← Chapters

အခန်း ၂၆၈-၂၇၀

Vol. 18 Ch. 268-270

အခန်း ၂၆၈-၂၇၀

Vol. 18 Ch. 268-270

အခန်း ၂၆၈ - ရန်ဟွမ်နယ်မြေက ပိုင်ရှင်မရှိဘူးလို့ ဘယ်သူပြောလဲ

"သူများကို လက်တစ်လုံးခြားပြီး ထောင်ချောက်ဆင်ဖို့စဉ်းတောင် မစဉ်းစားနဲ့၊ ဒီကလေးကတော့" ဗောဓိဘိုးဘေးသည် ရီဖန်၏ရည်ရွယ်ချက်များကို ချက်ခြင်းတန်းသိလိုက်ကာ ခေါင်းကိုပုတ်လိုက်သည်။

ရီဖန်က အနည်းငယ်မျှ စိတ်အနှောက်အယှက်မဖြစ်သွားဘဲ ရယ်နောနေခဲ့သည်။ အင်မော်တယ်ဧကရာဇ်နယ်ပယ်မှ ကျင့်ကြံသူများသည် ရီဖန်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။

ယခုကျန်ရှိနေသည့် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ တာအိုဘိုးဘေးများဖြစ်သည်။ ရန်ဟွမ်နယ်မြေပေါ်ပေါက်လာခြင်းက တာအိုဘိုးဘေးများကိုပါ ဆွဲဆောင်နိုင်လိမ့်မည်ဟု ရီဖန်ကြိုမြင်နိုင်သည်။ ဗောဓိဘိုးဘေးပင်လျှင် ပြီးပြည့်စုံသောကမ္ဘာကို မပိုင်ဆိုင်ချေ။

တာအိုဘိုးဘေးများ၏စွမ်းအားသည် ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သော်လည်း၊ ရီဖန်ကဲ့သို့ ကမ္ဘာတစ်လုံးကို ပိုင်ဆိုင်နိုင်သည်ဟုမဆိုလိုပေ။ ပိုင်ဆိုင်ခြင်းနှင့် ထိန်းချုပ်ခြင်းသည် လုံးဝကွဲပြားသော အရာနှစ်ခုဖြစ်သည်။

ရီဖန်သည် တာအိုဘိုးဘေးများပေါ်လာချိန်၌ သူ့ဂိုဏ်းထံမှ အကူအညီမတောင်းချင်ပေ။ သူကိုယ်တိုင်က တာအိုဘိုးဘေးများနှင့်ယှဉ်နိုင်ရန် ခွန်အားရှိလျှင် အကောင်းဆုံးဖြစ်သည်။

ရီဖန်သည် တာအိုဘိုးဘေးများ မည်မျှစွမ်းအားကြီးသည်ကို မသိသောကြောင့်၊ သူ့လက်ထဲတွင် ဝှက်ဖဲများရှိသည့်တိုင်အောင် ယုံကြည်မှုကင်းမဲ့နေဆဲဖြစ်သည်။ သူ့အတွက် ပို၍လုံခြုံစိတ်ချရစေရန် ဝှက်ဖဲများကို ပို၍လိုအပ်နေသေးသည်။

ခဏမျှစဉ်းစားပြီးနောက်တွင် ရီဖန်သည် ယခုအချိန်တွင် သူ၏အင်အားလျင်မြန်စွာတိုးလာစေနိုင်မည့် တစ်ခုတည်းသောအရာမှာ မွန်မြတ်သောအင်မော်တယ်လက်နက်များဖြစ်ကြောင်း သိလိုက်ရသည်။

နဂါးဘိုးဘေး၏အကြွင်းအကျန်များနှင့် အခြားသောရတနာများဖြင့် ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်အစစ်အမှန်ကို သန့်စင်နိုင်လိမ့်မည်။ အဆင့်နိမ့် မွန်မြတ်သောအင်မော်တယ်လက်နက်တစ်ခု ဖြစ်လျှင်ပင် ၎င်းသည် တာအိုဘိုးဘေးများကို ခြိမ်းခြောက်နိုင်မည့် စွမ်းအားရှိသည်။

ချက်ခြင်းဆုံးဖြတ်ချက်ချပြီးနောက် ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်ကို သန့်စင်ရန်အတွက် ပြင်ဆင်မှုများစတင်ခဲ့သည်။ အရင်းအမြစ်များစွာသည် ရီဖန်ရှေ့တွင် အပုံလိုက်ရှိနေ၏။ ရီဖန်သည် နောက်ဆုံးလက်ကျန် အချိန်၏သင်္ကေတကိုပင် အသုံးပြုခဲ့သည်။

ရီဖန်သည် လက်နက်အောက်ခြေအတွက် အမြင့်ဆုံး တာအိုအဆင့် အဆင့်တွင်ရှိသော ဖေးရှန် ရှန်းတု ဝိညာဉ်ကျောက်ရိုင်းကို အသုံးပြုကာ၊ အချိန်၏သင်ေ္ကတကိုသုံးပြီးနောက် အဆင့်နိမ့် ပထမအဆင့် ဖေးရှန် မွန်မြတ်သောဝိညာဉ်ကျောက်ရိုင်းကို ထုတ်လုပ်နိုင်ခဲ့သည်။

ဖေးရှန် မွန်မြတ်သောမြေနှင့် နဂါးဘိုးဘေးကိုယ်ထည်ကိုအသုံးပြု၍ ရီဖန်သည် သူသန့်စင်လိုသည့် အင်မော်တယ်လက်နက်အကြောင်းကို စီစဉ်ထားပြီးဖြစ်သည်။ ၎င်းမှာ ရှေးခေတ်အင်မော်တယ်လက်နက်များထဲမှ စစ်မှန်သောနတ်ဘုရားရှစ်ပါးကို နှိမ်နင်းရာတွင် အသုံးပြုသည့် နတ်ဘုရားနှိမ်နင်းခြင်း ကြာပွတ်ဖြစ်၏။

နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် အပိုင်းနှစ်ဆယ့်တစ်ပိုင်းပါရှိကာ သုံးပေ၊ ခြောက်လက်မနှင့် ငါးမှတ်ရှည်လျားသည်။ ရီဖန်က အပိုင်းတစ်ခုစီတိုင်းကို နဂါးဘိုးဘေးကိုယ်ထည်မှရှိသော အဖိုးအတန်ဆုံး နဂါးတွင်းချဉ်ဆီဖြင့် ပြုလုပ်လိမ့်မည်။

အပိုင်းတစ်ခုစီတိုင်းတွင် ထိပ်တန်းတာအိုအဆင့် ကန့်သတ်ချက်လေးသောင်း၊ စုစုပေါင်း ကန့်သတ်ချက်များ ရှစ်သိန်းလေးသောင်းဖြင့်ပေါင်းစပ်လျက်၊ ၎င်းကို လက်တွေ့တွင် ပြန်လည်သန့်စင်ရန်မှာ မလွယ်ကူလှပေ။

သို့သော် အခက်အခဲမည်မျှရှိပါစေ ရီဖန်သည် လက်လျှော့ရန် အစီအစဉ်မရှိချေ။ ၎င်းကို အမှန်တကယ် သန့်စင်ပြီးပါက၊ တာအိုဘိုးဘေးများကိုတားဆီးတိုင်သည့် မွန်မြတ်သောအင်မော်တယ်လက်နက် ဖြစ်လာလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ရန်ဟွမ်နယ်မြေကို အသုံးချပြီးနောက် အရင်းအမြစ်များစွာရရှိခဲ့သည်။ သို့မဟုတ်ပါက ရီဖန်အတွက် ၎င်းတို့ကိုစုဆောင်းရန်ပင် မလွယ်ကူချေ။ ယခင်ကတစ်ခါမှ တူးဖော်ခံရဖူးခြင်းမရှိသော ကမ္ဘာသည် အလွန်ချမ်းသာ၏။

အရာအားလုံးအဆင်သင့်ဖြစ်သည့်အချိန်တွင် ရီဖန်သည် တာအိုအဆင့်အထက်ရှိ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် ဆေးပညာတွင် ကျွမ်းကျင်သော ရီမိသားစုဝင်များကို ဆင့်ခေါ်လိုက်သည်။ ဤမျိုးနွယ်စုဝင်များသည် ရီဖန်ကို ကုန်ကြမ်းပစ္စည်းများ ကိုင်တွယ်ရာတွင်ကူညီပေးပြီး မွန်မြတ်သောအင်မော်တယ်ပစ္စည်းကို သန့်စင်ရာတွင်လည်း ကူညီပေးလိမ့်မည်ဖြစ်သည်။

