← Chapters

တိုက်ပွဲစတင်ခြင်း

Vol. 106 Ch. 1478

တိုက်ပွဲစတင်ခြင်း

Vol. 106 Ch. 1478

လေဟာနယ်တိုက်ပွဲကွင်းပြင်

မေတ္တယျနှင့် အန္တိမသဟဇာတတို့၏ အခွံများက တိုက်ခိုက်နေသော်လည်း ရုတ်တရက် ရပ်တန့်လိုက်ကြသည်။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ဝမ်ဝေ့က အချိန်စားသုံးသူဆီ ပျံသန်းသွားသည်ကို တွေ့ရှိလိုက်သည်။

“အခု စပြီ” မေတ္တယျက ပြုံးကာ ပြောလိုက်၏။ အတိအကျပြောရမည်ဆိုလျှင် ဘုန်းကြီးဝူကျစ်က ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အပြုအမူ သို့မဟုတ် ဟန်ပန်တို့က သူ့ဆရာနှင့် ပိုတူနေ၏။

“ဘာလဲ။  ဒီတိုက်ပွဲကို ရှုံးနိမ့်တော့မယ်ဆိုတော့ မလိုလားဘူးလား”

“နောက်ဆုံးအချိန်အထိ ဘယ်သူက အနိုင်ရရှိသူဖြစ်မလဲဆိုတာ မသိရသေးပါဘူး” ချီတင်းက အေးစက်စက် ပြောလိုက်သည်။

“ရှင် ဒီတိုက်ပွဲကို ရှုံးနိမ့်သွားပြီ။ အဲဒါကို ရှင်လည်း သိပါတယ်” ဘုန်းကြီးဝူကျစ်က ပြောလိုက်ပြီး ချီတင်း၏ မျက်နှာမှ အက်ကြောင်းများကို စိုက်ကြည့်လိုက်လေ၏။ ဝမ်ဝေ့က အသုံးဝင်မည်လားမသိသည့် အရာများစွာကို လုပ်ခဲ့ဖူးသည်။ ထိုအရာများက အမှန်တကယ် အသုံးဝင်လာခဲ့သည်။ နမူနာအားဖြင့် သူသည် ချီတင်း၏ သား ပထမနေမင်းကို သတ်ပစ်ခဲ့ပြီး အန္တိမဇာတအား နောက်ထပ် အခွံတစ်ခုရှိခြင်းမှ တားဆီးခဲ့လေ၏။ ဤသည်က သူ ပြုလုပ်ခဲ့သည့် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

အခွံတစ်ခု ဖြစ်ရခြင်းက ရှုပ်ထွေးလှပေ၏။ အထူးသဖြင့် သူတို့ကဲ့သို့ အဆင့်မြင့်သည့်သက်ရှိများထံတွင် ဖြစ်သည်။ အားလုံးက အခွံဖြစ်နိုင်ကြခြင်း မဟုတ်ပေ။ ဖုန်းဟွမ်နှင့် ဝူကျစ်တို့က မေတ္တယျ၏ အခွံဖြစ်လာသည်က သူတို့၏ဝိညာဉ်ပိုင်းဆိုင်ရာ ဉာဏ်အလင်းပွင့်မှုနှင့် သူမနှင့် နက်နက်နဲနဲဆက်နွယ်နေမှုကြောင့် ဖြစ်၏။ အန္တိမသဟဇာတက ချီတင်းကို ရွေးချယ်ခဲ့သည်မှာ သူမက သူ့မျိုးဆက်ဖြစ်သလို သူကိုယ်တိုင်ဖန်တီးထား၍ ဖြစ်သည်။

သို့သော်လည်း သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကန့်သတ်ချက်ထိရောက်အောင် တွန်းပို့ပြီးသည့်နောက်တွင် ချီတင်းက ကန့်သတ်ချက် ရောက်ရှိလာလေ၏။ သူမက အန္တိမသဟဇာတ၏ ဝန်ကို ဆက်လက်မထမ်းဆောင်နိုင်တော့ပေ။ ပုံမှန်အားဖြင့် ပထမနေမင်းဆီ သူ့အရန်အစီအစဉ် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ဝမ်ဝေ့က ထိုသူကို သုတ်သင်ပစ်သည့်အတွက် အန္တိမသဟဇာတအနေဖြင့် ချီတင်းကို တတ်နိုင်သမျှကြာကြာအသုံးပြုဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ချီတင်းက စကားမဆိုဘဲ သူ့ကို စိုက်ကြည့်လိုက်လေ၏။ သို့သော်လည်း ဘုန်းကြီးဝူကျစ်က သူ့ကို ဂရုမစိုက်ပေ။

