← Chapters

အခန်း ၂၅၉-၂၆၁

Vol. 18 Ch. 259-261

အခန်း ၂၅၉-၂၆၁

Vol. 18 Ch. 259-261

အခန်း ၂၅၉ - ရီမိသားစုကြားရှိ ဆက်နွှယ်မှု

အခင်းအကျင်းတုန်ခါမှုမှာ ပြင်းထန်သော်လည်း အဆုံးတွင် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။ ရီမိသားစု၏အဖွဲ့ဝင်များသည် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အင်မော်တယ်ဧကရာဇ်နယ်မြေရှိ စွမ်းအားကြီးသောရန်သူနှင့် ရင်ဆိုင်နေကြရကာ ဖိအားသည်ကြီးမားလွန်းလှ၏။

အချိန်လေဟာနယ်အဆောင်လက်ဖွဲ့ကို အသက်သွင်းရန်အသင့်ဖြစ်နေသော ဟွမ်လောင်စန်းသည်လည်း သူ့လက်ကို ပြန်ချလိုက်သည်။ အချိန်လေဟာနယ်အဆောင်လက်ဖွဲ့ကို အသုံးပြုလိုက်တိုင်း တစ်ခုလျှော့နည်းသွားမည်ဖြစ်သောကြောင့် ရပ်တန့်မရနိုင်သောတိုက်ခိုက်မှုကို တားဆီးရန်မလိုအပ်ပါက ၎င်းကိုအသုံးပြုရန် မလိုအပ်ချေ။

သူ့တိုက်ခိုက်မှုများသည် အခင်းအကျင်းကြောင့်ပျက်ပြယ်သွားရာ နဂါးဘိုးဘေးသည် အလွန်ဒေါသထွက်လာသည်။ နှစ်ပေါင်းတစ်သိန်းကြာအောင် ပျောက်ကွယ်နေရာမှ ပြန်လာပြီးနောက် ထိုကဲ့သို့မကောင်းသော အခြေအနေတွေနှင့်ကြုံလာရသည့်အခါတွင် သူ့ကိုမည်သူက လေးစားတော့မည်နည်းဟုတွေးမိသည်။

ယနေ့တွင် သူသည် ရီမိသားစုနှင့်ရင်ဆိုင်ပြီး သူ၏အခွင့်အာဏာကို ထူထောင်ရမည်ဖြစ်သည်။ နောက်အခိုက်အတန့်တွင် နဂါးဘိုးဘေး၏တိုက်ခိုက်မှုသည် ပို၍ပင်အင်အားကြီးလာသည်။

ကံကောင်းစွာဖြင့် ရီဖန်တည်ဆောက်ထားသော အခင်းအကျင်းနှစ်ခုသည် ကြာရှည်စွာတောင့်ခံထားနိုင်သော အခင်းအကျင်းများဖြစ်ကြသည်။

ထို့အပြင် ကောင်းကင်နှင့်ကြယ်တာရာအခင်းအကျင်းသည်လည်း ကြယ်များနှင့်ချိတ်ဆက်နိုင်ကာ သူ့အလိုလိုပြန်လည်ပြုပြင်နိုင်သည်။ သိူ့မဟုတ်ပါက အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်အရူးများ၏တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

နဂါးဘိုးဘေးကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်မှုများသည် များစွာသော အဖွဲ့အစည်းများ၏အာရုံကို ဆွဲဆောင်မိခဲ့သည်။ များမကြာမီတွင် စွမ်းအားကြီးမားသော အဖွဲ့အစည်းအများအပြားသည် ယခင်မျိုးဆက်မှ စွမ်းအားကြီးလှသောနဂါးဘိုးဘေးကို မှတ်မိသွားကြသည်။

နဂါးဘိုးဘေးနှင့် ရင်ဆိုင်နေသော မိသားစုကိုမြင်သောအခါ ၎င်းတို့ကို စိတ်ဝင်စားလာကြသည်။ နဂါးဘိုးဘေးသည် ကျင့်ကြံမှုအဆင့်ကျဆင်းသွားပုံရသော်လည်း တာအိုဘိုးဘေးများသည် ဘာမှမလုပ်လျှင်ပင် အင်မော်တယ်ဧကရာဇ်နယ်မြေအတွင်းတွင် စွမ်းအားအရှိဆုံးစာရင်းဝင်နေဆဲဖြစ်သည်။

အခြားအဖွဲ့တစ်ဖွဲ့သာဖြစ်ပါက ၎င်းတို့သည် ရီမိသားစုလောက် နဂါးဘိုးဘေးကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ရီမိသားစု၏ အကာအကွယ်အခင်းအကျင်းသည် ဂိုဏ်းပေါင်းစုံ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။

ထိုသို့သောအခင်းအကျင်းကို ရယူနိုင်ပါက ၎င်းတို့အဖွဲ့၏ကာကွယ်ရေးစွမ်းရည်ကို များစွာမြှင့်တင်နိုင်မည်ဖြစ်သည်။ ကျင့်ကြံခြင်းအနုပညာတွင် ကျင့်ကြံသူအများအပြားသည် အခင်းအကျင်းလေ့လာမှုကို အာရုံစိုက်ခဲ့ကြသည်။

အခင်းအကျင်းသခင်အများအပြားသည် ရီမိသားစု၏အခင်းအကျင်းက အလွန်ထူးခြားပြီး အားကောင်းသည့် ရှေးခေတ်အခင်းအကျင်းမှ ဆင်းသက်လာပုံရသည်ကို လေ့လာတွေ့ရှိခဲ့သည်။

တစ်ဖက်တွင် ရီမိသားစုကိုတိုက်ခိုက်သည့် နဂါးဘိုးဘေး၏ သတင်းသည် ကွမ်ဟန်နန်းတော်၏ အင်မော်တယ်ဧကရာဇ်ထံ ရောက်ရှိသွားခဲ့၏။ ထိုသတင်းသည် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ကို အလွန်စိတ်လှုပ်ရှားစေသည်။

အကယ်၍ နဂါးဘိုးဘေးသည် ၎င်း၏စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိနေပါက ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် မည်သည့်အကြံအစည်ကိုမျှ ထားရဲမည်မဟုတ်သော်လည်း၊ ယခုတွင် နဂါးဘိုးဘေးသည် အင်မော်တယ်ဧကရာဇ်နယ်မြေ၌သာရှိသည်။

ချန်ပန်းကိုထည့်ပေါင်းလိုက်ပါက ၎င်းတို့နှစ်ဦးသည် အင်မော်တယ်ဧကရာဇ်အဆင့်တွင်ရှိသောကြောင့် နဂါးဘိုးဘေးကို ခံနိုင်ရည်ရှိသင့်သည်။ နဂါးဘိုးဘေး၏စွမ်းအားကို ပြန်လည်ရရှိလာလျှင်ပင် စိုးရိမ်စရာမရှိချေ။ ရီမိသားစုတွင် တာအိုဘိုးဘေးတစ်ဦး ကျောထောက်နောက်ခံရှိသည် မဟုတ်လား။

နဂါးဘိုးဘေးသည် နတ်ဆိုးဘိုးဘေးအဖြစ် သူ၏ စွမ်းအားကိုပြန်လည်ရယူခဲ့မည်ဆိုလျှင်ပင် ဗောဓိဘိုးဘေးကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအားလိမ့်ဦးမည်မဟုတ်ချေ။

ယခင်က နဂါးဘိုးဘေးသည် အစွမ်းထက်သော တာအိုဘိုးဘေးတစ်ဦးမျှသာဖြစ်သည်။ သို့သော် ဗောဓိဘိုးဘေးသည် တာအိုဘိုးဘေးများကြားတွင် စွမ်းအားအရှိဆုံးဖြစ်ကာ နဂါးဘိုးဘေးနှင့် နှိုင်းယှဉ်၍ပင်မရချေ။

ထိုသို့တွေးပြီးနောက် ကွမ်ဟန် အင်မော်တယ်ဧကရာဇ်က ချန်ပန်းအင်မော်တယ်ဧကရာဇ်ကို ချက်ချင်းဆက်သွယ်လိုက်ကာ သူ့အကြံဥာဏ်ကို မျှဝေလိုက်သည်။

နဂါးဘိုးဘေးကို ဘာမှလုပ်မရသော်လည်း အနည်းဆုံး သူတို့က၎င်းကို အချိန်ဆွဲထားကာ ရီမိသားစုကိုမဖျက်ဆီးနိုင်အောင် ကာကွယ်ပေးနိုင်လိမ့်မည်။

ရီဖန်၏အထောက်အထားကိုကြားသောအခါ ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် ချက်ချင်းသဘောတူခဲ့သည်။ အောင်မြင်လာမှ နှမ်းဖြူးခြင်းထက် လိုအပ်သည့်အခါတွင် ကူညီပံ့ပိုးပေးခြင်းက ပို၍အဖိုးတန်၏။ ဤအချိန်တွင် ရီမိသားစုကို ကူညီခြင်းသည် ရီဖန်၏စေတနာကို ပြန်လည်ရရှိစေလိမ့်မည်ပင်။

မကြာမီတွင် အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် အကွာအဝေးများစွာကျော်ဖြတ်လာကာ ရီမိသားစု၏အထက်ကောင်းကင်ယံတွင် ရောက်ရှိလာကြသည်။ အင်မော်တယ်ဧကရာဇ်နှစ်ပါး ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းတို့သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။

လူတိုင်းရှုပ်ထွေးနေကြ၏။ ပုံမှန်အခြေအနေများတွင် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိသူကို တွေ့ရခြင်းက ရှားပါးသော်လည်း၊ ယခုတွင် သုံးယောက်လုံးကို တစ်ပြိုင်နက်တည်းတွေ့နေရသည်။

ဤအင်မော်တယ်ဧကရာဇ်နှစ်ပါးက အဘယ်ကြောင့်

ရောက်ရှိလာရသနည်း။ ဖြစ်နိုင်သည်မှာ သူတို့သည်လည်း ရီမိသားစုကိုတိုက်ခိုက်ရန် နဂါးဘိုးဘေးနှင့်ပူးပေါင်းလျက် ရောက်ရှိလာခြင်း ဖြစ်နိုင်ပါသလား။

နဂါးဘိုးဘေးက ကွမ်ဟန်နှင့် ချန်ပန်းတို့ အင်မော်တယ်ဧကရာဇ်နှစ်ပါးကို သတိပြုမိလိုက်ကာ သူ့စိတ်ထဲတွင် မသက်မသာ ခံစားရသည်။ သူ့တွင် စွမ်းအားအပြည့်ရှိခဲ့စဉ်က ဤအင်မော်တယ်ဧကရာဇ်နှစ်ပါးသည် အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ဖောက်ထွက်ခဲ့ကြသော်လည်း၊ သူ၏အာရုံစူးစိုက်မှုနှင့်မထိုက်တန်ဟု သတ်မှတ်ထားသောကြောင့် အငယ်တန်းကျင့်ကြံသူများနှင့် အပြန်အလှန်ဆက်ဆံရေးမရှိခဲ့ကြပေ။

