← Chapters

ဒုတိယအစိတ်အပိုင်း

Vol. 106 Ch. 1477

ဒုတိယအစိတ်အပိုင်း

Vol. 106 Ch. 1477

ဝမ်ဝေ့၏ အက်တမ်ဆုံမှတ်နည်းစနစ်က အောင်မြင်သော်လည်း သူက နောက်ဆုံးရလဒ်နှင့် ပတ်သက်ပြီး မကျေနပ်သေးပေ။ သူက သွေးစက်၏ တည်ရှိမှုထဲတွင် သူနားမလည်နိုင်သည့် အရာတချို့ရှိနေသေးကြောင်း သတိထားမိခဲ့၏။

ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာဘူးပဲ …

ဝမ်ဝေ့က အရန်အစီအစဉ်ကို စတင်တွေးတောလိုက်သည်။

သူ့ရှေ့တွင် မှော်စက်ဝိုင်းများက ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။ ဤအရာအတွက် အကောင်းဆုံးဖြေရှင်းနည်းက သူ့ခန္ဓာကို စတေးခြင်း ဖြစ်သည်။ သူက သွေး၏ သက်ရောက်မှုအား အရှိန်မြင့်တင်ဖို့ သူ့ခန္ဓာကိုယ်ကို စွန့်ပစ်ကာ အသစ်တစ်ခု ဖွဲ့စည်းရမည်။

အပြင်ဖက်တွင် နှစ်သုံးသန်းခန့်ကြာမြင့်သွားသော်လည်း ဝမ်ဝေ့က ဂိုဏ်း၏အကောင်းဆုံးအချိန်အစီအရင်ကို အသုံးပြုကာ နှစ်သန်းသုံးဆယ် ကုန်ဆုံးခဲ့လေသည်။ ထိုနှစ်သန်း၃၀အနက် နှစ်သန်းမျှကသာ သွေးစက်ကို သန့်စင်ရင်း ကုန်ဆုံးခဲ့လေ၏။ ကျန်ရှိသောနှစ်များကမူ သွေး၏အာနိသင်အား ဝိညာဉ်မှ ပိုင်းခြားစေဖို့ သူ့ခန္ဓာကိုယ်အတွင်း မှောင်စက်ဝိုင်းများ ထားရှိခြင်း ဖြစ်သည်။

“အခုတော့ အားလုံးအဆင်သင့်ဖြစ်သွားပြီ” ဝမ်ဝေ့က ရေရွတ်ရင်း ကျင့်ကြံရေးအခန်းမှ ထွက်လာသည်။ သူ ထွက်လာသည်နှင့် လူနှစ်ဦးက သူ့ကို လာရောက်တွေ့ဆုံ၏။

ထိုသူတို့က ဝမ်ချီနှင့်ရှဲ့ဟွမ်းတို့ ဖြစ်ပေသည်။

“မင်းနဲ့ စလိုက်ရအောင်။ အားလုံးပြင်ဆင်ပြီးသွားပြီလား” သူက ဝမ်ချီကို ကြည့်ကာမေးလိုက်သည်။

“ပြင်ဆင်ပြီးသွားပါပြီ။ ဂိုဏ်းက ခန္ဓာကိုယ်အသစ်ဖွဲ့စည်းဖို့ မဟာအရင်းအမြစ်ရေကန်ကို ပြင်ဆင်ပေးထားပါတယ်”

“မဟာအရင်းအမြစ်ရေကန်လား။ သူတို့တွေက အရင်းအမြစ်နေရာလွတ်က ချီတချို့ကို သုံးမယ်လို့ထင်နေတာ”

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ မဟာအရင်းအမြစ်ရေကန်က ဧကရာဇ်လမ်းစဉ်ကျင့်ကြံသူများက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို စုစည်းခြင်းနှင့် ထိန်းသိမ်းခြင်းတို့မှ ကိုယ်တိုင်ဖန်တီးထားသည့်အရာ ဖြစ်ပေသည်။ ထိုအရာက ကမ္ဘာကြီးထဲတွင် အသန့်စင်ဆုံးစွမ်းအားပုံစံဖြစ်သော်လည်း ထိုရေကန်ကို ပြုလုပ်ဖို့ အချိန်များစွာ ကြာမြင့်လေ၏။

