← Chapters

အခန်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အခန်း ၂၆၂-၂၆၄

Vol. 18 Ch. 262-264

အခန်း ၂၆၂ - မိသားစုတိုးပွါးလာခြင်း အဆင့် ဆယ့်သုံး၊ ချန်မင်ကမ္ဘာတွင် နာမည်ရလာခြင်း

အနည်းငယ်စကားပြောဆိုပြီးနောက်တွင် နှစ်ယောက်လုံးပြန်သွားကြ၏။

တစ်ဖက်တွင် ရီကျင်းစန်သည် ကျန်ရှိသောနဂါးမျိုးနွယ်စုအဖွဲ့ဝင်များကို မခက်ခဲစေခဲ့ပေ။ နဂါးဘိုးဘေးနှင့် ရီမိသားစု၏ အကာအကွယ်မပါဘဲ နဂါးမျိုးနွယ်စု၏အနာဂတ် မည်မျှဆိုးရွားလိမ့်မည်ကို သူတို့သိသည်။

အိုးဟိုင်သည် ကျန်ရှိသောနဂါးမျိုးနွယ်စုမှ အဖွဲ့ဝင်များကို အဆုံးမဲ့ပင်လယ်ထဲသို့ ပြန်ခေါ်ဆောင်သွားကာ သူ့နှလုံးသားသည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။ ယခုအချိန်တွင် အိုးဟိုင်သည် ရီမိသားစု၏အင်အားကို လျှော့တွက်မိခြင်းအတွက် အလွန်နောင်တရနေ၏။

ထိုသို့သော အမှားကြောင့် မည်သို့နောင်တမရဘဲ နေနိုင်မည်နည်း။ ရီမိသားစုသည် နဂါးဘိုးဘေးကိုပင် အနိုင်ယူခဲ့သည်။

အကယ်၍ ရီမိသားစုကို နဂါးမျိုးနွယ်စု၏ ကျောထောက်နောက်ခံအဖြစ် ထားရှိမည်ဆိုပါက ၎င်းတို့ သေချာပေါက်ကြီးထွားလာမည်ဖြစ်သည်။

"အကြီးအကဲအိုးဟိုင်၊ အခု ဘယ်လိုလုပ်ကြမလဲ!" နောက်ထပ် အဓိပတိအကြီးအကဲက မေးလာသည်။

"ဘာလုပ်ရမှာလဲ” အိုးဟိုင်၏စိတ်ထဲတွင် အတွေးတစ်ခုပျံ့နှံသွားကာ ရုတ်တရတ် အစီအစဉ်တစ်ခု ရှိလာသည်။ ရီကျင်းစန်သည် နဂါးမျိုးနွယ်စုနှင့် ခွါပြဲသွားသော်လည်း၊ အိုးမုတို့၏ ဌာနခွဲနှင့် သူ၏ဆက်ဆံရေးမှာ ကောင်းမွန်နေဆဲဖြစ်သည်။

ထို့အပြင် အိုးမု၏ဌာနခွဲသည် ရီကျင်းစန်နှင့် ပြဿနာများတွင် ပါဝင်ပတ်သက်ခြင်းမရှိပေ။ အိုးဟိုင်သည် အိုးမု၏ဌာနခွဲက ရီကျင်းစန်ကို နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အဖြစ်ပြန်လာရန်အတွင် ဆွဲဆောင်စေလိုခဲ့သည်။ ထိုအချိန်တွင် အိုးဟိုင်သည်လည်း အင်မော်တယ်ဘုရင်နယ်မြေအဆင့်ရောက်ရှိရန် အခွင့်အရေးရနိုင်မည်ဖြစ်သည်။

"အကြီးအကဲအိုးဟိုင်၊ သတင်းဆိုးပဲ၊ အိုးမုရဲ့ ဂိုဏ်းကလူတွေ မရှိတော့ဘူး။ ဘဏ္ဍာတိုက်ထဲက ရတနာတွေလည်း ယူသွားကြတယ်!" ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေသော အကြီးအကဲသည် ဘာလုပ်ရမှန်းမသိဘဲ ငိုနေ၏။

မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ မူလအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အိုးမု၏ဂိုဏ်းခွဲသည် နဂါးမျိုးနွယ်စုအတွင်းရှိ အင်အားအကြီးဆုံးဂိုဏ်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ယခုတွင် အိုးမု၏ဂိုဏ်းခွဲမရှိတော့သဖြင့် နဂါးမျိုးနွယ်စု၏ အင်အားသည် အလွန်နည်းသွားခဲ့၏။

၎င်းတို့ကိုကာကွယ်ပေးမည့် အရင်းအမြစ်များနှင့် တိုက်ခိုက်ရေးစွမ်းအားများမရှိတော့ရာ အဓိပတိ အကြီးအကဲအချို့သည် ဘာလုပ်ရမှန်းမသိကြတော့ချေ။

"အိုးမုက တော်တော်သတ္တိရှိနေတာပဲ!" အိုးဟိုင်သည် ဒေါသတကြီးပြေးသွားကာ အိုးမု၏ ဂိုဏ်းခွဲကို ရှာဖွေရန်အတွက် နဂါးမျိုးနွယ်စုကို ချက်ချင်း အမိန့်ပေးလိုက်သည်။ အိုးမု၏ဂိုဏ်းခွဲကိုရှာမတွေ့လျှင်ပင် အနည်းဆုံး ၎င်းတို့၏စ္စည်းများကို ပြန်ယူရမည်။ သို့သော် ၎င်းတို့မသိသောအရာမှာ ဤသည်မှာ နဂါးမျိုးနွယ်စုကျဆုံးခြင်း၏အစမျှသာဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ နဂါးဘိုးဘေးနှင့် ရီမိသားစုကြားတိုက်ပွဲသည် ချန်မင်ကမ္ဘာ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ချန်မင်ကမ္ဘာအတွင်းရှိ အင်အားစုများသည်လည်း ရီမိသားစု၏တည်ရှိမှုကို သတိပြုမိသွားလေသည်။ ၎င်းတို့ထဲတွင် ချီလင်မျိုးနွယ်စု နှင့် ဖီးနစ်မျိုးနွယ်စုတို့လည်း ပါဝင်၏။

"နဂါးမျိုးနွယ်စုက လူတွေက ဒီရီမိသားစုဆိုတာ သေချာရဲ့လား?”

ချီလင်မျိုးနွယ်စုခေါင်းဆောင်သည် အံ့အားသင့်လျက် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ကို မေးလိုက်သည်။

"ဟုတ်တယ် ဒါက ရီမိသားစုပဲ!"

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်သည် ရီဖန်တိုက်ခိုက်လာစဉ်က ပြင်းပြင်းထန်ထန် မခုခံခဲ့သည့်အတွက် ဝမ်းသာနေရှာသည်။

ထို့အပြင် ယခုအခါတွင် ရီမိသားစု၌ ၎င်းတို့၏ မျိုးနွယ်စုနှစ်ခုမှ အဖွဲ့ဝင်များရှိနေပြီဖြစ်ရာ ရီမိသားစုနှင့် ၎င်းတို့၏ဆက်ဆံရေးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ရီမိသားစု၏ အရိပ်အောက်ရှိသည့် နဂါးမျိုးနွယ်စုကို သတိရသွားပြီးနောက် ချီလင်မျိုးနွယ်စုခေါင်းဆောင်က အံကြိတ်နေသည်။ “နဂါးမျိုးနွယ်စုများ ကံကောင်းချက်"

အကယ်၍ ၎င်းတို့၏ ချီလင်မျိုးနွယ်စုကသာ ခိုလှုံနိုင်လျှင် နဂါးမျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စု တို့ကို မျိုချပြီးပြီဖြစ်သည်။

"သူတို့ရဲ့ကံက တကယ်ကောင်းပေမယ့် အမြဲတမ်းတော့မကောင်းတော့ပါဘူး!" ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုပေါ်လာကာ ချီလင်မျိုးနွယ်စုခေါင်းဆောင်၏ စပ်စုလိုစိတ်ကိုဆွပေးနေသည်။

“ဘာပြောတာလဲ?"

"မင်းမသိသေးဘူးမလား။ ရီမိသားစုနဲ့ နဂါးမျိုးနွယ်စုက လုံးဝကွဲသွားပြီကွ။ ရီမိသားစုက မျိုးနွယ်စုခေါင်းဆောင်ရဲ့သားက အရင်က နဂါးမျိုးနွယ်စုခေါင်းဆောင်ဖြစ်ပေမယ့် သူ့ကိုထုတ်ပယ်လိုက်ရော။ ပြီးတော့ နဂါးဘိုးဘေးက…....."

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်က ရီမိသားစုနှင့် နဂါးမျိုးနွယ်စုအကြားပဋိပက္ခကို ပြန်လည်ဖောက်သည်ချပြီးနောက်တွင် ချီလင်မျိုးနွယ်စုခေါင်းဆောင်သည် စိတ်လှုပ်ရှားလာ၏။

ယခုအခါတွင် နဂါးမျိုးနွယ်စုသည် ၎င်း၏ အကြီးကျယ်ဆုံးသော အကာအကွယ်ကို ဆုံးရှုံးလိုက်ရသောကြောင့်၊ ၎င်းက ချီလင်မျိုးနွယ်စုအတွက် အခွင့်အရေးတစ်ခု မဟုတ်လား။ နဂါးမျိုးနွယ်ကိုရှင်းလင်းနိုင်ပါက ရီမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လိမ့်မည်။

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အကြည့်ဆုံသွားပြီးနောက် နဂါးမျိုးနွယ်စုကို ချက်ချင်းအရေးယူရန် စီစဉ်ခဲ့ကြသည်။ မျိုးနွယ်စုနှစ်ခု၏ ပေါင်းစည်းတပ်များသည် မကြာမီတွင် နဂါးမျိုးနွယ်စု၏နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့၏။

ယခုအခါတွင် နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အသစ်အိုးဟိုင်သည် နဂါးမျိုးနွယ်စုကိုတိုက်ခိုက်ရန်အတွက် အဓိကမျိုးနွယ်စုနှစ်ခု ပူးပေါင်းလိုက်ကြောင်း ကြားသိရသဖြင့် အလွန်ဒေါသထွက်နေသည်။

ဤနှစ်တစ်လျှောက်တွင် မျိုးနွယ်စုနှစ်ခုစလုံးသည် နဂါးမျိုးနွယ်စုကို အမြဲတမ်းရိုသေခဲ့သည်။ ယခုအချိန်တွင် နဂါးမျိုးနွယ်စုကို မည်သို့တိုက်ခိုက်ရဲသနည်း။

"ဖီးနစ်မျိုးနွယ်စု၊ ချီလင်မျိုးနွယ်စု၊ မင်းတို့သေချင်နေကြတာပဲ!"

