← Chapters

ခိုးယူသူများနှင့် လင်းဖန်၏ ရန်ငြိုး

Vol. 106 Ch. 1476

ခိုးယူသူများနှင့် လင်းဖန်၏ ရန်ငြိုး

Vol. 106 Ch. 1476

ဧကရာဇ်ခုံက သူ့ကျောင်းတော်အောက်တွင် ရှိနေသည့် အကျဉ်းထောင်ဆီ ရောက်ရှိလာလေသည်။ သူက စံပြကျိမင်ရှိရာဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေ၏။ ထိုသူကို ဘယ်ဖက်လက်နှင့် ညာဖက်လက်တွင် သံကြိုးများနှင့် ချည်နှောင်ထားပြီး လေထဲ တွဲလောင်းချိတ်ထားလေသည်။ ကျိမင်က အခြေအနေ ဆိုးရွားနေသော်လည်း သူ့အရှိန်အဝါက ခက်ခဲမာကြောနေဆဲသာ ဖြစ်၏။

“ကောင်းပြီလေ ခင်ဗျား စိတ်ပြောင်းသွားပြီလား” ခုံက တည်ငြိမ်စွာ မေးလိုက်သည်။ သို့သော်လည်း သူ ရရှိသည့် တစ်ခုတည်းသော အဖြေက တံတွေးထွေးမှုသာဖြစ်သည်။ ခုံက ထိုသူ၏အပြုအမူကြောင့် နည်းနည်းလေးမှ စိတ်ရှုပ်ထွေးသွားခြင်း မရှိပေ။

“ခင်ဗျားရဲ့နောက်လိုက် အဲဒီလူအိုကြီးကတော့ ခင်ဗျားအသက်ရှင်နေဖို့အတွက် ဦးညွတ်ဖို့ ရွေးချယ်လိုက်တယ်လေ။ သူက အတော်လေး သစ္စာရှိတယ်မလား။ ခင်ဗျားက သူ့ရဲ့သစ္စာရှိမှုကို ဆုချီးမြှင့်ပြီးတော့ သူ့ရဲ့ခြေလှမ်းအတိုင်း ဘာကြောင့် မလျှောက်လှမ်းရတာလဲ” ခုံက ဆက်ပြောလိုက်သည်။

ကျိမင်က သူ့ကို စိုက်ကြည့်လာ၏။ သူက လောင်မာသည် သူ့ဘဝအတွက် အပေးအယူ လုပ်မည်ကို မအံ့ဩမိပေ။ သို့သော်လည်း ထိုလူအိုကြီးက သူ့ဘဝတလျှောက်လုံး တခြားသူများကို ခစားဖို့ ရွေးချယ်ခဲ့သည့်အတွက် သူ့ရွေးချယ်မှုက နားလည်၍ ရပေသည်။ သို့သော်လည်း ကျိမင်ကမူ တခြားသူများထံ ဦးညွှတ်ဖို့ ငြင်းဆန်၏။ သူက လမင်း သို့မဟုတ် နေမင်း နှစ်စင်းထံတွင်ပင် ဦးမညွှတ်ခဲ့သည့်အတွက် လူအားလုံးအနက် ခုံဆီ ဦးညွှတ်နေမည် မဟုတ်ပေ။

“ကျိမင် … ခင်ဗျားက ခင်ဗျားရဲ့ ကိုယ်ပိုင်င်ပါရမီနှင့် အားစိုက်ထုတ်မှုတွေနဲ့ ကမ္ဘာရဲ့ထိပ်ဆုံးဆီ လျှောက်လှမ်းချင်တဲ့ ရည်မှန်းချက်ကြီးသူတစ်ယောက်ပဲ” ခုံက ကြက်သီးထဖွယ်ထူးထူးဆန်းဆန်း ရေရွတ်လိုက်သည်။

“ကံဆိုးတာက ခင်ဗျားက ဗဟုသုတနဲ့အုတ်မြစ် ရှိမထားတဲ့ ကျင့်ကြံသူသာသာပဲ။ ကျုပ်လက်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်လိုက်ဦး”

ခုံက အချိန်အငွေ့အသက်များ ထုတ်လွှတ်နေသည့် ထူးထူးဆန်းဆန်းသင်္ကေတတစ်ခုကို ထုတ်ပြလာသည်။

