← Chapters

တုချုံး၏ နှုတ်ဆက်စကား

Vol. 106 Ch. 1471

တုချုံး၏ နှုတ်ဆက်စကား

Vol. 106 Ch. 1471

ဝမ်ဝေ့က ဖူယန်ချန်း ပျံသန်းထွက်ခွာသွားသည်ကို တည်ငြိမ်စွာ ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာက အသူရာချောက်နက်သဖွယ် ဖြစ်၏။ သူက သူမအတွက် အကောင်းဆုံး မျှော်လင့်ထားသော်လည်း မျှော်လင့်ချက် များများစားစား မရှိပေ။ သူ့ကောင်းချီးဖြင့်ပင် ဖူယန်ချန်းအတွက် စံပြဖြစ်လာမည့် အခွင့်အရေးက နည်းပါးလွန်းလှ၏။ ထိပ်သီးစံပြတစ်ယောက်ဖြစ်လာဖို့ ဆိုထားဖွယ် မရှိတော့ပေ။ ထို့အပြင် ထိုကောင်းချီးများကြောင့် သူမအနေနှင့် တွေ့ကြုံရင်ဆိုင်ရမည့် စစ်ဆေးမှုနှင့် စမ်းသပ်မှုများလည်း ရှိလာလိမ့်မည်။

“ထွက်ခဲ့” သူက အနီးတွင်ရှိနေသည့် သစ်ပင်ကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ ထို့နောက် သစ်ပင်၏ နောက်ကွယ်တွင် ပိန်ပါးပါးအမျိုးသမီးတစ်ဦးက အနက်ရောင်ကိုယ်ကျပ် ဝတ်စုံကို ဝတ်ဆင်ရင်းဖြင့် ပေါ်လာလေ၏။ ထိုအရာက ဝမ်ဝေ့အား ကမ္ဘာမြေမှ နင်ဂျာအား အမှတ်ရသွားစေသည်။ သူက ထိုအမျိုးသမီးကို ကြည့်ရင်း မူမမှန်မှုတချို့ကို သတိထားမိလိုက်၏။

သူမက လမ်းလျှောက်ရာ၌ အသံမထွက်သလို သူ့စူးရှလှသည့်အာရုံဖြင့်ပင် သူမဆီမှ အနံ့လည်း မရပေ။ သူမ၏ သွေးခုန်နှုန်းကိုပင် အာရုံခံ၍ မရပေ။ သူမ၏အရှိန်အဝါက မတည်ရှိလုနီးပါးဖြစ်ပြီး အလင်းရောင်ကပင် သူမအပေါ် ရောင်ပြန်ဟပ်ခြင်း မရှိပေ။ ဝမ်ဝေ့က သူမကို ကြည့်နေလျက်ဖြင့် မည်သူမှ သူ့ရှေ့တွင် ရှိမနေသလို ခံစားရသည်။

ဖုံးကွယ်ရေးတာအိုကို သူမက ဒီအနေအထားအထိ ကျင့်ကြံထားတာပဲ …

ဝမ်ဝေ့က သုံးသပ်လိုက်၏။

“ခင်ဗျားက ခေါင်းဆောင်ရှဲ့ဟွမ်း ဖြစ်မယ်ထင်တယ်”

“ရှေးဦးမျိုးစေ့” ရှဲ့ဟွမ်းက ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်သည်။

“ကျုပ်ရဲ့ အရိပ်က လတ်တလော အလုပ်ရှုပ်နေတယ်ဆိုတော့ ကျုပ်ကို ကူညီပေးဖို့ တစ်စုံတစ်ယောက် လိုတယ်”

“ရှေးဦးမျိုးစေ့ကို ခစားရတာက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ” ရှဲ့ဟွမ်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

“သဘောတူ မစောသေးနဲ့ဦး။ ကျုပ်က သခင့်အရိပ်နည်းစနစ်ကို အဆင့်မြှင့်တင်ထားပြီးတော့ တစ်စုံတစ်ယောက်က ကျုပ်ရဲ့ ယာယီအရိပ်ဖြစ်လာအောင် လုပ်‌ထားတာ။ ဒါပေမဲ့ ကျုပ်က အရိပ်ကနေ ခွဲထုတ်လိုက်တာနဲ့ သူတို့တွေက ယွင်ခေတ်ကာလတစ်သိန်းလောက် အားနည်းတဲ့အနေအထားကို ဝင်ရောက်သွားလိမ့်မယ်” ဝမ်ဝေ့က လက်ကို မြှောက်ကာ သူမအား တားဆီးရင်း ပြောလိုက်၏။

