← Chapters

ပထမကဏ္ဍ

Vol. 106 Ch. 1473

ပထမကဏ္ဍ

Vol. 106 Ch. 1473

ဝမ်ဝေ့က အဖွဲ့အစည်းမှ သူ့ကို လာကြိုသည်ကို စောင့်ဆိုင်းနေစဉ် ဧည့်သည်တစ်ယောက်က သူ့ကို စကားပြောလာသည်။

“အမတ်ချုပ်ကျူး ဒီကို ဘယ်လိုများ ရောက်လာတာလဲ” ဝမ်ဝေ့က အဖန်ရည်သောက်သုံးရင်း မေးလိုက်တော့သည်။

“တခြားအပေးအယူ လုပ်ဖို့ ရောက်လာတာလား”

“ဟုန်ဝါက ဘယ်မှာလဲ” ကျူးချန်ဟွမ်းက တိုက်ရိုက်သာ မေးလိုက်သည်။

“ခင်ဗျားရဲ့လူတွေအကြောင်းကို ကျုပ်ကို ဘာလို့လာမေးနေတာလဲ”

ဝမ်ဝေ့က သူ့စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်မေးလိုက်သည်။

“ဒါက စနောက်နေတာ မဟုတ်ဘူး။ သူမက ဘယ်မှာလဲ”

“စကားကို ကြည့်ပြော” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၍ ထိုသူက ကြက်သီးတဖျန်းဖျန်း ထသွားမိသည်။

သို့သော်လည်း အမတ်ချုပ်က နောက်မဆုတ်ပေ။

“ကျုပ်တို့က သူမအတွက် စစ်ပွဲကို ပြင်ဆင်နိုင်တယ်” ကျူးချန်ဟွမ်းက သတိပေးလိုက်၏။

“အရင်ဦးဆုံး မလုပ်တဲ့အရာအတွက် ကျုပ်ကိုလာပြီး စွပ်စွဲနေတာပဲ။ ပြီးတော့ ခင်ဗျားတို့ဆီမှာ သက်သေလည်း မရှိဘူး။ ဒါပေမဲ ခင်ဗျားတို့တွေ စစ်ပွဲ လိုချင်တယ်ဆိုရင်တော့ ကျုပ်က ပေးနိုင်တယ်။ ဒီအခွင့်အရေးကို သုံးပြီး ခင်ဗျားတို့အားလုံးကို ရှင်းထုတ်လိုက်ရင် ဘယ်လိုလဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။

“မင်း … ”

“ကျုပ်က ခင်ဗျားတို့တိုင်းပြည်ရဲ့ ပင်မအစီအရင်ကို မဖြတ်ကျော်နိုင်လောက်ဘူးဆိုပေမယ့် ခင်ဗျားတို့ရဲ့ တိုင်းသူပြည်သားတွေအားလုံးကို သတ်ပြီး ခင်ဗျားတို့ကံကောင်းမှုကို ဖျက်ဆီးပစ်ဖို့ ပြဿနာမရှိဘူးနော်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၍ ကျူးချန်ဟွမ်းက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။

“ခင်ဗျား မြင်ပြီမလား။ ခြိမ်းခြောက်တယ်ဆိုတာ ဒီလိုလုပ်ရတယ်” ဝမ်ဝေ့က အဖန်ရည်ကို ဖြည်းဖြည်းချင်း သောက်သုံးရင်းပြောလိုက်၏။ သူက စကားများကို စဉ်းစားဖို့အချိန်ပေးပြီး အမတ်ချုပ်ထံ ဖိအားများ တိုးပေးလိုက်သည်။

“ကျုပ်တို့နောက်ဆုံးအချိန် ပြောတုန်းက ခင်ဗျားက ယုံကြည်ချက်ရှိပြီးတော့ မောက်မာနေခဲ့တာ။ ခင်ဗျားပဲ သူမကို ကာကွယ်ပေးနိုင်တယ်ဆို။ ဒါပေမဲ့ အခု သူမက ခင်ဗျားလက်ထဲက လွတ်သွားတော့ ကျုပ်ဆီ လာပြီး ခွေးရူးတစ်ကောင်လို ပြဿနာလာရှာနေတာလား။ ဒါက ဘယ်လိုလုပ် အဓိပ္ပါယ်ရှိမှာလဲ”

“မင်း လုပ်တယ်ဆိုတာ ငါတို့သိတယ်”