ရီမိသားစုတစ်ခုလုံး အလုပ်ရှုပ်နေကြ၏။ ထိုအချိန်တွင် ပြင်ပကမ္ဘာ၌ အင်မော်တယ်ဧကရာဇ်များစွာသည် နယ်မြေများကိုဖြတ်ကျော်ကာ ချန်မင်ကမ္ဘာသို့ရောက်ရှိလာကြသည်။

ရီမိသားစုသည် ရန်ဟွမ်နယ်မြေသို့တက်လှမ်းပြီး ချန်မင်နယ်မြေတွင်ပေါ်ပေါက်လာသောအခါ ချန်မင်နယ်မြေသည် ရန်ဟွမ်နယ်မြေနှင့် အနီးစပ်ဆုံးကမ္ဘာဖြစ်ကြောင်း သိရှိလိုက်ကြသည်။

တိကျသော တည်နေရာသဩဒိနိတ်များမရှိဘဲ

ဤအင်မော်တယ်ဧကရာဇ်များသည် ကြယ်တာရာနေရာလွတ်များထဲသို့သာ ဝင်ရောက်နိုင်ကာ ရန်ဟွမ်နယ်မြေကို ဖြည်းဖြည်းရှာဖွေရမည်ဖြစ်သည်။

ကြယ်တာရာနေရာလွတ်ထဲသို့ ဝင်ရောက်ခြင်းသည် အလွန်အန္တရာယ်များသော စွန့်စားမှုတစ်ခုဖြစ်၏။ သတိမထားဘဲ ပျက်ပြယ်မုန်တိုင်းနှင့်ကြုံတွေ့ရလျှင် အင်မော်တယ်ဧကရာဇ်နယ်မြေရှိ အစွမ်းထက်သောကျင့်ကြံသူများပင် ပျောက်ဆုံးသွားနိုင်သည်။

ထို့ကြောင့် ချန်မင်နယ်မြေသို့ရောက်သောအခါ ၎င်းတို့သည် ရန်ဟွမ်နယ်မြေ၏သတင်းကို အဓိကအင်အားစုတိုင်းထံတွင် မေးမြန်းရှာဖွေခဲ့ကြသည်။ ကံမကောင်းစွာဖြင့် အင်အားစုကြီးများ မသိနားမလည်ခဲ့ကြချေ။

ချန်မင်နယ်မြေရှိ အင်မော်တယ်ဧကရာဇ်များစွာသည် ရန်ဟွမ်နယ်မြေ၏တည်ရှိမှုကို ရှာဖွေနေကြသော်လည်း ၎င်းတို့၏ကြိုးစားမှုအားလုံးသည် အချည်းနှီးသာဖြစ်သည်။ ရန်ဟွမ်နယ်မြေ၏ သြဒိနိတ်များကိုရှာဖွေရန်အတွက် ရီမိသားစုနှင့်စတင်ရမည်။

ရီမိသားစု၏အဆင့်မြင့်အဖွဲ့ဝင်အားလုံးနီးပါးသည် ယခုအချိန်တွင် ရန်ဟွမ်နယ်မြေသို့ ပြန်သွားကြပြီဖြစ်သည်။ ရီဖန်သည် မူရင်းနိယာမနယ်မြေကိုပင် ရန်ဟွမ်နယ်မြေထဲသို့ ရွေ့ပြောင်းခဲ့သည်။ ရန်ဟွမ်နယ်မြေကို အဆင့်မြှင့်တင်ပြီးနောက် ၎င်းသည် ရီမိသားစု၏ အခြေစိုက်စခန်းဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ချန်မင်နယ်မြေနှင့် ရန်ဟွမ်နယ်မြေ၌ ရီမိသားစုနှင့် အရင်းနှီးဆုံးသောသူများမှာ တာ့ယွီအင်မော်တယ်မင်းဆက်ဖြစ်သည်။ အင်မော်တယ်ဧကရာဇ်များသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို နှောက်ယှက်လိုသော်လည်း ကွမ်ဟန်နှင့် ချန်ပန်း အင်မော်တယ်ဧကရာဇ်နှစ်ပါးက တာ့ယွီအင်မော်တယ်မင်းဆက်ကို စောင့်ကြပ်နေကြောင်း တွေ့လိုက်ရသည်။

ချန်ပန်းအင်မော်တယ်ဧကရာဇ်နှင့် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်တို့သည် ချန်မင်နယ်မြေတွင် နောက်ခံမရှိသူများမဟုတ်ကြသောကြောင့်၊ ဤ လာရောက်လည်ပတ်သူ အင်မော်တယ်ဧကရာဇ်များက ၎င်းတို့ကိုမဆန့်ကျင်ဝံ့ဘဲ ပြန်ဆုတ်ခဲ့ရသည်။

သို့သော် ၎င်းတို့သည် ရန်ဟွမ်နယ်မြေ၏နှလုံးသားကိုရှာဖွေရန် လက်မလျှော့ဘဲ နောက်ဆုံးတွင်ကြယ်တာရာနေရာလွတ်အတွင်း ရှာဖွေရန်စွန့်စားခဲ့ရသည်။ အင်မော်တယ်ဧကရာဇ်တစ်ဒါဇင်ကျော်၏ စုပေါင်းကြိုးစားမှုဖြင့် ၎င်းတို့၏အင်အားသည် အလွန်ကောင်းမွန်၏။

ကြယ်တာရာနေရာလွတ်သည် ကျယ်ပြန့်သောလည်း နှစ်အနည်းငယ်အတွင်းက ရန်ဟွမ်နယ်မြေဟု ယူဆရသည့် နေရာတစ်ခုကိုရှာတွေ့ခဲ့သည်။ ထိုတွေ့ရှိမှုက ၎င်းတို့ကို ချက်ချင်းစိတ်လှုပ်ရှားစေ၏။ ၎င်းတို့သည် သြဒိနိတ်များကို အမြန်သတ်မှတ်လိုက်ကာ ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်သွားကြသည်။

ရက်အနည်းငယ်အကြာတွင် ရန်ဟွမ်နယ်မြေလေဟာနယ်အတွင်း၌ ရေစက်တစ်စက် ထွက်ပေါ်လာကာ သန်မာသောလူကြီးများက စွမ်းအားကြီးရောင်ဝါများကိုထုတ်လွှတ်လျက် ထိုနေရာမှထွက်လာပြီး ရန်ဟွမ်နယ်မြေထဲသို့ ဝင်ရောက်လာကြသည်။

ရန်ဟွမ်နယ်မြေ၏ မရင်းနှီးသော ပတ်ဝန်းကျင်ကို ခံစားမိပြီးနောက် အင်မော်တယ်ဧကရာဇ်များသည် ချက်ခြင်းပင်စိတ်လှုပ်ရှားလာသည်။ ကျယ်ပြောလှသည့် ကမ္ဘာသစ်တစ်ခု၊ ၎င်းတို့၏တကယ့်ပစ်မှတ်ဖြစ်သည့် ရန်ဟွမ်နယ်မြေကို ရှာတွေ့ခဲ့သည်။

အင်မော်တယ်ဧကရာဇ်များသည် နတ်အာရုံများကိုဖြန့်ကျက်ကြကာ ရန်ဟွမ်နယ်မြေ၏ထူးခြားသောလက္ခဏာများကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့ကြသည်။ ရန်ဟွမ်နယ်မြေရှိ အင်မော်တယ်အနှစ်သည် အခြားကြီးမားကျယ်ပြန့်သောကမ္ဘာများနှင့် အလွန်ကွာခြားသည်။ ၎င်းက ထူးခြားသော အင်အားစုကို ပိုင်ဆိုင်ထား၏။

၎င်းတို့စုဆောင်းရရှိထားသည့် အချက်အလက်များအရ ထိုထူးခြားသောအနှစ်သာရဖြစ်သည် လူသားချီစွမ်းအားသည် ရန်ဟွမ်နယ်မြေရှိ လူသားမျိုးနွယ်စု၏မူလအစဖြစ်သည်။ လူသားချီစွမ်းအားသည် လူသားကျင့်ကြံသူတိုင်းအတွက် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများရှိသည်။

