← Chapters

အခန်း ၂၅၆-၂၅၈

Vol. 18 Ch. 256-258

အခန်း ၂၅၆-၂၅၈

Vol. 18 Ch. 256-258

အခန်း ၂၅၆ - ငါ နောက်ဘဝကျရင် မင်းကိုသေချာပေါက် ကျေးဇူးတင်မှာပါ

သမိုင်းစာအုပ်များထဲတွင်ရေးသားထားသော ဗုဒ္ဓကျင့်ကြံသူများအကြောင်းမှတ်တမ်းကို သတိရပြီးနောက် ရီရှင်းလုံသည် သူ၏အပြုအမူကိုပြင်လိုက်နိုင်သည်။ ဗုဒ္ဓကျင့်ကြံသူများသည် အားနည်းခြင်းမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် အလွန်စွမ်းအားကြီးသည်ဟု ဖော်ပြထားသည်။

ဗုဒ္ဓကျင့်ကြံသူများ၏ အထင်ရှားဆုံးအချက်မှာ အရေထူခြင်းဖြစ်သည်။ “မင်းနဲ့ ငါနဲ့ကို ကံကြမ္မာက သတ်မှတ်ပေးထားတာ”' ဟူသည့် ရိုးရှင်းသော စကားစုဖြင့် တခြားသူများကို ပြန်ပေးဆွဲပြီး ၎င်းတို့၏ရတနာတွေကို သိမ်းယူရန်ပင် အကြောင်းပြနိုင်သည်။ ချန်မင်ကမ္ဘာတွင် ဗုဒ္ဓ ကျင့်ကြံသူများ၏ ဂုဏ်သိက္ခာသည် ကောင်းမွန်ခြင်းမရှိချေ။

‘တိုက်ကြတာပေါ့’ ရီရှင်းလုံ၏နဂါးအမြီးကိုဝှေ့ယမ်းကာ ယွမ်မုကိုလှမ်းဖမ်းလိုက်သည်။

ဗုဒ္ဓက လက်အုပ်ချီလိုက်သောအခါ တောက်ပသော ဗုဒ္ဓအလင်းရောင် ထွက်ပေါ်လာသည်။ ကျယ်လောင်သောအသံနှင့်အတူ ရီရှင်းလုံသည် မိုင်ရာနှင့်ချီ၍ နောက်သို့လွှင့်ထွက်သွားသော်လည်း ဗုဒ္ဓအလင်းရောင်သည် အနည်းငယ်မျှ အားနည်းသွားသည့်တိုင် ဗုဒ္ဓအပေါ်တွင် သက်ရောက်မှုလုံးဝမရှိပေ။ သေချာပေါက်ပင် ဤတိုက်ပွဲ၌ ရီရှင်းလုံက ပိုအားနည်းနေသည်။

ယွမ်မုသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုထိန်းသိမ်းထားဆဲဖြစ်သော်လည်း စိတ်ထဲတွင်ကျိန်ဆဲနေ၏။ ချန်မင်ကမ္ဘာ၏ ကျင့်ကြံသူများသည် ဤမျှအစွမ်းထက်ကြလေသလား။ ရွှေအင်မော်တယ်နယ်ပယ်မျှသာရှိသည့် စိန်ခေါ်သူက သူ၏ကာကွယ်ရေးဗုဒ္ဓအလင်းရောင်ကို ဖျက်ဆီးပစ်လုနီးပါးပင်။

ဗုဒ္ဓကျင့်ကြံသူများအတွက် ဗုဒ္ဓအလင်းရောင်သည် ၎င်းတို့၏အစွမ်းထက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဗုဒ္ဓအလင်းရောင် ပျက်ပြယ်သွားပါက ဗုဒ္ဓကျင့်ကြံသူ၏ စွမ်းရည်သည်ထက်ဝက်ခန့် ပျောက်ကွယ်သွားပေလိမ့်မည်။

နောက်သို့ပြန်လည်ဆုတ်ခွါခဲ့ရသော်လည်း ရီရှင်းလုံသည် စိတ်ဓာတ်မကျဘဲ ယွမ်မုကို ထပ်မံတိုက်ခိုက်ခဲ့သည်။ ‘အဇူရာနဂါးသွေးမျိုးဆက်၊ အသက်သွင်း!’

‘ပျက်ဆီးခြင်းဖန်တီးမှုကျမ်းစာ’ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် ပို၍ပြင်းထန်၏။

ရီရှင်းလုံထံမှ ခြိမ်းခြောက်သည့်အကြည့်ကို ခံစားသိရှိလိုက်ရပြီးနောက် ယွမ်မု၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ယွမ်မုသည် မခုခံရဲတော့ဘဲ ချက်ချင်းရှောင်လိုက်သည်။

နောက်ဆုံးတွင် ရီရှင်းလုံ၏တိုက်ခိုက်မှုတစ်ချက်က သူ့ကိုထိသွားရာ ယွမ်မုသည် မိုင်တစ်ထောင်အကွာသို့ လွှင့်ထွက်သွားခဲ့ပြီး သူသတိပြန်လည်လာချိန်တွင် လေဟာနယ်သည် စုတ်ပြဲနေ၏။

ယွမ်မု၏မျက်နှာမှအပြုံးမှာ လုံးဝပျောက်ကွယ်သွားသည်။ ဗုဒ္ဓကျင့်ကြံသူအနေဖြင့် အသွင်အပြင်သည် သူ့အတွက်အရေးပါကာ ၎င်းတို့၏ ဗုဒ္ဓမိသားစုအတွင်းရှိိ သူတော်စင်နှစ်ဦးထံမှ ဆင်းသက်လာသော နိယာမတစ်ခုဖြစ်သည်။

ရွှေအင်မော်တယ်နယ်မြေမှ ရီရှင်းလုံထံမှ တိုက်ခိုက်ခံရခြင်းသည် ယွမ်မု၏ဂုဏ်သိက္ခာကို လုံးဝကျဆင်းသွားစေသည်။ ၎င်းသည် အလွန်ရှက်စရာကောင်းပြီး သည်းမခံနိုင်ဖွယ်ရာပင်။

သူသည် ရီရှင်းလုံကို မိမိအင်အားဖြင့် အနိုင်ယူနိုင်သည့်အပြင် ထပ်မံအရိုက်ခံရနိုင်သည်ကို သိသောကြောင့် ယွမ်မုက ရှေးဟောင်းပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ကာ နဖူးပေါ်တင်လိုက်သည်။

နောက်အခိုက်အတန့်တွင် ကြီးမားသော စွမ်းအားတစ်ခုသည် ယွမ်မု၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ ထို့နောက်တွင် ယွမ်မု၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေအထိ ရုတ်တရက် တိုးမြင့်လာခဲ့သည်။

အင်မော်တယ်ဘုရင်နယ်မြေ၏ အရှိန်အဟုန်ကို ရီရှင်းလုံပေါ်သို့ဖြန့်ကြက်ထားကာ စွမ်းအားကြီးတိုက်ခိုက်တစ်ခုပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်နေလေသည်။

ထိုအခိုက်တွင် ရီရှင်းလုံမျက်နှာပျက်သွား၏။ ဤဗုဒ္ဓကျင့်ကြံသူသည် အံ့သဩစရာကောင်းလောက်အောင်ပင် အရှက်မရှိချေ။ အနိုင်ယူ၍မရမှန်းသိသောအခါ ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းကို အားကိုးရှားခဲ့သည်။

ရီရှင်းလုံသည် သူ့ကိုယ်သူဂုဏ်ယူသည့်တိုင် မိုက်မဲသူမဟုတ်ပေ။ သူသည်လည်း အကူအညီခေါ်ယူနိုင်ပါ၏။ ရီမိသားစုမှ နက်နဲအင်မော်တယ်နယ်မြေကျင့်ကြံသူတစ်ဦးဦးကို ခေါ်လိုက်ပါက ယွမ်မုကိုကိုင်တွယ်ရန် လုံလောက်ပေလိမ့်မည်။

"အဖေ့၊ အမေ့၊ ဦးလေး၊ ဒေါ်လေး၊ မိသားစုဝင် တစ်ယောက်ယောက်၊ သားကို လာကူညီပါဦီး"

ရီရှင်းလုံ၏ခေါ်သံနောက်တွင် ကောင်းကင်ယံ၌ တစ်ဦးပြီးတစ်ဦး ရုတ်တရက်ပေါ်လာသည်။

" ရီမိသားစုအဖွဲ့ဝင်ကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ" ဦးစွာ ရီရှောင်းရှောင်း၏ အသံထွက်ပေါ်လာသည်။ သူ့နောက်တွင် ရီကျင်းထျန်၊ ရီကျင်းဟိုင်နှင့် နက်နဲအင်မော်တယ်နယ်ပယ်မှ အခြားသော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။

"ဒီကတုံးက ကျွန်တော့ပစ္စည်းကို ယူချင်ရုံတင်မကဘဲ ကျွန်တော့ကို သူစီးစရာတိရစ္ဆာန်အဖြစ် သုံးချင်နေသေးတယ်။ ကျွန်တော့်အတွက် လက်စားချေပေးပါ" ရီရှင်းလုံသည် ယွမ်မုကို လျှို့ဝှက်စွာ တစ်ချက်ကြည့်ရင်း အပြစ်ကင်းစင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“စစ်ကူလှမ်းတောင်းတဲ့နေရာမှာ ငါကမင်းထက် ပိုကောင်းတယ်ကွ!"

ရီရှင်းလုံကို ကိုင်တွယ်တော့မည့် ယွမ်မု၏ မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။ သူသည် ဗုဒ္ဓစွမ်းအားအနည်းငယ်ကိုသာ ငှါးယူခဲ့သော်လည်း သူကမိသားစုတစ်ခုလုံးကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။ ၎င်းက အတော်လေး စည်းကျော်နေ၏။

ယွမ်မုသည် တွက်ချက်လိုက်ပြီးနောက် ရောက်ရှိလာသူအားလုံးသည် နက်နဲအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများဖြစ်ကြသော်လည်း ၎င်းတို့၏အရှိန်အဟုန်သည် သူ့ထက်လုံးဝအားမနည်းနေချေ။

၎င်းက ယွမ်မု၏ဦးရေပြားကို ယားယံလာစေ၏။ မည်ကဲ့သို့သောထူးထူးခြားခြား မိသားစုမျိုးကို ရန်စမိလိုက်ပါသနည်း။ ၎င်းတို့အဖွဲ့ဝင်အားလုံး ဤမျှအရည်အချင်းရှိကြသလား။

အင်မော်တယ်ဘုရင်နယ်မြေစွမ်းအားကို ပိုင်ဆိုင်ထားသော နက်နဲအင်မော်တယ်နယ်မြေ ကျင့်ကြံမှုအဆင့်ရှိသူ။ ထိုသို့သော ပါရမီရှင်မျိုးသည် ၎င်းတို့ကမ္ဘာ၌ ဗုဒ္ဓဖြစ်ရန်ပင် အရည်အချင်းပြည့်မီပေလိမ့်မည်။