“မင်းကလွဲရင် ငါတို့ရဲ့ နောက်ယောင်ခံနည်းလမ်းကို ဘယ်သူက ဖယ်ရှားနိုင်မှာလဲ” ကျူးချန်ဟွမ်းက ပြန်ပြောလိုက်သည်။

“ကျုပ်ကို အထင်ကြီးတာ ဝမ်းသာတယ်ဆိုပေမယ့်လည်း ဒီစစ်ဆေးမှုမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို မသိသေးဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

“နေမင်း ၂စင်းလို အဆင့်လောက်ရှိတဲ့ အင်အားစုတွေ အများကြီးရှိတယ်။ ခင်ဗျားတို့နည်းလမ်းက သူတို့ဆီကနေ ဖုံးကွယ်နိုင်မယ်လို့ ထင်နေတာလား။ ခင်ဗျားတို့သိထားသလောက် ဟုန်ဝါက သူမရဲ့လွတ်လပ်ခွင့်အတွက် သူတို့ဆီမှာ အညံ့ခံလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဘူးဆိုရင်လည်း တစ်စုံတစ်ယောက်က ခင်ဗျားတို့ရဲ့ နောက်ယောင်ခံနည်းလမ်းကို သတိထားမိပြီးတော့ စိတ်ဝင်စားပြီး သူမကိုဖမ်းသွားတာလည်း ဖြစ်နိုင်တယ်”

“သူမ ဖမ်းဆီးခံရရင် ခုံက သူမကို ကယ်တင်ပေးမှာပေါ့” ကျူးချန်ဟွမ်းက ပြန်လည်ချေပလိုက်၏။

“ဟုတ်တယ်။ အဲ့ဆိုတော့ သူမဘာသာ သူမထွက်သွားတာ မဟုတ်ဘူးလား။ ကျုပ်က အဲ့ဒီကောင်မလေးကို အပြစ်တင်နေလို့လည်း မရဘူးလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

ကျူးချန်ဟွမ်းက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။

“ဟွားရွှယ်ကို ကျုပ်တို့ဆီ လွှဲပေး”

ဝမ်ဝေ့က တုန့်ပြန်သည့်အနေဖြင့် ရယ်မောလိုက်သည်။

“ကဲ ဘယ်လိုဖြစ်လာမလဲဆိုတာကို ခင်ဗျားကို ပြောပြမယ်။ ခင်ဗျားက ခင်ဗျားတို့တိုင်းပြည်က ခင်ဗျားကို လာမခေါ်မချင်း ဒီနေရာမှာ ဧည့်သည်အဖြစ် နေရမယ်”

အမတ်ချုပ်က နောက်ထပ် ပြောတော့မည့်ဆဲဆဲတွင် စကားမပြောနိုင်တော့သလို မလှုပ်ရှားနိုင်တော့ကြောင်း တွေ့ရှိသွားလေသည်။

“ဂိုဏ်းချုပ်” ဝမ်ဝေ့က လှမ်းခေါ်လိုက်စဉ် ယွီချိုက်၏ ပုံရိပ်ယောင်က သူတို့ရှေ့တွင် ပေါ်ထွက်လာ၏။

“ချင်သူတော်စင်ခုံရုံးကို အမတ်ချုပ်က ကျုပ်တို့မလုပ်တဲ့အရာကို စွပ်စွဲပြီးတော့ စံပြတစ်ယောက်ကို ရန်စမိတယ်လို့ ပြောလိုက်။ တကယ်လို့ သူ့ကိုပြန်လိုချင်တယ်ဆို သူတို့က လျော်ကြေးတော့ ပေးရမယ်။ ကျုပ်တို့ဂိုဏ်းက အကြောင်းအရင်းမရှိဘဲ ဒီလိုအစွပ်အစွဲမခံနိုင်ဘူး”

“ကျုပ် သိပါပြီ။ ဒါနဲ့ ကျုပ်တို့တွေဘယ်လောက် တန်ကြေးကို ပြောနေတာလဲ” ယွီချိုက်က ခေါင်းညိတ်ကာ မေးလိုက်၏။

“ကျုပ်တို့က မျက်နှာဆယ်ရုံလောက်ပဲဆိုတော့ စံပြအဆင့် ပစ္စည်းတစ်ခုလောက်ဆိုရင်တောင် လုံလောက်ပါတယ်။ ဒါပေမဲ့ ပိုပြီးညှိနှိုင်းနိုင်တယ်ဆိုရင်လည်း အရမ်းကြီးလွန်အောင်တော့ မလုပ်နဲ့ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး” ယွီချိုက်က ဦးညွှတ်ကာ ထွက်ခွာသွားလေသည်။

