← Chapters

ပြင်းထန်သည့် တိုက်ပွဲ

Vol. 106 Ch. 1480

ပြင်းထန်သည့် တိုက်ပွဲ

Vol. 106 Ch. 1480

အချိန်စားသုံးသူ၏အမူအယာက ပြောင်းလဲသွားခဲ့သည်။

သူ့တိုက်ကွက်က ဘာလို့အဲ့လောက်တောင် အားကောင်းနေရတာလဲ။ သူက ထူးကဲတိုက်ကွက်တချို့ကို ဖန်တီးထားတာလား ....

သူက ဘေးပတ်ဝန်းကျင်တွင် ရှိသည့် အမှောင်ထုကို လေ့လာလိုက်သည်။

မဟုတ်သေးဘူး သူက အဲ့ဒီအဆင့်အနေအထားကို မရောက်သေးဘူး။ ဒါပေမဲ့ သူ့ရဲ့တိုက်ကွက်တွေက အဲ့ဒီသက်ရှိတွေရဲ့ မျိုးဆက်တွေနဲ့ တူညီတဲ့စွမ်းအားမျိုး ရှိနေတယ် …

ဝမ်ဝေ့က သူ့ကို လှည့်ကြည့်လာလေ၏။

“ခင်ဗျားကလည်း မရဏကနေ မလွတ်မြောက်နိုင်ဘူး”

ထို့နောက် မိုးမြေကြားတွင် ဧရာမတံစဉ်တစ်ခု ပေါ်ထွက်လာကာ အချိန်စားသုံးသူဆီ ရိတ်သိမ်းဖို့ ကျရောက်လာလေသည်။

“ဟာသပဲ ငါက အချိန်ကိုတောင် ကျော်လွန်သွားတာ။ မရဏသဘောတရားကို ပြောနေစရာတောင် မလိုတော့ဘူး” အချိန်စားသုံးသူက လှောင်ပြောင်လိုက်သည်။

အချိန်စားသုံးသူက သူ့အထက်တွင် အချိန်မြစ်ကြောင်းပုံရိပ်ယောင်ကို ဆင့်ခေါ်ပြီး ကီလိုမီတာ၃၀ရှည်လျားသည့် တောင်ပံရှိထားသည့် ဧရာမငါးကြီးသဖွယ် ပြောင်းလဲလိုက်သည်။ သူက အချိန်မြစ်ကြောင်းအတွင်း ခုန်ဆင်းသွားပြီး ငါးကိုယ်ထည်ဝန်းကျင်တွင် ချပ်ဝတ်သဖွယ် ပြောင်းလဲသွားလေသည်။

တံစဉ်နှင့် ငါးတို့က ထိပ်တိုက်ရင်ဆိုင်သည့်အခါ ပြင်းထန်သည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာလေ၏။ ထို့နောက် မိုးမြေကြားတွင် အော်သံတစ်ခု ထွက်ပေါ်လာသော်လည်း ငါးဆီမှ မဟုတ်ပေ။ ထိုအစား ထိုအသံသည် အသံပေါင်းသန်းချီ ပေါင်းစည်းထားမှုတစ်ခု ဖြစ်၏။ မြေပေါ်တွင် အလောင်းကောင် သက်ရှိများစွာက ပေါ်ထွက်လာလေသည်။ အကြောင်းရင်းကမူ မရဏစွမ်းအားလှိုင်းက ထွက်ပေါ်လာ၍ ဖြစ်၏။ သို့သော် အချိန်စွမ်းအားက သူတို့ကို သက်တမ်းကြီးရင့်စေသည့်အထိ ပျက်သုဉ်းသွားစေသည်။

အချိန်စားသုံးသူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ပြုတ်ကျလာပြီး လမ်းတွင်ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ သူက လူသားအသွင်ကို ပြန်လည်ပြောင်းလဲလိုက်သည့်အခါ တံစဉ်ကလည်း ပျောက်ကွယ်သွားလေ၏။ သူက သူ့ရင်ဘတ်တွင်ရှိနေသည့် ဒဏ်ရာကို ခံစားလိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။ ထိုအရာက ကြက်သီးထဖွယ်အငွေ့အသက်တချို့ ထုတ်လွင့်နေပေ၏။

ဒါက အစစ်အမှန်ဆန္ဒနဲ့ မရဏတာအိုရဲ့ ပြည့်ပြီးစုံစွာ ‌ပေါင်းစည်းထားမှုတစ်ခုပဲ ...

