← Chapters

မဆုတ်သာမတိုးသာ အခြေအနေ

Vol. 106 Ch. 1479

မဆုတ်သာမတိုးသာ အခြေအနေ

Vol. 106 Ch. 1479

သူ့ရဲ့ တိုက်ခိုက်ပုံက ထူးဆန်းတယ်။ တခြားဟွင်သွမ်းကမ္ဘာကလား ...

ဝမ်ဝေ့က တွေးလိုက်သည်။ ဟွင်သွမ်းကမ္ဘာများတွင် ကွဲပြားသည့် ကျင့်ကြံရေးစနစ်များ ရှိထားလေသည်။ ထို့ကြောင့် အရာအားလုံးကို ပေါင်းစည်းထားသည့် အဆင့် ၁၀ ပြီးသည့်နောက်တွင်ပင် သေမျိုးအဆင့် ကျင့်ကြံရေးများ၏ လွှမ်းမိုးမှုက ပျောက်ကွယ်သွားခြင်း မရှိပေ။

ထို့ကြောင့် ဝမ်ဝေ့က အချိန်စားသုံးသူ၏ တိုက်ခိုက်ပုံသည် ထူးဆန်းနေကြောင်း ခံစားမိခြင်း ဖြစ်၏။ သူက သူ့အချိန်အများစုကို နယ်ခြားကျင့်ကြံရေးစနစ် သို့မဟုတ် တိုက်ခိုက်ပုံဖြင့် လွှမ်းမိုးခံထားရသလို ဖြစ်နေလေ၏။

မဟုတ်သေးဘူး …  ငါက တခြားကမ္ဘာရဲ့ တိုက်ခိုက်ပုံနဲ့ စံနှုန်းတွေကို မြင်ဖူးတယ်။ ဒါက အချိန်စားသုံးသူနဲ့ ပတ်သက်ပြီးတော့ ထူးဆန်းနေတုန်းပဲ။

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒါကို ဘယ်လိုပြောရမလဲ။ နယ်ခြားလား … ရှေးကျတာလား။ ရှေးကျတဲ့အင်အားစုတွေက သူ့ကို လေ့ကျင့်ပေးထားတယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိတယ်။ ...

ဝမ်ဝေ့က ထိုသက်ရှိများ၏ နယ်ရုပ်ဖြစ်နိုင်ခြေသည် ပိုမိုအား‌ကောင်းလာကြောင်း ခံစားမိလိုက်သည်။

ထိပ်တိုက်ရင်ဆိုင်မှုသည် ဆက်လက်ဖြစ်ပွားနေပြီး တစ်ယောက်ချင်းစီက တစ်ဖက်သူကို သုံးသပ်နေကြသည်။

သူက ကောင်းကောင်းမွန်မွန် ကျွမ်းကျင်ထားတဲ့ အရည်အချင်းတွေနဲ့ ပိုပြီးအားကောင်းနေတာပဲ။

အချိန်စားသုံးသူက တွေးလိုက်မိသည်။

ဒါပေမဲ့ သူက ငယ်ရွယ်ပြီးတော့ တိုက်ခိုက်ရေးအတွေ့အကြုံလိုအပ်နေသေးတာ သိသာတယ်။ အဲဒါကြောင့် တူညီတဲ့အဆင့်မှာ သူနဲ့ရင်ဆိုင်နိုင်မဲ့ ထိုက်တန်တဲ့ ပြိုင်ဖက်ကို လက်ချိုးရေတွက်လို့ရတယ်။

သူက သူ့အတွေ့အကြုံလစ်ဟာမှုကို သင်ယူနိုင်စွမ်းနဲ့ အခြေအနေအပေါ် လိုက်လျောနေနိုင်စွမ်းကနေ သင်ယူနိုင်တယ်။ အဲ့ဆိုတော့ ဒီတိုက်ပွဲက ကြာကြာအချိန်ဆွဲဆွဲလေ ငါ အနိုင်ရရှိမဲ့အခြေအနေက နည်းပါးလာ လေပဲ …