ဝမ်ဝေ့က အမတ်ချုပ်ကို ကြည့်လိုက်သည်။

“ခင်ဗျားကို အကျဉ်းထောင်ထဲ မထည့်တာ ခင်ဗျား ကံကောင်းတယ် မှတ်”

ဝမ်ဝေ့က လက်ဝေ့ပြီးသည့်နောက်တွင် ချင်သူတော်စင်ခုံရုံးအတွက် ပြင်ဆင်ထားသည့် သံတမန်‌တောင်ထိပ်ဆီ ပို့ဆောင်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် တောင်က အစီအရင်များစွာဖြင့် ဝန်းရံတားပြီး အကျဉ်းသားဟူသော အဆင့်အတန်းကို ပြသနေလေ၏။

ကျူးချန်ဟွမ်း မြင်ကွင်းမှ ထွက်ခွာသွားသည်နှင့် ဝမ်ဝေ့က မေ့လျော့သွားလေသည်။ သူက ထိုအာဏာရှင်များ၏ နိုင်ငံရေးဆိုင်ရာ ကစားပွဲများကို မည်သို့ကစားရမည်မှန်း သိထားလေ၏။ ချင်သူတော်စင်ခုံရုံး၏ စစ်ပွဲအကြောင်းအရာအတွက်မူ သူက လျှောက်ပြောသည်ဟုသာ ယုံထားလေသည်။ အကယ်၍ အစစ်အမှန်ဖြစ်လျှင်ပင် ဝမ်ဝေ့က နောက်ဆုတ်မည် မဟုတ်ပေ။

ချင်သူတော်စင်ခုံရုံးက တာအိုအခွင့်အလမ်းဂိုဏ်းအပေါ်ရှိနေသည့် တစ်ခုတည်းသော အရေးသာချက်က ဟုန်ကျွင်း၏ လိပ်ပြာကျောက်စိမ်းဆွဲပြား ဖြစ်ပေသည်။ ထိုအရာက ထူးကဲသာလွန်မှုအသုံးအဆောင်တစ်ခု ဖြစ်နေနိုင်၏။ သူတို့ ထိုအရာအတွက် အစီအစဉ်ရှိနေသရွေ့ စစ်ပွဲ၏ တစ်ခုတည်းသောရလဒ်က ချင်တိုင်းပြည်၏ ပျက်သုဉ်းမှု ဖြစ်သွားလိမ့်မည်။ မဟုတ်ပါက တခြားသောအာဏာရှင်များပါ ပါဝင်ပတ်သက်လာနိုင်ပြီး အားလုံးက ငြိမ်းချမ်းရေးယူဖို့ ဖိအားပေးလာနိုင်သည်။

ရက်အနည်းငယ်ခန့်ကြာပြီးသည့်နောက်တွင် ဝမ်ဝေ့က သင်္ကေတအရင်းအမြစ်နယ်မြေဆီ ဦးတည်လိုက်၏။ ထိုအရာက အရည်အချင်းလမ်းစဉ် အဖွဲ့အစည်း ဌာနချုပ်ရှိရာ ဖြစ်ပေသည်။ ယခင်နှင့်မတူဘဲ အာဏာရှင်များက ထိုဌာနချုပ်ထဲတွင် ပုန်းအောင်းမနေဘဲ ပွင့်လင်းမြင်သာစွာ ထွက်ပေါ်လာပြီဖြစ်၏။

ထုံရို့ပင်းက အဖွဲ့ငယ်လေးကို ဦးဆောင်ကာ သူ့ကို လာရောက်ကြိုဆိုသည်။

“ဟမ် ကောင်းကင်ဘုံ တားမြစ်တိုက်ခိုက်ရေးအဆင့်လား” ဝမ်ဝေ့က သူမကို မြင်သည်နှင့် မှတ်ချက်ပေးလိုက်သည်။ ထုံရို့ပင်းက သက်ပြင်းချလိုက်၏။ သူမက  ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