ထိုအချိန်တွင် အကြီးအကဲတစ်ဦးသည် ချီတုံချတုံနှင့်ပြောလာသည်

“မျိုးနွယ်စု ခေါင်းဆောင်၊ သူတို့ကြောက်တဲ့ဟာက ငါတို့ နဂါးမျိုးနွယ်စုမဟုတ်ဘဲ ရီမိသားစုလို့ရော မစဉ်းစားမိဘူးလားဟင်”

ထိုစကားပြောပြီးသည်နှင့် အားလုံး တိတ်ဆိတ်သွားကြသည်။ အကြီးအကဲ၏စကားများသည် မကောင်းမွန်လှသော်လည်း အလွန်အတိအကျမှန်ကန်ပုံရသည်။

ရီကျင်းစန်၏တောင်းဆိုချက်ကြောင့် ရီဖန်သွားရောက်အရေးယူပြီးမှသာလျှင် အဓိက မျိုးနွယ်စုနှစ်ခု ငြိမ်သက်သွားခြင်းဖြစ်သည်။ မူလက အဓိကမျိုးနွယ်စုနှစ်ခုသည် နဂါးမျိုးနွယ်စုကိုဖိနှိပ်ထားကာ ၎င်းတို့ကို ပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးမရှိခဲ့ပေ။

ယခုမှသာ နဂါးမျိုးနွယ်စုက မည်သို့ဖြစ်ခဲ့သည်ကို နားလည်သဘောပေါက်သွားကြ၏။ ၎င်းတို့သည် ရီကျင်းစန်ကို သူတို့၏မျိုးနွယ်စုခေါင်းဆောင်အဖြစ် ထားရှိခဲ့ခြင်းမှာ မည်မျှကံကောင်းမှန်းသိရှိခဲ့ရ၏။

ရီကျင်းစန်မရှိပါက အရင်းအမြစ်များလည်း မရှိတော့ပေ။ တစ်ချိန်က နဂါးမျိုးနွယ်စုကို ယဉ်ကျေးစွာဆက်ဆံခဲ့သော အင်အားစုများသည်လည်း ယခုအခါတွင်စတင် ဖရိုဖရဲဖြစ်လာလေပြီ။ နဂါးမျိုးနွယ်စုသည် ဤဆင်းရဲဒုက္ခများကို မခံနိုင်တော့ချေ။

"မျိုးနွယ်စုခေါင်းဆောင်၊ ကျေးဇူးပြုပြီး မျိုးနွယ်စုခေါင်းဆောင် ရီကျင်းစန်ကို ပြန်လာဖို့ခေါ်ပေးပါ"

သာမာန်နဂါးမျိုးနွယ်စုအဖွဲ့ဝင်များသည်လည်း စတင်ပုန်ကန်လာကြ၏။ ၎င်းတို့မှာ ယခင်က ရီကျင်းစန်ကို နှင်ထုတ်ခဲ့ကြသူများဖြစ်ပြီး ယခုအခါမှသာ ရီကျင်းစန်ကို ပြန်လာစေလိုသောသူများဖြစ်သည်။ သို့သော် သူတို့မစဉ်းစားခဲ့သည်မှာ ရီကျင်းစန်သည် နဂါးမျိုးနွယ်စု၏မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ခြင်းကို လုံးဝစိတ်ပါဝင်စားခြင်းမရှိသည်ကိုပင်။

အိုးဟိုင်က အံကြိတ်ရင်းပြောလိုက်သည်။ "နဂါးမျိုးနွယ်စု ပျက်ဆီးသွားရင်တောင် ငါရီကျင်းစန်ကို ဘယ်တော့မှ ပြန်မတောင်းဆိုနိုင်ဘူး"

သို့သော် မျိုးနွယ်စုကြီးနှစ်စုက နဂါးမျိုးနွယ်ကိုကျူးကျော်လာပြီးနောက် လူများစွာကျဆုံးသွားသောအခါတွင် အိုးဟိုင်သည် ပုန်းရှောင်လျက်ထွက်ပြေးလျက် ရီကျင်းစန်ဆီသွားရောက်ကာ ကိုယ်တိုင်တောင်းပန်လိုသော်လည်း ရီကျင်းစန်က ငြင်းလွှတ်လိုက်သည်။

"ထွက်သွားစမ်း!”

ရီကျင်းစန်က အိုးဟိုင်ကို ကြည့်ရင်း ပြုံးနေလေသည်။ ဤအကြောင်းများကြောင့် ရီကျင်းစန်က နဂါးမျိုးနွယ်စုကို အရေးယူခြင်းမပြုခဲ့ခြင်းဖြစ်၏။

ရီကျင်းစန်သည် ရီမိသားစု၏အကာအကွယ်မရှိဘဲ နဂါးမျိုးနွယ်စုက ဘာမှတန်ဖိုးမရှိကြောင်း ၎င်းတို့ကို သိစေချင်လိုခြင်းဖြစ်သည်။ နဂါးမျိုးနွယ်စုကိုယ်တိုင် ၎င်းတို့၏သေဆုံးခြင်းကို တဖြည်းဖြည်းစောင့်ကြည့်နေခြင်းက ရီကျင်းစန်ကိုယ်တိုင်လုပ်ဆောင်ခဲ့သည်ထက် ပို၍ကျေနပ်စရာကောင်းသည်။ မကြာမီတွင် နဂါးမျိုးနွယ်ကို ဦးညွတ်ခဲ့သော အင်အားစုများသည် ရီမိသားစု၏ နဂါးမျိုးရိုးအပေါ် သဘောထားကို သိရှိလာကြကာ ၎င်းတို့၏ကိုယ်ပိုင်စိတ်ကူးများအတိုင်း ပြုမူလာကြသည်။

နှစ်များတစ်လျှောက်တွင် နဂါးမျိုးနွယ်စုသည် ရီကျင်းစန်ကြောင့် ရတနာအနည်းငယ်ကို စုဆောင်းမိခဲ့သည်။ ယခုတွင် သူများကို အမြတ်ရစေခြင်းထက် ကိုယ်ကိုယ်တိုင်အတွက် အသုံးပြုခြင်းက ပိုကောင်းလိမ့်မည်။

အိုးဟိုင်သည် ရီမိသားစုမှနဂါးမျိုးနွယ်စုသို့ ပြန်သွားသောအခါတွင် နဂါးမျိုးနွယ်စုကို တိုက်ခိုက်သည့် အင်အားစုများသည် ရုတ်တရက် ပိုများပြားလာသည်ကို တွေ့လိုက်ရသည်။ အင်အားစုများစွာဝိုင်းရံထားခံရသော နဂါးမျိုးနွယ်စုသည် ကြာကြာမထိန်းနိုင်တော့ချေ။

ဆယ်နှစ်ကြာပြီးနောက် အိုးဟိုင်သည် ပျက်စီးသွားသော နဂါးမျိုးနွယ်စုကိုကြည့်နေလျက် သူ၏ဆံပင်များသည် ဖြူဖွေးစွတ်နေလေပြီ။ "ငါ အိုးဟိုင်က နဂါးမျိုးနွယ်စုကို မကာကွယ်နိုင်ခဲ့ဘူး!" ဤသို့ဖြင့် နဂါးမျိုးနွယ်စုသည် အဆုံးမဲ့ပင်လယ်ထဲတွင် မထင်မရှားဖြစ်သွားသည်။

သို့သော်လည်း တကယ်တမ်းတွင် နဂါးမျိုးနွယ်စုက လုံးဝမျိုးသုဉ်းသွားခဲ့ခြင်း မဟုတ်ချေ။ အနည်းဆုံး အိုးမုဦးဆောင်သော နဂါးမျိုးနွယ်စုသည် အသက်ရှင်နေလျက် ကောင်းမွန်စွာနေထိုင်နေကြ၏။

နဂါးမျိုးနွယ်စုနှင့်စစ်ပွဲတွင် အကျိုးအမြတ်အများဆုံးရရှိသူများမှာ

ချီလင်မျိုးနွယ်စုနှင့် ဖီးနစ်မျိုးနွယ်စုတို့ဖြစ်သည်။

သို့သော်လည်း နဂါးမျိုးနွယ်စု၏ဘဏ္ဍာတိုက်ကို ဖွင့်လိုက်သည့်အချိန်၌ ၎င်းတို့အားလုံး စိတ်ပျက်သွားကြသည်။ နဂါးမျိုးနွယ်စု၏ ဤမျှလောက်သော အရင်းအမြစ်များဖြင့် မည်သို့မျှ အချိုးကျခွဲလို့ရလိမ့်မည်မဟုတ်ချေ။

"နဂါးမျိုးနွယ်စုရဲ့ တခြားအဖွဲ့ဝင်တွေက အကုန်လုံးယူသွားကြတာများလား" တပ်ဖွဲ့ထဲမီ ခေါင်းတောင်တစ်ဦးက ပြောလိုက်သည်။

"အပြင်မှာ နဂါးမျိုးနွယ်စုဂိုဏ်းခွဲရှိနေတုန်းပဲဆိုတာ မှတ်မိသေးတယ်၊ သူတို့ သိမ်းသွားလောက်ပြီ။ သူတို့ကိုပါ ရှင်းလိုက်ကြမလား!" ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူ့ကိုအရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေကြသည်။

မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် နဂါးမျိုးနွယ်စုနှင့် လုံးဝမတူချေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရီကျင်းစန်၏ဂိုဏ်းခွဲအပေါ် နဂါးမျိုးနွယ်စု၏ဆက်ဆံမှုကို အမြဲဆန့်ကျင်ခဲ့ကာ နောက်ဆုံးတွင် ၎င်းတို့သည် နဂါးမျိုးနွယ်စုမှ တိုက်ရိုက်ခွဲထွက်သွားခဲ့သည်။

နဂါးမျိုးနွယ်စုကို ဆန့်ကျင်ပါက ရီမိသားစုက ကန့်ကွက်မည်မဟုတ်သော်လည်း၊

မြောက်ပင်လယ်နဂါးမျိုးနွယ်ကို ဆန့်ကျင်ပါက ရီမိသားစုက အရေးမယူမည်မှာ သေချာနိုင်သလား။ ၎င်းနှင့်ပက်သက်၍ မသေချာသည့်တိုင် မည်သူကမှ ဤအန္တရာယ်ကို လက်ယပ်မခေါ်ဝံ့ကြချေ။ အနည်းငယ် ပေါ့ဆမှုက လုံးဝ မျိုးသုဉ်းသွားစေနိုင်သည်။