ယခုတွင် အုပ်စုလိုက်ကြီး ပေါ်လာ၏။ ယွမ်မုအနည်းငယ်ကြောက်နေသော်လည်း လွန်စွာထိတ်လန့်နေခြင်းမရှိချေ။ မတိုက်နိုင်ပါက ထွက်ပြေးနိုင်ရမည်။ ရှေးဟောင်းပစ္စည်းထံမှ စွမ်းအားကို ငှါးယူကာ လေဟာနယ်ဥမင်လိုဏ်ခေါင်းကို အတင်းထိုးဖောက်ပြီးနောက် ချန်မင်ကမ္ဘာမှလွတ်မြောက်ရန် စီစဉ်ခဲ့သည်။

ချန်မင်ကမ္ဘာသည် အလွန်ကြောက်စရာကောင်းသည်။ သူ နောက်ထပ် မနေရဲတော့ချေ။ သို့သော် ထိုအချိန်တွင် ကောင်းကင်၌ လူတစ်ဦးထွက်ပေါ်လာသည်။

အခြားရီမိသားစုဝင်များ ထွက်ပေါ်လာသည်နှင့် သိသိသာသာကွဲပြားကာ ထိုသူသည် တိတ်ဆိတ်စွာထွက်ပေါ်လာသည်။ သူသည် မည်သည့်ရောင်ဝါမှ မထုတ်လွှတ်ထားသောကြောင့် မည်သူမျှသတိမထားမိလိုုက်ချေ။

သို့သော် ယွမ်မုသည် ထိုသူကို မြင်လိုက်သောအခါ ၎င်း၏ခန္ဓာကိုယ်အနှံ့ရှိ အမွှေးများထောင်သွားသည်မှာ ကြောက်စရာကောင်းသည့်တစ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။ တစ်ဖက်တွင် ရီမိသားစုမှ ကျင့်ကြံသူအားလုံးသည် ထိုသူကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။

ရောက်ရှိလာသောလူသည် ရီဖန်မှလွဲ၍ အခြားမရှိချ။ ယွမ်မုက ရီဖန်ကို စောင့်ကြည့်နေချိန်တွင် ရီဖန်ကလည်း ယွမ်မုကို စောင့်ကြည့်နေခဲ့သည်။

ပြောစရာမိလိုအောင်ပင် ထိုကြင်နာတတ်သည့်အရေခြုံထားသော ကတုံးများမရှိပါက ကမ္ဘာကြီးမည်မျှသာယာလိမ့်မည်နည်း။ ချန်မင်ကမ္ဘာတွငခ အနောက်အရပ်မှဗုဒ္ဓနှင့် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု မထင်ထားချေ။

ရီဖန်၏အကြည့်ကြောင့် ယွမ်မုမှာ မတ်မတ်ပင်မရပ်နိုင်တော့ချေ။ သူသည် ချန်မင်ကမ္ဘာမှထွက်ခွါရန်အတွက် လေဟာနယ်ကို အတင်းအကြပ်ဆွဲဖြဲရန် ရှေးဟောင်းပစ္စည်းထံမှ စွမ်းအင်ကိုချက်ချင်းစုပ်ယူလိုက်သည်။

သို့သော်လည်း ရှေးဟောင်းပစ္စည်းထံမှ စွမ်းအားပေါက်ကွဲသောအခါတွင် ယွမ်မုသည် အနီးနားရှိ အချိန်လေဟာနယ်သည် ချိတ်ပိတ်ခံထားရကြောင်း သိလိုက်ရသည်။ ရှေးဟောင်းပစ္စည်းသည် ယွမ်မုကိုပို့ဆောင်ပေးရန်အသာထား လေဟာနယ်ကိုပင် မဖြိုခွဲနိုင်ခဲ့ချေ။

"မင်းပဲ...ဒါမင်းလုပ်ထားတာ"

ယွမ်မု၏မျက်နှာတွင် ကြောက်ရွံ့မှုအပြည့်ဖြစ်နေသည်။ သူ့ရှေ့တွင် ရပ်နေသည့်သူသည် အလွန်စွမ်းအားကြီးကာ ဗုဒ္ဓရှေးဟောင်းပစ္စည်း၏ စွမ်းအားကပင် မခုခံနိုင်ခဲ့ရာ၊ ထိုသူသည် တာအိုဘိုးဘေးများ ဖြစ်နိုင်သလား။

ရီဖန်က သူ့မိသားစုကို ထိပါးသည့်သူများကို လွယ်လွယ်နှင့် မလွှတ်ပေးချေ။ ရီဖန်၏ စိတ်အမိန့်အောက်တွင် ယွမ်မု၏လက်ထဲမှ ရှေးဟောင်းပစ္စည်းသည် ချက်ချင်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ရီဖန်သည် ၎င်းပစ္စည်းအတွင်းရှိ စွမ်းအင်ကို ခံစားလိုက်ရသည်။ ၎င်းသည် လွန်လေပြီးသော ဗုဒ္ဓဧကရာဇ်တစ်ပါးထံမှ ကျန်ရစ်ခဲ့ခြင်းဖြစ်ရမည်။ ၎င်းသည် အမှန်တကယ်ပင် အဖိုးတန်လှ၏။

ကံမကောင်းစွာဖြင့် ကျင့်ကြံသူများသည် ရှေးဟောင်းပစ္စည်းများကို မသုံးနိုင်သောကြောင့် ရီဖန်သည် ၎င်းကိုဖျက်ဆီးပစ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"သူ့ကိုပြန်ခေါ်သွားပြီး ဗုဒ္ဓနယ်မြေအကြောင်းမေးလိုက်" ရီဖန်က ညွှန်ကြားသည်။

ရီဖန်သည် သူ့မိသားစု ပိုမိုအားကောင်းလာသည်နှင့်အမျှ ဗုဒ္ဓကျင့်ကြံသူများနှင့် ထပ်မံကြုံတွေ့ရနိုင်ကြောင်း သိသည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သော အကြောင်းအရာအချို့ကို ကြိုတင်သိရှိထားနိုင်ပါက ပိုကောင်းလိမ့်မည်။

ယွမ်မုကိုဆွဲခေါ်သွားပြီးနောက်တွင် ရီဖန်သည် သူ့လက်ထဲကသိုလှောင်အိတ်ကို အာရုံစိုက်လိုက်သည်။ သိုလှောင်အိတ်ကို ယွမ်မု၏ခန္ဓာကိုယ်မှ ထုတ်ယူထားခြင်းဖြစ်၏။

ရီဖန်၏စိတ်ဝိညာဉ် အနည်းငယ်တုန်ခါသွားလျက် ယွမ်မု၏ရောင်ဝါသည် သိုလှောင်အိတ်ထဲမှ ဖယ်ထုတ်ခံလိုက်ရကာ ၎င်းသည် ပိုင်ရှင်မဲ့ဖြစ်သွား၏။

သိုလှောင်အိတ်အတွင်း၌ ပစ္စည်းများစွာရှိကာ ရီဖန်သည် ဗိုက်စည်းအဝတ်ကိုပင် တွေ့ရသည်။ ဤကတုံးက ပျော်ရွှင်စရာလမ်းစဉ်ကို ကျင့်ကြံနေသလား။ ရီဖန်သည် ထိုစုတ်ချာသောအရာဝတ္ထုများကို တိုက်ရိုက်မီးရှို့လိုက်သည်။

ကျန်သည့်အရာအများစုမှာ ဗုဒ္ဓကျင့်ကြံခြင်းနှင့် သက်ဆိုင်၏။ သို့သော် ဤအရာများသည် အဆင့်နိမ့်ကာ ဗုဒ္ဓကျင့်ကြံသူများကို အနည်းငယ်ပိုနားလည်ရန်အတွက်သာ အသုံးဝင်ပါလိမ့်မည်။

နက်နဲအင်မော်တယ်နယ်မြေ ဗုဒ္ဓကျင့်ကြံသူသည် ဤမျှလောက်သော ရတနာအနည်းငယ်ကိုသာ ကိုင်ဆောင်ထားသောကြောင့် ရီဖန်စိတ်ပျက်သွားသည်။

ထိုအတောအတွင်း ရီဖန့်အတွင်းရှိ ဉာဏ်အလင်းသစ်ပင်သည် တစ်စုံတစ်ခုကို တုံ့ပြန်လိုက်သကဲ့သို့ တုန်လှုပ်လာသည်။ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရီဖန်၏အကြည့်များသည် ကျောက်တုံးပေါ်သို့ ရောက်ရှိသွားသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ကျောက်တုံးသည် ရိုးရှင်းကာ မည်သည့်ရောင်ဝါမှမရှိချေ။ သို့သော် နက်နဲအင်မော်တယ်နယ်ပယ်ကျင့်ကြံသူမှ သိမ်းဆည်းထားသည့်အရာသည် အသုံးမဝင်သည့်အရာမဖြစ်နိုင်ပေ။ ရောင်ဝါမရှိခြင်းကသာ ထူးဆန်းနေလိမ့်မည်။ ဤအရာသည် ထူးခြားသည်ဟုသူတိူ့သိထားကြသော်လည်း ၎င်းက မည်သည့်အရာဖြစ်ကြောင်းကိုမူ မသိကြပေ။

ရီဖန်သည် ကျောက်တုံးကိုထုတ်ကာ ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ ဉာဏ်အလင်းသစ်ပင်ဘေးတွင်ထားလိုက်သည်။ ဉာဏ်အလင်းသစ်ပင်၏အကိုင်းအခက်များ ရွေ့လျားလာသည်နှင့်တပြိုင်နက် ရီဖန်၏စိတ်ထဲသို့ အချက်အလက်များကူးပြောင်းခံလိုက်ရသည်။

ကြည့်ရသည်မှာ ဤကျောက်တုံးသည် သမိုင်းမတင်မီကာလက ထူးခြားသောရတနာတစ်မျိုးဖြစ်သည့် ဉာဏ်အလင်းကျောက်ပင်ဖြစ်ရမည်။ ဤရတနာသည် သမိုင်းမတင်မီကပစ္စည်းများဖြစ်သည့် ပျက်ဆီးခြင်းပုတီးလုံး၊ ပျက်ဆီးခြင်းသစ်ပင် သို့မဟုတ် ကမ္ဘာ့သစ်ပင်တို့နှင့် နှိုင်းယှဉ်၍မရနိုင်ချေ။

ဥာဏ်အလင်းကျောက်တုံး၏ အဓိကလုပ်ဆောင်ချက်မှာ ဉာဏ်အလင်းသစ်ပင်ကြီးထွားလာရန်အတွက် ကူညီပေးခြင်းဖြစ်သည်။ လက်ရှိတွင် ဉာဏ်အလင်းသစ်ပင်သည် ရီဖန်၏ကြီးထွားမှုနှင့်အတူ အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ရောက်ရှိလာသည်။

သို့သော် ရီမိသားစု၏ဦးစီးဦးဆောင်ဖြစ်သည့် ရီဖန်အတွက် ဉာဏ်အလင်းသစ်ပင်မှ ထုတ်လုပ်သော ဉာဏ်အလင်းလက်ဖက်ရည်သည် အကျိုးသက်ရောက်မှု မရှိသလောက်ပင်ဖြစ်ကာ ၎င်းကိုအရသာခံရုံမျှသာ သောက်သုံးနိုင်သည်။