“ဒီလိုဖြစ်သွားတာပါပဲ” ထုံရို့ပင်းက ပြောလိုက်သည်။ သူမက မူလိန်အား ရှေးဦးခန္ဓာစံအိမ်တွင် သူ့အဆင့်အတန်း တိုးမြှင့်လာအောင် ကူညီပေးရင်းဖြင့် သူမအနေနှင့် သူ့တိုးတက်မှုမှ အကျိုးအမြတ်ရနိုင်ဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရာက တာအိုလက်တွဲဖော်များသည် သေခြင်းရှင်ခြင်းကို အတူမျှဝေခြင်းဖြင့် စွမ်းအားကို မျှဝေထားခြင်း ဖြစ်၏။ ထိုနည်းလမ်းကို ကြိုးစားရင်းဖြင့် ထုံရို့ပင်းက သန့်စင်ရေး ပြုပြင်မွမ်းမံရေးမျှော်စင်မှာ ရှားပါးယင်ယန်အသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အသုံးပြုခဲ့သည်။ ရလဒ်ကမူ စုံတွဲက သူတို့၏အုတ်မြစ်ကို မျှဝေပြီး သူတို့၏တည်ရှိမှုကို ချိတ်ဆက်ကာ တစ်ဦးချင်းစီ၏ အရေးသာမှုကို ရယူနိုင်ခဲ့သည်။ တခြားနည်းဖြင့်ပြောရလျှင် မူလိန်နှင့် ထုံရို့ပင်းတို့က စံပြမဖြစ်လာခင် တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်နိုင်သွားသည်။

“ကြည့်ရတာ မင်းတို့က ကံကောင်းနေတဲ့ပုံပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။ သူ့ရွယ်တူတချို့ကသာ ထုံရို့ပင်းလောက် ကံကောင်းကြသည်။ ထိုစဉ် ယဲ့တာဖူနင့် လင်းဖန်တို့က သူတို့၏စွမ်းအားကို မြှင့်တင်ဖို့ အလျင်လိုနေကြ၏။ ကျန့်ဝူရွှမ်းနှင့် ကျန်သည့်သူများက ကံကောင်းကာ စံပြ အရင်ဖြစ်လာကြသည်။

“မင်းလည်း မင်းကိုယ်မင်း သဘောပေါက်မှာပါ။ ငါတို့တွေက မသေမျိုးအခွင့်အရေးတစ်ခုအတွက် ယှဉ်ပြိုင်နေရတဲ့ ကောင်းကင်ရွေးချယ်ခံတွေ မဟုတ်တော့ဘူး။ အခု ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ သိဖို့လိုတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ရှင့်ဆီက ဒီစကားကြားရတာ ကြောင်သူတော်ဆန်တယ် မထင်ဘူးလား”

“ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က စိတ်ရှုပ်ထွေးကာ မေးလိုက်လေ၏။

“ရှင်က မှတ်တမ်းတင်နိုင်လောက်တဲ့ အရှိန်မျိုးနဲ့ စံပြတစ်ယောက်ဖြစ်လာပြီးတော့ ရှင့်ဆီမှာ အကောင်းဆုံးအုတ်မြစ် ရှိဖို့လည်း အရာအားလုံးကို စစ်ဆေးခဲ့တယ်လေ။ ရှင်နဲ့ ပတ်သက်ပြီး ဘာမှနှေးကွေးနေတယ်ဆိုတဲ့ အရာ မရှိဘူး။ ပြီးတော့ ရှင်က အရေးသာချက်တွေအားလုံးလည်း ရှိထားသေးတယ်”

“ငါ့ကိုယ်ငါ မူမမှန်မှုတစ်ခုအစား သာမန်ကျင့်ကြံသူအဖြစ် မှတ်ယူတာက ပိုပြီးမျှတမယ်လို့ ထင်တယ်” ဝမ်ဝေ့က အမှန်တရားကိုသာ ပြောလိုက်သည်။

“ရှင်နဲ့ စကားပြောရတာ ဘယ်လောက်စိတ်တိုဖို့ကောင်းလဲဆိုတာ မေ့သွားတယ်။ ကောင်းပြီလေ တွေ့ဆုံမှုစလိုက်ရအောင်” ထုံရို့ပင်းက ပြောလိုက်လေသည်။

ဝမ်ဝေ့က ပခုံးတွန့်ကာ သူမနောက်မှ လိုက်ပါသွားပြီး ကံကြမ္မာတောင်ထိပ်ဆီ ဦးတည်လိုက်လေသည်။ ဝမ်ဝေ့က သူမသည် ပင်မတောင်တန်းဆီ ခေါ်ဆောင်မသွားသည်ကို သတိထားမိလိုက်၏။

ကြည့်ရတာ အဖွဲ့အစည်းသခင် စံပြတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတောင် အဲ့ဒီအမျိုးသမီးက အာဏာအများကြီးရှိနေသေးတဲ့ပုံပဲ …