“ခေါင်းဆောင်အတွက် အကောင်းဆုံးအရာ ပေးချင်တာတဲ့” ဝမ်ချီက ပြုံးကာပြောလိုက်သည်။

“ကောင်းပြီလေ အဲ့ဆိုရင် မဆွေးမြေ့ခန္ဓာဆေးလုံးကကော ဘယ်မှာလဲ”

“အဲ့ဒါတွေလည်း အဆင်သင့်ဖြစ်ပါပြီ။ ဒါနဲ့ ဘာလို့လိုတာလဲ” ဝမ်ချီက ခေါင်းညိတ်ကာ မေးလိုက်၏။ ဝမ်ချီက ဤအရာသည် ထိပ်တန်းစံပြအဆင့်များသာ သုံးနိုင်သည့်အရာဖြစ်ကြောင်း လက်တလောလေးမှ သိရှိလိုက်ရသည့်အတွက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

“ငါ သတိကြီးကြီးထားရုံပါပဲ” ဝမ်ဝေ့က ပြန်ဖြေလာ၏။ သူက ဆေးလုံးကို မလိုအပ်ကောင်းမလိုအပ်နိုင် သော်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေသည်။

“မင်းကရော ဘာတင်ပြစရာရှိလို့လဲ”

“နောက်ထပ် သတိထားမိစရာတချို့ပါ။ ကျွန်မတို့ရဲ့ သူလျှိုတွေက ကျောင်းတော်ထဲကနေ သတင်းအချက်အလက် များများစားစားမရခဲ့ဘူး။ ခုံက အားလုံးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတယ်လေ။ လောင်မာက အညံ့ခံလိုက်ပြီးတော့ ကျိမင်ကို အစီအစဉ်တစ်ခုအတွက် ဖမ်းဆီးထားတယ်ဆိုတာပဲ သိလိုက်ရတယ်”

“ငါက သူစီစဉ်နေတာကို ပိုပြီးတော့ စိတ်ဝင်စားလာမိပြီ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အဲဒါက သိသာတယ်မဟုတ်ဘူးလား။ သူက ကျောင်းတော်ကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာ နေမှာပေ့ါ” ဝမ်ချီက မှတ်ချက်ပေးလိုက်သည်။

“အဲဒါက အပေါ်ယံပဲ ရှိသေးတယ်။ သူက သူ့ရည်မှန်းချက်ရရှိအောင် တစ်စုံတစ်ခု စီစဉ်နေတာပဲ ဖြစ်ရမယ်” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ သူက ကောက်ချက်ချဖို့ရန် လုံလောက်စွာ သတင်းအချက်အလက် မရှိသောကြောင့် ဖြစ်နိုင်ချေများစွာ ကျန်ရှိနေသည်။

“ဟောပြောပို့ချပွဲကကော ဘယ်လိုလဲ” သူက မေးလိုက်သည်။

“အောင်မြင်တယ်လို့ပဲ ပြောရမှာပဲ။ သူက လေလွင့်ကျင့်ကြံသူအများကြီးကို ခေါ်ဆောင်နိုင်ခဲ့ပြီး‌တော့ ကျန်တဲ့သူတွေကလည်း သူ့အပေါ်မှာ ကံကြွေးတင်သွားတယ်လေ” ရှဲ့ဟွမ်းက ပြန်ပြောလိုက်သည်။

“တခြားသူတွေ ဝင်ရောက်စွက်ဖက်သေးလား”

“ဝင်‌ရောက်စွက်ဖက်သေးတယ်။ ဒါပေမဲ့ သေးသေးမွှားမွှားပါပဲ။ ဒါပေမဲ့ ခုံက ပိတ်ပင်နိုင်ခဲ့တယ်” ရှဲ့ဟွမ်းက ပြန်ဖြေလိုက်သည်။