ယခုအခါတွင် ဉာဏ်အလင်းသစ်ပင်သည် နောက်ထပ်ကြီးထွားလာနိုင်ပြီဖြစ်ရာ ၎င်း၏ဆင့်ကဲဖြစ်စဉ်က ရီဖန့်အပေါ်သက်ရောက်မှုရှိနိုင်သည့်အတွက် သူအလွန်ပျော်ရွှင်နေသည်။ မည်ကဲ့သို့သုံးရမည်မှန်းမသိသည့် ဉာဏ်အလင်းကျောက်နှင့်ယှဉ်ပါက ဉာဏ်အလင်းသစ်ပင်က ရီဖန်အတွက် ပိုအသုံးဝင်၏။

ဉာဏ်အလင်းသစ်ပင်ထံမှ အခက်အလက်များဖြာထွက်လာကာ ဉာဏ်အလင်းကျောက်တုံးကိုရစ်ပတ်လျက် ၎င်း၏ခန္ဓာကိုယ်ထဲသို့ သယ်ဆောင်သွားပြီးနောက်တွင် စတင်လှုပ်ခါလာသည်။ ဉာဏ်အလင်းသစ်ပင်၏ တုန်ခါမှုနှင့်အတူ ထူးဆန်းသောရနံ့တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ သတ္တဝါများသည် ထိုရနံ့ကိုရသောအခါတွင် အိပ်ပျော်သွားကြသည်။ ဤရနံ့သည် ဤသတ္တဝါတို့၏ဉာဏ်အလင်းကို အရှိန်ဖြင့်တိုးတက်လာစေမှန်း ရီဖန်ရိပ်မိလိုက်သည်။

ဤသတ္တဝါများသည် လမ်းညွှန်မှုမရှိဘဲနှင့် ဉာဏ်အလင်းကိုကျင့်ကြံနေခဲ့ကြ၏။ ၎င်းတို့ အားကောင်းလာစေရန်အတွက် အချိန်အကြာကြီးယူရသော်လည်း ဉာဏ်အလင်းသစ်ပင်၏အသွင်ပြောင်းလဲခြင်းသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို ဖော်ပြနေသည်။

၎င်းသည် ဉာဏ်အလင်းလက်ဖက်ရည်ပင်မဟုတ်သေးဘဲ ဉာဏ်အလင်းသစ်ပင်ကိုယ်တိုင်ကထုတ်ပေးသည့် ရနံ့ပင်လျှင် ထိုကဲ့သို့သောအကျိုးသက်ရောက်မှုများရှိသည်။ သို့ဖြစ်ပါက ဥာဏ်အလင်းလက်ဖက်ရည်ကို မည်သည့်အတိုင်းအတာအထိ အဆင့်မြှင့်တင်နိုင်နည်နည်း။

ရီဖန်သည် ယခုအခါတွင် ဉာဏ်အလင်းသစ်ပင်ကို အသွင်ကူးပြောင်းခြင်းပြီးဆုံးစေပြီးနောက် ဉာဏ်အလင်းလက်ဖက်ရည်ကို မြည်းစမ်းကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။

ဆယ်နှစ်ကြာပြီးနောက်တွင် ဉာဏ်အလင်းသစ်ပင်သည် နောက်ဆုံးတွင် ၎င်း၏အသွင်ပြောင်းခြင်းပြီးဆုံးသွား၏။ ရီဖန်သည် ဉာဏ်အလင်းသစ်ပင်ကို စောင့်ကြပ်နေကာ ထိုအချိန်အထိ ထွက်ခွာသွားခြင်းမရှိပေ။

သတ္တဝါများသည် ဥာဏ်အလင်းသစ်ပင်ထံမှ ဉာဏ်အလင်းရရှိပြီးနောက် မထွက်သွားမီ ဥာဏ်အလင်းသစ်ပင်ကို ဦးညွတ်လိုက်ကြသည်။ ဤအခွင့်အရေးကြောင့် ၎င်းတို့၏အနာဂတ် အလားအလာသည် နိမ့်ကျလိမ့်မည်မဟုတ်တော့ချေ။

ဆင့်ကဲဖြစ်စဉ်ပြီးနောက် ဉာဏ်အလင်းသစ်ပင်၏ စိတ်ဝိညာဉ်သည် သိသိသာသာတိုးလာပုံရသည်။ ၎င်းက ရီဖန်နှင့်ရင်းနှီးသော ခံစားချက်ကိုထုတ်လွှတ်လိုက်ပြီးနောက် နောက်ထပ်အကိုင်းအခက်တစ်ခု ထပ်မံထွက်ပေါ်လာသည်။

၎င်းအကိုင်းအခက်ပေါ်၌ အရည်တစ်စက်ရှိ၏။ ဉာဏ်အလင်းသစ်ပင်မှ ရရှိသောအချက်အလက် ၎င်းအရည်ကို ဉာဏ်အလင်းအရည်ဟုခေါ်ဆိုကြောင်း ရီဖန်သိလိုက်သည်။ ၎င်းသည် ဥာဏ်အလင်းသစ်ပင်၏ ဆင့်ကဲဖြစ်စဉ်မှရရှိသော အထင်ရှားဆုံးအကျိုးအမြတ်ဖြစ်၏။

တစ်စက်မျှသာရှိသော်လည်း ၎င်း၏အကျိုးသက်ရောက်မှုသည် ဉာဏ်အလင်းလက်ဖက်ရည်ထက် အဆတစ်ရာကျော်သာလွန်သည်။ ထို့အပြင် ဥာဏ်အလင်းသစ်ပင်သည် လက်ရှိတွင် အချိန်ခဏကြာတိုင်း ဉာဏ်အလင်းအရည်တစ်စက်ကိုထုတ်ပေးနိုင်သည်။

ဥာဏ်အလင်းအရည်၏ အကျိုးသက်ရောက်မှုကို သိပြီးနောက် ရီဖန်ဝန်ခံရမည်မှာ ဤဗုဒ္ဓကျင့်ကြံသူသည် ထူးထူးခြားခြားအင်အားမကောင်းသော်လည်း သူတော်ကောင်းတစ်ဦးဖြစ်သည်။

သူသည် ဤဉာဏ်အလင်းကျောက်တုံးကို ပေးရန်အတွက် အဝေးနေရာရှိကမ္ဘာမှ ခရီးထွက်လာခဲ့ရသည်။ သူသာ လူကောင်းတစ်ယောက်မဟုတ်ပါက မည်သူကလူကောင်းဖြစ်မည်နည်း။

နှမြောစရာကောင်းသည်မှာ ဘုန်းတော်ကြီးယွမ်မုသည် လွန်ခဲ့သောနှစ်အနည်းငယ်က ရီရှင်းလုံထံမှ စစ်မေးခံရပြီးနောက် အသက်ခံခဲ့ရလေသည်။ သို့မဟုတ်ပါက ရီဖန်က ကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်လိုသည်။ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် ထပ်မံဆုံတွေ့ပါက သူသေချာပေါက် ကျေးဇူးတင်ကြောင်းပြောရမည်။

ရီဖန်သည် သူ့ပါးစပ်ကိုဖွင့်လိုက်ကာ သစ်ကိုင်းများလှုပ်ခါသွားပြီးနောက် ဉာဏ်အလင်းရည်သည် ရီဖန်၏ပါးစပ်ထဲသို့ စီးဝင်သွားသည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် အခြားဘဝတွင်နေထိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။

ဤဘဝတွင် ရီဖန်သည် သာမန်ကျင့်ကြံသူဖြစ်သည်။ ခရီးစဉ်သည် မချောမွေ့ဘဲ ကျင့်ကြံမှုလမ်းကြောင်းပေါ်ရှိ အတားအဆီးများနှင့် အခက်အခဲအားလုံးကို ကျော်ဖြတ်ခဲ့သည်။ ရီဖန် အလိုအပ်ဆုံးအရာမှာ ခက်ခဲကြမ်းတမ်းမှုပင်ဖြစ်ရမည်။

တစ်လျှောက်လုံးတွင် ရီဖန်၏ခရီးစဉ်သည် ချောမွေ့ကာ သူ၏နှလုံးစွမ်းအားသည် အဆင့် ၄ အထွတ်အထိပ်တွင် ရပ်တန့်နေ၏။ သို့သော် ဤတစ်ကြိမ်တွင် ရီဖန်ပြန်လည်ပြင်ဆင်နိုင်လိမ့်မည်။

…………………..

အခန်း ၂၅၇ - နှလုံးစွမ်းအား ပဥ္စမအဆင့်

ဝှက်ဖဲများအသုံးပြုသည့် သူတစ်ဦးဖြစ်သောကြောင့် စိတ်ပျက်စရာအနည်းငယ်ကပင် သူ့ကိုခက်ခဲစေနိုင်သည်။ သို့သော် ဥာဏ်အလင်းအရည်က ရီဖန်အား တစ်သက်တာအတွေ့အကြုံများကို ပြန်လည်ခံစားစေကာ အခက်အခဲများကိုလျှော့ချပေးခဲ့သည်။

သူ့အိပ်မက်ထဲတွင် ဤဘဝ၌ ရီဖန်သည် အသက်ငါးဆယ်တွင် ချီစွမ်းအားကျင့်ကြံမှုကို စတင်ခဲ့ကာ အသက်တစ်ရာ့ငါးဆယ်တွင် မသေဆုံးမီအထိ သူ၏အခြေခံအုတ်မြစ်ကိုသာ တည်ဆောက်နိုင်ခဲ့တယ်။

ပထမဆုံးအနေဖြင့် ရီဖန်သည် သာမန်လူများအတွက် ကျင့်ကြံမှုလမ်းကြောင်းက မည်မျှခက်ခဲကာ ဆုတ်ယုတ်မှုများပြည့်နှက်နေကြောင်း သဘောပေါက်ခဲ့သည်။ ခက်ခဲပိတ်ဆို့မှုများဖြင့် ပြည့်နှက်နေကာ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတရားကို တွေ့ကြုံခံစားရင်း ဖြည်းညှင်းစွာကျင့်ကြံကြ၏။

သူ့ထံတွင် သာမန်ကျင့်ကြံသူများကဲ့သို့ပင် ဇနီးနှင့် သားသမီးရှိသည်။ ဝှက်ဖဲများဖြင့် လှည့်စားနိုင်ခြင်းမရှိပါက ရီဖန်သည်လည်း ကျင့်ကြံသူများနှင့် ခြားနားခြင်းမရှိကြောင်းတွေ့ရှိခဲ့သည်။ ထိုဘဝတွင် ရီဖန်သည် သူ၏လက်ရှိအောင်မြင်မှုများကို မရရှိခဲ့ချေ။

သို့သော်လည်း ရီမိသားစု ပြန်လည်ရှင်သန်လာသည်ကိုမြင်ရသည့်အခါတွင် အိုမင်းလာသောရီဖန်သည် မပြုံးနိုင်ဘဲမနေနိုင်ချေ။ ကျင့်ကြံခြင်းနှင့်ယှဉ်ပါက ရီဖန်ထံတွင် သူ့မိသားစုအတွက် ပိုလေးနက်သည့် ခံစားချက်ရှိသည်။

ရီဖန်၏ဘဝ နိဂုံးချုပ်ခါနီးတွင် အင်အားကြီးရန်သူတစ်ဦး ရောက်ရှိလာသည်။ ရန်သူသည် အလွန်အင်အားကြီးမားသဖြင့် ရီဖန်သည် သူ၏မျိုးနွယ်စုဝင်များ သူ့မျက်စိရှေ့တွင် သေဆုံးနေသည်ကို ကြည့်ရှုခဲ့ရသည်။