ဤအင်မော်တယ်ဧကရာဇ်နှစ်ပါး ရုတ်တရက်ပေါ်လာခြင်းသည် သူ့အကျိုးအတွက်မဖြစ်နိုင်ပေ။ သေချာပေါက်ပင်၊ အင်မော်တယ်ဧကရာဇ်နှစ်ပါးရောက်လာသည်နှင့် တပြိုင်နက် နဂါးဘိုးဘေးကြီးရှေ့တွင် ရပ်ကာ ရီမိသားစုကို ဆက်လက်တိုက်ခိုက်ခြင်းမှ တားဆီးထားသည်။

“ကွမ်ဟန်၊ ချန်ပန်း။ မင်းတို့ဒါက ဘာအဓိပ္ပာယ်လဲ!" နဂါးဘိုးဘေးသည် သူ၏ဒေါသကိုဖိနှိပ်ထားရသည်။ သူ့ကို လျစ်လျူရှုခြင်းအား ထပ်ခါတလဲလဲ အရှက်ခွဲနေကြခြင်းကြောင့် သူ့နှလုံးသားထဲတွင် ဒေါသဖြင့်ပြည့်နှက်နေသည်။

ယခင်က အင်မော်တယ်ဧကရာဇ်များအားလုံးက သူ့ကိုအလွန်ရိုသေလေးစားကြသည်။ ယခုတွင် ၎င်းတို့က သူ၏လမ်းကိုလာပိတ်ပင်ရဲကြ၏။ အကြိမ်ကြိမ်အရှက်ခွဲခံရခြင်းက နဂါးဘိုးဘေး၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း သူမမှတ်မိခဲ့သည်မှာ သူသည် ရှေးယခင်ကကဲ့သို့ နတ်ဆိုးဘိုးဘေးမဟုတ်တော့သည်ကိုပင်။

တူညီသောအဆင့်တွင်ရှိနေသောကြောင့် အင်မော်တယ်ဧကရာဇ်နှစ်ပါးဖြစ်သော ကွမ်ဟန်နှင့် ချန်ပန်းတို့သည် သူ့ကိုလုံးဝကြောက်ရွံ့ခြင်းမရှိပေ။

"ရီမိသားစုမျိုးနွယ်စုခေါင်းဆောင်က ငါတို့မိတ်ဆွေကောင်းလေ၊ အခုသူရှိမနေလို့ သူ့မိသားစုအပေါ် မင်းတို့ဒီလိုလုပ်နေကြတာကို ငါတိူ့ ဒီတိုင်ရကြည့်မနေနိုင်ဘူး"

သူစကားပြောပြီးသည်နှင့် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က သူ့၏ရပ်တည်ချက်ကိုဖော်ပြကာ ရီမိသားစုကိုကူညီရန် ရောက်လာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုက်သည်။

"မှန်တယ်!" ချန်ပန်း အင်မော်တယ်ဧကရာဇ်ကလည်း ပြတ်သားစွာအတည်ပြုခဲ့သည်။

"ကောင်းပြီလေ ငါ့လမ်းကို ဘယ်လိုတားဆီးမလဲ ကြည့်ရသေးတာပေါ့!" ဒေါသတကြီးရယ်လိုက်ပြီးနောက်၊ နဂါးဘိုးဘေးသည် သူ ယနေ့ရီမိသားစုကို မသိမ်းပိုက်နိုင်ခဲ့ပါက ချန်မင်ကမ္ဘာတစ်ခုလုံးတွင် လှောင်စရာဖြစ်လာမည်မှန်း သိလိုက်သည်။

နဂါးဘိုးဘေးအတွက် ဤအရှက်သည် သူခံစားခဲ့ရသောဒဏ်ရာထက် ပို၍မခံမရပ်နိုင်ဖြစ်လိမ့်မည်။ ယနေ့တွင် အားလုံးပုံအောပြီး ရောက်လာခြင်းဖြစ်သောကြောင့် ရီမိသားစုကိုအောင်နိုင်မှဖြစ်မည်။

ရီမိသားစုနယ်မြေတစ်ခုလုံးကို စိမ်းသက်သောရောင်ဝါတစ်ခု ဖုံးလွှမ်းထား၏။ နတ်ဆိုးဘိုးဘေးအဆင့်ကိုအောင်မြင်ပြီးနောက် နဂါးဘိုးဘေးသည် ရိုးရှင်းသောပြိုင်ဘက်မဟုတ်တော့ချေ။

နဂါးဘိုးဘေး၏စွမ်းအား ပေါက်ကွဲပြီးနောက် အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ‘နဂါးဘိုးဘေးခန္ဓာကိုယ်’ နဂါးဘိုးဘေး၏သွေးမျိုးဆက်သည် နဂါးမျိုးနွယ်စုတွင် အသန်မာဆုံးဖြစ်ပြီး သူ၏ထင်ရှားသောနည်းလမ်းမှာ အစွမ်းအထက်ဆုံးသွေးမျိုးဆက်ကို ပေါင်းစည်းခြင်းဖြင့် ဖွဲ့စည်းထားသော ဤခန္ဓာကိုယ်ဖြစ်သည်။

နဂါးဘိုးဘေးသည် သူ၏နဂါးဘိုးဘေးခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက်၊ အင်မော်တယ်ဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုများသည် သူ့အပေါ် မည်သို့မျှသက်ရောက်မှုမရှိပေ။ ထိုအချိန်တွင် နဂါးဘိုးဘေးသည် ၎င်းတို့နှစ်ဦးကို ဒေါသတကြီးရိုက်နှက်တော့သည်။

အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် စိတ်ထဲတွင်ကျိန်ဆဲလိုက်၏။ နဂါးဘိုးဘေးသည် အဆင့်ကျဆင်းသွားသော်လည်း ၎င်းသည်သာမန် အင်မော်တယ်ဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။

သူတို့နှစ်ဦးစလုံးသည် သာမန်အင်မော်တယ်ဧကရာဇ် များဖြစ်ကြကာ အရိုင်းအစိုင်းနဂါးဘိုးဘေးကို ရင်ဆိုင်ခဲ့ရချိန်တွင် ၎င်းတို့သည်မယှဉ်နိုင်ဘဲ အဆက်မပြတ်ခုခံကာ တိမ်းရှောင်နေခဲ့ကြရသည်။

"လနန်းတော်!"

"အင်မော်တယ်ရုံးတော်"

အင်မော်တယ်ဧကရာဇ်နှစ်ပါး၏ ဦးခေါင်းအထက်ရှိ သင်္ကေတများသည် နဂါးဘိုးဘေး၏ တိုက်ခိုက်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။ အင်မော်တယ်ဧကရာဇ်သုံးပါးကြား တိုက်ပွဲသည် ကြည့်ရှုနေသူများကို စိတ်လှုပ်ရှားစေခဲ့သည်။

အင်မော်တယ်ဧကရာဇ်များ၏အင်အားသည် အမှန်တကယ်ပင်ကြီးမားမည်မှာ သံသယဝင်စရာပင်မလိုချေ။ အင်မော်တယ်ဧကရာဇ်နှစ်ပါးကိုတိုက်ခိုက်နေသည့် နဂါးဘိုးဘေး၏စွမ်းရည်သည် လူအုပ်ကို စိတ်လှုပ်ရှားစေသည်၊ သူသည် တစ်ချိန်က နတ်ဆိုးဘိုးဘေးဖြစ်ခဲ့၏!

သို့သော် အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် ရီမိသားစုကိုကူညီရန်အတွက် ဘိုးဘေးနဂါးကို ရန်စခဲ့သောကြောင့် အံ့အားသင့်သွားသည်။ ရီမိသားစုသည် ယနေ့နဂါးဘိုးဘေးကို ခုခံနိုင်သရွေ့၊ ၎င်းတို့သည် ချန်မင်ကမ္ဘာ ကမ္ဘာတစ်ခုလုံးတွင် ထင်ရှားကျော်ကြားလာမည်မှာ သေချာပါသည်။

အင်မော်တယ်ဧကရာဇ်သုံးပါးကြားရှိ တိုက်ပွဲသည် အကန့်အသတ်သို့ရောက်ရှိသွားပြီဟု လူတိုင်းက ထင်နေကြသည့်အချိန်တွင် ရီမိသားစုမှ အင်မော်တယ်ဧကရာဇ်နယ်မြေရှိ ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

ထိုအချိန်တွင် ရီမိသားစုသည် ၎င်းတို့ကိုအင်မော်တယ်ဧကရာဇ်နှစ်ပါးက ကူညီနေချိန်၌ အနီးမှမတ်တပ်ရပ်ကြည့်မနေနိုင်တော့ချေ။ ၎င်းတို့တွင် အင်အားမရှိပါက မတတ်နိုင်သော်လည်း သူတို့တွင် အင်အားအလြံအလောက်ရှိနေရာ ရီမိသားစုကလည်း မချုပ်တည်းထားတော့ချေ။

အချိန်လေဟာနယ်အဆောင်လက်ဖွဲ့သည် အဖိုးတန်သော်လည်း ရီမိသားစုမတတ်နိုင်သော အရာမျိုးမဟုတ်ပေ။ ဟွမ်လောင်စန်းသည် ၎င်း၏ အင်မော်တယ်ဧကရာဇ်နယ်မြေ၏ ကျင့်ကြံမှုအဆင့်ကို တစ်ဖန်ပြန်လည်ရရှိပြီး ကောင်းကင်သို့ပျံတက်သွားကာ နဂါးဘိုးဘေးကို တိုက်ခိုက်ရန်အတွက် အင်မော်တယ်ဧကရာဇ်နှစ်ပါးနှင့်ပူးပေါင်းခဲ့သည်။

ယခုတွင် ရီမိသားစု၌လည်း အင်မော်တယ်ဧကရာဇ်ရှိနေသလား။ လူတိုင်း၏စိတ်ထဲတွင် မေးခွန်းအမှတ်အသားကြီးနှင့် ကျန်နေခဲ့သည်။ ဤရီမိသားစုက မည်သည့်အချိန်ကများ ပေါ်ပေါက်လာသနည်း။

အင်မော်တယ်ဧကရာဇ်တစ်ဦးရှိသော အင်အားစုကို လူမသိနိုင်စရာအကြောင်းမရှိပါချေ။ မကြာမီတွင် တစ်စုံတစ်ယောက်က ဟွမ်လောင်စန်းသည် ယခင်က ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်ဖြစ်ကြောင်း မှတ်မိလိုက်သည်။

အားလုံးသိကြသည့်အတိုင်း ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် ရှေးယခင်တည်းက ပျောက်ကွယ်သွားလောက်ပြီဖြစ်သော်လည်း၊ လက်ရှိတွင် သေတွင်းမှလွတ်မြောက်သွားရုံသာမက အင်မော်တယ်ဧကရာဇ်၏ကျင့်ကြံမှုအဆင့်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် ချန်ပန်း တို့သည် ရီမိသားစုအတွင်း အင်မော်တယ်ဧကရာဇ်နယ်မြေရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော်လည်း ရီဖန်၏ အထောက်အထားမှာ ဗောဓိဘိုးဘွား၏တပည့်ဖြစ်ကြောင်း ပြန်အမှတ်ရသွားပြီးနောက် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ နောက်လိုက်တစ်ဦးရှိခြင်းသည် သာမန်မျှသာဖြစ်သည်။

" ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်၊ မင်းကို ရီမိသားစုမှာတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး!" ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ဟွမ်လောင်စန်းနှင့် ယခင်က ဆက်ဆံခဲ့ဖူးသောကြောင့် သူ့ကိုမှတ်မိသည်။

တကယ်တမ်းတွင် ချန်မင်ကမ္ဘာတစ်ခုလုံး၌ အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ စွမ်းအားကြီးသူအများကြီးမရှိသည့်အတွက် အများစုမှာ တစ်ယောက်နှင့်တစ်ယောက် သိကြသည်။

"ကွမ်ဟန် ဧကရာဇ်၊ တစ်နေ့နေ့မှာ ငါတို့ ဒီလိုအတူတူ တိုက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး!"