“အဲ့ဒီမိန်းကလေး ခံစားခဲ့ရတာ တော်တော်လေးဆိုးရွားတာပဲ။ သူမ လိုချင်တာ ရှင့်ရဲ့ အသိအမှတ်ပြုမှုလေးပါပဲ”

သူတို့ကြားမှ ဆက်နွယ်မှုကိုသိပြီးသည့်နောက်တွင် မေတ္တယျက ချီတင်း၏ အတိတ်ကို စစ်ဆေးကြည့်ခဲ့၏။

ထို့နောက် သူမအနေဖြင့် အန္တိမသဟဇာတသည် ထူးကဲသာလွန်မှုလမ်းစဉ်ကို ရှာဖွေစဉ် ချီတင်းကို ဖန်တီးခဲ့ကြောင်း သိရှိခဲ့ရသည်။ ရလဒ်ကမူ ချီတင်းသည် သူမလိင်အမျိုးအစားက မကွဲပြားသည့် အနေအထားဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီးကြား စိတ်ကြိုက်ပြောင်းလဲနိုင်သည့် ယင်ယန်သန့်စင်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ သို့သော်လည်း သူမက ကလေးတစ်ယောက်အနေနှင့် ထိုစွမ်းအားကို မထိန်းချုပ်နိုင်သည့်အချက်ကြောင့် သူမသည် ကျရှုံးပြီးသား စမ်းသပ်ချက်တစ်ခု ဖြစ်လာ၏။ ထို့ကြောင့် အန္တိမသဟဇာတက သူမကိုနှစ်သန်းအနည်းငယ် လေ့လာပြီးသည့်နောက်တွင် စွန့်ပစ်ခဲ့ပြီး နောက်ထပ်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့လေသည်။

ချီတင်းက လမင်းခုံရုံး မတိုင်ခင်အထိ သူမ၏ဖခင်နှင့် တွေ့ဆုံဖို့ အခွင့်အရေးမရှိခဲ့ပေ။ ထိုမတိုင်ခင် သူမက သူ့အသိအမှတ်ပြုမှုကို ရရှိဖို့အတွက် အားကောင်းလာဖို့ရာ အကောင်းဆုံး ကြိုးစားခဲ့၏။ သို့သော်လည်း အံ့ဩဖို့ကောင်းလှစွာဖြင့် စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် သူမ၏ပါရမီက ကုန်ခန်းသွားကာ မတိုးတက်လာတော့ပေ။ ထို့ကြောင့် အန္တိမသဟဇာတက သူမအား ခုံရုံးသို့ဝင်ရောက်ဖို့ ဖိတ်ကြားခဲ့စဉ်က သူမသည် သူ ထိန်းချုပ်နိုင်သည့်လူကိုသာ အလိုရှိကြောင်း သိလျက်နှင့် သဘောတူခဲ့ခြင်း ဖြစ်၏။

ချီတင်းက ခုံရုံးတွင် ကောင်းကောင်းလုပ်နိုင်သရွေ့ အန္တိမသဟဇာတ၏ အသိအမှတ်ပြုမှုကို ရရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူတို့နောက်တစ်ကြိမ် တွေ့ဆုံစဉ် သူမ၏ဖခင်က ကောင်းကင်တာအိုနှင့် ပေါင်းစပ် ပြီးသားဖြစ်သည့်အတွက် ပိုမိုအေးစက်ကာ မထူးမခြားနားဖြစ်လာ၏။

“အရာအားလုံးအပြီးမှာ သူမရဲ့ကံကြမ္မာက ရှင့်ဆီကနေ အသုံးချခံရပြီးတော့ စွန့်ပစ်ခံရဖို့လား။ အဆုံးသတ်မှာ အဲ့ဒီကလေးမလေးက ဝေဒနာဒုက္ခကနေ မလွတ်မြောက်နိုင်ဘူးကိုး” ဘုန်းကြီးဝူကျစ်က သက်ပြင်းချလိုက်လေသည်။

“မင်း ပြောလို့ ပြီးပြီးလား” ချီတင်းက အေးစက်စက် ပြောလိုက်သည်။

“ဟုတ်တယ် အခု အဆုံးသတ်ရမဲ့အချိန်ပဲ” မေတ္တယျက သူမကိစ္စများကို အမှားအယွင်းတစ်ခု လုပ်ခဲ့ကြောင်း သိထားလေသည်။ သို့သော်လည်း သူမ၏ သေးငယ်သော တစ်စိတ်တပိုင်းက သူမ၏ ဆုံးဖြတ်ချက်အတွက် မနှမြောမိပေ။