လူသားချီစွမ်းအားရှိနေခြင်းတစ်ခုတည်းကပင် ရန်ဟွမ်နယ်မြေသို့လာရောက်သည့် အန္တရာယ်များသောခရီးကို ထိုက်တန်စေခဲ့၏။ ဤလူသားချီစွမ်းအားသည် မည်သူမျှမစုဆောင်းဘဲ လွတ်လပ်စွာ ပျောက်ကွယ်သွားသည်ကို ခံစားရပြီးနောက်၊ အင်မော်တယ်ဧကရာဇ်များက ၎င်းသည်ကောင်းကင်ဘုံမှလက်ဆောင်များကို ဖြုန်းတီးမိခြင်းဖြစ်ကြောင်း ခံစားရ၏။ ၎င်းတို့သည် မည်ကဲ့သို့ တန်ဖိုးထားရမည်ကို မသိခဲ့ကြပေ။

သူတို့မသိခဲ့သည်မှာ ရီဖန်သည် လူသားချီစွမ်းအားကို ဟိုးယခင်တည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူသည် တာ့ယွီအင်မော်တယ်မင်းဆက်ကိုပင် လူသားချီစွမ်းအားကို စုဆောင်းခွင့်မပေးခဲ့ချေ။ သူယုံကြည်ထားသည်မှာ ၎င်းသည် ရန်ဟွမ်နယ်မြေမှ လူသားမျိုးနွယ်စုအတွက် လက်ဆောင်တစ်ခုဖြစ်သည်ဟူ၍ပင်။

၎င်းကို အခြားသောကျင့်ကြံသူများ စုပ်ယူခြင်းမှ တားဆီကန့်သတ်ထားရန် မလိုအပ်ချေ။ ရန်ဟွမ်နယ်မြေကိုယ်တိုင်က ရီမိသားစုနှင့် သက်ဆိုင်သောကြောင့် ရန်ဟွမ်နယ်မြေရှိ အခြားသောကျင့်ကြံသူများကို တိုးတက်စေခြင်းဖြင့် ရီမိသားစု၏အင်အားကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ရာ ၎င်းကိုအဘယ်ကြောင့် ကန့်သတ်ရမည်နည်း။

အင်မော်တယ်ဧကရာဇ်များ အစုလိုက်အပြုံလိုက် ပေါ်လာသောအခါတွင် ရီဖန်ချက်ချင်းသဘောပေါက်သွားသည်။ ရီဖန်သည် အင်မော်တယ်ဧကရာဇ်များကို သတိပြုမိရုံသာမက ၎င်းတို့ကလည်း ရီဖန်၏ရောင်ဝါကို ချက်ခြင်းခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရီဖန်၏ရောင်ဝါသည် ညကောင်းကင်ယံတွင် တောက်လောင်နေသော ကြယ်တစ်ပွင့်ကဲ့သို့ ရန်ဟွမ်နယ်မြေရှိကျင့်ကြံသူများကြားထဲတွင် ထင်ရှားနေသောကြောင့်ဖြစ်သည်။

"ဒီအင်မော်တယ်ဘုရင်က ရန်ဟွမ်နယ်မြေရဲ့ လက်ရှိသခင်ဖြစ်လာပုံပဲ"

"သူ့လို အင်မော်တယ်ဘုရင်းတစ်ပါးက ကံကောင်းလို့သာ ရန်ဟွမ်နယ်မြေကိုတွေ့ခဲ့တာပဲ၊ အခု လက်လွတ်သင့်ပြီ!"

ရီဖန်သည် ချန်မင်နယ်ပယ်မြေတွင် လူသိများသော်လည်း အခြားကမ္ဘာများတွင် လွှမ်းမိုးမှုမရှိပေ။ မျက်စိတစ်မှတ်အတွင်း ရီဖန်သည် ဂူအိမ်မှထွက်လာကာ အင်မော်တယ်ဧကရာဇ်များရှေ့တွင်ပေါ်လာသည်။

ရီဖန်သည် ဤတိုက်ပွဲက မလွှဲမရှောင်သာဖြစ်ကာ သူ ကောင်းကောင်းတိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သိလိုက်၏။ သို့မဟုတ်ပါက ရန်ဟွမ်နယ်မြေသည် အနာဂတ်တွင် အတောမသတ်နောက်ယှက်ခံရလိမ့်မည်။

"မိသားစုခေါင်းဆောင် ရီ၊ မင်းတို့မိသားစု ရန်ဟွမ်နယ်မြေကနေ ထွက်သွားလို့ရပြီ"

ကျယ်ပြောလှသော ချန်ရွေ့ကမ္ဘာမှ ခြင်္သေ့အင်မော်တယ်ဧကရာဇ်က ရီဖန်ကိုပြောဆိုရင်း ရန်ဟွမ်နယ်မြေကိုလက်လျော့ရန်အမိန့်ပေးလိုက်သည်။

အခြားအင်မော်တယ်ဧကရာဇ်များကလည်း ရီဖန်ကို စိုက်ကြည့်နေသည်။ ၎င်းတို့သည် ခြင်္သေ့အင်မော်တယ်ဧကရာဇ်နှင့် ရည်ရွယ်ချက်တူညီကာ ရီဖန်အား ရန်ဟွမ်နယ်မြေကို စွန့်လွှတ်ရန် အမိန့်ပေးလိုက်သည်။

ရီဖန်က စိတ်မဆိုးသွားဘဲ အင်မော်တယ်ဧကရာဇ်များကို စိတ်ဝင်တစားကြည့်ကာ အေးဆေးစွာပြောလိုက်သည်။ "ငါတို့ပြောင်းရမယ်ဆိုရင် ပြောင်းရွှေ့စရိတ်ကို မင်းတို့မေးမှာမလား"

ရီဖန်၏ နောက်တိနောက်တောက်ပြောဆိုမှုက အင်မော်တယ်ဧကရာဇ်များကို မျက်မှောင်ကြုတ်စေခဲ့သည်။ အင်မော်တယ်ဧကရာဇ်များကို တွေ့သောအခါ ရီဖန်သည် ၎င်းတို့၏တောင်းဆိုမှုကို နာခံစွာဖြင့်သဘောတူလိမ့်မည်ဟု ထင်ခဲ့သည်။

ယခုတွင် ရီဖန်သည် ထွက်ခွာရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ ရီဖန်ထံတွင် နောက်ခံအင်အားကောင်းသည့် အင်အားတစ်ခုခုရှိနေသလား။ ၎င်းတို့သည် အတွေ့အကြုံရှိသော အင်မော်တယ်ဧကရာဇ်များဖြစ်သော်လည်း ၎င်းတို့သည် ၎င်းတို့၏အင်အားကိုသာ အားကိုးကြသည်။ ထို့ကြောင့် အခြား စွမ်းအားကြီး အင်အားစုများကိုလည်း ရန်မစလိုကြချေ။

"မင်းနောက်ကွယ်ကလူတွေနဲ့ စကားပြောတာပေါ့!" ငှက်မွေးနက်အင်မော်တယ်ဧကရာဇ်က ပြောလိုက်သည်။

ရီဖန်က သူတို့အထင်လွဲသွားမှန်း သိလိုက်သည်။ “လျှောက်တွေးမနေနဲ့၊ ငါ့ကိုယ်ငါပဲ အားကိုးတာ"

အင်မော်တယ်ဧကရာဇ်အနည်းငယ်မျှကသာ ဗောဓိဘိုးဘေးကို ဆင့်ခေါ်နိုင်သည်။

"ဘာမှ ထပ်ပြောစရာ မလိုဘူး။ မင်းငါ့ရဲ့ ရန်ဟွမ်နယ်မြေကိုလိုချင်ရင် မင်းတို့စွမ်းဆောင်ရည်ကို ပြလေ"

ရီဖန်သည် အချိန်မဖြုန်းလိုတော့ချေ။ သူတဝက်သန့်စင်ထားပြီးဖြစ်သော မွန်မြတ်သောအင်မော်တယ်လက်နက်ကို ပြန်သွားသန့်စင်ရန်အတွက် စိတ်အားထက်သန်နေခဲ့သည်။

"ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ!"