"ကောင်းပြီ၊ ငါတို့အတွက် ခွဲဖို့လုံလောက်နေပါပြီ။ ဒါပြီးရင် ထွက်သွားကြတာပေါ့။ ဒီနေရာကိုတော့ နဂါးမျိုးနွယ်အတွက်ပဲ ထားခဲ့ကြရအောင်ပါ" ဟု ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်က "နဂါးမျိုးနွယ်စုအတွက် ထားလိုက်ပါ" ဟု ပြောရာတွင် မည်သူ့ကိုပြောနေမှန်း သူတို့အားလုံး သဘောပေါက်ကြသည်။

နှစ်များစွာကြာပြီးနောက် အိုးမုသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို နဂါးမျိုးနွယ်စု နယ်မြေသို့ပြန်လည်ခေါ်ဆောင်လာကာ နဂါးမျိုးနွယ်စုကို ပြန်လည်တည်ဆောက်ခဲ့သည်။

သို့သော် ယခင်ကနဂါးမျိုးနွယ်စုနှင့်မတူဘဲ လက်ရှိနဂါးမျိုးနွယ်စုသည် နောက်ထပ်တိုးပွါးလာရန် မျှော်လင့်ချက်မရှိတော့ပေ။ အိုးမုသည် “နဂါးမျိုးနွယ်စု” ဟူသောအမည်ကိုပင် ထပ်မံမသုံးခဲ့ချေ။ ၎င်းအစား “မြောက်ပင်လယ်နဂါးမျိုးနွယ်စု" ကိုသာ အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ချန်မင်ကမ္ဘာတွင် နဂါးမျိုးနွယ်စုမရှိတော့ဘဲ၊ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသာရှိတော့သည်

"ရေရှည်မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ သခင့်ကိုဂုဏ်ပြုပါတယ်။ မိသားစုတိုးပွါးလာခြင်း အဆင့်ဆယ့်သုံး၊ ချန်မင်ကမ္ဘာမှာ နာမည်ရရှိခြင်းအတွက် ဆုငွေထုတ်ယူနိုင်ပါပြီ" နောက်ဆုံးတွင် မစ်ရှင်ကို ပြီးမြောက်ခဲ့၏။

နှစ်များကြာလာသည်နှင့်အမျှ ရီမိသားစု၏စွမ်းအားက ပို၍ပင်အားကောင်းလာသည်။ သို့သော် ကျင့်ကြံမှုအဆင့်များတိုးလာသည်နှင့်အမျှ စွမ်းရည်သည် ပို၍အရေးကြီးလာ၏။

လက်ရှိတွင် ရီမိသားစု၌ကျင့်ကြံရန်အတွက် သက်တန့်ရောင်စွမ်းရည်ရှိကာ ၎င်းသည် အင်မော်တယ်ဘုရင်နယ်မြေနှင့် အကြမ်းဖျင်းညီမျှသည်။

ကျင့်ကြံမှုအဆင့်က နက်နဲအင်မော်တယ်နယ်ပယ်သို့ရောက်သွားပါလျှင် အင်မော်တယ်ဘုရင်နယ်မြေ၏စွမ်းရည်များသည် သိသိသာသာအရှိန်လျော့ကျသွားသည်။ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာမြှင့်တင်ရန်အတွက် ၎င်းတို့၏စွမ်းရည်အဆင့်ကို ထပ်မံတိုးမြှင့်ရန် လိုအပ်သည်။

ဤတစ်ကြိမ်တွင် ဆုတောင်းပြည့်နိုင်ရန်အတွက်သာ မျှော်လင့်မိပါ၏။ စွမ်းရည်များ တိုးမြင့်ပေးရမည်!

“စနစ်၊ ဆုငွေရယူလိုက်”

"မိသားစုပိုင်ဆိုင်မှုဖြစ်တဲ့ ကျင့်ကြံမှုစွမ်းရည်ကိုးရောင်ခြယ်ကို ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

သဘာဝအားဖြင့် ကိုးရောင်ခြယ်သည် အင်မော်တယ်ဧကရာဇ်၏စွမ်းရည်ဖြစ်၏။ ကိုးရောင်ခြယ်စွမ်းရည်ဖြင့် အနည်းဆုံးရေတိုကာလအတွက် ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်တိုးတက်မှုနှုန်း သိသိသာသာမြင့်မားလာနိုင်သည်။

ရီဖန်သည် ရီမိသားစုမှ အင်မော်တယ်ဘုရင်နယ်မြေအဆင့် ကျင့်ကြံသူမပေါ်ပေါက်မိီအထိ အချိန်မည်မျှကြာမည်ကို တွေးတောနေသည်။

ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဧကရာဇ်နယ်မြေသို့ရောက်သွားလျှင် တာအိုဘိုးဘေးများနှင့် တိုက်ခိုက်နိုင်မည်လားဟု သိချင်လာသည်။ သို့သော်လည်း ရီဖန်သည် ၎င်းမှာမဖြစ်နိုင်သေးကြောင်းခန့်မှန်းမိ၏။

တာအိုဘိုးဘေးများသည် ဤစကြာဝဠာတွင် အင်အားအကြီးဆုံးဖြစ်ကာ၊ အင်မော်တယ်ဧကရာဇ်များကို အင်မော်တယ်ဟု ခေါ်ဆိုနိုင်သော်လည်း တာအိုဘိုးဘေးများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် တူညီသည့်အဆင့်၌ မရှိချေ။ ၎င်းတို့ကို နတ်ဘုရားများအဖြစ်ပင် မှတ်ယူနိုင်သည်။

တာအိုဘိုးဘေးနယ်မြေအောက်ရှိ အရာအားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ပင်၊ မထင်ရှားလှချေ။ ၎င်းသည် ဟာသပြောနေခြင်းမဟုတ်သော်လည်း၊ အတွေးလွန်နေခြင်းက အသုံးမဝင်ချေ။

ကျင့်ကြံခြင်းအတွင် အာရုံစိုက်သည်က ပိုကောင်းလိမ့်မည်။ အချိန်အလုံအလောက်ရှိသရွေ့ ရီမိသားစုသည် သေချာပေါက်ကြီးမားလာနိုင်၏။

အခြားတစ်နေရာ၌ ဟွမ်လောင်စန်း၏ စွမ်းအားသည် တဖြည်းဖြည်းတိုးလာနေ၏။ ဟွမ်လောင်စန်းသည် သူ၏စွမ်းရည်များ ရုတ်တရက်ပြန်လည်မြင့်တက်လာသည်ကို ခံစားလိုက်ရကာ အလွန်ဝမ်းသာသွားသည်။

သူ၏လက်ရှိစွမ်းရည်သည် ကျင့်ကြံမှုအဆင့်အတွက် လုံလောက်သည်ထက်ပင် ပိုနေ၏။ သူ၏စွမ်းရည်များဆက်လက်တိုးလာပါက တာအိုဘိုးဘေးအစစ်အမှန်က မည်ကဲ့သို့ဖြစ်သည်ကို မြင်နိုင်လေမလား။

ဟွမ်လောင်စန်းသည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်ရှိစဉ်ကပင် တစ်နေ့တွင် တာအိုဘိုးဘေးဖြစ်လာမည့်အခွင့်အရေးရလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ ရီမိသားစုနှင့် ပူးပေါင်းလိုက်ခြင်းက သူ့ဘဝ၏ကံအကောင်းဆုံး ရွေးချယ်မှုပင်။ ရီမိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံခဲ့သည့်အတွက် ၎င်းတို့ကို စိတ်ပျက်အောင်မလုပ်နိုင်ချေ။

အချိန်လေဟာနယ် အဆောင်လက်ဖွဲ့ကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခြင်းက ဟွမ်လောင်စန်း၏ ပြန်လည်ထူထောင်ရေးအရှိန်ကို တိုးမြှင့်လာစေသည်။

ထိုအချိန်၌ စွမ်းရည်များတိုးလာရာ ၎င်းက ဟွမ်လောင်စန်းကို ပို၍ပင် ယုံကြည်မှုရှိလာစေသည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ကျင့်ကြံမှုအဆင့်ကို အင်မော်တယ်ဧကရာဇ်နယ်မြေအထိ တိုက်ရိုက်ပြန်လည်ရောက်ရှိသွားနိုင်သည်။

ဟွမ်လောင်စန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် အရင်းအမြစ်များစွာပေါ်လာသည်။ ၎င်းတို့အားလုံး ဟွမ်လောင်စန်း၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက် အဆုံးမဲ့အင်မော်တယ်စွမ်းအင်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ဟွမ်လောင်စန်း၏ ကျင့်ကြံမှုအဆင့်သည်လည်း နောက်ထပ်သိသိသာသာ တိုးမြင့်လာပြန်၏။

………………

အခန်း ၂၆၃ - ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အခွင့်အာဏာ

ဟွမ်လောင်စန်းသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ သန်မာသူတစ်ဦးဖြစ်သောကြောင့် သူ၏နယ်ပယ်အဆင့်သာ ကျသွားခြင်းဖြစ်သည်။ လက်ရှိတွင် သူ့၏ကျင့်ကြံမှုအဆင့် လုံလောက်နေသရွေ့ အတားအဆီးရှိလိမ့်မည်မဟုတ်ချေ။ သူတိုက်ရိုက် ကျော်ဖြတ်နိုင်လိမ့်မည်။

သုံးနှစ်ကြာပြီးနောက် ဟွမ်လောင်စန်း၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ သူ့ထံမှ အင်မော်တယ်ဧကရာဇ်နယ်မြေရောင်ဝါထွက်ပေါ်လာ၏။ ယခုတစ်ကြိမ်တွင် အချိန်၏သင်္ကေတကိုအသုံးပြုရန်မလိုဘဲ

အင်မော်တယ်ဧကရာဇ်နယ်မြေသို့ အမှန်တကယ်ရောက်ရှိခဲ့ကာ အတတ်တစ်ချိန်ကကဲ့သို့ စွမ်းအားကြီးမားသော ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ် ဖြစ်လာခဲ့သည်။

သူသည် သူ၏ကျင့်ကြံမှုကို ပြန်လည်ရရှိခဲ့ရုံသာမက နောက်တစ်ကြိမ်ကျင့်ကြံရာမှ ရရှိခဲ့သောအလားအလာများကြောင့် လက်ရှိ ဟွမ်လောင်စန်း၏အခြေခံအုတ်မြစ်သည် သူ၏ယခင်ဘဝထက် များစွာခိုင်မာလာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ပိုမိုမြင့်မားသောနယ်ပယ်ကိုပင် ဖြတ်ကျော်နိုင်လိမ့်မည်။

“ငါ့ရဲ့ ကျင့်ကြံရေးအဆင့်တွေ ဆုံးရှုံးလိုက်ရတာက ကောင်းချီးတစ်ခုလို့ ဘယ်သူကတွေးမိမှာလဲ” ဟွမ်လောင်စန်းက မအံ့ဩဘဲမနေနိုင်ချေ။ မူလက သူ့ဘဝဆုံးပြီဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရီဖန်နှင့်တွေ့ခဲ့သည်။ ဟွမ်လောင်စန်းသည် ရီဖန်အပေါ်တွင်ကျေးဇူးတရား အပြည့်အဝရှိ၏။