ရှဲ့ဟွမ်းက ထိုစကားကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။

“သတင်းကောင်းကတော့ ဒီနည်းစနစ်က မင်းကို စံပြတစ်ယောက်ရဲ့ တာအိုအသုံးပြုမှု၊ စိတ်နေသဘောထားနဲ့ စွမ်းအားကို အာရုံခံခွင့်ပြုထားလိမ့်မယ်။ အဲဒါက မင်းရဲ့စံပြစမ်းသပ်ချက်အတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်လာစေလိမ့်မယ်”

“အဲ့လိုဆိုရင်တော့ ကျွန်မ လက်ခံပါ့မယ်” ရှဲ့ဟွမ်းက တုန့်ဆိုင်းခြင်း မရှိဘဲ ပြောလိုက်သည်။

“တော်သေးတာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ပြီး သူ့အရိပ်ကို လှုံ့ဆော်ကာ လူသားအသွင် ထုတ်ဖော်လိုက်သည်။ ထို့နောက် အရိပ်က အနက်ရောင် သလင်းကျောက်တစ်ခုကို ရှဲ့ဟွမ်းဆီ ပေးလာလေသည်။

ထို့အပြင် ဝမ်ဝေ့က သူမအား အမှတ်အသားပြားတစ်ခုကို ထုတ်ပေးလိုက်လေ၏။

“ဒါက ငါ့ရဲ့ ကံကြမ္မာရိပ်တပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ဖို့ ကူညီပေးလိမ့်မယ်”

“အကောင်းဆုံး ကြိုးစားထမ်းဆောင်ပါ့မယ်” ရှဲ့ဟွမ်းက ဦးညွှတ်လိုက်လေသည်။

ဝမ်ဝေ့က သူမအား ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်လေ၏။ သူက အလယ်ပိုင်းမူလပိုင်နက်ရှိ သီးခြားရှိနေသည့် ရွာငယ်လေးဆီ ရောက်ရှိလာလေသည်။ မိန်းမငယ်လေးတစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေသည့် အမျိုးသားတစ်ဦးကို တွန်းလာ၏။ ထိုအမျိုးသားက အရမ်းကို အသက်ကြီးလွန်းပြီး သူ့ဆီမှ မရဏအငွေ့အသက်များ ထွက်ပေါ်နေသည်။

ဝမ်ဝေ့ ပေါ်ထွက်လာသည်နှင့် ထိုမိန်းကလေးငယ်လေးက ခုခံသည့်အနေအထားဖြင့် ရပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အထက် အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် အရိပ်ဓားမြှောင် နှစ်လက်လည်း ပေါ်ထွက်လာလေ၏။

“ရှင်းအာ …  စိတ်အေးအေးထား” တုချုံးက လက်ကိုမြှောက်ကာ သူမအား နောက်ဆုတ်ဖို့ အချက်ပြလိုက်လေ၏။

“အရှင် ကျွန်တော် ဒီသေမျိုးအနှောင်အဖွဲ့ကနေ ထွက်မသွားခင် တွေ့ခွင့်ရတာ တော်သေးတာပေါ့”

“မင်းက ငါ့ကို ဒီလောက်တောင်လုပ်ပေးခဲ့တာဆိုတော့ ငါ့ဖက်က အနည်းဆုံးတော့ ဒီလောက် လုပ်ပေးသင့်တာပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သေမျိုးလူမှုအဖွဲ့အစည်းက ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်တလျှောက် ဖြန့်ကျက်ထားပြီ ဖြစ်၏။ တုချုံး၏ ခေါင်းဆောင်မှုအောက်တွင် သူတို့၏အဖွဲ့အစည်းက စည်ပင်ကြွယ်ဝတိုးတက်လာခဲ့သည်။

ဝမ်ဝေ့က အလျင်အမြန် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူတို့က ပွင့်ချပ်တစ်လွှာ ထာဝရအရှင်တစ်ယောက်၏ စွမ်းပကားအောက်မှ လွတ်မြောက်နိုင်ကြောင်း သိရှိသွား၏။