ဟွမ်လောင်စန်းသည် အလွန်ပျော်ရွှင်နေ၏။ ယနေ့သည် သူ့အတွက် ဖန်မင်းကမ္ဘာတွင် ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်အဖြစ် ပြန်လည်ရောက်ရှိလာကြောင်း ကြေညာသည့်နေ့ဖြစ်သည်။

တိုက်ပွဲဆက်လက်ဖြစ်ပွါးခဲ့သည်။ ဟွမ်လောင်စန်းကို ပေါင်းထည့်လိုက်သာ့်အခါတွင် မူလက အရေးနိမ့်နေသော ကွန်ဟန်ဧကရာဇ်နှင့် ချန်ပန်းဧကရာဇ်တို့အပေါ် ဖိအားများ လျော့ကျသွားခဲ့သည်။

နဂါးဘိုးဘေးဘက်တွင်လည်း မလွယ်တော့ချေ။ အင်မော်တယ်ဧကရာဇ်သုံးပါး၏ဝိုင်းရံမှုက နဂါးဘိုးဘေးကို အလွန်ဒေါသထွက်စေသော်လည်း ကူကယ်ရာမဲ့နေသည်။ သူ၏ကျင့်ကြံမှုအဆင့်ကို ပြန်လည်မရရှိမီ ရီမိသားစုကိုကိုင်တွယ်ရန်အတွက် အင်မော်တယ်ဧကရာဇ်သုံးပါး၏ ပိတ်ဆို့တားဆီးမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ယနေ့မျက်နှာပျက်ရတော့မည်မှန်း သူသိလိုက်၏။ သို့သော်လည်း မျက်နှာပျက်ရခြင်းက သူ့အတွက် စိုးရိမ်စရာအနည်းဆုံးဖြစ်သည်ကိုတော့ သူမသိရှာချေ။

ရီမိသားစု၏မူလနိယာမနယ်မြေအတွင်း ကျင့်ကြံနေသော ရီဖန်သည် ရုတ်တရက်စိတ်မသက်သာရာရသောကြောင့် မျက်လုံးများကိုဖွင့်လိုက်သည်။

ရီဖန်ကဲ့သို့သောအစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်အတွက် ထိုကဲ့သို့ခံစားချက်များ ရုတ်တရက်ထွက်မလာနိုင်ပေ။ သူနှင့် နီးစပ်သူတစ်ဦးထံတွင် ဘေးတစ်ခုခုကြုံလာမှသာလျှင် ထိုကဲ့သို့တုံ့ပြန်မှုမျိုးရှိသည်။

ရီမိသားစုတွင် တစ်ခုခုဖြစ်နေလေသလား။ ရီမိသားစုကလွဲ၍ မည်သူက ရီဖန်နှင့်ပို၍နီးစပ်နိုင်မည်နည်း။ ရီဖန်၏ နတ်အာရုံသည် ချက်ခြင်းထွက်သွားကာ မူလနိယာမနယ်မြေအပြင်ဘက်သို့ ရောက်ရှိသွားသည်။

နဂါးဘိုးဘေးက ရီမိသားစုကိုတိုက်ခိုက်နေကာ အင်မော်တယ်ဧကရာဇ်သုံးပါး၏ပိတ်ဆို့ခြင်းကို မြင်ပြီးနောက် ရီဖန်၏မျက်နှာမှာအေးခဲသွားသည်။ ရီမိသားစုကို တစ်ယောက်ယောက်က တိုက်ခိုက်ရဲသည်မှာ နှစ်မည်မျှကြာပြီကိုပင် သူမမှတ်မိချေ။

ရီဖန်သည် ရီမိသားစုကို ပဋိပက္ခများစွာမှရှောင်ရှားကာ ငြိမ်းချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ခပ်လျှိုလျှိုသာ နေထိုင်စေခဲ့သည်။ သို့သော် ကျင့်ကြံမှုလောကတွင် ထာဝရငြိမ်းချမ်းရေး မည်သို့ရှိရှိနိုင်မည်နည်း။

သူ၏နှလုံးစွမ်းအား အောင်မြင်မှုအတွေ့အကြုံများအတွင်း သူ၏မျိုးနွယ်စုပျက်စီးသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် ရီဖန်သည် ရီမိသားစုကို တိုက်ခိုက်ခြင်းကြောင့် ပို၍ပင်ဒေါသထွက်ခဲ့သည်။ ရီမိသားစု၏အင်အားကို မပြလိုက်ပါက အားနည်းသည်ဟုသာ ထင်မြင်လာလိမ့်မည်။

ဤကဲ့သို့သောအခြေအနေမျိုးကို ယခုမဖြေရှင်းပါက၊ အနာဂတ်တွက် ရီမိသားစုက်ု အနိုင်ကျင့်ရန်လွယ်ကူသည်ဟု အခြားအင်အားစုများက ထင်မြင်လာနိုင်သည်။ ထို့ကြောင့် အနိုင်ကျင့်ခံရလျှင် ပြန်ရိုက်ရမည်၊ ခပ်ပြင်းပြင်း ပြန်ရိုက်နှက်ရမည်!

နောက်အခိုက်အတန့်တွင် ရီဖန်သည် ရီမိသားစုနယ်မြေသို့ရောက်ရှိလာ၏။ တိုက်ပွဲကို ထိတ်လန့်တကြားကြည့်နေသော ရီမိသားစုအဖွဲ့ဝင်များသည် ရီဖန်ကိုရုတ်တရက်မြင်လိုက်ရပြီးနောက် ချက်ချင်းပင် စိတ်အေးသွားကြသည်။

ရီဖန်သည် တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာပြီဖြစ်ရာ ရီမိသားစုအတွက် ပြဿနာများမရှိတော့ချေ။ ရီမိသားစု၏ လက်ရှိပြိုင်ဘက်သည် အင်မော်တယ်ဧကရာဇ်ဖြစ်နေသော်လည်း ၎င်းတို့သည် ရီဖန်အပေါ်တွင် အပြည့်အဝယုံကြည်ကြ၏။

ရီဖန်သည် ၎င်းတို့၏အခက်အခဲများကို အကြိမ်ကြိမ်ဖြေရှင်းပေးသောကြောင့် နှစ်များတစ်လျှောက် ယုံကြည်မှုရရှိလာခဲ့သည်။ ရီမိသားစု၏နှလုံးသားထဲတွင် ရီဖန်သည် ပြီးပြည့်စုံသောတည်ရှိမှုတစ်ခုဖြစ်သည်။

"အိမ်က ကြိုဆိုပါတယ် မျိုးနွယ်စုခေါင်းဆောင်!" ရီမိသားစုဝင်များက လေးစားစွာနှုတ်ဆက်လိုက်သည်။

"ဘာလို့ ငါ့ကို စောစောအကြောင်းမကြားတာလဲ" ရီဖန်သည် စုယန်နှင့် အခြားလူများကိုကြည့်ကာ စိတ်ပူစွာပြောလိုက်သည်။

သူသည် တစ်ကိုယ်တည်းကျင့်ကြံနေသော်လည်း စုယန်နှင့် အခြားသူများ သူ့ကိုဆက်သွယ်ရန်အတွက် နည်းလမ်းများကို ချန်ထားခဲ့သည်။

"ရှင် တစ်ကိုယ်တည်းကျင့်ကြံနေတာကိုမနှောက်ယှက်ချင်ပါဘူး!" စုယန်က ရှက်ရွံ့စွာပြုံးပြီး တောင်းပန်လိုက်သည်။

အဆုံးတွင် သူမသည် ရီဖန်၏ကျင့်ကြံရေးက ရီမိသားစုအတွက် အရေးကြီးဆုံးကိစ္စအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

…………………

အခန်း ၂၆၀ - ငါတို့အားလုံး အသုံးမကျဘူးဘဲ

“အေးပါ၊ နောက်တစ်ခါ ဒီလိုဖြစ်လာရင် လူတွေက ရီမိသားစုကို အနိုင်ကျင့်ဖို့လွယ်တယ်လို့ မထင်သွားအောင် ကြိုပြီးအကြောင်းကြားလိုက်”

ရီဖန်က မည်သူ့ကိုမှ အပြစ်မဆိုခဲ့ချေ။ ၎င်းတို့အားလုံးက သူ့အကျိုးအတွက် အကောင်းဆုံးကြိုးစားခဲ့ကြသည်မဟုတ်လား။

"ဘာမှမဖြစ်ပါဘူး။ ရီမိသားစုက အရာအားလုံးမှာ ရှင့်ကိုပဲ အမြဲအားကိုးလို့ မရဘူးလေ" စုယန်က ညည်းညူရင်း ခေါင်းကိုငုံ့ထားသည်။

"အဲတာ ဘာမှမဖြစ်ဘူးလေ။ ရီမိသားစုက ငါ့မိသားစုဆိုတော့ ငါဝင်ပါပေးရလည်း ဘာမှမဖြစ်ပါဘူးးကွာ" ရီဖန်သည် ချန်ဟယ်မြို့တွင်ရှိစဉ်ကအကျင့်အတိုင်း စုယန်၏ဆံပင်များကို ညင်သာစွာသပ်ကာ စုယန်ကို စိတ်သက်သာရာရစေခဲ့သည်။ နှစ်များအတော်ကြာလာပြီးသည်အထိ စုယန်အပေါ်ရှိ ရီဖန်၏ခံစားချက်များသည် မပြောင်းလဲဘဲ ခိုင်မြဲနေဆဲသာဖြစ်၏။

စုယန်က ကလေးလေးတစ်ယောက်လို ပြုမူသည်ကိုမြင်သည့်အခါတွင် ရီမိသားစု၏အခြားသူများမှာ ၎င်းတို့၏ ကိုယ်ပိုင်အခိုက်အတန့်လေးကို မနှောက်ယှက်မိရန်အတွက် မျက်နှာလွှဲပေးထားကြသည်။

သူတို့တွင် ရီဖန်နှင့် စုယန်ကဲ့သို့သော ဥပမာများရှိသောကြောင့်ဖြစ်မည်။ ရီမိသားစုအတွင်းရှိ ဆက်ဆံရေးတိုင်းသည် မိသားစုချင်းရန်ဖြစ်ပွါးခြင်းမရှိဘဲ အမြဲတမ်းကောင်းမွန်နေခဲ့၏။ ၎င်းက ရီဖန်ကို ကျေနပ်စေသည်။