နောက်ဆုံးတစ်ကြိမ် အင်မော်တယ်ဧကရာဇ်အဖြစ် ဖြတ်ကျော်ခဲ့စဉ်က ၎င်းသည် သူ၏ကန့်သတ်ချက်ဖြစ်သော်လည်း ယခု အင်မော်တယ်ဧကရာဇ်ဖြစ်လာခြင်းသည် အစပိုင်းသာရှိသေး၏။

တစ်ဖက်တွင် ရီဖန်သည် ဟွမ်လောင်စန်း၏ အဆင့်ထိုးဖောက်မှုရောင်ဝါကို ခံစားမိခဲ့သည်။ နောက်ဆုံးတွင် ရီမိသားစုသည် ၎င်းတို့၏ ပထမဆုံး အင်မော်တယ်ဧကရာဇ်နယ်မြေကျင့်ကြံသူကို ရရှိခဲ့သည်။

ထို့နောက်တွင် ရီမိသားစုသည်လည်း ထာဝရအလင်း နယ်မြေတစ်ခုလုံး၏ထိပ်ဆုံးသို့ ရောက်ရှိသင့်သည်။ သူသည် ထာဝရအလင်းနယ်မြေတွင် နှစ်ထောင်ပေါင်းများစွာကြာအောင်နေထိုင်ခဲ့ရာ ထာဝရအလင်းနယ်မြေအခွဲကို ရှင်းလင်းပစ်ရတော့မည်ဖြစ်သည်။ နောက်ဆုံးအောင်နိုင်သူက မည်သူဖြစ်မည်ကိုတော့ သူမသိသေးချေ။

တစ်ချိန်တည်းတွင် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွင်း၌ ကြိုးစားနေခဲ့၏။ ရီမိသားစု၏အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည်လည်း စုယန်ကို ပို၍တန်ဖိုးထားခဲ့သည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ရီဖန်၏လျှို့ဝှက်ချက်များကို စုံစမ်းဖော်ထုတ်ရန်အတွင် စုယန်၏ လုပ်ပိုင်ခွင့်အာဏာကို များစွာတိုးမြှင့်ပေးခဲ့သည်။

ရီဖန်သည် အလွန်လျင်မြန်စွာတိုးတက်လာခဲ့ကာ၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ရီဖန်ကို သတိထားမိချိန်တွင် သူသည် ကြောက်မက်ဖွယ်ရာ အင်အားကောင်းနေပြီဖြစ်သည်။ အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်ရေးစွမ်းအားဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးပင်လျှင် သူ့ကိုစုံစမ်းစစ်ဆေးရန် ခက်ခဲလိမ့်မည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် လက်ရှိတွင် ပြည်နယ်ငါးခုကျော်ကိုအုပ်ချုပ်သော ခန်းမသခင်လေးဦးရှိသည်။ မူလက အရှေ့ကောင်းကင်နယ်မြေတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး ခန်းမသခင်ရှိခဲ့သော်လည်း စုန်းမျိုးနွယ်စုက အရှေ့ကောင်းကင်ပြည်နယ်ကို ဖျက်ဆီးပြီးနောက်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည်လည်း ၎င်း၏နေရာပျောက်ဆုံးသွားခဲ့သည်။

နောက်ပိုင်းတွင် တာ့ယွီအင်မော်တယ်မင်းဆက်က အရှေ့ကောင်းကင်နယ်မြေကို သိမ်းပိုက်ခဲ့ပြီးနောက်တွင် အရှေ့ကောင်းကင်နိုင်ငံတွင် သခင်တစ်ဦးထပ်မံပေါ်လာခဲ့သည်။

သို့သော် ဝူရှန်းဘိုးဘေးများ၏တိုက်ရိုက်တပည့် စုယန်ရှိနေသောကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်ကိုစိမ့်ဝင်ရန်အတွက် စုယန်ထက် မည်သူမျှပိုမသင့်တော်ချေ။ ထို့ကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ၎င်းကိုပြန်လည်ထူထောင်ရန်အတွက် အရှေ့ကောင်းကင်နိုင်ငံသို့မည်သူ့ကိုမျှ စေလွှတ်ခြင်းမရှိခဲ့ချေ။

စုယန်သည် အကျိုးအမြတ်ကြီးတစ်ခု ရယူခဲ့သည်ဟုဆိုရမည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် စုယန်နှင့်အတူ အကြီးအကဲအဖြစ်ထားလျက် ခန်းမသခင်လေးဦးနှင့်အတူ စည်းဝေးခဲ့သည်။ လူတစ်ယောက်၏အရိပ်သည် စုယန်နှင့် အခြားလူများရှေ့တွင် တဖြည်းဖြည်းပေါ်လာ၏။

"ဝူရှန်းဘိုးဘေးကို ဂါရဝပြုပါတယ်"

"သခင့်ကို ဂါရဝပြုတယ်!"

မတူညီသည့် အခေါ်အဝေါ်နှစ်ခုက ခန်းမသခင်လေးယောက်ကို မနာလိုဖြစ်စေသည်။ ဤခန်းမသခင်များ၏ကျင့်ကြံမှုသည် အားမနည်းဘဲ ၎င်းတို့အများစုမှာ အင်မော်တယ်ဘုရင်နယ်မြေနှင့် အင်မော်တယ်ဧကရာဇ်နယ်မြေ၌ပင် ရှိနေကြသည်။

သို့သော်လည်း ဝူရှန်းဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သည့်စုယန်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ပို၍နိမ့်ကျသည်။ ဝူရှန်းဘိုးဘေးသည် စုယန်ကိုဂရုတစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ကျင့်ကြံမှုအဆင့်သည် နက်နဲအင်မော်တယ်နယ်မြေကို ဖြတ်ကျော်သွားကြောင်း တွေ့ရှိခဲ့သည်။ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"မဆိုးပါဘူး၊ ဒီကာလအတွင်းမှာ မင်းရဲ့ဂိုဏ်းခွဲကို ကောင်းကောင်းတိုးတက်စေတဲ့အပြင်၊ မင်း၏ကျင့်ကြံမှုကိုလည်း မလျော့စေခဲ့ဘူးဘဲ!" ဝူရှန်းဘိုးဘေးက စုယန်၏ ကျင့်ကြံမှုအရှိန်ကို ချီးကျူးခဲ့ကာ လေချီလင်၏ အလားအလာကို အလဟသမဖြုန်းတီးသောကြောင့် အလွန်ကျေနပ်နေသည်။

အခြားခန်းမသခင်လေးယောက်အတွက်မူ ဝူရှန်းဘိုးဘေးကိုယ်တိုင် ထည့်ပြောရန်ပင် မထိုက်တန်ချေ။

“ဒီတစ်ခါ မင်းတို့ကိုခေါ်လိုက်တဲ့ ကိစ္စက အခမ်းအနားတစ်ခုအတွက်ပဲ။ ဒီအတောအတွင်းမှာ ထာဝရအလင်းနယ်မြေထဲကို စိမ့်ဝင်ဖို့အတွက် အကုန်လုပ်နိုင်သမျှလုပ်ကြရမယ်။ ငါတို့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရဲ့ မဟာအစီအစဉ်ကို စတင်တော့မှာဖြစ်တယ်”

ထိုစကားကိုကြားလိုက်သည်နှင့် စုယန်အပါအဝင် ရောက်လာသူတိုင်း အသက်အောင့်ထားမိသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံတွင် အမြဲတမ်းရည်ရွယ်ချက်တစ်ခုသာရှိခဲ့ပြီး ၎င်းမှာ လူသားမျိုးနွယ်စုကို ဖြုတ်ချရန်ဖြစ်သည်။

ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့သည် အရေးကြီးသောအခိုက်အတန့်တွင် လူသားမျိုးနွယ်စုကို သေလောက်အောင်ထိုးနှက်ရန်အတွက် လူသားအင်အားစုများစွာ စိမ့်ဝင်ခဲ့သည်။

စုယန်၏ လေ့လာသုံးသပ်ချက်အရ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးပန်းတိုင်သည် သေချာပေါက် အောင်မြင်နေပြီဖြစ်၏။ အကျိုးဆက်ကိုစဉ်းစားမိပြီးနောက် စုယန်မှာ မတုန်လှုပ်ဘဲ မနေနိုင်ချေ။ လူသားမျိုးနွယ်စု အမှန်တကယ်သုတ်သင်ခံရပါက ရီမိသားစုသည်လည်း အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ပေ။

ထိုကိစ္စကို ချောမွေ့အောင် မဆောင်ရွက်သင့်ချေ။ အနည်းဆုံးတော့ ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ပဋိပက္ခမဖြစ်စေသင့်။ သို့သော် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် စုယန်၏ လက်ရှိအာဏာကြောင့် သူမထိုသိူ့လုပ်နိုင်လိမ့်မည်မဟုတ်။

ထို့ကြောင့် သူမသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွင်း သူမ၏လွှမ်းမိုးမှုကို တိုးမြှင့်လာ၏။ ထာဝရအလင်း နယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ထိန်းချုပ်နိုင်မှသာ နယ်မြေအတွင်းတွင် ရီမိသားစု၏အချက်အလက်များ နောက်ကျမကျန်ခဲ့ကြောင်း သေချာနိုင်လိမ့်မည်။

စုယန်၏မျက်လုံးထဲတွင် လူသတ်လိုရိပ်ပေါ်လာကာ သူမသည် ခန်းမသခင်လေးယောက်ကို မသိမသာစိုက်ကြည့်နေသည်။ သူမသည် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ထိန်းချုပ်လိုပါက ဤခန်းမသခင်လေးယောက် ရှင်းပစ်ရလိမ့်မည်။

ခန်းမသခင်လေးယောက်က စုယန်၏မူမမှန်မှုကို သတိမထားမိဘဲ ၎င်းတို့အားလုံး ဝူရှန်းဘိုးဘေး၏မှာကြားချက်ကို လုပ်ဆောင်နေကြပြီဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် ဤတစ်ကြိမ်တွင် အန္တရာယ်ကြီးကြီးမားမားရှိသော်လည်း ၎င်းတို့ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါက ရရှိမည့်ဆုလာဘ်များမှာ များပြားလှသည်။

လူသားမျိုးနွယ်စု၏ကံကြမ္မာအတွက်မူ၊ ၎င်းသည် သူတို့အတွက် လုံးဝအရေးမပါချေ။ သူတို့သည် လူသားမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းတို့ကိုယ်ကိုအဖွဲ့ဝင်အဖြစ် မယူဆတော့ပေ။ ခဏကြာပြီးနောက် စုယန်နှင့်တခြားလူများက များပြားလှသည့် အရင်းအမြစ်များယူဆောင်လျက် ထွက်သွားကြသည်။