ယခု အချိန်စားသုံးသူသည် တစ်ဖက်သူ၏အခြေအနေကို သုံးသပ်မိပြီဖြစ်သည့်အတွက် စမ်းသပ်ကြည့်ဖို့ အချိန်ကျရောက်လာလေပြီ။ သူက လက်ကို ဝေ့ယမ်းကာ ဝမ်ဝေ့ ဝန်းကျင်တွင် သံကြိုးများစွာကို ထုတ်ဖော်လိုက်ပြီး ထိုသံကြိုးတစ်ခုချင်းစီက ပစ်မှတ်ကို အသက်ကြီးရင့်နိုင်စွမ်း ရှိလေသည်။ တခြားနည်းဖြင့်ပြောရလျှင် ဝမ်ဝေ့ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အသက်ကြီးရင့်သွားမည်ဖြစ်ကာ အားနည်းသွားမည် ဖြစ်၏။

ဝမ်ဝေ့က သံကြိုးများကို တည်ငြိမ်စွာကြည့်နေရင်း နောက်အပြုအမူကို ဆုံးဖြတ်လိုက်သည်။ သူက ရှောင်ရှားရမည့်အစား တန်ပြန်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့လေ၏။ အတိအကျပြောရမည်ဆိုလျှင် ထိုသံကြိုးများအား သူတို့၏ ဖန်တီးသူဆီ ပြန်လည်ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်စားသုံးသူက ထိုလှုပ်ရှားမှုကို ခန့်မှန်းထားပြီးသည့်အလား ဖြစ်နေ၏။

သူ တန်ပြန်ရင်ဆိုင်လိုက်ချိန်တွင် အချိန်စားသုံးသူကလည်း ထပ်မံတိုက်ခိုက်လာပြီး ကြိုး၏ လှုပ်ရှားမှုကို ထပ်မံမြန်ဆန်လိုက်သည်။ ဝမ်ဝေ့က တုန့်ဆိုင်းမနေတော့ဘဲ ကာလံဒေသံစွမ်းအားကို ဖွင့်လှစ်ပြီး ထိုသံကြိုးများကို တခြားဒိုင်မေးရှင်းဆီ ပို့ဆောင်လိုက်သည်။ သို့သော်လည်း အတွေးတစ်ချက်ဖြင့် အချိန်စားသုံးသူက ထိုသံကြိုးများအား သူတို့၏မူလနေရာသို့ ပြန်ရောက်ရှိလာအောင် လုပ်ဆောင်လိုက်သည်။

ဝမ်ဝေ့က နည်းဗျူဟာကို ပြောင်းလဲပြီး ရှောင်ရှားလိုက်လေ၏။ သို့သော်လည်း သံကြိုးအရေအတွက်က အများအပြားဖြစ်ပြီး သူ့ကို ချက်ချင်းဆိုသလို ချောင်ပိတ်သွားစေသည်။ သူ့အနေဖြင့် လွတ်မြောက်ဖို့ရာ နေရာ မကျန်ရှိတော့ပေ။ သူက လွတ်လပ်ခွင့်တာအိုကို အသုံးပြုကာ သံကြိုးများ၊ နှောင်ကြိုးများ သို့မဟုတ် အချိန်မှ လွတ်မြောက်ဖို့ အသုံးချခဲ့သည်။

ဝမ်ဝေ့၏ တုန့်ပြန်ပုံက ကောင်းသော်လည်း မလုံလောက်သေးပေ။ သံကြိုးများက သူ့ကို ထိတွေ့မလာခင် သူတို့က ရုတ်တရက်ဆိုသလို ဂုဏ်သတ္တိ ပြောင်းလဲသွား၏။ သူတို့က အချိန်တာအို နည်းစနစ်မှ အချိန်တာအိုကြောင့် ပြောင်းလဲခြင်းခံရသည့် ရုပ်ပိုင်းဆိုင်ရာနည်းစနစ်အသွင် ပြောင်းလဲသွားလေသည်။ သံကြိုးများက အချိန်မြစ်ကြောင်းမှ အားဖြည့်ခံထားရသည့် ဒြပ်ထုပုံစံ ဖြစ်ပေါ်လာသည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်က မီတာအနည်းငယ်လွင့်စင်သွားပြီး သူက ဘာကိုမှ မထိတွေ့နိုင်ခင် သံကြိုးတစ်ခုက သူ့ကို လာရောက်ထိမှန်လေသည်။ စက္ကန့်ပိုင်းအထိ သူ့ခန္ဓာကိုယ်က ကလေးများက အရုပ်နှင့်ကစားသလိုမျိုး ဝှေ့ယမ်းခံနေရသည်။