အချိန်စားသုံးသူသည် ကမ္ဘာကြီးထံ ကပ်ဘေးယူဆောင်လာမဲ့အကြောင်း သိကာ ခံစားလိုက်ရသည့် အဆိုးခံစားချက်က သူမ ခွင့်မလွတ်နိုင်သည့် အရာဖြစ်၏။ သူမ၏ ဆုံးဖြတ်ချက်ကို နောင်တရသည့် တစ်ခုတည်းသောအကြောင်းကမူ သူမသည် ထိုအန္တရာယ်၏ ဇစ်မြစ်ကို ရှာဖွေဖို့ ကျရှုံးသွားခဲ့ပြီး အဆုံးမဲ့အသင်္ချေဘုံ၌သာ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

သူမက ထိုဆုံးဖြတ်ချက် သို့မဟုတ် အကျိုးဆက်နှင့် ပတ်သက်ပြီး မည်သို့ပင် ခံစားရစေကာမူ မေတ္တယျက ယခုမှစ၍ အမှားလုပ်၍မရကြောင်း သိထားလေ၏။ ထို့ကြောင့် သူမက ချီတင်း … ပြောရလျှင် အန္တိမသဟဇာတကို အာရုံစိုက်လိုက်ပြီး ပြေးဝင်သွားသည်။ သူမက ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။ သူမက ထိုအခွံကို အဆုံးသတ်ဖို့သာ ဖြစ်သည်။

အန္တိမသဟဇာတသာ သူ့ကို စောင့်နေသည့် ကံကြမ္မာကို ကောင်းကောင်းသိပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုသည်။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ မေတ္တယျ၏အခွံကို ယူဆောင်ဖို့ ကြိုးပမ်းမှုက ကျရှုံးသွားလေ၏။

မေတ္တယျက ကြည့်နေရင်း ချီတင်း၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူမ၏ ဝိညာဉ်နှင့် တည်ရှိမှုကလည်း ပျောက်ပျက်သွားလေသည်။ သူမက သက်ပြင်းချလိုက်၏။ ထို့နောက် သူမ၏မျက်ဝန်းအထက် ဝမ်းနည်းသည့်အရိပ်အမြွက် ဖြတ်ပြေးသွားလေသည်။

“တပည့်လေး ငါလည်း တောင်းပန်ပါတယ်။ မင်းကို စတေးရမယ်”

သူမက ထိုအခွံကို ထိန်းသိမ်းထားရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်က ဝမ်ဝေ့အား သော့ခလောက်ကို ဖျက်ဆီးရာ၌ အစီအစဉ်ကို ကူညီပေးဖို့ရာသာ ဖြစ်၏။

.....

ဝမ်ဝေ့က အချိန်စားသုံးသူကို ပိတ်ဆို့ထားသည့် စည်းတံဆိပ်ဆီ ရောက်ရှိလာသည်။ သူက ဧရာမသက်ရှိကြီးကို မကြည့်ခင် အစောင့်များကို နှုတ်ဆက်လိုက်၏။ ထို့နောက် ဧရာမမျက်လုံးကြီးက ဖွင့်လာကာ သူ့ကို စိုက်ကြည့်လိုက်သည်။

“အဲ့ဆိုတော့ ဒီအချိန်ကို ရောက်လာပြီကိုး” အချိန်စားသုံးသူက ပြောပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လူသားအသွင်ပြောင်းလိုက်သည်။

“အဲ့လိုဖြစ်တဲ့ပုံပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေ၏။

“ကမ္ဘာရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးဖို့ တိုက်ပွဲတဲ့လား။ ငါက စိတ်လှုပ်ရှားမှုတွေ နောက်ကို လိုက်တဲ့လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အ‌တော်လေးတော့ စိတ်လှုပ်ရှားဖို့ကောင်းသားပဲ” အချိန်စားသုံးသူက ရယ်မောလိုက်သည်။

သူ့မျက်နှာအထက် စိတ်တက်ကြွမှုတို့က တည်ငြိမ်မှုနှင့် ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုအားကောင်းလာစေ၏။

“ကျုပ်တို့ရဲ့ဘဝမှာ နည်းနည်းလေးတော့ ပျော်ဖို့တော့ ကောင်းတာပဲလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“အဲ့ဆိုရင် မင်းက ဘာကိုစောင့်နေတာလဲ”