ဤအရင်းအမြစ်များသည် လာမည့်ကာလများအတွင်း အမျိုးမျိုးသော အဓိကအင်အားစုများအတွင်းသို့ အရှိန်မြင့်စွာဖြင့် စိမ့်ဝင်နိုင်ရန်ရည်ရွယ်သည်။ စုယန်သည် အခြားသော ခန်းမသခင်လေးဦး၏ အရင်းအမြစ်များကို မနာလိုစွာကြည့်နေသည်။

"အားလုံးပဲ၊ အလျင်လိုနေဖို့မလိူပါဘူး"

စုယန်က ခန်းမသခင်လေးယောက်ကို ပြုံးပြလိုက်သည်။

သူမသည် ဤအရာများကို သူမကိုယ်ပိုင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ၎င်းတို့ကိုမသုံးစေလိူချေ။ ဤခန်းမသခင်များကို ဖယ်ရှားပြီးပါက အရင်းအမြစ်များကို ရီမိသားစုပိုင်ဆိုင်မည်ဖြစ်သည်။

စုယန်သည် ရီမိသားစုထံသို့ ချက်ချင်းပြန်သွားကာ ထိုနေ့က သူမြင်ခဲ့၊ ကြားခဲ့သမျှကို ရီဖန်ထံပြန်ပြောပြသည်။ ရီဖန် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ရီမိသားစုအတွက် ကျင့်ကြံမှုပတ်ဝန်းကျင် ပိုအေးဆေးလေ ပိုကောင်းလေဖြစ်သည်။ ကံမကောင်းစွာဖြင့် ကောင်းကင်နှင့် လူသားများကြား ပြိုင်ဆိုင်မှုကြီးမားသည့် ကျင့်ကြံရေးကမ္ဘာတွင် မည်ကဲ့သို့ အေးဆေးကျင့်ကြံနိုင်မည်နည်း။

ကျေးဇူးတင်စရာကောင်းသည်မှာ ရီမိသားစုထဲတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွင်းသို့ စိမ့်ဝင်ထားနိုင်သူ တစ်ဦးရှိနေခြင်းပင်။ သို့မဟုတ်ပါက တိုက်ပွဲစမှသာ ဤအခြေအနေများကိုသိရလျှင် ၎င်းတို့အားလုံးရေစုန်မျောရလိမ့်မည်။

“ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ငါ့လျှို့ဝှက်ချက်ကို သိချင်တယ်ဆိုရင် ငါက ဗောဓိဘိုးဘေးရဲ့ တပည့်ဆိုတာကို ပြောပြလိုက်”

ရီဖန်သည် ဗောဓိဘိုးဘေး၏ တပည့်တစ်ဦးဖြစ်ကြောင်း စုယန်သေချာပေါက်သိထား၏။ မကြာမီတွင် ရီဖန်သည် ဗောဓိဘိုးဘွား၏တပည့်ဖြစ်ကြောင်း ဖော်ထုတ်ခံရတော့မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

၎င်းကို ဖော်ထုတ်မည့်အတူတူ အရင်းအမြစ်များနှင့်လဲလှယ်ရန်အတွက် စုယန်ကို ပြောခိုင်းလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ တာအိုဘိုးဘေးတစ်ဦး၏ တိုက်ရိုက်တပည့်တစ်ဦးဖြစ်ခြင်းသတင်းသည် ကြီးမားသောလျှို့ဝှက်ချက်ဖြစ်သောကြောင့် ပစ္စည်းကောင်းများနှင့် လဲလှယ်နိုင်သည်၊ ၎င်းသည် အလဟဿဖြစ်လိမ့်မည်မဟုတ်။

ဗောဓိဘိုးဘေး၏တပည့်ဖြစ်ခြင်းသည် ရီဖန်၏အကြီးမားဆုံးလျှို့ဝှက်ချက်မဟုတ်ကြောင်း စုယန်သိသောကြောင့် ၎င်းကိုမကန့်ကွက်ခဲ့ပေ။ စုယန်သည် ရီဖန်၏လျှို့ဝှက်ချက်ကို စုံစမ်းရန်လည်း ရည်ရွယ်ချက်မရှိပေ။

ရီဖန်က သူမနှင့်ရီမိသားစုကို ကောင်းမွန်စွာ ဆက်ဆံသရွေ့ သူ့တွင်လျှို့ဝှက်ချက်များရှိနေလျှင်လည်း အရေးမကြီးချေ။ စုယန်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အစီအစဉ်များကို ရီဖန်ကိုပြောပြသည့်အပြင် စာရင်းတစ်ခုကိုပါပေးခဲ့သည်။

ထိုစာရင်းသည် ခန်းမသခင်များ၏နာမည်နှင့် သူမသိသည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏အဆင့်မြင့်အဖွဲ့ဝင်တချို့၏ စာရင်းဖြစ်သည်။ ၎င်းတို့သည် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ဖြုတ်ချလိုပါက ဤလူများကိုရှင်းပစ်ရမည်!

ရီဖန်၏လက်ရှိအင်အားဖြင့် ဤလူများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။ တစ်ခုတည်းသောအခက်အခဲမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို စုယန်အပေါ် သံသယမဝင်စေဘဲ မည်သို့ဖယ်ရှားရမည့်နည်းဖြစ်သည်။

ယခုအချိန်တွင် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် ခန်းမသခင်ငါးဦးသာရှိသည်။ သူတို့လေးဦး ရုတ်တရက်သေသွားပါက ကျန်တစ်ယောက်ကို သံသယဝင်မည်မှာ သေချာပါ၏။ ထိုအချိန်ရောက်လျှင် ပြဇာတ်လေးတစ်ခု ကပြရတော့မည်။

သို့သော် စုယန်က ရီဖန်၏လျှို့ဝှက်ချက်ကို လွှဲပေးလိုက်ပါပ ထိုပြဇာတ်က ခက်ခဲတော့မည်မဟုတ်ချေ။ မကြာမီတွင် စုယန်သည် ရီဖန်က ဗောဓိဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်းကို ဝူရှန်းဘိုးဘေးထံ အကြောင်းကြားလိုက်သည်။

ဝူရှန်းဘိုးဘေးပင်လျှင် ထိုလျှို့ဝှက်ချက်ကို သိရချိန်၌ ဆွံ့အသွားခဲ့သည်။ စုယန်ကို သူ့တပည့်အဖြစ်ရထားခြင်းက အလွန်ကံကောင်းသည်ဟု ခံစားရ၏။ သို့မဟုတ်ပါက ဤကဲ့သို့သော လျှို့ဝှက်ချက်ကြီးကို သူမည်သို့ရနိုင်ပါမည်နည်း။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏လျှို့ဝှက်စာရင်းတွင် ဗောဓိဘိုးဘေးက အဆင့်သတ်မှတ်ချက်အမြင့်ပိုင်းတွင်ရှိသည်။

ဝူရှန်းဘိုးဘေးပင်လျှင် ဗောဓိဘိုးဘေးနှင့် ရင်ဆိုင်ရမည်ဆိုပါက သူ့ကိုယ်သူယုံကြည်ချက်မရှိချေ။

ဗောဓိဘိုးဘေးနှင့်ရင်ဆိုင်ရန် နည်းလမ်းမရှိသော်လည်း ဗောဓိဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သည့် ရီဖန်ကို ဦးစွာဖြုတ်ချနိုင်ပါ ပိုကောင်းလိမ့်မည်။ ထို့နောက် ရီဖန်မှတဆင့် ဗောဓိဘိုးဘေးကိုရင်ဆိုင်နိုင်မည့် နည်းလမ်းရှာတွေ့နိုင်သည်။

စုယန်တင်ပြသောသတင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် အလွန်အရေးကြီး၏။ ဝူရှန်းဘိုးဘေးသည် နှမြောနေခြင်းမရျှိဘဲ စုယန်၏ ကျင့်ကြံမှုအဆင့်ကို အင်မော်တယ်ဘုရင်အဆင့်အထိ မြှင့်တင်နိုင်မည့် အရင်းအမြစ်များစွာကို ချက်ချင်းလွှဲပေးလိုက်သည်။

ရီဖန်၏အထောက်အထားကို သိရှိထားသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွင်းရှိ စုယန်၏ရာထူးကို အနည်းငယ်မြှင့်တင်ပေးခဲ့သည်။ ရီဖန်ကို ဖြုတ်ချလိူပါက စုယန်ဟူသည့် စစ်တုရင်ကွက်မရှိဘဲ သူတို့လုပ်နိုင်မည်မဟုတ်ချေ။ ရီဖန်၏ရာထူးပိုမြင့်လေ၊ စုယန်၏ရာထူးပိုမြင့်လေဟုပင်ဆိုနိုင်သည်။

သို့သော်လည်း လက်ရှိတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် စုယန်ကို ရီဖန်နှင့် အဆက်အသွယ်လုပ်ခွင့်ပေးရန် အစီအစဉ်မရှိပေ။ စုယန်၏ အထောက်အထားကို ထုတ်ဖော်ခံလိုက်ရပါက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် များစွာဆုံးရှုံးရလိမ့်မည်။

ထို့အပြင် စုယန်သည် ဝူရှန်းဘိုးဘေး၏ တပည့်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အဆင့်မြင့်အဖွဲ့ဝင်များပင်လျှင် သူမကို အန္တရာယ်မပေးနိုင်ပေ။ ၎င်းတို့အားလုံး ဝူရှန်းဘိုးဘေး၏အမျက်ကို မခံနိုင်ကြချေ။

မကြာမီတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ရီဖန်ကိုဆက်သွယ်ရန်အတွက် သူလျှိုတချို့ကို စေလွှတ်လိုက်သည်။ ရီဖန်၏တုံ့ပြန်မှုက အလွန်သဘာဝကျသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ သူလျှိုများဖြစ်ကြောင်းသိလိုက်သည်နှင့် ချက်ချင်းသတ်လိုက်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏တည်ရှိမှုကို စုံစမ်းရန်စတင်ခဲ့သည်။

ဤရလဒ်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို စိတ်တိုစေသော်လည်း ၎င်းတို့ဘာမှမတတ်နိုင်ကြချေ။ အင်မော်တယ်ဧကရာဇ်ပင်လျှင်မရင်ဆိုင်နိုင်သည့် ရီဖန်နှင့်ဆက်သွယ်လိုပါက တာအိုဘိုးဘေးများကသာ တတ်နိုင်လိမ့်မည်။