ဝမ်ဝေ့က တွေးလိုက်လေသည်။

အကြီးအကဲချန်နှင့် တခြားသူများက သူ့အား ဧည့်ခံကြပြီး ပွဲအခမ်းအနားတစ်ခု ကျင်းပပေးကြသည်။ အစားအစာနှင့် သေရည်တို့က ထူးကဲလှလေသည်။ အထူးသဖြင့် သူတို့က ချက်ပြုတ်ရေးနှင့် သေရည်တောင်တန်းဆီမှ ဖြစ်၏။ ထိုကျွမ်းကျင်ပညာရှင်များက မကျော်ကြားသော်လည်း အဖွဲ့အစည်းကမူ ပါရမီရှင်တချို့ကို လေ့ကျင့်ပေးနေဆဲ ဖြစ်သည်။ အထူးသဖြင့် သေရည်ဌာနတွင် ဖြစ်သည်။ လူများစွာက သေရည်ကို အရံတာအိုအဖြစ် လေ့ကျင့်ကြပြီး ဓားတာအိုကို ပင်မအဖြစ် ယူဆောင်ထားကြသည်။

ထို့နောက် နာရီပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဆွေးနွေးမှု စတင်လာခဲ့သည်။

“ဒီကို ဘာအကြောင်းအရာကြောင့် လာရောက်တာလဲ” အကြီးအကဲချန်က ယဉ်ကျေးစွာ မေးလိုက်လေသည်။

“ကျုပ်က ဟိုအော့နှလုံးနာစရာသက်ရှိရဲ့ သွေးအတွက် ရောက်လာတာ” ဝမ်ဝေ့က ပြောလိုက်သည်။ ယခု သူက သက်တမ်းရင့်နတ်ဘုရားများသည် ထိုသို့မခေါ်ဆိုကြောင်း သိထားလေသည်။

“အဲဒါက ကျွန်မတို့လက်ထဲမှာပါ” အကြီးအကဲချန်က ဝန်ခံလိုက်ပြီး သူမလက်ကို ဝေ့ကာ တစ်စုံတစ်ယောက်ကို လက်ဟန်ပြလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံအဆင့် အကြီးအကဲတစ်ဦးက နောက်ထပ်စားပွဲမှ ချဉ်းကပ်လာပြီး သစ်သားသေတ္တာကို ဖွင့်ကာ ရွှေရောင်အလင်းဖြင့် တောက်ပနေသည့် ခရမ်းရောင်အရည်ကို ပြသလာလေသည်။

“ရှင် မြင်တဲ့အတိုင်း ကျွန်မတို့က သန့်စင်ဖို့ အများကြီးအားစိုက်ထုတ်ထားရတာ”

“အမှန်ပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဒါကို ပေးဖို့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဒါနဲ့ဘာလုပ်မလဲဆိုတာကို ပြောပြလို့ရမလား” အကြီးအကဲချန်က မေးလိုက်သည်။

“အဲဒါက မဖြစ်နိုင်ဘူး” ဝမ်ဝေ့က တုန့်ဆိုင်းခြင်းမရှိ ဖြေလိုက်၍ သူ့ငြင်းဆန်မှုက ယခင်တက်ကြွနေသည့် လေထုအား တင်းမာသွားစေသည်။

“ဒီသော့ခလောက်ကို ဖျက်ဆီးပစ်မဲ့ အစီအစဉ်ကို နားလည်ပါတယ်” အကြီးအကဲချန်က ဖျောင်းဖျသည့် လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားက အများကြီး သိထားတာပဲ” ဝမ်ဝေ့က ပုံမှန်အတိုင်း မှတ်ချက်ပေးလိုက်၏။

“ကျွန်မတို့က ရှင့်ရဲ့ အစီအစဉ်ကို သိပြီးတော့ အကူအညီဖြစ်လားဆိုတာကို သိချင်ရုံပါ”

“ကျုပ်ဘက်က အဖြေကတော့ အခုလဲ မရသေးဘူး”

“အဲ့ဆို‌တော့ ကျုပ်တို့ကို မယုံကြည်တာလား” ခေါင်းဆောင်က မေးလိုက်သည်။

“အခု ခင်ဗျား သိသွားပြီပဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ လက်ရှိ ရှိနေသည့်သူများက ထိုတဲ့တိုးဆန်သည့် အဖြေကြောင့် အံ့အားသင့်သွားကြသည်။