“ဒါက အကျိုးမရှိဘူးဆိုတာ သိပေမဲ့ ကြိုးစားကြည့်ရုံပါပဲ။ ကျုပ်က အပြုအမူနဲ့ မလှုပ်ရှားခင် စကားနဲ့ အရင်ဖြေရှင်းတတ်တဲ့သူလေ။ ခင်ဗျားကို တားဆီးဖို့ တောင်းဆိုတာ နောက်ကျလွန်းသွားပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့အသက်ကို ကယ်တင်နိုင်ဖို့ အခွင့်အရေးရှိနေသေးတယ်”

“မင်းက ယုံကြည်ချက် ရှိနေတာလား။ ကံဆိုးတာက ငါက မရှုံးဘူးဆိုတာ သိထားပြီးသား” အချိန်စားသုံးသူက ပြောလိုက်လေသည်။

“ခင်ဗျား လုပ်ခဲ့တာတွေကို ပြော။ အဲဒါဆို ထွက်လမ်း ရှိနိုင်တယ်”

“ဘာတွေလျှောက်ပြောနေတာလဲ …  တိုက်ခိုက်လိုက်ရအောင်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“ကောင်းပြီလေ ကွဲပြားတဲ့ချဉ်းကပ်မှုဆိုရင်ကော ဘယ်လိုလဲ။ အရင်ဆုံး အလောင်းအစားထပ်ရအောင်။ ဒီတိုက်ပွဲမှာ ကျုပ်နိုင်တယ်ဆိုရင် ခင်ဗျား လုပ်ခဲ့တာတွေကို ပြောပြ”

“မင်းက သတင်းအချက်အလက်ရဖို့ ငါးစားမျှားနေတာပဲ။ ကံဆိုးတာက မင်းရဲ့နည်းလမ်းတွေက ငါ့အပေါ်မှာ အသုံးမဝင်ဘူး” အချိန်စားသုံးသူက ရယ်မောလိုက်၏။

“အဲ့လိုလား” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ပြောဆိုမှုက အသုံးမဝင်သည့်အတွက် တိုက်ခိုက်မှုသာ ကျန်ရှိတော့သည်။ ဝမ်ဝေ့က စည်းတံဆိပ်ထဲ ဖြည်းဖြည်းချင်း ပျံသန်းသွားလေ၏။ ထို့နောက် တိုက်တန်နှစ်ယောက်က အရှိန်အဝါများကို ထုတ်လွှတ်ကာ ရင်ဆိုင်လိုက်ကြသည်။

သူ့တည်ရှိမှုက ဝေဝါးနေတာပဲ …

ဝမ်ဝေ့က တွေးလိုက်ပြီး သတိကြီးကြီးထားလိုက်သည်။ အချိန်စားသုံးသူက အဌမကောင်းကင်ဘုံကျင့်ကြံဆင့် ရှိသည့် ကျင့်ကြံသူတစ်ယောက်သာဖြစ်လေရာ သူ့တည်ရှိမှုကို ထုတ်ဖော်ဖို့ မည်သည့်နည်းလမ်း ရှိနေသနည်း။

မဟုတ်သေးဘူး …  ဒါက ပြဿနာအရင်းအမြစ်မဟုတ်သေးဘူး …

ဝမ်ဝေ့က သုံးသပ်လိုက်လေသည်။

မေတ္တယျ ဒါမှမဟုတ် အန္တိမသဟဇာတက သူ့တည်ရှိမှုကို လေ့လာခဲ့လောက်တယ်။ အဲဒါဆို ဘာကြောင့် သူ့တည်ရှိမှုကို သံသယမဖြစ်ခဲ့တာလဲ။

အန္တိမသဟဇာတက လမင်းခုံရုံးကို အုပ်စိုးဖို့ ထိုးဖောက်မမြင်နိုင်သည့်သူဆီ အပ်နှံထားမည် မဟုတ်ပေ။

တစ်ခုတည်းသော ရှင်းပြချက်က သူ အသုံးချခဲ့တဲ့ တစ်ခုတည်းသော အယောင်အဆောင်နည်းလမ်းက အကြောင်းအရင်းတချို့ကြောင့် မသုံးနိုင်တော့တာပဲ။ စည်းတံဆိပ်က ဒီသက်ရောက်မှုမျိုးတော့ မရှိဘူးဆိုတော့ အဲ့ဒီခွေးကောင်က ဘာများလုပ်ခဲ့တာလဲ။

“ခင်ဗျားက ဘယ်သူ့ရဲ့ နယ်ရုပ်လဲ။ မျိုးရိုးဗီဇခေတ်ကာလရဲ့ သက်ရှိတွေလား၊ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားလား၊ ပျောက်ဆုံးခေတ်ကာလက လူတွေလား ဒါမှမဟုတ်ဘူးဆိုရင် ခေတ်ဟောင်းက ကျရှုံးသွားတဲ့ ထူးကဲသာလွန်သူတွေလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ခုလား” ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်။