အချိန်မြစ်ကြောင်းရဲ့အလေးချိန်က ဒီလောက်တောင် ဆိုးရွားတာလား …

ဝမ်ဝေ့က ထိုအရာကို မသိသော်လည်း သူ့ဗလာနတ္ထိကို လွယ်လွယ်ကူကူ ထိုးဖောက်နိုင်သည့်အတွက် ပမာဏကြီးမားကြောင်း သိလိုက်လေသည်။

ဝမ်ဝေ့က အခြေအနေဆိုးရွားနေသော်လည်း စိတ်ပျံ့လွင့်ခြင်း မရှိပေ။ တဖက်သူက အချိန်မြစ်ကြောင်း၏အလေးချိန်ကို အသုံးပြုလာသည့်အတွက် သူသည်လည်း တူတူလုပ်ဆောင်နိုင်သည် မဟုတ်ပါလော။

ဝမ်ဝေ့က ကံကြမ္မာမြစ်ကြောင်း၏ အလေးချိန်ကို ညီမျှခြင်းထဲ ထည့်သွင်းလိုက်လေ၏။ သူက လက်သီးတစ်ချက်ဖြင့် ထိုသံကြိုးများကို စုတ်ဖြဲခဲ့သည်။ သူ့တိုက်ကွက်၏ ပြင်းထန်မှုက ဤနေရာတွင် မရပ်တန့်ဘဲ အချိန်စားသုံးသူထံ ရောက်ရှိသွားသည်။

လမင်းခုံရုံး၏ ယခင်အုပ်ချုပ်သူက အချိန်တာအိုအပေါ် သူ့ကျွမ်းကျင်မှုကို ပြသလာလေသည်။ သူက အချိန်မြစ်ကြောင်းမှ နောက်ထပ်စွမ်းအားကို နှစ်ဆ ထပ်တိုးလိုက်သည်။ ထိုအရာများကို လုပ်ဆောင်နေရင်း ဝမ်ဝေ့ကို နောက်ထပ်ချုပ်နှောင်နိုင်ပြီး နောက်ထပ်အချိန်သံကြိုးများကို ထပ်မံဖွဲ့စည်းလိုက်သည်။ ဝမ်ဝေ့ကလည်း ကိုယ်ပိုင်အချိန်သံကြိုးများကို ဖန်တီးပစ်ခဲ့သည်။

သံကြိုးများက အချင်းအချင်း တိုက်ခိုက်နေရင်း ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားစေမည့် နောက်ထပ်ယာယီမုန်တိုင်းတချို့ ဖြစ်ပေါ်လာလေသည်။ သစ်ပင်များက ရုတ်ချည်းဆိုသလို သက်တမ်းကြီးရင့်လာပြီး ခြောက်သွေ့သွား၏။ ပတ်ဝန်းကျင်က ရာသီဥတုအပြောင်းအလဲကြောင့် ရုတ်ချည်းပြောင်းလဲသွားသည်။ အိမ်များက အချိန်အပြောင်းအလဲကြောင့် ရုတ်ချည်းပျောက်ကွယ်သွား၏။ ကုန်းမြေအသစ်များက တနေရာမှ ပေါ်ထွက်လာပြီး အချိန်ဖရိုဖရဲဖြစ်မှုများကလည်း ဖြစ်ပေါ်လာသည်။

သူက သင်ယူတာမြန်ဆန်တယ်မလား ...