ကျိမင်၏ မျက်ဝန်းက အရောင်ပြောင်းလဲသွားလေ၏။

“ဟုတ်တယ်။ အဲဒါက ခင်ဗျားရဲ့ အချိန်အမှတ်အသားပဲ။ ခင်ဗျားရဲ့ ကာကွယ်နိုင်စွမ်းက အတော်လေးကို နိမ့်ကျနေတာ။ ဒါပေမဲ့ နည်းနည်းတော့ အချိန်ယူခဲ့ရတယ်”

ခုံက စစ်ဆေးမှုအတွင်း ကျင့်ကြံရုံသာမကဘဲ လေ့ကျင့်နေခဲ့သည်။ တိုက်ပွဲမျှော်စင်၏ စွမ်းရည်အကြောင်း သိပြီးသည့်နောက်တွင် သူက ထိုအခွင့်အရေးကို အသုံးပြုကာ စံပြများအကြား တိုက်ပွဲနှင့်ပတ်သက်ပြီး ကျောင်းတော်၏ ဗဟုသုတများလှစ်ဟာနေမှုကို ဖြည့်ဆည်းပေးခဲ့လေ၏။

“ကိစ္စတွေက အဲ့လောက်ထိ သွားဖို့မလိုပါဘူး။ ခင်ဗျားက ကျောင်းတော်မှာ အာဏာရှိတဲ့ အဆင့်မြင့်ဆရာ တစ်ယောက် ဖြစ်လာနိုင်တယ်။ တကယ်လို့ ခင်ဗျားက ကျောင်းအုပ်ဖြစ်ချင်တယ်ဆိုရင်တောင် ကျုပ်က ညှိုနှိုင်းပေးလို့ရတယ်။ ခင်ဗျားကို မျှမျှတတအခွင့်အရေးပေးဖို့ ကိစ္စမရှိဘူး။ ကျုပ်တို့တွေ အတူတူသာဆိုရင် ရောက်ရှိလာမဲ့ကပ်ဘေးမှာ ထိပ်ဆုံးနေရာကို ရယူနိုင်မဲ့ မျိုးဆက်တစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်”

ကံဆိုးစွာဖြင့် ခုံ လက်ခံရရှိလိုက်ရသည့် တုန့်ပြန်မှုက ထပ်မံ တံတွေးထွေးမှုသာ ဖြစ်၏။

“ခင်ဗျားက လက်လျော့လိုက်တာထက် သေချင်နေတာပဲ”

“ငါတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ အဲ့ဒီသက်ရှိနှစ်ယောက်ကတောင် ငါ့ကို ဦးညွှတ်အောင် မလုပ်နိုင်ခဲ့ဘူး။ သေခြင်းတရားက လုပ်နိုင်မယ်များ ထင်နေလား” ကျိမင်က လှောင်ပြောင်ကာ ပြောလိုက်သည်။

“ဪ ဒီအခွင့်အရေးက နည်းပါးမှန်းတော့ သိပါတယ်” ခုံက ဝန်ခံလိုက်၏။ သို့သော်လည်း ကျိမင်က ကြီးစိုးလာသည့် အဆိုးခံစားချက်ကို အာရုံခံမိလိုက်သည်။

“နောက်ဆုံးအကြိမ်အနေနဲ့ ကြိုးစားကြည့်ရုံပါပဲ”

“တကယ်လို့ ငါ့ကိုသတ်မယ်ဆိုလည်း သတ်လိုက်။ လျှောက်ပြီးတော့ စကားတွေ ပြောမနေနဲ့တော့”

“ခင်ဗျားကို သတ်လို့မရသေးဘူး။ ကျုပ်ရဲ့ ကျောင်းတော်က အခုမှစည်ပင်ကြွယ်ဝလာရုံပဲ ရှိသေးတယ်။ ယခင်ခေတ်ကာလရဲ့ ပထမစံပြကို သတ်ပစ်ဖို့ အကျိုးသက်ရောက်မှုကို မခံယူနိုင်သေးဘူး။ အနည်းဆုံးတော့ အခုအထိပေါ့” ခုံက ညင်သာစွာပြောလိုက်သည်။

“အဲ့ဆိုတော့ ငါ လက်မလျော့မချင်း ငါ့ကို နှိပ်စက်ချင်တာလား။ မင်းက ငါ့ကို လျော့တွက်နေတာပဲ” ကျိမင်က လှောင်ပြောင်ကာ ပြောလိုက်သည်။