သို့သော် ယခုအချိန်သည် စားမြုံ့ပြန်ရမည့်အချိန် မဟုတ်သေးချေ။ ယခုလုပ်ရမည်မှာ ရီမိသားစုကို အန္တရာယ်ပြုလာသူများကို သူတို့၏လုပ်ရပ်အတွက် ပေးဆပ်ခိုင်းရမည်ဖြစ်သည်။

ရီဖန်သည် ရှေ့သို့ထွက်လာကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ရီဖန်၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေတွင်ရှိသော်လည်း အင်မော်တယ်ဧကရာဇ်လေးပါးကြားမှတိုက်ပွဲက သူ့အပေါ်သက်ရောက်ခြင်းမရှိချေ။

ခြေတစ်လှမ်းချင်းလျှောက်လှမ်းလာပြီးနောက် ရီဖန်သည် အင်မော်တယ်ဧကရာဇ်ကြီးလေးပါး၏ စစ်မြေပြင်သို့ ရောက်ရှိလာသည်။ ရီဖန်၏အသွင်အပြင်သည် ကျင့်ကြံသူအများအပြား၏အာရုံကို ဆွဲဆောင်ခဲ့၏။

အင်မော်တယ်ဘုရင်နယ်မြေကျင့်ကြံသူ ရီဖန်သည် အင်မော်တယ်ဧကရာဇ်နယ်မြေစစ်မြေပြင်သို့ ဝင်လာရဲခြင်းကြောင့် ၎င်းတို့ကို ရှုပ်ထွေးသွားစေခဲ့သည်။ တိုက်ပွဲ၏နောက်ဆက်တွဲ မငြိမ်မသက်မှုများတွင် သက်ရောက်ခံရမည်ကို သူ မကြောက်ဘူးလား။

"မျိုးနွယ်စုခေါင်းဆောင်၊ မင်းတစ်ကိုယ်တည်းကျင့်ကြံတာ ပြီးခဲ့ပြီပဲ!"

ရီဖန်ကိုမြင်လိုက်ရသော် ဟွမ်လောင်စန်း အလွန်ဝမ်းသာသွားသည်။

ယနေ့ တွင် ရီဖန်၏စွမ်းအားအစစ်အမှန်ကို မြင်ရတော့မည်။ နှစ်အတော်ကြာပြီးနောက် ရီဖန်အတွက် သူ့၏စွမ်းအားများကိုအသုံးချရန် အခွင့်အရေးရှားလာသည်။ ထို့ကြောင့် ရီဖန် အမှန်တကယ် မည်မျှစွမ်းအားကြီးသည်ကို သိလိုခဲ့ကြသည်။

ယခုနှစ်တွင် သူ့၏စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်နိုင်တော့မည်ဖြစ်ရာ ဟွမ်လောင်စန်းမှာ အလွန်ဝမ်းသာနေရှာ၏။ စွမ်းအားကြီးသော နဂါးဘိုးဘေးက ရီဖန်၏စွမ်းအားအစစ်အမှန်ထွက်လာရန် လှုံ့ဆော်ပေးနိုင်မည် မဟုတ်လား။

"မိတ်ဆွေရီ!"

"မိတ်ဆွေရီ!"

ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် ချန်ပန်းအင်မော်တယ်ဧကရာဇ်တို့ နှစ်ယောက်စလုံးက လှမ်းပြောလိုက်သည်။ ရီဖန်ပေါ်လာခြင်းကြောင့် တိုက်ပွဲခဏရပ်သွား၏။

နဂါးဘိုးဘေးက ထိုအခွင့်အရေးဖြင့် ရီဖန်ကိုစစ်ဆေးလိုက်သည်။ နဂါးမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စု၏ အမြင်မှာကွဲပြားသည်။ နဂါးဘိုးဘေး၏မျက်လုံးထဲတွင် အင်မော်တယ်ဘုရင်နယ်မြေတွင်သာရှိနေသည့် ရီဖန်သည် လုံးဝအရေးမပါသည့်ပုံပေါက်သည်။

သို့သော် ရီဖန်အပေါ်ရှိ အင်မော်တယ်ဧကရာဇ်ကြီးသုံးပါး၏ သဘောထားက နဂါးဘိုးဘေးကို စိတ်မသက်မသာဖြစ်စေသည်။ အင်မော်တယ်ဧကရာဇ်နှင့် အင်မော်တယ်ဘုရင်များသည် အဆင့်မတူကြချေ။

အင်မော်တယ်ဧကရာဇ်သုံးပါးသည် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည့်ရီဖန်ကို အဘယ်ကြောင့် အလွန်လေးစားရသနည်း။

"မင်းတို့ သုံးယောက် ကျန်တာ ငါ့ကိုလွှဲထားလိုက်ပါ" ရီဖန်က ယဉ်ကျေးစွာပြောသည်။ အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် အကူအညီပေးရန်အတွက် ရောက်ရှိလာခဲ့သော်လည်း ယခုအခါတွင် သူသည် တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာပြီဖြစ်သောကြောင့် ဧည့်သည်များကို သူ့ကိုယ်စားတိုက်ခိုက်စေရန် မလိုအပ်တော့ပေ။

အင်မော်တယ်ဧကရာဇ်သုံးပါးလုံး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် ချန်ပန်းအင်မော်တယ်ဧကရာဇ်တို့နှစ်ဦးစလုံးသည် တာအိုဘိုးဘေး၏တပည့်ဖြစ်သူ ရီဖန်သည် မည်မျှစွမ်းအားကြီးကြောင်း သိလိုကြ၏။

ကောလဟာလများအရ နယ်ပယ်သုံးထောင်၏ ထိပ်တန်းကျင့်ကြံသူများသည် ပိုမြင့်မားသောနယ်ပယ်များကို စိန်ခေါ်နိုင်စွမ်းရှိသည်။ ရီဖန်၏အနေအထားအရ နဂါးဘိုးဘေးနှင့်ရင်ဆိုင်ရာတွင် ခက်ခဲလိမ့်မည်ဟု သူတို့မထင်ကြချေ။

အဆုံးတွင် သူသည် တာအိုဘိူးဘေး၏တပည့်ဖြစ်သည်။ သူသည် နယ်ပယ်သုံးထောင်၏ ထိပ်ပိုင်းထဲတွင် သေချာပေါက်ရှိလိမ့်မည်။

အင်မော်တယ်ဧကရာဇ်သုံးပါး လိုလားစွာဆုတ်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါတွင် နဂါးဘိုးဘေး၏ မျက်လုံးများမှာတုန်လှုပ်ချောက်ချားသွားသည်။

‘ငါ့လို နဂါးကြီး ဒီမှာရပ်နေတာတောင် အင်မော်တယ်ဘုရင်တစ်ပါးတည်းနဲ့ ရင်ဆိုင်ခိုင်းထားတာက၊ ငါ့ကို လျှော့တွက်လွန်းနေတာမဟုတ်ဘူးလား’

နဂါးဘိုးဘေးသည် အလွန်ဒေါသထွက်နေ၏။ အင်မော်တယ်ဧကရာဇ်ကြီးသုံးပါး၏ အနှိမ်ခံရခြင်းက သပ်သပ်၊ ဒါကသပ်သပ်ဖြစ်၏။ သူသည် အင်မော်တယ်ဘုရင်တစ်ပါး၏ အနှိမ်ခံနေရသည်!

ချန်မင်ကမ္ဘာရှိ နဂါးဘိုးဘေးကြီး၏ ဂုဏ်သိက္ခာသည် ဤအတိုင်းအတာအထိ ကျဆင်းသွားပြီလား။ ၎င်းကို လုံးဝသည်းမခံနိုင်ပေ။ ယနေ့တွင် သူသည် နဂါးဘိုးဘေး၏အမျက်ဒေါသကို ချန်းမင်းကမ္ဘာရှိအင်အားစုများကို ပြသရန်အတွက် ဤလူသားကိုရှင်းပစ်ရမည်။

နဂါးဘိုးဘေးသတိရလိုက်သည်မှာ ရီမိသားစုတွင် နဂါးမျိုးနွယ်စု၏ သွေးမျိုးဆက်ရှိကာ ၎င်းသည်လွန်စွာသိပ်သည်းသည်ဟူ၍ပင်။ နဂါးမျိုးနွယ်စု၏မျိုးဆက်များထဲမှ တစ်ဦးအနေဖြင့် နဂါးဘိုးဘေး၏ သွေးမျိုးဆက်သည် အခြားအဆင့်နိမ့်နဂါးသွေးမျိုးဆက်များကို ဖိနှိပ်ထားနိုင်ခဲ့သည်။

နဂါးဘိုးဘေး၏အမြင်တွင် ရီမိသားစု၏ခေါင်းဆောင် ရီဖန်သည် သူ၏ဖိနှိပ်မှုအောက်တွင် လုံးဝလွှမ်းမိုးခံရလိမ့်မည်ဟူ၍ပင်။ ရီဖန်ကိုဖိနှိပ်ရန်အတွက် သူ၏နဂါးသွေးမျိုးဆက်ကို နှိုးထစေနိုင်သရွေ့ ရီဖန်အင်မော်တယ်ဧကရာဇ်ဖြစ်လျှင်ပင် အသေခံမည့်သိုးကလေးသာ ဖြစ်လိမ့်မည်။

"မင်းရဲ့သတ္တိကို ငါလေးစားတယ် ဒါပေမယ့် နဂါးသွေးမျိုးဆက်အားလုံးက ငါ့အောက်မှာဝပ်တွားနေရတာ မင်းမသိဘူးလား"

နဂါးဘိုးဘေး၏ သွေးမျိုးဆက်သည် အပြည့်အဝ အသက်ဝင်လာသည်။

ဖိနှိပ်နိုင်စွမ်းကြီးမားသောသွေးမျိုးဆက် စွမ်းအားတစ်ခုတည်းကြောင့် တိုက်ပွဲတွင်ပါဝင်လာသော နဂါးများသည် ခံနိုင်ရည်မရှိနိုင်ဘဲ ဒူးထောက်လိုက်ကြရသည်။ နဂါးဘိုးဘေး၏သွေးမျိုးဆက်သည် အခြားနဂါးသွေးမျိုးဆက်များကို လွှမ်းမိုးလွန်းသည်။ ၎င်းတို့မှာ လက်ကိုတောင် မမြှောက်နိုင်ပေ။

နဂါးဘိုးဘေးသည် သူ့ဖိနှိပ်မှု၏ အဓိကပစ်မှတ်ဖြစ်သော ရီဖန်ကို လှောင်ရယ်လျက်ကြည့်လိုက်သည်။ ရီဖန်က ၎င်းကိုမတောင့်ခံနိုင်ရာ။

ရီဖန်မှာ နဂါးဘိုးဘေးကို အရူးတစ်ယောက်ကိုကြည့်နေသည့်ပမာ ကြည့်နေသည်။ နဂါးဘိုးဘေးက ဘာကိုဆိုလိုသနည်း။ သူ့ကို နှိမ်နေသည်လား။ မျက်နှာအမူအရာ၊ အကြည့်တစ်ချက်နှင့် သူ့ကိုသတ်ပစ်ရန်များ ကြံစည်နေသလား။ ဖိနှိပ်ခံရရန်မဆိုထားနှင့် ရီဖန်သည် မည်သည့်ပြောင်းလဲမှုကိုမှ မခံစားခဲ့ရပေ။ နဂါးဘိုးဘေး၏လုပ်ရပ်က ရီဖန်၏ လျစ်လျူရှုခြင်းကိုခံလိုက်ရသည်။