အချိန်စားသုံးသူက ဝမ်ဝေ့သည် သူ့ဆီမှ သင်ယူပြီး သူ့နည်းစနစ်ကို ခိုးယူသွားသည်ကို ကြည့်ရင်း တွေးလိုက်မိသည်။ သူက ထိုသို့ဖြစ်ပျက်မည်ကို မျှော်မှန်းထားပြီးဖြစ်သည့်အတွက် တည်တည်ငြိမ်ငြိမ် ရှိနေ၏။ ထို့နောက် သူ့ရှေ့တွင် ဓားတစ်လက် ပေါ်ထွက်လာလေသည်။ သူက အလျင်အမြန် လှုပ်ရှားလိုက်ပြီး မိုးမြေကို ပိုင်းဖြတ်ပစ်မည့် အဖြူရောင်အလင်းတန်းကို ထုတ်လွင့်လာလေသည်။

အချိန်စားသုံးသူက ရည်ရွယ်ချက်တစ်ခုသာ ရှိလေ၏။ သူ့ဦးတည်ရာဆီ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိစေဖို့ ဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို သူ့ဦးတည်ရာဆီ အနှောင့်အယှက်မရှိ ရောက်ရှိဖို့ရာ ကြိုးကိုင်ခဲ့သည်လား။

မှန်ပေ၏။

သူက အနာဂတ်ကို ခုန်ကူးကာ သူ့ဦးတည်ရာသို့ရောက်ရှိစေခဲ့သည်လား။

ဟုတ်ပေသည်။

သူက အလျင်စွမ်းအားကို စုဝေးပြီး ကာလံဒေသံကို ဖြတ်ကျော်ခဲ့သည်လား။

ဟုတ်ပေသည်။

သူ့နည်းစနစ်က သူ့အရှိန်ကို တိုးမြှင့်ဖို့အချိန်ကို အသုံးပြုထားခဲ့လေသည်။

အချိန်စားသုံးသူက မြန်မြန်ဆန်ဆန် လှုပ်ရှားသည့်အတွက် ဝမ်ဝေ့က တုန့်ပြန်နိုင်ရုံမျှသာ ဖြစ်လေ၏။ သူ့ခန္ဓာကိုယ်က မတုန့်ပြန်နိုင်သော်လည်း ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က သူ့ဖခင်နှင့် ကျိလန်ဖန်းတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ဖူးပြီး ထိုသို့မြန်မြန်ဆန်ဆန်ဓားကွက်များကို မည်သို့ဖြေရှင်းရမည်မှန်း အတွေ့အကြုံရှိထားသည်။

အချိန်စားသုံးသူ၏ အရှိန်က သူ့တုန့်ပြန်မှုထက်‌ ကျော်လွန်နေသရွေ့ ဝမ်ဝေ့၏ ခန္ဓာကိုယ်က လုပ်ဆောင်ချက်ထည့်သွင်းသည့်နှယ် ကံကြမ္မာပိုင်နက်နည်းစနစ်ကို အလိုအလျောက် ထုတ်လွှတ်လာလေသည်။

ထိုပိုင်နက်က သူ့ဆီ ရောက်ရှိလာမည့်အန္တရာယ်များသည့် တိုက်ကွက်အားလုံးကို လွှမ်းမိုးပြီး တစ်ခုတည်းသော ရလဒ်ဖြစ်အောင် ကြိုးကိုင်နိုင်သည်။ ဤသည်က သူ့ဆီမှ လွဲချော်သွားစေဖို့ရာ ဖြစ်၏။ အချိန်စားသုံးသူ၏ ဓားက သူ့ဘယ်ဖက်ဆံပင်ကို ဖြတ်သန်းသွားသော်လည်း သူ့ကို နည်းနည်းလေးမှ ထိခိုက်သွားခြင်းမရှိပေ။ သို့သော်လည်း ဝမ်ဝေ့ မြင်လိုက်ရသည့်အရာက အချိန်စားသုံးသူသည် နောက်ထပ် လှုပ်ရှားဖို့ ကြံစည်နေသည့် အမူအရာမျိုးမဟုတ်ဘဲ လှောင်ပြုံးသာ ဖြစ်၏။

“ငါ့ရဲ့နာမည်က ဘာလို့အချိန်စားသုံးသူဖြစ်နေရလဲဆိုတာ သိလား။ အင်း ကောင်းပြီလေ မကြာခင် မင်း သိလာလိမ့်မယ်။”