သို့သော် တာအိုဘိုးဘေးကို အသုံးချလိုက်ပါက ဗောဓိဘိုးဘေးက ၎င်းကိုသေချာပေါက် အာရုံခံမိသွားနိုင်သည်။ တိုက်ရိုက်တပည့်တစ်ဦးဖြစ်သောကြောင့် ရီဖန်သည် ဗောဓိဘိုးဘေးနှင့်ပတ်သက်သည့် အာရုံတစ်ခုရှိ’။

ဗောဓိဘိုးဘေးက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏တည်ရှိမှုကို သတိပြုမိသွားပါက ဆုံးရှုံးမည့်အရာသည် သူလျှိုအနည်းငယ်မျှသာမဟုတ်တော့ချေ။ ရီဖန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက သူ့ကိုမကြာမီ ဓားကမ်းလာရန်မမျှော်လင့်ထားချေ။

ရီဖန်သည် စုယန်ကို ရီမိသားစုထဲတွင် ပုန်းအောင်းနေစေကာ စတင်လှုပ်ရှားခဲ့သည်။

သူ၏ပထမဆုံးလှုပ်ရှားမှုတွင် ရီဖန်သည် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ဂိုဏ်းခွဲများကို ပစ်မှတ်ထားခဲ့သည်။ လှုပ်ရှားမှုတချို့အပြီးတွင် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ခန်းမသခင်လေးယောက်နှင့် အလယ်အလတ်အဆင့်အဖွဲ့ဝင်အချို့သည် ရီဖန်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရကာ များစွာဆုံးရှုံးခဲ့ရသည်။

ဤဆုံးရှုံးမှုသည် ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ပျက်ယွင်းသွားစေသည်။ ၎င်းကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် အချိန်မည်မျှကြာမည်ကို မည်သူသိနိုင်မည်နည်း။

ထိုသတင်းကိုကြားသောအခါတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အထက်အရာရှိများသည် ဒေါသထွက်သွားကြသော်လည်း၊ ၎င်းတို့က ရီဖန်ကို ဒေါသထွက်ခြင်းမဟုတ်ဘဲ ရီဖန်နှင့်ဆက်သွယ်ရန် အမိန့်ပေးခဲ့သည့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဆင့်မြင့်အရာရှိကို ပို၍ဒေါသထွက်ကြ၏။

ဤအဆင့်မြင့်အရာရှိ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏တည်ရှိမှုကို ရီဖန်သတိထားမိသွားကာ ကြီးမားသောဆုံးရှုံးမှုများကိုဖြစ်စေခဲ့သည်ဟု တွေးထင်ခဲ့ကြသည်။

………..

အခန်း ၂၆၄ - ကြယ်အစုအဝေးတပ်ဖွဲ့

"စုယန်က ငါတို့ကိုသစ္စာဖောက်သွားတယ်လို့ ထင်လား" အဆင့်မြင့်အရာရှိတစ်ဦးက အဆိုပြုခဲ့သော်လည်း လျင်မြန်စွာပယ်ချခံလိုက်ရသည်။

"ငါတို့ကို သစ္စာဖောက်တာက စုယန်မဟုတ်ဘဲ မင်းဆိုရင်တော့ ယုံလိုက်ဦးမယ်" ရီဖန်လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် သဘာဝကျကျ ပြီးဆုံးသွားခဲ့သည်။ သူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ဖော်ထုတ်ပြီးနောက်မှသာ အရေးယူခဲ့ခြင်းဖြစ်၏။

စုယန်သည် ဤစွပ်စွဲချက်များနှင့်ပက်သက်၍ မည်သို့မျှ ဆက်စပ်မှုမရှိတော့ချေ။ အရေးအကြီးဆုံးအချက်မှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် စုယန်ပေးသောအချက်အလက်များသည် အလွန်အရေးကြီးသောကြောင့် သူမကို လုံးဝယုံကြည်ထားကြသည်။

အကယ်၍ စုယန်က သူတို့ကို တကယ်သစ္စာဖောက်ခဲ့လျှင် ရီဖန်၏လျှို့ဝှက်ချက်ကြီးကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲသို့ အဘယ်ကြောင့်တင်ပြမည်နည်း။

ဝူရှန်းဘိုးဘေးပင်လျှင် စုယန်၏ ကိုယ်တိုင်ကိုယ်ကျစစ်ဆေးကြည့်ရှုကာ သူမ၏သစ္စာဖောက်ဖြစ်နိုင်ချေမရှိဟု ချမှန်ခဲ့သည်။ စုယန်သည် ၎င်းတို့ကိုသစ္စာမဖောက်ခဲ့ဘဲ သူမ၏လက်ရှိအထောက်အထားကြောင့် သူမ၏အဆင့်အတန်းသည် နောက်ထပ်မြင့်မားလာကာ ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အလုံးစုံသောအခွင့်အာဏာကို သူမအားပေးအပ်ခဲ့သည်။

ထို့အပြင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အင်မော်တယ်ဧကရာဇ်နယ်မြေမှ သန်မာသောကျင့်ကြံသူများကို စုယန်လက်အောက်တွင် အမှုထမ်းရန်အတွက် စေလွှတ်ခဲ့သည်။

နယ်မြေတစ်ခု၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို အုပ်ချုပ်ရခြင်းကြောင့် စုယန်၏အဆင့်အတန်းကို ပို၍ပင်မြှင့်တင်ပေးခဲ့သည်။ သူမသည် အလယ်အလတ်အဆင့်မှ အဆင့်မြင့်အရာရှိတစ်ဦးအဖြစ်သို့ တက်လာခဲ့၏။

နောက်ဆုံးတွင် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဓိကလျှို့ဝှက်ချက်အချို့ကို သိရှိခဲ့ရသည်။

"စုယန်၊ မင်းနောက်ထပ်လုပ်ရမှာက မင်းရဲ့အထောက်အထားကို ဖုံးကွယ်ထားဖို့ပဲ။ မင်းရဲ့အထောက်အထားကို လုံးဝထုတ်ဖော်လို့မရဘူးနော်။ ရီဖန်က အရမ်းအရေးကြီးတယ်၊ သူက စစ်တုရင်ကောင်းတစ်ခုပဲ!"

ဝူရှန်းဘိုးဘေးသည် လျှို့ဝှက်ရတနာအချို့ကို ကိုယ်တိုင်ကိုယ်ကျထုတ်ပေးခဲ့ကာ အကောင်းဆုံးမှာ အမြုတေလျှို့ဝှက်ရတနာဖြစ်သည့် ထိမ်းမြားခြင်းကံကြမ္မာပုလဲဖြစ်သည်။ အမြုတေလျှို့ဝှက်ရတနာတိုင်းသည် ကောင်းကင်တာအို၏မူလကို ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသည်။ အင်မော်တယ်ဧကရာဇ်တစ်ပါးပင်လျှင် ၎င်းကိုလိုချင်လိမ့်မည်။

ထိမ်းမြားခြင်းကံကြမ္မာပုလဲ၏ အဓိကရည်ရွယ်ချက်မှာ ထာဝရထိမ်းမြားလက်ထပ်ခြင်းနှောင်ကြိုးများ တည်ဆောက်ရန်ဖြစ်သည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ရီဖန်အား ဗောဓိဘိုးဘေးကို သစ္စာဖောက်စေသည်အထိ စုယန်ကို နက်ရှိုင်းစွာ ချစ်မိသွားရန်လိုအပ်သည်။ တာအိုလက်တွဲဖော်မှတဆင့် အရေးကြီးသောလူအချို့ကို ထိန်းချုပ်ခြင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အသုံးများသောနည်းလမ်းဖြစ်သည်။

ရီဖန်၏အထောက်အထားကြောင့်သာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက စုယန်ကို ဤမျှအရေးကြီးသောပစ္စည်းပေးအပ်ခဲ့ခြင်းပင်။ စုယန်သည် ထိုကဲ့သို့သော ရတနာများကို ငြင်းဆန်မည်မဟုတ်သောကြောင့် သူမသည် ၎င်းတို့ကိုတိုက်ရိုက်လက်ခံခဲ့သည်။

သူမသည် ထိမ်းမြားခြင်းကံကြမ္မာပုလဲ ၏အကျိုးသက်ရောက်မှုကိုပင် စမ်းသပ်လိုက်သေး၏။ နှမြောစရာကောင်းသည်မှာ ၎င်းသည် ရီဖန်အပေါ်တွင် လုံးဝသက်ရောက်မှုမရှိချေ။ အဓိကအကြောင်းအရင်းမှာ ၎င်း၏သက်ရောက်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူမတို့နှစ်ဦး၏ ခံစားချက်များသည် နက်ရှိုင်းနေပြီးဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာချည်နှောင်ထားပြီးဖြစ်သည်။

ထို့အပြင် ရီဖန်အတွင်းရှိ ပျက်ဆီးခြင်းပုလဲက ထိမ်းမြားခြင်းကံကြမ္မာပုလဲထက် အဆင့်မြင့်သောကြောင့် သက်ရောက်မှုရှိလိမ့်မည်မဟုတ်။

ထိမ်းမြားခြင်းကံကြမ္မာပုလဲတွင်ပါရှိသော ကောင်းကင်တာအိုသည် ယင်ယန်စွမ်းအားဖြစ်သည်။ အမျိုးသားက ယန်၊ အမျိုးသမီးက ယင်။ ယင်နှင့် ယန်တို့၏ တွဲဖက်ညီမှုသည် ကောင်းကင်တာအိုအတွင်းရှိ ပိုမိုအင်အားကောင်းသော အင်အားစုများထဲမှ တစ်ခုဖြစ်သည်ဟု ယူဆနိုင်သည်။

စုယန်သည် ယင်ယန်ကောင်းကင်တာအိုဖြင့် အင်မော်တယ်ဧကရာဇ်နယ်မြေတွင် အောင်မြင်မှုရရှိပါက အနာဂတ်အတွက် ထူးခြားသောအကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်။

ရီဖန်သည် ဉာဏ်အလင်းသစ်ပင်မှ ၎င်း၏ ဥာဏ်အလင်းအရည်ရရှိသောအခါတွင် စုယန်ကို မူလကောင်းကင်ဘုံတာအိုကို နားလည်စေရန်အတွက် စီစဉ်ထားသည်။ သို့မဟုတ်ပါက စုယန်၏အရည်အချင်းနှင့်ပင်လျှင် ကောင်းကင်ဘုံတာအိုကို နားလည်ရန်အတွက် အချိန်အတော်ကြာလိမ့်မည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အလွန်ရက်ရော၏။ ရတနာများနှင့် ရာထူးအဆင့်အတန်းများကို ပေးအပ်ရာ၌အတော်လေး ရက်ရောလွန်းသည်!