“နားထောင် … ကျုပ်က ပစ်မှတ်ခံထားရတာကနေ ကျုပ်က ဒီလောက်ကြာကြာအထိ အသက်ရှင်ခဲ့တာက ကျုပ်က သတိကြီးကြီးထားထားလို့ပဲ။ ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းအကြောင်းကို ကျုပ် မသိသလို ခင်ဗျားတို့တွေက ကျူးကျော်ခံထားရသလားဆိုတာလဲ ကျုပ် မသိဘူး။ ကျုပ် ဒီနေ့လို ပွင့်လင်းမြင်သာ ထွက်ပေါ်လာတာကိုက အန္တရာယ်ကြီးကြီးမားမား ဖြစ်နေစေပြီ” ဝမ်ဝေ့က ကောင်းကင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ဘယ်လိုလုပ် အဲ့ဒီလိုပြောရတာလဲ”

“မဟုတ်ဘူး၊။ သူ ပြောတာ နည်းလမ်းကျတယ်။ ကျွန်မတို့တွေက အဲ့ဒီအဆင့်အနေအထားနဲ့ ရင်ဆိုင်တဲ့အခါမှာ သတိကြီးကြီးမထားနိုင်သေးဘူး” ထုံရို့ပင်းက ထပ်ပြောလိုက်၏။

ခေါင်းဆောင်က တစ်စုံတစ်ခု ထပ်ပြောလိုသော်လည်း ကျိချန်းမင်နှင့်ထျန်းရွှမ်တို့၏ တိုက်ပွဲအကြောင်း ဖြစ်ပျက်ခဲ့သည့်အရာကို အမှတ်ရသွားလေသည်။

“ကျွန်မတို့က ရှင့်အမြင်ကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်”

“ဒီစကားဝိုင်းက အဓိပ္ပါယ်မရှိဘူး။ ခင်ဗျားတို့အင်အားစုက သော့ခလောက် ဖျက်ဆီးဖို့အတွက် ပါဝင်ပြီးတော့ ကုသိုလ်နဲ့ ကံကြမ္မာကို လိုချင်နေတာလေ။ ဒါပေမဲ့ မျှဝေမှုက ကျုပ်အပေါ် မူတည်မနေဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ အစီအစဉ်က ရှင့်ဟာဆိုတော့ ကျွန်မတို့ကို ပိုကြီးတဲ့ ကဏ္ဍတစ်ခုပေးနိုင်တာပဲ”

“ကျုပ် ပြောတဲ့အတိုင်း ကျုပ်က ဒီကိစ္စမှာ ဘယ်သူ့ကိုမှမယုံဘူး။ အဲ့ဆိုတော့ ဒီကိစ္စက ကျုပ်အပေါ်မှာ မူတည်နေတာ။ ဒါပေမဲ့ ကိစ္စတွေက ထင်မှတ်ထားတဲ့အတိုင်း မဖြစ်ဘူးဆိုရင်တော့ အကူအညီလိုလိမ့်မယ်။ အဲ့ဆိုရင်တော့ ခင်ဗျားတို့အဖွဲ့အစည်းဆီကို တောင်းဆိုပါ့မယ်” ဝမ်ဝေ့က ဆက်ပြောလိုက်လေသည်။

“အဲဒါဆိုရင် ကတိပေးတယ်လို့ မှတ်ယူလို့ရမလား”

“မှတ်ယူလို့ရတယ်” ဝမ်ဝေ့က ဝန်ခံလိုက်သည်။ အကယ်၍ ကိစ္စများက ထိုအခြေအနေသို့ရောက်လာခဲ့လျှင် ဝမ်ဝေ့က ဆက်တွဲအစီအစဉ်က မည်မျှအန္တရာယ်များကြောင်း ခန့်မှန်းမိလေသည်။ အကယ်၍ အဖွဲ့အစည်းက သူ့ကို အကူအညီပေးလို့ပါက သူ့အနေနှင့် အမြောက်စာများကို လက်ခံယူရလိမ့်မည်။

“ကောင်းပြီလေ ရှင်က ကတိစကားတည်တယ်လို့ ဂုဏ်သတင်းမျိုး ရှိတယ်။ အဲ့ဆိုတော့ ဘာမှတောင်းဆိုမနေတော့ပါဘူး” အကြီးအကဲချန်က ပြောလိုက်လေသည်။

“ဒါပေမဲ့ ဆိုတဲ့စကားကို ဆက်ပြီးတော့ ပြောမှာမလား” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်။ ကျွန်မတို့တွေ အဲ့ဒီပစ္စည်းကို မပေးခင် ကျွန်မတို့ရဲ့ ကံကောင်းမှုအသုံးအဆောင်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တယ်”

All Chapters