အနည်းငယ် ဂနာမငြိမ်ခြင်း
Vol. 106 Ch. 1475
“သူ့ဆီမှာရှိပြီဆိုတာ သိပြီဆိုတော့ ဘယ်လိုပြန်တောင်းမလဲ” အကြီးအကဲချန်က မေးလိုက်သည်။
“အဲ့လိုတုံးအအ အရာတွေ မပြောနဲ့လေ။ သူ့ဆီမှာရှိတယ်ဆိုရင်တောင် သက်သေက ဘယ်မှာလဲ”
“အဲဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲဒါကိုပြန်ရဖို့ ဘိုးဘေးတွေ ပြန်ရောက်လာတဲ့အထိ စောင့်ဆိုင်းနေမှာလား။ အဲ့လိုဆိုရင်တောင် သူက မကူးယူနိုင်သေးခင် အဲဒါကို ပြန်ပေးပါ့မလား”
“မဟုတ်ဘူး။ ငါတို့တွေ တစ်ခုခု လုပ်ဖို့လိုတယ်” အကြီးအကဲချန်က ပြောရင်း ထုံရို့ပင်းကို ကြည့်ကာ မေးလိုက်သည်။
“မင်းက အခုဝမ်ဝေ့နဲ့ ယှဉ်လိုက်ရင် ဘယ်လောက်အားကောင်းလဲ”
“သူ့စွမ်းအားက အမြဲတမ်း မြင့်နေခဲ့တာ။ သူ့လက်ရှိအနေအထားက ကျွန်မထက် ပိုပြီးမြင့်တယ်ဆိုတော့ အနိုင်ရရှိဖို့ အခွင့်အရေးရှိပါ့မလားပဲ” ထုံရို့ပင်းက အမှန်အတိုင်း ပြန်ဖြေလိုက်၏။
“မင်းဆီမှာ ရှေးဦးလက်နက်ရှိတယ်ဆိုရင်ကော ဘယ်လိုလဲ” အကြီးအကဲချန်က မေးလိုက်သည်။
“ကျွန်မတို့ဆီမှာ အဲ့လိုအရာရှိတယ်လား”
“ငါတို့တွေက လမင်းတွေရဲ့ အုပ်စိုးမှုကာလတွေမှာ အတင်းအကြပ် ချိတ်ပိတ်ထားလိုက်ရတာ။ ဒါပေမဲ့ သုံးလို့ရသေးတယ်” အကြီးအကဲချန်က ဝန်ခံလိုက်သည်။
ထုံရို့ပင်းက စဉ်းစားလိုက်၏။
“တာအိုအခွင့်အလမ်းဂိုဏ်းမှာ တူညီတဲ့ လက်နက်မျိုးရှိလား။ ဒါမှမဟုတ်ဘူးဆိုရင်လည်း အဲ့လိုအဆင့်ထိ နီးကပ်နေတဲ့ အရာမျိုးပေါ့”
“သူတို့ဆီမှာလည်း ရှိလိမ့်မယ်” အကြီးအကဲချန်က ပြောလိုက်သည်။
“အဲ့လိုဆိုရင် သူတို့ကို အသုံးမပြုနိုင်အောင် မတားဆီးနိုင်သရွေ့ ကွာဟချက် ကြီးကြီးမားမားရှိမှာ မဟုတ်ဘူး” သူမက သုံးသပ်လိုက်၏။
“အဲ့ဆိုရင်တော့ နှမြောစရာပဲ” အကြီးအကဲချန်က သက်ပြင်းချလိုက်သည်။ ထုံရို့ပင်းက သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်သူဖြစ်ပြီး အကြီးအကဲချန်အနေဖြင့် အထွတ်အထိပ်အခြေအနေတွင်ရှိလျှင်ပင် သူမကို အနိုင်ရရှိနိုင်မည် မဟုတ်ပေ။
“အဲ့လိုဖြစ်သွားပြီလား” အဖွဲ့ခေါင်းဆောင်က မေးလာသည်။
“သံတမန်ရေးရာကလည်း ကျရှုံးသွားပြီ။ အားသုံးတာကလည်း ရွေးချယ်စရာ မဟုတ်ဘူးဆိုတော့ အဲ့ဒီအသုံးအဆောင်ပစ္စည်းနဲ့ ပတ်သက်ပြီး တိုက်ရိုက်လုပ်နိုင်တာ ဘာမှမရှိတော့ဘူး” သူမက သက်ပြင်းချလိုက်သည်။
“တိုက်ရိုက်တဲ့လား။ အဲ့လိုဆိုတော့ ကျုပ်တို့လုပ်နိုင်သေးတဲ့အရာ တစ်ခုခုရှိနေသေးတယ်ဆိုတဲ့ သဘောလား” အဖွဲ့ခေါင်းဆောင်က အလျင်အမြန် မေးလာသည်။