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်က ဝမ်ဝေ့ကို လွှမ်းခြုံသွားကာ သူက တစ်ဖက်သူနှင့် နေရာချဲဖို့ ကြိုးစားလိုက်လေသည်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် ကြိုးစားသော်လည်း မလုံလောက်ချေ။ ထို့နောက် အချိန်စားသုံးသူက သူ၏ ခန္ဓာကိုယ်မှ ဧရာမပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ခန္ဓာကိုယ်မှ အဖြူရောင်တိမ်တိုက်တစ်ခုကို ဝါးမြိုသွားခဲ့သည်။

အချိန်စားသုံးသူက ဤတစ်ကြိမ် ကစားမနေတော့ပေ။

ထိုသက်ရှိက ခိုးကြောင်ခိုးဝှက်တိုက်ကွက်တွင် အောင်မြင်သွားသည်နှင့် ၁၅မီတာအထိ မြင့်မားသည့် အဖြူရောင်ဓား ၁၃ချောင်းက ကောင်းကင်ယံ၌ ပေါ်ထွက်လာကာ ပိတ်ဆို့ရေးအစီအရင်သဖွယ် နေရာယူသွားလေသည်။

ဝမ်ဝေ့က ထိုဓားများကိုကြည့်နေရင်း သူ့မျက်ဝန်းအထက် ထိပ်ထိပ်ပျာပျာ အမူအယာမျိုး ပေါ်ထွက်လာလေသည်။

ငါ ဘာလုပ်ရမလဲ။ ဒါက တိုက်ကွက်လား ဒါမှမဟုတ် စည်းတံဆိပ်လား။ ဒါက ဘာလဲ။ ငါ ဘယ်လိုရင်ဆိုင်ရမှာလဲ ...

ထိပ်ထိပ်ပျာပျာဖြစ်မှု ပေါ်ထွက်လာပြီး သူ့အလိုလိုအသိစိတ် ပြောရလျှင် သူ့ရှည်ကြာလှသည့် ကျင့်ကြံရေးခရီးလမ်းတွင် ရှိသည့်အရာမဟုတ်ဘဲ ကမ္ဘာမြေတွင် ရှိစဉ်အချိန်ကတည်းက မွေးရာပါ ပင်ကိုပါရမီက အသိဝင်လာခဲ့သည်။ သူက တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။ သူ့အတွေးများက ထူးဆန်းနေသည်။ ဝမ်ဝေ့က သူ့အခြေအနေတွင် တည်ငြိမ်စွာဖြင့် သူ့အတွေးများကို သုံးသပ်လိုက်လေ၏။ ထို့နောက် သဘောပေါက်သွားလေသည်။

ကျစ် အဲ့ဒီကောင်စုတ်က ငါ့ရဲ့အတွေ့အကြုံကို စားသုံးလိုက်တာပဲ …

အချိန်စားသုံးသူက ဝမ်ဝေ့၏ တိုက်ခိုက်‌ရေးခရီးလမ်းတလျှောက် အတွေ့အကြုံအားလုံးကို ဝါးမြိုသွားခြင်း ဖြစ်၏။ ဤသို့သော အချိန်နှင့်သမိုင်းကြောင်းအပေါ် ကြိုးကိုင်လှုံဆော်မှုက အင်မတန် ထူးကဲလှသည်။ အထူးသဖြင့် ထိုအရာက ဝမ်ဝေ့၏ အားနည်းချက်တစ်ခုကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်၏။

ဝမ်ဝေ့က အတွေ့အကြုံမပါရှိဘဲ ကျင့်ကြံရေးတိုးမြှင့်ဖို့ အာရုံစိုက်ထားသည့် အတွေ့အကြုံနည်းပါးသော ကျင့်ကြံသူသဖွယ်သာ ဖြစ်နေလိမ့်မည်။ သူက တစ်ဘဝလုံးတိုက်ပွဲ ၂၀ခန့်သာ တိုက်ခိုက်ခဲ့ဖူးလိမ့်မည်။ သူက မန္တာန်၊ ကျင့်စဉ်များစွာ ရှိနေသော်လည်း မည်သည့်အခြေအနေတွင် အသုံးပြုရမည်မှန်းကောင်းကောင်း မသိတော့ပေ။

ဒီလိုမျိုး စိတ်တိုဖို့ကောင်းတဲ့ ခံစားချက် ...