အင်အားမဲ့သည့်ခံစားချက်က ရီဖန်ကို အလွန်အမင်း တုန်လှုပ်သွားစေသည်။ သူ့မျက်စိရှေ့တွင် သူ့မျိုးနွယ်စုပျက်သုဉ်းသွားသည်ကို စောင့်ကြည့်နေရမည်လား။ ရီဖန်သည် ဒေါသနှင့် မလိုလားမှုများဖြင့်ပြည့်နေသည့်တိုင် ခုခံရန် နည်းလမ်းမရှိပေ။ ၎င်းက ရီဖန်၏ဘဝ၏နိဂုံးဖြစ်လေသလား။

ဒေါသသည်လည်း စွမ်းအားတစ်မျိုးဖြစ်သည်။ သူ၏နောက်ဆုံးသားလေးက သူ့မျက်စိရှေ့တွင် သေဆုံးသွားသောအခါ ရီဖန်သည်သူ့နှလုံးသားထဲရှိ သံကြိုးများလှုပ်ခတ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုအချိန်တွင် နှလုံးစွမ်းအားပဉ္စမအဆင့်ကို ချိုးဖောက်သွားလိုက်နိုင်၏။

ရီဖန်၏မှတ်ဥာဏ်များကလည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် ချန်မင်ကမ္ဘာရှိ ရီမိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။ သူသည် ခရိုင်မြို့ငယ်လေးရှိ ရီမိသားစု၏မျိုးနွယ်စုခေါင်းဆောင်လည်းဟုတ်သည်။

နှလုံးစွမ်းအားပဉ္စမအဆင့်ကို ဖြတ်ကျော်ပြီးနောက် လေ့ကျင့်မှုအတွက် ထင်ယောင်ထင်မှားဖြစ်စေသည့်အရာကို ရီဖန် ရှင်းရှင်းလင်းမြင်တွေ့လိုက်ရသည်။

တာအိုဘိုးဘေးများအတွက် စံတစ်ခုဖြစ်သည့် နှလုံးစွမ်းအားပဉ္စမအဆင့်သည် ထင်ယောင်ထင်မှားဖြစ်မှုကို ရင်ဆိုင်နိုင်ရန်ခက်ခဲ၏။ ရီဖန်၏လက်လှုပ်ရှားမှုဖြင့် ရန်သူအားလုံးပျောက်ကွယ်သွားသည်။

အိုမင်းနေသောရီဖန်သည်လည်း စာသင်သားတစ်ဦးနှင့်ယှဉ်နိုင်သည်အထိ ငယ်ရွယ်ချောမောသော အခြေအနေသို့ ပြန်ရောက်လာသည်။ တစ်သက်တာကို ကြုံတွေ့ခဲ့ရပြီးနောက် ရီဖန်သည် ကံကောင်းသည်ဟုခံစားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် သာမန်ရီဖန်မဟုတ်ဘဲ၊ ဝှက်ဖဲတစ်ခုရှိသည်။ လက်တွေ့လောကထဲပြန်ရောက်သည့်အခါတွင် ရီဖန်သည် ကြီးကြီးမားမားပြဿနာမရှိပါက မနှောက်ယှက်ဘဲပိတ်ထားရန် အမိန့်ထုတ်လိုက်သည်။

ရီဖန်သည် ဤအတွေ့အကြုံမှထိုးထွင်းသိမြင်မှုကို ချေဖျက်ရန်လိုအပ်၏။ နှလုံးစွမ်းအားပဉ္စမအဆင့်ဖြင့် သူသည် ခြေလှမ်းကြီးတစ်လှမ်း တက်လှမ်းနိုင်လိမ့်မည်။

……..

ရီဖန်သည် တံခါးပိတ်ကျင့်ကြံနေစဉ် အဆုံးမဲ့ပင်လယ်၌ ကြီးမားသောအရာတစ်ခုဖြစ်ပွားခဲ့သည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားခဲ့သော နဂါးဘိုးဘေးသည် နဂါးမျိုးနွယ်စုသို့ ပြန်ရောက်လာသည်။ နဂါးမျိုးနွယ်စုတစ်ခုလုံးသည် ချက်ချင်းပင် ဝမ်းသာသွား၏။

နဂါးဘိုးဘေးသည် ၎င်းတို့၏ယုံကြည်ရာဖြစ်သည်။ ယခုတွင် နဂါးဘိုးဘေးပြန်ရောက်လာပြီဖြစ်ရာ နဂါးမျိုးနွယ်စုတွင် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုရှိမည်မှာ ကျိန်းသေ၏။ သို့သော် နဂါးဘိုးဘေးပြန်ရောက်လာခြင်းက ပြဿနာကြီးတစ်ခုဖြစ်ပေါ်လာစေသည်။

လက်ရှိ နဂါးမျိုးနွယ်စုခေါင်းဆောင်မှာ ရီကျင်းစန် ဖြစ်သည်။ ယခု နဂါးဘိုးဘေးပြန်ရောက်လာသောအခါတွင် နဂါးမျိုးနွယ်စုခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရန်အတွက်တောင်းဆိုပါက ရီကျင်းစန်ကဆန္ဒရှိမည်လား။

အိုးမု၊ အိုးလီနှင့် မြောက်ပင်လယ်နဂါးမျိုးနွယ်စုမှ အဓိပတိအကြီးအကဲများသည် ရုတ်တရက်ပြန်လာသော နဂါးဘိုးဘေးကို ၎င်းတို့၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာစေရန် ဆန္ဒမရှိကြပေ။ ဤနှစ်များတွင် ရီမိသားစု၏ကျေးဇူးကြောင့် နဂါးမျိုးနွယ်စုသည် များစွာအကျိုးရှိခဲ့သည်။

ချီလင်မျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုတို့ကြောင့် ဖြစ်ပေါ်လာသော နဂါးမျိုးနွယ်စုနှင့်ပတ်သက်သည့် ပြဿနာများကိုပင် ရီဖန်က ကိုယ်တိုင်ဖြေရှင်းပေး၏။ ယခုတွင် နဂါးဘိုးဘေးပြန်လာသောအခါ ရီကျင်းစန်နန်းစွန့်ရန် တောင်းဆိုကြသည်။ ၎င်းက သုံးပြီး စွန့်ပစ်လိုက်ခြင်းနှင့် မခြားနားတော့ချေ။

သို့သော် နဂါးဘိုးဘေးပြန်ရောက်လာသောအခါတွင် နတ်ဆိုးဧကရာဇ်စွမ်းအားကို ပြသခဲ့ရာ အိုးမုနှင့် အိုးလီတို့သည် ၎င်းတို့၏အတွေးကို ထုတ်ဖော်ပြောဆိုရန် လုံးဝမဝံ့ရဲကြပေ။

နဂါးမျိုးနွယ်စုတွင် မကြာသေးမီက ရာထူးတိုးမြှင့်ခံခဲ့ရသော အခြားအဓိပတိအကြီးအကဲများသည် နဂါးဘိုးဘေးကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာစေရန် မျှော်လင့်လျက် ဝမ်းသာနေကြသည်။

အစပိုင်းတွင် ပင်လယ်နဂါးမျိုးနွယ်စုလေးခုမှ မျိုးနွယ်စုသုံးခု ပျက်သုဉ်းသွားသောအခါတွင် ၎င်းတို့အားလုံးကို ပေါင်းစည်းလိုက်သော်လည်း ၎င်းတို့သည် ရီကျင်းစန်ကို အလွန်မကျေမနပ်ဖြစ်ဆဲပင်။

နဂါးဘိုးဘေးကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာစေပါက ၎င်းတို့အတွက် အကျိုးကျေးဇူးပိုများလာမည်မှာ သေချာ၏။ ရီကျင်းစန်က ၎င်းတို့ကို နှစ်ပေါင်းများစွာ ကျင့်ကြံပေးခဲ့သည့် ကျင့်ကြံမှုများနှင့် ပတ်သက်၍ သူတို့မေ့နေသည်မှာ ကြာလေပြီ။

မကြာမီတွင် အစည်းအဝေးပြီးဆုံးသွား၏။ အဓိပတိအကြီးအကဲအချို့သည် ရီကျင်းစန်ကိုနန်းစွန့်ပြီး နဂါးဘိုးဘေးထံ ရာထူးလွှဲပြောင်းပေးရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုရန်စီစဉ်ခဲ့ကြသည်။

၎င်းကိုမြင်သောအခါတွင် အိုးလီနှင့် အိုးမုတို့သည် ကူကယ်ရာမဲ့ ခံစားခဲ့ရသည်။ အဆုံးတွင် သူတို့ထွက်ခွါသွားခဲ့ကြသည်။ ရလဒ်ကို မပြောင်းလဲနိုင်သော်လည်း အနည်းဆုံးတော့ ရီကျင်းစန်ကိုစိတ်မကောင်းဖြစ်စေရန် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

နဂါးမျိုးနွယ်စု၏အဆင့်မြင့်အဖွဲ့ဝင်များသာမက သာမန်နဂါးများသည်လည်း ရီကျင်းစန်နန်းစွန့်မည့်အချိန်နှင့် နဂါးဘိုးဘေးမျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည့်အချိန်ကို စတင်ဆွေးနွေးခဲ့ကြသည်။ ရီကျင်းစန်က သူတို့အတွက်လုပ်ပေးခဲ့သည့် ကောင်းမှုမှန်သမျှကိုမူ သူတို့လုံးဝမေ့သွားခဲ့သည်။ တချို့သူများကိုယဉ်ပါးစေနိုင်၍ မရချေ။

"အရှင်၊ ကျွန်မတို့ ထွက်သွားကြမလား"

နဂါးနီလေးသည် ရီကျင်းစန်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ နှစ်များတစ်လျှောက် ရီကျင်းစန်သည် နဂါးမျိုးနွယ်စုအတွက် မမောမပန်းအလုပ်ကြိုးစားပေးခဲ့သော်လည်း ဤကဲ့သို့ဖယ်ထုတ်လိုက်ရသည်။ နဂါးနီလေးသည် ရီကျင်းစန်စိတ်အဆင်မပြေမည်ကို စိုးရွံ့နေသည်။

ရီကျင်းစန်က ပြုံးပြလိုက်သည်။ ရိုးသားစွာပြေ ရလျှင် ရီရှင်းလုံအတွက်မဟုတ်ပါက ရီကျင်းစန်သည်လည်း နဂါးမျိုးနွယ်စုကို စိတ်ဝင်စားမည် မဟုတ်ပေ။ ရီမိသားစုက မကောင်းနေလို့လား။

နဂါးမျိုးနွယ်စုက အားကောင်းပုံရသော်လည်း ရီမိသားစုနှင့်နှိုင်းယှဉ်ပါက ဘာမှမဟုတ်ချေ။

"သူတို့က ငါတို့ကို ဒီမှာမကြိုဆိုဘူးဆိုတော့ အိမ်ပြန်ကြရအောင်"

နဂါးမျိုးနွယ်စုက ဆုံးဖြတ်ချက်ချပြီးသည့်အချိန်မှစ၍ ရီကျင်းစန်ထံတွင် ဆက်နေရန်အတွက် အကြောင်းပြချက်မရှိတော့ချေ။

"ကောင်းပြီ အိမ်ပြန်ရအောင်!"