ရီဖန်က ကျောထောက်နောက်ခံမရှိဘဲ မာနထောင်လွှားနေသည်ကိုမြင်သောအခါ ခြင်္သေ့အင်မော်တယ်ဧကရာဇ်သည် အလွန်ဒေါသဖြစ်သွား၏။ ကောင်းမွန်စွာ အကြံပေးခဲ့စဉ်က နားမထောင်သောကြောင့်၊ သူတို့၏ ရိုင်းပျမှုကိုလည်း အပြစ်မတင်လေနှင့်။

"ကံကြမ္မာပါတဲ့သူတိုင်းက ကျယ်ပြောလှတဲ့ကမ္ဘာသစ်ကို ရယူနိုင်တယ်၊အဲတာက မင်းလို အင်မော်တယ်ဘုရင်တစ်ပါးက ထိန်းထားနိုင်မယ့်အရာမဟုတ်ဘူး"

"ဒီကမ္ဘာမှာ သခင်မရှိဘူးလို့ ဘယ်သူပြောလဲ!"

ရီဖန်သည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ သူ့အတွင်းရှိ ကမ္ဘာ့နှလုံးသားကို ချက်ချင်းအသက်သွင်းလိုက်သည်။

………………….

အခန်း ၂၆၉ - မွန်မြတ်သောအင်မော်တယ်လက်နက်ကို သန့်စင်ခြင်း၊ နတ်ဘုရားနှိမ်နင်းခြင်း ကြာပွတ်

အင်မော်တယ်ဧကရာဇ်များစွာသည် ရန်ဟွမ်နယ်မြေ၏စွမ်းအားက ၎င်းတို့ကိုငြင်းပယ်စပြုလာခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ မဟာကမ္ဘာတစ်ထောင်၏ စွမ်းအားကို တာအိုဘိုးဘေးများပင် တောင့်ခံနိုင်မည်မဟုတ်ချေ။ ယခုအခါတွင် ၎င်းတို့အပေါ်သို့ကျရောက်လာရာ ချက်ချင်းပြိုလဲသွားသလို ခံစားလိုက်ရသည်။

"ရန်ဟွမ်နယ်မြေက ဘာလို့ငါတို့ကိုငြင်းတာလဲ"

အင်မော်တယ်ဧကရာဇ်များပင်လျှင် ထိုသို့သောအခြေနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးကြသည်ဖြစ်ရာ ဘာလုပ်ရမှန်းမသိတော့ချေ။ ယေဘူယျအားဖြင့်ပြောရပါက ကမ္ဘာကြီးတွင် ကိုယ်ပိုင်အသိစိတ်ရှိသော်လည်း၊ ၎င်းသည် အလွန်တရားမျှတကာ မည်သူ့ကိုမျှ အထူးတလည်ပစ်မှတ်မထားပေ။

ထိုအချိန်တွင် ဗဟုသုတနှင့်အတွေ့အကြုံများစွာရှိသည့် ခြင်္သေ့အင်မော်တယ်ဧကရာဇ်သည် အင်မော်တယ်ဧကရာဇ်သည် ဖြစ်နိုင်ခြေတစ်ရပ်ကို စဉ်းစားမိသွားသည်။ ကျင့်ကြံသူတစ်ဦးတည်းကို ပစ်မှတ်ထားသည့် မဟာကမ္ဘာတစ်ထောင်၏ ဖြစ်စဉ်သည် ယခင်ကတစ်ခါမျှမဖြစ်ခဲ့ဖူးပေ။ သို့သော် အလယ်ကမ္ဘာတစ်ထောင်တွင် ကမ္ဘာ့သခင်များက ၎င်းတို့၏ရန်သူများကို တိုက်ခိုက်ရန်အတွက် ကမ္ဘာ့စွမ်းအားကိုအသုံးပြုနိုင်စွမ်းရှိသည်။

ဤအင်မော်တယ်ဧကရာဇ်များသည် ကမ္ဘာ့သခင်အချို့ကို မြင်ဖူး၏။ သိူ့သော် အင်အားအကြီးဆုံး ကမ္ဘာ့သခင်ပင်လျှင် ၎င်းတို့ကိုဆန့်ကျင်နိုင်ခြင်းမရှိပေ။ ကမ္ဘ့ာသခင်အရေအတွက်မှာ နည်းသော်လည်း သူတို့က ၎င်းတို့ထဲမှအချို့ကိုသတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် ထိုဖြစ်နိုင်ချေကို တွေးမိသော်လည်း ယုံကြည်ရန်ဝန်လေးနေဆဲပင်။

မဟာကမ္ဘာတစ်ထောင်တွင်လည်း ကမ္ဘာ့သခင်ရှိနိုင်သလား။ အင်မော်တယ်ဧကရာဇ်များအဆင့်တွင် လျှို့ဝှက်ချက်အနည်းငယ်သာရှိသော်လည်း မည်သည့်ကျင့်ကြံသူက မဟာကမ္ဘာတစ်ထောင်၏ ကမ္ဘာ့သခင်ဖြစ်လာသည်ဟု ပြောကြခြင်းကို မကြားဖူးပေ။

"မင်းက ရန်ဟွမ်ရဲ ကမ္ဘာ့သခင်လား"

ခြင်္သေ့အင်မော်တယ်ဧကရာဇ်က သံသယနှင့် မယုံကြည်မှုများပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်သည်။

ရီဖန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မရည်ရွယ်ထားသောကြောင့် ခေါင်းညိတ်လိုက်သည်။ ရီဖန်သည် ရန်ဟွမ်နယ်မြေ၏ကမ္ဘာ့သခင်ဖြစ်ကြောင်း အတည်ပြုလိုက်သည့်အခါတွင် အင်မော်တယ်ဧကရာဇ်များသည် ၎င်းတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့သည်အမူအရာကို ပြသလာကြသည်။

မဟာကမ္ဘာတစ်ထောင်ကို ထိန်းချုပ်ပြီးသည်နှင့် ရီဖန်၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်သာရှိသော်လည်း သူ့ကို မည်သူကမှ ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် အင်မော်တယ်ဧကရာဇ်အချို့သည် ရန်ဟွမ်နယ်မြေတွင် အခွင့်အလမ်းရှာဖွေမည့် ဆုံးဖြတ်ချက်ကို နောင်တရနေပြီဖြစ်သည်။ ရန်ဟွမ် နယ်မြေတွင် ကမ္ဘာ့သခင်တစ်ယောက်သည်ကို စောစီးစွာသိရှိပါက နောက်ပြန်မကြည့်ဘဲ ထွက်ပြေးမည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့ထွက်ပြေးရန် စဉ်းစားမိချိန်၌ နောက်ကျသွားလေပြီ။ ရီဖန်အသုံးပြုသော ကမ္ဘာ့စွမ်းအားသည် ပိုမိုအားကောင်းလာကာ အင်မော်တယ်ဧကရာဇ်များသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး စွမ်းအားအနည်းငယ်မျှကိုပင် အသုံးမပြုနိုင်တော့ကြောင်း သိရှိလိုက်ရသည်။

ရီဖန်သည် သူ့လက်ဖြင့် စည်းတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ ၎င်းက ရိုးရှင်းသော စည်းတံဆိပ်ပိတ်ခြင်းနည်းပညာဖြစ်သော်လည်း ကမ္ဘာ့စွမ်းအား၏အကူအညီဖြင့် ၎င်းသည်တစ်ခဏအတွင်း၌ အဆများစွာ တိုးလာခဲ့သည်။

စည်းတံဆိပ်ခတ်ခံလိုက်ရပါက အင်မော်တယ်ဧကရာဇ်များပင်လျှင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ ရီဖန်သည် သူ့ရှေ့ရှိ အင်မော်တယ်ဧကရာဇ်များကိုကြည့်ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားနေသည်။

လွှတ်ပေးလိုက်ရန်လည်း အဆင်မပြေသကဲ့သို့၊ သတ်လိုက်လျှင်လည်း အနည်းငယ်ဖြုန်းတီးရာကျမည်။ ဟုတ်ပြီ၊ အင်မော်တယ်ဧကရာဇ်များ၏နောက်ကွယ်တွင် စွမ်းအားကြီးအင်အားစုများစွာရှိကာ ၎င်းတို့ကြွယ်ဝချမ်းသာမည်မှာသေချာ၏။