“အခုစံပြဖြစ်လာပြီးတဲ့နောက်မှာ မာနတွေကြီးလာပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေ မြင့်မားနေတဲ့ လေလွင့်ကျင့်ကြံသူတွေ အများကြီးရှိနေတယ်” အကြီးအကဲချန်က ဖြည်းဖြည်းချင်း ရေရွတ်လိုက်သည်။
“အဲ့ဒီလူတွေက အာဏာရှင်တစ်ယောက်ကို စိန်ခေါ်ဖို့ ကိုယ့်ကိုကိုယ်အားကောင်းတယ်လို့ ယုံကြည်ဖို့ အချိန်တစ်ခုပဲ ကြာလိမ့်မယ်။ ငါတို့တွေ လက်ရှိအားနည်းနေတဲ့ အခြေအနေအရဆိုရင် အဲ့ဒီလူတွေက ငါတို့တွေ ပျောက်ဆုံးနေတဲ့ အသုံးအဆောင်ပစ္စည်း ရှာနေကြတာကို သိရှိသွားတာနဲ့ ငါတို့တွေက အားနည်းတယ်ဆိုပြီးတော့ ပစ်မှတ်အနေနဲ့ ရွေးချယ်ကြလိမ့်မယ်။ ငါတို့တွေက အဲ့ကိစ္စကို ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မယ်”
“အင်အားပြချင်တာလား” အဖွဲ့ခေါင်းဆောင်က မေးလာသည်။
“ဟုတ်တယ်”
“ပစ်မှတ်က ဘယ်သူလဲ”
“တောင်ပိုင်းချူးတိုင်းပြည်ပေါ့။ ငါတို့တွေမှာ ပြီးပြည့်စုံတဲ့ အကြောင်းပြချက် ရှိနေတာပဲလေ။ ဘာလို့အသုံးမချရမှာလဲ” အကြီးအကဲချန်က တည်တည်ငြိမ်ငြိမ် ပြောလာသည်။
“သူတို့တွေက ပြီးပြည့်စုံတဲ့ ပစ်မှတ်ပဲ။ ဒါပေမဲ့ ကျုပ်တို့တွေ လေ့လာထားသလောက် သူတို့တွေနဲ့ ချင်သူတော်စင်ခုံရုံးကြားမှာ ဆက်နွယ်မှုတချို့ရှိတယ်တဲ့။ သူတို့တွေက ဝင်ရောက်စွက်ဖက်လာရင် ဘယ်လိုလုပ်မလဲ” အဖွဲ့ခေါင်းဆောင်က ဖြတ်ပြောလာသည်။
“အဲဒါက ပင်းအာအပေါ်မှာ မူတည်နေလိမ့်မယ်။ မင်းက ချင်သူတော်စင်ခုံရုံးရဲ့ စံပြအသစ်ထက် ပိုပြီးအားကောင်းလား” အကြီးအကဲချန်က ထုံရို့ပင်းကို ကြည့်ကာမေးလိုက်သည်။
“ပါရမီအနည်းငယ်ထူးတဲ့ မင်းသားတစ်ပါးပဲ ရှိမှာပါ။ သူက ပြဿနာကြီးကြီးမားမား ဖြစ်မှာမဟုတ်ပါဘူး” ထုံရို့ပင်းက ပြန်ဖြေလိုက်သည်။
“အဲ့ဆိုရင် မင်းက အခြေအနေကို သုံးသပ်လိုက်။ တကယ်လို့ မင်းက အနိုင်ရနိုင်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ချင်သူတော်စင်ခုံရုံးကိုပါ သင်ခန်းစာတစ်ခု ပေးလိုက်ပေါ့။ ငါတို့တွေက သတင်းစကားပါးရုံဆိုတော့ လွန်လွန်ကျူးကျူးတော့ မလုပ်နဲ့။ ဒါပေမဲ့ သူက တကယ့်ပြဿနာဖြစ်လာနိုင်တယ်ဆိုရင် သူတို့ကို နည်းနည်းမျက်နှာသာတော့ ပေးလိုက်ပေါ့”
“ကျွန်မ နားလည်ပါပြီ။ အခု သွားစေချင်လား” ထုံရို့ပင်းက မေးလိုက်သည်။
“မဟုတ်ဘူး။ နည်းနည်းလောက် ထပ်စောင့်လိုက်ဦး။ စစ်ဆေးမှုက အခုမှ အဆုံးသတ်ထားတာဆိုတော့ ငါတို့တွေ မလှုပ်ရှားခင် အခြေအနေကို စောင့်ကြည့်ရအောင်” အကြီးအကဲချန်က ပြောလိုက်သည်။
“ဒီလိုဆိုရင် သင့်တော်တဲ့ အချိန်ကျရင် ကျွန်မကို ခေါ်လိုက်ပါ”
......