“ခင်ဗျားနဲ့ကျုပ်နဲ့ နှစ်ယောက်လုံးက သေခြင်းတရားထက် ဆိုးဝါးတဲ့ ကံကြမ္မာတွေ ရှိတယ်ဆိုတာ သိကြတာပဲ။ နှိပ်စက်မှုကတော့ သူတို့ထဲက တစ်ခုပဲ။ ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး” ခုံက ဆက်ပြောလိုက်သည်။

“စကားပြောရတာ ပျင်းဖို့ကောင်းတယ်လို့ ပြောတယ်မလား။ ဒီလိုဆိုရင် ခင်ဗျားကို ကျုပ် ပြလိုက်ရင် ဘယ်လိုလဲ”

သူက လက်ဖျောက်တီးလိုက်သည့်အခါ ပတ်ဝန်းကျင်က ပြောင်းလဲသွားလေ၏။ ကျိမင်က သူ့အောက်တွင် အစီအရင်သန်းပေါင်းများစွာ လမ်းကြောင်းတစ်ခု ဖွဲ့စည်းထားသည့် မျှော်နန်းဆောင်၏ထိပ်တွင် ရောက်ရှိနေကြောင်း သဘောပေါက်မိသွားသည်။ အောက်ဖက်တွင် လူငယ်လေးတစ်ဦးက ကျင့်ကြံနေလေ၏။ သူ့ခန္ဓာကိုယ်က သူ့အိမ်မက်ထဲတွင်ပင် အမှားအယွင်းမလုပ်နိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။

“အဲဒါက …  မင်းပဲ”

“ကျောင်းတော်ရဲ့ ပထမဦးဆုံး ‌ခိုးယူသူနဲ့ တွေ့လိုက်ဦး” ခုံက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်၏။

“ခင်ဗျားရဲ့ ခိုးယူရေးတာအိုကနေ ဖန်တီးထားတာလေ။ သူတို့တွေက လက်ရွေးစင်အမှောင်အင်အားစုတစ်ခု ဖြစ်လာပြီး‌တော့ အရင်းအမြစ်၊ ဗဟုသုတ၊ ဇစ်မြစ်နဲ့ အသက်ကို ခိုးယူလိမ့်မယ်”

“သောက်ခွေးကောင် ဘယ်လိုလုပ်ရဲတာလဲ။ ငါ့ကို အဲ့လိုဆက်ဆံရဲတယ်လား” ကျိမင်က အော်ပြောလိုက်သည်။

“ဒါက ကြေကွဲဖို့ကောင်းတယ်မလား” ခုံက လှောင်ပြောင်ကာပြောလိုက်လေ၏။

“အစကတည်းက ခင်ဗျားကို ကျုပ် မလိုအပ်ခဲ့ဘူး။ ကျုပ်ရဲ့ သရဖူမှာ ခင်ဗျားက နောက်ဆုံးရတနာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့တည်ရှိမှုကတော့ ကိစ္စတွေကို ပိုပြီးတော့ တရားဝင် ဖြစ်သွားစေမှာပေါ့”

ဧကရာဇ်ခုံက ခေါင်းအသာရမ်းရင်း ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က လိုအပ်ချက်နဲ့ ကိုက်ညီလိုက်တာနဲ့ သူတို့က ခင်ဗျားဆီမှာ ရှိသမျှ အားလုံးကို ဝါးမြိုသွားလိမ့်မယ်။ ခင်ဗျားရဲ့ကံကောင်းမှုနဲ့ ကြမ္မာတွေအပါအဝင်ပဲ။ အဲ့ဒီအခါကျရင် ခင်ဗျားက အသုံးမဝင်တော့ဘူး။ အဲ့ဒီအခါကျရင်တော့ ခင်ဗျားကို တကယ့်အစစ်အမှန် သေဆုံးမှုကို ချီးမြှင့်ပေးရမှာပေါ့”

ခုံ၏ စကားများက မျှော်နန်းဆောင်အတွင်း ပဲ့တင်ထပ်နေကာ သံကြိုးများ၏ ချွင်ချွင်အသံများကိုပင် ဖိနှိပ်သွားလေသည်။

.......