"ငါ မင်းတို့ကို အသက်ဆက်ရှင်နိုင်မယ့် အခွင့်အရေး ပေးမယ်။ မင်းတို့ရဲ့နောက်ကွယ်ကအင်အားစုတွေကို မင်းတို့အသက်ကို လာရွေးခိုင်းလိုက်။ မင်းအသက်ကိုရွေးဖို့ အရင်းအမြစ်ဘယ်လောက်လိုလဲဆိုတာတော့ မင်းတို့ရိုးသားမှုအပေါ် မူတည်တယ်"

ရီဖန်၏စကားများသည် အင်မော်တယ်ဧကရာဇ်များကို အရှက်ရစေသော်လည်း မတုံ့ပြန်ရဲကြချေ။

နောက်ဆုံးတွင် သူတို့အသက်များက ရီဖန်၏လက်ထဲတွင် ရှိနေသည်မဟုတ်လား။ သူ့ကိုပြန်ပြောခြင်းက သေကြောင်းကြံနည်းတစ်မျိုးသာဖြစ်ရမည်။

"ကောင်းပြီ၊ ငါသဘောတူတယ်၊ ငါသဘောတူတယ်!"

ပထမဆုံးသဘောတူသည့်သူမှာ ခြင်္သေ့အင်မော်တယ်ဧကရာဇ်ဖြစ်သည်။ သူသည် ယခင်က မာနကြီးသောမလည်း၊ ယခုတွင် လုံးဝနာခံနေ၏။

အခြားသော အင်မော်တယ်ဧကရာဇ်များသည်လည်း ခေါင်းညိတ်သဘောတူလိုက်ကြကာ၊ ၎င်းတို့၏ကိုယ်ပိုင်အသက်က မည်သည့်အရင်းအမြစ်များထက်မဆို ပိုအရေးကြီးသည် မဟုတ်လား။ အရင်းအမြစ်မည်မျှ လိုအပ်လိမ့်မည်ကိုမူ အရင်ဆုံးစမ်းသပ်ကြည့်ရန် စီစဉ်ထားသည်။

အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ရောက်ရှိသောအခါတွင် သာမန်အရင်းအမြစ်များသည် အသုံးနည်း၏။ အမှန်တကယ်အရေးကြီးသည့်အရာမှာ အင်မော်တယ်အရင်းမြစ်ဖြစ်သည်။ ပုံမှန်အားဖြင့် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကံကြမ္မာတစ်ခုလုံးကို အင်မော်တယ်အရင်းမြစ်တစ်ခုနှင့် လဲလှယ်နိုင်သည်။

သို့သော် အင်မော်တယ်အရင်းမြစ်အစိတ်အပိုင်းကို အင်မော်တယ်ဧကရာဇ်တိုင်း မပေးနိုင်ကြချေ။ ထို့ကြောင့် စုဆောင်းထားနိုင်သည်မဟုတ်ပါ၊ သူတို့သည် ဦးစွာကတိပေးထားကာ၊ သူတို့၏ဂိုဏ်းများကို ၎င်းတို့၏အသက်ကိုကယ်တင်ရန် အရင်းအမြစ်များကိုစုဆောင်းခိုင်းလိုက်းသည်။

မကြာမီတွင် ၎င်းတို့၏သက်ဆိုင်ရာအင်အားစုများထံသို့ စာတစ်စောင်ပြီးတစ်စောင်ရောက်ရှိလာသည်။ တပ်ဖွဲ့များသည် ၎င်းတို့၏အင်မော်တယ်ဧကရာဇ်များထံမှ သတင်းစကားများကို လက်ခံရရှိသောအခါ လှည့်စားခံရသည်ဟု သံသယရှိခဲ့ကြသည်။ ၎င်းတို့၏အင်မော်တယ်ဧကရာဇ်များသည် ၎င်းတို့ကိုဓားစာခံလာရွေးရန် အဘယ်ကြောင့်တောင်းဆိုကြမည်နည်း။

မဟာကမ္ဘာတစ်ထောင်တွင် တာအိုဘိုးဘေးများမှလွဲ၍ ထိုအင်မော်တယ်ဧကရာဇ်များကို မည်သူက ပြန်ပေးဆွဲနိုင်မည်နည်း။ တာအိုဘိုးဘေးများက ပြန်ပေးဆွဲရာတွင် ပါဝင်ရန်မှာလည်း မဖြစ်နိုင်ပေ။

၎င်းတို့၏အင်မော်တယ်ဧကရာဇ်များ၏ လှုပ်ရှားမှုကို ပြန်သတိရပြီးနောက် ၎င်းတို့သည် တခြားအင်မော်တယ်ဧကရာဇ်အင်အားစုများကို ချက်ချင်းဆက်သွယ်ခဲ့သည်။ သေချာသည်မှာ ၎င်းတို့သည် ၎င်းတို့၏အင်မော်တယ်ဧကရာဇ်များ ပြန်ပေးဆွဲခံရသည်ဟူသောသတင်းကို ရရှိခဲ့သည်။

ပြန်ပေးဆွဲသူများသည် ၎င်းတို့ပစ်မှန်ထားသောရန်သူဖြစ်သည့် ရန်ဟွမ်နယ်မြေမှ ရီမိသားစုဖြစ်၏။ ထိုကဲ့သို့သော သတင်းကြီးကို ကြာကြာဖုံးကွယ်ထား၍မရချေ။

မကြာမီတွင် အင်မော်တယ်ဧကရာဇ်တစ်ဒါဇင်ကျော်ကို ရန်ဟွမ်နယ်မြေမှ ရီမိသားစုကပြန်ပေးဆွဲသွားပြီး ဓားစာခံကြေးဖြင့်ပြန်ရွေးရန်တောင်းနေသည့် သတင်းသည် အင်အားစုများကြားထဲတွင် ပျံ့နှံ့သွားခဲ့သည်။

မူလက အခြေအနေကို အခွင့်ကောင်းယူလိုသော အင်အားစုများသည် ထိုသတင်းကြောင့် ထိတ်လန့်သွားကာ မစွန့်စားရဲတော့ချေ။ တိတ်တိတ်လေး စိတ်သက်သာရာရသွားပြီးနောက် သူတို့ခြေတစ်လှမ်းနောက်ကျနေခဲ့ခြင်းအတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်ကြသည်။ သို့မဟုတ်ပါက ယနေ့ပြန်ပေးဆွဲခံရသည့် အင်မော်တယ်ဧကရာဇ်များ၏အရေအတွက်မှာ ပို၍ပင်များပြားနေလိမ့်မည်။

ချန်မင်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ် အင်အားစုများပင်လျှင် ထိုသတင်းကို လက်ခံရရှိခဲ့သည်။ ဤတစ်ကြိမ် ရန်ဟွမ်နယ်မြေသို့သွားသော အင်မော်တယ်ဧကရာဇ်များထဲမှ သုံးဦးသည် ချန်မင်ကမ္ဘာရှိ အင်အားစုများမှဖြစ်သည်။ ၎င်းတို့၏ အင်မော်တယ်ဧကရာဇ်များ ပြန်ပေးဆွဲခံရကြောင်း သိရသောအခါတွင် ပထမဆုံးတုံ့ပြန်မှုသည် အရင်းအမြစ်များကို စုဆောင်းရန်မဟုတ်ဘဲ လက်စားချေရန်ဖြစ်သည်။

ထိုအချိန်တွင် ကွမ်ဟန်နှင့် ချန်ပန်း အင်မော်တယ်ဧကရာဇ်တို့ကလည်း ချက်ချင်းတုံ့ပြန်လာကြသည်။ အင်မော်တယ်ဧကရာဇ် အင်အားစုသည် ၎င်းတို့၏အင်မော်တယ်ဧကရာဇ်များကို ဆုံးရှုံးလိုက်ရပါက ဘာဖြစ်နိုင်မည်နည်း။

အင်မော်တယ်ဘုရင်အားလုံးက အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်သည့် ရီဖန်နှင့်မတူချေ။ အင်မော်တယ်ဧကရာဇ်မရှိပါက သူတို့ကိုယ်သူတို့ ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။

အင်မော်တယ်ဧကရာဇ်နှစ်ပါးက ၎င်းတို့ကိုဖိနှိပ်ထားချိန်တွင် ရီရှောင်းရှောင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်၏စစ်တပ်ကို ဦးဆောင်ကာ အရေးယူခဲ့သည်။ အချိန်တိုအတွင်း၌ အင်မော်တယ်ဧကရာဇ်သုံးပါး၏အင်အားစုများသည် တစ်ခဏအတွင်း ရှင်းလင်းခံလိုက်ရ၏။

…………….