နဂါးနီလေးသည် ရီကျင်းစန်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်းမရှိပေ။ သူမသည် ရီမိသားစုထံ ပြန်လာချင်နေသည်မှာ ကြာလေပြီ။ ကျင့်ကြံသူများအတွက် နေရာပြောင်းခြင်းသည် အလွယ်ကူဆုံးအရာဖြစ်သည်။ အရာအားလုံးကို သိုလှောင်လက်စွပ်ထဲထည့်ပြီး ချက်ချင်းထွက်သွားနိုင်သည်။

ရီကျင်းစန်နှင့် နဂါးနီလေးတို့ ထွက်ခွါသွားမည်ဖြစ်သည့်အတွက် ရီရှင်းလုံသည်လည်း နဂါးမျိုးနွယ်စုတွင် ဆက်နေလိမ့်မည်မဟုတ်ချေ။

"အဖေ၊ မြန်မြန်သွားပြီး အဘိုးကိုသွားတွေ့ရအောင်"

ရီရှင်းလုံသည် နဂါးမျိုးနွယ်စုနှင့်ပတ်သက်သည့် ခံစားချက်ရှိသော်လည်း ရီမိသားစုထံပြန်လာရန် ပို၍စိတ်အားထက်သန်ခဲ့သည်။

"ကောင်းပြီ သွားကြစို့!"

ရီကျင်းစန်သည် ၎င်း၏ဇနီး၊သားနှင့်အတူ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် နဂါးမျိုးနွယ်စုမှ အဓိပတိအကြီးအကဲများစွာသည် ရီကျင်းစန်၏ ဂူအိမ်အထက်တွင်ပေါ်လာသည်။

'မင်းဆန္ဒရှိရင် ထွက်သွားနိုင်တယ် ဒါပေမယ့် နဂါးသားတော်ကို မင်းတို့ခေါ်သွားလို့မရဘူး!"

မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ ရွှေအင်မော်တယ်အိုးဟိုင်သည် နဂါးမျိုးနွယ်၏အရင်းအမြစ်များကို အားကိုးကာ နက်နဲအင်မော်တယ်ဘုံသို့ မြှင့်တင်ခဲ့ပြီးနောက် အဓိပတိအကြီးအကဲတစ်ဦးဖြစ်နေလေသည်။

ရီကျင်းစန်ထွက်သွားတော့မည်ကို သိလိုက်ရသည်နှင့် သူကတခြားနဂါးမျိုးနွယ်စု၏အဓိပတိအကြီးအကဲများကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

"ဟုတ်တယ်၊ ရီရှင်းလုံက ဒီနှစ်တွေမှာ ငါတို့နဂါးမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေ အများကြီး သုံးထားတာ၊ သူ့ကို သေချာပေါက်သွားခွင့်မပေးနိုင်ဘူး"

အဓိပတိအကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက်ပြောလာကြကာ ၎င်းတို့၏ရည်ရွယ်ချက်မှာ ရှင်းသည်။ ရီကျင်းစန်နှင့် နဂါးနီလေးတို့ ထွက်သွားနိုင်သော်လည်း ရီရှင်းလုံထွက်သွား၍မရချေ။

အကြီးအကဲများ၏စကားကိုကြားသောအခါ ရီကျင်းစန်က လှောင်ရယ်လိာက်သည်။

“ရှင်းလုံ သုံးတဲ့ အရင်းအမြစ်တွေအားလုံးက မင်းတို့နဂါးမျိုးနွယ်စုကဆိုတာ သေချာလို့လား! ”

နဂါးမျိုးနွယ်စု၏ ရှားပါးသော အရင်းအမြစ်များနှင့် ၎င်းတို့သည် ရီရှင်းလုံကို ကောင်းကင်အင်မော်တယ်နယ်မြေအထိ ကျင့်ကြံပေးနိုင်သည်ကပင် ကောင်းလွန်းနေပြီ။ ရီရှင်းလုံ၏ကျင့်ကြံမှုအတွက် အသုံးပြုသည့် အဓိကအရင်းအမြစ်အများစုကို ရီမိသားစုမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်၏။

ယခုတွင် ရီရှင်းလုံကို နဂါးမျိုးနွယ်စုမှ ထွက်ခွာခြင်းမှတားဆီးရန် အကြောင်းပြချက်တစ်ခုအဖြစ် သုံးရဲသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။

ရီကျင်းစန်၏စကားများက အကြီးတန်းအကြီးအကဲများ၏မျက်နှာကို အနည်းငယ်မသာမယာဖြစ်စေသည်။ သို့သော် သူတို့ စိတ်ထဲဆုံးဖြတ်ထားသည်၊ ရီရှင်းလုံ လုံးဝမထွက်သွားရချေ။

အကြောင်းမှာ ရီရှင်းလုံသည် နဂါးဘိုးဘေး တစ်ထပ်တည်းလိူချင်ခဲ့သောသူ ဖြစ်ကြောင့်ပင်။ သူတို့ ရီရှင်းလုံကိုထွက်သွားခွင့်ပေးလိုက်ပါက ၎င်းတို့၏နေ့ရက်များ အဆင်ပြေတော့မည်မဟုတ်ချေ။

"ဒီနေ့ ငါ့သားနဲ့ ထွက်သွားတာကို ဘယ်သူတားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!"

ထိုအချိန်တွင် ရီကျင်းစန်သည် ပုန်းကွယ်မနေတော့ဘဲ သူ၏နက်နဲအင်မော်တယ် ကျင့်ကြံမှု စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။ ဤနှစ်များအတွင်း ရီကျင်းစန်သည် တိုက်ခိုက်ခဲသောကြောင့် ရီကျင်းစန်၏ ကျင့်ကြံမှုမှာအားနည်းကာ ရီမိသားစုကိုသာ အားကိုးနေခြင်းဖြစ်သည်ဟု နဂါးမျိူးနွယ်စုကထင်နေခဲ့သည်။

‘အဇူရာနဂါးသွေးမျိုးဆက် အသွင်ပြောင်းခြင်း’

ရီကျင်းစန်သည် ကောင်းကင်သို့ပျံတက်သွားသော ဧရာမအဇူရာနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။

‘အဇူရာနဂါးသွေးမျိုးဆက် လက်သည်းနှင့် အဇူရာနဂါးသွေးမျိုးဆက် အမြီး’

ရီကျင်းစန်၏ စွမ်းအားကိုထုတ်လွှတ်လိုက်သောအခါတွင် အဓိပတိအကြီးအကဲများမှာ ၎င်းထံမှတိုက်ရိုက်ဖိနှိပ်ခံလိုက်ရသည်။ နဂါးအမြီးသည် နောက်ဆုံးကျန်ရှိနေသောအိုးဟိုင်ကို ဖယ်ရှားပြီးနောက် ရီကျင်းစန်သည် လူသားအသွင်သို့ပြန်ပြောင်းသွားပြီး နဂါးမျိုးနွယ်စုကို အေးစက်စွာစိုက်ကြည့်နေသည်။

"ငါ့ကို ဘယ်သူတားရဲသေးသလဲ" ရီကျင်းစန်၏စကားများသည် အားလုံးကိုအေးခဲသွားစေခဲ့သည်။

ဤအကြီးအကဲများသည် ရီကျင်းစန်၏အင်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူတစ်ဦးသည် ၎င်းတို့၏ နက်နဲအင်မော်တယ်နယ်မြေပေါင်းအားကို ဖိနှိပ်ထားနိုင်ခဲ့သည်။

"ဒီနှစ်တွေအတွင်း ငါ့၏ရီမိသားစုကြောင့်မဟုတ်ရင် မင်းတို့နဂါးမျိုးနွယ်စုရှိဦးမလားတောင် မသေချာဘူးလေ! ဖီးနစ်မျိုးနွယ်စုနဲ့ ချီလင်မျိုးနွယ်စုက ငါတို့နဂါးမျိုးနွယ်စု အစွမ်းထက်လွန်းတယ်ထင်လိူ့ မတိုက်ခိုက်တော့တာလို့များ ထင်နေတာလား။ မင်းတို့မှာ အဲအရည်အချင်းမရှိဘူး!"

သူ၏စကားများသည် တိုက်ပွဲကိုကြည့်ရှုရန် ရောက်လာသော သာမန်နဂါးမျိုးနွယ်စုအဖွဲ့ဝင်များကို ဆွံ့အစေခဲ့သည်။ ဤအခိုက်အတန့်တွင် လူများစွာက သတိရသွားသည်။

ဤနှစ်များအတွင်း နဂါးမျိုးနွယ်စု၏ တည်ငြိမ်အေးချမ်းမှုနှင့် ပိုမိုကောင်းမွန်သောဘဝများသည် မျိုးနွယ်စုခေါင်းဆောင်ရီကျင်းစန်ကြောင့်ဖြစ်ပုံရသည်။ ယခု ဤမျိုးနွယ်စုခေါင်းဆောင်ကိုနှင်ထုတ်မည့် ဆုံးဖြတ်ချက်က မှန်ကန်နိုင်ပါ့မလား။

နဂါးမျိုးနွယ်စုအဖွဲ့ဝင်တော်တော်များများက ထိုအကြောင်းကိုတွေးပြီး ခေါင်းကိုအရူးအမူး ခါယမ်းရင်း အတွေးများကိုခါထုတ်ရန် ကြိုးစားနေကြသည်။ ယခုတွင် နဂါးဘိုးဘေးပြန်ရောက်လာကာ သူ့စွမ်းရည်နှင့် နဂါးမျိုးနွယ်စုသည် ရီကျင်းစန်ရှိစဉ်ကထက် ပိုကောင်းလာမည်မှာ သေချာသည်။ သူတို့ နောင်တရစရာ မရှိနိုင်ပါချေ။

ရီကျင်းစန်က ကောင်းသော်လည်း၊ သူရောက်လာချိန်က လွဲနေသည်။ သူတို့ပိုလိုအပ်နေသည်မှာ နဂါးဘိုးဘေးကိုသာဖြစ်သည်။

မည်သူမှစကားမပြောတော့သည်ကို မြင်သောအခါ ရီကျင်းစန်က ဘာမှမပြောတော့ဘဲ သူ့ဇနီးနှင့်သားကိုခေါ်ဆောင်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အဝေးတစ်နေရာမှထွက်ပေါ်လာသော ရောင်ဝါတစ်ခုသည် နဂါးမျိုးနွယ်စုတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

"မင်းထွက်သွားနိုင်ပေမယ့် နဂါးသားတော်ကိုထားခဲ့ရမယ်၊ နဂါးမျိုးနွယ်စုရဲ့ဘိုးဘေးအနေနဲ့ ငါ့မှာ နဂါးမျိုးနွယ်စုရဲ့ နဂါးသားတော်ကို ထိန်းသိမ်းပိုင်ခွင့်ရှိတယ်!"