“သူတို့နောက်ကွယ်က လူတွေရှိသေးလား”

“ရှိပါတယ်။ ဒါပေမဲ့ သဲလွန်စမကျန်ဘူး။ သူတို့က သဲလွန်စမကျန်ဘူးဆိုတော့ ဟိုဆယ့်သုံးယောက်ထဲက တစ်ယောက်တော့ ဖြစ်မယ်ထင်တယ်” ရှဲ့ဟွမ်းက ဆက်ပြောလိုက်သည်။

“တခြားအချိန်ဆိုရင် သူတို့က ခုံကို လေလွင့်ကျင့်ကြံသူတွေဆီ ဗဟုသုတတိုးမြှင့်နိုင်စေဖို့ မျှဝေခွင့်ပေးမှာ မဟုတ်ဘူး” ဝမ်ဝေ့က လှောင်ပြောင်ကာ ပြောလိုက်သည်။

“အထူးသဖြင့် အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမှာပေါ့။ ခုံရဲ့ အကြံက သူတို့တွေ လေလွင့်ကျင့်ကြံသူတွေအပေါ် ခေါင်းပုံဖြတ်တာကနေ တားဆီးနိုင်တယ်လေ”

“ခုံက လူအများကြီးကို ရန်စမိတာ မဟုတ်ဘူးလား။ ပြီးတော့ အာဏာရှင်တွေကြားမှာ အပြောင်းအလဲဖြစ်လာတော့မှာ။ အထူးသဖြင့် အားနည်းတဲ့သူတွေပေါ့” ဝမ်ချီက ပြောလိုက်သည်။

“သူတို့က သူ့ကိုကြိုက်ကြိုက်မကြိုက်ကြိုက် သူတို့က သူ့ကိုသတိထားရမှာပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် အာဏာရှင်တွေက အခုအားနည်းတဲ့အနေအထားကို ရောက်နေတာ။ သူ့အတွက် လှုပ်ရှားဖို့အကောင်းဆုံးအချိန် မဟုတ်ဘူးလား”

“အဲ့ဆိုရင် သူက ထပ်ပြီး လှုပ်ရှားဦးမယ်လို့ ပြောနေတာလား” ဝမ်ချီက မေးလိုက်သည်။

“အဲ့လိုဖြစ်နိုင်ချေများတယ်။ သူက အချိန်အခါကောင်းကို စောင့်နေတာ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“သူက ခေါင်းဆောင် လှုပ်ရှားလာမှာကို စောင့်နေတဲ့ပုံပဲ” ဝမ်ချီက ရေရွတ်လိုက်ကာ အကြည့်များ တောက်ပလာသည်။

“တကယ်လို့ ငါ ခန့်မှန်းတာမှန်တယ်ဆိုရင် သူ့ရဲ့ ပစ်မှတ်က တခြားအင်အားစုတွေနဲ့ဆက်နွယ်မှု မရှိတဲ့ အားနည်းတဲ့ ကျောင်းတော်တွေပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ သူ သတ္တိကောင်းတယ်ဆိုရင်တော့ ကျောင်းတော်ကြီးတွေ ဖြစ်နေနိုင်တယ်”

“ဒါပေမဲ့ အဲဒါတွေက အသင်္ချေဂိုဏ်းမဟာမိတ်နဲ့ ပတ်သက်နေတယ် မဟုတ်ဘူးလား” ဝမ်ချီက မေးလိုက်သည်။

“ဒါက တွက်ဆထားတဲ့ အပြုအမူပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“အသင်္ချေဂိုဏ်းမဟာမိတ်က သော့ခလောက်ပြီးတဲ့နောက်မှာ ပြန်လည်အားဖြည့်ဖို့ လိုနေသေးတယ်။ သူတို့ရဲ့ ရှေးဦးစံပြတွေကလည်း အထွတ်အထိပ်ကို ပြန်ရဖို့အချိန်ယူရဦးမှာဆိုတော့ ခုံကလည်း ရှေးဦးစံပြဖြစ်လာဖို့ အချိန်ပဲလိုတယ်”