“ရှင်းအာ … ငါတို့ကို သပ်သပ်အချိန်ပေး” ထိုမိန်းကလေးငယ်လေးက တုန့်ဆိုင်းသွားပြီး ဝမ်ဝေ့အား သတိထားကာ ကြည့်လိုက်လေသည်။

တုချုံးက အားပါးတရ ရယ်မောလိုက်၏။

“မင်းက သမိုင်းကြောင်းစာအုပ်တွေကို ဖတ်ပြီးတော့ သူ့ပုံရိပ်တွေကိုလည်း မြင်ဖူးတာပဲလေ။ အရှင်အစောင့်အ‌ရှောက်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေတုန်းလား”

ထိုမိန်းကလေး၏မျက်ဝန်းအထက် သဘောပေါက်သည့် အရိပ်အယောင် ဖြတ်ပြေးသွားကာ ဝမ်ဝေ့နှင့် တုချုံးအား ဦးညွှတ်ပြီးသည့်နောက်တွင် အရိပ်အတွင်း ဝင်ရောက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

“လာ စကားစမြည် ပြောရအောင်။ မင်း သေရည်သောက်ချင်လား၊ အဖန်ရည်သောက်ချင်လား” ဝမ်ဝေ့က စားပွဲခုံတစ်လုံးကို ဆင့်ခေါ်ပြီး ပြောလိုက်သည်။

“ဒါက ဒီကမ္ဘာမှာ ကျုပ်အတွက် နောက်ဆုံးအချိန်ဆိုတော့ သေရည်ပဲ သောက်ပါ့မယ်” တုချုံးက ပြောလိုက်လေ၏။

ဝမ်ဝေ့က သူ့အတွက် လောင်းထည့်ပေးလိုက်သည်။

တုချုံးက တစ်ငုံသောက်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်လေ၏။

“ကျုပ်တို့တွေက ကဏ္ဍအားလုံးမှာ တိုးတက်လာတယ်ဆိုပေမဲ့ အရာအားလုံးမှာ အစပဲ ရှိနေသေးတယ်”

“မင်းတို့ရဲ့လူမှုအဖွဲ့အစည်းက ကမ္ဘာရဲ့စနစ်နဲ့ ဆန့်ကျင်နေတာလေ။ မဟာတာအိုက ဒီကျင့်ကြံရေးက ရှည်ကြာတဲ့ ဖြစ်စဉ်လို့ သဘောပေါက်ထားတယ်။ အဲဒါက ကျင့်ကြံသူတွေအနေနဲ့ သူတို့ရဲ့ စွမ်းအားအတွက် ပေးချေရမဲ့ တန်ကြေးတစ်ခုပဲ။ စနစ်က ကျင့်ကြံသူတွေရဲ့ အဆုံးမဲ့သက်တမ်းကို စီမံနိုင်အောင် တည်ရှိနေတာ။ စနစ်က မင်းတို့ရဲ့လူမှုအဖွဲ့အစည်းကို စံပြတစ်ယောက်နဲ့ ယှဉ်နိုင်တဲ့အထိ ခွင့်ပြုပေးမယ်ဆိုရင် ဆိုလိုတာက မင်းက စွမ်းအားအထွတ်အထိပ်ကို ရရှိနိုင်တယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ မဟာတာအိုက အဲဒါကို လုံးဝခွင့်ပြုပေးမှာ မဟုတ်ဘူး”

စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က မိုးမြေအပေါ် ပိုမိုနားလည်လာပြီး လက်ရှိအခြေအနေကို ပိုမိုသုံးသပ်လာနိုင်သည်။

“မဟာတာအိုက ကျုပ်တို့ရဲ့သက်တမ်းပေါ်က ကန့်သတ်ချက်ကိုပဲ ဖယ်ရှားလိုက်လို့ မရဘူးလား။ ကျုပ်တို့က အားကောင်းတဲ့ ချပ်ဝတ်နဲ့ ယာဉ်တွေကို တည်ဆောက်နိုင်ဖို့ ပိုပြီးခက်ခဲအောင် လုပ်လိုက်ပေါ့” တုချုံးက ပြောလိုက်သည်။

“ဒီလိုဆိုရင် မင်းက ကျင့်ကြံသူ ဖြစ်လာတော့မှာပေါ့။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် မင်းတို့က သန့်စင်ရေးတာအို ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းသွားကြမှာ”