ဤမြင်ကွင်းက နဂါးဘိုးဘေးကို အံသြသွားစေသည်။ ဘာတွေဖြစ်ခဲ့သနည်း။ သူ့နဂါးဘိုးဘေး သွေးမျိုးဆက်၏ ဖိနှိပ်နိုင်သည့်စွမ်းအား ဘယ်ရောက်သွားသနည်း။ ရီဖန်က အဘယ်ကြောင့် လုံးဝသက်ရောက်ခြင်းမခံရသနည်း။

ရီဖန်၏ခန္ဓာကိုယ်ထဲတွင် နဂါးမျိုးရိုးသွေးမျိုးဆက် မရှိသောကြောင့် ဖြစ်နိုင်သလား။ သို့သော်လည်း ၎င်းက မမှန်နိုင်ပေ။ ရီဖန်ပေါ်လာသောအခါတွင် နဂါးဘိုးဘေးသည် ရီဖန်ထံတွင် သူနှင့်တူညီသော နဂါးမျိုးရိုးသွေးမျိုးဆက်ရှိကြောင်း ရှင်းရှင်းလင်းလင်းသိမြင်ခဲ့သော်လည်း ရီဖန်၏ နဂါးမျိုးရိုးသွေးမျိုးဆက်က မည်မျှအစွမ်းထက်သည်ကို မသိရှိခဲ့ချေ။

နဂါးဘိုးဘေးသည် ရီဖန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေကာ သူ့စိတ်ထဲတွင် အဆက်မပြတ်တွေးနေ၏။ ရီဖန်ကို မဖိနှိပ်ထားနိုင်ခြင်းမှာ ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။

ရီဖန်တွင် နဂါးသွေးမျိုးဆက်မရှိခြင်းကြောင့်မဟုတ်ပါက ရီဖန်၏သွေးမျိုးဆက်သည် နဂါးဘိုးဘေးများထက် ပိုသန့်စင်ပြီး အားကောင်းသောကြောင့်သာ ဖိနှိပ်မခံရခြင်းဖြစ်ရမည်။ သို့သော် နဂါးဘိုးဘေးက ဤအခြေအနေနှစ်ခုစလုံးမဖြစ်နိုင်ဟု ထင်သည်။

ရီဖန်၏သွေးမျိုးဆက်က အဘယ်ကြောင့် သူ့သွေးမျိုးဆက်ထက် အားကောင်းနိုင်မည်နည်း။ နဂါးဘိုးဘေး၏တုံ့ပြန်မှုကို သတိပြုမိပြီးနောက် ရီဖန်သည်လည်း မူလအစီအစဉ်အတိုင်း ဆက်မလုပ်ရန်ဆုံးဖြတ်ခဲ့သည်။

နဂါးဘိုးဘေးက သူ့နဂါးဘိုးဘေးသွေးမျိုးဆက်အတွက် ဂုဏ်ယူနေသောကြောင့် ရီဖန်ကသူ့ကိုအနိုင်ယူရန်အတွက် ထိုမာနကိုဖြတ်ရိုက်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ နဂါးမျိုးနွယ်စုသွေးမျိုးဆက်ကို ဘယ်သူကမရှိလို့လဲ။ ဘာများဂုဏ်ယူစရာရှိလို့လဲနော်။

နောက်အခိုက်အတန့်တွင် အဇူရာနဂါးသွေးမျိုးဆက်၏ရောင်ဝါသည် ရီဖန်ထံမှ ထွက်ပေါ်လာကာ နေရာရှိနဂါးမျိုးနွယ်စုများကို ပြင်းထန်စွာဖိနှိပ်ထားသည်။

ဒူးထောက်ထိုင်ချထားသော နဂါးများသည် ယခုအခါတွင် မြေပြင်ပေါ်တွင် ဝပ်တွားလျက်ရှိသည်။ နဂါးဘိုးဘေးသွေးမျိုးဆက်၏ ဖိနှိပ်ခြင်းနှင့် နှိုင်းယှဉ်ပါက ရီဖန်၏အဇူရာနဂါးသွေးမျိုးဆက် ဖိနှိပ်ခြင်းက ပို၍ပင်ပြင်းထန်သည်။

နဂါးများသည် အားနည်းသောရောင်ဝါများကို ထုတ်လွှတ်လျက် ငိုချင်သော်လည်းမငိုနိုင်ကြချေ။ အဘယ်ကြောင့် ၎င်းတို့၏စွမ်းအားများကို သူတို့ရှေ့တွင် ပြသနေရပါသနည်း။

ရီဖန်၏ အဇူရာနဂါးသွေးမျိုးဆက်ကို ခံစားလိုက်ရသောအခါ နဂါးဘိုးဘေး၏ မျက်လုံးများသည် လုံးဝပြောင်းလဲသွားသည်။ နဂါးဘိုးဘေးမဖြစ်စေချင်ဆုံးအရာဖြစ်သည့် ‘ရီဖန်၏နဂါးမျိုးရိုးသွေးမျိုးဆက်သည် သူ့ထက်သာလွန်သည်’ ဟူသော အမှန်တရားရှိနေသည်။

ဤရလဒ်ကို နဂါးဘိုးဘေးက လက်မခံနိုင်ချေ။ အဆုံးတွင် သူသည် ချန်မင်ကမ္ဘာရှိ နဂါးမျိုးနွယ်စု၏ဘိုးဘေးဖြစ်သည်။ နဂါးမျိုးနွယ်စုးသွေးမျိုးဆက်ရှိသည့်လူသားက သူ့သွေးမျိုးဆက်ထက် အင်အားကြီးသည်ကမည်သို့ဖြစ်နိုင်မည်နည်း။

‘မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး!’

တကယ်တမ်းတွင် နဂါးဘိုးဘေးအထွတ်အထိပ်ရောက်နေချိန်၌ သူ့၏သွေးမျိုးဆက်စွမ်းအားမှာ ရီဖန်နှင့်တန်းတူဖြစ်လိမ့်မည်။ ၎င်းတို့နှစ်ဦးစလုံးသည် ရှေးခေတ်သွေးမျိုးဆက်များဖြစ်ကာ နဂါးဘိုးဘေး၏ ရှေးခေတ်နဂါးသွေးမျိုးဆက်သည် ပို၍ပင်အားကောင်းသည်။

ယခုမူ နဂါးဘိုးဘေး၏အဆင့်အတန်း ကျဆင်းသွားသဖြင့်၊ သူ၏သွေးမျိုးဆက်စွမ်းအားသည်လည်း သူအထွတ်အထိပ်ကာလတွင် ရှိစဉ်ကကဲ့သို့စွမ်းအားမကြီးတော့ရာ၊ ရီဖန်နှင့် မယှဉ်နိုင်ပေ။

"မင်းက အဲလူအိုကြီးတွေထဲက တစ်ယောက်လား။" နဂါးဘိုးဘေးသည် သူ၏ဖိနှပ်မှုကိုခံစားရပါ ရီဖန်ကို ပို၍ရန်လိုသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“လူအိုကြီးလား၊ ငါက လူအိူကြီးမှ မဟုတ်ဘဲ!" ရီဖန်က ရယ်မောလိုက်သည်။ တချို့လူများသည် ကိုယ့်အားနည်းချက်အတွက် အကြောင်းပြချက်များ ရှာတတ်ကြသည်။

‘အဇူရာနဂါးသွေးမျိုးဆက် အသွင်ပြောင်းခြင်း’ သူ့သွေးမျိုးဆက်ကိုအသက်သွင်းလိုက်သည်နှင့် ရီဖန်သည် အဇူရာနဂါးသွေးမျိုးဆက် အဖြစ် ပြောင်းလဲသွားသည်။ ‘ပျက်ဆီးခြင်းကောင်းကင်တာအို၏မူလနိယာမ’

ရီဖန်၏ရောင်ဝါသည် အထွတ်အထိပ်သို့ရောက်ရှိသွားကာ နဂါးဘိုးဘေးထံသို့ တိုက်ရိုက်ချိန်ရွယ်ထားသည်။ နဂါးမျိုးနွယ်စုအဖွဲ့ဝင်များကြားရှိတိုက်ပွဲသည် အသန့်စင်ဆုံးဖြစ်၏။ သူသည် လက်သည်းဖြင့်ပြင်းထန်စွာကုပ်တွယ်လိုက်ကာ ရန်သူ၏ခန္ဓာကိုယ်တွက် ဒဏ်ရာရရှိရန် ကြိုးစားသည်။

သို့သော်လည်း နဂါးဘိုးဘေး၏လက်သည်းများက ရီဖန်၏နဂါးခန္ဓာကိုယ်ကို တိုက်ခိုက်လာသောအခါ တာအိုအလင်းအလွှာတွေကိုလှုံ့ဆော်မိလိုက်ကာ အကာအကွယ်ကို လုံးဝမဖြတ်ကျော်နိုင်ခဲ့ချေ။

ငါး ခြောက်နက်နဲကိုယ်ထည်ကို အောင်မြင်ပြီးနောက်တွင် ရီဖန်၏ ကိုယ်ခန္ဓာကာကွယ်ရေးသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဇူရာနဂါးသွေးမျိုးဆက် အသွင်ပြောင်းပြီးနောက်ရရှိလာသော ကာကွယ်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ အင်မော်တယ်ဧကရာဇ်အနည်းငယ်ကသာ ရီဖန်ကိုထိခိုက်စေနိုင်လိမ့်မည်။

နဂါးဘိုးဘေး၏တိုက်ခိုက်မှုက သက်ရောက်မှုမရှိသောကြောင့်၊ ရီဖန်၏တိုက်ခိုက်မှုကလည်း သက်ရောက်မှုမရှိဟု မဆိုလိုချေ။

အစောပိုင်းက အင်မော်တယ်ဧကရာဇ်ကြီးသုံးပါးကို အလွယ်တကူထိန်းထားနိုင်သော နဂါးဘိုးဘေး၏ကိုယ်ခန္ဓာသည် ရီဖန်၏အဇူရာနဂါးသွေးမျိုးဆက် လက်သည်းများအောက်တွင် သူ၏ခုခံကာကွယ်မှုများသည် ချက်ချင်းနီးပါး စုတ်ပြဲသွားကာ၊ နဂါးအကြေးခွံများ ကွဲအက်သွားပြီး နဂါးသွေးများလည်း နေရာအနှံ့ပျံ့ကျဲနေသည်။

ပြင်းထန်သောနာကျင်မှုကြောင့် နဂါးဘိုးဘေးသည် သနားစရာစွာဟိန်းဟောက်လိုက်ကာ ဘေးဘက်သို့လှိမ့်သွားလိုက်သည်။ သို့သော် ရီဖန်က နဂါးဘိုးဘေးကို အခွင့်မပေးဘဲ တိုက်ခိုက်မှုများကိုအရှိန်မြှင့်ကာ သူ့အပေါ်တိုက်ရိုက်ခုန်ချခဲ့သည်။

ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းသောကြောင့် ပရိသတ်များ၏ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ အင်မော်တယ်ဧကရာဇ်နယ်မြေရှိ နဂါးဘိုးဘေးက အင်မော်တယ်ဘုရင်နယ်မြေကျင့်ကြံသူ ရီဖန်ထံမှ အလှဲသိပ်ခံထားရသည့်မြင်ကွင်းက လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။

အင်မော်တယ် ဘုရင်တစ်ပါးသည် ဤမျှလောက် အစွမ်းထက်နိုင်သလား။ နဂါးဘိုးဘေးကပဲ အလွန်အားနည်းနေသလား၊ သို့မဟုတ် ရီဖန်ကပဲ အလွန်သန်မာနေသလား။ အင်မော်တယ် ဧကရာဇ်သုံးပါးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သည့် နဂါးဘိုးဘေးက အားနည်းသည်ဆိုသည်မှာ မဖြစ်နိုင်ချေ။

အဖြေတစ်ခုသာရှိတော့သည်။ အင်မော်တယ်ဘုရင် ရီဖန်က အင်မော်တယ်ဧကရာဇ်သုံးပါးထက်ပင် စွမ်းအားကြီးသောကြောင့်သာ ဖြစ်ရမည်။ ပရိသတ်များသည် လေအေးတစ်ရှိုက်ရှူလိုက်သည်။

ယခုအခါတွင် အင်မော်တယ်ဧကရာဇ်များဖြစ်သည့် ကွမ်ဟန်နှင့် ချန်ပန်းတို့သည် အဘယ်ကြောင့် ရီမိသားစုဘက်လိုက်ပြီး၊ နဂါးဘိုးဘေးကို စော်ကားဝံ့သည့်အကြောင်းကို နားလည်သွားကြ၏။ ရီဖန်၏အလားအလာသည် ၎င်းတို့၏အထောက်အပံ့ရရန် ထိုက်တန်သည်။

ရီဖန်ထံမှ မျက်နှာသာရရှိခြင်းက ဤအင်မော်တယ်ဧကရာဇ်နှစ်ပါးအတွက် ကြီးကျယ်သော အောင်ပွဲတစ်ခုဟုပင်ဆိုနိုင်ပါ၏။

ရီဖန်၏အင်အားကို မြင်လိုက်ရသော အခြားကျင့်ကြံသူများသည် ၎င်းတို့၏ခေါင်းကိုဆောင့်ကာ သတ်သေပစ်လိုက်သင့်ကြောင်းတွေးနေကြသည်။

သူတို့သည် ဤနှစ်များတစ်လျှောက် ကျင့်ကြံခြင်းကို ဖြုန်းတီးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ကြည့်ရှုနေသူများသာမက အင်မော်တယ်ဧကရာဇ်သုံးပါးပင်လျှင် ရီဖန်၏စွမ်းအားကြောင့် အံ့အားသင့်သွားကြသည်။ သူတို့သည် မူလကတရားမျှတသော တိုက်ပွဲဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း အံ့ဩစရာကောင်းစွာဖြင့် ရီဖန်က နဂါးဘိုးဘေးကို လက်တစ်ဖက်တည်းနှင့် ရိုက်ချနိုင်လိုက်၏။

၎င်းက တာအိုဘိုးဘေး၏ တပည့်၏ စွမ်းရည်ဖြစ်နိုင်သလား။ ထိုအချိန်တွင် သူတို့သည် တာအိုဘိုးဘေး၏ တပည့်မဖြစ်လာခြင်းမှာ ဖြစ်သင့်သည်ဟူ၍ပင် ခံစားခဲ့ရသည်။

ရီဖန်သည် ဤကဲ့သို့ ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် ၎င်းတို့သည် သူနှင့်လုံးဝမနှိုင်းယှဉ်နိုင်ပေ။ သို့သော် ဤတစ်ကြိမ်တွင် ရီဖန့်ထံမှ မျက်နှာသာရရှိသွားသောကြောင့် လုံး၀ထိုက်တန်သည်ဟုဆိုရမည်။

တစ်ဖက်တွင် တိုက်ပွဲပြီးလုနီးလာပြီဖြစ်သည်။ နဂါးဘိုးဘေး၏ကြီးမားသော ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများပြန့်ကျဲနေ၏။ စီးဆင်းနေသော နဂါးသွေးပမာဏသည်လည်း ယခုအချိန်တွင် သမုဒ္ဒရာတစ်စင်းပမာဖြစ်လာလေပြီ။

………………

အခန်း ၂၆၁ - အင်မော်တယ်ဧကရာဇ်၏ တုန်လှုပ်မှု

မူလက နဂါးဘိုးဘေးသည် ရီမိသားစုကို အလွယ်တကူအနိုင်ယူမည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွက် သူ၏ယုံကြည်မှုမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ၎င်း၏ဒဏ်ရာများ ပိုမိုပြင်းထန်လာသည့်အတွက် နဂါးဘိုးဘေးသည် စတင်ထိတ်လန့်လာခဲ့၏။

ရီဖန်၏ အင်အားက နဂါးဘိုးဘေးမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေသည်။ အင်မော်တယ်ဘုရင်နယ်မြေမှာရှိသော်လည်း အင်မော်တယ်ဧကရာဇ်နယ်မြေ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားသည်။

ထိုအခိုက်အတန့်တွင် နဂါးဘိုးဘေးသည် အင်မော်တယ်ဧကရာဇ်နှစ်ပါးက အဘယ်ကြောင့်သူနှင့်ဆန့်ကျင်လျက် ရီမိသားစုအတွက်ရပ်တည်ခဲ့သည်ကို နောက်ဆုံးနားလည်သွားခဲ့သည်။

ရီဖန်၏စွမ်းရည်များအရ အနာဂတ်တွင် မထင်မှတ်ထားသည့်အရာများမဖြစ်လာလျှင် ကြီးကျယ်ခမ်းနားသောအရာများကို အောင်မြင်နိုင်မည်မှာ သေချာ၏။

အကယ်၍ ရီဖန်ကိုထောက်ပံ့ပေးထားသည့် စွမ်းအားကြီးအင်အားစုတစ်ခုရှိပါက တာအိုဘိုးဘေးတစ်ဦးဖြစ်လာရန်အတွက် အလွန်အလှမ်းဝေးလိမ့်မည်မဟုတ်ချေ။ ထိုသို့သောတည်ရှိမှုက အင်မော်တယ်ဧကရာဇ်နှစ်ပါးနှင့် မိတ်ဖွဲ့ထိုက်သည်မှာ သေချာသည်။

ထိုအချိန်တွင် နဂါးဘိုးဘေးသည် ၎င်း၏စွမ်းအားပြသရန်အတွက် ရီမိသားစုကိုမှ ရွေးချယ်မိသည့်အဖြစ်ကို နောင်တရနေခဲ့သည်။ လက်ရှိအခြေအနေအရ နဂါးမျိုးနွယ်စုက မလွှမ်းမိုးနိုင်တော့မည်ကိုမဆိုထားနှင့် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် လွှမ်းမိုးခံရမည့်သူများဖြစ်လာလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာများမှာ ပို၍ပြင်းထန်လာသည်။ တစ်ချိန်တည်းတွင် နဂါးဘိုးဘေးကိုယ်ထည်သည်လည်း အားနည်းလာ၏။ နဂါးဘိုးဘေးကိုယ်ထည်၏ ထောက်ပံ့မှုမရှိတော့ရာ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားလည်း ကျဆင်းသွားခဲ့သည်။

ယခုအချိန်တွင် နဂါးဘိုးဘေးက ရီဖန်ကိုအနိုင်ယူရန် မစဉ်းစားတော့ဘဲ မည်သို့လွတ်မြောက်အောင်လုပ်ရမည်ကို တွေးနေခဲ့သည်။ နဂါးဟိန်းဟောက်သံနှင့်အတူ နဂါးဘိုးဘေး၏ရောင်ဝါသည် ထပ်မံတောက်ပလာပြန်၏။

နဂါးဘိုးဘေးကြီးက အကွက်ကြီးကြီးချတော့မည်ဟု လူတိုင်းက တွေးထင်နေသည့်အချိန်တွင် ဝှီးခနဲ ပျံပြေးသွားတော့သည်။ ၎င်းနှင့်အတူ ရောက်ရှိလာသော နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူများသည် စွန့်ပစ်ခံလိုက်ရရှာသည်။

အိုးဟိုင်နှင့် တခြားသူများသည် တယောက်ကိုတယောက် ထိတ်လန့်တကြား ကြည့်နေကြ၏။ နဂါးဘိုးဘေးက ထွက်ပြေးသွားရာ သူတို့ဘာလုပ်ရမည်နည်း။ သို့သော်လည်း နဂါးဘိုးဘေး ထွက်ပြေးနိုင်သည်၊ မပြေးနိုင်သည်က ရီဖန်အပေါ်တွင် မူတည်သည်။

ရီဖန်သည် ယခုအချိန်အထိ တိုက်ပွဲတွင် သူ၏သွေးမျိုးဆက်စွမ်းအားကိုသာ အသုံးပြုခဲ့ကာ၊ သူ့တွင် အသုံးမပြုရသေးသည့် လှည့်ကွက်များစွာ ရှိနေသေးသည်။

‘ထွက်ပြေးဖို့လား? အရမ်းနောက်ကျသွားပြီ’

ရီဖန်၏အတွင်းတွင် ပျက်ဆီးခြင်းကမ္ဘာသည် ချက်ချင်းအသက်ဝင်လာကာ သူ့လက်ကိုဆန့်ထုတ်လျက် ထွက်ပေးသွားသော နဂါးဘိုးဘေးကို ဖမ်းဆီးလိုက်သည်။

‘ပျက်ဆီးခြင်းကောင်းကင်တာအို၊ ပျက်ဆီးခြင်းလှောင်အိမ်’

ရီဖန်သည် ပျက်ဆီးခြင်းလှောင်အိမ်ကိုအသုံးပြုကာ နဂါးဘိုးဘေးတည်ရှိရာနေရာကို တိုက်ရိုက်အကျဉ်းချလိုက်၏။

နဂါးဘိုးဘေးထွက်ပြေးနေစဉ် လေဟာနယ်တစ်ခုလုံးကို ဖမ်းဆုပ်လိုက်သကဲ့သို့ နေရာတစ်ခုလုံး စေးကပ်နေသောစိမ့်မြေအဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်တရက် အရှိန်လျော့သွားသည်ကို ခံစားလိုက်ရသည်။

ကောင်းကင်တာအို? ရီဖန်က မဟာတာအို၏စွမ်းအားနှင့်မဟုတ်ဘဲ ကောင်းကင်ဘုံတာအိုစွမ်းအားနှင့် ထိုးဖောက်ခဲ့သလား။

နဂါးဘိုးဘေး၏မျက်နှာသည် အလွန်ထိတ်လန့်နေပုံပေါ်၏။ ထိုအခိုက်အတန့်မှာ ကြောက်စိတ်များ စုပုံလာလေပြီ။ အကယ်၍ ရီဖန်သာ ကောင်းကင်တာအိုကို နားလည်ကြောင်း စောစီးစွာသိရှိခဲ့ပါက ရီမိသားစုကို ရန်စရန်တွေးမိလိမ့်မည်မဟုတ်ပေ။