“အဲဒါက နည်းနည်းရဲတင်းလွန်းသလိုပဲ။ တကယ်လို့ သူ အောင်မြင်တယ်ဆိုရင်တောင် သူက တစ်ယောက်ငါးယောက် ရင်ဆိုင်ရမှာလေ” ဝမ်ချီက မျက်မှောင်ကြုတ်ကာပြောလိုက်လေသည်။

“သူ တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ သူက တခြားအာဏာရှင်တွေကို ပူးပေါင်းနိုင်သရွေ့ပေါ့။ အထူးသဖြင့် ငါတို့လေ။ အသင်္ချေဂိုဏ်းမဟာမိတ်ကို တားဆီးနိုင်ပြီးတော့ သူ့အတွက် အချိန်ဆွဲပေးနိုင်သရွေ့ လုံလောက်တယ်။ ဒါပေမဲ့ လင်းဖန်၊ ရှုရှစ်နဲ့ မရဏကိုးပါးတို့က အဲ့ဒီအချိန်မှာ ရှေးဦးစံပြဖြစ်လာမယ်ဆိုရင်တော့ ပိုပြီး ရဲတင်းတဲ့ချဉ်းကပ်မှုမျိုး ဖြစ်လိမ့်မယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခုံနှင့်ကျောင်းတော်အတွင်း ပြောခဲ့သည့်စကားဝိုင်းကို ပြန်လည်အမှတ်ရသွား၏။

“အဲ့ဆိုတော့ သူ ဒါတွေစီစဉ်နေတာလား။ အဲဒါကြောင့် သူက ကျင့်ကြံဆင့်တိုးမြှင့်ဖို့ အလျင်လိုနေရတဲ့ အကြောင်းအရင်းကို။ သူက သူ့အခြေအနေအတွက် အရှိန်အဟုန်တစ်ခုကို တည်ဆောက်ချင်တာပဲ”

“အဖြေ သိသွားပြီလား။ ဘယ်လိုလဲ” ဝမ်ချီက မေးလိုက်သည်။

ဝမ်ဝေ့က သူ့ကို ပြန်မဖြေဘဲ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်၏။

“ငါနဲ့ တိုက်ခိုက်ချင်တာလား။ မင်းအတွက် ကံကောင်းသွားတာက ငါ ဒီဝန်ထုပ်ဝန်ပိုးကို ဆက်လက်ထမ်းဆောင်ဖို့ မရည်ရွယ်ထားဘူး”

ဝမ်ချီက အဖြေလိုချင်သော်လည်း ခေါင်းဆောင်က ပြောဖို့လိုလိုလားလား ဖြစ်လာမည့် အချိန် ကြာမြင့်မည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သက်ပြင်းသာချလိုက်၏။

“ခေါင်းဆောင် … ခုံရဲ့ ကျောင်းတော်ထဲမှာ လူတွေ ထပ်ပြီးထားလိုက်ရမလား”

“ထားလိုက်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူ့အနေနှင့် ခုံအား သူ့ရည်မှန်းချက်အကြောင်း ဘာမှမသိထားသေးသည့် ပုံရိပ်ယောင်မျိုး ပေးလိုပြီး ဘာမဆိုကြိုးစားနေသည့်ဟန် ဖမ်းလိုသည်။

“တခြားတင်ပြစရာရှိသေးလား”

“နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုယ်နတ်ဘုရားကြားက အသေးစားထိပ်တိုက်ရင်ဆိုင်မှုမျိုး ရှိလာပါတယ်”

“အခုကို ဖြစ်နေပြီလား”

“သူတို့က သူတို့ဘာသာသူတို့ထိန်းချုပ်ထားတယ်ဆိုပေမဲ့ သော့ခလောက်ပြီးတဲ့နောက်မှ ချက်ချင်း စတင်လာလောက်တယ်”