ဝမ်ဝေ့က ဖြည်းဖြည်းချင်း အိမ်သို့ရောက်ရှိလာလေ၏။ သူ လေဟာနယ်ထဲ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အလင်းနှစ်သန်းချီ ကူးသန်းပြောင်းရွေ့နိုင်သည်။ သူက သွားလာနေရင်းဖြင့် တွေ့ဆုံမှုအကြောင်း နက်နက်နဲနဲ စဉ်းစားလိုက်၏။
ကံကောင်းမှုအသုံးဆောင်ပစ္စည်းအကြောင်းကို ပြောမှ အဲ့ဒီရတနာရဲ့ ဇစ်မြစ်ကို သတိရသွားတယ် …
ဝမ်ဝေ့က တွေးလိုက်သည်။ ယခုအခါ လူများက အဖွဲ့အစည်းသည် အဆုံးမဲ့တာအိုဂိုဏ်း၏ ကံကောင်းမှုတချို့ကို မည်သို့အမွေဆက်ခံရရှိထားကြောင်း သိထားကြပြီဖြစ်၏။
အဲ့ဆိုတော့ ဓားလမ်းစဉ်အဖွဲ့အစည်းကလည်း သူတို့နာမည်မှာ တာအိုဆိုတဲ့ စကားလုံးနဲ့ တူတာကို သုံးထားတာ သတိထားမိသွားတယ်။ သူတို့ရဲ့အဖွဲ့အစည်းက အဆုံးမဲ့တာအိုဂိုဏ်းနဲ့ ဆက်နွယ်မှုမရှိဘူး …. ကောင်းကင်တာအိုက အဲ့ဒီနာမည်သုံးတဲ့အတွက် သူတို့ကို အပြစ်မပေးရလောက်အောင် သူတို့အမွေဆက်ခံထားတာ ဘယ်ကံကြမ္မာလဲ …
ဝမ်ဝေ့က ဓားလမ်းစဉ်အဖွဲ့အစည်းမှ ယန်းအိုက်ထံ တောင်းဆိုချက်အား အမှတ်ရသွားလေသည်။
အစတုန်းက ငါက ဘိုးဘေးကို ဖျောင်းဖျဖို့ စိတ်လောနေခဲ့တာ။ ဒါပေမဲ့ အခုသေချာပြန်ပြီး စဉ်းစားကြည့်တော့မှ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီး ကြီးကြီးမားမားရှိနေတာပဲ …
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ သူက ဘိုးဘေးဆီ အားလုံးပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးသော ရွေးချယ်မှုက သူ့အပေါ်တွင် မူတည်မနေပေ။
အနာဂတ်ဇနီးလောင်းက အဆုံးမဲ့တာအိုဂိုဏ်း၏ ပျက်သုဉ်းခြင်းတွင် ပါဝင်ဆင်နွဲခဲ့ဖူးကြောင်း ပြောပြခဲ့ဖူးကြောင်း ဝမ်ဝေ့က စဉ်းစားလိုက်၏။ ထိုစဉ်က ပထမမူလစစ်ပွဲသည် အဆုံးသတ်သွားသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး သက်တမ်းရင့်သည့် အင်အားစုတချို့က ရှေးဦးစံပြအဆင့်များ ရှိနေပြီဖြစ်ကာ ဝူဟုန်က ငယ်ရွယ်သေးပြီး အလားအလာကောင်းသည့် စံပြမျှသာတစ်ယောက် ဖြစ်နေလေသည်။
သူမက သင်္ကေတတွေကို လေ့လာသုံးသပ်ဖို့ စာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ သူမက ကံကောင်းမှုအကြောင်းကိုတော့ မပြောခဲ့ဘူး။
ဝမ်ဝေ့က သုံးသပ်လိုက်လေ၏။
ဒါပေမဲ့ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းနဲ့ သူမနဲ့ ပတ်သက်မှုအရ သူမက ပမာဏအနည်းငယ် အမွေဆက်ခံရနိုင်ခြေတော့ ရှိတယ် …
ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေသည်။