“အဲ့ဒီသူလျှိုတွေက တော်တော်လေးကို စိတ်တိုဖို့ကောင်းတာပဲ” ရှုရှစ်က သက်ပြင်းချလိုက်၏။ ကျောင်းတော်အနေနှင့် လက်ရှိတွင် အဆုံးစွန်မဲ့စံပြလေးယောက် … သူမအပါအဝင်ဆိုလျှင် ငါးယောက် ရှိနေသည်။ သူမ၏ဆရာက ကျောင်းအုပ်ဖြစ်သည့်အတွက် အလုပ်ရှုပ်လေ့ရှိ၏။ စံပြမရဏကိုးပါးကမူ ဟောပြောပွဲ ဖိတ်ကြားဖို့ တခြားသောအင်အားစုများကို ဆက်သွယ်ရန် ထွက်ခွာသွားပြီး ရှုရှစ်နှင့်လင်းဖန်ဆီ ကျောင်းတော်ကို ကာကွယ်ဖို့ ချန်ထားခဲ့လေသည်။ သို့သော် လင်းဖန်က အာရုံထွေပြားနေသည့်အတွက် ကိစ္စအားလုံးက ရှုရှစ်ဆီ ကျရောက်လာသည်။

သူမက သူတို့၏နေထိုင်ရာဆီ ပျံသန်းသွားပြီးသည့်နောက်တွင် တငေးတမောဖြစ်နေသည့် လင်းဖန်ကို တွေ့ရှိသွားလေသည်။ ရှုရှစ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“ကောင်းပြီ ကျွန်မ ထပ်ငြိမ်နေလို့မရတော့ဘူး။ ရှင့်ကို နေရာတစ်ခု ပေးထားလိုက်ရင် ရှင့်ဘာသာရှင် အဆင်သင့်ဖြစ်တဲ့အချိန် ထုတ်ပြောလာမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့အခု ကျွန်မ ရွေးချယ်မှု မှားသွားခဲ့တယ်။ ဘာတွေဖြစ်နေတာလဲ”

လင်းဖန်က သူမ၏ ချောမောလှပသည့် မျက်နှာလေးကို ကြည့်လိုက်လေသည်။ သူက ယွမ်ခေတ်ကာလတစ်သောင်းကြာ မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့ပထမဦးဆုံး တွေ့ဆုံချိန်ကကဲ့သို့ ရင်သပ်ရှုမောဖွယ် ဖြစ်နေဆဲ ဖြစ်၏။ သူက သက်ပြင်းချပြီးသည့်နောက်တွင် ရှုရှစ်အား ထွေးပွေ့ကာ ပြောလိုက်သည်။

“သူမက မကြာခင် တက်လှမ်းလာတော့မယ်ဆိုတာ ခံစားမိတယ်”

“ရှင်က စုယာကို ပြောတာလား”

“အဲဒါကြောင့် ရှင်အဲ့လောက်ကြီး အဲ့လိုနေနေရတာလား။ ရှင့်ရဲ့ အချိန်ဆေးကြောရေး စမ်းသပ်ချက်အတွင်း တစ်ခုခုဖြစ်သွားတာလား။ မဟုတ်သေးဘူး။ ရှင်က စမ်းသပ်ချက်မတိုင်ခင်တည်းက ဒီလိုဖြစ်နေတာ”

“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” လင်းဖန်က ပြန်ဖြေလိုက်သည်။

“စမ်းသပ်ချက်အတွင်းမှာ သူမအပေါ် အမုန်းတရားတွေအားလုံးကို အကျိုးရှိရှိအသုံးချလိုက်တယ် … ဒါပေမဲ့ အမုန်းတရားက ပိုပြီး ကြီးထွားလာတယ်”

ရှုရှစ်က အမုန်းတရားနှင့် ဒေါသအား သူ့ကို လွှမ်းမိုးမသွားစေလိုသော်လည်း တချို့သောကိစ္စများက ခွင့်လွှတ်၍မရကြောင်း နားလည်သည်။

“အဲ့လိုလား။ အဲဒါကြောင့် ရှင်က ထူးထူးဆန်းဆန်း ပြုမူနေတာလား။ ရှင် သူမကို မုန်းတာ ကျွန်မ သိတယ်။ သူမရဲ့ တည်ရှိမှုကို ရှင့်အပေါ် သက်ရောက်မှုရှိစေအောင် မလုပ်နဲ့လေ။ အဲ့လိုဆိုရင် ရှင့်အနေနဲ့ နှလုံးသားနတ်ဆိုး ပေါက်ဖွားလာလိမ့်မယ်”