စုယန်သည်လည်း စိတ်သက်သာရာရသွားကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အဆင့်မြင့်အရာရှိများကလည်း ပျော်ရွှင်နေကြသည်။

"ရီဖန်.. မင်းရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ဘယ်လောက်ပဲကြံစည်နေပါစေ မင်းရဲ့မိန်းမက ငါတို့ထဲကတစ်ယောက်ဆိုတာ စဉ်းစားမိမှာမဟုတ်ဘူးပါဘူးကွာ"

ရီမိသားစုနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတို့ နှစ်ဖက်လုံး ပျော်ရွှင်ခဲ့ရကြသောကြောင့် ၎င်းသည် နှစ်ဦးနှစ်ဖက်အနိုင်ရသည့် အချိန်ကောင်းလေးဖြစ်ခဲ့သည်။

ရီမိသားစုနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ပက်သက်သည့်စိုးရိမ်ဖွယ်ရာကိစ္စသည် အဆုံးသတ်တော့မည်ဖြစ်၏။ သို့သော် ထာဝရအလင်းနယ်မြေနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် မည်သည့်အရာကိုမှမရရှိခဲ့ပေ။

ဤအတောအတွင်း ထာဝရအလင်းနယ်မြေတွင် ရတနာမျိုးစုံ ပေါ်လာတတ်သည်။ ဤရတနာများကို ဂိုဏ်းခွဲတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂိုဏ်းခွဲများက မတော်တဆ တွေ့ရှိလိမ့်မည်ဖြစ်သည်။ ဂိုဏ်းခွဲများသည် ဤရတနာများအတွက် တိုက်ခိုက်ရာမှ အသက်ဆုံးရှုံးကြရသည်။

ထာဝရအလင်းနယ်မြေရှိ မမြင်နိုင်သောလက်တစ်ဖက်က ဤအရာအားလုံးကို တွန်းပို့နေသကဲ့သို့ပင်။ အစပိုင်းတွင် ရီဖန်သည် ထိုလုပ်ရပ်များကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ကြိုးကိုင်ထားသည်ဟုထင်ခဲ့သော်လည်း မကြာမီတွင် ကွဲလွဲချက်များကိုသတိပြုမိလာသည်။

၎င်းသည် အခြားအင်အားစုတစ်ခုဖြစ်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ လုပ်ဆောင်ချက်မဟုတ်ချေ။ ဤကာလအတွင်း ရီဖန်၏ သုတ်သင်ရှင်းလင်းမှုကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အလွန်ပင်စနစ်ကျနေခဲ့သည်။

ရီဖန်သည် ထာဝရအလင်းနယ်မြေကို အပြည့်အဝနားမလည်သေးချေ။ ဥပမာပြောရပါလျှင် ယခုထွက်ပေါ်လာသည့် တတိယအဖွဲ့အစည်းအကြောင်း သူမသိပေ။ ကံကောင်းထောက်မစွာဖြင့် ပြဿနာတက်နေသည့်နေရာများမှ အခြားပြည်နယ်များမှဖြစ်သည်။

တာ့ယွီအင်မော်တယ်မင်းဆက်က ထိန်းချုပ်ထားသောနယ်မြေသည် ယခုအချိန်တွင် တည်ငြိမ်နေဆဲဖြစ်၏။ ရီမိသားစုသည်လည်း ဤအချိန်ကာလကိုအမှီပြုကာ အလွန်ကြိုးစားနေကြသည်။ သို့မဟုတ်ပါက ထာဝရအလင်းနယ်မြေတွင် ပဋိပက္ခများစတင်လာသောအခါ၌ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်လာရန်အတွက် လွယ်ကူတော့မည်မဟုတ်ချေ။

စတုရန်းလက်မတောင်မှယူဆောင်လာသော အရင်းအမြစ်အများစုကို ရီဖန်က ဆေးလုံးများအဖြစ် သန့်စင်ထားသည်။ အရင်းအမြစ်များစွာနှင့် စွမ်းရည်မြှင့်တင်မှုများကြောင့် ရီမိသားစုမှ ကျင့်ကြံသူများ၏ ကျင့်ကြံရေးအရှိန်သည် လျင်မြန်စွာတိုးတက်လာကာ အဆင့်ထိုးဖောက်အောင်မြင်မှုများလည်း မကြာခဏဖြစ်ပေါ်လာသည်။

အဖွဲ့ဝင်တစ်သန်း၏ပန်းတိုင်သို့ရောက်ရှိရန်အတွက် ဝေးနေသေးသော်လည်း ထိုကွာဟချက်ကို လျင်မြန်စွာအမှီလိုက်နိုင်သည်။ မိသားစုလူဦးရေ တိုးချဲ့ခြင်း ရေရှည်မစ်ရှစ်ကို မကြာမီပြီးမြောက်နိုင်လိမ့်မည်။ သို့သော် အခြားမစ်ရှစ်တစ်ခုက ပြီးသွားသည့်တိုင်၊ မျိုးနွယ်စုလူဦးရေတိုးချဲ့ခြင်းမစ်ရှစ်က ပြီးလိမ့်မည်မဟုတ်သေး။

မိသားစုအဆင့်သတ်မှတ်ချက်- ၈၉ (ထာဝရအလင်း နယ်မြေ)

မိသားစုအဆင့်သတ်မှတ်ချက်သည် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးအဆင့်တစ်ရာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

“စနစ်၊ မိသားစုခေါင်းဆောင် အဆင့်သတ်မှတ်ချက် ဆုလာဘ်ကိုရယူပါ”

"ဆုရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်၊ ဝေ့ကြယ်* ဆယ့်လေးလုံးရရှိပါပြီ”

ဤတစ်ကြိမ်၏ဆုကြေးက ဝေ့ကြယ်ပုံစံဖြစ်ကာ အရေအတွက်များသည်။ ရီဖန်သည် ၎င်း၏အကျိုးသက်ရောက်မှုများကို သိထားပြီး ၎င်းသည်အလွန်အစွမ်းထက်၏။

သို့သော် ဝေ့ကြယ်အတိအကျကို မြင်လိုက်ရသည့်အခါတွင် ရီဖန်စိတ်ပျက်သွား၏။ ဝေ့ကြယ်သည် ကြယ်နှစ်ဆယ့်ရှစ်လုံးကို ကိုယ်စားပြုသည်။

၎င်းတို့ကို အဇူရာနဂါး၏စံအိမ်ခုနစ်လုံးဖြစ်သည့် ကျောက်မုလုံ၊ ကန်ကျင်းလုံ၊ တုဟွမ်း ၊ ထိုက်ရန်ထူ၊ လီယွဲ့ဟူ၊ ဝေ့ဟော်ဟူနှင့် ဖန်ရွှမ်းလန်၊ ရွှေ့ပေါင်ဟူ၍ ခွဲခြားထားသည်။

မီးငှက်၏စံအိမ်ခုနစ်လုံးမှာ ကျင်းမုရှောင်ကွေး၊ ကွေ့ကျင်းယန်၊ ထူရှောင်ခွိုက်၊ ရှင်းချန်ရေ့မား၊ ၊ ယန်ဝမ်ယွဲ့လွီ၊ ချီပန်းဟော်ရှဲ့၊ ရွှေ့ချုံယင်။

ကျားဖြူ၏စံအိမ်ခုနစ်အိမ်လုံးမှာ ထွေမုလန်၊ ကျိုက်ချန်ကျင်းကုန်း၊ ဝေ့ထူကျစ်၊ မောင်းထုံရစ်၊ ဝမ်ယွဲ့ဝူရာ၊ ဝူကွေ့ပေါ်ဟော်၊ စန်းခဲ့ရှင်းပိုင်ချန်။

လိပ်နက်၏ စံအိမ်တော်ခုနှစ်လုံးမှာ ဝူမုစစ်ဝေ၊ နျုံကျင်းနျုံ၊ နွီချုံဖူ၊ ကုန်းရှုရစ်ရှူ၊ ဝူယွဲ့ယန်ကျစ်၊ ယင်းတိဟော်ကျူး၊ ချန်ရွှေ့ဟွမ် တို့ဖြစ်သည်။

၎င်းတို့တွင် စံအိမ်အများအပြားရှိသော်လည်း တစ်ဦးချင်းစီဆန်းစစ်ကြည့်ပါက ထိုမျှအင်အားမကြီးချေ။ ယခင်က ကုန်းကုန်းသို့မဟုတ် ကျူးရုန်တို့ထံမှ ရရှိခဲ့သည်နှင့် နှိုင်းယှဉ်၍ပင်မရနိုင်ပေ။

ယခုတစ်ကြိမ်ရရှိသော ကြယ်ဆယ့်လေးလုံးမှာ အဇူရာနဂါး၏ စံအိမ်ခုနစ်လုံးနှင့် ကျားဖြူ၏စံအိမ် ခုနစ်လုံးတို့ဖြစ်သည်။ ရီဖန်သည် ဤဝေ့ကြယ်ပုံစံအဆင့်ကို ၎င်းကို ရီမိသားစုဝင်များ အသုံးပြုမည်မဟုတ်၊ မဟုတ် မသေချာသေးချေ။ အကျိုးသက်ရောက်မှု မရှိရုံသာမက ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နိုင်သေးသည်။

မကြာမီတွင် ရီဖန်သည် ၎င်းကြယ်နက္ခတ်များ၏တည်နေရာနှင့် ပက်သက်၍ အစီအစဉ်တစ်ခုရှိခဲ့သည်။ ၎င်းတို့သည် ရီမိသားစု၏ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း၊ တာ့ယွီအင်မော်တယ်မင်းဆက်၏ စစ်ဗိုလ်ချုပ်များအတွက် အဖိုးတန်လိမ့်မည်။

ဤဝေ့ကြယ်ပုံစံများ ရင့်မှည့်လာပြီးနောက်တွင် ၎င်းတို့သည် ယေဘူယျအားဖြင့် အဆင့်သုံးဝေ့ကြယ်ပုံစံများကြားတွင် စွမ်းအားကြီးသည့် အင်မော်တယ်ဧကရာဇ်နယ်မြေအထိ ရောက်ရှိနိုင်သည်။

မကြာမီတွင် ရီဖန်က ရီရှောင်းရှောင်းကိုခေါ်ကာ ဝေ့ကြယ်ပုံစံကို သူ့ဆီလွှဲပေးလိုက်သည်။ ရီရှောင်းရှောင်းသည် ဝေ့ကြယ်ပုံစံ၏လုပ်ဆောင်ချက်အကြောင်းကို သိရှိပြီးနောက် အလွန်ဝမ်းသာသွားခဲ့သည်။