တကယ်လို့ ဒါသာအမှန်ဖြစ်မယ်ဆိုရင် သူမက အဖွဲ့အစည်းကို မူလစည်းတံဆိပ်ကုန်းမြေဆီ စုပ်ယူနိုင်တာပဲ …
အကယ်၍ ဝူဟုန်သာ နောင်ကပ်ဘေး၏ ပထမဦးဆုံး ထူးကဲသာလွန်မှုအဆင့်ဖြစ်လာပါက သူမသည် မူလစည်းတံဆိပ်ကုန်းမြေ၏ အင်အားကို တိုးမြှင့်ဖို့ လိုအပ်လာလိမ့်မည်။ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းကို ဝါးမြိုခြင်းထက် ပိုမိုကောင်းမွန်သည့်အရာ ရှိဦးမည်လား။
သူမကလည်း ဒါကိုတွေးမိထားပြီးတော့ ကြိုတင်ပြင်ဆင်ထားတာ သေချာတယ် …
ဝမ်ဝေ့က အပြုံးဖြင့် အိမ်သို့ပြန်လာခဲ့လိုက်သည်။ သူ ပြန်ရောက်လာသည်နှင့် သွေးစက်ကို အသုံးချဖို့ အလျင်လိုနေခြင်း မရှိပေ။ ထိုအစား သူက ကိုယ်ပျောက်သဖွယ် ပြောင်းလဲပြီး မီးတောက်ပန်းပဲဆရာဆီ ချဉ်းကပ်လာသည်။ ထိုသူကို မသိရှိစေဘဲ ဝမ်ဝေ့က ထိုသူ၏ဝိညာဉ်ဆီ တာအိုလမ်းစဉ်ကျောက်ပြား၏ တည်ရှိမှုအကြောင်း ဖြည်းဖြည်းချင်း မေ့လျော့သွားအောင် လုပ်ခဲ့သည်။
ဝမ်ဝေ့က သူ့မှတ်ဉာဏ်များကို ဖျောက်ပစ်နိုင်သော်လည်း တန်ပြန်သက်ရောက်မှုအရ ကွေ့ပတ်နေသည့် ချဉ်းကပ်မှုက တိုက်ရိုက်ချဉ်းကပ်မှုထက် ပိုမိုအကျိုးရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ မီးတောက်ပန်းပဲဆရာက အဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်နေစဉ် ဝမ်ဝေ့၏ ဝိညာဉ်တာအိုက စံပြအဆင့်ထိပင် မရောက်သေးပေ။
သူက ပြဿနာမရှိကြောင်း သေချာအောင် လုပ်ဆောင်ပြီးသည့်နောက်တွင် စံအိမ်သို့ ပြန်လာ၏။ သူက လက်ဖျောက်တီးလိုက်သည့်အချိန် သူ့ရှေ့၌ အရိပ်တစ်ခု ပေါ်လာသည်။
ခေါင်းဆောင်ရှဲ့ဟွမ်းက ကျင့်ကြံမှုကို မပြီးဆုံးခင် သူ့ဆီ ခစားဖို့ လူတစ်ယောက် ရွေးချယ်ပေးခဲ့သည်။
“မင်းတို့ရဲ့ ခေါင်းဆောင်ကို သူမရဲ့ ပထမဦးဆုံးအလုပ်က မီးတောက်ပန်းပဲဆရာကို စောင့်ကြည့်ဖို့ဆိုတာ ပြောလိုက်”
“ဟုတ်ကဲ့ပါ”
အရိပ်က ပျောက်ကွယ်သွားပြီး ဝမ်ဝေ့က အလုပ်ကို စတင်လိုက်သည်။ သူက သွေးကို စတင်စမ်းသပ်ကြည့်လိုက်သည့်အချိန် အဖွဲ့အစည်းက သန့်စင်ရေးဖြစ်စဉ်၌ ကြီးကြီးမားမားဆောင်ရွက်ထားသည်ဟု ဝန်ခံရပေမည်။ သူတို့က များစွာသော နည်းလမ်းများကို အသုံးပြုထားခဲ့ပြီး သန့်စင်ရေးအစီအရင်များ၊ အရင်းအမြစ်သန့်စင်ရေးအဆောင်များ၊ ကူးပြောင်းရေးအသုံးအဆောင်ပစ္စည်းနှင့် မီးတောက်သန့်စင်ရေး ဆေးလုံးများကိုပင် အသုံးပြုထားသည်။
တခြားတာအိုသန့်စင်ရေးနည်းလမ်းတွေကိုလည်း အသုံးပြုထားတဲ့ အရိပ်အယောင်တွေ ရှိနေတယ် ….