“အဲ့ဒီအင်အားစုနှစ်ခုက သူတို့ကြားက ကံကြမ္မာကိုဆုံးဖြတ်ပေးမဲ့ အရာရောက်လာတော့မယ်ဆိုတာကို သိထားကြတယ်။ ဒါပေမဲ့ ရောက်ရှိလာမဲ့ ကပ်‌ဘေးက ဘယ်လိုဖြစ်လာမလဲဆိုတာမသိခင် တိုက်ခိုက်တာက ဉာဏ်မရှိရာကျတယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

ဝမ်ဝေ့က သူသည် ထိုနှစ်ခုကြား ငြိမ်းချမ်းရေးထိန်းသိမ်းထားရှိဖို့ လိုအပ်ကြောင်း သဘောပေါက်သွားသည်။ သူက သူ့ပြိုင်ဖက်များကို ရှင်းထုတ်ဖို့ အစီအစဉ်များရှိထားသော်လည်း ဂိုဏ်းက မည်သည်ကို ရင်ဆိုင်ပြီး မည်သို့အသက်ရှင်ရမလဲ သိရှိပြီးသည့်နောက်တွင်မှ ဖြစ်၏။

“ခဏလေးနေပါဦး … သူတို့ရဲ့ဘိုးဘေးတွေက ပြန်ရောက်လာမှာဆိုတော့ လက်ရှိငြိမ်းချမ်းမှုအတွက် လိုအပ်နေတာ သိရှိမှာပဲ။ အဲ့ဆိုရင်တော့ ငါ ကြားဝင်ပြီး ဘာမှလုပ်ပေးစရာ မလိုတော့ဘူး”

သူက သဘောပေါက်သွားလေ၏။ သော့ခလောက် စတင်ကတည်းက သူ့စိတ်သည် ကမ္ဘာ၏ ဝန်ထုပ်ဝန်ပိုးအားလုံးကို ယူ‌ဆောင်ဖို့ တွက်ချက်နေရသည်။ သို့သော်လည်း သော့ခလောက်အပြီးတွင် ကမ္ဘာကြီးကို ကာကွယ်နိုင်စွမ်းရှိသည့် လူများစွာ ရှိနေကြောင်း သဘောပေါက်သွား၏။

“အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းက တောင်ပိုင်းချူးတိုင်းပြည်ကို ဖျက်ဆီးလိုက်တယ်ဆိုတာ မှတ်မိတယ်။ တတိယမင်းသားက ဘယ်လိုဖြစ်သွားလဲ”

“သူက ထွက်ပြေးသွားပါတယ်” ရှဲ့ဟွမ်းက ပြန်ဖြေလိုက်သည်။

“ထုံရို့ပင်းရဲ့ လက်ကနေ လွတ်မြောက်သွားတာလား။ သူမက ကပျက်ကချော်လုပ်မိတာလား။ ဒါမှမဟုတ် သူကပဲ အဲ့လောက်လုပ်ရည်ကိုင်ရည် ရှိနေတာလား။ ချင်သူတော်စင်ခုံရုံးက သူ့ကို ဖုံးကွယ်ပေးထားတာလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ကျွန်မတို့ရဲ့ သူလျှိုကတော့ ခုံရုံးရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ သတင်းမပို့သေးပါဘူး” ရှဲ့ဟွမ်းက အမှန်အတိုင်း ပြောလိုက်သည်။

“သေချာစောင့်ကြည့်ထားလိုက်” ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။ သူတို့က ဘာမှတင်ပြစရာမရှိသည့်အတွက် ဝမ်ဝေ့က သူတို့ကို ပြန်လွှတ်လိုက်၏။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ယွီချိုက်က သူ့အား ချင်သူတော်စင်အမတ်ချုပ်နှင့် ပတ်သက်ပြီး သတင်းစကား ပို့လာလေသည်။ ချင်သူတော်စင်ခုံရုံးက ဦးညွှတ်ကာ သူတို့၏ အမတ်ချုပ်ကို ပြန်ရဖို့ တန်ကြေးတစ်ခုပေးခဲ့သည်။ ယွီချိုက်က ဝမ်ဝေ့ တောင်းဆိုထားသည့် တန်ကြေးထပ် သုံးဆတိုးကာ ညှိုနှိုင်းခဲ့၏။