အခန်း ၂၇၀ - မွန်မြတ်သောအင်မော်တယ်လက်နက်ကို ပြန်လည်သန့်စင်ခြင်း၊ နတ်ဘုရားနှိမ်နင်းခြင်း ကြာပွတ်

ရန်ဟွမ်နယ်မြေထဲတွင် ရီဖန်သည် အင်မော်တယ်ဧကရာဇ်သုံးပါးကို ပျော်ရွှင်စွာ ခေါ်ဆောင်လာခဲ့သည်။

"ကြည့်ရတာတော့ မင်းတို့ရဲ့ သက်ဆိုင်ရာအင်အားစုတွေက ဘယ်သူ့ကိုမှ ပြန်မရွေးခိုင်းတော့ဘူးထင်တယ်နော်"

ရီဖန်၏စကားကိုကြားသောအခါ အင်မော်တယ်ဧကရာဇ်သုံးပါးသည် ချက်ချင်းပင် ချွေးအေးများစီးကျလာသည်။

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ကျေးဇူးပြုပြီး နောက်ထပ်အခွင့်အရေးတစ်ခုပေးပါ၊ ငါတို့ သူတို့ကို အရင်းအမြစ်တွေကို ချက်ချင်းပို့ခိုင်းလိုက်ပါ့မယ်!"

အင်မော်တယ်ဧကရာဇ်သုံးပါးသည် ၎င်းတို့၏စိတ်ထဲတွင် ၎င်းတို့၏အင်အားစုများကို အကြိမ်တစ်သောင်းကျိန်ဆဲခဲ့ပြီးဖြစ်သည်။ ၎င်းတို့က သူတိူ့နောက်ပြောင်နေသည်ဟု ထင်နေကြသေးသလား။ ၎င်းတို့လာမရွေးပါက ရီဖန်သည် ၎င်းတို့အင်မော်တယ်ဧကရာဇ်များဖြစ်လျှင်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ပစ်မည်မှာသေချာ၏။

"အခုတော့ သူတို့ကို ဆက်သွယ်ဖို့ မလိုတော့ဘူး၊ မင်းတို့ဂိုဏ်းသုံးခုက ရီမိသားစုကို လက်စားချေဖို့ စီစဉ်ထားတာလေ၊ အခုတော့ တာ့ယွီအင်မော်တယ်မင်းဆက်က ပွဲသိမ်းပေးလိုက်ပါပြီ"

ရီဖန်၏ပေါ့ပေါ့ပါးပါးစကားများက အင်မော်တယ်ဧကရာဇ်များ၏ ကျောရိုးတစ်လျှောက်အေးစက်သွားစေသည်။

အင်မော်တယ်ဧကရာဇ် အင်အားစုကြီးသုံးခုသည် ထိုကဲ့သို့ပျောက်ကွယ်သွားပြီလား။ ၎င်းတို့သည် ရီမိသားစု၏အင်အားကို ပိုမိုနက်ရှိုင်းစွာနားလည်လာကြသည်။ အကယ်၍ ရီမိသားစုက ၎င်းတို့၏သက်ဆိုင်ရာအင်အားစုများကို အရေးယူပါက၊ ၎င်းတို့၏ကံကြမ္မာသည်လည်း ထိုအင်မော်တယ်ဧကရာဇ် အင်အားစုသုံးခုနှင့် ခြားနားလိမ့်မည်မဟုတ်ချေ။

ကျန်ရှိနေသော အင်မော်တယ်ဧကရာဇ်များသည် အလျင်စလိုဖြင့် ၎င်းတို့၏သက်ဆိုင်ရာအင်အားစုများကို စုဝေးစေခဲ့ပြန်သည်။ သူတို့က အခြားအကြံအစည်များမရှိကြစေရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ သူတို့ရှေ့တွင် အင်မော်တယ်ဧကရာဇ်သုံးပါး၏ နမူနာမှာရှိနှင့်နေပြီးဖြစ်၏။

အင်မော်တယ်ဧကရာဇ် အင်အားစုသုံးခုကို သုတ်သင်ရှင်းလင်းပြီးနောက် အရင်းအမြစ်များစွာ ကျန်ရှိနေခဲ့ရာ၊ ၎င်းတို့အားလုံးကို ရီရှောင်းရှောင်းက သိမ်းပိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် အင်မော်တယ်ဧကရာဇ်များဖြစ်သော ချန်ပန်းနှင့် ကွမ်ဟန်တို့ကလည်း ကူညီခဲ့သည့်အတွက်၊ ရီရှောင်းရှောင်းက မတွန့်တိုနေဘဲ အလကားမပြန်စေခဲ့ပေ။ သူမ၏လက်ကို ဝေ့ယမ်းပြီးကာ အရင်းအမြစ်များစွာကို အင်မော်တယ်ဧကရာဇ်နှစ်ပါးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် များပြားလှသောအရင်းအမြစ်များကိုကြည့်ကာ ဝမ်းသာသွားကြသည်။ "တခြားအင်အားစုတွေက ဘာလို့ မလှုပ်ရှားကြသေးတာလဲကွာ!"

ဤကဲ့သို့သော ကိစ္စသည် အလွန်သွေးဆောင်နိုင်၏။

အကယ်၍ အခြားအင်အားစုများက တိုက်ခိုက်ဝံ့လျှင် ၎င်းတို့နှစ်ဦးက တစ်စက္ကန့်မျှ အချိန်မဆွဲနေဘဲ အရည်အချင်းပြည့်မီသော မဟာမိတ် အင်အားစုဖြစ်လာမည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့၏စုံစမ်းမေးမြန်းမှုအပြီးတွင် ဘာမှအရေးယူစရာမတွေ့ကြတော့ပေ။ အခြားအင်အားစုများသည်လည်း အရူးမဟုတ်။ အင်မော်တယ်ဧကရာဇ်အင်အားစုကြီးသုံးခု ကိစ္စတုံးသွားသော သတင်းထွက်ပေါ်လာသည့်အခါတွင် ကျန်ရှိသော အင်မော်တယ်ဧကရာဇ် အင်အားစုများသည် ချက်ချင်းပင်ငြိမ်သက်သွားကြ၏။

အရင်းအမြစ်များကို တစ်ယောက်ပြီးတစ်ယောက်ထံမှ အေးချမ်းစွာလိုက်လံစုဆောင်းပြီးနောက် ရီဖန်ထံမှပြန်ရွေးရန် စီစဉ်လိုက်ကြသည်။

အင်မော်တယ်ဧကရာဇ် အင်အားစုသုံးခုကို သုတ်သင်ရှင်းလင်းလိုက်သည့်သတင်းက ဖမ်းမိထားသော အင်မော်တယ်ဧကရာဇ်များ၏ အင်အားစုများကိုသာမက အခြားသောအင်အားစုများကိုပါ ခြိမ်းခြောက်နိုင်ခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ အင်အားစုများအားလုံး ငြိမ်သက်သွားခဲ့၏။ စည်းမျဉ်းများအပြင်ဘက်ရှိ အခြားကမ္ဘာတစ်ခုသည် အမှန်တကယ်သွေးဆောင်နိုင်သော်လည်း အသက်ရှင်နေထိုင်နိုင်ခြင်းက အခြားအရာများထက် ပိုအရေးကြီးသည်။

ယခုအချိန်တွင် တာအိုဘိုးဘေးကသာ ရန်ဟွမ်နယ်မြေကို ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းရှိကြောင်း လူတိုင်းရှင်းလင်းစွာ နားလည်လိုက်သည်။ သို့သော်လည်း တာအိုဘိုးဘေးများက အခြားကမ္ဘာတစ်ခုအတွက် အမှန်တကယ် အရေးယူမည်လား။