ထိုစကားသံနှင့်အတူ နက်မှောင်သော ရွှေနဂါးအရိပ်တစ်ခု ဖြည်းညှင်းစွာထွက်ပေါ်လာကာ ရောက်ရှိလာသူမှာ နဂါးဘိုးဘေးဖြစ်သည်။ နဂါးဘိုးဘေး၏ မှောင်မိုက်သောရွှေမျက်ဆန်များဖြင့် စိုက်ကြည့်ခံလိုက်ရသော ရီကျင်းစန်သည် ကြီးမားသောဖိအားကိုခံစားခဲ့ရသည်။

နဂါးဘိုးဘေး၏ကျင့်ကြံခြင်းအဆင့်သည် အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့သောသတ္တဝါ၏ စိုက်ကြည့်ခြင်းခံရသည့်တိုင် မပြိုလဲသွားခြင်းမှာ ရီကျင်းစန်သန်မာသောကြောင့်သာဖြစ်၏။

ပြင်းထန်သောဖိအားများရှိနေသော်လည်း ရီကျင်းစန်သည် အလျှော့မပေးလိုပေ။ ရီမိသားစုထံတွင် တိုက်ရိုက်အရှုံးပေးရန် ရည်ရွယ်ချက်မရှိကြချေ။ သူသေသွားလျှင်ပင် သူ့အဖေက သူ့အတွက်လက်စားချေပေးလိမ့်မည်။

ရီကျင်းစန်က အရာအားလုံးပုံအောလျက် စွန့်စားတော့မည့်အချိန်တွင် နောက်ထပ်ရောင်ဝါတစ်ခုရောက်လာသည်။ ၎င်းသည် နဂါးဘိုးဘေးကဲ့သို့ စွမ်းအားမကြီးသော်လည်း ၎င်းက နဂါးဘိုးဘေး၏ရောင်ဝါကို အခိုင်အမာပိတ်ဆို့ထားသည်။

ဟွမ်လောင်စန်းသည် ရီကျင်းစန်တို့မိသားစုရှေ့တွင် ရပ်နေကာ နဂါးဘိုးဘေးကို လှောင်ပြောင်နေ၏။

"ဒါက နဂါးဘိုးဘေးမဟုတ်လား၊ အဲဒီစစ်ပွဲမှာ မသေသွားတာ မင်းကံကောင်းတာပဲ!" ဟွမ်လောင်စန်းသည် နဂါးဘိုးဘေးနှင့်မစိမ်းဘဲ လူကိုယ်တိုင်ပင်တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ဟွမ်လောင်စန်းသည် သာမန်အင်မော်တယ် ဧကရာဇ်တစ်ဦးမျှသာဖြစ်ကာ၊ နဂါးဘိုးဘေးသည် အလွန်လေးစားစရာကောင်းသည့် နတ်ဆိုးဘိုးဘေးတစ်ဦးဖြစ်၏။

သို့သော် လက်ရှိနဂါးဘိုးဘေး၏ရောင်ဝါသည် ဧကရာဇ်နယ်မြေ၌သာရှိရာ ဒဏ်ရာငယ်လေးမျှသာရရှိခဲ့ခြင်ရမဟုတ်ကြောင်း သိရှိလိုက်ရသည်။ ဤနှစ်များတစ်လျှောက်တွင် သူသည် ကုသရန်အတွက် တစ်နေရာရာသို့ ပုန်းရှောင်နေခဲ့သည်။

နတ်ဆိုးဘိုးဘေးတွေနယ်ပယ်အထွက်အထိပ်အဆင့်တွင်ဖြစ်ပါက ဟွမ်လောင်စန်းထွက်လာဝံ့မည်မဟုတ်သော်လည်းယခုတွင် နတ်ဆိုးဧကရာဇ်နယ်မြေတွင်ရှိနေသည့် နဂါးဘိုးဘေးသည် ဟွမ်လောင်စန်းကို အနည်းငယ်ရန်စရနိုင်ပုံပေါ်စေသည်။

"ဟွမ်၊ ဒီတစ်ခါတော့ ငါတို့ မင်းကို ဒုက္ခပေးရတော့မှာပဲ"

ရီကျင်းစန်က ဟွမ်လောင်စန်း၏ အထောက်အထားကို သိထား၏။ ဟွမ်လောင်စန်း ပေါ်လာသည်ကို မြင်လိုက်သည့်အခါတွင် သူ့နှလုံးသားက ချက်ချင်းသက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

………………..

အခန်း ၂၅၈ - နဂါးဘိုးဘေး၏တိုက်ခိုက်မှု

နဂါးဘိုးဘေးသည် ဟွမ်လောင်စန်းကို အနီးကပ်ကြည့်ကာ သူ့အထောက်အထားကို လျင်မြန်စွာဖော်ထုတ်လိုက်သည်။

“ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်၊ မင်း မထင်မှတ်ဘဲ အသက်ရှင်နေသေးတာပဲ၊ ဒါပေမယ့် မင်း၏လက်ရှိ ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဘုရင်နယ်မြေထိပဲ ပြန်ရသေးတာတောင်၊ ငါ့ကိုရင်ဆိုင်ရဲတယ်ပေါ့။ မင်းအရင်ခေတ်ကလို ကံကောင်းပြီး ဆက်အသက်ရှင်နိုင်မလား ကြည့်ကြသေးတာပေါ့!”

နဂါးဘိုးဘေးက အေးဆေးစွာဖြင့်ပြောလိုက်သော်လည်း၊ တကယ်တမ်းတွင် မတည်ငြိမ်နေချေ။ ရီကျင်းစန်၏ အဆိုအရ ဤဟွမ်လောင်စန်းသည် ရီမိသားစုနှင့်ပူးပေါင်းထား၏။

ဟွမ်လောင်စန်းသည် ယခုအင်မော်တယ်ဘုရင်တစ်ပါးသာဖြစ်သော်လည်း ယခင်အင်မော်တယ်ဧကရာဇ်တစ်ဦး၏ဂုဏ်ရှိသေးသည်။ အင်မော်တယ်ဧကရာဇ်ဟောင်းတစ်ဦးကို လိုလားစွာ ပူးပေါင်းစေသည်အထိဖြစ်ရာ ရီကျင်းစန်နှင့် ရီမိသားစု၏နောက်ခံသည် နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲများဖော်ပြသည့်အတိုင်း ရိုးရှင်းပါမည်လား။

ထိုအကြီးအကဲများ၏အဆိုအရ ရီမိသားစု၏မျိုးနွယ်စုခေါင်းဆောင် ရီဖန်သည် လွန်ခဲ့သောအနှစ်တစ်ထောင်က နက်နဲအင်မော်တယ် စွမ်းအားရှိသည့် ရွှေအင်မော်တယ်တစ်ဦးသာဖြစ်သည်။ အနှစ်တစ်ထောင်ကုန်ဆုံးသွားပြီးနောက် သူသည် တိုးတက်မှုအချို့ရှိခဲ့သော်လည်း၊ သူသည် အလွန်ဆုံးရှိမှ နက်နဲအင်မော်တယ်သာဖြစ်ရာ၊ ယနေ့ခေတ် နဂါးမျိုးနွယ်စုအတွက် ခြိမ်းခြောက်မှုမဟုတ်ချေ။

အကြီးအကဲများကြားတွင် အိုးမုတစ်ဦးတည်းကသာ ရီဖန်သည်ထင်သလောက်မရိုးရှင်းကြောင်းကို အခိုင်အမာဆိုသော်လည်း နဂါးမျိုးရိုးက လျစ်လျူရှုထားသည်။ နတ်ဆိုးဘိုးဘေးတစ်ဦးအနေဖြင့် သူသည် လူသားမျိုးနွယ်စုများ၏စွမ်းအားကို မည်သည့်အခါကမျှ အလေးအနက်မထားခဲ့ချေ။

သို့သော် ယနေ့တွင် နဂါးဘိုးဘေးစိတ်ပြောင်းသွားသည်။ ဤ ရီမိသားစုသည် ထိုမျှရိုးရှင်းပုံမပေါ်ပေ။ မည်သို့သောသာမာန်မိသားစုမျိုးက ယခင်အင်မော်တယ်ဧကရာဇ်တစ်ပါးကို လိုလားစွာဖြင့်ပူးပေါင်းလာနိုင်စေမည်နည်း။

နဂါးဘိုးဘေးသည် သူ၏ကျင့်ကြံမှု အပြည့်အဝ မကောင်းမွန်သေးကြောင်းသိထားသောကြောင့် သန်မာသောရန်သူများကို ရန်စလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ရီရှင်းလုံ၏ ကြွယ်ဝသော သွေးမျိုးဆက်စွမ်းအားသည် သူ့အတွက် မရှိမဖြစ်ဖြစ်သည်။

အင်မော်တယ်ဧကရာဇ်သည် တာအိုဘိုးဘေးနယ်ပယ်ကို ပြန်လည်ရရှိရန် ခက်ခဲလွန်းလှသည်။ သို့သော်လည်း နဂါးမျိုးနွယ်စုဝင်ဖြစ်သည့် ရီရှင်းလုံအတွင်းရှိ အစွမ်းထက်သောသွေးမျိုးဆက်သည် ပြန်လည်ကောင်းမွန်ရန်အတွက် အကောင်းဆုံးဆေးဖြစ်သည်။

ထို့ကြောင့် သူသေချာမသိသော နောက်ခံအင်အားစုကို ရန်စမိသည့်တိုင်အောင် သူရီရှင်းလုံကို လက်မလျှော့နိုင်ချေ။ "ဟွမ်လောင်စန်း၊ သူကမျိုးနွယ်စုဝင်တစ်ယောက်ပဲ၊ မင်းငါ့ကို ဆန့်ကျင်ချင်တာ သေချာလား"

နဂါးဘိုးဘေးကြီးသည် ဟွမ်လောင်စန်းကို ပစ်မှတ်ထားလျက် နတ်ဆိုးဧကရာဇ်၏ စွမ်းအားရောင်ဝါတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်။

နဂါးဘိုးဘေး၏ လက်ရှိကျင့်ကြံမှုအဆင့်သည် နတ်ဆိုးဧကရာဇ်အဆင့်မျှသာဖြစ်သော်လည်း၊ သူသည်တစ်ချိန်က နတ်ဆိုးဘိုးဘေးအဆင့်ရှိ စွမ်းအားကြီးသူဖြစ်သည်။

သာမန်အားဖြင့် အင်မော်တယ်ဧကရာဇ်ပင်လျှင် နဂါးဘိုးဘေးကို ဆန့်ကျင်နိုင်စွမ်းမရှိချေ။ အထူးသဖြင့် ဟွမ်လောင်စန်းသည် ယခင်အင်မော်တယ်ဧကရာဇ်တစ်ဦးသာဖြစ်ကာ လက်ရှိတွင် အင်မော်တယ်ဘုရင်နယ်မြေတွင်သာရှိနေသည်။

သို့သော် ဟွမ်လောင်စန်းက လုံးဝမထိတ်လန့်ခဲ့ချေ။ သူ၏မူလရည်ရွယ်ချက်မှာ နတ်ဆိုးဘိုးဘေးကို ချေမှုန်းရန်မဟုတ်ဘဲ သူ့ကိုအချိန်ဆွဲရန်သာဖြစ်သည်။ ထို့အပြင် ဟွမ်လောင်စန်းထံတွင် ရီဖန်ပေးထားသော ဝှက်ဖဲရှိသည်။