ဝမ်ဝေ့က ငြီးတွားလိုက်သည်။ သူက အချိန်မရှိတော့မှန်း သိလိုက်၏။ သူက အခြေအနေကို မည်သို့ဖြေရှင်းရမည်မှန်း နားလည်ထားသော်လည်း သူ ကြိုးစားကြည့်သည့်အခါ သူ့စိတ်က ချက်ချင်းဆိုသလို ဖရိုဖရဲဖြစ်လာလေ၏။ သူက မှားယွင်းသည့် ရွေးချယ်မှုမျိုးကို ပြုလုပ်လိမ့်မည်ကို စိုးထိတ်ကာ မဆုံးဖြတ်နိုင်တော့ပေ။

ငါ မဆုံးဖြတ်နိုင်‌မှတော့ ငါ့ရဲ့အလိုလိုသိစိတ်အပေါ်မှာပဲ မှီခိုသင့်တယ်။

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားပြီး ကံအနှောင်အဖွဲ့ ပင်ကိုယ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး အချိန်စားသုံးသူအပေါ် အနှောင်အဖွဲ့တချို့ ထားရှိလိုက်ကာ သူ့အတွေ့အကြုံအား စားသုံးလိုက်သည့်အချက်ကို ပြောင်းလဲလိုက်၏။ ထိုအစား ဝါးမျိုမှုက သူ့သက်တမ်းကို ယူဆောင်သွားလေသည်။

ဟွင်သွမ်းစကြဝဠာ၏ သဘာဝကြောင့် သက်တမ်းသည် အရေးအကြီးဆုံးနှင့် အသုံးမဝင်ဆုံးအရာ ဖြစ်ပေသည်။ သေမျိုးကျင့်ကြံရေးအဆင့်တွင် ထိုအရာက အရေးကြီးပြီး သက်ရှိသတ္တဝါများ အားလုံးက ထိုအရာအတွက် တိုက်ခိုက်နေကြသော်လည်း မသေမျိုးအဆင့်တွင်မူ အသုံးမဝင်တော့ပေ။ ဝမ်ဝေ့က ထိုအချက်ကို ကောင်းကောင်းနားလည်ကာ အပြည့်အဝအသုံးချလိုက်ခြင်း ဖြစ်၏။

သူ့အပြုအမူက ထိုအခြေအနေအတွက် မှန်ကန်နေခဲ့သော်လည်း ပြန်လည် လျော်ကြေးတချို့တော့ ရှိနေသည်။ သူ့ဆံပင်က ခဲဖြူရောင်ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ပိန်သွားကာ မံမီသဖွယ် ဖြစ်လာလေ၏။ ထို့နောက် သူ့မျက်ဝန်းများက အနည်းငယ် အသက်မဲ့လာသည်။ ထို့အပြင် သူ့အပြုအမူက အချိန်စားသုံးသူ၏ နည်းစနစ်နှင့်သာ ရင်ဆိုင်နေပြီး သူ့ဆီဦးတည်နေသည့် အချိန်စည်းပိတ်ရေးဓားများကို ရင်ဆိုင်နေခြင်း မရှိပေ။

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုဓားများကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ အဆုံးမဲ့ဉာဏ်ပညာတို့ ကိန်းအောင်းနေသည့်အလား ဖြစ်နေသည်။

သူက ဉာဏ်ရှိတာလား ဒါမှမဟုတ် လက်ရှိသွင်ပြင်၏ ရလဒ်ကြောင့်လား မသိပေ။

“အချိန်အပါအဝင် အရာအားလုံးမှာ အဆုံးသတ်ဆိုတာ ရှိတယ်” ဝမ်ဝေ့က ရေရွတ်လိုက်လေသည်။ ထိုစည်းပိတ်ထားသည့်ပိုင်နက်က ချက်ချင်းဆိုသလို အနက်ရောင်ပြောင်းလဲသွားပြီး ဓား ၁၃ လက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပေသည်။

All Chapters