ကောင်းကင်ဘုံတာအိုကိုနားလည်ပြီးနောက်တွင် ရီဖန်သည် တာအိုဘိုးဘေးများကြားတွင် ခိုင်မာသောတည်ရှိမှုတစ်ခုဖြစ်လာကာ နယ်ပယ်သုံးထောင်အနှံ့တွင် ပဲ့တင်သံထပ်စေမည့် အင်အားစုတစ်ခုဖြစ်လာရန် ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်သည်။

နဂါးဘိုးဘေးသည် သူ၏အထွတ်အထိပ်ရောက်သည့်တိုင် ကောင်းကင်တာအိုကိုနားလည်သော တာအိုဘိုးဘေးများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ဤကမ္ဘာသို့ဝင်ရောက်လာလာချင်း ထိုကဲ့သို့ကြောက်မက်ဖွယ်တည်ရှိမှုကို ရင်ဆိုင်ရခြင်းကြောင့်၊ နဂါးဘိုးဘေးသည် ၎င်းကို အချို့သတ္တဝါကများ ကျိန်ဆဲခဲ့လေသလားဟူ၍ပင် သံသယရှိလာသည်။ ကံကြမ္မာက အဘယ်ကြောင့် ဤမျှဆိုးနေရပါသနည်း။

နဂါးဘိုးဘေးကြီး၏ကိုယ်ထည်သည် ရီဖန်ဆီသို့ တဖြည်းဖြည်းဆွဲယူခံလိုက်ရသည်။ အကယ်၍ နဂါးဘိုးဘေးက ဤမိသားစုကိုမနှောင့်ယှက်ခဲ့လျှင်ပင် ရီဖန်သည် ထိုသတ္တဝါကိုလွှတ်ပေးနိုင်လိမ့်မည်မဟုတ်ချေ။

နဂါးဘိုးဘေးသည် နဂါးမျိုးနွယ်စုကိုတည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့်အတွက် သူကိုယ်တိုင်က ရတနာတစ်ပါးဖြစ်သည်။ ၎င်းသေဆုံးသွားလျှင်ပင် ရီဖန်က ၎င်းကို သန့်စင်ပစ္စည်းအဖြစ် ပြင်ဆင်ရန် စဉ်းစားနိုင်သည်။ ရီဖန်သည် ထိုကဲ့သို့ဆုမျိုးကို အဘယ်ကြောင့် လက်လွတ်ခံနိုင်မည်နည်း။

ရီဖန်က ပြင်းထန်စွာတိုက်ပွဲဝင်ခဲ့သည့်တိုင်အောင် ပရိတ်သတ်များသည် ယနေ့ နဂါးဘိုးဘေး၏ ကျဆုံးခြင်းကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားကြချေ။ ၎င်းသည် ရီဖန်သည် နတ်ဆိုးဘိုးဘေးအဆင့်တွင် ရှိခဲ့ဖူးသည်။ ဤမျှလွယ်လွယ်နှင့် အန္တရာယ် မဖြစ်သင့်ဘူး။

သို့သော်လည်း ၎င်းတို့၏မျှော်လင့်ချက်များကို ဆန့်ကျင်လျက် နဂါးဘိုးဘေးသည် ယနေ့ ရီ၏မိသားစုလက်ထဲသို့ ကျရောက်နိုင်သည်။ ထိုဖြစ်နိုင်ခြေကြောင့် ကျင့်ကြံသူတော်တော်များများမှာ အလွန်အံ့အားသင့်သွားကြ၏။

အင်မော်တယ်ဧကရာဇ်ကို အနိုင်ယူသတ်ဖြတ်နိုင်ခြင်းသည် ရိုးရှင်းလွယ်ကူခြင်းမရှိပေ။ ချန်မင်ကကမ္ဘာတွင် အင်အားအကြီးဆုံးသည် အင်မော်တယ် ဧကရာဇ်ဖြစ်သည်။ ရီဖန်သည် နဂါးဘိုးဘေးကို သတ်နိုင်ပါက အခြားအင်မော်တယ်ဧကရာဇ်များကိုလည်း သတ်နိုင်စွမ်းရှိသည်ဟုဆိုလို၏။

ထိုအချက်က အခြားအင်မော်တယ်ဧကရာဇ်တိုင်း၏ ခေါင်းပေါ်တွင် ဓားတစ်ချောင်းချိတ်ဆွဲထားခြင်းနှင့် တူသည်။ ချန်မင်ကမ္ဘာတွင် ရန်မစသင့်သော တည်ရှိမှုတစ်ခုစတင်ပေါ်ပေါက်လာခဲ့သည်။

နဂါးဘိုးဘေးက မည်မျှပင်ရုန်းကန်စေကာမူ အသုံးမဝင်ချေ။ နောက်ဆုံးတွင် ရီဖန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ကမ္ဘာ့စွမ်းအားကို ဓားရှည်အဖြစ် အသွင်ပြောင်းလိုက်သည်။

ဤသည်မှာ ရီဖန်အလယ်ကမ္ဘာတစ်ထောင်အဆင့်အထိ တိုးတက်လာချိန်မှစ၍ သူ၏ကမ္ဘာ့စွမ်းအားအပြည့်ကို ပထမဆုံးထုတ်ပြလာခြင်းဖြစ်သည်။

၎င်းမှ ထွက်ပေါ်လာသောရောင်ဝါကပင် အင်မော်တယ်ဧကရာဇ်များဖြစ်သော ကွမ်ဟန်နှင့် ချန်ပန်းတို့၏ ကျောရိုးတစ်လျှောက် အေးစက်စေကာ ၎င်းတို့၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေသည်။

၎င်းတို့သာ ဤဓား၏ပစ်မှတ်များဖြစ်ပါက ၎င်းတို့ကိုအဆုံးသတ်ပစ်နိုင်ကြောင်း ခန့်မှန်းမိသည်။ ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် သူ၏ကြယ်တာရာနက္ခတ်များကို ကျေးဇူးတင်စကားဆိုလိုက်သည်။

တာ့ယွီအင်မော်တယ်မင်းဆက်နှင့် ဆက်ဆံရာတွင် ကောင်းမွန်ခဲ့သည့်အတွက် အလွန်ကံကောင်းပါ၏။ သို့မဟုတ်ပါက ထိုတိုက်ခိုက်မှုကိုရရှိမည့်သူသည် နဂါးဘိုးဘေးမဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်သွားလိမ့်မည်။

“ကောင်းရော! ကွမ်ဟန် က ငါ့ရဲ့ဝိညာဉ်ရေးလက်ဖက်ရည်ကို ကြိုက်တာမလား၊ ငါပြန်ရောက်တာနဲ့ အားလုံး သူ့ဆီပေးပစ်မယ်" ဟု ချန်ပန်းကတွေးထားသည်။

သူသည် ဧကရာဇ်ကွမ်ဟန်ကို ကံကြမ္မာဆိုးကိုတားဆီးရန် ကူညီခဲ့ခြင်းနှင့် ရွှေအခွင့်အရေးကြီးကို ပေးသည့်အတွက် အလွန်ကျေးဇူးတင်နေ၏။ ရီဖန်နှင့်ဆက်ဆံရေးတည်ဆောက်ခြင်းသည် သူ့ဘဝတွင်လူပ်ခဲ့သော အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်။

ကမ္ဘာ့ဓားသည် ဖြည်းညှင်းစွာ ပျံသန်းသွားကာ နဂါးဘိုးဘေး၏ဦးခေါင်းကို ဖောက်ထွင်းသွားသည်။ အင်မော်တယ်ဧကရာဇ်၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော နဂါးဘိုးဘေးအသားသည် ယခုအချိန်တွင် ခုခံနိုင်စွမ်းမရှိတော့ချေ။ ထိုအချိန်တွင် နဂါးဘိုးဘေးသည် လုံးဝစိတ်ဓာတ်ကျနေလေပြီ။

"မင်းတကယ်ပဲ ဘယ်သူလဲ၊ မင်းရဲ့ထောက်ပံ့သူက ငါတို့ နတ်ဆိုးမျိုးနွယ်စုကို ရန်စမိမှာ မကြောက်ဘူးလား"

"နတ်ဆိုး မျိုးနွယ်စု?" ရီဖန်ရယ်လိုက်သည်။

“ငါ့ဆရာက ဗောဓိဘိုးဘေးလေ။ နတ်ဆိုးတွေက သူ့ကို လက်စားချေချင်ရင် သွားရှာဖို့မမေ့နဲ့”

ဗောဓိဘိူးဘေးဟူသည့် နာမည်ကိုကြားသောအခါတွင် နဂါးဘိုးဘေး၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများစိုးမိုးလာသည်။ ဆိုတော့ရီဖန်က ဗောဓိဘိုးဘေး၏ တပည့်ဖြစ်နေသလား။ နောက်ဆုံးလက်စားချေရန် စိတ်ကူးလေးမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ ၎င်းသည် အခြားသော တာအိုဘိုးဘေးများဖြစ်ပါက၊ နတ်ဆိုးမျိုးနွယ်စုသည် အင်အားအချို့စုဆောင်းနိုင်ဦးမည်။ သို့သော် ဗောဓိဘိုးဘေးဆိုမှတော့ မေ့ထားလိုက်တာပေါ့။ နတ်ဆိုးမျိုးနွယ်စုက သူ့ကိုရန်စရန်မတတ်နိုင်ချေ။

ခဏအကြာတွင် နဂါးဘိုးဘေး၏မျက်လုံးထဲမှ နောက်ဆုံးအရိအ်အယောင်မှာ လုံးဝပျောက်ကွယ်သွားသည်။ နတ်ဆိုးဂိုဏ်း၏ တည်ထောင်သူဘိုးဘေးသည် ယနေ့ကျဆုံးသွားလေ၏။

ကျင့်ကြံသူအားလုံး၏မျက်လုံးထဲမှာ ကြောက်ရွံ့မှုသာကျန်ရှိတော့သည်။ ချန်မင်ကမ္ဘာတွင် စုန်းမျိုးနွယ်နှင့်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အားနည်းသည့် အင်မော်တယ်ဧကရာဇ်တစ်ပါးမှလွဲ၍ ဤကဲ့သို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိူးသည် နှစ်တစ်သိန်းအတွင်း ကျဆုံးသွားခြင်းမဟုတ်ပေ။

မဟုတ်သေး၊ နဂါးဘိုးဘေးသည် အင်မော်တယ်ဧကရာဇ်မျှသာမဟုတ်ဘဲ တစ်ချိန်က နတ်ဆိုးမျိုးနွယ်စုကိုတည်ထောင်သူဖြစ်ခဲ့သည်။ ထိုကဲ့သို့သော နတ်ဆိုးဘိုးဘေးတစ်ဦးကျဆုံးခြင်းကြောင့် နတ်ဆိုးမျိုးနွယ်စုက မည်သို့တုန့်ပြန်မည်ကို ဘယ်သူသိနိုင်မည်နည်း။

နတ်ဆိုးမျိုးနွယ်စုသည် အားနည်းသောမျိုးနွယ်မဟုတ်ချေ။ ၎င်းသည် လူသားမျိုးနွယ်စုကဲ့သို့အားကောင်းသည်။ ရီဖန်သည် နတ်ဆိုးမျိုးနွယ်စု၏လက်စားချေမှုကို ခံနိုင်ရည်ရှိမည်လား။