အခြားသူများကို သတိပေးရန်အတွက် တစ်စုံတစ်ယောက်ကိုသတ်ပစ်ခြင်းက ရီဖန်အတွက် အလွန်ကျေနပ်စရာကောင်းသည်။ အနည်းဆုံးတော့ ဤအတောအတွင်း ရန်ဟွမ်နယ်မြေကို နောက်တစ်ကြိမ်နှောင့်ယှက်မသည့်သူ မရှိတော့ချေ။

အနှောက်အယှက်တစ်စုံတစ်ရာမရှိတော့သည့် ရီဖန်သည် နောက်ဆုံးတွင်အခြေပြန်ကျသွားကာ မွန်မြတ်သောအင်မော်တယ်လက်နက်ဖြစ်သည့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကိုသန့်စင်ရန် အချိန်ရခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏ ကနဦးပုံသဏ္ဍာန်သည် စတင်ပုံပေါ်လာခဲ့သည်။ ထို့အပြင် အင်မော်တယ်ဧကရာဇ် အင်အားစုများက သူ့ကိုလျော်ကြေးပေးသည့်အတွက် ရီဖန်အတွက် ရွေးချယ်စရာပစ္စည်းများ ပိုများလာသည်။

အင်မော်တယ်ဧကရာဇ် အင်အားစုများသည် အနည်းဆုံးအနှစ်တစ်သောင်းခန့်တည်ရှိခဲ့ပြီး အချို့ကနှစ်တစ်သိန်းကြာတည်ရှိနေခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့၏အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသည်။ ၎င်းတို့ပို့ဆောင်ပေးခဲ့သော အရင်းအမြစ်များထဲတွင် သူတော်စင်အဆင့်ရှိသည့် အဖိုးတန်ဝိညာဉ်သတ္တုတွင်းများ အများအပြားပါဝင်သည်။

ဤအင်မော်တယ်ဧကရာဇ် အင်အားစုများအတွက် သူတော်စင်အဆင့်ဝိညာဉ်သတ္တုတွင်းများက အဖိုးတန်သော်လည်း၊ ၎င်းတို့သည် အခြားသူတော်စင်အဆင့်ဝိညာဉ်ရေးပစ္စည်းများကဲ့သို့ လက်တွေ့အသုံးမကျချေ။ သူတော်စင်အဆင့်ဝိညာဉ်သတ္တုတွင်းများကို မွန်မြတ်သောအင်မော်တယ်ပစ္စည်းများ သန့်စင်ရန်အတွက်သာ အသုံးပြုခဲ့သည်။

သို့သော်လည်း မွန်မြတ်သောအင်မော်တယ်ပစ္စည်းများကို သန့်စင်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ မလုံလောက်ခြင်းနှင့် အင်မော်တယ်ပစ္စည်းသန့်စင်သူရှိခြင်းက ပို၍ပင် အရေးကြီးသည်။ သူတော်စင်အဆင့်အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသည် အင်မော်တယ်ဧကရာဇ်အများစုကပင် မလုပ်နိုင်သောအရာဖြစ်သည်။

ဤဝိညာဉ်သတ္တုတွင်းများကို ၎င်းတို့၏ရတနာသိုက်ထဲတွင် ပုပ်သိုးစေမည့်အစား ၎င်းတို့ကို ရီမိသားစုထံသို့လဲလှယ်ရန် အရင်းအမြစ်များအဖြစ် ပေးပို့နိုင်သည်။ ထိုဝိညာဉ်သတ္တုတွင်းအားလုံးကို ရီဖန်က စျေးသက်သာစွာဖြင့် သိမ်းယူသွားသည်။

အစောပိုင်းက ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို မွန်မြတ်သောအင်မော်တယ်လက်နက်အဖြစ် မလုပ်နိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း၊ ယခုအခါတွင် ရီဖန်သည် ၎င်းကိုအဆင့်မြှင့်တင်နိုင်ရန် ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ အကြောင်းအရင်းမှာ သူသည် မကြာခင်အချိန်၌ အင်မော်တယ်ပစ္စည်းသန့်စင်သူအဖြစ် အဆင့်ထပ်တက်တော့မည်ဖြစ်သောကြောင့်သာ၌

ရီဖန်နှင့်အတူ မွန်မြတ်သောအင်မော်တယ်လက်နက်များကို နေ့ရောညပါ သန့်စင်သည့်နောက်တွင်၊ ရီမိသားစုမှ အင်မော်တယ်ပစ္စည်းသန့်စင်သူများသည် ၎င်းတို့၏စွမ်းရည်များ အလွန်တိုးတက်လာခဲ့သည်။ ရီကျင်းလုံ၏ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းစွမ်းရည်သည်လည်း နောက်ဆုံးတွင် တာအိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

"စနစ်၊ ပေါင်းစည်းလိုက်တော့!"

အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းအတွေ့အကြုံကို ရီဖန်၏အသိစိတ်ထဲသို့ ပေါင်းထည့်ပြီးနောက်တွင် တာအိုအဆင့်၏ အထွတ်အထိပ်တွင် အချိန်အတော်ကြာရပ်တန့်နေသည့် သူ၏အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းအဆင့်သည် နောက်ဆုံးတွင် အဆင့်နိမ့်သူတော်စင်သို့ ဖြတ်ကျော်သွားခဲ့၏။ သူတော်စင်အဆင့်နှင့် တာအိုအဆင့်တို့သည် လုံးဝမတူညီသော တည်ရှိမှုမျိုးဖြစ်သည်။

နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို နောက်ထပ်စစ်ဆေးပြီးနောက် ရီဖန်သည် အနာအဆာများစွာကို ချက်ချင်းတွေ့လိုက်ရသည်။ မူလက အပြစ်အနာအဆာကင်းပုံရသော အင်မော်တယ်လက်နက်သည် ယခုအချိန်တွင် ချို့ယွင်းချက်များနှင့်ပြည့်နေ၏။ ရီဖန်သည် ပြီးပြည့်စုံမှုကိုနှစ်သက်သော ပညာရှင်မဟုတ်သော်လည်း၊ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် ပိုမိုအားကောင်းလာရန် အလားအလာရှိသည်မှာ ရှင်းလင်းနေသော်လည်း၊ ဤမျှအားနည်းနေခြင်းကို သည်းမခံနိုင်တော့ပေ။

အခြားရွေးချယ်စရာမရှိဘဲ ရီဖန်သည် ကြာပွတ်ကို ပြန်လည်ပြန်ပြင်ကာ ၎င်းကိုသန့်စင်ရန်အတွက် အချိန်ပိုပေးခဲ့သည်။ နဂါးဘိုးဘေးကိုယ်ထည်ကို ၎င်း၏အခြေခံအုတ်မြစ်အဖြစ်ထားရှိသောကြောင့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏အရည်အသွေးသည် အလွန်မြင့်မား၏။

ယခုတစ်ကြိမ်တွင် ရီဖန်ရည်မှန်းထားသည့်အရာသည် ကနဦးအဆင့်သာမကဘဲ အဆင့်နိမ့် မွန်မြတ်သောအင်မော်တယ်လက်နက်အထွတ်အထိပ်ဖြစ်သည်။ ရီဖန်သည် အင်မော်တယ်ပစ္စည်းများကို သန့်စင်ရန်အတွက် အလုပ်ရှုပ်နေချိန်တွင် ရီမိသားစုသည်လည်း မအားလပ်နေချေ။

အတိတ်အချိန်က တာ့ယွီအင်မော်တယ်မင်းဆက်ကို နယ်မြေတိုးချဲ့စေခဲ့သည့် အကြောင်းရင်းမှာ နယ်မြေမရှိခြင်းကြောင့်ဖြစ်သည်။ ယခုတွင် ၎င်းတို့သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်သောကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်၏အဆင့်သည် လျင်မြန်စွာတိုးတက်လာခဲ့သည်။

တာ့ယွီအင်မော်တယ်မင်းဆက်သည် ပို၍လျင်မြန်စွာ ကျယ်ပြန့်လာလေလေ၊ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်မှာ ပိုမိုလျင်မြန်လာလေလေ ဖြစ်သည်။ ၎င်းတို့မသိလိုက်ချိန်တွင် ရီရှောင်းရှောင်းသည် အင်မော်တယ်ဘုရင်နယ်မြေသို့ တက်လှမ်းရန် နီးစပ်လာပြီဖြစ်သည်။