ယခုလက်ရှိတွင် တာ့ယွီအင်မော်တယ်မင်းဆက်အတွက် အကြီးမားဆုံးပြဿနာမှာ အဆင့်မြင့် စွမ်းအားရှင်များ မရှိခြင်းဖြစ်သည်။ ရီရှောင်းရှောင်း၏အင်အားသည် လျင်မြန်စွာ တိုးလာနေပြီး တာ့ယွီအင်မော်တယ်မင်းဆက်မှ ဗိုလ်ချုပ်များသည် လူ့ဧကရာဇ်စူတြာကို ရရှိထားသော်လည်း ရီရှောင်းရှောင်း၏တိုးတက်မှုကို အမှီမလိုက်နိုင်ကြသေးပေ။

ယခုတွင် ဤဝေ့ကြယ်ပုံစံများဖြင့် တာ့ယွီအင်မော်တယ်မင်းဆက်ရှိ အဆင့်မြင့်စွမ်းအားရှင်များ အရေအတွက်ကို များစွာတိုးမြှင့်နိုင်လိမ့်မည်။ သို့သော် ဝေ့ကြယ်ဆယ့်လေးလုံးသည် လက်ရှိစစ်တပ်ကြီးဆယ်ခုအတွက် မလုံလောက်ချေ။ မလုံလောက်ပါက တိုးပေးရလိမ့်မည်။

အဓိကတပ်ကြီးဆယ်ခုသည် တာ့ယွီအင်မော်တယ်မင်းဆက်၏ နယ်မြေတိုးချဲ့ရန်အတွက် မလုံလောက်သောကြောင့် တပ်ဖွဲ့ကြီးဆယ့်လေးခုရှိပါက ပိုကောင်းလိမ့်မည်ထင်ရသည်။

ရီရှောင်းရှောင်းသည် ရှီးထျန်းရွှေအင်မော်တယ်ကို ချက်ခြင်းတောင်းဆိုခဲ့၏။ လက်ရှိ တပ်ကြီးဆယ်ခုအနက် တပ်ငါးခုမှတပ်မှူးများသည် ဝမ်ရှင်းကျွန်းမှ အတူထွက်ခွါလာကြသူများဖြစ်သည်။

အခြားတပ်ငါးခု၏တပ်မှူးများသည်လည်း တာ့ယွီအင်မော်တယ်မင်းဆက် နှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြကာ စစ်ရေးအရ သိသာထင်ရှားစွာပံ့ပိုးခဲ့ကြပြီး၊ အဓိကအားဖြင့် သစ္စာရှိကြသည်။

ကျန်ရှိနေသည့် အသစ်စက်စက်ရာထူးတိုးမြှင့်ခံရသော ခေါင်းဆောင်လေးဦးသည် အဓိကခေါင်းဆောင်ဆယ်ဦး၏ လက်ထောက်များဖြစ်သည်။ ရီရှောင်းရှောင်းအတွက် စစ်ဗိုလ်ချုပ်များ၏ သစ္စာစောင့်သိမှုသည် ၎င်းတို့၏အရည်အချင်းများထက် ပိုအရေးကြီးသည်။

"ဒီတစ်ခေါက် မင်းတို့ကို အခွင့်အရေးကောင်းတစ်ခုပေးဖို့ ခေါ်လိုက်တာ ၊ ဆန္ဒရှိကြလား"

ရီရှောင်းရှောင်း၏ စကားကိုကြားသောအခါ လူဆယ့်လေးယောက်သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ မည်သို့သောခိုင်မာသည့် တည်ရှိမှုမျိုးကို ရီရှောင်းရှောင်းက အခွင့်ကောင်းတစ်ခုအဖြစ် ယူဆနိုင်မည်နည်း။

ရီရှောင်းရှောင်းကို နောက်ကွယ်မှပံ့ပိုးပေးနေသော ရီဖန်သည် တာ့ယွီအင်မော်တယ်မင်းဆက် တစ်ခုလုံး၏ ကျောရိုးဖြစ်ကြောင်း သူတို့အားလုံး သိရှိထားပြီးဖြစ်သည်။ ထိုအခွင့်အရေးကို ရီဖန်ပေးထားခြင်းဖြစ်နိုင်၏။

လူအုပ်၏အမူအရာကိုကြည့်ပြီးနောက် ရီရှောင်းရှောင်းက ၎င်းတို့ဘာတွေးနေမှန်း ခန့်မှန်းမိသည်။

“ဒီအခွင့်အရေးက ငါ့အစ်ကို့ဆီကပါ၊ ဧကရာဇ်နယ်မြေအတွက်လမ်းကြောင်းဖြစ်ပြီးတော့ ဒီနှစ်တွေတစ်လျှောက် တာ့ယွီအင်မော်တယ်မင်းဆက်အတွက် ပံ့ပိုးပေးမှုရဲ့ ဆုကြေးအဖြစ် မှတ်ယူနိုင်မယ်"

“ကျွန်တော်တို့ ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်!”

လူဆယ့်လေးယောက်သည် ရီရှောင်းရှောင်းရှေ့တွင် ချက်ချင်ငးဒူးထောက်လိုက်ကာ တာ့ယွီအင်မော်တယ်မင်းဆက်အပေါ် ၎င်းတို့၏သစ္စာစောင့်သိမှုကို ပြသခဲ့သည်။

"မင်းတို့ကို ယုံတယ်၊ မဟုတ်ရင် ခေါ်လိုက်မှာမဟုတ်ဘူး။ ဆက်ခံဖို့အတွက် အသင့်ပြင်ထား!"

ရီရှောင်းရှောင်း၏လက်လှုပ်ရှားမှုနှင့်အတူ ကြယ်အစုအဝေးများကိုကိုယ်စားပြုသည့် ဝေ့ကြယ်ပုံစံများ ချက်ခြင်းဝင်ရောက်လာကာ တပ်မှူးဆယ့်လေးဦး၏ကိုယ်ခန္ဓာအတွင်းသို့ ပေါင်းစည်းသွားသည်။ တပ်မှူးများသည် ၎င်းတို့၏ အရည်အချင်းများ၊ ဉာဏ်အလင်း၊ အခြေခံအုတ်မြစ်စသည်တို့ လျင်မြန်စွာတိုးတက်လာကြောင်း ခံစားမိလိုက်ကြ၏။

အထူးသဖြင့် ဝမ်ရှင်းကျွန်းမှလိုက်ပါလာသော သူများအတွက်၊ ၎င်းတို့၏ အရည်အချင်းများသည် အလယ်အလတ်တွင်သာရှိသောကြောင့် ၎င်းတို့၏ လက်ရှိနယ်ပယ်တွင် ကျင့်ကြံရန် အလွန်ခက်ခဲနေခဲ့သည်။ ယခုအခါ ဝေ့ကြယ်ပုံစံများက ၎င်းတို့၏ အားနည်းချက်များကို ချက်ခြင်းဖြည့်စွက်ပေးခဲ့ကာ အနာဂတ်မှာ လင်းလက်တောက်ပနေသည်။

၎င်းတို့၏ပေါင်းစပ်မှုနှင့်အတူ ကောင်းကင်ယံတွင် မူလကမှိန်ဖျော့နေသောကြယ်ဆယ့်လေးလုံးသည် တဖြည်းဖြည်းတောက်ပလာခဲ့၏။ နက္ခတ်ဗေဒဆိုင်ရာဖြစ်စဉ်များကို စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ခေါင်းကိုမော့ကာ ဤကြယ်ဆယ့်လေးလုံးသည် မည်သည်ကိုကိုယ်စားပြုကြောင်း အဆက်မပြတ် ခန့်မှန်းနေကြ၏။

သုံးလကြာပြီးနောက်တွင် လူတိုင်းသည် ၎င်းတို့၏ဝေ့ကြယ်ပုံစံများကို လုံးဝစုပ်ယူပြီးသွားသည်။ ၎င်းတို့၏ အရည်အချင်းများတိုးမြင့်လာရုံသာမက ၎င်းတို့၏ကျင့်ကြံမှုအဆင့်လည်းသိသိသာသာ တိုးလာသည်။

စစ်ဗိုလ်ချုပ်အများအပြားသည် ရွှေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြကာ နက်နဲအင်မော်တယ်ဘုံမှ ခြေတစ်လှမ်းသာဝေးကွာတော့သည်။ မကြာမီတွင် တာ့ယွီအင်မော်တယ်မင်းဆက်တွင် နောက်ထပ်အင်အားကြီး နက်နဲအင်မော်တယ်နယ်မြေ တိုက်ခိုက်ရေးသမား အများအပြားကို ရရှိနိုင်မည်ထင်ရသည်။

ကျင့်ကြံမှုအဆင့်များ တိုးလာခြင်းသည် ဒုတိယဖြစ်ပြီး၊ အဓိကအချက်မှာ ဝေ့ကြယ်ပုံစံများကို ရယူပြီးနောက် စစ်တပ်ကို ဦးဆောင်သည့်အခါတွင် ၎င်းတို့သည် အကျိုးအမြတ်များ ပိုရရှိနိုင်သည်။

အဇူရာနဂါး၏တပ်မဟာခုနစ်ခုမှ တစ်ခုစီသည် တစ်ကိုယ်တည်းတိုက်ခိုက်နိုင်ကာ၊ ဤတပ်ခုနစ်ခု၏စွမ်းအားကိုကိုယ်စားပြုသော အဇူရာနဂါးတိုက်ပွဲဝိညာဉ်အတွက်လည်း စုစည်းထားသောကြောင့် ၎င်း၏တိုက်ခိုက်ရေးစွမ်းရည်သည် ယခင်ကထက် ပိုအားကောင်းလာနိုင်သည်။

သဘာဝကျစွာဖြင့် ကျားဖြူနှင့် အဇူရာနဂါးတို့၏ စံအိမ်တော်ခုနစ်လုံးသည် တူညီသောကြောင့် ကြယ်စွမ်းအားများကို တန်းတူထုတ်လွှတ်နိုင်ခဲ့သည်။ အဆုံးတွင်၊

ရီရှောင်းရှောင်းသည် ကျားဖြူတပ်ခုနစ်တပ်၏ ခေါင်းဆောင်အဖြစ် ရှီးထျန်းနှင့်၊ အဇူရာနဂါးတပ်ခုနစ်ခု၏ ခေါင်းဆောင်အဖြစ် ဖီးနစ်အမျိုးသမီးတို့ကို ခန့်အပ်ခဲ့သည်။

အနာဂတ်တွင် မီးငှက်တပ်ခုနစ်ခုနှင့် လိပ်နက်တပ်ခုနစ်ခုလည်းရှိလာလိမ့်မည်။ ထိုအချိန်တွင် တာ့ယွီအင်မော်တယ်မင်းဆက်၏ ကြယ်အစုအဝေးတပ်ဖွဲ့၏ ကနဦးပုံစံသည် ကောင်းကင်နှင့် ကမ္ဘာမြေအနှံ့တွင် အောင်မြင်စွာ တည်ထောင်ထားနိုင်ပြီးဖြစ်လိမ့်မည်။

…………….

All Chapters