ဝမ်ဝေ့က လေ့လာလိုက်သည်။
ဒါပေမဲ့ မလုံလောက်သေးဘူး …
တည်ရှိမှုအနေအထားတွင် ဝမ်ဝေ့က ထိုသွေးထဲ၌ ဖုံးကွယ်ခံထားရသည့် ကဏ္ဍတချို့ကို သတိထားမိလိုက်သည်။ နမူနာအနေဖြင့် ထိုသွေး၏ မူလဇစ်မြစ်က မည်သူပင်ဖြစ်စေကာမူ တခြားသူများကို လေ့လာစောင့်ကြည့်ဖို့ အသုံးချနိုင်ပေသည်။ တခြားနည်းလမ်းဖြင့် ပြောရမည်ဆိုလျှင် ကတ်သုလူက ယုံကြည်သက်ဝင်သူအားလုံး သို့မဟုတ် ၎င်း၏ စွမ်းအား သို့မဟုတ် သွေးဖြင့် စွန်းထင်းထားသည့်သူများကိုပင် စောင့်ကြည့်နိုင်ပေသည်။
ငါတို့တွေ အဲ့လိုဖြစ်လို့မရဘူး …
ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် ကိုယ်ပိုင်သန့်စင်မှုကို စတင်လိုက်၏။ သူက တည်ရှိမှုကို လွှမ်းမိုးနိုင်သည့် အကောင်းဆုံးနည်းလမ်းကို ဆုံမှတ်နည်းစနစ်မှ တွေ့ရှိထားသည်။ သို့သော်လည်း ဤသည်က ဆုံမှတ် မရှိသည့် သွေးစက်သာ ဖြစ်နေ၏။ ထို့ကြောင့် နည်းလမ်းတချို့ကို ကောက်ချက်ချဖို့ အချိန်တစ်ခု လိုအပ်နေသည်။ သူက ခန္ဓာကိုယ်၏ အမ်တမ်များကို အသုံးပြုသည့် ဆုံမှတ်နည်းစနစ်ကို အသုံးပြုဖို့ ပြင်ဆင်ထားလေသည်။
ဒါက အလုပ်ဖြစ်နိုင်တယ် …
ဝမ်ဝေ့က မကြိုးစားကြည့်ခင် တွေးလိုက်မိသည်။ သူက အခန်းအတွင်း ပိတ်လှောင်ကာ သွေးကိုသန့်စင်ဖို့ အကောင်းဆုံး ကြိုးစားလိုက်၏။ သို့သော်လည်း ငါးနှစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို ခံစားမိကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
ခုံက စံပြကျိမင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး သူက ထိပ်တိုက်ရင်ဆိုင်တော့မည့်အလား ဖြစ်နေ၏။
လေလွင့်ကျင့်ကြံသူတွေက ကျောင်းတော်ကိုလည်း တိုက်ခိုက်ခဲ့တာပဲ။ တကယ်လို့ ငါ မှတ်မိတာမှန်မယ်ဆိုရင် ကျိမင်က ခုံ စံပြတစ်ယောက် ဖြစ်လာနိုင်ချေအမြင့်ဆုံးသူဆိုတာ သိထားတာတောင် မျက်နှာသာမပေးဘူးပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
အခုလက်စားချေရမဲ့အချိန်လား …
သူက ထိုသူနှစ်ဦးကို မျက်မှောင်ကြုတ်ကာ စောင့်ကြည့်လိုက်သည်။
မဟုတ်သေးဘူး။ ကိစ္စတွေက အဲ့လောက်ရိုးရှင်းမှာတော့ မဟုတ်သေးဘူး။ စစ်ဆေးမှုအပြီးမှာတော့ ခုံက နည်းနည်းတော့ တစ်မျိုးဖြစ်နေတယ်ဆိုတာ ခံစားမိတယ်။