ရီရှောင်းရှောင်းတစ်ဦးတည်းသာ အင်မော်တယ်ဘုရင်နယ်မြေသို့ ဖြတ်ကျော်ရန် နီးကပ်နေခြင်းမဟုတ်ဘဲ ရီရှောင်းရှောင်းထက်ပင် ပိုမိုလျင်မြန်စွာတိုးတက်လာသော ရီမိသားစု၏နောက်ထပ်အဖွဲ့ဝင်တစ်ဦးလည်းရှိကာ ၎င်းသည် အင်မော်တယ်ဘုရင်နယ်မြေမှ ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ အကြင်သူမှာ စုယန်ဖြစ်၏။

နောက်ဆုံးအကြိမ်က ရီဖန်၏လျှို့ဝှက်ချက်ကို ရရှိပြီးနောက် စုယန်သည် ကြိုးစားလုပ်ဆောင်ရန် ကတိပေးပြီးကာ ဝူရှန်းဘိုးဘေးထံမှ အရင်းအမြစ်များစွာကို ရရှိခဲ့သည်။ ထိုအရင်းအမြစ်များသည် စုယန်၏ လေချီလင်အတွက် အသင့်တော်ဆုံးဖြစ်သည်။

အချိန်တိုအတွင်း၌ စုယန်၏ ကျင့်ကြံမှုအဆင့်သည် နက်နဲအင်မော်တယ်အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ထိမ်းမြားခြင်းပုတီးစေ့ကို သန့်စင်ရန်နှင့်၊ ယင်ယန် ကောင်းကင်တာအိုကို နားလည်သဘောပေါက်ရန် မလိုအပ်ပါက စုယန်သည် ယခင်ကတည်းကပင် အင်မော်တယ်ဘုရင်နယ်မြေသို့ ကျော်ဖြတ်သွားပြီးဖြစ်လိမ့်မည်။

“တပည့်၊ မြန်မြန်ထတော့”

စုယန်၏ စိတ်ဝိညာဉ်ပင်လယ်ရှိ ဝူရှန်းဘိုးဘေးထားခဲ့သော တားမြစ်ချက်များသည် အသက်ဝင်လာခဲသော်လည်း ဝူရှန်းဘိုးဘေး၏အသံက စုယန်ကို နိုးကြားစေခဲ့သည်။

"ဆရာ၊ ကျွန်မကိုများခေါ်လိုက်သေးလား"

“ခေါ်တာပေါ့၊ ရန်ဟွမ်နယ်မြေမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေတယ်၊ အဲဒီလျှို့ဝှက်ချက်က ငါတို့ရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးအတွက် အရေးကြီးတယ်။ အဲဒါကို ဖော်ထုတ်ရမယ်!"

စုယန်သည် ထိုစကားကြောင့်ထိတ်လန့်သွားသည်။ ရန်ဟွမ်နယ်မြေတွင် လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုရှိသေသလား။ ရီဖန်ကိုယ်တိုင်ပင်လျှင် ထိုအကြောင်းကို မသိချေ။ လက်တွေ့ကျကျဆိုရလျှင် ရီဖန်သည် ရန်ဟွမ်နယ်မြေ၏အရှင်သခင်ဖြစ်သောကြောင့် ရန်ဟွမ်နယ်မြေတွင် ရီဖန်မသိသော လျှို့ဝှက်ချက်တစ်စုံတစ်ရာမရှိသင့်ပေ။

သို့သော်လည်း စုယန်က ဝူရှန်းဘိုးဘေး၏စကားကို လျစ်လျူမရှုနိုင်ခဲ့ပေ။

ဝူရှန်းဘိုးဘေးသည် နှစ်ပေါင်းများစွာတည်ရှိနေခဲ့ခြင်းဖြစ်သောကြောင့် တာအိုဘိုးဘေးအဆင့်ရှိ အခြားသူများသိကြသည်ထက် ပိုမိုများပြားလျှို့ဝှက်ချက်များကို သိရှိတတ်သည်။

အကယ်၍ ဝူရှန်းဘိုးဘေးက ရန်ဟွမ်နယ်မြေတွင် လျှို့ဝှက်ချက်ကြီးကြီးမားမားရှိနေသည်ဟုဆိုလာပါက ရီဖန်ပင်သတိမထားမိနိုင်သော လျှို့ဝှက်ချက်တစ်ခုရှိကောင်းရှိနိုင်သည်။ စုယန်သည် ရန်ဟွမ်နယ်မြေက လူသားမျိုးနွယ်စု၏ မူလနယ်မြေများထဲမှ တစ်ခုဖြစ်သည်ဟူသော ကောလာဟလတစ်ခုကို ရုတ်တရက်သတိရသွားသည်။ ဤလျှို့ဝှက်ချက်ကြီးက လူသားမျိုးနွယ်စုနဲ့ ဆက်စပ်နေပါသလား။

"ဆရာ၊ ကျွန်မဘာသာရှာဖို့ မလွယ်လောက်ဘူး"

စုယန်က ဘာမှမသိယောင်ဆောင်ကာ သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက်ပြောလိုက်သည်။

‘ငါတစ်ယောက်တည်းမလုပ်နိုင်ဘူး၊ အကူအညီနည်းနည်းရရင် အကောင်းဆုံးပဲ’

ထိုသို့ပြုလုပ်ရန်မှာ အရင်းအမြစ်များစွာလိုလိမ့်မည်။ သူမဆိုလိုသည်ကို နားလည်ပါသလား။

ဝူရှန်းဘိုးဘေးသည် စုယန်၏ အရင်းအမြစ်များအပေါ်ခင်တွယ်မှုကို နားလည်ထားပြီးဖြစ်သည့်အတွက် ၎င်းကြောင့်စိတ်အနှောက်အယှက်မဖြစ်သွားချေ။ သို့သော် ထိုစရိုက်လက္ခဏာကို အကျင့်ဆိုးသည်ဟု မမှတ်ယူဘဲ စုယန်၏စည်းစိမ်ဥစ္စာကို ချစ်မြတ်နိုးမှုက သူမကိုအလွယ်တကူ ကျေနပ်နိုင်တဲ့အရာတစ်ခုဖြစ်သည်ဟု မှတ်ယူခဲ့သည်။

"အနာဂတ်မှာ၊ ရန်ဟွမ်နယ်ပယ်မှာရှိတဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးကို မင်းဆီ လွှဲပေးလိမ့်မယ်။ ဒါ့အပြင် ယင်ယန် အကြီးအကဲရဲ့ နောက်လိုက်တွေက ရန်ဟွမ်နယ်မြေမှာ ယင်ယန်တံခါးကို တည်ထောင်ပေးဖို့ အကူအညီလိုနေတယ်"

"ယင်ယန်တံခါး" ဟူသောစာလုံးကို ဝူရှန်းဘိုးဘေးက ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအချိန်မှသာ စုယန်သည် ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတို့သည် တူညီသောအင်အားစုများမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိလိုက်ရသည်။

ဤကမ္ဘာပေါ်တွင် စွမ်းအားကြီးသော အင်အားစုများ ရုတ်တရက်ပေါ်လာခြင်းမရှိသောကြောင့် ၎င်းက အဓိပ္ပါယ်ရှိသည်။ ဤရှင်းလင်းချက်သည် အလွန်သင့်လျော်ပါ၏။ စုယန်က ငြင်းဆန်ခြင်းမရှိဘဲ၊ ဝူရှန်းဘိုးဘေး၏တောင်းဆိုမှုကို လက်ခံခဲ့သည်။

သူမကို လုံလောက်သည့် အရင်းအမြစ်များ ဖြည့်ဆည်းပေးသရွေ့ သူတောင်းဆိုသည့်အရာမှန်သမျှကို လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယင်ယန်တံခါးကို တည်ထောင်လိုလျှင်လည်း ကန့်ကွက်စရာမရှိချေ။ သို့သော်လည်း ဖျက်ဆီးခံရမည်၊ မခံရမည်နှင့်ပက်သက်၍ သူမ အာမမခံနိုင်ပေ။

All Chapters