သူတို့လို ကျင့်ကြံဆင့်ရှိ လူများအတွက် နှလုံးသားနတ်ဆိုးပေါ်ထွက်ဖို့ ခက်ခဲသော်လည်း ထိုသို့အမှန်တကယ် ပေါ်ထွက်လာသည့်အခါ အိမ်မက်ဆိုးသဖွယ် ဖြစ်သွားလိမ့်မည်။

နှလုံးသားနတ်ဆိုးက လင်းဖန်အား စုယာကို သတ်ဖြတ်ဖို့သာ သိသည့် အရူးမိစ္ဆာကျင့်ကြံသူအသွင် ပြောင်းလဲပစ်မည် ဖြစ်၏။ အကယ်၍ သူက ထိုဖြစ်ရပ်၌ အောင်မြင်သွားမည်ဆိုပါက နဂိုပုံစံ ပြန်ပြောင်းသွားမည် မဟုတ်ပေ။ သူက သူ့ပြဿနာများအတွက် တခြားတစ်ယောက်ကို ထပ်မံအပြစ်တင်ပြီး ထပ်မံ အမုန်းတရားထားလိမ့်မည်။ ထို့နောက် သူက ထိုအတိုင်း ထပ်မံလည်ပတ်နေမည်ဖြစ်ကာ အဆုံးစွန်တိုင်အောင် သူ့ဝိညာဉ်ထဲတွင် ရှိနေမည့် ဗလာနတ္ထိကို ဖြည့်ဆည်းဖို့ ကြိုးစားလိမ့်မည်။

“ဆရာကလည်း ကိုယ့်ကို အဲ့ဒီအကြောင်း ပြောပြပြီးသွားပြီ” လင်းဖန်က ခေါင်းရမ်းကာ ပြောလိုက်သည်။

“အဲ့ဆိုတော့ ဘယ်လိုလဲ”

“စစ်ဆေးမှုထဲမှာ ကိုယ်ကလေးအကြောင်းကို စဉ်းစားမိခဲ့တယ်”

လင်းဖန်က ရှုရှစ်အား တင်းတင်းကြပ်ကြပ် ထွေးပွေ့ရင်း ပြောလိုက်သည်။

“ကို စံပြအဆင့်ကို ရောက်ဖို့မျှော်လင့်နေတာက သူမကို ထပ်ပြီး မြင်တွေ့နိုင်တာကြောင့်ပဲ။ ဒါပေမဲ့ သူမကို အသက်ပြန်သွင်းပြီးတဲ့‌နောက်မှာ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်လာမယ်ဆိုတဲ့ နိမိတ်အိပ်မက်တစ်ခုကို ရရှိလိုက်တယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ပြီးတော့ တတ်နိုင်သလောက် အားကောင်းအောင် လုပ်ဖို့ လုံးပမ်းနေခဲ့တာ”

ရှုရှစ်က သေချာစွာ နား‌ထောင်ပြီး မျက်မှောင်အသာကြုတ်လိုက်သည်။

“ရှေ့ပြေးနိမိတ်အိပ်မက်လား”

“ကိုယ့်ရဲ့အလိုလိုသိစိတ်က တစ်စုံတစ်ခု မှားယွင်းတော့မယ်ဆိုတာကို သတိပေးနေတယ်။ ဒါပေမဲ့ ကိုယ်အနာဂတ်ကို ကြည့်ဖို့ကြိုးစားကြည့်တဲ့အခါမှာ ကျရှုံးသွားတယ်လေ။ အဲဒါကြောင့် အိမ်မက်နဲ့အချိန်တာအိုကို သုံးပြီးတော့ တွက်ချက်ကြည့်ခဲ့တာ”

“ရှင် ဘာကိုမြင်ခဲ့ရတာလဲ”

“အဲ့ဒါက ဝေဝါးတယ်။ ဒါပေမဲ့ ကိုယ် တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ ကြိုးစားနေတာတော့ သိလိုက်တယ်။ ကိုယ် ဘာကို တိုက်ခိုက်နေလဲ … အဲလူက ဘာနဲ့တူလဲဆိုတာ မြင်လိုက်ရပေမဲ့ သူမက ကိုယ့်သမီးဆိုတာကိုတော့ သိတယ်။ မင်းလည်း အဲ့ဒီမှာ ကိုယ့်ဘေးနားမှာရှိပြီးတော့ တိုက်ခိုက်ပေးနေတာ။ ဒါပေမဲ့ တခြားသူတွေကို မမြင်ရဘူး”