“ဘာတွေ အဓိပ္ပါယ်မရှိတာ မေးနေမှာလဲ။ စကားဝိုင်းက အဆုံးသတ်သင့်ပြီ” အချိန်စားသုံးသူက လှောင်ပြောင်စွာ ပြောလိုက်၏။ သူက ဝမ်ဝေ့ စကားအဆုံးသတ်သည်အထိ မ‌စောင့်ဘဲ စတင်တိုက်ခိုက်လိုက်သည်။

အချိန်စားသုံးသူက ဝမ်ဝေ့ရှေ့ရောက်လာကာ လက်သီးဖြင့် ထိုးချလိုက်၏။ ဝမ်ဝေ့က ဖိအားပြင်းပြင်းကို ခံစားမိကာ ရှောင်ရှားလိုက်သည်။

အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား ဒသမကောင်းကင်ဘုံ … သူက နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။

ဝမ်ဝေ့က သုံးသပ်လိုက်လေ၏။ သူက သူ့ခန္ဓာကိုယ်၏ ခွန်အားကို မြင်ပြီး ကျင့်စဉ်တစ်ခုကို အသုံးပြုကာ အချိန်စားသုံးသူနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

“ငါ အားကျမိသားပဲ။ ငါက သေမျိုးဘဝ စစ်ဆေးမှု အမှတ်အသားပြားအတွက် နေရာတိုင်း လိုက်ရှာနေရတာ။ ဒါပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး။ ကံကြမ္မာက မင်းကို ဆန့်ကျင်ရင်ဆိုင်နေတဲ့အခါမှာ ကမ္ဘာကြီးထဲမှာ လှုပ်ရှားဖို့ မင်း ဘယ်လောက်ခက်ခဲလဲဆိုတာ သိရဲ့လား” အချိန်စားသုံးသူက ပြောလိုက်လေသည်။

သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ကမ္ဘာကြီးကို အက်ကွဲသွားစေပြီး ကောင်းကင်ကိုပင် ပိုင်းခြားသွားစေသည်။ ကံကောင်းစွာဖြင့် အချိန်စားသုံးသူ၏ စည်းတံဆိပ်ကြောင့် သူ့ပိုင်နက်အတွင်း နေထိုင်သည့် သူအားလုံးကို ဖယ်ရှားပစ်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် စိုးရိမ်ရမည့်သက်ရှိမရှိဘဲ စည်းတံဆိပ်ကသူတို့၏နေရာကို ပိုင်းခြားပေးသည့်အတွက် သူတို့နှစ်ယောက်က အတားအဆီးမရှိ တိုက်ခိုက်နိုင်ကြသည်။

“စကားဆက်မပြောတော့ဘူးဆိုတာ ဘာလိုဖြစ်သွားတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မတတ်နိုင်ဘူးလေ။ ငါက ဒီလောက်တောင် အကြာကြီးသည်းခံထားရတာ။ အရာအားလုံးက ‌နောက်ဆုံးတော့ အသက်ဝင်လာတော့မယ်။ ဒါကြောင့် ဖိအားတချို့ကို ထုတ်လွှင့်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး” အချိန်စားသုံးသူက ပြောလိုက်လေ၏။

“မစိုးရိမ်ပါနဲ့ ငါက ထိန်းချုပ်နိုင်သေးတယ်။ ဘာမှ အသုံးဝင်တဲ့ သတင်းအချက်အလက်ကို ထုတ်ပြောနေမှာ မဟုတ်ဘူး”

ဝမ်ဝေ့က လှောင်ပြောင်လိုက်လေသည်။ သူတို့က ကိုယ်ပိုင်အတွေ့အကြုံ မရှိသရွေ့ လူအများစုက ဉာဏ်အကောင်းဆုံးသူများသာပင် တာအိုနယ်ရှင်တစ်ယောက်၏ အကြောက်တရားကို ထည့်သွင်းမစဉ်းစားကြည့်နိုင်ကြပေ။ လူအများစုက အသုံးမဝင်ဘူးဟု ယုံကြည်ထားသည့် သတင်းအချက်အလက်များကို တာအိုနယ်ရှင်၏ လက်ထဲတွင် လျှို့ဝှက်ချက် သို့မဟုတ် လျှို့ဝှက်ဆန်းကျယ်သည့်အရာအဖြစ် ပြောင်းလဲနိုင်ပေသည်။ ထို့ကြောင့် အချိန်စားသုံးသူက စကားပြောလိုပါက သူက တားဆီးနေမည် မဟုတ်ပေ။

All Chapters