“အဲ့ဆိုတော့ အဆုံးသတ်မှာ အရာအားလုံးက ကျွန်တော်တို့က သေမျိုးဆိုတဲ့အချက်ပေါ် ရောက်ရှိလာတာပဲပေါ့” တုချုံးက အံကြိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် မဟာတာအိုရဲ့ ပုံစံမှာ ဝါစဉ်ဆိုတာ လိုအပ်တယ်လေ။ သေမျိုးတွေက အောက်ဆုံးမှာရှိပြီးတော့ ကျင့်ကြံသူတွေက ထိပ်ဆုံးမှာရှိဖို့ လိုအပ်တယ်။ လူတွေကို တဖြည်းဖြည်းတက်လှမ်းဖို့ လှုံ့ဆော်ပေးတဲ့ သဘောပေါ့”

“တကယ့်ကို အရေးမပါတဲ့စနစ်ပဲ” တုချုံးက ကျိန်ဆဲလိုက်သည်။

“ဒီလိုခံစားမှုတွေနဲ့ နာကျင်မှုတွေ မမျှတမှုတွေ မညီမျှမှုတွေအားလုံးက တခြားသူကို လှုံ့ဆော်ပေးဖို့အတွက်လား။ ဒါက ဘယ်လိုမျှတမှာလဲ။ အားလုံးက ဘာလို့ မသေမျိုး မဖြစ်နိုင်ရတာလဲ။ အားလုံးက သူတို့တွေမှာ လှေကားတက်ဖို့ ရည်မှန်းချက်ရှိတာဖြစ်ဖြစ် ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝတွေကို ရွေးချယ်မှုရှိတာဖြစ်ဖြစ် ဘာလို့ မဖြစ်နိုင်ရတာလဲ”

“ဘာလို့ ငါ့ကို ကြည့်နေရတာလဲ။ ငါက ဒါကို ရေးဆွဲထားတာ မဟုတ်ဘူး” ဝမ်ဝေ့က သေရည်အိုးကို ကိုင်ရင်း ပြောလိုက်သည်။

“ဟုတ်ပါတယ် … အရှင်ကလည်း ပြောင်းလဲဖို့ဆန္ဒမရှိဘူးမလား” တုချုံးက ထရပ်ကာ ပြောလိုက်သည်။

“အရှင်က ဒီစနစ်ကနေ လွတ်မြောက်ချင်ရုံပဲ”

“မင်းက အဲဒါကို ဆိုးရွားတဲ့အရာတစ်ခုလိုမျိုး ပြောနေတာပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အရှင်က အဲ့ထက်ပိုပြီး လုပ်နိုင်တယ်လေ” တုချုံးက စားပွဲပေါ် လက်ဖြင့် ရိုက်ချရင်း ပြောလိုက်သည်။

“ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က မေးလိုက်၏။

“ငါက မင်းရဲ့လူမှုအဖွဲ့အစည်းအတွက် အုတ်မြစ်ကို တည်ထောင်ခွင့်ပေးခဲ့ပြီး‌တော့ အရိပ်အမြွက်တွေနဲ့ အတွေးအခေါ်တွေကိုလည်း ပေးပြီး လေးစားမှုကို ပြသခဲ့သလို မင်းတို့တွေကို မထိခိုက်အောင်လည်း ကာကွယ်ပေးခဲ့တယ်။ မင်းတို့တွေက ငါ့ဆီကနေ ဘာများ ထပ်လိုချင်သေးတာလဲ။ မင်းတို့အတွက် စနစ်ကို တိုက်ခိုက်‌ပေးဖို့ မဟာတာအိုနဲ့ ရင်ဆိုင်စေချင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဘာလို့ အဲ့လိုမလုပ်နိင်ရတာလဲ” တုချုံးက ပြန်လည်ထိုင်ရင်း ပြောလိုက်၏။ သူ့ပခုံးများက အရင်ကလောက် ဖြောင့်မတ်နေခြင်း မရှိတော့ပေ။

“ငါက ဘယ်လိုလူစားမျိုးလဲဆိုတာ ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ မင်းတို့တွေနဲ့ အကွာအဝေးတစ်ခု ထားထားတဲ့ ရည်ရွယ်ချက်တစ်ခုက ငါ့ကိုကယ်တင်ရှင်အနေနဲ့ မမြင်စေချင်လို့ပဲ။ မင်းတို့တွေရဲ့ လွတ်လပ်ခွင့်နဲ့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ငါ မင်းတို့တွေကို တားဆီးနေမှာ မဟုတ်ဘူး။ အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ငါ မင်းတို့ကို နောက်ကွယ်ကနေ ထောက်ပံ့နေဦးမှာ။ ဒါပေမဲ့ ငါ့ကိုတော့ လာပြီးတော့ ကယ်တင်ရှင် မလုပ်ခိုင်းနဲ့။ ငါ့မှာလည်း ငါ့ရည်မှန်းချက်နဲ့ လမ်းစဉ်ဆိုတာ ရှိတယ်”