တိုက်ပွဲက တစ်ဖက်သတ်ဆန်လှသည်။ ခုံက ကျိမင်နှင့် လောင်မာတို့ကို အလွယ်တကူ ဖိနှိပ်ပြီး သူတို့အား ရှုနျန်ဇူဆီမှ အကူအညီတောင်းဖို့ ဖိအားပေးခဲ့လေသည်။ တတိယမင်းသားက သူ့ကံကြွေးကို ပြန်ပေးဆပ်ဖို့ ရောက်လာသော်လည်း သူ့တည်ရှိမှုက ဘာမှအဓိပ္ပါယ်မရှိခဲ့ပေ။
ခုံက စံပြသုံးယောက်ကို အနိုင်ယူပြီး စွမ်းအားကို ပြသခဲ့လေသည်။ ထို့ပြင် သူက ကျိမင်နှင့် လောင်မာကို ဖမ်းဆီးပြီး တတိယမင်းသားအား ထွက်ပြေးသွားစေကာ သူ့တိုင်းပြည်၏ ချီကံကောင်းမှု ကာကွယ်မှုအောက်တွင် ပုန်းအောင်းနေစေသည်။ ခုံက သူ့နောက်ကို လိုက်မဖမ်းဘဲ လူသိရှင်ကြား ကြေညာချက်တစ်ခုကို ကြေညာခဲ့၏။
ပထမဦးဆုံးက သူက သူ့အပြုအမူအတွက် တောင်းပန်ခဲ့ပြီး သူသည် ဤကဲ့သို့ရဲတင်းစွာ ပြုမူရသည့် အကြောင်းအရင်းကိုပင် ထုတ်ဖော်ခဲ့လေသည်။ သူက စံပြဖြစ်လာဖို့ တာအိုသက်သေပြထားသည့် လေလွင့်ကျင့်ကြံသူအားလုံးကို သူ့ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်မှ ကျင်းပသည့် ဟောပြောပွဲဆီ ဖိတ်ကြားခဲ့လေသည်။ သူက စံပြအဆင့်တွင် လျှို့ဝှက်ချက်များစွာရှိနေကြောင်း ပြောကြားခဲ့ပြီး မျိုးနွယ်စုများက သူတို့အတွက် လျှို့ဝှက်ထားသည့် လျှို့ဝှက်ချက်များစွာရှိနေသော်လည်း သူကမူ အားလုံးကို သင်ကြားပေးလိုသည်။
သူက တစ်စုံတစ်ခုကို စီစဉ်နေတာပဲ …
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် လက်ဖျောက်တီးလိုက်ပြီး သူ့အရိပ်ကို ဆင့်ခေါ်လိုက်၏။
“ကျောင်းတော်ထဲမှာရှိနေတဲ့ ငါတို့ရဲ့ သူလျှိုတွေအားလုံး သုံးလိုက်။ သူ ဘာတွေစီစဉ်နေလဲဆိုတာ သိချင်တယ်”
“အမိန့်အတိုင်းပါ”
ဝမ်ဝေ့က သွေးစက်ကို ဆက်လက် သန့်စင်နေလိုက်ပြီး နှစ်နှစ်ခန့်ကြာမြင့်သွားလေသည်။
ထုံရို့ပင်းက တောင်ပိုင်းချူးတိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်ပြီး ရှုနျန်ဇူကို ဖမ်းဆီးသွားခဲ့သည်။ ထိုဖြစ်ရပ်နှစ်ခုအပြီးတွင် ပိုမိုသေးငယ်သည့် ထိပ်တိုက်ရင်ဆိုင်မှုများက ပိုမိုဖြစ်ပျက်လာလေသည်။
သော့ခလောက်တောင် မဖယ်ရှားရသေးဘူး။ အဲ့ဒီလူတွေက အချင်းချင်း တိုက်ခိုက်ကြကုန်ပြီပဲ …
ဝမ်ဝေ့က ခေါင်းရမ်းလိုက်လေသည်။ သူက သူတို့ကို လျစ်လျူရှုထားချင်သော်လည်း မလုပ်နိုင်ပေ။ သူက အန္တိမသဟဇာတသည် ကမ္ဘာဆီ ပြန်လာဖို့ နောက်ဆုံးကြိုးပမ်းမှုအနေနှင့် သဘောထားကွဲလွဲအောင် တိတ်တဆိတ် လှုံ့ဆော်နေခြင်း မဟုတ်ကြောင်း သေချာဖို့ရာ လုပ်ဆောင်ရဦးမည် ဖြစ်၏။