုးဘေးများရှိနေခြင်းကို မည်သူကအပြစ်တင်နိုင်မည်နည်း။
"အင်း ဒီသစ်ပင်?"
ရီရှင်းလုံသည် နောက်ထပ်ရတနာသစ်ပင်ကို တွေ့လိုက်ရာ သူ့စိတ်ဝင်စားမှုသည် ချက်ချင်းမြင့်တက်လာခဲ့သည်။ ဤရတနာသစ်ပင်သည် ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်ကာ အလွန်စိတ်သက်သာရာရစေသည်။ သို့သော်လည်း ရီရှင်းလုံသည် သတိကြီးစွာထားခဲ့သည်။ ဤသစ်ပင်၏အလင်းရောင်သည် စိတ်သက်သာရာရစေရုံသာမကဘဲ ညှို့ယူနိုင်သောခံစားမှုကိုလည်း သယ်ဆောင်လာခဲ့သည်။
၎င်းသည် ရီရှင်းလုံကို ဖြစ်တည်မှုတစ်ခုအပေါ် ယုံကြည်ကိုးကွယ်ရန် လမ်းပြနေသည်။ ရီမိသားစုအတွက် တစ်ခုတည်းသောယုံကြည်ရာမှာ အကြီးအကဲရီဖန်တစ်ဦးသာရှိသည်။ ထို့ကြောင့် ဤသစ်ပင်နှင့်ပက်သက်၍ ရီရှင်းလုံသည် ၎င်းကိုနတ်ဆိုးအဖြစ် ချက်ချင်းသတ်မှတ်လိုက်သည်။
ရီရှင်းလုံသည် သူ့မိဘများကိုပြသရန်အတွက် နတ်ဆိုးပစ္စည်းကိုပြန်ယူလာရန် ပြင်ဆင်နေစဉ် လူတစ်ချို့ရုတ်တရက် ပေါ်လာကာ ရီရှင်းလုံဘက်သို့ လျင်မြန်စွာရွေ့လျားသည်ကို သတိထားမိသောကြောင့် စိုက်ကြည့်လိုက်သည်။ ကျင့်ကြံသူများသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ၎င်းသည် တာအိုဝတ်ရုံနှင့် ကွဲပြားနေသည်။ ထို့အပြင် ကြီးမားသောဦးခေါင်းပြောင်ပြောင်က မျက်လုံးများကို ဖမ်းစားနိုင်ခဲ့သည်။
"အို အာမီတော်ဖော်၊ ဗုဒ္ဓမြတ်စွာဘုရား။ မင်းလက်ထဲက ရတနာသစ်ပင်က ငါနဲ့ဆက်စပ်နေတယ်" ဦးခေါင်းပြောင်နှင့်ပုဂ္ဂိုလ်က စကားပြောနေရင်း အရှက်မရှိဘဲ ရီရှင်းလုံ၏လက်ထဲမှရတနာသစ်ပင်ကို တောင်းလိုက်သည်။ ဤအရှက်မဲ့သောအမူအရာသည် ရီရှင်းလုံကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
‘ငါရှာတွေ့ခဲ့တဲ့ ရတနာသစ်ပင်ပဲ၊ မင်းကို ဘာလို့ပေးရမှာ?’