ရှုရှစ်က မျက်မှောင်ထပ်ကြုတ်လိုက်၏။

“ကိစ္စတွေက အဲ့လောက် မရှိးရှင်းလောက်ဘူး”

“ဝမ်ဝေ့က ဟွင်သွမ်းနတ်ဆိုး နတ်ဘုရားတွေအကြောင်း ပြောဖူးတာမှတ်မိလား”

“သူတို့က ကိုယ့်ကို တိတ်တဆိတ် လွှမ်းမိုးနေတယ်လို့ ပြောချင်တာလား” လင်းဖန်က အပြင်းအထန် ပြောလိုက်သည်။

“အရိပ်အမြွက်တွေအားလုံးက ရောက်ရှိလာမဲ့ ကပ်ဘေးမှာ သူတို့အဆင့်အနေအထားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ပြသနေတယ်။ အဲဒါကြောင့် သူတို့တွေ ပြန်လာဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်နိုင်တယ်” ရှုရှစ်က သုံးသပ်လိုက်လေ၏။

“အဲ့လိုဆိုရင် သူတို့ရဲ့ နယ်ရုပ်ဖြစ်မဲ့အစား ကြိုတင်ပြင်ဆင်ထားမဲ့ နည်းလမ်းက …  စုယာအပေါ် ရှင့်ရဲ့ အမုန်းတရားနဲ့ ရှင့်ရဲ့သမီးအပေါ် ချစ်ခြင်းမေတ္တာတွေကနေ ရှင့်ကို ကြိုးကိုင်ဖို့ ကြိုးစားလာနိုင်မဲ့ နည်းလမ်းအပြင် ဘာရှိဦးမှာလဲ”

လင်းဖန်က လက်သီးကျစ်ကျစ်ဆုပ်ထားပြီး ဘေးပတ်ဝန်းကျင်ကိုပင်  တုန်ခါသွားစေသည်။

ရှုရှစ်ကလည်း စွမ်းအားတချို့ကို ခံစားမိလိုက်၏။ ကံကောင်းစွာဖြင့် သူတို့က အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရားအဆင့်တွင် ရှိနေသည့် ခန္ဓာကိုယ်လေ့ကျင့်သူများဖြစ်နေသည်။

“စိတ်အေးအေးထားပါ။ ဒေါသထွက်ပြီးတော့ ထိန်းချုပ်မှု လွတ်ကင်းသွားတာက ကျွန်မတို့အတွက် အကူအညီမဖြစ်စေဘူး” သူမက သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ကိုယ် သိပါတယ်။ ဒါပေမဲ့ ဘာလုပ်ရမလဲ။ ကိုယ့်ရဲ့ အမုန်းတရားတွေကို ရုတ်တရက် လက်လွှတ်လိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ကိုယ့်ရဲ့သမီးကို မမြင်တွေ့ချင်ပါဘူးလို့ ဟန်ဆောင်နေဖို့လည်း မတတ်နိုင်ဘူး”

“ဘယ်သူကမှ ရှင့်ကို အဲဒါတွေလုပ်ဖို့ မတောင်းဆိုပါဘူး။ ကပ်ဘေးက အန္တရာယ်များပြီးတော့ ရှုပ်ထွေးလိမ့်မယ်။ ဆိုလိုတာက အပြောင်းအလဲတွေ အများကြီး တည်ရှိလိမ့်မယ်။ အပြောင်းအလဲဆိုတာက အခွင့်အရေးလေ။ ကျွန်မတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မဲ့ အခွင့်အရေးတွေပေါ့” ရှုရှစ်က ဖျောင်းဖျလိုက်လေ၏။

လင်းဖန်က သူမကို စိုက်ကြည့်ပြီး သူမနှင့်နဖူးချင်း ကပ်ကာ ပြောလိုက်သည်။

“မင်း မရှိဘဲ ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်မသိတော့ဘူး”

“ကျွန်မလည်း အကြိမ်ရေအများကြီး အဲ့မေးခွန်းကို မေးခဲ့ဖူးတယ်”

နှစ်ဦးသားက ရယ်မောပြီးသည့်နောက်တွင် ပြင်းပြစွာ နမ်းရှိုက်လိုက်ကြသည်။

All Chapters