အချိန်စားသုံးသူက သုံးသပ်လိုက်သည်။

တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ ဒါက စိတ်ဆန္ဒထူးကဲတိုက်ကွက်တစ်ခုပဲ။ ပြောရမယ်ဆိုရင်တော့ ရှေ့ပြေးပုံစံပေါ့။

သူ့မျက်ဝန်းအထက် အားကျသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့သော်လည်း ထိုစိတ်ခံစားချက်များအတွက် အချိန် မကျသေးပေ။ အကြောင်းအရင်းကမူ သူတို့က တိုက်ပွဲကွင်းပြင်အတွင်းရှိနေပြီး ဝမ်ဝေ့၏ နောက်ထပ်တိုက်ကွက်က ကျရောက်လာ၍ ဖြစ်၏။

ဝမ်ဝေ့က မရဏသဘောတရားသည် ရှောင်လွဲ၍ မရနိုင်သော သဘောတရားကို အသုံးပြုကာ အချိန်စားသုံးသူနောက် ရောက်ရှိလာလေသည်။ သူက ယခင်ကဲ့သို့ အချိန်စားသုံးသူက တူညီသည့် အတွေ့အကြုံမျိုးကို ရရှိခဲ့သည်။ ဝမ်ဝေ့က တစ်ဖက်သူသည် တိုက်ခိုက်ရေးအတွေ့အကြုံမြင့်မားကြောင်း သိထားသည့်အတွက် သူ ပထမဦးဆုံးလုပ်လိုက်သည့်အရာက သူ့စိတ်ဆန္ဒကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်က အချိန်စားသုံး၏ ခုခံလိုစိတ်ကို သတ်ပစ်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက် ဝမ်ဝေ့က မရဏစွမ်းအား၏ အသန့်စင်ဆုံးပုံစံကို ထုတ်လွင့်လာလေသည်။ အချိန်စားသုံးသူ၏ အမူအရာက တည်ငြိမ်နေပြီး သူသည် သေလုနီးပါးဖြစ်နေသည့်ပုံ မပေါ်ပေ။

သူ့အတွက် ကံကောင်းသွားသည်က သူသည် ဤသို့သောအခြေအနေအတွက် အလိုအလျောက်ခုခံကာကွယ်ရေး နည်းလမ်းများကို ပြင်ဆင်ထားပြီးသား ဖြစ်၏။

အတိတ် ကာကွယ်ရေး

သူ့အတိတ်သည် လက်ရှိပုံစံကိုကာကွယ်နိုင်သ‌ရွေ့အန္တရာယ်ကြီးကြီးမားမားဖြစ်မည် မဟုတ်ပေ။

အချိန်အစားထိုး

ဤသည်က အချိန်စားသုံးသူသည် တိုက်ကွက်တွင် ရရှိသည့်ဒဏ်ရာများကို အစားထိုးခံပေးဖို့ ဖြစ်၏။

အချိန် ထွေးပွေ့ခြင်း

အချိန်တစ်ခုကြာ အချိန်စားသုံးသူသည် အချိန်မြစ်ကြောင်း၏ ချစ်မျက်ရှုလေးဖြစ်နေမည်ဖြစ်ကာ သူ့အား ခုခံကာကွယ်ဖို့ အချိန်စွမ်းအားအမြောက်အမြားကို ရယူခွင့်ပြုထားလိမ့်မည်။

ထိုခုခံကာကွယ်ရေးနည်းလမ်းဖြင့် အချိန်စားသုံးသူသည် ထိုတိုက်ကွက်၌ အသက်ရှင်သင့်သော်လည်း ထိုသို့မဟုတ်ခဲ့‌ပေ။ မရဏစွမ်းအားက လမ်းတွင်ရှိသည့်အရာအားလုံးကို လွှမ်းခြုံသွားပြီး သူ့အား နောက်ဘဝသို့ ပို့ဆောင်လိုက်လေ၏။