တုချုံးက ထိုစကားများအား စဉ်းစားပြီးသည့်နောက်တွင် သေရည်သာ သောက်သုံးလိုက်သည်။

“အဲဒါက ဖြစ်နိုင်တယ်လို့ထင်လား။ ကျွန်တော်တို့က ဒီစနစ်ကို ပြောင်းလဲပြီး အနိုင်ရရှိဖို့ အခွင့်အရေးရှိမယ်လို့ ထင်လား”

“အဲ့တာတော့ ငါလည်း မသိဘူး။ ကြိုးစားမကြည့်သရွေ့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာပဲသိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

တုချုံးက ၁၀မိနစ်ခန့် တိတ်ဆိတ်သွားပြီး သေရည်သာ သောက်သုံးနေလေ၏။

“အချိန်ပြည့်သွားပြီ”

သူက ရေရွတ်ပြီးသည့်နောက်တွင် ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ဒီဘဝမှာ ကျုပ်အတွက် တစ်ခုတည်းသောနောင်တက အဲ့ဒီကပ်ဘေးအတွက် တာဝန်ရှိတဲ့သူတွေကို အပြစ်ကြွေးအတွက် ထိခိုက်တာကို မမြင်တွေ့သွားရတာပဲ”

“တကယ်လို့ ဒါက မင်းကို ခံစားရကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါတောင် အဲ့ဒီနေ့ကို မြင်တွေ့သွားဖို့ အာမမခံနိုင်ဘူး” ဝမ်ဝေ့က စနောက်လိုက်သည်။

“မဟုတ်ဘူး။ အဲ့တာက ကျွန်တော့ကို ပိုပြီးတော့ ခံစားရကောင်းမသွားစေဘူး။ ကျွန်တော် တစ်ခု မေးလို့ရမလား” တုချုံးက အရိုးသားဆုံး မေးလိုက်သည်။

“ဘာလဲ”

“ပြန်လည်ဝင်စားခြင်းဆိုတာက အစစ်အမှန်မလား”

“ဟုတ်တယ်”

“အဲ့ဆိုရင် ကျွန်တော်က ကျင့်ကြံဆင့်နဲ့ ပါရမီ မရှိတဲ့ သေမျိုးတစ်ယောက်အနေနဲ့ မွေးဖွားလာလို့ရမလား။ ကျွန်တော် ဒီကမ္ဘာမှာပဲ ပြန်ပြီး မွေးဖွားလာချင်တယ်”

“အဲ့ဆိုတော့ မင်းက ဒီအကျိုးမရှိတဲ့ အဆုံးမဲ့တိုက်ပွဲကို စမ်းသပ်ကြည့်ချင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။

“အရှင်ကိုယ်တိုင်ပဲ ပြောတယ်လေ။ မကြိုးစားကြည့်သရွေ့ ဖြစ်နိုင်မလားဆိုတာ မသိဘူးဆို”

“ငါ မင်းရဲ့ ဇွဲလုံ့လကိုတော့ လေးစားမိတယ်” ဝမ်ဝေ့က ပြောလိုက်လေ၏။ သူက လက်ကိုမြှောက်ကာ တုချုံး၏ခန္ဓာကိုယ်ထဲ အနက်ရောင်နှင့်အဖြူရောင်အလင်းကို ထုတ်လွင့်လိုက်သည်။

လူအိုကြီးက ပြုံးရင်းဖြင့် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လာ၏။ သူက သူ့ဝတ်ရုံကိုပြင်ဆင်ပြီးသည့်နောက်တွင် နောက်ဆုံးအကြိမ်အနေဖြင့် အဝေးတစ်နေရာကို လှမ်းကြည့်ပြီး မိုးမြေကြားတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

“အရှင် ထပ်ပြီး တွေ့ကြတာပေါ့”

“နောင်ကျမှ ပြန်တွေ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည်။

All Chapters