သူတို့မသိလိုက်သည်မှာ နဂါးဘိုးဘေး ပြုတ်ကျလာချိန်တွင်၊ နတ်ဆိုးမျိုးနွယ်စုက ၎င်းကို သတိထားမိကာ နဂါးဘိုးဘေးအတွက် လက်စားချေရန်ကြံစည်နေသည့် နတ်ဆိုးတည်ထောင်သူပင် ရှိသေးသည်။

သို့သော် နောက်အခိုက်အတန့်တွင် ၎င်းနတ်ဆိုးဘိုးဘေးသည် ရုတ်တရက် သေဆုံးသွား၏။ ဗောဓိဘိုးဘေးက ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားခဲ့ကာ “ငါ့တပည့်ကို ထိရဲရင်၊ နတ်ဆိုးအားလုံးကိုသတ်ပစ်မယ်” ဟု ပြောကြားသွားခဲ့သည်။ ထိုစကားတစ်ခွန်းက နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို တားဆီးထားခဲ့၏။

နဂါးဘိုးဘေးသည် နတ်ဆိုးမျိုးနွယ်စုအတွက် အရေးပါသော်လည်း သူ့အတွက်နှင့် နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို စတေးခံရန်မှာ မတန်ချေ။ အကယ်၍ ၎င်းသည် အခြားတာအိုဘိုးဘေးများဖြစ်ပါက နတ်ဆိုးမျိုးနွယ်စုက ပြင်းထန်စွာ လက်တုံ့ပြန်မည်မှာ သေချာပါ၏။

သို့သော် ဗောဓိဘိုးဘေးအတွက်မူ အဖြစ်နိုင်ချေ။ နယ်မြေသုံးထောင်တွင် ဗောဓိဘိုးဘေး၏အစွမ်းသည် ပဟေဠိတစ်ခုကဲ့သို့ပင်။

နဂါးဘိုးဘေး၏ကိုယ်ခန္ဓာကို ရီဖန်က ပျက်ဆီးခြင်းနယ်မြေထဲသို့ တိုက်ရိုက်ပြန်ယူသွားခဲ့သည်။ နဂါးဘိုးဘေးသည် တစ်ချိန်က ခိုင်မာသောမူလနိယာရှိသည့် နတ်ဆိုးဘိုးဘေးအဆင့် အင်အားကြီးသတ္တဝါဖြစ်သည်။

အခြားအရာတစ်ခုခုဖြစ်ပါက ရီဖန်၏လက်ရှိအင်အားဖြင့် သန့်စင်သောလက်နက်တစ်ခုကို ပြုပြင်နိုင်မည်မဟုတ်သော်လည်း၊ နဂါးဘိုးဘေးကိုယ်ထည်ကို ကုန်ကြမ်းပစ္စည်းအဖြစ်အသုံးပြုပါက ရီဖန်၏ အထွတ်အထိပ် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း စွမ်းရည်ဖြင့် ပေါင်းစပ်လိုက်လျှင်၊ ၎င်းသည် စစ်မှန်သော အဆင့်နိမ့်သန့်စင်အင်မော်တယ်ပစ္စည်းကို ပြုလုပ်နိုင်မည်ဖြစ်နိုင်သည်။

ရီဖန်နှင့် အင်မော်တယ်ဧကရာဇ်နှစ်ပါးတို့နှင့်အတူ ရီမိသားစုနယ်မြေထဲသို့ ဝင်ရောက်သွားသည့်ကျင့်ကြံသူများကို မြင်ပြီးနောက် စောင့်ကြည့်နေသောကျင့်ကြံသူများသည် ရီမိသားစုအကြောင်း သတင်းပို့ရန်အတွက် ၎င်းတို့၏ မျိုးနွယ်စုများသို့ အမြန်ပြန်သွားကြသည်။

ရီမိသားစုကို ရန်သွားစလို့ မရချေ။ မကြာမီတွင် ရီမိသားစု၏ဂုဏ်သတင်းသည် ချန်မင်ကမ္ဘာ ကမ္ဘာကိုကျော်လွန်၍ပင် ပျံ့နှံ့လာမည်ကို ကြိုမြင်နိုင်၏။

နဂါးဘိုးဘေးပြဿနာပြေလည်သွားပြီရနောက်တွင် ကျန်ကိစ္စရပ်များပို ရီဖန်၏ဝင်ရောက်စွက်ဖက်ရန်မလိုအပ်တော့ချေ။ ရီဖန်သည် အင်မော်တယ်ဧကရာဇ်နှစ်ပါးနှင့်အတူ ရီမိသားစုနယ်မြေသို့ပြန်လာကာ ရင်းရင်းနှီးနှီး ဧည့်ခံခဲ့သည်။

နောက်ဆုံးတွင် ရီမိသားစုသည် င်မော်တယ်ဧကရာဇ်နှစ်ပါးထံတွက် အကြွေးတင်နေခဲ့ကာ သေချာပေါက် ရီဖန်ကိုယ်တိုင် ဧည့်ခံခဲ့ရသည်။ ရီဖန်၏လက်ကိုလှန်လိုက်သည်နှင့် ပုလင်းတစ်လုံးပေါ်လာသည်။

၎င်းကိုဖွင့်လိုက်သောအခါ ကြွယ်ဝသောရနံ့က အင်မော်တယ်ဧကရာဇ်နှစ်ပါးကို အံ့ဩစေခဲ့သည်။ အမွှေးရနံ့တစ်ခုတည်းကပင်လျှင် အင်မော်တယ်ဧကရာဇ်နှစ်ပါးကို မဟာတာအိုအကြောင်း အနည်းငယ် ထိုးထွင်းသိမြင်နိုင်စေခဲ့သည်။ ၎င်းက ရီဖန်လက်ထဲရှိ ရတနာ၏စွမ်းအားကိုပြသနေသည်။

စားပွဲပေါ်၌ ခွက်သုံးခွက်ပေါ်လာပြီးနောက်တွင် ရီဖန်သည် အင်မော်တယ်ဧကရာဇ်နှစ်ပါးအတွက် ဉာဏ်အလင်းလက်ဖက်ရည်အိုးကို ကိုယ်တိုင်ကိုယ်ကျ တည်ပေးခဲ့၏။

"ကျေးဇူးပြုပြီးတော့ဗျာ!" ရီဖန်က နှစ်ယောက်လုံးကို စမ်းသောက်ကြည့်ရန် လက်ပြလိုက်သည်။

‘ဂလု’ အင်မော်တယ်ဧကရာဇ်များမှာ အနည်းငယ်ရှက်ရွံ့သွားကြ၏။ သို့သော် ရီဖန်ကိုကြည့်ပြီးနောက် နှစ်ယောက်သားအံကြိတ်ကာ ဉာဏ်အလင်းလက်ဖက်ရည်ကို သောက်လိုက်ကြသည်။

လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် နှစ်ယောက်စလုံး မျက်လုံးမှိတ်ထားရင်း နားလည်မှုများစွာ ပေါက်ကြားလာကြသည်။ ၎င်းလက်ဖက်ရည်သည် အင်မော်တယ်ဧကရာဇ်များ၏ သန်မာသောခန္ဓာကိုယ်များပေါ်တွင်ပင် သက်ရောက်မှုရှိခဲ့သည်။

ယခင်ကရီဖန်သည် ထိုရတနာကိုကာကွယ်ရန် နည်းလမ်းမရှိသောကြောင့် ဥာဏ်အလင်းလက်ဖက်ရည်ကို ထုတ်ပြရဲလိမ့်မည်မဟုတ်သော်လည်း၊ ယခုအခါတွင် တာအိုဘိုးဘေးမှလွဲ၍ မည်သူ့ကိုမှ ကြောက်စရာမလိုတော့ချေ။

အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် ဉာဏ်အလင်းရရှိသည့်အခြေအနေမှ ပြန်လည်မနိုးထမီ အချိန်အတော်ကြာသွားသည်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေရီ!" အင်မော်တယ်ဧကရာဇ်အဆင့်ရှိသူများသည် နှစ်သိန်းပေါင်းများစွာ ကျင့်ကြံကြရသည်။ ရီဖန်၏ဉာဏ်အလင်းလက်ဖက်ရည်တစ်ခွက်က ၎င်းတို့အတွက် နှစ်တစ်ထောင်ကျင့်ကြံချိန်ကို ချွေတာပေးနိုင်ရာ ကျေးဇူးမတင်ဘဲမနေနိုင်တော့ချေ။

"မင်းတို့နှစ်ယောက်လုံး ဘာလို့ယဉ်ကျေးနေတာလဲ။ ရီမိသားစုကို မိတ်ဆွေလို့မြင်မှတော့ ငါ ရီဖန်ကလည်း နှမြောနေမယ့်သူမဟုတ်ပါဘူး။ ဒါက ဥာဏ်အလင်းလက်ဖက်ရည်ပဲ။ နှစ်ယောက်လုံးကြိုက်ရင် အိမ်ပြန်ရင်ယူသွားပါ"

ရီဖန်သည် ၎င်းတို့နှစ်ဦးလုံးအတွက် ခဏတာ ထိန်းထားနိုင်လောက်သည့် ဉာဏ်အလင်းလက်ဖက်ရည်သုံးဆယ်ပါသော နောက်ထပ်အိုးနှစ်လုံးကိုထုတ်လိုက်သည်။

ဥာဏ်အလင်းလက်ဖက်ရည်၏ အကျိုးသက်ရောက်မှုကိုသိသွားသောကြောင့် ရီဖန်၏လက်ဆောင်ကို လက်မခံဝံ့ကြချေ။ ဥာဏ်အလင်းလက်ဖက်ရည်နှစ်ဗူးက ၎င်းတို့ကူညီထားသည့် ပမာဏထက် အလွန်တန်ဖိုးကြီးနေသည်။

ထို့ကြောင့် လက်ခံရန်အတွက် ရှက်လွန်းနေကြ၏။ နှစ်ယောက်လုံးကငြင်းဆိုပြီးနောက် ရီဖန်၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသည့်အခါမှသာ သူ့လက်ဆောင်ကိုတွန့်ဆုတ်စွာလက်ခံခဲ့သည်။

နှစ်ယောက်စလုံးက ရီမိသားစုတွင် ပြဿနာတစ်ခုခုကြုံလာလျှင် ကူညီရန်အတွက် အစွမ်းကုန်ကြိုးစားကြရမည်ဟု နှစ်ယောက်လုံး၏ နှလုံးသားထဲတွင် လျှို့ဝှက်ကတိပြုခဲ့ကြသည်။သို့မဟုတ်ပါက ရီဖန်ပေးခဲ့သည့် ဉာဏ်အလင်းလက်ဖက်ရည်မှာ အချည်းနှီးသာဖြစါသွားလိမ့်မည်။

ဤ ဥာဏ်အလင်းလက်ဖက်ရည်ပုလင်းသည် သိသာထင်ရှားစွာတိုးတက်အောင်မြင်ရန်အတွက် လုံလောက်နိုင်၏။

………

All Chapters