‘အချိန်၏သင်္ကေတ၊ နှစ်ခြောက်သောင်းကအချိန်သို့ပြန်သွားခြင်း’ လွန်ခဲ့သောနှစ်ပေါင်းခြောက်သောင်းက ဟွမ်လောင်စန်း၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်ရှိခဲ့သည်။

နောက်အခိုက်အတန့်တွင် ဟွမ်လောင်စန်းသည် သူ့အတွင်းရင်းနှီးနေသောစွမ်းအားများ ပြန်လည်ရောက်ရှိလာသည်ကို ခံစားလိုက်ရ၏။ ကံမကောင်းစွာဖြင့် အချိန်၏သင်္ကေတသည် တစ်ရက်သာကြာသည်။ မိမိ၏အင်အားကို အမှန်တကယ်ပြန်လည်ရယူလိုပါက လုံ့လစိုက်ထုတ်ရန် လိုအပ်နေသေးသည်။

"ကျင်းစန်၊ မင်းတို့သွားနှင့်လိုက်။ ငါဒီနဂါးဘိုးဘေးကိုကိုင်တွယ်လိုက်မယ်!" ဟွမ်လောင်စန်းသည် ထိပ်တန်းတာအိုလက်နက်ကိုဆုပ်ကိုင်လျက် နဂါးဘိုးဘေးကိုစတင်တိုက်ခိုက်လိုက်သည်။

အင်မော်တယ်ဧကရာဇ်နယ်မြေ၏တိုက်ပွဲသည် သာမန်နက်နဲအင်မော်တယ်ဖြစ်သူများ ကိုင်တွယ်နိုင်သည့်အရာမဟုတ်သောကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်လှုပ်သွားရသည်။

တိုက်ပွဲအပြီးတွင် နဂါးမျိုးနွယ်စုကို ထိခိုက်စေလိုခြင်းမရှိသောကြောင့် နဂါးဘိုးဘေးသည် ဟွမ်လောင်စန်းကို ကောင်းကင်ယံ၌တိုက်ခိုက်ရန် ခေါ်ဆောင်သွားခဲ့သည်။

"ငါတို့ သူ့ကို ထွက်သွားခိုင်းလို့မရဘူး!"

နဂါးဘိုးဘေး၏အသံသည် နဂါးမျိုးနွယ်စုဝင်တိုင်း၏နားထဲသို့ ပဲ့တင်ထပ်သွားသည်။ ရီမိသားစုသည်လည်း အင်မော်တယ်ဧကရာဇ်နယ်ရှိ စွမ်းအားရှင်ကိုပိုင်ဆိုင်ထားသောကြောင့် နဂါးမျိုးနွယ်စုထိတ်လန့်သွားသည်။

နက်နဲအင်မော်တယ်နယ်ပယ်ရှိ အဓိပတိအကြီးအကဲများစွာမှာ အလွန်တုန်လှုပ်သွားကြသည်။ ရီမိသားစုတွင် အင်အားအကောင်းဆုံးက နက်နဲအင်မော်တယ်နယ်မြေရှိ

ရီဖန်တစ်ယောက်မဟုတ်ဘူးလား။

ရီမိသားစုတွင် အချိန်တိုလေးအတွင်း အင်မော်တယ်ဧကရာဇ်နယ်မြေရှိ စွမ်းအားရှင်တစ်ဦးက မည်သို့ရောက်လာသနည်း။ အင်မော်တယ်ဧကရာဇ်က လက်အောက်ခံတစ်ဦးမျှသာဖြစ်ရာ ရီမိသားစုသည် မည်မျှစွမ်းအားကြီးမည်နည်း။

သူတို့ရန်မစသင့်သည့် အဖွဲ့အစည်းကို ရန်စခဲ့မိကြောင်း သဘောပေါက်လိုက်သည်။ သို့သော် ယခုနောင်တရရန်အချိန်နှောင်းသွားခဲ့ပြီဖြစ်ရာ နဂါးဘိုးဘေးက ရီမိသားစု၏ဖိအားကိုခံနိုင်ရည်ရှိရန်သာ မျှော်လင့်မိသည်။ သို့မဟုတ်ပါက သူတို့ဒုက္ခရောက်လိမ့်မည်။

၎င်းတို့သည် ရီမိသားစုကိုရန်စမိပြီးသည့်အပြင်၊ နဂါးဘိုးဘေးက ပို၍ရှင်းလင်းအောင်လုပ်ထားသည့်အတွက် ရီကျင်းစန်နှင့် အခြားသူများကို အလွယ်တကူထွက်ခွါခွင့်မပေးသင့်မှန်းနားလည်လိုက်သည်။

နက်နဲအင်မော်တယ်နယ်မြေရှိ နဂါးမျိုးနွယ်စုဝင်များနှင့် ရွှေအင်မော်တယ်နယ်မြေကျင့်ကြံသူ ဒါဇင်များစွာသည် ရီကျင်းစန်တို့ကို ဝိုင်းရံလိုက်သည်။

"လာစမ်းပါ!" ရီကျင်းစန်က သေချာပေါက် ဂရုမစိုက်ချေ။ နဂါးဘိုးဘေးမရှိပါက ဤနဂါးမျိုးနွယ်စုအဖွဲ့ဝင်များမှာ ခွေးသာသာရှိသည်။

“နက်နဲအင်မော်တယ်တွေကို ငါရှင်းမယ်။ မင်းတို့နှစ်ယောက်က ရွှေအင်မော်တယ်ကိုရှင်းလိုက်”

၎င်းတို့သည် အလယ်အလတ်အဆင့် တာအိုလက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ ဤတာအိုလက်နက်များကို လူတစ်ဦးစီတိုင်းအတွက် ရီဖန်က စိတ်ကြိုက်ပြုလုပ်ပေးထားခြင်းပင်။

ရီကျင်းစန်နှင့် အခြားသူများလက်ထဲရှိ တာအိုလက်နက်များကို မြင်လိုက်ရသည့်အခါတွင် အကြီးအကဲများစွာသည် မနာလိုစိတ်ဖြင့်ပြည့်နှက်သွားသည်။ သူတို့က တာအိုလက်နက်တစ်ခုတောင်မပိုင်ဆိုင်ထားသည့်အချိန်တွင် ရီကျင်းစန်တို့ထံတွင် အဘယ်ကြောင့် ဤမျှကောင်းမွန်သည့် အရာများရှိနေသနည်း။

နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအနေဖြင့် ရီကျင်းစန်သည် ဤအဓိပတိအကြီးအကဲများ ပျော်ရွှင်စေရန်အတွက် ၎င်း၏အဖိုးတန်ပစ္စည်းများကို ပေးသင့်ပါ၏။

တိုက်ပွဲစတင်ခဲ့ကာ အကြီးအကဲအချို့သည် ရီကျင်းစန်တို့ကိုဖမ်းဆီးကာ ၎င်းတို့၏ တာအိုလက်နက်များကို လုယူရန်အတွက် စိတ်ကူးယဉ်ခဲ့ကြသည်။ သို့သော် စတင်တိုက်ခိုက်သည့်အချိန်မှသာ ၎င်းတို့မည်မျှရူးမိုက်ကြောင်း သိလိုက်ရသည်။

တာအိုလက်နက်မပါလျှင်ပင် ရီကျင်းစန်သည် ၎င်းတို့၏ပြိုင်ဘက်မဟုတ်ပေ။

ယခု တာအိုလက်နက်များကိုပါ အသုံးပြုနေသည့်အတွက် ၎င်းတို့ကို အလွယ်တကူဖျက်ဆီးပစ်နိုင်လိုက်၏။

‘ကောင်းကင်နှင့်မြေကမ္ဘာဥပဒေ’

ရီကျင်းစန်သည် သေးငယ်သော မွန်းစတားတစ်ကောင်အသွင်ပြောင်းကာ ခြေတစ်ချက်ကန်ရုံမျှဖြင့် နဂါးမျိုးနွယ်စုအကြီးအကဲကို မိုင်ထောင်ပေါင်းများစွာအကွာထိ လွှင့်ထွက်သွားစေသည်။ နဂါးသွေးသည် မြေပြင်အနှံ့ပြန့်ကျဲသွားကာ အောက်ဘက်ရှိသတ္တဝါများကို တုန်လှုပ်သွားစေသည်။ ၎င်းက

ရှားပါးရတနာတစ်ခုဖြစ်သည့် နဂါးသွေးဖြစ်၏။

ရီကျင်းစန်၏ဘက်တွင် မုန်တိုင်းတစ်ခုဖန်တီးနေရုံသာမက၊ တစ်ဖက်တွင် နဂါးနီလေးနှင့် ရီရှင်းလုံတို့ကလည်း ရွှေအင်မော်တယ်နယ်ပယ်မှကျင့်ကြံသူများကို တစ်ချက်စီထိုးနှက်လိုက်ကြသည်။

နဂါးမျိုးနွယ်စု၏ ရွှေအင်မော်တယ်နယ်မြေ ကျင့်ကြံသူအရေအတွက် များပြားလွန်းသောကြောင့် ရီရှင်းလုံသည် ၎င်းတို့အားလုံးကိုမရှင်းနိုင်ခဲ့ချေ။ ကျင့်ကြံသူအများစုသည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခုမှဖြစ်၏။

မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ မထွက်လာခဲ့ကြချေ။ ရှင်းပါသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရီကျင်းစန်တို့နှင့်ပက်သက်၍ အခြားပင်လယ်နဂါးမျိုးနွယ်စုသုံးခုနှင့် ခံစားချက်ချင်းမတူကြချေ။ ၎င်းတို့က ရလဒ်ကိုမပြောင်းလဲနိုင်သော်လည်း ရီကျင်းစန်တို့ကို ဒုက္ခမပေးရန်သာ ရွေးချယ်ခဲ့သည်။

ရီကျင်းစန်သည် အိုးဟိုင်၏ကြေးခွံချပ်ဝတ်တန်ဆာ တစ်ချက်တည်းနှင့်ဖျက်ဆီးလိုက်ပြီးနောက်တွင် မတ်မတ်ရပ်နေခဲ့၏။

" နောက်ထပ် လာရဲကြသေးလား"

နေရာတိုင်းကိုလိုက်ကြည့်ပြီးနောက် မည်သူကမှ သူနှင့်မျက်လုံးချင်းမဆုံလာသည့်အတွက် ရီကျင်းစန်သိသိသာသာစိတ်ပျက်သွားသည်။

"သွားရအောင်!" ရီကျင်းစန်တို့သုံးယောက်လုံး ပျံသန်းထွက်ခွါသွားကြသည်။

မကြာမီတွင်နဂါးဘိုးဘေးသည် နဂါးမျိုးနွယ်စု၏ရှေ့တွင် ပေါ်လာပြန်၏။ သို့သော် နဂါးဘိုးဘေးသည် ယခင်ကလောက် ပေါ့ပေါ့ပါးပါးမရှိတော့ချေ။ သူ၏ချပ်ဝတ်တန်ဆာသည် များစွာထိခိုက်ထားသည်။

"သူတို့ ဘယ်ရောက်သွားတာလဲ!" နဂါးဘိုးဘေးက အော်လိုက်သည်။

“သူတို့ထွက်ပြေးသွားပြီ၊ ရီမိသားစုကို ပြန်သွားကြပြီ!" အိုးဟိုင်နှင့် ကျန်ရှိနေသည့်သူများက ကြောက်လန့်တကြားဖြေလိုက်သည်။

"ရီမိသားစု၊ ကောင်းပြီလေ!"