ထိုပဋိပက္ခများအပြီးတွင် ဝမ်ဝေ့က နောက်ဆုံးတွင် အချိန်တချို့ရသွားကာ လက်ဝေ့ယမ်းလိုက်ပြီး အကျဉ်းသားကို ဆင့်ခေါ်လိုက်သည်။ ထိုသူက ဒေါသ ဖြစ်၏။ ထိုသူက စံပြတစ်ယောက်ဖြစ်လာဖို့ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူက သူမကို ဖမ်းဆီးကာ ပိတ်လှောင်ထားခဲ့သည်။ ဒေါသက သူ့ကို အေးစက်စက်ကြည့်လိုက်၏။

“ဒါက မင်းအတွက် ကောင်းဖို့လုပ်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ် ကျွန်မအတွက် ကောင်းဖို့ ဖြစ်မှာလဲ”

“မင်းက ကျင့်ကြံဆင့်ဘယ်လောက်မြင့်မားမား စိတ်ခံစားချက်အလိုက် လှုပ်ရှားတတ်တဲ့သူဆိုတာ သိနေလို့ပဲ။ မင်းက ဟိုအမျိုးသမီးရဲ့ စွမ်းအားကို သိနေရက်နဲ့ အဲ့ဒီလူတွေကို ကယ်ဖို့လုပ်နေတယ်။ ကျားဂူထဲ ပြေးဝင်ဖို့ တွေးနေတာ မဟုတ်ဘူးလား”

“ကျွန်မက အားမနည်းတော့ဘူး။ အနည်းဆုံး ကျွန်မဘာသာကျွန်မ လွတ်မြောက်နိုင်တယ်”

“မင်းက ငါ့ရဲ့ စကားကို သက်သေပြလိုက်တာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“ကျွန်မ ...”

“ကောင်းပြီ ငါ အလျင်လိုနေတယ်။ မင်းရဲ့မွေးစားအဖေက မင်းကိုကာကွယ်ဖို့ နည်းလမ်းတချို့ ချန်ထားခဲ့မှာပဲ။ ငါ ကတိမတည်နိုင်တဲ့ အနေအထားအတွက်ပေါ့။ အဲဒါကို သုံးဖို့အချိန်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

ဒေါသက သူ့ကို စိုက်ကြည့်လိုက်သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ပေ။ ထိုအစားက သူက သူမအား ဗလာနတ္ထိ စွမ်းအားပါဝင်နေသည့် အဆောင်တစ်ခုနှင့် သတင်းအချက်အလက်အဆောင် တစ်ခုကို ထုတ်ပေးလိုက်လေသည်။

“ဒါကို မလိုအပ်ဖို့တော့ မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီအဆောင်မှာ ညှိုနှိုင်းမှုကျရှုံးသွားခဲ့တယ်ဆိုတဲ့ အနေအထားအတွက် ဒုတိယအစီအစဉ် ပါဝင်နေတယ်။’

ဒေါသက သတင်းအချက်အလက်ကို ဖတ်ကြည့်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာသည်။

“ကျွန်မတို့တွေ ဘယ်အချိန်စမှာလဲ”

“ငါ ပိုးမွှားတစ်ကောင်ကို ရှင်းပြီးတဲ့နောက်မှာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျွန်မ စောင့်နေပါမယ်”

ဝမ်ဝေ့က သူမအား သူ့စံအိမ်ထဲ ဝင်ခွင့်ပေးလိုက်သော်လည်း သူမကို ထွက်သွားခွင့်မပြုသေးပေ။ ပြောရမည်ဆိုလျှင် သူက သူမအပေါ် မယုံကြည်နိုင်သေးပေ။ ထို့နောက် သူက သော့ခလောက် ဖယ်ရှားဖို့ရာ လိုအပ်နေသည့် ဒုတိယအစိတ်အပိုင်းဖြစ်သည့် အချိန်စားသုံးသူဆီ ဦးတည်လိုက်လေသည်။

All Chapters