ဒီနည်းစနစ်က ထူးကဲအဆင့်ကို ရောက်နေပြီ …

အချိန်စားသုံးသူက မသေဆုံးခင် တွေးလိုက်မိသည်။

သူ့သေဆုံးမှုက တည်ငြိမ်လှပြီး သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်က အ‌ကောင်းအတိုင်းဖြစ်နေဆဲ ဖြစ်၏။ သိသာထင်ရှားသည့် ဒဏ်ရာဟူ၍မရှိဘဲ သူက သေဆုံးသွားခြင်း ဖြစ်သည်။

ထိုစဉ် ဝမ်ဝေ့၏အမူအရာက ဖြူဖျော့နေသည်။ စက္ကန့်ပိုင်းအတွင်း သူကဆံပင်နှင့်ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ သူက မံမီထက်ပင် ပိန်ပါးလာသည်။

တော်သေးတယ် ....

ဝမ်ဝေ့က တွေးလိုက်လေ၏။ သူက သူ့တိုက်ကွက်အား ထိုအဆင့်အနေအထားထိ ရောက်ဖို့အတွက် သူ့သက်တမ်းအများစုကို စတေးလိုက်ရလေ၏။ ဆိုလိုသည်မှာ သူက ယခု ပျက်သုဉ်းလုနီးပါးအခြေအနေသို့ ကျရောက်နေလေပြီဖြစ်ကြောင်း သူ့လက်ရှိအခြေအနေက မရဏတာအိုကို အသုံးပြုဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း သူ့အသက်နှင့် ကစားနေခြင်းသာ ဖြစ်၏။ ဝမ်‌ဝေ့ လုပ်သမျှအရာအားလုံးကို တွက်ဆထားပြီးသားဖြစ်ကာ သူက ပါးစပ်ကို ဟပြီး အချိန်စားသုံးသူ၏အဆီအနှစ်ကို ဝါးမြိုကာ သူ့ကိုယ်သူ အားဖြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်သွားပြီး အချိန်စားသုံးသူကမူ ပျောက်ကွယ်သွားသည်။

ထင်ထားသည့်အတိုင်းပဲ သူ့ရဲ့တည်ရှိမှုထဲမှာ နက်နဲတဲ့ ထိန်းချုပ်ရေးနည်းလမ်းတွေ ရှိနေတယ်။

ဝမ်ဝေ့က တွေးလိုက်လေသည်။ သူ့ချဉ်းကပ်မှုက ရည်ရွယ်ချက်များစွာ ရှိနေလေ၏။ အဓိကကမူ သတင်းအချက်အလက် စုဖို့ရာသာ ဖြစ်သည်။

သူ့အချိန်ဝိညာဉ်အရည်အချင်းက အတော်လေး ကောင်းတယ်။ ပြောရမယ်ဆိုရင် ကောင်းလွန်းနေတာ။

ဝမ်ဝေ့က ကိစ္စများ မည်မျှရှုပ်ထွေးလာမည်ကို တွေးလိုက်မိသည်။ အချိန်စားသုံးသူက သော့ခလောက်ကို ဖယ်ရှားဖို့ အဓိကသော့ချက်ဖြစ်သည့်အတွက် သူ့သေဆုံးမှုက လိုအပ်ပေ၏။ အတိအကျပြောရမည်ဆိုလျှင် သူ့စွမ်းအားနှင့် အချိန်သားရဲအဖြစ် သူ့ပင်မခန္ဓာကိုယ်က ဝမ်ဝေ့၏အစီအစဉ်အတွက် သော့ချက် ဖြစ်ပေသည်။

ငါ ဆက်ပြီး ရှုပ်နေလို့မရတော့ဘူး …

အချိန်စားသုံးသူက တွေးလိုက်လေ၏။ လမင်းထဲမှာ အားအကောင်းဆုံးသူအနေဖြင့် သူသည် အရင်းအမြစ်များစွာ ရယူထားသည့်အတွက် အသက်ရှည်အရင်းအမြစ်အမြောက်အများ ရှိသင့်ပေသည်။ သို့သော်လည်း ဤသို့ မဟုတ်ခဲ့ပေ။ ပြောရမည်ဆိုလျှင် ထိုသို့မဟုတ်‌တော့ပေ။