နဂါးဘိုးဘေး၏မျက်နှာသည် ဒေါသကြောင့် မှောင်မည်းနေသည်။ ရှေးခေတ် စွမ်းအားရှင်တစ်ဦးဖြစ်သည့် သူသည်မည်သည့်အချိန်ကများ ဤကဲ့သို့ ဆက်ဆံခံခဲ့ရဖူးပါသနည်း။ လူသားမျိုးနွယ်စုတစ်စုသည်သာ သူ့ကို ဤမျှလောက် မလေးစားပြုဝံ့ခြင်းဖြစ်သည်။

"ဒီနေ့တော့ ရီမိသားစုကို ဘာနဲ့လုပ်ထားလဲဆိုတာ၊ ငါကိုယ်တိုင်သွားကြည့်မယ်" မကြာမီတွင် နဂါးမျိုးနွယ်စုက သူတို့၏တပ်ဖွဲ့များဖြင့် ရီမိသားစုထံ ချီတက်သွားကြသည်။

တစ်ဖက်တွင် ဟွမ်လောင်စန်းသည် ရီကျင်းစန်တို့သုံးယောက်ကို ခေါ်ယူနိုင်ခဲ့ကာ ရီမိသားစုထံသို့ အမြန်ပြန်သွားခဲ့ကြသည်။ သူ့ထံတွင် အားနည်းချက်ရှိနေသော်လည်း ဟွမ်လောင်စန်းသည် အလွန်ကျေနပ်နေ၏။

နတ်ဆိုးဘိုးဘေးနယ်ပယ်ရှိ ရှေးခေတ်စွမ်းအားရှင်ကို အနိုင်ယူနိုင်သည့်အခွင့်အရေးသည် အလွန်ရှားပါးကာ အလွယ်တကူရနိုင်သည့်အရာမဟုတ်ပေ။ နောင်တွင် ဟွမ်လောင်စန်းသည် နဂါးဘိုးဘေးကိုနိုင်ဖူးသည်ဟု ကြွားနိုင်ပါသည်။

တစ်ဖွဲ့လုံး ရီမိသားစုထံသို့ အမြန်ပြန်လာခဲ့သည်။ ရီဖန်ကိုအကြောင်းကြာားမည့်အချိန်၌ ရီဖန်သည် တစ်ကိုယ်တည်းကျင့်ကြံနေကြောင်းသိရှိလိုက်ရသည်။ ရီဖန်၏ တစ်ကိုယ်တည်းကျင့်ကြံခြင်းက ရှားပါးသောကြောင့် ရီမိသားစုအဖွဲ့ဝင်များက ဤကိစ္စအတွက် သူ့ကိုနှောက်ယှက်မည်မဟုတ်ပေ။

ရီမိသားစုအတွက် ရီဖန်ဘိုးဘေး၏ကိစ္စများကသာ အရေးကြီးဆုံးဖြစ်သည်။ ရီဖန် တစ်ကိုယ်တည်းကျင့်ကြံရာမှ မထွက်လာသေးလျှင်ပင် နဂါးဘိုးဘေးကို မကြောက်ကြပေ။

လက်ရှိတွင် ရီမိသားစုသည် ချန်မင်ကမ္ဘာတွင် ယခင်ကကဲ့သို့ အားကိုးရာမဲ့နေသည်မဟုတ်ပေ။

ရီမိသားစုထံတွင် အဆက်အသွယ်ကောင်းများစွာ ရခဲ့ပြီးဖြစ်သည်။ အကယ်၍ သူတို့က ကွမ်ဟန်နန်းတော်ကို အကူအညီတောင်းပါက နန်းတော်ကဝင်ရောက်ကူညီမည်မှာ သေချာသည်။ ထို့အပြင် လက်ရှိရီမိသားစုသည် ဧကရာဇ်နယ်မြေတွင် ယာယီရှိနေသောကျင့်ကြံသူလည်းရှိသည်။

အင်မော်တယ်ဧကရာဇ်နယ်မြေရှိကျင့်ကြံသူနှစ်ဦးနှင့် အင်အားစုနှစ်ခုပူးပေါင်းလိုက်ပါက နဂါးဘိုးဘေးကို အနိုင်မယူနိုင်စရာအကြောင်းမရှိချေ။ ရီဖန်တစ်ကိုယ်တည်းကျင့်ကြံရာမှထွက်လာချိန်၌ နဂါးဘိုးဘေး၏ပြဿနာကို လုံး၀ဖြေရှင်းနိုင်ပြီးဖြစ်လိမ့်မည်။

"အပြင်က ရီမိသားစုဝင်တွေက သူတို့ကိုယ်သူတို့ ဂရုစိုက်ပြီးတော့ အခင်းအကျင်းကို အသက်သွင်းရမယ်။ ဟွမ်လောင်စန်း၊ ရှင်လည်း ဘဏ္ဍာတိုက်ကိုသွားပြီး အချိန်၏သင်္ကေတကို ယူသင့်တယ်”

ရီမိသားစု၏ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည့်အတွက် စုယန်သည် ရီမိသားစု၏ သယံဇာတများကို ခွဲဝေပိုင်ခွင့်ရှိသည်။ ရီဖန်ပိုင်ဆိုင်သော ပစ္စည်းများမှလွဲ၍ ရီမိသားစု၏ သယံဇာတအများစုကို ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားသည်။ ရီဖန်မှလွဲ၍ စုယန်တစ်ခုတည်းတွင်သာ ဘဏ္ဍာတိုက်အတွက် သော့တစ်ချောင်းရှိခြင်းက စုယန်၏အဆင့်အတန်းကို ပြနေသည်။

ရီမိသားစုမှ ကျင့်ကြံသူများသည် စုယန်၏အစီအစဉ်များကို မကန့်ကွက်ဘဲ တယောက်ပြီးတယောက် ချီတက်လာကြသည်။

ထို့နောက်တွင် မရေတွက်နိုင်အောင် အဆင့်မြှင့်တင်ထားသော မြစ်ဝါကိုးကွေ့အခင်းအကျင်းနှင့် ကောင်းကင်နှင့်ကြယ်တာရာအခင်းအကျင်းများသည် တာအိုအဆင့်သို့ရောက်ရှိသွားကာ တစ်ခုပြီးတစ်ခုစတင်ခဲ့သည်။

ဤအခင်းအကျင်းသည် ရီမိသားစု၏အပြင်ဘက်ကို ကာကွယ်ပေးကာ

ရီမိသားစု၏ဗဟိုစစ်သည် မူလစည်းမျဉ်းနယ်မြေထဲတွင်ရှိသည်။ ယခုအခါတွင် ရီမိသားစုက အဆင့်မြှင့်တင်ပြီးနောက် မူလစည်းမျဉ်းနယ်မြေသည် ကောင်းချီးမြေထက်ပင် အားမနည်းတော့ချေ။

မူလစည်းမျဉ်းနယ်မြေထဲတွင်လည်း ရီမိသားစုဝင်များစွာလည်းရှိ၏။ မူလစည်းမျဉ်းနယ်မြေမပျက်ဆီးသရွေ့ ရီမိသားစု၏အခြေခံအုတ်မြစ်သည်လည်း ပျက်စီးမည်မဟုတ်ပေ။

ရီမိသားစု စတင်တိုက်ခိုက်လာသည့်အချိန်တွင် နဂါးမျိုးနွယ်စု၏တပ်များသည်လည်း နောက်ဆုံးတွင်ရောက်ရှိလာသည်။ နဂါးဘိုးဘေးသည် ရီမိသားစု၏နေအိမ်ကို အဝေးမှစိုက်ကြည့်ကာ မျက်မှောက်ကြုတ်ထားသည်။

အခင်းအကျင်းနှစ်မျိုးဖြင့်ကာကွယ်ထားသောရီမိသားစုဝင်များကိုမြင်ပြီးနောက်တွင် နဂါးဘိုးဘေးပင်လျှင် အနည်းငယ်ထိတ်လန့်သွားသည်။ ရီမိသားစုသည် ရိုးရှင်းသောအဖွဲ့အစည်းမဟုတ်မှန်း သူသိထားပြီးဖြစ်သော်လည်း၊ သူတို့၏နေထိုင်ရာနေရာသည် နဂါးဘိုးဘေးကို မယုံကြည်နိုင်သောခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။

ဤ ရီမိသားစုက မည်သည့်အချိန်က ခုန်တက်သွားသနည်း။ သီအိုရီအရ အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံမှုကို အနှစ်တစ်သောင်းယူနစ်ဖြင့် တွက်ချက်သည်။

သူပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းသိန်းချီမျှသာရှိသေးရာ ဤသန်မာသောမိသားစုသည် ယန်မင်ကမ္ဘာတွင် ရုတ်တရက် မည်သို့ပေါ်လာရသနည်း။ နဂါးဘိုးဘေးမှရရှိသောအချက်အလက်များအရ ဤရီမိသားစုသည် နှစ်ပေါင်းထောင်ဂဏန်းမျှအတွင်း ကြီးထွားလာခဲ့သည်။ ရီမိသားစုထံတွင် လုံးဝလျှို့ဝှက်ချက်ရှိနိုင်၏။

သူသည် ရီမိသားစု၏လျှို့ဝှက်ချက်ကို ရယူနိုင်ခဲ့ပါက၊ နတ်ဆိုးဘိုးဘေးများအဖြစ် ပြန်လည်ကျင့်ကြံနိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။ နဂါးဘိုးဘေးအတွက်မူ သူ၏ကျင့်ကြံမှုကို ပြန်လည်ရယူခြင်းထက် ပိုအရေးကြီးသောအရာ မရှိချေ။

လိုအပ်ပါက သူသည် သူ၏ကျင့်ကြံမှုကိုပြန်လည်ထူထောင်ရန်အတွက် နဂါးမျိုးနွယ်စုတစ်ခုလုံးကိုပင် စတေးနိုင်သည်။ နောက်ဆုံးတွင် နဂါးဘိုးဘေး၏အမြင်၌ ချန်မင်ကမ္ဘာတွင် သူဖန်တီးခဲ့သော နဂါးမျိုးနွယ်စုသည် သူ့လက်အောက်အစေခံသာဖြစ်သည်။

ယခုတွင် သူ့ထံ၌တောင်းဆိုချက်ရှိလာပြီဖြစ်ရာ နဂါးမျိုးနွယ်စုက လုံးဝငြင်းလို့မရပေ။ နဂါးဘိုးဘေးသည် သူ၏မူလပုံစံအဖြစ်သို့ ပြောင်းလဲသွားကာ ပေသုံးသောင်းရှိသော သူ၏ခန္ဓာကိုယ်သည် အခြားအရာအားလုံးကို မယုံနိုင်လောက်အောင်ပင် သိမ်ငယ်သွားစေသည်။

နောက်အခိုက်အတန့်တွင် နဂါးဘိုးဘေးသည် သူ၏ နက်မှောင်သော ရွှေခြေသည်းကို ဆန့်ထုတ်ကာ ရီမိသားစုနေရာကို ရိုက်ချလိုက်သည်။ အခင်းအကျင်းကြီးက ချက်ချင်း ပြင်းထန်စွာလှုပ်ခါလာသည်။

………………

All Chapters