ယွမ်မုသည် အလွန်ကံကောင်းသည်ဟု ခံစားရ၏။ လျို့လီသစ်ပင်ကို တွေ့ရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ချေ။ ကျမ်းစာပင့်ဆောင်ရန်အတွက် ချန်မင်းကမ္ဘာသို့ စေလွှတ်ခံရသည်မှာ ကံကောင်းလှသည်။ လျို့လီသစ်ပင်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ရတနာတစ်ပါးဖြစ်၏။
ယွမ်မုသည် ဗုဒ္ဓကမ္ဘာတွင် သူ၏အဆင့်အတန်းဖြင့် ၎င်းကိုရရှိရန်အခွင့်အလမ်းမရှိပေ။ သို့သော် သူသည် ချန်မင်ကမ္ဘာသို့ သူရောက်ရှိသည်နှင့် တွေ့လိုက်ရသောကြောင့် ဗုဒ္ဓထံမှလက်ဆောင်အဖြစ် မှတ်ယူလိုက်သည်။ ထို့ကြောင့် ယွမ်မုသည် ရတနာသစ်ပင်အတွက် ရီရှင်းလုံကိုတောင်းဆိုရန် တွန့်ဆုတ်မနေချေ။
"ဒါက မင်းနဲ့ဆိုင်မဆိုင် ငါမသိဘူး၊ ဒါပေမယ့် ဒါက ငါ့ပစ္စည်းပဲ" ဟု ရီရှင်းလုံက မဆိုင်းမတွ ငြင်းဆိုလိုက်သည်။
ရီရှင်းလုံသည် ဤနတ်ဆိုးသစ်ပင်အကြောင်း အတိအကျမသိသော်လည်း ၎င်းသည် ရိုးရှင်းမည်မဟုတ်ကြောင်း သူသိသည်။ ၎င်းကို စွန့်ပစ်ရအောင် သူမမိုက်မဲသေးချေ။
ယွမ်မု၏အမူအရာသည် ရီရှင်းလုံ၏ငြင်းဆန်မှုကြောင့် လုံးဝပြောင်းလဲသွားခြင်းမရှိပေ။
"ဒါက ဘုရားပေးတဲ့ လက်ဆောင်ပါ၊ မင်းယူလိူ့မရနိုင်ဘူး။ မဟုတ်ရင် ဗုဒ္ဓကဒေါသဖြစ်လိမ့်မယ်”
ယွမ်မုက ရီရှင်းလုံအား ကောင်းစေချင်ဟန်ဖြင့် ပြောဆိုနေသောကြောင့်၊ မသိပါက ရီရှင်းလုံသည် သူ့ဥစ္စာကို ခိုးသွားသည်ဟု ထင်သွားကြနိုင်သည်။ နောက်အခိုက်အတန့်တွင် ယွမ်မု၏နောက်ဘက်မှ ဗုဒ္ဓရုပ်ပွါးတော်တစ်ခုထွက်ပေါ်လာသည်။
နက်နဲအင်မော်တယ်နယ်မြေအဆင့်ရှိ စွမ်းအားကြီးရောင်ဝါသည် ရီရှင်းလုံပေါ်သို့ကျရောက်သွား၏။ ရီရှင်းလုံသည် ဤထူးဆန်းသောကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်ကောင်းမွန်မည်ဟု မမျှော်ထားချေ။၎င်းသည် နက်နဲအင်မော်တယ်အဆင့်တွင် ရှိနေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ရီရှင်းလုံက တိုက်ခိုက်ရန်မကြောက်ရွံ့ချေ။
နက်နဲအင်မော်တယ်နယ်ပယ်သည် မည်မျှကောင်းမွန်လိမ့်မည်နည်း။ သူကိုယ်တိုင်လည်း ယခင်က တိုက်ခိုက်ခဲ့ဖူး၏။ ရီမိသားစု၏ကျင့်ကြံသူများသည် နယ်ပယ်နှစ်ခုကိုဖြတ်ကျော်၍ မတိုက်ခိုက်နိုင်ပါက ၎င်းတို့သည် ရီမိသားစုမှဖြစ်သည်ဟုဆိုလျှင် ရှက်စရာကောင်းလှသည်။
လာစမ်းပါ!
ရီရှင်းလုံသည် တခဏအတွင်း အဇူရာနဂါးအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်း၏နဂါးကြီးမျက်လုံးများက ယွမ်မုကို အခိုင်အမာစိုက်ကြည့်နေသည်။ ရီရှင်းလုံ၏ပုံစံကိုမြင်သောအခါ ယွမ်မုသည် ပို၍ပင်အံ့သြသွားသည်။ ဤခရီးတွင် လျို့လီသစ်ပင်ကိုတွေ့ရုံသာမက အဇူရာနဂါးကိုတွေ့မည်ဟုလည်း သူမမျှော်လင့်ထားပေ။
“ဒီဆရာတော်က ဆက်နွှယ်မွန်းစတားတစ်ကောင် လိုအပ်နေတာ၊ အခုကံကြမ္မာအရ ဆုံတွေ့ရမှတော့၊ ဒီအခွင့်အရေးကိုပေးလိုက်ပါမယ်”
ဆရာတော်? ၎င်းကိုကြားသည့်အခါတွင် ရီရှင်းလုံက ချက်ချင်းသတိရှိလာသည်။ ဤအခိုက်အတန့်တွင် ရီရှင်းလုံသည် ၎င်းအားမြင်ဖူးသည့်နေရာကို သတိရသွားသည်။ အကြင်သူသည် အခြားဘာသာတစ်ခု၏ကျင့်ကြံသူဖြစ်ကာ ဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်သည်။ သို့သော် ချန်မင်ကမ္ဘာတွင် ဗုဒ္ဓဘာသာကျင့်ကြံသူရှိသည်ဆိုသည်မှာ ကောလဟာလမဟုတ်ဘူးလား။