အချိန်စားသုံးသူက သူ့သက်တမ်းအများစုကို အဆုံးမဲ့အသင်္ချေဘုံသို့ သွားလာဖို့ရာအတွက် အသုံးပြုခဲ့၏။ သူဆုံးရှုံးလိုက်ရသည့်အရာက နောက်ဆုံးအရာ ဖြစ်ပေသည်။ ထို့နောက် အချိန်စားသုံးသူ၏ ဆံပင်၌ အနီရောင်ကျောက်မျက်ရတနာတစ်ခုတွင် ရွှေရောင်သရဖူတစ်ခု ပေါ်ထွက်လာလေသည်။ ထို့နောက် သူ၏အရှိန်အဝါသည် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူက ပိုမိုမြင့်မြတ်လာသည်။ ပတ်ဝန်းကျင်က ပိုမိုတောက်ပလာပြီး ကမ္ဘာကြီး၏ အလင်းသဖွယ်ဖြစ်လာလေ၏။

ထို့နောက် မြေကြီး၌သစ်ပင်ပန်းမန်များ ပေါ်ထွက်လာကာ အပြိုအပျက်ကမ္ဘာကို အစားထိုးသွားလေသည်။

“ကံကြမ္မာစွမ်းအားပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ်တယ် ငါက အခု အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ သားတော်ပဲ” အချိန်စားသုံးသူက ယုံကြည်ချက်ရှိရှိ ကြေညာလိုက်သည်။ နေမင်းနှစ်စင်းအပြင် သူက လမင်းများအနက် ကံကောင်းမှုနှင့် ကံကြမ္မာအများဆုံး ရရှိထားသူ ဖြစ်၏။ အကယ်၍ သူ့သစ္စာဖောက်မှုကြောင့်သာ မဟုတ်လျှင် သူ့ဘဝက ချောမွေ့နေမည် ဖြစ်၏။ ယခင်က ထိုကံကောင်းမှုနှင့် ကံကြမ္မာအားလုံးသည် အချိန်စားသုံးသူအပေါ် အသုံးမဝင်ခဲ့သော်လည်း ယခုအခါ သူသည် သူ့တိုက်ကွက်များကို အားမြှင့်ရန်အသုံးပြုနိုင်မည် ဖြစ်၏။

ဝမ်ဝေ့က ကမ္ဘာကြီးကို လေ့လာကြည့်လိုက်သည်။ ရွေးချယ်ခံတစ်ယောက်သားတော်အနေဖြင့် သူသည် သူ့အဆင့်အတန်းကို အသုံးပြုကာ အချိန်စားသုံးသူ၏ ကံကြမ္မာကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု ထင်ထားသော်လည်း ထိုသူက သူ့ကို ဝင်ရောက်စွက်ဖက်ခွင့်မပေးပေ။ ထိုစဉ် အချိန်စားသုံးသူက ကမ္ဘာ၏ ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများကို ရယူခဲ့သည်။

အခု သူက ကမ္ဘာတစ်ဝှမ်းကပ်ဘေးဖြစ်လာရတဲ့ အကြောင်းကို နားလည်သွားပြီ။

ဝမ်ဝေ့က သုံးသပ်လိုက်လေသည်။ ထိုသို့ကံကောင်းမှုနှင့် ကြမ္မာအမြောက်အများ ရထားသူအနေဖြင့် သေချာသည့် လုပ်ပိုင်ခွင့်အာဏာ ရှိလိမ့်မည်။ အချိန်စားသုံးသူက ထိုအရာကိုအသုံးပြုကာ ပြင်းထန်သည့် ထိခိုက်မှုများကို ပေးအပ်နိုင်၏။ ကောင်းကင်တာအိုက သူ့ကို တိတ်တဆိတ် ထောက်ပံ့ပေးမည်ဆိုလျှင်ပင် အကူအညီဖြစ်မည် မဟုတ်ပေ။

ဝမ်ဝေ့က တုန့်ပြန်ဖို့ တုံ့ဆိုင်းနေခြင်းမရှိပေ။ သူက သေ‌ခြင်းရှင်ခြင်းတာအိုကို အသုံးပြုပြီး သူ့အတိတ်မှ ထူးကဲသည့်သက်ရှိဖြစ်သည့် အနက်ရောင်နှင့်အဖြူရောင် မတည်မြဲခြင်း၊ သံသရာ သို့မဟုတ် မြေအောက်ကမ္ဘာကို ဆင့်ခေါ်လိုက်လေသည်။ ပြောရမည်ဆိုလျှင် မြေအောက်ကမ္ဘာက ဟွင်သွမ်းစကြဝဠာထဲ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာဖြစ်သည့်အတွက် သေဆုံးပြီးသော ဝိညာဉ်များအား နောက်ဘဝ ကူးပြောင်းဖို့က အလိုအလျောက်ဖြစ်ကာ ထိုအလုပ်ကို လုပ်ဆောင်ဖို့ သက်ရှိများ မလိုအပ်ပေ။ တစ်ခုတည်းသော ခြွင်းချက်ကမူ တစ္ဆေကျင့်ကြံရေးစနစ်ရှိနေသည့် ကမ္ဘာတချို့တွင် ဖြစ်၏။ ထိုကမ္ဘာတွင် သံသရာတွင် တစ္ဆေသတင်းပို့သူများ ရှိလာပြီး ထိုဝိညာဉ်များကို တိုက်ခိုက်ကာ သူတို့အား အကဲဖြတ်ခံရဖို့ အတင်းခေါ်ဆောင်သွားရလိမ့်မည်။

 ဝမ်ဝေ့က အနက်ရောင်နှင့်အဖြူရောင် မတည်မြဲခြင်းနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

အနက်ရောင်နှင့်အဖြူရောင် မတည်မြဲခြင်းက နှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အဖြူရောင်ဝတ်ဆင်ထားကာ ဖြူဖျော့ဖျော့အသားအရည်မျိုး ရှိနေသည်။ တခြားတစ်ယောက်ကမူ အနက်ရောင်ရှိပြီး တူညီသည့်အသားအရည်မျိုး ရှိ၏။ ဝမ်ဝေ့၏ လမ်းညွှန်မှုအောက်တွင် သူတို့က အချိန်တစ္ဆေနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးထွက်သွားကြသည်။ တိုက်ပွဲစသည်နှင့် မည်သူက အရေးသာချက်ရှိမည်မှန်း သိသာလှသည်။ နှစ်ဦးတိုက်ခိုက်နေသော်လည်း အချိန်တစ္ဆေက သိသာသည့်အရေးသာချက်မျိုး ရှိနေလေ၏။

သို့သော်လည်း ဝမ်ဝေ့က ရှုံးနိမ့်နေသော်လည်း ဤတိုက်ပွဲက သူ့ကို လှုံ့ဆော်ပေးနိုင်သည့်အတွက် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ အချိန်တစ္ဆေက  အချိန်မြစ်ကြောင်း၏ တစိတ်တပိုင်းမျှသာဖြစ်သည့်အတွက် ပတ်ဝန်းကျင်ဟုသာ မှတ်ယူနိုင်လေသည်။ ထို့ကြောင့် သူသည် အနက်ရောင်နှင့်အဖြူရောင်မတည်မြဲခြင်းကို  ထိုသို့ လုပ်ဆောင်နိုင်မည်လား သိချင်နေ၏။

သူ့အတွက် ကံဆိုးသွားသည်မှာ အချိန်စားသုံးသူအနေနှင့် ဝမ်ဝေ့၏ အကြီးမားဆုံး လုပ်ဆောင်မှုက သင်ယူနိုင်စွမ်းနှင့် နေသားကျနိုင်စွမ်းမှန်း သိထားသည့်အတွက် သူ့ကို အချိန်တစ္ဆေအပေါ် သုံးသပ်ပြီး သင်ယူဖို့အခွင့်အရေးပေးမည် မဟုတ်ပေ။

All Chapters